← Chapters

အခန်း (၉၁၉-၉၂၁)

Vol. 62 Ch. 919-921

အခန်း (၉၁၉-၉၂၁)

Vol. 62 Ch. 919-921

အခန်း (၉၁၉) မှန်ကန်သော အရှိန်

တကယ်တော့ မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးဦးသည် အလျင်စလိုမလှုပ်ရှားခဲ့ပေ။ သူတို့သည် အတွေ့အကြုံရခဲ့ပြီးဖြစ်သည်။ ယခင်က သူတို့ကပိုလျှံသော အသက်စွမ်းအင်ကို စုပ်ယူခဲ့ပြီး ၎င်းက အကျိုးအမြတ်ရခဲ့သည်။ ဖြစ်စဉ်တစ်ခုလုံးက သာယာပြီးချောမွေ့ခဲ့၏။ ထိုစဉ်က မျှော်နန်းသခင်သည် ဒေါသမထွက်ခဲ့ဘဲ ယခုအချိန်ကျမှ အဘယ်ကြောင့် ဒေါသထွက်သွားသနည်း။

အကြီးအကဲလေးဦးသည် ထိန်းသိမ်းရေးခန်းမ၏ လှေကားထစ်များကို တွယ်တက်လိုက်၏။ သူတို့ခန်းမထဲ မဝင်နိုင်သေးခင် ခန်းမက ရှုပ်ပွနေတာကို မြင်လိုက်ရသည်။

တံခါးကြီးနှစ်ချပ်က ဆိုးဆိုးရွားရွား ပျက်စီးနေ၏။ တိုင်များနှင့် မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများကို မြင်ရပြီးဖြစ်သည်။

ကျော့ယွီရှုက ယင်းကို မြင်သောအခါ သတိဝင်သွားသည်။ “အစ်ကို့ရဲ့ အသံကျင့်စဉ်က တကယ် ပြိုင်စံရှားတာပဲ”

ဟွားဝူတောက်သည် မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းများကို ကြည့်ပြီး ပြောလိုက်သည်။

“ဒါပေမဲ့ ကျင့်စဉ်က ဖိအားအများစုက ခန်းမအပြင်ဖက်ကို ရောက်ပြီးတော့ ပျောက်ကွယ်သွားတယ်။ ဒါကို ကြည့်ရင် မျှော်နန်းသခင်က ထိန်းချုပ်ထားဖို့ ရည်ရွယ်ပြီး ကျုပ်တို့ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရအောင် မရည်ရွယ်ထားတာ သိသာတယ်”

အကြီးအကဲလေးဦးသည် သူတို့၏နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ပြီး ပျက်စီးနေသော ခန်းမကို ကြောက်ကြောက်လန့်လန့် ကြည့်လိုက်၏။

“ဒီမှာ ရပ်မနေနဲ့။ အထဲဝင်ပြီး ခွင့်လွှတ်ဖို့ ပြောရအောင်” ဖန်လီထန်းက ပြောလိုက်သည်။

ကျန်သည့်အကြီးအကဲသုံးဦးက ထောက်ခံကြောင်း ခေါင်းညိတ်လိုက်၏။

သူတို့၏သွင်ပြင်ကို သေသပ်အောင်လုပ်ပြီးနောက် သူတို့က ခန်းမထဲဝင်တော့မည့်အချိန်တွင် လုကျိုးက လက်နောက်ပစ်လျက် ရုတ်တရက် ထွက်လာတော့သည်။

လုကျိုးသည် နှုတ်ခမ်းထောင့်မှ သွေးစွန်းထင်းမှုကို မြင်ပြီး သူတို့၏ သနားစဖွယ်အခြေအနေကို မြင်သောအခါ မေးလိုက်တော့သည်။

“အကြီးအကဲလေးယောက် ဘာဖြစ်တာလဲ”

အကြီးအကဲလေးဦးက အံ့ဩဆွံ့အသွား၏။

သူတို့ရှေ့မှာရပ်နေတဲ့သူက ဘယ်သူလဲ ... မျှော်နန်းသခင် ဘယ်မှာလဲ။ သူတို့ရှေ့မှာ ရှိနေတဲ့လူရွယ်က မျှော်နန်းသခင် ဖြစ်ဖို့က လူရွယ်တစ်ယောက်ရဲ့ အငွေ့အသက်မျိုး ဖော်ထုတ်တာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အဝတ်အစား၊ ဟန်ပန်၊ အရှိန်အဝါ ... မဖြစ်နိုင်တာ။ ဒီလူက တကယ်ကြီး မျှော်နန်းသခင်ဟ။

ရုတ်တရက် သူတို့သည် ကြွယ်ဝပြီး များပြားလှသော အသက်စွမ်းအင်ကို အမှတ်ရသွားသည်။ မျှော်နန်းသခင်က သူ့ရဲ့သွင်ပြင်ကို ပြန်လည်နုပျိုစေမဲ့ ကောင်းကင်ကို ဖီဆန်နိုင်တဲ့နည်းတချို့ ရှိနေတာလား။

စိတ်ထဲ၌ မေးခွန်းများရှိနေသော်ငြား အကြီးအကဲလေးဦးသည် လူငယ်မျိုးဆက်များထက် ပိုပြီး ထိန်းချုပ်နိုင်သည်။ သူတို့ရင်ထဲ သံသယဖြစ်နေလျှင်တောင် မေးခွန်းမေးမှာ မဟုတ်ပေ။ သူတို့ စိတ်တည်ငြိမ်ဖို့ အချိန်သိပ်မကြာလိုက်ပေ။

ဖန်လီထန်းက အရင်ဆုံး ပြောလိုက်လေ၏။ “ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ မျှော်နန်းသခင်”

“ခွင့်လွှတ်ရမှာလား” လုကျိုးသည် ဇဝေဇဝါဖြင့် မျက်မှောင်ကျုံ့ကာ နက်ရှိုင်းသော လေသံဖြင့် ပြောလိုက်သည်။ “အကြီးအကဲလေးယောက်ကို ဘယ်သူဒဏ်ရာရအောင် လုပ်လိုက်တာလဲ။ အတင့်ရဲလိုက်တာ။ တာ့ထန်ရဲ့ တော်ဝင်နန်းတော်ထဲမှာ၊ ငါ့ရှေ့မှာ အကြောက်အလန့်မရှိ လှုပ်ရှားရဲတဲ့သူတစ်ယောက် တကယ်ရှိနေတယ်ပေါ့”

အကြီးအကဲလေးဦးသည် စိတ်သက်သာရာရသည့်ပုံစံဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ အစောတုန်းက အဖြစ်အပျက်သည် မတော်တဆဖြစ်ပုံပေါ်၏။ သူတို့နားလည်မှု လွဲသွားတာ ဖြစ်ဟန်တူသည်။

ဖန်လီထန်းက ပြောလိုက်၏။ “ဘာမှ မဟုတ်ပါဘူး။ ကျုပ်တို့ လက်ရည်ချင်းယှဉ်ရုံပါ”

“လက်ရည်ယှဉ်တာလား”

“မျှော်နန်းသခင် စိတ်ပူအောင် လုပ်မိတာ တောင်းပန်ပါတယ်” ဖန်လီထန်းက ပြော၏။

“ကောင်းတယ်။ တစ်ယောက်ယောက်က အကြီးအကဲတို့ကို အနိုင်ကျင့်လိုက်တာလို့ ထင်နေတာ”

“မျှော်နန်းသခင် ဒီမှာရှိနေရင် ဘုံတစ်ထောင်လေပွေ သိုင်းပညာရှင်တွေတောင် အဆင်အခြင်မဲ့ မလှုပ်ရှားရဲပါဘူး။ ကျေးဇူးပြုပြီး စိတ်ချထားပါ မျှော်နန်းသခင်”

လုကျိုးသည် မတ်တပ်ရပ်ပြီး မုတ်ဆိတ်သပ်လိုက်၏။ “ကောင်းပြီ။ ဒီနေရာကို တစ်ယောက်ယောက် ဆင့်ခေါ်ပြီး နှစ်နာရီအတွင်း ခန်းမကို ရှင်းခိုင်းထားလိုက်”

“နားလည်ပါပြီ” သူတို့လေးယောက်သားက အလျင်စလိုထွက်သွားသည်။ လေးယောက်လုံးက လုကျိုး သူတို့ကို ဒေါသထွက်နေတာမဟုတ်။ ဒေါသပေါက်ကွဲလိုက်တာ မဟုတ်မှန်း သိသွားသောကြောင့် သူတို့ ပခုံးပေါ်ရှိ ဝန်က လျော့ကျသွားသည်ဟု ထင်လိုက်သည်။ ထို့အပြင် သူတို့သည် လုကျိုးက သူတို့ အနိုင်ကျင့်ခံရတာဟု တွေးမိချိန်တွင် သူတို့ရှေ့တွင် ရပ်တည်ပေးတာကို မြင်သောအခါ ပျော်ရွှင်သွားတော့သည်။

ခဏအကြာတွင် ဖန်လီထန်းက ပြောလိုက်၏။ "အစ်ကိုမျှော်နန်းသခင်က ငါတို့ထက် ပိုငယ်ရွယ်နေသလိုပဲ”

“ရုပ်ဖျက်တဲ့နည်းတစ်မျိုးများလား”

“လျှို့ဝှက်နည်းစနစ်တစ်ခုဆိုရင် အဲ့လိုမျိုးပဲ ဖြစ်မှာပေါ့။ ထပ်ပြီးတော့ မစဉ်းစားနဲ့တော့။ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုက ပိုပိုပြီး ဆွဲဆောင်မှုရှိလာတယ်လို့ ခံစားမိနေပြီ” ကျော့ယွီရှုက ပြောလိုက်သည်။

“...”

လုကျိုးသည် တည်တံ့ရေးခန်းမထဲသို့ ပြန်လာပြီး ပျက်စီးသွားသော ပန်းချီကားများ၊ ကြွေအိုးနှင့် မြေပြင်ပေါ်ရှိ တန်ဖိုးကြီး လက်ရေးလှများကို ကြည့်လိုက်သည်။ ကံကောင်းသည်မှာ အထွတ်အထိပ် ဆန်းကျယ်စွမ်းအား အများစုသည် ခန်းမထဲက ထွက်သွားချိန်၌ လျော့နည်းသွားတာဖြစ်သည်။ သူသည် အကြီးအကဲလေးယောက်ကို မတော်တဆသတ်မိခဲ့ပါက ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်လိမ့်မည်။

ခဏအကြာတွင် သူသည် ကြာပလင်ရှိ သူ၏မွေးဖွားနန်းဆောင်ကို အာရုံပြန်စိုက်လိုက်၏။ ပြီးနောက် သူသည် ကြယ်တာရာဒိုင်ခွက်၏ မွေးဖွားချပ်ပြားပေါ်တွင်ရှိသော တြိဂံ ၃၀ကို ကြည့်လိုက်တော့သည်။

ပြီးနောက် စနစ်မျက်နှာပြင်ပေါ်ရှိ သူ၏သက်တမ်းကို ကြည့်လိုက်သည်။ ထင်သည့်အတိုင်း နှစ်ပေါင်း ၁၅၀၀ဖြစ်သည်။ ယင်းကို မြင်သောအခါ သူ အနည်းငယ်စိတ်အေးသွားတော့၏။ သူ စတုတ္ထမြောက် မွေးဖွားဇယားချပ်၏ ပြီးပြည့်စုံစွာ အသက်သွင်းမှုသည် အချိန်နှစ်နာရီကြာသည်။

သူ့ဖာသာသူ စဉ်းစားလိုက်၏။ “စတုတ္ထမြောက် မွေးဖွားဇယားချပ် အသက်သွင်းတာက ငါ ထင်ထားတာထက် ချောမွေ့နေတယ်။ ပဉ္စမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ဆိုရင် ဘယ်လောက်ခက်ခဲမလဲ သိချင်မိတယ်”

လုလီ၌ မွေးဖွားဇယားချပ် ၅ချပ်၊ ယန်ကျန်းလော့၌ မွေးဖွားဇယားချပ် ၆ချပ် ရှိသည်။ ယန်ကျန်းလော့သည် အနက်ရောင်မျှော်စင်အဖွဲ့အစည်းအကြောင်း များစွာ မဖော်ပြခဲ့သည့်တိုင် လုကျိုးက ယန်ကျန်းလော့ သူ့ကို ပေးသည့်စာအုပ်ပေါ် မူတည်ပြီး မွေးဖွားဇယားချပ် အဖွဲ့အစည်း၏ ခွန်အားကို အကြမ်းဖျင်း မှန်းဆနိုင်၏။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းထဲတွင် မွေးဖွားဇယားချပ် ၈ခု အထက်ရှိသည့် လူများစွာ ရှိလောက်သည်။

“အနက်ရောင်အစောင့်အရှောက်” လုကျိုးသည် ယင်းက လျော့တွက်၍မရသော အင်အားစုမှန်း သိနေ၏။ လူအနည်းစုသာဆိုလျှင် ဖြေရှင်းရလွယ်ကူလိမ့်မည်။ သို့သော် ငါးယောက် သို့မဟုတ် ခြောက်ယောက် ရှိနေလျှင် ဒုက္ခများလိမ့်မည်။

သူ့ကိုယ်သူ အားကိုရုံဖြင့် မလုံလောက်ပေ။ သူ့တပည့်များ၏ ကျင့်ကြံဆင့်ကို မြှင့်တင်ပေးရမည့်အချိန် ရောက်ပုံပေါ်၏။

သူ၏ တပည့်ကြီးနှင့် ဒုတိယတပည့်တို့က မဆိုးပေ။ နှစ်ယောက်လုံးက မဟာလေဟာနယ်မျိုးစေ့များ ရှိကြသောကြောင့် သူတို့၏ တိုးတက်မှုက ကောင်းလောက်သည်။ သို့သော် သူ၏ တတိယတပည့်နှင့် ပဉ္စမတပည့်က အတော်လေး စိတ်ပူစရာရှိသည်။

လုကျိုးက သူ၏မွေးဖွားဇယားချပ်ကို ဆက်ကြည့်နေပြီး အတွေးနက်သွားကာ သူ၏တပည့်များကို မည်သို့လေ့ကျင့်ပေးရမည်ဆိုတာ စဉ်းစားနေတော့သည်။

“ခရုလေးက လော့ရွှမ်းရဲ့ကျင့်ကြံဆင့်ကို ဆက်ခံပြီးသား။ သူက ဘုံတစ်ထောင်လေပွေအဆင့်ကို ရောက်မဲ့ ပထမဆုံးတပည့် ဖြစ်လောက်တယ်။ သူ ငယ်ရွယ်လွန်းနေတာ နှမြောစရာပဲ။ သူ့ရဲ့အုတ်မြစ်က မတည်ငြိမ်ဘူး။ တိုက်ခိုက်ရေးအတွေ့အကြုံ ချို့တဲ့နေတယ်”

အဝါရောင်ကြာနယ်မြေထဲတွင်ဖြစ်သည်။

လုလီက တုန်ယင်ပြီး ကန်တော့နေသော ကျူးဟုန်ကုန်းကို ဇဝေဇဝါကြည့်လိုက်၏။

ခဏအကြာတွင် ကျူးဟုန်ကုန်းက မြေပြင်ပေါ် လဲပြိုကျသွား၏။ သူသည် အမောတကော အသက်ပြင်းပြင်း ရှုသွင်းနေကာ နဖူးပေါ်ရှိ ချွေးများကို သုတ်လိုက်သည်။ ပြီးနောက် လုလီက သူ့ကို ဇဝေဇဝါကြည့်နေတာကို နောက်ဆုံး၌ သတိပြုမိသွားသည်။ အရှက်ကွဲလေပြီ။

လုလီက ပြောလိုက်၏။ “မင်းက တကယ် မင်းရဲ့ဆရာကို ရိုသေလေးစားတာပဲ”

ကျူးဟုန်ကုန်းသည် ခန်းမအပြင်ဖက်ကို တစ်ချက်ချောင်းကြည့်ပြီးနောက် ပြောလိုက်၏။

"မတတ်နိုင်ဘူး”

လုလီသည် သက်ပြင်းချကာ သူ့ခုံသို့ပြန်သွားပြီး ပြောလိုက်၏။

“ငါက မင်းရဲ့ဆရာ မဟုတ်ပေမဲ့ မင်းကို ကိစ္စအများအပြားသင်ပေးခဲ့တယ်။ မင်းက ငယ်ရွယ်သေးတာကြောင့် အမြင်က မကျယ်သေးဘူး။ ကိစ္စတွေက မင်းပြောသလိုသာ ဆိုရင် ငါလည်း ငြိမ်းချမ်းတဲ့ဘဝကို ခံစားချင်တာပေါ့။ ကံဆိုးတာက ဒီလိုမှ မဟုတ်တာ”

“ဘာလို့လဲ”

“ငါလည်း အသေအချာမသိဘူး။ မဟာလေဟာနယ်နဲ့ တစ်ခုခုသက်ဆိုင်နေတဲ့ အခြေအနေကိုပဲ ကြားဖူးတာ။ အရင်တုန်းက မဟာလေဟာနယ်ထဲမှာ တစ်စုံတစ်ခုပျောက်ဆုံးသွားတဲ့အကြောင်း အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အထက်ပိုင်းကနေ ကောလဟလတွေ ပြန့်နေခဲ့တာ။ နှစ်တိုင်းလူတွေက အဲ့ဒါကို ရှာဖို့သွားရတယ်။ ကျူးဟုန်ကုန်း ငါ့ကို ရိုးရိုးသားသားဖြေ ... မင်း လေဟာနယ်ဆီ ရောက်ဖူးလား”

ကျူးဟုန်ကုန်းက ခေါင်းကုတ်ပြီး ပြောလိုက်တော့သည်။ “မရောက်ဖူးပါဘူး။ ကျုပ်က သာမန်လူတစ်ယောက်ပဲ။ ကျုပ်ရဲ့အဖေ ကျူးထန်းယွမ်က ရိုးသားတဲ့ကျင့်ကြံသူတစ်ယောက်။ ကျုပ်ရဲ့အမေ ... ဟုတ်သားပဲ။ ကျုပ်ရဲ့အမေက ဘယ်သူလဲ။ ကျုပ်ရဲ့အမေက မဟာလေဟာနယ်က သိုင်းပညာရှင်များလား။ ကျုပ်က မဟာလေဟာနယ်ရဲ့ မျိုးဆက်များလား”

“...”

စိတ်ကူးယဉ်ဆန်လွန်းသည့်လူနှင့် ပြောဆိုဆက်ဆံရတာ ခက်ခဲလှပေ၏။

လုလီက ထပ်မေးလိုက်သည်။ “ကောင်းကင်လွန်းပေါ်က ရွှေရောင်တောင်ပံနဲ့လူက မင်းရဲ့ချီရှစ်ရှိုးလား”

“ဟုတ်တယ် ဘာလို့လဲ” ကျူးဟုန်ကုန်းက မေးလိုက်သည်။

“သူ့မှာ မဟာလေဟာနယ်စွမ်းအင်ရှိတယ်”

ကျူးဟုန်ကုန်းက အထိတ်တလန့်ပြောလိုက်၏။ “ကျုပ်ရဲ့ ချီ ချီရှစ်ရှိုးက ပျောက်ဆုံးသွားတာ ကြာပြီဖြစ်တဲ့ အစ်ကိုရင်းများလား”

“...” လုလီသည် ကျူးဟုန်ကုန်းနှင့် စကားပြောဖို့ ကြိုးစားတာ လက်လျော့လိုက်၏။ သူက ခေါင်းခါလျက် ခန်းမထဲက ထွက်သွားတော့သည်။ သူ မထွက်ခွာခင် ပြောလိုက်တော့သည်။ “မင်း ဒီမှာ မင်းဘဝကို ပျော်ချင်တယ်ဆိုရင် နေလိုက်။ ငါ ထွက်ခွာဖို့ နည်းလမ်းစဉ်းစားမယ်”

“နေဦး” ကျူးဟုန်ကုန်းက လှမ်းခေါ်လိုက်သည်။ သူက ချက်ချင်း ထရပ်လျက် လုလီကို တားလိုက်သည်။

“ကျုပ်က ကတိကို ဖျက်တတ်တဲ့သူလား။ ခုနတုန်းက ခင်ဗျားကို နောက်နေရုံပါ။ ရိုးရိုးသားသားပြောရရင် ကျုပ်ရဲ့ ရှစ်ရှိုးတွေနဲ့ တခြားသူတွေကို တကယ်လွမ်းနေပြီ။ အခုချိန် သူတို့ ဘာလုပ်နေလဲ မသိဘူး။ ကျုပ်က သူတို့ဒုက္ခခံစားနေတဲ့အချိန် ဒီမှာ ပျော်ပျော်ရွှင်ရွှင်နေပြီး ဘယ်လိုလုပ် ခံစားနိုင်ပါ့မလဲ”

လုလီက ခေါင်းညိတ်လိုက်၏။ “အချိန်အတိုင်းအတာတစ်ခုအထိ ရေလွှမ်းခြင်းဂိုဏ်းကို ငါ့ဆီ အပ်ထားလို့ရတယ်။ မင်း ကျင့်ကြံမှုကိုပဲ အာရုံစိုက်။ တစ်နှစ်အတွင်း ဒဿမမြောက်ပွင့်ချပ် ဖူးပွင့်အောင်ပဲ ကြိုးစားကြည့်။ အဲ့ဒီအချိန်ကျရင် မွေးဖွားဇယားချပ်သားရဲကို ဖြေရှင်းဖို့ ရေလွှမ်းခြင်းဂိုဏ်းက ငါတို့ကို ကူညီလိမ့်မယ်။ နောက်ထပ်အသက်ဓာတ်နှလုံးသားရဲ့ ပင်လယ်သားရဲ့ဘုရင်ရဲ့ အသက်ဓာတ်နှလုံးသားနဲ့ဆို မင်းက ဘုံတစ်ထောင်လေပွေအဆင့်ကို ရောက်ပြီး မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်မယ်”

လုလီထွက်သွားပြီးနောက် ကျူးဟုန်ကုန်းသည် စိတ်ထဲ၌ လုလီ၏စကားများကို ဆက်တိုက်တွေးနေသည်။ ခဏအကြာတွင် သူ သက်ပြင်းချလျက် ပြောလိုက်၏။

“ကြည့်ရတာ ရွေးချယ်စရာ မရှိတော့တဲ့ပုံပဲ။ ငါက ရွေးချယ်ခံရတဲ့သူကို ဘယ်လိုလုပ် သိုသိုသိပ်သိပ် နေနိုင်ပါ့မလဲ”

“...”

ထိုစဉ် ထန်ခမ်းက ညည်းတွားလျက် ကျူးဟုန်ကုန်း၏ခြေထောက်ကို ခေါင်းဖြင့် ပွတ်တိုက်နေတော့သည်။

ကျူးဟုန်ကုန်းက သက်ပြင်းထပ်ချပြီးပြောလိုက်လေ၏။ “ဒီကမ္ဘာပေါ်မှာ မင်းက ငါ့ကို နားအလည်ဆုံးပဲ”

တော်ဝင်နန်းဆောင်၏ တည်တံ့ရေးခန်းဆောင်ထဲတွင် ခါတိုင်းလိုပင် တိတ်ဆိတ်နေ၏။

နှစ်နာရီကြာပြီးနောက် လုကျိုး၏ မွေးဖွားနန်းဆောင်သည် တည်ငြိမ်သွားပြီဖြစ်သည်။ လေဟုန်စီးပြီး ရေလှိုင်းကို ဖြိုခွင်းခြင်းပိုင်နက်က မွေးဖွားနန်းဆောင်ထဲတွင် တောက်ပနေပြီး စတုတ္ထမြောက် မွေးဖွားဇယားချပ် အသက်သွင်းတာ အောင်မြင်သည်ကို ညွှန်ပြနေ၏။

လုကျိုးသည် စနစ်မျက်နှာပြင်ပေါ်ရှိ သူ၏သက်တမ်းကို ကြည့်လိုက်သည်။

ကျန်ရှိသော သက်တမ်း ၆၄၂၆၂၈ ရက်။ (၁၇၃၆နှစ်ထဲတွင် ၁၃၆နှစ်က အကြောင်းပြန်လှန်ကတ်ဖြစ်သည်)

လုကျိုးသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သူ့စွမ်းအား ဗဟိုချက် ချီပင်လယ်က ကျင့်ကြံဆင့် မြင့်တက်နေတာကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။ ကြာပလင်ကို ရုတ်သိမ်းပြီးနောက် သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။

ဘီး

ရွှေရောင်ကြယ်တာရာဒိုင်ခွက် သူ၏လက်ထဲတွင် ပေါ်လာသည်။

ထိုမြင်ကွင်းသည် ကမ္ဘာမြေပေါ်၌ သူ တွေးကြည့်ဖူးသည့် ရုပ်ရှင်ကားထဲရှိ မြင်ကွင်းကို အမှတ်ရသွားစေ၏။ တောက်ပသည့်အလင်းတန်းကို ပစ်လွှတ်နိုင်သည့် အထွတ်အထိပ် ကောင်းကင်ကြေးမုံကို ကိုင်ဆောင်ထားသည့် ဂိုဏ်းခေါင်းဆောင်တစ်ယောက်ဖြစ်သည်။

သူသည် ရွှေရောင်ကြယ်တာရာဒိုင်ခွက်ကို ဆက်လက်လေ့လာပြီး သူ့ဖာသာသူ ရေရွတ်ပြောလိုက်၏။ “ဒါက ရွှေရောင်ထိုက်ရွှီကြေးမုံနဲ့ နည်းနည်းဆင်သလိုပဲ”

ထိုစဉ် ရွှေရောင်ကြယ်တာရာဒိုင်ခွက်က တောက်ပစွာထွန်းလင်းလာသည်။ ရွှေရောင်ကြယ်တာရာဒိုင်ခွက်ပေါ်ရှိ ပိုင်းခြားထားသော မျဉ်းဆယ့်နှစ်ခုက ရင်သပ်ရှုမောဖွယ်ကောင်းနေ၏။

“ကံမီးတောက်”

ဝှစ်

ကံမီးတောက်က ရွှေရောင်ကြယ်တာရာဒိုင်ခွက်ပေါ်၌ ပေါ်လာ၏။

“မွေးဖွားဇယားချပ် စွမ်းအား”

ခဏအကြာတွင် လုကျိုးက ခန်းမအပြင်ဖက် လှစ်ခနဲရောက်လာသည်။ သူက တိတ်ဆိတ်ပြီး လေထက် ပိုမြန်ဆန်၏။ သူသည် ယိယောင်ထက် ပိုမြန်ဆန်တာ ပြောနိုင်သည်။ သို့သော် သူသည် ခမ်းနားသော ကျင့်စဉ်ကို အသုံးပြုထားသောကြောင့် စွမ်းအင်ကုန်ဆုံးမှုက ပုံမှန်ထက် မြင့်နေသည်။ ထိုအရာအပြင် သူ မွေးဖွားဇယားချပ်စွမ်းအားကို အသုံးပြုနိုင်သည့် အကြိမ်အရေအတွက်ကလည်း အကန့်အသတ်ရှိသည်။ သူသည် အရာအားလုံးကို အရှိန်ပေါ်၌ သုံးခဲ့လျှင် ၁၆ဆ မြန်လိမ့်မည်။ မည်သို့ပင်ဆိုစေ သူသည် ကျေနပ်နေ၏။

ထိုစဉ် လုကျိုးက မော့ကြည့်လိုက်ရာ အဝေးတစ်နေရာရှိ ပုံရိပ်ကို တွေ့လိုက်ရသည်။

“လောင်တလား” လုကျိုးသည် သူ့ဖာသာသူ ရေရွတ်ပြောလိုက်၏။ “ကောင်းပြီ။ မင်းနဲ့စလိုက်မယ်။ မင်းရဲ့ကျင့်ကြံမှုကို ငါကိုယ်တိုင် ကြီးကြပ်ပေးမယ်”

…

အခန်း (၉၂၀) ယွီကျန့်ဟိုင်ကနေ စလိုက်ရအောင်

လုကျိုးက မွေးဖွားဇယားချပ် စွမ်းအားကို မသုံးဘဲ ယွီကျန့်ဟိုင်ဆီ ရောက်ရှိသွားသည်။ သူက ယွီကျန့်ဟိုင်နှင့် အလျှင်နှင့် လှုပ်ရှားမှုသည် ထိပ်တန်း ဖြစ်ကြောင်း တွေ့လိုက်ရ၏။ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက်အတွက် အတော်လေး အံ့အားသင့်ဖို့ ကောင်း၏။

လုကျိုးက ယွီကျန့်ဟိုင်နောက်မှ အနောက်ဘက် နန်းတော်တံတိုင်းဆီ လိုက်လာသည်။

“သူက ဘာလုပ်နေတာလဲ”

ပုံမှန်အားဖြင့် လုကျိုးသည် သူ့တပည့်များ၏ ကိုယ်ပိုင်ဘဝကို အာရုံစိုက်ခဲ၏။ ယခု သူက စိတ်အခြေအနေ ကောင်းနေသည့်အတွက် စိတ်ဝင်စားလာမိသည်။

ညနေအလင်းရောင်က တံတိုင်းများထက် ဖြာကျနေ၏။

လုကျိုးက ခရမ်းရောင် တောက်ပသံကျောက်ကို ကိုင်ဆောင်ထားသည့်အတွက် ကျင့်ကြံသူအများစုက သူ့တည်ရှိမှုကို သတိထားမိမည် မဟုတ်ပေ။ သူက တံတိုင်းပေါ် ပေါ့ပေါ့ပါးပါး ခုန်တက်လိုက်ပြီး လေထဲရပ်ကာ မုတ်ဆိတ်ကို သပ်လိုက်သည်။

ယွီကျန့်ဟိုင်က လက်နောက်ပစ်လျက် ညနေကောင်းကင်ယံကို ကြည့်ရင်း သူ့ရှစ်စွင်း သူ့အနား ရှိနေသည်ကိုပင် လုံးလုံးသတိမထားမိပေ။

ထိုစဥ် မီးခိုရောင် ဝတ်ရုံ ဝတ်ဆင်ထားသည့် လူတစ်ယောက်က နန်းတော်တံတိုင်းဆီ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာ၏။ သူ့အရှိန်က မနှေးကွေးပေ။ သူ ရောက်ရှိလာသည်နှင့် လှမ်းခေါ်လိုက်သည်။

“ပထမသခင်လေး”

ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“မင်းက ကတိတည်သားပဲ”

“ကျုပ်က ကတိပြုထားမှတော့ ဘယ်လိုလုပ် ပေါ်မလာဘဲ နေမှာလဲ။ ကျုပ် အရင်တစ်ခေါက်က ပြောတဲ့ကိစ္စကို စဥ်းစားပြီးသွားပြီလား” ထိုလူက မေးလိုက်သည်။

ယွီကျန့်ဟိုင်က ပြန်ဖြေလိုက်၏။

“ကျန်းဝမ်ရှန်း မင်းက မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ချင်တယ်ဆိုရင် ငါ့ရှစ်စွင်းကို ပြောတာကောင်းလိမ့်မယ်။ သူက အမြင်ကောင်းကောင်း ရှိပြီးတော့ လူတွေကို အကဲဖြတ်တဲ့နေရာမှာ ဘယ်တုန်းကမှ မမှားဖူးဘူး”

“ပထမသခင်လေးက ဒီလိုကိစ္စမျိုးကို လုပ်ပိုင်ခွင့် မရှိဘူးလား”

“လုပ်ပိုင်ခွင့် ရှိတာ မရှိတာနဲ့ မဆိုင်ဘူး။ ဒါက ငါ့အတွက် ဆုံးဖြတ်ချက် ချဖို့ မလိုလို့ပဲ” ယွီကျန့်ဟိုင်က ပြန်ဖြေလိုက်သည်။

“ဟမ်”

“မင်းက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူလေ။ မိစ္ဆာဝေဟင်မျှော်နန်းမှာ ဘာမှအံ့အားသင့်စရာ မရှိဘူး။ ပြီးတော့ ငါက မင်းကို ရက်ပိုင်းလောက်ပဲ တွေ့ရသေးတာ။ သူရဲကောင်းတစ်ယောက်က နောက်ထပ် သူရဲကောင်းကို နားလည်တယ်ဆိုပေမဲ့ မင်းရဲ့ ဓားမော့အရည်အချင်းက လက်ခံနိုင်လောက်ပေမဲ့ လုံလောက်ဖို့ အလှမ်းဝေးနေသေးတယ်” ယွီကျန့်ဟိုင်က ပြောသည်။

“...”

ညနေလေပြည်က ညင်သာစွာ တိုက်ခတ်နေ၏။

ယွီကျန့်ဟိုင်က မိုးကုတ်စက်ဝန်းကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

“မင်း ပြန်သွားသင့်ပြီ။ မင်း နောင်အနာဂတ်ကျရင် တာ့ထန်ကို ခစားဖို့ပဲ စဥ်းစားတာ ကောင်းလိမ့်မယ်”

“မဟုတ်ဘူး။ ပထမသခင်လေးက ကျုပ်ကို အထင်လွဲနေတဲ့ ပုံပဲ”

“ဘာကိုလဲ”

“ကျုပ်က ရိုးရိုးပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ မဟုတ်ဘူး”

ကျန်းဝမ်ရှန်း၏ စကားအဆုံးတွင် စွမ်းအင်လက်သီးချက်က ယွီကျန့်ဟိုင်၏ မျက်နှာအထက် ကျရောက်လာသည်။ တစ်ချိန်တည်းဆိုသလို စွမ်းအင်ဓားမော့များက ထွက်ပေါ်လာပြီး ယွီကျန့်ဟိုင်၏ ကာကွယ်ရေးစွမ်းအားကို ခုတ်ချလာသည်။

ဝုန်း ဝုန်း ဝုန်း

ရုတ်တရက် အပြောင်းအလဲက ယွီကျန့်ဟိုင်ကို အံ့အားသင့်သွားစေ၏။ သို့သော်လည်း သူက သာမန် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ မဟုတ်ပေ။ သေခြင်းရှင်ခြင်း တိုက်ပွဲများစွာ ဖြတ်ကျော်လာပြီးသည့်နောက်တွင် သူက ရုတ်တရက် အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါတွင်ပင် တည်ငြိမ်နေဖို့ သင်ယူထားခဲ့၏။

မဟာအမှောင်ကောင်းကင် လက်ဝါးချက်က ပေါ်ထွက်လာပြီး စွမ်းအင်ဓားမော့နှင့် စွမ်းအင်လက်သီးချက်များကို အလွယ်တကူ ဖယ်ရှားပစ်လိုက်သည်။

“ဒါပဲလား” ယွီကျန့်ဟိုင်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“တကယ်လို့ ခင်ဗျား သတ္တိရှိရင် ကျုပ်နောက်ကို လိုက်ခဲ့”

ထိုမြင်ကွင်းကို ကြည့်နေသည့် လုကျိုးက သူ့ဘာသာသူ တွေးလိုက်မိသည်။

“သူက မျှားခေါ်နေတာလား”

ကျန်းဝမ်ရှန်းက သူ့တပည့်ကို မျှားခေါ်ဖို့ ကြိုးစားနေသည်မှာ သိသာလှ၏။ အကယ်၍ သူတို့သာ တော်ဝင်ခုံရုံး၏ တံတိုင်းအပြင်ဘက်တွင် တိုက်ခိုက်နေပါက ရုတ်ရုတ်သဲသဲ ဖြစ်မှုက တခြားသူများ၏ အာရုံကို ဆွဲဆောင်မိလိမ့်မည်။ ထိုသူက အတော်လေး ဉာဏ်ကောင်းသည့်အတွက် ဝှက်ဖဲတချို့ ရှိလောက်သည်။

ယွီကျန့်ဟိုင်က ပြုံးကာ ပြောလိုက်သည်။

“ငါ့ကို မျှားခေါ်ချင်နေတာလား။ ကောင်းပြီလေ။ ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”

ထို့နောက် သူက ထိုသူနောက်မှ လိုက်ပါသွားသည်။

လုကျိုးက မုတ်ဆိတ်သပ်လိုက်၏။

မျက်ကန်းလိုမျိုး တိုက်ခိုက်ပြီး ဆုံးဖြတ်ချက် အလျင်အမြန် ချနေတာ သူ့ပထမတပည့်က ငရဲဂိုဏ်းကို ဘယ်လိုများ ထိန်းသိမ်းခဲ့ပါလိမ့် ...

ခဏအကြာ စဥ်းစားပြီးသည့်နောက်တွင် သူက ခေါင်းအသာယမ်းလိုက်သည်။ သူ့တပည့်ကို စောစောစီးစီး အကဲဖြတ်သည်က မကောင်းလှပေ။ သူ့တပည့်ကလည်း ဝှက်ဖဲများ ရှိနေနိုင်၏။ မဟုတ်ပါက ဤသို့ မဆင်မခြင် ပြုမူမည် မဟုတ်ပေ။

လုကျိုးက ယွီကျန့်ဟိုင် နောက်မှ လိုက်တော့မည့်ဆဲဆဲတွင် နောက်ထပ် ပုံရိပ်တစ်ခုက ယွီကျန့်ဟိုင်၏ နဂိုနေရာတွင် ပေါ်ထွက်လာ၏။ ထိုသူက သူ့ဒုတိယတပည့် ယွီရှန်းရုန် ဖြစ်ပေသည်။

ယွီရှန်းရုန်က အသက်ရှည်ဓားကို ကျောမှ သယ်ဆောင်ရင်း လက်ပိုက်လျက် ရှိ၏။ သူက လေနှင့် ဆန့်ကျင်စွာ ရပ်နေပြီး သူ့မျက်နှာအထက် ခပ်ယဲ့ယဲ့ အပြုံးမျိုး ရှိနေသည်။

“ကျင့်ကြံဆင့်ကို ဝှက်ထားတဲ့ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူလောက်ပါပဲ။ နျဲ့ချင်းယွင်နဲ့ လက်ရည်စမ်းတာမှ ပိုကောင်းအုံးမယ်”

လုကျိုး “...”

ကြည့်ရတာ ငါ့ရဲ့ စိုးရိမ်မှုတွေက မလိုဘူးထင်တယ် ...

ယွီရှန်းရုန်၏ ခန္ဓာကိုယ်က ငှက်မွေးလေးလို ပေါ့ပါးကာ ယွီကျန့်ဟိုင်နောက် လိုက်ပါသွားသည်။

လုကျိုးက ခေတ္တမျှ စောင့်ဆိုင်းပြီးသည့်နောက်တွင် သူ့တပည့် ၂ယောက်နောက် လိုက်သွားလေ၏။

...

မြို့တော်၏ အနောက်ဘက်ရှိ နေရာတစ်ခု

ယွီကျန့်ဟိုင်နှင့် ကျန်းကျန့်တို့၏ ရုတ်ရုတ်သဲသဲဖြစ်မှုကြောင့် အာရုံများစွာကို ဖမ်းစားနိုင်ခဲ့သည်။

“အဆင့်မြင့် ကျင့်ကြံသူတွေ တိုက်ခိုက်နေတာပဲ။ မြန်မြန်လာ မြန်မြန်လာ သွားကြည့်ရအောင်”

“အတော်လေးကို အသက်ဝင်နေတာပဲ။ ဒါဟာက တော်ဝင်နန်းတော်က ဖြစ်မယ်တူတယ်။ ကောလဟာလထဲက မိစ္ဆာဝေဟင်မျှော်နန်းများလား”

“ခင်မင်ရင်းနှီးလို့ သတိပေးလိုက်မယ်။ ပွင့်ချပ်ငါးလွှာနဲ့ အောက်တွေက တိုက်ပွဲကို မကြည့်တာ ကောင်းလိမ့်မယ်”

...

ယွီကျန့်ဟိုင်က ကျန်းဝမ်ရှန်းနောက်ကို လိုက်သွားစဥ် မြို့တော်၏ လူသူကင်းမဲ့သည့် အနောက်ဘက်အခြမ်းသို့ ရောက်ရှိသွားသည်။

ထိုနေရာက မှောင်မဲကာ အဆောက်အဦးများ ကင်းမဲ့နေပြီး ကျောချမ်းစရာ အငွေ့အသက်မျိုး ပေးစွမ်း၏။ ပေါင်းပင်များက နေရာအနှံ့ ပေါက်ရောက်နေလေသည်။ ထိုနေရာက လက်ရည်စမ်းဖို့အတွက် အမှန်တကယ် သင့်တော်လှသည်။

ယွီကျန့်ဟိုင် သယ်ဆောင်လာသည့် ကျောက်စိမ်းဓားမော့က တုန်ခါလာသည်။

ယွီကျန့်ဟိုင်က သူ့တိုက်ခိုက်လိုစိတ် မြင့်တက်လာသည်ကို ခံစားမိလိုက်၏။

သူက နျဲ့ချင်းယွင်နဲ့ တိုက်ခိုက်နေသည့်အတွက် အတော်လေးကို ထုံထိုင်းလာခဲ့ရသည်။ အနှစ်ချုပ်အားဖြင့် ကျန်းဝမ်ရှန်းသည် သူ့အား အန္တရာယ်အငွေ့အသက် ပေးစွမ်းနိုင်သည့်အတွက် စိတ်လှုပ်ရှားစေသည်။

ကျန်းဝမ်ရှန်းက မေးလိုက်သည်။

“ပထမသခင်လေး တကယ်လို့ ကျုပ် ခင်ဗျားကို နိုင်တယ်ဆိုရင် မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်နိုင်မှာလား”

“ငါ့ကို အနိုင်ယူမှာလား။ မင်းအိမ်မက် ဆက်မက်နေလိုက်” ယွီကျန့်ဟိုင်က ရှေ့တိုးလိုက်သော်လည်း ဓားမော့ကို မဆွဲထုတ်သေးပေ။ သူက ကျန်းဝမ်ရှန်းရှေ့မှောက် ချက်ချင်းဆိုသလို ရောက်ရှိလာပြီး လက်ဝါးချက်ဖြင့် ရိုက်ထုတ်လိုက်သည်။

မဟာအမှောင် ကောင်းကင်လက်ဝါး

ရွှေရောင် လက်ဝါးစည်းတံဆိပ်က ကျန်းဝမ်ရှန်းအား ချက်ချင်းဆိုသလို လွင့်စဉ်သွားစေသည်။

ကျန်းဝမ်ရှန်းက ခပ်ယဲ့ယဲ့ ပြုံးကာ ထိုလက်ဝါးချက်ကို ရင်ဆိုင်ဖို့ လက်ဝါးစည်းတံဆိပ် ထုတ်လွှင့်လိုက်သည်။ ခဏအကြာတွင် သူက မတ်မတ်ရပ်ပြီး လက်ဝါးချက်ကို ထုတ်လွှင့်လိုက်သည်။

ဤသို့ဖြင့် ရွှေရောင် လက်ဝါးစည်းတံဆိပ်က ပျောက်ကွယ်သွား၏။

အနီးနားမှ ကြည့်နေသည့် ကျင့်ကြံသူများက အုတ်အော်သောင်းနင်း ဖြစ်နေကြသည်။

“ရွှေ ရွှေ ရွှေရောင် လက်ဝါးစည်းတံဆိပ်လား။ သူက မိစ္ဆာဝေဟင်မျှော်နန်းကပေါ့” ကျင့်ကြံသူတစ်ယောက်က ပြောလေသည်။

“သူ့ပြိုင်ဘက်က ငါတို့ထဲက အနီရောင်ကြာ ကျင့်ကြံသူတစ်ယောက်ပဲ” နောက်ထပ်တစ်ယောက်က ပြောလေသည်။

မိစ္ဆာဝေဟင်မျှော်နန်း၏ နာမည်က အနီရောင်ကြာနယ်မြေအတွင်း ပျံ့နှံ့နေသည်မှာ အရေးမပါပေ။ အရောင်များကို သုံး၍ မိတ်ဆွေ ရန်သူ ခွဲခြားနေသည့်လူများ ရှိနေဆဲ ဖြစ်၏။

သို့သော်လည်း ကောင်းကင်ချား တောင်ကြားတိုက်ပွဲနှင့် ကောင်းကင်သိုင်းပညာခုံရုံးကို အနိုင်ပိုင်းပြီးကတည်းက မည်သူကမှ မိစ္ဆာဝေဟင်မျှော်နန်းကို ရန်မစရဲကြတော့ပေ။

တော်ဝင်နန်းတော်ရှိ ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူ၂ယောက်၏ တိုက်ပွဲက ကျင့်ကြံသူများ၏ လေးစားမှုကို ရယူနိုင်ခဲ့သည်။ အကယ်၍ ထိုပညာရှင်များကသာ သတ်ဖြတ်ပါက သွေးအိုင် ဖြစ်သွားလိမ့်မည်။

လီယွင်ကျန်းက တာ့ထန်ကို ထိန်းချုပ်ပြီးသည့်နောက်တွင် သူ့အပြုအမူက ရွှေကြာနယ်မြေအပေါ် ရန်လိုစိတ်ကို သိသိသာသာ လျှော့ချပေးခဲ့၏။ ရွှေကြာနယ်မြေနှင့် အနီရောင်ကြာနယ်မြေတို့က အတူတကွ အလုပ်တွဲလုပ်ပြီး ရန်သူ မဖြစ်သင့်ကြောင်း ယုံကြည်နေသည့် လူများစွာ ရှိနေသည်။

ထိုစဥ် အစိမ်းဝတ် ဓားသမားက ကျောတွင် ဓားကို သယ်ဆောင်ရင်း လူအုပ်ကြား ရောက်ရှိလာ၏။ သူက စိတ်လှုပ်ရှားမှုကို ဖော်ပြမည့်သူ မဟုတ်ပေ။

သို့သော်လည်း သူ့မျက်နှာအထက် ခပ်ယဲ့ယဲ့ အပြုံးမျိုးကို မြင်နိုင်လေ၏။

ထိုစဥ် သူ့အနားရှိ လူက ရုတ်တရက် လှည့်ကာ မေးလာသည်။

“ခင်ဗျား ဘယ်သူနိုင်မယ်လို့ ထင်လဲ”

“ကျုပ်ကို မေးနေတာလား” ယွီရှန်းရုန်က ပြန်မေးလိုက်သည်။

“ဟုတ်တယ်။ ခင်ဗျားရဲ့ လှုပ်ရှားမှုက အတော်လေးကို သေသပ်တယ်။ အဲဒါဆိုတော့ ခင်ဗျားရဲ့ အကဲဖြတ်မှုကလည်း ဆိုးမှာ မဟုတ်ဘူး”

ယွီရှန်းရုန်က ရှေ့ကို ကြည့်လိုက်ပြီးသည့်နောက်တွင် ခပ်ယဲ့ယဲ့ အပြုံးမျိုးဖြင့် ပြန်ဖြေလိုက်သည်။

“အနီရောင်ကြာ ကျင့်ကြံသူ နိုင်လောက်တယ်။ အဲဒီရွှေကြာ ကျင့်ကြံသူက အတော်လေးကို မောက်မာပြီးတော့ အတော်လေးကို စိတ်ကြီးဝင်နေတယ်။ အဲဒါကြောင့် သူက အရေးနိမ့်သွားနိုင်ချေ ရှိတယ်”

“ညီအစ်ကို မင်းက အမြင်ကောင်း ရှိတာပဲ” ထို့နောက် ကျင့်ကြံသူက လှည့်ကာ အော်ပြောလိုက်သည်။

“လာကြ လာကြ။ လောင်းကြမယ်။ ငါက အနီရောင်ကြာ ကျင့်ကြံသူ နိုင်မဲ့ဘက်က လောင်းမယ်”

ထိုအရာကို ကြားပြီးသည့်နောက်တွင် ကျင့်ကြံသူများစွာက အလောင်းအစား လုပ်လာကြသည်။

ထိုစဥ် လုကျိုးက အဆောက်အဦးပေါ် ရောက်ရှိလာကာ တိုက်ပွဲကို အဝေးမှ ကြည့်နေသည်။

ကျန်းဝမ်ရှန်းက ခြေဖျားထောက်ကာ အဆောက်အဦးဆီ ပျံသန်းလာလိုက်၏။ သူ့ရှေ့တွင် စွမ်းအင်ဓားမော့ ထောင်ချီ ရှိနေလေသည်။

ယွီကျန့်ဟိုင်က လက်ကို ဖြန့်ကာ သူ့လက်ဝါးအထက် ရွှေရောင် စွမ်းအင်ဓားမော့ တစ်ချောင်း ထွက်ပေါ်လာသည်။

တစ်ချောင်းမှ ၂ချောင်း၊ ၂ချောင်းမှ ၄ချောင်း၊ ၄ချောင်းမှ ၈ချောင်း ...

ဝှစ်

စွမ်းအင်ဓားမော့ထောင်ချီ ထွက်ပေါ်လာသည်။

“အမှောင်ကောင်းကင် ကြယ်တာရာ အလင်း”

မဟာအမှောင် ကောင်းကင်အောက်မေ့ရာက ကျန်းဝမ်ရှန်း၏ စွမ်းအင်ဓားမော့များကို ချေမှုန်းပစ်လိုက်သည်။ ထိပ်တိုက်တွေ့ဆုံမှုမှ တွန်းအားသည် ကျန်းဝမ်ရှန်းဆီ ရောက်ရှိသွား၏။

မည်သို့ပင်ဆိုစေကာမူ ကျန်းဝမ်ရှန်းက တည်တည်ငြိမ်ငြိမ် ကျန်ရှိနေ၏။

“ခင်ဗျားက ဓားမော့ကို သုံးလို့ရတယ်။ ရန်သူကို လျှော့တွက်တာက အမှားကြီးပဲ”

“တကယ်လို့ ငါ့ရဲ့ နဂါးသွဲ့ကျောက်ဓားကို သုံးလိုက်ရင် မင်း တားဆီးနိုင်မှာ မဟုတ်လောက်ဘူး” ယွီကျန့်ဟိုင်က လက်ကို ဆန့်ထုတ်ကာ ပြောလိုက်သည်။

စွမ်းအင်ဓားမော့နောက်တွင် လက်ဝါးစည်းတံဆိပ်တစ်ခု ထွက်ပေါ်လာသည်။

ကျန်းဝမ်ရှန်းက နောက်မဆုတ်ဘဲ ရှေ့တိုးလာ၏။

မျက်စိတစ်မှိတ်အတွင်း ၂ဦးသား၏ စွမ်းအင်ဓားမော့များက ထိပ်တိုက်တွေ့ဆုံသွားကြသည်။

စွမ်းအင်ဓားမော့များက အဘက်ဘက်သို့ ထိပ်တိုက်တွေ့ဆုံနေကြပြီး နဂိုပျက်စီးနေသည့် အဆောက်အဦးများက ဓားမော့ရာများ အမှတ်အသားများဖြင့် ပြည့်နှက်သွားသည်။

ထိုစဥ် ကျင့်ကြံသူများက သူတို့အချင်းချင်းကြား မဆွေးနွေးဘဲ မနေနိုင်တော့ပေ။

“အမြင်နဲ့တင် အနီရောင်ကြာ ကျင့်ကြံသူက အရေးနိမ့်နေတာတော့ မဟုတ်ဘူးပဲ။ ဘာပဲဖြစ်ဖြစ် မိစ္ဆာဝေဟင်မျှော်နန်းက ပညာရှင်နဲ့ တိုက်ခိုက်ဖို့က လွယ်မှာတော့ မဟုတ်ဘူး” တစ်ယောက်က ပြောလိုက်သည်။

ယွီရှန်းရုန်က တိုက်ပွဲကို ကြည့်ရင်း ဝင်ပြောလိုက်၏။

“အဲဒါက ရွှေကြာ ကျင့်ကြံသူဘက်က သူ့စွမ်းအားအပြည့် မထုတ်ထားသေးလို့လေ”

“ဟေး ခင်ဗျားက အနီရောင်ကြာ ကျင့်ကြံသူဘက်က နိုင်မယ်လို့ လောင်းတာ မဟုတ်ဘူးလား။ ဘာလို့ တစ်ဖက်လူဘက်က ဝင်ပြောပေးနေတာလဲ”

ယွီရှန်းရုန်၏ အမူအရာက မပြောင်းမလဲ ကျန်ရှိနေကာ ခပ်ယဲ့ယဲ့ ပြုံးလျက် ပြောလိုက်သည်။

“ဘယ်သူနိုင်မည်ဆိုတာ လောင်းတာနဲ့ အမှန်တကယ်နိုင်တာက ကွဲပြားတယ်လေ။ သူတို့က မတူဘူး”

“...”

ဒါက ဘယ်လိုသဘောတရားလဲ ...

ယွီရှန်းရုန် အနီးရှိ လူငယ်လေးက သိချင်စွာဖြင့် မေးလိုက်သည်။

“ညီအစ်ကို ခင်ဗျားက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ရင်းနှီးတယ်လား”

ယွီရှန်းရုန်က ခေါင်းအသာစောင်းကာ ပြောလိုက်သည်။

“နည်းနည်းပေါ့”

“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်ဆယ်ယောက်လုံးက ပညာရှင်တွေလို့ ကြားတယ်။ သူတို့အားလုံးက လေကို ဆင့်ခေါ်ပြီး မိုးကိုတောင် ရွာသွန်းနိုင်တယ်တဲ့။ အဲဒါအမှန်ပဲလား”

ယွီရှန်းရုန်က ခေါင်းညိတ်ကာ

“အဲဒီချီးကျူးမှုတွေက အပိုတွေ ပြောသလို ထင်ရပေမဲ့ အမှန်တွေပဲ”

ဘန်း ဘန်း ဘန်း

ထိုစဥ် စွမ်းအင်ဓားမော့ အရေအတွက်က ၂ဆ ဖြစ်လာသည်။

ကျန်းဝမ်ရှန်း၏ အမူအရာက အလေးအနက် ဖြစ်လာ၏။

တိုက်ပွဲကြားရှိ စီးချက်က လုံးဝပြောင်းလဲသွားပုံပေါ်သည်။

ထိုအရာကို မြင်တွေ့ပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်က တအံ့တသြဖြင့် ပြောလိုက်သည်။

“မြို့တော်မှာ ဒီလိုပညာရှင်မျိုး ဘယ်တုန်းက ရှိသွားတာလဲ။ ဒီလိုစွမ်းအင်ဓားမော့ အရေအတွက်က အနည်းဆုံး ပွင့်ချပ်ကိုးလွှာအဆင့်မှ လုပ်နိုင်တာလေ”

တစ်စုံတစ်ယောက်က ရယ်မောလိုက်သည်။

“မိစ္ဆာဝေဟင်မျှော်နန်းက လူက ချောင်ပိတ်ခံနေရပြီပဲ။ အနီရောင်ကြာ ကျင့်ကြံသူက ဒီလိုစွမ်းအင်ဓားမော့ အရေအတွက် အများကြီးကို အလွယ်တကူ ထုတ်ဖော်နိုင်တယ်ဆိုတော့ သူက အရင်ရက်ပိုင်းက ပွင့်ချပ်ဆယ်လွှာ တက်လှမ်းသွားတဲ့သူပဲ ဖြစ်ရမယ်”

လုကျိုးက ထိုစကားများကို ကြားပြီးသည့်နောက်တွင် မွေးဖွားဇယားချပ် သားရဲ တိကျန်း ထွက်ပေါ်လာသည်ကို အမှတ်ရလိုက်သည်။ တိကျန်းက ကျန်းဝမ်ရှန်းကြောင့် ဆွဲဆောင်ခံလိုက်ရသည်လား။

တစ်ဖက်တွင် ယွီရှန်းရုန်က ကျန်းဝမ်ရှန်းကို ကြည့်နေပြီး ရေရွတ်လိုက်သည်။

“ကံဆိုးတာက သူ့ဆီမှာ ပွင့်ချပ်ဆယ်လွှာ ရှိရင်တောင် နိုင်မှာမဟုတ်ဘူး”

…

အခန်း (၉၂၁) လူငယ်တွေက အတွေ့အကြုံနည်းပါးနေသေးတုန်းပဲ

ထိုစကားများကို ကြားသောအခါ ယွီရှန်းရုန်ဘေးတွင် ရပ်နေသော လူတချို့က ရယ်မောလိုက်၏။

“ညီအစ်ကို မင်းက ပွင့်ချပ်ကိုးလွှာနဲ့ ပွင့်ချပ်ဆယ်လွှာကြား ကွာဟချက်ကို မသိလောက်ဘူး။ ပွင့်ချပ်ဆယ်လွှာက ကိုးလွှာကို ဘယ်လိုလုပ်ရှုံးမှာလဲ။ အဲ့ဒီလူမှာ ပွင့်ချပ်ဆယ်လွှာလည်းရှိပြီး ရှုံးနိမ့်သွားခဲ့မယ်ဆိုရင် ငါ နောက်ပြန်လျှောက်မယ်”

“အဓိပ္ပာယ်မရှိတာ။ အဲ့လိုပြောနေလို့ အကျိုးမထူးဘူး။ ရှင်းရှင်းလင်းလင်း လုပ်ကြရအောင်။ အနီရောင်ကြာ ကျင့်ကြံသူမှာ ပွင့်ချပ်ဆယ်လွှာရှိနေရင် လောင်းကြေးအားလုံး ပယ်ဖျက်မယ်”

“ဒါ အဆင်မပြေဘူးလေ။ နှစ်ဖက်လုံးရဲ့ ခွန်အားအတိအကျကိုမှ အရင်တုန်းက မသိတာ။ မိစ္ဆာဝေဟင်မျှော်နန်းက သိုင်းပညာရှင်မှာလည်း ပွင့်ချပ်ဆယ်လွှာရှိနေရင် ဘယ်လိုလုပ်မလဲ။ ဒီလောင်းကြေးက တကယ်စိတ်လှုပ်ရှားဖို့ကောင်းတယ်”

လူတိုင်းက ခေါင်းညိတ်လိုက်၏။

ယွီရှန်းရုန်သည် သူတို့ကို ပြန်မပြောပေ။ သူသည် တိုက်ပွဲကို တိတ်တိတ်ဆိတ်ဆိတ်ကြည့်နေ၏။ သူ၏အမြင်တွင် ကျန်းဝမ်ရှန်းက သူ၏ ခွန်အားကို ဖုံးကွယ်ထားတာ ကျိန်းသေသည်။ သို့သော် သူသည် ဒဿမမြောက်ပွင့်ချပ် ဖူးပွင့်ကာစဖြစ်သောကြောင့် သူ၏ ခွန်အားအသစ်နှင့် မရင်းနှီးသေးတာ ဖြစ်လောက်သည်။ ယွီကျန့်ဟိုင်သည် နျဲ့ချင်းယွင်ကဲ့သို့ ဝါရင့်နှင့် အချိန်အတော်ကြာ လက်ရည်ချင်းယှဉ်ခဲ့တာ ဖြစ်သည်။ သူ မည်ကဲ့သို့ အလွယ်တကူ ရှုံးနိမ့်နိုင်မည်နည်း။ သို့သော် လက်ရည်ယှဉ်တာက လက်ရည်ယှဉ်တာဖြစ်ပြီး တိုက်ခိုက်တာက တိုက်ခိုက်တာဖြစ်သည်။ စစ်မြေပြင်ပေါ်တွင် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ဦးအဖို့ ပွင့်ချပ်ဆယ်လွှာကို အနိုင်ယူရန်က ကောင်းကင်ကို တက်လှမ်းရသကဲ့သို့ ခက်ခဲလိမ့်မည်။

ကျန်းဝမ်ရှန်း၏ အမူအရာက လေးနက်တည်ကြည်နေလျက် သူ၏ပတ်ဝန်းကျင်ရှိ စွမ်းအင်ဓားမော့တို့က ပိုပြီးထက်လာတော့သည်။

ယွီကျန့်ဟိုင်က ၎င်းကို သတိပြုမိ၏။

ပြိုင်ဘက်နှစ်ယောက်သည် သူတို့၏စွမ်းအင်ဓားမော့များကို သုံးပြီး ဆက်တိုက်သုံးနေလေရာ သူတို့မီတာတစ်ရာ ပတ်ဝန်းကျင်အတွင်းရှိ အဆောက်အအုံများကို ပြိုလဲသွားစေ၏။ သူတို့ စွမ်းအင်ဓားမော့များသည် လေထဲကြာမြင့်စွာ ပိုင်းဖြတ်နေသောကြောင့် အဆောက်အုံများ နောက်ဆုံး၌ ပြိုလဲသွားတာ အံ့ဩစရာမရှိပေ။ ဤနည်းဖြင့် သူတို့၏မြင်ကွင်းများကလည်း ပိုကျယ်လာတော့သည်။

ကျန်းဝမ်ရှန်းသည် ယွီကျန့်ဟိုင်၏ စွမ်းအင်ဓားမော့ကို မည်သို့ ချေဖျက်ရမည်ဆိုတာ စဉ်းစားပြီးနောက်ပြောလိုက်သည်။

“ငါ့ရဲ့ နောက်တစ်ကွက်က ဓားသွားဆွဲပြီး ရေကို ခွဲတယ်လို့ခေါ်တာ။ ပထမသခင်လေးကို ကျေနပ်စေမယ်လို့ မျှော်လင့်မိတယ်”

ကျန်းဝမ်ရှန်းက လက်ကို ကျစ်ကျစ်ဆုပ်လျက် ဖြေချလိုက်သည်။

ပတ်ဝန်းကျင်ရှိ ကနဦးချီက စွမ်းအင်ထဲကူးပြောင်းသွားပြီးနောက် မရေမတွက်နိုင်သော စွမ်းအင်ဓားမော့များသည် ကျန်းဝမ်ရှန်းခေါင်းပေါ်ရှိ ကောင်းကင်ထဲတွင် တွင်းတစ်ခုဖွဲ့တည်လိုက်၏။ အဝေးကနေဆိုလျှင် ယင်းသည် လေပွေတစ်ခုနှင့်တူနေသည်။

ယွီကျန့်ဟိုင်က လက်တစ်ဖက်နောက်ပစ်ထားလျက် ခေါင်းခါကာ ရှေ့တိုးပြီးပြောလိုက်တော့သည်။

“လုံလောက်အောင် မကောင်းသေးဘူး”

ယွီကျန့်ဟိုင်သည် ကျန်းဝမ်ရှန်းရှေ့သို့ ရောက်လာပြီးနောက် သူ၏လက်ထဲရှိ စွမ်းအင်ဓားမော့ကို ဖွဲ့တည်ကာ ကျန်းဝမ်ရှန်းကို စွမ်းအင်ဓားမော့ စုစည်းတာ ပြီးမြောက်ရန် အခွင့်အရေးမပေးခဲ့ပေ။

ဝှစ်

ကျန်းဝမ်ရှန်းက စွမ်းအင်ဓားမော့များကို ထိန်းချုပ်ပြီး စွမ်းအင်ဓားမော့တချို့ကို ယွီကျန့်ဟိုင်ဆီ ပစ်လွှတ်လိုက်သည်။

စွမ်းအင်ဓားမော့ဆယ်ခုက ယွီကျန့်ဟိုင်၏ စွမ်းအင်ဓားမော့များကို ဖယ်ရှားလျက် ကျန်ရှိသည့် စွမ်းအင်ဓားမော့များက သူ့ဆီသို့ ဆက်လက်တိုးဝင်သွားသည်။

“ဟမ်” ယွီကျန့်ဟိုင်က နောက်သို့ ပြန်သွားလေ၏။ စွမ်းအင်ဓားမော့များက အတော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု သူ တွေးမိသွားသည်။

စွမ်းအင်ဓားမော့များသည် ရက်စက်မှုမပျောက်ဘဲ ယွီကျန့်ဟိုင်နောက် ဆက်လက်လိုက်နေ၏။ တစ်ချိန်တည်းတွင် စွမ်းအင်ဓားမော့များ ပိုမိုပေါ်လာတော့သည်။

ထိုအခိုက်အတန့်တွင် ယွီကျန့်ဟိုင်က ရုတ်တရက်ခုန်ဆင်းလိုက်၏။ သူ၏လက်ကို သုံးကာ စွမ်းအင်ဓားမော့များကို ကာရန် မဟာအမှောင်ကောင်းကင်လက်ဝါးကို ဒိုင်းတစ်ခုအနေဖြင့် အသုံးပြုလိုက်၏။

ဘန်း ဘန်း ဘန်း

အံ့ဩစရာကောင်းလာက်အောင်ပင် ကျန်းဝမ်ရှန်းက မရေမတွက်နိုင်သည့် ကနဦးချီများ ပိုင်ဆိုင်ထားပုံရသည်။ သူ၏စွမ်းအင်ဓားမော့များ တစ်ခုပြီးတစ်ခု ပစ်ခွင်းတော့သည်။

ထိုစဉ် တစ်စုံတစ်ယောက်ကပြောလိုက်၏။ “အနိုင်ရသူကို ဆုံးဖြတ်လို့ ရတော့မယ်”

“အကန့်အသတ်မဲ့ ကနဦးချီရှိဖို့ဆိုတာ အနီရောင်ကြာကျင့်ကြံသူက မရိုးရှင်းဘူးပဲ”

ယွီရှန်းရုန်က ပြောနေသည့် ကျင့်ကြံသူနှစ်ယောက်ကို ကြည့်ပြီး ခေါင်းခါကာ ထူးမခြားနား ပြောလိုက်တော့သည်။ “သူ အနိုင်ရဖို့က စောလွန်းနေသေးတယ်။ မိစ္ဆာဝေဟင်မျှော်နန်းက လူက သူရဲ့ခါးက လက်နက်ကိုတောင် မသုံးရသေးဘူး”

လူတိုင်းက လှမ်းကြည့်လိုက်၏။ တကယ်ပဲ ရွှေကြာအသုံးပြုသူသည် သူ၏လက်နက်ကို အသုံးမပြုရသေးပေ။

ထိုအခိုက်အတန့်တွင် မဟာအမှောင်ကောင်းကင်လက်ဝါးဖြိုခွဲခံလိုက်ရသောအခါ နဂါးသွဲ့ကျောက်ဓားမော့က ယွီကျန့်ဟိုင်၏လက်ထဲ ပျံသန်းလာသည်။

ဘီး

ခဏအကြာတွင် ပေဒါဇင်ခန့်ရှည်သည့် စွမ်းအင်ဓားမော့က လည်ပတ်လာပြီး လေထဲ မြောက်တက်လာကာ အကန့်အသတ်မဲ့ စွမ်းအင်ဓားမော့များကို ဖယ်ရှားလိုက်တော့၏။

ဘီး

ကျန်းဝမ်ရှန်းက ရုတ်တရက် ရှေ့တိုးလာလျက် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လိုက်တော့သည်။

စွမ်းအင်ပဲ့တင်သံမှ တဘီးဘီးအသံသည် ကျယ်လောင်လှပေ၏။

ဖုန်း

အနီရောင်ကြာ ပွင့်ချပ်ဆယ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်သည် ယွီကျန့်ဟိုင်ရှေ့သို့ ရောက်ရှိလာပြီးနောက် သူ၏စွမ်းအင်ဓားမော့ကို ပိတ်ဆို့လိုက်သည်။

ကျန်းဝမ်ရှီးက လက်ဝါးနှစ်ဖက်ကို ပူးကပ်လျက် အမြင့်ဆုံးစွမ်းအင်ဓားမော့ကို ထိန်းချုပ်ထားကာ ယွီကျန့်ဟိုင်ဆီပစ်လွှတ်လိုက်သည်။

ယွီကျန့်ဟိုင်သည် လက်တစ်ဖက်ဖြင့် ပိတ်ဆို့လိုက်တော့သည်။

ဘီး

ရွှေရောင်ပွင့်ချပ်ကိုးလွှာစိတ်ဝိညာဉ်သဏ္ဌာန်က လေထဲတွင်ပေါ်လာ၏။ ပြိုင်ဘက်နှစ်ယောက်သည် မတိုးသာ မဆုတ်သာသည့်အခြေအနေတွင် ဖြစ်နေ၏။

ပေနှစ်ရာစိတ်ဝိညာဉ်သဏ္ဌာန်သည် ပေတစ်ရာ့ငါးဆယ်စိတ်ဝိညာဉ်သဏ္ဌာန်နှင့် တိုက်မိသွားသည်။

ကျန်းဝမ်ရှန်း၏ မရေမတွက်နိုင်သည့် စွမ်းအင်ဓားမော့များက နဂါးသွဲ့ကျောက်ဓားမော့လှုပ်ရှားနိုင်သည့် အကျယ်အဝန်းကို ကန့်သတ်ထားစဉ် သူက လက်ထဲရှိစွမ်းအင်ဓားမော့ဖြင့် ယွီကျန့်ဟိုင်ကို ထိန်းချုပ်ရန်ကြိုးစားနေ၏။

ဤနည်းဖြင့် ကျန်းဝမ်ရှန်းက အသာစီးရနေသည်။ သူက အပြုံးတစ်ပွင့်ဖြင့် မေးလိုက်တော့၏။ “ပထမသခင်လေး ခင်ဗျား အံ့ဩသွားလား”

“ငါက အံ့ဩပုံပေါ်နေလို့လား” ယွီကျန့်ဟိုင်သည် တည်ငြိမ်သောအမူအရာဖြင့် တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။ တကယ်ပဲ သူ အံ့ဩသွားခြင်းမရှိပေ။

ကျန်းဝမ်ရှန်း၏ အပြုံးက ပျောက်ကွယ်သွားပြီး သူ၏လက်ထဲရှိ စွမ်းအင်ဓားသွားစွမ်းအားကို တိုးမြှင့်လိုက်သည်။ နေရောင်အောက်တွင် သွေးနှင့်တူသည့် တလက်လက် တောက်ပနေသည့် အနီရောင်အလင်းဖြင့် စွမ်းအင်ဓားမော့က ထွန်းလင်းလာသည်။

ယွီကျန့်ဟိုင်က နောက်သို့ အတွန်းခံလိုက်ရပြီး သူ၏ခြေထောက်နှစ်ခုက မြေပြင်ပေါ်၌ စွပ်ကြောင်းနှစ်ခု ဆွဲသွားတော့သည်။ ယင်းကို မြင်သောအခါ လူတိုင်းက တအံ့တဩအော်လိုက်သည်။

စွမ်းအင်ဓားမော့များသည် ရပ်တန့်မည့်လက္ခဏာမပြဘဲ ဆက်လက်ကျဆင်းနေ၏။ ကျန်းဝမ်ရှန်းက ယင်းကို မည်သို့ထိန်းထားလဲဆိုတာ လူတိုင်း အံ့ဩနေသည်။ ဓားသွားရေးဆွဲခြင်းနှင့် ရေးထွင်းခြင်းက ရန်သူ၏လှုပ်ရှားမှုကို ကန့်သတ်ရန် အဆုံးမရှိစွမ်းအင်ဓားမော့များ အသုံးပြုတာဖြစ်ပြီး ရန်သူကို တိုက်ခိုက်ရန် အခွင့်အရေးနည်းပါးစေကာ ရန်သူ၏တိုက်ခိုက်မှုစည်းချက်ကို နှောင့်ယှက်ပေး၏။

လုကျိုးက ခေါင်းညိတ်ပြီး အနည်းငယ်အထင်ကြီးသွားတော့သည်။

“ယွီကျန့်ဟိုင်ကို နောက်ဆုတ်သွားအောင် ဖိအားပေးနိုင်တယ်ဆိုတော့ ကျန်းဝမ်ရှန်းက တကယ်နည်းနည်း အရည်အချင်းရှိသားပဲ။ သူ့ရဲ့စွမ်းအင်ဓားမော့တွေက ပိုပြီးသန့်စင်ခဲ့မယ်ဆိုရင် သူ့ရဲ့ခွန်အားက ယွီကျန့်ဟိုင်နဲ့ ယှဉ်နိုင်လောက်တယ်”

ထိုစကားများ ရေရွတ်ပြောပြီးနောက် တစ်စုံတစ်ခုမှားယွင်းနေသည်ဟု လုကျိုး သဘောပေါက်သွားသည်။ သူ၏တပည့်ကို ပိုပြီးစိတ်ပူသင့်၏။

ထိုစဉ် ယွီကျန့်ဟိုင်သည် မီတာတစ်ရာနီးပါး နောက်ဆုတ်သွားပြီဖြစ်၏။ သူ့နောက်ရှိ ကျောက်တုံးက သူ၏ကာကွယ်ရေးစွမ်းအင်ကြောင့်လည်သွားသည်။

ပြိုင်ဘက်နှစ်ယောက်သည် နားလည်သဘောပေါက်နေပုံပေါ်ပြီး တိုက်ပွဲမှ ထိခိုက်မှုကို ကန့်သတ်ထားရန် မည်သည့်အပျက်အစီးနေရာမှ မထွက်သွားခဲ့ပေ။

ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူများဖြစ်သည့် ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်၏ တိုက်ပွဲသည် တိမ်တိုက်တောက်ပခြင်းတောင်ထွတ်ပေါ်၌ ၁၅ကီလိုမီတာအတွင်း တောအုပ်ကို ဖျက်ဆီးရန်လုံလောက်သည်။ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူနှင့် ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက်၏ တိုက်ပွဲအတွက် မြို့တစ်မြို့ဖျက်ဆီးနိုင်သည် ဆိုတာက သာမန်မဟုတ်တာ မဟုတ်ပေ။

ထိုအကြောင်းအရင်းကြောင့် ပြိုင်ဘက်နှစ်ယောက်လုံးသည် တစ်နေရာထဲတွင်သာ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေတာဖြစ်၏။

ကျန်းဝမ်ရှန်း၏ ခွန်အားကုန်ခန်းသွားသည့်အချိန်တွင် ယွီကျန့်ဟိုင်က မြေပြင်တွင် ဆောင့်နင်းလျက် သူ၏ခြေထောက်ကို ဟန်ချက်ထိန်းလိုက်သည်။ ပြီးနောက် မဟာအမှောင်ကောင်းကင်အောက်မေ့ရာကို ထုတ်သုံးလိုက်လေ၏။

ဘန်း

ကျန်းဝမ်ရှန်းကလည်း မယုံနိုင်သည့် အမူအရာဖြင့် နောက်သို့လွင့်ထွက်သွားသည်။

ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက်က ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ကြောင့် နောက်ကို လွင့်ထွက်သွားတယ်တဲ့လား။ ဒါကို ဘယ်သူကယုံမှာလဲ။

ထိုမြင်ကွင်းကို မြင်သောအခါ ကြည့်နေသည့်သူများက တညီတညွတ်တည်းထုတ်ဖော်ပြောတော့သည်။ ကျန်းဝမ်ရှန်းက လေထဲခုန်တက်သွားပြီး ခြေကုပ်ရယူမှုကို ထိန်းလိုက်၏။ သူက လက်ကိုတွန်းထုတ်ကာ စွမ်းအင်ဓားမော့များကို ထုတ်ဖော်လိုက်ပြန်၏။ ပြီးနောက်သူသည် လက်ထဲရှိ စွမ်းအင်ဓားမော့ဖြင့် ပိုင်းဖြတ်လိုက်သည်။

ယွီကျန့်ဟိုင်က ပြုံးလိုက်၏။ “ရေနဂါးတေးသံ”

ယွီကျန့်ဟိုင်သည် နဂါးသွဲ့ကျောက်ဓားမော့ကို ဆွဲထုတ်လိုက်စဉ် သူ၏စွမ်းအင်ဓားမော့များသည် ရေနဂါးအဖြစ် ကူးပြောင်းသွားသည်။ ရွှေရောင်ရေနဂါးက ကောင်းကင်ထဲရှိ စွမ်းအင်ဓားမော့များဆီ တိုးဝင်သွားတော့သည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

ယွီကျန့်ဟိုင်သည် ကျန်းဝမ်ရှန်းကို ရေနဂါးတေးသံဖြင့် နောက်သို့လွင့်ထွက်သွားအောင် လုပ်လိုက်၏။

တစ်ချိန်တည်းတွင် ပြိုင်ဘက်ကင်းအဆင့် နဂါးသွဲ့ကျောက်ဓားမော့ကလည်း ပေါ်ထွက်လာပြီး ကျန်းဝမ်ရှန်းကို နောက်ရောက်သွားအောင် တွန်းပို့လိုက်သည်။

ကျန်းဝမ်ရှန်း၏ စွမ်းအင်ဓားမော့ကျိုးပဲ့သွားချိန်တွင် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ချက်ချင်း ဖွဲ့တည်လိုက်၏။ ထိုအကွက်သည် ကျူးထျန်းယွင်က မဟာမယ်ခုနစ်ဖော်ကို တိုက်ခိုက်စဉ် သုံးသည်နှင့်တူ၏။ သူသည် ယွီကျန့်ဟိုင်၏ ရေနဂါးတေးသံကို ပိတ်ဆို့ရန် ပွင့်ချပ်ဆယ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို အသုံးပြုခဲ့သည်။

ထိုမြင်ကွင်းကို တွေ့သောအခါ လူတိုင်းခေါင်းခါလိုက်ကြသည်။

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက်က ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက် ရိုက်တာ ခံရတယ်လား။ သူ့မှာ ပွင့်ချပ်တစ်လွှာပိုရှိနေလို့ တော်သေးတယ်။ ပွင့်ချပ်အရေအတွက်သာ တူမယ်ဆိုရင် အနီရောင်ကြာကျင့်ကြံသူက ရှုံးမှာမလား”

“အဲဒါက ပြိုင်ဘက်ကင်းအဆင့်ဓားမော့” လူတိုင်း မော့ကြည့်လိုက်လေ၏။

ယွီကျန့်ဟိုင်သည် သူ၏မဟာနည်းစနစ်ကို ထုတ်သုံးပြီးနောက် လေထဲလှစ်ခနဲပေါ်လာသည်။ လက်နှစ်ဖက်ဖြင့် နဂါးသွဲ့ကျောက်ဓားမော့ကို ကိုင်ဆောင်ကာ လွှဲချလိုက်၏။

ကျန်းဝမ်ရှန်းသည် ပြိုင်ဘက်ကင်းအဆင့်လက်နက်မှ တိုက်ကွက်ကို ပိတ်ဆို့ရန် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို မည်ကဲ့သို့ အသုံးပြုရမည်နည်း။ သူက ရေနဂါးတေးသံကို ဖယ်ရှားပြီးနောက် စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် အမြန်နောက်ဆုတ်လိုက်သည်။

ဖုန်း

ယွီကျန့်ဟိုင်၏ ဓားမော့သည် တောင်တန်းများနှင့် မြစ်များကို ဖျက်ဆီးနိုင်စွမ်း ရှိပုံပေါ်သည်။ မီတာထောင်ချီရှည်သည့် စွမ်းအင်ဓားမော့က အပျက်အစီးနယ်မြေတစ်ခုလုံးနီးပါး ပြန့်နှံ့သွားနိုင်သည်။ ရှည်လျားကျဉ်းမြောင်းသည့် အမှတ်အသားတစ်ခုကို ချန်ရစ်ခဲ့သည်။ ယင်းက အံ့ဩပြီး ကြောက်လန့်ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခုဖြစ်၏။

ထိုစဉ် ပြိုင်ဘက်နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် အဝေးကနေကြည့်နေ၏။

ကျန်းဝမ်ရှန်းက သူ၏ပြိုင်ဘက်ကို အထင်မသေးရဲတော့ချေ။ သူက ပြောလိုက်သည်။

"ပထမသခင်လေးက ဂုဏ်သတင်းနဲ့ညီပါပေတယ်။ ကျုပ်ရဲ့ပြိုင်ဘက်ကို လျှော့တွက်ခဲ့မိတာ ဝန်ခံတယ်”

ယွီကျန့်ဟိုင်က နဂါးသွဲ့ကျောက်ဓားမော့ကို ဆုပ်ကိုင်လျက် သူက ဖာသိဖာသာ ပြောလိုက်သည်။ အစပဲ ရှိသေးတာ။

ဘန်း

ထိုစဉ်လေထဲ၌ မိုးခြိမ်းသံပေါ်ပေါက်လာပြီး မိုးက စတင်ရွာသွန်းကျလာကာ အပျက်အစီးနယ်မြေဆီ ဆန်းကြယ်သော ထိတွေ့မှုတစ်ခု ထပ်ပေါင်းထည့်ပေးလိုက်၏။

ပြောရန်မလို မိုးသည် ကျင့်ကြံသူများကို မထိနိုင်ပေ။ မိုးစက်များကို သူတို့၏ ကာကွယ်ရေးစွမ်းအင်များက လျင်မြန်စွာ ငွေ့ရည်ပျံသွားစေ၏။ သူတို့တိုက်ပွဲအတွင်း မဟုတ်သောကြောင့် စွမ်းအင်အနည်းငယ်ဖြင့် မိုးတားရန် ကာကွယ်ရေးစွမ်းအင်ကို ထိန်းထားနိုင်၏။

သို့သော်ငြား တိုက်ပွဲဝင်နေကြသည့် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်အတွက်မူ အနည်းငယ်ဝန်များသည်။ သူတို့က သာမန်ကျင့်ကြံများဖြစ်လျှင် ထိုဖိအားအနည်းအကျဉ်းက ကုလားအုတ်၏ကျောကို ကျိုးသွားစေနိုင်သည့် ကောက်ရိုးဖြစ်နိုင်သည်။ ကံကောင်းသည်မှာ တိုက်ပွဲက စတင်တာကြာပြီဖြစ်ပြီး သူတို့၌ စွမ်းအင်အပိုကျန်နေသေး၏။ ထို့ကြောင့် မိုးကို ဟန့်တားဖို့က လွယ်ကူသည်။

ထိုစဉ် ကျန်းဝမ်ရှန်းက ပြောလိုက်သည်။

“ဒါဆို ဆက်လိုက်ရအောင်”

ကျန်းဝမ်ရှန်းက သူ၏ အနီရောင်ကြာ ပေနှစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လိုက်သည်။ စိတ်ဝိညာဉ်သဏ္ဌာန်က လေထဲပျံသန်းသည်နှင့် စိတ်ဝိညာဉ်သဏ္ဌာန်၏ခေါင်းကို ပစ်ခွဲရန် ယွီကျန့်ဟိုင်ကို တိုက်ခိုက်တော့သည်။

ကျင့်ကြံခြင်းအခြေခံကွာဟချက်ကို သုံးပြီး ရန်သူကို ဖိနှိပ်တာလား။

ယွီကျန့်ဟိုင်နှင့် နျဲ့ချင်းယွင်တို့သည် ကြိမ်ဖန်များစွာ လက်ရည်ယှဉ်ခဲ့ဖူးသည်။

နျဲ့ချင်းယွင်သည် အခြေအနေကို ပြောင်းပြန်လှန်ရန် ဤနည်းကို မကြာခဏသုံးလေ့ရှိသည်။ သူ၏ ပွင့်ချပ်ကိုးလွှာစိတ်ဝိညာဉ်သဏ္ဌာန်သည် ကျန်းဝမ်ရှန်း၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို တိုက်ရိုက်တိုက်ပွဲ၌ ယှဉ်နိုင်မှာ မဟုတ်မှန်း သူသိသည်။ ထို့ကြောင့် သူ၏ပြိုင်ဘက်ကင်းအဆင့် နဂါးသွဲ့ကျောက်ဓားမော့ကိုသာ အားကိုးနိုင်သည်။ သူ၏ဓားမော့အရည်အချင်းနှင့် အတွေ့အကြုံတို့ကို သုံးပြီး သူနှင့်ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူကြား ကွာဟချက်ကို ဖြည့်နေသည်။

လူတိုင်းက လက်ဝါးတီးလိုက်၏။ “အံ့ဩစရာပဲ။ အစောတည်းက သူတို့ ဒါမျိုးလုပ်ခဲ့သင့်တာ”

အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်သည် ဆက်လက်ပျံသန်းနေစဉ် ယွီကျန့်ဟိုင်က လက်နှစ်ဖက်ဖြင့် နဂါးသွဲ့ကျောက် ဓားမော့ကိုကိုင်ဆောင်ထားသည်။ ကနဦးချီက စွမ်းအင်ဗဟိုချက် ချီပင်လယ်ထဲမှ စိမ့်ထွက်လာပြီး ပတ်ဝန်းကျင်သို့ ပြန့်သွားလေ၏။

ကျယ်လောင်သည့် ဟိန်းသံတစ်သံက လေထဲပေါ်ထွက်လာသည်။

ရွှေရောင်ရေနဂါးက ပေါ်ထွက်လာ၏။ ယခင်ကနှင့်မတူဘဲ ၎င်းသည် အဆပေါင်းများစွာ ပိုသန်မာလာသည်။

ဖုန်း

“ရေလား”

ကျန်းဝမ်ရှန်း၏ စိတ်ဝိညာဉ်သဏ္ဌာန်သည် ရေနဂါးနှင့် တိုက်မိသွားသည်။

ထိုစဉ်က လုကျိုးသည် ဤအကွက်ကို သုံးစဉ်၌ သူသည် ရေနဂါးတေးသံ၏ စွမ်းအားကို သရုပ်ပြရန် တိမ်တိုက်စင်မြင့်ပေါ်ရှိ ကန်ရေကို အသုံးပြုခဲ့သည်။ မိုးက ယွီကျန့်ဟိုင်ကို အသာစီးရစေလိမ့်မည်ဟု မထင်ထားပေ။

ပတ်ဝန်းကျင်၌ ရေစက်များသည် ရေနဂါးဟိန်းသံထဲစုဝေးလျက် ကျန်းဝမ်ရှန်း၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆက်လက်ဝါးမြိုရန် ကြိုးစားနေတော့သည်။

ထိုစဉ် ကျန်းဝမ်ရှန်း၏ မျက်လုံးတို့က ပြူးကျယ်သွားကာ အော်ပြောလိုက်၏။ "လာနေပြီ”

ကျန်းဝမ်ရှန်းက သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို အမြန်ရုတ်သိမ်းကာ ရေယာဉ်အတိုင်း ရွေ့လျားတတ်သည့် ဂုဏ်သတ္တိကို သုံးလျက် ရှေ့သို့ခုန်ဆင်းလိုက်သည်။ သူသည် ရေနဂါး၏အောက်ပိုင်းကို ဖြတ်တိုက်သွားပြီးနောက် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို အမြန်ဖွဲ့တည်လိုက်သည်။

ရေနဂါးက ဖိချလိုက်တော့သည်။

ဖုန်း

ရေနဂါးက အနီရောင်ကြာစိတ်ဝိညာဉ်သဏ္ဌာန်၏ ကျောပေါ်ခုန်ဆင်းလိုက်သည်။

ခဏအကြာတွင် ကျန်းဝမ်ရှန်းက ညီးတွားလျက် နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။ သူက မရပ်တန့်ဘဲ သူ့လက်ထဲရှိ စွမ်းအင်ဓားတို့ကို တိုက်ရိုက်ဆောင်ယူလာ၏။

လူတစ်ယောက်က ထုတ်ဖော်ပြောလိုက်သည်။ "ဒဏ်ရာရအောင်လုပ်ဖို့ သူ့ကိုယ်သူ ထိခိုက်စေခဲ့တယ်”

စွမ်းအင်ဓားမော့ကို ပြင်းထန်စွာဖိချလိုက်သည်နှင့် ယွီကျန့်ဟိုင်က ရွေးချယ်စရာမရှိတော့ဘဲ မဟာအမှောင်ကောင်းကင်လက်ဝါးကို သုံးရန် ကျန်ရှိသည့် ကနဦးချီကို သုံးလိုက်ရသည်။

ဘန်း

စွမ်းအင်ဓားသွားများ ပျောက်ကွယ်သွားသည်နှင့် ပြားဝပ်သွားသော အဆောက်အအုံများကို မြင်ရလေသည်။

ယွီကျန့်ဟိုင်က နောက်သို့လန်သွားသည်။ သူက ညီးတွားကာ နှုတ်ခမ်းထောင့်မှ သွေးစီးကျလာသည်။ ဤအကွက်သည် အသာစီးမရခဲ့ပေ။

မိုးကဆက်လက်ရွာသွန်းနေပြီး ကောင်းကင်မှ မိုးခြိမ်းသံဆက်လက်ပေါ်ထွက်လာသည်။ ရေက မြေပြင်ကို ထိသွားစဉ် စစ်သည်ထောင်သောင်းချီမြင်းတပ်တို့သည် မြင်းထောင်ချီက စစ်မြေပြင်ပေါ် ချီတက်နေသံနှင့်တူသည်။

ကျန်းဝမ်ရှန်းက ပြုံးပြီးပြောလိုက်တော့၏။ “ပထမသခင်လေး မင်း ဒဏ်ရာရသွားပြီ”

“မင်းက မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ဟုတ်တယ်မလား” ယွီကျန့်ဟိုင်က ပြောလိုက်၏။

“ပထမသခင်လေး အတွေးလွန်နေပါပြီ။ ကျုပ် ခွန်အားကို သက်သေပြချင်ရုံပဲ”

ကျန်းဝမ်ရှန်းက လေထဲခုန်တက်လိုက်ပြီး သူ့ကိုယ်ပေါ်ကျလာသည့် မိုးရေစက်ကို ရေငွေ့ပျံသွားစေသည်။

ဘီး

ကျန်းဝမ်ရှန်းက သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ထပ်မံဖွဲ့တည်လိုက်၏။ ယွီကျန့်ဟိုင်၏ အမူအရာက လေးနက်တည်ကြည်သွားသည်။ သူက မြေပြင်ပေါ်နဂါးသွဲ့ကျောက်ဓားမော့ကို ထိုးစိုက်ပြီးနောက် လက်ဝါးကို ပူးကပ်လိုက်သည်။

ထိုမြင်ကွင်းကို တွေ့သောအခါ လုကျိုးက ခေါင်းခါလျက် အဝေးသို့သွားသည့် ကျန်းဝမ်ရှန်းကို ကြည့်ပြီး ထူးမခြားနားပြောလိုက်တော့သည်။ “လူငယ်တွေက အတွေ့အကြုံနည်းပါးနေသေးတယ်”

All Chapters