← Chapters

အခန်း (၉၁၀-၉၁၂)

Vol. 61 Ch. 910-912

အခန်း (၉၁၀-၉၁၂)

Vol. 61 Ch. 910-912

အခန်း (၉၁၀) မွေးဖွားဇယားချပ် ၈ခု ပညာရှင်ကို သတ်ဖို့ နည်းလမ်း

တိုင်းပြည်ရေးရာ ကြေညာချက်ခန်းမအတွင်းရှိ လေထုက အင်မတန် မွန်းကျပ်နေ၏။ အားလုံးက ထိုပညာရှင်သည် မျောက်ကို ခြောက်ဖို့ ကြက်ကို သတ်လိုက်သည်ကို ကြည့်နေရုံသာ တတ်နိုင်လေသည်။

လီယွင်ကျန်း၊ စီးဝူယာ့၊ စစ်ခုန်ပေချန်း၊ နျဲ့ချင်းယွင်နှင့် လူအများစုက လုကျိုး၏ အပြုအမူနောက်ကွယ်မှ ရည်ရွယ်ချက်ကို နားလည်လိုက်ကြသည်။

သူတို့က သူမြေးတပည့်အတွက် အာဏာတည်ဆောက်ပေးနေခြင်း မဟုတ်ပါလော။

စီးဝူယာ့က ထိုကိစ္စကို သေသေသပ်သပ် ကိုင်တွယ်နိုင်သော်လည်း ထိုသတ်ဖြတ်မှု မရှိလျှင် တစ်စုံတစ်ခု လိုအပ်နေမည်သာ ဖြစ်သည်။

ဘုံတစ်ထောင်လေပွေ လက်ဝါးချက်က ပြီးပြည့်စုံ၏။

စီးဝူယာ့က ပါးစပ်ဟကာ ကျန်ရှိနေသည့် စစ်သူကြီးများအား ကြည့်၍ ပြောလိုက်သည်။

“နောက်ထပ် မေးခွန်းများ ရှိသေးလား”

စီးဝူယာ့က ရှေ့တိုးကာ အသံကို မြှင့်ပြီး ထပ်မေးလိုက်သည်။

“နောက်ဆုံးတစ်ကြိမ် အနေနဲ့ မေးပါ့မယ်။ ခင်ဗျားတို့မှာ မေးခွန်းရှိသေးလား”

သူတို့က သေဖို့ ဆန္ဒမရှိသရွေ့ ဤအချိန်တွင် မည်သူကများ မေးခွန်းထုတ်ရဲမည်နည်း။

သေရမှာ မကြောက်သည်ဟု ခံစားရသည့် လူအများအပြားလည်း ရှိပေသည်။ သို့သော်လည်း သင်တုန်းဓားကို သူတို့ လည်ပင်းပေါ် တင်ထားသည့်အခါ လက်တွေ့က ကွဲပြားသွားလိမ့်မည်။

စီးဝူယာ့က လက်ဝှေ့ကာ သူ့လက်ထဲ စာရွက်တစ်ရွက် ထွက်ပေါ်လာပြီး ကျယ်ကျယ်လောင်လောင် ဖတ်လိုက်သည်။

“ပိကျင်း၊ တိကျန်း၊ ဖျင်းကု၊ ဝူချန်း အဲဒီ စစ်သူကြီး ၄ယောက်က အနားယူပြီးတော့ မွေးရပ်မြေကို ပြန်နိုင်ပါပြီ”

သူဖတ်ပြီးသည့်နောက်တွင် သူ့လက်ထဲရှိ စာရွက်က ပြာအဖြစ် ပြောင်းလဲသွား၏။

ထို့နောက် လီယွင်ကျန်းက သူ့အနားမှ လူများကို ပြောလိုက်သည်။

“ငါ့တော်ဝင်အမိန့်တော်ကို ချရေးကြ”

“ဟုတ်ကဲ့”

ထိုစဥ် အားလုံး၏ အမြင်က ပုံမှန်မကျစွာ ညီညွတ်နေလေ၏။

စစ်သူကြီး ၄ယောက်က ဤမျှော်လင့်ချက်ကို မှန်းဆထားပြီးသားဖြစ်ရာ မြေပြင်ပေါ် မှောက်လျက် ဝမ်းနည်းတပန်း အမူအရာများဖြင့် ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ အရှင်မင်းကြီး”

တခြားသူများကလည်း ခါးသီးသည့် အမူအရာဖြင့် ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ အရှင်မင်းကြီး”

လုကျိုးက သူတို့အား ကြည့်ကာ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။

ထိုအရာကို မြင်ကာ စစ်သူကြီး ရုပ်များက ထိတ်လန့်သွားကြ၏။

လုကျိုးက ပြောလိုက်သည်။

“မင်းတို့ဘာသာ မင်းတို့ ဖြေရှင်းလိုက်ကြ”

“ဟုတ်ကဲ့ပါ”

ထိုစဥ် လုကျိုးက မိစ္ဆာဝေဟင်မျှော်နန်းအဖွဲ့သားတချို့ ပျောက်နေသည်ကို သတိထားမိသွားပြီး မေးလိုက်သည်။

“တခြားသူတွေရော ဘယ်မှာလဲ”

“ကျွန်တော် မြို့တံတိုင်းလေးဘက်မှာ စောင့်ကြပ်ပြီး မတော်တဆ ဖြစ်ရပ်တွေကို ကာကွယ်ဖို့ တောင်းဆိုထားတာပါ။ ပျောက်နေတဲ့သူကတော့ စစ်ရှစ်ရှိုးပါပဲ” စီးဝူယာ့က ပြောလိုက်သည်။

“ကောင်းပြီ” ထို့နောက် လုကျိုးက တိုင်းပြည်ရေးရာ ကြေညာရေးခန်းမမှ ပုံရိပ်ယောင်သာ ချန်ထားပြီး ထွက်ခွာသွားသည်။

မည်သို့ပင်ဆိုစေကာမူ ကျင့်ကြံသူအားလုံးနှင့် အမတ်များအားလုံးက အံ့အားသင့်နေကြဆဲဖြစ်၏။

...

ထိန်းသိမ်းရေးခန်းမတွင်

လုကျိုးက ခရမ်းရောင် တောက်ပသံကျောက်ဖြင့် ကောင်းကင်ကျမ်းကို ဆင်ခြင်ပြီး အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို ပြန်လည်ဖြည့်တင်းလိုက်သည်။

အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို ရရှိပြီးသည့်နောက်တွင် ကောင်းကင်ကျမ်းကို နားလည်ရ ခက်ခဲနှုန်းကလည်း တိုးမြင့်လာခဲ့သည်။ ရွှေရောင်စာလုံးများက ယခင်ကထက်စာလျှင် ပိုမိုနှေးကွေးစွာ ရွေ့လျားလာ၏။ မည်သို့ပင်ဆိုစေကာမူ အထွတ်အထိပ် ဆန်းကြယ်စွမ်းအား၏ အထောက်အပံ့က တိုးမြင့်လာပြီဖြစ်၏။ ထိုအရာပေါ် မူတည်၍ နောင်အနာဂတ် ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းစွမ်းအားနှင့် ကောင်းကင်ကျမ်း၏ အရေးသာချက်တို့ကလည်း သူ့ဆင်ခြင်မှုအပေါ် ခက်ခဲမှုကို တိုးမြှင့်လိမ့်မည်မှန်း သိသာလှသည်။

...

၂နာရီ ကြာမြင့်ပြီးသည့်နောက် လုကျိုးက သူ့အထွတ်အထိပ် ဆန်းကြယ်စွမ်းအား တစ်ပိုင်းကို ပြန်လည်ဖြည့်တင်းပြီးပြီ ဖြစ်သည့်အတွက် မျက်လုံးဖွင့်လာသည်။

“ငါက ယီယောင်ကို အထွတ်အထိပ် ဆန်းကြယ်စွမ်းအားပေါ်မှာ မှီခိုပြီးတော့ သတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ငါက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားတစ်ခုတည်းမှာပဲ မှီခိုခဲ့တယ်” လုကျိုးက ရေရွတ်လိုက်သည်။

ကံကောင်းစွာဖြင့် ယန်ကျန်းလော့က ရန်သူ မဟုတ်ခဲ့ပေ။ မဟုတ်ပါက သူ့အနေဖြင့် အသေရိုက်ချက်ကတ်ကို အသုံးပြုနေရဦးမည် ဖြစ်၏။ ထိုစဥ် သူက ကုသိုလ်ရမှတ် အများအပြား ဆုံးရှုံးရမည်သာမက အသေရိုက်ချက်ကတ် တန်ကြေးသည်လည်း မြင့်တက်သွားလိမ့်မည်။

သူ့တကယ့်လိုအပ်ချက်က ဘုံတစ်ထောင်လေပွေအဆင့်၏ တိုက်ခိုက်ရေးနည်းစနစ်များနှင့် ပတ်သက်ပြီး ဗဟုသုတ လိုအပ်နေခြင်း ဖြစ်သည်။

သူက ယီယောင်ကို ပထမဦးဆုံးအကြိမ် တိုက်ခိုက်စဥ်အခါက အသေရိုက်ချက်ကတ်ကို အသုံးပြုခဲ့သည်။ ထိုကတ်က သူ့အမြဲတမ်းဂုဏ်ယူရသည့် ဝှက်ဖဲတစ်ခု ဖြစ်ခဲ့၏။ ကံဆိုးစွာဖြင့် မွေးဖွားဇယားချပ် ပေါ်ထွက်လာမှုက သူ့ဝှက်ဖဲ၏ တန်ဖိုးကို သိသိသာသာ လျော့ကျသွားစေခဲ့သည်။

မွေးဖွားဇယားချပ် ၈ခုထက် ပိုတဲ့သူတွေဆိုရင် သူတို့ရဲ့ ပြိုင်ဘက်တွေကို ဘယ်လိုသတ်မလဲ ...

အကယ်၍ ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူများက မွေးဖွားဇယားချပ်များ ရှိထားလျှင် သတ်ဖြတ်ရေးနည်းစနစ်အားလုံးက အသုံးမဝင် ဖြစ်လာနိုင်သည်လား။

“ယန်ကျန်းလော့” လုကျိုးက ရေရွတ်လိုက်သည်။ သူ့ဆီမှာ မွေးဖွားဇယားချပ်နှင့် ဘုံတစ်ထောင်လေပွေ အဆင့်အကြောင်း သတင်းအချက်အလက်များ ရယူဖို့က အကြံဆိုးဟု မထင်ပေ။

ထိုစဥ် ခန်းမအပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။

“တပည့်က ရှစ်စွင်းကို ဂါရဝပြုပါတယ်”

သိပ်မကြာခင် မင်ရှစ်ရင်က ချုံးချီနှင့်အတူ ဝင်ရောက်လာသည်။

ချုံးချီက အမြီးယမ်းကာ ပြနေသည့်အတွက် စိတ်အခြေအနေ ကောင်းနေသည့်ဟန်ပေါ်သည်။

လုကျိုးက ပြောလိုက်၏။

“မင်းက ဘယ်သွားခဲ့တာလဲ”

မင်ရှစ်ရင်က ပြောလိုက်သည်။

“ကျွန်တော် သူခိုးတစ်ယောက်ကို တွေ့လို့ သတ်လိုက်တာပါ” သူက ပြောရင်း ခုတ်ချသည့် ပုံစံမျိုး လုပ်လိုက်သည်။

“သူခိုးလေးလား”

“ယဲ့ကျန်းရဲ့ တပည့်ပါ”

“မင်းက ယဲ့ကျန်းကို သိတာလား”

“ကျွန်တော် အနီရောင်ကြာနယ်မြေကို ရောက်တုန်းက ရှစ်စွင်း ယဲ့ကျန်းကို ဘယ်လိုသတ်လိုက်တယ်ဆိုတာကို လူတွေ ပြောနေတာ ကြားခဲ့ရတယ်” မင်ရှစ်ရင်က အပြုံးလေးဖြင့် ရှင်းပြလိုက်သည်။

“ယဲ့ကျန်းရဲ့ တပည့်ကလည်း ခေါင်းကိုးလုံး စိတ်ဝိညာဥ်သဏ္ဌာန် ရှိလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး”

လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကောင်းတယ်”

“ရှစ်စွင်း ကျွန်တော် သူ့ကို မသတ်ခင် သူက အဲဒီအနက်ရောင်ကြာ ကျင့်ကြံသူအတွက် ဆက်သွယ်ပေးတဲ့လူ ဆိုပြီးတော့ ပြောတာ ကြားခဲ့မိသေးတယ်။ ဒီဟာကို သူ့ခန္ဓာကိုယ်ပေါ်မှာ ရှာတွေ့ခဲ့တာ” မင်ရှစ်ရင်က မြေပုံတစ်ခု ထုတ်ပြလာသည်။

ထိုမြေပုံက အစက်ပြောက်များဖြင့် မှတ်သားထား၏။

“ဒါက အစီအရင် ဖြန့်ဖြူးရေး အမှတ်တွေ ဖြစ်လောက်တယ်” လုကျိုးက ပြောလိုက်သည်။

“မင်းရဲ့ ချီရှစ်ရှိုးကို ပေးလိုက်။ ရန်သူကို အလန့်တကြား မဖြစ်စေဖို့ အဲဒီနေရာတွေကို မတိုက်ခိုက်နဲ့အုံး”

“ဟုတ်ကဲ့” မင်ရှစ်ရင်က မြေပုံကို သူနှင့်အတူ ယူဆောင်ပြီး ခန်းမမှ ထွက်ခွာသွား၏။

လုကျိုးက အနက်ရောင်ကြာနယ်မြေ၏ ယေဘုယျ အင်အားကို မှန်းဆမကြည့်နိုင်သေးပေ။ အကယ်၍ သူသာ အစီအရင် အမှတ်များကို ဖျက်ဆီးလိုက်ပါက အနက်ရောင်ကြာမျှော်စင်၏ အာရုံကို ဆွဲဆောင်မိလိမ့်မည်။ အကယ်၍ သူတို့အားလုံးသာ ရောက်လာပါက သူပြဿနာ တက်သွားနိုင်သည်။ အကယ်၍ သူသာ လုံလုံလောက်လောက် အားကောင်းနေပါက ထိုအမှတ်များကို ဖျက်ဆီးပစ်နိုင်သည်။ တစ်ချိန်တည်းဆိုသလို သူက အသက်ဓာတ် နှလုံးသားလည်း ရှာဖွေနိုင်သေး၏။ သူ့အတွက်သာမကဘဲ သူ့တပည့်များအတွက်လည်း အပါအဝင် ဖြစ်သည်။

သူ့တပည့်များက မဟာလေဟာနယ် မျိုးစေ့ ရှိထားသည့်အတွက် သူတို့၏ ကျင့်ကြံနှုန်းပေါ် မူတည်၍ ဘုံတစ်ထောင်လေပွေအဆင့် ရောက်ဖို့ အချိန်တစ်ခုမျှသာ ကြာမြင့်လိမ့်မည်။ ထိုအချိန်ရောက်လျှင် သူက အသက်ဓာတ် နှလုံးသားများများကို မည်သည့်နေရာက သွားရောက်ရှာဖွေရမည်နည်း။

“ယန်ကျန်းလော့ဆီက အသုံးဝင်တာ တစ်ခုခု တွေ့ပါစေလို့ပဲ ဆုတောင်းတယ်”

လုကျိုးက စနစ်ကို ဖွင့်ကြည့်လိုက်၏။

ကုသိုလ်ရမှတ် - ၆၉၅၀၀

ဤတစ်ကြိမ် သူက ကုသိုလ်ရမှတ် အမြောက်အမြား ဝင်ခဲ့သည်။

ကံကောင်းစွာဖြင့် သူက အဆင့်မြင့် အသေရိုက်ချက်ကတ်ရှိနေပြီး အသေရိုက်ချက်ကတ်၏ တန်ဖိုးက ၂၇၀၀၀ ကုသိုလ်ရမှတ် ဖြစ်နေလေသည်။

စျေးကြီးလိုက်တာ ...

“ကံစမ်းမဲ”

“တင်း ကုသိုလ်ရမှတ် ၅၀ ကျသင့်ပါတယ်။ ပါဝင်ကံစမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် +၁”

“ကံစမ်းမဲ”

“တင်း ကုသိုလ်ရမှတ် ၅၀ ကျသင့်ပါတယ်။ ကံကောင်းမှတ် +၁။ ပေါင်းစည်းရေးကတ် ၂ကတ်ကို ရရှိပါတယ်”

ထို့နောက် လုကျိုးက ကံစမ်းမဲကို ဆက်လက် မကံစမ်းတော့ပေ။ ထိုအစား သူက ယန်ကျန်းလော့၏ စကားများကိုသာ တွေးလိုက်၏။

အနက်ရောင်ကြာနယ်မြေတွင် သူတို့၏ မွေးမြူရေးအစီအစဥ်နှင့် ပတ်သက်ပြီး အမည်အမျိုးမျိုး ရှိလေသည်။

ရွှေကြာနယ်မြေက ယခုအခါ မြန်မြန်ဆန်ဆန် တိုးတက်လာပြီဖြစ်၏။ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ ပေါ်ထွက်လာသည်နှင့် မွေးဖွားဇယားချပ်သားရဲလည်း ပေါ်ထွက်လာမည်သာ ဖြစ်သည်။ ထိုစဥ် အနက်ရောင်ကြာနယ်မြေက ရွှေကြာနယ်မြေဆီ အနီရောင်ကြာနယ်မြေကို လုပ်ခဲ့သလိုမျိုး သေချာပေါက် အတူတူ လုပ်ဆောင်လာလိမ့်မည်။

“ငါ ဘယ်လို တားရမလဲ”

ခဏအကြာ စဥ်းစားပြီးသည့်နောက်တွင် လုကျိုးက ရွှေကြာနယ်မြေကို စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

သူက ကောင်းကင်ကျမ်း စွမ်းအားကို စိတ်ထဲမှ ရွတ်ဖတ်လိုက်၏။ အထွတ်အထိပ် ဆန်းကြယ်စွမ်းအားက သူ့မျက်ဝန်းအထက် ဖြတ်ပြေးသွားကာ ယဲ့ထျန်းရှင်းက သူ့မျက်စိရှေ့ ပေါ်ထွက်လာသည်။

ထိုစဥ် ယဲ့ထျန်းရှင်းက ချန်းဟွမ်နောက်တွင် ရပ်နေလေ၏။

ချန်းဟွမ်က မိစ္ဆာဝေဟင်မျှော်နန်း၏ တောင်နောက်တွင် ထိုင်နေပြီး ကုန်းမြေများကို လှမ်းကြည့်နေသည်။

အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် ယဲ့ထျန်းရှင်းက ကောင်းကင်အထက် ရပ်နေ၏။ သူမ၏ ပွင့်ချပ်ကိုးလွှာ ရွှေကြာက ပွင့်လန်းနေပြီး ရွှေရောင်မီးလျှံများက နေရာအနှံ့ တောက်လောင်နေသည်။ ထိုမီးတောက်များထဲတွင် အစိမ်းရောင် အရိပ်အယောင် ရှိသည့်အတွက် အနည်းငယ် ထူးဆန်းနေလေ၏။

“ဒီကံမီးတောက်က ... “ လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။

ဝေဟင်ရှိ ငှက်များက ယဲ့ထျန်းရှင်း၏ ကံမီးတောက်ကြောင့် မောင်းထုတ်ခံလိုက်ရပြီး မိစ္ဆာဝေဟင်မျှော်နန်းက ဘေးကင်းနေသည်။

လုကျိုးက ကောင်းကင်ကျမ်းစွမ်းအားကို ဖြတ်တောက်လိုက်ပြီး ကျမ်းကို တစ်ဖန် ရွတ်ဖတ်လိုက်သည်။ ဤတစ်ကြိမ် သူ့ပစ်မှတ်က ကျောင်းယွဲ့ဖြစ်၏။

တာ့ယန်၏ တော်ဝင်နန်းတော်ဥယျာဥ်အတွင်း

ကျောင်းယွဲ့က ဥယျာဥ်အတွင်း ရပ်နေကာ ကျောက်တုံးအနားရှိ ရပ်နေသည့် အမျိုးသမီးကို ပြုံးပြနေလေ၏။

“အစ်မလျန်ရှင်း ဒီမှာ ဒီတစ်ကြိမ် ဘယ်လောက်နေဖို့ စီစဥ်ထားလဲ”

လျန်ရှင်းလား ...

လုကျိုးက ထိုအမျိုးသမီးကို ကောင်းကောင်းကြည့်ဖို့ မြင်ကွင်းပြောင်းဖို့ ကြိုးစားလိုက်သော်လည်း သူမနောက်ကျောသာ မြင်နိုင်လေသည်။

ကျောင်းယွဲ့က ဘယ်ချိန်တုန်းက အစ်မရှိသွားတာလဲ ...

ထိုအမျိုးသမီးက ပြောလိုက်၏။

“ဒီတစ်ခါ ကြာကြာမနေနိုင်ဘူး။ ရွှေကြာနယ်မြေရဲ့ ကျင့်ကြံရေးက ဖိနှိပ်မခံထားရတော့ဘူး။ ကျောင်းယွဲ့ ဒီနှစ်တွေမှာ ငါက မင်းရဲ့ ကျင့်ကြံဆင့်ကို ဖိနှိပ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အခု ငါဘာမှတတ်နိုင်တာ မရှိဘူး။ ငါ အရင်က ပြောထားတာကို စဥ်းစားပြီးသွားပြီလား”

…

အခန်း (၉၁၁) အကျဉ်းချခြင်း အစီအစဉ်

ကျောင်းယွဲ့က သက်ပြင်းချလိုက်လေ၏။

“အစ်မပြောတာကို ယုံဖို့ခက်ခဲနေတုန်းပဲ။ အဲဒါကို အတော်ကြာစဉ်းစားပြီးပြီ။ ဒီကိစ္စကို ရှစ်စွင်းဆီပြောသင့်တယ်”

လျန်ရှင်းက ခေါင်းခါပြီးပြောလိုက်တော့သည်။ “မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ရွှေနန်းဥယျာဉ်တောင်ကနေ မင်း ပထမဆုံးထွက်လာတုန်းက ဘာပြောခဲ့လဲ”

ကျောင်းယွဲ့က ပြောလိုက်၏။ "အခု အရင်နဲ့မတူတော့ဘူး။ ကျွန်မတို့ တွေ့ဖူးတဲ့အကြိမ်အရေအတွက်က လက်တစ်ဖက်နဲ့ရေတွက်လို့ရတယ်။ ကျွန်မ အစ်မကို မယုံနိုင်ဘူး။ အဲ့ဒီတုန်းက မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်ခွာဖို့ တကယ်ရည်ရွယ်ခဲ့တယ်။ ရှစ်မေ့ထျန်းရှင်းက အဲ့ဒီတုန်းက ယွီလုံရွာအကြောင်း အမှန်တရားကို ရှာဖွေဖို့ဆုံးဖြတ်ခဲ့တာ။ ကျွန်မ သူ့ကိုသနားမိပြီး သူ့ကို ဂရုဏာသက်ခဲ့မိတယ်။ ဒါပေမဲ့ ကျွန်မက သူနဲ့မတူဘူး။ ကျွန်မရဲ့ဆရာကို သတ်ဖို့ တစ်ခါမှ မစဉ်းစားဖူးဘူး။ လို့လန်က စုန်းအတတ်ကျင့်ကြံသူကို အစ်မသတ်ပေးခဲ့တာ ကျွန်မ ကျေးဇူးတင်တယ်။ ဒါပေမဲ့ ယူနန်ရဲ့ယဇ်ပလင်မှာ ကျွန်မကို ကယ်ခဲ့တာကတော့ ကျွန်မရဲ့ဆရာပဲ။ အစ်မ မဟုတ်ဘူး”

လျန်ရှင်းသည် ဥယျာဉ်ထဲက ပန်းများကို ကြည့်ပြီးပြောလိုက်လေ၏။

“ငါက နင့်ကို ပူးပေါင်းဆောင်ရွက်ဖို့အကြောင်း ပြောချင်ရုံပဲ။ အရင်တုန်းက နင် ငါ့ကို မယုံခဲ့ဘူး။ အခုကော ...”

“ပူးပေါင်းဆောင်ရွက်ဖို့လား” ကျောင်းယွဲ့က စိတ်ရှုပ်ထွေးသွားလေ၏။

“ငါပြောတာ နားထောင်” လျန်ရှင်း၏ လေသံက သိမ်မွေ့လာလျက် ပြောလိုက်သည်။

“အနက်ရောင်ကြာနယ်မြေက အနီရောင်ကြာနယ်မြေထဲက လူတွေကို အသက်ဓာတ်နှလုံးသား လက်ဝါးကြီးအုပ်ဖို့အတွက် တိရစ္ဆာန်မွေးမြူရေးလိုမျိုး သဘောထားနေတာ။ ရွှေကြာနယ်မြေက ဒုတိယမြောက် အနက်ရောင်ကြာနယ်မြေဖြစ်လာမှာကျိန်းသေတယ်။ အနက်ရောင်ကြာနယ်မြေရဲ့ အစီအစဉ်အတွက် ပူးပေါင်းဆောင်ရွက်ဖို့ အသင့်တော်ဆုံးလူက မင်းပဲ”

အကျဉ်းချခြင်းအစီအစဉ်

ယင်းသည် ကျောင်းယွဲ့က ထိုစကားလုံးကို ကြားရတာ ဒုတိယအကြိမ်ဖြစ်သည်။ ပထမအကြိမ်သည် လျန်ရှင်းနှင့် ယခင်က တွေ့ဆုံစဉ်က ဖြစ်သည်။ သူမ ရွေးချယ်စရာမရှိဘဲ လျန်ရှင်း၏ စကားကို ယုံကြည်ခဲ့၏။ အထူးသဖြင့် ကျန့်ဝမ်ရွှီး၏ အဖြစ်အပျက်အပြီးတွင် ဖြစ်သည်။ ကျန့်ဝမ်ရွှီး၏ နည်းလမ်းသည်လည်း အကျဉ်းချထားခြင်း အစီအစဉ်တစ်ခုဖြစ်သည်။

“အကျဉ်းချထားခြင်း အစီအစဉ်က ရွှေကြာနယ်မြေကို ကြမ်းတမ်းခက်ထန် မွေးဖွားဇယားချပ်သားရဲတွေဆီက ကာကွယ်ပေးနိုင်တယ်။ ရွှေကြာနယ်မြေကို သိုင်းပညာရှင်တွေ သတိမပြုမိအောင်လည်း ကာကွယ်နိုင်တယ်။ မင်းရဲ့ ပြဿနာတွေကို ကူဖြေရှင်းပေးဖို့နဲ့ မင်းရဲ့ အဆင့်အတန်းနဲ့ အာဏာတွေကို ထိန်းသိမ်းပေးဖို့ လူလည်းလွှတ်ပေးမယ်” လျန်ရှင်းက ပြောလိုက်၏။

ကျောင်းယွဲ့က မျက်မှောင်အနည်းငယ်ကျုံ့မိသွားသည်။ "ရှင် ကျွန်မကို နားလည်မှု လွဲနေတယ်လို့ ထင်တာပဲ။ ကျွန်မ အဆင့်အတန်းနဲ့ အာဏာကို ဂရုမစိုက်ဘူး”

လျန်ရှင်းက တိတ်ဆိတ်သွား၏။ တကယ်ပင် ကျောင်းယွဲ့က အာဏာကို လိုချင်လျှင် သူမ၏ ရာဇသွေးကို သုံးပြီး ရာဇပလင်ကိုတက်လှမ်းကာ တာ့ယန်၏ ဘုရင်မဖြစ်လာနိုင်၏။ ခဏအကြာတွင် သူမက ပြောလိုက်သည်။ “အမြဲတမ်း လိုချင်နေတဲ့ အရာတစ်ခုခုရှိမှာပေါ့”

ကျောင်းယွဲ့က မေးလိုက်၏။ “အစ်မဘာသာ ဘာကြောင့်မလှုပ်ရှားလဲ”

“အဲဒါက ငါတို့တည်ရှိမှုကို ဖော်ထုတ်မိလိမ့်မယ်” လျန်ရှင်းက ပြောလိုက်၏။

“ရှင်က ကျွန်မကို ရှင့်ရဲ့လက်ပါးစေဖြစ်လာအောင်လုပ်ဖို့ကြိုးစားရင်း အချိုသုတ်ဖို့ ကြိုးစားနေတာပဲ” ကျောင်းယွဲ့က ပြောလိုက်၏။

“အဲ့လိုမဟုတ်ဘူး” လျန်ရှင်းက ရှင်းပြလိုက်သည်။ “အကျဉ်းချခြင်းအစီအစဉ်က ငါတို့နှစ်ယောက်လုံးအတွက် အကျိုးရှိတယ်။ မွေးဖွားဇယားချပ်သားရဲတွေ ပေါ်လာတာနဲ့ သူတို့တွေက သူတို့ရဲ့သွေးနဲ့ မုန်တိုင်းတစ်ခု ဆောင်ယူလာလိမ့်မယ်။ အဲ့ဒီအချိန်ကျ မင်းနောင်တရဖို့ နောက်ကျသွားမှာ”

“ဒါဆိုရင် ကျွန်မရဲ့ကျင့်ကြံဆင့်ကို ဘာကြောင့်ဖိနှိပ်နေသေးတာလဲ။ တစ်လျှောက်လုံး ကျွန်မကို လိမ်နေတာလား” ကျောင်းယွဲ့က မျက်မှောင်ကျုံ့လိုက်၏။

“ငါ မင်းကို မလိမ်ဘူး” လျန်ရှင်းက လှည့်လာ၏။

ထိုစဉ် လုကျိုးသည် လျန်ရှင်း၏မျက်နှာကို မြင်လိုက်ရပြီးဖြစ်သည်။ တစ်ချက်ကြည့်လိုက်သောအခါ သူမသည် ငယ်ရွယ်သည့်မိန်းကလေးတစ်ယောက်နှင့် တူ၏။ သို့သော် သူမ၏ရင့်ကျက်မှုနှင့် ကျော့ရှင်းသော ဝတ်ရုံရှည်၊ ပြောဆိုမှု ဟန်ပန်အမူအရာတို့သည် သွင်ပြင်ထက် သာနေသည်။ သူမ၏ ထူးကဲလှသော မျက်နှာသွင်ပြင်ကို ကောင်းကောင်းကြည့်ပြီးနောက် သူမ ငယ်ရွယ်စဉ်ကာလက ပြိုင်စံရှားမိန်းမလှတစ်ယောက်ဖြစ်ခဲ့ကြောင်း မြင်နိုင်သည်။ မိန်းမငယ်တစ်ယောက် မဟုတ်တော့ပေ။

“မင်းမှာ မဟာလေဟာနယ်မျိုးစေ့ ရှိတယ်။ ဒီစွမ်းအင်က မင်းကို ပြဿနာဆောင်ယူလာလိမ့်မယ်။ ကျင့်ကြံဆင့်က မြင့်လေလေ စွမ်းအင်က ပိုအားကောင်းလာလေပဲ”

“မဟာလေဟာနယ်လား” ကျောင်းယွဲ့သည် ထိုစကားကို သူမ ပထမဦးဆုံးအကြိမ်ကြားဖူးတာ မဟုတ်သော်ငြား သူမ သိချင်စိတ်ပေါ်လာ၏။

“အခုအချိန်ထိ ငါတို့တွေ့နေတုန်းမှာ မင်းကို ဘယ်တုန်းက လိမ်ခဲ့ဖူးလဲ။ မင်းကို အကျိုးမရှိအောင်များ လုပ်ခဲ့ဖူးလား” လျန်ရှင်းက မေးလိုက်၏။

ထိုစကားကို ကြားသောအခါ ကျောင်းယွဲ့သည် အနည်းငယ်ယိမ်းယိုင်သွားပုံပေါ်သည်။

“အစ်မလျန်ရှင်း ကျွန်မ အစ်မကို မယုံတာမဟုတ်ဘူး။ ဒုတိယမြောက် ကျန့်ဝမ်ရွှီးမဖြစ်ချင်ရုံပဲ။ မဟာလေဟာနယ်မျိုးစေ့ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး။ ဒီကိစ္စကို ရှစ်စွင်းဆီ သတင်းပို့တာ အကောင်းဆုံးလို့ ထင်နေသေးတုန်းပဲ”

လျန်ရှင်းက ခေါင်းခါပြီးပြောလိုက်သည်။ “မင်းရဲ့ဆရာက သူ့ကိုယ်သူ ဂရုမစိုက်နိုင်မှာ စိုးရတယ်။ သူ့ကို အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ပစ်မှတ်ထားလောက်ပြီ” ကျောင်းယွဲ့က မျက်မှောင်ကျုံ့လိုက်လေ၏။

လျန်ရှင်းက ပြောလိုက်သည်။ “ငါ့ကို မယုံသေးရင် နည်းနည်းထပ်စောင့်တာပေါ့။ မကြာခင် ရွှေကြာနယ်မြေထဲမှာ ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက် ပေါ်လာလိမ့်မယ်။ ဒါ့အပြင် အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ဒီနေရာဆီ လူလွှတ်ပြီးတာ ကြာနေပြီလို့ သံသယဖြစ်မိတယ်”

“အစ်မလျန်ရှင်း ကျွန်မတို့တွေက မိတ်ဆွေဖြစ်ခဲ့ဖူးတယ်။ ဒါမှမဟုတ် ညီအစ်မတွေပေါ့။ ကိစ္စအသေးအမွှားတွေကို ဂရုမစိုက်ဘူး။ ဒါပေမဲ့ အကျဉ်းချထားခြင်း အစီအစဉ်က အရေးကြီးတဲ့ ကိစ္စပဲ။ ဒါကို ရှစ်စွင်းဆီ သတင်းပို့ရမယ်”

လျန်ရှင်းက မျက်မှောင်ကျုံ့လိုက်၏။

“မင်း သဘောပဲ။ ငါ တတ်နိုင်တာ အားလုံးပြောပြီးပြီ။ သေချာစဉ်းစားမယ်လို့ ငါ မျှော်လင့်တယ်”

ဤနည်းဖြင့် သူမ လက်ဝှေ့ယမ်းကာ မျက်စိတစ်မှိတ်အတွင်း နန်းတော်ထဲမှ ပြန်ထွက်သွားတော့သည်။

လုကျိုးသည် ကောင်းကင်ကျမ်းစာ စွမ်းအားကို ဖြတ်တောက်ပစ်လိုက်သည်။

လျန်ရှင်းသည် အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အဖွဲ့သားတစ်ယောက်လား။ သို့သော် သူမ၏ စကားများကို ကြည့်လျှင် သူမသည် အနက်ရောင်မျှော်စင်အဖွဲ့တစ်ယောက်ဖြစ်ပုံမရ။ သူမသည် အနက်ရောင်ကြာနယ်မြေထဲရှိ အခြားသောအင်အားစုထဲမှ ကျင့်ကြံသူတစ်ယောက်ပေလော။

ကျောင်းယွဲ့၏ အပြုအမူအရ လျန်ရှင်း၌ မကောင်းသည့်ရည်ရွယ်ချက် မရှိပုံပေါ်၏။ သူမသည် မဟာလေဟာနယ်စွမ်းအင်ကို ဖုံးကွယ်ထားရန် ကျောင်းယွဲ့၏ကျင့်ကြံဆင့်ကို ဖိနှိပ်ထားဖို့ ပြောခဲ့သည်။ သို့သော် ၎င်းက အဓိပ္ပါယ်မရှိပေ။ ဆိုရလျှင် ကျန်သည့်တပည့်များ၌ မဟာလေဟာနယ်မျိုးစေ့ရှိပြီး သူတို့ ဖော်ထုတ်မခံရပေ။

ဤလျန်ရှင်းက မည်သူနည်း။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် လုကျိုးသည် အဖြေတစ်ခုမရသေးပေ။

မည်သို့ပင်ဆိုစေ ကျောင်းယွဲ့၏ကျင့်ကြံဆင့်လျော့နည်းနေရခြင်းမှာ လျန်ရှင်း၏ စွက်ဖက်မှုကြောင့်ဆိုတာ သူ ယခု အတည်ပြုနိုင်ပြီဖြစ်သည်။ လျန်ရှင်း၏ခွန်အားနှင့် ကျင့်ကြံဆင့်အကြောင်း သူ ဘာမှမသိသောကြောင့် လျန်ရှင်းကို ဖယ်ရှားရန် ယဲ့ထျန်းရှင်းကို လွှတ်လိုက်ခြင်းကလည်း ယုတ္တိမရှိပေ။ သူက အနီရောင်ကြာနယ်မြေတွင် ရှိနေ၏။ ရွှေကြာနယ်မြေဆီပြန်ရန် အချိန်တချို့ယူရမည်။

ဤပြဿနာကို သူ မည်ကဲ့သို့ ဖြေရှင်းရမည်နည်း။

ယန်ကျန်းလော့ ... လုကျိုး၏ စိတ်ထဲအမည်တစ်ခုပေါ်လာတော့သည်။

လျန်ရှင်းသည် အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှ အဖွဲ့သားတစ်ယောက်ဆိုလျှင် ယန်ကျန်းလော့နှင့် စတင်လျှင် ဆိုးရွားသည့် အကြံဉာဏ်မဟုတ်ပေ။

အချိန်အတိုင်းတာတစ်ခုအထိ ဤကိစ္စကို စဉ်းစားပြီးနောက် သူ ခေါင်းညိတ်ကာ သူ၏အဌမတပည့်ကို စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ သူသည် ကောင်းကင်ကျမ်းစာ စွမ်းအားအတွက် မန္တန်ကို ထပ်မံရွတ်ဆိုလိုက်၏။ မကြာမီတွင် သူ၏အဌမတပည့်က ရှေ့တွင်ပေါ်လာသည်။

ခူး ... ခလော ... ခူး

ကျူးဟုန်ကုန်းက စားပွဲပေါ်၌ လှဲနေလျက် အိပ်နေစဉ် သွားရည်ကျနေတော့သည်။

လုကျိုး “...”

ငါ့မှာ ဒီလိုတပည့်တစ်ယောက် ဘယ်လိုလုပ်ရှိနေရတာလဲ ....

ခူး ... ခူး ... ခလော

ထိုစဉ် ရွှီဝမ်ချင်းက အမြန်ပြေးဝင်လာ၏။ “ဂိုဏ်းချုပ်”

ကျူးဟုန်ကုန်းသည် ချက်ချင်း ထိုင်လိုက်၏။ သူ မျက်လုံးဖွင့်ကာ သွားရည်များကို သုတ်လျက် ဒယိမ်းဒယိုင်ဖြင့် ပြောလိုက်၏။

“ဘယ်သူလဲ။ ဘာလုပ်နေတာလဲ”

“ကျွန်တော် ရွှီဝမ်ချင်းပါ”

“ဘာကိစ္စရှိလို့လဲ။ ဘာကြောင့် ဒီလောက် စိတ်ပူပန်နေတာလဲ” ကျူးဟုန်ကုန်းက မေးလိုက်သည်။

“လုချန်းပေ့က ဂိုဏ်းချုပ်ကို ဖိတ်ခိုင်းလိုက်လို့ပါ။ အားလုံး အသင့်ဖြစ်ပြီလို့ ပြောတယ်”

“ဪ အခု ငါလာမယ်” ကျူးဟုန်ကုန်းသည် ထရပ်ပြီး ခန်းမအပြင်ဖက်သို့ ရွှီဝမ်ချင်းနောက် လိုက်သွားသည်။ ခန်းမသည် အင်မတန်ခမ်းနားပေ၏။

ယင်းကို မြင်သောအခါ လုကျိုးသည် သူ့အတွက်သူ စိုးရိမ်ပူပန်တာ ပိုကောင်းမည်ဟု ခံစားလိုက်ရသည်။ သူ၏အဌမတပည့်သည် သူ့ထက် အခြေအနေပိုကောင်းနေပုံရသည်။

ကျူးဟုန်ကုန်းသည် နောက်ထပ်ခန်းမဆီ သွားသောအခါ လုလီက လက်နောက်ပစ်လျက် ရပ်နေသည်။ အနား၌ မည်သူမှမရှိ။

ရွှီဝမ်ချင်းက အရိုအသေပေးလျက် ထွက်ခွာသွားတော့သည်။ လုလီက မေးလိုက်သည်။ “အရင်တုန်းက ရွှေကြာဖြတ်တောက်ခဲ့တဲ့နည်းလမ်းကို စဉ်းစားခဲ့တဲ့သူက မင်းရဲ့ရှစ်စွင်းလို့ ပြောတယ်နော်”

“ဟုတ်တယ်။ ဘာလို့လဲ။ ကျုပ်ရဲ့ရှစ်စွင်းက ဉာဏ်ကြီးရှင်ပဲ” ကျူးဟုန်ကုန်းက ပြောလိုက်၏။ "ဒီနည်းနဲ့ဆိုရင် သက်တမ်းထောင့်နှစ်ရာမကုန်ဘဲ နဝမမြောက်ပွင့်ချပ်ဖူးပွင့်နိုင်ပြီ”

လုလီက ခေါင်းညိတ်ပြီးပြောလိုက်တော့သည်။ “ကမ္ဘာကြီးက ကျယ်ဝန်းလှတယ်။ ထူးဆန်းတဲ့ကိစ္စတွေ အများကြီးရှိနေတာ။ မင်းရဲ့ရှစ်စွင်းကို တွေ့ဖို့ မစောင့်နိုင်တော့ဘူး”

“ချန်းပေ့ ... ကျုပ်ရဲ့ပွင့်ချပ်ကို ဒီနေရာမှာ ဖူးပွင့်ရတော့မှလား”

“ဟုတ်တယ်။ နဝမပွင့်ချပ်ဖူးပွင့်ပြီးရင် ဧရာမသားရဲတစ်ကောင် ပေါ်လာလိမ့်မယ်။ အဲ့ဒီအချိန်မင်းက အဲ့ဒီဧရာမသားရဲကို သတ်ဖို့ ရေလွှမ်းခြင်းဂိုဏ်းက ကျင့်ကြံသူတစ်ထောင်ကို ဦးဆောင်သွားလိုက်။ အသက်ဓာတ်နှလုံးသားက မင်းယုံကြည်ရတဲ့လူတချို့ကို ပျိုးထောင်ဖို့အတွက် သုံးလို့ရတယ်။ ဒါ့အပြင် နောင်ကျ မွေးဖွားဇယားချပ်သားရဲကို ဖြေရှင်းဖို့ အဲဒါကို သုံးလို့ရတယ်။ ဟုတ်ပြီ ... စလိုက်ရအောင်”

“နားလည်ပါပြီ”

…

အခန်း (၉၁၂) ငါတို့ ထပ်တွေ့ပြန်ပြီ ယန်ကျန်းလော့

အထွတ်အထိပ် ဆန်းကြယ်စွမ်းအားက ကုန်ဆုံးသွားပြီဖြစ်ကာ မြင်ကွင်းလည်း နှောင့်ယှက် ခံလိုက်ရသည်။ သူက ယခင် ၂နာရီအတွင်း အထွတ်အထိပ် ဆန်းကြယ်စွမ်းအား များများစားစား ပြန်လည်မပြည့်ဝသေးပေ။

“လောင်ပါ့က အခု အဝါရောင်ကြာနယ်မြေမှာ လုလီလိုမျိုး ပညာရှင်ရဲ့ အကူအညီရှိနေတယ်ဆိုတော့ ပြဿနာရှိမှာ မဟုတ်ဘူး”

သူ့အတွေးများကို စုစည်းပြီးသည့်နောက်တွင် စောစောလေးက ရထားသည့် ပေါင်းစည်းရေးကတ် ၂ကတ်ကို ကြည့်လိုက်သည်။ သူ့စိတ်ထဲ မေးခွန်းတစ်ခု ပေါ်ထွက်လာ၏။ အကယ်၍ သူ့တွင် အထွတ်အထိပ်သဏ္ဌာန်ကတ် ၃ကတ်ရှိနေလျှင် ပေါင်းစည်းရေးကတ်က မည်သို့ ဖြစ်သွားမည်နည်း။

ကံဆိုးစွာဖြင့် သူပထမဦးဆုံး ကူးပြောင်းသွားစဥ်အခါက ရရှိထားသော အထွတ်အထိပ်သဏ္ဌာန် ၃ကတ်မှ လွဲ၍ အထွတ်အထိပ်သဏ္ဌာန်ကတ် ရရှိဖို့ အင်မတန် ခက်ခဲလှသည်။ သူက တစ်ခုရလျှင်ပင် ကံကောင်းလှပြီ ဖြစ်၏။

ထို့နောက် လုကျိုးက မီးတောက်စိတ်ဝိညာဥ် ကျောက်တုံး ၃တုံးကို ထုတ်ပြီး ခရမ်းရောင် တောက်ပသံကျောက်ကိုလည်း ထုတ်ယူလိုက်သည်။

ခရမ်းရောင် တောက်ပသံကျောက်က ယခုအခါ ပြိုင်ဘက်ကင်းအဆင့် ဖြစ်၏။ မီးတောက်စိတ်ဝိညာဥ် ကျောက်တုံး ၃တုံးဖြင့် ပြန်လည်ထုဆစ်ပြီးသည့်နောက်တွင် အဆင့်မြင့်လာလိမ့်မည်။ သို့သော်လည်း သူက ပြန်လည်ထုဆစ်ဖို့ရာအတွက် ဝမ်တာ့ချွေ့လိုမျိုး ပညာရှင် လိုအပ်ပေသည်။ ကံကောင်းစွာဖြင့် သူ့တွင် သန့်စင်ရေးအဆောင် ရှိနေသေးသည့်အတွက် အကူအညီတောင်းဖို့ မလိုအပ်ပေ။

လုကျိုးက လက်ဝှေ့လိုက်ပြီးသည့်နောက် သန့်စင်ရေးအဆောင်ကို ထုတ်ကာ အသက်သွင်းလိုက်သည်။ ထို့နောက် မီးတောက်စိတ်ဝိညာဥ် ကျောက်တုံး ၃တုံးကို မီးထဲ ပစ်ချလိုက်၏။ မီးတောက်စိတ်ဝိညာဥ် ကျောက်တုံးက ကြည်လင်နေသည့် မီးတောက်များကြောင့် အရည်ပျော်လုမတတ် ဖြစ်သွားစဥ် မျှော်ဆန်ဆန် မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူက ခရမ်းရောင် တောက်ပသံကျောက်ကို မီးတောက်အတွင်း ပစ်ထည့်လိုက်သည်။

...

နောက်တစ်ရက် မနက်စောစော

စီးဝူယာ့၏ အစီအစဥ်အောက်တွင် အမတ်များနှင့် ပတ်လမ်းဆယ်ခုရှိ စစ်သူကြီးများက အငြင်းအဆန် မရှိ အညံ့ခံလာကြသည်။ အညံ့မခံသည့် သူများ သို့မဟုတ် မယုံကြည်ရသည့် သူများကမူ အဆင့်လျော့ချခြင်း သို့မဟုတ် သူတို့ မွေးရပ်မြေသို့ ပြန်လည်ပို့ဆောင်ရခြင်းတို့ ကြုံရသည်။ ဤသို့ဖြင့် လီယွင်ကျန်းက တာ့ထန်ကို အပြည့်အဝ ထိန်းချုပ်နိုင်သွားပြီဖြစ်၏။

အရှေ့ဘက်တံတိုင်း

ယွီရှန်းရုန်က မြို့တော်ကို လှမ်းကြည့်ရင်း ရပ်နေသည်။

ယွီကျန့်ဟိုင်က လှည့်ကြည့်ကာ မေးလိုက်၏။

“အာ့ရှစ်တိ မင်းရဲ့ မွေးဖွားဇယားချပ် အသက်သွင်းဖို့ ကိစ္စကို စိုးရိမ်နေတာလား”

လုကျိုးက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်ပြသပြီးပြီဖြစ်၍ အများစုက ထိုပြဿနာတစ်ခုကို သတိထားမိခဲ့ကြသည်။ သူတို့က ကြာပွင့်မရှိဘဲ မွေးဖွားဇယားချပ်ကို မည်သို့အသက်သွင်းနိုင်မည်နည်း။

ယွီရှန်းရုန်က ပြောလိုက်၏။

“အချိန်ကျလာရင် အဲဒီတံတားကို ဖြတ်ရမှာပဲလေ”

“ကံဆိုးတာက ဒီတာ့ရှစ်ရှိုးက အရင်ဆုံး ဦးဆောင်ပေးရမှာပေါ့” ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“ဘယ်သူက ဦးဆောင်မလဲဆိုတာ မသိရသေးပါဘူး” ယွီရှန်းရုန်က လွယ်လွယ်ကူကူ အရှုံးကို လက်ခံမည့်သူ မဟုတ်ပေ။ သူက ကြာပွင့် မရှိတော့လျှင်ပင် ဆက်လက် ကျင့်ကြံနိုင်သေး၏။ သူက ဆယ်ခုမြောက် ပွင့်ချပ်ပင် မထွက်သေးလေရာ ဘုံတစ်ထောင်လေပွေအဆင့်အကြောင်း တွေးနေဖို့ စိတ်ရှုပ်ရုံသာ ပိုလာလိမ့်မည်။

ယွီကျန့်ဟိုင်က သူ့နဂါးသွဲ့ကျောက်ဓားကို ထုတ်လိုက်ပြီး သူ့အင်္ကျီလက်ဖြင့် သုတ်လိုက်သည်။ သူက ယွီရှန်းရုန်ကို သူ့တောက်ပလာသည့် ပြိုင်ဘက်ကင်းအဆင့် နဂါးသွဲ့ကျောက်ကို ကြည့်ဖို့ ပြောတော့မည့်ဆဲဆဲတွင်

“ဒုတိယသခင်လေး ကောင်းကင်စူးစမ်းရှာဖွေးရေးခုံရုံးက တစ်ယောက်က ရောက်လာပြီးတော့ ဒါကို ပေးခိုင်းလိုက်လို့ပါ” ကျီဖုန်းရှင်းက အောက်မှ အော်ပြောလေသည်။

၂ဦးသားက လှည့်ကြည့်လိုက်သည့်အခါ ကျီဖုန်းရှင်းက လေးထောင့်သဏ္ဌာန် ပစ္စည်းတစ်ခုကို လက်၌ သယ်ဆောင်လာသည်ကို တွေ့လိုက်ရ၏။ ထိုအရာက သစ်သားဖြင့် လုပ်ထားဟန်မပေါ်ဘဲ ကျောက်တုံးဖြင့် လုပ်ထားဟန်ပေါ်၏။

ယွီရှန်းရုန်က နားမလည်ဘဲ မေးလိုက်သည်။

“အဲဒါက ဘာလဲ”

“ဝမ်တာ့ချွေ့က ကိုယ်တိုင်ဖွင့်ဖို့ ပြောလိုက်ပါတယ်။ သူက ကိုယ်တိုင်လာပို့ချင်ပေမဲ့ သတ္တမသခင်လေးက အရေးကြီးတာ ဆွေးနွေးစရာ ရှိလို့ဆိုပြီး ခေါ်လိုက်တော့ ကျွန်တော်ကို ပို့ခိုင်းလိုက်တာပါ” ကျီဖုန်းရှင်းက ရှင်းပြလိုက်သည်။

ယွီကျန့်ဟိုင်က ယွီရှန်းရုန်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

“ကြည့်ရတာ ပြန်လည်ထုဆစ်ပြီးတဲ့ နောက်မှာ ကျိုးသွားတဲ့ပုံပဲ။ အာ့ရှစ်တိ တကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင် ငါ့ရဲ့ နဂါးသွဲ့ကျောက်ကို ပေးမယ်။ ဘာပဲဖြစ်ဖြစ် ငါက လက်နက် မပါဘဲ တိုက်ခိုက်နိုင်တယ်။ ပြီးတော့ မဟာအမှောင် ကောင်းကင်အောက်မေ့ရာကလည်း ပြိုင်ဘက်ကင်း ကျင့်ကြံရေး နည်းစနစ်တစ်ခုပါပဲ”

ယွီရှန်းရုန်က ယွီကျန့်ဟိုင်ကို လျစ်လျူရှုထား၏။ ထိုအစား သူက လက်ဆန့်ထုတ်လိုက်သည်။

သူ့လက်မှ ရွှေရောင်စွမ်းအား တစ်ခု ထွက်ပေါ်လာကာ ကျီဖုန်းရှင်း၏ လက်ထဲမှ ပစ္စည်းကို ဆွဲယူလိုက်သည်။

ဝှစ်

စွမ်းအားက ရွှေရောင်နဂါးတစ်ကောင်လိုမျိုး လှုပ်ရှားလာကာ ပစ္စည်းကို သယ်ဆောင်လျက် ယွီရှန်းရုန်၏ လက်ထဲ ပြန်ရောက်လာသည်။

ယွီရှန်းရုန်က တင်းတင်းဆုပ်ကိုင်ထားလိုက်ပြီး ကျောက်တုံးအက်ကြောင်းကို ဖြည်းဖြည်းချင်း ဟကာ ကြည့်လိုက်သည်။ သူက သူ့စွမ်းအားကို မမြှင့်တင်ခင် မျက်မှောင်ကြုတ်လိုက်၏။

ဂျွတ်

ကျောက်တုံး၏ အက်ကြောင်းက ပိုမိုကြီးမားလာပြီး မှိန်ဖျဖျ ကနဦးချီက ထွက်ပေါ်နေပြီး သူ့လက်မှတစ်ဆင့် ယွီရှန်းရုန်၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွား၏။ သူက တစ်ကိုယ်လုံး တုန်ယင်လာသလို ခံစားလိုက်ရသည်။

ယွီရှန်းရုန်၏ အကြည့်များက လင်းလက်တောက်ပလာ၏။ သူက လက်ကို အသာယမ်းလိုက်သည့်အခါ စွမ်းအင်ဓားတစ်ချောင်း ထွက်ပေါ်လာပြီး ကျောက်တုံးကို အက်ကွဲသွားစေသည်။ သိပ်မကြာခင် အကောင်းတိုင်းရှိနေသည့် အသက်ရှည်ဓားက အေးစက်စက် အလင်းရောင် ထုတ်လွှင့်လျက် ပေါ်ထွက်လာ၏။

ယွီရှန်းရုန်က အသက်ရှည်ဓားကို သူ့ရှေ့ မျောလွင့်ခွင့်ပေးလိုက်သည်။ သူက ကနဦးချီ ထုတ်လွှင့်လိုက်သည်နှင့် စွမ်းအင်ဓား ၈၀၀၀ ကျော်က ကောင်းကင်အထက် ချက်ချင်း ပေါ်ထွက်လာ၏။ သူက ထိုအရာကို လုပ်ဆောင်ရင်း လွယ်ကူလှသည်ဟု ခံစားမိလိုက်သည်။ အစပိုင်းတွင် အသက်ရှည်ဓား မရှိဘဲ သူက စွမ်းအင်ဓား ၆၀၀၀ ကိုသာ ထုတ်ဖော်နိုင်၏။ အသက်ရှည်ဓားဖြင့် သူက စွမ်းအင်ဓား ၈၀၀၀ ကို အလွယ်တကူ ဖန်တီးနိုင်သည်။

ထိုစဥ် တော်ဝင်အစောင့်တပ်က စွမ်းအင်ဓားများ ပြည့်နှက်နေသည့် ကောင်းကင်ကို မော့ကြည့်နေကြ၏။

“လွှမ်း … လွှမ်းမိုးအဆင့်လား” ယွီကျန့်ဟိုင်က တအံ့တသြဖြင့် ရေရွတ်လိုက်သည်။ အသက်ရှည်ဓားလက်နက်က ယခင်က ကောင်းကင်အဆင့် လက်နက် ဖြစ်ခဲ့သည်။ သို့သော် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံး၏ ပြန်လည်ထုဆစ်မှု အပြီးတွင် လွှမ်းမိုးအဆင့်ထိ မြင့်တက်သွားခဲ့သည်။

ဒါက ...

ယွီကျန့်ဟိုင်က သူ့ပြိုင်ဘက်ကင်းအဆင့် နဂါးသွဲ့ကျောက်ကို အသာသိမ်းလိုက်၏။ သူက အနည်းငယ် မမျှတသလို ခံစားနေရသည်။

ယွီရှန်းရုန်က စွမ်းအင်ဓားများကို ပယ်ဖျက်လိုက်ပြီး ကျေကျေနပ်နပ်ဖြင့် ပြောလိုက်သည်။

“တာ့ရှစ်ရှိုး ကျွန်တော်က ဒီဓားကို ကျွန်တော်ဘဝလိုမျိုး မှတ်ယူထားပေမဲ့ ကျိုးသွားတော့ ဘယ်လိုလက်လွှတ်ရမလဲဆိုတာကို သင်ယူခဲ့ရတယ်။ ဒီဓားက အတော်လေးကောင်းတယ်။ ကျွန်တော်ဘာသာ ကျွန်တော် သိမ်းထားလို့ မဖြစ်ဘူး။ တာ့ရှစ်ရှိုး ဝေမျှချင်လား”

ယွီရှန်းရုန်က လက်ကို ဆုပ်လိုက်သည့်အခါ အသက်ရှည်ဓားက ပုံမှန်သွင်ပြင်သို့ ပြန်လည်ပြောင်းသွားသည်။ မည်သို့ပင်ဆိုစေကာမူ နေရောင်တောက်ပနေသည့်အတွက် ပြိုင်ဘက်ကင်းအဆင့်ထက် သာလွန်သည့် အငွေ့အသက်မျိုး ထုတ်လွှင့်နေဆဲ ဖြစ်သည်။

“အာ့ရှစ်တိကို ဂုဏ်ပြုပါတယ်။ ဒီဓားက ကောင်းပေမဲ့ ငါက ဓားမော့ကို ပိုကြိုက်တုန်းပဲ။ ပြီးတော့ အဲဒါက လွှမ်းမိုးအဆင့်လောက်ပါပဲ။ အနှေးနဲ့ အမြန် နဂါးသွဲ့ကျောက်ကလည်း လွှမ်းမိုးအဆင့် လက်နက် ဖြစ်လာမှာပါ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။

ထိုစဥ် ကျီဖုန်းရှင်းက အောက်ကနေ ပြောလာ၏။

“ဒါက အသက်ရှည်ဓားပဲ။ ဝမ်တာ့ချွေ့က ပြန်လည်ထုဆစ်ဖို့ ၃လကြာမြင့်မယ်လို့ ပြောခဲ့ပေမဲ့ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက လူတွေနဲ့ အတူတူ လုပ်လိုက်တော့ ၁လအတွင်း လုပ်နိုင်ခဲ့တယ်”

ယွီရှန်းရုန်က ပြောလိုက်၏။

“ငါ့အတွက် သူတို့ကို ကျေးဇူးတင်ပေးပါအုံး”

“ဟုတ်ကဲ့ပါ” ကျီဖုန်းရှင်းက ပြောလိုက်သည်။

ကျီဖုန်းရှင်းက ထွက်သွားတော့မည့်ဆဲဆဲတွင် ယွီကျန့်ဟိုင်က ရုတ်တရက် ခုန်ချလာကာ လှမ်းခေါ်လိုက်သည်။

“ခဏနေအုံး”

“ပထမသခင်လေး ကျွန်တော် တစ်ခုခုများ လုပ်ပေးစရာ ရှိလား”

“ဝမ်တာ့ချွေ့က အခုဘယ်မှာလဲ”

“သူက သတ္တမသခင်လေးရဲ့ စာကြည့်ခန်းမှာပါ”

“တိုက်ဆိုင်လိုက်တာ။ ငါလည်း ငါ့ရဲ့ ချီရှစ်တိနဲ့ စကားမပြောရတာ ကြာလှပြီ။ ငါ့ကို သူ့ဆီ ခေါ်သွား” ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“အို့” ကျီဖုန်းရှင်းက ခေါင်းကုတ်လိုက်၏။ ယွီကျန့်ဟိုင်က ဝမ်တာ့ချွေ့အကြောင်း မေးလိုက်သည် မဟုတ်ပါလော။ သူက စီးဝူယာ့နှင့် အဘယ့်ကြောင့် တွေ့ဆုံချင်သွားသည်နည်း။

...

နောက်ထပ် ၂ရက်တာ ကုန်ဆုံးသွား၏။

လုကျိုးက အက်သံတစ်သံကို ကြားလိုက်သည့်အခါ မျက်လုံးဖွင့်ကြည့်လိုက်သည်။ သန့်စင်ရေးအဆောင်မှ မီးတောက်က ပျောက်ကွယ်သွားပြီ ဖြစ်၏။ ထို့နောက် သူက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို သုံးသပ်လိုက်သည်။ ခရမ်းရောင် တောက်ပသံကျောက် မရှိဘဲ ပြန်လည်ဖြည့်တင်းနိုင်စွမ်းက နှေးကွေးလှသည်။ သူက တစ်ဝက်မျှသာ ပြန်လည်ဖြည့်တင်းနိုင်သေး၏။

လုကျိုးက လက်ဝှေ့လိုက်သည့်အခါ ခရမ်းရောင် တောက်ပသံကျောက်က သူ့လက်အတွင်း ကျဆင်းလာသည်။

“တင်း လွှမ်းမိုးအဆင့် ခရမ်းရောင် တောက်ပသံကျောက်ကို ရရှိပါတယ်”

လုကျိုးက လက်သီးဆုပ်လိုက်သည်။

ထိုစဥ် သူ့ခန္ဓာကိုယ်အနှံ့ လန်းဆန်းသည့် စွမ်းအင်တစ်ခု ဖြတ်ပြေးသွားသလို ခံစားလိုက်ရသည်။ ကနဦးချီ အနည်းငယ် လှုပ်ရှားခြင်းဖြင့် သူ့ခန္ဓာကိုယ်က ပိုမိုသက်တောင့်သက်သာ ရှိလာသလို ခံစားလိုက်ရသည်။

ခရမ်းရောင် တောက်ပသံကျောက်အတွက်မူ လုကျိုးက အသက်သွင်းလိုက်သည်နှင့် ကနဦးချီကို ချီသွေးကြော ၈ခုနှင့် သူ့ချီပင်လယ်အတွင်း လှည့်ပတ်ဖို့ အကူအညီ ပေးနေသည်။

“မဆိုးဘူးပဲ” လွှမ်းမိုးအဆင့် ခရမ်းရောင် တောက်ပသံကျောက်ဖြင့် သူသည် ကျင့်ကြံနှုန်းကို မြှင့်တင်နိုင်ပြီ ဖြစ်၏။ သူက အမှန်တကယ် ကျင့်ကြံမည်ဆိုလျှင် မမြန်ဆန်သော်လည်း အချိန်က သူ့ဘက်တွင် ရှိနေသည့်အတွက် အင်မတန် အသုံးဝင်လှသည်။ ထို့အပြင် သူက ခရမ်းရောင် တောက်ပသံကျောက်ကို အသုံးပြုနိုင်သည့် အရေအတွက် အကန့်အသတ်လည်း မရှိပေ။ သူ့၏ အထွတ်အထိပ် ဆန်းကြယ်စွမ်းအား ပြန်လည်ဖြည့်တင်းနှုန်းက ၄ဆ ၅ဆလောက် မြင့်တက်လာသည်ကို တွေ့လိုက်ရသည်။ ဤသို့ဖြင့် သူက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို ပြန်လည်ဖြည့်တင်းဖို့ ၂ ရက်တာမျှသာ လိုအပ်တော့သည်။ ယခင်က သူ့အနေဖြင့် စွမ်းအားကို ပြန်လည်ဖြည့်တင်းဖို့ ၇ရက်လောက် လိုအပ်ခဲ့၏။

“ပေါင်းစည်းမှု ထိန်းချုပ်ပြီးသွားရင် ဘယ်လိုဖြစ်သွားမလဲ” လုကျိုးက ရေရွတ်လိုက်သည်။ သူက ထိုအရာသည် ပေါင်းစည်းဖို့ လွယ်ကူမည်ဖြစ်ကြောင်း သိလေ၏။

လုကျိုးက ထိုကိစ္စကို ဆက်လက် မစဥ်းစားတော့ဘဲ ထရပ်လိုက်သည်။ ခဏအကြာတွင် သူက ယန်ကျန်းလော့နှင့် သဘောတူညီချက်ကို အမှတ်ရသွားသည်။ သူက ထိုကိစ္စကို မည်သူ့ကိုမှ ပြောမပြခဲ့ပေ။ ခဏအကြာတွင် သူက ခရမ်းရောင် တောက်ပသံကျောက်ကို အသက်သွင်းလိုက်ပြီး တော်ဝင်နန်းဆောင်မှ ထွက်ခွာလာလိုက်သည်။

...

ထင်ထားသည့်အတိုင်း လုကျိုးက ကျောက်အစီအရင်နား ရောက်ရှိလာသည့်အခါ ယန်ကျန်းလော့က ချက်ချင်းထွက်ပေါ်လာသည်။

ယန်ကျန်းလော့က လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏။

“ညီအစ်ကိုလု ရောက်လာပြီပဲ။ အဲဒါဆိုတော့ ကျုပ်စကားတွေကို ယုံတယ်ပေါ့” ထို့နောက် သူက ခေါင်းမော့ကာ နေကို လှမ်းကြည့်လိုက်သည်။

လုကျိုးက မေးလိုက်၏။

“အရင်ရက်တွေတုန်းက ဒီမှာပဲ ပုန်းနေတာလား”

“မွေးဖွားဇယားချပ် သားရဲတွေက အချိန်မရွေး ပေါ်လာနိုင်တယ်လေ။ သံတမန်တစ်ယောက်အနေနဲ့ ပေါ်လာတာကိုပဲ စောင့်ဆိုင်းလို့ရမှာ။ မွေးဖွားဇယားချပ် ကိစ္စ ပြီးသွားတာနဲ့ ညီအစ်ကိုလုကို အသက်ဓာတ် နှလုံးသား ပေးမယ်”

“ငါ့ကို အသက်ဓာတ် နှလုံးသား ပေးလိုက်ရင် အနက်ရောင်မျှော်စင် အဖွဲ့အစည်းက စုံစမ်းမှာကို မကြောက်ဘူးလား” လုကျိုးက မေးလိုက်သည်။

“သူတို့က အသားကျနေလောက်ပါပြီ။ အရင်နှစ်တွေတုန်းကလည်း အနက်ရောင်မျှော်စင် အဖွဲ့အစည်းက အသက်ဓာတ် နှလုံးသား အများကြီး ဆုံးရှုံးခဲ့ရတယ်။ သူတို့က အခိုးခံလိုက်ရတာမျိုး ပျောက်သွားတာမျိုး ဒါမှမဟုတ် အလွဲသုံးစားလုပ်ခံရတာမျိုး အစုံပဲ”

All Chapters