အခန်း (၄၃၇-၄၃၈)
Vol. 22 Ch. 437-438
အပိုင်း(၄၃၇) ကောင်မလေးနှစ်ယောက်ကို သိမ်းသွင်းခြင်း
"အား..."
ရှန်ယွင်ရှီးက ရုတ်တရက် လန့်အော်လိုက်သည်။
ဆရာလင်းယွမ် ရောက်လာပြီပဲ။
လင်းယာကလည်း ရုတ်တရက် အလန့်တကြား မတ်တတ်ရပ်လိုက်ပြီး မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်နေသော အရိပ်အယောင်များ ပေါ်ထွက်လာရာ စောစောက တည်ငြိမ်နေသည့် အမူအရာမျိုး လုံးဝ မရှိတော့ပေ။
သူမ၏ ဦးနှောက်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ စောစောက ယွင်ရှီး ပြောခဲ့သော စကားများကို ဆရာလင်းယွမ် ကြားသွားပြီလား။
ထိုအကြောင်းကို တွေးမိလိုက်ချိန်တွင် သူမ၏ ပါးပြင်များက ရှက်သွေးဖြာကာ နီရဲသွားတော့သည်။
ထို့နောက် လန်ယွဲ့ဟွာကို ကိုယ်တိုင်ကိုယ်ကျ တိတ်တဆိတ် လွှတ်ပေးခဲ့မိကြောင်းကို ထပ်မံတွေးမိသွားပြီး သူမ၏ မျက်နှာက ချက်ချင်း ဖြူရော်သွားပြန်သည်။
ဆရာလင်းယွမ် ဤနေရာသို့ လာရောက်ခြင်းက အပြစ်လာရောက် စစ်ဆေးမေးမြန်းခြင်း ဖြစ်နိုင်ကြောင်း သူမ သိနေခဲ့သည်။
"လင်းယာ... ယွင်ရှီး... တံခါး ဖွင့်ပေးပါဦး"
ကောင်မလေးနှစ်ယောက်စလုံး အလန့်တကြားဖြစ်ကာ ဘာလုပ်ရမှန်း မသိဖြစ်နေချိန်တွင် အပြင်ဘက်ရှိ ဟန်ရှန်းမန်က မနေနိုင်ဘဲ အလျင်စလို ပြောဆိုလာခဲ့သည်။
တံခါးခေါက်သံများ ထပ်မံ ထွက်ပေါ်လာပြန်ရာ အသက်နှုတ်မည့် သေမင်းတမန် ခေါင်းလောင်းသံကဲ့သို့ ကောင်မလေးနှစ်ယောက်၏ ရင်ထဲတွင် အလွန်တရာ ထိတ်လန့် ကြောက်ရွံ့သွားစေသည်။
ရှန်ယွင်ရှီးက ပို၍ပင် ကြောက်ရွံ့သွားကာ နောက်သို့ ခြေလှမ်းများ ဆုတ်သွားပြီး လင်းယာ၏ ကျောအနောက်သို့ ဝင်ပုန်းလိုက်သည်။
လင်းယာက လေပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ရှန်ယွင်ရှီးအား လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ကပ်ဘေးဆိုတာက ရှောင်လွှဲလို့မရပါဘူး... ငါပဲ သွားဖွင့်လိုက်ပါ့မယ်"
သူမက အရှေ့သို့ တိုးသွားကာ အခန်းတံခါးကို ဖွင့်လိုက်သည်။
တကယ်တမ်းတွင် ဤအခန်းတံခါးက အီလက်ထရောနစ် သော့ခလောက်ဖြစ်ပြီး အခန်းကတ် ရှိနေသရွေ့ အပြင်ဘက်မှ အချိန်မရွေး ဖွင့်ဝင်နိုင်ပေသည်။
သို့သော်လည်း ရေကြီးရေလျှံမှု ကြီးမားစွာ ဖြစ်ပေါ်ခဲ့ချိန်မှစ၍ ယခုအချိန်အထိ ဇိမ်ခံသင်္ဘောပေါ်ရှိ အခန်းများ၏ အီလက်ထရောနစ် သော့ခလောက်များ အားလုံးလိုလိုတွင် လျှပ်စစ်မီး မရှိတော့ပေ။
ထို့ကြောင့် အီလက်ထရောနစ် သော့ခလောက်များက အလှပြသက်သက်သာ ဖြစ်နေပြီး အများစုက အတွင်းဘက်ရှိ သော့ခလောက်များကို လက်ဖြင့်သာ ပိတ်ထားရသည်။
ဂျလောက်... ဂျလောက်... တံခါးဂျက် နှစ်ခု ပွင့်သွားချိန်တွင် လင်းယာက လေပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး အခန်းတံခါးကို ဖြည်းညင်းစွာ ဆွဲဖွင့်လိုက်သည်။
"ဂျိန်း"
ဤအချိန်မှာပင် အပြင်ဘက် ကောင်းကင်ယံမှ မိုးခြိမ်းသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုကျယ်လောင်လှသော မိုးခြိမ်းသံကြီးကြောင့် ရှန်ယွင်ရှီးမှာ အလွန်တရာ လန့်ဖြန့်သွားကာ ဘုန်းခနဲ အသံနှင့်အတူ မြေပြင်ပေါ်သို့ ဖင်ထိုင်ကျရက်သား ဖြစ်သွားတော့သည်။
လင်းယာလည်း တစ်ကိုယ်လုံး တုန်ယင်သွားပြီး သူမ၏ ခြေထောက်နှစ်ဖက်စလုံး အနည်းငယ် ပျော့ခွေသွားခဲ့သည်။
ပုံမှန် မိုးခြိမ်းချိန်မျိုးတွင် သူမတို့အနေဖြင့် မည်သို့မျှ ကြောက်ရွံ့မည် မဟုတ်သော်လည်း ယခုက လင်းယွမ် အပြစ်လာရောက် စစ်ဆေးမေးမြန်းချိန်နှင့် အံကိုက် ဖြစ်နေခဲ့သည်။
သူမတို့၏ စိတ်ထဲတွင် လိပ်ပြာမလုံ ဖြစ်နေသဖြင့် အလိုအလျောက်ပင် ကြောက်ရွံ့နေခဲ့ကြသည်။
ထိုသို့သော အချိန်အခါနှင့် နေရာအခြေအနေအရ လင်းယွမ်က တစ်ခဏချင်းအတွင်း ဇာတ်ဝင်သွားပြီး သူ၏ မျက်နှာပေါ်တွင် အေးစက်စက် အမူအရာကို ဖော်ပြလိုက်သည်။
ဟန်ရှန်းမန်က ထိုမြင်ကွင်းကို ကြည့်ရင်း လူကောင်းဇာတ်ရုပ်ကိုသာ ဝင်ရောက် သရုပ်ဆောင်လိုက်ရတော့သည်။
သူမက အလျင်အမြန် ရှေ့တိုးသွားကာ ရှန်ယွင်ရှီးကို တွဲထူလိုက်ပြီး ပြောလိုက်သည်။ "မိုးခြိမ်းသံလေးကို ဒီလောက်တောင် ကြောက်ရလားဟဲ့"
ရှန်ယွင်ရှီး၏ မျက်နှာက ဖြူရော်နေသည်။ "မဟုတ်ပါဘူး... ငါ ခြေထောက်နာနေလို့ပါ"
သူမက လင်းယွမ်၏ မျက်နှာအမူအရာကိုပင် မကြည့်ရဲဘဲ ခေါင်းငုံ့ထားကာ ဟန်ရှန်းမန် တွဲပေးထားသည့်အတိုင်း ကုတင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။
လင်းယွမ်က အထဲသို့ လျှောက်ဝင်လာခဲ့ရာ သူက မူလကတည်းက မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်သဖြင့် သူ၏ အရှိန်အဝါက သာမန် အစွမ်းပိုင်ရှင်များထက် သိသိသာသာ ပို၍ အားကောင်းနေသည်။
ယခုအချိန်တွင် တမင်တကာ ဟန်ရေးပြနေသဖြင့် စကားတစ်ခွန်းမျှ မဆိုသော်လည်း အခန်းထဲသို့ ဝင်ရောက်လာသည့် ရိုးရှင်းသော လှုပ်ရှားမှုလေး တစ်ခုကပင် လင်းယာနှင့် ရှန်ယွင်ရှီးတို့ကို တောင်ကြီးပြိုကျလာသကဲ့သို့ အသက်ရှူကျပ်သွားစေသည့် ခံစားချက်မျိုးကို တစ်ခဏချင်းအတွင်း ဖြစ်ပေါ်စေခဲ့သည်။
"ကို... ကိုလင်းယွမ်"
လင်းယွမ်၏ အရှိန်အဝါကို ခံစားမိနေသော်လည်း လင်းယာက ခပ်တင်းတင်း နှုတ်ဆက်စကား ဆိုလိုက်သည်။
သူမ၏ ဤစိတ်ပိုင်းဆိုင်ရာ အရည်အသွေးက ရင်သားကြီးမားသော ပါမောက္ခ ရှန်ယွင်ရှီးထက် ပို၍ ကောင်းမွန်နေခဲ့သည်။
"အင်း..."
လင်းယွမ်က ဂရုမစိုက်ဟန်ဖြင့် ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီးနောက် အခန်းထဲရှိ ဆိုဖာပေါ်တွင် အေးအေးဆေးဆေး ဝင်ထိုင်လိုက်သည်။
သူက ဘယ်ညာသို့ ဝေ့ဝဲကြည့်ရှုလိုက်ရာ သမ္မတ ၇ ဇိမ်ခံသင်္ဘောက လူချမ်းသာများ၏ ကစားစရာတစ်ခု ဖြစ်သည့်အလျောက် သာမန် ဧည့်ခန်းလေး တစ်ခန်းဖြစ်နေလျှင်တောင် အလွန်တရာ ခမ်းနားထည်ဝါနေကြောင်း ဝန်ခံရပေမည်။
ဤအခန်းက သိပ်မကြီးမားလှသော်လည်း ရုပ်မြင်သံကြား၊ အင်တာနက်၊ ဆိုဖာ၊ စားပွဲ၊ ကုတင် စသည်တို့ အားလုံး အပြည့်အစုံ ရှိနေပေသည်။
"ရေရှိလား"
လင်းယွမ်က အေးစက်စက် လေသံဖြင့် မေးမြန်းလိုက်သည်။
လင်းယာ ရုတ်တရက် တုန်ယင်သွားပြီး အလျင်အမြန် ပြောလိုက်သည်။ "ရှိ... ရှိပါတယ်... ကျွန်မ သွားခပ်ပေးပါ့မယ်"
သူမက အလျင်အမြန် ခြေလှမ်းကျဲများဖြင့် လက်ဖက်ရည်စားပွဲဆီသို့ လျှောက်သွားကာ ရေနွေးဘူးထဲမှ ရေနွေးတစ်ခွက် ငှဲ့လိုက်သည်။
ထို့နောက် သူမ၏ ဖြူဖွေးပြီး ရှည်လျားသွယ်လျသော လက်ချောင်းလေးများဖြင့် ညင်သာစွာ ကိုင်ဆောင်ကာ လင်းယွမ်၏ အရှေ့သို့ ယူဆောင်လာခဲ့သည်။
သူမက ခါးကို အနည်းငယ် ကိုင်းညွတ်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ကိုလင်းယွမ်... ရေသောက်ပါဦး"
သူမက ယနေ့တွင် ခဲရောင် ကိုယ်ကျပ်စကတ်တို တစ်ထည်ကို ဝတ်ဆင်ထားရာ သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းများကို အလွန် ပေါ်လွင်စေသည်။
သို့သော်လည်း ရေကြီးရေလျှံမှု ကြီးမားစွာ ဖြစ်ပေါ်ခဲ့ချိန်မှစ၍ ဤကဲ့သို့သော စကတ်မျိုးကို သူမ အပြင်ဘက်တွင် မည်သည့်အခါမျှ ဝတ်ဆင်လေ့ မရှိပေ။
အခြေခံအားဖြင့် သူမ၏ ကိုယ်ပိုင် အိမ်ထဲတွင်သာ အိမ်နေရင်းအဝတ်အစားအဖြစ် ဝတ်ဆင်လေ့ရှိသည်။
ယခုလို ခေတ်ကာလမျိုးတွင် အမျိုးသမီးများ အပြင်ထွက်ခြင်းက အလွန်တရာ အန္တရာယ်များလှသဖြင့် အတတ်နိုင်ဆုံး ရုပ်ဆိုးအောင် ဖန်တီးထားမှသာ ရပေမည်။
ထို့ကြောင့် သူမလည်း အိမ်ထဲမှာသာ ဤလှပသော အဝတ်အစားများကို ဝတ်ဆင်နိုင်တော့သည်။
လင်းယွမ် ရောက်လာခြင်းက အလွန် မြန်ဆန်လွန်းလှသဖြင့် သူမ အဝတ်အစား လဲလှယ်ရန်ပင် အချိန်မရလိုက်ပေ။
ယခုအချိန်တွင် ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်ထားသဖြင့် ပြည့်ဖြိုးမို့မောက်နေသော အလှတရားများက မက်မွန်သီး နှစ်လုံးကဲ့သို့ တွဲကျလုမတတ် ဖြစ်နေခဲ့သည်။
လင်းယွမ် လက်လှမ်း၍ ရေခွက်ကို လှမ်းယူလိုက်ချိန်တွင် သူ၏ အကြည့်များက မတော်တဆ ရောက်ရှိသွားပြီး ထိုနက်ရှိုင်းသော ချောက်ကမ်းပါးထဲသို့ ကျွံကျသွားလုမတတ် ဖြစ်သွားခဲ့သည်။
လင်းယာက သူ၏ အကြည့်များကို လျင်မြန်စွာ ရိပ်မိသွားပြီး ရုတ်တရက် ရင်ထဲတွင် ထိတ်လန့်သွားကာ မသိစိတ်အရ လက်ဖြင့် ရင်ဘတ်ကို ဖုံးကွယ်လိုက်ပြီးနောက် ချက်ချင်း မတ်တတ်ရပ်လိုက်သည်။
သို့သော်လည်း သူမ၏ ဖြူဖွေးနေသော ဘဲဥပုံ မျက်နှာလေးပေါ်တွင်တော့ ရှက်သွေးဖြာမှုများ ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။
မသိမသာပင် သူမ၏ ဦးနှောက်ထဲတွင် လင်းယွမ်က သူမအိမ်၏ လသာဆောင်ကို ဝင်တိုက်ခဲ့စဉ်က သူမ ရေချိုးဝတ်ရုံလေး ဝတ်ဆင်ကာ ရေချိုးခန်းထဲမှ ထွက်လာခဲ့သည့် မြင်ကွင်းကို တွေးမိသွားခဲ့သည်။
လင်းယွမ်က အမူအရာ မပျက်ဘဲ အကြည့်များကို ရုပ်သိမ်းလိုက်သော်လည်း သူ၏ ဦးနှောက်ထဲတွင် ထိုနေ့က မြင်ကွင်းကို မနေနိုင်ဘဲ ပြန်လည် သတိရသွားခဲ့သည်။
တစ်ဖက်လူ၏ ခန္ဓာကိုယ် အချိုးအစားက အမှန်တကယ်ပင် ဆွဲဆောင်မှု ရှိလွန်းလှပြီး အမမေထက် အနည်းငယ်မျှသာ လျော့ကျပေလိမ့်မည်။
သူမတို့ နှစ်ယောက်စလုံးတွင် ကိုယ်ပိုင် အလှတရားများ အသီးသီး ရှိကြရာ အမမေက သွယ်လျသော ခန္ဓာကိုယ် ရှိသော်လည်း ခန္ဓာကိုယ်နှင့် မလိုက်ဖက်အောင် ကြီးမားသည့် မက်မွန်သီး တစ်စုံ ရှိနေခဲ့သည်။
လင်းယာကတော့ စံပြ ပြည့်ဖြိုးသည့် ခန္ဓာကိုယ် ရှိကာ အရိုးအဆစ်များက အနည်းငယ် ကြီးမားပြီး အသားဆိုင်များ ပြည့်ဖြိုးနေဟန် ရှိသည်။
မက်မွန်သီးများ ကြီးမားရုံသာမက တင်ပါးကလည်း အတော်လေး ကျယ်ဝန်းလှသဖြင့် ဤကဲ့သို့သော ကိုယ်ကျပ်စကတ်တိုမျိုး ဝတ်ဆင်ထားချိန်တွင် ရင့်ကျက်သော အမျိုးသမီးတစ်ယောက်၏ သေစေနိုင်လောက်သည့် ဆွဲဆောင်မှုမျိုး အမှန်တကယ် ရှိနေခဲ့သည်။
"လန်ယွဲ့ဟွာကို မင်းတို့ နှစ်ယောက်ထဲက ဘယ်သူ လွှတ်ပေးလိုက်တာလဲ"
လင်းယွမ်က စကားကို လိုရင်းသာပြောကာ တိုက်ရိုက်ပင် အေးစက်စက် မေးမြန်းလိုက်သည်။
သူမတို့ နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်များ အနည်းငယ် တုန်ယင်သွားပြီး လင်းယာက တုံ့ဆိုင်းနေခြင်း မရှိဘဲ ဖြေကြားလိုက်သည်။ "ကိုလင်းယွမ်... ကျွန်မ လွှတ်ပေးလိုက်တာပါ... ဒီကိစ္စက ယွင်ရှီးနဲ့ သိပ်ပြီး မသက်ဆိုင်ပါဘူး"
"အပြစ်ပေးချင်ရင် ကျွန်မကိုပဲ အပြစ်ပေးပါ... ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ခံယူပါ့မယ်"
လင်းယွမ်က လင်းယာကို ကြည့်လိုက်ရာ သူမ၏ အမူအရာက ပြတ်သားနေပြီး အရာအားလုံးကို စွန့်လွှတ်ထားသည့် ခံစားချက်မျိုး ရှိနေကြောင်း မြင်တွေ့လိုက်ရသည်။
သူက ကုတင်ဘေးရှိ ရှန်ယွင်ရှီးကို ကြည့်လိုက်သည်။
ထိုအခါ ရှန်ယွင်ရှီး၏ မျက်နှာက ကြောက်ရွံ့နေသော်လည်း ချက်ချင်း မတ်တတ်ရပ်လာကာ စိုးရိမ်တကြီး ပြောလိုက်သည်ကို မြင်လိုက်ရသည်။ "ကိုလင်းယွမ်... ဒီကိစ္စကို ကျွန်မ လုပ်ခဲ့တာပါ... နောက်ဆက်တွဲ အကျိုးဆက်တွေကို ကျွန်မ တာဝန်ယူပါ့မယ်"
"ကိုလင်းယွမ်လည်း သိတဲ့အတိုင်း လင်းယာက ကာကွယ်ရေး အမျိုးအစား အစွမ်းပိုင်ရှင် တစ်ယောက်လေ... သူက အစောင့်တွေကို ကျော်လွှားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး"
"ကျွန်မက စိတ်ပိုင်းဆိုင်ရာ စိတ်ချောက်ချားစေတဲ့ အစွမ်းကို သုံးပြီး အစောင့်တွေကို လှည့်စားလိုက်လို့ သူက လန်ယွဲ့ဟွာကို လွှတ်ပေးဖို့ အခွင့်အရေး ရသွားတာပါ"
"ယွင်ရှီး..."
လင်းယာက သူမကို ချက်ချင်း ဆွဲထားလိုက်ပြီး အလျင်စလို ပြောလိုက်သည်။ "ဒီကိစ္စက နင့်ကို ငါ လုပ်ခိုင်းခဲ့တာလေ... နင့်ကိုယ်နင့် ဘာလို့ အပြစ်တွေ ပုံချနေရတာလဲ"
ထိုသို့ပြောရင်း သူမက မျက်ရိပ်မျက်ကဲ ပြနေခဲ့သည်။
သူမက တစ်ယောက်တည်း တာဝန်ယူချင်နေကြောင်း သိသာထင်ရှားလှပြီး အနည်းဆုံးတော့ သူမတို့ထဲမှ တစ်ယောက်က ဘေးကင်းလုံခြုံနေမှသာ ရပေမည်။
လင်းယွမ်က အရာအားလုံးကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုနေပြီးနောက် ရုတ်တရက် လက်ခုပ်တီးကာ လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။ "အရမ်းကောင်းတယ်... ညီအစ်မ သံယောဇဉ်တွေ အတော်လေး နက်ရှိုင်းနေကြတာပဲ"
"မင်းတို့ကိုယ်မင်းတို့ အရမ်း ကြီးမြတ်တယ်လို့ ထင်နေကြတာလား"
"တစ်ယောက်ကို တစ်ယောက် အနစ်နာခံပြီး တစ်ဖက်လူအတွက် ဖြည့်ဆည်းပေးနေကြတာလား"
"ဟက်ဟက်... ရယ်ရတယ်"
"မင်းတို့ နှစ်ယောက်စလုံးက ဒီကိစ္စရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ဒီလောက်တောင် တာဝန်ယူချင်နေမှတော့ လွယ်ပါတယ်"
"ရှန်းမန်... သူတို့ကို ကုန်းပတ်ပေါ် ခေါ်သွားလိုက်... ငါ သူတို့ကို လူသိရှင်ကြား ကွပ်မျက်ပြီး ငါ့အမိန့်ကို ဖီဆန်ပြီး အကျဉ်းသားကို တိတ်တဆိတ် လွှတ်ပေးတဲ့ နောက်ဆက်တွဲ အကျိုးဆက်က ဘာလဲဆိုတာ လူတိုင်း သိအောင် လုပ်ပြမယ်"
လင်းယွမ်က တိုက်ရိုက်ပင် မတ်တတ်ရပ်ကာ အေးစက်စက် အသံဖြင့် အမိန့်ပေးလိုက်သည်။
ထိုစကားတစ်ခွန်းက လင်းယာနှင့် ရှန်ယွင်ရှီးတို့၏ မျက်နှာကို တစ်ခဏချင်းအတွင်း အလွန်တရာ ဖြူရော်သွားစေခဲ့သည်။
သူမတို့ နှစ်ယောက်စလုံး ကြောက်ရွံ့လွန်းသဖြင့် ခြေထောက်များ ပျော့ခွေသွားပြီး မျက်ဝန်းများ နီရဲလာကာ မျက်ရည်များ ဝဲတက်လာခဲ့သည်။
ဟန်ရှန်းမန်က အလျင်အမြန် ရှေ့တိုးသွားကာ လင်းယွမ်ကို ဆွဲထားလိုက်ပြီး ပြောလိုက်သည်။ "ကိုလင်းယွမ်... သူတို့ နှစ်ယောက်စလုံး အပြစ်ရှိတယ်ဆိုပေမယ့် သူတို့ အသက်ကို နှုတ်ယူရတဲ့အထိတော့ မဆိုးရွားပါဘူး"
"ဘာ... မဆိုးရွားဘူးလား"
လင်းယွမ်က ခေါင်းလှည့်ကာ ဟန်ရှန်းမန်ကို ကြည့်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ "လန်ယွဲ့ဟွာနဲ့ သူ့အပေါင်းအပါတွေက ငါ့ကို အရိုးထဲစွဲနေအောင် မုန်းတီးနေလိမ့်မယ်ဆိုတာ မင်း မသိဘူးလား"
"သူတို့ထဲမှာ ကိုယ်ပျောက်နိုင်တဲ့ အစွမ်းပိုင်ရှင် တစ်ယောက်တောင် ပါသေးတယ်... တစ်ချိန်ချိန် သူက ခိုးကြောင်ခိုးဝှက် လာတိုက်ခိုက်ရင် ဘယ်သူက ကာကွယ်နိုင်မှာလဲ"
"ဟန်ရှန်းမန်... မင်း ဘာတွေ ပြောနေလဲဆိုတာ မင်း သိရဲ့လား"
"လန်ယွဲ့ဟွာနဲ့ သူ့အပေါင်းအပါတွေက ငါ့ရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားပြီးကတည်းက သေခန်းပြတ် ရန်သူတွေ ဖြစ်သွားခဲ့ပြီ... သူတို့ကို လွှတ်ပေးလိုက်တာက လန်ယွဲ့ဟွာကို နောင်တစ်ချိန် ငါ့ကို လက်စားချေဖို့ အခွင့်အရေး ပေးလိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား"
"မင်း ငါ့နောက်ကို လိုက်လာတာ ဒီလောက်ကြာနေပြီ... ရန်သူကို အမြစ်ပြတ် ရှင်းလင်းပစ်ရမယ်ဆိုတဲ့ သဘောတရားကို နားမလည်သေးတာလား"
ဟန်ရှန်းမန်၏ မျက်နှာအမူအရာလည်း အနည်းငယ် ပြောင်းလဲသွားပြီး အလျင်အမြန် ပြောလိုက်သည်။ "ကိုလင်းယွမ်... ကျွန်မ အဲ့ဒီသဘောနဲ့ ပြောတာ မဟုတ်ပါဘူး"
"ဒီကိစ္စမှာ သူတို့ နှစ်ယောက်စလုံး တကယ်ကို မှားခဲ့ပါတယ်... ကျွန်မ ဆိုလိုချင်တာက လက်ရှိ ကျွန်မတို့ရဲ့ ထိုက်ယန်တောင်က လူအင်အား လိုအပ်နေတဲ့အချိန် ဖြစ်နေလို့ပါ... သူတို့ နှစ်ယောက်စလုံးက စွမ်းဆောင်ရည် ရှိကြတဲ့လူတွေပါ"
"ဒီလိုမျိုး သတ်ပစ်လိုက်မယ်ဆိုရင် နည်းနည်းတော့ နှမြောစရာ ကောင်းနေပါတယ်... ဒါ့အပြင် ဒီကိစ္စက တစ်ဖက်လှည့်နဲ့ ကြည့်မယ်ဆိုရင် လင်းယာနဲ့ ရှန်ယွင်ရှီးတို့က စိတ်ထား ရိုင်းစိုင်းကြမ်းတမ်းတဲ့ အခြား အစွမ်းပိုင်ရှင်တွေနဲ့ မတူဘူးဆိုတာကို ပြသနေပါတယ်"
"သူတို့က အနည်းဆုံးတော့ ကျေးဇူးတရားကို သိတတ်ကြပါတယ်... တကယ်လို့ သူတို့ ထိုက်ယန်တောင်ကို ဝင်ရောက်လာပြီး ကိုလင်းယွမ်ရဲ့ လက်အောက်ငယ်သားတွေအဖြစ် ကိုလင်းယွမ်အတွက် အလုပ်လုပ်ပေးမယ်ဆိုရင် သူတို့က တခြား ဘယ်သူ့ထက်မဆို ပိုပြီး သစ္စာရှိလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်"
"ဒါ့အပြင် လန်ယွဲ့ဟွာနဲ့ သူ့အပေါင်းအပါတွေက ကိုလင်းယွမ်အတွက် သိပ်ပြီး ကြီးမားတဲ့ ခြိမ်းခြောက်မှုမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး... ကိုလင်းယွမ်က သူတို့ကို တစ်ခါ ဖမ်းနိုင်တယ်ဆိုရင် ဒုတိယအကြိမ်လည်း ထပ်ပြီး ဖမ်းနိုင်မှာပါပဲ"
"တကယ်လို့ သူတို့က သတ္တိရှိရှိနဲ့ ထပ်ပြီး ရောက်လာခဲ့မယ်ဆိုရင် ကိုလင်းယွမ် ကိုယ်တိုင်တောင် လက်ဆင်းပြီး တိုက်ခိုက်နေစရာ မလိုပါဘူး... လင်းယာနဲ့ ရှန်ယွင်ရှီးတို့က အရင်က သံယောဇဉ်တွေကို ငဲ့ညှာပြီး သူတို့ကို ထပ်လွှတ်ပေးမှာ မဟုတ်တော့ပါဘူး"
"ဟုတ်တယ်မလား... လင်းယာ... ယွင်ရှီး..."
ဟန်ရှန်းမန်က ခေါင်းလှည့်ကာ လင်းယာနှင့် ရှန်ယွင်ရှီးတို့ကို ကြည့်လိုက်ပြီး သူတို့အား မျက်ရိပ်ပြလိုက်သည်။
လင်းယာ သတိပြန်ဝင်လာပြီး အလျင်အမြန် ပြောလိုက်သည်။ "ဟုတ်ပါတယ်... လန်ယွဲ့ဟွာတို့ ထပ်ပြီး ပြန်လာမှာ မဟုတ်တော့ပါဘူး... ကျွန်မ အစကတည်းက သူတို့ကို သေချာ သတိပေးခဲ့ပါတယ်... သူတို့ကို ထွက်သွားဖို့နဲ့ နောက်တစ်ကြိမ် လက်စားချေဖို့ ပြန်မလာဖို့ ပြောခဲ့ပါတယ်"
"ကျွန်မ အဲဒီတုန်းက သေသေချာချာ ရှင်းပြခဲ့ပါတယ်... ကျွန်မတို့ သူတို့အပေါ် ကြွေးတင်ခဲ့တာတွေကို ဒီတစ်ကြိမ်မှာ ပြန်ဆပ်ပြီးသွားပြီလို့ ပြောခဲ့ပါတယ်... ကိုလင်းယွမ် စိတ်ချပါ... ကျွန်မတို့ နောက်တစ်ကြိမ် ဒီလို ထပ်ဖြစ်မှာ မဟုတ်တော့ပါဘူး"
သူမက အလျင်စလို ရှင်းပြနေခဲ့သော်လည်း ဟန်ရှန်းမန်နှင့် လင်းယွမ်တို့ နှစ်ယောက် စကားပြောနေသည့် အချိန်အတွင်းမှာပင် သူမတို့ကို ထိုက်ယန်တောင် အင်အားစုထဲသို့ ထည့်သွင်းလိုက်ပြီဖြစ်ကြောင်း လုံးဝ သတိမထားမိခဲ့ပေ။
ရှန်ယွင်ရှီးကလည်း အလျင်အမြန် ပြောလိုက်သည်။ "ဟုတ်ပါတယ်... ကိုလင်းယွမ်... ကျွန်မတို့ ကျိန်ဆိုဝံ့ပါတယ်... ဒါက တကယ်ကို နောက်ဆုံးအကြိမ်ပါပဲ... ကျွန်မတို့ နောက်နောင် မြေအောက်အကျဉ်းထောင်ကို လုံးဝ သွားမှာ မဟုတ်တော့ပါဘူး"
ဟန်ရှန်းမန်က ဤအချိန်တွင် ထပ်မံ ပြောဆိုလိုက်သည်။ "ကိုလင်းယွမ်... သူတို့ နှစ်ယောက်ရဲ့ အစွမ်းတွေကို ကိုလင်းယွမ်လည်း သိပါတယ်... လင်းယာရဲ့ မာကျောအစွမ်း က ဘယ်လို အရာဝတ္ထုမျိုးကိုမဆို ပိုပြီး မာကျောခိုင်ခံ့အောင် လုပ်ပေးနိုင်တယ်"
"နောင်တစ်ချိန် ကျွန်မတို့ရဲ့ ထိုက်ယန်တောင် ခိုလှုံရေးစခန်း တည်ဆောက်တဲ့နေရာမှာ... သူမရဲ့ အစွမ်းကို အသုံးပြုရမယ့် နေရာတွေ အများကြီး ရှိပါတယ်"
"တချို့ ကာကွယ်ရေး ပစ္စည်းတွေနဲ့ သန္ဓေပြောင်းစွမ်းအင် ချပ်ဝတ်တန်ဆာတွေ ဖန်တီးတဲ့နေရာမှာတောင် သူမရဲ့ အစွမ်းကို အသုံးပြုလို့ ရပါတယ်"
"ယွင်ရှီးလည်း ရှိသေးတယ်... ရှန်ယွင်ရှီးက အရင်တုန်းက သင်္ဘောထုတ်လုပ်ရေး တက္ကသိုလ်ရဲ့ ပါမောက္ခ အဆင့်ရှိတဲ့ ဆရာမ တစ်ယောက်ပါ... သူမက သင်္ဘောထုတ်လုပ်ရေး လုပ်ငန်းမှာ အလွန် ကြွယ်ဝတဲ့ အတွေ့အကြုံတွေနဲ့ အလွန် နက်ရှိုင်းတဲ့ ကျွမ်းကျင်မှု နည်းပညာတွေ ရှိပါတယ်"
"ထိုက်ယန်တောင် သုတေသနဌာနကလည်း အခုအချိန်မှာ တိုးချဲ့ခေါ်ယူနေပြီး စွမ်းဆောင်ရည်ရှိတဲ့ လူတွေကို စုဆောင်းနေပါတယ်... သူမလို လူမျိုးက ဝင်ရောက်ဖို့အတွက် လုံးဝ အရည်အချင်း ပြည့်မီပါတယ်"
"ပါမောက္ခ လီဟန်ကျုံးကလည်း သင်္ဘောထုတ်လုပ်ရေး တက္ကသိုလ်ကပါပဲ... သူတို့ နှစ်ယောက်စလုံး သိကျွမ်းကောင်း သိကျွမ်းနိုင်ပါတယ်... ကိုလင်းယွမ် ဘယ်လိုပဲဖြစ်ဖြစ် ပါမောက္ခလီရဲ့ မျက်နှာကိုတော့ ထောက်ထားပေးပါဦး"
ဟန်ရှန်းမန်၏ ဤစကားများက လင်းယွမ်ကို စည်းရုံးနိုင်ခဲ့ပုံ ရသည်။
လင်းယွမ်၏ မျက်နှာအမူအရာတွင် အနည်းငယ် စိတ်ဝင်စားသွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာပြီး သူက ခေါင်းလှည့်ကာ ရှန်ယွင်ရှီးကို ကြည့်ရင်း မေးမြန်းလိုက်သည်။ "ပြီးခဲ့တဲ့ တစ်ခေါက်က မင်းက ပါမောက္ခလီကို သိတယ်လို့ ပြောခဲ့တယ်မလား... မင်းနဲ့ ပါမောက္ခလီရဲ့ အရည်အချင်းကို နှိုင်းယှဉ်ကြည့်ရင် ဘယ်လိုနေလဲ"
ရှန်ယွင်ရှီး၏ မျက်လုံးများက အနည်းငယ် တောက်ပသွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ပါမောက္ခလီက ကျွန်မတို့ တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးပါ... သူ့ရဲ့ အရည်အချင်းနဲ့တော့ ကျွန်မက ဘယ်လိုမှ နှိုင်းယှဉ်လို့ မရပါဘူး"
"ကျွန်မ နိုင်ငံတွင်းကို ပြန်ရောက်လာပြီးနောက်ပိုင်း ပါမောက္ခလီနဲ့အတူ ကျွန်မတို့ နိုင်ငံရဲ့ ရေကြောင်းသွားလာရေး ဆွေးနွေးပွဲတချို့ကို မကြာခဏ အတူတူ တက်ရောက်ခဲ့ဖူးပါတယ်"
"ကျွန်မတို့က သုတေသန ခေါင်းစဉ်တွေကို အတူတူ လုပ်ခဲ့ဖူးပြီး ပရောဂျက်တွေကိုလည်း အတူတူ ဦးဆောင်ခဲ့ဖူးပါတယ်"
"ဒါပေမဲ့ ပြည်တွင်း ရေကြောင်းသွားလာရေး နယ်ပယ်ရဲ့ ထုတ်လုပ်မှု အပိုင်းမှာတော့ ကျွန်မက သူ့လောက် မကျွမ်းကျင်တာ သေချာပါတယ်"
ရှန်ယွင်ရှီးက ထိုနေရာအထိ ပြောပြီးနောက် အလျင်အမြန် ထပ်ပြောလိုက်သည်။ "ဒါပေမဲ့ ကျွန်မမှာလည်း ကျွန်မရဲ့ အားသာချက်တွေ ရှိပါတယ်... ရေငုပ်သင်္ဘောတွေ၊ အလတ်စားနဲ့ အသေးစား သင်္ဘောတွေ အပေါ်မှာတော့ ကျွန်မဆီမှာ သုတေသန ရလဒ်တချို့ ရှိပါတယ်"
"ဒါ့အပြင် အထူးကုန်ကြမ်းပစ္စည်း ပေါင်းစပ်မှု သုတေသန အပိုင်းမှာလည်း ရလဒ်တချို့ ရှိပါတယ်"
"ကိုလင်းယွမ် စိတ်ချပါ... ကိုလင်းယွမ် ကျွန်မကို အခွင့်အရေး ပေးမယ်ဆိုရင် ကျွန်မရဲ့ အရည်အချင်းကို သေချာပေါက် ပြသနိုင်ပါတယ်"
ဤကောင်မလေးနှစ်ယောက် အခြေခံအားဖြင့် သူ၏ ချုပ်ကိုင်မှုအောက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် လင်းယွမ်၏ စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောလိုက်သည်။
သေချာပေါက် သေရမည့် လန်ယွဲ့ဟွာ တစ်ယောက်ကို အသုံးပြု၍ ဤကောင်မလေးနှစ်ယောက် ထိုက်ယန်တောင်သို့ လုံးဝ ဝင်ရောက်လာစေရန် လဲလှယ်လိုက်ခြင်း ဖြစ်သည်။
အလွန်တရာကို တန်လွန်းလှပေသည်။
အရင်တုန်းက သူက ဤနှစ်ယောက်ကို သိမ်းသွင်းလိုပါက အပြောကောင်းအဆိုကောင်းများဖြင့် ဖိတ်ခေါ်ရပေလိမ့်မည်။
သို့သော်လည်း ဤကိစ္စကို ဖြတ်သန်းပြီးနောက်တွင် သူမတို့ နှစ်ယောက်စလုံးက သူတို့၏ လက်ကျန် ဘဝတစ်သက်တာလုံး သူ၏ လက်အောက်တွင် အလုပ်လုပ်ပေးရတော့မည် ဖြစ်သည်။
လန်ယွဲ့ဟွာနှင့် ပတ်သက်၍ ပြောရလျှင် လင်းယွမ်က ထိုကပ်ပါးမျိုးစေ့များ တဖြည်းဖြည်း ကြီးထွားလာနေကြောင်းကို အဝေးမှပင် ရှင်းလင်းစွာ အာရုံခံသိရှိနေခဲ့ပြီ ဖြစ်သည်။
ဆက်ရန်...
အပိုင်း(၄၃၈) ဒေါသထွက်နေသော ချန်ယွင်တောက်
လင်းယွမ်က "စဉ်းစားနေသော" အရိပ်အယောင်ကို ပြသလိုက်ပြီး ခဏအကြာတွင် သေချာပေါက် စဉ်းစားဆင်ခြင်ပြီးမှသာ စကားစပြောလိုက်သည်။
"ရှန်းမန်ကလည်း တောင်းဆိုနေသလို ပါမောက္ခလီရဲ့ မျက်နှာကိုလည်း ထောက်ထားရမှာမို့လို့ ဒီကိစ္စကို ငါ ခွင့်လွှတ်ပေးလိုက်မယ်"
မိန်းကလေးနှစ်ယောက်က ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ရင်ထဲ၌ ဝမ်းသာအံ့သြမှုများ ရောယှက်သွားပြီး သေဘေးမှ လွတ်မြောက်သွားသည့် ခံစားချက်မျိုးကို ခံစားလိုက်ရသည်။
"ဒါပေမဲ့"
ရုတ်တရက် လင်းယွမ်က စကားလမ်းကြောင်း ပြောင်းလိုက်ရာ လင်းယာနှင့် ရှန်ယွင်ရှီးတို့၏ စိတ်က ချက်ချင်းပင် လည်ချောင်းဝအထိ ရောက်သွားသကဲ့သို့ စိုးရိမ်ထိတ်လန့်သွားကြသည်။
သူတို့နှစ်ယောက်စလုံးက လင်းယွမ်ကို အလျင်အမြန် ကြည့်လိုက်ကြသည်။
လင်းယွမ်က တည်ငြိမ်စွာဖြင့် ပြောလာသည်ကို ကြားလိုက်ရ၏။ "ဒါပေမဲ့ မင်းတို့လုပ်ခဲ့တဲ့ ကိစ္စက တကယ်ကို အကျိုးဆက် မသေးဘူး"
"နောက်ဆိုရင် မင်းတို့ ထိုက်ယန်တောင်မှာပဲ နေပြီး ထိုက်ယန်တောင် ခိုလှုံရေးစခန်း တိုးတက်ဖို့အတွက် ဘာမှချန်လှပ်မထားဘဲ အစွမ်းကုန် ကြိုးစားပေးရမယ်... နားလည်လား"
မိန်းကလေးနှစ်ယောက်က ထိုစကားကို ကြားလိုက်ရချိန်တွင် ချက်ချင်း သက်ပြင်းချလိုက်နိုင်ကြသည်။
လင်းယာက ကမန်းကတန်း ခေါင်းညိတ်ပြလိုက်သည်။ "ကျွန်မတို့ နားလည်ပါပြီ"
ရှန်ယွင်ရှီးက ရင်းနှီးသောလူများကို ပြန်လည်တွေ့ဆုံနိုင်မည် ဖြစ်သလို သူမ နှစ်သက်သော နယ်ပယ်တွင် ဆက်လက် သုတေသနပြုနိုင်မည်ဟု တွေးလိုက်မိရာ အပြင်ဘက်တွင် လေလွင့်နေရသည်ထက် အဆပေါင်းများစွာ ပိုကောင်းသည်ဟု ခံစားလိုက်ရသည်။
သူမက ကမန်းကတန်း ခေါင်းညိတ်ပြကာ ဝမ်းသာအားရဖြင့် ပြောလိုက်သည်။ "ကိုလင်းယွမ်... စိတ်ချပါ... ကျွန်မ တတ်ထားသမျှ ပညာတွေ အကုန်သုံးပြီး ထိုက်ယန်တောင်အတွက် သင်္ဘောတွေ တည်ဆောက်တဲ့နေရာမှာ ကူညီပေးပါ့မယ်"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး ပြောလိုက်သည်။ "မင်းတို့ ပြောတဲ့အတိုင်း လုပ်နိုင်ဖို့ မျှော်လင့်တယ်"
ထိုသို့ပြောပြီးနောက် သူက ထိုနေရာတွင် ဆက်မနေတော့ဘဲ လှည့်ကာ အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။
လင်းယွမ် ထွက်သွားသည်ကို မြင်သောအခါ အခန်းထဲရှိ ဖိစီးနေသော လေထုက ချက်ချင်း ပေါ့ပါးသွားခဲ့သည်။
ဟန်ရှန်းမန်က ရှေ့သို့တိုးကာ အခန်းပေါက်ဝမှ ကြည့်လိုက်ပြီးနောက် အခန်းတံခါးကို ပြန်ပိတ်လိုက်သည်။
ထို့နောက်မှ သူမက သူတို့နှစ်ယောက်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "နင်တို့တော့... ဒီတစ်ခါ ကိုလင်းယွမ် သနားညှာတာပေးတာကို တကယ် ကျေးဇူးတင်သင့်တယ်"
"လန်ယွဲ့ဟွာကို နင်တို့သဘောနဲ့နင်တို့ လွှတ်ပေးလိုက်တဲ့ကိစ္စက ဘယ်လောက်တောင် ဆိုးရွားတဲ့ အကျိုးဆက်လဲဆိုတာ နင်တို့ လုံးဝ မသိကြဘူး"
လင်းယာနှင့် ရှန်ယွင်ရှီးတို့က အံ့သြသွားကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
လင်းယာက မနေနိုင်ဘဲ မေးလိုက်သည်။ "အဲ့ဒါက ဘယ်လို ဆိုးရွားတဲ့ အကျိုးဆက် ရှိလို့လဲ"
"ရှိတာပေါ့... ဒီအပျော်စီးသင်္ဘောပေါ်မှာ ဘယ်လိုလူတွေ ရှိနေလဲဆိုတာ နင်တို့ ကြည့်လေ"
"အဲဒီ သင်္ဘောကပ္ပတိန်တွေရယ်... ပြီးတော့ ဝိညာဉ်စွမ်းအင်ဂိုဏ်းက အကြွင်းအကျန်တွေရယ်... ဘယ်သူကများ သဘောကောင်းတဲ့သူတွေပါလို့လဲ"
"ကိုလင်းယွမ်ကသာ အမြဲတမ်း ဖိနှိပ်မထားဘူးဆိုရင် သူတို့တွေ ပြဿနာရှာနေတာ ကြာလှပေါ့"
"နင်တို့ရဲ့ ဒီတစ်ခေါက် လုပ်ရပ်က ကိုလင်းယွမ်ရဲ့ နေရာကို စိန်ခေါ်လိုက်တာနဲ့ အတူတူပဲ... လူအများကြီးက ကိုလင်းယွမ် ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်နေကြတာ"
"အကယ်လို့ ကိုလင်းယွမ်က နင်တို့ကို ဒီအတိုင်း လွယ်လွယ်လေး လွှတ်ပေးလိုက်မယ်ဆိုရင် ကိုလင်းယွမ်ရဲ့ သြဇာအာဏာကို အရမ်းကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်သွားစေလိမ့်မယ်"
"အဲဒီ သင်္ဘောကပ္ပတိန်တွေက ဘာတွေများ ကြံစည်လာမလဲဆိုတာ မပြောနိုင်ဘူး"
"တကယ်လို့ ပြဿနာတွေသာ တကယ် ဖြစ်လာခဲ့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်တဲ့ ဒီသင်္ဘောပေါ်က မိန်းမတွေနဲ့ ကလေးတွေ ဘယ်လိုအခြေအနေ ရောက်သွားမလဲဆိုတာ နင်တို့ စဉ်းစားကြည့်ကြလေ"
ဟန်ရှန်းမန်၏ ထိုသို့ သုံးသပ်ပြမှုကြောင့် လင်းယာနှင့် ရှန်ယွင်ရှီးတို့၏ မျက်နှာများက ချက်ချင်း ဖြူရော်သွားခဲ့သည်။
ပရမ်းပတာ အခြေအနေများကြားတွင် အမြဲတမ်း ကံအဆိုးဆုံးမှာ အောက်ခြေလူတန်းစားများသာ ဖြစ်ကြောင်းကို သူတို့ သေချာပေါက် သိထားကြသည်။
သူတို့ အရင်က သူငယ်ချင်းဖြစ်ခဲ့သူကို ကိုယ့်သဘောနှင့်ကိုယ် လွှတ်ပေးလိုက်ခြင်းက ဤမျှကြီးမားသော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။
တစ်ခဏအတွင်းမှာပင် လင်းယွမ်က သူတို့ကို အပြစ်ပေးရန် စွန့်လွှတ်လိုက်ခြင်း၏ နောက်ကွယ်တွင် မည်မျှကြီးမားသော ဆုံးဖြတ်ချက် လိုအပ်ကြောင်းကို သူတို့ ထပ်မံ နားလည်သွားကြသည်။
ဟန်ရှန်းမန်က သူတို့နှစ်ယောက်၏ ပုံစံကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ "ကိုလင်းယွမ်က အရည်အချင်းရှိတဲ့သူတွေကို တန်ဖိုးထားတတ်တဲ့သူပါ... အခု ထိုက်ယန်တောင်က တိုးတက်မှု အရမ်းမြန်နေပြီး လူအင်အား အရမ်း လိုအပ်နေလို့သာပေါ့"
"အဲဒီလိုမှမဟုတ်ရင် နင်တို့ကိစ္စက ဒီတစ်ခါ တကယ်ကို လွယ်လွယ်နဲ့ ပြီးသွားမှာ မဟုတ်ဘူး"
ရှန်ယွင်ရှီးက မနေနိုင်ဘဲ မေးလိုက်သည်။ "ဒါဆို အခု ဘယ်လိုလုပ်မလဲ... အဲဒီ သင်္ဘောကပ္ပတိန်တွေ ပြဿနာရှာကြမှာ မဟုတ်ဘူးမလား"
ဟန်ရှန်းမန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ "မသိဘူးလေ... ကိုလင်းယွမ် ဘယ်လို ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့"
"ဒါပေမဲ့ ပြဿနာတော့ မရှိလောက်ပါဘူး... ကိုလင်းယွမ်ရဲ့ အရည်အချင်းနဲ့ဆိုရင် ဒီသင်္ဘောကပ္ပတိန်တွေကို ဖိနှိပ်ထားဖို့က ပြဿနာမရှိပါဘူး"
"ထိုက်ယန်တောင်ကို ရောက်တဲ့အထိ တောင့်ခံထားနိုင်ရင် အားလုံးက အဆင်ပြေပြေ ဖြစ်သွားမှာပါ"
လင်းယာတို့ နှစ်ယောက်က ထိုစကားကို ကြားသောအခါ အနည်းငယ် သက်ပြင်းချလိုက်နိုင်ကြသည်။
လင်းယွမ်အပေါ်တွင်တော့ သူတို့ တကယ်ကို ကျေးဇူးတင်လွန်း၍ မျက်ရည်ကျမတတ် ဖြစ်နေကြပြီ ဖြစ်သည်။
သူတို့သုံးယောက်က စကားအနည်းငယ် ထပ်ပြောပြီးနောက် ရှန်ယွင်ရှီးက ရုတ်တရက် မေးလိုက်သည်။ "ရှန်းမန်... နင်က ထိုက်ယန်တောင်အကြောင်းကို ခဏခဏ ပြောနေတာကို ကြားနေရတယ်... ထိုက်ယန်တောင်အကြောင်း ပြောလိုက်တိုင်းလည်း နင့်မျက်နှာက အပြုံးတွေနဲ့ချည်းပဲ"
"ထိုက်ယန်တောင်က တကယ်တော့ ဘယ်လိုနေရာမျိုးလဲဟင်"
ဟန်ရှန်းမန်က ထိုစကားကို ကြားသောအခါ သူမ၏ ဦးနှောက်ထဲတွင် ထိုက်ယန်တောင်မှ လူများနှင့် အရာဝတ္ထုများက ပေါ်လာခဲ့ပြီး တစ်နေ့လုံး နွေဦးပေါက်လို နွေးထွေးနေသည့် မှန်လုံအိမ်ကို တွေးမိကာ နေ့စဉ် လူအပြည့်ဖြစ်နေသည့် ကုန်တိုက်ကြီးနှင့် အသက်ဝင်လှုပ်ရှားနေသော ဆိပ်ကမ်းကိုလည်း တွေးမိသွားသည်။
သူမက ပြုံးကာ ပြောလိုက်သည်။ "ထိုက်ယန်တောင်ဆိုတာ ရေကြီးပြီးတဲ့နောက်ပိုင်း ငါတွေ့ဖူးသမျှထဲမှာ အကောင်းဆုံး ခိုလှုံရေးစခန်းပဲ"
"အဲဒီနေရာက စည်းကမ်းတကျရှိတဲ့ နေရာတစ်ခုပဲ... သာမန်လူတွေတောင်မှ အဲဒီမှာဆိုရင် ဘဝအာမခံချက် ရှိတယ်"
"ကျွမ်းကျင်တဲ့ ပညာတစ်ရပ်ရပ် ရှိတဲ့သူဆိုရင် အဲဒီမှာ ပိုပြီးတောင် ကောင်းကောင်းမွန်မွန် နေနိုင်သေးတယ်"
"ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာ ကိုယ်ပိုင် စက်ရုံတွေရှိတယ်... ကိုယ်ပိုင် သားသတ်ရုံတွေ ရှိသလို ကိုယ်ပိုင် ကုန်တိုက်တွေလည်း ရှိတယ်"
"အချုပ်ပြောရရင် နင်တို့ အဲဒီကိုရောက်သွားရင် အကုန်သိလာပါလိမ့်မယ်"
ထိုစကားကို ကြားသောအခါ မိန်းကလေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လိုလားတောင့်တသော အရိပ်အယောင်များကို မနေနိုင်ဘဲ ပြသလိုက်ကြသည်။
...
"ဘုန်း"
မြူခိုးမြို့တော်တွင် ချန်ယွင်တောက်က စားပွဲခုံကို ရုတ်တရက် လက်ဝါးဖြင့် ရိုက်ခွဲလိုက်သည်။
သူက ဒေါသများ ပြည့်နှက်နေသော မျက်နှာဖြင့် အောက်ဘက် မြေပြင်ပေါ်တွင် ဒူးထောက်နေသော ညာဘက်တပ်ရင်းမှူး ကျိလျန်ကို ကြည့်နေသည်။
"မင်း ဘာပြောလိုက်တယ်... ရေခဲချပ်ဝတ်စစ်သည် တပ်ရင်းက လူဘယ်နှယောက် သေသွားတယ်"
ကျိလျန်က ချွေးအေးများ စိမ့်ထွက်လာပြီး တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ "ရေခဲချပ်ဝတ်စစ်သည် လေးဆယ့်ကိုးယောက်ထဲက စုစုပေါင်း နှစ်ဆယ့်တစ်ယောက် သေဆုံးသွားပြီး သုံးယောက် ပျောက်ဆုံးနေပါတယ်... နောက်ပြီး လေးယောက်ကတော့ ဒဏ်ရာအပြင်းအထန် ရထားပါတယ်"
"နှစ်ဆယ့်ရှစ်ယောက်... နှစ်ဆယ့်ရှစ်ယောက်တောင် ဆုံးရှုံးသွားတယ်ပေါ့"
"မြေမိခင်ဂိုဏ်းကရော... မြေမိခင်ဂိုဏ်းက လူတွေကို ဘယ်လောက် ဖမ်းမိခဲ့လဲ"
ချန်ယွင်တောက်က ဒေါသတကြီး အော်ဟစ်ကာ မေးလိုက်သည်။
ကျိလျန်က ကမန်းကတန်း ပြောလိုက်သည်။ "ဒီတစ်ခေါက် မြေမိခင်ဂိုဏ်းက တိတ်တဆိတ် မွေးမြူထားတဲ့ ဂိုဏ်းဝင် အရေအတွက်က ရာနဲ့ချီ ရှိနေပါတယ်... ပြီးတော့ အကုန်လုံးက အစွမ်းပိုင်ရှင်တွေချည်းပါပဲ"
"လောလောဆယ် ကျွန်တော်တို့ သေချာပေါက် သတ်ဖြတ်နိုင်ခဲ့တဲ့ မြေမိခင်ဂိုဏ်းက အထက်ပိုင်းခေါင်းဆောင် ဆယ့်ရှစ်ယောက် ရှိပါတယ်... စစ်ဆေးဖို့ လိုအပ်နေတဲ့သူတွေလည်း အများကြီး ရှိပါသေးတယ်... မြေအောက်အကျဉ်းထောင်ထဲမှာလည်း လူခုနစ်ဆယ်ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပါတယ်"
ချန်ယွင်တောက်၏ မျက်နှာက အလွန်တရာ မှောင်မည်းနေသည်။ ထိုလူခုနစ်ဆယ်ကျော်ထဲမှ အများစုက မြူရေခဲမြို့တော်၏ မူလနေထိုင်သူများ ဖြစ်ပြီး မြေမိခင်ဂိုဏ်းမှ လူများ၏ ရိုက်သွင်းခြင်းကို ခံရကာ မြေမိခင်ဂိုဏ်းထဲသို့ ဝင်ရောက်သွားကြခြင်း ဖြစ်ကြောင်းကို သူ အလွန် ရှင်းလင်းစွာ သိထားသည်။
တကယ်တမ်း သေဆုံးသွားသည့် ဆယ့်ရှစ်ယောက်ကသာ အပြင်ဘက်မှ လာသော မြေမိခင်ဂိုဏ်း၏ အထက်ပိုင်းခေါင်းဆောင်များ ဖြစ်သည်။
ထိုဆယ့်ရှစ်ယောက်ထဲတွင် မြေအောက်ထဲ၌ သူကိုယ်တိုင် သတ်ဖြတ်ခဲ့သော လူခုနစ်ယောက် ရှစ်ယောက်ခန့်လည်း ပါဝင်နေသည်။
ထိုအကြောင်းကို တွေးမိလိုက်ချိန်တွင် သူ၏ ရင်ထဲ၌ ဒေါသများ ပေါက်ကွဲလာခဲ့သော်လည်း ယခုအချိန်တွင် ၎င်းက အရေးကြီးဆုံး မဟုတ်သေးပေ။
ပို၍ အရေးကြီးသည်မှာ ဤပြဿနာကို မည်သို့ အလျင်အမြန် ငြိမ်သက်သွားအောင် လုပ်ရမည်လဲ ဆိုသည်ပင်။
ချန်ယွင်တောက်က လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး မေးလိုက်သည်။ "ဟယ်ကျွင်းရော ဘယ်လိုနေသေးလဲ"
"မြို့ထဲက အကောင်းဆုံး ကုသရေး အမျိုးအစား အစွမ်းပိုင်ရှင်ကို ရှာပြီး ကုသပေးထားပါတယ်... အသက်အန္တရာယ်တော့ မရှိတော့ပါဘူး" ကျိလျန်က ကမန်းကတန်း ပြောလိုက်သည်။
ထိုအခါမှသာ ချန်ယွင်တောက်၏ မျက်နှာက အနည်းငယ် ပြေလျော့သွားပြီး တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။ "မင်းကို အချိန်သုံးရက်ပေးမယ်... မြို့ထဲက ကိစ္စတွေကို ချက်ချင်း စီစဉ်ပြီး စည်းကမ်းတကျဖြစ်အောင် ပြန်လုပ်ထား"
"ဒါ့အပြင် လူသစ်တွေကို ချက်ချင်း ထပ်ခေါ်ပြီး ရေခဲချပ်ဝတ်စစ်သည် တပ်ရင်းမှာ နေရာလွတ်တွေကို ဖြည့်ထား"
"ရေခဲဓာတ် အစွမ်းပိုင်ရှင်တွေကိုပဲ လက်ခံရမှာလား" ကျိလျန်က မနေနိုင်ဘဲ မေးလိုက်သည်။
ချန်ယွင်တောက်က ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။ "မဟုတ်ဘူး... ဒီတစ်ခေါက်တော့ ဘယ်ဓာတ် အစွမ်းပိုင်ရှင်မဆို ဝင်ခွင့်ရှိတယ်... ဒါပေမဲ့ ကန့်သတ်ချက် တစ်ခုတော့ ရှိတယ်"
"ပင်မ အရည်အသွေးက ၄၅ မှတ် အထက်ကို ရောက်နေရမယ်... အရည်အသွေး ပိုမြင့်တဲ့သူကို ဦးစားပေးရမယ်"
ကျိလျန်က ချက်ချင်း သက်ပြင်းချလိုက်နိုင်၏။ အကယ်၍ ထိုသို့သာဆိုလျှင် လူခေါ်ရန် ခက်ခဲလိမ့်မည် မဟုတ်ပေ။
မြူရေခဲမြို့တော် အပြင်ဘက်ရှိ မြူတောထဲတွင် ၄၅ မှတ် အထက်ရှိသော အစွမ်းပိုင်ရှင် အများအပြား ရှိနေသည်။
ယခင်က ထိုလူများက မြူရေခဲမြို့တော်ထဲသို့ ဝင်ရောက်ချင်ခဲ့ကြသော်လည်း အခွင့်အရေး မရခဲ့ကြပေ။
ယခုကဲ့သို့ အခွင့်အရေးရလာသည့်အတွက် ထိုလူများက ခေါင်းကွဲခံပြီးတော့ပင် ဝင်လာချင်ကြလိမ့်မည်။
ချန်ယွင်တောက်က စကားအနည်းငယ် ထပ်မံ မှာကြားလိုက်ပြီးနောက် ပြောလိုက်သည်။ "ရပြီ... သွားတော့"
"ဟုတ်ကဲ့ပါ သခင်"
ကျိလျန်က အခန်းထဲမှ ထွက်သွားခဲ့သည်။
ချန်ယွင်တောက်က မတ်တတ်ရပ်လိုက်ပြီး တစ်စုံတစ်ရာကို စဉ်းစားလိုက်ကာ လက်ကို ဆန့်ထုတ်၍ မြေပြင်ပေါ်သို့ ဖိနှိပ်လိုက်သည်။
"ဝုန်း"
မြေပြင်ပေါ်ရှိ အုတ်ခဲများက ဘေးနှစ်ဖက်သို့ အလျင်အမြန် ဆုတ်ခွာသွားကြပြီး အလိုအလျောက် အပေါက်ကြီးတစ်ခု ပေါ်လာခဲ့သည်။
ချန်ယွင်တောက်က ခုန်ပျံလိုက်ပြီး ထိုအပေါက်ကြီးထဲသို့ တိုက်ရိုက် ခုန်ဆင်းသွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်က တောက်လျှောက် ကျဆင်းသွားပြီး မကြာမီမှာပင် ကျဉ်းမြောင်းသော သွေးကြောလမ်းကြောင်း တစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်။
နှလုံးအမြူတေကို ထိန်းချုပ်နိုင်ပြီးနောက် ဤရေပေါ်ကျွန်း အလောင်းကောင်ကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ မည်သည့် သွေးကြောလမ်းကြောင်းကိုမဆို သူ ဖွင့်လှစ်နိုင်စွမ်း ရှိသွားပြီ ဖြစ်သည်။
ယခု ဤသွေးကြောလမ်းကြောင်းမှာ အလောင်းကောင်ကြီး၏ သွေးကြောမျှင် တစ်ခုဖြစ်ပြီး ကျဉ်းမြောင်းသော်လည်း နှလုံးဆီသို့ တိုက်ရိုက် ရောက်ရှိနိုင်သည်။
ချန်ယွင်တောက်က ခြေလှမ်းများကို မရပ်တန့်ဘဲ ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ရာ သူ၏ ခန္ဓာကိုယ်က ရေခဲမှုန်များအဖြစ် ပြောင်းလဲသွားပြီး တစ်ခဏချင်းအတွင်း ပျောက်ကွယ်သွားခဲ့သည်။
ဆယ်မိနစ်ကျော် ကြာပြီးနောက် သူက တံခါးပိတ် ကျင့်ကြံခဲ့သော မြေအောက် နှလုံးခန်းထဲသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
မြေအောက် နှလုံးခန်းကို ရေခဲနှင်းများဖြင့် ဖုံးအုပ်ထားပြီး ပတ်ဝန်းကျင်ရှိ ဧရာမ သွေးကြောလမ်းကြောင်းများကိုလည်း ပိတ်လှောင်ပေါင်းစပ်ထားသည်။
ယခုအချိန်တွင် သူ၏ မျက်နှာက တည်ငြိမ်နေပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပေါင်းစပ်ထားသော နှလုံးခန်းက ဝုန်းဒိုင်းကြဲကာ ပွင့်သွားခဲ့သည်။
ထိုအထဲမှ အအေးဓာတ်များက တစ်ခဏချင်းအတွင်း ပန်းထွက်လာပြီး လှိုင်းလုံးကြီးတစ်ခုသဖွယ် ဖြစ်ပေါ်လာခဲ့သည်။
ချန်ယွင်တောက်ကမူ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိဘဲ ပျော်ရွှင်စွာဖြင့် လေကို တစ်ချက် ရှူသွင်းလိုက်ရာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သူက နှလုံးခန်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွားရာ ရေခဲပန်းပုရုပ် တစ်ခုနှင့် မျက်နှာချင်းဆိုင် တိုးမိသွားသည်။
ထိုရေခဲပန်းပုရုပ်ထဲတွင် သွေးကြောလမ်းကြောင်းဆီသို့ ပြေးလာခဲ့သော ရေခဲတူးသည့် အလုပ်သမား တစ်ယောက် ရှိနေသည်။
ချန်ယွင်တောက်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။
ဝုန်းခနဲ အသံနှင့်အတူ ဤရေခဲပန်းပုရုပ်က တစ်ခဏချင်းအတွင်း တစစီဖြစ်နေသော ရေခဲတုံးများအဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ကလည်း တိုက်ရိုက် အမှုန့်ဖြစ်သွားခဲ့သည်။
ဖန်ထည်ပစ္စည်းများကဲ့သို့ ကျွတ်ဆတ်ကာ အားနည်းနေသည်။
ချန်ယွင်တောက်က နှလုံးခန်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွားရာ လမ်းတစ်လျှောက်တွင် အလောင်းများစွာ ရှိနေသည်။
သူက မမြင်ချင်ယောင် ဆောင်ထားလိုက်၏။ ဤအလောင်းများနှင့် ပတ်သက်၍ သူက ကြာမြင့်စွာကတည်းက ရင်းနှီးကျွမ်းဝင်နေခဲ့ပြီ ဖြစ်သည်။
ယခင်က နှလုံးအမြူတေကို မသန့်စင်ရသေးချိန်တွင် ထွက်ပြေးရန် လျှို့ဝှက်ကြံစည်ခဲ့သော အလုပ်သမား အုပ်စုများစွာကို သူက သနားညှာတာမှု ကင်းမဲ့စွာဖြင့် ဖြေရှင်းပစ်ခဲ့သည်။
ဦးနှောက်အမြူတေကို လုယူရန်အတွက် သူကိုယ်တိုင်လည်း လူများစွာကို သတ်ဖြတ်ခဲ့သည်ကိုတော့ ပြောနေစရာပင် မလိုတော့ပေ။
ထို့ကြောင့် အလောင်းများဆိုသည်မှာ သူ့အတွက် လမ်းဘေးမှ မြက်ရိုင်းများနှင့် အတူတူပင်ဖြစ်ပြီး မည်သည့် ကွာခြားချက်မျှ မရှိတော့ပေ။
အတွင်းဘက်သို့ ခြေလှမ်းအနည်းငယ် ထပ်လျှောက်သွားပြီးနောက် ချန်ယွင်တောက်က ရုတ်တရက် ရပ်တန့်သွားကာ သူ၏ မျက်နှာပေါ်တွင် အံ့သြသံသယဖြစ်နေသော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
"ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ"
သူ၏ အကြည့်များက အနီးအနားရှိ ရေခဲတောင်ပေါ်သို့ ကျရောက်သွားသည်။
ဤရေခဲတောင်ငယ်လေးက မြေမိခင်ဂိုဏ်းမှ သိုင်းပညာရှင်များကို ရိုက်သတ်ရန်အတွက် သူ အသုံးပြုခဲ့ခြင်း ဖြစ်ပြီး အစကတည်းက ဤရေခဲတောင်၏ နေရာသည် သွေးရေခဲနန်းတော်ဘက်တွင် ရှိနေကြောင်းကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။
အခုကျမှ ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေရတာလဲ။
"အဲဒီတုန်းက အသက်ရှင်တဲ့သူ ရှိနေတာများလား"
သူက ရင်ထဲတွင် တိတ်တဆိတ် တွေးလိုက်ပြီး မျက်နှာထားက အနည်းငယ် သတိဝင်သွားကာ သွေးရေခဲနန်းတော် ရှိရာဆီသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။
သို့သော် သူက ထိုရေခဲတွင်းပေါက်အနီးသို့ ရောက်သွားချိန်တွင် သူ၏ မျက်နှာက ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။
"သွေးရေခဲတွေရော... ငါ့ရဲ့ သွေးရေခဲတွေ ဘယ်ရောက်သွားလဲ"
ချန်ယွင်တောက်က မယုံကြည်နိုင်ဖြစ်သွားပြီး ခုန်ပျံလိုက်ကာ ရေခဲတွင်းပေါက်ထဲသို့ တိုက်ရိုက် ခုန်ဆင်းသွားပြီးနောက် အလျင်စလို ရှာဖွေလိုက်တော့သည်။
ရေခဲတွင်းအောက်ဘက်တွင် သွေးရေခဲ အပိုင်းအစ အနည်းငယ်သာ ကျန်ရစ်တော့ပြီး အကြီးဆုံးကပင် လက်သီးဆုပ်အရွယ်ခန့်သာ ရှိတော့သည်။
မူလက ပိရမစ်နန်းတော်ကြီးကဲ့သို့ ဧရာမ သွေးရေခဲပုံကြီးက ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေပြီ။
"မဖြစ်နိုင်ဘူး... ဒါ မဖြစ်နိုင်ဘူး"
ချန်ယွင်တောက်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းကာ အလောင်းကောင်ကြီး၏ ကြွက်သားများကို ထိန်းချုပ်လိုက်ရာ တစ်ခဏချင်းအတွင်း နှလုံးခန်းတစ်ခုလုံး ဝုန်းဒိုင်းကြဲကာ တုန်ခါလာခဲ့သည်။
မြေပြင်ပေါ်ရှိ ရေခဲတုံးများက တုန်ခါလွင့်စင်သွားကြပြီး သူ၏ ပတ်ဝန်းကျင်ရှိ ရေခဲတုံးများ ချက်ချင်း ရှင်းလင်းသွားခဲ့သည်။
သို့သော် သူက မြေကြီးကို သုံးပေအထိ တူးဆွလိုက်သော်လည်း သွေးရေခဲ၏ အရိပ်အယောင်ကိုမျှ ရှာမတွေ့ခဲ့ပေ။
"ငါ့ရဲ့ သွေးရေခဲတွေ... မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး"
"ဘယ်သူလဲ... ဘယ်သူလုပ်သွားတာလဲ"
သူက ရူးသွပ်စွာ ရှာဖွေလိုက်ပြီး မြေပြင်ပေါ်ရှိ အလောင်းတစ်လောင်းချင်းစီ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးရေခဲများကို ဝှက်ထားနိုင်သည့် ပစ္စည်းများကို လိုက်ရှာနေတော့သည်။
သို့သော် မြေပြင်ပေါ်ရှိ အလောင်းရာပေါင်းများစွာကို သူ အကုန်လုံး ရှာဖွေပြီးသွားချိန်တွင်တော့ ဘာတစ်ခုမှ မရခဲ့ပေ။
ရုတ်တရက် သူ ရှာဖွေနေစဉ်အတွင်း အနီးအနားရှိ ရေခဲနံရံတစ်ခုက အက်ကွဲသွားခဲ့သည်။
ချန်ယွင်တောက်၏ ခန္ဓာကိုယ်က ရုတ်တရက် ရပ်တန့်သွားသည်။
သူက တစ်စုံတစ်ရာကို ထက်မြက်စွာ ခံစားလိုက်မိပြီး ထိုရေခဲနံရံဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။
သူက သွားကိုကြိတ်ကာ မျက်လုံးပြူးကြည့်လိုက်ပြီး ထိုရေခဲနံရံကို ရိုက်ချလိုက်သည်။
ဝုန်းခနဲ အသံနှင့်အတူ မူလကတည်းက ထူထဲခြင်းမရှိသော ရေခဲနံရံက တစ်ခဏချင်းအတွင်း ပေါက်ကွဲကွဲအက်သွားပြီး တိုက်စားခံထားရသည့် အပေါက်တစ်ခု ပေါ်လာခဲ့သည်။
"မဟုတ်ဘူး... မဟုတ်ဘူး"
ချန်ယွင်တောက်၏ မျက်နှာက အလွန်တရာ အကျည်းတန်နေပြီး အနည်းငယ်ပင် ထိတ်လန့်နေသည်ဟု ပြော၍ရသည်။
သူက အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ ဤအပေါက်ထဲသို့ တိုးဝင်သွားပြီး တိုက်စားခံထားရသည့် ဤအပေါက်မှတစ်ဆင့် အတွင်းဘက်သို့ ဆက်လက် တွားသွားသွားခဲ့သည်။
မကြာမီမှာပင် သူက ဤအပေါက်ထဲမှ ထွက်လာခဲ့ပြီး ဘေးဘက်ရှိ နှလုံးခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။
ဤသို့ ကြည့်လိုက်မိချိန်တွင်တော့ ချန်ယွင်တောက်၏ မျက်နှာက လုံးဝ ဖြူရော်သွားခဲ့လေပြီ။
သူက ခေါင်းမူးသွားပြီး မျက်လုံးများ ပြာဝေသွားကာ ကောင်းကင်ကြီး ပြိုကျလာတော့မည့်အတိုင်း ခံစားလိုက်ရသည်။
ဤနှလုံးခန်းထဲရှိ သွေးရေခဲများကိုလည်း လူတစ်ယောက်က ပြောင်စင်နေအောင် တူးယူသွားခဲ့လေပြီ။
"အား"
"ဘယ်သူလဲ... ဘယ်သူလုပ်သွားတာလဲ"
"ငါ မင်းကို သတ်မယ်... မင်းရဲ့ မိသားစု တစ်ခုလုံးကို သတ်ပစ်မယ်... အား"
ချန်ယွင်တောက်က ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားသော ဟိန်းဟောက်သံကြီးကို ပြုလုပ်လိုက်ရာ သူ၏ မျက်နှာကပင် ရှုံ့မဲ့နေလေပြီ။
သိထားရမည်မှာ ဤနေရာက နှလုံးဖြစ်ပြီး ရေပေါ်ကျွန်း အလောင်းကောင်ကြီး အသက်ရှင်စဉ်က သွေးများ ထုတ်လုပ်ပေးသော အင်္ဂါအစိတ်အပိုင်း ဖြစ်သည်။
ဤနေရာရှိ သွေးများက အစစ်မှန်ဆုံးနှင့် အသန့်စင်ဆုံးသော မူလသွေးများဖြစ်ပြီး အသန့်စင်ဆုံးသော မျိုးရိုးဗီဇများ ပါဝင်နေသည်။
ရေပေါ်ကျွန်း အလောင်းကောင်ကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ဦးနှောက်အမြူတေနှင့် နှလုံးအမြူတေမှလွဲ၍ ဤနှလုံးထဲတွင် ကျန်ရစ်နေသော သွေးအနှစ်များက အဖိုးတန်ဆုံးဖြစ်သည်ဟု ပြော၍ရပေသည်။
ဤသွေးအနှစ်များက အလွန် မြင့်မားသော သိပ်သည်းဆရှိသည့် မျိုးရိုးဗီဇ အချက်အလက်များကို ထုတ်ယူနိုင်ပြီး မျိုးရိုးဗီဇမျိုးစေ့ အမြောက်အမြားကို စုစည်းပေးနိုင်သည်။
ထို့အပြင် ၎င်းက နှလုံးအမြူတေကို အလုံးစုံ သန့်စင်နိုင်ခြင်း ရှိမရှိဆိုသည့် အဓိကအချက်နှင့်လည်း ဆက်စပ်နေပေသည်။
ယခုတော့ ဤသွေးရေခဲများ အားလုံး ပျောက်ဆုံးသွားခဲ့လေပြီ။
သူ၏ အစီအစဉ်များ အားလုံး သဲထဲရေသွန် ဖြစ်သွားခဲ့လေပြီ။
ချန်ယွင်တောက်က ဘယ်လိုလုပ်ပြီး မမုန်းတီးဘဲ နေမည်နည်း။
"ကမ္ဘာ့အဆုံးထိ လိုက်ရှာရရင်တောင်မှ ငါ မင်းကို မိအောင်ဖမ်းမယ်... တောက်"
ချန်ယွင်တောက်က ရက်စက်ကြမ်းကြုတ်စွာ အော်ဟစ်လိုက်ပြီး နှလုံးခန်း၏ အသားနံရံပေါ်သို့ ရုတ်တရက် လက်သီးဖြင့် ထိုးချလိုက်သည်။
"ဝုန်း... ဝုန်း... ဝုန်း"
နှလုံးခန်းတစ်ခုလုံး တုန်ခါသွားပြီး မြေအောက်တစ်ခုလုံးလည်း လိုက်ပါ၍ တုန်ခါသွားခဲ့သည်။
တစ်ခဏချင်းအတွင်း ရေပေါ်ကျွန်း တစ်ခုလုံးက ငလျင်လှုပ်သွားသကဲ့သို့ အနည်းငယ် တုန်ခါသွားခဲ့သည်။
မြူရေခဲမြို့တော်ထဲရှိ နေထိုင်သူများက အကြောင်းရင်းကို နားမလည်ကြဘဲ ထိတ်လန့်သွားကာ မြေပြင်ပေါ်တွင် ဒူးထောက်၍ ကြောက်လန့်တကြား အော်ဟစ်လိုက်ကြပြီး ငလျင်လှုပ်လာသည်ဟုသာ ထင်မှတ်လိုက်ကြသည်။
ယခုအချိန်တွင် ချန်ယွင်တောက်က ရေပေါ်ကျွန်း၏ နှလုံးအမြူတေကို ထိန်းချုပ်ထားပြီး သူ၏ လှုပ်ရှားမှုတိုင်းက ရေပေါ်ကျွန်း၏ ပြောင်းလဲမှုများကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်ပေသည်။
လင်းယွမ်ကို ရှာဖွေမည်ဟု သူ ကျိန်ဆိုထားခြင်းက လုံးဝ နောက်ပြောင်နေခြင်း မဟုတ်ပေ။
ယခုအချိန်တွင် လင်းယွမ်က ထိုအရာများကို လုံးဝ မသိရှိဘဲ ဤခရီးမှ ရရှိလာသော အရာများကို စတင် လေ့လာနေပြီ ဖြစ်သည်။
ဆက်ရန်...