← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

Chapter 107

~

အခန်း ၁၀၇

~

" ရွှီးးး..ဖြောင်းဖြောင်းဖြောင်... "

လက်ခုပ်သံများ ဆုံးလျှင် ဓားသမား ပုံပြောသူက ပုံပြောစင်မြင့်ရှိ စားပွဲပေါ်သို့ လက်ဖြင့် ရိုက်ချလိုက်ပြီး...

" ချောင်ပိုင်ဖူဟာ ထူးဆန်းတဲ့ မီးတောက်တစ်ခုကြောင့် လောင်ကျွမ်းပြီး မီရှူးတိုင် ဖြစ်လာတာပေါ့..တစ်ကိုယ်လုံး မီးဆွဲနေပေမဲ့ သူက အသံကျယ်ကျယ်နဲ့.. မင်းတို့အားလုံး ငါ့ရဲ့ လူသားအမွှေးတိုင် အနံ့ကို ရှုရှိုက်သင့်တယ်.. "

ပုရိတ်သတ်များက အာရုံစိုက်ပြီး နားထောင်နေကြစဥ် ရုတ်တရက် ထောင့်တစ်ခုတွင် ထိုင်နေသည့် ဆံပင်ကျိုးတို့ကျဲတဲ ဖြူနေသော လူတစ်ယောက်က ကျယ်လောင်စွာ အော်လိုက်၏ ။

" ပြောတာ ကောင်းတယ်.. ချောင်ပိုင်ဖူက စစ်မှန်တယ့် ယောကျ်ားတစ်ယောက်ပဲ.. "

ထိုအသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သဖြင့် အားလုံးကြောင်အသွားကြသော်လည်း ခဏအကြာတွင် လက်ခုတ်သံများ ညံစီသွားသည် ။

ထိုလူက ကျေနပ်စွာ ပြုံးလိုက်၏ ။ ထိုလူမှာ တစ်ခြားလူမဟုတ် ချောင်မူသာ ဖြစ်လေသည် ။ ပုံပြင်နားထောင်နေကြသူများ၏ အမူအရာကို ကိုကြည့်ကာ ကျေနပ်ပီတိ ဂွမ်းဆီထိ ဖြစ်နေ၏ ။

သူ လောင်ကျွမ်းနေစဥ်က ကြည့်နေကြသူများ၏ မျက်နှာကို မမြင်ခဲ့ရ၍ စိတ်မချမ်းမသာဖြစ်နေသော်လည်း ယခုမူ ပျော်ရွှင်နေလေပြီ ။

ပုံပြောသူက ဆက်ပြောနေပြီး ဇာတ်လမ်းအထွတ်အထိပ်သို့ ရောက်သည့်အခိုက် လူဆိုးထိန်းများ အပြေးအလွှား ဝင်ရောက်လာကြ၏ ။

" ပုံပြောတဲ့ နေရာမှာ စိတ်ကူးယဥ်ဇာတ်လမ်းဆို​ပေမဲ့ အမှန်တရား ပါသင့်တယ်.. ချောင်ပိုင်ဖူက ကြီးလေးတဲ့ ရာဇဝတ်မှု ကျူးလွန်ခဲ့လို့ သူတော်စင်မ ကိုယ်တိုင် အပြစ်ပေး မီးရှို့ခဲ့တာ.. ဘာလို့ အပြစ်သားရဲ့ မဟုတ်တမ်းတရားတွေကို ဝါဒ ဖြန့်နေတာလဲ.. "

လူဆိုးထိန်းခေါင်းဆောင်က အော်ဟစ်လိုက်လျှင် အစိမ်းရောင်ဓားသမား ကျန်းချန်က မကျေနပ်ဟန်ဖြင့် ဓားကို ကိုင်ကာ မတ်တပ်ရပ်လိုက်ပြီး အတွင်းအား အမြင့်ဆုံး အထိ ထုတ်လွှတ်လိုက်၏ ။ ထို့နောက် ပြတင်းပေါက်မှ ခုန်ထွက်ပြေးသွားသည် ။

" ဓားသမား ပုံပြောသူက အတွင်းအားရှိတဲ့ သိုင်းပညာရှင်လား.. "

လက်ဖက်ရည်သောက်နေကြသူများ အံ့သြသွားကြ၏ ။

" ဒီလူက သိုင်းပညာရှင် ပုံပြောသူ ဆိုတော့ ဒီရေနားစွင့်မျှော်စင် ကများ ဖြစ်နေမလား.. "

တစ်ယောက်က တိုးတိုးလေး ပြောလိုက်၏ ။

" လိုက်..လိုက်..."

လူဆိုးထိန်းများက ကျန်းချန်၏ ​နောက်သို့ လိုက်ဖမ်းကြတော့သည် ။

ချောင်မူက လူဆိုးထိန်းများကို မျက်မှောင်ကြုတ်ပြီး ကြည့်နေ၏ ။ လူဆိုးထိန်းများထဲတွင် သူ မြင်ဖူးသူ တစ်ယောက်မှ မပါပေ ။ လူဆိုးထိန်းခေါင်းဆောင်ကိုပင် သူလုံးဝ မသိ ။ သူ၏ မှတ်ညဏ်ဖြင့်ဆိုလျှင် လူဆိုးထိန်း အားလုံးနီးပါးကို မှတ်မိလေသည် ။

' လူဆိုးထိန်း အယောင်ဆောင်ထားတဲ့ လူတွေလား.. '

ချောင်မူက လက်ဖက်ရည်ဖိုး အမြန်ရှင်းပြီး ပြေးလိုက်သွား​တော့သည် ။

အစိမ်းရောင်ဓားသမား ကျန်းချန်သည် သူနှင့် ရင်းနှီးသည်ဟုပင် ပြော၍ ရနေသဖြင့် အန္တရာယ် ကျရောက်နေသည်ကို ထိုင်ကြည့်မနေနိုင်ပေ ။

……….

ကျန်းချန်သည် အဆင့် ၉ သိုင်းပညာရှင်ဖြစ်ပြီး ကိုယ်ဖော့သိုင်း ကျွမ်းကျင်သူ ဖြစ်သည် ။

ပြတင်းပေါက်မှ ခုန်ထွက်လာပြီးနောက် ကိုယ်ဖော့သိုင်းကို အဆက်မပြတ် အသုံးပြုကာ နောက်မှ လိုက်ဖမ်းသူများကို အရင်လို ခါထုတ်နိုင်မည်ဟု ထင်ခဲ့သော်လည်း ယခုအခါတွင်မတော့ သူ၏ အထင်မှားနေ၏ ။ နောက်မှ လိုက်လာသူများမှာ တဖြည်းဖြည်း ပို၍နီးလာသည် ။

ဟဲရန်မြို့ရှိ သာမန် လူဆိုးထိန်းများမှာ သိုင်းပညာရှင် မဖြစ်ကြသေးဘဲ ခေါင်းဆောင်များပင်လျှင် အဆင့် ၉ သိုင်းပညာရှင်များသာဖြစ်၏ ။

ကျန်းချန်၏ ကိုယ်ဖော့သိုင်းဖြင့် ဆိုလျှင် သာမန် အဆင့် ၉ သိုင်းပညာရှင်များမှာ လိုက်မီရန် မဖြစ်နိုင်ချေ ။

သို့ရာတွင် ယခု လိုက်ဖမ်းနေကြသော လူဆိုးထိန်းများ အားလုံးမှာ သိုင်းပညာရှင်များ ဖြစ်နေပြီး ကိုယ်ဖော့သိုင်းမှာလည်း သူ့ထက် မနိမ့်ပေ ။ တချို့ဆိုလျှင် သူ့ထက်ပင် ပိုမြန်နေသေး၏ ။

' သွားပြီ.. ဒီတစ်ခါ ငါတော့ သွားပြီ.. '

ထိုအခိုက် သူပြေးနေသော လမ်းကြား၏ ထိပ်တွင် လူတစ်ယောက်ပေါ်လာသည် ။ ထိုသူက လူဆိုးထိန်း ခေါင်းဆောင်ပင် ။

ကျန်းချန်က ဆက်မပြေးဘဲ ရပ်တန့်လိုက်၏ ။

လူဆိုးထိန်းများ သူ့ကို ဝိုင်းရံထားလိုက်ကြသည် ။

" မင်းတို့ကြည့်ရတာ သာမန် လူဆိုးထိန်းတွေ ဟုတ်ပုံမရဘူး.. "

" အဲ့တာက အရေးမကြီးပါဘူး.. "

လူဆိုးထိန်းခေါင်းဆောင်က ပြုံးလိုက်ပြီး..

" ကျန်းချန်.. အသက် ၃၁ နှစ်.. သူက နန်ကျိုးပြည်နယ် ကျားမြို့မှာ မွေးတယ်.. သူ အသက် ၁၄ နှစ်မှာ ဒေသခံ ဓားဂိုဏ်း တောက်ပသောလဂိုဏ်းကို ဝင်ရောက်ခဲ့ပြီး အသက် ၂၀ မှာ ဂိုဏ်းတူ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်.. "

" အသက် ၃၁ နှစ် အရွယ် မှာ သူ့ဇနီး နဲ့အတူ ယန်မြို့ကို ရောက်တုန်း ကုံးမိသားစုက သခင်လေးကုံးရဲ့ အရှက်ခွဲတာကို ခံရပြီးနောက်မှာ ​ပုံပြောသူ ဖြစ်လာခဲ့တယ်.. သူက သိုင်းပုံပြင်တွေ ထူးဆန်းတဲ့ဇာတ်လမ်းတွေကို ပြောရတာ မကြိုက်ဘဲ ချောင်မိသားစု ဇာတ်လမ်းတွေကိုပဲ သီးသန့်ပြောလေ့ရှိတယ်.. ဟဲဟဲ.. ငါပြောတာ မှန်တယ်မလား.. "

ကျန်းချန်၏ အမူအရာက အေးခဲနေ၏ ။ သူ့ကိုယ်သူ အရေးမပါဟု ယူဆ ထားသော်လည်း သူ၏ နောက်ခံကို ဤမျှအထိ သိနေခြင်းမှာ မယုံနိုင်စရာ ကောင်းလှသည် ။ သူ့ကို ဓားဖြင့် ခုတ်ရန် ကြိုးပမ်းနေခြင်းထက်ပင် ထိတ်လန့်စရာ ကောင်းနေ၏ ။

" ငါ မင်းကို မေးခွန်းတစ်ခုပဲ မေးမယ် .. မင်း ဖြေနိုင်ရင် အသက်ရှင်ခွင့်ရမယ်.. "

ခေါင်း​ဆောင်က ပြုံးလိုက်​ပြီး....

" မင်း အရင်က ချောင်သားအဖ သုံးယောက်အကြောင်း ပြောခဲ့ပြီး ခု ဟဲရန်မြို့က ချောင်ပိုင်ဖူအကြောင်းကို ပြောနေတာဆို​တော့ ..ချောင်ပိုင်ဖူနဲ့ ယန်မြို့က ချောင်သားအဖ တွေနဲ့က ဆက်နွယ်နေတာလား.. သူတို့က မိသားစုတစ်ခုတည်းကလား.. "

ကျန်းချန် အနည်းငယ် အံ့အားသင့်သွား၏ ။ ဤလူများသည် ချောင်မိသားစုအကြောင်း စုံစမ်းနေသူများဖြစ်မှန်း သဘောပေါက်သွားလေသည် ။

" ကျုပ် မသိဘူး.. "

ကျန်းချန် အချိန်အတော်ကြာအောင် စဥ်းစားလိုက်သော်လည်း အဖြေမထုတ်နိုင်ခဲ့ပေ ။

" မသိဘူးလား.. ဒါ ကောင်းတဲ့ အဖြေတော့ မဟုတ်ဘူးနော်.. "

ခေါင်းဆောင်၏ အပြုံးက ရက်စက်တော့မည်ပုံ ပေါက်လာပြီး...

" မင်းမသိဘူးဆိုရင် ချောင်ပိုင်ဖူနဲ့ ချောင်သားအဖတွေအကြောင်းကို ဘာလို့ နှံ့နှံ့စပ်စပ် ပြောနိုင်နေတာလဲ.. ငါ့ကို လိမ်ဖို့ ကြိုးစားမနေနဲ့.. "

Chapter 108

~

အခန်း ၁၀၈

~

ကျန်းချန်သည် အသတ်ခံရတော့မည့် ခံစားချက်ကြောင့် အလိုလို တောင့်တင်းသွားသော်လည်း စကားပြောရန် သတ္တိများ စုဆောင်းထားဆဲ ဖြစ်သည် ။

" ချောင်မိသားစုက ကျုပ်ကို ကယ်တင်ခဲ့တာပါ.. အဲ့တာကြောင့် ကျုပ် ပုံပြောသူ ဖြစ်လာတာ.. "

" ဒါပေမဲ့ ကျုပ်က ချောင်မိသားစုရဲ့ ဖြောင့်မတ်မှုကို လူသိစေချင်ရုံပါပဲ.. သူတို့အကြောင်း ဇာတ်လမ်းဆင်ပြောပြီး ဂုဏ်သတင်းဖြန့်ပေးတဲ့သူ မဟုတ်ပါဘူး.. "

" ဖြောင့်မတ်တဲ့ လုပ်ရပ်ကို လုပ်နေသရွေ့ မျိုးရိုးနာမည် ချောင် ဒါမှမဟုတ် ချောင်မိသားစုဝင် ဖြစ်မဖြစ်က အရေးကြီးတာမှ မဟုတ်တာ.. "

လူဆိုးထိန်းများ အနည်းငယ် အံ့သြကုန်ကြ၏ ။

ကျန်းချန်က ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ရပ်လိုက်ပြီး လေးနက်သည့်ဟန်ဖြင့်...

" ကျုပ်က သူရဲကောင်းတွေအကြောင်းကို ပြောရတာကြိုက်တဲ့ ပုံပြောသူတစ်ယောက်လေ.. ချောင်မိသားစုက ကျုပ်နဲ့ ဘာမှ မဆိုင်ပါဘူး.. နာမည်ကြီး သူရဲကောင်းတွေရဲ့ မျိုးရိုးနာမည်က ချောင်ဖြစ်နေတာ တိုက်ဆိုင်မှုတစ်ခုပါ.. "

ထို့နောက် ခေါင်းဆောင်က သူ့ကို အချိန်အတော်ကြာသည်အထိ အမူအရာကင်းမဲ့စွာ စိုက်ကြည့်နေသဖြင့် ကျန်းချန် ကျောရိုးတစ်လျောက် အေးစိမ့်စိမ့်ခံစားလာရပြီး ကြက်သီးများထလာကာ ခေါင်းမွေးများ ထောင်လာ၏ ။

ခေါင်းဆောင်က ရုတ်တရက် ပြုံးလိုက်​ပြီး...

" နောက်မေးခွန်း တစ်ခုမေးမယ်.. မှန်အောင်ဖြေနိုင်ရင် အသက်ရှင်ခွင့်ရမယ်.. "

" ဒီလောကမှာ အမှန်တရားကို ပြောရဲတဲ့ လှည့်လည်ပုံပြောသူ တကယ်ကို ရှားတယ်.. မင်း ဒီရေနားစွင့် မျှော်စင်မှာ ပါဝင်ပြီး အဖွဲ့ဝင်တစ်ယောက်ဖြစ်လာဖို့ ဆန္ဒရှိလား.. "

' ဒီရေနားစွင့် မျှော်စင်လား.. '

ကျန်းချန် ရှုပ်ထွေးသွားပြီး စဥ်းစားနေ၏ ။

" ဟုတ်တယ်.. မင်းက ၃၁ နှစ်ပေမဲ့ အဆင့် ၉ သိုင်းပညာရှင်ပဲ ရှိသေးတယ်.. ဂိုဏ်းငယ်လေးက ဆိုတော့ ဗဟုသုတ နည်းတာ ပုံမှန်ပါပဲ.. "

ခေါင်းဆောင်က ခပ်ပေါ့ပေါ့ ပြုံးလိိုက်​ပြီး ...

" ​မျိုးနွယ်ခြား စစ်ပွဲ အပြီးမှာ သိုင်းသူတော်စင်က သူတစ်ယောက်ထဲနဲ့ သိုင်းလောက တစ်ခုလုံးကို အနိုင်ယူခဲ့တယ်.."

" ရှောင်လင် ..ဝူတန်..ကွန်တုံ.. ဟွာရှန်း.. အဓိက ထိပ်သီး မိသားစုကြီး လေးခု.. ရှေးဟောင်းဂိုဏ်းတွေနဲ့ သိုင်းလောကထိပ်သီးမိသားစုကြီးတွေက ခုဆို ဖုန်မှုန့်ပဲ ကျန်တော့တယ်.. "

" အဲ့ဒီနောက် သိုင်းလောက ရဲ့ ကြောက်စရာအကောင်းဆုံး ဝူကျိအသင်းရဲ့ ခေတ်ကို ရောက်လာတာပေါ့.. "

" ဒါပေမဲ့ ဝူကျိအသင်းက ဖျက်ဆီးတာကို မခံရတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခု ဒီကမ္ဘာပေါ်မှ ရှိနေတုန်းပဲ.. "

" အဲ့တာ ငါတို့ ဒီရေနားစွင့်မျှော်စင်ပဲ.. ထူးဆန်းတဲ့ ဇာတ်လမ်းပြောသူနဲ့ ပုံပြောသူတွေရဲ့ စုဝေးရာ နေရာတစ်ခုပေါ့.. ဟီးဟီး..."

ခေါင်းဆောင်က ရယ်ပြီး ပြောလိုက်၏ ။

" ဒီရေနားစွင့် မျှော်စင် က ရှည်ကြာတဲ့ သမိုင်းကြောင်းရှိပြီးတော့ အနှစ်တစ်ထောင်ကျော် တည်မြဲလာတဲ့ အဖွဲ့အစည်းပဲ.. အရင်မင်းဆက်ထဲက ဆိုပါတော့.. "

" လွန်ခဲ့တဲ့ နှစ်ငါးဆယ်တုန်းက ငါတို့ အဖွဲ့အစည်းကနေ လူတစ်ယောက် မွေးထုတ်ပေးနိုင်ခဲ့တယ်.. သူ့ကို မင်းလည်း ကြားဖူးမှာပါ အရာအားလုံးသိသူ လို့ ကြေညာခဲ့တဲ့ လူလေ.. "

ကျန်းချန် ရင်တစ်ချက် ခုန်သွား၏ ။ အရာအားလုံသိသူ ဟူသည့် အမည်က သိုင်းလောက၏ ဒဏ္ဍာရီ တစ်ပုဒ်ဖြစ်သည် ။ ထိပ်တန်းလက်နက် စာရင်း ၊ သူရဲကောင်းစာရင်း နှင့် သိုင်းလောက၏ ထူးဆန်းသည့် အဖြစ်အပျက်များ၌ မပါမဖြစ် နာမည်တစ်ခုဖြစ်၏ ။

ကျန်းသည်သည် ဒီရေနားစွင့်မျှော်စင်၏ စွမ်းရည်ကို နားလည်လာခဲ့သည် ။ ရာစုနှစ်များအတွင်း မင်းဆက်များသည် ဒီရေကဲ့သို့ အတက်အကျရှိနေသော်လည်း ပုံပြောသူများက အဆောက်အဦး၏ ထိပ်တွင်ထိုင်ကာ ပုံပြောနေကြဆဲပင် ။

ခေါင်း​ဆောင်က ...

" ငါတို့ ဒီရေနားစွင့်မျှော်စင်မှာ အကြမ်းဖျဥ်းအားဖြင့် အုပ်စုနှစ်ခု ခွဲထားတယ်.. "

" တစ်ဖွဲ့က အမှန်တရားကို ဖြန့်ဝေဖို့ အန္တရာယ်ကြားထဲမှာ လှုပ်ရှားကြပြီး အာဏာပိုင်တွေ ဒါမှမဟုတ် ကျင့်ကြံသူတွေ လိုက်သတ်တာတောင် ခံရနိုင်တယ်.. "

" တခြားအဖွဲ့ကတော့ ထူးဆန်းတဲ့ဇာတ်လမ်းတွေနဲ့ အတင်းအဖျင်းတွေကို ပြောကြတယ် မှန်တာမမှန်တာတော့ ဂရုမစိုက်ကြဘူး.. "

" ဘယ်အဖွဲ့မှာ ပါချင်လဲ.. "

ကျန်းချန် အနည်းငယ် အံ့သြသွားပြန်သည် ။ အဆင့် ၉ သိုင်းပညာရှင်တစ်ယောက်အနေဖြင့်​ ရွေးချယ်ခွင့်ရှိမည်ဟု ထင်မထားပေ ။ သူ မေးလိုက်၏ ။

" ဒုတိယအမျိုးအစားက ဘယ်လိုမျိုးလဲ.. "

ခေါင်းဆောင်က နှုတ်ခမ်းတွန့်ရုံသာ ပြုံးလိုက်ပြီး...

" ဥပမာဆိုရင် .. ငါတို့ ဒီရေနားစွင့်မျှော်စင်မှာ ပါပါရာဇီ ဆိုတဲ့သူ ရှိတယ်.. သူဆိုရင် သိုင်းလောက အတင်းတွေကို ဇာတ်လမ်းလုပ်ပြောရတာကို သဘောကျတယ်.. "

" သိုင်းလောကရဲ့ အလှဆုံး မိန်းကလေးဆယ်ယောက်တို့.. တိုက်ပွဲအတွင်း ဂွပြဲကြသူများတို့.. ညဘက်မစွမ်းဆောင်နိုင်တော့သည့် လူကြီးလူကောင်းဓားသမားတို့ ..အဲ့လိုမျိုးတွေပေါ့.. "

ကျန်းချန်..."..."

သူသေချာ စဥ်းစားလိုက်​ပြီး ဆုံးဖြတ်ချက်ချလိုက်တော့၏ ။

" ဒုတိယတစ်ခုက စိတ်ဝင်စားစရာ​တော့ကောင်းပေမဲ့ ပထမအဖွဲ့ထဲပဲ ဝင်တော့မယ်.. "

" အဆင်ပြေပါတယ်.. "

ခေါင်းဆောင်က ခေါင်းညိတ်လိုက်ပြီး...

" ခုကစပြီး မင်းက ငါတို့ ဒီရေနားစွင့်မျှော်စင်ရဲ့ အဖွဲ့ဝင်ဖြစ်သွားပြီ.. "

" ဒါပေမဲ့ ခု ငါ့မှာ အရေးကြီးကိစ္စရှိလို့ သူတို့နောက်ကနေ လိုက်သွားလိုက်ပါ.. "

ခေါင်းဆောင်က သူ့လူများကို ခေါ်ပြီး ကျန်းချန်ကို ခေါ်သွားရန် အမိန့်ပေးလိုက်၏ ။

ထို့နောက် သူက ပြုံးလိုက်ပြီး လမ်းကြားတစ်ခုဘက်သို့ ကြည့်ကာ အော်ပြောလိုက်၏ ။

" မိတ်ဆွေက ဝူကျိအသင်းက ရောင်းရင်းလား.. "

" ဝူကျိအသင်းရဲ့ လျှို့ဝှက် ကြယ်သံတမန်က ဝူချင်းရှင်းကို လိုက်ဖမ်းဖို့ အမိန့်ထုတ်ထားတာကို ဘာလို့ ကျုပ်နောက်လိုက်နေတာလဲ ..ရောင်းရင် လူမှားနေပြီထင်တယ်နော်.. "

အကွယ်တစ်ခုတွင် ပုန်းနေသော ချောင်မူက ထွက်လာခဲ့လိုက်၏ ။ ဤသို့သော လျှို့ဝှက်အဖွဲ့အစည်းများနှင့် ကြုံတွေ့ရခြင်းသည် သေမင်းကို ဖိတ်ခေါ်နေသည်နှင့်တူပေသည် ။ သို့ရာတွင် ထိုသေမင်းဆိုသည်က ချောင်မူလိုက်ရှာနေသည့်သူပင် ။

ချောင်မူက အေးဆေးနေသော အမူအရာဖြင့် ထွက်လာပြီး...

" ဝူချင်းရှင်းက ရွှမ်ထျန်းဂိုဏ်းရဲ့ သူတော်စင်မလေ ရင်ဆိုင်ရတာ မလွယ်ဘူး.. အဲ့တာကြောင့် သွားမရှာခင် လမ်းကြားထဲက ကြွက်လေးတွေကို အရင်ရိုက်ရင် ကောင်းမလားလို့ပါ.. "

ချောင်မူက ရှေ့သို့ တိုးလိုက်ပြီး တစ်ဘက်လူကို သေချာကြည့်လိုက်၏ ။ ထိုသို့ လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းမျိုးကို သူသဘောကျသည် ။ ဝူကျိအသင်းသည်လည်း သူ၏ ရန်သူဖြစ်သဖြင့် နှစ်ဖက်ရန်တိုက်ပေး၍ရလျှင် ပိုကောင်းပေမည် ။

သို့သော်လည်း ခေါင်းဆောင်က ချောင်မူ၏ တစ်ကိုယ်လုံးကို သေချာကြည့်လိုက်ပြီး ..

" သြော် မိတ်ဆွေက ဝူကျိအသင်းဝင် မဟုတ်ပေမဲ့ နီးစပ်နေတာပဲ.. "

ထို့​နောက် ပြုံးလိုက်ကာ...

" ရောင်းရင်းက သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းကို လေ့ကျင့်ထားတယ်ဆိုတော့ ဝူကျိအသင်းဝင် တဝက်လို့ ပြောလို့ရနေပြီ.. ဒီဒေသ တာဝန်ခံ လျှို့ဝှက်ကြယ်သံတမန်ကလည်း ရောင်းရင်းလို လူသစ်မျိုးကို ရှာနေတာ.. ခုသွားမယ်ဆိုရင် ဝူချင်းရှင်းကို အမဲလိုက်မယ့်ပွဲကိုတောင် မီနိုင်သေးတယ်.. "

" သိုင်းသူတော်စင်က မျိုးနွယ်ခြားတွေကို မုန်းသလို ရုံးတော်ကိုလည်း မ​ကြိုက်ဘူး..သူ့တပည်က ကျင့်ကြံသူတွေရဲ့ ခွေးဖြစ်နေတာကို သူဘယ်ကျေနပ်နိုင်မလဲ.. "

" ဒါပေမဲ့ ဝူချင်းရှင်းက သိုင်းသူတော်စင်ရဲ့ တပည့်ဖြစ်ဖူးသလို အင်မော်တယ်ကျင့်စဥ်တွေကိုလဲ လေ့ကျင့်ထားတယ်.. သူ့ကိုသတ်ဖို့ ဆိုတာ လွယ်တာ မဟုတ်ဘူး.. "

" ရောင်းရင်းကို ကြည့်ရတာ အစွမ်းအစ ရှိမယ့်ပုံပဲ.. ရောင်းရင်းသာ ဝူချင်းရှင်းကို သတ်နိုင်ရင် အောင်မြင်မှုကြီးတစ်ခုလို့ သတ်မှတ်လို့ရနိုင်တယ် .. သိုင်းသူတော်စင်ရဲ့ မျက်နှာသာကိုတောင် ရနိုင်ချေရှိတယ်နော်.. "

All Chapters