အခန်း (၉၁၆-၉၁၈)
Vol. 62 Ch. 916-918
အခန်း (၉၁၆) အနက်ရောင် အစောင့်အရှောက်များ
ယန်ကျန်းလော့က အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
“အဲဒါက လွယ်ပါတယ်။ တိကျန်းရဲ့ အမွှေးတောင်တစ်ခုကို ယူပြီးတော့ အနက်ရောင်မျှော်စင် အဖွဲ့အစည်းကို တင်ပြလိုက်မယ်။ အဲဒီအခါကျရင် သူတို့က ခွင့်လွှတ်ပေးမှာပါ”
တိကျန်း၏ အလျင်က ကြမ်းတမ်းခက်ထန်သားရဲများကြားတွင် အမြန်ဆန်ဆုံး ဖြစ်၏။ ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် နှိမ်နင်းဖို့ဆိုတာ မဖြစ်နိုင်ပေ။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက ယန်ကျန်းလော့ကို ထိုအတွက် အပြစ်ဒဏ်ပေးမည်ဆိုပါက အကျိုးအကြောင်း မသင့်ပေ။
လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အင်း။ ဒါနဲ့ ဘာလိုချင်လဲ”
ယန်ကျန်းလော့က ဦးညွှတ်ကာ ပြောလိုက်၏။
“ကျုပ်က လုလီရဲ့ ဘေးကင်းမှုကိုပဲ လိုချင်တာပါ”
“တခြားဘာမှမလိုဘူးလား”
“ဟုတ်ပါတယ်။ ဒီတောင်းဆိုချက် တစ်ခုတည်း ရှိတာပါ” ယန်ကျန်းလော့က ပြောလိုက်သည်။
“ကောင်းပြီ” လုကျိုးက ခေါင်းညိတ်လိုက်သည်။
“ကျေးဇူးပါ” ယန်ကျန်းလော့က ကျောမတ်မတ်ထားကာ နေဝင်နေသည်ကို လှမ်းကြည့်လိုက်သည်။
“နောက်ကျနေပြီပဲ။ ကျုပ် မသွားခင် ညီအစ်ကိုလုကို တစ်ခု သတိပေးစရာ ရှိသေးတယ်”
“ဘာများလဲ”
“အနက်ရောင်မျှော်စင် အဖွဲ့အစည်းက လုလီ ပျောက်ကွယ်သွားမှုကို သိတယ်။ သူတို့က တိမ်တိုက်တောင်ပေါ်က မွေးဖွားဇယားချပ် သားရဲ ပျောက်ကွယ်သွားတာကိုလည်း သိထားကြတယ်။ ခင်ဗျားက ရွှေရောင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ရှိထားတယ်ဆိုတာတော့ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက အနက်ရောင် အစောင့်အရှောက်ကို လွှတ်ပြီး ဒီကိစ္စကို စုံစမ်းခိုင်းမှာ သေချာတယ်” ယန်ကျန်းလော့က ပြောလိုက်သည်။
“အနက်ရောင် အစောင့်အရှောက်လား”
“အနက်ရောင် အစောင့်အရှောက်ဆိုတာက အနက်ရောင်မျှော်စင်က အမိန့်တွေနဲ့ ဥပဒေတွေကို နာခံတဲ့ အဖွဲ့တစ်ဖွဲ့ပဲ။ သူတို့က စည်းကမ်းထိန်းလိုမျိုးပေါ့။ သူတို့က အနက်ရောင်မျှော်စင် အဖွဲ့အစည်းရဲ့ အဆင့်နိမ့်လူတွေအပေါ်မှာ အာဏာသက်ရောက်မှု ရှိတယ်။ ယေဘုယျ အနက်ရောင် အစောင့်အရှောက်က မွေးဖွားဇယားချပ် ၄ခု ဝန်းကျင်ရှိကြတယ်။ သူတို့ အမြဲတမ်း စေလွှတ်တဲ့ အဖွဲ့တစ်ဖွဲ့ချင်းစီက လူ ၃ယောက် ပါတယ်” ယန်ကျန်းလော့က ရှင်းပြလိုက်သည်။
“အနက်ရောင်မျှော်စင် အဖွဲ့အစည်းက ဒီလောက်တောင် အားကောင်းတာလား” လုကျိုးက အနည်းငယ် စိတ်လှုပ်ရှားမိသွားသည်။ အနက်ရောင်မျှော်စင် အဖွဲ့အစည်း၌ ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူ မည်မျှရှိနေသနည်း။
ယန်ကျန်းလော့က မလုံမလဲပြုံးကာ ပြောလိုက်သည်။
“အနက်ရောင်မျှော်စင် အဖွဲ့အစည်းက နှစ်သိန်းချီကြာ တည်ရှိနေတာလေ။ ဒီနှစ်တွေမှာ ပညာရှင်များစွာကို အောင်အောင်မြင်မြင် ခေါ်ထားနိုင်ခဲ့တာပေါ့။ အဲဒါကလွဲရင် အသက်ဓာတ် နှလုံးသားတွေကို လွှမ်းမိုးချုပ်ကိုင်ထားတယ်လေ။ အဲဒါကြောင့် ဒီလိုအားကောင်းနေတာက မထူးဆန်းပါဘူး။ တကယ်တော့ အနက်ရောင်ကြာ နယ်မြေမှာတော့ အားနည်းတဲ့ ကျင့်ကြံသူတွေ အများကြီးရှိတယ်။
အင်အားစုတွေနဲ့ ဂိုဏ်းမဲ့ ကျင့်ကြံသူတွေ အများကြီးရှိပေမဲ့ သူတို့အားလုံးက နတ်ဝိညာဥ်ဝဋ်ကြွေးချွေအဆင့်တောင် မရောက်ကြဘူးလေ။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းကို ဝင်တဲ့သူတွေကတော့ လက်ရွေးစင်တွေပေါ့”
“ငါ သိပြီ” လုကျိုးက ခေါင်းညိတ်လိုက်သည်။
“အခု နောက်ကျနေပြီ။ ကျုပ် သွားရတော့မယ်။ ဒါက ထူးခြားတဲ့ အနက်ရောင်အဆောင်ပါ။ တကယ်လို့ လုလီအကြောင်း သတင်း တစ်ခုခုရရင် ဒါကို အသက်သွင်းလိုက်ပါ။ ကျေးဇူးပါ ညီအစ်ကိုလု” ယန်ကျန်းလော့က လေးလေးစားစား ဦးညွှတ်လိုက်ပြီးသည့်နောက်တွင် အနက်ရောင်အဆောင်ကို လုကျိုးထံ ပေးခဲ့သည်။
“ကောင်းပါပြီ” လုကျိုးက အနက်ရောင် အဆောင်ကို သိမ်းဆည်းလိုက်၏။
“သိပ်မကြာခင် ပြန်တွေ့ကြတာပေါ့” ယန်ကျန်းလော့က တိကျန်းဆီ ချဉ်းကပ်သွားရင်း ပြောလိုက်သည်။
တိကျန်းက နောက်အနည်းငယ် ဆုတ်ကာ လုကျိုးနောက် ဝင်ပုန်းလိုက်၏။
ဂတ်
တိကျန်းက အသံပြုလိုက်သည်။
“ငှက်မွေးလေး တစ်ခုပါပဲ။ အဲဒီလောက်ကြီး ဆူညံမနေနဲ့” လုကျိုးက ငှက်မွှေးတစ်ခု နှုတ်ကာ ယန်ကျန်းလော့ဆီ ပေးလိုက်သည်။
ငှက်မွေးကို ယူဆောင်ပြီးသည့်နောက်တွင် ယန်ကျန်းလော့က လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွား၏။
လုကျိုးက ကျောက်တောအုပ်ကို ကြည့်ပြီးသည့်နောက်တွင် မြို့တော်သို့ ပြန်လာလိုက်သည်။
...
မြို့တော်အတွင်း
လုကျိုးက တိကျန်းနှင့်အတူ ဖြည်းဖြည်းချင်း ပျံသန်းလာ၏။
တိကျန်း၏ အရွယ်အစား သေးငယ်မှုနှင့် အသက်ဓာတ် နှလုံးသား ကင်းမဲ့နေမှုကြောင့် မွေးဖွားဇယားချပ် သားရဲဖြစ်ကြောင်း မည်သူကမှ မပြောနိုင်ပေ။
ခရမ်းရောင် တောက်ပသံကျောက်ကလည်း အသက်ဓာတ် နှလုံးသား၏ အငွေ့အသက်ကို အပြည့်အဝ ဖုံးကွယ်ပေးထားသည်။ သူက တော်ဝင်နန်းဆောင်ဆီ ပျံသန်းလာရင်း မည်သူကမှ အာရုံမစိုက်မိကြပေ။
လုကျိုးက တော်ဝင်နန်းဆောင်ဆီ ရောက်လာပြီး ထိန်းသိမ်းရေးခန်းမဆီ ဦးတည်နေစဥ် ယွီရှန်းရုန်ကို မြင်လိုက်ရသည်။
ယွီရှန်းရုန်က ဦးညွှတ်လာပြီး
“ရှစ်စွင်းကို ဂါရဝပြုပါတယ်”
“မင်းရဲ့ တာ့ရှစ်ရှိုးက ဘယ်မှာလဲ” လုကျိုးက ထို၂ဦးသည် မကြာခဏ လက်ရည်စမ်းလေ့ရှိသည့်အတွက် ယွီကျန့်ဟိုင် ဘယ်ရောက်သွားသည်ကို မစဥ်းစားဘဲ မနေနိုင်တော့ပေ။
တာ့ရှစ်ရှိုးက မြို့တော်ထဲမှာ ပွင့်ချပ်ဆယ်လွှာ ထွက်တဲ့သူ ရှိတယ်ဆိုပြီးတော့ စုံစမ်းဖို့ ထွက်သွားပါတယ်။ အဲဒီလူက ဓားမော့ ကျွမ်းကျင်တယ်လို့လည်း ပြောကြတယ်။ သူ့ရဲ့ စရိုက်နဲ့ဆိုရင် ဒီလို အခွင့်အရေးမျိုးကို လက်လွတ်ခံမှာ မဟုတ်ဘူးလေ”
လုကျိုးက ခေါင်းညိတ်လိုက်၏။ တိကျန်း ပေါ်ထွက်လာပြီဖြစ်၍ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူအသစ် ပေါ်ထွက်လာသည်မှာ အံ့သြစရာ မရှိပေ။ သူက မေးလိုက်သည်။
“အဲဒီလူရဲ့ နာမည်က ဘယ်သူလဲ”
“သူ့ရဲ့ မျိုးရိုးက ကျန်းဆိုတာပဲ သိရတယ်” ယွီရှန်းရုန်က ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။ ဒီလူကို အာရုံစိုက်ထား” လုကျိုးက ပြောပြီးသည့်နောက်တွင် လက်နောက်ပစ်ကာ ထွက်သွားလေသည်။
ယွီရှန်းရုန်က လေးလေးစားစား ပြောလိုက်၏။
“ရှစ်စွင်း ကောင်းကောင်းသွားပါ”
...
ထိန်းသိမ်းရေးခန်းမအတွင်း
တိကျန်းက ပင်ပန်းလာပြီး မအိပ်စက်ခင်အထိ ဘေးပတ်လည်ကို သိချင်စွာဖြင့် လျှောက်ကြည့်နေသည်။
လုကျိုးက ယန်ကျန်းလော့ ပေးသည့် စာအုပ်ကို ထုတ်လာပြီး ကြည့်လိုက်သည်။ ကံကောင်းစွာဖြင့် သူက ဖတ်ရှုနေလျှင်ပင် ခရမ်းရောင် တောက်ပသံကျောက်က သူ့အား အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို ဖြည့်တင်းဖို့ ကူညီပေးနေ၏။ အမြန်နှုန်းက သူ့တရားထိုင် ကျင့်သလောက်တော့ မမြန်ဆန်ပေ။
...
တတိယနေ့ မနက်ခင်းတွင်
နောက်ဆုံးတွင် လုကျိုးက စာအုပ်ကို ဖတ်ရှုပြီးသွားပြီ ဖြစ်၏။ သူက စာအုပ်ကို ပိတ်လိုက်ပြီးသည့်နောက်တွင် စိတ်ခံစားချက် ရောပြွမ်းစွာ သက်ပြင်းချလိုက်သည်။
“ယန်ကျန်းလော့က ငါ ဘုံတစ်ထောင်လေပွေအဆင့်နဲ့ အတွေ့အကြုံ မရှိဘူးဆိုတာကို ပြောနိုင်တာ မထူးဆန်းတော့ပါဘူး”
လုကျိုးက စာအုပ်ဆီမှ ဗဟုသုတ အသစ်များစွာ ရရှိလိုက်သည်။ နမူနာအားဖြင့် လူတစ်ယောက်သည် အသက်ဓာတ် နှလုံးသား၏ အရေအတွက်ကို အလေးထားမည့်အစား သူတို့၏ စွမ်းဆောင်ရည်နှင့် လုပ်ဆောင်နိုင်စွမ်းပေါ် မူတည်၍ အသက်ဓာတ် နှလုံးသားကို ရှာဖွေသင့်လေသည်။ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဥ်သဏ္ဌာန်နှင့် ကွဲပြားပြီး ကြာပုလ္လင်နှင့် ကြယ်တာရာ ဒိုင်ခွက်တို့က သေစေလောက်သည့် ထိခိုက်မှုမျိုးကို ကာကွယ်ပေးနိုင်သည်။ ကျင့်ကြံသူတစ်ယောက်က သေစေလောက်သည့် ထိနှက်ချက် ခံရသည့်အခါ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က ကျုံ့သွားပြီး ကျင့်ကြံသူ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားကာ သေစေလောက်သည့် တိုက်ကွက်ကို စုပ်ယူသွားလိမ့်မည်။
တန်ကြေးကမူ မွေးဖွားဇယားချပ် စက်ဝန်းပေါ်ရှိ မွေးဖွားဇယားချပ် တစ်ခု ဆုံးရှုံးမှု ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ မွေးဖွားဇယားချပ် မရှိဘဲ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ရှိနေလျှင်ပင် သေစေလောက်သည့် တိုက်ကွက်မျိုးကို တားဆီးနိုင်မည် မဟုတ်ပေ။ ထိုအရာအပြင် သူက ကြယ်တာရာ ဒိုင်ခွက်နှင့် ကြာပုလ္လင်တို့သည် စိတ်ဝိညာဥ်သဏ္ဌာန် မရှိဘဲ သီးခြားအသုံးပြုနိုင်ကြောင်း သင်ယူလိုက်ရ၏။
ထိုအရာက လုကျိုး၏ စိတ်ထဲရှိ စိုးရိမ်မှုတစ်ခုကို ဖြေရှင်းပြီးသား ဖြစ်သွားသည်။ ဆိုလိုသည်မှာ မွေးဖွားဇယားချပ်၏ စွမ်းအားကို အသုံးပြုဖို့ သူက ကြယ်တာရာ ဒိုင်ခွက်တစ်ခုတည်းကို ဖော်ထုတ်နိုင်သည်။ သူက စိတ်ဝိညာဥ်သဏ္ဌာန်နှင့်အတူ တွဲသုံးပါက စွမ်းအားက ပိုမိုမြင့်တက်လာလိမ့်မည်။ သို့သော်လည်း ကြယ်တာရာ ဒိုင်ခွက်တစ်ခုတည်းကို အသုံးပြုခြင်းကပင် အကျိုးကျေးဇူး ရှိသည်။
ကျင့်ကြံရေးတွင် တင်းကျပ်မထားသင့်ပေ။ နမူနာအားဖြင့် ကြယ်တာရာ ဒိုင်ခွက်သည် အံ့သြလောက်ဖွယ် ခုခံနိုင်စွမ်း ရှိ၏။ မွေးဖွားဇယားချပ် စွမ်းအားက အရှေ့မှ အနောက် ထုတ်လွှင့်ကာ ကြီးမားသည့် ခုခံရေးကို ထောက်ပံ့ပေးထားသည်။ ဆိုလိုသည်မှာ ကြာပုလ္လင်အတွက်လည်း အတူတူဖြစ်၏။ သို့သော်လည်း သူတို့၏ မွေးဖွားနန်းဆောင်ကို ကာကွယ်ဖို့အတွက် လူများစွာက သူတို့ကို သူတို့ ကာကွယ်ဖို့ ကြာကို အသုံးမပြုကြပေ။ သူတို့က ကြယ်တာရာ ဒိုင်ခွက်ကိုသာ အသုံးပြုလေ့ရှိ၏။ မွေးဖွားဇယားချပ်ကို ဖျက်ဆီးဖို့က အင်မတန် ခက်ခဲလှသည်။ မွေးဖွားဇယားချပ်၏ စွမ်းအားက ကြယ်တာရာ ဒိုင်ခွက်ကို အမြန်အဆန် ပြုပြင်ပေးမည် ဖြစ်သည်။
လုကျိုးက သတင်းအချက်အလက်များကို သုံးသပ်ပြီးသည့်နောက်တွင် လှမ်းခေါ်လိုက်သည်။
“အစောင့်တွေ”
ရှောင်ယွမ်အာက အစောင့်အစား ပြေးဝင်လာသည်။ သူက ဘေးတွင် တိကျန်း လဲလျောင်းနေသည်ကို မြင်သည့်အခါ ရေရွတ်လိုက်၏။
“ရှစ်စွင်း သူက ချစ်ဖို့ကောင်းလိုက်တာ”
“...”
လုကျိုးက ချစ်ဖို့ကောင်းသည်ဟူသော စကားနှင့် တိကျန်း၏ ခြေ ၆ချောင်း၊ တောင်ပံ ၄ခုကြား ဆက်နွယ်မှုကို ရှာဖို့ ခက်ခဲနေသည်။ ထိုစဥ် သူက မေးလိုက်သည်။
“မင်း သဘောကျလား”
လုကျိုးက စီးတော်သားရဲများစွာ ရှိလေသည်။ သူက အားလုံးကို သူတစ်ယောက်တည်း စောင့်ရှောက်ဖို့ ခက်ခဲလှ၏။ သူက သူ့တပည့် တစ်ယောက်ချင်းစီကို တာဝန်ခွဲပေးသည်က အကောင်းဆုံး ဖြစ်ပေသည်။
ချုံးချီနှင့် ထန်ခမ်းတို့ကို နမူနာထားပြီး ရှောင်ယွမ်အာကို တိကျန်း ပေးလိုက်သည်က မသင့်တော်ဘူးဟု မထင်မိပေ။
သို့သော်လည်း ရှောင်ယွမ်အာက ခေါင်းအသာယမ်းကာ ပြောလာသည်။
“တပည့် မကြိုက်ပါဘူး”
“...”
ထို့နောက် ရှောင်ယွမ်အာက ဆက်ပြောလိုက်သည်။
“တပည့်က လျိုရှစ်ကျဲရဲ့ ချန်းဟွမ်လိုမျိုး ကြီးမားတဲ့ စီးတော်သားရဲမျိုးကို လိုချင်တာ။ ကြီးလေလေ ပိုကောင်းလေလေပဲ။ ဒီသားရဲလေးက သေးလွန်းတယ်”
ဂတ် ဂတ် ဂတ်
တိကျန်းက ရှောင်ယွမ်အာ၏ သုံးသပ်မှုကို မကျေနပ်သည့်အလား အသံပြုလာသည်။
လုကျိုးက ပြောလိုက်သည်။
“မင်းရဲ့ ချီရှစ်ရှိုးကို သွားခေါ်ခဲ့”
“ဟုတ်ကဲ့” ရှောင်ယွမ်အာက လှည့်ကာ ထွက်သွား၏။
သိပ်မကြာခင် စီးဝူယာ့က ရှောင်ယွမ်အာနှင့်အတူ ရောက်ရှိလာသည်။
စီးဝူယာ့က တိကျန်းကို မြင်လိုက်သည်နှင့် အကြည့်များ တောက်ပလာကာ
“တိကျန်းလား”
“မင်းက ဒါကို သိတယ်လား” လုကျိုးက မေးလိုက်သည်။
“တိကျန်းက အနီရောင်ရှိပြီးတော့ ခြေ ၆ချောင်း တောင်ပံ ၄ခု ရှိတယ်။ ပြီးတော့ ပျံသန်းတဲ့နေရာမှာ ထူးချွန်ပြီးတော့ သီဆိုကခုန်နိုင်တယ်လို့လည်း ပြောကြတယ်။ ရှစ်စွင်း ဒီတိကျန်းကို ဘယ်ကနေ တွေ့လာတာလဲ” စီးဝူယာ့က အံ့အားသင့်စွာ မေးလိုက်၏။
“ဘာမှလုပ်စရာ မရှိတာနဲ့ တွေ့တုန်း ခေါ်ခဲ့လိုက်တာ” လုကျိုးက ပြောလိုက်သည်။
စီးဝူယာ့က တလေးတစားဖြင့် ပြောလိုက်သည်။
“တိကျန်းရဲ့ အမြန်နှုန်းက လျှပ်စီးလိုမျိုး လျင်မြန်တယ်။ ရှစ်စွင်းက ဒီလိုသားရဲမျိုးကို အညံ့ခံအောင် လုပ်နိုင်တယ်ဆိုတော့ တကယ်ကို အံ့သြဖို့ ကောင်းတာပဲ”
လုကျိုးက ပြောလိုက်သည်။
“ဟုတ်ပြီ ဟုတ်ပြီ။ ဒါပေမဲ့ သူရဲ့ အသက်ဓာတ် နှလုံးသားကို ယူထားတယ်ဆိုတော့ အခုတော့ အသုံးမဝင်ဘူး။ အပြည့်အဝ နာခံလာရင် အသက်ဓာတ် နှလုံးသားကို ပြန်ပေးမှာ”
ခဏအကြာတွင် သူက ဆက်ပြောလိုက်သည်။
“မင်းကို ဒီစာအုပ် ပေးဖို့ ခေါ်လိုက်တာ”
လုကျိုးက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် စာအုပ်က စီးဝူယာ့၏ လက်ထဲ ကျရောက်သွားသည်။
စီးဝူယာ့က မေးလိုက်၏။
“ဒါက ဘာလဲ”
“မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ အခြေခံသဘောတရားနဲ့ ဘုံတစ်ထောင်လေပွေအဆင့်အတွက် တိုက်ခိုက်ရေး နည်းစနစ်တွေပဲ။ ဒါကို ဖတ်ပြီးသွားရင် အဓိက အချက်အလက်တွေကို ကောက်နုတ်ပြီးတော့ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အဖွဲ့သားတွေကို ပေးလိုက်”
“ဟုတ်ကဲ့” စီးဝူယာ့က စိတ်လှုပ်ရှားမိသွား၏။ ဟိုးယခင်ကတည်းက လူတချို့ကသာ သူတို့၏ ကျင့်ကြံရေး နည်းစနစ်ကို ကိုယ်ကျိုးမဲ့ ဝေမျှဖို့ လိုလားကြသည်။
ထိုစဥ် တိကျန်းက တောင်ပံခတ်ကာ ရှောင်ယွမ်အာနှင့် စီးဝူယာ့ကို ကြည့်လာ၏။
ဂတ် ဂတ် ဂတ်
တိကျန်း၏ အသံက ခန်းမအတွင်း ပဲ့တင်ထွက်လာသည်။
ထိုစဥ် သူက ထရပ်ကာ ယိုင်တိယိုင်နဲ့ဖြင့် စီးဝူယာ့နှင့် ရှောင်ယွမ်အာဆီ လျှောက်လှမ်းလာသည်။
ထိုအရာကို မြင်ကာ ရှောင်ယွမ်အာက ထခုန်လိုက်ပြီး မေးလိုက်သည်။
“ရှစ်ရှိုး သူက ဘာလိုချင်နေတာလဲ”
…
အခန်း (၉၁၇) စတုတ္ထမြောက်မွေးဖွားဇယားချပ်နှင့် အရှိန်အမျိုးအစား အသက်ဓာတ်နှလုံးသား
တိကျန်းက စီးဝူယာ့နှင့် ရှောင်ယွမ်အာကို ခဏတဖြုတ်ကြည့်ပြီးနောက် ခေါင်းငုံ့လျက် မြေပြင်ကို အနံ့ခံကာ သူတို့နားကပ်သွားလိုက်သည်။
ဂတ် ဂတ်
ရုတ်တရက် တိကျန်းက ခေါင်းမော့လျက် နှစ်ကြိမ်ခန့်အော်မြည်လိုက်သည်။ ၎င်း၏မျက်လုံးက တောက်ပသွားတော့၏။
ဂတ် ဂတ်
ပြီးနောက် ၎င်းသည် ရှောင်ယွမ်အာကို ဖြတ်ကျော်သွားလျက် စီးဝူယာ့ရှေ့၌ ရပ်လိုက်တော့သည်။
“ချီရှစ်ရှိုး ကြည့်ရတာ သူက ရှစ်ရှိုးကို သဘောကျနေတဲ့ပုံပဲ” ရှောင်ယွမ်အာက ဝမ်းသာအားရ ပြောလိုက်သည်။
အမျိုးသမီးတစ်ဦး၏ အလိုလိုသိစိတ်က အမြဲတစေ တိကျသည်။
စီးဝူယာ့က တိကျန်းကို သိချင်စိတ်ဖြင့် ကြည့်လိုက်ပြီး သူဘာလုပ်နေမှန်း မသိပေ။
လုကျိုးသည် ဇဝေဇဝါဖြစ်သွား၏။ သူ၏စီးတော်သားရဲသည် သူ၏တပည့်များကို အလွန်စိတ်ဝင်တစားရှိဟန် တူသည်။ ခဏအကြာတွင် သူက တိကျန်းကို ကြည့်ပြီးမေးလိုက်သည်။
“တိကျန်း မင်း သူ့နောက်လိုက်ချင်လား”
တိကျန်းက ယခုအချိန်တွင် အသက်ဓာတ်နှလုံးသားမရှိ။ ၎င်းကို ဂရုစိုက်ပေးရန် တစ်စုံတစ်ယောက် လိုအပ်သည်။ သူ၏တပည့်များက ဂရုစိုက်ပေးရန် အကောင်းဆုံးလူဖြစ်သည်။
ဂတ် ဂတ်
လုကျိုးကို အကြောင်းပြန်သည့်ပမာ တိကျန်းသည် နှစ်ကြိမ်ခန့် တဂတ်ဂတ်အော်မြည်လိုက်သည်။
ယင်းကို တွေ့သောအခါ လုကျိုးက စီးဝူယာ့ကို ပြောလိုက်သည်။
“ဒီသားရဲက မင်းနောက်လိုက်ချင်နေတယ်ဆိုမှတော့ အခုကစပြီး မင်း သူ့ကို ဂရုစိုက်လိုက်တော့”
စီးဝူယာ့သည် တိကျန်းက အလွန်ထူးဆန်းနေသည်ဟု ခံစားမိသည်။ တိကျန်းသည် ၎င်း၏ပစ်မှတ်ကို မည်ကဲ့သို့ ရွေးချယ်သနည်း။ သူက စစ်ရှစ်ရှိုးနှင့် မတူပေ။ သူ၏အတွေးက ဆင်ခြင်တုံတရားရှိကာ ရေစက်ကို မယုံကြည်။ သူ့ရှစ်စွင်း၏ စကားကို ကြားသောအခါ သူ ဦးညွတ်လိုက်၏။
“နားလည်ပါပြီ”
“ဒါ့အပြင် အနီရောင်ကြာနယ်မြေရဲ့ ကျင့်ကြံဆင့်အရင်းအမြစ်နဲ့ ပတ်ဝန်းကျင်က ရွှေကြာနယ်မြေထက် ပိုကောင်းတယ်။ အချိန်တချို့လိုပြီးရင် မင်းရဲ့ကျင့်ကြံမှုကို ငါ ကိုယ်တိုင်ကြီးကြပ်မယ်။ သုံးနှစ်အတွင်း ပွင့်ချပ်ဆယ်လွှာအဆင့်ကို မင်း ရောက်မှရောက်မယ်”
စီးဝူယာ့က ထိတ်လန့်သွားတော့သည်။
“ဆယ် ... ဆယ်လွှာလား”
သာမန်လူများအဖို့ ပွင့်ချပ်ဆယ်လွှာအဆင့်သို့ သုံးနှစ်အတွင်းရောက်ဖို့က မဖြစ်လုနီးပါးပင်။ စီးဝူယာ့သည် ၎င်းက သူ၏တာ့ရှစ်ရှိုးနှင့် အာ့ရှစ်ရှိုးအတွက် ပြဿနာတစ်ရပ်မဟုတ်မှန်း သိသည်။ သူသည် ရွှေကြာနယ်မြေ၌ အတားအဆီးကြောင့်သာ မဟုတ်လျှင် သူ၏ရှစ်ရှိုးတို့သည် အစောတည်းက နဝမမြောက်နှင့် ဒဿမမြောက်ပွင့်ချပ်ဖူးပွင့်ခဲ့တာ ကြာပြီဖြစ်သည်။ ထင်သည့်အတိုင်း အတားအဆီးများ ချိုးဖြတ်ပြီးသည်နှင့် သူတို့၏ ကျင့်ကြံမှုအခြေခံက လျှင်မြန်စွာ တက်လာတော့၏။
“မင်း ယုံကြည်ချက်မရှိဘူးလား” လုကျိုးက မေးလိုက်သည်။
“ကျင့်ကြံသူတွေက ဒဿမမြောက်ပွင့်ချပ် ဖူးပွင့်တဲ့အချိန် သူတို့က မွေးဖွားဇယားသားရဲကို သွေးဆောင်မိကြတယ်။ အနက်ရောင်ကြာနယ်မြေနဲ့ ပဋိပက္ခဖြစ်မှာကို စိတ်ပူလို့ပါ။ စစ်ရှစ်ရှိုးရလာတဲ့ ကျောက်အစီအရင်အမှတ်တွေကို ကျွန်တော် လေ့လာပြီးပြီ။ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးနဲ့လည်း အဲ့ဒီအကြောင်းဆွေးနွေးထားတယ်။ အနက်ရောင်ကြာနယ်မြေကို လှည့်စားဖို့အတွက် အခင်းအကျင်းအသစ် အသုံးပြုဖို့အတွက် စီစဉ်ထားတယ်”
လုကျိုးသည် ခေါင်းညိတ်လိုက်၏။ “ဒီကိစ္စကို မင်း ဆုံးဖြတ်ချက်ချလို့ရတယ်။ လီယွင်ကျန်းရဲ့ အခြေအနေကော ဘယ်လိုလဲ”
“သူ စပြီး ကျင့်ကြံနေပါပြီ။ ပြီးတော့ ချောချောမွေ့မွေ့ပဲလို့ သတ်မှတ်လို့ရတယ်။ သူ့ကိုယ်သူ အားကိုးရမှာ”
လုကျိုးက ခေါင်းညိတ်လိုက်၏။
“ရှစ်စွင်း နောက်ထပ် ကိစ္စတစ်ခုရှိသေးတယ်”
“ပြော”
“လတ်တလောမှာ ကျွန်တော် မွေးဖွားဇယားချပ် အသက်သွင်းတဲ့ပုံစံကို လေ့လာနေတယ်။ အခုအချိန်ထိ မွေးဖွာဇယားချပ်က ကြာပလင်နားတစ်ဝိုက် အလယ်မှာ အသက်သွင်းနိုင်တဲ့ နည်းလမ်းတွေရှိတာပဲ သိထားတာ။ ဒီလိုသာဆိုရင် အာ့ရှစ်ရှိုး၊ စန်းရှစ်ရှိုးနဲ့ ပါ့ရှစ်တိတို့ကို နောင်ကျ ဘယ်လိုလုပ်ရမလဲ”
စီးဝူယာ့က မေးလိုက်သည်။
သူတို့၌ ကြာပွင့်မရှိလျှင် မွေးဖွားဇယားချပ်ကို မည်ကဲ့သို့ အသက်သွင်းရတော့မည်နည်း။
လုကျိုးက မုတ်ဆိတ်သပ်ပြီးနောက် စီးဝူယာ့၏စကားကို စဉ်းစားလိုက်သည်။ ခဏတာ တိတ်ဆိတ်နေပြီးနောက် သူက ပြောလိုက်၏။ "ကြာပွင့်ကို ဖြတ်တောက်ပြီးတဲ့အချိန် ပြန်အဖတ်ဆယ်လို့ မရတော့ဘူး။ ဒီပြဿနာအတွက် ဖြေရှင်းနည်းတစ်ခုကို ငါ စဉ်းစားနေတယ်။ မင်းတို့နှစ်ယောက်လုံး ထွက်သွားလို့ရပြီ”
“ဟုတ်ကဲ့ပါ။ ရှစ်စွင်း” စီးဝူယာ့နှင့် ရှောင်ယွမ်အာက အရိုအသေပေးပြီးနောက် ထွက်သွား၏။
တိကျန်းက ရိုးရိုးသားသားလိမ်လိမ်မာမာဖြင့် စီးဝူယာ့နောက် လိုက်သွားတော့သည်။
ခန်းမထဲမှ ထွက်လာပြီးနောက် ရှောင်ယွမ်အာသည် သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။
“ချီရှစ်ရှိုး အဲ့ဒါက ရှစ်ရှိုးနောက် လိုက်နေတယ်”
နှစ်ယောက်သားက တိကျန်းကို လှည့်ကြည့်လိုက်၏။
တိကျန်းက ယခုအချိန်၌ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ပမာ ပြုမူနေတော့သည်။
“မဟာလေဟာနယ်စွမ်းအင်လား” စီးဝူယာ့သည် အဆုံးမဲ့သမုဒ္ဒရာပေါ်ရှိ ကောင်းကင်လွန်းထဲတွင် သူတို့ရှိနေစဉ်က လုလီ၏စကားကို ရုတ်တရက်အမှတ်တရသွား၏။ တကယ်တော့ သူသည် ထိုစကားများကို ကြားချိန်ကစပြီး ထိုစကားလုံးများကို စဉ်းစားနေတာဖြစ်သည်။ အစောတုန်းက တိကျန်း နှာခေါင်းတရှုံ့ရှုံ့ လုပ်နေချိန်၌ သူသည် ခံစားမိခဲ့သည်။ စီးဝူယာ့သည် ရှောင်ယွမ်အာကို တစ်ချက်ကြည့်လိုက်၏။ ငါက မဟာလေဟာနယ်စွမ်းအင်ရှိတဲ့ တစ်ဦးတည်းသော သူလား။ ဒါကြောင့် တိကျန်းက ရှောင်ရှစ်မေ့ကို မရွေးချယ်တာလား။
“ချီရှစ်ရှိုး မဟာလေဟာနယ်စွမ်းအင်ကဘာလဲ”
“ဘာမှမဟုတ်ဘူး။ သွားရအောင်”
တိကျန်းက စီးဝူယာ့နောက် လိမ်လိမ်မာမာလိုက်သွားတာ မြင်သောအခါ ရှောင်ယွမ်အာသည် သူမဖာသာ ရေရွတ်ပြောလိုက်၏။
“ငါပြောတာက နင်က သေးသေးလေးလို့ ဒါအမှန်ပဲလေ။ ဒါကြောင့် နင် ငါ့ကို မရွေးချယ်ခဲ့တာလား။ သနားစရာပဲ”
တိကျန်း “...”
သိတတ်ခြင်း ခန်းမထဲတွင်ဖြစ်သည်။
လုကျိုးသည် ကောင်းကင်ကျမ်းစာကို ဆင်ခြင်သုံးသပ်တာ မလုပ်ခဲ့ပေ။ ထိုအစား သူသည် ယွင်ကျန်းလော့၏ စကားများကို စဉ်းစားနေလေ၏။ အသက်ဓာတ်နှလုံးသားသည် လူတစ်ယောက်က မိမိ၏ သက်တမ်းတစ်ထောင်ကို လက်လျော့မှု ဆန္ဒရှိသရွေ့ နှစ်ကြိမ်အသုံးပြုနိုင်သည်။ သို့သော် သက်တမ်းတစ်ထောင်ကို လက်လျော့လိုသည့် ကျင့်ကြံသူများများစားစား မရှိပေ။ သက်တမ်းတစ်ထောင်ဖြင့် သူတို့သည် နောက်ထပ် အသက်ဓာတ်နှလုံးသားကို ရှာနိုင်၏။
လုကျိုးသည် တိကျန်း၏ အသက်ဓာတ်နှလုံးသားကို ထုတ်လိုက်သည်။ ယင်းသည် အဖြူရောင်မြူ ရစ်ဝဲနေသည့် ရေခဲသလင်းနှင့်တူသည်။ ပြီးနောက် သူသည် သူ့အားလုလီပေးခဲ့သော မြေပုံတစ်ချပ်ယူပြီး နေရာများကို စတင်လေ့လာတော့သည်။
သူ့ဖာသာသူ ရေရွတ်ပြောလိုက်တော့၏။ “ပုန်းကွယ်နေတဲ့ ကျောက်စိမ်း ... အသက်ရှုလမ်းကြောင်းကို ချိန်ညှိဖို့ ကျင့်စဉ် မွေးဖွားဇယားချပ်ခုခံမှုကို တိုးစေတာ”
“လေဟုန်စီးပြီး လှိုင်းဖြိုခွင်းရတာလား” လုကျိူးသည် လူသားအဆင့် မွေးဖွားဇယားချပ်ကို ကြည့်လိုက်၏။ “တွေ့ပြီ။ အရှိန်အမျိုးအစား အသက်ဓာတ်နှလုံးသား”
လေဟုန်စီး၍ လှိုင်းကို ဖြိုခွင်းခြင်းသည် လူတစ်ယောက်၏ အရှိန်တိုးလာပြီး အရှိန်အမျိုးအစား အသက်ဓာတ်နှလုံးသားအတွက် အလွန်သင့်တော်သော နေရာဖြစ်သည်။
လုကျိုးသည် သူ၏ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်ကို ဖွဲ့တည်လိုက်သည်။ ယွင်ကျန်းလော့ သူ့အား ပေးခဲ့သည့် စာအုပ်ထဲမှ သင်ယူခဲ့တာကို ပြန်တွေးလိုက်တော့သည်။ သူ့စိတ်ဝိညာဉ်သဏ္ဌာန်၏ အစိတ်အပိုင်းတစ်ခုစီကို သရုပ်ပြနိုင်၏။
သူက စိတ်ဝိညာဉ်သဏ္ဌာန်၏ ခန္ဓာကိုယ်ကိုသာ ပျောက်ကွယ်သွားအောင် လုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။ သူ့အင်္ကျီလက်ကို မြှောက်လိုက်၏။ ဘာမှ ဖြစ်မလာပေ။ ထပ်ကြိုးစားကြည့်သည်။ ဘာမှ မဖြစ်ခဲ့။ ဆယ်ကြိမ်ကြိုးစားပြီးနောက် နောက်ဆုံးတွင် အောင်မြင်သွားတော့သည်။
သူ့ရှေ့တွင် ကြာပွင့်တစ်ပွင့်သာ ရှိသည်။
ယခု ကြာပလ္လင်ပေါ်ရှိ သူ၏မွေးဖွားနန်းဆောင်သည် သူ၏ခေါင်းက သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကြား အဆင့်သို့ရောက်ပြီး သူ၏မွေးဖွားနန်းဆောင်ကို ပိုကောင်းကောင်းကြည့်နိုင်သော အနေအထားအထိ ချဲ့ထွင်ထားသည်။ ယခင်အချိန်နှင့် ယှဉ်လျှင် သူ၏ကြာပလင်ပေါ်ရှိ မွေးဖွားဇယားချပ်ကို ပိုရှင်းရှင်းလင်းလင်း မြင်နိုင်ပြီဖြစ်သည်။ ယင်းက အတော်လေးအနေခက်သည့် အနေအထားဖြစ်နေ၏။
လုကျိုးသည် သူ့စိတ်ဝိညာဉ်သဏ္ဌာန်၏ အစိတ်အပိုင်းတစ်ခုခြင်းဆီကို မည်သို့အသုံးပြုရမည်ဆိုတာ အသားကျသွားသည်အထိ လေ့ကျင့်ရမည်မှန်း သိနေသည်။ ထိုအကြောင်းအရင်းကြောင့် သူသည် နောက်ထပ်မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ အလျင်မလိုပေ။ ထိုအစား သူ့စိတ်ဝိညာဉ်သဏ္ဌာန် အစိတ်အပိုင်းများကို အသုံးပြုရန် မတူညီသည့်နည်းလမ်းများကို လေ့လာခဲ့သည်။ ၎င်းတို့နှင့် ရင်းနှီးသွားသည့်အချိန်ကျမှာသာ ရပ်တန့်ခဲ့၏။
ထိုနည်းလမ်းများနှင့် သူ့ကိုယ်သူ အသားကျစေရန် တစ်ရက်နီးပါး အချိန်ယူခဲ့ရသည်။
ညနေစောင်းတွင်ဖြစ်သည်။
လုကျိုးသည် သူ့စိတ်ဝိညာဉ်သဏ္ဌာန်မပါဘဲ သူ၏ရွှေရောင်ကြယ်တာရာ ဒိုင်ခွက်ကို ဖွဲ့တည်လိုက်၏။ ရွှေရောင်ကြယ်တာရာဒိုင်ခွက်သည် တောက်ပသော ရွှေရောင်ကြေးမုံကဲ့သို့ဖြစ်နေသည်။
ကြယ်တာရာဒိုင်ခွက်ရှေ့၌ မွေးဖွားဇယားချပ်များထားရှိသည့် မွေးဖွားဇယားချပ်ပြားကို ထုတ်ထားသည်။ ကြယ်တာရာဒိုင်ခွက်၏နောက်ကျောက ဒိုင်းတစ်ခုဖြစ်သည်။
လုကျိုးသည် အဆုံးကျ ဒိုင်းကို ခွန်အားမြှင့်တင်ရန်သာ ရွေးချယ်ခဲ့သည်။ ဆိုရလျှင် သူက အလိုရှိလျှင် အမည်မဲ့ကို အလွယ်တကူ ဒိုင်းတစ်ခုအဖြစ် အသွင်ပြောင်းနိုင်၏။
“ခေါင်းမှာ အန္တရာယ်ရှိလာရင် ဒါက ဖြေရှင်းပေးမှာလား” လုကျိုးက သူ့ဖာသာသူပြောပြီး သူ၏ ရင့်ရော်သော မျက်နှာပေါ်၌ အပြုံးတစ်ပွင့်ပေါ်လာတော့သည်။
ယခုသူ့တွင် ကျန်ရှိသည့်က သူ၏ စတုတ္ထမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းရန်ပဲဖြစ်သည်။
သူသည် ကြယ်တာရာဒိုင်ခွက်ကို ပြန်ရုတ်သိမ်းပြီး ကြာပွင့်ကို ဖွဲ့တည်လိုက်သည်။ ပြီးနောက် စနစ်မျက်နှာပြင်ကို ဖွင့်လိုက်၏။
“ကျန်ရှိသော သက်တမ်း ... ၉၆၁၄၂၃ရက် (၂၆၃၄၂ထဲရှိ နှစ်ပေါင်း ၁၁၀သည် အကြောင်းပြန်လှန်ကတ်မှဖြစ်သည်)”
“နှစ်ပေါင်း ၂၆၀၀၊ နှစ်ပေါင်း ၁၅၀၀” သူ၏ အကြောင်းပြန်လှန်ကတ်များကို စစ်ဆေးကြည့်လိုက်ရာ ၇၇ကတ် ကျန်နေတာ သိလိုက်သည်။ ခဏအကြာ၌ သူသည် အကြောင်းပြန်လှန်ကတ်များကို သုံးဖို့ ဆုံးဖြတ်လိုက်၏။
“သုံးမယ်”
အကြောင်းပြန်လှန်ကတ်များ ချက်ချင်းပျောက်ကွယ်သွားပြီးနောက် ကြွယ်ဝလာသော အသက်စွမ်းအင်သည် ထိန်းသိမ်းရေးခန်းမထဲရောက်ရှိလာတော့သည်။ တစ်ချိန်တည်းတွင် ထိန်းသိမ်းရေးခန်းမ၏ ပတ်ဝန်းကျင်တွင်ရှိသော မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးဦးက ခေါင်းမော့လျက် ကြွယ်ဝလှသော အသက်စွမ်းအင်တို့သည် ခန်းမပေါ်သို့ ရောက်ရှိသွားတာကို တွေ့လိုက်ရသည်။
ရှားချန်းချိုး၊ ကျီဖုန်းရှင်းနှင့် ဝူဝူတို့က တအံ့တဩ မော့ကြည့်လိုက်သည်။
“အကြီးအကဲလေးယောက် ဒါက ...” ရှားချန်းချိုးသည် ထိန်းသိမ်းရေးခန်းမပေါ်ရှိ ထူးဆန်းသော ဖြစ်စဉ်ကို လက်ညှိုးထိုးပြလိုက်သည်။
ဖန်လီထန်းက ပြုံးပြီး ပြောလိုက်သည်။ “မျှော်နန်းသခင်က ကျင့်ကြံနေတာ။ အရေးကြီးကိစ္စ မရှိရင် ခန်းမနား ဘယ်သူမှ မကပ်သင့်ဘူး”
“ကျုပ် နားလည်ပါပြီ။ နားလည်ပါပြီ” ရှားချန်းချိုးက ပြောလိုက်၏။ "ကင်းလှည့်အဖွဲ့ကိုရှာပြီး ခန်းမနား မကပ်ဖို့ သူတို့ကို ပြောလိုက်မယ်”
“ကျေးဇူးပါပဲ”
ရှားချန်းချိုးက လှည့်ထွက်သွား၏။ မိုးမခတစ်ထောင်ဘုရားကျောင်းမှ လူသုံးယောက် ထွက်ခွာသွားသည့်အခါ ဖန်လီထန်းသည် ကျန်သည့်အကြီးအကဲသုံးယောက်ကို ပြောလိုက်၏။
“ကျုပ် အရေးကြီးကိစ္စသုံးခု လုပ်စရာရှိသေးတယ်။ ကျေးဇူးပြုပြီး စိတ်မရှိကြပါနဲ့” ဖန်လီထန်းသည် သူတို့သုံးယောက်ပြောမှာကို မစောင့်တော့ဘဲ ထွက်ခွာရန် ကြိုးစားလိုက်သည်။
“ဟန်ဆောင်နေတာ ရပ်လိုက်တော့ လောင်ဖန်။ မင်းရဲ့တင်ပါးကို နည်းနည်းလေးရွေ့လိုက်ရင်တောင် မင်းရဲ့စိတ်ထဲ ဘာတွေတွေးနေမှန်း သိတယ်။ အတူသွားရအောင်” လန်လော့က ပြောလျက် လက်နောက်ပစ်ထားကာ ထိန်းသိမ်းရေးခန်းမဆီသို့ သွားလိုက်သည်။
မိစ္ဆာဝေဟင်မျှော်နန်းထဲတွင် ထိုဖြစ်စဉ် ဖြစ်ပေါ်လာချိန်၌ သူတို့အကျိုးအမြတ်ရှိသည်။ ဤအခွင့်အရေးကို မည်ကဲ့သို့ လွဲချော်ခွင့်ပေးနိုင်မည်နည်း။
ထိုကြောင့် မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးဦးသည် ပိုလျှံသော အသက်စွမ်းအင်ကို စုပ်ယူရန်အတွက် သူခိုးများပမာ ထိန်းသိမ်းရေးခန်းမထဲသို့ ခိုးကြောင်ခိုးဝှက်ဝင်သွားတော့၏။
သူတို့က ထိုနေရာတွင် နောက်နေ့နံနက်ထိ ရှိနေသည်။
သူ၏အကြောင်းပြန်လှန်ကတ် အလုံးစုံကို အသုံးပြုပြီးနောက် လုကျိုးသည် အပြင်ဖက်ကနေ ခန်းမထဲ အလင်း စီးဝင်လာတာကို ကြည့်လိုက်၏။
သူ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ပြန်လာနေသည့်အသက်စွမ်းအင်က အကန့်အသတ်ရှိလားဟု သိချင်နေသည်။ အကြောင်းပြန်လှန်ကတ်ဆယ်ကတ်သုံးပြီးချိန်တွင် ၎င်းက ဆုံစည်းရန်အတွက် အချိန်တချို့ယူရသည်။
“ဒါက မိုးနဲ့မြေ အတားအဆီးလား”
သူ သိထားသည်က ရွှေရောင်ကြာနယ်မြေတွင်ဖြစ်စေ၊ သို့မဟုတ် အနီရောင်ကြာနယ်မြေ၊ အနက်ရောင်ကြာနယ်မြေ သို့မဟုတ် အားနည်းသည့် အဝါရောင်ကြာနယ်မြေတွင်တောင် နယ်မြေတိုင်း၌ အတားအဆီးရှိသည်။
ရွှေကြာနယ်မြေသည် ပွင့်ချပ်ရှစ်လွှာအကန့်အသတ်ကို ဖယ်ရှားခဲ့ပြီဖြစ်သော်ငြား မိုးနှင့်မြေအတားအဆီး ချည်နှောင်ခံထားရသေးသည်။
အကြောင်းပြန်လှန်ကတ်ကို သုံးလေလေ မိုးနဲ့မြေအတားအဆီးခံစားချက်က ပိုအားကောင်းလာလေလေဖြစ်သည်။
“အတိအကျက ဘာများလဲ” လုကျိုးသည် မော့ကြည့်လျက် သူ့ဖာသာသူစဉ်းစားနေတော့သည်။
ထိုအကြောင်းကို ခဏတဖြုတ်သာ စဉ်းစားပြီးနောက် မေ့လိုက်တော့သည်။ ပြီးနောက် သူသည် စနစ်မျက်နှာပြင်ကို ထပ်ကြည့်လိုက်၏။
ကျန်ရှိသော သက်တမ်း= ၁၀၀၇၆၂၈ ရက်
(နှစ်ပေါင်း ၂၇၆၀ထဲတွင် နှစ်ပေါင်း ၂၃၅.၅နှစ်က အကြောင်းပြန်လှန်ကတ်မှဖြစ်သည်)
“အကြောင်းပြန်ကနေ ငါ သက်တမ်း ၂၀၀ကျော်ရလာတာပဲ”
လုကျိုးသည် ခဏတဖြုတ်လှည့်ပတ်ကြည့်ပြီးနောက် သူ၏အကြည့်သည် စားပွဲပေါ်ရှိ ကြေးနီကြေးမုံဆီ ရောက်သွား၏။ သူ့စွမ်းအင်ကိုသုံးကာ ကြေးနီကြေးမုံကို သယ်လာသည်။
‘ဒီတစ်ခေါက် ငါ သက်တမ်း ၁၀၀ကျော် ပိုရလိုက်တယ်။ ငါ ပိုချောလာမလား သိချင်မိတယ်’
လုကျိုးက ကြေးမုံကို ကြည့်လိုက်သောအခါ တစ်ခေါင်းလုံးဆံပင်မည်းနက်နေသည့် သူ့ကိုယ်သူ တွေ့လိုက်ရတော့သည်။
…
အခန်း (၉၁၈) ထူးကဲသည့် ကျင့်ကြံရေး နည်းစနစ်လား
သူ့မျက်နှာက ပိုမိုခံ့ညားလာပြီး သူ့မျက်ဝန်းများကလည်း နဂိုလိုမျိုး တည်ငြိမ်နေသည်။ သို့သော်လည်း သူ့နဖူးအထက် အရေးအကြောင်းများ ရှိနေဆဲဖြစ်ကာ ငွေရောင်ဆံပင်တချို့လည်း ကျန်ရှိနေသေးသည်။ သူ့မျက်ဝန်းနှင့် မုတ်ဆိတ်မွေးတို့က ငယ်ရွယ်စဥ်က ရှိနေသလိုမျိုး ဖြစ်လာ၏။
“မဆိုးဘူးပဲ” လုကျိုးက သူ့သွင်ပြင်ကို အကဲဖြတ်ပြီးသည့်နောက်တွင် ရေရွတ်လိုက်သည်။ လက်ရှိသွင်ပြင်ပေါ် မူတည်၍ သူ့အနေဖြင့် လူများက သူ့အား ငယ်ရွယ်စဥ်အခါက ခံ့ညားသည့်သူမှန်း ပြောဖို့ရာ မခက်ခဲပေ။
သူ့ငယ်ရွယ်မှုကို ရယူသည့် နည်းလမ်းက ရှည်ကြာလှသည်။
လုကျိုးက ရှေးဟောင်းကြေးမုံမှန်ကို သူ့နေရာသူ ပြန်ထားလိုက်ပြီးသည့်နောက် မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ အချိန် ကျရောက်လာပြီဟု ဆုံးဖြတ်လိုက်သည်။
သူက မွေးဖွားဇယားချပ်မှ လေဟုန်ခွင်း၍ လှိုင်းကို ချိုးဖောက်ခြင်း အနေအထားကို ကြည့်လိုက်ပြီး အကြောင်းပြန်လှန်ကတ်ဆီမှ ရရှိထားသည့် သက်တမ်းများကို မစုပ်ယူဖို့သာ မျှော်လင့်နေမိသည်။
ထို့နောက် သူက အသက်ဓာတ် နှလုံးသားကို ကောက်ယူကာ မွေးဖွားဇယားချပ်အပေါ် တုံ့ဆိုင်းခြင်းမရှိ ထားလိုက်သည်။
အသက်ဓာတ် နှလုံးသားက ချက်ချင်းဆိုသလို တောက်ပလာ၏။ လုကျိုးက မွေးဖွားဇယားချပ်ဇုန်ကို စိုက်ကြည့်လိုက်သည်။
ဝှစ်
ကြာပလ္လင်ဝန်းကျင်တွင် ရွှေကံမီးတောက် ချက်ချင်း ပေါ်ထွက်လာသော်လည်း သူ့မြင်ကွင်းကို အတားအဆီး မဖြစ်ပေ။ အသက်ဓာတ် နှလုံးသားက ထိုဇုန်အတွင်း နစ်ဝင်သွားစဥ် မွေးဖွားနန်းဆောင်က ကျယ်ပြန့်လာသည်ကို ခံစားမိလိုက်သည်။
သူက မွေးဖွားဇယားချပ် ပြီးမြောက်သည့်အချိန်ကို စောင့်ဆိုင်းနေရင်း မွေးဖွားနန်းဆောင်ကို ကြည့်ပြီး အတွေးတစ်ခု ပေါ်ထွက်လာသည်။
ကြည့်ရတာ ငါက အခုမွေးဖွားဇယားချပ် ၁၀ခုအထိ အသက်သွင်းနိုင်တဲ့ပုံပဲ ...
သို့သော်လည်း သူက ထိုအရာသည် မရိုးရှင်းကြောင်း သိထားလေသည်။ လုလီနှင့် ယန်ကျန်းလော့တို့က မွေးဖွားဇယားချပ် ၅ခုနှင့် ၆ခု ကန့်သတ်ချက်သို့ ရောက်ရှိနေပြီဖြစ်၏။ သူတို့ ၂ဦးလုံးက ကန့်သတ်ချက်ကို အလွယ်တကူ မည်သို့ရောက်ရှိနိုင်မည်နည်း။
“ပင်ကိုယ်စွမ်းရည်နဲ့ ပါရမီအထုံက အသက်သွင်းနိုင်တဲ့ မွေးဖွားဇယားချပ် အရေအတွက်နဲ့ သက်ဆိုင်နေတာလား”
ပါရမီက အထက်ကို ရောက်ရှိနိုင်ပြီး လုံ့လ ဝီရိယကမူ အောက်ခြေကန့်သတ်ချက်ကို တားဆီးထားသည်ဟူသည့် စကားပုံရှိသည် မဟုတ်ပါလော။
ကျင့်ကြံသူတစ်ယောက်က မည်မျှပင် အားထုတ်ကြိုးစားစေကာမူ သူတို့၏ မွေးဖွားနန်းဆောင်က မကြီးမားပါက မွေးဖွားဇယားချပ် အရေအတွက်ကို တိုးမြှင့်နိုင်မည် မဟုတ်ပေ။
အသက်ဓာတ် နှလုံးသားဆီမှ အသံတစ်သံ ထွက်ပေါ်လာ၏။
လုကျိုးက သူ့စွမ်းအင် ဗဟိုချက်ရှိ ချီပင်လယ်သည် ကွဲထွက်သွားသလိုမျိုး ခံစားလိုက်ရသည်။ ကံကောင်းစွာဖြင့် သူက ယန်ကျန်းလော့ ပေးထားခဲ့သည့် စာအုပ်ထဲမှ ဆိုးကျိုးအကြောင်း ဖတ်ထားဖူးသည်။ မွေးဖွားဇယားချပ် များများ အသက်သွင်းလေလေ ခက်ခဲနှုန်းက ပိုမိုမြင့်မားလေလေ ဖြစ်၏။ မွေးဖွားဇယားချပ် အသက်သွင်းသည့် နာကျင်မှုကလည်း သိသိသာသာ တိုးမြင့်လာလိမ့်မည်။
မွေးဖွားဇယားချပ်ကို အသက်သွင်းခြင်းက မွေးဖွားနန်းဆောင်အတွင်း အသက်ဓာတ် နှလုံးသားကို အသုံးပြု၍ နေရာတစ်ခု ရေးထွင်းလိုက်သည်နှင့် တူညီသည်။ ရေးထွင်းသည့် ဖြစ်စဥ်က အသားကို ဖြတ်တောက်နေသလိုမျိုး ဖြစ်၏။ နာကျင်မှုက လိုအပ်ပြီး နာကျင်မှုကို လျှော့ချဖို့ ကမ္ဘာဦးချီကို အသုံးမပြုနိုင်ပေ။ မဟုတ်ပါက ထိုအရာသည် အသက်ဓာတ် နှလုံးသား၏ ထူးခြားစွမ်းရည်အပေါ် သက်ရောက်မှု ရှိလာလိမ့်မည်။
လုကျိုးက တင်ပျဥ်ခွေ ထိုင်လိုက်၏။ နာကျင်မှုက သူ့အတွက် ဘာမှမဟုတ်ပေ။ သူက ဤနာကျင်မှုမျိုးကို တောင့်ခံနိုင်၏။ ထို့အပြင် စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်က အစကတည်းက မာကျောသည့်အတွက် ပျက်စီးသွားမည့် ခြိမ်းခြောက်မှုမျိုး မရှိပေ။
..............
ဖြစ်စဥ်တစ်ခုလုံးက ၂နာရီကြာ ကြာမြင့်ခဲ့သည်။ သူ့စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်ကွဲထွက်နေသည့် ခံစားချက်က ပျောက်ကွယ်သွားသည်။
“အသက်ဓာတ် နှလုံးသား” ထို့နောက် လုကျိုးက သူ့မွေးဖွားနန်းဆောင်မှ အသက်ဓာတ် နှလုံးသားကို ဆွဲယူပြီး ထုတ်ယူလိုက်သည်။
ဂျွတ်
သိပ်မကြာခင် မွေးဖွားနန်းဆောင်ရှိ နေရာက သူ့အလိုလို ပြန်လည်ကောင်းမွန်သွား၏။ ထိုအရာက လှိုင်းထလာကာ ကြွတက်လာပြီး သဲနာရီပုံစံတစ်ခု ဖြစ်လာသည်။
“အောင်မြင်သွားပြီ” လုကျိုးက သူ့လက်ထဲမှ အသက်ဓာတ် နှလုံးသားသည် စွမ်းအင်နှင့် အသက်ဓာတ် ပြည့်ဝနေသည်ကို ကြည့်လိုက်သည်။
သူက အသက်ဓာတ် နှလုံးသားကို သိမ်းဆည်းပြီးသည့်နောက်တွင် သူ့မွေးဖွားနန်းဆောင်ရှိ အပြောင်းအလဲများကို စစ်ဆေးကြည့်လိုက်၏။ သူ့သက်တမ်းကို ဝါးမျိုမည့် ဝဲကတော့တစ်ခု ချက်ချင်း ပေါ်ထွက်လာသည်။
-၁၀၀ရက်
-၂၀၀ရက်
-၃၀၀ရက်
သူ့သက်တမ်းက တည်ငြိမ်သည့်နှုန်းဖြင့် လျော့ကျလာသည်ကို မြင်ပြီးသည့်နောက်တွင် စိတ်အေးမိသွား၏။ သူ အကြောင်းပြန်လှန်ကတ်ဆီမှ ရရှိထားသည့် နှစ်များထက် မကုန်လွန်သရွေ့ မည်မျှပင် လျော့ကျသွားစေကာမူ ကိစ္စမရှိပေ။ အနှေးနှင့် အမြန် ပြန်လည်ကောင်းမွန်မည်သာ ဖြစ်၏။ မဟုတ်ပါက သူ့သွင်ပြင်သည် ဤသို့ငယ်ရွယ်အောင် အားများစွာ ကြိုးပမ်းထားပြီးသည့်နောက်တွင် လူအိုကြီးအဖြစ် ပြန်လည်ပြောင်းသွားလိမ့်မည်။
ထိုအရာက ကမ္ဘာမြေပေါ်တွင် သူက ကျောင်းသားတစ်ယောက်ပဲ ရှိသေးပြီး အမျိုးသမီးများစွာ၏ သဘောကျခြင်းကို ခံရစဥ်အချိန်ကိုပင် ပြန်လည်အမှတ်ရမိသွား၏။ သူ ပြန်မသွားနိုင်တော့သည့် အတိတ်က အင်မတန် လှပနေသည်။
သူက မွေးဖွားနန်းဆောင်ကို အာရုံမစိုက်တော့ပေ။ ကိစ္စတစ်ခုလုံး ပြီးသွားဖို့ အချိန်တစ်ခု ကြာမြင့်လိမ့်မည်။ ထိုအစား သူက ကောင်းကင်ကျမ်းစွမ်းအားကို ရွတ်ဖတ်လိုက်ပြီး သူ့ ၈ယောက်မြောက် တပည့်နှင့် လုလီကို စစ်ဆေးကြည့်လိုက်သည်။
အပြာရောင် စွမ်းအားက သူ့မျက်ဝန်းအထက် ဖြတ်ပြေးသွားကာ မြင်ကွင်းများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။
..............
ထိုစဥ် ထန်ခမ်းက ထိုင်ခုံပေါ်တွင် ထိုင်နေသည့် ကျူးဟုန်ကုန်းရှေ့တွင် လဲလျောင်းရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေသည်။
လုလီက ကျူးဟုန်ကုန်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေ၏။
“မင်းက ကိုးလွှာမြောက် ပွင့်ချပ်ကို အလွယ်တကူ ရနိုင်တာ မင်းရဲ့ ကြာကို ဖြတ်တောက်ခဲ့တဲ့ အကျိုးကျေးဇူးကြောင့်ပဲ”
ကျူးဟုန်ကုန်းက ဂုဏ်ယူမှုအပြည့်ဖြင့် ပြောလာသည်။
“ဒါက ပုံမှန်ပါပဲ။ ရှစ်စွင်းက ပွင့်ချပ်ကိုးလွှာ ထွက်ဖို့ ရွှေကြာဖြတ်တောက်ရမဲ့အကြောင်း ပြောခဲ့တုန်းက ရွှေကြာနယ်မြေတစ်ခုလုံးက သူ့ဆီ ဦးညွှတ်ခဲ့ကြတယ်လေ”
“ဒါပေမဲ့ ကြာပွင့်မရှိဘဲနဲ့ မင်းရဲ့ မွေးဖွားဇယားချပ်ကို ဘယ်လိုအသက်သွင်းမှာလဲ။ မင်းက မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ ကြာပလ္လင် လိုအပ်တယ်” လုလီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ကျူးဟုန်ကုန်းက ပြောလိုက်၏။
“ပွင့်ချပ်ကိုးလွှာက မဆိုးပါဘူး။ ကျွန်တော်က အဝါရောင်ကြာနယ်မြေမှာ အထွတ်အထိပ် ဖြစ်နေပြီဆိုတော့ ဒီမှာပဲနေပြီးတော့ ဇနီးချောချောလေးတွေ ယူလိုက်မယ်လေ။ တကယ်လို့ ချန်းပေ့လည်း အလိုရှိတယ်ဆိုရင် လှပတဲ့ ဇနီးချောလေးတွေ ရှာပေးမယ်လေ”
လုလီက မျက်မှောင်ကြုတ်လိုက်ပြီး
“မင်း ပြန်သွားမယ်လို့ ငါ့ကို ကတိပေးထားတယ်လေ”
“အဝါရောင်ကြာနယ်မြေမှာ နေတာ မကောင်းဘူးလား။ ကျွန်တော်တို့ ဘာလို့ထွက်သွားမှာလဲ။ ကျွန်တော်တို့သာ ပြဿနာမရှာဘူးဆိုရင် နယ်မြေကို အေးအေးချမ်းချမ်း အုပ်စိုးလို့ ရတယ်။ ပြီးတော့ ခက်ထန်ကြမ်းတမ်းသားရဲတွေကို မောင်းထုတ်မဲ့ အစီအစဥ်ကိုလည်း လိုက်လုပ်လို့ရတယ်။ ကျွန်တော်က သားရဲတွေကို မဆွဲဆောင်မိအောင် ပွင့်ချပ်ဆယ်လွှာကို ထွက်ဖို့ မကြိုးစားတော့ဘူးလေ။ အဲဒီအချိန်ကျရင် အနက်ရောင်ကြာနယ်မြေက ပညာရှင်တွေက ကျွန်တော်တို့ကို လာတွေ့နိုင်မှာ မဟုတ်ဘူး” ကျူးဟုန်ကုန်းက ပြောလိုက်သည်။
လုလီက မျက်မှောင်ကြုတ်လာသည်။
သူက ကျူးဟုန်ကုန်းသည် တခြားသူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်ကို ခံစားမိလိုက်၏။ သူက ထိုအရာကို မျှော်လင့်မထားခြင်းတော့ မဟုတ်ပေ။ ကျူးဟုန်ကုန်းက လူသားသာ ဖြစ်၏။
မြင့်မားသည့် အဆင့်အတန်းနှင့် အာဏာနောက်ကွယ်တွင် မည်သူကများ အလွယ်တကူ အရင်အတိုင်း ကျန်ရှိမည်နည်း။
လုလီက ခေါင်းခါလိုက်ပြီး
“နောက်ဆုံးတော့ မင်းကလည်း မင်းရဲ့ရာထူးကြောင့် စုံလုံးကန်းသွားပြီကို”
“ကျွန်တော်က ခေါင်းရှင်းပါတယ်” ကျူးဟုန်ကုန်းက ရယ်မောရင်း ခေါင်းအသာယမ်းလိုက်သည်။
“အားလုံးက ကျွန်တော်ကို တုံးအတယ်လို့ ထင်နေကြတယ်။ ဒါပေမဲ့ ခင်ဗျားတို့ အားလုံးကသာ တုံးအတဲ့သူတွေ။ အဲဒီလိုဘဝမျိုး နေရတာ သက်သောင့်သက်သာ မဖြစ်ဘူးလား။ ဒါက ကောင်းကင်ဘုံပဲ။ ကျွန်တော်က ဒီနေရာကို သဘောကျတယ်”
“ဒါပေမဲ့ မင်း ငါ့ကို ကတိပေးထားတယ်လေ”
“ကျွန်တော်က ဘယ်ချိန် ထွက်သွားမယ်ဆိုပြီးတော့ မပြောခဲ့ဘူးလေ” ကျူးဟုန်ကုန်းက ဖြတ်ပြောလိုက်သည်။
လုလီက မေးလိုက်၏။
“မင်းရဲ့ ရှစ်စွင်းက မင်းကို ရှာနေမှာ မကြောက်ဘူးလား။ သူက မင်းကို စိုးရိမ်နေလောက်တယ်”
ကျူးဟုန်ကုန်းက လုလီ၏ စကားကြောင့် ခေတ္တမျှ ဆွံ့အသွားသည်။
ထိုအကြောင်းကို တွေးပြီးသည့်နောက်တွင် သူက ပြောလိုက်၏။
“ရှစ်စွင်းက ကျွန်တော့်ကို ကြင်ကြင်နာနာ ဆက်ဆံတယ်။ တာ့ရှစ်ရှိုးက ကျွန်တော်ကို အစ်ကိုကြီးတစ်ယောက်လို ဆက်ဆံပြီးတော့ အာ့ရှစ်ရှိုး၊ ချီရှစ်ရှိုးတို့အားလုံးကလည်း သူတို့ရဲ့ အစ်ကိုတစ်ယောက်လို ဆက်ဆံကြတယ်။ သူတို့ကို ဒီနေရာ ခေါ်ပြီးတော့ ဘဝကို ပျော်ပျော်နေခိုင်းမဲ့ နည်းလမ်းရှာရမယ်”
လုလီ “...”
တာ့ရှစ်ရှိုးဆိုသည်မှာ အကြီးဆုံး မဟုတ်ဘူးလား။ သူက ကျူးဟုန်ကုန်းကို အစ်ကိုကြီးတစ်ယောက်လို ဆက်ဆံတယ်တဲ့လား။ ဘယ်လိုလုပ် ဆက်ဆံမှာလဲ ...
ထိုစဥ် ကျူးဟုန်ကုန်းက ထရပ်ပြီး ရေတစ်ခွက် ထည့်ကာ ပြောလိုက်သည်။
“ချန်းပေ့ … ချန်းပေ့က အခုတလော စိတ်အခြေအနေ မကောင်းတဲ့ပုံပဲ။ ရေသောက်ပြီးတော့ စိတ်အေးအေးထားပါအုံး”
“မလိုဘူး။ ကျူးဟုန်ကုန်း မင်းက ဧကရာဇ်တစ်ယောက်အနေနဲ့ နေရမဲ့ ကံကြမ္မာ မပါဘူး” လုလီက ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။
“ဒါပေမဲ့ ကျွန်တော်က အခုဧကရာဇ်ဘဝမှာ နေနေတာပဲလေ” ကျူးဟုန်ကုန်းက လက်ဖြန့်ကာ ပြောလိုက်၏။ သူက လုလီ ဆိုလိုရင်းကို နားမလည်ပေ။
လုလီ “...”
ခဏအကြာတွင် လုလီက ပြောလိုက်သည်။
“မင်းက မဟာလေဟာနယ် စွမ်းအားရှိတယ်။ ထန်ခမ်းက မင်းကို ရွေးချယ်ခဲ့ပြီးတော့ မင်းရဲ့ စွမ်းအားပေါ် မူတည်ပြီးတော့ အားကောင်းလာစေချင်လို့ မင်းနောက်ကို လိုက်ခဲ့တာ။ မင်းရဲ့ ခံ့ညားလှတဲ့ သွင်ပြင်က ဆွဲဆောင်နိုင်တယ်လို့များ ထင်နေတယ်လို့ မပြောနဲ့နော်။ နောင်အနာဂတ်ကျရင် မင်းက အားကောင်းတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်လာလိမ့်မယ်။
မင်းက တရားမမျှတမှု ခံစားရတဲ့သူတွေအတွက် မိုးမြေကို ရင်ဆိုင်ရပြီးတော့ ဒီအချုပ်အနှောင်တွေ အများကြီးထားခဲ့တဲ့ နတ်ဘုရားကိုတောင် ရင်ဆိုင်ရမယ်။ ဒါက မင်းရဲ့ တာဝန်ဖြစ်ပြီးတော့ မင်းရဲ့ အနာဂတ်ပဲ။ ဒီဟာကနေ မင်း ရှောင်လွှဲလို့ ရမှာမဟုတ်ဘူး”
ကျူးဟုန်ကုန်းက ကြောင်းအမ်းမိသွား၏။
ခန်းမတစ်ခုလုံးက တိတ်ဆိတ်သွားသည်။
အဆုံးသတ်တွင် ကျူးဟုန်ကုန်းက ခေါင်းခါပြီး ပြောလိုက်သည်။
“ကျုပ်က အနာဂတ်ကိုရော တာဝန်ကိုရော ဘာမှဂရုမစိုက်ဘူး။ ကျုပ်က အစကတည်းက ရည်မှန်းချက် ကြီးတာ မဟုတ်ဘူးလေ”
“မင်းက တကယ်ကို မျှော်လင့်ချက်မဲ့နေတာကိုး” လုလီက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
ကျူးဟုန်ကုန်းက ပျင်းရိပျင်းတွဲဖြင့် နောက်ကို မှီကာ ခြေချိတ်ပြီး သခင်လေးတစ်ယောက်လိုမျိုး ထိုင်လိုက်သည်။
“ခင်ဗျားက ကျုပ်ရဲ့ ရှစ်စွင်း မဟုတ်ဘူး။ ကျုပ် ရှစ်စွင်းကလွဲရင် ဘယ်သူကမှ ကျုပ်ကို မထိန်းချုပ်နိုင်ဘူး”
အတင့်ရဲလိုက်တာ ...
ထိုစဥ် ကျူးဟုန်ကုန်း၏ စိတ်ထဲ မိုးခြိမ်းလုမတတ် အသံတစ်သံကို ကြားလိုက်ရပြီး ဆံပင်များပင် ထောင်မတ်သွားကာ ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်း ထသွားလေ၏။ အသံနှင့် စကားလုံးက အလွန်ကို ရင်းနှီးနေသည်။ မိစ္ဆာဝေဟင်မျှော်နန်းတွင် ရှိစဥ်အခါက သူ့ရှစ်စွင်း သူ့ကို ကြိမ်းမောင်းခဲ့သလိုမျိုး ဖြစ်၏။
ကျူးဟုန်ကုန်းက ချက်ချင်းဆိုသလို ဒူးထောက်လိုက်၏။ သူ့ခန္ဓာကိုယ်က တုန်တုန်ယင်ယင်ဖြစ်နေကာ ခန်းမအပြင်ဘက်ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။
“ရှစ် ရှစ် … ရှစ်စွင်းလား။ ကျွန်တော် မှား မှား မှားသွားပါတယ်”
လုလီ “...”
လုလီက ဘာမှမကြားလိုက်ပေ။ သူက ဒူးထောက်နေသည့် ကျူးဟုန်ကုန်းကိုသာ နားမလည်နိုင်ဘဲ ကြည့်လိုက်၏။
...
ထိုစဥ် လုကျိုးက အတင့်ရဲလိုက်တာဆိုသည့်စကားကို အော်ပြောပြီးသည့်နောက်တွင် အထွတ်အထိပ် ဆန်းကြယ်စွမ်းအား အကုန် အသုံးပြုပြီးသွား၍ မြင်ကွင်းမှ ဖြတ်တောက်ခံလိုက်ရသည်။
ထိန်းသိမ်းရေးခန်းမကလည်း ယခုအခါ ရှုပ်ယှက်ခတ်နေ၏။ စားပွဲနှင့် ထိုင်ခုံများက အပျက်အစီးပုံ ဖြစ်နေပြီး အက်ရာမရှိသည့် တိုင်လုံးဟူ၍ မရှိပေ။
...
ထိန်းသိမ်းရေးခန်းမ အပြင်ဘက်တွင်
တစ်ချိန်တည်းဆိုသလို မိစ္ဆာဝေဟင်မျှော်နန်းမှ အကြီးအကဲ ၄ယောက်က တစ်ပြိုင်နက် လွင့်စဉ်သွားပြီး သွေးအန်လိုက်ရသည်။
“လောင်ဖန် ဒါက မင်းအမှားပဲ။ မင်းက မျှော်နန်းသခင်ကို ဒေါသထွက်အောင် လုပ်ခဲ့တာ”
“ငါ့ကို လာပြီး အပြစ်မတင်နဲ့။ ဒီလိုဖြစ်မယ်လို့ ဘယ်လိုလုပ် သိပါ့မလဲ”
အကြီးအကဲ ၄ယောက်က မြေပြင်မှ ထရပ်လိုက်ကြသည်။
ရှားချန်ချိုးက အဝေးတစ်နေရာမှ လျှောက်လှမ်းလာ၏။ သူက မုတ်ဆိတ်သပ်ကာ သိချင်စွာဖြင့် မေးလိုက်သည်။
“အကြီးအကဲတို့ ဘာတွေလုပ်နေကြတာလဲ”
အကြီးအကဲ ၄ယောက်က ထရပ်ပြီးနောက် တည်တည်ငြိမ်ငြိမ် အမူအရာမျိုး ဖမ်းလိုက်ကြသည်။ သူတို့က လက်ကို နောက်ပစ်ထားကာ ရင်ဘတ်ကို ကော့ထားလိုက်၏။
ထို့နောက် ဖန်လီထန်းက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
“ဒါက ကျင့်ကြံရေးနည်းစနစ် အသစ်ပဲ။ မင်းရဲ့ ဗဟုသုတက ကန့်သတ်ခံထားရတော့ ဒါကို နားလည်မှာ မဟုတ်ဘူး”
“အော် မထူးဆန်းတော့ပါဘူး” ရှားချန်ချိုးက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏။
“ဒီလိုမျိုး ထူးဆန်းတဲ့ ကျင့်စဥ်က ကျုပ်ရဲ့ အမြင်ကို တကယ်ကို ကျယ်စေခဲ့ပါတယ်။ ကျုပ်ရော ... “
“မရဘူး” ဖန်လီထန်းက ပြတ်ပြတ်သားသား ငြင်းလိုက်သည်။
“ရိုင်းပျမိတာ တောင်းပန်ပါတယ်” ရှားချန်ချိုးက သူသည် တောင်းဆိုလွန်းအားကြီးသည်ဟု ခံစားမိ၍ ပြောလိုက်သည်။
“ဒီလိုဆိုရင် စောစောက အော်သံကြားလိုက်တာလို့ ထင်တယ်။ တစ်ခုခုများ ဖြစ်သွားလို့လား”
“ကျောင်းထိုင် ဆရာရှား ခင်ဗျားက လေပေါလွန်းတယ်” လန်လော့က ပြောလိုက်ပြီးနောက် ထွက်ခွာသွားသည်။ သူ့ငွေရောင် မျက်နှာဖုံးက အလင်းရောင်အောက်တွင် အေးစက်စက် လက်နေသည်။
“ကျုပ် တောင်းပန်ပါတယ်။ ကျုပ် အခု သွားလိုက်ပါအုံးမယ်” ရှားချန်ချိုးက အလျင်အမြန် ထွက်သွားလေ၏။ သူက ပညာရှင်များသည် အမှန်တကယ် ပညာရှင်များသာ ဖြစ်ကြောင်း တွေးလိုက်မိသည်။ သူတို့၏ ကျင့်ကြံရေးနည်းစနစ်ကပင် ထူးကဲနေ၏။
အကယ်၍ သူသာ သူတို့ဆီမှ တစ်ခုနှစ်ခု သင်ယူခွင့်ရမည်ဆိုလျှင် ...
ရှားချန်ချိုး ထွက်သွားပြီးသည့်နောက်တွင် မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲ ၄ဦးက ထိန်းသိမ်းရေးခန်းမကို ကြည့်ပြီးသည့်နောက် အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။
“သွားကြည့်ရအောင်”
“ကောင်းပြီ”