← Chapters

အခန်း (၉၃၁-၉၃၃)

Vol. 63 Ch. 931-933

အခန်း (၉၃၁-၉၃၃)

Vol. 63 Ch. 931-933

အခန်း (၉၃၁) စစ်မှန်သော အရှိန်

အနက်ရောင်အစောင့်အရှောက်က ပြောလိုက်၏။

“ငါတို့ စစ်ပွဲတစ်ပွဲ မစတင်ချင်ဘူး။ သူတို့အသက်တွေနဲ့ ခင်ဗျား ဘာကြောင့် လောင်းကြေးထပ်မှာလဲ”

“အမ်း”

ကျင့်ကြံသူထောင်ချီသည် တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွားလေ၏။

ရွှမ်ချန်းကျစ်၊ မော့ရှင်းလုနှင့် ကျန်းယန်တို့၏ အမူအရာသည် ယခုအချိန်၌ အင်မတန် မြင်မကောင်း ရှုမကောင်းဖြစ်နေတော့သည်။

လုကျိုးက ခေါင်းခါပြီး မေးလိုက်၏။ “သူတို့ သေတာရှင်တာ ငါနဲ့ဘာဆိုင်လဲ”

ရွှမ်ချန်းကျစ်၊ မော့ရှင်းလုနှင့် ကျန်းယန် “...”

သုံးယောက်သားက စိတ်ပျက်အားငယ်သွားတော့သည်။ ယနေ့ မည်သူနိုင်သည် ရှုံးသည်ဖြစ်စေ သူတို့ဂိုဏ်းသုံးဂိုဏ်းက အဆုံးသတ်ကောင်းတော့မှာ မဟုတ်ပေ။

ဘာတွေဖြစ်ကုန်တာလဲ ... သူတို့တွေရထားတဲ့ အသက်ဓာတ်နှလုံးသားကို နွေးအောင်တောင် မကိုင်ရသေးခင် အသက်ဓာတ်နှလုံးသားကို လုယူခံရပြီး ငရဲကို အပို့ခံရတာ ဘယ်လိုပြစ်မှုမျိုး သူတို့ ကျူးလွန်ခဲ့မိတာလဲ။

အနက်ရောင်အစောင့်အရှောက်ခြောက်ဦး ...

ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ခြောက်ခု ...

ယင်းသည် ရွှေကြာနယ်မြေနှင့် အနီရောင်နယ်မြေကို သိမ်းကျုံးရန် လုံလောက်ပြီဖြစ်သည်။ ကံကောင်းသည်မှာ အနက်ရောင်မျှော်စင်အဖွဲ့အစည်းထဲရှိ အတွင်းပိုင်းရုန်းကန်မှုက ပြင်းထန်နေ၏။ မဟုတ်လျှင် တကယ်ကပ်ဘေးတစ်ခု ဖြစ်လိမ့်မည်။

ကျင့်ကြံသူများက မီတာတစ်ရာကျော် နောက်ထပ်ဆုတ်လိုက်သော်ငြား အသုံးမဝင်ပေ။ ဘုံတစ်ထောင်လေပွေသိုင်းပညာရှင်များကြားထဲ၌ သူတို့သည် ဆင်များကြား လမ်းလျှောက်နေသည့် ပုရွက်ဆိတ်များ ဖြစ်နေသည်။ သူတို့က စဉ်းတီတုံးပေါ်ရှိ ငါးပမာ ခံစားနေရ၏။

“ခင်ဗျားက အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ရန်သူဖြစ်ချင်နေတာလား”

အနက်ရောင်အစောင့်အရှောက် အဖွဲ့အစည်းက ဆက်မေးလိုက်တော့သည်။

လုကျိုးက ပြောလိုက်၏။ "မင်း ဘာကြောင့် စကားများနေတာလဲ။ အပြစ်ပေးခံရမှာကို ကြောက်တာကြောင့် အဆင်အခြင်မဲ့ မသတ်ရဲတာမလား”

“ဟမ် ...” အနက်ရောင်အစောင့်အရှောက်က ထိတ်လန့်သွားလေ၏။

“အသက်ဓာတ်နှလုံးသားက ငါ ပိုင်တယ်။ မင်းတို့ခြောက်ယောက် ငါ့ဆီကနေ လုယူနိုင်မယ်လို့ ထင်နေလား” လုကျိုးက မေးလိုက်ကာ စိတ်ထဲတွင်မူ သူ၏ခွန်အားနှင့် ရန်သူခြောက်ယောက်၏ ခွန်အားကို တွက်ချက်နေသည်။

သူ၏ရန်သူများ၌ စုစုပေါင်း မွေးဖွားဇယားချပ် ခြောက်ခုရှိသည်။ သူသည် အသေရိုက်ချက်ကတ်များကို အသုံးပြုခဲ့လျှင် မွေးဖွားဇယားချပ်ငါးခုကို ဖျက်ဆီးနိုင်မည်။ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားဖြင့် သူသည် မွေးဖွားနန်းဆောင်နှစ်ခုကို ဖျက်ဆီးနိုင်မှာ ဖြစ်သည်။ သို့သော်ငြား လူသုံးယောက်ကျန်နေဦးမည်။ သူ့၌ သင့်တော်သည့်လက်နက်များ ရှိသော်ငြား လုံလောက်ပုံမပေါ် ကွာဟချက်က အတော်လေး ကြီးမား၏။

လုကျိုးသည် သူတို့ကို အရင်ဆုံးခြိမ်းခြောက်ရန် ဆုံးဖြတ်လိုက်၏။

အနက်ရောင်အစောင့်အရှောက်က ထပ်ပြောသည်။

“အနက်ရောင်မျှော်စင်အဖွဲ့အစည်းက အနီရောင်ကြာနယ်မြေကို ကာကွယ်ဖို့ ဒီလိုလုပ်နေတာ”

“သေခြင်းရှင်ခြင်းက ကံကြမ္မာက ဆုံးဖြတ်တယ်။ ကြွယ်ဝမှုနဲ့ ဂုဏ်သရေကို ကောင်းကင်ဘုံက ဆုံးဖြတ်တယ်။ သူတို့ ကာကွယ်ခံချင်လားဆိုတာ မင်း သူတို့ကို မေးခဲ့လား” လုကျိုးသည် နောက်သို့ ဆုတ်သွားသည်။ ကျင့်ကြံသူထောင်ချီကို လက်ညှိုးထိုးပြလိုက်၏။

“...”

အနက်ရောင်အစောင့်အရှောက်က ထပ်ရှင်းပြရန် ကြိုးစားလိုက်သည်။

“အနီရောင်ကြာနယ်မြေက လုံလောက်အောင် မသန်မာဘူး။ မွေးဖွားဇယားချပ်သားရဲတစ်ကောင်နဲ့ သူတို့ကို စုတ်ပြတ်သတ်သွားအောင် လုပ်ဖို့ လုံလောက်နေပြီ။ သူတို့သာ သားရဲဘုရင်နဲ့ တွေ့မယ်ဆိုရင် ...”

“တော်လောက်ပြီ” လုကျိုးက ဖြတ်ပြောလိုက်သည်။ “ဒီစကားတွေကို ကြားရတာ ငြီးငွေ့နေပြီ”

အနက်ရောင်အစောင့်အရှောက်များသည် တစ်ယောက်ကိုတစ်ယောက်ကြည့်နေ၏။ ၎င်းက သူတို့ပထမဆုံးတွေ့ဆုံမှု ဖြစ်၏။ အဖိုးအိုသည် ထိုစကားလုံးများကို နားထောင်ရတာ မည်ကဲ့သို့ငြီးငွေ့နိုင်မည်နည်း။

“ဒါဆိုရင် ကျုပ်တို့ရိုင်းပျတယ်ဆိုပြီး အပြစ်မတင်နဲ့။ အစီအရင်ထဲ ဝင်ကြ”

အနက်ရောင် အစောင့်အရှောက်လေးဦးသည် လှစ်ခနဲ လှုပ်ရှားကာ လုကျိုးကို ရုတ်တရက် ဝိုင်းထားလိုက်၏။

အနက်ရောင်အစောင့်အရှောက်များက လက်မလျှော့ပေ။ သူတို့အမြင်တွင် သူတို့အနိုင်ရနိုင်ခြေက အလွန်မြင့်သည်။

မျက်စိတစ်မှိတ်အတွင်း သူတို့ စတင်တိုက်ခိုက်တော့၏။

လူတိုင်းက အထိတ်တလန့်အော်လိုက်သည်။ အရှိန်က မြန်ဆန်လွန်းသည်။ ယင်းသည် ဘုံတစ်ထောင်လေပွေ သိုင်းပညာရှင်များ၏ စွမ်းဆောင်ရည်ပေလော။

အနက်ရောင်အစောင့်အရှောက်များထဲက တစ်ယောက်က သူ၏လက်ထဲရှိ လှံအရှည်ကို မြှောက်ကာ ဝေ့ယမ်းလိုက်သည်။

လုကျိုးက မျက်မှောင်အနည်းငယ်ကျုံ့လိုက်၏။ “မင်း ဆန္ဒကို ဖြည့်ပေးမယ်”

လုကျိုးက လေထဲပျောက်ကွယ်သွားပုံပေါ်ပြီးနောက် အရှေ့ဖက်တွင် ရပ်နေသော အနက်ရောင်အစောင့်အရှောက်၏ ရှေ့တွင်ပေါ်လာပြီး သူ၏လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

အနက်ရောင်အစောင့်အရှောက်သည် အန္တာရယ်ကို အာရုံခံနိုင်ပြီး လှစ်ကနဲရှောင်သွားသည်။ လုကျိုးက သူ ရှောင်မည်ကို ကြိုတင်မှန်းဆထားပြီးဖြစ်ကာ ပိုတောင်မြန်ဆန်သောအရှိန်ဖြင့် ထပ်ရိုက်ချလိုက်၏။

“ငါ လေ ....”

လုကျိုး၏ အမူအရာသည် အပြောင်းအလဲမရှိ။ လက်ငါးချောင်းသည် အပြာရောင်အလင်းဖြင့် တောက်ပနေသည်။ ကမ္ဘာပေါ်တွင် မွေးဖွားလာသည့် လူတိုင်းက အမည်တစ်ခုနှင့် မျိုးနွယ်စုတစ်ခုရှိကြပေ၏။ သူတို့က စားသောက်ပြီး ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုကို ခံစားကြသည်။ နတ္ထိမှ မွေးဖွားလာပြီး အရာအားလုံးရောက်ရှိလာ၏။ သံသရာတွင်နေထိုင်ပြီး ထိုအရာမှ သင်ယူကြသည်။ ယင်းက အတိတ်ဘဝများ၏ စွမ်းအားပေတည်း။

ဘန်း

ပြီးနောက် စွန့်ပစ်ခံဉာဏ်ပညာကို ပစ်ထုတ်လိုက်ရာ ၎င်းသည် အနက်ရောင်အစောင့်အရှောက်၏ ကျောပေါ် ရောက်သွားလေ၏။ ထင်သည့်အတိုင်းပေ သူ နောက်သို့လွင့်ထွက်သွားကာ သွေးတစ်ပွက် အန်တော့သည်။ သို့သော်ငြား စွမ်းအင်များဖြင့် အဝိုင်းခံထားရပြီး သွေးက အနက်ရောင်ဖြစ်နေသည်။

“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၆၀၀၀”

လုကျိုးသည် ထိုနေ့က မွေးဖွားဇယားချပ်များစွာကို တစ်ပြိုင်နက်တည်း ဖျက်ဆီးခဲ့ဖို့ အလွန်သင့်တော်ခြင်းမရှိဟု ခံစားရသည်။ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားက အကန့်အသတ်ရှိသည်။ မည်သို့ပင်ဆိုစေ လက်ဝါးစည်းတံဆိပ်က သူ၏စွမ်းရည်ကို ပြီးပြည့်စုံစွာ ပြသနေ၏။

မော့ရှင်းလုသည် ရင်းနှီးနေသော အပြာရောင်အလင်းကို မြင်သောအခါ တအံ့တဩပြောလိုက်သည်။ “အဲဒါ သူလား”

“ဘယ်သူလဲ”

“ယွီချန်းရှုကို သတ်လိုက်တဲ့ လောင်ချန်းပေ့လေ”

“သူလား” ရွှမ်းချန်းကျစ်က ထိတ်လန့်သွားသည်။

ထိုစဉ်က ယွီချန်းရှုကို သတ်ခဲ့သည့်သူက ပွင့်ချပ်ဆယ်လွှာသာရှိသည်။ တစ်နှစ်မပြည့်မှီ၌ သူက ယခုဆို အနက်ရောင်အစောင့်အရှောက်ခြောက်ဦးကို ဆန့်ကျင်နိုင်သည့် စွမ်းအား ပိုင်ဆိုင်နေပြီလော။

အနက်ရောင်အစောင့်အရှောက်၏ အမူအရာသည် သူ၏ မွေးဖွားဇယားချပ် ဖျက်ဆီးခံလိုက်ရပြီးနောက် ထိတ်လန့်မှုတို့ပေါ်လာသည်။

ယင်းကို တွေ့သောအခါ ခေါင်းဆောင်နှစ်ဦးသည် အနက်ရောင်စွမ်းအင်များ ရစ်ဝဲနေသော သူတို့၏လှံရှည်ကို ဆွဲထုတ်လိုက်သည်။ လေထုအခြေအနေက မှုန်မှိုင်းသွားပုံပေါ်ကာ သူတို့ အရှိန်အဝါများ ပိုသန်မာလာပုံရသည်။

ထိုစဉ် အနောက်အရပ်ရှိ အနက်ရောင်အစောင့်အရှောက်က သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လိုက်၏။ အနက်ရောင်ကြယ်တာရာ ဒိုင်ခွက်ပေါ်ရှိ မွေးဖွားဇယားချပ် သုံးခုက အလင်းတန်းများ ချက်ချင်းပေါ်ထွက်လာသည်။

လုကျိုးက လှစ်ခနဲရှောင်လိုက်တော့သည်။ စတုတ္ထမြောက် မွေးဖွားဇယားချပ်မှ စွမ်းအားဖြင့် သူ၏အရှိန်သည် မြန်ဆန်လွန်းနေရာ လေထုထဲပျောက်ကွယ်သွားသည့်ပမာ ထင်မှတ်ရသည်။

“သူ ဘယ်မှာလဲ”

“ဂရုစိုက်”

မျက်စိတစ်မှိတ်အတွင်း လုကျိုးသည် အနက်ရောင်ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန် နောက်၌ လှစ်ကနဲ ပေါ်လာပြီး ၎င်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်၏။ သူ၏ကျန်လက်တစ်ဖက်က အပြာရောင်အလင်းဖြင့် တောက်ပနေကာ ကြာပလင်ထဲရှိ မွေးဖွားနန်းဆောင်ကို ဆွဲယူလိုက်၏။

လုကျိုး၏ အရှိန်သည် မြန်ဆန်လွန်းသဖြင့် အနက်ရောင်အစောင့်အရှောက်က ကြောက်လန့်မှုကြောင့် တုန်ယင်နေတော့သည်။

“မဟုတ်ဘူး”

လုကျိုး၏လက်သည် မွေးဖွားနန်းဆောင်ကို အညှာအတာမရှိ ဖျက်ဆီးလိုက်တော့သည်။

စိတ်ဝိညာဉ်သဏ္ဌာန်ကလည်း ထိခိုက်သွား၏။ ကြယ်တာရာဒိုင်ခွက်ပေါ်ရှိ မွေးဖွားဇယားချပ်သုံးခုကလည်း တပြိုင်နက်တည်းပါသွားသည်။

လုကျိုးသည် မွေးဖွားနန်းဆောင်ကို ဖျက်ဆီးခြင်းဖြင့် ကုသိုလ်မှတ်များ မရသော်ငြား မွေးဖွားဇယားချပ်ကို တပြိုင်နက်တည်းဖျက်ဆီးခြင်းက အဆင်ပြေသည်။

စိတ်ဝိညာဉ်သဏ္ဌာန်နှင့် မွေးဖွားဇယားချပ်များ မရှိဘဲ လုကျိုးရှေ့ရှိ အနက်ရောင်အစောင့်အရှောက်သည် အားနည်းသော သိုးတစ်ကောင်ဖြစ်သွားသည်။

ပတ်ဝန်းကျင်ရှိ အနက်ရောင်အစောင့်အရှောက်များကလည်း သူတို့ရဲဘော်ကို ကူညီရန် တဟုန်ထိုးရောက်လာသည်။

“နောက်ဆုတ်ကြ” အပြာရောင်ကြာက ပေါ်လာပြီး လုကျိုး ခြေထောက်အောက်၌ ဖူးပွင့်လာ၏။ အပြာရောင်ကြာပွင့်များ ဝေ့တက်လာသည့် စွမ်းအင်သည် အနက်ရောင်အစောင့်အရှောက်ငါးဦးဆီ ရိုက်ခတ်လာသည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

အပြာရောင်ကြာပွင့်မှ စွမ်းအင်သည် အရှေ့ တောအုပ်တောင်တန်းထဲရှိ တောအုပ်ကို ဓားပူပူက ထောပတ်ကို ဖြတ်တောက်သည့်ပမာ ပိုင်းဖြတ်သွားသည်။

ယခုအနက်ရောင်အစောင့်အရှောက်ငါးဦး ပျောက်ကွယ်သွားပြီး လုကျိုးက မွေးဖွားနန်းဆောင် ဖျက်ဆီးခံလိုက်ရသော အနက်ရောင်အစောင့်အရှောက်၏ ရင်ဘတ်ကို ရိုက်ချလိုက်သည်။

ကောင်းကင်ကနေ အနက်ရောင်အစောင့်အရှောက်ပြုတ်ကျလာပြီး မြေပြင်ကို ပြင်းထန်စွာ ရိုက်မိသွား၏။

“တင်း ... ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၈၀၀၀။ နယ်မြေအပိုကုသိုလ်မှတ် ၂၀၀၀”

လုကျိုးသည် သူ၏သတိတရားကို မလျှော့ချခဲ့ပေ။ သူက ကျန်ရှိသည့် အနက်ရောင် အစောင့်အရှောက်များကို လိုက်ရှာ၏။ သို့သော် သူတို့ကို မည်သည့်နေရာမှာမှ မတွေ့ရပေ။ သူတို့သည် လျှို့ဝှက်ကျင့်စဉ်တချို့သုံးပြီး ထွက်ပြေးသွားသည်လော။ ကိုယ်ပျောက်ကျင့်စဉ် ဖြစ်နိုင်သည်လော။ ဤတိုက်ပွဲထဲကနေ ဘုံတစ်ထောင်လေပွေ အတွက် သူ၏ တိုက်ခိုက်ရေးနည်းလမ်းများသည် မလုံလောက်သေးမှန်း မြင်တွေ့ရသည်။ ယွင်ထျန်းလော့၏ စာအုပ်က အခြေခံဗဟုသုတသာ ရရှိနိုင်၏။ လျှို့ဝှက်ကျင့်စဉ်များ မရှိပေ။

သူသည် အထွတ်အထိပ်ကို သုံးကြိမ်အသုံးပြုခဲ့ပြီး တဝက်ကျော်လျော့ပါးသွားပြီဖြစ်သည်။ သူ၏ ဝှက်ဖဲများ အားလုံးအသုံးပြုခဲ့လျှင် သူတို့အားလုံးကို သတ်ဖို့ မဖြစ်နိုင်ပေ။ သို့သော် ယင်းက ထိုက်တန်သည်ဟု သူ မထင်ပေ။

အကြားစွမ်းအား ...

အပြာရောင်စွမ်းအင်သည် လုကျိုး၏ နားနား ပေါ်လာလေ၏။ အကြားစွမ်းအား၏ အကျယ်အဝန်းကို ချက်ချင်းပင် မီတာ ၁၀၀၀ အကျယ်ကို ဖြန့်ကျက်လိုက်သည်။

လှုပ်ရှားမှု၊ အသက်ရှူနှုန်း၊ ကောင်းကင်ရှာဖွေရေးဂိုဏ်း၊ စစ်မှန်သော ခွန်းလွန်ဂိုဏ်းနှင့် လေဟာနယ်ဂိုဏ်းတို့မှ ဂိုဏ်းသားတို့၏ လှုပ်ရှားမှု အသက်ရှူနှုန်းတို့က သူ့နားထဲရောက်လာသည်။

လုကျိုးက ရွှမ်းချန်းကျစ်နှင့် တခြားသူများကို လှည့်ကြည့်လိုက်သည်။ အကြည့်တစ်ချက်ဖြင့် သူတို့သုံးယောက်သားက ချက်ချင်းဒူးထောက်လိုက်၏။

“ဆရာကြီး ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ”

ယင်းကို မြင်သောအခါ လူထောင်ချီက မြေပြင်ပေါ် တစ်ပြိုင်နက်တည်း ဒူးထောက်လိုက်၏။

“ဆရာကြီး ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ”

ထိုစဉ် ...

ဒုတ် ဒုတ် ဒုတ်

နှလုံးခုန်သံလား ...

လုကျိုး၏ အာရုံစိုက်မှုက သူတို့ပေါ်တွင် ရှိနေတာမဟုတ်ဘဲ အရှေ့ဖက်တောင်တန်းဒေသ၏ တောင်တန်းဒေသ မြောက်ဖက်တွင် ရှိသည်။ အနက်ရောင်အစောင့်အရှောက်များက အစောတုန်းက မြောက်ဖက်မှ ပေါ်လာပုံရတာကို ပြန်တွေးမိသွားသည်။ သူက မျက်စိတစ်မှိတ်အတွင်း မိုင်ထောင်ချီကို ဖြတ်ကျော်သွား၏။ သူက လေထဲပျံဝဲနေကာ ဆက်လက်နားဆင်နေသည်။

ဒုတ် ဒုတ် ဒုတ်

ရုတ်တရက် အင်မတန်ဖျော့တော့သည့် နှလုံးခုန်သံက လျော့သွားသည်။ ပတ်ဝန်းကျင်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွား၏။

လုကျိုးသည် လက်နောက်ပစ်ထားလျက် အသံတိုးတိုးဖြင့် ပြောလိုက်တော့သည်။ “ငါနဲ့ ကြောင်နဲ့ ကြွက် ကစားချင်တာလား”

လုကျိုးက သူ့လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဖုန်း

ရွှေရောင်လက်ဝါးစည်းတံဆိပ်သည် သူ့နှလုံးခုန်သံကြားသည့်နေရာဆီသို့ ပျံသန်းသွားပြီး ကျောက်ဆောင်ကို ရိုက်မိသွားသည်။

အနက်ရောင်အစောင့်အရှောက်လေးဦးက ချက်ချင်းပေါ်လာတော့သည်။ သူတို့က လက်ဝါးစည်းတံဆိပ်ဖြင့် အရိုက်ခံလိုက်ရသည့် ပဉ္စမမြောက် အနက်ရောင်အစောင့်အရှောက်ဆီ တဟုန်ထိုး သွားပြီးနောက် လှစ်ကနဲ ထွက်ပြေးသွား၏။

“သွားတော့”

“ငါတို့ ဘယ်သွားနေတာလဲ” လုကျိုးသည် ပိုတောင်မြန်ဆန်သော အရှိန်ဖြင့် သူတို့နောက် လိုက်လေ၏။

…

အခန်း (၉၃၂) ဒါက အနက်ရောင် အစောင့်အရှောက်တွေရဲ့ စွမ်းပကား

တိကျန်း၏ စွမ်းရည်ကို ရရှိထားသည့် လုကျိုးက အနက်ရောင် အစောင့်အရှောက်၏ အရှိန်သည် အနည်းငယ် နှေးကွေးနေသည်ဟု ခံစားမိလေ၏။ သူတို့က တမင်နှေးထားတာလားဟုပင် အနည်းငယ် တွေးမိသွားသည်။ ပြောရလျှင် ကြောင်တစ်ကောင်၏ မျက်လုံး၌ လူသားများ၏ လှုပ်ရှားမှု နှေးကွေးနေသလိုမျိုးဖြစ်ပြီး အပိုပြောနေခြင်း မဟုတ်ပေ။ သူတို့က ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်အဆင့် ကျင့်ကြံသူများ မဟုတ်ပါလော။

မျက်စိတစ်မှိတ်အတွင်း လုကျိုးက မြောက်ဘက်တောအုပ်အထိ လိုက်လံဖမ်းဆီးခဲ့သည်။

ထိုစဥ် ရွှမ်ချန်းကျစ်၊ မော့ရှင်းလုနှင့် ကျန်းယန်တို့က အချင်းချင်း ကြည့်လိုက်ကြသည်။

“ငါတို့ရော သူတို့နောက်က လိုက်သွားရမလား” မော့ရှင်းလုက မေးလိုက်သည်။

“မဟုတ်ဘူး။ ငါတို့တွေ ဒီမှာပဲ ဆက်နေမယ်။ တကယ်လို့ နောက်ကနေ လိုက်သွားရင် ထိခိုက်သွားနိုင်တယ်” ရွှမ်ချန်းကျစ်က ပြောလိုက်သည်။

တပည့်များကလည်း ခေါင်းညိတ်လိုက်ကြ၏။

ကောင်းကင်ချားတောင်နယ်နိမိတ် ဝန်းကျင်ရှိ ပွင့်ချပ်ဆယ်လွှာအဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲသည် တောင်ကြားနှင့် တောအုပ်တစ်ခုလုံးကို ပြားပြားဝပ်စေခဲ့သည်။ ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူများစွာ၏ တိုက်ပွဲနှင့် နှိုင်းယှဥ်လိုက်ပါက သူတို့သည် အမြည်းသဘောမျှသာ ဖြစ်၏။

ကျန်းယန်က သက်ပြင်းချကာ ပြောလိုက်သည်။

“အဲဒါဆို အသက်ဓာတ် နှလုံးသားက ... “

“ဒီလိုအချိန်မှာ အသက်ဓာတ် နှလုံးသားအကြောင်း တွေးနိုင်သေးတယ်လား။ ခင်ဗျား အသက် ဘယ်လိုကယ်ရမလဲဆိုတာကို စဥ်းစားထားတာ ပိုကောင်းလိမ့်မယ်”

၃ယောက်သားက ခေါင်းငုံ့ပြီးသည့်နောက်တွင် တစ်ပြိုင်နက် သက်ပြင်းချလိုက်ကြသည်။ သူတို့က ထွက်ခွာမသွားဘဲ စောင့်ဆိုင်းဖို့သာ ဆုံးဖြတ်လိုက်ကြ၏။

ယခု ထွက်ပြေးသွားလျှင်ပင် ထာဝရ ထွက်မပြေးနိုင်ကြောင်း သိထားလေသည်။ အကယ်၍ ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူက ဒေါသထွက်သွားလျှင် သူတို့ မည်သို့ဖြစ်သွားမည်ကို မည်သူကများ သိမည်နည်း။ စောင့်ဆိုင်းနေသည်က ပို၍ကောင်းပေသည်။ အနည်းဆုံးတော့ အသက်ရှင်နိုင်ခြေ ရှိလေ၏။

ယခု သူတို့က ထိုအကြောင်းကို စဥ်းစားမိသည့်အခါ အနက်ရောင် အစောင့်အရှောက်များကို တွေးပြီးသည့်နောက်တွင် ထိုဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်အဆင့် လူအိုကြီးက အကျိုးအကြောင်းသင့်ဟန်ပေါ်၏။

...

အနက်ရောင် အစောင့်အရှောက်များကို လိုက်လံဖမ်းဆီးရင်း လုကျိုးက အနည်းငယ် တုံ့ဆိုင်းမိသွားသည်။ သူ သိထားသလောက် အနက်ရောင် အစောင့်အရှောက်များသည် ဤမျှ အားမနည်းသင့်ပေ။ ထို့အပြင် သူတို့၏ တိုက်ခိုက်ရေးပုံစံက အနည်းငယ် တောင့်တင်းလွန်းနေ၏။ အနက်ရောင် အစောင့်အရှောက်တစ်ယောက်ကို ဆုံးရှုံးပြီးသည့်နောက်တွင် သူတို့က လှည့်ကာ ထွက်ပြေးသွားသည်။

လုကျိုးက နားမလည်နိုင်ဖြစ်နေမိသည်။

သူတို့က အနက်ရောင်မျှော်စင် အဖွဲ့အစည်းက အားကောင်းတဲ့ အနက်ရောင် အစောင့်အရှောက်တွေရော ဟုတ်တယ်လား ...

...........

အရှေ့ဘက်ရှိ တောအုပ်အတွင်း

ဝှစ် ဝှစ် ဝှစ်

ရွှေကြာ စိတ်ဝိညာဥ်သဏ္ဌာန် ၂ခုက ကောင်းကင်အထိ မြင့်မားကာ ထွက်ပေါ်နေသည်။ စိတ်ဝိညာဥ်သဏ္ဌာန် ၁ခုက ပွင့်ချပ်ဆယ်လွှာရှိသည့် ရွှေကြာက လှည့်ပတ်နေသည်။ ပွင့်ချပ်၏ ထိပ်ဖျားတွင် ရွှေရောင် မီးတောက် တောက်လောင်နေလေ၏။

တခြားစိတ်ဝိညာဥ်သဏ္ဌာန် ၁ခုက ကြာပွင့် မရှိသည့်အတွက် ပိုမိုထူးဆန်းကာ လျို့ဝှက်ဆန်းကြယ်နေဟန်ထင်ရသည်။ ထိုစိတ်ဝိညာဥ်သဏ္ဌာန်၏ အောက်ခြေတွင် ပွင့်ချပ်ဆယ်လွှာ လှည့်ပတ်နေသည်မှာ လမင်းဆယ်စင်းက ကမ္ဘာမြေကို လှည့်ပတ်နေသလိုမျိုး အစီအစဥ်တကျ လှည့်ပတ်နေသည်။

...

“ပွင့်ချပ်ဆယ်လွှာလား”

လုကျိုးက ထိုစိတ်ဝိညာဥ်သဏ္ဌာန်များကို မြင်တွေ့ပြီးသည့်နောက်တွင် နားလည်သွားလေသည်။

လူများစွာက ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကို စောင့်ရှောက်နေသည့်အတွက် သူတို့က ဆယ်ခုမြောက် ပွင့်ချပ်ကို အောင်အောင်မြင်မြင် ထွက်နိုင်ဖို့က အချိန်တစ်ခုမျှသာ လိုအပ်သည်။

ထိုစဥ် အနက်ရောင် အစောင့်အရှောက်က ပွင့်ချပ်ဆယ်လွှာ စိတ်ဝိညာဥ်သဏ္ဌာန် ၂ခုရှိရာဆီ ဦးတည်လိုက်ကြသည်။

ထိုအရာကို မြင်ပြီးသည့်နောက်တွင် လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။

“မင်းတို့က ငါ့တပည့်ကို ပစ်မှတ်ထားရဲတယ်လား”

လုကျိုးက စတုတ္ထမြောက် မွေးဖွားဇယားချပ် စွမ်းရည်ကို အသက်သွင်းလိုက်သည်။

သူ့ခန္ဓာကိုယ်မှ ရွှေရောင် အလင်းတန်းတောက်ပလာလေ၏။ သိပ်မကြာခင် လေဟာနယ်က လှိုင်းထလာကာ သူက မြန်ဆန်လွန်းသည့် အရှိန်ဖြင့် သွားလိုက်သည့်အတွက် ပုံပျက်သွားဟန်ပေါ်သည်။

လုကျိုးက အလင်း၏ အမြန်နှုန်းဖြင့် အနက်ရောင် အစောင့်အရှောက်၏ ကျောဘက် ရောက်ရှိသွားပြီး လက်ဝါးချက် ရိုက်ထုတ်လိုက်သည်။

အနက်ရောင် အစောင့်အရှောက် ၅ယောက်က လှည့်ကြည့်လိုက်ပြီးသည့်နောက်တွင် သူတို့၏ ပုဆိန်လှံရှည်ဖြင့် ကာကွယ်လိုက်ကြသည်။ ထို့နောက် သူတို့က ဖျတ်ခနဲ လက်ကာ ပျောက်ကွယ်သွားပြန်သည်။

လုကျိုး၏ လက်ဝါးချက်က ပစ်မှတ်ကို လွဲချော်သွားလေ၏။

အင်း ဒါက ဘယ်လိုလှုပ်ရှားမှုမျိုးလဲ ...

လုကျိုးက သူ့တပည့်များ ဘေးကင်းကင်း ရှိနေသည်ကို အတည်ပြုလိုက်၏။ တစ်ချိန်တည်းဆိုသလို စီးဝူယာ့က တိကျန်း၏ ကျောပေါ်တွင် စီးနင်းလျက် ပျံသန်းလာသည်ကို မြင်လိုက်ရသည်။ သူက စီးဝူယာ့ထံ အသံကူးပြောင်းမှု ပို့ဆောင်လိုက်၏။

“မလာခဲ့နဲ့”

အနက်ရောင် အစောင့်အရှောက်များက အနီးနားတွင် ရှိနေဆဲ ဖြစ်နိုင်သည်။ စောစောလေးက လှုပ်ရှားမှုပေါ် မူတည်၍ သူတို့၏ အမြန်က တိုးမြင့်သွားဟန်ပေါ်၏။ ယခင်ပျံသန်းသည်ထက် အနည်းငယ် မြန်ဆန်နေသည်။ အကယ်၍ သူ့တပည့်များကသာ ရောက်လာပြီး ဓားစာခံအဖြစ် ဖမ်းဆီးခံသွားရပါက ပြဿနာများသာ ပိုရှုပ်လာလိမ့်မည်။

စီးဝူယာ့နှင့် တိကျန်းက ကောင်းကင်အထက် မလှုပ်မယှက် ဝဲပျံနေသည်။

“ရှစ်စွင်း ဘာဖြစ်လို့လဲ”

“အနက်ရောင် အစောင့်အရှောက်တွေ သူတို့အားလုံးက ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူတွေပဲ” လုကျိုးက ဘေးပတ်လည်ကို ကြည့်ကာ ပြောလိုက်သည်။

စီးဝူယာ့က လုကျိုး၏ ဉာဏ်အကောင်းဆုံး တပည့် ဖြစ်ပေသည်။ သူက ကောင်းကင်အထက် မြင့်မြင့်ပျံသန်းပြီး နေမင်း၊ တိမ်တိုက်နှင့် မြေကြီးကို ကြည့်လိုက်သည်။ သူက ဘေးပတ်လည်ကို ကြည့်ပြီးသည့်နောက်တွင် အသံကူးပြောင်းမှုဖြင့် ပြန်လည်ပြောလိုက်သည်။

“ရှစ်စွင်း မြောက်ဘက်ကို ဆက်သွားလိုက်ပါ။ သူတို့တွေ မြောက်ဘက်ကို ဦးတည်သွားတာပဲ ဖြစ်ရမယ်”

စီးဝူယာ့ ပြောသည်က မှန်ကန်ပေသည်။

သို့သော်လည်း လုကျိုးက ပြောလိုက်၏။

“မဟုတ်ဘူး။ သူတို့တွေ ပြန်လှည့်လာရင် မင်းတို့အားလုံး ဒုက္ခတွေ့သွားနိုင်တယ်”

လုကျိုးက တောင်ကြားရှိရာ မြောက်ဘက်ပိုင်းဆီ ပျံသန်းလိုက်သည်။ ထိုနေရာတွင် စိုထိုင်းပြီး နယ်မြေက ကြမ်းတမ်းလှသည့်အတွက် သားရဲများ ရှိနေလေ၏။

လုကျိုးက အကြားစွမ်းရည်အတွက် မန္တန်ကို ရွတ်ဆိုလိုက်သည်။

မီတာထောင်ချီအထိ လှုပ်ရှားမှုအသံ မရှိပေ။ ဤတစ်ကြိမ်တွင် နှလုံးခုန်နှုန်းပင် မကြားရပေ။

လုကျိုးက ဖြည်ဖြည်းချင်း ရှေ့တိုးလိုက်သည်။ မီတာအနည်းငယ်တိုင်းတွင် သူက ရပ်တန့်ကာ ဘေးပတ်လည်ကို ကြည့်လိုက်၏။

“မင်းတို့ကို အခွင့်ရေးတစ်ခု ပေးခဲ့တယ်။ မင်းတို့က တန်ဖိုးထားရမှန်း မသိဘဲ ငါ့ကို ရန်စခဲ့တာပဲ”

လုကျိုးက ဆက်လက် ပျံသန်းရင်း ပြောလိုက်သည်။

သူက အကြားစွမ်းရည်ကို ဖြတ်တောက်လိုက်၏။ သူက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို ချွေတာဖို့ ဆုံးဖြတ်ပြီး သူ့ကျင့်ကြံဆင့်ပေါ် မှီခို၍ ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုများကို အာရုံခံလိုက်သည်။

သူက အနက်ရောင် အစောင့်အရှောက်တစ်ယောက်ကို သတ်ခဲ့သော်လည်း ကျေနပ်အားရ ဖြစ်မနေပေ။

ဂျွတ်

ဘယ်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။

“လောင်ချန်းပေ့ ဘာလို့အဲဒီလောက်ကြီး ရန်လိုနေရတာလဲ”

လုကျိုးက လက်မြှောက်လိုက်၏။

ဝှစ်

ဗုန်း

လက်ဝါးချက်က သစ်ပင်မြင့်ပေါ် ကျရောက်လာပြီး ချက်ချင်းဆိုသလို ကြေမွသွားစေသည်။ မည်သို့ပင်ဆိုစေကာမူ မည်သူ့ကိုမှ မမြင်ရပေ။

“စောစောလေးက မင်းတို့တွေ ငါ့ကို ရန်စခဲ့တုန်းက အကျိုးဆက်ကို မစဥ်းစားခဲ့ကြဘူးလား။ မင်းတို့တွေ အလိုရှိသလို အမှားကို အမှန်ပြောင်းလို့ရမယ်များ ထင်နေလား။ ဒီနေ့ စကြဝဠာကြီး ဘယ်လောက်ကျယ်ပြောတယ်ဆိုတာကို မင်းတို့တွေကို ပြရသေးတာပေါ့”

အရှေ့လက်ယာဘက်မှ တုံ့ပြန်မှုတစ်ခု ထွက်ပေါ်လာသည်။

“ကျုပ်တို့က အသက်ဓာတ် နှလုံးသား ၃ခုလုံးကိုပဲ လက်လျှော့လိုက်ပြီးပြီ။ ဒီကိစ္စကို ထားလိုက်လို့ မရဘူးလား။ ပြီးတော့ ကျုပ်တို့ရဲ့ ရဲဘော်တစ်ယောက်ကိုလည်း ဆုံးရှုံးရပြီးပြီ။ အရင်ရန်စခဲ့တဲ့ အပြုအမူအတွက် လျော်ကြေးအဖြစ် မှတ်ယူလိုက်လို့ မရဘူးလား”

ထိုအနက်ရောင် အစောင့်အရှောက်က အနည်းငယ် ဉာဏ်ကောင်းပေသည်။

လုကျိုးက ဘေးပတ်လည်ကို ကြည့်ကာ အတွေးနက်နေမိ၏။ သူက အသံလားရာဆီ ရိုက်ချက်ကို မထုတ်လွှင့်လိုက်ပေ။ ထိုသို့ အဆုံးသတ်လိုက်သည်က အကြံဆိုးဟု မထင်မိပေ။

သို့သော်လည်း မြောက်ဘက် တောအုပ်အနက်ပိုင်းမှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာ၏။

“သူ့ကို သတ်။ မဟုတ်ရင် မင်းတို့အားလုံး သေရမယ်”

“သ … သခင်ဝူ”

သခင်ဝူလား။ အနက်ရောင် အစောင့်အရှောက်တွေက ဒီလူကို ခေါ်တဲ့အခါမှာ အတော်လေးကို ရိုကျိုးနေတာပဲ။ သူက အကဲဖြတ်သူလား။ ဒီတစ်ကြိမ် ငါတော်တော်လေးကို လွန်လွန်ကြူးကြူး လုပ်မိသွားတယ်။ ထွက်ပြေးဖို့ နောက်ကျလွန်းသွားပြီလား ...

“ဟုတ်ကဲ့”

အသံက ငရဲ၏ အနက်ပိုင်းမှ ရောက်လာဟန်ပေါ်၏။ ထိုအရာက အရမ်းကို အလှမ်းဝေးနေဟန် ပေါ်သည်။ ထိုသခင်ဝူက အတော်လေး အလှမ်းကွာနေပြီး ကိုယ်တိုင်လှုပ်ရှားဖို့ စိတ်ဝင်စားဟန် မပေါ်ပေ။

လုကျိုးက ခေါင်းမော့ကြည့်လိုက်သည်။

ခက်ထန်သည့် လေဟုန်တစ်ခုက စတင်တိုက်ခိုက်လာသည်။ ကောင်းကင်က မည်းမှောင်သွားပြီး နေမင်းက မှိန်ကျသွားကာ မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး လျှပ်စီးများ တလက်လက် ဖြစ်လာသည်။

လုကျိုးက ကောင်းကင်ထဲ ခုန်လိုက်ပြီး သစ်ပင်အမြင့်ပေါ် ရပ်တန့်လိုက်သည်။ သူက သူ့ရှေ့မှ ချိုင့်ဝှမ်းကို ငုံ့ကြည့်လိုက်သည့်အခါ အံ့အားသင့်သည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။ ထိုချိုင့်ဝှမ်းဝန်းကျင်၏ တည်နေရာ ၅ခုတွင် အလံတစ်ခုကို ထိုးစိုက်ထားသည်။ ထိုအလံများက အနက်ရောင်ဖြစ်ပြီး အလံပေါ်ရှိ အနက်ရောင် သင်္ကေတများက ခပ်ဖျော့ဖျော့ တောက်ပနေသည်။ ထိုအလံများက ပေ ၁၀၀၀မြင့်မားသည့်အတွက် ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားသလိုမျိုး ဖြစ်၏။

အစီအရင်အလံလား ...

လုကျိုးက ထိုအရာကို မြင်ပြီး အနည်းငယ် အံ့အားသင့်သွားမိသည်။ ပေ ၁၀၀၀ အနက်ရောင် အစီအရင်အလံက အတော်လေး ထူးဆန်းနေသည်။ သူ ရောက်ရှိနေသည့် အမြင့်တွင်ပင် ခေါင်းမော့ကြည့်နေရဆဲ ဖြစ်၏။

ထိုစဥ် အစီအရင်အလံ ၅ခုက အနက်ရောင် စွမ်းအင်ဓား ၅ခု ထွက်ပေါ်လာသည်။

မိုးခြိမ်းသံနှင့် လျှပ်စီးများကလည်း ကောင်းကင်အထက် ထွက်ပေါ်လာပြီး စွမ်းအင်ဓားများက ပစ်ခတ်လာကာ သစ်ပင်အားလုံးကို ချက်ချင်းဆိုသလို ပိုင်းဖြတ်သွားလေ၏။ ထိုစွမ်းအင်ဓားများက မဖျက်ဆီးနိုင်သည့်အလား ပစ်မှတ်များကို တစ်ခုပြီးတစ်ခု ဆက်လက်ပိုင်းဖြတ်ကာ ပျံသန်းလာသည်။

လုကျိုးက ထိုအစီအရင်အလံ ၅ခုအောက်တွင် ရပ်နေသည့် အနက်ရောင် အစောင့်အရှောက်များကို ကြည့်လိုက်သည်။

ဝှစ် ဝှစ် ဝှစ် ဝှစ် ဝှစ်

ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ၅ခုက ချက်ချင်းဆိုသလို ပေါ်ထွက်လာပြီးသည့်နောက်တွင် ပြန်လည်ပျောက်ကွယ်သွားသည်။ ထို့နောက် ကောင်းကင်ဘုံသွေဖည်နေသည့် အနက်ရောင် စွမ်းအင်ဓား ၅ခုက လုကျိုးဆီ ပြေးဝင်လာ၏။

“အမည်မဲ့” လုကျိုးက လက်မြှောက်လိုက်သည့်အခါ အမည်မဲ့က ထိုက်ချိသင်္ကေတနှင့်အတူ ဒိုင်းကာအဖြစ် ပြောင်းလဲသွားသည်။

ဝုန်း

ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်ဓား ၅ခုက အမည်မဲ့နှင့် ထိပ်တိုက်တွေ့ဆုံသွားပြီး လုကျိုးက မီတာရာချီ လွင့်စဉ်သွားသည်။

ဝှစ်

စွမ်းအင်ဓားက ပျောက်ကွယ်မသွားဘဲ အမည်မဲ့ဆီ ဆက်လက် တိုးဝင်လာဆဲ ဖြစ်၏။

လုကျိုးက သူ့သွေးချီများ ဆူပွက်လာသည်ကို ခံစားမိလိုက်၍ မယုံကြည်နိုင် ဖြစ်နေမိသည်။

“မင်းကို လျှော့တွက်ခဲ့မိတာပဲ”

ဝုန်း

အထွတ်အထိပ် ဆန်းကြယ်စွမ်းအား

အမည်မဲ့က ချက်ချင်းဆိုသလို ထိုစွမ်းအင်ဓား ၅ခုကို လွင့်စဉ်သွားစေသည်။

ထိုစဥ် အစီအရင်အလံ ၅ခုက လေနှင့်အတူ တဖျတ်ဖျတ် မျောလွင့်နေ၏။ လှုပ်ရှားမှုတိုင်းတွင် အားကောင်းသည့် အသံတစ်သံ ထွက်ပေါ်လာသည်။ သိပ်မကြာခင် သူတို့က စွမ်းအင်ဓားများ ထပ်မံထုတ်လွှင့်လာ၏။

ဒါက အနက်ရောင် အစောင့်အရှောက်ရဲ့ စွမ်းပကားလား …

အခန်း (၉၃၃) ရက်စက်ကြမ်းကြုတ်သော မိစ္ဆာအိုကြီးကျိ

လုကျိုးသည် တစ်ချက်လှမ်းကြည့်လိုက်သော်ငြား သူ၏အမြင်အာရုံပိတ်ဆို့ခံလိုက်ရသည်။ သူ့နားရှိ အရာအားလုံးက ငရဲတမျှပမာ အနက်ရောင်ကနဦးချီတို့ဖြင့် အပြည့်အဝအလွှမ်းခံထားရသည်။ ဓားချီတို့က မီတာ ထောင်ချီအတွင်း နေရာကို အုပ်စိုးထားလေ၏။

အနက်ရောင်အစောင့်အရှောက်ဝူက လှုပ်ရှားတော့သည်။

လုကျိုးက နောက်မဆုတ်ခဲ့ဘဲ ထိုအစား ရှေ့တိုးကာ ကောင်းကင်ထဲရစ်ဝဲနေသော အနက်ရောင်ဓားချီများကို ရှောင်လိုက်သည်။

သို့သော် ပေတစ်ထောင်ခန့်ရှည်သည့် အစီအရင်လှံ၏ ထိန်းချုပ်မှုအောက်တွင် ဓားအရှိန်အဝါက ပိုတောင်ကြမ်းတမ်းခက်ထန်ပြီး အစွမ်းထက်လာ၏။

“အမည်မဲ့ဒိုင်း”

သူသည် သူ့ရှေ့၌ ပိတ်ဆို့ရန် လက်မြှောက်လိုက်သည်။

ဒိုင်းသည် ဒိုင်းအငယ်စားလေးမဟုတ်တော့ပေ။ ရုတ်တရက် ၎င်းက မြည်ဟည်းလျက် ကောင်းကင်ရှိ ရွှေရောင်အလင်းကို ပိတ်ဆို့နိုင်သော ထီးတစ်လက်နှယ် ဖြစ်လာသည်။

ထိုဒိုင်းက ကောင်းကင်ကို ကာထားပုံပေါ်သည်။

ဘန်း ဘန်း ဘန်း

ဓားဒိုင်းက အမည်မသိ ဒိုင်းစည်းတံဆိပ်ဖြင့် ပိတ်ဆို့ခံလိုက်ရသည်။ လုကျိုးသည် ထိုအခွင့်အရေးကို ယူကာ ရှေ့တိုးသွားပြီး သူ၏အသက်အမြုတေကို အသက်သွင်းလိုက်တော့၏။

သူ၏လက်ဖဝါးထဲ၌ ရွှေရောင်ကြယ်တာရာဒိုင်ခွက်က ပေါ်လာသည်။ သူက ရှေ့သို့သာ တိုးလျက် မီးတောက်အလင်းတန်းငါးခုကို ပစ်ထုတ်လိုက်သည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

အနက်ရောင်အစောင့်အရှောက်ငါးဦးက သူတို့ရှေ့၌ လက်ဖဝါးများကို ကပ်လိုက်သည်။ ဘုံတစ်ထောင်လေပွေက ပေါ်လာပြီးနောက် အလင်းတန်းစွမ်းအားက သူတို့ကို နောက်ရောက်အောင် တွန်းပို့လိုက်သည်။ တစ်ချိန်တည်းတွင် အနက်ရောင်ကြယ်တာရာဒိုင်ခွက်ငါးခုက စည်းတံဆိပ်ဖြင့် သိပ်သည်းသော အလင်းဒိုင်းကို ပစ်ထုတ်ကာ လုကျိုးကို ပြန်ရိုက်ချလိုက်သည်။

ဒီအဘိုးကြီးက တကယ်ဒီလောက်အထိ သွားမှာလား ...

လုကျိုးသည် ယခုအန္တရာယ်များ ပြည့်နေပြီဖြစ်သည်။ အထွတ်အထိပ်ဆန်းကြယ်စွမ်းအား အကုန်အသုံးပြုပြီးသည်နှင့် သူ အဆုံးသတ်သွားလိမ့်မည်။

ဤသို့သော ပတ်ဝန်းကျင်၌ သတိလက်လွတ်မနေနိုင်ပေ။

အနက်ရောင်အစောင့်အရှောက်များက အနက်ရောင်မျှော်စင်မှလာပြီး ထိပ်တန်းသိုင်းပညာရှင်များ ဖြစ်၏။ သူတို့၌ မည်ကဲ့သို့ နည်းလမ်းမရှိဘဲ နေမည်နည်း။

“အစီအရင်အလှံ”

လုကျိုးသည် ပေတစ်ထောင်မြင့်သည့် အစီအရင်အလှံကို ကြည့်လိုက်၏။ ယင်းက လေနှင့်အတူ ဆက်တိုင်ယိမ်းခါနေကာ အနက်ရောင်ဓားစွမ်းအင်များ ဆက်တိုက်ပစ်ထုတ်နေ၏။ သူသည် သူတို့နားကပ်ရန် နည်းလမ်းတစ်ခုရှာရမည်။

အသက်ဓာတ်စွမ်းအားနှင့် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားတို့က အကန့်အသတ်ရှိသည်။ သူသည် ၎င်းတို့ကို မဖြုန်းတီးနိုင်။

စဉ်းစားနေစဉ် အစီအရင်အလှံမှ ထွက်ပေါ်လာသော ဓားစွမ်းအင်က အမည်မဲ့၏ဒိုင်းကို ဝင်တိုးလာသည်။ တစ်ကမ္ဘာလုံးက ဓားစွမ်းအင်သုတ်သင်ရန် အခြေအနေသို့ ပြောင်းလဲသွားပုံ ပေါ်၏။

“ချိပ်ပိတ်ခြင်း အစီအရင်”

ဘန်း ဘန်း ဘန်း

ဓားစွမ်းအင်သည် ချိတ်ပိတ်ခြင်းအစီအရင်ကြောင့် ဖယ်ရှားခံလိုက်ရသည်။

“လျှို့ဟယ်တာအိုစည်းတံဆိပ်”

သူ၏ခြေထောက်အောက်၌ ပါ့ကွပေါ်လာပြီး ရွှေရောင်စကားလုံးဆယ်ခုက သူ့ခန္ဓာကိုယ်တွင် ပေါ်လာ၏။

ဓားစွမ်းအင်များအားလုံးတွန်းကန်ခံလိုက်ရသည်။ လုကျိုးက ရှေ့ဆက်တိုးလာ၏။

အနက်ရောင်အစောင့်အရှောက်သည် တစ်ချိန်တည်းတွင် သူ၏ ဓမ္မာခန္ဓာကိုယ်ထုတ်လျက် သူ့လက်ထဲရှိ လှံရှည်ကို ထုတ်လိုက်သည်။

လုကျိုးက တစ်ချက်ကြည့်လိုက်၏။ သူ တိုက်ခိုက်တော့မှာလား ... ယင်းက မထိုက်တန်ပေ။ သူက လူတစ်ယောက်ဆွဲထုတ်နိုင်လျှင်တောင် လူလေးယောက်ကျန်သေးသည်။

နည်းနည်းထပ်စောင့်လိုက် ...

ဒါက တကယ်အလုပ်မဖြစ်ခဲ့လျှင် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားဖြင့် လူနှစ်ယောက် ခေါ်သွားမည်။ ထိုအချိန်ကျ နောက်ဆုတ်ရန် သိပ်နောက်လွန်းမှာ မဟုတ်ပေ။

လှံရှည်များက အစီအရင်အလှံနား ရစ်ဝဲနေ၏။ လှံရှည်ငါးစင်းက အနက်ရောင်အလင်းများဖြင့် တောက်ပနေကာ ချီများက လှံရှည်နားအတိုင်းရစ်ဝဲနေ၏။ အစီအရင်အလှံ၏ ပံ့ပိုးမှုအောက်တွင် လှံရှည်ငါးစင်းက လေဟာနယ်ကို ထိုးခွင်းလျက် လုကျိုးဆီ ထိုးစိုက်တော့မည့်ပုံပေါ်သည်။

တစ်ချိန်တည်းတွင် ...

ကောင်းကင်ထဲလွှမ်းထားသည့် အနက်ရောင်ဓားချီတို့က လှံရှည်ငါးစင်းကို ကာထားလေ၏။ ထိုအခြေအနေတွင် စီးဝူယာ့၏ အသံက ပေါ်ထွက်လာ၏။

“ရှစ်စွင်း ... ပင်လယ်ဝိညာဉ်ပုလဲပုတီးစေ့”

သူက သတိပေးချက်ရသွား၏။ သူက ချက်ချင်းပင် ပင်လယ်ဝိညာဉ်ပုတီးစေ့ ထုတ်လိုက်သည်။

“ပေါင်းစည်းမယ်”

ယွမ်ချီက ပင်လယ်ဝိညာဉ်ပုတီးစေ့ကို အသက်သွင်းလိုက်၏။

ပင်လယ်ဝိညာဉ်ပုတီးစေ့ကို အခြေပြုလျက် ပင်လယ်အတွင်းရှိ အပူချိန်က ရုတ်တရက် လျော့ကျသွားသည်။

ကျီ

အကြွင်းမဲ့ သုည

ထိုသက်ရောက်မှုအောက်တွင် ရေခဲချိပ်ပိတ်မှုအတွင်း စွမ်းအင်အားလုံးခဲကုန်သည်။ အရာအားလုံးခဲသွား၏။ အက်ကွဲသံက ကောင်းကင်နှင့် မြေကြီးကို လွှမ်းသွားတော့သည်။

ကောင်းကင်ထဲရှိ အနက်ရောင်ဓားအရှိန်အဝါကလည်း ရေခဲ၏တစ်စိတ်တစ်ပိုင်းဖြစ်လာသည်။ ပြီးနောက် အစီအရင်အလံငါးစင်းက ရေခဲရုပ်ထုအဖြစ် ပြောင်းသွားကာ လှုပ်ရှားမှု ရပ်တန့်သွားတော့သည်။

အနက်ရောင်အစောင့်အရှောက်ငါးဦးကလည်း တညီတညွတ်တည်း ပြောလိုက်၏။

“နောက်ဆုတ်”

“နောက်ဆုတ်ကြဟေ့”

“မင်းတို့ ထွက်သွားချင်တာလား။ သိပ်နောက်ကျသွားပြီ”

သူ့ကို ပိတ်ဆို့နေသော ဓားအရှိန်အဝါများ မရှိတော့ဘဲ လုကျိုးသည် ရေထဲရှိ ငါးတစ်ကောင်းကဲ့သို့ ဖြစ်သွား၏။ သူ၏အသက်ဓာတ်နှလုံးသားကို သွင်းပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်အလင်း တောက်ပလာ၏။ သူသည် အနက်ရောင်အစောင့်အရှောက်များထဲမှ တစ်ယောက်ဘေး၌ ပေါ်လာပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

“ပိတ်ဆို့”

အနက်ရောင်အစောင့်အရှောက်၏ ချပ်ဝတ်က တာအိုသဏ္ဌာန်ကွက်များဖြင့် လင်းထိန်လာသည်။ အနက်ရောင်ကြယ်တာရာဒိုင်ခွက်က သူ့ရင်ဘတ်ရှေ့၌ ပေါ်လာလေ၏။

“မင်း အဲဒါကို မပိတ်ဆို့နိုင်ဘူး”

ဖုန်း

ထိုလက်ဝါး၌ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားပေါ်လာသည်။

“အား ....”

ကြယ်တာရာဒိုင်ခွက်က သူ၏ ခန္ဓာကိုယ်ထဲ ကျုံ့ဝင်သွားသည်။

“တင်း ... သင်သည် မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၆၀၀၀ ရရှိပါသည်”

ယင်းကို တွေ့သောအခါ ကျန်သည့်သူများသည် ဘက်ပေါင်းစုံက တိုက်ခိုက်တော့သည်။

အနက်ရောင်စည်းတံဆိပ်လေးခုက ပေါ်ထွက်လာ၏။

အရာအားလုံးကို ဖျက်ဆီးနိုင်ရန်အတွက် သမာဓိရှိရှိနေရမည်။ သူတို့၏သွင်ပြင်၊ အလင်းအမှောင်စသည်တို့အတွက် အရာအားလုံးကို ထုတ်ဖော်ရမည်။ သမာဓိရှိရှိ မြဲမြံစွာ နေရမည်။

အပြာရောင်ကြာပွင့် ဖူးပွင့်လာ၏။

စွမ်းအင်တို့ ထပ်မံပေါ်လာရာ သူတို့လေးယောက်ကို အကြောင်းပြချက်မရှိ နောက်ဆုတ်သွားအောင် ဖိအားပေးလိုက်သည်။

ဘန်း ဘန်း ဘန်း ဘန်း ... လေးယောက်သား လွင့်ထွက်သွားတော့သည်။

ထိုမြင်ကွင်းသည် အနက်ရောင်အစောင့်အရှောက်ကို တောင်တန်းတွင် သတ်ခဲ့သည့် မြင်ကွင်းနှင့် အင်မတန်ဆင်တူသည်။

လုကျိုးသည် အနက်ရောင်အစောင့်အရှောက်ကို လက်ထဲတွင် ဆုပ်ကိုင်လျက် လက်ဝါးရိုက်ချက် ငါးချက် ဆက်တိုက်သုံးလိုက်သည်။ ယခုအခေါက်တွင် သူ့၌ အထွတ်အထိပ်ဆန်းကြယ်စွမ်းအား မရှိပေ။

သူ၏စွမ်းအားတို့က အနက်ရောင်အစောင့်အရှောက်၏နှလုံးပေါ် တစ်ချက်ပြီး တစ်ချက် ဆက်တိုက်ပေါ်လာသည်။

ဘန်း ဘန်း ဘန်း ဘန်း

“မဟုတ်ဘူး”

လုကျိုးသည် သူ၏ဓားကို ဆွဲထုတ်လိုက်၏။ ဓားစွမ်းအင်ဖြင့် ရစ်ပတ်နေသည့် ဓားစွမ်းအင်နှင့် ရွှေရောင်အလင်းရစ်ဝဲနေသည့် အမည်မဲ့က ပေါ်ထွက်လာသည်။ ၎င်းက လက်ဝါးရိုက်ချက် ငါးချက်ဖြင့် အရိုက်ခံရပြီး ခုခံနိုင်စွမ်းကင်းမဲ့သွားသည့် အနက်ရောင်အစောင့်အရှောက်၏ ခန္ဓာကိုယ်ကို ချိန်ရွယ်နေသည်။

ဝေဟင်ထဲတွင် လုကျိုး၏အရိပ်များ ပြည့်နေတော့သည်။

ရွှီး ... ရွှီး ... ရွှီး

အမည်မဲ့၏ဓားချက်တိုင်းက အနက်ရောင်အစောင့်အရှောက်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။

တလက်လက်တောက်ပနေသော ဆက်တိုက်တိုက်ခိုက်မှုများ ပေါ်လာပြီးနောက် လုကျိုး၏ ခန္ဓာကိုယ်သည် အနက်ရောင်အစောင့်အရှောက်နောက်၌ ပေါ်လာပြီး သူတို့လေးယောက်ကို ကြည့်လိုက်၏။ သူ၏လက်ဝါးထဲရှိ အမည်မဲ့ဓားက ရွှေရောင်အလင်းဖြင့် ပိုးစုန်းကြူးပမာ တောက်ပနေ၏။

နောက်ထပ်ပေါင်းစည်းမှု

တိုက်ပွဲက ရပ်တန့်သွားသည်။

လုကျိုးနောက်၌ အနက်ရောင်အစောင့်အရှောက်က မလှုပ်ရှားနိုင်တော့ပုံပေါ်ကာ လှုပ်ရှားခြင်း မရှိတော့ပေ။

သူသည် အနက်ရောင်အစောင့်အရှောက်ကို ကြည့်တောင်မကြည့်ဘဲ ကျန်ရှိသည့် အနက်ရောင်အစောင့်အရှောက်ကို မျက်တောင်မခတ်တမ်းကြည့်နေ၏။ သူ့နောက်ရှိ အနက်ရောင်အစောင့်အရှောက်၏ သံချပ်ကာက အပိုင်းပိုင်းအစအစ ကျိုးသွားလေ၏။ ပြီးနောက် သူ၏ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာတော့သည်။

သူသည် အစောတည်းက လုကျိုး၏ အမည်မဲ့ဓားကြောင့် အစိတ်စိတ်အပိုင်းပိုင်း လှီးဖြတ်ခံလိုက်ရပြီး ဖြစ်သည်။

သွေးများသည် ထိန်းချုပ်မှုမရှိသည့် ရေပိုက်ခေါင်းကဲ့သို့ ဒလဟော ထွက်လာ၏။

“တင်း ... မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၆၀၀၀ ရရှိပါသည်”

“တင်း ... ပစ်မှတ်တစ်ယောက်သတ်လိုက်ပါပြီ။ ကုသိုလ်မှတ် ၈၀၀၀ ရရှိပါသည်။ နယ်မြေအပို ကုသိုလ်မှတ် ၂၀၀၀”

အနက်ရောင်အစောင့်အရှောက်သည် အပိုင်းပိုင်း အစစဖြစ်သွားပြီး ပြုတ်ကျသွားကာ ပျောက်ကွယ်သွား၏။ မကြာမီ၌ သူသည် တောအုပ်ထဲရှိ ကြမ်းတမ်းခက်ထန်သားရဲများအတွက် အစာဖြစ်လာလိမ့်မည်။

ကျန်ရှိသည့် အနက်ရောင်အစောင့်အရှောက်လေးဦးက တံတွေးမြိုချလိုက်ရာ သူတို့ လည်စလုတ်က တက်လိုက်ကျလိုက်ဖြစ်နေသည်။

“ငါတို့ တကယ်ရှုံးတော့မှာလား” အနက်ရောင်အစောင့်အရှောက်၏ အသံက တိုးလျလာတော့သည်။

ထိုစကားကို ကြားသောအခါ လုကျိုး၏အမူအရာက တည်ငြိမ်နေ၏။

ထိုစကားများအရ အနက်ရောင်အစောင့်အရှောက်များ၌ ဝှက်ဖဲတစ်ခုရှိနေသေးတာ သူ ပြောနိုင်သည်။

သို့သော် ကိစ္စများက ဤအနေအထားထိ ရောက်လာပြီဖြစ်ရာ သူက မာရေကြောရေ ပြောခဲ့ပြီးမှ သူတို့က တန်ကြေးကို မပေးဆပ်ဘဲ နေမည်နည်း။

“ရှုံးမှာလား” လုကျိုးက ခေါင်းခါလိုက်၏။

“ရိုးရိုးသားသားပြောရရင် ငါတော့ မတိုက်ခိုက်ချင်ဘူး။ အနက်ရောင်အစောင့်အရှောက်က လိုက်နာမှု အလွှာတစ်ခုပဲ ရှိသေးတာ စီရင်သူက ငါတို့နောက်မှာပဲ” အနက်ရောင်အစောင့်အရှောက်၏ ခေါင်းဆောင်က အရံအတားတစ်ခုထုတ်ကာ အသံပို့လိုက်သည်။

“စီရင်သူလား ...”

“အရှင်ဝူက တောင်ပေါ်က ကျားတွေတိုက်ခိုက်တာကို နှစ်သက်တယ်။ မင်း အစွမ်းထက်တာ ဝန်ခံတယ်။ ဒါပေမဲ့ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် ကျုပ်တို့နှစ်ဖက်လုံးအတွက် အကျိုးယုတ်ရာ ရောက်လိမ့်မယ်။ ခင်ဗျားက ယီယောင်ကို သတ်ခဲ့တဲ့ သိုင်းပညာရှင်မလား”

အနက်ရောင်အစောင့်အရှောက်တို့၏ ခေါင်းဆောင်က ပြောလိုက်သည်။

“ငါ ယီယောင်ကို သတ်ခဲ့တယ်” လုကျိုးက တည်ငြိမ်စွာ ပြောလိုက်၏။

“လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ အမိန့်ရခဲ့တာ။ ကျုပ်သာ ဆန္ဒရှိတယ်ဆိုရင် အစောတည်းက လုပ်ပြီးပေါ့။ ဘာကြောင့် အခုချိန်အထိ စောင့်မှာလဲ။ ခင်ဗျားက ဘုံတစ်ထောင်လေပွေထဲ ဝင်ရောက်ပြီးနောက် အဆင့်နိမ့်သတ္တဝါတွေရဲ့ အသက်ကို ဂရုမစိုက်ဘူးလို့ ကျုပ်ထင်ခဲ့တာ။ ကျုပ်တို့ ထပ်တွေ့မယ်လို့ မထင်ထားဘူး” အနက်ရောင်အစောင့်အရှောက်၏ ခေါင်းဆောင်က ခေါင်းခါလိုက်သည်။

“ဒါတွေ ဘာလို့ မင်း ငါ့ကို ပြောပြနေတာလဲ” လုကျိုး၏လက်ထဲရှိ အမည်မဲ့ဓားက ရှိနေသေးသည်။

“တလှမ်းနောက်ဆုတ်ပြီး ကျေအေးလိုက်ရအောင်” အနက်ရောင်အစောင့်အရှောက်တို့၏ ခေါင်းဆောင်က ပြောသည်။

“ငါ သဘောမတူရင်ကော”

“...” အနက်ရောင်အစောင့်အရှောက်တို့၏ ခေါင်းဆောင်က ကူကယ်ရာမဲ့သွားသည်။

“ကျုပ် အနက်ရောင်အစောင့်အရှောက်ဖြစ်လာချိန်က စပြီး သေမယ်မှန်း သိတယ်။ ကျုပ် အသက်ရှည်ရှည်နေချင်ရုံပါ။ မဟာလောကကြီးက အန္တရာယ်တွေ ပြည့်နေတာ။ ကျုပ်မှာ ရွေးချယ်မှုရှိနေသရွေ့ အနက်ရောင်အစောင့်အရှောက်ထပ်ဖြစ်တော့မှာ မဟုတ်တော့ဘူး”

“မင်း ရှင်းရှင်းလင်းလင်း မြင်ပြီဆိုတော့ ငါ့ကို ခြိမ်းခြောက်ရဲသေးလား” လုကျိုးက ပြောလိုက်၏။

“သူ့နေရာက လူတစ်ယောက်အနေနဲ့ ရွေးချယ်စရာမရှိဘူး” အနက်ရောင်အစောင့်အရှောက်များက ပြောလိုက်သည်။ “ခင်ဗျားမှန်း သိခဲ့မယ်ဆိုရင် အရှေ့တောင်ဖက် တောင်တန်းဒေသထဲမှာ ပေါ်လာမှာ မဟုတ်ဘူး” အသက်ရှင်ခြင်းသည် ရှင်သန်ရေးအတွက် အရေးအကြီးဆုံးအရာတစ်ခုဖြစ်သည်။

သူ အနက်ရောင်အစောင့်အရှောက်ဖြစ်လာချိန်မှစပြီး အမြဲတစေလိုက်နာသည့် စည်းမျဉ်းဖြစ်သည်။

နောက်ပိုင်းကျ ‌အနက်ရောင်အစောင့်အရှောက်များက သူ့ကို သတိပေးခဲ့၏။

“အချိန်မလုံလောက်ဘူး။ အရှင်ဝူက ကျုပ်တို့ သတင်းပြန်ပို့မှာကို စောင့်နေတယ်”

အရှင်ဝူ ဖြစ်နေပြန်ပြီ။ ထင်တဲ့အတိုင်းပဲ။

တောင်တန်းဒေသ၏ မြောက်ဖက်အကျဆုံးအပိုင်းမှ အသံတစ်သံပေါ်ထွက်လာသည်။

“ဒါက မင်းရဲ့တပည့်လား။ သူ့ရဲ့ခန္ဓာကိုယ်ပေါ်က အနံ့က စိတ်ဝင်စားဖို့ ကောင်းတာပဲ။ စိတ်ဝင်စားတယ်။ သူက အလွန်ထက်မြက်ပြီး ဒီအထိရောက်လာတာ”

လုကျိုးသည် ရုတ်တရက် ခေါင်းမော့လျက် မြောက်ဖက်ပိုင်းကို ကြည့်လိုက်သည်။ သူက လှည့်ကြည့်လိုက်ရာ စီးဝူယာ့၏ အရိပ်ကို မတွေ့ရတော့ပေ။

“သတ္တမမြောက် တပည့်လား”

လုကျိုး၏ မျက်နှာထားက တင်းမာသွားကာ အနက်ရောင်အစောင့်အရှောက်လေးဦးကို ကြည့်လိုက်လေ၏။ “သူ ဘယ်မှာလဲ”

“ဆရာ”

“ငါ့ကို သူ့ဆီခေါ်သွား” လုကျိုး၏ ခန္ဓာကိုယ်တွင် သတ်ဖြတ်လိုစိတ်များ ပြည့်နေသည်။

အနက်ရောင်အစောင့်အရှောက်များက ဘယ်ကြည့်ညာကြည့်ဖြင့် လက်ဝေ့ယမ်းကာ ဒွိဟဖြစ်သော အမူအရာဖြင့် ပြောလိုက်သည်။

“အရှင်ဝူက အနက်ရောင်မျှော်စင်ရဲ့ မဟာစီရင်သူ လေးဦးထဲက တစ်ယောက်ပဲ။ ရိုးရိုးသားသား ပြောရရင် ခင်ဗျား သေမှာကို ကျုပ်တို့ မတွေ့ချင်ဘူး”

အနက်ရောင်မျှော်စင်အတွင်းရှိ ဟန်ချက်က တကယ်ကျိုးပြတ်တော့မည်ဟု သူ ရုတ်တရက်ခံစားမိလိုက်သည်။

“ငါ သတ်ချင်လာအောင် ဖိအားမပေးနဲ့”

လုကျိုး၏အသံက အေးစက်နေသည်။

အနက်ရောင်အစောင့်အရှောက်များက မြောက်ဖက်ဒေသကို ထိုးပြလိုက်၏။

လုကျိုး၏ ခန္ဓာကိုယ်သည် ရွှေရောင်အလင်းတို့ဖြင့် ဖြာထွက်လာပြီး လျှပ်ပြက်သည့်အရှိန်ဖြင့် သူတို့နောက်လိုက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း သူ ပျောက်ကွယ်သွားတော့၏။

အနက်ရောင်အစောင့်အရှောက်လေးဦးက သက်ပြင်းချလိုက်သည်။

“အခု ငါတို့ဘာလုပ်သင့်လဲ။ တာဝန်ကျရှုံးခဲ့တာ”

“အမှန်အတိုင်း သတင်းပို့။ ဒါပေမဲ့ ဒါမတိုင်ခင် ...” အနက်ရောင်အစောင့်အရှောက်လေးဦးက ခေါင်းဆောင်က သူ့ရင်ဘတ်သူ ရိုက်လိုက်သည်။ သွေးတစ်စက်ကျလာ၏။

“ခေါင်းဆောင်”

“လုပ်တော့” ကျန်ရှိသည့် အနက်ရောင်အစောင့်အရှောက်များက သက်ပြင်းချကာ သူတို့ကိုယ်သူတို့ ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် လုပ်လိုက်သည်။

“သေသွားတဲ့လူနှစ်ယောက် မပြောနဲ့ဦး။ အနက်ရောင်အစောင့်အရှောက်မှာ သူ့ကို ရှာဖွေနေတဲ့လူတွေက ရှိတယ်” ခေါင်းဆောင်က ကောင်းကင်ကိုကြည့်ပြီး ဦးညွှတ်လိုက်သည်။ မူလက တောက်ပနေသော မျက်ဝန်းတို့က အေးစက်သွားသည်။ “ကျုပ်ကို အပြစ်မတင်နဲ့ ကောင်းကောင်းသွားပါ”

သူ့အဖို့ ဤကမ္ဘာတွင် ရှင်သန်ရန် မလွယ်ကူပေ။

အနက်ရောင်အစောင့်အရှောက်လေးဦးက မြောက်ဖက်တောင်တန်းဒေသဆီသို့ ပျံသန်းသွားသည်။

“သူ ကျုပ်တို့ကို သတ်ရင် ဘယ်လိုလုပ်သင့်လဲ” အနက်ရောင်အစောင့်အရှောက်က ပြောလိုက်၏။

“ဒါဆို ငါတို့ အတူသေရုံပဲ”

“...”

သူတို့သည် မြောက်ပိုင်းသို့ ပျံသန်းသွား၏။ လုကျိုးသည် သူ၏အရှိန်နှင့် အထွတ်အထိပ်စွမ်းအား အလုံးစုံကို အသုံးပြုပြီးဖြစ်သည်။ နောက်ဆုံး၌ သူသည် တောအုပ်ထဲပေါ်၌ိ ပျံသန်းနေသော တိကျန်းကို တွေ့လိုက်ရသည်။

“တိကျန်းလား”

ဂတ်

တိကျန်းသည် ပိုင်ရှင်အစစ်ကို မြင်သောအခါ လျှပ်ပြက်သည့်ပမာ ပျံသန်းလာလေ၏။ လုကျိုးက သူ၏ ကိုယ်ပေါ်တက်လိုက်သည်။

“သတ္တမတပည့် ဘယ်မှာလဲ”

ဂတ် ဂတ် ဂတ်

တိကျန်းက ရုတ်တရက်ခုန်ဆင်းသွားရာ လုကျိုးကို ပြုတ်ကျလုနီးပါး ဖြစ်သွားစေသည်။ ကံကောင်းသည်မှာ သူ၏ကျင့်ကြံမှုက နက်နဲ၏။ ထို့ကြောင့် အင်မတန်မြန်ဆန်သော အရှိန်ကို ထိန်းထားနိုင်သည်။

လုကျိုးက ထိုအခြေအနေကို နားလည်၏။

စီးဝူယာ့က တစ်စုံတစ်ခုကို သိသွားပြီး ဤနေရာသို့ တိကျန်းရောက်လာအောင် ပြုလုပ်ကာ အဖြစ်အပျက်ကို ဖော်ထုတ်ချင်တာ ဖြစ်ရမည်။ သို့သော် မွေးဖွားဇယားချပ်ရှစ်ခုရှိသည့် စီရင်သူနှင့် တွေ့ရန် သူ မမျှော်လင့်ထားပေ။

သူ အဖမ်းခံလိုက်ရတာလား။ လုကျိုးက မျက်လုံးအနည်းငယ်မှိတ်လိုက်၏။

ကောင်းကင်ကျမ်းစာ၏ စွမ်းအားက သူ၏မျက်လုံးထဲ ပေါ်လာသည်။ စီးဝူယာ့၏ ပုံက ပေါ်လာတော့၏။

စီးဝူယာ့က တိမ်တိုက်များထဲတွင် အနက်ရောင်လက်ကြီးတစ်ဖက် အဖမ်းခံထားရတာကို တွေ့နေရပြီး သူ ရုန်းမထွက်နိုင်။

“မဟာလေဟာနယ် အရှိန်အဝါ ... မဟာလေဟာနယ် အရှိန်အဝါ။ ကောင်းကင်က ငါ့ကို ကူညီပေးနေတာပဲ။ ငါ့ကို ကူညီပေးနေတာပဲ”

လုကျိုးသည် မျက်လုံးရုတ်တရက်ဖွင့်လိုက်၏။ ပြီးနောက် ကောင်းကင်ကို မော့ကြည့်လိုက်တော့သည်။

တိမ်တိုက်များထဲတွင် သူ၏အမြင်အာရုံ၌ ကြာပလင်၏အောက်ခြေရှိ အနက်ရောင်မွေးဖွားဇယားချပ်က ပေါ်လာ၏။ အနက်ရောင်ကြာက တိမ်တိုက်များဆီ ဦးတည်သွားကာ တိမ်တိုက်များကို ခွင်းနေသည်။

အနက်ရောင်ကြာက ကောင်းကင်ထဲ၌ ထွန်းလင်းတောက်ပနေတော့သည်။

All Chapters