အခန်း (၉၃၇-၉၃၉)
Vol. 63 Ch. 937-939
အခန်း (၉၃၇) မင်း ဒီလိုပြောတာကြားရတာ ငါ စိတ်အေးသွားပြီ။
လုကျိုးပြုလုပ်နေသည့်အရာကို လှည့်စားမှုအနေဖြင့် လူတချို့က တွေးမိလောက်သော်ငြား သူကမူ ထိုသို့မထင်ပေ။ ဆိုရလျှင် သူသည် အနက်ရောင်အစောင့်အရှောက်နှစ်ဦးနှင့် ၀ူကွမ်းဖျင်ကို သတ်ခဲ့သည်။ ထိုသုံးယောက်သေဆုံးခြင်းကို ကြည့်လျှင် သူ၏ခွန်အားကို အနက်ရောင် အစောင့်အရှောက်များ သံသယဖြစ်မှာမဟုတ်မှန်း သူ သေချာသိနေသည်။ ထို့အပြင် ယခုအချိန်၌ သူ တိုက်ခိုက်ဖို့နည်းလမ်း လုံးဝမရှိတာမဟုတ်ပေ။ သူ့၌ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားတချို့ကျန်ရှိနေသေးပြီး ကုသိုလ်မှတ် ၁သိန်းကျော်ရှိ၏။ ထိုအရာများဖြင့် ဤလူလေးယောက်ကို ခြိမ်းခြောက်ဖို့က မခက်ခဲပေ။
စီးဝူယာ့ကတောင် သူ့ရှစ်စွင်း၏ ခွန်အားကို လက်ခံယူကြည်၏။ အတိတ်တုန်းက ရန်သူများကို လှည့်စားရန်အတွက် သူ အောင်မြင်ဖို့သေချာရန် အချက်အလက်များစွာကို ထည့်စဉ်းစားဖို့ လိုသည်။ သူ ကောင်းကောင်းအသုံးချနိုင်ရန်အတွက် သူတို့ကို အတွင်းထဲအထိ ကောင်းကောင်းသိဖို့လိုသည်။ ယင်းက ရွှေကြာနယ်မြေ၌ မဟူရာကွန်ယက်ကို ဖွဲ့စည်းခဲ့ရသည့်အကြောင်းအရင်းများထဲမှ တစ်ရပ်ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူ၏အကြံအစည်များနှင့် ပရိယာယ်များက သူ့ရှစ်စွင်း၏ အကြွင်းမဲ့စွမ်းအားရှေ့၌ ဘာမှ မဟုတ်ပေ။ သူ့ရှစ်စွင်း၏ ပြိုင်ဖက်ကင်းခွန်အားကြောင့် သူ့နည်းလမ်းများသည် သူ့ရှစ်စွင်း၏နည်းလမ်းများနှင့် ယှဉ်လျှင် ပိုတဲ့တိုးကျသည်။ သူ့ရှစ်စွင်းက ပိုသန်မာနေချိန်၌ မည်သို့လှည့်ဖျားရန် လိုအပ်မည်နည်း။
ရှန်ရှစ်က ထိုအကြောင်းကို တွေးပြီးပြောလိုက်လေ၏။
“သင်္ကေတလမ်းကြောင်းကို ဘယ်လိုအသုံးပြုရမလဲဆိုတာပဲ သိတာပါ။ တည်ဆောက်မှုနဲ့ ဖန်တီးမှုကို မသိပါဘူး”
“ဒါဆို မင်း ဘယ်လိုအသုံးပြုလဲ”
“သင်္ကေတလမ်းကြောင်းကို အသုံးပြုဖို့အတွက် အနည်းဆုံးမွေးဖွားဇယားချပ် သုံးခုရှိဖို့လိုတယ်။ သင်္ကေတလမ်းကြောင်းကို အသုံးပြုဖို့ ကနချီစုဝေးဖို့ အဆောင်အသုံးပြုဖို့လိုတယ်။ ဝိညာဉ်ကျောက်တုံးတွေလည်း သုံးလို့ရတယ်။ ဒါပေမဲ့ ဒါက ဖြုန်းတီးရာ ရောက်လွန်းတယ်။ အနက်ရောင်အစောင့်အရှောက်တွေက သုံးယောက်တစ်စု အမြဲတမ်းရှိနေတာကြောင့် သင်္ကေတလမ်းကြောင်းကို အသုံးပြုဖို့က ကျုပ်တို့အတွက် လွယ်ကူတယ်။ ကျင့်ကြံဆင့်မြင့်လေ ခရီးစဉ်က ပိုချောမွေ့လေပဲ။ ကျုပ်တို့ အသုံးပြုတဲ့ သင်္ကေတလမ်းကြောင်းကို ရွေးချယ်တာ မဟုတ်ဘူး။ သင်္ကေတပညာရှင်တွေက ဆုံးဖြတ်တာ။ သင်္ကေတလမ်းကြောင်းရဲ့ နေရာအတိအကျအတွက်တော့ ဘယ်သူမှ သေချာမသိဘူး။ ကျုပ် သိတာ ဒါပဲ” ရှစ်ရှစ်က ပြောလိုက်သည်။
လုကျိုးက စီးဝူယာ့ဖက်လှည့်ကြည့်ပြီး မေးလိုက်၏။ “မင်း မေးစရာရှိသေးလား”
စီးဝူယာ့က ရှန်ရှစ်ကို ကြည့်ပြီးမေးလိုက်တော့သည်။ “အနက်ရောင်မျှော်စင်အဖွဲ့အစည်းထဲမှာ လျန်ရှင်းလို့အမည်ရတဲ့ အမျိုးသမီးရှိလား”
ရှန်ရှစ်က ခေါင်းခါပြီး ပြောလိုက်သည်။ “မရှိဘူး။ ငါ မသိတာ မဟုတ်ဘူး”
“သေချာလား”
“အနက်ရောင်မျှော်စင်အဖွဲ့အစည်းက သူ့အဖွဲ့သားတွေကို မှတ်တမ်းတင်ထားပြီးသား။ အနက်ရောင် မျှော်စင်အဖွဲ့အစည်းထဲ ဝင်လာပြီးရင် နာမည်ကို မှတ်တမ်းတင်ခံရမှာပဲ။ မှတ်တမ်းကို အရင်တုန်းက ကြည့်ဖူးတယ်။ ဒီနာမည်ကို တွေ့ဖူးတယ်မထင်ဘူး”
“နာမည်ပြောင်တစ်ခုကော”
“အနက်ရောင်မျှော်စင်အဖွဲ့အစည်းက အမည်ဝှက် သုံးလေ့သုံးထမရှိဘူး”
စီးဝူယာ့က မျက်မှောင်ကျုံ့သွားလေ၏။
သူ ဘာစဉ်းစားနေမှန်း မည်သူမှ မသိပေ။
လုကျိုးက ခေါင်းညိတ်လိုက်၏။ “နောက်ဆုံးမေးခွန်း ... အစောတုန်းက အရှေ့ဖက် တောအုပ်တောင်တန်းထဲမှာ တောအုပ်တောင်တန်းရဲ့ချိုင့်ဝှမ်းထဲမှာ သုံးသွားတဲ့အစီအရင် အလံက ဘာအမျိုးအစားလဲ”
“ကွဲပြားခြင်းရှစ်ခုနှင့် သဟဇာတဖြစ်မှု ၆ခုအလံအစီအရင်” ရှန်ရှစ်က ပြောလျက် သူ့မျက်ဝန်းများ တောက်ပလာလေ၏။
“အမှန်အတိုင်းပြောရရင် ကွဲပြားခြင်းရှစ်ခုနှင့် သဟဇာတဖြစ်မှု ၆ခု အလံအစီအရင်က သတ်မှတ်ထားတဲ့နေရာရှစ်ခုမှာ အလံရှစ်ခုရှိသင့်တာ။ ဒါပေမဲ့ အစောတုန်းက အလံငါးခုပဲ ရှိတာကြောင့် ခွန်အားက ပိုအားနည်းသွားတာ”
လုကျိုး၏ အမူအရာသည် ပြောင်းလဲမှုမရှိဘဲ ပြောလိုက်တော့သည်။ “ဟုတ်ပြီ။ ဒါဆို ဒီလောက်ပဲ”
လုကျိုးသည် ရှန်ရှစ်၏ စကားနောက်ကွယ်ရှိ သွယ်ဝိုက်ပြောဆိုမှုကို သိသည်။ အနက်ရောင် အစောင့်အရှောက်သည် မည်သို့ပင် အားနည်းသည်ဟု ထင်ရသော်ငြား သူတို့သည် လုံးဝ အသုံးမဝင်တာ မဟုတ်ကြောင်း ဆိုလိုတာပဲဖြစ်သည်။ သို့သော် သူ မည်ကဲ့သို့ အထင်ကြီးမည်နည်း။ သူ့၌ စကြဝဠာအဆင့် သို့မဟုတ် ပေါင်းစည်းခြင်းလက်နက်တစ်ခု ရှိနေသည်။ နတ်ဝိညာဉ်ပုလဲတစ်ခုတည်းကပင် အစောတည်းက သူတို့၏ဓားပေါင်းထောင်ချီကို ဖြိုခွင်းရန် လုံလောက်နေပြီးသားဖြစ်သည်။
ရှန်ရှစ်က မေးလိုက်သည်။ “ချန်းပေ့ကို ဘယ်လိုတွဲခေါ်ရမလဲ သိပါရစေ”
“ငါ့မျိုးရိုးက လု”
“လုချန်းပေ့ ကျွန်တော်တို့ အခု သွားပါတော့မယ်။ ဒါက ကျွန်တော်တို့ သိသမျှ အကုန်ပါပဲ။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ပေးထားတဲ့အချိန်အကန့်အသတ်ရှိတယ်။ ဒါကြောင့် အခုပဲ အဖွဲ့အစည်းဆီ သတင်းသွားပို့ရမှာပါ” ရှန်ရှစ်က ပြောလိုက်၏။
“နေဦး” လုကျိုးက သူတို့ကို တားလိုက်သည်။
ရှန်ရှစ်က ထိတ်လန့်သွားသည်။ “လုချန်းပေ့ ခင်ဗျားစကားကို ပြန်ရုပ်သိမ်းတော့မလို့လား”
အနက်ရောင်အစောင့်အရှောက်သုံးဦးသည် ချက်ချင်းပင် သတိအနေအထားဖြစ်သွား၏။ သူတို့သည် လုကျိုးနှင့် စီးဝူယာ့ကို သတိထားကြည့်လိုက်သည်။
လုကျိုးက ခေါင်းခါပြီး ပြောလိုက်တော့သည်။ “ငါ့စကားကို အမြဲတည်တယ်။ မင်းတို့ ပြန်ရောက်တဲ့အခါ ၀ူကွမ်းဖျင်ရဲ့ကိစ္စအကြောင်း ဘာမှ မသိသလိုနေကြ”
ရှန်ရှစ်က ပြောလိုက်၏။ "ဟုတ်ကဲ့ပါ”
သူတို့သည် ငတုံးများ မဟုတ်ပေ။ သူတို့တွေ့မြင်ခဲ့တာကို ထုတ်ဖော်ခဲ့လျှင် သူတို့ မည်ကဲ့သို့ အသက်ရှင်နိုင်မည်နည်း။ အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ စီရင်သူလေးဦးထဲမှ တစ်ဦးဖြစ်သော ၀ူကွမ်းဖျင်က သေဆုံးသွားပြီး အနက်ရောင်အစောင့်အရှောက်များက မည်ကဲ့သို့ အသက်ရှင်နိုင်မည်နည်း။ သူတို့သတင်းပို့ခဲ့လျှင်တောင် တိကျသည့်သက်သေကို ပေးရလိမ့်မည်။ မဟုတ်ပါက သူတို့တာဝန်ပြောင်းလဲခံရတာ သို့မဟုတ် သူတို့တာဝန်ပျက်ကွက်မှုကြောင့် အရေးယူခံရမည် သို့မဟုတ် ပိုဆိုးတာ ဖြစ်နိုင်သည်။
လုကျိုးသည် သူ၏ အင်္ကျီလက်ကို ဝေ့ယမ်းလိုက်သည်။ အနက်ရောင်အစောင့်အရှောက်လေးဦးက အကြည့်ချင်းဖလှယ်ပြီးနောက် ထွက်သွားတော့သည်။
တစ်နာရီခန့်ကြာသွားပြီးနောက် အနက်ရောင်အစောင့်အရှောက်များသည် တောအုပ်ထဲတွင် ပေါ်လာသည်။
နောက်ထပ်ခေါင်းဆောင်တစ်ယောက်က မေးလိုက်သည်။ “ရှန်ရှစ် အနက်ရောင်မျှော်စင် အဖွဲ့အစည်းက ဒီကိစ္စနောက် လိုက်မှာကို မင်း မကြောက်ဘူးလား”
“ကိစ္စတွေက ဒီအနေအထားထိ ရောက်နေပြီးပြီ။ ငါတို့မှာ ရွေးချယ်စရာရှိလို့လား။ အဖွဲ့အစည်းမှာ မင်းရဲ့တာဝန်အကြောင်း အမြဲတမ်း တွေးမနေနဲ့။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ငါတို့ကို နယ်ရုပ်တွေအဖြစ်ပဲ သဘောထားတယ်ဆိုတာ မှတ်ထားလိုက်”
“ဒါပေမဲ့”
“ဘာမှ ဒါပေမမဲ့နဲ့ မင်း အသက်ရှင်ချင်ရင် ငါ ပြောသလိုလုပ်” ရှန်ရှစ်က ပြောလိုက်သည်။
“ငါ ပြောပြလိုက်မှာ မကြောက်ဘူးလား။ မင်း သေချင်တယ်ဆိုရင် ငါ့အကြောင်း အဖွဲ့အစည်းဆီ သတင်းပို့လိုက်လေ။ ဘယ်လိုပဲဖြစ်ဖြစ် မျှော်စင်အဖွဲ့အစည်းက မင်းကို ယုံမယ်လို့ထင်နေလား။ ၀ူကွမ်းဖျင်က သေသွားပြီ။ သူက မွေးဖွားဇယားချပ်ရှစ်ခု သိုင်းပညာရှင်လေ။ သူ သေသွားတာကို မင်း မျက်မြင်တွေ့ခဲ့ပါတယ်လို့ ပြောရဲတဲ့သတ္တိ တကယ်ရှိလား”
“...”
ရှန်ရှစ်က မှုန်မှိုင်းစွာပြောလိုက်သည်။ “ငါတို့ ပြောသင့်တာနဲ့ မပြောသင့်တာကို မှတ်ထား”
“ဒါဆို အဲ့ဒီလုမျိုးရိုးကကော”
“ငါ မသိဘူး” ရှန်ရှစ်ကပြောလိုက်သည်။ "တခြားအင်အားစုတစ်စုဆီ ငါတို့မွေးဖွားဇယားချပ်သားရဲ တစ်ကောင်ဆုံးရှုံးသွားတယ်လို့ပဲ သူ့ကို သဘောထားလိုက်တာပေါ့”
“ဒါဆို ငါတို့ဒဏ်ရာတွေကကော”
“သည်းခံလိုက် ... အချိန်က ပြောင်းလဲသွားပြီ။ အရင်တုန်းက အဖွဲ့အစည်းထဲက ပဋိပက္ခကို သူ့ဆီ ဦးတည်စေချင်တာ။ ဒါပေမဲ့ သူက ကြောက်စရာကောင်းလွန်းတယ်”
အနက်ရောင်အစောင့်အရှောက် “...”
“ဒါက ငါတို့ဖာသာငါတို့ အလဟဿ ဒဏ်ရာရအောင်လုပ်မိတယ်လို့ ဆိုလိုတာမလား”
ထိုစဉ် လုကျိုးနှင့် စီးဝူယာ့တို့သည် အရှေ့ဖက်တောအုပ်တောင်တန်းဆီသို့ ပြန်လာ၏။ တိကျန်းက နောက်မှ လျင်မြန်စွာလိုက်လာသည်။
မကြာမီ၌ ကျောက်တောအုပ်နား၌ ကျင့်ကြံသူထောင်ချီတညီတညာရပ်နေတာကို တွေ့လိုက်ရသည်။ စီးဝူယာ့က လှမ်းကြည့်ပြီး ပြောလိုက်၏။ "ရှစ်စွင်း အဲ့မှာ လှုပ်ရှားမှုတွေရှိတယ်”
ကျင့်ကြံသူထောင်ချီက လုကျိုးနှင့် စီးဝူယာ့ ပြန်လာတာကို တွေ့သောအခါ သူတို့ တစ်ပြိုင်နက်တည်းနီးပါး ဦးညွှတ်လိုက်ကြသည်။
“နှုတ်ခွန်းဆက်ပါတယ် လောင်ချန်းပေ့”
ရွှမ်ချန်းကျစ်၊ မော့ရှင်းလုနှင့် ကျန်းယန်တို့က လေးလေးစားစားရပ်နေကြသည်။ အစောတုန်းက ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့သည် ဒဿမမြောက်ပွင့်ချပ်ဖူးပွင့်စဉ်က သူတို့သည် ပြောင်းလဲမှုကို အာရုံခံမိပြီး ဤနေရာသို့ ကမူးရူးတိုးရောက်လာကြာတာဖြစ်သည်။
လုကျိုး၏ ပုံရိပ်ကလှစ်ခနဲလှုပ်သွားပြီးနောက် ဂိုဏ်းသုံးဂိုဏ်းရှေ့တွင် လက်နောက်ပစ်လျက်သာ ပေါ်လာသည်။
“မင်းလား”
ရွှမ်ချန်းကျစ်၊ မော့ရှင်းလုနှင့် ကျန်းယန်တို့၏ မျက်နှာပေါ်တွင် မဝံ့မရဲအမူအရာရှိနေ၏။
မော့ရှင်းလုက ပြောလိုက်သည်။ “နားလည်မှုလွဲတာပါ ... နားလည်မှုလွဲတာပါပဲ။ ချန်းပေ့ဆီက ခွင့်လွှတ်မှု တောင်းခံဖို့ ဒီရောက်လာတာပါပဲ”
“ခွင့်လွှတ်ဖို့ တောင်းခံတာလား” လုကျိုးသည် တစ်ချက်ကြည့်လိုက်၏။
“ကျုပ်တို့ အရင်တုန်းက ကန်းခဲ့မိတာပါ။ လုချန်းပေ့မှန်း သိခဲ့ရင် ခြင်္သေ့သတ္တိရှိနေတယ်ဆိုရင်တောင် အသက်ဓာတ်နှလုံးသားတွေကို မတိုက်ခိုက်ရဲပါဘူး” ကျန်းယန်သည် စိုးရိမ်ပူပန်စွာပြောလိုက်သည်။
လုကျိုးက ပြောလိုက်သည်။ “ငါက ကျိုးကြောင်းသင့်တဲ့ လူတစ်ယောက်ပဲ။ မွေးဖွားဇယားချပ်သုံးခု ထဲမှာ နှစ်ခုက ငါ့ရဲ့တပည့်တွေ သွေးဆောင်ထားတာ။ တစ်ခုက မင်းတို့တပည့်ကြောင့်ပဲ။ အသက်ဓာတ်နှလုံးသားလိုချင်လား” သူက လက်မြှောက်လိုက်ရာ သူ၏လက်ထဲတွင် ရှီချူး၏ နှလုံးသားပေါ်လာသည်။
ကြည်လင်နေသည့် အသက်ဓာတ်နှလုံးသားသည် လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်းရသွားသည်။
ထိုစဉ်
ဝုတ် ဝုတ် ဝုတ်
ချုံချီသည် အသက်ဓာတ်နှလုံးသားကို အာရုံခံမိသောအခါ ဟောင်တော့သည်။
မိစ္ဆာဝေဟင်မျှော်နန်းမှ လူများက လှမ်းကြည့်လာပြီး စိတ်ထဲအံ့ဩသွားလေ၏။
လုကျိုးသည် ကျန်းယန်ရှေ့သို့ လက်ဆန့်ထုတ်လိုက်သည်။
ယင်းကို မြင်သောအခါ ကျန်းယန်က ဒူးတစ်ဖက်ထောက်လျက် အလျင်စလိုပြောလိုက်သည်။
“မလိုပါဘူး ... မလိုပါဘူး။ မလိုပါဘူး။ ဒါက ကျုပ် အပိုင်မဟုတ်ပါဘူး။ သားရဲကို ချန်းပေ့ရဲ့တပည့်တွေပဲ မျှားခဲ့တာ ဖြစ်မှာပါ”
“တကယ်လား။ သူတို့နှစ်ယောက်က မွေးဖွားဇယားချပ်သားရဲသုံးကောင်ကို သွေးဆောင်နိုင်သတဲ့လား” လုကျိုးသည် မေးလျက် ဇဝေဇဝါဖြစ်သွားသည်။
ကျန်းယန်က မော့လျက်ပြောလိုက်သည်။ "ဒီလောကမှာ လုံးဝမဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ မွေးဖွားဇယားချပ်သားရဲတွေက နယ်မြေကို သတိထားကြတယ်ဆိုပေမဲ့ ရှန်ကောင်းနှစ်ကောင်နဲ့ ရှီချူးက တစ်နေရာထဲမှာ ပေါ်လာတာ။ ချန်းပေ့ရဲ့ တပည့်တွေဆိုရင် သုံးခုမပြောနဲ့ မွေးဖွားဇယားချပ်ငါးခုတောင် သူတို့သွေးဆောင်နိုင်ဖို့ ဖြစ်နိုင်ပါတယ်။ ကျုပ်ရဲ့တပည့်က ပွင့်ချပ်ဆယ်လွှာအဆင့်တောင် မတည်ငြိမ်သေးဘူး?၏။ မွေးဖွားဇယားချပ်သားရဲအများကြီးကို ဘယ်လိုလုပ် သွေးဆောင်နိုင်မှာလဲ”
“ဒါကို ကြားရတာ ငါ စိတ်အေးသွားပြီ။ ဒါဆိုရင် အသက်ဓာတ်နှလုံးသားသုံးခု ငါ ယူလိုက်တော့မယ်” လုကျိုးက ခေါင်းညိတ်လျက် ဤကိစ္စကို ဖယ်ရှားလိုက်တော့သည်။ သူသည် အသက်ဓာတ်နှလုံးသားများကို သူတပည့်များအား ပေးလိုက်၏။
ယွီကျန့်ဟိုင်သည် အသက်ဓာတ်နှလုံးသားသုံးခုကို ချက်ချင်းဖမ်းလိုက်သည်။
ကျန်းယန်က အမြန်ခေါင်းညိတ်ကာပြောလိုက်၏။ "အသက်ဓာတ်နှလုံးသား သုံးခုလုံးကို ချန်းပေ့ သိမ်းထားရမှာပေါ့။ ကျုပ်တို့ ကောင်းကင်ရှာဖွေရေးဂိုဏ်းကလည်း အမြဲတမ်း ယုတ္တိရှိပါတယ်”
“ပြောတာကောင်းတယ် ... ဒါပေမဲ့ မင်းရဲ့တပည့်က အချည်းနှီးသေသွားရတာပဲ။ မွေးဖွားဇယားချပ်သားရဲတွေကို ဖြေရှင်းဖို့ မင်း အများကြီး စတေးခဲ့ရတယ်” လုကျိုးက သက်ပြင်းချလျက် ပြောလိုက်သည်။
“ကြမ်းတမ်းခက်ထန်သားရဲတွေကို ဖြေရှင်းဖို့က လူသားတွေရဲ့တာဝန်ပဲ။ ကျုပ်တို့တာဝန်ကို ဆောင်ရွက်နေတဲ့အချိန် အချည်းအနှီးသေတာတွေ၊ စတေးတာတွေကို ဘယ်လိုလုပ်ပြောနိုင်ပါ့မလဲ။ စိုးရိမ်ပူပန်ပေးတာ ကျေးဇူးတင်ပါတယ် ချန်းပေ့” ကျန်းယန်က နီမြန်းသော မျက်နှာဖြင့် ပြောလိုက်သည်။
ပြီးနောက် လုကျိုးက မော့ရှင်းလုနှင့် ရွှမ်းချန်းကျစ်ကို ကြည့်လိုက်၏။ “မင်းတို့နှစ်ယောက်”
“လုချန်းပေ့ ကျုပ် ကျုပ်တို့တွေ ကောင်းကင်ခြားတောင်တန်းဒေသထဲမှာ တွေ့ဖူးတယ်လေ” မော့ရှင်းလုက အရင်ဆုံးပြောလိုက်သည်။
လုကျိုးက ခေါင်းညိတ်ပြီးပြောလိုက်သည်။ “မင်းတို့နှစ်ယောက်ကလည်း မွေးဖွားဇယားချပ်သားရဲတွေကို ရှာနေတာလား”
…
အခန်း (၉၃၈) ယွီရှန်းရုန်၏ အဆင့်တက်ခြင်းလမ်းစဥ်
ရွှမ်ချန်းကျစ်နှင့် မော့ရှင်းလုတို့က နေရခက်စွာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့က မည်သို့ငြင်းဆန်ရဲမည်နည်း။
“လောင်ချန်းပေ့ မွေးဖွားဇယားချပ် ပညာရှင် မဖြစ်ချင်တဲ့သူ ဘယ်သူများရှိမှာလဲ။ မဖြစ်ချင်ဘူးလို့ ပြောနေရင် အလိမ်အညာပဲ ဖြစ်နေမှာပေါ့။ ဒီနှစ်တစ်လျှောက်မှာ ကျုပ်တို့ ၂ဂိုဏ်းလုံးက မွေးဖွားဇယားချပ် သားရဲတွေကို လိုက်လံရှာဖွေခဲ့ကြတယ်။ မွေးဖွားဇယားချပ် သားရဲတွေက ဒီလောက်ရှားပါးနေရတဲ့ အကြောင်းအရင်းကိုတော့ မသိခဲ့ရဘူး” ရွှမ်ချန်းကျစ်က ပြောလိုက်သည်။
“ရိုးသားတာ ကောင်းတယ်။ မင်း ညာနေတယ်ဆိုရင်တော့ ကြိုက်မှာ မဟုတ်ဘူး” လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်၏။ သူက အရှေ့ဘက် တောအုပ်တောင်နယ်နိမိတ်ကို ကြည့်ကာ ဆက်ပြောလိုက်သည်။
“မင်းတို့က ပွင့်ချပ်ဆယ်လွှာအဆင့် ရောက်နေပြီဆိုတော့ အလျင်လိုဖို့ မလိုဘူး။ ဒီမှာ မွေးဖွားဇယားချပ် သားရဲတွေ အများကြီးရှိတယ်။ အနှေးနဲ့အမြန် မင်းတို့တွေ တစ်ကောင်ကိုတော့ ဖမ်းဆီးမိမှာပဲ”
ရွှမ်ချန်းကျစ်က ခေါင်းညိတ်လိုက်ပြီး
“ချန်းပေ့ရဲ့ စကားတွေနဲ့ ကျုပ် စိတ်အေးသွားရပါပြီ။ စောစောလေးက အပြုအမူအတွက် တောင်းပန်ချင်ပါတယ်”
လုကျိုးက ပြောလိုက်သည်။
“ဘာမှတောင်းပန်ဖို့ မလိုဘူး။ ငါက အကျိုးအကြောင်း သင့်ရုံတင်မကဘူး။ သက်ညှာတတ်တဲ့ လူတစ်ယောက်ပဲ”
ရွှမ်ချန်းကျစ်၊ မော့ရှင်းလုနှင့် ကျန်းယန်တို့က လုကျိုးကို ဦးညွှတ်လိုက်ကြသည်။ အံ့အားသင့်ဖွယ် ဘုံတစ်ထောင်လေပွေ ပညာရှင်ဆိုသည့်အတိုင်း ရက်ရောကာ ခန့်ထည်လှသည်။
ထိုစဥ် လုကျိုးက ရုတ်တရက် သက်ပြင်းချလိုက်ပြီး
“ငါတို့ဆီမှာ မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးတွေကို ရနိုင်ရင် ပိုကောင်းမှာ”
အားလုံးက မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးသည် မည်မျှရှားပါးကြောင်း သိထားကြသည်။ ကောင်းကင်သိုင်းပညာခုံရုံးတွင်ပင် အနည်းငယ်မျှသာ ရှိထား၏။
၃ယောက်သားက ကြောင်အမ်းသွားပြီးသည့်နောက်တွင် သူတို့ရှေ့ရှိ လူအိုကြီးအား ကြည့်လိုက်ကြသည်။ သူက လောကဓံအနိမ့်အမြင့်ကို တွေ့ကြုံခံစားခဲ့ရသည့်အလား စိုးရိမ်ပူပန်သည့် အငွေ့အသက်မျိုး ရှိနေလေသည်။
မော့ရှင်းလုက ခေတ္တမျှ တုံ့ဆိုင်းပြီးသည့်နောက်တွင် အံကြိတ်ကာ ပြောလိုက်သည်။
“လုချန်းပေ့ တကယ်လို့ စိတ်မရှိဘူးဆိုရင် အစစ်အမှန် ခွန်းလွန်ဂိုဏ်းက မီးတောက် စိတ်ဝိညာဥ်ကျောက်တုံး ၁တုံးကို ပေးပါ့မယ်”
ထိုအရာကို မြင်ပြီးသည့်နောက်တွင် ကျန်းယန်နှင့် ရွှမ်ချန်းကျစ်တို့ကလည်း ပြောလိုက်ကြသည်။
“ကျုပ်တို့လည်း မီးတောက် စိတ်ဝိညာဥ်ကျောက်တုံး ၁တုံး ပေးပါ့မယ်”
လုကျိုးက မော့ရှင်းလုကို အံ့အားသင့်စွာ ကြည့်လိုက်၏။
“မင်းဆီမှာ မီးတောက် စိတ်ဝိညာဥ်ကျောက်တုံး ရှိတယ်လား”
မော့ရှင်းလုက ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ် ၁၀၀၀လောက်တုန်းက အစစ်အမှန် ခွန်းလွန်ဂိုဏ်းရဲ့ တပည့်တစ်ဦးက မွေးဖွားဇယားချပ် သားရဲတွေကို နေရာတိုင်းမှာ လိုက်လံရှာဖွေခဲ့တယ်။ သူတို့က မွေးဖွားဇယားချပ် သားရဲကို မတွေ့ခဲ့ပေမဲ့ မီးတောက် စိတ်ဝိညာဥ်ကျောက်တုံး ၁တုံးကိုတော့ တွေ့ခဲ့တယ်လေ။
အဲဒါက အင်မတန် ရှားပါးပြီးတော့ အသုံးဝင်ဖို့အတွက်က အနည်းဆုံး ကျောက်တုံး ၃တုံး လိုအပ်တယ်။ ဒီကျောက်တုံးတစ်တုံးထဲကို ထိန်းသိမ်းထားတာက ကျွန်မအတွက် အသုံးဝင်မှာ မဟုတ်ဘူးဆိုတော့ လုချန်းပေ့ကို ပေးလိုက်တာ ပိုကောင်းပါတယ်”
ကျန်းယန်နှင့် ရွှမ်ချန်းကျစ်တို့ကလည်း ထပ်မံ ဝင်ပြောလိုက်ကြသည်။
“ဂိုဏ်းချုပ်မော့ ပြောတာ မှန်တယ်။ လုချန်းပေ့ကို ပေးလိုက်တာ ပိုကောင်းမှာ”
လုကျိုး၏ အမူအရာက ကြင်နာနူးညံ့လာကာ ပြောလိုက်သည်။
“ဘယ်လိုလုပ်ဖြစ်မှာလဲ။ ဘာမှမပေးဘဲနဲ့ ဘယ်လိုလုပ် လက်ခံလို့ ဖြစ်ပါ့မလဲ။ ဒီလိုဆိုရင် ဘယ်လိုလဲ။ မင်းတို့ရဲ့ မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးအတွက် အလဲအလှယ်အနေနဲ့ အသက်ဓာတ် နှလုံးသား ၁ခုကို ပေးမယ်”
မော့ရှင်းလုက ခေါင်းအသာယမ်းပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။
“မဟုတ်ပါဘူး။ ကျွန်မတို့ အသက်ဓာတ် နှလုံးသားကို လက်မခံနိုင်ပါဘူး။ ဒါက အစစ်အမှန် ခွန်းလွန်ဂိုဏ်းကနေ ပေးတဲ့ လက်ဆောင်တစ်ခုပါပဲ။ အပေးအယူအတွက် လက်ခံလိုက်ရင် လေးနက်တော့မှာ မဟုတ်ဘူးလေ။
ပြီးတော့ အသက်ဓာတ် နှလုံးသားကို ချန်းပေ့ရဲ့ တပည့်တွေအတွက် ချန်ထားလိုက်တာ ပိုကောင်းပါတယ်။ သူတို့တွေက ကျွန်မထက် ပိုပြီးတော့ လိုအပ်လောက်တယ်။ နောင်အနာဂတ်မှာ ကျွန်မအတွက် အချိန် ရှိပါသေးတယ်။ အလျင်မလိုပါဘူး။ လုချန်းပေ့နဲ့ တွေ့ဆုံဖို့ ကံကောင်းတာကိုပဲ ကျေးဇူးတင်လှပါပြီ”
မော့ရှင်းလုက ဒီနေရာသို့ ရောက်မလာခင် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများသည် လုကျိုး၏ လူများဖြစ်ကြောင်း သိခဲ့ရသည်။ နက်နဲသည့် ကျင့်ကြံဆင့်များ ရှိထားသည့် လူအုပ်စုအပြင် သူတို့က ပွင့်ချပ်ဆယ်လွှာ အသစ်ထွက်ကာစ ကျင့်ကြံသူ ၂ဦးလည်း ရှိနေသည်။ ထို့ကြောင့် သူမက လုကျိုးသည် အသက်ဓာတ် နှလုံးသားကို ပိုမိုလိုအပ်နေကြောင်း သိလေ၏။
“ဒါက ... “ လုကျိုးက တုံ့ဆိုင်းသွားလေ၏။
“လုချန်းပေ့ ကျေးဇူးပြုပြီး လက်ခံလိုက်ပါ” မော့ရှင်းလုက ဦးညွှတ်လိုက်သည်။
ရွှမ်ချန်းကျစ်နှင့် ကျန်းယန်တို့ကလည်း ဦးညွှတ်လိုက်ကာ
“ချန်းပေ့ လက်ခံလိုက်ပါ”
လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်ပြီး
“ဒီလိုဆိုရင်တော့ လက်ခံလိုက်ပါ့မယ်။ မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးတွေကို ကောင်းကင်သိုင်းပညာခုံရုံးဆီ ပို့ပေးလိုက်ပါ”
“လုချန်းပေ့ကို ကျေးဇူးတင်ပါတယ်” မော့ရှင်းလုက ကျောမတ်မတ်ထားကာ ပြောလိုက်သည်။
“ဒီလိုဆိုရင် ကျွန်မတို့ ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး။ ၃ရက်အတွင်း မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးကို ပို့ပေးလိုက်ပါ့မယ်”
“ကျေးဇူးပါ”
“နောင်တစ်ချိန် ပြန်တွေ့ကြတာပေါ့”
၃ယောက်သားက ကျင့်ကြံသူထောင်ချီကို ဦးဆောင်ပြီး အရှေ့ဘက် တောအုပ်တောင်ဆီ ထွက်ခွာသွားလေသည်။
တောအုပ်ထဲတွင် ရပ်နေသည့် မင်ရှစ်ရင်က မြင်ကွင်းတစ်ခုလုံးကို မြင်လိုက်ရ၏။ သူက ရေရွတ်လိုက်သည်။
“ထင်ထားတဲ့အတိုင်း အသက်ကြီးလေ ဉာဏ်ကြီးလေပဲ”
ဂျွတ်
နယ်ရှင်လှံက မြေပြင်ပေါ် ကျရောက်လာပြီး အားလုံး၏ အာရုံကို ဖမ်းစားသွားလေသည်။
တွမ့်မူရှန်းက လှံကို ကောက်ယူလိုက်ပြီး ခေါင်းကို ကုတ်ကာ ပြောလိုက်သည်။
“ရှစ်စွင်း … ရှစ်စွင်းက ဒီလိုပုံစံမျိုးနဲ့ ကိုင်တွယ်ရင် ကျွန်တော်ရဲ့ လှံနဲ့ လူတွေကို ထိုးစိုက်တဲ့အခါ မျက်နှာပူရတော့မှာပဲ”
“အကောင်းဆုံးနည်းလမ်းက အင်အားမသုံးဘဲနဲ့ ရန်သူကို အနိုင်ယူဖို့ပဲ” စီးဝူယာ့က ပြောလိုက်သည်။
လုကျိုးက အနည်းငယ် စိတ်ရှုပ်စွာဖြင့်
“မင်းတို့တွေက စကားကို များလွန်းတယ်”
“ကျွန်တော် မှားမှန်းသိပါပြီ” စီးဝူယာ့က ဦးညွှတ်လိုက်၏။
လုကျိုးက ကျောက်တောအုပ် အစီအရင်နားတွင် ရပ်နေသည့် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကို လှည့်ကြည့်လိုက်သည်။ သူက မေးလိုက်၏။
“ပွင့်ချပ်ဆယ်လွှာ ထွက်တာ ဘယ်လိုအခြေအနေရှိလဲ”
ယွီကျန့်ဟိုင်က ပြုံးလိုက်ပြီးသည့်နောက်တွင် စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်သည်။
ဝှစ်
ပေ ၂၀၀ မြင့်မားသည့် ရွှေရောင် စိတ်ဝိညာဥ်သဏ္ဌာန်က အားလုံးရှေ့မှောက် ပေါ်ထွက်လာကာ ရွှေရောင် မီးတောက်များပင် ထွက်ပေါ်လာ၏။ အရောင်က အသက်မဝင်သော်လည်း လုကျိုး၏ ပွင့်ချပ်ဆယ်လွှာ စိတ်ဝိညာဥ်သဏ္ဌာန်နှင့် အတော်လေးဆင်တူလှသည်။
မိစ္ဆာဝေဟင်မျှော်နန်းမှ လူအားလုံးက ထိုရွှေကြာ စိတ်ဝိညာဥ်သဏ္ဌာန်ကို အားကျစွာ ကြည့်နေကြ၏။ ယွီကျန့်ဟိုင်က ပွင့်ချပ်ဆယ်လွှာကို အောင်မြင်စွာ ထွက်နိုင်ခဲ့ရုံသာမကဘဲ ကံမီးတောက်ကိုပင် ရရှိခဲ့သည်။
ကံမီးတောက်၏ အရောင်က ဖျော့နေသေးသည့်အတွက် ရွှေရောင်တွင် အဝါဖျော့ဖျော့ ရောနှောထားသလိုမျိုး ဖြစ်နေသည်။
ထိုစဥ် ယွီကျန့်ဟိုင်က သူ့အနားတွင် ရပ်နေသည့် ယွီရှန်းရုန်ကို ကြည့်ကာ ပြောလိုက်သည်။
“အာ့ရှစ်တိ ရှစ်စွင်းက ငါ့ရဲ့ စိတ်ဝိညာဥ်သဏ္ဌာန်ကို မြင်ချင်တာဆိုတော့ မင်းစိတ်ထဲ မထားဘူးလို့ ထင်ပါတယ်”
ယွီရှန်းရုန်က ယွီကျန့်ဟိုင်ကို အာရုံမစိုက်ပေ။ သူက လက်နှစ်ဖက် ယှက်လိုက်ပြီးသည့်နောက်တွင် ပြောလိုက်၏။
“ရှစ်စွင်း ကျွန်တော်က ကံကောင်းပြီးတော့ ပွင့်ချပ်ဆယ်လွှာကို အောင်အောင်မြင်မြင် ထွက်နိုင်ခဲ့ပါပြီ”
သူက ယွီကျန့်ဟိုင်ထက် ပိုမိုသက်သောင့်သက်သာ ဖြစ်နေဟန်ပေါ်၏။
ဝှစ်
နောက်ထပ် ရွှေကြာစိတ်ဝိညာဥ်သဏ္ဌာန် ၁ခုပေါ်ထွက်လာသည်။
အားလုံးက ယွီရှန်းရုန်ကို ကြည့်လိုက်ကြ၏။
မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲ ၄ဦးက အနီးသို့ သိချင်စွာဖြင့် ရောက်လာကြသည်။
“ပထမသခင်လေး”
“ဟမ်”
“တစ်စိတ်လောက် စိတ်မရှိပါနဲ့” ဖန်လီထန်း၊ လန်လော့၊ ကျော့ယွီရှုနှင့် ဟွားဝူတောက်တို့က ယွီကျန့်ဟိုင်ကို တစ်ယောက်ပြီးတစ်ယောက် ကျော်သွားကြသည်။
ယွီကျန့်ဟိုင် “...”
မင်ရှစ်ရင်က ချုံးချီကို စီးနင်းလျက် ယွီကျန့်ဟိုင်ဘေးနားသို့ ရောက်လာကာ ပြောလိုက်၏။
“တာ့ရှစ်ရှိုး … တာ့ရှစ်ရှိုးရဲ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ကြည့်ဖို့ ရောက်လာတာ”
“ထွက်သွားစမ်း” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“ကောင်းပါပြီ တာ့ရှစ်ရှိုး။ ကျွန်တော်ကို ဘယ်လိုထွက်သွားစေချင်လဲ။ ကျွန်တော် လှိမ့်ပြီး ထွက်သွားလိုက်ရမလား။ ကျွမ်းထိုးပြီး ထွက်သွားလိုက်ရမလား။ နောက်ကျွမ်းထိုးရမလား။ ရှေ့ကျွမ်းထိုးရမလား။ ဒါမှမဟုတ် အလျားလိုက် ကျွမ်းထိုးလိုက်ရမလား” မင်ရှစ်ရင်က ချုံးချီပေါ်တွင် ရပ်နေရင်း ပြောလိုက်၏။
ဝုတ် ဝုတ် ဝုတ်
“...”
ယွီကျန့်ဟိုင်က ကံမီးတောက်ရှိသည့် ပွင့်ချပ်ဆယ်လွှာ စိတ်ဝိညာဥ်သဏ္ဌာန် ၁ခု ရှိတာ သိသာလှသည်။ ဤအခိုက်အတန့်တွင် အဘယ့်ကြောင့် အဖိုးမဲ့သွားသလို ခံစားနေရသနည်း။
သူက ခေါင်းအသာယမ်းကာ အနီးကပ် ကြည့်ကြည့်လိုက်သည်။
ကြာပွင့်မရှိသည့် စိတ်ဝိညာဥ်သဏ္ဌာန်က ဤမျှစိတ်ဝင်းစားဖို့ ကောင်းသည်လား။
မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲ ၄ဦးက စိတ်ဝိညာဥ်သဏ္ဌာန်၏ အပြောင်းအလဲကို သေချာလေ့လာပြီးသည့်နောက်တွင် ဖန်လီထန်းက ပြောလိုက်သည်။
“ဒါက ပွင့်ချပ်ဆယ်လွှာအဆင့်ကိုး”
“ရွှေကြာပွင့် မရှိတော့ လူသားအသွင်နဲ့ ပိုပြီးတော့ တူလာတယ်” ကျော့ယွီရှုကလည်း အကြည့်များ တောက်ပလျက် ပြောလိုက်သည်။
ရွှေရောင် ပွင့်ချပ်ဆယ်လွှာက ရွှေကြာစိတ်ဝိညာဥ်သဏ္ဌာန် အောက်တွင် လှည့်ပတ်နေသည်။ ထိုအရာက ကြာပွင့်ရှိသည့် စိတ်ဝိညာဥ်သဏ္ဌာန်နှင့် ယှဥ်လိုက်လျှင် ပိုမိုသက်သောင့်သက်သာ ဖြစ်နေဟန်ပေါ်၏။
အကြီးအကဲ ၄ဦးက ယွီရှန်းရုန်နှင့် တစ်လှေထဲ စီးနေသူများဖြစ်သည့်အတွက် သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ကြည့်ကာ ယွီကျန့်ဟိုင်၏ ကံမီးတောက် စိတ်ဝိညာဥ်သဏ္ဌာန်ကို အာရုံမစိုက်ကြပေ။
သာမန်အခြေအနေ အောက်တွင် ယွီရှန်းရုန်က သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို အားလုံးမြင်ဖို့ ပြသထားမည် မဟုတ်ပေ။ သို့သော်လည်း သူ့ရှစ်စွင်းက ရပ်နေဖို့ အမိန့်ပေးထားလေသည်။ ထို့ကြောင့် သူက သူ့လက်ကို ပိုက်လျက် မထူးမခြားနား အမူအရာနှင့်သာ ရပ်နေလေ၏။
ခဏအကြာတွင် လန်လော့က မေးလိုက်သည်။
“ကြာပွင့် မရှိဘူးဆိုတော့ မွေးဖွားနန်းဆောင်က ရှိမှာ မဟုတ်ဘူး။ မွေးဖွားဇယားချပ်ကို ဘယ်လိုအသက်သွင်းနိုင်မှာလဲ”
အားလုံးက လန်လော့ကို ကြည့်လိုက်ကြ၏။
ဒီလိုအချိန်မျိုးမှာ ဒီလူအိုကြီးက ဒီလိုစကားမျိုး ထွက်လာသေးတယ်လား ...
သို့သော် လန်လော့က သူ ပြောသည့်အရာကို ပြန်ရုပ်သိမ်းခြင်း မရှိပေ။
ရှောင်ယွမ်အာက ယွီရှန်းရုန်ဘေးနား ရောက်ရှိလာကာ ပြောလိုက်သည်။
“အာ့ရှစ်ရှိုး ကိစ္စမရှိဘူး။ အာ့ရှစ်ရှိုးက မွေးဖွားဇယားချပ်ကို အသက်မသွင်းရင်တောင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်ပညာရှင်တွေ အားလုံးကို သတ်နိုင်မယ်လို့ ယုံတယ်”
ယွီရှန်းရုန်က လက်မြှောက်ကာ ရှောင်ယွမ်အာ၏ ခေါင်းကို အသာပုတ်ပေးလိုက်ပြီး ပြောလိုက်သည်။
“ရှောင်ရှစ်မေးက ငါ့ကို အသိဆုံးပဲ”
ထိုစဥ္ ခရုလေးက လျှောက်လှမ်းလာကာ
“အာ့ရှစ်ရှိုး အခုညီမက ရှောင်ရှစ်မေး ဖြစ်နေပြီလေ။ အရင်တုန်းက အာ့ရှစ်ရှိုးက ကြာကို ပထမဆုံး ဖြတ်တောက်ခဲ့တဲ့သူလို့ ကြားတယ်။ အဲဒီအကြောင်းအရင်း တစ်ခုတည်းနဲ့တင် အာ့ရှစ်ရှိုးက အားအကောင်းဆုံး ဖြစ်နေပြီ”
ယွီရှန်းရုန်က ပြုံးကာ
“ရှောင်ရှစ်မေး ပြောတာကို မှတ်ထားပါ့မယ်။ မင်းရဲ့ စကားတွေနဲ့ဆိုရင် ငါက ဘုံတစ်ထောင်လေပွေအဆင့်ကို မရောက်ရင်တောင် ကိစ္စမရှိဘူး။ ဘာပဲဖြစ်ဖြစ် ကျင့်ကြံရေးလမ်းစဥ်က ရှည်လျားပါတယ်။ ငါလွယ်လွယ်နဲ့ လက်မလျှော့ဘူး”
ယွီကျန့်ဟိုင် “...”
ထားလိုက်ပါတော့။ ငါက အကြီးဆုံးဆိုတော့ တစ်ခါတစ်လေ အလျှော့ပေးရမှာပေါ့ ...
ထို့နောက် ယွီကျန့်ဟိုင်က နာနာခံခံဖြင့် သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ပြန်ရုပ်သိမ်းလိုက်သည်။
ထိုစဥ် စီးဝူယာ့က ပြောလိုက်၏။
“ကျွန်တော်တို့ဆီမှာ အသက်ဓာတ် နှလုံးသား ၃ခုရှိနေပြီဆိုတော့ အာ့ရှစ်ရှိုးကို မွေးဖွားဇယချပ် အသက်သွင်းဖို့ စမ်းကြည့်ခိုင်းလိုက်ပါ့လား”
ယွီရှန်းရုန်အပါအဝင် အားလုံးက စီးဝူယာ့ကို လှည့်ကြည့်လာကြသည်။
ခဏအကြာတွင်
ယွီရှန်းရုန်က သူ့ရှစ်စွင်းကို ကြည့်လိုက်၏။
လုကျိုးက မုတ်ဆိတ်သပ်ကာ ကြာပွင့်မဲ့ ရွှေရောင် စိတ်ဝိညာဥ်သဏ္ဌာန်ကို လေ့လာကြည့်လိုက်သည်။ ထို့နောက် သူက လက်ကို ဆန့်ထုတ်ကာ ပြောလိုက်၏။
“အသက်ဓာတ် နှလုံးသား”
ယွီကျန့်ဟိုင်က ရှန်ကောင်းအသက်ဓာတ် နှလုံးသား ၂ခုနှင့် ရှီချူး၏ အသက်ဓာတ် နှလုံးသားကို ပေးလာသည်။
လုကျိုးက ရှီချူး၏ အသက်ဓာတ် နှလုံးသားကို ရွေးချယ်ကာ ပြောလိုက်၏။
“အရင်ဆုံး ဒါကို စမ်းကြည့်လိုက်”
“ဟုတ်ကဲ့”
…
အခန်း (၉၃၉) ယွီရှန်းရုန်၏ အဆင့်တက်ခြင်းလမ်းစဉ်
လူတိုင်းသည် ရွှေကြာမရှိသည့် ကျင့်ကြံသူတစ်ယောက်၏ တိုးတက်မှုကို မြင်တွေ့ဖို့ မစောင့်နိုင်တော့ဘဲ ယွီရှန်းရုန်ကို မျက်တောင်မခတ် စိုက်ကြည့်နေကြသည်။ ကြာပွင့်နှင့် မွေးဖွားနန်းဆောင်မရှိဘဲ မွေးဖွားဇယားချပ်ကို အသက်သွင်းကာ စိတ်ဝိညာဉ်သဏ္ဌာန်၏ နောက်ကျော၌ ရင်သပ်ရှုမောဖွယ် ကြယ်တာရာဒိုင်ခွက်ကို ရယူဖို့ ဖြစ်နိုင်မည်လော။
ယွီရှန်းရုန်သည် စောင့်ကြည့်နေသည့် မျက်ဝန်းများကို အာရုံမစိုက်ဘဲ သူ၏ မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ အာရုံစူးစိုက်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ထိုစဉ်က ရွှေကြာ ဖြတ်တောက်စဉ်ကထက် ပိုလွယ်ကူလောက်သည်။ ထိုစဉ်က သူသည် ရှင်သန်ရန်အခွင့်အရေး မသေချာသောအခါ ရွှေကြာကို ပထမဆုံးဖြတ်တောက်ခဲ့သည်။ တာ့ယန်၏ တော်ဝင်မိသားစုသည် သူတို့၏ကြာပွင့်များကို မဖြတ်တောက်ခင် အာမခံအနေဖြင့် အသက်ကယ်ဆေးလုံးများစွာပြုလုပ်ပြီး အသက်များစွာကို စတေးခဲ့သည်။ သို့သော် သူ၏ကြာပွင့်ကို ဖြတ်တောက်လိုက်စဉ်က မည်သည့် ချွတ်ချော်မှုမျှ မရှိခဲ့ပေ။ နောက်ပိုင်းကျ ကြာပွင့်ဖြတ်တောက်သည့်နည်းလမ်းက နာမည်ကြီးလာပြီး ရွှေကြာဖြတ်တောက်သည့်နည်းလမ်းက ပိုဘေးကင်းလာ၏။ ကြာပွင့်ဖြတ်တောက်သည့် အကြောင်းကို လူတို့တွေးကြ ပြောကြစဉ် ၎င်းသည် လုကျိုးနှင့် သူ၏ဒုတိယတပည့် ဓားနတ်ဆိုးနှင့် ဆက်နွယ်မှုရှိနေမှာ မလွဲဧကန်ပင်ဖြစ်သည်။
ဆရာတပည့်နှစ်ယောက်က ကြာပွင့်ဖြတ်တောက်ခြင်းနှင့် ပတ်သက်သည်။
ယွီရှန်းရုန်သည် သူ၏ကျင့်ကြံမှုနှင့် ဓားလမ်းစဉ်က တစ်ကိုယ်တော်ဖြစ်ရန် ကံပါလာပြီး ခက်ခဲမှုများပြည့်နေသည်ဟု မတွေးမိဘဲ မနေနိုင်တော့ချေ။
ခဏအကြာတွင် ယွီရှန်းရုန်က သူ၏အတွေးများကို စုစည်းပြီး မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ အလုံးစုံအာရုံစိုက်လိုက်သည်။ သူသည် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ချုံ့လိုက်ပြီးနောက် သူ့ရှစ်စွင်း သူ့အားပေးသည် ရှီချူး၏ အသက်ဓာတ်နှလုံးသားကိုကြည့်လိုက်သည်။
ထိုစဉ် လုကျိုးက ပြောလိုက်၏။ "မင်းက ပွင့်ချပ်ဆယ်လွှာအဆင့် ရောက်ခါစ မင်းရဲ့အုတ်မြစ်ကို အခြေခိုင်အောင်လုပ်ပြီးမှ မွေးဖွားဇယားချပ်ကို အသက်သွင်းကြည့်။ မင်းရဲ့အုတ်မြစ်က ခိုင်မာလေလေ မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ ပိုလွယ်ကူလေပဲ။ ဒါက နာကျင်မှုလျော့တယ်”
ယွီရှန်းရုန်က ပြောလိုက်၏။ “ကြာပွင့်ဖြတ်တောက်တဲ့ နာကျင်မှုကို ဒါက မယှဉ်နိုင်မှာ သေချာတယ်”
လုကျိုးသည် ခေါင်းညိတ်ပြီးနောက် ထပ်ပြောလိုက်သည်။ “ရှီချုးရဲ့ အသက်ဓာတ်နှလုံးသားက လူတစ်ယောက်ရဲ့ခုခံမှုနဲ့ ခွန်အားကို မြှင့်တင်ပေးတယ်။ ဒီစွမ်းရည်နှစ်ခုက လိုက်ဖက်ညီတယ်။ မွေးဖွားနန်းဆောင်မှာဆိုရင် နယ်မြေက အသင့်တော်ဆုံးပဲ”
လုကျိုးသည် ယွီရှန်းရုန်၏ စိတ်ဝိညာဉ်သဏ္ဌာန်အောက်ခြေကို ကြည့်လိုက်၏။ ကြာပွင့်မရှိဘဲ မွေးဖွားနန်းဆောင်ထဲတွင် အရပ်သားနှင့် စစ်ဖက်ပိုင်နက်ထဲ မည်သို့ ရှာရမည်နည်း။ စက္ကန့်အနည်းငယ်ကြာပြီးလျှင် သူသည် လက်ဝေ့ယမ်းလျက် သူ၏ ကြာပွင့်ကို သရုပ်ပြလိုက်သည်။ လူတိုင်း၏မျက်လုံးကချက်ချင်းလက်သွားတော့၏။
လုကျိုး၏ကြာပွင့်သည် အပြည့်အဝဖူးပွင့်နေသည်။ ပွင့်ချပ်တိုင်းက ထူထဲနေပြီး ဖြောင့်တန်းနေ၏။ သူ၏ မွေးဖွားနန်းဆောင်က အတော်လေးကျယ်ဝန်းကာ ထင်ရှားသော အစွန်းများသည် အလင်းရောင်ဖျော့ဖျော့ဖြင့် တောက်ပနေ၏။
“ဒါက အရပ်သားနဲ့ စစ်ဖက်ပိုင်နက်ပဲ။ ဓာတ်ကြီးလေးပါး အသက်ဓာတ်နှလုံးသားအတွက် သင့်တော်တယ်” လုကျိုးက ပြောလိုက်လေ၏။
စီးဝူယာ့က ပြောလိုက်သည်။ “ဓာတ်အသက်ဓာတ်နှလုံးသားမှာ သက်တမ်း ၁၅၀၀ကနေ ၁၈၀၀အထိ ပါဝင်ပြီး အလယ်အလတ် အသက်ဓာတ်နှလုံးသားမှာ သက်တမ်း ၁၈၀၀ ကနေ ၂၀၀၀ ပါဝင်တယ်။ အဆင့်မြင့် အသက်ဓာတ်နှလုံးသားမှာ သက်တမ်း ၂၀၀၀ ကနေ ၂၅၀၀ပါဝင်တယ်။ အဆင့်မြင့် အသက်ဓာတ်နှလုံးသားတွေက သားရဲဘုရင်ဆီကနေ လာတာများတယ်။ သားရဲဘုရင်တွေက ဓာတ်အသက်ဓာတ်နှလုံးသားရှိတဲ့ သားရဲတွေကို ထိန်းချုပ်နိုင်စွမ်းရှိတာ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ တုန်းက သားရဲဘုရင်တစ်ကောင်က ကြမ်းတမ်းခက်ထန်သားရဲမြောက်များစွာကို ထိန်းချုပ်ခဲ့ပြီး အဲ့ဒီအနီရောင်ကြာနယ်မြေကို တိုက်ခိုက်ရင်း သားရဲတွေကိုဆောင်ယူလာတာ”
လူတိုင်းက စီးဝူယာ့၏ရှင်းပြချက်ကို နားထောင်လျက် ခေါင်းညိတ်လိုက်ကြသည်။
ခဏအကြာတွင် တွမ့်မူရှန်းက ပွင့်ပွင့်လင်းလင်း မေးလိုက်တော့၏။ “အခု ငါတို့မှာ အသက်ဓာတ် နှလုံးသားရှိပေမဲ့ အာ့ရှစ်ရှိုးမှာ မွေးဖွားနန်းဆောင် မရှိဘူး။ ဒါဆိုရင် အသက်ဓာတ် နှလုံးသားကို ဘယ်နေရာမှာထားရမလဲ”
မိစ္ဆာဝေဟင်မျှော်နန်းမှ လူများသည် ယွီရှန်းရုန်ကို ကြည့်နေကြ၏။ သူတို့သည်လည်း မသိကြပေ။ သူတို့၌ အကြံဉာဏ်ရှိလျှင်တောင် သာမန်ကာလျှံကာ မပြောရဲချေ။
ထိုစဉ် ယွီရှန်းရုန်က အသက်ဓာတ်နှလုံးသားကို ကောက်ယူလိုက်ပြီးနောက် သူ့စိတ်ဝိညာဉ်သဏ္ဌာန်၏ ခြေထောက်နားတွင် ထားရန် ကြိုးစားလိုက်သည်။
ထောက်
အသက်ဓာတ်နှလုံးသားက မြေပြင်ပေါ်ချက်ချင်း ပြုတ်ကျသွားတော့သည်။
လူတိုင်းက ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်၏။ ကြာပွင့်နှင့် မွေးဖွားနန်းဆောင်မရှိလျှင် အသက်ဓာတ်နှလုံးသားကို မည်သည့်နေရာတွင် ထားနိုင်မည်နည်း။
ယွီရှန်းရုန်က လက်မြှောက်လိုက်ရာ အသက်ဓာတ်နှလုံးသားသည် သူ့ဆီပြန်ရောက်လာ၏။ ပြီးနောက် သူသည် ကျန်လက်တစ်ဖက်ကို မြှောက်လိုက်ရာ ရွှေကြာ ပွင့်ချပ်ဆယ်ခုသည် တစ်ခုပြီးတစ်ခု သူ့လက်ဖဝါးထဲပျံသန်းလာ၏။ ခဏအကြာတွင် သူသည် ကြာပွင့်များအပေါ် အသက်ဓာတ်နှလုံးသားထားရန် ကြိုးစားလိုက်၏။ မည်သည့်လှုပ်ရှားမှုမှ မရှိသေးပေ။
မိစ္ဆာဝေဟင်မျှော်နန်းမှလူတို့သည် စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ကြည့်နေ၏။ ယွီရှန်းရုန်က သူ၏မွေးဖွားဇယားချပ်ကို အသက်မသွင်းနိုင်ခဲ့လျှင် ဖြုံလောက်သည့် ဓားနတ်ဆိုးက ပွင့်ချပ်ဆယ်လွှာအဆင့်၌ တန့်သွားမည်ဟု ဆိုလိုသည်လော။
လုကျိုးက မုတ်ဆိတ်သပ်ကာ အခြေအနေကို ဆက်လေ့လာလိုက်သည်။ သူ၏ တပည့်ဆယ်ယောက်လုံး၌ သူတို့ထဲတွင် မဟာလေဟာနယ်မျိုးစေ့ရှိသည်။ သူတို့၏ ကျင့်ကြံဆင့် ရှေ့မတက်နိုင်လျှင် နှမြောစရာကောင်းလိမ့်မည်။
ထိုစဉ် စီးဝူယာ့က ပြောလိုက်၏။ “အဲ့ဒါကို ရှစ်ရှိုးရဲ့ စွမ်းအင်ဗဟိုချက် ချီပင်လယ်ထဲမှာ ထားကြည့်ကြည့်”
ယွီရှန်းရုန်သည် အသက်ဓာတ်နှလုံးသားကို သူ၏စွမ်းအင်ဗဟိုချက် ချီပင်လယ်ထဲတွင် ထားလိုက်၏။ ယခင်နည်းတူပြောင်းလဲမှု မရှိသေးပေ။ အစ၌ သူ မလှုပ်မယှက်နေသေး၏။ သို့သော် သုံးကြိမ်ကျရှုံးပြီးနောက် သူ၏ ယှဉ်ပြိုင်လိုစိတ်တို့က ချက်ချင်းထွန်းတောက်လာသည်။ သူ လက်ကိုမြှောက်လျက် အသက်ဓာတ်နှလုံးသားကို စိတ်ဝိညာဉ်သဏ္ဌာန်နား ပျံသန်းနေအောင် ထိန်းချုပ်ရန် စွမ်းအင်အသုံးပြုလိုက်သည်။ အသက်ဓာတ်နှလုံးသားက အပေါ်အောက် ဘယ်ညာပျံသန်းပြီး စိတ်ဝိညာဉ်သဏ္ဌာန်နား ကပ်သွား၏။
“...”
အသက်ဓာတ်နှလုံးသားသည် စိတ်ဝိညာဉ်သဏ္ဌာန်နား လျင်မြန်စွာ ပျံသန်းနေပြီး ၎င်း၏နိုးထမှု အလင်းတန်း ကျန်ရစ်ခဲ့တော့သည်။ ခဏအကြာ၌ ယွီရှန်းရုန်သည် အသက်ဓာတ်နှလုံးသားကို သူ၏လက်ထဲ ပြန်ယူလိုက်၏။ မွေးဖွားဇယားချပ်ကို အသက်သွင်းရန် နောက်ထပ်တစ်ကြိမ် ကျရှုံးပြန်၏။
ယွီရှန်းရုန်က ခေါင်းမော့လိုက်ပြီး သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို သူနှင့် နီးကပ်စွာ ဆွဲယူလိုက်၏။ သို့မှသာ သူ ၎င်းကို လေ့လာနိုင်မှာဖြစ်သည်။ သူ၏မျက်လုံးတွင် အမူအရာသည် ရေအိုင်ကဲ့သို့ တည်ငြိမ်နေကာ လှိုင်းဂယက်ကိုတောင် မြင်ရသည်။
ရှောင်ယွမ်အာ၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။ "အာ့ရှစ်ရှိုး ကိစ္စမရှိဘူး။ ပွင့်ချပ်ဆယ်လွှာအဆင့်က ရှစ်ရှိုးရဲ့အုတ်မြစ်က မတည်ငြိမ်သေးတာကြောင့်ဖြစ်မယ်။ တည်ငြိမ်တဲ့အထိစောင့်ပြီး မွေးဖွားဇယားချပ်ကို အသက်သွင်းလို့ရတာပဲ”
စီးဝူယာ့က ခေါင်းညိတ်လိုက်၏။ “ကျိုရှစ်မေ့ပြောတာ မှန်တယ်။ ကျင့်ကြံတဲ့ဖြစ်စဉ်က အမြဲတမ်း အစီစဉ်တကျနဲ့ တဖြည်းဖြည်းချင်း သွားရတာ။ ကမူးရှူးထိုးလုပ်လို့မရသလို ညတွင်းချင်း တိုးတက်မှာ မဟုတ်ဘူး။ အာ့ရှစ်ရှိုး ကျင့်ကြံဆင့် တည်ငြိမ်တဲ့အထိ စောင့်သင့်တယ်”
ပြီးနောက် ယွီကျန့်ဟိုင်က ရှေ့တိုးပြီး ပြောလိုက်၏။ “အာ့ရှစ်တိက မွေးဖွားဇယားချပ်ကို အသက်မသွင်းနိုင်ရင် ငါလည်း မွေးဖွားဇယားချပ်ကို အသက်မသွင်းဘူး။ ဒါက ကိစ္စကြီးမှ မဟုတ်တာ”
လူတိုင်းသည် ယွီရှန်းရုန်ကို နှစ်သိမ့်ရန်ကြိုးစားလျက် တစ်ချိန်တည်းတွင် လေးလံသော အခြေအနေကို ဖြေလျော့နေသည်။
ယွီရှန်းရုန်သည် လူတိုင်း၏ရည်ရွယ်ချက်ကို မည်ကဲ့သို့ သတိမပြုမိဘဲ နေမည်နည်း။ သူက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်တော့သည်။
“အားလုံးရဲ့ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကို အသိအမှတ်ပြုပါတယ်။ ကျုပ်အဖို့ ဒဿမမြောက်ပွင့်ချပ်ဖူးပွင့်ပြီးတဲ့အချိန် မွေးဖွားဇယားချပ်ကို အသက်မသွင်းနိုင်တာက အဲ့ဒီတုန်းက ရွှေကြာနယ်မြေမှာ နဝမပွင့်ချပ်ဖူးပွင့်အောင် မလုပ်နိုင်ခဲ့တဲ့ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူတစ်ယောက်နဲ့ ဘာမှ မခြားဘူး။ ဒါက ကျင့်ကြံမှုရဲ့ အနှစ်သာရပဲ။ ရှေ့မှာ မရေရာမှုတွေ ရှိနေပေမဲ့ ဆက်လက်ချီတက်ရမှာပဲ။ ကျင့်ကြံတယ်ဆိုတာကိုက ကောင်းကင်ကို ဖီဆန်နေတာ။ ကျင့်ကြံခြင်းလမ်းကြောင်းက အန္တရာယ်တွေ၊ အတားအဆီးတွေကို ဖြတ်ကျော်ဖို့ ကံပါပြီးသားပဲ။ ကျင့်ကြံသူတွေကို ပုံသွင်းပေးမဲ့ ခက်ခဲမှုတွေသာ မရှိရင် ကျင့်ကြံသူတွေက ဘယ်လိုပေါ်လာမှာလဲ”
မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးဦးက ခေါင်းညိတ်ပြီးတစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်တော့သည်။
“ဒုတိယသခင်လေးရဲ့စကားကို နားထောင်ရတာက ဆယ်နှစ်စာ လေ့ကျင့်တာထက်ပိုကောင်းတယ်”
ဆိုရလျှင် အကြီးအကဲလေးဦးသည် ကြာပွင့်ဖြတ်တောက်သည့်လမ်းစဉ်ကိုလျှောက်လှမ်းပြီးနောက် သူတို့သည် ယွီရှန်းရုန်နှင့် တစ်လှေထဲစီး ဖြစ်နေသည်။ သူတို့က သူတို့မွေးဖွားဇယားချပ်ကို အသက်မသွင်းနိုင်လောက်ကို တွေးမိချိန်၌ အနည်းငယ်စိတ်မကောင်းဖြစ်တာ သဘာဝပဲကို။ သို့သော်ငြား ယွီရှန်းရုန်က သူတို့ရှေ့တွင် လမ်းဖောက်နေသောကြောင့် သူတို့ပိုစိတ်အေးသည်။ သူတို့က ပိုပြီးလွယ်ကူလောက်သည်ဟု ခံစားရသည်။
ယွီရှန်းရုန်က လူတိုင်းဖက်လှည့်ပြီးနောက် လက်သီးဆုပ်ကာ ပြောလိုက်၏။ “အတူတကွ ကြိုးစားကြရအောင်”
ထိုစဉ် လုကျိုးက လက်မြှောက်လိုက်၏။
အသက်ဓာတ်နှလုံးသားသည် ယွီရှန်းရုန်ဆီမှ သူ့နောက်ကျောသို့ ပျံသန်းသွားသည်။
မွေးဖွားနန်းဆောင်သည် ကြယ်တာရာဒိုင်ခွက်ပေါ်ရှိ မွေးဖွားဇယားချပ်ပြားနှင့် ဆက်နွယ်နေ၏။ မွေးဖွားဇယားချပ်က အသက်ဝင်ပြီးနောက် ကြယ်တာရာဒိုင်ခွက်ပေါ်တွင် ပေါ်လာလိမ့်မည်။ မွေးဖွားဇယားချပ်ကို မွေးဖွားနန်းဆောင်ထဲ အောင်မြင်စွာ အသက်သွင်းပြီးသည်နှင့် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်၏ မျက်စိအဖမ်းစားနိုင်ဆုံး ကြယ်တာရာဒိုင်ခွက်က ပေါ်လာလိမ့်မည်။
လူတိုင်းသည် အလိုလိုမော့ကြည့်လိုက်၏။ သူတို့ကြည့်နေစဉ် အကြည့်များတောက်ပနေတော့သည်။ လုကျိုးက လက်မလျှော့သောကြောင့် မျှော်လင့်ချက်များ ရှိနေသည်ဟု ဆိုလိုသည်လော။
ထိုစဉ် အသက်ဓာတ်နှလုံးသားက ကြယ်တာရာဒိုင်ခွက်ရှိသည့်နေရာနား ပျံသန်းသွား၏။ ကံဆိုးသည်မှာ လှုပ်ရှားမှုမရှိသေးပေ။
လုကျိုးက ခေါင်းအနည်းငယ်ခါလျက် အသက်ဓာတ်နှလုံးသားကို ယွီရှန်းရုန်၏ စိတ်ဝိညာဉ်သဏ္ဌာန်နား ပိုကပ်လိုက်သည်။
ဘီး
ဟင် ... လုကျိုးသည် အသက်ဓာတ်နှလုံးသားရှိ အနည်းငယ်သော ပြောင်းလဲမှုကို အာရုံခံစားမိလိုက်ပြီး အမြန်ပြောလိုက်သည်။ "မလှုပ်နဲ့”
ထိုစဉ် လူတိုင်းက အသက်ဓာတ်နှလုံးသားကိုစိုက်ကြည့်နေကြသည်။
မျှော်လင့်ချက် သိပ်မထားသော်ငြား ယွီရှန်းရုန်သည် သူ၏ရှစ်စွင်းပြောတာ နားထောင်ပြီး ရှစ်စွင်း၏ မျက်နှာပေါ်ရှိ တည်ကြည်သောအမူအရာကို မြင်သောအခါ ဘေးရွေ့လိုက်၏။ သူသည် အသက်ဓာတ်နှလုံးသားကို ဆက်ကြည့်နေတော့သည်။
အနီးကပ်ကြည့်ပြီးနောက် လုကျိုးသည် အသက်ဓာတ်နှလုံးသားသည် အထဲမှ မီးခိုးငွေ့များပမာ စွမ်းအင်မျှင်များက အသက်ဓာတ်နှလုံးသားဆီ တိုးဝင်သွားသည်။ သူသည် ကောင်းကင်ကျမ်းစာစွမ်းအားမှ အမြင်အတွက်စွမ်းအားကို ချက်ချင်းရွတ်ဆိုလိုက်၏။ ဆန်းကြယ်စွမ်းအားက သူ၏မျက်လုံးနားတဝိုက်ပေါ်လာပြီး ကျန်သည့်သူများနှင့် မတူညီသည့် အမြင်ကို တွေ့ရသည်။
အသက်ဓာတ်နှလုံးသားကို စိတ်ဝိညာဉ်သဏ္ဌာန်ရှေ့တွင် ထားလိုက်သောအခါ လုကျိုးသည် စိတ်ဝိညာဉ်သဏ္ဌာန်ထဲ စွမ်းအင်ဖျော့ဖျော့စီးဝင်နေတာကိုမြင်နိုင်သည်။ မှားတာမဟုတ်။ စိတ်ဝိညာဉ်သဏ္ဌာန်က အသက်ရှူနေ၏။
လုကျိုးသည် ယွီရှန်းရုန်နှင့် စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်ပြီးနောက် စိတ်ဝိညာဉ်သဏ္ဌာန်က ယွီရှန်းရုန်နှင့် စည်းချက်ညီစွာ အသက်ရှူနေမှန်း ရှာတွေ့သွားတော့၏။
စိတ်ဝိညာဉ်သဏ္ဌာန်နဲ့ ပေါင်းစည်းမှုလား ...
လုကျိုးသည် ကောင်းကင်ကျမ်းစာ စွမ်းအားကို ဖြတ်တောက်လျက် အတွေးနက်သွားတော့သည်။ အတွေးမဖြတ်တောက်ခင် မိမိ၏စိတ်ဝိညာဉ်သဏ္ဌာန်သည် ရုပ်တုတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။ သိုးဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်နှင့်ကျားဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်တို့တောင် လှုပ်ရှားမှု အနည်းငယ်သာ လုပ်နိုင်၏။ သို့သော် ဖြတ်တောက်ပြီးနောက် မိမိ၏စိတ်ဝိညာဉ်သဏ္ဌာန်သည် လှုပ်ရှားနိုင်စွမ်း ရလာသည်။ နည်းမျိုးစုံဖြင့် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်၏။ ယင်းသည် လူတစ်ယောက်၏ ဒုတိယခန္ဓာကဲ့သို့ ဖြစ်နေတော့သည်။
လှုပ်ရှားနိုင်စွမ်းရလာသည်မှအပ ကြာပွင့်ဖြတ်တောက်ခြင်းကနေ အခြားသော အကျိုးအမြတ် ရှိပုံ မရပေ။ သို့သော် စိတ်ဝိညာဉ်သဏ္ဌာန်သည် အသက်ဓာတ်နှလုံးသားမှ စွမ်းအင်ကို တိုက်ရိုက် စုပ်ယူနိုင်ခဲ့လျှင် ကြာပွင့်ဖြတ်တောက်ရာမှ ပေါ်လာသည့် ချို့ယွင်းချက်များအတွက် ဖြည့်ဆည်းပြီးသား ဖြစ်သွားနိုင်သည်။
စိတ်ဝိညာဉ်သဏ္ဌာန်သည် အသက်ဓာတ်နှလုံးသားမှ စွမ်းအင်ကို အပြည့်အဝစုပ်ယူပြီးသည်နှင့် ဘာဖြစ်မည်မှန်း သူ မတွေးဘဲ မနေနိုင်တော့ပေ။ ယခုအချိန်တွင် ဘာကိုမှ အတည်မပြုနိုင်သေးသော်ငြား အနည်းဆုံးတော့ သူတစ်ခု ရှာဖွေတွေ့ရှိသွား၏။
လုကျိုးက မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်ကာ ပြောလိုက်တော့သည်။ “စိတ်ဝိညာဉ်သဏ္ဌာန်က အသက်ဓာတ်နှလုံးသားဆီက စွမ်းအားကို စုပ်ယူနေတာ။ ဖြစ်စဉ်တစ်ခုလုံးကို အာရုံခံကြည့်ကြည့်။ ဖြစ်စဉ်ကို အမြန်ပြီးမြောက်အောင်လုပ်”
“စိတ်ဝိညာဉ်သဏ္ဌာန်က အသက်ဓာတ်နှလုံးသားရဲ့စွမ်းအင်ကိုစုပ်ယူနေတာလား” ယွီရှန်းရုန်သည် အနည်းငယ်အံ့ဩသွား၏။ သူသည် ကျင့်ကြံမှုအပေါ် နားလည်သဘောပေါက်ပြီဟု ခံစားမိခဲ့၏။ အတိတ်တုန်းက သူက ကိုယ်တိုင်ကြိုးစားပမ်းစား ကျင့်ကြံရမည်။ သို့မဟုတ် စိတ်ဝိညာဉ်သဏ္ဌာန်၏ ခွန်အားကို မြှင့်တင်ရမည်။ စိတ်ဝိညာဉ်သဏ္ဌာန်က စွမ်းအင်စုပ်ယူခြင်းဖြင့် သူ့ဖာသာသူ ကျင့်ကြံသည်ဆိုတာမျိုး မရှိခဲ့ပေ။
ယွီရှန်းရုန်သည် အနည်းငယ်စဉ်းစားလိုက်သော်ငြား သူ့ရှစ်စွင်းကို ယုံကြည်သောကြောင့် သူ့ရှစ်စွင်း ပြောသည့်အတိုင်း လုပ်လိုက်သည်။ သူသည် ပြန်လာဝင်ရောက် ဝိညာဉ်သုံးပါး မန္တန်ကို ရွတ်ဆိုလိုက်၏။ ပြီးနောက် စိတ်ဝိညာဉ်သဏ္ဌာန်၏ လှုပ်ရှားမှုကို လုကျိုးသည် ယခင်က မြင်နိုင်သည့် စိတ်ဝိညာဉ်သဏ္ဌာန်၏ လှုပ်ရှားမှုက သိသာသည်။
လူတိုင်းသည် စိတ်ဝိညာဉ်သဏ္ဌာန်၏ရင်ဘတ်က ညင်သာစွာ မြင့်လိုက်နိမ့်လိုက်ဖြစ်နေတာကို မြင်သောအခါ အံ့ဩသွားကြ၏။ အသက်ဓာတ်နှလုံးသားထဲမှ စွမ်းအင်အမျှင်တို့သည် စိတ်ဝိညာဉ်သဏ္ဌာန်ထဲ စီးဝင်နေ၏။
“ဒါ ဒါက ဒီလိုလဲ လုပ်လို့ရတယ်လား”