← Chapters

အခန်း (၈၃၈-၈၄၀)

Vol. 56 Ch. 838-840

အခန်း (၈၃၈-၈၄၀)

Vol. 56 Ch. 838-840

အခန်း ၈၃၈ - သက်တော်စောင့်ဖိုး ပိုက်ဆံပေးစရာ မလိုတော့ဘူး

"အဆင့်မြှင့်တာလား... ဆရာကြီး ကျွန်တော်ဆေးဖော်စပ်တဲ့ ပညာရပ်ကို သိပ်နားမလည်လို့ပါ။ အဆင့်မြှင့်တယ်ဆိုတာ ဘာကိုပြောတာလဲ"

"ဒီအက္ခရာတွေထွင်းတာက အဆင့်မြှင့်တာပဲပေါ့"

ကျန်းမုန့်လောင်က ဆိုသည်။

"ခင်ဗျားရဲ့ကုန်ကြမ်းတွေက တော်တော်ကောင်းပါတယ်။ နောက်ထပ်တစ်ခုလောက် ထပ်ပေါင်းထည့်ကြည့်လို့ ရမယ်ထင်တယ်"

"အက္ခရာလား... နောက်တစ်ခုထပ်တိုးမယ် ဟုတ်လား"

ရှောင်ခယ်စကြာဝဠာအင်ပါယာအရှင်သခင်၏ အသက်ရှူသံများ ပြင်းထန်လာသည်။ ကျန်းမုန့်လောင်က ဤသိုင်းလက်နက်ပေါ်တွင် နောက်ထပ်အက္ခရာတစ်ခု တကယ်ထပ်ရေးထွင်းနိုင်မည်လော။

ဒါက အဆင့်ခုနစ်အက္ခရာလေ။

အဆင့်ခုနစ်အက္ခရာများကို လက်နက်ပညာရှင်ဘယ်နှယောက်က ရေးထွင်းတတ်လဲဆိုသည်ကို ခဏထားဦး။ အဆင့်ခုနစ် အက္ခရာ၏ စွမ်းအားဆိုသည်မှာ ကုန်ကြမ်းပစ္စည်းတိုင်း ခံနိုင်ရည်မရှိပေ။

သူသည် ဤကုန်ကြမ်းများအတွက် ငွေပုံအောပြီး ဝယ်ယူခဲ့ခြင်းဖြစ်သည်။ အဆင့်ခြောက်သိုင်းလက်နက်တစ်ခု ဖန်တီးရန်အတွက်ဆိုလျှင် ပညာရှင်သာ ကျွမ်းကျင်ပါက လုံးဝပြဿနာမရှိသော်လည်း အဆင့်ခုနစ်အက္ခရာ၏ စွမ်းအားကို တောင့်ခံနိုင်ဖို့ကမူ မသေချာလှပေ။

သို့သော် အကယ်၍သာ အောင်မြင်သွားပါက အဆင့်ခုနစ်သိုင်းလက်နက် ဖြစ်လာပေလိမ့်မည်။ အဆင့်ခုနစ်သိုင်းလက်နက်ဆိုသည်မှာ အဆင့်ခုနစ်သက်ရှိတိုင်းပင် ပိုင်ဆိုင်နိုင်ကြသည် မဟုတ်ပေ။

အကယ်၍ သူသာ ထိုအရာကို ပိုင်ဆိုင်ခဲ့ပါက အဆင့်ခုနစ်သက်ရှိတစ်ဦးထံ အကာအကွယ်ပေးရန်အတွက် လက်ဆောင်အဖြစ် ပေးအပ်နိုင်ပြီး ထိုသို့ဆိုလျှင် သူ့ရန်သူက သူ့ကို ဒုက္ခပေးရဲပါဦးမည်လော။

စကြာဝဠာတစ်ခွင်တွင် အဆင့်ခုနစ်သိုင်းလက်နက်များကို ဖန်တီးနိုင်သည့် လက်နက်ပညာရှင်များမှာ အလွန်ရှားပါးလှပြီး ငွေပေး၍ ငှားရမ်းနိုင်ရန်ပင် ခဲယဉ်းလှသည်။ သူသည် ထိုလက်နက်ကို ငွေကြေးနှင့် အရင်းအမြစ်အမြောက်အမြားဖြင့် လဲလှယ်နိုင်ပြီး ထို့နောက်တွင်မူ မိမိနှင့် သင့်တော်မည့် အဆင့်ခြောက်သိုင်းလက်နက်တစ်ခုကို ဖန်တီးရန် ပညာရှင်တစ်ဦးကို ငှားရမ်းနိုင်မည်ဖြစ်၏။

ဒါက အရမ်းပြီးပြည့်စုံတဲ့ အစီအစဉ် မဟုတ်လား။

သူ စိတ်ကူးယဉ်နေစဉ်အတွင်းမှာပင် ကျန်းမုန့်လောင်က အဆင့်ခုနစ်အက္ခရာကို စတင်ရေးထွင်းနေပြီဖြစ်၏။

ဤအဆင့်ခုနစ်အက္ခရာသည် အလွန်နက်နဲလှပြီး ကျန်းမုန့်လောင်မှာ ၎င်းကိုရေးဆွဲရန် မိနစ်နှစ်ဆယ်ခန့် အချိန်ယူခဲ့ရသည်။ ထိုစွမ်းအားကြောင့် သံတုတ်ကြီးပင် ခံနိုင်ရည်ရှိရန် ရုန်းကန်နေရပြီဖြစ်၏။

"ဆရာကြီး... တကယ်လို့ အဆင်မပြေရင်လည်း ထားလိုက်ပါတော့ဗျာ"

"ထားလိုက်ရမယ် ဟုတ်လား။ ကျုပ်က အက္ခရာကိုတောင် ရေးလို့ပြီးနေပြီ။ ခင်ဗျားက အခုမှ ထားလိုက်တော့လို့ ပြောနေတာလား"

ကျန်းမုန့်လောင်က ဆို၏။

"လူဆိုတာ အိပ်မက်ရှိရတယ်။ အိပ်မက်မရှိရင် ငပျင်းနဲ့ဘာကွာတော့မှာလဲ"

"ပေါင်းစပ်လို့မရဘူးဆိုရင် မီးတောက်ကို မြှင့်လိုက်ရုံပဲပေါ့"

"ဝုန်း"

တတိယမြောက်မီးတောက် လောင်ကျွမ်းလာလေသည်။ ၎င်းမှာ ရွှေရောင်ဧကရာဇ်ကောင်းကင်လောင်ကျွမ်းခြင်းမီးတောက် ဖြစ်သည်။

စတုတ္ထမြောက်မီးတောက်မှာမူ အမည်းရောင်ဖြစ်ပြီး အရပ်ရှစ်မျက်နှာပျက်သုဉ်းခြင်းမီးတောက် ဖြစ်သည်။

ပဉ္စမမြောက်မီးတောက်မှာ ရွှေရောင်ဖြစ်ပြီး ၎င်းမှာ ရွှေရောင်ဘိုးဘေးမီးတောက် ဖြစ်၏။

...

"သူက ဒီလောက်စွမ်းအားကြီးတဲ့ ကြယ်တာရာမီးတောက်တွေကို ဘယ်ကရလာတာလဲ"

ယနေ့ ဆရာကြီးယောင်ခယ်က သူ့သက်တမ်းတစ်လျှောက် အကြီးမားဆုံးသော စိန်ခေါ်မှုကို ကြုံတွေ့နေရပြီဖြစ်၏။

"ထူးဆန်းတဲ့မီးတောက်တဲ့။ ကံစမ်းမဲဘူးထဲကနေ နှိုက်လာတာလေ။ တစ်ဘူးကို ခွန်အားအမှတ် တစ်ရာပဲ ပေးရတယ်။ တန်မှတန်"

အမှန်စင်စစ် ကျန်းမုန့်လောင်သည် ထူးဆန်းမီးတောက်အားလုံးကို စုဆောင်းထားပြီးဖြစ်၏။ သူသည် ရှောင်ယန်ထံမှ အကြိမ်ပေါင်းငါးရာကျော် ကူးယူခဲ့ပြီးနောက် နောက်ဆုံးတွင် မီးတောက်အားလုံးကို ရရှိခဲ့သည်။

"ထူးဆန်းမီးတောက်တွေ အကုန်စုံပြီဆိုတော့... ဧကရာဇ်မီးတောက် ထွက်ပေါ်လာစေ"

ထိုအခိုက်အတန့်တွင် မီးတောက်အားလုံးသည် တောက်ပလှသော ပေါင်းစပ်မီးတောက်ကြီးတစ်ခုအဖြစ် စုစည်းသွားပြီး အပူချိန်ကလည်း ဟင်းလင်းပြင်ကိုပင် ပုံပျက်သွားစေသဖြင့် ကျန်းမုန့်လောင်၏ မျက်နှာကိုပင် မြင်တွေ့ရန် ခက်ခဲသွားသည်။

အလွန်မြင့်မားသော အပူချိန်က ခုနစ်လုံးမြောက်အက္ခရာကို စတင်ပေါင်းစပ်ပေးလိုက်ပြီး တစ်ချိန်တည်းမှာပင် သံတုတ်ကြီးလည်း ပြင်းထန်သော စမ်းသပ်မှုကို ရင်ဆိုင်နေရသည်။

ဖြစ်စဉ်တစ်ခုလုံးမှာ နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီးနောက် နောက်ဆုံးတွင် ဗဟိုဧရိယာရှိ အပူချိန်မှာ ဖြည်းညင်းစွာ လျော့နည်းလာခဲ့သည်။

နက်မှောင်သော ရွှေရောင်တုတ်ကြီးက ဟင်းလင်းပြင်ကိုပင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်စေနိုင်သည့် လှိုင်းများကို ထုတ်လွှတ်နေပြီး ကျန်းမုန့်လောင်က သူ့နဖူးမှ ချွေးများကို သုတ်လိုက်သည်။

"ပြီးသွားပြီလား"

"မင်း သေချာမြင်လိုက်ရလား"

"ဘာကို သေသေချာချာမြင်ရမှာလဲ။ ဒီလိုမျိုးကို ငါတို့က သင်ယူလို့ရမှာမို့လို့လား"

"ငါတော့ ဘာမှကိုမသိလိုက်ဘူး"

အဂ္ဂိရတ်ပညာရှင်တိုင်းမှာ ကြောင်အနေကြသည်။ ဆရာကြီးယောင်ခယ်၏ လက်နက်ဖန်တီးမှုဖြစ်စဉ်ကို ကြည့်နေတုန်းက သူတို့ ဗဟုသုတအများကြီး ရခဲ့သော်လည်း ကျန်းမုန့်လောင်၏ လုပ်ဆောင်ချက်များမှာ အလွန်လျင်မြန်လွန်းသဖြင့် သူတို့ မလိုက်နိုင်တော့ပေ။ သူတို့ကိုယ်သူတို့ ငတုံးများနှယ် ခံစားနေရသည်။

"ကဲ... အားလုံးပြီးပြီ"

ကျန်းမုန့်လောင်က ရှောင်ခယ်စကြာဝဠာအင်ပါယာအရှင်သခင်ကို အချက်ပြလိုက်သည်။

"ခင်ဗျား ပြန်ယူလို့ရပြီ"

ရှောင်ခယ်စကြာဝဠာအင်ပါယာအရှင်သခင်နှင့် ဆရာကြီးယောင်ခယ်တို့မှာ ကျန်းမုန့်လောင်ထံသို့ လျှောက်လှမ်းသွားပြီး ထိုတုတ်ကြီးကို ရတနာတစ်ခုနှယ် စိုက်ကြည့်နေကြသည်။

"အဆင့်ခုနစ်သိုင်းလက်နက်။ ဒါ တကယ်ပဲ အဆင့်ခုနစ်သိုင်းလက်နက်ပဲ။ ဆရာ... ဆရာ မြင်လိုက်ရဲ့လား"

ယောင်ခယ်က ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် သူ့ဆရာကို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"စကြာဝဠာအချိန်နှစ်နာရီမပြည့်ခင်မှာတင် အဆင့်ခုနစ်သိုင်းလက်နက်တစ်ခုကို အပြီးသတ်နိုင်ခဲ့တယ် ဟုတ်လား..."

ယောင်ခယ်၏ ဆရာသည် လက်ထဲရှိ သံတူကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

"ငါတော့ တော်ပြီ။ နောက်ဘယ်တော့မှ မလုပ်တော့ဘူး။ အနားယူတော့မယ်။ ဒီလိုလူမျိုး ရှိနေမှတော့ ဘယ်သူက သူနဲ့ အလုပ် ပြိုင်လုနိုင်မှာလဲ"

"ဆရာကြီး... ဒါ တကယ် ကျွန်တော့်အတွက်လား"

ရှောင်ခယ်စကြာဝဠာအင်ပါယာအရှင်သခင်ခမျာ အနည်းငယ် မယုံနိုင်ဖြစ်နေချေသည်။ သူသည် ကုန်ကြမ်းပစ္စည်းအားလုံးကို ထောက်ပံ့ပေးခဲ့သော်လည်း ကျန်းမုန့်လောင်သာ မရှိပါက ဤကုန်ကြမ်းများမှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။

ထို့ပြင် ၎င်းမှာ အဆင့်ခြောက်သိုင်းလက်နက်မျှသာ မဟုတ်ဘဲ အဆင့်ခုနစ် ဖြစ်နေချေသည်။ တန်ဖိုးမှာ ကုန်ကြမ်းများထက် အဆပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ သာလွန်သွားပြီဖြစ်ရာ သူ့အနေနှင့် ထိုအရာကို ယူရန်ပင် အနည်းငယ်ကြောက်လန့်နေမိသည်။

ကျန်းမုန့်လောင်၏ စွမ်းအင်လှိုင်းများအရ သူသည် အဆင့်လေးသက်ရှိတစ်ဦးမျှသာ ဖြစ်သော်လည်း ဤစွမ်းရည်မျိုးနှင့်ဆိုလျှင် သူသာ တစ်ခုခုဖြစ်ပါက ကျန်းမုန့်လောင်ကို ကူညီမည့်သူများ ချက်ချင်းရောက်လာနိုင်ပေသည်။

အဆင့်ခြောက်သက်ရှိများသာမက အဆင့်ခုနစ်သက်ရှိများပင် သူ့ကျောထောက်နောက်ခံ ဖြစ်ရန်အတွက် အလုအယက် ရောက်လာကြလိမ့်မည်။

ကျန်းမုန့်လောင်က အဆင့်ခုနစ်သိုင်းလက်နက်ကို ဖန်တီးခဲ့ရခြင်းမှာ ကုန်ကြမ်း၏ ကန့်သတ်ချက်ကြောင့်သာ ဖြစ်မည်ဟု ရူးသွပ်စွာ တွေးမိလိုက်သည်။ ၎င်းမှာ စာမေးပွဲတွင် ရမှတ်တစ်ရာရခြင်းနှင့် တူညီပြီး အချို့လူများအတွက် အမှတ်တစ်ရာမှာ သူတို့၏ နောက်ဆုံးအကန့်အသတ်ဖြစ်သော်ငြား ကျန်းမုန့်လောင်အတွက်မူ စာမေးပွဲ၏စုစုပေါင်းအမှတ်က တစ်ရာသာရှိနေ၍ ဖြစ်ပေလိမ့်မည်။

"ဒါက အလကားပြောနေတာ မဟုတ်ဘူး။ နှမြောလို့ပါလို့ ပြောပြီးသားပဲ။ ဒါက မျိုးဆက်သစ်လူငယ်တိုင်းမှာ ရှိသင့်တဲ့ ကျင့်ဝတ်လေ။ ဖြုန်းတီးခြင်းက ပြစ်မှုတစ်ခုပဲ"

"ဆရာကြီး... ဒါဆိုရင် ကျွန်တော် အားမနာတော့ဘူးနော်"

သူလည်း အဆင့်ခုနစ်သိုင်းလက်နက်ကို ဆုပ်ကိုင်လိုက်သည်။ သူ့ဦးနှောက်ထဲတွင် အဆုံးအဖြတ်တိုက်ပွဲ၏ မြင်ကွင်းကို စတင် ပုံဖော်နေမိချေပြီ။

သူသာ ထိုတုတ်နှင့် ရိုက်ချလိုက်ပါက သူ့ရန်သူ၏ဦးခေါင်းမှာ ကြေမွသွားနိုင်ပေသည်။

"ဆရာကြီး... ကျွန်တော့်နာမည်က ရှောင်ခယ်ရီဒယ်လာပါ။ ဆရာကြီးကို ဘယ်လို ခေါ်ရမလဲဆိုတာ သိခွင့်ရှိမလား"

"ဂျက်မားလို့ပဲ ခေါ်ပါ"

ကျန်းမုန့်လောင်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"ဆရာမား... ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ပြန်ရောက်တာနဲ့ ကျွန်တော့်ရဲ့မျိုးနွယ်စုကို ရောင်းပြီး ဆရာကြီးကို ငွေပေးပါ့မယ်"

ရှောင်ခယ်က အလေးအနက် ပြောလိုက်လေသည်။

"ဒီပိုက်ဆံဆယ်ဆက ဆရာကြီးရဲ့ လက်နက်နဲ့ မတန်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော့်ရဲ့ ကျေးဇူးတုံ့ပြန်မှုပါ"

"ထားလိုက်ပါ။ အဲ့ဒါတွေ မလိုပါဘူး။ ကျုပ်ရဲ့ အဂ္ဂိရတ်ပညာရပ်က အခု ဘယ်အခြေအနေမှာ ရှိလဲဆိုတာ စမ်းသပ်ချင်ရုံတင်ပါ"

တစ်ဖက်လူက ပိုင်ဆိုင်မှုများ ရောင်းချမည်ဟု ကြားလိုက်ရသဖြင့် ကျန်းမုန့်လောင် ရုတ်တရက် သနားသွားသည်။

"ကျုပ်က ပိုက်ဆံကို သိပ်စိတ်မဝင်စားဘူး။ အဓိကက မိတ်ဆွေဖွဲ့ချင်တာပါ"

"မိတ်ဆွေဖွဲ့မယ် ဟုတ်လား"

ရှောင်ခယ်၏ မျက်လုံးများ တောက်ပသွားသည်။ ဤဆရာကြီးမားက သူ့ကို မိတ်ဆွေအဖြစ် လက်ခံချင်နေလေသလား။

ဘုရားရေ... လောကကြီးက သိပ်အံ့သြဖို့ကောင်းတာပဲ။

ထို့ပြင် ဆရာကြီးမားက သူ့အဂ္ဂိရတ်ပညာကို စမ်းသပ်ချင်ရုံသာဟု ပြောခဲ့သည်။ သူက ယခုမှ သင်ယူထားလေသလား။ အသက်နှစ်ဆယ်မပြည့်သေးသော လူတစ်ယောက်ကို ဤအဆင့်အထိ ရောက်အောင် ဘယ်လိုလူမျိုးကများ သင်ပေးနိုင်လေသလဲ။

ဤဆရာကြီးက သူ့တန်ဖိုးကို သူကိုယ်တိုင် သိပုံမရကြောင်း ရိပ်မိလိုက်သည်။ အမှန်အတိုင်းပြောရလျှင် အဆင့်ခြောက်သက်ရှိတစ်ဦးအနေနှင့် သူသည် အဆင့်ခုနစ်အဂ္ဂိရတ်ပညာရှင်တစ်ဦးနှင့် မိတ်ဆွေဖွဲ့ရန် အရည်အချင်းမပြည့်မီပေ။ ဤဆရာကြီးမှာ အနည်းငယ် ရိုးသားလွန်းပုံရသည်။

အကယ်၍ သူသာ ဤအခွင့်အရေးကို မဆုပ်ကိုင်ထားပါက နောင်တွင် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

"ဆရာကြီးသာ စိတ်မရှိရင် ကျွန်တော်တို့ ညီအစ်ကိုတွေလို ပေါင်းကြမလား။ ကျွန်တော် ရှောင်ခယ်က တစ်ခုခုဖြစ်လာရင်တော့ အစွမ်းကုန်ကူညီမှာပါ"

"ရတာပေါ့။ ခင်ဗျားကို သူငယ်ချင်းအဖြစ် လက်ခံပါတယ်"

ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်သည်။

"ဆရာကြီးက ဒီအတောအတွင်း ဒီမှာနေဦးမှာလား"

"ဟုတ်တယ်။ လောကကြီးကို လေ့လာဖို့ လာလည်တာလေ"

"ဆရာကြီး တစ်ယောက်တည်းလား"

"သူငယ်ချင်းတွေ ပါပါတယ်"

ကျန်းမုန့်လောင်က ပြုံးလိုက်သည်။ သူသည် မတော်တဆတစ်ခုခုဖြစ်လာပါက ဘာလုပ်ရမလဲဟု စိတ်ပူနေခဲ့သော်လည်း ယခုမူ တစ်ယောက်ယောက်က အားကိုးတကြီးကပ်နေချေပြီ။

"ကျုပ်တို့ အတူတူခရီးသွားလို့ အဆင်ပြေမလား"

"ဒါဆို အရမ်းကောင်းတာပေါ့"

ရှောင်ခယ်သည် ယခင်ဘဝက သူသည် စကြာဝဠာကြီးကို ကယ်တင်ခဲ့ဖူးသလားဟုပင် သံသယဝင်မိသွားသည်။ ဤဆရာကြီးက သူ့ကို အတူသွားဖို့ ဖိတ်ခေါ်လိုက်သည်မဟုတ်လော။

ရုတ်ခြည်းပင် ဂြိုဟ်ပေါ်ရှိ ကွမ်တမ်ပို့လွှတ်ရေးစခန်းဘက်မှ ပြင်းထန်သော စွမ်းအင်ရောင်ဝါများစွာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး ထိုရောင်ဝါများမှာ သူတို့ရှိရာသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေချေသည်။

"ကျောင်းအုပ်ကြီး... အဆင့်ခြောက် သက်ရှိ၉၆ယောက်နဲ့ အဆင့်ခုနစ်သက်ရှိ ၁၂ယောက် ရောက်လာနေပါပြီ"

ကောထန်က ကျန်းမုန့်လောင်ကို ချက်ချင်း အကြောင်းကြားလိုက်သည်။

"ကောင်းတယ်"

ကျန်းမုန့်လောင်သည် ထိုလူများ ဘာကြောင့် ရောက်လာသလဲဆိုသည်ကို တွေးတောမိသည်။

"ဒီတစ်ခါတော့ သက်တော်စောင့်ဖိုးပိုက်ဆံပေးစရာ မလိုတော့ဘူး"

***************

အခန်း ၈၃၉ - ဆရာကြီးဂျက်မား

ထိုသိုင်းလက်နက်ကို အောင်မြင်စွာ ဖန်တီးပြီးစီးသွားသည့် အခိုက်အတန့်မှာပင် ကြိုတင်ရောက်ရှိနေကြသော အဆင့်မြင့်သက်ရှိများမှာ လက်နက်သစ်တစ်ခု ပေါ်ထွန်းလာခြင်းကို ချက်ချင်းအာရုံခံမိလိုက်ကြသည်။

အဆင့်ခုနစ်သိုင်းလက်နက်တစ်ခုက သူတို့အတွက် မည်မျှအထိ ဆွဲဆောင်မှုရှိသလဲဆိုသည်မှာ အထူးတလည် ပြောနေစရာပင် မလိုတော့ပေ။

"ကောထန်... ငါ့မှာ အခု ခွန်အားအမှတ် ဘယ်လောက်ရှိပြီလဲ"

"ကျောင်းအုပ်ကြီးဆီမှာ စုစုပေါင်း ၁၁၂၃၉၂မှတ် ရှိပါတယ်"

"ငါ့ကို ဆရာတစ်သုတ်လောက် ဆင့်ခေါ်ပေးပါဦး"

ကျန်းမုန့်လောင်က အမိန့်ပေးလိုက်သည်။

"တစ်ယောက်ကို အမှတ်တစ်ရာပဲ မဟုတ်လား"

"ကျောင်းအုပ်ကြီး... အဆင့်ခြောက်ထက်မြင့်တဲ့ ဆရာတွေအတွက်ကတော့ တစ်ယောက်ကို အမှတ်တစ်ထောင်ပေးရမှာပါ"

"သေစမ်း... အဲ့ဒါကို ဘာလို့ စောစောက မပြောတာလဲ"

၎င်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သတ်မှတ်ထားသော စံစျေးနှုန်းဟု ကျန်းမုန့်လောင်က ထင်မှတ်ထားခဲ့ခြင်းပင်။

"စနစ်မှာ ရှင်းလင်းပိုင်ခွင့် အပြည့်ရှိပါတယ်။ အဆင့်တစ်နဲ့ အဆင့်ခြောက် သက်ရှိတွေကို စျေးနှုန်းအတူတူ သတ်မှတ်ထားရင် အဆင့်အတန်းခွဲခြားရာ မရောက်ဘူးလား"

"မင်းလည်း ကံစမ်းမဲနှိုက်တဲ့လူတွေဆီက နည်းနည်းလောက် သင်ယူပါဦးလား။ ငါ့မျက်နှာက ကံကောင်းခြင်းတွေအပြည့် ထုတ်လွှတ်နေတာလေ"

ကျန်းမုန့်လောင်က အရှက်မရှိ ပြောလိုက်သည်။

"ကဲ... ထားပါတော့။ တစ်ထောင်ဆိုလည်း တစ်ထောင်ပေါ့။ ဘာပဲဖြစ်ဖြစ် ငါ့မှာလည်း အမှတ်တွေအများကြီး ရှိနေတာပဲ။ ပိုက်ဆံက ပြဿနာမဟုတ်ပါဘူး"

ဤအဆင့်ခုနစ်သိုင်းလက်နက်ကို ဖန်တီးလိုက်ခြင်းမှာ ကျန်းမုန့်လောင်အတွက် ခွန်အားအမှတ်တစ်သိန်းနီးပါး ရရှိစေခဲ့လေရာ သူသည် ယခုမူ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်၏။

"ကျောင်းအုပ်ကြီး... ဆရာတွေကို အဆင့်မြှင့်တင်ရုံတင်မကဘူး။ လက်ရှိ ကျောင်းတော်က ဆရာတွေရဲ့ စွမ်းအားကိုလည်း ကျပန်းမြှင့်တင်လို့ ရပါသေးတယ်။ ပြီးတော့ အဆင့်ခြောက်မဟုတ်ပေမဲ့ ထူးခြားတဲ့ဆရာတချို့ကိုလည်း ရနိုင်ပါတယ်"

"ငါ နားလည်ပြီ"

ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်သည်။

"လက်ရှိ ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲက နဂါးဘောလုံးအန်နီမေးထဲက စွန်းဝူခုန်းဆိုရင် စွမ်းအင်ပြင်းအားက ၄၀ပဲ ရှိသေးတယ်။ အဲ့ဒီစူပါဆိုင်ယန်းတွေက ဂြိုဟ်တစ်လုံးကို ခဏလေးနဲ့ ဖျက်ဆီးနိုင်တာနော်။ သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းအားက ဒီထက် ပိုသာမှာ သေချာတယ်"

"ခွန်အားအမှတ် တစ်သောင်းသုံးမယ်။ ဆရာတွေကို အသက်သွင်းလိုက်တော့"

"ဆရာရှောင်ယန်ရဲ့ စွမ်းအားတံဆိပ်ခတ်နှိပ်မှုကို အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ စွမ်းအားက မီးတောက်ဧကရာဇ်အဆင့်ကို ရောက်ရှိပြီး အဆင့်ရှစ်သက်ရှိရဲ့ အထွတ်အထိပ် စွမ်းအင်ပြင်းအား၇၉ယူနစ် ရှိပါတယ်"

"ဆရာသားနော့စ်ရဲ့ စွမ်းအားတံဆိပ်ကို ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ အနန္တကျောက်တုံးအားလုံး စုံလင်သွားပြီး အဆင့်ရှစ်သက်ရှိ အထွတ်အထိပ် စွမ်းအင်ပြင်းအား ၇၉ယူနစ်ရှိပါတယ်"

"ကျောင်းအုပ်ကြီးကို ဂုဏ်ပြုပါတယ်။ ဆရာကလာ့ခ်ခန့်(စူပါမန်း)ကို အသက်သွင်းလိုက်ပါပြီ။ လောလောဆယ်မှာ အဆင့်ခုနစ်သက်ရှိအထွတ်အထိပ် ဖြစ်ပြီး စွမ်းအင်ပြင်းအား၆၉ယူနစ် ရှိပါတယ်"

"ကျောင်းအုပ်ကြီး ဆရာလော့ဖုန်းကို အောင်အောင်မြင်မြင် အသက်သွင်းနိုင်ခဲ့ပါပြီ။ စွမ်းအားမှာ စကြာဝဠာအရှင်သခင် အဆင့်ဖြစ်ပြီး အဆင့်တစ်ဆယ်သက်ရှိ အထွတ်အထိပ် စွမ်းအင်ပြင်းအား၉၉ယူနစ် ရှိပါတယ်"

"ကျောင်းအုပ်ကြီး ဆရာကွမ်ကျယ်ယွမ်ကို အောင်အောင်မြင်မြင် အသက်သွင်းနိုင်ခဲ့ပါပြီ။ အဆင့်တစ်သက်ရှိဖြစ်ပြီး စွမ်းအင်ပြင်းအား ၁ယူနစ်သာ ရှိပါတယ်"

"ဘာကြီးလဲ... ကွမ်ကောလား"

"ကျောင်းအုပ်ကြီး ဆရာတာအိုနာချီရှန်းကို အောင်အောင်မြင်မြင် အသက်သွင်းနိုင်ခဲ့ပါပြီ။ အဆင့်တစ်သက်ရှိဖြစ်ပြီး စွမ်းအင်ပြင်းအား ၁ယူနစ်သာ ရှိပါတယ်"

"ဝိုး... ဆရာတာအိုနာပါလား။ ကြိုက်တယ်ဟေ့"

...

"ဆရာစွန်းဝူခုန်းရဲ့ စွမ်းအားတံဆိပ်ကို ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ အလိုအလျောက်ဗီဇစွမ်းအားအဆင့်ကို ရောက်ရှိသွားပြီး စူပါသက်ရှိအဆင့် စွမ်းအင်ပြင်းအားမှာ ခန့်မှန်းမရနိုင်ပါ"

"ဘာလဲဟ.. ပြိုင်ဘက်ကင်းပါလား"

ဤဆရာတစ်သိုက်နှင့်ဆိုလျှင် ကျန်းမုန့်လောင်သည် စကြာဝဠာမျိုးနွယ်စုများအတွင်း စိုးမိုးရန် လုံလောက်နေပြီဖြစ်၏။ ထို့ပြင် သူတို့၏စွမ်းအားများဖြင့် ခွန်အားအမှတ်သောင်းဂဏန်းကိုလည်း အချိန်မရွေး ရှာဖွေနိုင်ပေသည်။

အလိုအလျောက်ဗီဇစွမ်းအားကို ပိုင်ဆိုင်ထားသည့် စွန်းဝူခုန်းပင် နိုးထလာခဲ့လေပြီ။ စူပါသက်ရှိဆိုသည်မှာ အဆင့်တစ်ဆယ် သက်ရှိများထက် ကျော်လွန်သည့် အဆင့်များ ဖြစ်နေမလား။

ကျိုးကြောင်းဆင်ခြင်မှုကို နားလည်သော်လည်း ကွမ်ကျယ်ယွမ်တို့လို လူမျိုးများ ဘာကြောင့်ပါလာရသလဲဆိုသည်ကို သူ စဉ်းစားမရပေ။ ဆရာတာအိုနာမှာ အရည်အချင်းရှိသော်လည်း သူကရော ဘာလုပ်နိုင်မည်နည်း။

သူက ဒီနေရာနဲ့ ထိုက်တန်လို့လား။

ကျန်းမုန့်လောင်သည် ကွမ်ကျယ်ယွမ်၏ မိတ်ဆက်ကို ဖွင့်ကြည့်လိုက်လေရာ သူသည် SSSအဆင့် စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားကြောင်း တွေ့လိုက်ရသည်။

လက်ရှိအချိန်အထိ ဆရာစွန်းဝူခုန်း၏ "အလိုအလျောက်ဗီဇစွမ်းအား"တစ်ခုတည်းကသာ SSSအဆင့်သတ်မှတ်ချက် ရထားသည်။

စွမ်းရည်အမည် - စီမံခန့်ခွဲမှုပညာရပ်

အရည်အချင်းအဆင့် - SSS

ဖော်ပြချက် - ဤပုဂ္ဂိုလ်သည် ယမန်နှစ်က နိုင်ငံသူနိုင်ငံသားအားလုံး ကျန်းမာပါစေကြောင်း ဆုတောင်းပေးခဲ့သည်။ ထိုအချိန်မှစ၍ ကိုဗစ်ဗိုင်းရပ်စ်သည် တစ်ကမ္ဘာလုံးတွင် ပျံ့နှံ့သောင်းကျန်းလေတော့သည်။

သုံးသပ်ချက် - တစ်ချိန်က ကျွန်တော် သိပ္ပံပညာကို ယုံကြည်ခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းမှာတော့ စီမံခန့်ခွဲမှုပညာရပ်ကိုသာ ယုံကြည်လိုက်ပါတော့သည်။

"အဆိပ်အတောက်ဖြစ်စေတဲ့ ဒီဆုတောင်းကြီးက အရည်အချင်းတစ်ခု ဖြစ်သွားတာလား"

ကျန်းမုန့်လောင်သည် ဤစနစ်၏ စွမ်းဆောင်ရည်ကို မချီးကျူးဘဲ မနေနိုင်တော့ပေ။ သို့သော် ၎င်းကို SSSအဆင့်ဟု သတ်မှတ်ထားလျှင်မူ တစ်ခုခုတော့ ထူးခြားနေရမည်ဖြစ်၏။

ကျန်းမုန့်လောင်လည်း ခွန်အားအမှတ်တစ်ထောင်ကို ချက်ချင်းအသုံးပြုလိုက်ပြီး "စီမံခန့်ခွဲမှုပညာရပ်"အပါအဝင် အရည်အချင်းများစွာကို လဲလှယ်လိုက်သည်။

ယခုဆိုလျှင် တစ်ဖက်လူက မကောင်းသော ရည်ရွယ်ချက် ရှိနေလျှင်ပင် ကျန်းမုန့်လောင်အနေနှင့် ဘာကိုမှကြောက်နေစရာ မလိုတော့ပေ။

"ဆရာကြီး... စိတ်ပူစရာမလိုပါဘူး"

ကျန်းမုန့်လောင်၏ သတိကြီးကြီးထားနေ​သော အမူအရာကို ရိပ်မိသွားဟန်တူသည့် ရှောင်ခယ်က ပြောလိုက်သည်။

"ဒီကုန်စည်ပြပွဲထဲမှာ ဘယ်သူမှမတိုက်ခိုက်ရဲပါဘူး။ တကယ်လို့ တစ်ယောက်ယောက်က တိုက်ခိုက်လာခဲ့ရင် အဆင့်ခုနစ် ဒါမှမဟုတ် အဆင့်ရှစ်သက်ရှိတွေ အများကြီးက သူတို့ကို ချက်ချင်းလိုက်လံနှိမ်နင်းမှာပါ"

"အဲ့ဒါကို စောစောက ပြောပါတော့လား"

ကျန်းမုန့်လောင်ခမျာ သူ့ရင်ဘတ်သူ ပုတ်လိုက်သည်။ မကြောက်သော်လည်း တင်းမာမှုကတော့ ရှိနေခဲ့သည်။ ရှောင်ခယ်၏ စကားကြောင့် ကျန်းမုန့်လောင် လုံးဝစိတ်အေးသွားသည်။

...

ထိုအခိုက်မှာပင် ကျန်းမုန့်လောင် အာရုံခံမိလိုက်သည့် ပထမဆုံးတစ်သုတ် လူများ ရောက်လာကြသည်။ သူတို့သည် အဆင့်ခြောက်သက်ရှိသုံးဦးဖြစ်ပြီး ဘေးနှစ်ဖက်မှ လူများမှာ နှစ်မီတာကျော်မြင့်မားကာ အလယ်ရှိ လူမှာမူ တစ်မီတာခွဲခန့်သာရှိသဖြင့် ကြည့်ရသည်မှာ အနည်းငယ်ရယ်ချင်စရာကောင်းနေပေသည်။

သူတို့၏အကြည့်များမှာ ရှောင်ခယ်၏လက်ထဲရှိ နက်မှောင်သော ရွှေရောင်တုတ်ကြီးဆီသို့ ကျရောက်နေပြီး အစောပိုင်းက စွမ်းအင်လှိုင်းများမှာ ဤတုတ်ဆီမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သေချာပေါက်သိနေကြသည်။

သူတို့အားလုံးမှာ အဆင့်ခြောက်သက်ရှိများဖြစ်ကြသလို စကြာဝဠာအင်ပါယာ တစ်ခုချင်းစီ၏ အရှင်သခင်များလည်း ဖြစ်ကြသည်။ ရှောင်ခယ်သည် ငွေအမြောက်အမြားအသုံးပြု၍ ဆရာကြီးယောင်ခယ်ကို အဆင့်ခြောက်သိုင်းလက်နက်တစ်ခု ဖန်တီးပေးရန် ဖိတ်ခေါ်ထားကြောင်း သူတို့ ကြားသိထားကြပြီးဖြစ်၏။

ကြည့်ရတာ သူအောင်မြင်သွားပြီထင်တယ်။

ဤသည်မှာ ဆရာကြီးယောင်ခယ်က အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်ဟု ခေါ်ဆိုထိုက်ကြောင်း သက်သေပြနေပေသည်။ သူတို့ရောက်လာရသည့် အကြောင်းမှာလည်း ဆရာကြီးယောင်ခယ်နှင့် ရင်းနှီးမှုရယူရန်ပင်။ သူတို့ အဆင့်ခြောက်သိုင်းလက်နက်များကို ဖန်တီးရန် စီစဉ်ထားသည်မှာ ကြာလှပြီဖြစ်သော်လည်း ထိုကဲ့သို့သော ပညာရှင်နှင့် ဆုံတွေ့ရန် အခွင့်အရေး မရခဲ့ကြပေ။

ယနေ့တော့ သူတို့အတွက် အခွင့်အရေးရခဲ့လေပြီ။

"ဆရာကြီး... ဘယ်ဘက်က တစ်ယောက်ကတော့ လီရွန်ဒိုစကြာဝဠာအင်ပါယာရဲ့ အရှင်သခင် ဘလိတ်ပါ။ အလယ်ကလူကတော့ ပေါ့စကြာဝဠာအင်ပါယာရဲ့ အရှင်သခင် လီဆာဂိတ်ပါ။ ညာဘက်က တစ်ယောက်ကတော့ ရှီလော့စကြာဝဠာအင်ပါယာရဲ့အရှင်သခင် ရှီပုပါ။ ကျွန်တော်တို့တွေက ရင်းနှီးကြပါတယ်"

ရှောင်ခယ်က ခပ်တိုးတိုးမိတ်ဆက်ပေးလိုက်သည်။

"ရှောင်ခယ်... မင်း တော်တော်ကံကောင်းတာပဲ"

သူတို့အားလုံးက မနာလိုအားကျလေဟန် အမူအရာများဖြင့် ပြောလိုက်ကြသည်။

"မင်း ကြယ်အပွင့်၂၀တည်းနဲ့ အဆင့်ခြောက်သိုင်းလက်နက်တစ်ခုကို ဘယ်လိုများ ရအောင်လုပ်လိုက်တာလဲ"

စံစျေးနှုန်းအရဆိုလျှင် ကုန်ကြမ်းပစ္စည်းဖိုးနှင့် ပညာရှင်ခအပါအဝင် ကြယ်အပွင့်သုံးဆယ်မှ လေးဆယ်မရှိပါဘဲ စဉ်းစားကြည့်၍ပင် မရနိုင်ပေ။

ကုန်ကြမ်းဖိုး၏ ၅၀ရာခိုင်နှုန်းပေးရခြင်းမှာ အနည်းဆုံးသတ်မှတ်ချက်သာ ဖြစ်၏။ ဤစျေးနှုန်းကို မပေးနိုင်ပါက အဆင့်ခြောက် အဂ္ဂိရတ်ပညာရှင်များက လှည့်ပင်ကြည့်ကြမည် မဟုတ်ပေ။ သူတို့က အသည်းအသန်ငွေလိုအပ်နေချိန်မျိုးမှသာ ထိုစျေးနှုန်းကို လက်ခံလေ့ရှိကြသည်။

တကယ်လို့ မင်းမပေးနိုင်ရင် တခြားလူတွေက ပိုပေးကြမှာပဲ။

စကြာဝဠာမျိုးနွယ်စုများထဲတွင် လူချမ်းသာများက အမြဲရှိနေပေသည်။ သင်က တစ်ရာရာခိုင်နှုန်းပေးလျှင် တခြားလူက ၁၁၀ပေးမည်။ သင်က ၁၁၀ပေးလျှင် နောက်တစ်ယောက်က ၁၂၀ပေးမည်သာ။

ယေဘုယျအားဖြင့်ဆိုလျှင် ကုန်ကြမ်းဖိုးနှင့် ညီမျှသော ပညာရှင်ခကို ပေးရစမြဲသာ။

ကြယ်အပွင့်နှစ်ဆယ်နှင့် အဆင့်ခြောက် သိုင်းလက်နက်တစ်ခုကို ရရှိလိုက်ခြင်းမှာ အလွန်တန်လွန်းလှပြီဖြစ်၏။

"ဟီးဟီး... ခင်ဗျားတို့ မှားသွားပြီ။ ဒါက အဆင့်ခြောက်သိုင်းလက်နက် မဟုတ်ဘူး"

ရှောင်ခယ်သည် သူ့တုတ်ကြီးကို ကြွားဝါလေဟန်ဖြင့် ဝှေ့ယမ်းပြလိုက်သည်။ အက္ခရာခုနစ်လုံး၏ စွမ်းအားများမှာ ထိုတုတ်ကြီး၏ ပတ်ပတ်လည်တွင် ရစ်ပတ်နေပြီး ဂြိုဟ်တစ်ခုလုံးကိုပင် တုန်ခါသွားစေသည်။

"အက္ခရာခုနစ်လုံးလား... ဒါက အဆင့်ခုနစ်သိုင်းလက်နက်ကြီးလား"

"ဘုရား... ဘုရားရေ"

"ဆရာကြီးယောင်ခယ်က အဆင့်ခုနစ်သိုင်းလက်နက်တစ်ခုကို တကယ်ဖန်တီးနိုင်ခဲ့တာလား"

သူတို့၏မျက်ဝန်းများမှာ တုန်လှုပ်သွားကြလေသည်။ ဆရာကြီးယောင်ခယ်သည် အဆင့်ခြောက်နီးပါးရှိသော အဆင့်ငါးအဂ္ဂိရတ်ပညာရှင် မဟုတ်လော။ သူ့အနေနှင့် အစွမ်းပြနိုင်လျှင်ပင် အဆင့်ခြောက် လက်နက်လောက်သာ ရနိုင်ပေမည်။ အဆင့်ခုနစ်ဆိုသည်မှာမူ လုံးဝမဖြစ်နိုင်ချေ။

သို့သော် ယခုမူ အရာအားလုံးက သူတို့ရှေ့မှာတင် ရှိနေပြီဖြစ်ရာ မယုံကြည်ဘဲ မနေနိုင်တော့ပေ။

"ဆရာကြီးယောင်ခယ်... ကျွန်တော်က လီရွန်ဒိုအင်ပါယာရဲ့ အရှင်သခင် ဘလိတ် ပါ။ အခုလို ဆုံတွေ့ရတာ ဂုဏ်ယူမိပါတယ်"

"ဆရာကြီး... ကျွန်တော့်နာမည်က လီဆာဂိတ်ပါ။ ပေါ့အင်ပါယာရဲ့ အရှင်သခင်ပါ။ သခင်ကြီးကို လေးစားနေတာ ကြာပါပြီ"

"ဆရာကြီး... ကျွန်တော်က ရှီပုပါ။ ဆရာကြီးက ကျွန်တော် ထင်ထားတာထက်တောင် ပိုထူးချွန်နေပါလား"

သူတို့သုံးယောက်သား ဆရာကြီးယောင်ခယ်ကို ဝိုင်းဝန်းပြီး ချီးကျူးဂုဏ်ပြုစကားများ ဆိုလိုက်ကြသည်။

ဆရာကြီးယောင်ခယ်၏ မျက်နှာမှာ နီရဲသွားသည်။ လူပေါင်းများစွာ၏ ရှေ့မှောက်တွင် ဤသို့ဖြစ်ပျက်နေခြင်းမှာ သူ့ဘဝတွင် အရှက်ရဆုံးအချိန်တစ်ခုပင်။

"ဒါ... ဒါက ကျွန်တော်လုပ်တာ မဟုတ်ပါဘူး။ ကျွန်တော့်မှာ အဲ့ဒီလောက်အထိ အရည်အချင်းမရှိပါဘူး"

ဆရာကြီးယောင်ခယ်က ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။

"ဘာ... ဒါက ခင်ဗျားဖန်တီးထားတာ မဟုတ်ဘူးလား"

"ဒါဆိုရင် ဒီနှစ် ကုန်စည်ပြပွဲကို အဆင့်ခုနစ်အဂ္ဂိရတ်ပညာရှင်တစ်ယောက်များ ကြွလာတာလား"

"အဲ့ဒီလူက ဘယ်မှာလဲ။ ရှောင်ခယ်... ငါတို့ကို မိတ်ဆက်ပေးပါဦး"

"အဲ့ဒီပညာရှင်က ဒီမှာပါ"

ရှောင်ခယ်က ကျန်းမုန့်လောင်ကို လက်ညှိုးထိုးပြလိုက်သည်။

"ဒါက ဆရာကြီးဂျက်မားတဲ့။ ငါ့ရဲ့ အဆင့်ခုနစ်သိုင်းလက်နက်ကို သူကိုယ်တိုင် ဖန်တီးပေးခဲ့တာ"

*****************

အခန်း ၈၄၀ - ဒီညတော့ ငါဆေးခတ်ရတော့မယ်

"သူလား"

စကြာဝဠာအင်ပါယာအရှင်သခင်သုံးဦး၏ အကြည့်ကား ကျန်းမုန့်လောင်ထံတွင် ရပ်တန့်သွားကြသည်။ စကြာဝဠာသက်တမ်း အနှစ်နှစ်ဆယ်ပင် မပြည့်သေးဘဲ အဆင့်လေးသက်ရှိတစ်ဦးဖြစ်နေခြင်းမှာ အံ့ဩစရာကောင်းသော်လည်း မယုံနိုင်စရာတော့ မဟုတ်ပေ။

စကြာဝဠာမျိုးနွယ်စုများသည် အမျိုးမျိုးကွဲပြားကြပြီး ဤအသက်အရွယ်နှင့် အဆင့်ငါးသက်ရှိ ဖြစ်လာနိုင်သည့် မျိုးနွယ်စုအချို့လည်း ရှိကြသည်။

သို့သော် အဂ္ဂိရတ်ပညာရပ်မှာ မွေးရာပါ ဆက်ခံ၍ရသော စွမ်းရည်မျိုးမဟုတ်ပေ။ ၎င်းမှာ ဆရာသမား၏ လမ်းညွှန်မှုနှင့် အောင်မြင်မှုရရှိရန်အတွက် မရေမတွက်နိုင်သော နာရီပေါင်းများစွာ လေ့ကျင့်အားထုတ်ရန် လိုအပ်သည်။ ထို့ပြင် အဂ္ဂိရတ်ပညာရှင်၏ နားလည်သဘောပေါက်မှုနှင့် သိုင်းပညာအဆင့်အတန်းအပေါ်တွင်လည်း မူတည်သေးသည်။

အဆင့်ခုနစ်သိုင်းလက်နက်များကို ဖန်တီးနိုင်သည့် အဂ္ဂိရတ်ပညာရှင်တစ်ဦးမှာ စကြာဝဠာအတွင်း ဂုဏ်သိက္ခာကြီးမားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ပုံမှန်အားဖြင့် နှစ်ပေါင်းသန်းနှင့်ချီ၍ အသက်ရှင်နေထိုင်ကြသူများပင်။

ယခု ရှောင်ခယ်က ဤလူငယ်သည် ထိုလက်နက်ကို ဖန်တီးခဲ့သည်ဟု ပြောနေလေရာ သူတို့ကို ပညာအရည်အချင်း နိမ့်ပါးသူများဟု ထင်မှတ်ကာ အရူးလုပ်နေခြင်းလော။

သို့သော် လူအများအပြားရှိသည့်နေရာတွင် လူတိုင်းက သူတို့ကို ဝိုင်းလိမ်နေကြခြင်းတော့ မဟုတ်နိုင်ပေ။ သူတို့သည် မိမိတို့၏ စွမ်းအားများကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ရှိ ပြောဆိုဆွေးနွေးမှုများကို အမြန်ဆုံး အာရုံခံကြည့်လိုက်ကြသည်။

ထိုအကြောင်းကို ကြားလိုက်ရသောအခါ သူတို့အနက် တချို့မှာ ထိတ်လန့်သွားပြီး ကြောက်သေးပါမတတ် ဖြစ်သွားကြသည်။

ဤသိုင်းလက်နက်မှာ ပျက်စီးသွားသော ပစ္စည်းတစ်ခုကို ပြန်လည်ပြုပြင်ထားခြင်းမျိုးမဟုတ်ပါဘဲ စကြာဝဠာအချိန်နှစ်နာရီပင် မပြည့်ခင်အတွင်း ဖန်တီးခဲ့ခြင်းပင်။

ဤဆရာသခင်မှာ မီးတောက်အမျိုးအစား နှစ်ဆယ့်နှစ်မျိုးကို ပိုင်ဆိုင်ထားပြီး ထိုအရာများကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ကာ စကြာဝဠာအတွင်းရှိ ပထမတန်းစား ကြယ်တာရာတစ်ခုထက်ပင် မြင့်မားသော အပူချိန်ကို ဖန်တီးနိုင်ခဲ့သည်။

"ဆရာကြီးယောငခယ်... ဒါက..."

သူတို့သုံးယောက်လည်း ဆရာကြီးယောင်ခယ်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

ဆရာကြီးယောင်ခယ်က ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်ပါတယ်။ ဒီသိုင်းလက်နက်ကို ဆရာကြီးဂျက်မားက ဖန်တီးခဲ့တာပါ။ ကျွန်တော့်ဘဝမှာ ဒီလောက်အထိ ထူးချွန်တဲ့ လက်နက်ပညာရှင်မျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ကျွန်တော့်ဆရာတောင် အခု အနားယူဖို့ ပြင်နေပါပြီ"

ခဏတွင်းချင်းမှာပင် သူတို့သုံးယောက်သား သဘောထားတူသွားကြသည်။ ဤလူကား ပါရမီရှင်ဆရာသခင်တစ်ယောက်ပင်။ ယခုအချိန်တွင် သူ့ကို ကပ်မဖားထားပါက အခြားလူများ ဝိုင်းအုံလာချိန်တွင် အခွင့်အရေးရတော့မည် မဟုတ်ပေ။

"ဆရာကြီး... တွေ့ရတာ ဝမ်းသာပါတယ်ဗျာ။ ကျွန်တော်က ဆရာကြီးကို တွေ့ဖို့အတွက် အလင်းနှစ်၃ဘီလီယံအကွာကနေ တကူးတကလာခဲ့ရတာပါ"

"ဆရာကြီး... ဆရာကြီးရဲ့ ကျော်ကြားမှုက ကျွန်တော်တို့မျိုးနွယ်စုထဲမှာ မိုးကြိုးသံလို ဟိန်းနေတာပါ။ ဆရာကြီးနဲ့တွေ့ချင်နေတာ ကြာပါပြီ။ ဒီနေ့မှပဲ အခွင့်အရေးရတော့တယ်။ သိပ်ဝမ်းသာစရာ ကောင်းတာပဲ"

"ဆရာကြီး... ဒီကုန်စည်ပြပွဲမှာ တစ်ခုခု ဝယ်ချင်တာရှိလား။ ကျွန်တော်က မိတ်ဆွေဖွဲ့ရတာ ဝါသနာပါတဲ့အတွက် ဆရာကြီးဝယ်ချင်တာမှန်သမျှ ကူညီပေးနိုင်ပါတယ်"

ကျန်းမုန့်လောင်သည် ကပ်ဖားယားတတ်သူများကို ယခင်ကလည်း တွေ့ဖူးသော်ငြား ဤအဆင့်အထိတော့ မဟုတ်ပေ။ ဤသည်မှာ အသိသာကြီး လိမ်ညာနေခြင်း မဟုတ်ပါလော။

သူ့နာမည်က သူတို့မျိုးနွယ်စုထဲမှာ မိုးကြိုးသံလို ကျော်ကြားနေတယ် ဟုတ်လား။ ဒါဆိုရင် သူ့နာမည်အစစ်က ဘာလဲ။

သူ့ကို နှစ်ပေါင်းသိန်းဂဏန်းလောက် ကြည်ညိုခဲ့ရသည်ဟုလည်း ပြောသေးသည်။

သူက အသက်ဘယ်လောက်မှ မရှိသေးဘူးလေ။

ထိုအချိန်တုန်းက ကျောက်ခေတ်လူသားများပင် ဆင့်ကဲပြောင်းလဲမှုမရှိသေးချေ။

ဤလူများမှာ လူနှင့်တူသော်လည်း ခွေးကဲ့သို့ ဖားယားချင်ကြသူများပင်။

သို့သော်လည်း "ပြုံးပြနေသော မျက်နှာကိုတော့ ဖြတ်မရိုက်ရဘူး"ဟူသော စကားအတိုင်းပင်။ သူတို့က ရင်းနှီးမှုရယူရန်နှင့် ကပ်ဖားရန် ကြိုးစားနေခြင်းဖြစ်သဖြင့် ကျန်းမုန့်လောင်က တိုက်ရိုက်ကြီးတော့ အရှက်မခွဲခဲ့ပေ။

"ဒါနဲ့... ခင်ဗျားတို့ကို ဘယ်လိုခေါ်ရမလဲ။ ဘလိတ်ရယ်၊ လီဆာဂိတ်ရယ်၊ မစ္စတာရှီပု ဟုတ်လား"

"ဆရာကြီးကလည်း အားနာနေပြန်ပြီ။ ကျွန်တော်တို့က ဘာမှမဟုတ်ပါဘူး။ ကျွန်တော့်ကို 'ရှောင်ပု'လို့ပဲ ခေါ်ပါ"

"ကျွန်တော့်ကိုတော့ 'အားလီ'လို့ ခေါ်နိုင်ပါတယ်"

"ကျွန်တော့်ကို 'ရှောင်ရှီကျစ်'လို့ပဲ ခေါ်ပါ"

ဘေးနားရှိ ရှောင်ခယ်မှာမူ ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲသွားသလို ခံစားလိုက်ရသည်။ သူကိုယ်တိုင်လည်း အရှက်မရှိသူဟု ထင်ထားခဲ့သော်ငြား သူ့သူငယ်ချင်းသုံးယောက်က ပိုဆိုးနေသည်။

မင်းတို့က စကြာဝဠာအင်ပါယာတစ်ခုစီရဲ့ အရှင်သခင်တွေ မဟုတ်ဘူးလား။ ဒါတွေက မင်းတို့ရဲ့ ဘွဲ့အမည်အစစ်တွေ ဟုတ်လို့လား။

မကြာခင်မှာပင် အဂ္ဂိရတ်ပညာရှင်များအသင်းအဆောက်အအုံ၏ ခေါင်မိုးထပ်သို့ လူများ ပိုမိုရောက်ရှိလာကြသည်။ ကျန်းမုန့်လောင်သည် အစပိုင်းတွင် လူတစ်ရာကျော်လောက်သာ အာရုံခံမိသော်လည်း ယခုမူ အနည်းဆုံး သုံးရာကျော်အထိ ရှိနေပြီဖြစ်၏။

ကျန်းမုန့်လောင်က အခြားလူများနှင့် စကားပြောနေခိုက် ကျန်လူများမှာ ကြားဖြတ်မပြောရဲကြပေ။ ဤအဆင့်ခုနစ်အဂ္ဂိရတ်ပညာရှင်ကို မတော်တဆစိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိမည်ကို စိုးရိမ်နေကြလေသည်။

အဆင့်ခုနစ်အဂ္ဂိရတ်ပညာရှင်တစ်ယောက်က အဆင့်ရှစ်သက်ရှိများနှင့် ညီအစ်ကိုလို ပေါင်းသင်းနိုင်ပြီး ထိုအဆင့်ရှစ်သက်ရှိများကပင် အဂ္ဂိရတ်ပညာရှင်ထံမှ အကူအညီ တောင်းခံရလေ့ရှိသည်။ စကြာဝဠာတစ်ခွင်တွင် အဆင့်ရှစ်သက်ရှိဘယ်နှယောက်များ ရှိလေသလဲ။ သူတို့တစ်ဦးချင်းစီတိုင်းမှာ စကြာဝဠာအင်ပါယာတစ်ခုစီတွင် နာမည်ကျော်ကြားသူများ ဖြစ်ကြသည်။

ကောင်းကင်ထက်တွင် မိုးခြိမ်းသံများ ရုတ်ခြည်းဟိန်းထွက်လာပြီး လျှပ်စီးတန်းကြီးတစ်ခု ဆင်းသက်လာခဲ့သည်။ ထိုလျှပ်စီးထဲမှ အမြင့်နှစ်မီတာခွဲခန့်ရှိသော သန်မာလှသည့် အမျိုးသားတစ်ယောက် လမ်းလျှောက်ထွက်လာသည်။

သူသည် ခေတ်မီသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ကြွက်သားများမှာလည်း အချိုးအစားကျကျ သန်မာလှသည်။ သူ လမ်းလျှောက်လာသည့်အခါ လေထုထဲဝယ် တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်နေသည်။

"ဘုရားရေ... တကယ့်အရှင်သခင်အစစ် ရောက်လာပြီပဲ"

"တကယ့်အရှင်သခင်လား... လျှပ်စစ်နဲ့ မိုးကြိုးနိယာမတွေကို နားလည်ထားတဲ့ ပါရမီရှင်လား"

"သူ့အကြောင်း ကြားဖူးတယ်။ သူက အသက်နှစ်သန်းပဲ ရှိသေးပေမဲ့ အဆင့်ရှစ်သက်ရှိဖြစ်ဖို့အတွက် အဆင့်တက်လှမ်းနေပြီတဲ့"

"သူ့အင်ပါယာက ပတ်ပတ်လည်မှာရှိတဲ့ အင်ပါယာပေါင်း၃၂၀၀ကို အုပ်ချုပ်နေတာ။ ပြီးတော့ သူက စကြာဝဠာဘဏ်မှာ ကြယ်လေးပွင့်အကောင့်ပိုင်ရှင်လို့လည်း ကြားတယ်"

"သူတောင် ဒီကိုရောက်လာပြီ"

"အမလေး... လူတွေအများကြီးပဲ"

ကျန်းမုန့်လောင်က စိတ်ရှုပ်ထွေးနေလေဟန် အမူအရာဖြင့် ပြောလိုက်သည်။

"ငါက မိတ်ဆွေဖွဲ့ရတာကြိုက်ပေမဲ့ လူအများကြီးကိုတော့ မကြိုက်ဘူး"

စကြာဝဠာအင်ပါယာအရှင်သခင်အချို့၏ မျက်လုံးများမှာ တောက်ပသွားလေသည်။ ဆရာကြီးက သူတို့နှင့် တွေ့ဆုံရန် စိတ်ဝင်စားပုံရသည် မဟုတ်ပါလော။

မိတ်ဆွေဖွဲ့ရသည်မှာ စိတ်လှုပ်ရှားစရာ ကောင်းသော်လည်း ဆရာကြီး၏ အသိအမှတ်ပြုမှုကို ရရှိလျှင်ပင် လုံလောက်နေပြီဖြစ်၏။

"အားလုံးပဲ... အခုချက်ချင်း ထွက်သွားကြ"

စကြာဝဠာအင်ပါယာအရှင်သခင်များက အော်ဟစ်လိုက်ကြသည်။

"ငါ သုံးအထိရေတွက်မယ်။ အဲ့ဒီနောက်ပိုင်းမှာမှ ဆက်နေသေးတဲ့လူကတော့ အကျိုးဆက်ကို ခံစားရလိမ့်မယ်"

ဘေးနားက ကြည့်နေသူများနှင့် လေလွင့်အဂ္ဂိရတ်ပညာရှင်တချို့မှာ ထိတ်လန့်သွားကြသည်။ အဂ္ဂိရတ်ပညာရှင်များအသင်းမှာ စွမ်းအားကြီးသော်လည်း လက်ရှိရှိနေသည့်လူများမှာ လေလွင့်အဂ္ဂိရတ်ပညာရှင်များသာ ဖြစ်၏။ ဤနေရာရှိ တာဝန်ခံကလည်း အဆင့်ငါးအဂ္ဂိရတ်ပညာရှင်ဖြစ်သဖြင့် အရေးပါသူတစ်ဦး မဟုတ်ပေ။

ထို့ပြင် သူတို့သည် ခေါင်မိုးထပ်ရှိ လူများကိုသာ ရှင်းထုတ်နေခြင်းဖြစ်သည်။ အဆင့်ခြောက်နှင့် အဆင့်ခုနစ်သက်ရှိများစွာ ရှိနေသည့်နေရာတွင် မည်သူကများ မလေးစားဘဲ နေရဲပါမည်နည်း။

ထို့ပြင် လက်နက်ကလည်း ပြီးသွားပြီဖြစ်ရာ ဆက်နေရန် အကြောင်းမရှိတော့ပေ။ ထိုကဲ့သို့သော စွမ်းအားကြီးသူများနှင့် အဂ္ဂိရတ်ပညာရှင်တို့နှင့် ရင်းနှီးမှုရအောင် သူတို့က လုပ်နိုင်ပါမည်လော။ သူတို့နှင့်ရော ထိုက်တန်လေသလား။

နှစ်အထိ ရေတွက်ပြီးချိန်တွင် ခေါင်မိုးပေါ်၌ အိုင်းရင်းတို့တစ်သိုက်သာ ကျန်ရှိတော့သည်။

"မင်းတို့က မသွားသေးဘူးလား"

ပြင်းထန်လှသော အရှိန်အဝါများက သူတို့အပေါ် ဖိအားပေးလာသည်။

"သူတို့က ကျုပ်သူငယ်ချင်းတွေပါ"

ကျန်းမုန့်လောင်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။

"ဟားဟား... ဆရာကြီးရဲ့သူငယ်ချင်းတွေလား။ ဟားဟား... မှားသွားပါတယ်။ မှားသွားပါတယ်"

ထိုစကြာဝဠာသခင်ကြီးများမှာ သူတို့၏ သဘောထားကို ၃၆၀ဒီဂရီ ပြောင်းလဲလိုက်ကြသည်။

"ဆရာကြီး... ဆရာကြီးရဲ့ သူငယ်ချင်းတွေက တကယ့်ပါရမီရှင်တွေပဲ။ ကြီးကျယ်ခမ်းနားတဲ့ မျိုးနွယ်စုဝင်ဖြစ်မှာသေချာတယ်"

"မင်းတို့သုံးယောက်က ဘယ်သူတွေလဲ။ အိုင်းရင်း... မင်းရောသိလား"

ကျန်းမုန့်လောင်က ပိုနေသော လူသုံးယောက်ကို လက်ညှိုးထိုးပြလိုက်သည်။

"ဘယ်သူ့ကိုပြောတာလဲ"

အိုင်းရင်းသည် ကျန်းမုန့်လောင်၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားသည်။

"ကျွန်တော် သူတို့ကိုမသိပါဘူး"

ထိုအခါ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးများက သူတို့၏သဘောထားကို ချက်ချင်း ပြောင်းလဲလိုက်ပြန်သည်။

"မင်းတို့က ဆရာကြီးရဲ့သူငယ်ချင်းတွေ မဟုတ်ဘူးလား"

"ဒါဆို ဘာလို့ဆက်နေနေသေးတာလဲ။ အခုချက်ချင်း ထွက်သွားစမ်း"

"ဘယ်သူမဆို ဆရာကြီးရဲ့သူငယ်ချင်းတွေနဲ့ ရင်းနှီးမှုလာယူလို့ ရတယ်လို့များ ထင်နေကြတာလား"

လီဒက်တို့တစ်သိုက်မှာ ရင်ထဲတွင် ထိတ်လန့်သွားကြသည်။ ကျန်းမုန့်လောင်က သူတို့ကို တမင်သက်သက် ပစ်မှတ်ထားနေခြင်း မဟုတ်ပါလား။

အဆင့်ခုနစ်သိုင်းလက်နက်ကို ဖန်တီးနိုင်သည့် ဆရာသခင်တစ်ပါးကို ပြစ်မှားမိခဲ့သဖြင့် သူတို့ စိတ်ဓာတ်များ ပြိုလဲသွားကြသည်။ အကယ်၍ သူတို့မိသားစုသာ သိသွားပါက သူတို့မိဘများသာမက သူတို့အထက်ရှိ သခင်ကြီးများပင် ညတွင်းချင်း ထွက်ပြေးကြပေလိမ့်မည်။

သူတို့ ကျန်းမုန့်လောင်ကို ပြစ်မှားခဲ့ကြောင်း သိသွားပါက သူတို့ကို အပြစ်ပေးချင်သူများလည်း တန်းစီနေပေလိမ့်မည်။ ဤနေရာရှိ လူများထဲမှ မည်သူမဆို စကားတစ်ခွန်း ဟလိုက်ရုံဖြင့် သူတို့၏အန်ဒရိုမီဒါမျိုးနွယ်စုကို ကပ်ဘေးဆိုက်အောင် လုပ်နိုင်စွမ်းရှိသည်။

သူတို့သုံးယောက်စလုံး ချက်ချင်းထွက်ပြေးသွားကြသည်။ ရှာယန်နာနှင့် ရှာဇီနာတို့မှာမူ ဘာအတွေးမှ မတွေးရဲကြတော့ပေ။

အိုင်းရင်းနှင့် မိန်းကလေး ပြိုင်လုရဲပါဦးမည်လော။ ဤကဲ့သို့သော ဆက်နွှယ်မှုမျိုးရှိသူနှင့် ယှဉ်ပြိုင်ခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းပင်။

"အစ်မ... ကျွန်မ သူ့ကို ချစ်မိသွားပြီထင်တယ်"

ရှာဇီနာက မျက်လုံးလေးများ တောက်ပနေလေသည်။

"ဒီညတော့ ကျွန်မ သူ့ကို ဆေးခတ်ရတော့မယ်။ အစ်မ ကျွန်မကို ကူညီပေးနိုင်မလား"

"ညီမလေး... နင်က သူနဲ့မထိုက်တန်ဘူးလို့ ငါထင်တယ်နော်"

"အစ်မက ကျွန်မရဲ့ အစ်မအရင်းရော ဟုတ်ရဲ့လား"

All Chapters