← Chapters

တရားမမျှတသော

Vol. 10 Ch. 983

တရားမမျှတသော

Vol. 10 Ch. 983

အမှန်စင်စစ်ဆိုရလျှင် ၄င်းမှာ အဆောတလျင် စတင်ခဲ့သော စစ်ပွဲဖြစ်သည်။ ကောင်းကင်ဧကရာဇ်သာ မြေရိုင်းဒေသရှိ ခမ်းနားကြီးကျယ်သော တိုက်ပွဲကြီးတွင် အနိုင်ရခဲ့ပါက တိုက်ပွဲကား ချက်ချင်းဖြစ်သွားခဲ့မည်ဖြစ်သည်။

သို့သော် သူသည် ထိုအသေအကြေတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် အရိုးသင်္ဘောကြီးပေါ်တွင် ထပ်မံ အနိုင်ယူခံလိုက်ရပြန်သည်။ ယင်းကဲ့သို့ ဆက်တိုက်ကျရှုံးများက ကောင်းကင်ဧကရာဇ်၏စိတ်ရှည်မှုများကို ဝါးမျိုသွားတော့သည်။ သူ ချောင်ပိတ်ကျန်နေခဲ့ချိန်မှာပင် ဖက်တီးကျန်းကြီးနှင့် အခြားအဆင့်နိမ့်ကျင့်ကြံသူအချို့ ဤကမ္ဘာမှ ထွက်ခွာသွားသည့်အချက်က ပို၍ပင် ဆိုးဝါးသွားစေသည်။

" သချိုင်းစောင့်အဘိုးကြီး။ ခင်ဗျားမှာ အရန်အစီအစဥ်တွေ ရှိတာ ကျုပ်သိတယ်။ ဒါပေမဲ့ ကျုပ် ကစားနေတာတွေ တော်ပြီ "

ကောင်းကင်ဧကရာဇ်မှာ ဒေါသမီးတဝင်းဝင်းတောက်လောင်နေသော မျက်ဝန်းများဖြင့် ဓမ္မအမိန့်ထုတ်ပြန်လိုက်သည်။

ယင်းက မိုးကောင်းကင်ကို ဖျက်စီး၍ ပထဝီမြေကြီးကို ပျက်ပြားစေလောက်မည်လော။ ကမ္ဘာကြီးကို အဆုံးသတ်သွားစေမည်လော။ သို့သော် အနည်းဆုံးတော့ ကောင်းကင်ဧကရာဇ်သည် နောက်ဆုံးတွင် ၄င်းတို့အားလုံး၏ စစ်မှန်သော အုပ်ချုပ်သူဖြစ်လာပြီး ကမ္ဘာဂိတ်တံခါးအား ဖွင့်ရန်ဟူသော သူ၏ ကာလရှည်ကြာစွာ ရင်ဝယ်ပိုက်ထားခဲ့ရသည့် ဆုတောင်းပြည့်သွားမည်ဖြစ်သည်။

လူအနည်းစုသာ ဖြစ်ပျက်နေသာအရာများအတွက် စစ်မှန်သော အကြောင်းရင်းများကို သိလေသည်။ ကျန်လူများမှာမူ လွန်ခဲ့သော နှစ်ပေါင်းများစွာက ကောင်းကင်တံတားမြစ်နှင့် မြေရိုင်းဒေသကြားတွင် ရန်ကြွေးတစ်ခုရှိခဲ့သည်ကို သိရုံသာ သိသည်။

ကောင်းကင်တံတားဒေသများရှိ ဂိုဏ်းများက စစ်ပွဲအတွက် ပြင်ဆင်နေချိန် မြေရိုင်းဒေသတွင် မဟာကောင်းကင်သခင်သည် ဗဟိုဧကရာဇ်အင်ပါယာ၏ အချုပ်အခြာအာဏာကို စွန့်လွှတ်လိုက်သည်။ မရေမတွက်နိုင်သော လူ့ဘီလူးမျိုးနွယ်စုများမှာ စစ်ပွဲအတွက် စည်းရုံးခံကြရပြီး ကောင်းကင်ဘုရင်လေးပါးက ဧရာမစစ်တပ်ကြီးလေးတပ်အား စနစ်တကျကြပ်မတ်နေသည်။ မြေရိုင်းဒေသများအားလုံး သိုက်မြိုက်ကြီးကျယ်သော အခမ်းအနားကြီးဖြင့် စစ်ပွဲအတွက် အသင့်ပြင်နေကြတော့သည်။

ကောင်းကင်မြို့စားဆယ်ဦး၊ ကောင်းကင်နယ်စားတစ်ရာကျော်နှင့် မရေမတွက်နိုင်သော အောက်လမ်းဆရာမျိုးနွယ်စုများအားလုံး သူတို့၏ တပ်ဖွဲ့များအား ဦးဆောင်စုစည်းနေကြသည်။

သရဲကြီးတပ်ဖွဲ့၏ တပ်မှူးကြီးအနေဖြင့် သခင်မလေးဟုန်ချိန်သည် သူမ၏ စစ်ဝတ်တန်ဆာများ ဝတ်ဆင်ပြီး၍ သတ်ဖြတ်လိုသည့်အရှိန်အဝါတစ်ခု တဟုန်းဟုန်းတောက်လောင်နေလျက် အဆုံးမရှိသော ကျင့်ကြံသူများအရှေ့တွင် ရပ်ကာ ကောင်းကင်တံတားဒေသများဘက် စိုက်ကြည့်နေ၏။

သို့သော် သူမ၏မျက်လုံးများထဲရှိ အနက်ရှိုင်းဆုံး မည်သူမျှ မမြင်နိုင်သည့်တစ်နေရာတွင် ရောထွေးနေသော ခံစားချက်များနှင့် အတွေးများရှိလေသည်။

သူမတစ်ယောက်တည်းသာ ပိုင်ရှောင်ချန်းအကြောင်း တွေးေတာနေခြင်းမဟုတ်ပေ။ ချင်းမေ့ယွမ်၊ ငရဲဧကရာဇ်၊ ကျိုးဟုန်နှင့် ပိုင်ရှောင်ချန်းက အမှန်တကယ်မည်သူဖြစ်ကြောင်း ယခုသိသွားကြသော လူပေါင်းများစွာသည်လည်း သူ့အကြောင်း တွေးနေကြ၏။

အမှန်တွင် မဟာတံတိုင်းကြီးပြိုကျခဲ့စဥ်မှစ၍ လူများစွာက ထိုစစ်ပွဲအား စောင့်မျှော်နေခဲ့ကြရသည်။

ယခုတွင်.....၄င်းကား ရောက်ရှိလာလေပြီ။

တခဏလေးအတွင်း မြေရိုင်းဒေသနှင့် ကောင်းကင်တံတားဒေသနှစ်ဖက်လုံး ဆူညံပွက်လောရိုက်သွားတော့သည်။

ကမ္ဘာပေါ်တွင် အအေးချမ်းဆုံးနေရာသည်ကား ပိုင်ရှောင်ချန်း လောလောဆယ် ပိတ်မိနေသည့် မှော်ပစ္စည်းထဲတွင် ဖြစ်သည်။ သူ့အတွက် ၄င်းမှာ ကျင့်ကြံခြင်း၏ သန့်စင်သောနယ်မြေကြီးဖြစ်နေတော့သည်။ ငိုလိုက်ရယ်လိုက် သရဲမျက်နှာကြီးအတွက်မူ ငရဲအကျဥ်းထောင်ပင်။

မှော်ပစ္စည်း၏ မွန်းကြပ်စေသော ဖိအားကြောင့်ဖြစ်စေ၊ ဝင်ပေါက်ရှာမတွေ့၍ ခံစားနေရသော စိတ်ပျက်ခြင်းကြောင့်ဖြစ်စေ သရဲမျက်နှာကြီးမှာ သွက်သွက်ခါရူးတော့မည်ဖြစ်ကြောင်း သေချာနေတော့သည်။ ပို၍ဆိုးသည်က လျှပ်စီးတန်းများ ပို၍အားနည်းလာသည်နှင့် ပိုင်ရှောင်ချန်း၏ အရှိန်အဝါက ပို၍ အားကောင်းလာဟန်တူသည်။

ပိုင်ရှောင်ချန်းက အလယ်ပိုင်းနတ်အဆင့်နှင့် နီးကပ်နေပြီဖြစ်ကြောင်း သရဲမျက်နှာကြီးမှာ အာရုံရလိုက်ရာ ချာချာလည်အောင် မူးနောက်သွားတော့သည်။

" ဘာလို့ ဒီလို ဖြစ်နေရတာတုန်း။ ဟိုခွေးကောင်က စွမ်းအင်ကို စုပ်နိုင်ပြီး ငါက ဘောက်မဲ့ေကြာင့် မရတာတုန်း။ သောက်ကျိုးနည်းကွာ၊ ဒီကောင် ငါ့လို ပိတ်မိနေတယ်ဆိုရင်လဲ ထားဦး။ ဒါပေမဲ့ သူ့ကျင့်ကြံခြင်းအခြေခံကို မြှင့်တင်နေနိုင်တယ် "

သရဲမျက်နှာကြီးက ကောင်းကင်ကြီးကို မော့ကြည့်၍ ဒေါသတကြီး ဟိန်းဟောက်မြည်တမ်းနေသော်လည်း ဘာမှမထူးပေ။ နေ့တိုင်းနေ့တိုင်း သူသည် ပို၍ အားနည်းလာပြီး သူ၏ပြိုင်ဘက်က အားကောင်းသထက် အားကောင်းလာသည်။ သိသာစွာပင် နောက်ဆုံးတွင် သူက ပြိုင်ဘက်ပင် မဖြစ်တော့မည်အတိုင်းအတာသို့ ရောက်တော့မည်ဖြစ်သည်။

" မမျှတဘူး "

မည်သည်တို့ ဖြစ်လာနိုင်မည်ကို တွေးလိုက်ရုံနှင့် သရဲမျက်နှာကြီးမှာ စိတ်ပျက်လက်ပျက်တုန်ရီ သွားတော့သည်။ သူက ရူးမတတ်ဖြစ်သွားလျက် နောက်တဖန် ထွက်ပေါက်အား အသည်းအသန်ရှာ၍ ရုတ်တရက် တူညီသောစိတ်အခြေအနေတွင် ရှိသည့် ကောင်းကင်ဧကရာဇ်ကို တွေးမိလိုက်သည်။

" ငါ ထွက်သွားရမယ် "

သူက တွေးလိုက်ပြီး ရှာပြီးရင်းရှာကာ အော်ငိုလုနီးပါးဖြစ်နေတော့သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် သူ၏ကျင့်ကြံခြင်းအခြေခံ တိုးတက်စေရန် တတ်နိုင်မျှ အစွမ်းကုန်လုပ်ဆောင်နေ၏။ သူ ထိုသို့လုပ်နေသဖြင့် လျှပ်စီးများ တစတစနည်းပါးလာတော့သည်။ မှော်ပစ္စည်းထဲရှိ စိတ်စွမ်းအင်သည် နှစ်ပေါင်းများစွာတိုင်အောင် ဖြစ်တည်နေခဲ့သော်လည်း ယခု ပိုင်ရှောင်ချန်းက သူ၏ကိုယ်အတွင်းသို့ ဖြေးဖြေးချင်း စုပ်ယူနေလေသည်။

အချိန်အများစုတွင် သူက ကျင့်ကြံခြင်းတစ်ခုတည်းအား အချိန်ကြာမြင့်စွာ တစိုက်မတ်မတ်အာရုံစိုက်ရန် ခက်ခဲနေမည်ဖြစ်သည်။ သို့သော် မှော်ပစ္စည်း၏ ကမ္ဘာထဲတွင် ကြီးမားသောခြိမ်းခြောက်မှုကြီးဖြစ်သည့် သရဲမျက်နှာကြီးကြောင့် သူ အလွန်စိုးရိမ်သောကရောက်နေပြီး ခါတိုင်းထက် ပို၍ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်နေတော့သည်။

" ဟိုသရဲမျက်နှာကြီးက ကြောက်စရာကောင်းချက်ပဲ"

သူက သက်ပြင်းချလိုက်၏။ လတ်တလော သူ ခံစားနေရသည့် ဖိအားကို ထည့်စဥ်းစားကာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် အပင်နှင့်အသီးအရွက်များလေ့လာခဲ့စဥ်ကဲ့သို့ အားကုန်ထုတ်နေတော့သည်။ လျှပ်စီးများကို စုပ်ယူသည်နှင့်အမျှ သူ၏ကျင့်ကြံခြင်းအခြေခံ တိုးတက်လာနေပြီး မကြာမီ သူသည် သူ၏လျှပ်စီးတိမ်တိုက်ဘိုးအေအသွင်ပြောင်းလဲခြင်းအား ခြောက်ကြိမ်မြောက်ပြောင်းလဲခြင်းအထိ တောက်လျှောက်တွန်းပို့နိုင်လိုက်သည်။

သို့သော် ထိုမျှဖြင့်မပြီးသေးပေ။ များမကြာမီ သူက အလယ်ပိုင်းနတ်အဆင့်၏ အထွတ်အထိတ်နှင့် နီးသထက်နီးအောင် အဆက်မပြတ်တွန်းပို့ပေးသော ခုနစ်ကြိမ်မြောက်ပြောင်းလဲခြင်းသို့ ရောက်ရှိသွား၏။

သူ၏အရှိန်အဝါ ပို၍အားကောင်းလာသဖြင့် ဤ ကမ္ဘာ၏ ကောင်းကင်ယံတွင် အရောင်များ ပြိုးပြိုးပြက်ပြက်လက်လာပြီး အားပြင်းသောလေမုန်တိုင်းများ တိုက်ခတ်လာတော့သည်။

" ငါအခု အရမ်းသန်မာနေပြီ။ နှောင်းပိုင်းနတ်အဆင့်ကို ဖောက်ထွက်တာနဲ့ ဟိုသရဲကြီးကို တိုက်ခိုက်နိုင်တော့မယ် "

သူသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေလျက် လျှပ်စီးများအား ဆက်လက်စုပ်ယူလိုက်သည်။

ဆန့်ကျင်ဘက်အနေဖြင့် သရဲမျက်နှာကြီး၏ ပူပန်သောကများမှာ နေ့စဥ်နေ့တိုင်း ပို၍ပြင်းထန်လာတော့သည်။ သူက သူ့ကိုယ်သူ အားနည်းသထက် အားနည်းလာသည်ကို ကြည့်၍ စိတ်ပျက်ပြီးရင်း စိတ်ပျက်နေတော့သည်။

လျှပ်စီးများထဲတွင် စိတ်စွမ်းအင်များအပြင် သက်စောင့်အားပမာဏမြောက်မြားစွာလည်း ရှိလေရာ ပိုင်ရှောင်ချန်းက စုပ်ယူရန် တုံ့ဆိုင်းမနေပေ။

ယင်းက သူ၏ထာဝရသွေးကို အံသြစရာကောင်းလောက်အောင် ထိရောက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံက အလယ်ပိုင်းနတ်အဆင့်၏ အထွတ်အထိပ်ကို အဆင့်တက်သွားစဥ် သူ၏ထာဝရသွေးသည်... ငါးဆယ်ရာခိုင်နှုန်းအဆင့်သို့ ရောက်ရှိသွား၏။

ထိုသို့ဖြစ်ပျက်သွားသောအခါ သူ၏မျက်လုံးများမှာ ဂုဏ်ယူခြင်းများဖြင့် တလက်လက် တောက်ပလာလေသည်။

သို့သော် သူသည် စိတ်လှုပ်ရှားလျက် အရသာ မခံလိုက်သေးခင်မှာပင် ထစ်ခြုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီး လျှပ်စီးများအားလုံး ပျောက်ချင်းမလှ ပျောက်ကွယ်သွားတော့သည်။

ပိုင်ရှောင်ချန်းက မျက်လုံးများ ဖွင့်ပြီး ဘေးဘီဝဲယာအား ကြည့်လိုက်ရာတွင် တစ်နေရာလုံး ပြောင်တလင်းခါနေသည်ကို မြင်လိုက်ရသည်။ တချိန်တည်းမှာပင် သရဲမျက်နှာကြီးသည်လည်း မိုးကြိုးတိမ်တိုက်နယ်မြေ၏ အစွန်းနားတွင် ထပ်တူအံ့သြနေနေသည့််အမူအရာဖြင့် ပေါ်လာ၏။

ထိုအခိုက်အတန့်တွင် သရဲမျက်နှာကြီးမှာ ရူးမတတ်ပျော်သွားတော့သည်။ သူက ကျယ်လောင်စွာရယ်မော၍ ရိပ်ခနဲလှုပ်ရှားလိုက်သည်။

" ဒီတစ်ခါတော့ မင်းသေပြီပဲ ပိုင်ရှောင်ချန်း "

ပိုင်ရှောင်ချန်းမှာ ကြောက်လန့်တုန်ရီသွားပြီး နောက်ဆုတ်သွားတော့သည်။

" သောက်ကျိုနည်းကွာ၊ ဘာလို့ ဒီလျှပ်စီးတိမ်တိုက်တွေက မတည်ငြိမ်တာတုန်း။ အကြာကြီး စုပ်ယူပြီးတဲ့နောက် ဒီအတိုင်း ပြောင်တလင်းခါသွားတယ်တဲ့လား "

သရဲမျက်နှာကြီး သူထံ ဝုန်းဒိုင်းကြဲလာနေသည့် မြင်ကွင်းက သူ့အား အလွန်တရာ ခေါင်းကျိန်းသွားစေသဖြင့် ပေါက်ကွဲထွက်တော့မတတ် ခံစားလိုက်ရတော့သည်။ သူက တုံ့ဆိုင်းတွေဝေမနေတော့ဘဲ အရှိန်ကုန်သုတ်ပြေးကာ ထာဝရပြုစားခြင်းသိုင်းကို သုံး၍ ပျောက်ကွယ်သွားပြီး ခပ်ဝေးဝေးတွင် ပြန်ပေါ်လာပြီးနောက် ရိပ်ခနဲ ဆက်ပြေးတော့သည်။

သူ၏နောက်ရှိ သရဲမျက်နှာကြီးမှာ ရူးသွပ်လုနီးပါး ဖြစ်နေလေသည်။ သူက ကျင့်ကြံခြင်းအခြေခံဖိနှိပ်ခံထားရသည့်တိုင် ပိုင်ရှောင်ချန်းကို မိရန် အားကုန်ထုတ်နေတော့သည်။ အလွန့်အလွန် ဆိုးဝါးသော ပိုင်ရှောင်ချန်းအား သတ်ဖြတ်နိုင်သည့် လက်ရှိအခွင့်အရေးကို လက်လွှတ်ခဲ့ပြီး သူ၏ကျင့်ကြံခြင်းအခြေခံသာ ထပ်ကျသွားခဲ့လျှင် နောက်တစ်ကြိမ် သူတို့ ပြန်တွေ့ပါက ပိုင်ရှောင်ချန်းကို တိုက်ခိုက်ရန် အရည်အချင်းမှီတော့မည် မဟုတ်ကြောင်း သူ ပြောနိုင်သည်။

ထိုကြောက်စရာကောင်းသော ဖြစ်နိုင်ချေက သရဲမျက်နှာကြီး၏ အလောတကြီးလိုက်နေခြင်းအား လောင်စာဖြည့်ပေးလိုက်သည်။

" ပိုင်ရှောင်ချန်း "

သူက မိုးကြိုးတိမ်တိုက်နယ်မြေထဲမှ တည်နေရာရွှေ့ပြောင်း၍ ပိုင်ရှောင်ချန်းနောက် မီတာ ၃၀၀ အကွာတွင် ပြန်ပေါ်လာကာ ဟိန်းဟောက်လိုက်သည်။ ထို့နောက် သူက တတ်နိုင်သည့် နတ်ဘုရားတစ်ပိုင်းစွမ်းအားအားလုံးကို စုဆုံစေ၍ ပိုင်ရှောင်ချန်းအား အပိုင်းပိုင်းခုတ်ထစ်ရန် မျှော်လင့်ချက်များဖြင့် ချေမှုန်ခြင်းစွမ်းအားကြီးကို ထုတ်လွှတ်လိုက်သည်။

သေစေနိုင်သော အန္တရာယ်ကြီးကြောင့် ပိုင်ရှောင်ချန်းမှာ ထိတ်ထိတ်ပျာပျာဖြစ်သွားကာ ထာဝရသွေးမှ စွမ်းအင်အားလုံးဖြင့် ပေါင်းရင်း အလယ်ပိုင်းနတ်အဆင့်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူက ၄င်းကို သုံး၍ ထာဝရပြုစားခြင်းသိုင်းကို အားဖြည့်ကာ သရဲမျက်နှာကြီး၏ တိုက်ကွက်ကျရောက်မလာခင် ပျောက်ကွယ်သွားတော့သည်။

ပြန်ပေါ်လာချိန်တွင် ပိုင်ရှောင်ချန်းမှာ ပါးစပ်မှ သွေးများပန်းထွက်လာရာ အလျင်မြန်သုတ်လိုက်သည်။ အမှန်မှာ ယခုကဲ့သို့ ဒဏ်ရာဒဏ်ချက်ခံစားရစေကာမူ သူ့အတွက် အရေးမကြီးပေ။ သူ၏ထာဝရသွေးက အလွန်အစွမ်းထက်သည့်အတွက် တခဏလေးနှင့် လုံးဝပျောက်ကင်းလုနီးပါးဖြစ်သွားစေသည်။ အမှန်တကယ်ဆိုရလျှင် သူက ပို၍မြန်မြန်ထွက်ပြေးနိုင်ရန်အတွက် လာနေသော တိုက်ကွက်၏ အဟုန်အနည်းငယ်ကိုပင် ငှားယူနိုင်ခဲ့သေးသည်။

သရဲမျက်နှာကြီးက ကမူးရှူးထိုးတိုက်ခိုက်ရင်း သူ့နောက်သို့လိုက်ဖမ်းနေစဥ် သူက မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျား၍ စူးရှတောက်ပသော အလင်းတန်းအသွင်ဖြင့် ထွက်ပြေးနေတော့သည်။ အနက်ရောင်အငွေ့တစ်လုံးပြီးတစ်လုံး ပြေးဝင်လာသော်လည်း ပိုင်ရှောင်ချန်းက အကုန်ရှောင်လိုက်လေသည်။ အကျိုးဆက်အနေဖြင့် သူ သွေးများအန်လိုက်ရပါသော်လည်း မောပင်မမောပေ။ သရဲမျက်နှာကြီးမှာမူ စိတ်ဓာတ်အလွန်ကျနေသည့်အတွက် ရူးမတတ်ခံစားနေရတော့သည်။

" သောက်ကျိုးနည်းကွာ… ငါပုံမှန်ထက် အားနည်းနေပေမယ့်လဲ ဒီကောင် ငါ့ဆီကနေ ဘယ်လိုလုပ် ဒီလောက်မြန်မြန်ထွက်ပြေးနိုင်တာလဲ စဥ်းစားလို့ကိုမရဘူး "

All Chapters