အခန်း (၉၂၈-၉၃၀)
Vol. 62 Ch. 928-930
အခန်း (၉၂၈) တိုက်ပွဲ
လုကျိုးက တောအုပ်အတွင်း ပျံသန်းလာစဥ် မွေးဖွားဇယားချပ် သားရဲကို မည်သည့်အရာက ဆွဲဆောင်နေတာလဲဟု စဥ်းစားမိလာသည်။ သိပ်မကြာခင် သူက တောင်နယ်နိမိတ် ဝန်းကျင်အထက် ရောက်ရှိလာပြီး ငုံ့ကြည့်လိုက်သည်။
အုန်း အုန်း အုန်း
ပေါက်ကွဲသံများနှင့် ငလျင်လှုပ်ခတ်သံများက တောင်တစ်ဘက်ခြမ်းမှ ထွက်ပေါ်လာ၏။
လုကျိုးက အသံလားရာဆီ ပျံသန်းကြည့်လိုက်ပြီး အရှေ့တောအုပ်တောင်၏ အနောက်ဘက်ခြမ်းသို့ ရောက်ရှိသွားသည်။ သူ ငုံ့ကြည့်လိုက်သည့်အခါ ကျင့်ကြံသူအုပ်စုက သားရဲကြီး ၃ကောင်နှင့် တိုက်ခိုက်နေသည်ကို မြင်လိုက်ရ၏။
သားရဲကြီး ၂ကောင်က တူညီသည့် သွင်ပြင်မျိုး ရှိပြီး သူတို့က မီတာဒါဇင်ချီ ရှည်လျားကာ အစွယ်ကြီးကြီး ရှိသည့် တောဝက်ရိုင်းနှင့် တူသည်။
တစ်ဖက်တွင်မူ တတိယသားရဲက နွားရိုင်းတစ်ကောင်နှင့် တူ၏။ ထိုအရာက ခြေလေးချောင်းနှင့် မြေပေါ်ဆောင့်ကာ တောင်နှင့် မြေကို လှုပ်ခါသွားစေသည်။
“မွေးဖွားဇယားချပ် သားရဲ ၃ကောင်လား” ထိုအရာက လုကျိုး၏ မှန်းဆချက်ထက် ကျော်လွန်နေလေသည်။ စီးဝူယာ့ပင် ထိုအရာကို ထင်ထားမည် မဟုတ်ပေ။ ဆိုလိုသည်မှာ ဤနေရာရှိ တစ်စုံတစ်ယောက်က ပွင့်ချပ်ဆယ်လွှာ ထွက်ဖို့ ကြိုးစားနေသည်ဟု အဓိပ္ပာယ်ရ၏။
ကမ္ဘာပေါ်တွင် ထူးဆန်းသည့် အရာ မရှိပေ။ အရာအားလုံးက ဖြစ်ပျက်သွားနိုင်၏။
ကျင့်ကြံသူများစွာက မွေးဖွားဇယားချပ် သားရဲ ၃ကောင်ကို ဝိုင်းထားလျက် စွမ်းအင်ဓားများ စွမ်းအင်ဓားမော့များဖြင့် တိုက်ခိုက်နေသည်။ သူတို့၏ အမူအရာက အနည်းငယ် မလိုလားဟန် ဖြစ်နေလေ၏။
“သွားပြီ။ ဒီမွေးဖွားဇယားချပ် သားရဲတွေက ရုတ်တရက် ဘယ်ကနေ ပေါ်လာတာလဲ” ရှေ့ဆုံးတွင် ရှိနေသည့် လူအိုကြီးက မြေပြင်ပေါ် သောင်းကြမ်းနေသည့် သားရဲ ၃ကောင်ကို မယုံကြည်နိုင်စွာ ကြည့်ပြီး ပြောလိုက်သည်။
“ကျုပ်လည်း မသိဘူး။ နောက်ဆုတ်ရမလား”
“မဟုတ်ဘူး။ ထောင်ချောက်ဆင်ဖို့က လွယ်တာ မဟုတ်ဘူး။ ငါတို့တွေ မွေးဖွားဇယားချပ် သားရဲတစ်ကောင်ကိုတော့ အရယူရမယ်။ ဒါက သက်တမ်းနှစ် ၂၀၀၀လောက်ရှိတာ။ ငါတို့တွေ ကြာကြာစောင့်လို့ မဖြစ်ဘူး” လူအိုကြီးက ပြောလိုက်၏။
ဘန်း
ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူက အချိန်မီ မရှောင်နိုင်လိုက်သည့်အတွက် တောဝက်ရိုင်းနှင့်တူသည့် သားရဲကြောင့် လွင့်ထွက်သွားသည်။ သူက သွေးတစ်ပွက် အန်လိုက်ရပြီးသည့်နောက်တွင် မြေပြင်ပေါ် ပြုတ်ကျလာ၏။
ထိုစဥ် တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။
“နောက်ဆုတ်ကြ”
မျက်စိတစ်မှိတ်အတွင်း ဒဏ်ရာရ ကျင့်ကြံသူများကို သယ်ဆောင်ရင်း ကျင့်ကြံသူရာချီက စတင်နောက်ဆုတ်ကြသည်။
အသက်ကြီးသည့် ကျင့်ကြံသူက မွေးဖွားဇယားချပ် သားရဲ ၃ကောင် ရှေ့တိုးလာသည်ကိုသာ စိုက်ကြည့်နေလေသည်။ သားရဲ၏ အမြင်တွင် သူတို့က အရသာအရှိဆုံး အစားအစာများဖြစ်နေ၏။
“အဖွဲ့ ၁ ၊ အဖွဲ့ ၂ အဲဒီရှန်ကောင်း ၂ကောင်ကို ထိန်းထား။ ကျန်တဲ့သူတွေက ရှီချူးကို သတ်ကြ”
“အစီအရင်က သေးလွန်းတယ်။ သားရဲတစ်ကောင်ကိုပဲ ထိန်းထားနိုင်မှာ။ ကျွန်တော်တို့တွေ မသတ်နိုင်ဘူး။ ဂိုဏ်းချုပ် လက်လျှော့လိုက်ပါ့လား” တစ်ယောက်က အကြံပြုလိုက်၏။
“ပါးစပ်ပိတ်ထား။ အစီအစဥ်တိုင်းလုပ်” လူအိုကြီးက ပြောလိုက်သည်။
အဖွဲ့ ၂ဖွဲ့က ရှန်ကောင်းဆီ ပျံသန်းသွားလေ၏။ သူတို့က ဘယ်နှင့်ညာမှ ဝင်ကာ သားရဲကို အာရုံများအောင် လုပ်ဖို့ ကြံစည်ထားကြသည်။
ထိုစဥ် မြေပြင်ပေါ်တွင် ရှိနေသည့် ရှီချူးက တစ်ခြားအရာကို အာရုံရှိဟန်မပေါ်ပေ။ ထိုအရာက လူအိုကြီးဆီ ကြမ်းတမ်းခက်ထန်သည့် အသွင်ဖြင့် ပြေးဝင်လာသည်။
ဘန်း ဘန်း ဘန်း
စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခု ပေါ်ထွက်လာ၏။
တစ်ချိန်တည်းဆိုသလို ပါကွားစည်းတံဆိပ်တစ်ခုက ရှီချူး၏ အစွယ်ကို အောင်အောင်မြင်မြင် တားဆီးနိုင်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုအရာ၏ ခွန်အားက ကြီးမားလွန်းသည့်အတွက် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူဆီ ဆက်တိုက် ပြေးဝင်လာလေ၏။
ဝုန်း ဝုန်း ဝုန်း
ရှီချူးက မြေပြင်ပေါ် ဆောင့်နင်းလိုက်သည့်အတွက် တောအုပ်ထဲရှိ ငှက်များကပင် အလန့်တကြားဖြင့် ထပျံကုန်ကြသည်။ တောင်ပေါ်မှ ကျောက်တုံးများကလည်း လှိမ့်ဆင်းလာ၏။
လူအိုကြီးက အော်လိုက်သည်။
ဘန်း
ပါကွားစည်းတံဆိပ်က ရှီချူးကို ထပ်မံ တားဆီးလိုက်ပြန်သည်။
လူအိုကြီးက လေထဲ ကျွမ်းထိုးကာ ရှီချူးကို တားဆီးလိုက်၏။ သူက လက်ကို ဖြန့်ကာ လေထဲတွင် စွမ်းအင်ဓားကို ဖန်တီးပြီး ရှီချူး၏ နဖူးဆီ ပစ်လွှတ်လိုက်သည်။
ဘန်း ဘန်း ဘန်း
ရှီချူးက ထူးထူးဆန်းဆန်း ကလေးလို အသံမျိုးဖြင့် အော်လာသည်။ ထိုအရာက ခြေဆောင့်ပြီး နဂါးဂိတ်ကို ဖြတ်ကျော်မည့် ငါးတစ်ကောင်အလား ခုန်အုပ်လာသည်။
လူအိုကြီးက အတွေ့အကြုံ ကြွယ်ဝမှန်း သိသာလှသည်။ သူက ချက်ချင်းဆိုသလို မဟာနည်းစနစ်တစ်ခု ထုတ်သုံးပြီး ရှီချူး၏ အနောက်ဘက်သို့ ရောက်ရှိသွားသည်။
“အနေအထားကို ထိန်းထားကြ။ ပျာယာမခတ်နဲ့။ သူ့ကို ဝင်္ကပါထဲ မျှားခေါ်လိုက်မယ်”
...
ထိုစဥ် လုကျိုးက အဖြစ်အပျက်ကို အခြေခံအားဖြင့် နားလည်သွားလေသည်။
တောဝက်ရိုင်းနှင့်တူသည့် သားရဲ ၂ကောင်ကို ရှန်ကောင်းဟု ခေါ်ပြီး နွားရိုင်းနှင့်တူသည့် သားရဲကိုမူ ရှီချူးဟု ခေါ်ပေသည်။
လုကျိုးက ထိုသူတို့သည် မည်သည့်ဂိုဏ်းမှ ဖြစ်မည်မှန်းမ သိသော်လည်း သူတို့သည် ဤနေရာတွင် ရုတ်တရက် ပေါ်ထွက်လာသည်က တိုက်ဆိုင်မှုသာ ဖြစ်သင့်သည်။ အနက်ရောင်ကြာနယ်မြေမှ လူများသည် ဘယ်နေရာ ရောက်နေတာလဲဟု စဥ်းစားမိသွား၏။ စီးဝူယာ့၏ အစီအစဥ်အရ သူတို့သည် အစီအရင်မှ အာရုံခံမှုကို ရှောင်ရှားနိုင်သည်။ သို့သော်လည်း အကယ်၍ ဤဂိုဏ်းမှ လူများက မသိရှိပါက ကပ်ဘေး ဖြစ်သွားနိုင်သည် မဟုတ်ပါလော။
ဘန်း
ထိုစဥ် ရှန်ကောင်းက ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူ၏ ရင်ဘတ်ကို အစွယ်ဖြင့် ထိုးခွင်းလိုက်သည်။ ထိုအရာ၏ မျက်နှာက ခက်ထန်လွန်းလှပြီး ထိုအမျိုးသားကို တစ်ခါတည်း ချေမွကာ ဝါးမျိုသွား၏။
ထိုအရာကို မြင်တွေ့ပြီးသည့်နောက်တွင် လုကျိုးက ခေါင်းအသာယမ်းလိုက်သော်လည်း သူ့စိတ်ထဲတွင် သနားစိတ်မရှိပေ။ ကျင့်ကြံရေးလောကက တောအုပ်စည်းမျဉ်းအတိုင်းဖြစ်၏။ ကြီးနိုင်ငယ်ညင်း သဘောတရားကို ဖော်ဆောင်ကြသည်။ အားအကောင်းဆုံးသူကသာ လုပ်ပိုင်ခွင့် ရှိလေ၏။
ရှန်ကောင်း၏ အမြင်တွင် ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူက အနည်းငယ် အားကောင်းသည့် ပုရွက်ဆိတ်မျှသာ ဖြစ်နေလိမ့်မည်။ အကယ်၍ ပုရွက်ဆိတ်တစ်ကောင်က လူသားကို ကိုက်ဖို့ ကြိုးစားပါက လူသားသည် ချေမွပစ်လိမ့်မည်။
ဝုန်း ဝုန်း ဝုန်း
မြေကြီးက ဆက်လက်တုန်ခါလာသည်။
လုကျိုးက တိုက်ခိုက်ဖို့ မရွေးချယ်ဘဲ အနက်ရောင်ကြာ ကျင့်ကြံသူများ ပေါ်ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းလိုက်၏။
လက်တွေ့တွင် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူနှင့် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတို့အတွက် အခြေခံအုတ်မြစ် ရှိသည့် မွေးဖွားဇယားချပ် သားရဲများကို ဖြေရှင်းဖို့ လွယ်ကူသင့်ပေသည်။ နမူနာအားဖြင့် လုကျိုးသာ တိမ်တိုက်တောင်ပေါ်တွင် ယုံကို မဖြေရှင်းခဲ့ပါက နျဲ့ချင်းယွင်၊ ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့က အင်အား ပူးပေါင်းကာ ယုံကို သတ်နိုင်လိမ့်မည်။ သူ့ရှစ်ယောက်မြောက် တပည့်သုံးသည့် နည်းလမ်းကမူ အလွန်အကြူး ဖြစ်၏။ သူက လူပင်လယ်ကို အသုံးပြုကာ ဧရာမသားရဲကို သတ်ဖြတ်ပစ်ခဲ့သည်။ အသေအပျောက်က အနည်းငယ် များပြားသော်လည်း မွေးဖွားဇယားချပ် သားရဲကို ရှင်းနိုင်မည့် နည်းလမ်း ဖြစ်နေဆဲ ဖြစ်သည်။
သို့သော်လည်း ယခုအခါ မွေးဖွားဇယားချပ် သားရဲ ၃ကောင် ရှိနေပြီဖြစ်၍ ဤအဖွဲ့က မည်သို့ ဖြေရှင်းမည်နည်း။
လုကျိုးက ထိုသူများ၏ ရလဒ်နှင့် ပတ်သက်ပြီး စိုးရိမ်မိသည်။
ကမ္ဘာကြီးက အကျိုးအမြတ်အတွက် အမြဲလိုလို ပြောင်းလဲလေ့ရှိသည်။ မွေးဖွားဇယားချပ် သားရဲအတွက် တိုက်ပွဲက မည်သို့လွယ်ကူမည်နည်း။
လုကျိုးက တိုက်ပွဲကို တည်တည်ငြိမ်ငြိမ် ကြည့်နေစဥ် အနောက်ဘက်မှ ရထားလုံးပျံတစ်စင်း ပေါ်ထွက်လာ၏။
ရထားလုံးပျံကို ကျင့်ကြံသူထောင်ချီ ဝန်းရံလျက်ရှိသည်။
“အစစ်အမှန် ခွန်းလွန်ဂိုဏ်းနဲ့ လေဟာနယ်ဂိုဏ်းလား” လုကျိုးက ဂိုဏ်းနာမည်များကို ရေးထွင်းထားပြီး ဘယ်နှင့်ညာရှိ အလံ၂ခုကို မြင်လိုက်ရသည်။
ဒီဂိုဏ်း ၂ခုက ပူးပေါင်းသွားတာလား ...
ရထားလုံးပျံက အရှေ့ဘက် တောအုပ်တောင်၏ အနောက်ဘက်ဝန်းကျင်တွင် ရပ်တန့်သွားသည်။
ကျင့်ကြံသူ အများစုက လေးထောင့်အနေအထားယူကာ ပတ်ဝန်းကျင်ကို ဝိုင်းထားလိုက်ကြ၏။
လေဟာနယ်ဂိုဏ်းမှ တာအိုကျင့်ကြံသူ ရွှမ်ချန်းကျစ်က ရထားလုံးပျံမှ ထွက်လာကာ ကောင်းကင်မှ ငုံ့ကြည့်လာသည်။ သူက ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“လူအိုကြီးကျန်း ခင်ဗျားရဲ့ ကောင်းကင်ရှာဖွေရေးဂိုဏ်းက အတော်လေးကို ကံဆိုးတာပဲ။ မွေးဖွားဇယားချပ် သားရဲ ၃ ကောင်တဲ့လား။ အကူညီလိုသေးလား”
ရှီချူးနှင့် တိုက်ခိုက်နေသည့် လူအိုကြီးက ကောင်းကင်ရှာဖွေရေးဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ ကျန်းယန် ဖြစ်ပေသည်။
ကျန်းယန်က ပြောလိုက်၏။
“ရွှမ်ချန်းကျစ် မင်းဆီမှာ ရည်ရွယ်ချက်ကောင်း ရှိရင် ငါနဲ့ ပူးပေါင်းပြီးတော့ ဒီသားရဲ ၃ကောင်ကို နှိမ်နင်းလို့ရတယ်။ ဒီအခြေအနေကို အခွင့်ကောင်းယူဖို့ မကြိုးစားနဲ့”
ဘန်း ဘန်း ဘန်း
ရှီချူး၏ ခန္ဓာကိုယ်ပေါ်တွင် စွမ်းအင်ဓားများစွာ ကျရောက်လာသည်။
ရွှမ်ချန်းကျစ်က အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။
“ကျုပ် သဘောတူတယ်။ ဒီဟာနဲ့ ပတ်သက်ရင် ကောင်းကင်ရှာဖွေရေးဂိုဏ်းက ကံကောင်းတာပဲ။ မွေးဖွားဇယားချပ် သားရဲ ၃ကောင်ရှိတယ်ဆိုတော့ ကျုပ်တို့ တစ်ယောက်ချင်းစီအတွက် တစ်ကောင်စီပေါ့။ ဘယ်လိုထင်လဲ”
ထိုစဥ် အစစ်အမှန် ခွန်းလွန်ဂိုဏ်းမှ မော့ရှင်းလုကလည်း ရထားလုံးပျံမှ ထွက်ပေါ်လာပြီး ရွှမ်ချန်းကျစ်နား ရောက်ရှိလာသည်။
“အလျင်မလိုပါနဲ့။ တစ်ခုခုလွဲနေတယ်လို့ မခံစားရဘူးလား”
“ဘယ်လိုဖြစ်ပြီးတော့လဲ”
“စဥ်းစားကြည့်ပါအုံး။ ကောင်းကင်ရှာဖွေရေးဂိုဏ်းက မွေးဖွားဇယားချပ် သားရဲ ၃ကောင်ကို ဘယ်လိုလုပ် ဆွဲဆောင်နိုင်မှာလဲ” မော့ရှင်းလုက မေးလိုက်သည်။
ကျန်းယန်က ရှီချူး၏ တိုက်ကွက်ကို ရှောင်ရှားနေပြီး ဝေဟင်အထက် ပျံသန်းလာသည်။ သူက ထိုသူ ၂ဦးရှေ့ ပေါ်ထွက်လာပြီး ပြောလိုက်သည်။
“အမှန်တိုင်းပြောရရင် ဒီမှာ မွေးဖွားဇယားချပ် သားရဲ ၃ကောင် ဘယ်လိုလုပ် ရှိနေတယ်ဆိုတာ မသိဘူး။ ဘာပဲဖြစ်ဖြစ် အတူတူ တွဲလုပ်တယ်ဆိုရင် အခွင့်ရေးကောင်းပဲ။ တကယ်တော့ ငါတို့တွေ တွဲမလုပ်ဘူးဆိုရင် ကောင်းကင်သိုင်းပညာခုံရုံး သိသွားတာနဲ့ ဘယ်သူကမှ အခွင့်ရေး ရမှာမဟုတ်ဘူး”
မော့ရှင်းလုက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
“ရှင် ဂူကနေ ထွက်လာတာ ဘယ်လောက်ကြာသွားပြီလဲ။ ယွီချန်းရှု သေတာဖြင့် ကြာလှပြီ။ အခု တာ့ထန်ကို ထိန်းချုပ်ထားတဲ့ သူက ဘုံတစ်ထောင်လေပွေ ပညာရှင်ပဲ။ အဲဒီပညာရှင်က သူ့မွေးဖွားဇယားချပ်ကို အသက်သွင်းပြီးသွားပြီဆိုတော့ ဒီလိုအဆင့်နိမ့်သားရဲတွေကို စိတ်မဝင်စားလောက်ဘူး”
ကျန်းယန်က ခေါင်းခါကာ ပြောလိုက်သည်။
“တကယ်လို့ ဘုံတစ်ထောင်လေပွေအဆင့် ပညာရှင်က သူ့ကိုယ်ပိုင် အင်အားစု ပျိုးထောင်ချင်တယ်ဆိုရင် စိတ်မဝင်စားဘဲ ဘယ်လိုလုပ်နေမှာလဲ”
မော့ရှင်းလုနှင့် ရွှမ်ချန်းကျစ်တို့က ထိုစကားကြောင့် အံ့အားသင့်သွားပြီး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ထို့နောက် ရွှမ်ချန်းကျစ်က ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလိုက်၏။
“လေဟာနယ်ဂိုဏ်းက အဖွဲ့သားတွေ နားထောင်ကြ။ ဘယ်ဘက်က ရှန်ကောင်းကို ဖြေရှင်းမယ်”
“ဟုတ်ကဲ့”
မော့ရှင်းလုကလည်း တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။
“အစစ်အမှန် ခွန်းလွန်ဂိုဏ်းက အဖွဲ့သားတွေ ညာဘက်က ရှန်ကောင်းကို တာဝန်ယူကြ”
“ဟုတ်ကဲ့”
ကျင့်ကြံသူများစွာက ကျိုင်းကောင်များအလား မွေးဖွားဇယားချပ် သားရဲများဆီ ပြေးဝင်လာကြသည်။
ဤသို့ဖြင့် ကောင်းကင်ရှာဖွေရေးဂိုဏ်း၏ ကျန်းယန်က သူ့အပေါ်ရှိ ဖိအားသည် သိသိသာသာ လျော့ကျသွားကြောင်း ခံစားမိလိုက်၏။ ထို့နောက် သူက သူ့ဂိုဏ်းသားများအား အမိန့်ပေးကာ ရှီချူးအနား စုဝေးခိုင်းလိုက်သည်။
ထိုအခိုက်တန့်လေးအတွင်း အရှေ့ဘက် တောအုပ်တောင်ရှိ အရှေ့ဘက်ခြမ်းတစ်ခုလုံးက လူသားနှင့် မွေးဖွားဇယားချပ် သားရဲများကြား တိုက်ပွဲမြေပြင် ဖြစ်သွားလေသည်။
...
ထိုစဥ် လုကျိုး၏ အမူအရာက မပြောင်းမလဲ ကျန်ရှိနေဆဲဖြစ်ကာ ဆက်လက်ကြည့်ရှုနေသည်။ မိုင်အနည်းငယ် ဝန်းကျင်ရှိ တောင်နှင့် မြစ်များက ဖြိုဖျက်ခံလိုက်ရသည်။
ကောင်းကင်တွင် စွမ်းအင်ဓား၊ စွမ်းအင်ဓားမော့၊ အဆောင်စည်းတံဆိပ်နှင့် လက်ဝါးစည်းတံဆိပ်များဖြင့် ပြည့်နှက်နေသည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ မွေးဖွားဇယားချပ် သားရဲများက ဒဏ်ရာရရှိလာ၏။ သို့သော်လည်း ဂိုဏ်း ၃ဂိုဏ်းမှ ကျင့်ကြံသူများစွာကလည်း ကျဆုံးသွားခဲ့ရသည်။ သူတို့ စိတ်ဝိညာဥ်သဏ္ဌာန်တချို့က ပျက်စီးသွားပြီး တချို့ကမူ သားရဲ၏ တိုက်ရိုက်ဖျက်ဆီးမှုကို ခံလိုက်ရသည်။
သို့သော်လည်း ခက်ထန်သားရဲများက သားရဲများသာဖြစ်နေဆဲ ဖြစ်သည်။ သူတို့က လူပင်လယ်၏ မဆုတ်မနစ် တိုက်ကွက်များနှင့် အစီအရင်၏ ကန့်သတ်ချက်ကို မခုခံနိုင်ပေ။
တစ်နာရီကြာမြင့်ပြီးသည့်နောက်တွင် မွေးဖွားဇယားချပ် သားကောင်၏ အင်အားက ကျင့်ကြံသူပင်လယ်ကြောင့် အားလျော့သွားလေသည်။
“အားလုံး အားစိုက်ထားကြ။ မွေးဖွားဇယားချပ် သားရဲတွေ သေတော့မယ်”
ရွှမ်ချန်းကျစ်နှင့် မော့ရှင်းလုတို့က ရုတ်တရက် ပျံသန်းလိုက်သည်။
“တစ်ယောက်ယောက် ရှိနေတယ်”
ကောင်းကင်ရှာဖွေရေးဂိုဏ်းမှ ကျန်းယန်က နောက်မှ လိုက်ပါလာသည်။
“ဘယ်သူလဲ”
ရွှမ်ချန်းကျစ်နှင့် မော့ရှင်းလုတို့က အဝေးတစ်နေရာမှ တောင်ထိပ်ပေါ်ရှိ လူအိုကြီးကို လှမ်းကြည့်လိုက်ကြသည်။
လုကျိုးက သူရှာဖွေတွေ့ရှိသွားခံရကြောင်း သိလိုက်ရသည်။ သူက အံ့အားသင့်ခြင်း မရှိပေ။ သူက သိသာမြင်သာသည့် နေရာတွင် ရပ်နေခြင်း ဖြစ်၏။ ခရမ်းရောင် တောက်ပသံကျောက်က သူ့၏ အရှိန်အဝါကို ဖုံးကွယ်ပေးထားသော်လည်း သူ့ကို ကိုယ်ပျောက်စေခြင်း မဟုတ်ပေ။ သူက တောင်ထိပ်တချို့ဆီ ပျံသန်းလာပြီးသည့်နောက် ထိုသူ ၃ယောက်ရှေ့ ရောက်ရှိလာသည်။
ရွှမ်ချန်းကျစ်က မေးလိုက်သည်။
“ခင်ဗျားက ဘယ်သူလဲ”
“ငါက ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိဘူး။ အရေးကြီးတာက ငါက ဒီရှန်ကောင်းရဲ့ အသက်ဓာတ်နှလုံးသား ၂ခုကို လိုချင်တယ်” လုကျိုးက ပြောလိုက်သည်။
ကျန်းယန်က လုကျိုး၏ စကားကြောင့် အံ့အားသင့်သွား၏။
“ဆရာကြီး ဒါက မသင့်တော်ဘူးလို့ ထင်တယ်”
ရွှမ်ချန်းကျစ်က ပြောတော့မည့်ဆဲဆဲတွင် မော့ရှင်းလုက အပြုံးလေးဖြင့် ဝင်ဖြတ်ပြောလိုက်သည်။
“လောင်ချန်းပေ့က နောက်နေတာပဲ”
ကောင်းကင်ချားတောင် နယ်နိမိတ်ဝန်းကျင်ရှိ တိုက်ပွဲအတွင်း လုကျိုးက ရုပ်ဖျက်ကတ်ကို အသုံးပြုခဲ့သည်။ ထို့ကြောင့် သူတို့က သူ့ကို မမှတ်မိသည်မှာ ပုံမှန်သာဖြစ်၏။ ထို့အပြင် သူက ပိုမိုငယ်ရွယ်သွားခဲ့လေပြီ။
“နောက်နေတာတဲ့လား” လုကျိုးက မုတ်ဆိတ်သပ်ပြီးသည့်နောက်တွင် မြေပြင်ကို ငုံ့ကြည့်လိုက်သည်။
…
အခန်း (၉၂၉) ငါက တကယ်ဘုံတစ်ထောင်သိုင်းပညာရှင်
မော့ရှင်းလုနှင့် ရွှမ်ချန်းကျစ်တို့က မွေးဖွားဇယားချပ်ကို မက်မောနေကြတာ အတော်ကြာပြီဖြစ်သည်။ ယခင်က မွေးဖွားဇယားချပ်များကို သုတေသနလုပ်ခြင်းအား ကောင်းကင်သိုင်းခုံရုံးနှင့် ယွီချန်းရှုက ထိန်းချုပ်ထားသည်။ ယခု ယွီချန်းရှုက သေပြီဖြစ်ရာ ဂိုဏ်းတိုင်းသည် မွေးဖွားဇယားချပ်သားရဲတစ်ကောင် ရရန် အခွင့်အရေးရှိလာ၏။ ပြောရန်မလို အနီရောင်ကြာနယ်မြေရှိသားရဲများကို အနက်ရောင်ကြာနယ်မြေက လက်ဝါးကြီးအုပ်ထားခဲ့တာ ကြာပြီဆိုတာကို သူတို့သတိမပြုမိပေ။
လေဟာနယ်ဂိုဏ်း၏ ရွှမ်ချန်းကျစ်က ပြောလိုက်သည်။
“လောင်ချန်းပေ့ ဒီမွေးဖွားဇယားချပ်သားရဲသုံးကောင်အတွက် ကျုပ်တို့ ဂိုဏ်းသုံးဂိုဏ်းက ကျင့်ကြံသူ ထောင်ချီ အချိန်အတော်ကြာ တိုက်ပွဲဝင်နေတာကို ခင်ဗျားတွေ့မယ်ဆိုတာ သေချာတယ်။ ခင်ဗျား ပေါ်လာတာနဲ့ အသက်ဓာတ်နှလုံးသားနှစ်ခု တောင်းနေတယ်။ ဒါနောက်နေတာမလား”
သူတို့သည် အချိန်ကြာမြင့်စွာ အသက်ရှင်သန်နေထိုင်ကြသည့် သက်ကြီးရွယ်အိုများဖြစ်ပြီး ကောက်ကျစ်သောသူများ ဖြစ်ကာ အရှေ့ဖက် တောင်တန်းတောအုပ်ထဲ၌ မွေးဖွားဇယားချပ်သားရဲအတွက် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည်။ လုကျိုး၏ တောင်းဆိုချက်နှင့် ပတ်သက်ပြီး သူတို့၌ မည်ကဲ့သို့ အမြင်တစ်ခု မရှိဘဲနေမည်နည်း။
ကောင်းကင်ရှာဖွေဂိုဏ်း၏ ကျန်းယန်က တိုက်ပွဲထဲ၌ စွမ်းအင်များစွာ သုံးစွဲခဲ့၏။ ယခုအချိန်တွင် သူ အတော်လေး စုတ်ပြတ်နေပြီဖြစ်သည်။ ဖြစ်နိုင်မည်ဆိုပါက သူသည် နောက်ထပ်ရန်သူတစ်ယောက် မဖွဲ့ချင်ပေ။
“ကျုပ်ရဲ့တပည့်က ရှီချူးကို ဆွဲဆောင်ဖို့ သူ့ရဲ့အသက်ကို စွန့်စားခဲ့ပြီး ရှီချူးနဲ့ ရှန်ကောင်းနှစ်ကောင်ကို ဆွဲဆောင်ဖို့အတွက် စွန့်စားခဲ့တာ။ ကျုပ်တို့ကောင်းကင်ရှာဖွေရေးဂိုဏ်းက ကျင့်ကြံသူ ဆယ်ယောက်ကျော် ဆုံးရှုံးခဲ့တယ်။ ဒီလောက်စတေးပြီးတော့ ကျုပ်တို့တွေက မွေးဖွားဇယားချပ်သားရဲတွေကို ဘယ်လိုလုပ် လက်လျှော့နိုင်မှာလဲ”
လုကျိုးက မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်လိုက်သည်။
“ငါက ကျိုးကြောင်းမသင့်တဲ့သူ မဟုတ်ဘူး။ ဒါပေမဲ့ မွေးဖွားဇယားချပ်သားရဲတွေကို မင်းရဲ့တပည့်က ဆွဲဆောင်ခဲ့တာ မဟုတ်ဘဲ ငါ့ရဲ့တပည့်တွေပဲ”
မော့ရှင်းလု၊ ရွှမ်းချန်းကျစ်၊ ကျန်းယန်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး စိတ်ရှုပ်ထွေးသွားကြသည်။
ခဏအကြာတွင် မော့ရှင်းလုက ပြုံးပြီးပြောလိုက်သည်။
“လောင်ချန်းပေ့ သူတို့ကို ဆွဲဆောင်ခဲ့တာက ခင်ဗျားရဲ့တပည့်တွေပါလို့ ခင်ဗျား သက်သေ မပြနိုင်ဘူးမလား။ လူတစ်ယောက်အတွက် မွေးဖွားဇယားချပ်သားရဲသုံးကောင်ကို ဆွဲဆောင်ဖို့က မဖြစ်နိုင်ဘူး”
ရွှမ်ချန်းကျစ်က ထောက်ခံလိုက်သည်။
“မွေးဖွားဇယားချပ်သားရဲတွေက ပိုင်နက်ရှိကြတယ်။ ပုံမှန်အခြေအနေအောက်မှာဆိုရင် မွေးဖွားဇယားချပ် သားရဲတစ်ကောင်ပေါ်ပေါက်လာရင် နောက်ထပ် မွေးဖွားဇယားချပ်သားရဲက သူ့ရဲ့နယ်ပယ်မှာ ပေါ်ပေါက်လာမှာ မဟုတ်ဘူး။ သမိုင်းကြောင်းထဲမှာ ခြွင်းချက်တွေတော့ ရှိတာပေါ့။ သမိုင်းမှတ်တမ်းတွေအရဆို အုပ်စုလိုက်ပေါ်လာတဲ့ မွေးဖွားဇယားချပ်သားရဲတွေရှိတယ်။ ရှန်ကောင်းတို့အမှုမှာဆို သူတို့တွေက အစုလိုက်ပေါ်လာကြတယ်။ ကျုပ်ရဲ့စကားက အဓိပ္ပာယ် ရှိတယ်မလား”
လုကျိုးက ပြောလိုက်သည်။ "မင်း ပြောတာမှန်တယ်။ ဒါပေမဲ့ ဒီမွေးဖွားဇယားချပ်သားရဲသုံးကောင်ကို ငါ့ရဲ့တပည့်တွေ ဆွဲဆောင်ခဲ့တယ်ဆိုတာကို သက်သေမပြနိုင်တာ မဟုတ်ဘူး”
“ဒါက” ရွှမ်ချန်းကျစ်က ဆွံ့အသွားတော့၏။
ကျန်းယန်သည် ဒီအခြေအနေထိရောက်အောင် ကြီးကြီးမားမားပေးဆပ်ခဲ့ရသည်။ သူက မွေးဖွားဇယားချပ်သားရဲများကို မည်ကဲ့သို့ လက်လျှော့ချင်မည်နည်း။ ထို့ကြောင့် သူက ပြောလိုက်သည်။
“ဒါဆိုရင် လောင်ချန်းပေ့ရဲ့တပည့်ကို ဒီနေရာကို ဖိတ်ခေါ်လိုက်။ သက်သေမရှိဘဲ ပြောလို့မရဘူးမဟုတ်လား”
“ငါ လိမ်နေတယ်လို့ မင်းတို့က ပြောနေတာလား” လုကျိုးသည် ပြိုလဲနေပြီဖြစ်သည့် မွေးဖွားဇယားချပ်သားရဲသုံးကောင်ကို တစ်ချက်ကြည့်လိုက်၏။
နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူများ၏ ဆက်တိုက်တိုက်ခိုက်မှုအောက်တွင် မွေးဖွားဇယားချပ်သားရဲတို့၏ ခွန်အားသည်လည်း အစောပိုင်းကနှင့်ယှဉ်လျှင်လျော့ကျသွား၏။
မြေပြင်ကရှုပ်ပွနေသည်။ သစ်ပင်များစွာ ပြိုလဲနေ၏။ သွေးညှီနံ့များသည် အရှေ့ဖက် တောအုပ်တောင်တန်းဒေသအတွင်းရှိ တောင်တန်းများတွင် ပျံ့နှံ့နေတော့သည်။
မော့ရှင်းလုက လုကျိုး၏ အသက်နှင့်ဒေါသကို ကြောက်သောကြောင့် ပြောလိုက်သည်။
“လောင်ချန်းပေ့က လိမ်ရတာကို သဘောကျတဲ့သူနဲ့မတူပါဘူး။ ဒါပေမဲ့ ကျွန်မတို့ပြောတာတွေလည်း ကျိုးကြောင်းသင့်တယ်။ ချန်းပေ့ရဲ့အမြင်မှာ ဘယ်သူ့ရဲ့တပည့်က မွေးဖွားဇယားချပ်သားရဲတွေကို ဆွဲဆောင်ခဲ့တာလို့ ဆုံးဖြတ်နိုင်မှာလဲ”
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
စွမ်းအင်ဓားများ ပေါ်ထွက်လာပြီးနောက် မွေးဖွားဇယားချပ်သားရဲသုံးကောင်သည် နောက်ဆုံးတော့ လဲပြိုသွား၏။ သူတို့ကို ဝိုင်းထားသည့်ဂိုဏ်းသားများက အသက်ဓာတ်နှလုံးသားကို တူးထုတ်လိုက်သည်။ တစ်ခုက စစ်မှန်သည့်ခုံရုံးဂိုဏ်း၊ တစ်ခုက လေဟာနယ်ဂိုဏ်းနှင့် နောက်တစ်ခုက ကောင်းကင်ရှာဖွေရေးဂိုဏ်းအတွက်ဖြစ်သည်။ ဤနည်းဖြင့် စစ်ပွဲအကြွင်းအကျန်ကို မျှဝေမှုက ပြီးမြောက်သွားတော့သည်။
ဒဏ်ရာရထားသည့် တပည့်များက အနားယူနေပြီး သူတို့၏ဒဏ်ရာများကို ကုသနေသည်။ ဒဏ်ရာမရထားသည့် တပည့်များက ကောင်းကင်ထဲပျံသန်းလျက် အစီအရင်တစ်ခုဖွဲ့တည်လိုက်၏။
မော့ရှင်းလုသည် အသက်ဓာတ်နှလုံးသားရသွားတာကို မြင်သောအခါ သူမက ပြောလိုက်သည်။
“လောင်ချန်းပေ့ ကောင်းကင်ချားတောင်တန်းဒေသအကြောင်း သိလား”
“ကောင်းကင်ချားတောင်တန်းဒေသလား” လုကျိုးက ဇဝေဇဝါ ဖြစ်သွား၏။ ကောင်းကင်ချားဒေသအကြောင်း သူမ ပြောရသည့်အကြောင်းအရင်းကို သူ မသိပေ။
မော့ရှင်းလုက ပြောလိုက်သည်။
“ကောင်းကင်ချားဒေသတိုက်ပွဲမှာ ယွီချန်းရှုကို ပွင့်ချပ်ဆယ်လွှာသိုင်းပညာရှင်က သတ်သွားတယ်။ ပြီးတော့ ဘုံတစ်ထောင်လေပွေသိုင်းပညာရှင်က မြို့တော်မှာ ပေါ်လာတာ။ ရွှမ်ချန်းကျစ်နဲ့ကျွန်မက ကံကောင်းပြီ အဲ့ဒီပညာရှင်ကို တွေ့ခဲ့ရတယ်”
မော့ရှင်းလု၏စကားများသည် သူမက အသက်ဓာတ်နှလုံးသားကို လက်လျှော့မည် မဟုတ်ကြောင်း ဆိုလိုနေတာ သိသာ၏။ ဒုတိယအချက်မှာ သူမသည် ဘုံတစ်ထောင်လေပွေသိုင်းပညာရှင်ကို သိကြောင်း သွယ်ဝိုက်ပြောနေ၏။ ထို့ကြောင့် လုကျိုးက ဘုံတစ်ထောင်လေပွေသိုင်းပညာရှင်ကိုသာ ရန်စချင်လျှင် ဆက်ပြောဟု ပြောနေတာပဲဖြစ်သည်။
မော့ရှင်းလုက ထိုစကားများကို ပြောသောကြောင့် လုကျိုးသည် သူ၏အထောက်အထားကို ဖော်ထုတ်ရုံသာ ရှိတော့သည်။ ဘုံတစ်ထောင်လေပွေ သိုင်းပညာရှင်အနေဖြင့် သူ လိမ်ညာနေရန် မလိုအပ်ပေ။ သူသည် သူတို့ကို အကြောင်းပြချက် မြင်တွေ့ခွင့် ပေးနိုင်သည်။
“မေ့လိုက်တော့”
လုကျိုးက မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်လိုက်သည်။
“တကယ်တော့ ငါက ...”
ဘီး ...
လေထဲ၌ ဆူညံသံပေါ်ထွက်လာပြီး အဝေး၌ ပုံရိပ်တစ်ခုပေါ်ပေါက်လာသည်။
ကျင့်ကြံသူထောင်ချီက ထိတ်လန့်သွားပြီး အသံလာရာဖက်သို့ ကြည့်လိုက်သည်။
အရှေ့ဖက်တောအုပ် တောင်တန်းထဲရှိ တောင်တန်းထဲမှ မြောက်ပိုင်းအကျဆုံးဧရိယာကို လွှမ်းခြုံထားသည့် ပေ၃၅၀ခန့် မြင့်မားသော အနက်ရောင်လေပွေဘုံတစ်ထောင် ပုံရိပ်ယောင်က ပေါ်လာသည်။ ပြီးနောက် ၎င်းသည် ခပ်နိမ့်နိမ့်ပျံသန်းလာသည်။ ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်အဖို့ ထူးကဲသော ကြယ်တာရာဒိုင်ခွက်က လျှပ်ပြက်သော အလင်းတန်းပစ်ခတ်လိုက်ကာ ကျင့်ကြံသူများအားလုံးကို အကြောက်တရားကြောင့် တောင့်ခဲသွားစေသည်။
“ဘုံတစ်ထောင်လေပွေသိုင်းပညာရှင်” မော့ရှင်းလု၊ ကျန်းယန်နှင့် ရွှမ်ချန်းကျစ်တို့က တအံ့တဩအော်လိုက်လေ၏။
“သွားကြမယ်”
“သိပ်နောက်ကျသွားပြီ”
မွေးဖွားဇယားချပ်ငါးခု ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်က ကောင်းကင်ချား တောင်တန်းဒေသထဲ၌ ပေါ်ပေါက်လာစဉ် အနီရောင်ကြာနယ်မြေက ကြောက်လန့်ခဲ့၏။ သူတို့သည် အနက်ရောင်ကြာနယ်မြေအကြောင်း အချိန်အတော်ကြာညောင်းပြီးမှသာ အနက်ရောင်ကြာနယ်မြေအကြောင်း မေ့သွားတာဖြစ်သည်။ နောက်ထပ်အနက်ရောင်ကြာ ကျင့်ကြံသူကို မြင်တွေ့ရသောအခါ မည်ကဲ့သို့ မထိတ်လန့်ဘဲ နေမည်နည်း။
ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်သည် မြန်ဆန်လွန်းသောကြောင့် သုံးယောက်သား ထွက်ပြေးဖို့တောင် မတွေးခဲ့ကြပေ။
သူတို့ အာရုံများနေစဉ် ဘုံတစ်ထောင်လေပွေအနက်ရောင် စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်ပေါက်လာပြီးနောက် အနက်ရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူခြောက်ယောက်ကလည်း စစ်ပုဆိန်များဖြင့် ကိုင်ဆောင်ထားသည်။ အနက်ရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူခြောက်ယောက်ကလည်း ပေါ်လာသည်။
ယင်းသည် ထင်ယောင်ထင်မှားဖြစ်နိုင်၏။ သို့တည်းမဟုတ် သန်မာသူများပေါ် ကြောက်လန့်မှု ဖြစ်နိုင်သည်။ ဤလူခြောက်ယောက်သာ ဆန္ဒရှိလျှင် ကမ္ဘာလောကကြီးကို ဖျက်ဆီးနိုင်သည်ဟု သူတို့ခံစားမိနေသည်။ မျက်စိတစ်မှိတ်အတွင်း အနက်ရောင်ကြာကျင့်ကြံသူများက အကျယ်အဝန်းကို လွှမ်းခြုံထားပြီးဖြစ်၏။
လုကျိုးသည် ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်၏အမြင်နှင့် လူခြောက်ယောက်ကို ကြည့်လိုက်သည်။ ထိုလူခြောက်ယောက်သည် အနက်ရောင်အစောင့်အရှောက်များ ဖြစ်ပုံပေါ်သည်။ အနက်ရောင်အစောင့်အရှောက်များက သုံးယောက်အုပ်စုဖြင့် လှုပ်ရှားလေ့ရှိသည်။ ထို့ကြောင့် ဤလူများသည် အနက်ရောင်အစောင့်အရှောက်နှစ်ဖွဲ့ဖြစ်ရမည်။
ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်ပြီး မွေးဖွားဇယားချပ် စွမ်းအားဖြင့် သူတို့၏ ကြွက်သားများကို ပြသခြင်းက ဤနေရာရှိလူတိုင်း အဆင်အခြင်မဲ့မလှုပ်ရှားရန် သတိပေးလိုက်တာပဲ ဖြစ်သည်။
အာနိသင်က မဆိုးကြောင်း လုကျိုး ဝန်ခံရပေမည်။ အသက်ပြင်းပြင်းတောင်မရှူရဲဘဲ အနက်ရောင်ကြာ ကျင့်ကြံသူများကို ဒေါသထွက်အောင်လုပ်မိမှာ စိုးရိမ်နေကြသည်။
တကယ်တော့ ပွင့်ချပ်ကိုးလွှာနှင့် ဆယ်လွှာ ကျင့်ကြံသူများသည် အမှောင်ထဲကနေ အနီရောင်ကြာနယ်မြေကို ထိန်းချုပ်နေသည့် ပိုကြီးမားသော အင်အားစုရှိတာကို အမြဲတစေခံစားမိခဲ့၏။ ၎င်းက သူတို့ကျင့်ကြံမှုကို ရှေ့အဆက်နိုင်အောင် ဖြစ်စေခဲ့သည်။ နှစ်ပေါင်းများစွာကြာအောင် သူတို့သည် သိချင်စိတ်ပြင်းပြခဲ့ပြီး စွန့်စားလိုစိတ်ရှိသူများ သိမှာကို မကြောက်သည့် စွန့်စားလိုစိတ်ရှိသူများက လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် ကြိုးစားခဲ့၏။ ကောင်းကင်သိုင်းခုံရုံးမှ လော့ရွှမ်းသည်လည်း သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။ မွေးဖွားဇယားချပ်သားရဲများကို ရှာရန် စွဲလမ်းနေသည့် ယွီချန်းရှုကဲ့သို့လူများလည်းရှိ၏။ နောက်ဆုံးတွင် အနက်ရောင်ကြာနယ်မြေ၏ လက်ပါးလုပ်လိုသည့် ရှားဟူချန်းကဲ့သို့ လူမျိုးလည်းရှိသည်။
အနက်ရောင်အစောင့်အရှောက်ခြောက်ဦးက ခန္ဓာကိုယ်အရွယ်အစားအမျိုးမျိုးဖြစ်၏။ သူတို့က အရပ်ရှည်သူ၊ ဝသူ၊ ပုသူ၊ ပိန်သူ စသည်ဖြင့် ကွဲပြားပေ၏။ သို့သော်ငြား သူတို့ချပ်ဝတ်က တူညီသည်။
လုကျိုးသည် သုံးယောက်တစ်ယောက် တိုက်ခိုက်ရန် ယုံကြည်ချက်ရှိသော်ငြား ခြောက်ယောက်တစ်ယောက်ကမူ အနည်းငယ်ဒုက္ခများသည်။ သူ နောက်ပြန်ဆုတ်သင့်လားဟု တွေးမိသွား၏။ ဂိုဏ်းသုံးဂိုဏ်းလည်းရှိသေးသည်။ သူ အထွတ်အထိပ်အသွင်ကတ်ကို အသုံးမပြုသရွေ့ ..
အရှေ့ဖက် တောအုပ်တောင်တန်းထဲတွင် ဖော်ပြ၍မရသော ဖိအားက ချက်ချင်း ကျရောက်လာတော့သည်။
မော့ရှင်းလုနှင့် ရွှမ်ချန်းကျစ်တို့က နောက်သို့ မီတာအနည်းငယ် အလိုလိုဆုတ်မိသွားသည်။
လူထောင်ချီရှေ့၌ ပျံဝဲနေသော အနက်ရောင်အစောင့်အရှောက်ခြောက်ဦးသည် နေကိုကျောခိုင်းထား၏။
အချိန်တချို့ ကုန်လွန်ပြီးနောက် သုံးယောက်တစ်ဖွဲ့အလယ်တွင် ရပ်နေသည့် အနက်ရောင်အစောင့်အရှောက်က လေးနက်တည်ကြည်စွာ ပြောလိုက်၏။
“အသက်ဓာတ်နှလုံးသားတွေပေး”
ကောင်းကင်ရှာဖွေဂိုဏ်း၏ ဂိုဏ်းသားများက မငြင်းဆန်ရဲပေ။ သို့သော် သူတို့က အသက်ဓာတ်နှလုံးသားကို ပေးချင်စိတ်မရှိ။ ဆိုရလျှင် သူတို့သည် ဤအရာကို ရရှိရန် ကြီးမားသော တန်ကြေးပေးဆပ်ထားရသည်။ သို့သော် မည်သည်ကိုများ ရွေးချယ်နိုင်မည်နည်း။
“ငါ နောက်တစ်ခေါက်ထပ်ပြောမယ်။ အသက်ဓာတ်နှလုံးသားကို ပေး”
အနက်ရောင်အစောင့်အရှောက်၏ အသံက နိမ့်သွားပြီး လူတို့ကို တုန်ယင်သွားစေသည်။ ကျန်းယန်က ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။ သို့သော် မည်သည့်အရေးနည်း။ သူက အံကြိတ်လျက်ပြောလိုက်သည်။ “သူ့ကို ပေးလိုက်”
ကောင်းကင်ရှာဖွေရေးဂိုဏ်းမှ ကျင့်ကြံသူသည် အသက်ဓာတ်နှလုံးသားကို ကောက်ယူကာ ပျံသန်းသွားသည်။
“သိပ်ကောင်းတယ်” အနက်ရောင်အစောင့်အရှောက်သည် ကောင်းကင်ရှာဖွေရေးဂိုဏ်း၏ ဆောင်ရွက်ချက်ကို ကျေနပ်နေတာ သိသာ၏။
မော့ရှင်းလုနှင့် ရွှမ်ချန်းကျစ်တို့ကလည်း သူတို့လက်ကို ဝေ့ယမ်းလိုက်သည်။
စစ်မှန်သောခွန်လွန်းဂိုဏ်းနှင့် လေဟာနယ်ဂိုဏ်းလည်း အသက်ဓာတ်ကို ကိုင်ဆောင်လျက် ပျံသန်းလာသည်။
“သိပ်ကောင်းတယ်” အနက်ရောင်အစောင့်အရှောက်က ခေါင်းအနည်းငယ်ညိတ်ပြီး ထိုစကားနှစ်ခွန်းကို ထပ်ပြောလိုက်သည်။
ဆိုရိုးစကားရှိသည့်အတိုင်း အစီအစဉ်က ပြောင်းလဲမှုများကို ဘယ်တော့မှ လိုက်မမှီနိုင်ပေ။
လုကျိုးက ဤအလှည့်အပြောင်းကို မထင်မှတ်ထား။ သို့သော် မွေးဖွားဇယားချပ်လေးခု သိုင်းပညာရှင်အနေဖြင့် သူ့ထံမှ အသက်ဓာတ်နှလုံးသားများကို အခြားသူသို့ မည်ကဲ့သို့ လုယူခွင့်ပေးနိုင်မည်နည်း။
“နေဦး” လုကျိုးက မီတာအနည်းငယ်ပျံသန်းသွားတော့သည်။
“ရှန်ကောင်းနှစ်ကောင်ရဲ့ အသက်ဓာတ်နှလုံးသားက ကျုပ်အပိုင်ပဲ။ မင်းတို့ကို မပေးနိုင်မှာ စိုးရိမ်မိပါရဲ့”
ရွှမ်ချန်းကျစ်၊ မော့ရှင်းလု၊ ကျန်းယန် “...”
သုံးယောက်သားက ဤလူအိုကြီးသည် အသက်ဓာတ်နှလုံးသားကို စွဲလန်းသောကြောင့် ရူးသွပ်သွားပြီဟု ထင်နေသည်။ သူတို့ဆီမှ အသက်ဓာတ်နှလုံးသားတောင်းတာက တစ်ကဏ္ဍတဖြစ်ပြီး အနက်ရောင်ကြာနယ်မြေမှ ဘုံတစ်ထောင်လေပွေသိုင်းပညာရှင်ဆီမှ အသက်ဓာတ်နှလုံးသား တောင်းခြင်းကမူ ဤအဘိုးအိုသည် အသက်ရှည်ရှည် မနေချင်တော့သည့်ပုံ ပေါ်သွားတော့၏။
…
အခန်း (၉၃၀) မျက်နှာသာပေးခြင်း
တောင်၏ အရှေ့ဘက်ခြမ်းတွင် သုသာန်တစပြင်အလား တိတ်ဆိတ်ငြိမ်သက်နေ၏။ ရလဒ်အနေဖြင့် လုကျိုး၏ စကားများက အင်မတန် ကျယ်လောင်ကာ ရှင်းလင်းပြတ်သားနေသည်။
မော့ရှင်းလုက လုကျိုးဆီ ပြေးသွားဖို့ ကြိုးစားလိုက်သည်။
“လောင်ချန်းပေ့ ... “
တခြားသူများကလည်း မျက်ရည်ကျလုနီးပါး ဖြစ်နေကြ၏။
ဒီအသက်ဓာတ် နှလုံးသား စွဲလမ်းနေတဲ့ လူအိုကြီးကတော့ ခင်ဗျား သေချင်တယ်ဆိုရင်လည်း ကျုပ်တို့ကိုပါ တစ်ခါတည်း ဆွဲခေါ်မသွားနဲ့လေ ...
ဘယ်ဘက်သုံးယောက်ထဲမှ အလယ်ရှိ အနက်ရောင် စစ်သည်တော်က လုကျိုးကို ကြည့်ကာ ပြောလိုက်သည်။
“ခင်ဗျားရဲ့ အသက်ဓာတ် နှလုံးသားလား”
လုကျိုး၏ အမူအရာက မပြောင်းမလဲ ကျန်ရှိနေ၏။ သူက မုတ်ဆိတ်ကို လက်တစ်ဖက်ဖြင့် သပ်ကာ ကျန်တစ်ဖက်ကို လက်နောက်ပစ်ရင်း ပြောလိုက်သည်။
“ဟုတ်တယ်”
အနက်ရောင် အစောင့်အရှောက်က ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် ပြောလိုက်သည်။
“အခုကစပြီးတော့ ဒီအသက်ဓာတ် နှလုံးသားတွေ ကျုပ်တို့အပိုင်ပဲ။ ကျုပ်တို့ အနက်ရောင် အစောင့်အရှောက်တွေက ယူသွားမယ်။ ကျုပ် စကားကို သေချာကြားလား”
လုကျိုးက ပြောလိုက်သည်။
“မင်းစကားကို သေသေချာချာ ကြားပေမဲ့ နားမလည်ဘူး”
“ခင်ဗျားက နားမလည်ဘူးလား”
ဝှစ်
အားလုံး ရှေ့မှောက်တွင် ပေ ၁၅၀ မြင့်မားသည့် အနက်ရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခု ထပ်မံ ပေါ်ထွက်လာသည်။ ထိုအရာက ကြီးကျယ်ခမ်းနားလွန်းပြီး အာရုံဖမ်းစားလွန်းလှသည်။ ထိုကိုယ်ထည်ဝန်းကျင်ရှိ အနက်ရောင် စွမ်းအားများက မှင်ထဲတွင် တောက်ပနေသည့် လရောင်ကဲ့သို့ ဖြစ်နေလေသည်။
ကြာနှင့် ပွင့်ချပ်ဆယ်လွှာကလည်း အနက်ရောင် ဖြစ်နေသည်။ အနက်ရောင် ကြယ်တာရာဒိုင်ခွက်ကလည်း ထူးခြားဆန်းပြားသည့် အငွေ့အသက်မျိုး ထုတ်လွှင့်နေ၏။ ကြယ်တာရာဒိုင်ခွက်ရှိ အလင်းရောင်က ဂလက်ဆီထဲမှ ကြယ်တာရာများကဲ့သို့ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။ ထိုအရာက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူများ အိမ်မက်မက်ရသည့် ဘုံတစ်ထောင်လေပွေအဆင့် ဖြစ်သည်။
ယခုအခါ တောင်နယ်နိမိတ် ဝန်းကျင်တွင် အပ်ကျသံကိုပင် ကြားနိုင်လေသည်။
အနက်ရောင် အစောင့်အရှောက်က သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ပြန်ရုတ်သိမ်းပြီးသည့်နောက်တွင် ထပ်မေးလိုက်သည်။
“အခု နားလည်ပြီလား”
မော့ရှင်းလု၊ ရွှမ်ချန်းကျစ်နှင့် ကျန်းယန်တို့က အလျင်အမြန် ခေါင်းညိတ်လိုက်ကြပြီး
“ဟုတ်ကဲ့ နားလည်ပါပြီ”
လုကျိုး “...”
ငါက ဒီ ၃ယောက်နဲ့ စောစောလေးတုန်းက အကျိုးအကြောင်းသင့်အောင် လုပ်ခဲ့ရတာ စဥ်းစားကြည့်လိုက်ရင် ငါ့စိတ်ဝိညာဥ်သဏ္ဌာန်ကို စောစောစီးစီး ထုတ်ပြလိုက်သင့်တာ ...
အနက်ရောင် အစောင့်အရှောက်က လုကျိုးကို ကြည့်ကာ ထပ်မံမေးလိုက်သည်။
“နားလည်လား”
လုကျိုးက ခေါင်းခါလိုက်၏။
လုကျိုးဆီမှ ခေါင်းယမ်းမှုသည် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ ၃ယောက်က သူတို့၏ နှလုံးသား မြေကြီးပေါ် ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ အကယ်၍ လူအိုကြီးကသာ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ကျင့်ကြံသူကို ဒေါသထွက်စေပါက သူတို့သည်လည်း သူနှင့်အတူ မြှုပ်နှံခံရလိမ့်မည်။
လူအိုကြီးက ဘာလို့တောင် အကျိုးအကြောင်းမသင့် လုပ်နေရတာလဲ ...
မော့ရှင်းလုနှင့် ရွှမ်ချန်းကျစ်တို့က တစ်ယောက်နှင့် တစ်ယောက်ကြည့်ကာ လုကျိုး စကားပြောလာခြင်းမှ တားဆီးဖို့ ကြိုးစားလိုက်ကြသည်။
“လောင်ချန်းပေ့က ခင်ဗျားတို့ရဲ့ စကားကို နားလည်မှာပါ။ အသက်ဓာတ် နှလုံးသားကို ယူသွားလိုက်ပါတော့”
“ဟုတ်တယ် ဟုတ်တယ် … သူတို့ကို ယူသွားလိုက်ပါ”
ကံဆိုးစွာဖြင့် အနက်ရောင် အစောင့်အရှောက်က သူတို့၏ စကားများကြောင့် ကျေနပ်သွားဟန် မပေါ်ပေ။ သူက လုကျိုး၏ တုံ့ပြန်မှုကိုသာ စောင့်ဆိုင်းနေလေ၏။
လုကျိုးက ပြောလိုက်သည်။
“ဒါက နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာ မဟုတ်ဘူးလား”
အနက်ရောင် အစောင့်အရှောက်က မီတာဒါဇင်ချီ ပျံသန်းလာပြီးသည့်နောက်တွင် အဖွဲ့၏ အလယ်တွင် ရပ်လိုက်သည်။ သူက ပုဆိန်လှံရှည်ကို ဆွဲကိုင်ပြီး ပြောလိုက်သည်။
“လူသားတွေက တန်းတူညီမျှ မွေးဖွားလာတာ မဟုတ်ဘူး”
ထိုစဥ် ညာဘက်တွင်ရှိသည့် အနက်ရောင် အစောင့်အရှောက်က ပြောလိုက်သည်။
“သူနဲ့ အချိန်ဖြုန်းနေဖို့ မလိုဘူး။ ဘာဖြစ်ဖြစ် တာဝန်ပြီးမြောက်ဖို့ပဲ လိုတယ်”
“ဟုတ်တယ်” အနက်ရောင် အစောင့်အရှောက်က ခေါင်းအသာညိတ်လိုက်၏။ ထို့နောက် သူက လက်ကို အသာဝှေ့ယမ်းလိုက်သည်။
မှင်နက်ရောင် စွမ်းအားက ထွက်ပေါ်လာပြီး အသက်ဓာတ် နှလုံးသား ၃ ခုကို သိမ်းဆည်းသွားသည်။
အနက်ရောင် အစောင့်အရှောက်၏ လှုပ်ရှားမှုများက မမြန်ဆန်လှပေ။ သူက အားလုံးကို သူကိုယ်တိုင် အသက်ဓာတ် နှလုံးသား ဖြည်းဖြည်းချင်း ယူဆောင်သွားသည်ကို သေချာကြည့်စေချင်လို၏။
အသက်ဓာတ် နှလုံးသားက လမ်းတစ်ဝက် ရောက်သည့်အချိန် လုကျိုးက လက်အသာ ဝှေ့ယမ်းလိုက်သည်။ ဤသို့ဖြင့် အသက်ဓာတ် နှလုံးသား ၃ခုက သူ့လက်ထဲ တစ်ခုပြီး တစ်ခု ကျရောက်လာသည်။
အနက်ရောင် အစောင့်အရှောက် “...”
ရွှမ်ချန်းကျစ်၊ မော့ရှင်းလုနှင့် ကျန်းယန် “...”
အသက်ဓာတ် နှလုံးသား ၃ခုကို ရရှိပြီးသည့်နောက်တွင် လုကျိုးက မထူးမခြားနား ပြောလိုက်သည်။
“မင်းတို့ ပြောတာ ဟုတ်တယ်။ လူသားတွေက တန်းတူညီမျှ မွေးဖွားလာတာ မဟုတ်ဘူး”
လုကျိုးက သူ့ကံကြမ္မာ အမြုတေကို သိမ်းဆည်းပြီး မထူးမခြားနားသာ ပြောလိုက်၏။
ထူထဲလွန်းသည့် ချပ်ဝတ်နှင့် မျက်နှာဖုံးအောက်တွင် အနက်ရောင် အစောင့်အရှောက်များ၏ အမူအယာသည် မည်သို့ပြောင်းလဲသွားသည်ကို မည်သူကမှ မသိကြပေ။
သို့သော်လည်း အရှေ့ဆုံးတွင် ရပ်နေသည့် အနက်ရောင် အစောင့်အရှောက်က ပုဆိန်လှံရှည်ကို ကျစ်ကျစ်ဆုပ်လိုက်သည်ကို မြင်လိုက်ရသည်။
“နှုတ်ဆက်ပါတယ်” အနက်ရောင် အစောင့်အရှောက်က လက်မြှောက်ကာ ပြောလိုက်၏။ အနက်ရောင် လက်ဝါးစည်းတံဆိပ်က လုကျိုးဆီ လွှင့်စင်လာပြီး သေးရာမှ ကြီးလာသည်။
အနက်ရောင် အစောင့်အရှောက်က လူအိုကြီးသည် အစိတ်စိတ် အပိုင်းပိုင်းဖြစ်သည်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြ၏။
ကျင့်ကြံသူထောင်ချီကလည်း အသက်အောင့်ကာ ထိုအနက်ရောင် လက်ဝါးချက်ကို ကြည့်လိုက်ကြသည်။ သူတို့က ခေါင်းအသာယမ်းလိုက်ပြီး သက်ပြင်းချလိုက်ကြ၏။
ဝှစ်
လုကျိုး၏ ပုံရိပ်က ဝေဝါးသွားပြီးသည့်နောက်တွင် သူက သူ့ဆီ လက်ဝါးချက် ထုတ်လွှင့်လိုက်သည့် အနက်ရောင် အစောင့်အရှောက်ရှေ့ ချက်ချင်းဆိုသလို ရောက်ရှိလာပြီး လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။
့ဘန်း
လုကျိုး၏ လက်ဝါးချက်က ထိုအနက်ရောင် အစောင့်အရှောက်၏ ရင်ဘတ်ပေါ် ကျရောက်သွားကာ တူညီသည့် တိုက်ကွက်မျိုးကို ခံစားစေခဲ့သည်။
အနက်ရောင် အစောင့်အရှောက်က မျက်လုံးအပြူးသားဖြင့် သတိလက်လွတ် ဖြစ်သွားလေသည်။ သူက အမြောက်စာလိုမျိုး မီတာရာချီ လွင့်စဉ်သွားပြီး သူ့ချပ်ဝတ်ပေါ်တွင် ချိုင့်ရာတစ်ခု ဖြစ်လာသည်။ သူက အံကြိတ်လိုက်ပြီးသည့်နောက်တွင် သွေးတစ်ပွက် အန်လိုက်ရ၏။
“ခေါင်းဆောင်” အနက်ရောင် အစောင့်အရှောက် တစ်ယောက်က သူ့ဒဏ်ရာရ ခေါင်းဆောင်ကို ဖမ်းဆီးလိုက်သည်။ ထိုသို့ဆိုလျှင်ပင် အင်အားက ကြီးမားလွန်းလှသည့်အတွက် သူပါ မီတာအနည်းငယ် လွင့်စဉ်သွားရ၏။
အရှေ့ဘက် တောအုပ်တောင် မြင်ကွင်းတစ်ခုလုံးက ရှုစားချင်စရာ မြင်ကွင်းတစ်ခု ဖြစ်လာသည်။ အကယ်၍ အသက်ဓာတ် နှလုံးသား ၃ခုကြောင့် ရောက်ရှိနေသည့် ကျင့်ကြံသူထောင်ချီကြောင့်သာ မဟုတ်လျှင် မြင်ကွင်းရှုစားဖို့ရာ အကောင်းဆုံး ဖြစ်၏။ သို့သော်လည်း ထိုစဥ် လေထဲတွင် သွေးများ ထွက်လာကာ အသက်မည်မျှ ဆုံးရှုံးသွားရသည်ကို တွေးမိပြီး လူအများ၏ စိတ်ထဲ အကြောက်တရား ဖြစ်ပေါ်လာသည်။
ကျင့်ကြံရေးလောကက အမြဲတမ်း ဒီလိုသာ ဖြစ်ခဲ့၏။ သေခြင်းတရားက မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာနိုင်သလို တစ်ခါတစ်ရံတွင် ဘယ်လိုသေဆုံးသွားမှန်းပင် သိရမည်မဟုတ်ပေ။
မော့ရှင်းလု၊ ရွှမ်ချန်းကျစ်နှင့် ကျန်းယန်တို့က တုန်လှုပ်သွားကြသည်။
သို့သော်လည်း သူတို့ ၃ဦး၏ အံ့သြတုန်လှုပ်မှုက အနက်ရောင် အစောင့်အရှောက်များနှင့် မယှဥ်နိုင်သေးပေ။ ချပ်ဝတ်က သူ့အမူအရာကို ဖုံးကွယ်ထားနိုင်သော်လည်း သူ့မျက်ဝန်းက အံ့အားသင့်သည့် အမူအရာမျိုး ထုတ်ဖော်ပြသနေ၏။ တစ်ချိန်တည်းဆိုသလို သူ့စိတ်ထဲ မေးခွန်းတစ်သောင်းလောက် ထွက်ပေါ်လာသည်။
ဒီလူအိုကြီးက ဘယ်သူလဲ။ သူက ဘာလို့ ဒီလောက်အားကောင်းနေရတာလဲ။ ဒီလိုအားကောင်းနေတဲ့သူက ဘာလို့ အကျိုးအကြောင်းမသင့် လုပ်နေတာလဲ ...
ထိုလက်ဝါးချက်က အမြည်းသဘောမျိုးသာ ဖြစ်၏။ လုကျိုးက ၆ယောက် ၁ယောက် တိုက်ခိုက်သည်မှာ အနည်းငယ် ခက်ခဲမည်ဖြစ်ကြောင်း သိလေသည်။ ထို့အပြင် အသေရိုက်ချက် ကတ်ကို ထိုလူများအပေါ် သုံးစွဲပါက ဆုံးရှုံးမှုကြီး ဖြစ်လိမ့်မည်။ သူက သူဖတ်ရှုထားသည့် စာအုပ်ထဲမှ သတင်းအချက်အလက်ကို ပြန်လည်တွေးတောလိုက်၏။ မွေးဖွားဇယားချပ်၏ အနှစ်သာရက မွေးဖွားနန်းဆောင်တွင် တည်ရှိနေသည်။ အကယ်၍ မွေးဖွားနန်းဆောင်သာ ပျက်စီးသွားပါက မွေးဖွားဇယားချပ်သည်လည်း ပျက်စီးသွားလိမ့်မည်။
ထိုစဥ် အနက်ရောင် အစောင့်အရှောက် ၆ ယောက်က ပြန်ပြီး ဖွဲ့စည်းကာ တန်းစီ ရပ်လိုက်ကြသည်။ သူတို့ ခန္ဓာကိုယ်ရှိ ချပ်ဝတ်က မဖော်ပြနိုင်သည့် ဆက်နွယ်မှုမျိုး ရှိနေဟန်ပေါ်၏။ သူတို့က တစ်ပုံစံထဲ ဖြစ်နေသည်မှလွဲ၍ ဆက်နွယ်ထားသည့် စွမ်းအားတစ်ခု ရှိနေဟန်ပေါ်သည်။
လုကျိုးကြောင့် လွင့်စဉ်သွားသည့် အနက်ရောင် အစောင့်အရှောက်က ဘယ်ဘက်အဖွဲ့၏ ခေါင်းဆောင် ဖြစ်ပေသည်။ သူက နာကျင်မှုကို အံတုပြီး မေးလိုက်သည်။
“ချန်းပေ့ ခင်ဗျားက ဘယ်သူလဲ”
“ငါက ဘယ်သူပဲဖြစ်ဖြစ် ဒီအသက်ဓာတ် နှလုံးသားက ငါ့အပိုင်”
“ကျုပ်တို့ အနက်ရောင် အစောင့်အရှောက်က အမိန့်အတိုင်း လုပ်နေတာပါ။ ကျုပ်တို့အတွက် ဘာလို့ ခက်ခဲအောင် လုပ်ချင်နေရတာလဲ” ခေါင်းဆောင်က မေးလိုက်သည်။
“ကိစ္စတွေကို ခက်ခဲအောင် လုပ်နေတာတဲ့လား။ စောစောကတော့ အဲဒီလိုပြောတာ မတွေ့မိပါဘူး” လုကျိုးက သဘောမတူစွာ ခေါင်းအသာယမ်းလိုက်သည်။ အနက်ရောင် အစောင့်အရှောက်က စကားမပြောလျှင် အဆင်ပြေသော်လည်း ထိုစကားများကို နားထောင်ပြီးသည့်နောက်တွင် ဒေါသထွက်လာမိ၏။ အမိန့်အတိုင်း လိုက်လုပ်တယ်ဆိုပြီး တစ်ခြားသူတွေကို အနိုင်ကျင့်နိုင်တာ ဘယ်တုန်းက ဖြစ်သွားတာလဲ ...
အနက်ရောင် အစောင့်အရှောက်က ထပ်မံ ပြောဆိုလိုက်သည်။
“အသက်ဓာတ် နှလုံးသား သုံးခုရှိတယ်ဆိုတော့ ခင်ဗျားက ၁ခု ယူပြီး ကျုပ်တို့ကို ၂ခု ပေးလိုက်လေ”
လုကျိုးက ခေါင်းခါလိုက်သည်။
ခေါင်းဆောင်တစ်ယောက်က ထပ်မံ ပြောလိုက်သည်။
“ခင်ဗျားရဲ့ အင်အားက မွေးဖွားဇယားချပ် ၅ခု ဝန်းကျင်တော့ ရှိမှာပဲ။ ဒီအဆင့်နိမ့် အသက်ဓာတ် နှလုံးသားတွေက ခင်ဗျားအတွက် အသုံးမဝင်ဘူး”
ထိုစကားများကို ကြားပြီးသည့်နောက်တွင် ကျင့်ကြံသူထောင်ချီက အံ့အားသင့်သွားကြ၏။ လွှမ်းမိုးနိုင်ပြီး လျှို့ဝှက်ဆန်းကြယ်ဟန်ပေါ်သည့် အနက်ရောင် အစောင့်အရှောက်ကပင် ယဥ်ယဥ်ကျေးကျေး ပြောဆိုနေရသည်။
ထိုစဥ် ရွှမ်ချန်းကျစ်၊ မော့ရှင်းလုနှင့် ကျန်းယန်တို့က သူတို့ကို သူတို့ ရိုက်ချင်မိသွားသည်။ အနက်ရောင် အစောင့်အရှောက်ကပင် ထိုလူအိုကြီးကို ဖျောင်းဖျနေရ၏။
သူတို့က ထိုလူအိုကြီးကို အခွင့်ကောင်းယူဖို့ ကြိုးစားခဲ့သည်ကို တွေးကြည့်လိုက်လျှင် ...
လုကျိုးက ပြောလိုက်သည်။
“ငါက အသက်ဓာတ် နှလုံးသား ၃ခုလုံး လိုချင်တာ”
ညာဘက်ရှိ ခေါင်းဆောင်က ပုဆိန်လှံရှည်ကို ဝှေ့ယမ်းလိုက်သည်။
လေထဲတွင် စွမ်းအားပဲ့တင်သံ ထွက်လာ၏။
အားလုံးရှေ့မှောက်တွင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ၁ခု ၂ခု ၃ခုက အနက်ရောင်ကြယ်များကဲ့သို့ ပေါ်ထွက်လာသည်။
ထိုအရာကို မြင်ပြီးသည့်နောက်တွင် ဘယ်ဘက်အဖွဲ့ကလည်း သူတို့၏ စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်၏။
ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ၄ခု ၅ခု ၆ခု ...
စိတ်ဝိညာဥ်သဏ္ဌာန် ၆ခု၊ အတို ၄ခု၊ အရှည် ၂ခု ...
အရှည်ဆုံးက ပေ ၄၅၀ မြင့်မားစဥ် အတိုဆုံးက ပေ ၄၀၀ မျှရှိသည်။
သူတို့ ၆ယောက်ကြား မွေးဖွားဇယားချပ် ၄ခု ပညာရှင် ၂ယောက်ရှိပြီး မွေးဖွားဇယားချပ် ၃ခုပိုင်ရှင် ၄ယောက် ရှိလေသည်။ အနက်ရောင် အစောင့်အရှောက်၏ ပျမ်းမျှခွန်အားက ယန်ကျန်းလော့ ပြောခဲ့သလိုမျိုး ကွက်တိ ဖြစ်၏။