← Chapters

မိုးမီးလောင်နေကြတဲ့ တာ့ယန်မြင့်မြတ်နယ်မြေမှ အကြီးအကဲများ

Vol. 15 Ch. 147

မိုးမီးလောင်နေကြတဲ့ တာ့ယန်မြင့်မြတ်နယ်မြေမှ အကြီးအကဲများ

Vol. 15 Ch. 147

ကောင်းကင်ထက်ဝယ် ရှောင်ယန်သည် ဓားဖြင့်တစ်ချက် ထိုးနှက်ပြီးနောက် သူ၏ဓားကို ဓားအိမ်အတွင်းသို့ ဖြည်းညှင်းစွာ ပြန်သိမ်းလိုက်သည်။

တစ်ဖက်တွင်မူ ချောင်ရှို့မှာ တစ်ကိုယ်လုံး ဒဏ်ရာဗရပွနှင့် ဖြစ်နေပြီး သူ၏ သူတော်စင်အဆင့် ဝတ်စုံမှာလည်း အစိတ်စိတ်အမွှာမွှာ ပျက်စီးနေလေပြီ။

သူသည် ရှောင်ယန်ကို ကြောင်တောင်တောင် ငေးကြည့်ရင်း ရေရွတ်လိုက်သည်။ “ဝမ်တောက်ကျောင်းတော်ရဲ့ ထိပ်သီးပါရမီရှင်ဆိုတာ တကယ်ကို နာမည်နဲ့လိုက်ဖက်ပါပေတယ်။ ဒီတိုက်ပွဲမှာ ငါရှုံးနိမ့်တာကို ဝန်ခံတယ်”

“ ဒါပေမဲ့ အရမ်းတော့ စိတ်ကြီးဝင်လိုက်နဲ့ဦး။ မင်းတို့ ဝမ်တောက်ကျောင်းတော်မှာ ပညာရှင်တွေ အများကြီးရှိနိုင်ပေမဲ့ မင်းတို့ရဲ့ သာမန်တပည့်တွေကတော့ သာသာယာယာ ရှိနေမှာမဟုတ်ဘူး။ ငါ့ရဲ့ ညီငယ်တွေက မင်းတို့ ဝမ်တောက်ကျောင်းတော်က လူတွေကို အောက်ကို အတူတူဆွဲချသွားလိမ့်မယ်”

“အော်... ဟုတ်လား”

ရှောင်ယန်၏ နှုတ်ခမ်းထောင့်များတွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။ “မင်းရဲ့ ညီငယ်တွေကို တစ်ချက်လောက် ပြန်ကြည့်လိုက်ပါဦးလား”

ချောင်ရှို့သည် ထိုက်ယီတောင်ကြားအတွင်းရှိ စစ်မြေပြင်ဆီသို့ အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။

ထိုနေရာတွင် တုကူးမင်သည် ရူးသွပ်နေသူတစ်ဦးကဲ့သို့ တာ့ယန်မြင့်မြတ်နယ်မြေမှ တပည့်များကို သတ်ဖြတ်နေလေသည်။

တစ်ချိန်တည်းမှာပင် ဝမ်တောက်ကျောင်းတော်မှ လူများသည် ဘေးသို့ ဆုတ်ခွာသွားကြသည်မှာ ကြာပြီဖြစ်ပြီး၊ တာယန်မြင့်မြတ်နယ်မြေမှ တပည့်များ ထွက်မပြေးနိုင်အောင် စောင့်ကြပ်ကြည့်ရှုနေကြသည်။

“ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”

ရှောင်ယန်က ပြောသည်။”စောစောက တုကူးမင် ငါ့ဂျူနီယာညီမလေးနဲ့ တိုက်ခိုက်နေတုန်း အာရုံပျံ့လွင့်သွားတယ် လေ။ အဲဒါကြောင့် သူက အဲ့ကောင်ရဲ့စိတ်ကို ထွေပြားအောင် လုပ်ဖို့ အခွင့်အရေး ရသွားတာပေါ့”

ဤစကားကို ကြားလိုက်ရသောအခါ ချောင်ရှို့သည် ထိတ်လန့်တုန်လှုပ်သွားကာ မယုံကြည်နိုင်စွာဖြင့်မေးလိုက်သည် “မင်း... မင်း ငါနဲ့ တိုက်ခိုက်နေရင်းတောင် တခြားအရာကို အာရုံစိုက်နေခဲ့တာလား”

ရှောင်ယန်က ပြုံးလျက် ပြောသည်။”မင်းကို တိုက်ဖို့ ငါ့ရဲ့ ခွန်အားအပြည့် သုံးဖို့တောင် မလိုပါဘူး။ ငါ့ရဲ့ ဓားဆန္ဒအရိပ်အ‌ငွေ့လောက်ကို ကြည့်ခွင့်ပေးလိုက်တာကတင် လုံလောက်နေပြီ”

ဖူး

ချောင်ရှို့သည် ထိုစကားများကြောင့် အလွန်အမင်း ဒေါသထွက်သွားကာ သွေးတစ်လုတ် အန်ထုတ်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားတော့သည်။

ချောင်ရို့ချန်က သက်ပြင်းမချဘဲ မနေနိုင်တောပေ။ “အစ်ကိုကြီး၊ အစ်ကိုက လူသတ်ရုံတင် မဟုတ်ဘူးသူတို့ရဲ့ စိတ်ဓာတ်ကိုပါ နင်းချေပစ်တာပဲ”

ရှောင်ယန်က သူ့ကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ “မင်းက ပြောထွက်သေးတယ်လား။ မင်းရဲ့ လက်သီးဆန္ဒက ပြည့်စုံနေပြီဆိုပေမဲ့ ဝမ်လျဲ့ကို လွှတ်ပေးလိုက်တယ်လေ”

“အဲဒါကတော့...”

ချောင်ရို့ချန်က အနေခက်စွာဖြင့် ပြန်ဖြေသည်။ “ဝမ်လျဲ့က အဆုံးထိ တိုက်လိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့တာ၊ ဒါပေမဲ့ သူက သူ့ရဲ့ကျားကိုတောင် စွန့်ပစ်ပြီး ထွက်ပြေးသွားတာလေ။ အဲဒါက မြင့်မြတ်သားရဲ သွေးမျိုးဆက်ရှိတဲ့ ဝိညာဉ်ကျားဗျ”

ရှောင်ယန်က ဘာမှ ထပ်မပြောတော့ဘဲ မြေပြင်ဆီသို့သာ ကြည့်လိုက်ပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။

ချောင်ရို့ချန်က သတိထားကာ မေးလိုက်သည်။ “အစ်ကိုကြီး၊ စောစောက ကျွန်တော် မြင်လိုက်ရသလောက်ဆိုရင် အစ်ကို့ရဲ့ ဓားဆန္ဒက အထွတ်အထိပ်ကို ရောက်သွားပြီ မဟုတ်လား”

ရှောင်ယန်က အသာခေါင်းညိတ်ပြသည်။ “မှန်တယ်။ မင်းရဲ့ လက်သီးဆန္ဒလည်း ပြီးပြည့်စုံနေပြီဆိုတော့ ငါနဲ့ ပြိုင်ချင်နေတာလား”

ချောင်ရို့ချန်က အလျင်အမြန် ခေါင်းခါလိုက်သည်။ “ကျွန်တော်က အဲဒီလိုလူမျိုးလားဗျာ။ အစ်ကိုကြီးက အမြဲတမ်း အစ်ကိုကြီးပါပဲ ကျွန်တော် ယှဉ်ပြိုင်နိုင်တဲ့သူ မဟုတ်ပါဘူး”

သူတို့ စကားပြောနေစဉ်မှာပင် အောက်ဘက်ရှိ တာ့ယန်မြင့်မြတ်နယ်မြေမှ တပည့်များသည် အတုံးအရုံးကျဆုံးနေခဲ့ပြီဖြစ်သည်။

အချို့သော တပည့်များသည် အပြင်ဘက်သို့ ထွက်ပြေးရန် ကြိုးစားသော်လည်း ဝမ်တောက်ကျောင်းတော် အဖွဲ့သားများက စောင့်ကြိုနေကြ၏။

တစ်နာရီမပြည့်မီအချိန်အတွင်းမှာပင်

တာ့ယန်မြင့်မြတ်နယ်မြေမှ တပည့်များမှာ သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရလုနီးပါး ဖြစ်သွားသည်။

တုကူးမင်သည် တောင်ထိပ်ပေါ်တွင် ဓားရှည်တစ်လက်ကို ကိုင်ကာ ရပ်နေရင်း၊ မြေပြင်ပေါ်ရှိ သူ၏လဲကျနေသော ရဲဘော်ရဲဘက်များကို ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်နေသည်။ သူ၏ တစ်ကိုယ်လုံးက တုန်ရင်နေခဲ့သည်။

“ဘာဖြစ်သွားတာလဲ။ ဘာတွေ ဖြစ်ကုန်တာလဲ”

ကောင်းကင်ထက်မှ ဇီသာသံက တိုက်ပွဲမပြီးသေးကြောင်း သတိပေးမနေခဲ့လျှင် သူသည် ထိုနေရာမှ ထွက်ခွာသွားခဲ့မိပြီး ဖြစ်နိုင်သည်။

တုကူးမင်က အပေါ်သို့ မော့ကြည့်လိုက်ရာ ရှောင်ယန်နှင့် ချောင်ရို့ချန်းတို့သည် သူ့အား သားကောင်ကို ချောင်းနေသော ကျားများကဲ့သို့ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ တစ်နည်းနည်းဖြင့် သူသည် သတ္တိကို စုစည်းကာ ဟိန်းဟောက်လိုက်သည်။

“ငါ မင်းတို့ကို အဆုံးထိ တိုက်မယ်”

ထိုစဉ်မှာပင် သူ၏ ကျောဘက်မှ အေးစိမ့်မှုကို ရုတ်တရက် ခံစားလိုက်ရ၏။ သူ လှည့်ကြည့်မည်အပြုတွင် ရင်ဘတ်ထဲ၌ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သောအခါ သူ့ကို ဝါးမျိုနေသော ယင်ယန် ထိုက်ချီ ပုံရိပ်ကို တွေ့လိုက်ရသည်။

“အား”

ခဏအကြာတွင် တုကူးမင်သည် စိတ်ပျက်အားငယ်စွာဖြင့် လဲကျသွားတော့သည်။

ဂိုဏ်းအသီးသီးမှ စောင့်ကြည့်နေသူများအားလုံး ထိုမြင်ကွင်းကြောင့် အံ့အားသင့်ကာ အသက်ရှူမှားသွား၏။

ဟူး

ဒီ ဝမ်တောက်ကျောင်းတော်က လူတွေက နည်းနည်းတော့ ကြောက်ဖို့ကောင်းလွန်းမနေဘူးလား။

ရှောင်ယန်နဲ့ ချောင်ရို့ချန်တို့ကို ဖယ်ထားလိုက်ဦး၊ သူတို့ရဲ့ ပြိုင်ဘက်ကင်းတဲ့ စွမ်းအားက နားလည်ပေးလို့ရပေမဲ့၊ စစ်မှန်ကံကြမ္မာနယ်ပယ် နောက်ဆုံးအဆင့်ပဲ ရှိသေးတဲ့ အဲဒီ ချင်းချင်းက ကောင်းကင်ဇစ်မြစ်အဆင့်ပါရမီရှင်တစ်ယောက်ကို အနိုင်ယူသွားတာပဲ။

ဝမ်တောက်ကျောင်းတော်က ရွှမ်ထျန်းတိုက်ကြီးကို လွှမ်းမိုးတော့မှာလား။

ရှောင်ယန်ကပြောလိုက်သည်။ “ညီငယ် ညီမငယ်တို့၊ တိုက်ပွဲနယ်မြေကို စရှင်းကြတော့”

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး”

လူတိုင်းသည် စိတ်လှုပ်ရှားစွာဖြင့် မြေပြင်ကို စတင်ရှင်းလင်းကြသည်။ နောက်ဆုံးတော့ ဒါက သူတို့ရဲ့ စီနီယာအစ်ကိုကြီးက ပေးတဲ့ အကျိုးအမြတ်တစ်ခု မဟုတ်ပါလား။

သို့သော်လည်း လူတိုင်းသည် တာ့ယန်မြင့်မြတ်နယ်မြေမှ ထိပ်သီးပါရမီရှင် သုံးဦး၏ သိုလှောင်လက်စွပ်များကိုမူ မထိတဘဲ ရှောင်ကြဉ်ခဲ့ကြ၏။

ခဏအကြာ တိုက်ပွဲနယ်မြေကို ရှင်းလင်းပြီးနောက် သူတို့အားလုံး ရှောင်ယန်နှင့် အခြားသူများကို ကြည်ညိုလေးစားသော မျက်လုံးများဖြင့် မကြည့်ပဲမနေနိုင်ကြတော့ပေ။

ထိုစဉ် ခရမ်းရောင်ဝတ်စုံဝတ် မိန်းကလေးတစ်ဦးသည် ချောင်ရို့ချန်ထံသို့ လျှောက်လာသည်။ “အစ်ကို ပြိုင်ဘက်ကင်းလက်သီးအရှင်၊ အစ်ကိုက တကယ် တော်တာပဲ”

ချိုသာလှသော “အစ်ကို” ဟူသည့် ခေါ်သံကြောင့် လူတိုင်း၏ အာရုံသည် ထိုမိန်းကလေးထံသို့ ရောက်သွားသည်။

သူမသည် တွန့်ဆုတ်ခြင်းမရှိဘဲ ချောင်ရို့ချန်း၏ လက်မောင်းများကို ဖက်တွယ်လိုက်သည်ကို သူတို့ တွေ့လိုက်ရသည်။ သူတို့၏ မျက်လုံးများတွင် အံ့ဩကြည်ညိုမှုများ လင်းလက်သွား၏။

ရှောင်ယန်ကမေးလိုက်သည်။ “တာချန်၊ ဒီခရမ်းရောင်ဝတ်စုံနဲ့ မိန်းကလေးက ဘယ်သူလဲ”

ချောင်ရို့ချန်က ပြုံးပြီဖြေ၏။ “အစ်ကိုကြီး၊ သူက ကျွန်တော့်ရဲ့ ညီမလေး အရင်းလိုပါပဲ။ ရှောင်ယီ၊ ငါ့ရဲ့ အစ်ကိုကြီးကို နှုတ်ဆက်လိုက်ဦး”

စုန်ကျောက်ယီသည် ရှောင်ယန်ကို ရိုသေစွာဖြင့် ဦးညွှတ်လိုက်သည်။ “စုန်ကျောက်ယီက အစ်ကိုကြီးရှောင်ကို ဂါရဝပြုပါတယ်”

“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”

ရှောင်ယန်သည် သူမအပေါ်တွင် အချိန်အကြာကြီး အာရုံမစိုက်ဘဲ လူအုပ်ထဲသို့ အမြန်ပြန်ဝင်သွားသည်။

စုန်ကျောက်ယီသည်လည်း ရှောင်ယန်ကို ထပ်မကြည့်တော့ဘဲ ချောင်ရို့ချန်ကိုသာ မျက်တောင်မခတ် စိုက်ကြည့်နေတော့သည်။

တိုက်ပွဲကြီး ပြီးဆုံးသွားပြီးနောက် စောင့်ကြည့်နေသော အခြားဂိုဏ်းအဖွဲ့များအားလုံး ထွက်ခွာသွားကြလေသည်။

ဝမ်တောက်ကျောင်းတော်မှ အဖွဲ့ဝင်များသည်လည်း သူတို့၏ ညီနောင်များကို ရှာဖွေရန်နှင့် ထွက်ခွာဖို့ရာ ပြင်ဆင်မှုများပြုလုပ်ရန် စုဝေးခဲ့ကြ၏။

……

ထိုက်ရွှီတောင်ကြား။

တာ့ယန်မြင့်မြတ်နယ်မြေ၏ စခန်းအတွင်းမှာမူ ပျက်စီးယိုယွင်းနေသော မြင်ကွင်းတစ်ခု ဖြစ်နေသည်။

အမှောင်ခန်းမ၏ အကြီးအကဲသည် မြင်သမျှအရာအားလုံးကို ရိုက်ခွဲနေပြီး ပတ်ဝန်းကျင်ရှိ အကြီးအကဲများမှာလည်း မှုန်ကုပ်ကာ ဒေါသထွက်နေကြပုံရ၏။

စောစောကတင် တာ့ယန်မြင့်မြတ်နယ်မြေမှ ဝိညာဉ်မီးအိမ် ငါးဆယ်ကျော်သည် တစ်ပြိုင်နက်တည်း ငြိမ်းသွားခဲ့သည်။

ယင်းက ထိုက်ရွှီလျှို့ဝှက်နယ်မြေအတွင်းရှိ တာ့ယန်မြင့်မြတ်နယ်မြေမှ တပည့် ငါးယောက်ထက်မနည်းသာ အသက်ရှင်ကျန်ရစ်တော့သည်ဟု အဓိပ္ပာယ်ရသည်။

ထိုက်ရွှီမြင့်မြတ်နယ်မြေသို့ ဝင်ရောက်ခဲ့သော ဤအသုတ်သည် နှစ်ပေါင်းခြောက်ဆယ်အတွင်း အကောင်းဆုံး တပည့်များဖြစ်ကြပြီး ယခုအခါ ဆယ်ပုံတစ်ပုံပင် မကျန်တော့ပေ။

ဤအခြေအနေတွင် သူတို့ ပြန်ရောက်သည့်အခါ ဂိုဏ်းချုပ်ကို မည်သို့ ရှင်းပြနိုင်ပါမည်နည်း။

အမှောင်ခန်းမ၏ အကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်သည်။ “စုံစမ်းကြစမ်း ဒါကို ဘယ်ဂိုဏ်းက လုပ်တာလဲဆိုတာ မင်းတို့ ရှာရမယ်။ သိပြီဆိုတာနဲ့ ငါ သူတို့ လိုက်ရှာပြီး အသေသတ်မယ်”

“ဟုတ်ကဲ့”

မည်သည့်အကြီးအကဲမှ ကန့်ကွက်ခြင်းမပြုကြပေ။

ထိုစဉ်မှာပင် အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ “ရှောင်ယဲ့၊ မင်းတစ်ယောက်တည်းနဲ့တော့ မြင့်မြတ်နယ်မြေတစ်ခုကို လက်စားချေဖို့ မလုံလောက်ဘူး။ ဒီအဖိုးကြီးကိုယ်တိုင်ပဲ အရေးယူပါရစေ”

ထိုအသံကို ကြားလိုက်ရသောအခါ လူတိုင်းက ရိုသေစွာဖြင့် ဆိုလိုက်ကြသည် “ပဉ္စမမြောက် သူတော်စင်ကို ဂါရဝပြုပါတယ်”

ဆံပင်ဖြူဖြူနှင့် အဖိုးအိုတစ်ဦးသည် ကာရံထားသော လိုက်ကာနောက်မှ ထွက်လာ၏။

သူကား အခြားသူမဟုတ်ဘဲ တာ့ယန်မြင့်မြတ်နယ်မြေ၏ သူတော်စင်တစ်ပိုင်း ဖြစ်သော တိဝူချင်းယွင်ပင်။

သူသည် စုဝေးနေသော လူအုပ်ကို ဝေ့ကြည့်လိုက်ပြီးပြောသည်။ “ဒီကိစ္စကို တခြားသူတွေ မသိအောင် သတိထားကြ၊ သူတို့ကို သတိမမူမိစေနဲ့။ ဒီတစ်ခါ ငါတို့ တာ့ယန်မြင့်မြတ်နယ်မြေက ထိုက်ရွှီလျှို့ဝှက်နယ်မြေထဲမှာ အကျအဆုံး များခဲ့ပေမဲ့၊ လဲ့အောက်ကျယ်သာ အသက်ရှင်နေသေးရင် မျှော်လင့်ချက် မပျောက်ဆုံးသေးဘူး။ ကျန်တာကို ငါ့ကိုပဲ လွှဲထားလိုက်ပါ”

“ဟုတ်ကဲ့”

လူအုပ်ကြီး ဆုတ်ခွာသွားကြသော်လည်း သူတို့အားလုံးသည် စိတ်ထဲတွင် လဲ့အောက်ကျယ်ကို ကျိန်ဆဲနေကြသည်။ သူတော်စင်သားတော်လောင်းလျာ တစ်ယောက်အနေနဲ့ မင်းရဲ့ တပည့်သားချင်းတွေကို ဒီလို အသတ်ခံရအောင် ဘယ်လိုလုပ် လွှတ်ထားနိုင်ရတာလဲ။

All Chapters