အခန်း (၉၀၄-၉၀၆)
Vol. 61 Ch. 904-906
အခန်း (၉၀၄) ဘယ်သူက အနိုင်ရရှိသူ ဖြစ်မှာလဲ
“ကျင့်ကြံသူတွေအနေနဲ့ မိုးမြေက ပေါင်းစည်းပြီးတော့ နဂိုကတည်းက တစ်ခုတည်းဖြစ်တဲ့အတွက် သူတို့ကြားမှာ ကွာဟချက် မရှိဘူးဆိုတဲ့ စကားပေါ်မှာ မူတည်ပြီးတော့ လက်နက်အပေါ် ကဏ္ဍတွေ ခွဲခြားထားတယ်။
ကောင်းကင်အဆင့် လက်နက်မှာ လက်နက်တွေက သိသိသာသာ ပြောင်းလဲသွားတယ်။ သူတို့တွေက အခြေအနေသာ မှန်ကန်မယ်ဆိုရင် ကန့်သတ်ချက်ကို ချိုးဖောက်နိုင်စွမ်း ရှိလာလိမ့်မယ်။ ကွန်ဖြူးရှပ်၊ ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာကျောင်းကလိုမျိုး ကျင့်ကြံရေးနည်းစနစ်နဲ့ ကိုင်စွဲမယ်ဆိုရင် စွမ်းအားပြင်းပြင်း ထုတ်လွှင့်နိုင်လိမ့်မယ်။ နမူနာအနေနဲ့ဆိုရင် လေးနဲ့ မြားက စွမ်းအင်မြားကို ထုတ်လွှင့်ပြီးတော့ ဓားမော့က ဓားမော့အလင်းတန်းကို ထုတ်လွှင့်နိုင်သလိုမျိုးပဲ။
ပြိုင်ဘက်ကင်းအဆင့် လက်နက်က အဖျက်စွမ်းအားနဲ့ ခုခံစွမ်းအားကို မြှင့်တင်ပေးပြီးတော့ အားကောင်းတဲ့ ဆက်နွယ်မှုမျိုး ရှိတယ်။ လွှမ်းမိုးအဆင့် လက်နက်တွေက အင်မတန် မာကျောပြီးတော့ သီးသန့်စွမ်းရည်မျိုး ရှိတယ်။ တချို့လက်နက်တွေက လွှမ်းမိုးအဆင့် ရောက်မှပဲ အသုံးဝင်နိုင်ကြတယ်။ နမူနာအနေနဲ့ဆိုရင် ချုပ်နှောင်ရေး စည်းတံဆိပ်လိုမျိုးပေါ့”
လီယွင်ကျန်းက မေးလိုက်သည်။
“အဲဒါဆိုတော့ ပင်လယ်စိတ်ဝိညာဥ်ပုလဲက လွှမ်းမိုးအဆင့် လက်နက်လား”
စီးဝူယာ့က လေထုထဲ ပျံ့နှံ့လာသည့် အေးခဲမှုကို ကြည့်ကာ ခေါင်းအသာယမ်းလိုက်သည်။
လီယွင်ကျန်းက ပြောလိုက်၏။ “ဒါက စကြဝဠာအဆင့် လက်နက်လို့တော့ မပြောနဲ့နော်”
စီးဝူယာ့က ပြောလိုက်သည်။
“ရှေးခေတ်အချိန်ကတည်းက သူတို့တွေကို စကြဝဠာအဆင့် လက်နက်လို့ခေါ်တယ်။ စကြဝဠာက ဖန်တီးတည်ရှိသမျှ အရာအားလုံးကို ညွှန်းဆိုတယ်။ သဘောတရားအရ ပြောရမယ်ဆိုရင် စကြဝဠာအဆင့် လက်နက်တွေက လွှမ်းမိုးအဆင့် လက်နက်ထက် ပိုမြင့်သင့်တယ်။ဒါပေမဲ့ အဲဒီလိုလက်နက်တွေက ကျင့်ကြံရေးလောကမှာ အရမ်းကို ရှားပါးလွန်းတယ်။ သူတို့ရဲ့ ရှားပါးမှုကြောင့် လူအများစုက မသိကြဘူး။ အဲဒီလက်နက်တွေအတွက် တစ်သမတ်တည်း နာမည် မရှိဘူး။
ကောင်းကင်သိုင်းပညာခုံရုံးရဲ့ ရှေးဟောင်းစာအုပ်တွေကို ဖတ်ရှုပြီးတဲ့နောက်မှာ သီးသန့်လက်နက် စာရင်းကို တွေ့ခဲ့ရတယ်။ ဒါပေမဲ့ စကြဝဠာအဆင့် လက်နက်လို့ ခေါ်မဲ့အစား သူတို့က ဆက်တိုက်ပေါင်းစပ်ခြင်းဆိုတဲ့ စကားလုံးကို ဖော်ညွှန်းဖို့ အသုံးပြုထားတယ်။ စကြဝဠာက မိုးမြေကို ပြောတာလေ။ စကြဝဠာက အချိန်ကို ပြောတာလည်း ဖြစ်ပြီးတော့ အချိန်က ကိန်းသေ ဖြစ်နေတယ်။ သူတို့က ခန္ဓာကိုယ်နဲ့ ပေါင်းစပ်တာမျိုး သွေးနဲ့ ပေါင်းစပ်တာမျိုး လုပ်နိုင်တယ်။ ပြီးတော့ ပေါင်းစပ်မှု ၃မျိုး ရှိတယ် ... “
စီးဝူယာ့က အေးခဲမှု ပျံ့နှံ့လာသည်ကို ကြည့်နေရင်း စကားပြော ရပ်တန့်လိုက်၏။
တခြားတစ်ဖက်တွင် လီယွင်ကျန်း၏ မျက်နှာအထက် ရှက်ရွံ့သည့် အမူအရာမျိုး ပေါ်ထွက်နေသည်။ သူက ကောင်းကောင်းစာဖတ်ထားသည်ဟု ပြောဆိုလေ့ရှိသော်လည်း သူ့ဆရာရှေ့တွင် မည်မျှမသိတတ်ကြောင်း နားလည်သွားခဲ့သည်။ သူ့ဆရာက တကယ့်ကို မကောင်းဆိုးဝါးလိုမျိုး ဖြစ်၏။
ကောင်းကင်သိုင်းပညာခုံရုံးတွင် ရှိစဥ်အချိန်တွင် လီယွင်ကျန်းက သူ့ဆရာ ပေးထားသည့် မေးခွန်းများကို ဖြေရှင်းဖို့ အလုပ်ရှုပ်နေခဲ့သော်လည်း ဆရာဆီ မကြာခဏ သွားရောက်တွေ့ဆုံလေ့ရှိသည်။ သူ့ဆရာက တစ်ရက်လုံးလုံး လေ့လာခြင်းတို့သာ ပြုလုပ်နေပြီး ထူးထူးဆန်းဆန်း အရာများကို အာရုံစိုက်ထားလေ့ ရှိသည်။
“ဆရာဘိုးဘိုး အဆင်ပြေပါ့မလား”
“ပင်လယ်စိတ်ဝိညာဥ်ပုလဲရဲ့ စွမ်းအားက ပင်လယ်ထဲမှာ အားဖြည့်ထားတာဆိုတော့ အဆုံးမဲ့ မဟုတ်ဘူး။ တကယ်လို့ အသုံးပြုဖို့ လုံလောက်တဲ့ အင်အား မရှိဘူးဆိုရင် ပုလဲထဲက စွမ်းအားကလည်း အလျင်အမြန် ပျောက်ကွယ်သွားလိမ့်မယ်။ စိုးရိမ်စရာ မလိုဘူး”
ဂျွတ်
အေးခဲခြင်းကြောင့် ထွက်ပေါ်လာသည့် ဆူညံသံများက ပိုမိုကျယ်လောင်လာသည်။
စီးဝူယာ့က ဆက်လက် ရှင်းပြမည့်အချိန် မရှိဘဲ အလျင်အမြန် အော်ပြောလိုက်သည်။
“အားလုံး နောက်ဆုတ်ကြ”
မည်သူကမှ စီးဝူယာ့ကို မေးခွန်းမထုတ်ဘဲ နာခံလိုက်ကြသည်။ အားလုံးက အလျင်အမြန် နောက်ဆုတ်လိုက်ကြ၏။
မီတာများစွာ ရှည်လျားပြီး ကျယ်ပြန့်သည့် နန်းတော်တံတိုင်း၏ အရှေ့ဘက်အခြမ်းသည် ရေခဲတံတိုင်းအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ တစ်ချိန်တည်းဆိုသလို ရေခဲက တံတိုင်းအထက် ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သည်။
ဒါက ပေါင်းစည်းခြင်းစွမ်းအားပဲ ...
အားလုံးက အထွတ်အထိပ် ကောင်းကင်နန်းဆောင်ကို ကျော်လွန်၍ တိုင်းပြည်ရေးရာ ကြေညာရေးခန်းမဆီ ပြေးလာကြသည်။
အထွတ်အထိပ် ကောင်းကင်နန်းဆောင်နား ရပ်နေသည့် တော်ဝင်အစောင့်တပ်များက ရေခဲရုပ်ထုအဖြစ် ပြောင်းလဲသွားပြီ ဖြစ်၏။
ထိုစဥ် စီးဝူယာ့က လီယွင်ကျန်းကို ဆွဲကာ ဒေါင်းမြီးယပ်တောင်ကို ပစ်လွှတ်လိုက်သည်။
လီယွင်ကျန်းက တအံ့တသြဖြင့် ပြောလိုက်သည်။
“ဆရာ့ဆီမှာလည်း ပြိုင်ဘက်ကင်းအဆင့် လက်နက်ရှိတာလား”
“ဒါက ဘာမှမဟုတ်ပါဘူး။ မင်းရဲ့ ဆရာဘိုးဘိုးဆီက လက်ဆောင်လေ”
ဒေါင်းမြီးယပ်တောင်က တောင်ပံအဖြစ် ပြောင်းလဲသွားပြီး စီးဝူယာ့နှင့် လီယွင်ကျန်းကို လူအုပ်ကြားမှ သယ်ဆောင်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ၂ဦးသားက မီတာထောင်ချီ ဝေးကွာသည့် တိုင်းပြည်ရေးရာ ကြေညာရေးခန်းမသို့ ရောက်ရှိလာကြ၏။
တခြားသူများကမူ အားမနည်းပေ။ သူတို့ကလည်း တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြသည်။
ထိုစဥ် လီယွင်ကျန်းက စီးဝူယာ့၏ ကျောပေါ်မှ တောင်ပံကို ကြည့်ကာ ရေရွတ်လိုက်သည်။
“ဒါ ဒါ ဒါက ... “
စီးဝူယာ့က ပြုံးကာ “ငါ့လက်နက်က မင်းရဲ့ အကြီးဆုံး ဆရာဦးလေးနဲ့ ဒုတိယ ဆရာဦးလေးလောက် အားမကောင်းပေမဲ့ ဒါနဲ့ အဆုံးမဲ့ ပင်လယ်ကို ဖြတ်သန်းလို့ ရတယ်လေ”
လီယွင်ကျန်း၏ မျက်နှာအထက် အားကျသည့် အမူအရာမျိုး ပေါ်ထွက်လာသည်။
ထိုစဥ် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က စီးဝူယာ့နှင့် မနီးမဝေးတွင် ရောက်ရှိလာပြီး စီးဝူယာ့၏ တောင်ပံကို ကြည့်ကာ ခေါင်းအသာယမ်းလိုက်ကြသည်။ သူတို့က သူတို့၏ ချီရှစ်တိသည် မလွယ်ကူကြောင်း တွေးလိုက်မိကြ၏။ ဒေါင်းမြီးယပ်တောင်သည် အားမကောင်းဘဲ တောင်ပံတစ်စုံအဖြစ်သာ ပြောင်းလဲနိုင်လေသည်။ အားကောင်းကာ ကြမ်းတမ်းသည့် သားရဲများနှင့် ရင်ဆိုင်ရသည့်အခါ သူတို့၏ ဓားနှင့် ဓားမော့နှင့် မည်သို့ယှဥ်နိုင်မည်နည်း။
...
ဝေဟင်အထက်
အနက်ရောင်ကြာ လည်ပတ်နေမှုကြောင့် ပင်လယ်စိတ်ဝိညာဥ်ပုလဲက စွမ်းအားကို ဆက်လက်ထုတ်လွှင့်နေသည်။
မီတာ ၁၀၀၀ ဝန်းကျင်အတွင်း အေးခဲနေဆဲ ဖြစ်၏။
လုကျိုးက သူ့အထွတ်အထိပ် ဆန်းကြယ်စွမ်းအား အနည်းငယ်ကို အသုံးပြုကာ သူ့နားရောက်ရှိလာသည့် ရေခဲများကို ချေမွလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ရေခဲမွှားများက ဆက်တိုက်ဖြစ်တည်လာပြီး အဘက်ဘက်မှ သူ့ဆီ ဝင်ရောက်လာသည်။ ထိုစဥ် သူက လည်ပတ်နေသည့် အနက်ရောင်ကြာကိုသာ အာရုံစိုက်ထားလိုက်သည်။
ယီယောင်က ခနဲ့ကာ ပြုံးလိုက်၏။ သူက လျပ်တပြတ် ရှေ့တိုးလာသည့်အတွက် ပုံရိပ်ယောင်များကိုသာ ချန်ထားခဲ့သည်။ သူ့လက်ထဲတွင် စွမ်းအင်ဓားကို ကိုင်စွဲထား၏။ အေးခဲနေသည့် ပုံရိပ်ယောင်များက လုကျိုးဆီ အဘက်ဘက်မှ မျက်စိတစ်မှိတ်အတွင်း ပြေးဝင်လာကြသည်။
“ဒီနေရာမှာ ငါက နတ်ဘုရားနဲ့ မကွာဘူး”
လုကျိုးက ထိုအေးခဲနေသည့် ပုံရိပ်ယောင်များ သူ့ဆီ ဦးတည်လာသည့် အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်သည်။ သူ့အနေဖြင့် ဤသို့သော အန္တရာယ်မျိုးကို ခံစားရသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်၏။ အနက်ရောင်ကြာ အလယ်တွင် တောက်ပနေသည့် ပုလဲမှ ယူဆောင်လာသည့် အန္တရာယ်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။ သူ့အလိုလိုသိစိတ်က သူသာ ဤနေရာတွင် ဆက်လက် ကန့်သတ်ခံနေရပါက ကိစ္စများသည် အရေးသာမည် မဟုတ်ကြောင်း ပြောနေလေ၏။ ထိုအချိန်တွင် သူက အသေရိုက်ချက်ကတ်ကို ဖြုန်းတီးပစ်နိုင်သည်ကို မည်သူကများ သိမည်နည်း။
“တော်သင့်ပြီ” လုကျိုးက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ သူက အလေးအနက် လုပ်ဆောင်တော့မည် ဖြစ်၏။
ထို့နောက် သူက ကောင်းကင်ကျမ်းကို အသံတိတ် ရွတ်ဖတ်လိုက်သည်။
သမာဓိကို ထိန်းထားပြီး ဖော်ဆောင်ဖို့ အလင်းနဲ့ အရိပ်လိုမျိုး သမာဓိဈာန် ဝင်စားရင်း နေရာတိုင်းကို ထိုးဖောက်ဝင်တယ် ...
လုကျိုးက သူ့အထွတ်အထိပ် ဆန်းကြယ်စွမ်းအားတစ်ဝက်ကို အသုံးပြုကာ ကောင်းကင်ကျမ်းစွမ်းအား အားလုံးကို ထုတ်လွှင့်လိုက်သည်။ တစ်ချိန်တည်းဆိုသလို သူ့ခြေထောက်အောက်တွင် အပြာရောင်ကြာပွင့် ပွင့်လန်းလာ၏။
အပြာရောင်ကြာက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားလှိုင်းများ အဘက်ဘက်သို့ ပျံ့နှံ့သွားစေသည်။ ထိုပွင့်ချပ်တိုင်းတွင် ကြောက်မက်ဖွယ် စွမ်းအားမျိုး ကိန်းအောင်းနေ၏။
“ဟမ်” လုကျိုးဘေးနား ရောက်ရှိလာသည့် ယီယောင်က သူ့ဓားကို ထိုးသွင်းလိုက်သည်။ သူက ဤထူးထူးဆန်းဆန်း ဖြစ်ရပ်ကို တွေးတောဖို့ အချိန်မရှိပေ။
ဘန်း
အပြာရောင် ပွင့်ချပ်က ယီယောင်၏ စွမ်းအင်ဓားကို ချိုးဖောက်ကာ သူ့ကို ဖိနှိပ်လိုက်သည်။
ဘန်း
သူ့အကောင်းတိုင်း ရှိနေသည့် လက်က အပြာရောင်ကြာမှ ဖိနှိပ်စွမ်းအားကြောင့် ကျိုးသွားလေသည်။ ဖိနှိပ်စွမ်းအားကမူ ရင်ဘတ်ပေါ် ကျရောက်လာသည်။ သူက ချက်ချင်းဆိုသလို လွင့်ထွက်သွား၏။
အထွတ်အထိပ် ဆန်းကြယ်စွမ်းအားက တကယ်ကို အားကောင်းလွန်းတယ် ...
ထိုစဥ် အနက်ရောင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က ယီယောင်၏ ခန္ဓာကိုယ်အတွင်း ပြန်လည်ပျောက်ကွယ်သွားသည်။ ထိုအရာ မပျောက်ကွယ်ခင် သူ့မွေးဖွားဇယားချပ်တစ်ခုက မှေးမှိန်သွားကြောင်း မြင်လိုက်ရသည်။
မိုးမြေကြား ဆိုးဆိုးဝါးဝါး အော်သံတစ်ခု ပဲ့တင်ထွက်လာ၏။
“တင်း မွေးဖွားဇယားချပ်ကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၆၀၀၀ ရရှိပါတယ်”
ယီယောင်က အမှန်တကယ် အံ့အားသင့်သွားလေသည်။ သူ့စိတ်ထဲ မေးခွန်းများနှင့်သာ ပြည့်နှက်နေ၏။
လုကျိုးက ဒီလောက်ဘာလို့ အားကောင်းနေရတာလဲ …
အပြာရောင်ကြာ ပွင့်လန်းလာသည့်အခါ သူက မွေးဖွားဇယားချပ် ရှစ်ခု ပညာရှင်နှင့် ရင်ဆိုင်ရသလိုမျိုး ခံစားလိုက်ရသည်။
လုကျိုးက မပြီးဆုံးသေးပေ။ ကောင်ကင်ကျမ်း စွမ်းအားက နေရာတစ်ခုလုံးကို ပျံ့နှံ့သွား၏။ ထိုစဥ် မီတာ ၁၀၀၀အတွင်း အေးခဲနေသည့်နေရာက သူ့အကွာအဝေးကျယ် နည်းစနစ်ကြောင့် အလွယ်တကူ ဖယ်ရှားခံလိုက်ရသည်။
“မီးထိန်းချုပ်မှု”
ကြယ်တာရာ ဒိုင်ခွက်မှ တတိယမြောက် မွေးဖွားဇယားချပ်မှ အလင်းတန်းကို ကံမီးတောက်ဖြင့် လွှမ်းခြုံသွားပြီး ရွှေရောင် ကြယ်တာရာ ဒိုင်ခွက်က စတင်လည်ပတ်လာသည်။
ဘန်း ဘန်း ဘန်း ဘန်း
လေးကြိမ်ဆက်တိုက် ပစ်ခတ်လိုက်၏။
ကံမီးတောက်က ဆက်လက် လောင်ကျွမ်းနေပြီး နေရာရှိ ရေခဲများကို အရည်ပျော်သွားစေသည်။
“ကံမီးတောက်ရှိတဲ့ မွေးဖွားဇယားချပ် စွမ်အားလား” ယီယောင်က လွင့်စင်သွားရင်း ထိုမြင်ကွင်းကြောင့် မျက်လုံးအပြူးသား ဖြစ်နေမိသည်။ ယခု သူ့လက်မောင်းတစ်ဖက်ကလည်း ကျိုးသွားပြီဖြစ်ကာ တစ်ဖက်လူက မည်မျှအားကောင်းကြောင်း ရုတ်ခြည်း သဘောပေါက်သွား၏။ သူ့စိတ်ထဲ အတွေးတစ်ခုသာ ကျန်ရှိတော့သည်။
ထွက်ပြေးဖို့သာ ဖြစ်၏။
ထိုစဥ် လုကျိုး၏ စိတ်ဝိညာဥ်သဏ္ဌာန်က လှုပ်ရှားလာပြီး ကြယ်တာရာ ဒိုင်ခွက်က ယီယောင်ကို ချိန်ရွယ်လိုက်သည်။
ပစ်မှတ်ထားခံရသည့် ခံစားချက်က ယီယောင်ကို တုန်တုန်ယင်ယင် ဖြစ်သွားစေ၏။ အကြောက်တရားက လွှမ်းခြုံသွားသည့်အတွက် သူခံစားနေရသည့် နာကျင်မှုမျိုးကိုပင် ခေတ္တမျှ မေ့လျော့သွားသည်။
လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်သည်။
“မင်းရဲ့ မွေးဖွားဇယားချပ် ၅ ခုနဲ့တောင် ငါ့ဆီက ရိုက်ကွက်တစ်ခုကို မနည်းခံရတာ။ အခု မင်းဆီမှာ မွေးဖွားဇယားချပ် ၂ခုပဲ ကျန်တော့တယ်ဆိုတော့ ငါ့ကို ဘယ်လိုအနိုင်ယူမှာလဲ”
“ဒါက အဓိပ္ပာယ်မရှိဘူး။ အဓိပ္ပာယ် တကယ်မရှိဘူး” ယီယောင်က ထိုစကားများကို ထပ်ခါထပ်ခါ ရေရွတ်နေသည်။
“ကိစ္စတွေက ဒီလောက်ထိ ဖြစ်လာပေမဲ့ မင်းက ခေါင်းမာပြီး ခုခံနေတုန်းပဲ။ ကောင်းပြီ မင်းရဲ့ မွေးဖွားဇယားချပ်တွေ အားလုံးကို ဖျက်ဆီးပစ်မယ်။ အဲဒီနောက် မင်း ဆက်လက် မောက်မာရဲမလား ကြည့်ရသေးတာပေါ့”
ဝှစ်
ကံမီးတောက်နှင့် အထွတ်အထိပ် ဆန်းကြယ်စွမ်းအား ပေါင်းစပ်ထားသည့် စွမ်းအားက ပင်လယ်စိတ်ဝိညာဥ်ပုလဲအတွက် ပြီးပြည့်စုံသည့် တန်ပြန်တိုက်ကွက် ဖြစ်ပေသည်။ တစ်ချိန်တည်းဆိုသလို ရွှေရောင် ကြယ်တာရာ ဒိုင်ခွက်က ကံမီးတောက် လွှမ်းခြုံထားသည့် အလင်းတန်း ၄ခု ပစ်ခတ်လာသည်။
ဘန်း ဘန်း ဘန်း ဘန်း
အလင်းတန်း ၄ခုက ယီယောင်၏ ရင်ဘတ်အပေါ် ကျဆင်းလာ၏။
“မဖြစ်ဘူး”
“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၆၀၀၀ရရှိပါတယ်”
လုကျိုးက ယီယောင်ဆီ ပျံသန်းလာလိုက်၏။ သူက သွေးစွန်းနေသည့် ယီယောင်ကို ကြည့်ရင်း ခေါင်းအသာယမ်းလိုက်သည်။
“မင်းဆီမှာ မွေးဖွားဇယားချပ်တစ်ခုပဲ ကျန်တော့တယ်”
ယီယောင်က အမှန်တကယ် ကြောက်လန့်နေမိသည်။ ယခုအခိုက်တန့်တွင် အမှန်တကယ် ထိတ်လန့်နေမိ၏။ သူ့မျက်လုံးများက ဟိုဟိုဒီဒီ ကြည့်ကာ လွတ်မြောက်မည့်နည်းလမ်းကို ရှာဖွေနေသည်။ ထို့နောက် ရုတ်ခြည်းဆိုသလို ထပ်ခါထပ်ခါ ပြောလိုက်၏။
“ကယ် ကယ် ကယ်ပါ”
လုကျိုးက ပတ်ဝန်းကျင်ကို လေ့လာရင်း နှလုံးခုန်တစ်ချက် မြန်သွားလေသည်။
ဒီနေရာမှာ တစ်ယောက်ယောက်များ ရှိနေတာလား ...
ဒါပေမဲ့ သူက မီတာ ၁၀၀၀ ဝန်းကျင်အတွင်း မည်သူ့ကိုမှ မမြင်မိပေ။ အဝေးမှ ကြည့်နေသည့် ကျင့်ကြံသူများသာ ရှိ၏။
ယီယောင်က သူ့တည်ငြိမ်မှု လုံးဝပျောက်ဆုံးသွားပြီ ဖြစ်၏။ သူက အရူးအမူး ပြောလိုက်သည်။
“ငါ့ကို သတ်လို့မရဘူး။ ငါက အနက်ရောင် မျှော်စင်အဖွဲ့အစည်းရဲ့ ထောက်ပံ့မှု ရှိတယ်။ ငါ့ကို သတ်ရင် သူတို့က သေချာပေါက် လက်စားချေလိမ့်မယ်။ ငါ့ကို လွှတ်ပေး”
အပြာရောင်ကြာက သူနောက်ဆုံးသော မျှော်လင့်ချက်ကို ချေမွပစ်လိုက်သည်။
“မင်းကို ဘယ်သူကယ်နိုင်မလဲ ကြည့်ရသေးတာပေါ့” လုကျိုးက ခြေစောင့်ချလိုက်ရင်း ပြောလိုက်သည်။
ဝှစ်
ယီယောင်က ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို အလျင်အမြန် ထုတ်ဖော်လိုက်၏။ သို့သော်လည်း မီတာ ၃၀၀မျှသာ မြင့်မားတော့သည်။
လုကျိုးက ယီယောင်သည် ကိုယ့်ဘာသာ ဖောက်ခွဲတော့မည် ဖြစ်ကြောင်း ခံစားမိလိုက်၍ သူ့ခြေထောက်ဝန်းကျင်မှ အပြာရောင် အလင်းတန်း ထွက်လာကာ ချက်ချင်းဆိုသလို ယီယောင်ဆီ ရောက်ရှိလာပြီး သူ့ကို တုံ့ပြန်ဖို့ အခွင့်အရေး မပေးပေ။
ဝုန်း
လုကျိုးက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်၏ ရင်ဘတ်ကို လျှပ်စီးလို အလျင်ဖြင့် နင်းချလိုက်သည်။
ယီယောင်က သွေးတစ်ပွက် အန်လိုက်ရ၏။ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က ထပ်မံကျုံ့သွားကာ သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားသည်။
“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၆၀၀၀ ရရှိပါတယ်”
ဝုန်း
ယီယောင်က နန်းတော်တံတိုင်းနှင့် ဝင်တိုက်မိသွားပြီး အပြိုအပျက်များကြား ရောက်ရှိသွားသည်။
လုကျိုးက သူ့အထွက်အထိပ် ဆန်းကြယ်စွမ်းအားကို သုံးသပ်လိုက်ပြီး သိပ်များများစားစား မကျန်တော့ကြောင်း တွေ့ရှိလိုက်ရသည်။ သူက အာရုံမစိုက်ပေ။ ပြောရလျှင် ယခု အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို အသုံးပြုဖို့ မလိုသေးပေ။
...
တိုက်ပွဲကို ကြည့်နေသည့် ကျင့်ကြံသူများကလည်း တအံ့တသြ ဖြစ်နေကြ၏။ တိုင်းပြည်ရေးရာ ကြေညာရေးခန်းမအတွင်း ရှိနေသည့် သူများက အထူးသဖြင့် အရာရှိများက ကြောင်အမ်းနေကြသည်။
...
လုကျိုးက ဒဏ်ရာရှိနေသည့် ယီယောင်အနား ရောက်ရှိလာသည်။
ယီယောင်၏ မျက်ဝန်းက သွေးဆာနေပြီး အကြောက်တရားဖြင့် ပြည့်နှက်နေသည်။ သူ့အသက်ရှူနှုန်း ဖြည်းဖြည်းချင်း နှေးကွေးလာ၍ မနည်းအသက်လု ရှူနေရသည်။ သူက လက်အသုံးမပြုနိုင်တော့ဘဲ စွမ်းအား အားလုံး ကုန်ဆုံးသွားပြီဖြစ်၏။ မွေးဖွားဇယားချပ် ၃ခုသာရှိသည့် သူ့ရန်သူက အထိအခိုက်မရှိ မည်သို့ကျန်ရှိနိုင်မည်နည်း။
နောက်ဆုံးတွင် သူက သူတို့၏ အင်အားကြားမှ အစစ်အမှန် ကွာဟချက်ကို သဘောပေါက်သွားခဲ့သည်။ သူ့စိတ်ထဲ မျှော်လင့်ချက် ကုန်ဆုံးမှု မြင့်တက်လာသော်လည်း ဆက်လက်တောင့်ခံနေဆဲ ဖြစ်၏။
ယီယောင်ကို ခေတ္တမျှ စိုက်ကြည့်ပြီးသည့်နောက်တွင် လုကျိုးက ခေါင်းအသာယမ်းလိုက်ပြီး
“မင်းက ပွင့်ချပ်ဆယ်လွှာအဆင့်ကို ပြန်ရောက်သွားပြီ။ ငါ့ရဲ့ စွမ်းအားအပြည့် သုံးဖို့တောင် မလိုတော့ဘူး”
ယီယောင်က မပြောခင် မျက်လုံးအပြူးသားဖြစ်သွားပြီး
“ငါ … ငါရှုံးနိမ့်တာကို ဝန်ခံတယ်”
ထိုစကားများက ယီယောင်ကို လှုံ့ဆော်လိုက်သည့်အလား သူ့ပါးစပ်မှ သွေးများက ရေတံခွန်အလား စီးကျလာသည်။
“ဘယ်လိုပဲဖြစ်ဖြစ် မင်းလည်း သေမှာပဲ” ယီယောင်က သူ့ကျိုးနေသည့် ပခုံးဖြင့် မြို့တော်အရှေ့ဘက်ကို ညွှန်ပြလိုက်ပြီး ခေါင်းက တစ်ဖက်သို့ စောင်းကျသွား၏။
“တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၈၀၀၀ ရရှိပါတယ်။ နယ်မြေအပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၂၀၀၀ ရရှိပါတယ်”
…
အခန်း (၉၀၅) လိုက်ဖမ်းရင်း တိုက်ခိုက်ခြင်း
ယီယောင်သည် သေဆုံးသွားသည့်အခါ မလိုလားမှုများ၊ အခဲမကျေမှုများ ပြည့်နေလေ၏။
လုကျိုးသည် ယီယောင်ညွှန်ပြသည့်ဖက်ကို ကြည့်လိုက်သော်ငြား မည်သည့်လှုပ်ရှားမှုကို မပြုလုပ်ခဲ့ပေ။ ထိုစဉ် ရေခဲရောင်ဖြင့် တောက်ပသော ပုလဲလုံးသည် ယီယောင်ရှေ့သို့ တဖြည်းဖြည်းချင်း မျောလွင့်လာလေ၏။
လုကျိုးသည် လက်မြှောက်ကာ ၎င်းကို လက်ဖဝါးတွင် ဆုပ်ကိုင်လိုက်၏။ သူ၏လက်သည် ၎င်းနှင့် ထိမိသွားသည်နှင့် အေးစိမ့်သော အထိအတွေ့က ပေါ်လာတော့သည်။ အအေးဓာတ်သည် အရိုးထဲထိအောင် စိမ့်နေလေ၏။ သူသာ ဆန္ဒရှိလျှင် ပတ်ဝန်းကျင်ကို ဆောင်းတမျှအေးအောင် ပြောင်းလဲနိုင်သည်ဟု ခံစားမိသည်။
ဒီတော့ ဒါက အပူချိန်ကို ထိန်းချုပ်နိုင်တာလား။ ကမ္ဘာပေါ်မှာသာဆိုရင် ရွေ့လျားနိုင်တဲ့ အအေးပေးစက်နဲ့တူနေမှာပဲ။
ကျင့်ကြံသူများသည် ဥတုလေးခုပြောင်းလဲမှုကြောင့် သက်ရောက်မခံရပေ။ အပူချိန်ကမူ ပုံမှန်မဟုတ် မြင့်လွန်းနေလျှင် သို့မဟုတ် ပုံမှန်မဟုတ် နိမ့်လွန်းနေမှသာ ထိခိုက်စေမှာဖြစ်သည်။
“တင်း ... ပင်လယ်ဝိညာဉ်ပုလဲရရှိပါပြီ။ ပေါင်းစည်းခြင်းစွမ်းရည် အကြွင်းမဲ့ သုညသက်ရောက်မှု။ မှတ်စု ဤအသုံးပစ္စည်း၌ စွမ်းအင် အကန့်အသတ်ရှိပြီး ပန်းပဲကုန်ကြမ်း အနေနှင့်သာ အသုံးပြုနိုင်သည်”
“ပေါင်းစည်းခြင်းလား” လုကျိုးသည် ဇဝေဇဝါဖြစ်သွား၏။ ဆိုရိုးစကားအရ စကြဝဠာကို ဖွဲ့တည်တဲ့အချိန် မိုးနဲ့မြေကို ပေါင်းစည်းထားပြီး မိုးနဲ့မြေက တသားတည်းဖြစ်တာကြောင့် ကွာဟချက် မရှိဘူး။ ဒီတော့ ဒါက စကြဝဠာအဆင့်လက်နက်လား ....
မည်သည့်နည်းနှင့်မဆို ယင်းသည် ရတနာတစ်ပါးဆိုတာ ကျိန်းသေ၏။ ထို့အပြင် စိန်ခေါ်ရန် ယီယောင်၏ စိန်ခေါ်ချက်သည် ဤပစ္စည်းအပေါ်တည်ဆောက်ထားတာပဲဖြစ်သည်။
အကြွင်းမဲ့ သုညသက်ရောက်မှု ... ၎င်း၏စွမ်းရည်က အတော်လေးကောင်းပေ၏။ ၎င်းသည် ကံမီးတောက်နှင့် အထွတ်အထိပ်ဆန်းကျယ်စွမ်းအားဖြင့်တောင် သူသည် ၎င်းမှ အန္တရာယ်အငွေ့အသက်ကို ခံစားမိသေးသည်။ အခြားလူတစ်ယောက်သာဆိုလျှင် ထိုလူ၌ မွေးဖွားဇယားချပ်ငါးခု ရှိလျှင်တောင် ထိုလူသည် ယီယောင်၏ ပြိုင်ဖက်ဖြစ်မှာ မဟုတ်ပေ။
လုကျိုးသည် မီးဝိညာဉ်ပုလဲကို ကိုင်ဆောင်ထားစဉ် သူက သက်ပြင်းချလိုက်၏။ “မင်း ငါနဲ့တွေ့တာပဲ သနားစရာကောင်းတယ်”
ပြောပြီးသည်နှင့် သူ၏ကံမီးတောက်ဖြင့် ယီယောင်၏အလောင်းကို မီးရှို့ပစ်လိုက်တော့သည်။ ကံမီးတောက်သည် အလောင်းကို ဘာမှမကျန်တော့သည်အထိ လောင်မြိုက်သွားစေပြီးနောက် မီးခိုးမရှိတော့ပေ။
ဝှစ်
လုကျိုးသည် နန်းတော်မြို့ရိုးအရှေ့ဖက်မှ လှုပ်ရှားမှုကို အာရုံခံမိသွားသည်။ ၎င်းသည် ရေခဲပြိုကွဲခြင်းမှ လာတာဖြစ်လောက်၏။ သူ လှမ်းကြည့်လိုက်တော့သည်။
“တစ်ခုခု မှားနေပြီ”
သူသည် ယီယောင်မသေခင် ပြောသွားသည့်စကားများကို ပြန်တွေးမိပြီး တွေဝေမနေဘဲ မဟာနည်းစနစ်ကို ထုတ်သုံးလိုက်သည်။
လှုပ်ရှားမှုကို အာရုံခံမိသည့် ထောင့်ဆီသို့ သူ ရောက်သွားသည့်အခါ တစ်စုံတစ်ခု၏ အကြွင်းအကျန်ကို အာရုံခံမိသည်။ အကြွင်းမဲ့သုညသက်ရောက်မှုကြား အပူချိန်က နိမ့်နေသည်။ သို့သော် ဤနေရာ၌ အပူချိန်က မြင့်နေသည်။ တစ်စုံတစ်ယောက်ဤနေရာတွင် အစောတုန်းက ရှိခဲ့တာ သိသာ၏။
လုကျိုးက ခေါင်းအနည်းငယ်ညိတ်လျက် အသံကူးပြောင်းမှု ပို့လိုက်၏။
“ငါ ပြန်လာခဲ့မယ်။ နန်းတော်ထဲမှာ နေကြ။ ခွင့်ပြုချက်မရှိဘဲ ထွက်မလာနဲ့”
ဤနည်းဖြင့် လုကျိုးသည် လေစီးဆင်းမှုတို့ ပေါ်ထွက်လာသည့် အရပ်မျက်နှာဆီမှ ပျောက်ကွယ်သွားတော့သည်။ တစ်ချိန်တည်းတွင် သူသည် သူ့ကိုယ်သူနှင့် သူ့ရန်သူကြား ခွန်အားကွာဟချက်ကို စတင်တွက်ချက်နေတော့သည်။
ယီယောင်ထက်ပိုသန်မာသည့် ဘုံတစ်ထောင်လေပွေ သိုင်းပညာရှင်ဆိုပါက ထွက်ပြေးစရာ အကြောင်းမရှိပေ။ ထို့ကြောင့် ဤလူသည် ယီယောင်၏အဆင့်လောက်သာရှိသည့် သိုင်းပညာရှင် ဖြစ်လောက်သည်။
လုကျိုး၌ အဆင့်မြင့်အသေရိုက်ချက်ကတ်တစ်ကတ်ရှိပြီး မွေးဖွားဇယားချပ် ၈ချပ်ဖြင့် သိုင်းပညာရှင်တောင် သူ့အတွက် ပြိုင်ဖက်မဟုတ်ပေ။ သို့သော် မွေးဖွားဇယားချပ် ၅ခုအောက်နည်းလျှင် အကောင်းဆုံးဖြစ်သည်။ ဤနည်းဖြင့် သူသည် ကုသိုလ်မှတ်များစွာရရှိလိမ့်မည်။
လုကျိုးသည် ယီယောင်က သူ့ကိုကယ်ရန် တစ်စုံတစ်ယောက်ကို လှမ်းခေါ်ခဲ့တာ အမှတ်ရသွားသည်။ ယီယောင်သည် ထိုလူကို ခေါ်တာပဲဖြစ်မည်။ တစ်ဖက်လူက သူ၏အန္တရာယ်များသော အရှိန်အဝါကို အာရုံခံမိသောကြောင့် စိတ်ပြောင်းသွားတာ ဖြစ်နိုင်သည်။
တိုင်းပြည်ရေးရာ ကြေညာရေးခန်းဆောင်ရှေ့တွင် ဖြစ်သည်။
“နားလည်ပါပြီ”
မိစ္ဆာဝေဟင်မျှော်နန်းမှ တပည့်များသည် လုကျိုး၏ အမှာစကားကို ကြားသောအခါ သူတို့ တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်လိုက်၏။
ယခုအချိန်တွင် အရာအားလုံးပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။ ကောင်းကင်သည် ယခင်ကကဲ့သို့ ပြာသွားပြီဖြစ်သည်။ ရေခဲများဖြင့် ခဲနေသော တော်ဝင်နန်းဆောင်သည်လည်း လုကျိုး၏အပြာရောင်ကြာပွင့်ကြီးပေါ်လာပြီးနောက် မူလအနေအထား ပြန်ရရှိလာသည်။
ရေခဲကြောင့် ခဲသေသွားသည့် အစောင့်များကမူ အသက်ပြန်မရှင်လာပေ။ သူတို့သည် အအေးဒဏ်ကြောင့် သေသွားတာဖြစ်ပြီး ရှင်သန်ရန် အခွင့်အရေးမရှိတော့ပေ။
ဤတိုက်ပွဲကို မျက်မြင်တွေ့ပြီးနောက် လီယွင်ကျန်းသည် ဧကရာဇ်တစ်ပါး၏ ဟန်ပန်အမူအရာ ဆုံးရှုံးသွားပုံပေါ်သည်။ သူက ကြောက်လန့်နေတော့သည်။
“ဆရာ ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ”
စီးဝူယာ့က အသံတိုးတိုးဖြင့်ပြောလိုက်၏။ “အခုက အခြေအနေကို အခွင့်အကောင်းယူဖို့ အကောင်းဆုံးအခွင့်အရေးပဲ။ မင်း တော်ဝင်နန်းဆောင်ထဲက မထွက်သွားသရွေ့ မင်း အာဏာသိမ်းနိုင်ပြီ”
“ကျွန်တော်လား”
“ဒါပေါ့” စီးဝူယာ့က ပြောလိုက်၏။ "တာ့ထန်ရဲ့ထိန်းချုပ်မှု ပြန်ရဖို့ မင်းအတွက် အကောင်းဆုံးအခွင့်အရေးပဲ”
ထိုစကားကို ကြားသောအခါ လီယွင်ကျန်းသည် လည်ချောင်းရှင်းလျက် ပြောလိုက်တော့သည်။
“တော်ဝင်ရဲမက်တို့”
မူလက ထိုတော်ဝင်ရဲမက်များသည် ရှားဟူချန်းလက်အောက်တွင် ရှိ၏။ အခု သူ သေသွားပြီဖြစ်သောကြောင့် သူတို့သည် ဦးခေါင်းမဲ့သော ယင်ကောင်များပမာဖြစ်နေသည်။ လီယွင်ကျန်းက သူတို့ကို ခေါ်ချိန်၌ တစ်ယောက်နှင့်တစ်ယောက် ကြောင်အစွာကြည့်နေသည်။
“အရိုအသေမဲ့လိုက်တာ” လီယွင်ကျန်း၏ အသံက ကျယ်လာလျက် ပြောလိုက်သည်။
“မနာခံတဲ့သူအားလုံး ကွပ်မျက်ခံရမယ်”
ထိုစကားများသည် တော်ဝင်ရဲမက်များကို အသိစိတ်ပြန်ကပ်သွားစေသည်။ သူတို့သည် တိုက်ပွဲကို ကြည့်ပြီး စိုးထိတ်နေသောကြောင့် သူတို့ရာထူးကို မေ့သွား၏။ ချက်ချင်းပင် ဒူးထောက်လိုက်ကြသည်။
“အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ”
တိုင်းသူပြည်သား ထောင်ချီကလည်း ဒူးထောက်လိုက်ကြ၏။
“အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ”
အမှုထမ်းများနှင့် စစ်အရာရှိများသည် အသက်တစ်သောင်းရှိလျှင်တောင် အခြေအနေက နဂိုအတိုင်း ပြန်မဖြစ်နိုင်မှန်း သိနေသည်။ ထို့ကြောင့် သူတို့အားလုံး ဒူးထောက်လိုက်ကြ၏။
“အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ”
မြင်ကွင်းက ခမ်းနားလှပေ၏။ လီယွင်ကျန်းသည် ဤမြင်ကွင်းကို အကြိမ်ပေါင်းမနည်း စိတ်ကူးယဉ်ခဲ့ဖူးသည်။ သူ၏ဖခမည်းတော်ကဲ့သို့ပင် တိုင်းပြည်ကို အုပ်စိုးကာ သူတို့ကို ကူညီလျက် ကမ္ဘာလောကကြီးကို ပိုကောင်းသည့်နေရာဖြစ်အောင် ဆောင်ရွက်ပေးချင်ခဲ့သည်။ သူ ထီးနန်းပလင်ဆက်ခံပြီး သူ၏အရည်အချင်းကို ပြသချင်ခဲ့၏။ ယခုလက်တွေ့ဖြစ်လာသောကြောင့် သူ၏ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ပေ။
အုပ်စိုးသူတစ်ယောက်အနေဖြင့် လီယွင်ကျန်းသည် သူ ဆုံးဖြတ်ချက်မပြတ်သား၍ မရနိုင်ပေ။ သူက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လျက် ကြည်လင်ပြတ်သားသော အသံဖြင့်ပြောလိုက်သည်။
“ထစေ”
လူတိုင်းက ဖြည်းဖြည်းချင်း ထရပ်လိုက်တော့သည်။
ထိုစဉ် အထိန်းတော်တစ်ယောက်က ကမူးရှူးထိုးပြေးလာလျက် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။
“အရှင်မင်းကြီး ပတ်လမ်းဆယ်ခုရဲ့ မဟာစစ်သူကြီးရှစ်ဦးနဲ့ အဖွဲ့က တွေ့ဆုံခွင့်တောင်းပါတယ်”
မဟာစစ်သူကြီးနဲ့ ဘုရင်ခံ လူကိုးယောက်ပဲ ...
လီယွင်ကျန်း ရင်ထဲ ထိတ်ကနဲဖြစ်သွားလေ၏။ ဤလူကိုးယောက်သည် သူ၏ဆရာဘိုးဘိုး မရှိသည့်အချိန်၌ ရောက်လာခြင်းသည် တိုက်ဆိုင်ခြင်းပေလော။
စီးဝူယာ့သည် အရင်ဆုံးပြောလိုက်၏။ “သူတို့ကို ဝင်ခွင့်ပေးလိုက်”
“ဟုတ်ကဲ့ပါ” အထိန်းတော်လေးက ပြေးထွက်သွားတော့သည်။
လီယွင်ကျန်းက ပြောလိုက်၏။
“ဆရာ ... ကျွန်တော်တို့ကို ဝိုင်းဖို့ သူတို့တပ်ဖွဲ့တွေကို ဦးဆောင်လာရင်ကော ကျွန်တော်တို့ ဘာလုပ်သင့်လဲ”
စီးဝူယာ့က ပြုံးပြီးပြောလိုက်တော့သည်။
“မင်းက မိစ္ဆာဝေဟင်မျှော်နန်းကို လျှော့တွက်နေတာပဲ” ပြီးနောက် သူသည် တစ်ဖက်လှည့်ကာ လှမ်းခေါ်လိုက်သည်။
“တာ့ရှစ်ရှိုး၊ အာ့ရှစ်ရှိုး”
တိုင်းပြည်ရေးရာကြေညာရေးခန်းမဆောင်၏ အတွင်းဖက်အကျဆုံး၌ရပ်နေသော ယွီရှန်းရုန်က ပြောလိုက်သည်။
“ချီရှစ်တိ ကျေးဇူးပြုပြီး ပြောပါ” နေရောင်သည် သူ၏မျက်နှာပေါ်ဖြာကျနေသောကြောင့် သူ၏ မျက်နှာကို မမြင်ရပေ။
“ရှစ်ရှိုးတို့က မိစ္ဆာဝေဟင်မျှော်နန်းက တပည့်တွေထဲမှာ အသန်မာဆုံးပဲ။ နန်းတော်မြို့ရိုးရဲ့ အရှေ့ဖက်ခြမ်းဆီ သွားပေးဖို့ ဒုက္ခပေးလို့ရမလား” စီးဝူယာ့က ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ခရုလေးက သူမ၏ ရှစ်ရှိုးနှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။ သူမ ရှစ်စွင်း၏ စကားများကို ပြန်တွေးမိသောအခါ သူမ၏ကျောက်စိမ်းကဲ့သို့ လက်များကို ဖျစ်ညစ်လိုက်သည်။ သူမရှစ်စွင်း၏ စကားကို နားလည်၏။ သို့သော် သူမ၏ မယုံနိုင်စရာကောင်းလောက်အောင် ဉာဏ်ပညာကြီးမားသည့် ချီရှစ်ရှိုးကတောင် ဤသို့စဉ်းစားနေပုံပေါ်သည်။ ဆိုလိုသည်မှာ သူမတကယ်အားနည်းနေတာပဲဖြစ်သည်။
ယွီကျန့်ဟိုင်က ယွီရှန်းရုန်ကို ပြောလိုက်၏။
“အာ့ရှစ်တိ ဘယ်သူပိုမြန်လဲ ကြည့်တာပေါ့”
ယွီရှန်းရုန်က ချက်ချင်းပင် စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လျက် ပြန်ပြောလိုက်သည်။ ပွင့်ချပ်ကိုးလွှာ ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာပြီး အရှေ့ဖက်ခြမ်းဆီ ပျံသန်းသွား၏။ ယွီကျန့်ဟိုင်က နောက်ကောက်မကျပေ။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်ကာ လိုက်သွားတော့သည်။
ဤနည်းအတိုင်းပေ ပွင့်ချပ်ကိုးလွှာရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုက ပျံထွက်သွားတော့သည်။
ပြီးနောက် စီးဝူယာ့က ဆက်ပြောလိုက်၏။
“အကြီးအကဲကျော့၊ အကြီးအကဲဟွား၊ စန်းရှစ်ရှိုး ... ကျေးဇူးပြုပြီး တောင်ဖက် နန်းတော်မြို့ရိုးကို တစ်ချက်ကြည့်ပေးပါဦး”
“ပြဿနာမရှိဘူး” ကျော့ယွီရှုက နဂါးရစ်ခွေတောင်ဝှေးကို မြေပြင်ပေါ် အသာလေးဆောင့်ချလိုက်၏။ သူမ၏ခန္ဓာကိုယ်သည် လျှပ်ပြက်သည့်အရှိန်ဖြင့်လှုပ်ရှားနေကာ လေထဲတွင် အဆောင်များလူးလွန့်နေလျက် ရွှေရောင်နဂါးတစ်ကောင်ဖွဲ့တည်လိုက်တော့သည်။ ဟွားဝူတောက်က ပိုတောင်ထင်ပေါ်အောင် ဝါကြွားနေပုံပေါ်၏။ သူ၏လေးထောင့်သေတ္တာကို ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက သွန်းလုပ်ပေးပြီးနောက် ၎င်းသည် သူ့ကို သခင်အဖြစ် အသိအမှတ်ပြုခဲ့ပြီးဖြစ်သည်။
သို့သော်ငြား သူသည် လေးထောင့်သေတ္တာပေါ်တွင် ပျံသန်းနေချိန်တွင် အနည်းငယ် ကို့ရိုးကားယားနိုင်ပုံပေါ်၏။
ယင်းကို မြင်သောအခါ တွမ့်မူရှန်းသည် သူ၏နယ်ရှင်လှံကို အမြန်ကိုင်လျက် အကြီးအကဲနှစ်ယောက်နောက် လိုက်သွားတော့သည်။
တွမ့်မူရှန်းသည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို မဖွဲ့တည်ခဲ့သော်ငြား လူတိုင်းသည် သူ့ကို ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ဟု ယူဆခဲ့သည်။ ယင်းက ပုံမှန်ဟု သူတို့တွေးနေကြသည်။ ဆိုရလျှင် ဂိုဏ်းကြီးများ၌ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူအနည်းအကျဉ်းရှိတာ အံ့ဩစရာမကောင်းပေ။
“စစ်ရှစ်ရှိုး ... အာ .. စစ်ရှစ်ရှိုး ဘယ်မှာလဲ” စီးဝူယာ့က မျက်မှောင်ကျုံ့က ဘယ်ကြည့်ညာကြည့် ကြည့်လိုက်၏။ သူသည် မင်ရှစ်ရင်၏ အရိပ်ကိုတောင် မတွေ့ရပေ။ အစောတည်းက ထွက်သွားပုံပေါ်၏။ သူက အနေခက်စွာချောင်းဟန့်ပြီး ပြောလိုက်၏။ "အကြီးအကဲဖန်၊ အကြီးအကဲလန် နှစ်ယောက်လုံး မြောက်ဖက်နန်းတော်မြို့ရိုးဆီ စောင့်ကြပ်ဖို့ ဒုက္ခပေးရပါဦးမယ်”
“ပြဿနာမရှိဘူး”
အကြီးအကဲနှစ်ယောက်လုံးသည် သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်များကို ဖွဲ့တည်လိုက်၏။ ချက်ချင်းပင် ရွှေရောင်ပွင့်ချပ်ကိုးလွှာစိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခု ပေါ်လာပြီး ချက်ချင်းပင် ပျံသန်းသွားလိုက်တော့သည်။
စီးဝူယာ့သည် မိစ္ဆာဝေဟင်မျှော်နန်းအား တော်ဝင်နန်းတော်တစ်ခုလုံးကို စောင့်ကြပ်ဖို့ ရည်ရွယ်နေမှန်း လူတိုင်းသဘောပေါက်သွားပြီဖြစ်သည်။
ထိုစဉ် စီးဝူယာ့က ပြောလိုက်၏။ "ကျိုးရှစ်မေ့၊ ရှောင်ရှစ်မေ့ တိုင်းပြည်ရေးရာ ကြေညာရေးနန်းဆောင်မှာ နေလိုက်ဦး။ အပြင်မှာ နေပြင်းလွန်းတယ်”
လူတိုင်း “...”
…
အခန်း (၉၀၆) မိစ္ဆာဝေဟင်မျှော်နန်းက ပုံမှန်သဘောနဲ့ အကဲဖြတ်လို့ မရဘူး
ခရုလေးက ဦးညွှတ်ကာ ပြောလိုက်သည်။
“ချီရှစ်ရှိုး … ညီမ အနောက်ဘက်ကို သွားလိုက်မယ်”
“မင်းရော သွားချင်တာလား”
“ဟုတ် ချီရှစ်ရှိုး မစိုးရိမ်ပါနဲ့” ခရုလေးက ပြောလိုက်သည်။
“မင်းတစ်ယောက်တည်း သွားမှာကိုတော့ နည်းနည်းစိုးရိမ်မိတယ်” စီးဝူယာ့က မင်ရှစ်ရင် စောစောလေးက ရပ်နေသည့် ဗလာကျင်းနေသော နေရာကို ကြည့်ကာ ပြောလိုက်သည်။
“ကျုပ်ပါ အတူလိုက်ခဲ့မယ်လေ” ကျန်းအိုက်ကျန့်က ဓားကို မြှောက်ကာ ရှေ့ထွက်လာ၏။ သူက ဆံပင်ကို သပ်လိုက်ပြီး ပြောလိုက်သည်။
“ကျုပ်ကို ယုံလိုက်ပါ”
စီးဝူယာ့က ခေါင်းညိတ်လိုက်၏။
“ကောင်းပြီလေ”
“အမြင်ကောင်းကောင်း ရှိတဲ့အတွက် ချီးကျူးပါတယ်” ကျန်းအိုက်ကျန့်က ပြောလိုက်၏။
ခရုလေးက ကျန်းအိုက်ကျန့်ကို ကြည့်ကာ ခေါင်းအသာယမ်းလိုက်ပြီး ပြောလိုက်သည်။
“မလိုတော့ဘူး။ ညီမတစ်ယောက်တည်း အဆင်ပြေပါတယ်”
ခရုလေး၏ စကားအဆုံးတွင် သူမက မြေပေါ် ခြေဆောင့်ကန်ကာ ကြိုးကိုးသွယ်ဗျပ်စောင်းကို ထုတ်လိုက်သည်။
ဝှစ်
သိပ်မကြာခင် ကံမီးတောက်နှင့် ပွင့်ချပ်ဆယ်လွှာ အနီရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်က ကောင်းကင်ထက် ပေါ်ထွက်လာကာ သံစဥ်လည်း ထွက်ပေါ်လာသည်။
“ဟမ် ကံ ကံ ကံမီးတောက်နဲ့ ပွင့် ပွင့် ပွင့်ချပ်ဆယ်လွှာလား” ကျန်းအိုက်ကျန့်က အံ့သြတကြီးဖြင့် ခေါင်းကုတ်ကာ ပြောလိုက်သည်။
ထိုစဥ် ရှောင်ယွမ်အာက ပြောလိုက်၏။
“ဘေးဖယ်နေ။ လမ်းပိတ်မနေနဲ့။ ရှစ်မေးနဲ့ လိုက်သွားလိုက်မယ်”
“အား ... “ ကျန်းအိုက်ကျန့်က ခေါင်းကုတ်လိုက်ပြန်သည်။
သူက လူပိုကြီး ဖြစ်နေတာလား။
ရှောင်ယွမ်အာက ဝေဟင်အထက် ရောက်ရှိသွားသည့်အခါ မျက်စိတစ်မှိတ်အတွင်း ချက်ချင်း ပျောက်ကွယ်သွား၏။ အထွတ်အထိပ် သန့်စင်ကျောက်စိမ်းကျမ်းနှင့် တိမ်တိုက်ခြေလှမ်းဖိနပ်တို့ဖြင့် သူမက အမြန်နှုန်းမြင့် ပျံသန်းသွားသည်။
နောက်ဆုံးတွင် နန်းတော် ပညာရှင်တစ်ယောက်က မျက်လုံးပွတ်ကာ မေးလိုက်သည်။
“အဲဒီမှာ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ဘယ်နှယောက်တောင် ရှိနေတာလဲ။ ငါ မရေနိုင်တော့ဘူး”
“ငါ ဘယ်လိုလုပ် သိမှာလဲ။ မင်း လျှောက်ပြီး မြင်နေတာ မဟုတ်ဘူးလား”
ထိုစဥ် တိုင်းပြည်ရေးရာ ကြေညာရေးခန်းမတွင် ရပ်နေသည့် မုန့်ချန်းသုံက ပြောလိုက်သည်။
“သတ္တမ သခင်လေး ကျုပ်လည်း မြောက်ဘက်မှာ သွားပြီး ကူလိုက်မယ်”
စီးဝူယာ့က ခေါင်းယမ်းကာ ပြောလိုက်သည်။
“မဟုတ်ဘူး။ တောင်ဘက်ကို သွားလိုက်”
“ဟုတ်ကဲ့” မုန့်ချန်းသုံက စီးဝူယာ့၏ ဆုံးဖြတ်ချက်ကို မေးခွန်း မထုတ်ပေ။ သူက စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်ပြီး တောင်ဘက် တံတိုင်းဆီ တုံ့ဆိုင်းခြင်းမရှိ ပျံသန်းသွားသည်။ သူက စီးဝူယာ့ ရွှေရောင်ကြာနယ်မြေအတွင်း ရှိစဥ် အခါက ဆက်သွယ်ခဲ့ပြီးသည့်နောက် စီးဝူယာ့၏ အကဲဖြတ်မှုကို ယုံကြည်လာသည်။
ထိုအရာကို မြင်တွေ့ပြီးသည့်နောက်တွင် နျဲ့ချင်းယွင်နှင့် စစ်ခုန်ပေချန်းတို့က အချင်းချင်း အကြည့် ဖလှယ်လိုက်ကြသည်။ ၂ဦးသားကလည်း ထွက်သွားလိုကြ၏။
သို့သော်လည်း စီးဝူယာ့ ပြောလိုက်သည်။
“ချန်းပေ့ ၂ယောက်က ဒီမှာပဲ နေပေးပါ”
နျဲ့ချင်းယွင်နှင့် စစ်ခုန်ပေချန်းတို့က စီးဝူယာ့ကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။
ပြင်ပခုခံမှုက အားကောင်းလွန်းလှသည့်အတွက် စီးဝူယာ့ အနေဖြင့် အတွင်းမှ ခုခံရေးကိုလည်း အားကောင်းဖို့ရာ သေချာအောင် လုပ်ဆောင်ရမည်။ ထို့အပြင် သူက မြို့စားကြီး ၄ယောက် သို့မဟုတ် နန်းတော်မှ ပညာရှင်များအား မယုံနိုင်ပေ။ အားကောင်းသည့် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ ၂ယောက် ရှိနေ၍ တခြားသူများက ဘာမှလုပ်ရဲမည် မဟုတ်ပေ။
ရှားချန်ချိုးက ကျန်းအိုက်ကျန်းကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“ဝူဝူ ကျီဖုန်းရှင်း … မင်းတို့ ၂ယောက်လုံး ကြိုးစားထား။ မဟုတ်ရင် မင်းတို့တွေ လူပို ဖြစ်နေလိမ့်မယ်”
“ဟုတ်ကဲ့ပါ” မိုးမခတစ်ထောင်ဘုရားကျောင်းမှ တပည့် ၂ဦးက မျက်နှာပူသွားကြ၏။
ကျန်းအိုက်ကျန့် “...”
ထိုစဥ် လီယွင်ကျန်းက စိတ်ရှုပ်ထွေးစွာဖြင့် မေးလာသည်။
“ဆရာ အရှေ့ဘက် တံတိုင်းမှာ ပွင့်ချပ်ကိုးလွှာ ၂ယောက်ပဲ ဘာလို့ထားတာလဲ”
ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူများက ပွင့်ချပ်ကိုးလွှာထက် အားကောင်းမှန်း သိသာလှသည်။
စီးဝူယာ့က ပြုံးကာ တိုင်းပြည်ရေးရာ ကြေညာရေးခန်းမဆီ လျှောက်လှမ်းသွား၏။
ရှားချန်ချိုးက ပြုံးကာ ပြောလိုက်သည်။
“မိစ္ဆာဝေဟင်မျှော်နန်းကို ပုံမှန်သဘောတရားနဲ့ အကဲဖြတ်လို့ မရဘူး”
လီယွင်ကျန်း “...”
...
တိုင်းပြည်ရေးရာ ကြေညာရေးခန်းမအတွင်း ဝင်ရောက်ပြီးသည့်နောက်တွင် လီယွင်ကျန်းက လက်ဝှေ့လိုက်၏။
ကုန်းကုန်းက အသံမြင့်မြင့်ဖြင့် ကြေညာလိုက်သည်။
“ဧကရာဇ်ကို လာရောက်တွေ့ဆုံဖို့ စစ်သူကြီးချန်း ရောက်ရှိလာပါတယ်”
“ဧကရာဇ်နဲ့ တွေ့ဆုံဖို့ စစ်သူကြီးပေ့လည်း ရောက်ရှိလာပါတယ်”
“ဧကရာဇ်နဲ့ တွေ့ဆုံဖို့ စစ်သူကြီးဝူလည်း ရောက်ရှိလာပါတယ်”
...
ထိုစဥ် လုကျိုးက အရှေ့ဘက် ဦးတည်ကာ အရှိန်အဝါနောက် လိုက်ဖမ်းနေသည်။
လုကျိုးက မြို့တော်ရှိ ကျင့်ကြံသူများကို ဖြတ်သန်းသွားစဥ် သူတို့က လေတိုက်သွားသလိုသာ ခံစားလိုက်ရပြီး ကျန်သည့်အရာ ဘာမှမခံစားမိပေ။
လုကျိုး၏ အရှိန်က မနှေးလွန်းသည့်အတွက် မြို့တော်မှ ထွက်မသွားခင် အချိန်သိပ်မကြာလိုက်ပေ။
...
ကျင့်ကြံသူများစွာက ပြိုလဲနေသည့် အရှေ့ဘက် တံတိုင်းဆီ ဖြည်းဖြည်းချင်း ချဉ်းကပ်လာပြီး တိုက်ပွဲပြီးနောက် ရလဒ်ကို ကြည့်ဖို့ ရောက်ရှိလာကြသည်။ အားလုံးက တိုက်ပွဲ အဆုံးသတ်ကြောင့် အံ့အားသင့်နေကြ၏။
တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။
“ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ပညာရှင် ရှိတာ လုံလောက်နေပြီ။ တပ်မဟာကို ဘာလို့များ လိုအုံးမှာလဲ”
...
မြို့တော်မှ ထွက်လာပြီးသည့်နောက်တွင် လုကျိုးက ဆက်လက် လိုက်မဖမ်းတော့ပေ။ ထိုအစား သူက ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို လေ့လာလိုက်၏။ သူက စိတ်ဝိညာဥ်သဏ္ဌာန်ကို ပြန်လည်ရုတ်သိမ်းပြီးပြီဖြစ်ကာ ခရမ်းရောင် တောက်ပသံကျောက်ကို အသက်သွင်းထားလိုက်သည်။ သာမန်အခြေအနေအောက်တွင် မည်သူကမှ သူ့တည်ရှိမှုကို အာရုံခံနိုင်မည် မဟုတ်ပေ။
သို့သော်လည်း လုကျိုးက လိုက်ဖမ်းနေစဥ်အတွင်း သူ သို့မဟုတ် သူမ၏ အရှိန်အဝါ အတက်အကျကို မြင်တွေ့နိုင်သော်လည်း ထိုသူကို လိုက်မမီဘဲ နေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
အသေရိုက်ချက်ကတ် ၃ကတ်က ကုသိုလ်ရမှတ် ၈သောင်းကျော် ကျသင့်လေသည်။ လက်ရှိအခြေအနေဖြင့် ထိုသူကို လိုက်မီဖို့က အဆင့်မြင့် အသေရိုက်ချက်ကတ်ကို အသုံးပြုဖို့ရာသာ ဖြစ်၏။ သူက ထိုက်တန်သည်ဟု မထင်မိပေ။
လုကျိုးက အတွေးနက်နေမိသည်။ သူက မျက်လုံးကို မှိတ်ကာ ပတ်ဝန်းကျင်ရှိ လေနှင့် မြက်ပင်တို့၏ လှုပ်ရှားမှုများကို နားထောင်လိုက်သည်။
အဆင့်မြှင့်ထားသည့် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကြောင့် သူ့အကြားစွမ်းရည်က သိသိသာသာ တိုးတက်လာပုံပေါ်၏။ ထို့အပြင် သူ့အထွတ်အထိပ် ဆန်းကြယ်စွမ်းအားများစွာ မကုန်ပေ။
သူ့ကြားနိုင်သည့် နယ်နိမိတ်ကလည်း မီတာ ၁၀၀မှ ၁ကီလိုမီတာ၊ ကီလိုမီတာအချို့ထိကျယ်ပြန့်လာခဲ့သည်။
ဝှစ်
သိပ်မကြာခင် လုကျိုးက အသက်ဓာတ်စွမ်းအားမှ ထူးကဲသည့် အသံအတက်အကျကို ကြားလိုက်သည်။
“အရှေ့ဘက်လား”
လုကျိုးက မဟာနည်းစနစ်ကို ထုတ်သုံးကာ ထိုလူနောက် လိုက်ဖမ်းလိုက်သည်။ အကယ်၍ သူသာ လိုက်မမီပါက ထိုသူ၏ အသက်ကို ချမ်းသာပေးလိုက်ရမည်။
ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်၏ စွမ်းအားက ကြာကြာခံသော်လည်း ကြာရှည်လှသည့် စွမ်းအား ကုန်ဆုံးမှုက တောင့်ခံဖို့ ခက်ခဲလှသည်။
...
၁၅မိနစ်ခန့် ကြာမြင့်ပြီးသည့်နောက်
လုကျိုးက တောအုပ်အတွင်း ပေါ်ထွက်လာသည်။ ထိုနေရာက မြို့တော်နှင့် အလှမ်းဝေးလှ၏။
သိပ်မကြာခင် လုကျိုးက ထိုတောအုပ်အတွင်း ကျောက်တောအုပ်ကို မြင်လိုက်ရသည်။
ဧရာမ ကျောက်အစီအရင်လား ...
ဒါက လောင်အာ့ ချိုးဖောက်ခဲ့တဲ့ အစီအရင်နဲ့တူတဲ့ပုံပဲ။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက မွေးဖွားဇယားချပ် သားရဲတွေကို ဒီလို ထိန်းသိမ်းထားတာလား ...
မည်သို့ပင်ဆိုစေကာမူ လုကျိုးက ထိုအစီအရင်ကို အထိခိုက်မရှိ ထားဖို့ မဖြစ်နိုင်ပေ။
လုကျိုးက လက်မြှောက်လိုက်ပြီး အစီအရင်ကို ဖျက်ဆီးတော့မည့်ဆဲဆဲတွင် အနက်ရောင် ဝတ်ရုံနှင့် ပိန်ပါးပါး အမျိုးသားတစ်ယောက်က သူ့ရှေ့ရှိ ဧရာမ ကျောက်တုံးကြီးနောက်မှ ထွက်လာသည်။
“ခဏနေပါအုံး” ထိုအမျိုးသား၏ အသံက အောလှသည်။
လုကျိုးက ကြည့်ကာ ဖြည်းဖြည်းချင်း မေးလိုက်သည်။
“မင်းက ထွက်လာရဲသေးတယ်လား”
အနက်ရောင် ဝတ်ရုံ ကျင့်ကြံသူက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏။
“ကျွန်တော်က ဆိုးရွားတဲ့ ရည်ရွယ်ချက် မရှိပါဘူး”
“မင်းက ယီယောင်ရဲ့ ကူညီသူပဲ။ ငါက ဘယ်လိုလုပ် မင်းကို ချမ်းသာပေးရမှာလဲ” လုကျိုးက လက်ကို အသာမြှောက်လိုက်စဥ် သူ့လက်ထဲ ကတ်တစ်ကတ် ထွက်ပေါ်လာသည်။
လုကျိုး၏ လှုပ်ရှားမှု အသေးစားလေးက ဝတ်ရုံနက် ကျင့်ကြံသူကို တုန်လှုပ်သွားစေသည်။ သူက စွမ်းအင်အတက်အကျ မရှိသော်လည်း ဘာကြောင့် ခံစားရမှန်း မသိပေ။ ခဏအကြာတွင် သူက အလျင်အမြန် ပြောလိုက်၏။
“လူကြီးမင်း ခဏစောင့်ပါအုံး။ ယီယောင်နဲ့ ကျုပ်က အနက်ရောင်မျှော်စင် အဖွဲ့အစည်းကဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့က အတွေးအခေါ် မတူပါဘူး။ သူက သေသင့်တယ်လို့ ထင်တယ်”
“အို့” လုကျိုးက နားရှုပ်သွားလေသည်။ သူက အသေရိုက်ချက်ကတ်ကို မချေမွလိုက်သော်လည်း မသိမ်းဆည်းသေးပေ။
“ကျွန်တော်ရဲ့ ရည်ရွယ်ချက်က ဒီနေရာမှာ မိတ်ဆွေတစ်ယောက်ကို လာရှာတာပါ။ ယီယောင်ကို ကူညီဖို့ ရောက်လာတာ မဟုတ်ပါဘူး။ မဟုတ်ရင် ကျွန်တော် ဘာလို့ထွက်လာပါ့မလဲ” ဝတ်ရုံနက် ကျင့်ကြံသူက ပြောလိုက်သည်။
“မိတ်ဆွေကို လာရှာတာလား။ မင်းကို ဘယ်လိုယုံရမှာလဲ” လုကျိုးက ခေါင်းယမ်လိုက်၏။
ဝတ်ရုံနက် ကျင့်ကြံသူက ခေါင်းစောင်းကို ဖယ်ကာ တစ်ဝက်ဖြူနေသည့် ဆံပင်ကို ထုတ်ဖော်ပြသလာသည်။
“ကျုပ်နာမည်က ယန်ကျန်းလော့ပါ။ ကျုပ်က အနက်ရောင်မျှော်စင် အဖွဲ့သားတစ်ယောက်ပါ။ ဒီကျောက်တောအုပ် အစီအရင်က အရှိန်အဝါကို ဖုံးကွယ်ပေးနိုင်တယ်”
ယန်ကျန်းလော့ ကျောက်တုံးနောက်သို့ လျှောက်သွားသည့်အခါ သူက လေထုထဲ ပျောက်ကွယ်သွားသလိုမျိုး ဖြစ်၏။ မည်သည့်အရှိန်အဝါမှ အာရုံမခံမိပေ။ ထို့နောက် သူက တစ်ဖန် ထွက်ပေါ်လာသည်။
ထိုစဥ် ပုန်းအောင်းနေ၍ ဘာအကျိုးရှိမည်နည်း။
လုကျိုးက မေးလိုက်သည်။
“မင်းက ဘယ်သူ့ကို ရှာနေတာလဲ”
“သူ့နာမည်က လုလီပါ။ သူကလည်း အနက်ရောင်မျှော်စင် အဖွဲ့သားတစ်ယောက်ပဲ” ယန်ကျန်းလော့က ရှင်းပြလိုက်သည်။
လုကျိုးက အံ့အားသင့်သွားမိ၏။
အနက်ရောင်မျှော်စင် အဖွဲ့အစည်းမှာ အတွင်းပိုင်း ပဋိပက္ခတွေ တကယ်ရှိနေတာလား ...
လုလီက လူသားအချင်းချင်းကြား တိုက်ခိုက်သည့်အကြောင်း ညည်းတွားခဲ့သည့် အကြောင်းရင်းလည်း ဖြစ်နေနိုင်သည်။
လုကျိုးက မေးလိုက်သည်။
“မင်းက လုလီရဲ့ မိတ်ဆွေလား”
ယန်ကျန်းလော့က ခေါင်းညိတ်ကာ မေးလိုက်၏။
“ခင်ဗျားက လုလီကို သိတာလား”
သို့သော်လည်း လုကျိုး ပြန်မဖြေခင် ယန်ကျန်းလော့က ဆက်ပြောလိုက်သည်။
“ကျုပ်က လုလီနဲ့ သိလာတာ နှစ်ထောင်ချီ ကြာနေပြီ။ ကျုပ်တို့က အသက်ဓာတ် နှလုံးသားကို နှစ်များစွာ တိတ်တဆိတ် စုဆောင်းနေခဲ့တာ။ သိပ်မကြာခင်က လုလီက ပျောက်ကွယ်သွားတယ်။ ဒါပေမဲ့ သူ့အသက်ဓာတ် ကျောက်တုံးက အကောင်းတိုင်း ရှိနေသေးတယ်။ ယီယောင်ရဲ့ တောင်းဆိုချက်ကို သဘောတူချင်ယောင်ဆောင်ပြီးတော့ အနီရောင်ကြာနယ်မြေဆီ လာခဲ့တာ။ ရွှေကြာ ကျင့်ကြံသူတစ်ယောက်က အနီရောင်ကြာနယ်မြေမှာ ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး”
သူက လုကျိုးကို တလေးတစားဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ပိုပြီး အရေးကြီးတာက ခင်ဗျားက အကြွင်းမဲ့ သုည သက်ရောက်မှုကို ခံနိုင်စွမ်းရှိလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး”