← Chapters

ဟန်ဆောင်နေတာတော်လောက်ပြီ ငါ့ရဲ့ဝှက်ဖဲကိုပြမယ်

Vol. 15 Ch. 150

ဟန်ဆောင်နေတာတော်လောက်ပြီ ငါ့ရဲ့ဝှက်ဖဲကိုပြမယ်

Vol. 15 Ch. 150

“သတိထား”

“မဖြစ်ဘူး”

“…”

ဝမ်တောက်ကျောင်းတော်မှ အကြီးအကဲများသည် ချူဖုန်းတစ်ယောက် မဟာသူတော်စင် တိဝူ၏ ဓားကွက်အတွင်းသို့ ခြေလှမ်းလှမ်းလိုက်သည်ကို မြင်သောအခါ အလိုလိုတားဆီးရန် ကြိုးပမ်းလိုက်ကြသော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။

ပတ်ဝန်းကျင်ရှိ ကြည့်ရှုနေသူများသည်လည်း ထိုမြင်ကွင်းကြောင့် မှင်သက်သွားကြ၏။ လူငယ်အချို့ကမူ မအောင့်နိုင်တော့ဘဲ တိုးတိုးလေး ရေရွတ်မိကြသည်မှာ “ဆရာ... ဒီချူဖုန်းဆိုတဲ့လူက တစ်ခုခုများ မှားနေတာလား”

ထိုအခါ လူကြီးက ပြန်ဖြေသည်။”ငါလည်း အဲဒီအတိုင်းပဲထင်တယ်”

တိဝူချင်းယွင်ကိုယ်တိုင်ပင်လျှင် ဤလူငယ်က သူ၏ဓားကွက်ထဲသို့ ရဲရဲဝံ့ဝံ့ လှမ်းဝင်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူက အရမ်းသေချင်နေတာလား။

ထိုခဏ၌ ချူဖုန်း၏ အရှိန်အဝါမှာ မီးတောင်တစ်ခု ပေါက်ကွဲထွက်လာသကဲ့သို့ ဟုန်းခနဲ ထွက်ပေါ်လာသည်။

ပြင်းထန်လှသော ဖိအားတစ်ခုမှာ ချက်ချင်းဆိုသလို ပျံ့နှံ့သွားပြီး တိဝူချင်းယွင် ထုတ်လွှတ်ထားသော အရှိန်အဝါများကို လုံးဝအမှုန့်ခြေပစ်လိုက်လေသည်။

“မင်း...”

မိမိရှေ့ရှိ လူငယ်ထံမှ ခံစားနေရသော ဖိနှိပ်မှုစွမ်းအားကြောင့် တိဝူချင်းယွင်၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်သွားသည်။

ချူဖုန်းက သဘောတကျ ပြုံးလိုက်ပြီး ပြော၏။ “ဟန်ဆောင်နေတာ တော်လောက်ပြီငါ့ရဲ့ ဝှက်ဖဲကို ထုတ်ပြရမယ့် အချိန်ရောက်ပြီပဲ။ ငါက သူတော်စင်တစ်ပိုင်း တစ်ယောက်ပဲ။”

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အပ်ကျသံကိုပင် ကြားနိုင်လောက်အောင် ငြိမ်သက်သွားခြင်းဖြစ်သည်။

ဝမ်တောက်ကျောင်းတော် မှ တပည့်များပင်လျှင် သူတို့၏ ဆရာများနှင့် အကြီးအကဲများဘက်သို့ စူးစမ်းလိုစိတ်အပြည့်ဖြင့် လှည့်ကြည့်မိကြရာ သူတို့မှာ အတော်ပင် နေရခက်သွားကြ၏။

အကြီးအကဲများသည် ဦးစွာ ဘုရင်ဟန်ကျန်းကို ကြည့်လိုက်ကြရာ သူသည်လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်ကို တွေ့ရသည်။ ထို့နောက် ပြုံးပျော်ရွှင်မြူးနေသော အကြီးအကဲပင်း ထံသို့ အကြည့်လွှဲလိုက်ကြသည်။

‘မင်းတို့နှစ်ယောက် တစ်ခုခု ကြိုတင်စီစဉ်ထားတယ်ဆိုတာ ငါတို့သိသားပဲ။’

ခဏတာ တုန်လှုပ်သွားပြီးနောက် တိဝူချင်းယွင်က လှောင်ပြုံးပြုံးလိုက်၏။

“ကောင်းပြီလေ ဝမ်တောက်ကျောင်းတော် က ငါနဲ့အတူ သူတော်စင်တစ်ပိုင်းတစ်ယောက်ကိုပါ မြှုပ်နှံချင်တယ်ဆိုရင်တော့ မင်းတို့ဆန္ဒကို ငါဖြည့်ဆည်းပေးရမှာပေါ့။ ငါ့ရဲ့ ကြယ်ရောင်စုံဓားကွက် အမှုန့်ခြေပစ်စမ်း”

သူပြောလိုက်သည်နှင့် တပြိုင်နက် ဓားကွက်အတွင်းရှိ ရှည်လျားသော ဓားကိုးစင်းမှာ သန့်စင်သော အလင်းတန်းများ ထွက်ပေါ်လာသည်။ ထို့နောက် ဓားကွက်အတွင်းရှိ ရေတွက်၍မရနိုင်သော ဓားစွမ်းအင်တန်းများသည် ကြယ်ရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး တစ်ခုချင်းစီတွင် ကမ္ဘာကြီးကို ဖျက်ဆီးနိုင်စွမ်းသော စွမ်းအားများ ပါရှိနေသည်။ ၎င်းကို ကြည့်နေရုံနှင့်ပင် လူတို့၏နှလုံးသားများ တုန်လှုပ်ခြောက်ခြားလာရသည်။

သို့သော် ချူဖုန်းမှာမူ တည်ငြိမ်နေဆဲပင်။ သူ၏ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ လှုပ်ရှားလိုက်ပြီး ထိုက်ချီလက်သီး သိုင်းကွက်ကို ဖော်ထုတ်လိုက်သည်။

သူသည် လက်နှစ်ဖက်ကို စုစည်းကာ ယင်နှင့်ယန် သဏ္ဌာန်ဖန်တီးပြီး ကောင်းကင်ယံသို့ ပင့်တင်တွန်းထုတ်လိုက်သည်။

ဝုန်း။

မိုးထစ်ချုန်းသံကဲ့သို့သော အသံကြီးနှင့်အတူ ကြယ်ရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး ဓားကွက်အတွင်းရှိ ဓားကိုးစင်းမှာ ပြင်းထန်စွာ တုန်ခါသွားကာ အစီအရင်အပြင်ဘက်သို့ လွင့်စင်ထွက်သွားလုနီးပါး ဖြစ်သွားသည်။

ချူဖုန်းက တိဝူချင်းယွင်ကို ပြုံးပြီး တစ်ချက်ကြည့်လိုက်ကာ ပြောသည်။ “အစွမ်းကုန် ကြိုးစားကြည့်ပါဦး၊ ငါခံနိုင်ရည်ရှိပါသေးတယ်။”

တိဝူချင်းယွင်သည် မသိလိုက်ဘဲ နောက်သို့ ခြေတစ်လှမ်း ဆုတ်မိသွားသည်။ သူသည် တကယ့်ပြိုင်ဘက်ကောင်းနှင့် တွေ့နေပြီဖြစ်ကြောင်း သိလိုက်ရပြီ ဤနေရာသည် ဆက်နေရမည့်နေရာ မဟုတ်တော့ပေ။

ထိုအတွေး ဝင်လာသည်နှင့်တပြိုင်နက် သူသည် နောက်သို့လှည့်ကာ ဘာမှမစဉ်းစားတော့ဘဲ ထွက်ပြေးလေတော့သည်။

၎င်းကို မြင်သောအခါ ချူဖုန်းက အသာအယာ ဆိုလိုက်သည်။ “မင်းက လူမိုက်လုပ်ပြပြီးမှ ထွက်ပြေးချင်တာလား ဘဝဆိုတာ အဲဒီလောက် မလွယ်ကူပါဘူး။ ဓားတွေ လာကြစမ်း”

ဟိန်းဟောက်သံ တစ်ချက်တည်းနှင့်ပင် မိုင်တစ်ရာအတွင်းရှိ တန်ဖိုးကြီးဓားပေါင်း မြောက်မြားစွာမှာ ၎င်းတို့၏ ဓားအိမ်များအတွင်းမှ ရုန်းထွက်လာကြသည်။ တိဝူချင်းယွင်၏ ဓားကွက်အတွင်းရှိ သန့်စင်သောဓားကိုးစင်းပင်လျှင် ဖွဲ့စည်းမှုကို ဖျက်ဆီးကာ ချူဖုန်းထံသို့ ပျံသန်းလာကြသည်။

ခဏချင်းအတွင်းမှာပင် ကောင်းကင်ယံ၌ ဓားပေါင်းသောင်းချီ၍ ပြည့်နှက်သွားပြီး အားလုံးမှာ ချူဖုန်း၏ အမိန့်ကို စောင့်ဆိုင်းနေကြသည့်နှယ် ရှိတော့သည်။

ချူဖုန်းသည် ဓားတစ်စင်းကို အသာအယာ ဆွဲယူလိုက်ပြီး တိဝူချင်းယွင် ရှိရာဘက်သို့ ဝှေ့ယမ်းလိုက်သည်။

“ဓားတစ်သောင်းတို့အပြန်”

ချွင်

ထိုခဏ၌ ဓားပေါင်းသောင်းချီ ပျံသန်းထွက်ခွာသွားသည်။ ရေတွက်၍မရသော ဓားစွမ်းအင်များသည် ကြီးမားလှသော ဓားကြီးတစ်စင်းအဖြစ် ပေါင်းစည်းသွားပြီး တိဝူချင်းယွင်အပေါ်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာသည်။

ဤတိုက်ကွက်သည် ရှေ့တွင် နတ်ဘုရားများ ပိတ်ဆို့နေပါက နတ်ဘုရားများကို သတ်ဖြတ်မည်၊ ဗုဒ္ဓများ ပိတ်ဆို့နေပါကလည်း အမှုန့်ခြေမည့် တိုက်ကွက်မျိုး ဖြစ်သည်။

ဤဓားကွက် ထွက်ပေါ်လာသည်နှင့် ကောင်းကင်အောက်ရှိ မည်သည့်အရာကမျှ ၎င်းတို့၏သွားရာလမ်းကို ယှဉ်နိုင်ခြင်း မရှိတော့ပေ။

တိဝူချင်းယွင်မှာ ကျောရိုးထဲအထိ စိမ့်တက်သွားသည်။ သူ လှည့်ကြည့်လိုက်သောအခါ မီတာရာချီရှည်လျားသော ဓားကြီးမှာ ကျဆင်းလာနေပြီဖြစ်၏။

သူ ထွက်ပြေးချင်သော်လည်း ဓားက သူ့ကို ပစ်မှတ်ထားပြီးသားဖြစ်နေပုံပင်။ သူသည် မြေအောက်ကမ္ဘာ၏ အနက်ဆုံးနေရာ သို့မဟုတ် အမြင့်ဆုံးသော ကောင်းကင်ဘုံသို့ ထွက်ပြေးပါစေဦးတော့၊ ဤဓားမှ လွတ်ကင်းနိုင်မည် မဟုတ်ပေ။

“လွှတ်”

တိဝူချင်းယွင် တစ်ယောက် “လွှတ်ပေးပါ” ဟူသော စကားကိုပင် မဆုံးသေးမီ ဓားကြီးက ကျရောက်လာခဲ့ပြီဖြစ်သည်။

အံ့အားသင့်နေသော အကြည့်ပေါင်းများစွာအောက်တွင် တိဝူချင်းယွင်သည် ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ချက်ချင်း အမှုန့်ခြေဖျက်ဆီးခြင်း ခံလိုက်ရလေသည်။

တိတ်ဆိတ်သွားသည်။ မိုင်တစ်ရာပတ်လည်အတွင်း သေခြင်းတရားကဲ့သို့ ချောက်ချားဖွယ်ရာ ငြိမ်သက်ခြင်းများ ဖုံးလွှမ်းသွား၏။

တောင်တန်းများအတွင်း ပုန်းအောင်းနေသော မိစ္ဆာနတ်ဆိုးများပင်လျှင် သူတို့၏ ဂူများ၌ တုန်လှုပ်နေကြပြီး အားနည်းသော အချို့မှာ ကြောက်လန့်လွန်း၍ မေ့လဲသွားကြသည်။

“ငါက သိပ်တောင် မကြိုးစားရသေးဘူး မင်းက ဘယ်လိုဖြစ်ပြီး ဒီလောက်အလွယ်တကူ အရှုံးပေးလိုက်ရတာလဲ”

ဒီလူက အသာအယာ ထိလိုက်ရုံနှင့် ပူဖောင်းတစ်ခုလို ကွဲထွက်သွားလိမ့်မည်ဟု ချူဖုန်း လုံးဝမမျှော်လင့်ထားခဲ့။ သူသည် တိဝူချင်းယွင် ပျောက်ကွယ်သွားသော နေရာသို့ အသာအယာ လှမ်းဖမ်းလိုက်သော်လည်း ဘာမှ ရှာမတွေ့ခဲ့ပေ။

‘ငါ ပေါ့ဆသွားတယ်။ ပထမဆုံး အကွက်မှာတင် စွမ်းအားကို မထိန်းနိုင်လိုက်ဘဲ အဲဒီကောင်ရဲ့ သိုလှောင်လက်စွပ်ကိုပါ ဖျက်ဆီးမိသွားတယ် အရှုံးပဲဟေ ‘

ချူဖုန်း၏ တစ်ဦးတည်း ရေရွတ်သံကို လူတိုင်းကြားလိုက်ကြပြီး ခဏတာ ဘာပြောရမှန်း မသိဖြစ်သွားကြသည်။

‘ဒီကောင်က နည်းနည်းပါးပါးလေးတောင် မနှိမ့်ချနိုင်ဘူးလား’

ဘုရင်ဟန်ကျန်းက မတတ်သာသည့်အဆုံး ပြောလိုက်သည် “အကြီးအကဲ ချူ၊ ခင်ဗျားရဲ့ အဲဒီဓားချက်မှာ နှစ်ပေါင်းတစ်ထောင်ကျော် စိတ်ဝိညာဉ်စွမ်းအားတွေ ပါနေတာပဲ။ ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ”

ချူဖုန်းက ပြုံးရုံသာ ပြုံးလိုက်၏။ “ဒါကတော့ ကျုပ်ကို အပြစ်တင်လို့ မရဘူးလေ။ သူက အရမ်းအားနည်းလွန်းတာကိုး။”

ထိုသို့ပြောပြီး သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံရှိ ဓားများအားလုံးသည် သူတို့၏ ပိုင်ရှင်များရှိရာ ဓားအိမ်များအတွင်းသို့ ပြန်လည်ပျံသန်းသွားကြပြီး သန့်စင်သော ဓားကိုးစင်းသာ ကောင်းကင်ယံ၌ လွင့်မျောကျန်ရစ်ခဲ့သည်။

ကျင့်ကြံသူများသည် မိမိတို့၏ ဓားများကို ကြည့်ကာ ရုတ်တရက် ထိုဓားများကို ကိုင်ထားရသည်မှာပင် ရှက်ကိုးရှက်ကန်း ဖြစ်သွားကြသည်။

ဤအချိန်တွင် အသနားစရာအကောင်းဆုံးမှာ အခြားသူများမဟုတ်ဘဲ တာ့ယန်မြင့်မြတ်နယ်မြေ မှ လူများသာ ဖြစ်သည်။

သူတို့သည် မဟာသူ‌တော်စင် တိဝူနှင့်အတူ ကြွားဝါရန် လာခဲ့ကြသော်လည်း သူတို့၏ ခေါင်းဆောင်မှာ ခဏချင်းအတွင်း အသတ်ခံလိုက်ရသည်။ ခေတ္တမျှ သူတို့ ဘာလုပ်ရမှန်း မသိဖြစ်နေကြသည်။

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် အမှောင်ခန်းမ‌၏ အကြီးအကဲက စတင်ပြောကြားလာသည်။ “စီ... စီနီယာ၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ”

ထိုအခါမှသာ ချူဖုန်းသည် တာ့ယန်မြင့်မြတ်နယ်‌မြေ မှ ကျင့်ကြံသူများ ရှိနေသေးသည်ကို သတိရသွားသည်။ သူက သူတို့ကို ပျင်းရိစွာ တစ်ချက်ကြည့်လိုက်၏။ “ငါက အဲဒီ တိဝူကြီးလို မဟုတ်ဘူး။ အားနည်းတဲ့သူတွေကို အနိုင်မကျင့်တတ်ပါဘူး။ တကယ်လို့ မင်းတို့ တာ့ယန်မြင့်မြတ်နယ်မြေက မကျေနပ်ဘူးဆိုရင် နောက်ထပ် သူတော်စင်တစ်ပိုင်းတစ်ယောက်ကို ဝမ်တောက်ကျောင်းတော်ဆီ လွှတ်ပြီး တစ်ယောက်ချင်း ယှဉ်ပြိုင်ခိုင်းလိုက်။”

“ကျေးဇူးတင်ပါတယ် စီနီယာ”

“စီနီယာက တကယ့်ကို တရားမျှတသူပါပဲ”

“…”

တာ့ယန်မြင့်မြတ်နယ်မြေမှ လူများသည် သေဘေးမှ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူတို့၏ စိတ်ထဲတွင် တွေးနေကြသည်။

‘ဒီစီနီယာက တကယ့်ကို ဝမ်တောက်ကျောင်းတော်ရဲ့ ဆရာသခင်လို့ ခေါ်ဆိုထိုက်တယ်။ မဟာသူတော်စင် တိဝူနဲ့ ယှဉ်ရင် သူက အဆင့်အတန်းချင်း လုံးဝကွာခြားလွန်းတယ်’

“သွားကြတော့၊ မျက်စိရှေ့မှာ အနှောင့်အယှက် မဖြစ်စေနဲ့။”

ချူဖုန်းက လက်ဝှေ့ယမ်းလိုက်သည်။

“နားလည်ပါပြီ။”

တာ့ယန်မြင့်မြတ်နယ်မြေမှ လူများသည် ချက်ချင်းပင် လှည့်ထွက်သွားကြလေတော့၏။

ချူဖုန်းသည် အနီးအနားတွင် လွင့်မျောနေသော သန့်စင်သော ဓားကိုးစင်းကို ကြည့်လိုက်ပြီး တွေးလိုက်သည်။ ‘အနည်းဆုံးတော့ အကုန်လုံး ဆုံးရှုံးသွားတာ မဟုတ်သေးဘူးပဲ’

သူသည် ဓားကိုးလက်လုံးကို သူ၏ သိုလှောင်အိတ် အတွင်းသို့ အသာအယာ ထည့်လိုက်ပြီး ဝမ်တောက်ကျောင်းတော် စခန်းရှိရာသို့ ပြန်လည်ဆင်းသက်လာခဲ့သည်။

ချောင်ရို့ချန် က ပထမဆုံး ပြေးထွက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ဆရာ... ဆရာက ပြိုင်ဘက်ကင်းပဲ”

ထိုအော်ဟစ်သံက ဝမ်တောက်ကျောင်းတော်မှ လူတိုင်းကို သူတို့၏ ထိတ်လန့်တုန်လှုပ်မှုများမှ နိုးကြားလာစေသည်။

ကျင့်ကြံသူအားလုံးသည် သန်မာသူများကို အမြဲလေးစားတတ်ကြသည်ဖြစ်ရာ မကြာမီမှာပင် တပည့်များအားလုံးက “အကြီးအကဲ ချူက ပြိုင်ဘက်ကင်းပဲ” ဟု ဝိုင်းဝန်း အော်ဟစ်ကြလေတော့သည်။

အကြီးအကဲများသည် ဤမြင်ကွင်းကို ကြည့်ကာ မနာလိုစိတ်များဖြင့် ပြည့်နှက်နေသော်လည်း တစ်ခုခု မှားယွင်းနေသကဲ့သို့ ခံစားချက်ကို ဖျောက်ပစ်၍မရနိုင်ဘဲ ရှိနေကြ၏။ သို့သော် လောလောဆယ်တွင် ဘာမှမပြောနိုင်ကြသေးပေ။

အကြီးအကဲပင်းက လူအုပ်ကြားတွင် တက်ကြွနေသော ချူဖုန်းကို ကြည့်ကာ တွေးနေမိသည်။

‘အဲဒီတုန်းက သူက ငါ့ကို တမင်တကာ အရှုံးပေးခဲ့တာလား’

ချူဖုန်းက ချောင်ရို့ချန်၏ ပခုံးကို ပုတ်လိုက်၏။ “မင်းရဲ့ ကျင့်ကြံမှုကသာ မြှောက်ပင့်နိုင်စွမ်းနဲ့ ညီမျှမယ်ဆိုရင်တော့ မင်းက တကယ့်ကို ထူးခြားတဲ့သူ ဖြစ်လာမှာပဲ။”

ချောင်ရို့ချန်က ခေါင်းကို ကုတ်ကာ ရယ်မောလိုက်၏။

“ဟီးဟီး... ဆရာ၊ ကျွန်တော် ဒါတွေအားလုံးက ဆရာ့ဆီက သင်ယူထားတာ မဟုတ်ဘူးလား”

“ဟမ့်”

ချူဖုန်းက သူ့ကို စိတ်ပျက်သလို တစ်ချက်ကြည့်လိုက်ပြီးနောက် ချင်းချင်းဘက်သို့ အကြည့်လွှဲလိုက်သည်။ “ချင်းအာ... တာ့ယန်မြင့်မြတ်နယ်မြေက လူတွေကို လွှတ်ပေးလိုက်တဲ့အတွက် မင်းရဲ့ဆရာ့ကို အပြစ်မတင်ဘူးမလား”

ချင်းချင်းက ခေါင်းခါပြလိုက်သည်။ “ကျွန်မမှာ ဘာအပြစ်တင်စရာမှ မရှိပါဘူး ဆရာ။ ဆရာက ကျွန်မကို သင်ပေးနေတာပါ။ ကျွန်မကိုယ်တိုင် တာယန်မြင့်မြတ်နယ်မြေ ကို ကလဲ့စားချေနိုင်ဖို့ ကျင့်ကြံခြင်းမှာ ကြိုးစားရမယ်ဆိုတာကိုပေါ့။”

“သိပ်ကောင်းတယ်။”

ချူဖုန်းသည် ချင်းချင်း၏ အဖြေကို အလွန်ကျေနပ်သွားသည်။ သူလှည့်လိုက်သောအခါ ဝမ်တောက်ကျောင်းတော်မှ အကြီးအကဲအားလုံး၏ စူးစမ်းသော အကြည့်များနှင့် ဆုံမိလေသည်။

ဘုရင်ဟန်ကျန်းက ဖြည်းညှင်းစွာ ပြောကြားလိုက်သည်။ “ကဲ... ကိစ္စတွေကတော့ ပြီးသွားပြီ။ တပည့်တို့... မင်းတို့ရဲ့ တဲတွေဆီပြန်ပြီး အနားယူကြတော့။ အကြီးအကဲ ချူ... ကျုပ်နဲ့ ခဏလိုက်ခဲ့ပါ။”

“နားလည်ပါပြီ”

တပည့်များက ပြန်ထူးကြပြီး သူတို့၏ တဲများဆီသို့ ပြန်သွားကြသည်။

ထို့နောက် ချူဖုန်းသည် ဟိန်းကျန်းဘုရင်၏ နောက်မှ လိုက်ပါ၍ အဓိကတဲကြီးဆီသို့ သွားခဲ့သည်။

“ထိုင်ကြပါ။”

ဘုရင်ဟန်ကျန်းက အားလုံးကို ထိုင်ရန် အချက်ပြလိုက်သည်။ တပည့်များက လက်ဖက်ရည် တည်ခင်းပေးပြီးနောက် ပါးနပ်စွာ ဆုတ်ခွာသွားကြပြီး တဲအတွင်း၌ ကျန်ရစ်သော သူများမှာတော့…

All Chapters