← Chapters

အခန်း (၈၂၆-၈၂၈)

Vol. 56 Ch. 826-828

အခန်း (၈၂၆-၈၂၈)

Vol. 56 Ch. 826-828

အခန်း ၈၂၆ - သေစမ်း အသက်ရှင်ရတာ ငြီးငွေ့နေပြီလား

"ဆရာ... ဆရာက အမှတ်စဉ်EV7RYVF54ဂြိုဟ်ကို အောင်အောင်မြင်မြင် ဝယ်ယူပြီးပါပြီ။ ဆရာ့မှာ ဒီဂြိုဟ်အတွက် အချုပ်အခြာအာဏာ အပြည့်အဝရှိသလို ကိုယ်ပိုင်ခုခံကာကွယ်ပိုင်ခွင့်လည်း ရှိပါတယ်။ ကျေးဇူးပြုပြီး ဝယ်ယူမှုပမာဏဖြစ်တဲ့ စကြဝဠာဒင်္ဂါးတစ်သောင်းကို ပေးချေပေးပါရှင့်"

"အရမ်းဈေးသက်သာတာပဲ"

ကျန်းမုန့်လောင်သည် စကြဝဠာမဟာမိတ်အဖွဲ့၏ စနစ်အတွင်း၌ ထိုငွေပမာဏကို ပေါ့ပေါ့ပါးပါး ပေးချေလိုက်သည်။

သူသည် ယခင်က ကျန်းခိုင် ချန်ထားရစ်ခဲ့သော ပိုက်ဆံများမှာ ကမ္ဘာဂြိုဟ်ကို ဝယ်ယူရန် လုံလောက်ပါ့မလားဟု စိုးရိမ်ခဲ့ဖူးသည်။ ယခု ပြန်ကြည့်လိုက်သည့်အခါတွင်မူ ထိုစိုးရိမ်မှုများမှာ အမှန်တကယ် ရယ်စရာကောင်းလှ‌ပေသည်။

"ငါတို့ကမ္ဘာဂြိုဟ်က တန်ဖိုးအနိမ့်ဆုံးအဆင့် ဖြစ်နေလိမ့်မယ်လို့ လုံးဝထင်မထားဘူး"

ကျန်းမုန့်လောင်က ရွှတ်နောက်နောက် ဆိုလိုက်သည်။

"ကျောင်းအုပ်ကြီး... ဒါက ပုံမှန်ပါပဲ.. လူကြီးမင်းတို့ကမ္ဘာဂြိုဟ်ရဲ့နည်းပညာဟာ နှစ်ပေါင်းရာဂဏန်းလောက်ပဲ ဖွံ့ဖြိုးသေးတာဆိုတော့ အဆင့်တစ်မျိုးနွယ်စုရဲ့ ကနဦးပုံစံပဲ ရှိပါသေးတယ်။ ဒီဈေးနဲ့ ပေးဝယ်တာကကတောင် တော်တော်ရက်ရောလွန်းနေပါပြီ"

"လူကြီးမင်း... ငွေပေးချေမှု ပြီးဆုံးပါပြီ"

ဂြိုဟ်ပိုင်ဆိုင်ခွင့် လုပ်ငန်းစဉ်များကို ကိုင်တွယ်ပေးနေသည့် ဝန်ထမ်းက တရိုတသေပြောလိုက်၏။

စကြဝဠာအတွင်း၌ ဒင်္ဂါးတစ်သောင်းကို အလွယ်တကူထုတ်ပေးနိုင်သူ မည်သူမဆို အလွန်ချမ်းသာသူဟု သတ်မှတ်ခံရပြီး ဤအခြေခံဝန်ထမ်းများထက် အဆပေါင်းများစွာ ပိုချမ်းသာကြသည်။

"ကျေးဇူးပါ"

ကျန်းမုန့်လောင်က စကြဝဠာမဟာမိတ်အဖွဲ့ထံမှ အီးမေးလ်တစ်စောင်ကို ချက်ချင်း လက်ခံရရှိခဲ့သည်။ ထိုအီးမေးလ်တွင် ဂြိုဟ်ပိုင်ရှင်တစ်ဦး၏ ရပိုင်ခွင့်အမျိုးမျိုးကို ဖော်ပြထားပြီး ထိုအခွင့်အရေးများအားလုံးကို စကြဝဠာမဟာမိတ်အဖွဲ့က အကာအကွယ်ပေးထားသည်။

ဤအခိုက်အတန့်မှစ၍ ကျန်းမုန့်လောင်သည် ကမ္ဘာဂြိုဟ်၏ပိုင်ရှင် ဖြစ်လာခဲ့လေပြီ။ လက်တွေ့တွင်မူ သူတို့သည် နှစ်ပေါင်း ထောင်ချီကတည်းက ပိုင်ရှင်များ ဖြစ်ခဲ့ကြခြင်းပင်။

"ဟမ်.. ဘာလို့ နောက်ထပ်မက်ဆေ့ခ်ျတစ်စောင် ရှိနေတာလဲ"

ကျန်းမုန့်လောင်မှာ သူ့မက်ဆေ့ချ်ဘောက်စ်ထဲတွင် နောက်ထပ်အီးမေးလ်တစ်စောင်ကို မြင်လိုက်ရ၏။

၎င်းမှာ နဂါးငွေ့တန်းမျိုးနွယ်စုထံမှ လာသော မက်ဆေ့ခ်ျတစ်ခုပင်။

မစ္စတာကျန်းမုန့်လောင်ခင်ဗျာ... ခင်ဗျားက အမှတ်စဉ်EV7RYVF54ဂြိုဟ်ကို စကြဝဠာမဟာမိတ်အဖွဲ့ကတစ်ဆင့် ဝယ်ယူခဲ့ကြောင်း ကျွန်တော်တို့ သိရှိရပါတယ်။ ခင်ဗျားတင်ပြထားတဲ့ ကိုဩဒိနိတ်တွေအရ ခင်ဗျားရဲ့ဂြိုဟ်ဟာ ဘယ်အဆင့်နှစ်မျိုးနွယ်စုရဲ့ နယ်မြေထဲမှာမှ ပါဝင်ခြင်းမရှိတဲ့အတွက် ဒီဂြိုဟ်ရဲ့ လုံခြုံရေးကို နဂါးငွေ့တန်းက တာဝန်ယူစောင့်ရှောက်ပေးသွားမှာ ဖြစ်ပါတယ်။

သက်ဆိုင်ရာနဂါးငွေ့တန်း ဥပဒေတွေအရ ခင်ဗျားအနေနဲ့ ဂြိုဟ်ရဲ့တစ်နှစ်တာ စုစုပေါင်းအထွက်နှုန်းရဲ့ ၁၀ရာခိုင်နှုန်းကို အခွန်အဖြစ် ပေးဆောင်ရမှာဖြစ်ပါတယ်။ ခင်ဗျားက ဂြိုဟ်ကို အခုမှ ဝယ်ယူတာဖြစ်တဲ့အတွက် ပထမဆုံးနှစ်တစ်ရာအတွက် အခွန်ကို ထက်ဝက်လျှော့ပေါ့ပေးမှာပါ။ သက်ဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးဖို့အတွက် ကိုယ်စားလှယ်တစ်ဦးက မကြာခင်ခင်ဗျားကို ဆက်သွယ်လာပါလိမ့်မယ်။

စာသားများမှာ အလွန်ယဉ်ကျေးသော်လည်း ဆိုလိုရင်းမှာမူ 'ဆက်ကြေးတောင်းနေခြင်း' ဖြစ်ကြောင်း ကျန်းမုန့်လောင် ရိပ်မိလိုက်၏။

မူလကတည်းက ကျန်းမုန့်လောင်သည် ကိုယ်ပိုင်စစ်သင်္ဘောအုပ်စုတစ်စုကို တည်ဆောက်ရန် စီစဉ်ထားပြီးဖြစ်၏။ ထို့ကြောင့် ကျူးကျော်ခံရလျှင်ပင် သူတို့ဘာသာ ကာကွယ်နိုင်ပေသည်။

အဲဒီတော့ မင်းတို့ကို ဘာလို့ ဆက်ကြေးပေးရမှာလဲ။

နဂါးငွေ့တန်းကြီးတစ်ခုလုံး ပေါက်ကွဲသွားလျှင်ပင် ကမ္ဘာဂြိုဟ်ကို ထိခိုက်မည်မဟုတ်ပေ။ ကမ္ဘာဂြိုဟ်ကသာ သူတို့ကို ဆက်ကြေးပြန်တောင်းရမည့်ကိန်းပင်။ ယင်းမှာ တကယ်အဓိပ္ပာယ်မရှိလှပေ။

မကြာခင်မှာပင် ကျန်းမုန့်လောင်ထံသို့ ဆက်သွယ်မှု တောင်းဆိုချက်တစ်ခု ရောက်လာတော့သည်။

"အရမ်းမြန်တာပဲ"

ကျန်းမုန့်လောင်က ဆက်သွယ်မှုကို ချက်ချင်းလက်ခံလိုက်သည်။

ဟိုလိုဂရပ်ဖစ်ပုံရိပ်ထဲတွင် ဂြိုဟ်သားနှင့်တူသော သတ္တဝါတစ်ကောင် ပေါ်လာချေသည်။ သူ့တွင် ဆံပင်ရှိသလိုလည်း ထင်ရပေသည်။

"ဟယ်လို.. EV7RYVF54ရဲ့အရှင်သခင်.. ကျွန်တော်က နဂါးငွေ့တန်းဘက်စုံစီမံခန့်ခွဲရေးရုံးက အက်ခ်ဆာပါ။ ခင်ဗျားနဲ့ အခွန်ဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးဖို့ လာတာပါ"

"ခဏ"

ကျန်းမုန့်လောင်က သူ့စကားကို ဖြတ်ပြောလိုက်သည်။

"မင်းကို မေးစရာမေးခွန်းတစ်ခု ရှိတယ်"

"မေးပါ"

အက်ခ်ဆာက ယဉ်ကျေးသောစကားလုံးများကိုသာ သုံးသော်လည်း သူ့လေသံတွင်မူ စစ်မှန်သောရိုသေမှု ကင်းမဲ့နေသည်မှာ သိသာလှ၏။

နဂါးငွေ့တန်းဘက်စုံစီမံခန့်ခွဲရေးရုံးဆိုသည်မှာ တကယ်တမ်းတွင် နဂါးငွေ့တန်းအတွင်းရှိ အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိထားရန် လိုအပ်ပေသည်။ ဝန်ထမ်းများမှာ စကြဝဠာအဆင့် အစိုးရဝန်ထမ်းများ ဖြစ်ကြသည်။

အထူးသဖြင့် အခွန်ကောက်ခံသည့် ဝန်ထမ်းများမှာ အဆင့်အတန်းမြင့်မားရုံသာမက အခွင့်ထူးများစွာလည်း ရရှိကြသည်။

အဆင့်သုံးမျိုးနွယ်စုမှ လူများသည် သက်ရှိအဆင့်အတန်း မမြင့်မားသော်လည်း အဆင့်တစ်နှင့် အဆင့်နှစ်မျိုးနွယ်စုရှိ လူများကိုမူ တစ်ဖက်သတ်အထင်သေးတတ်ကြသည်။ ထိုလူမှာ မျိုးနွယ်စုတစ်ခု၏ အုပ်ချုပ်သူဖြစ်နေလျှင်ပင် ဂရုမစိုက်တတ်ကြပေ။

"ငါက စကြဝဠာမဟာမိတ်အဖွဲ့ကတစ်ဆင့် ဒီဂြိုဟ်ကို ဝယ်ခဲ့တာဆိုတော့ ငါကပဲ ဒီဂြိုဟ်ရဲ့ပိုင်ရှင်ဖြစ်ရမှာ မဟုတ်ဘူးလား"

"ဟုတ်ပါတယ်။ အဲ့ဒီလိုအဓိပ္ပာယ်ဖွင့်လို့ ရပါတယ်"

"ငါ့မှာ ဒီဂြိုဟ်နဲ့ပတ်သက်ပြီး အမြတ်အစွန်းရယူပိုင်ခွင့်၊ ခုခံကာကွယ်ပိုင်ခွင့်နဲ့ ကုန်သွယ်ပိုင်ခွင့် အားလုံးရှိတယ်.. ဟုတ်တယ်မလား"

"မှန်ပါတယ်"

"ဒါဆိုရင် ဒါက ငါ့ဂြိုဟ်ဆိုတော့ မင်းတို့နဲ့လည်း ဘာမှမသက်ဆိုင်ဘဲနဲ့ ငါက မင်းတို့ကို ဘာလို့အခွန်ပေးရမှာလဲ"

အမှန်စင်စစ်တွင် ဤကဲ့သို့သော စုံစမ်းမေးမြန်းမှုများမှာ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။ အထူးသဖြင့် နဂါးငွေ့တန်းမျိုးနွယ်စုထဲမှမဟုတ်ဘဲ ဂြိုဟ်ပိုင်ရှင်အသစ်ဖြစ်လာသူများမှာ ဤကဲ့သို့ မေးလေ့ရှိကြ‌သည်။

"အရှင်သခင်... ကျွန်တော်တို့စကြဝဠာကြီးက လက်ရှိမှာ အထွေထွေငြိမ်းချမ်းရေးအခြေအနေမှာ ရှိနေပေမဲ့ နဂါးငွေ့တန်း အပါအဝင် နေရာတချို့မှာ ဒေသအလိုက် ပဋိပက္ခတွေ ရှိနေပါသေးတယ်။ ခင်ဗျား ဝယ်ထားတဲ့ဂြိုဟ်က အဆင့်တစ်မျိုးနွယ်စုပဲ ရှိသေးတယ်ဆိုတာကို ခင်ဗျား နားလည်ရပါမယ်။ အဲ့ဒါက အရမ်းအားနည်းလွန်းတယ်လေ"

"ကျွန်တော်တို့က ခင်ဗျားကို တတ်နိုင်သမျှ အကာအကွယ်ပေးမှာပါ။ အဲဒါကြောင့် တခြားမျိုးနွယ်စုတွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေကို ခင်ဗျား စိုးရိမ်စရာမလိုတော့ပါဘူး။ အဲ့ဒီအတွက် ကျွန်တော်တို့က အချိုးကျအခွန်လေးပဲ ကောက်ခံတာပါ။ ဒါက အရမ်းမျှတပါတယ်"

"သြော်... မလိုပါဘူး။ ကျေးဇူးပဲ"

ကျန်းမုန့်လောင်က ပြတ်ပြတ်သားသားငြင်းလိုက်သည်။

"ငါ့ဘာသာ စစ်သင်္ဘောအုပ်စု တည်ဆောက်မှာမို့ ဘယ်လိုအရူးမျိုးနွယ်စုကမှ ငါတို့ကို လာတိုက်ရဲမှာ မဟုတ်ဘူးထင်တယ်။ ဒါကြောင့် မင်းတို့ရဲ့ အကာအကွယ်ကို မလိုအပ်ဘူး"

"အရှင်သခင်... ကျွန်တော်တို့မှာ ခင်ဗျားရဲ့ အချက်အလက်တွေ ရှိပါတယ်။ ခင်ဗျားရဲ့ဂြိုဟ်EV7RYVF54ကို စကြဝဠာမဟာမိတ်အဖွဲ့က အဆင့်တစ်မျိုးနွယ်စုရဲ့ အနိမ့်ဆုံးအဆင့်လို့ သတ်မှတ်ထားပါတယ်။ ခင်ဗျားမှာ စစ်သင်္ဘောအုပ်စုရှိနေရင်တောင် တခြား အဆင့်တစ်မျိုးနွယ်စုတွေကို ယှဉ်နိုင်မှာ မဟုတ်လောက်ဘူး"

"ပြီးတော့ တခြားမျိုးနွယ်စုတွေက ပဋိပက္ခတွေကို တမင်တကာမဖန်တီးဘူးလို့လည်း ကျွန်တော်တို့ အာမမခံနိုင်ပါဘူး။ ဒါကြောင့် ခင်ဗျား သေချာပြန်စဉ်းစားဖို့ မျှော်လင့်ပါတယ်"

ဤစကားမှာ ခြိမ်းခြောက်မှုအနည်းငယ် ပါဝင်နေလေသည်။

နဂါးငွေ့တန်း၏ အကြီးအကဲအနေနှင့်မူ အနည်းငယ်ပိုသန်မာသော အဆင့်တစ် သို့မဟုတ် အဆင့်နှစ်မျိုးနွယ်စုတချို့မှာ အကြီးအကဲကို မျက်နှာလိုမျက်နှာရလုပ်ရန်အတွက် လက်ပါးစေအဖြစ် ကူညီပေးရန်ပင် ဝန်မလေးကြပေ။

"ဒါက ဆက်ကြေးတောင်းနေတာမဟုတ်ဘူးလား"

ကျန်းမုန့်လောင်က ရယ်မောလိုက်၏။

"မင်းတို့ရဲ့အရှင်သခင်ကိုသာ သွားမေးကြည့်လိုက်ပါဦး။ သူ ငါ့ဆီက ဆက်ကြေးတောင်းရဲတဲ့ သတ္တိရှိလားလို့"

"မင်းက ငါတို့နဂါးငွေ့တန်းရဲ့ အရှင်သခင်ကို စိန်ခေါ်ရဲတယ်ပေါ့"

ပုံမှန်အားဖြင့် ဆွေးနွေးမှုများမှာ ဤအဆင့်သို့ရောက်လျှင် ခေါင်းမာသော ဂြိုဟ်ပိုင်ရှင်များပင် လက်လျှော့ကာ အခွန်ပေးဆောင်လေ့ရှိကြသည်။ ကျန်းမုန့်လောင်ကဲ့သို့ လုံးဝလက်မခံဘဲ တိုက်ရိုက်ပြန်လည်တုံ့ပြန်သူမျိုးကို အက်ခ်ဆာ ပထမဆုံးအကြိမ် ကြုံဖူးခြင်းပင်။

"မင်းတို့အရှင်သခင်ကို စိန်ခေါ်တာလားဆိုတော့ ဟုတ်တယ်။ ငါ စိန်ခေါ်နေတာ။ သူ့ကို သွားမေးကြည့်လိုက်။ စကားတစ်ခွန်းတောင်ပြည့်အောင် ဟရဲလားလို့"

ကျန်းမုန့်လောင်က ဆက်ပြောလိုက်သည်။

"ကဲ... ငါ့ဖုန်းက အားကုန်တော့မယ်။ ဖုန်းချလိုက်တော့မယ်"

"ထားလိုက်ပါတော့။ ငါ မရှိတဲ့အချိန် ကမ္ဘာမှာ ဘာပြဿနာမှမတက်အောင် အိုလောရင့်စ်ကို သတိပေးချက်တစ်ခုပို့လိုက်တာ ပိုကောင်းမယ်"

...

"ဘာတွေဖြစ်နေလဲဆိုတာ အခုထိ မသိသေးဘူးလား"

အိုလောရင့်စ်သည် သူ့လက်အောက်ငယ်သားများကို ဒေါသတကြီး ကြည့်လိုက်လေသည်။

"အမြွှာဝေလငါးစကြဝဠာအင်ပါယာက စစ်သင်္ဘောအုပ်စုတစ်စု ငါတို့နဂါးငွေ့တန်းထဲကို ရောက်နေတာတောင် မင်းတို့ ဘာမှမသိကြဘူးလား"

"အရှင်သခင်... အဲ့ဒါက အဆင့်ငါးမျိုးနွယ်စုရဲ့ စစ်သင်္ဘောအုပ်စုပါ။ ကျွန်တော်တို့ရဲ့နည်းပညာနဲ့ ရှာမတွေ့နိုင်တဲ့အတွက်​ ကျွန်တော်တို့ ဘာမှမတတ်နိုင်ပါဘူး"

နဂါးငွေ့တန်းစစ်တပ်၏တပ်မှူးက မျက်နှာငယ်လေးဖြင့် ပြန်ပြောလိုက်သည်။ သူတို့ရှာတွေ့ခဲ့လျှင်ပင် ဘာလုပ်နိုင်မည်နည်း။

"အိုက်ဇက်မျိုးနွယ်စုမှာ ဘာတွေဖြစ်ခဲ့တာလဲ"

"ဘာတွေဖြစ်ခဲ့လဲဆိုတာ မြင်တဲ့သူမရှိပါဘူး။ ဒါပေမဲ့ အဲ့ဒီနေရာမှာကျန်နေခဲ့တဲ့ စွမ်းအင်နှစ်ခုကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ အဲ့ဒီစွမ်းအင်နှစ်ခုလုံးက အဆင့်ခြောက်သက်ရှိရဲ့စံနှုန်းအထိ ရောက်နေပါပြီ"

"အဆင့်ခြောက်သက်ရှိ ဟုတ်လား"

အိုလောရင့်စ်ခမျာ ထိတ်လန့်သွားတော့သည်။ အဆင့်ခြောက်သက်ရှိတစ်ဦးတည်းနှင့်ပင် အမြွှာဝေလငါးစကြဝဠာအင်ပါယာတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်သည်။

အဆင့်ခြောက်သက်ရှိနှစ်ဦးက

သူ့နဂါးငွေ့တန်းထဲမှာ ဘာလာလုပ်ကြလေသလဲ။ ဖျက်ဆီးရေးလုပ်ငန်းများလား။

"အဲ့ဒီလူနဲ့များ ပတ်သက်နေတာလား"

အိုလောရင့်စ်ခမျာ ယခင်က အိုင်ဇက်မျိုးနွယ်စုကို ဝယ်ယူရန် ကြိုးစားခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော ထိုပုဂ္ဂိုလ်အကြောင်း မတွေးဘဲ မနေနိုင်တော့ပေ။

ထိုစဉ် အိုလောရင့်စ်၏ ဉာဏ်ရည်တုစနစ်ထံသို့ နောက်ထပ် ဆက်သွယ်မှုတောင်းဆိုချက်တစ်ခု ရောက်လာသည်။

"သူပဲ"

အိုလောရင့်စ် အချိန်မဆွဲရဲပေ။

"ဟယ်လို.. မစ္စတာကျန်း"

"အိုလောရင့်စ် ကျုပ် အကူအညီတစ်ခုလောက် တောင်းချင်တယ်"

"ဟုတ်ကဲ့။ ပြောပါ"

"မကြာသေးခင်က ကျုပ်အမှတ်စဉ် EV7RYVF54ဂြိုဟ်ကို ဝယ်ခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားလူတွေက ကျုပ်ဆီက အခွန်လာကောက်ချင်နေကြတယ်။ ကျုပ်ဂြိုဟ်ကို ကျုပ်ဘာသာ ကာကွယ်နိုင်တယ်လို့ထင်တာပဲ။ ခင်ဗျားရော ဘယ်လိုထင်လဲ"

"ဘယ်လိုအရူးမျိုးလဲ။ သေချင်နေတာလား"

အိုလောရင့်စ်က စကြဝဠာအဆင့် ဆဲဆိုသံများကို ချက်ချင်းထုတ်လွှတ်လိုက်သည်။ ဤကဲ့သို့သော ထိပ်သီးပုဂ္ဂိုလ်ဆီက အခွန်လာကောက်ရအောင် မည်သူကများ ဤမျှအထိ ဦးနှောက်မရှိရသလဲ။

"စိတ်ချပါ။ ဒီကိစ္စကို ကျွန်တော် အခုချက်ချင်း ကိုင်တွယ်လိုက်ပါ့မယ်"

"ကျေးဇူးအများကြီးတင်ပါတယ်"

ကျန်းမုန့်လောင်က ရယ်မောလိုက်၏။

"မစ္စတာကျန်း ကျွန်တော် တစ်ခုလောက် မေးလို့ရမလား"

"ဘာလဲ"

"အစောတုန်းက အိုင်ဇက်မျိုးနွယ်စုမှာ အဆင့်ခြောက်သက်ရှိနှစ်ယောက်နဲ့ အဆင့်ငါးစစ်သင်္ဘောအုပ်စုတစ်စု ရောက်နေတာကို ကျွန်တော်တို့ တွေ့ခဲ့ပါတယ်။ မမေးသင့်ဘူးဆိုတာ သိပေမဲ့ ကျွန်တော်က ဒီနဂါးငွေ့တန်းရဲ့ အရှင်သခင်ဆိုတော့... ဒါက..."

"သြော်... အဲ့ဒီစစ်သင်္ဘောအုပ်စုက ကျုပ် ခေါ်လိုက်တာပါ။ စီးပွားရေးလူလိမ်တစ်ယောက်က ကျုပ်ကိုဒုက္ခပေးဖို့ ကြိုးစားပြီး သတ်ဖြတ်မယ်ဆိုပြီး အဆင့်ခြောက်သက်ရှိတစ်ယောက်ကို ခေါ်လာလို့။ ကျုပ်ကလည်း သူတို့ကို လက်သီးတစ်ချက်လောက်ထိုးပြီး ​ချေမှုန်းပစ်လိုက်တာ"

"လက်သီးတစ်ချက်တည်းနဲ့ အဆင့်ခြောက်သက်ရှိကို ​ချေမှုန်းလိုက်တာလား"

အမှန်တရားကို သေချာမသိသော်လည်း အဆင့်ငါးမျိုးနွယ်စု၏ စစ်သင်္ဘောအုပ်စုကိုပင် အမိန့်ပေးနိုင်သည်ဆိုခြင်းမှာ သူ့အတွက် ဘောင်းဘီထဲ သေးထွက်ကျမတတ် ကြောက်စရာကောင်းလှပေသည်။

"ပြဿနာရှိလို့လား"

"မရှိပါဘူး.. မရှိပါဘူးဗျ"

အိုလောရင့်စ်ခမျာ ဘာပြဿနာမှ မရှိရဲပေ။ တစ်စုံတစ်ယောက်က အဆင့်ခြောက်သက်ရှိကို လက်သီးဖြင့် ထိုးသတ်ခဲ့သည်ဖြစ်စေ၊ သို့မဟုတ် သူ့မိခင်အရင်းကိုပင် လက်သီးဖြင့် ထိုးသတ်ခဲ့သည်ဖြစ်စေ သူကတော့ ဘာပြဿနာမှ မရှိပါဘူးဟုသာ ပြောပေလိမ့်မည်။

****************

အခန်း ၈၂၇ - ငါက ပုံမှန်မဟုတ်တာတွေကိုမှ သဘောကျတာ

"မစ္စတာကျန်း စိတ်ချပါ.. လူကြီးမင်းဝယ်ထားတဲ့ ဂြိုဟ်တင်မကဘူး။ လူကြီးမင်းရဲ့ သူငယ်ချင်းတွေကို ပေးထားတဲ့ အဆင့်နှစ်မျိုးနွယ်စု ဆယ်ခုလုံးကိုလည်း နောင်အနာဂတ်မှာ အခွန်ပေးဆောင်စရာမလိုအောင် ကျွန်တော်ကိုယ်တိုင် စီစဉ်လိုက်ပါ့မယ်"

အိုလောရင့်စ်ပ ငတုံးမဟုတ်ပေ။ ဤသို့ပြုလုပ်ခြင်းမှာ သူ့အကျိုးအမြတ်တချို့ကို ထိခိုက်စေနိုင်သော်လည်း ရေရှည်အတွက်မူ စင်စစ်ထိုက်တန်သော ရင်းနှီးမှုဖြစ်ကြောင်း နားလည်ပေသည်။ ယခုမူ သူတို့၏မျိုးနွယ်စုတွင် အဆင့်ငါးစစ်သင်္ဘောအုပ်စုကို အမိန့်ပေးနိုင်သူတစ်ဦး ရှိနေပြီဖြစ်ရာ နောင်အနာဂတ်တွင် အမြွှာဝေလငါးစကြဝဠာအင်ပါယာတစ်ခုလုံး၌ မည်သူကများ နဂါးငွေ့တန်းကို လာရောက်နှောင့်ယှက်ရဲတော့မည်နည်း။

"ဒါဆိုရင် ကျေးဇူးအများကြီးတင်ပါတယ် မစ္စတာအိုလောရင့်စ်"

ကျန်းမုန့်လောင်က ဆိုသည်။

"ကျုပ်က အခုကစပြီး နဂါးငွေ့တန်းမှာပဲ အမြဲနေသွားမှာမို့.. တကယ်လို့ နဂါးငွေ့တန်းအတွက် ခြိမ်းခြောက်မှုတစ်ခုခု ရှိလာရင် ကျုပ်ကို ကြိုအကြောင်းကြားပေးပါ"

"ဟုတ်ကဲ့ပါခင်ဗျာ"

အိုလောရင့်စ်၏မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်လာလေသည်။

ဤကဲ့သို့သော ထိပ်သီးပုဂ္ဂိုလ်ကြီးက နဂါးငွေ့တန်းတွင် အမြဲနေထိုင်မည်ဟု ဆိုလာခြင်းမှာ သူ့စစ်သင်္ဘောအုပ်စုကလည်း ဤနေရာမှာပင် အမြဲရှိနေမည်ဟု ဆိုလိုခြင်းပင်။ ၎င်းမှာ နဂါးငွေ့တန်းအတွက် 'အစောင့်အရှောက်နတ်ဘုရား'တစ်ပါး ရရှိလိုက်ခြင်းနှင့်ပင် တူလှချေသည်။

"တစ်ယောက်ယောက် လာခဲ့စမ်း"

အိုလောရင့်စ်ကလည်း ချက်ချင်းအမိန့်ပေးလိုက်၏။

"အရှင်သခင်.. ဘာများလိုအပ်ပါသလဲ"

သူ့လက်အောက်ငယ်သားများမှာ ဘေးနားသို့ ချက်ချင်းရောက်လာကြသည်။

"နဂါးငွေ့တန်းဘက်စုံစီမံခန့်ခွဲရေးရုံးကို သွားလိုက်စမ်း။ အမှတ်စဉ်EV7RYVF54ဂြိုဟ်နဲ့ အိုင်ဇက်မျိုးနွယ်စုနယ်မြေထဲမှာရှိတဲ့ အဆင့် နှစ်မျိုးနွယ်စုဆယ်ခုစလုံးကို ထာဝရအခွန်ကင်းလွတ်ခွင့်ပေးလိုက်ပြီလို့ အကြောင်းကြားလိုက်"

"အရှင်သခင်... ဒါက..."

သူ့လက်အောက်ငယ်သားမှာ အနည်းငယ် တုံ့ဆိုင်းသွားသည်။ နဂါးငွေ့တန်းမှာ အလွန်ကြီးမားသော အဆင့်သုံးမျိုးနွယ်စုမဟုတ်ပေ။ သူ့လက်အောက်တွင် အဆင့်နှစ်မျိုးနွယ်စုတစ်ရာကျော်သာ ရှိ၏။ ဤသည်မှာ နှစ်စဉ်ဝင်ငွေ၏ ဆယ်ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားခြင်းဖြစ်လေရာ ပမာဏအနည်းငယ်မျှ မဟုတ်ပေ။

"ခိုင်းတဲ့အတိုင်းသာ လုပ်စမ်းပါ"

အိုလောရင့်စ်က ပြောလိုက်သည်။

"တစ်နေ့ကျရင် ငါတို့ရဲ့နဂါးငွေ့တန်းမျိုးနွယ်စုက အမြွှာဝေလငါးစကြဝဠာအင်ပါယာ တစ်ခုလုံးမှာ ဘယ်သူမှမထိရဲတဲ့ မျိုးနွယ်စုတစ်ခု ဖြစ်လာနိုင်တယ်"

...

"အာ... ရာသီဥတုက သာယာလိုက်တာ"

အခန်းထဲက ထွက်လာရင်း ကျန်းမုန့်လောင် ကိုယ်လက်အကြောဆန့်လိုက်သည်။

သူသည် ယခုအခါတွင် ကမ္ဘာဂြိုဟ်၏ အချုပ်အခြာအာဏာပိုင်တစ်ယောက် ဖြစ်လာလေပြီ။ စကြဝဠာစင်မြင့်ထက်သို့ တက်လှမ်းစပြုနေပြီဖြစ်သော ဤမျိုးနွယ်စုအတွက် တစ်စုံတစ်ခုဖြည့်ဆည်းပေးရန် လိုအပ်သည်ဟု သူ ခံစားမိသည်။

"ကောထန်... ငါ စစ်သင်္ဘောတစ်စီးလောက် ဝယ်ချင်တယ်။ နည်းလမ်းရှိလား"

"ကျောင်းအုပ်ကြီး... စကြဝဠာအဆင့်စူပါမားကတ်တွေမှာ ခင်ဗျားတွေးမိသမျှ အရာအားလုံးကို ဝယ်လို့ရပါတယ်။ အဆင့်တစ်ကနေ အဆင့်ငါးမျိုးနွယ်စုတွေရဲ့ စစ်သင်္ဘောတွေကိုပါ အဲ့ဒီမှာ ဝယ်လို့ရပါတယ်"

"ဝိုး... ဒါလည်း ငါ့ရဲ့ကိုယ်ပိုင်စီးပွားရေးတစ်ခုပဲပေါ့"

ကျန်းမုန့်လောင်က သူ့ဘဏ်စာရင်းထဲရှိ အမြတ်ဝေစုမှတ်တမ်းများတွင် စကြဝဠာအဆင့် စူပါမားကတ်မှရရှိသော အမြတ်ဝေစုက ထိပ်ဆုံးတွင်ရှိနေကြောင်း အမှတ်ရလိုက်သည်။

"လူကြီးမင်းက လက်ရှိမှာ ရှယ်ယာ၃၇.၃၃ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး တခြားရှယ်ယာရှင်တစ်ယောက်နဲ့အတူ အကြီးဆုံး ရှယ်ယာရှင်ဖြစ်နေတာပါ"

"ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ"

ကျန်းမုန့်လောင်က ဆို၏။

"ရှယ်ယာရှင်တစ်ယောက်အနေနဲ့ စစ်သင်္ဘောဝယ်ဖို့ မခက်ခဲလောက်ပါဘူးနော်.. အဆိုးဆုံးဖြစ်လာရင်လည်း ငါက ပိုက်ဆံပေးဝယ်မှာလေ"

"လူကြီးမင်း... အဲ့ဒီလို မဟုတ်ပါဘူး"

ကောထန်က ​ဆို၏။

"စကြဝဠာမှာ သူ့ဥပဒေနဲ့သူရှိပါတယ်။ လူတိုင်းက စစ်သင်္ဘောတွေကို ဝယ်ခွင့်မရှိပါဘူး"

"ဘာကိုဆိုလိုတာလဲ"

"စဉ်းစားကြည့်လိုက်ပါ။ တကယ်လို့ ဂြိုဟ်တစ်ဂြိုဟ်က အရမ်းချမ်းသာလို့ လူတိုင်းမှာသာ စစ်သင်္ဘောတစ်စီးစီ ရှိနေမယ်ဆိုရင် အဲ့ဒီမျိုးနွယ်စုတစ်ခုလုံး ဖရိုဖရဲဖြစ်ကုန်မှာ မဟုတ်ဘူးလား"

"ဟုတ်သားပဲ"

ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်သည်။ ဥပမာအားဖြင့် ကမ္ဘာမြေပေါ်ရှိ အမေရိကန်နိုင်ငံတွင် နိုင်ငံသားများကို သေနတ်ကိုင်ဆောင်ခွင့်ပေးထားသဖြင့် ပစ်ခတ်မှုများနှင့် အကြမ်းဖက်မှုများ ခဏခဏဖြစ်ပေါ်နေတတ်သည်။

အကယ်၍ မျိုးနွယ်စုတစ်ခုတွင် စစ်သင်္ဘောတပ်ဖွဲ့တစ်ခု ရှိနေသော်လည်း မငြိမ်မသက်မှုများ ဖြစ်ပေါ်လာသည့်အခါ စစ်သင်္ဘော ပိုင်ဆိုင်ထားသူများက ပုန်ကန်ကြမည်ဆိုလျှင် ထိုမျိုးနွယ်စုအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာပေလိမ့်မည်။

"စကြဝဠာမဟာမိတ်အဖွဲ့ရဲ့ ဥပဒေအရ အဆင့်တစ်မျိုးနွယ်စုတွေကို စံနှုန်းမီစစ်သင်္ဘောတပ်ဖွဲ့တွေ တည်ဆောက်ခွင့် မပြုထားပါဘူး။ အများဆုံးအနေနဲ့ သင်္ဘော အစီးရေတစ်ရာထက်မပိုတဲ့ ခုခံရေးသင်္ဘောတပ်ဖွဲ့တစ်ခုကိုပဲ ပိုင်ဆိုင်ခွင့်ရှိတာပါ"

စံနှုန်းမီစစ်သင်္ဘောတပ်ဖွဲ့တစ်ခု၏ အဓိပ္ပာယ်မှာ ဥပမာအားဖြင့် အဆင့်နှစ်အခြေခံမျိုးနွယ်စုတစ်ခုတွင် အဆင့်နှစ်အခြေခံစစ်သင်္ဘော အစီးတစ်ထောင်၊ အဆင့်နှစ်အလယ်အလတ်စစ်သင်္ဘောဆယ်စီးနှင့် အဆင့်နှစ်အဆင့်မြင့်ကွပ်ကဲရေးသင်္ဘောတစ်စီး စသဖြင့် ပါဝင်ရမည်ဖြစ်၏။

အဆင့်ငါးမျိုးနွယ်စုများသာလျှင် သူတို့၏စစ်အင်အားနှင့် အာကာသယာဉ်တပ်ဖွဲ့များကို ကန့်သတ်ချက်မရှိ တိုးချဲ့ခွင့်ရှိကြသည်။ အခြားအဆင့်မျိုးနွယ်စုများမှာမူ သူတို့၏ သက်ဆိုင်ရာအဆင့်အလိုက် စံနှုန်းမီ စစ်သင်္ဘောတပ်ဖွဲ့ဆယ်ခုထက်ပို၍ ပိုင်ဆိုင်ခွင့်မရှိပေ။

"လူကြီးမင်း... လူကြီးမင်းမှာ မရေမတွက်နိုင်အောင်ချမ်းသာတဲ့ ဥစ္စာဓနတွေ ရှိနေပေမဲ့ အခုလက်ရှိမှာ အဆင့်တစ်အခြေခံမျိုးနွယ်စုရဲ့ အရှင်သခင်တစ်ယောက်ပဲ ရှိပါသေးတယ်။ အဲဒါကြောင့် လူကြီးမင်းအနေနဲ့ ဘယ်တရားဝင်လမ်းကြောင်းကဝယ်ဝယ်၊ အဆင့်တစ်အဆင့်မြင့်မျိုးနွယ်စုထက် မပိုတဲ့ စစ်သင်္ဘောအစင်းတစ်ရာကိုပဲ ဝယ်ယူခွင့်ရှိမှာပါ"

"သောက်ကျိုးနည်း.. ဒါ ဘယ်လိုသောက်သုံးမကျတဲ့ စည်းကမ်းတွေလဲ"

ကျန်းမုန့်လောင်ခမျာ ဆွံ့အသွားလေသည်။

"ငါကတော့ ဝယ်မှာပဲ။ ဘယ်သူ ငါ့ကိုလာတားရဲလို့လဲ"

"အဲ့ဒီလိုပြောမယ်ဆိုရင်တော့ ဘယ်သူမှ မတားရဲတာ အမှန်ပါပဲ"

ကောထန်က ဆိုလာချေသည်။

"ဒါပေမဲ့ ပစ္စည်းရောင်းတဲ့လူတွေကလည်း စကြဝဠာဥပဒေတွေကို လိုက်နာကြရပါတယ်။ လူကြီးမင်းက စကြဝဠာမဟာမိတ်အဖွဲ့ကို အဲ့ဒီဥပဒေပြင်ခိုင်းနိုင်ရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ အဲ့ဒီဥပဒေထုတ်ထားတဲ့ လူတွေကို လိုက်ရိုက်ရုံနဲ့တော့ မရပါဘူး"

"တော်တော်ဒုက္ခများတာပဲ"

ကျန်းမုန့်လောင်သည် လက်ရှိတွင် အဆင့်ခြောက်သက်ရှိတစ်ဦး၏ စွမ်းအားကိုသာ အသုံးပြုနိုင်သေးသည်။ အကယ်၍ ပြဿနာကြီးကြီးမားမား ဖြစ်လာပါက သူ့ဘိုးဘေးများကို ချက်ချင်းအကူအညီ လှမ်းတောင်းရန်မှာလည်း မလွယ်ကူပေ။

"ဒါဆိုရင် ငါတို့ ဘာလုပ်သင့်လဲ"

"ကျွန်တော် ပြောသားပဲ။ ပုံမှန်နည်းလမ်းနဲ့ မရရင် တခြားနည်းလမ်းတွေ ရှိပါသေးတယ်"

ကောထန်က ပြောလိုက်လေ၏။

"အလင်းရှိတဲ့နေရာတိုင်းမှာ အမှောင်ဆိုတာ ရှိစမြဲပါ.. လူကြီးမင်းမှာ ပိုက်ဆံသာရှိမယ်ဆိုရင် မဖြစ်နိုင်တာ ဘာမှမရှိပါဘူး"

"မင်းပြောချင်တာက တရားမဝင်လမ်းကြောင်းကတစ်ဆင့် လုပ်ဖို့လား"

"ဟုတ်တာပေါ့"

ကောထန်က ထောက်ခံလိုက်သည်။

"လူကြီးမင်း စစ်သင်္ဘောတပ်ဖွဲ့တစ်ခုကို ဝယ်မယ်ဆိုရင် လူကြီးမင်းရဲ့မျိုးနွယ်စုနဲ့ ချိတ်ဆက်ထားဖို့ လိုပါတယ်။ ဒါပေမဲ့ အဲ့ဒီ စစ်သင်္ဘောတပ်ဖွဲ့ကို ဘယ်လိုသုံးမလဲဆိုတာကိုတော့ ဘယ်သူမှ ကန့်သတ်ထားတာ မရှိပါဘူး။ ဒီနေရာမှာလာစစ်ဆေးမယ့် ယာဉ်ထိန်းရဲလည်း မရှိဘူးလေ"

"အဓိပ္ပါယ်ရှိသားပဲ"

"လူကြီးမင်းအနေနဲ့ တခြားမျိုးနွယ်စုတွေနဲ့ ချိတ်ဆက်ပြီးသားဖြစ်နေတဲ့ သင်္ဘောတွေကို တခြားလမ်းကြောင်းတွေကတစ်ဆင့် ဝယ်ယူဖို့ပဲလိုတာပါ"

"ဒါဆိုရင် ငါက အဆင့်ငါးမျိုးနွယ်စုတွေကို လိုက်ရှာရမှာလား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

သူနားလည်ထားသလောက်ဆိုလျှင် ထိုသို့ပြုလုပ်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။ အမြွှာဝေလငါးစကြဝဠာအင်ပါယာဆိုသည်မှာ အလွန်သာမန်ဆန်သော အဆင့်ငါးအခြေခံမျိုးနွယ်စုတစ်ခုသာ ဖြစ်၏။ သူတို့မှာ အလွန်ချမ်းသာသူများ မဟုတ်ကြသဖြင့် စစ်သင်္ဘောအပိုအလျှံများရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။

"အဲ့ဒီလောက်အထိ မခက်ခဲပါဘူး"

ကောထန်က ​ဆိုချေသည်။

"လူကြီးမင်း အဆင့်ငါးမျိုးနွယ်စုကို သွားရှာရင်တောင် အော်ဒါတင်ပြီး ပစ္စည်းရဖို့အတွက် အချိန်တွေအများကြီး စောင့်ရပါလိမ့်မယ်"

"ဒီထက်ပိုလွယ်တဲ့ နည်းလမ်းရှိသေးလို့လား"

"လူကြီးမင်း... 'အခွံသက်သက် ကုမ္ပဏီ'တွေအကြောင်း ကြားဖူးလား"

"ကြားဖူးတာပေါ့"

ကျန်းမုန့်လောင်က ပြန်ဖြေသည်။

"အခွန်ရှောင်ဖို့အတွက် နည်းလမ်းအမျိုးမျိုးနဲ့ လိမ်ညာထားတဲ့ ကုမ္ပဏီတွေကို ပြောတာ မဟုတ်လား"

"စကြဝဠာထဲမှာလည်း 'အခွံသက်သက် မျိုးနွယ်စု'တွေ အများကြီးရှိပါတယ်။ ဘာလို့လဲဆိုတော့ စကြဝဠာဘေးအန္တရာယ် တချို့ကြောင့် မျိုးနွယ်စုတွေ ပျက်သုဉ်းသွားတတ်လို့ပါ။ အဲ့ဒီမှာ သက်ရှိတွေမရှိတော့ပေမဲ့ စကြဝဠာမဟာမိတ်အဖွဲ့ထဲမှာတော့ အဲ့ဒီမျိုးနွယ်စုတွေက ရှိနေတုန်းပါ။ တချို့လူတွေက အဲ့ဒီအခွံသက်သက်မျိုးနွယ်စုတွေကို အသုံးပြုပြီး စစ်သင်္ဘောတွေ ကျွန်တွေကို လက်ကျန်ပစ္စည်းအနေနဲ့ ရောင်းဝယ်ဖောက်ကားနေကြတာပါ"

"ဒါက မှောင်ခိုဈေးတစ်ခုလို ဖြစ်နေတာပေါ့"

"မှောင်ခိုဈေးနဲ့ သိပ်မခြားပါဘူး"

ကောထန်က ဆိုလေ၏။

"စကြဝဠာမဟာမိတ်အဖွဲ့က အမြဲနှိမ်နင်းဖို့ ကြိုးစားနေပေမဲ့ သူတို့က ဘယ်တော့မှ ပျောက်ကွယ်မသွားပါဘူး။ အမှန်အတိုင်း ပြောရရင် နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ သူတို့ရဲ့အင်အားနဲ့ ဥစ္စာဓနတွေက တစ်ဖက်ကကြည့်ရင် စကြဝဠာမဟာမိတ်အဖွဲ့ကိုတောင် ယှဉ်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်"

"ဒါဆို အခု ငါတို့က မှောင်ခိုဈေးကို ရှာရမှာပေါ့။ ဘယ်နားမှာလဲ"

"ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ"

ကောထန်က ဆိုလာလေသည်။

"မှောင်ခိုဈေးတွေက အမြဲနေရာရွှေ့နေတာ။ မဟုတ်ရင် စကြဝဠာမဟာမိတ်အဖွဲ့ဆီမှာ အဖမ်းခံရဖို့ ထိုင်စောင့်နေရမှာလား။ လမ်းဘေးဈေးသည်တွေ စည်ပင်ကိုမြင်ရင် ထွက်ပြေးကြတာ မြင်ဖူးတယ်မလား"

"မင်းဟာကလည်း... ဘာမှမပြောတာမှ တော်ဦးမယ်"

"အစ်ကိုကျန်း"

ထိုစဉ်မှာပင် အာကာသယာဉ်တစ်စီး ဆင်းသက်လာပြီး အိုင်ရင်းက ယာဉ်ပေါ်မှ စိတ်လှုပ်ရှားစွာဖြင့် ဆင်းလာလေသည်။

"ဘာဖြစ်လို့လဲ။ ဘာတွေများ အဲဒီလောက်တောင် ပျော်နေရတာလဲ"

ကျန်းမုန့်လောင်က ရယ်မောလျက် မေးလိုက်သည်။

"အစ်ကို အချိန်ရလား"

အိုင်ရင်းက မေးလိုက်သည်။

"ကျွန်တော် အစ်ကို့ကို အမြင်ကျယ်သွားအောင် လိုက်ပြမလို့"

အိုင်ရင်းသည် ကျန်းမုန့်လောင်ကို လူချမ်းသာတစ်ဦးဖြစ်ကြောင်း သိထားသော်လည်း သူ့အပြုအမူနှင့် အပြောအဆိုများအရ အဆင့်နှစ်မျိုးနွယ်စုများကိုပင် အသစ်အဆန်းနှယ် မြင်နေသူဖြစ်ကြောင်း ရိပ်မိထားသည်။

ထို့ကြောင့် ကျန်းမုန့်လောင်မှာ ဘိုးဘေးများထံမှ အမွေအနှစ်များကို ရုတ်တရက်ရရှိလိုက်သော တောသားတစ်ယောက်ဖြစ်ပြီး အတွေ့အကြုံများစွာ လိုအပ်နေသေးသည်ဟု သူ ယူဆထားသည်။

"အချိန်တော့ရှိပါတယ်။ မင်း ငါ့ကို ဘာတွေလိုက်ပြချင်လို့လဲ"

"ဟဲဟဲ"

အိုင်ရင်းက စိန်ဖြင့်ပြုလုပ်ထားဟန်တူသော လက်ဖဝါးအရွယ်အစားပင် မရှိသည့် စက်ဝိုင်းပုံအပြားလေးနှစ်ခုကို ထုတ်လိုက်သည်။

"အစ်ကို့ကို နေရာကောင်းတစ်ခုဆီ ခေါ်သွားမလို့ပါ"

"အဲ့ဒီနေရာက တရားဝင်နေရာလား"

ကျန်းမုန့်လောင်က လွှတ်ခနဲမေးလိုက်မိသည်။

"ငါက တရားမဝင် ပုံမှန်မဟုတ်တဲ့အရာတွေကိုမှ ပိုသဘောကျတာ"

******************

အခန်း ၈၂၈ : အဖေခေါ်ချင်လို့

"ဒီတစ်ခါတော့ သိပ်ပြီးတရားဝင်မဟုတ်တဲ့ ကိစ္စတစ်ခုကို သွားကြည့်ရအောင်"

အိုင်းရင်း၏ မျက်နှာထက်တွင် ဖော်ပြရခက်သော အမူအရာတစ်ခု ပေါ်လာလေသည်။

"ဝိုး... စကြဝဠာမျိုးနွယ်စုတွေမှာတောင် ဒီလိုလုပ်ငန်းမျိုးတွေ ရှိတာလား"

ကျန်းမုန့်လောင်၏ အမူအရာကား အိုင်းရင်းနှင့် တစ်ထပ်တည်းတူညီနေပေသည်။

"အဲ့ဒီမှာ နတ်သူငယ်မလေးတွေရော ရှိလား"

"ရှိတာပေါ့... ပိုက်ဆံသာ လုံလုံလောက်လောက်ရှိမယ်ဆိုရင် နတ်သူငယ်မလေးတွေတင်မကဘူး... နတ်သူငယ်တော်ဝင်မျိုးနွယ်စုထဲက ကောင်မလေးတွေကိုတောင် ရနိုင်တယ်"

"အဲဒီလောက်တောင် ရင်ခုန်ဖို့ကောင်းတာလား"

ကျန်းမုန့်လောင်မှာ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။

"ဒါပေမဲ့ လုံခြုံရေးကရော စိတ်ချရရဲ့လား"

"ဒီလိုကိစ္စမျိုးတွေမှာ အန္တရာယ်ဆိုတာကတော့ အနည်းနဲ့အများ ရှိစမြဲပါပဲ... ဒါပေမဲ့ လူတွေအများကြီးလာကြမှာဆိုတော့ ပွဲစီစဉ်သူတွေဘက်ကလည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ အကုန်လုပ်ထားပြီးသားပါ"

"လူတွေအများကြီးလား"

ကျန်းမုန့်လောင်ခမျာ ရုတ်တရက် ခေါင်းရှုပ်သွားရသည်။ ပွဲစီစဉ်သူများပင် ရှိသေးသတဲ့လား။ စကြဝဠာမျိုးနွယ်စုကြီးက ဤလုပ်ငန်းမျိုးကို ပွင့်ပွင့်လင်းလင်း ခွင့်ပြုထားကြလေသလား။ အုပ်စုလိုက်လှုပ်ရှားမှုများ ရှိရုံသာမက စပွန်ဆာများပင် ပါသေးသည်။

"ခဏနေဦး... မင်းက ဘာကိုပြောတာလဲ"

"စကြဝဠာမြေအောက်ပြပွဲကြီးအကြောင်း ပြောနေတာလေ။ အစ်ကိုပြောနေတာလည်း ဒါပဲမဟုတ်ဘူးလား"

အိုင်းရင်းက စပ်စုချင်လေဟန် အမူအရာဖြင့် မေးလိုက်သည်။

"ငါ... အဟမ်း"

ကျန်းမုန့်လောင်ခမျာ နေရခက်သွားသဖြင့် ချောင်းတစ်ချက်ဟန့်ပြီး စိတ်ထဲ၌တွေးလိုက်မိသည်။

"ငါက အကုန်အဆင်သင့်ဖြစ်နေပြီ။ မင်းကအခုမှ ဒီလိုလာပြောနေတာလား"

သူသည် စကြဝဠာမျိုးနွယ်စုကြီး၏ တတိယတန်းစား အပျော်အပါးလုပ်ငန်းတစ်ခုခုများလားဟု ထင်ခဲ့မိခြင်းပင်။

"ငါပြောနေတာလည်း ဒီပြပွဲအကြောင်းပါပဲ"

"ဒီပြပွဲအကြောင်း သိတဲ့သူသိပ်မရှိဘူး။ အစ်ကိုက ဘယ်လိုလုပ်သိတာလဲ"

အိုင်းရင်းကမူ ကျန်းမုန့်လောင် ဘာမှမသိဘူးဟုသာ ထင်ထားခဲ့သည်။

"သတင်းသဲ့သဲ့ကြားထားရုံပါ"

ကျန်းမုန့်လောင်မှာ စကားလမ်းကြောင်းလွှဲလိုက်၏။ အမှန်တကယ်တော့ သူလည်း ဤအကြောင်းကို ကောင်းကောင်းသိထားသည်တော့ မဟုတ်ပေ။

"မင်းပဲ ငါ့ကို သေချာရှင်းပြပေးပါဦး"

"တကယ်တော့ သိပ်မရှုပ်ပါဘူး။ ပုံမှန်မှောင်ခိုဈေးကွက်ပါပဲ။ ဒါပေမဲ့ အခမ်းအနားကတော့ အကြီးကြီးပေါ့"

အိုင်းရင်းက ရှင်းပြလိုက်သည်။

"ဒီတစ်ခေါက် ပြပွဲအကျယ်အဝန်းက ဘေးပတ်ဝန်းကျင်က အဆင့်ငါးမျိုးနွယ်စုပေါင်း ၁၂၇အထိတောင် လွှမ်းခြုံထားတာ။ ကိုယ်ပိုင်အာကာသယာဉ်တွေနဲ့ စစ်သင်္ဘောတွေကို ဝယ်လို့ရရုံတင်မကဘူး။ ကျွန်တွေကိုပါ ဝယ်လို့ရသေးတယ်။ ခုနက အစ်ကိုပြောတဲ့ နတ်သူငယ်မလေးတွေကို ကျွန်အဖြစ် ဝယ်လို့ရသလိုမျိုးပေါ့"

"ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... ငါကလည်း အဲ့ဒါကိုပြောတာ"

"ဟားဟားဟား... အစ်ကိုကျန်း... ခင်ဗျားကလည်း ကျွန်တော်တို့လိုပဲကိုး။ ဒါပေမဲ့ နတ်သူငယ်မလေးတွေက ဈေးမပေါဘူးနော်။ ပညာတတ်နတ်သူငယ်ကျွန်တွေဆိုရင် တော်တော်ဈေးကြီးပေးရတာ"

အိုင်းရင်း ဆက်ပြောလိုက်၏။

"နတ်သူငယ်မျိုးနွယ်စုတွေက သူတို့လူတွေအပေါ် တော်တော်အကာအကွယ်ပေးတတ်ကြတယ်။ တစ်ယောက်ယောက်ကများ သူတို့မျိုးနွယ်ကို ကျွန်အဖြစ် ခိုင်းစေနေမှန်းသိသွားရင် သူတို့တွေ ရူးမတတ်ဒေါသထွက်ကြမှာ"

"ခုနက မင်းပြောတော့ စစ်သင်္ဘောတွေပါ ရနိုင်တယ်ဆို"

"ဟဲဟဲ... အဲ့ဒါကတော့ အစ်ကိုမသိလောက်တဲ့ကိစ္စပဲ"

အိုင်းရင်းက စကြဝဠာမဟာမိတ်အဖွဲ့၏ အာကာသတပ်ဖွဲ့များနှင့် ပတ်သက်သော စည်းမျဉ်းစည်းကမ်းများကို ရှင်းပြလိုက်သည်။

"တကယ်လို့ ကိုယ်ပိုင်လက်နက်တပ်ဆင်ထားတဲ့ အာကာသတပ်ဖွဲ့တစ်ခုကို ဝယ်ချင်တယ်ဆိုရင်တော့ မြေအောက်ပြပွဲက အကောင်းဆုံးရွေးချယ်မှုပဲ။ ပိုက်ဆံသာရှိရင် ထိပ်ဆုံးအဆင့်ငါးမျိုးနွယ်စုစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ တပ်ဖွဲ့တစ်ခုကိုတောင် ရနိုင်သေးတယ်"

"နောက်ထပ်ဘာတွေရှိသေးလဲ"

"သက်တော်စောင့်တွေလည်း ရှိသေးတယ်။ ဒါပေမဲ့ သူက အငှားစနစ်နဲ့မဟုတ်ဘဲ အပြီးအပိုင်ဝယ်ရတာ။ ပြောရရင်တော့ သူတို့လည်း ကျွန်တစ်မျိုးပါပဲ"

အိုင်းရင်းက ရှင်းပြလိုက်၏။

"ဒီလောက်ကြီးတဲ့ မြေအောက်ပြပွဲကြီးဆိုတာ နှစ်တစ်သောင်းနေမှ တစ်ကြိမ်ပဲ ကျင်းပတာ။ ကျွန်တော့်အဖေတောင် တစ်ခါမှ မတက်ဖူးဘူး။ ဘယ်ပြောလို့ရမလဲ။ အဆင့်ငါးသက်ရှိအဆင့်ကိုတောင်ကျော်နေတဲ့ ကျွန်တွေကိုပါ တွေ့ရနိုင်တာပဲ"

"သြော်... ဒီပြပွဲရဲ့လေလံပွဲမှာ အဆင့်ခြောက် ဒါမှမဟုတ် အဲ့ဒီထက်ပိုမြင့်တဲ့ သိုင်းလက်နက်တွေနဲ့ နိယာမလက်နက်တွေတောင် ပါလာနိုင်တယ်လို့ ကြားထားတယ်။ ဒါက အရမ်းကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးတစ်ပွဲ ဖြစ်လာတော့မှာပဲ"

"ဝိုး... လက်မှတ်ခက တော်တော်ဈေးကြီးမှာပေါ့နော်"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"သေချာပေါက်ဈေးကြီးတာပေါ့"

အိုင်းရင်းခမျာ အနည်းငယ်ရှက်ရွံ့လေဟန်ဖြင့် ပြောလိုက်၏။

"အဆင့်နှစ်မျိုးနွယ်စုက သူငယ်ချင်းတချို့ဆီက ဈေးကြီးပေးပြီး ရလာတာလေ။ အဲ့ဒါကို ဖွံ့ဖြိုးပြီးဂြိုဟ်ဆယ်လုံးနဲ့ လဲလိုက်ရတာ"

"ဒီလက်မှတ်က အရမ်းဈေးကြီးတာပဲ"

ကျန်းမုန့်လောင်မှာ အံ့ဩသွားလေတော့သည်။ ဖွံ့ဖြိုးပြီးဂြိုဟ်ဆယ်လုံးဆိုလျှင် စကြဝဠာဒင်္ဂါး၁.၈သန်းခန့် တန်ကြေးရှိနိုင်ကြောင်း တွေးမိလိုက်၏။

"အဲ့ဒီအတွက် ငါပြန်ရှင်းပေးပါ့မယ်"

ကျန်းမုန့်လောင်က အိုင်းရင်း၏ အကောင့်ထဲသို့ စကြဝဠာဒင်္ဂါးငါးသန်းတိတိ လွှဲပေးလိုက်သည်။

"မင်းကို ငါဒကာခံတယ်လို့ပဲ သဘောထားလိုက်"

ကျန်းမုန့်လောင်က ချမ်းသာကြွယ်ဝကြောင်း အိုင်းရင်းသိထားပြီးဖြစ်လေရာ ထိုစကြဝဠာဒင်္ဂါးငါးသန်းမှာ သူ့အမြင်တွင် ဘာမှမပြောပလောက်ပေ။ ကျန်းမုန့်လောင်၏ မျက်နှာထက်ရှိ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်တကြီးဖြစ်နေလေဟန် အမူအရာများကို ကြည့်ရုံမျှဖြင့် ဤပွဲကြီးကို သူ မည်မျှမျှော်လင့်စောင့်စားနေကြောင်း သိသာလှသည်။

ထိုခရီးစဉ်က တစ်ပြားတစ်ချပ်မှ အမြတ်မထွက်ဘူးဆိုလျှင်ပင် ဤအပေးအယူက အမြတ်အစွန်းကြီးတစ်ခုဟု သူခံစားနေရသည်။

အထူးသဖြင့် သူကိုယ်တိုင်က အနည်းဆုံး စကြဝဠာဒင်္ဂါး လေးသန်းခန့် အမြတ်ထွက်နေချေပြီ။

"လူချမ်းသာတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ရတာ အရမ်းပျော်ဖို့ကောင်းတာပဲ"

"ဒီပြပွဲကြီးက ဘယ်တော့စမှာလဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"နောက်ထပ်စကြဝဠာနေ့ဆယ့်ငါးရက်လောက်နေရင် စမှာပါ"

အိုင်းရင်းက ပြန်ဖြေလိုက်၏။

"ကျွန်တော်တို့နဲ့ အလင်းနှစ်၄.၇ဘီလီယံဝေးတဲ့ ကြယ်ငါးမန်းစကြဝဠာအင်ပါယာထဲမှာလေ"

"အဲ့လောက်တောင် ဝေးတာလား"

"တော်တော်ဝေးတယ်ဆိုပေမဲ့ အချိန်မီမရောက်မှာတော့ စိတ်ပူစရာမလိုပါဘူး"

အိုင်းရင်းက ပြောလိုက်သည်။

"ပြပွဲကြီးတစ်ခုလုံးက စကြဝဠာနှစ်တစ်နှစ်တိတိ ကျင်းပမှာဆိုတော့ အာကာသဖြတ်လမ်းဂိတ်တွေကတစ်ဆင့် သွားလို့ရပါတယ်"

"အဲ့ဒါက ဘာကြီးလဲ"

"အဲဒါက လူလုပ်တွင်းနက်ကြီးတစ်ခုပါပဲ"

အိုင်းရင်းက ရှင်းပြလိုက်၏။

"အဆင့်ငါးမျိုးနွယ်စုတိုင်းလိုလိုမှာ ဒီလိုအရပ်ဘက်သုံးအာကာသဖြတ်လမ်းအကြီးစားတွေ ရှိတတ်ကြတယ်။ ကျွန်တော်တို့ ဒီကနေ နဂါးငွေ့တန်းရဲ့ဗဟိုချက်ကိုသွားပြီး အမြွှာဝေလငါးစကြဝဠာအင်ပါယာရဲ့ အာကာသဖြတ်လမ်းဂိတ်ကိုသွားတဲ့ ပုံမှန်အမြန်ယာဉ်လိုင်းတွေကို စီးသွားမယ်ဆိုရင် အများဆုံး စကြဝဠာရက်သုံးဆယ်အတွင်း ရောက်နိုင်ပါတယ်"

"အဲ့ဒါလည်း ကြာလွန်းတယ်။ တခြားနည်းလမ်း မရှိတော့ဘူးလား"

"ရှိတာပေါ့"

အိုင်းရင်းက ပြောလိုက်သည်။

"တကယ်လို့ အစ်ကို့ဆီမှာ E3အဆင့် ဒါမှမဟုတ် အဲ့ဒီထက်ပိုမြင့်တဲ့ စူပါအာကာသယာဉ်သာ ရှိမယ်ဆိုရင် အာကာသဖြတ်လမ်းဂိတ်ကို မသုံးဘဲနဲ့တောင် အများဆုံး စကြဝဠာသုံးရက်အတွင်း ရောက်နိုင်ပါတယ်"

"E3အဆင့်ဆိုတာက ဘာကြီးလဲ"

"အဲ့ဒါက အဆင့်မြင့်အဆင့်ငါးမျိုးနွယ်စုတစ်ခုရဲ့ စံသတ်မှတ်ချက်ဝင် အာကာသယာဉ်တစ်စီးရဲ့ ပျံသန်းမှုအမြန်နှုန်းပါ"

"ဒါနဲ့ စကားမစပ်..."

ကျန်းမုန့်လောင်မှာ သူမှာယူထားသော အာကာသယာဉ်ကြီး မကြာခင်ရောက်လာတော့မည်ဖြစ်ကြောင်း ရုတ်တရက် သတိရသွားသည်။

သူသည် လန်းစလော့ကုမ္ပဏီ၏အက်ပ်ကို ဖွင့်ပြီး ကုန်ပစ္စည်းပို့ဆောင်မှုအခြေအနေကို စစ်ဆေးကြည့်လိုက်၏။

"ဝူးဟူး... နဂါးငွေ့တန်းထဲတောင် ရောက်နေပြီပဲ။ တော်တော်မြန်တယ်‌ရော်"

ဤအရှိန်နှင့်ဆိုလျှင် နှစ်နာရီအတွင်း ပို့ဆောင်ပေးနိုင်လိမ့်မည်။

နှစ်ရက်ပင်မပြည့်သေးချေ။ ဤမျှမြန်ဆန်လှသော ထောက်ပံ့ပို့ဆောင်ရေးစနစ်မျိုးသာ ကမ္ဘာမြေပေါ်တွင် ရှိလျှင် ရွှင်းဖုန်း၊ ရှန့်သုန်းနှင့် ယွမ်သုန်းတို့ကဲ့သို့သော ကုမ္ပဏီကြီးများပင် ချက်ချင်းဒေဝါလီခံသွားရလိမ့်မည်။

"ကျွန်တော် အာကာသဖြတ်လမ်းဂိတ်အတွက် စီစဉ်လိုက်ဦးမယ်"

အိုင်းရင်းက ပြောလိုက်သည်။

"မလိုပါဘူး"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ငါ တလောတုန်းက အာကာသယာဉ်တစ်စီး မှာထားတယ်။ အဲ့ဒီယာဉ်ရဲ့ အမြန်နှုန်းက E3အဆင့်ကို ရောက်နိုင်မယ်ထင်တယ်။ ငါတို့ဘာသာပဲ မောင်းသွားကြတာပေါ့"

"အစ်ကို အာကာသယာဉ် ဝယ်လိုက်တာလား"

"လာ လာ... ဆိပ်ကမ်းမှာ ပစ္စည်းသွားရွေးရအောင်။ ငါနဲ့လိုက်ခဲ့"

အာကာသယာဉ်များကို ဂြိုဟ်၏အတွင်းပိုင်းအထိ ပို့ဆောင်လေ့မရှိသောကြောင့် အိုင်ဇက်မျိုးနွယ်စု၏ ဆင်ခြေဖုံးရပ်ကွက်တွင် ဤကဲ့သို့သောပစ္စည်းကြီးများကို ကိုင်တွယ်ရန်အတွက် အထူးသီးသန့်အသုံးချနေသည့် ကုန်တင်ကုန်ချဆိပ်ကမ်းကြီးတစ်ခု ရှိနေပေသည်။

ကုန်တင်ကုန်ချဆိပ်ကမ်းကြီးမှာ အလွန်စည်ကားသိုက်မြိုက်နေပြီး အိုင်ဇက်မျိုးနွယ်စုရှိ ကုမ္ပဏီအများစုက ကုန်ပစ္စည်းများကို အတင်အချလုပ်နေကြသည်။ ထို့ပြင် အိုင်ဇက်မျိုးနွယ်စုမှ ချမ်းသာကြွယ်ဝသူတချို့ကလည်း အာကာသယာဉ်အရောင်းအဝယ်ကိစ္စများကို ပြုလုပ်နေကြသည်မှာ အထင်အရှားပင်။

"ငါ့မိသားစုထဲက လူကြီးတွေပေးတဲ့ အရွယ်ရောက်အထိမ်းအမှတ်လက်ဆောင်လေးက ဘယ်လိုနေလဲ။ BYDမျိုးနွယ်စုရဲ့ ဘိုရီစီးရီး အာကာသယာဉ်လေးက B2အဆင့် စွမ်းအင်နဲ့နော်"

"ဝိုး... ဈေးမပေါဘူးမလား"

"ရပါတယ်။ ဂလက်ဆီငွေကြေး သုံးသန်းလောက်ပါပဲ။ ငါသာ နှဂါးငွေ့တန်းဗဟိုအကယ်ဒမီကို ဝင်ခွင့်ရမယ်ဆိုရင် ဒီထက်ပိုကောင်းတာတစ်ခု လက်ဆောင်ပေးမယ်လို့ အဖေကပြောထားတယ်"

"ကျစ် ကျစ် ကျစ်... ဘိုရိီ၇စီးရီးပါလား"

အိုင်းရင်းမှာမူ ထိုလူငယ်ကို အားကျလေဟန်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"အရင်တုန်းက ကျွန်တော်လည်း ဒါမျိုးတစ်စီးလောက် လိုချင်ခဲ့တာ။ ဒါပေမဲ့ ဈေးအရမ်းကြီးလွန်းလို့"

"ဟားဟားဟား... အခုကျတော့ မင်းလိုချင်သလောက်ဝယ်နိုင်တဲ့ အနေအထားမျိုး ရောက်နေပြီမဟုတ်ဘူးလား"

"ဒါနဲ့ အစ်ကို ဘယ်ကုမ္ပဏီရဲ့ အာကာသယာဉ်ကို ဝယ်လိုက်တာလဲ။"

အိုင်းရင်းက မေးလိုက်၏။

"ဟိုဟာက ဘာကြီးလဲ"

"တော်တော်ကြီးတဲ့ သယ်ယူပို့ဆောင်ရေးယာဉ်ကြီးပါလား"

"မဟုတ်ဘူး။ အဲ့ဒါက ပုံမှန်သယ်ယူပို့ဆောင်ရေးယာဉ်မဟုတ်ဘူး။ အာကာသယာဉ်တွေကို သယ်ဆောင်ဖို့ သီးသန့်ထုတ်လုပ်ထားတာ"

"အဲ့ဒီလိုဂိုကြီးကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ"

"လန်းစလော့... အဲ့ဒါက လန်းစလော့ကုမ္ပဏီရဲ့ လိုဂိုကြီး... သူတို့က စကြဝဠာထဲမှာ အကောင်းဆုံးစူပါအာကာသယာဉ် ကုမ္ပဏီကြီးလေ။ ဒီနေရာမှာ လန်းစလော့ကုမ္ပဏီရဲ့ စူပါအာကာသယာဉ်ကို ဝယ်နိုင်တဲ့လူ ရှိနေတာလား"

"အဲ့ဒါ အရှင်သခင် မှာထားတာပဲဖြစ်ရမယ်။ ဒီနေရာမှာ အရှင်သခင်ကလွဲရင် ဘယ်သူကများ ဒီလောက်ဈေးကြီးတဲ့ အာကာသယာဉ်ကို ဝယ်နိုင်မှာလဲ"

"ကြည့်လိုက်... ရောက်လာပြီ"

ကျန်းမုန့်လောင်က ကောင်းကင်ယံသို့ လက်ညှိုးထိုးပြလိုက်သည်။

အာကာသယာဉ်ကြီးမှာ ဆိပ်ကမ်းတွင် တဖြည်းဖြည်းဆင်းသက်လာပြီး ကုန်ပစ္စည်းအခန်းတံခါးကလည်း ပွင့်လာသည်။ ထို့နောက် ဧရာမကွန်တိန်နာကြီးတစ်ခုကို ကရိန်းဖြင့် ဘေးဘက်သို့ ညင်သာစွာချပေးလိုက်၏။

"ကလစ်..."

ကွန်တိန်နာကြီး ပွင့်သွားသည်နှင့် ခရမ်းနက်ရောင် အာကာသယာဉ်ကြီးကလည်း လူတိုင်း၏အာရုံကို ချက်ချင်းဖမ်းစားသွားတော့သည်။

"အဲ့ဒါ... အဲ့ဒါ လန်းစလော့ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် မော်ဒယ်ပဲ။ နာမည်က ဘယ်လိုခေါ်တာပါလိမ့်။ အွန်လိုင်းမှာ တွေ့လိုက်ပါသေးတယ်"

"စတားဂေဇာလေ။ အဲ့ဒါက စတားဂေဇာလေ။ သူ့ရဲ့အခြေခံဈေးနှုန်းနဲ့တင် စကြဝဠာဒင်္ဂါးရှစ်ဆယ့်ရှစ်ထရီလီယံတောင်ရှိတာ။ အဆင့်ငါးမျိုးနွယ်စုတစ်ခုရဲ့ စုစုပေါင်းပိုင်ဆိုင်မှုနီးပါးလောက်အထိ တန်ကြေးရှိတာနော်"

"ဘုရားရေ... ငါတို့မျိုးနွယ်စုထဲက လူတစ်ယောက်က ဒီလိုအာကာသယာဉ်မျိုးကို တကယ်ဝယ်နိုင်တာလား"

"အာကာသယာဉ်ပိုင်ရှင်က ဘယ်မှာလဲ။ ငါတော့ သူ့ကို အဖေတော်ချင်သွားပြီ"

"အဖေနေရာကို ငါနဲ့လာမလုကြနဲ့နော်"

"ငါကတော့ မြေးအဖြစ်နေရရင်တောင် ကျေနပ်တယ်"

All Chapters