← Chapters

အခန်း (၉၄၀-၉၄၂)

Vol. 63 Ch. 940-942

အခန်း (၉၄၀-၉၄၂)

Vol. 63 Ch. 940-942

အခန်း (၉၄၀) ကျင့်ကြံရေးနည်းလမ်းအသစ်နှင့် စမ်းသပ်ခြင်း

ယွီရှန်းရုန်က ဆက်လက် အသက်ရှူနေရင်း အသက်ဓာတ် နှလုံးသားမှ အစိမ်းရောင် စွမ်းအားများက အသက်ရှူနေသည့် စိတ်ဝိညာဥ်သဏ္ဌာန်အတွင်း ဝင်ရောက်လာသည်။

သို့သော်လည်း စိတ်ဝိညာဥ်သဏ္ဌာန်ရှိ အပြောင်းအလဲများက သတိမပြုနိုင်လုနီးပါး ဖြစ်၏။

၂နာရီ ကြာမြင့်ပြီးသည့်နောက်တွင် အသက်ဓာတ် နှလုံးသား၏ စွမ်းအားများကို ယွီရှန်းရုန်၏ စိတ်ဝိညာဥ်သဏ္ဌာန်က အပြည့်အဝ စုပ်ယူပြီးလုနီးပါး ဖြစ်သွားသည်။ အသက်ဓာတ် နှလုံးသားမှ အလင်းရောင်က မှေးမှိန်သွားလေ၏။

“စိတ်ဝိညာဥ်သဏ္ဌာန်က အသက်ဓာတ် နှလုံးသားရဲ့ စွမ်းအားတွေကို စုပ်ယူလိုက်တာပဲ”

“ပြဿနာတိုင်းအတွက် အဖြေရှိတယ်လို့ ပြောတယ်လေ။ ဒီစိတ်ဝိညာဥ်သဏ္ဌာန်က ပိုပြီးတော့ အားကောင်းလာမှာ သေချာတယ်”

အားလုံးက စိတ်ဝိညာဥ်သဏ္ဌာန်သည် အသက်ဓာတ် နှလုံးသားမှ စွမ်းအားအပြည့်အဝ စုပ်ပြီးသည်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြပြီး ရလဒ်ကို မြင်ရဖို့ စိတ်လောနေကြ၏။ အများစုက ကြာပွင့်ကို ဖြတ်တောက်ခြင်းဖြင့် ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ရှိလာကြသူများ ဖြစ်သည်။ ထိုအရာက သူတို့သည် နောင်အနာဂတ်တွင် ဘုံတစ်ထောင်လေပွေအဆင့် ပညာရှင်ဖြစ်နိုင်လား မဖြစ်နိုင်လား ဆုံးဖြတ်ပေးနိုင်လိမ့်မည်။

..................

ညနေဘက် ရောက်လာသည့်အခါ စိတ်ဝိညာဥ်သဏ္ဌာန်မှ အသံထွက်လာ၏။ ထိုစဥ် အရှေ့ဘက် တောအုပ်တောင်တစ်ခုလုံးတွင် ရွှေရောင် အလင်းများ တောက်ပနေသည်။ တစ်ချိန်တည်းဆိုသလို အသက်ဓာတ် နှလုံးသားမှ အလင်းရောင်က ပြတ်တောက်သွားပြီး မြေပြင်ပေါ် ပြုတ်ကျသွားလေ၏။ ထိုအရာက စွမ်းအင်ကုန်ခမ်းသွားသည့် ဗလာအခွံတစ်ခုလို ဖြစ်နေသည်။

ယွီရှန်းရုန်က လက်ကို မြှောက်ကာ သူ့စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်ကို စမ်းကြည့်ရင်း အသက်ပြင်းပြင်းရှူလိုက်သည်။

စီးဝူယာ့က အနီးနားသို့ ရောက်လာကာ မေးလိုက်၏။

“အပြောင်းအလဲ ခံစားမိလား”

ယွီရှန်းရုန်က ပြောလိုက်သည်။

“ငါ့သက်တမ်းက နည်းနည်းတော့ တိုးသွားတယ်။ နှစ် ၅၀၀ လောက်ပေါ့။ အဲဒါကလွဲရင် ဘာမှအပြောင်းအလဲ မရှိတဲ့ပုံပဲ”

စီးဝူယာ့က မေးလိုက်သည်။

“သက်တမ်းပဲ တိုးသွားတာလား”

အကယ်၍ ဤသို့သာဖြစ်နေပါက အနည်းငယ် နှမြောစရာ ကောင်းလှသည်။ သာမန်အသက်ဓာတ် နှလုံးသားဖြင့်ပင် သက်တမ်းကို တိုးမြင့်နိုင်လေ၏။ မွေးဖွားဇယားချပ် နှလုံးသားကို အသုံးပြုသည်က အနည်းငယ် နှမြောစရာ ကောင်းလွန်းနေသည်။

တခြားသူများကလည်း ထိုရလဒ်နှင့် ပတ်သက်ပြီး မကျေနပ်ကြပေ။

စီးဝူယာ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ထူးဆန်းလိုက်တာ အသက်ဓာတ် နှလုံးသားမှာ အသက်ဓာတ် စွမ်းအားနဲ့ သီးသန့် စွမ်းအားတွေ ပါနေတာလေ။ သူတို့ကို စုပ်ယူပြီးတဲ့နောက်မှာ ဘယ်လိုလုပ် သက်ရောက်မှု မရှိရတာလဲ”

ဖန်လီထန်းက ပြောလိုက်၏။

“တကယ်လို့ မလုံလောက်ဘူးဆိုရင် ဒုတိယသခင်လေးကို ကျန်ရှိနေတဲ့ နှလုံးသား ၂ခုကို စမ်းသပ်ကြည့်ခိုင်းလိုက်ပါ့လား”

ယွီရှန်းရုန်က ချက်ချင်း ခေါင်းခါကာ ပြောလိုက်သည်။

“အကြီးအကဲဖန်ရဲ့ ရည်ရွယ်ချက်ကောင်းအတွက်ကတော့ ကျေးဇူးပါ။ ဒါပေမဲ့ ကျွန်တော်တို့တွေ တစ်ခုကို ဖြုန်းတီးပြီးသွားပြီ။ နောက်ထပ် ၂ခုကို ဖြုန်းတီးနေစရာ မလိုပါဘူး”

တခြားသူများကလည်း သက်ပြင်းချလိုက်ကြသည်။

ထိုစဥ် လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီး ပြောလိုက်သည်။

“စိတ်ဝိညာဥ်သဏ္ဌာန်က အသက်ဓာတ် နှလုံးသားရဲ့ စွမ်းအားကို စုပ်ယူနိုင်တယ်ဆိုတော့ ကိစ္စကောင်းတစ်ခုပဲ။ ငါတို့တွေ မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို အဖြေရှာကြတာပေါ့”

“ဟုတ်ကဲ့”

“အခုတော့ နောက်ကျနေပြီ ပြန်ကြရအောင်”

အားလုံးက ဦးညွှတ်ပြီးသည့်နောက်တွင် ကောင်းကင်လွန်းအတွင်း ဝင်ရောက်ကာ မြို့တော်ဆီ ပြန်လာလိုက်ကြသည်။

...

ညအချိန် တည်တံ့ရေးခန်းမတွင်ဖြစ်သည်

လုကျိုးက စနစ်ကို ဖွင့်လိုက်ပြီးသည့်နောက်တွင် အရှေ့ဘက် တောအုပ်တောင်မှ ရရှိထားသည့် ကုသိုလ်ရမှတ်များကို ကြည့်လိုက်သည်။

ကုသိုလ်ရမှတ် - ၁၇၈၅၀၀ မှတ်

လက်ကျန်သက်တမ်း - ၆၄၂၄၂၀ရက် (အကြောင်းပြန်လှန်ကတ်မှ ၁၇၆၀ ရက်)

အသုံးပြုပစ္စည်းများ - အရေးပေါ် အထိအခိုက်ပြင်း ကာကွယ်ကတ် ၁၅၈ကတ်၊ ရွှေရောင် ထိုက်ရွှီကြေးမုံ၊ အသွင်ပြောင်းကတ် ၂ကတ်၊ ပေါင်းစည်းရေးကတ် ၂ကတ်

စီးတော်သားရဲ - နတ်ခြင်္သေ့၊ ပိအန်း၊ ကျီလျန့်၊ ချုံးချီ၊ ထန်ခမ်း၊ တိကျန်း

လက်နက်များ - အမည်မဲ့ (အမျိုးအမည်မသိ)၊ ကျောက်စိမ်းမြင်းမြီးတုတ် ကောင်းကင်အဆင့်၊ စီရင်ရေးစုတ်တံ (သာလွန်ကောင်းကင်အဆင့်)၊ ခရမ်းရောင်တောက်ပသံကျောက် (အလယ်အလတ် ပြိုင်ဘက်ကင်းအဆင့်)၊ လေအေးသုံးခွမှိန်း (အခြေခံပြိုင်ဘက်ကင်းအဆင့်)၊ ချုပ်နှောင်ရေး စည်းတံဆိပ် (အလယ်အလတ်လွှမ်းမိုးအဆင့်)၊ နဂါးလင်းယုန်၏ အမျက်ဒေါသ (အလယ်အလတ် ပြိုင်ဘက်ကင်းအဆင့်)၊ လျှပ်တပြက်ချိတ်ကောက် (အလယ်အလတ် ပြိုင်ဘက်ကင်းအဆင့်)၊ ပင်လယ်ဝိညာဉ်ပုလဲ (ပေါင်းစည်းရေးအဆင့်)

သူက အကျိုးအမြတ်တချို့ ရခဲ့ဟန်ပေါ်သည်။

ထို့နောက် သူက အသုံးပြုစ္စည်းကတ်များကို သိမ်းထားဖို့ ဆုံးဖြတ်လိုက်၏။

လုကျိုးက အသေရိုက်ချက်ကတ်သည် ကုသိုလ်ရမှတ် ၃၀၀၀၀ ဖြစ်နေသည်ကို ကြည့်လိုက်သည်။

တန်ကြေးက ထပ်မံ မြင့်တက်သွားပြန်ပြီ ...

သူက ရေရွတ်လိုက်ပြီးသည့်နောက်တွင် အသေရိုက်ချက်ကတ်ကို ချက်ချင်း မဝယ်သေးပေ။ ထိုအစား သူက ကံစမ်းမဲ စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

“ကံစမ်းမဲ”

“တင် ကုသိုလ်ရမှတ် ၅၀ ကျသင့်ပါတယ်။ အကြောင်းပြန်လှန်ကတ် ၅ကတ် ရရှိပါတယ်”

လုကျိုးက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူက အကြောင်းပြန်လှန်ကတ်အားလုံးကို အသုံးပြုပြီးသွားလေပြီ။ သူ့အတွက် ကတ်အဖြစ် ပြန်လည်အားဖြည့်ဖို့ အချိန်ရောက်လာလေပြီ။ ထိုကတ်များဖြင့် မွေးဖွားဇယားချပ် တစ်ခုကို အသက်သွင်းပြီးသည့်နောက်တွင် သူ့တပည့်များအတွက် အသုံးပြုဖို့ အသက်ဓာတ် နှလုံးသားကို ချန်ထားနိုင်သည်။

ရှီချူးနှင့် ရှန်ကောင်း အသက်ဓာတ် နှလုံးသားများက ဓာတ်သဘာဝ အသက်ဓာတ် နှလုံးသားများ ဖြစ်၏။ သူ့မွေးဖွားနန်းဆောင်ရှိ The Civil and Military zone ဇုန်က နေရာရှိနေပြီ ဖြစ်သည့်အတွက် ထိုအသက်ဓာတ် နှလုံးသား ၃ခုကို သုံးဖို့ မလိုပေ။ ၅ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်ဖို့အတွက် သူက အလယ်အလတ် အသက်ဓာတ် နှလုံးသားရှိသည့် မွေးဖွားဇယားချပ် သားရဲကို ဖမ်းဆီးဖို့ လိုအပ်သည်။

“ကံစမ်းမဲ”

“တင် ကုသိုလ်ရမှတ် ၅၀ ကျသင့်ပါတယ်။ အကြောင်းပြန်လှန်ကတ် ၅ကတ် ရရှိပါတယ်”

“ကံစမ်းမဲ”

“တင် ကုသိုလ်ရမှတ် ၅၀ ကျသင့်ပါတယ်။ ပါဝင်ကံစမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် +၁”

လုကျိုးက ညသန်းခေါင်ယံအထိ ဆက်လက်ကံစမ်းခဲ့သည်။ ထင်ထားသည့်အတိုင် သူက ပါဝင်ဆင်နွှဲသည့်အတွက် ကျေးဇူးတင်ပါသည်ဆိုသော စကားသာ ရရှိခဲ့၏။

လုကျိုးက နားထင်ကို ပွတ်ကာ ရေရွတ်လိုက်သည်။

“အသေရိုက်ချက်ကတ်ကို ဆွဲမိလိမ့်မယ်လို့ ထင်ထားခဲ့တာ။ ဒီလိုပုံစံတိုင်းဆိုရင်တော့ မနက်မိုးသောက်တဲ့အထိ တစ်ကတ်တောင်ရဖို့ မဖြစ်နိုင်ဘူးပဲ”

လုကျိုးက သက်ပြင်းချကာ ခေါင်းယမ်းလိုက်သည်။ အသုံးဝင်သည့် အသုံးပြုပစ္စည်းကတ်များကို ရရှိဖို့ ပိုမိုခက်ခဲလာလေ၏။

“အသေရိုက်ချက်ကတ်ကို ဝယ်ရတော့မယ် ထင်ပါတယ်”

လက်ရှိ မွေးဖွားဇယားချပ် ၈ခုထက် ပိုသည့် ကျင့်ကြံသူများကသာ သူ့ကို ဖိအားပေးနိုင်သည်။ သူက တခြားသူများနှင့် ဖြေရှင်းဖို့ အသေရိုက်ချက်ကတ်ကို မလိုအပ်ပေ။

အဆုံးသတ်တွင် သူက အသေရိုက်ချက်ကတ် ၃ကတ် ဝယ်လိုက်၏။

သူက အသေရိုက်ချက်ကတ် ၃ကတ်နှင့် ကံစမ်းမဲအပေါ် ၉၃၀၀၀ ကုသိုလ်ရမှတ် သုံးစွဲခဲ့ကြောင်း သိလိုက်ရသည်။

သူကတ်တစ်ကတ် ဝယ်ယူတိုင်း တန်ကြေးက မြင့်တက်သွားလိမ့်မည်။

ခဏကြာပြီးသည့်နောက်တွင် သူက ပြစ်ချက်မဲ့ကတ်ကို ဝယ်ဖို့ ဆုံးဖြတ်ခဲ့သည်။

သူ လုပ်ဆောင်ပြီးသွားသည့်အခါ လက်ကျန်အမှတ်များကို ကြည့်ပြီး ရေရွတ်လိုက်သည်။

“တစ်ညတည်းနဲ့ ငါ့ရဲ့ ဒီနေ့ကြိုးစားခဲ့သမျှ အရာအားလုံးတော့ ကုန်သွားပြီပဲ။ ကုသိုလ်ရမှတ်တွေ ရဖို့ ဆက်ပြီး ကြိုးစားရအုံးမယ်”

လုကျိုးက သူသည် ဝူကွမ်းဖျင်ကို တစ်ခါတည်း သတ်မည့်အစား သူ့မွေးဖွားဇယားချပ်ကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်လိုက်လျှင် ကုသိုလ်ရမှတ် မည်မျှရရှိမည်ကို စဥ်းစားကြည့်လိုက်သည်။ သို့သော်လည်း ထိုစဥ်အချိန်က ဒီလိုလုပ်ဆောင်ဖို့ မဖြစ်နိုင်ခဲ့ပေ။

လုကျိုးက သက်ပြင်းချပြီးသည့်နောက်တွင် ထိုအတွေးများကို ဖယ်ရှားလိုက်သည်။ ထို့နောက် သူက ခရမ်းရောင် တောက်ပသံကျောက်ကို အသုံးပြုကာ ကောင်းကင်ကျမ်းကို ဆက်လက်ဆင်ခြင်လိုက်၏။

...

၂ရက်ကြာမြင့်ပြီးသည့်နောက်တွင် တည်တံ့ရေးခန်းမဆောင်

နောက်ဆုံးတွင် လုကျိုးက သူ့အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို ပြန်လည်ဖြည့်တင်းပြီးသွားပြီဖြစ်၏။

တိုက်တိုက်ဆိုင်ဆိုင် စီးဝူယာ့က မြေပုံကို ကိုင်ဆောင်လျက် ရောက်ရှိလာသည်။

“ရှစ်စွင်း ကျွန်တော် တင်ပြစရာ တစ်ခုရှိလို့ပါ”

“ဘာများလဲ” လုကျိုးက ရှေးဟောင်းမြေပုံကို ကြည့်လိုက်၏။ တစ်ချက်တည်း ကြည့်ရုံဖြင့် ရှေးဟောင်းမြေပုံတွင် အပြောင်းအလဲအသစ်တချို့ ဖြစ်ပေါ်လာသည်ကို မြင်လိုက်ရသည်။ အနီရောင်ကြာနယ်မြေတွင် သီးသန့်နေရာတချို့ ထွက်ပေါ်လာ၏။

စီးဝူယာ့က အနီရောင်ကြာနယ်မြေ၏ အနောက်တောင်ဘက် အခြမ်းကို ထိုးပြကာ “ကျွန်တော် ဒီမနက် မြေပုံကို ကြည့်တုန်းက အပြောင်းအလဲတချို့ကို သတိထားမိခဲ့တယ်။ ကျွန်တော် နှောင့်နှေးမနေရဲတာနဲ့ ရှစ်စွင်း ကြည့်ဖို့အတွက် ယူလာခဲ့တာ။ ဒီရှေးဟောင်းမြေပုံက အတော်လေးကို လျှို့ဝှက်ဆန်းကြယ်တယ်။

ကြည့်ရတာ ရှေးဟောင်းရတနာတချို့ ဖြစ်မဲ့ပုံပဲ။ ဒီမြေပုံမှာ မြင်ရတဲ့ နေရာအများစုကို ထူးဆန်းတဲ့ စွမ်းအားတချို့နဲ့ လွှမ်းခြုံထားတဲ့ပုံပဲ။ ဒါပေမဲ့ သူတို့က အချိန်ကြာလာတဲ့အမျှ ဖြည်းဖြည်ချင်းစီ ထုတ်ဖော်ပြသလာတယ်”

လုကျိုးက ခေါင်းအသာညိတ်လိုက်သည်။ သူက မြေပုံသည် စနစ်မှ ရရှိထားကြောင်း မပြောနိုင်ပေ။

စီးဝူယာ့က ဆက်ပြောလိုက်၏။

“ဒီနေရာက တောင်ပိုင်းတိုင်းပြည်လို့ ခေါ်ခဲ့တာ။ နောက်ပိုင်းကျတော့ လူလုပ် ကပ်ဘေးနဲ့ သဘာဝကပ်ဘေးတွေကြောင့် အဲဒီနေရာက စွန့်ပစ်ခံလိုက်ရတယ်။ အချိန်တစ်ခု ကြာမြင့်ပြီးတဲ့နောက်မှာ တာ့ထန်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ အာရုံစိုက်စရာ မရှိတော့ ကျတ်တီးကုန်းမြေတစ်ခုကလွဲပြီးတော့ ဘာမှမဟုတ်ဘူး။ ကျွန်တော်တို့သာ မြေပုံတစ်ခုလုံးကို ရှာတွေ့နိုင်မယ်ဆိုရင် မိုးမြေရဲ့ အတားအဆီးနောက်ကွယ်က လျှို့ဝှက်ချက်ကို သင်ယူနိုင်လိမ့်မယ်လို့ ခံစားချက် ရနေတယ်”

လုကျိုး၏ အတိတ်အတွေ့အကြုံများမှတစ်ဆင့် သူသည် မြေပုံပေါ်တွင် နေရာအသစ်က အပြောင်းအလဲမရှိဘဲ ပေါ်ထွက်လာမည် မဟုတ်ကြောင်း သိလေသည်။ သူက စနစ်ကို ဖွင့်ကာ တာဝန်ဇယားကို ကြည့်လိုက်၏။ သူထင်ထားသည့်အတိုင်း တာဝန်အသစ်တစ်ခု ရှိနေသည်။

ကောင်းကင်ကျမ်း၏ စာလိပ်အသစ်ကို ရှာဖွေပါ။

သူက တာဝန်အသစ် ရရှိသည်မှာ ကြာမြင့်လှပြီဖြစ်၏။

တာဝန်နှင့် မြေပုံပေါ်ရှိ နေရာအသစ် ပေါ်ထွက်လာမှုပေါ် မူတည်၍ ကောင်းကင်ကျမ်း၏ စာလိပ်ကို ရှာဖွေဖို့အတွက် အနီရောင်ကြာနယ်မြေ၏ တောင်ဘက်ပိုင်းသို့ သွားရမည့်ဟန်ပေါ်သည်။

“ရှစ်စွင်း” စီးဝူယာ့က သူ့ရှစ်စွင်း အတွေးနက်နေသည်ကို မြင်သည့်အခါ ခေါ်လိုက်သည်။

လုကျိုးက ပြန်ဖြေလိုက်၏။

“မိုးမြေရဲ့ အတားအဆီးတွေအကြောင်း ဘာမှစိုးရိမ်နေစရာ မလိုဘူး။ မင်းရဲ့ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးရော ဘယ်လိုလဲ”

“တာ့ရှစ်ရှိုးက ပွင့်ချပ်ဆယ်လွှာ ထွက်ခါစဆိုတော့ မွေးဖွားဇယားချပ်ကို အသက်မသွင်းခင် တစ်လလောက် စောင့်ချင်တယ်လို့ ပြောပါတယ်။ အာ့ရှစ်ရှိုးကတော့ မွေးဖွားဇယားချပ် အသက်သွင်းတာ ကျရှုံးသွားတော့ စိတ်အခြေအနေ ဆိုးနေတဲ့ပုံပဲ။ သူက ၂ရက်တာ မရပ်မနား ဓားရေးပဲ လေ့ကျင့်နေတာ”

“သူတို့ကို ဒီခေါ်လိုက်”

“ဟုတ်ကဲ့”

စီးဝူယာ့ ထွက်သွားပြီးသည့်နောက်တွင် လုကျိုးက အနက်ရောင်အဆောင်မှ လှုပ်ရှားမှုကို ခံစားမိလိုက်သည်။ သူက ထုတ်ယူပြီးသည်နှင့် အသက်သွင်းလိုက်သည်။ ထိုစဥ် ယန်ကျန်းလော့၏ ပုံရိပ်က ထွက်ပေါ်လာ၏။

ယန်ကျန်းလော့က ကွေ့ဝိုက်ပြောမနေဘဲ တဲ့တိုးသာ မေးလိုက်သည်။

“ညီအစ်ကိုလု ခင်ဗျား ဝူကွမ်းဖျင်ကို သတ်ခဲ့တာလား”

လုကျိုးက ဖုံးကွယ်မထားဘဲ ခေါင်းညိတ်လိုက်ကာ

“ဝူကွမ်းဖျင်က ကျုပ်တပည့်တွေကို သတ်ချင်နေတာလေ။ သူ့ကို ဘယ်လိုလုပ် ခွင့်ပြုနိုင်ပါ့မလဲ”

ယန်ကျန်းလော့က ပြောလိုက်သည်။

“သူက ခင်ဗျားတပည့်တွေကို သတ်ချင်နေတာလား”

“ငါက လိမ်ညာနေတယ်များ ထင်လို့လား” လုကျိုးက ပြောလိုက်၏။

ယန်ကျန်းလော့က အသိပြန်ဝင်လာကာ ပြောလိုက်သည်။

“အဲဒါဆိုရင်တော့ သူသေသင့်ပါတယ်”

လုကျိုးက ပြောလိုက်သည်။

“ခင်ဗျားက အနက်ရောင်မျှော်စင် အဖွဲ့သားတစ်ယောက်ဖြစ်ပြီးတော့ ခင်ဗျားလူကို ပြောမဲ့အစား အပြင်လူဘက်ကနေ ဝင်ပြောပေးနေတာပါ့လား။ ဒါနဲ့ ဘာလို့ဆက်သွယ်လိုက်တာလဲ”

“လွန်ခဲ့တဲ့ ၂ရက်တုန်းက အနက်ရောင်မျှော်စင် အဖွဲ့အစည်းက ဝူကွမ်းဖျင်ရဲ့ သေဆုံးမှုကြောင့် ပွက်လောရိုက်သွားတယ်လေ။ ဟိုဘက်အင်အားစုကနေ အနီရောင်ကြာနယ်မြေကို နောက်ထပ်လူတွေ ပို့လိမ့်မယ်လို့ ထင်တယ်”

“ဝူကွမ်းဖျင် သေပြီးတဲ့နောက်မှာတောင် သူတို့က လာရဲသေးတယ်လား”

“အရှင်းဆုံး ပြောရရင် သူတို့က အခုတလောတော့ လာရဲအုံးမယ် မထင်ဘူး။ လက်ရှိအနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အလင်းအမှောင် မဟာမိတ်ကြားမှာ ပဋိပက္ခ ဖြစ်နေတယ်။ သူတို့ကိုယ်သူတို့တောင် ဂရုမစိုက်နိုင်သေးဘူးဆိုတော့ အနီရောင်ကြာနယ်မြေနဲ့ ကိစ္စတွေကို ဝင်စွက်ဖက်ဖို့ အချိန်မရှိလောက်သေးဘူး။ ပြီးတော့ အတွင်းရေး ပဋိပက္ခတွေလည်း ရှိသေးတယ်” ယန်ကျန်းလော့က ပြောလိုက်သည်။ သူက ခေတ္တမျှ ရပ်ပြီးသည့်နောက်တွင် ဆက်ပြောလိုက်၏။

“ဒါပေမဲ့ ခင်ဗျားကို တစ်ခုတော့ သတိပေးရအုံးမယ်။ လက်တလော ကျုပ်တို့တွေ မွေးဖွားဇယားချပ် သားရဲအများကြီး ဆုံးရှုံးသွားရတယ်။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းရဲ့ အခြေအနေ တည်ငြိမ်သွားတာနဲ့ သူတို့က သုတ်သင်ရေး အစီအစဥ်ကို စလိမ့်မယ်လို့ထင်တယ်”

“သုတ်သင်ရေး အစီအစဥ်လား”

“ပွင့်ချပ်ဆယ်လွှာနဲ့အထက် ကျင့်ကြံသူအားလုံးကို သုတ်သင်ပစ်ဖို့လေ” ယန်ကျန်းလော့က အမူအရာသည် မှုန်မှိုင်းလာလေ၏။

လုကျိုးက ခေါင်းညိတ်ကာ

“မုဆိုးက သိုးကို ဆက်စားချင်နေရင် ဝံပုလွေပြောင်းလဲနိုင်တဲ့ သိုးတွေကို အရင်သတ်ပစ်ရမှာပေါ့။ အခြေအနေဆိုးတော့ မဟုတ်ပါဘူး”

“ညီအစ်ကိုလု ခင်ဗျား မစိုးရိမ်ဘူးလား”

“ဘာလာလာ ဖြေရှင်းရမှာပေါ့။ ကျုပ်ဘဝမှာ ဘာမှမကြောက်ဖူးဘူး” လုကျိုးက ပြောလိုက်သည်။

ခဏအကြာတွင် တစ်စုံတစ်ခုကို အမှတ်ရသွားဟန်ဖြင့် ယန်ကျန်းလော့က ပြောလိုက်သည်။

“ညီအစ်ကိုလုက ရွှေကြာနယ်မြေကမလား။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက အနက်ရောင်အစောင့်အရှောက်တွေကို ရွှေကြာနယ်မြေထိ ပို့လိုက်တာကို တွေ့လိုက်ရတယ်”

“ကျုပ် အဲဒီအကြောင်းကို သိထားပြီးပြီ” လုကျိုးက ရွှေကြာနယ်မြေတွင် ကျောင်းယွဲ့နှင့်အတူရှိနေသည့် လျန်ရှင်းအကြောင်း တွေးမိသွားသည်။

“ညီအစ်ကိုလုက သိပြီးသားဆိုတော့ တော်သေးတာပေါ့။ ဒါနဲ့ လုလီကရော” ယန်ကျန်းလော့က မေးလိုက်သည်။

“သူအဆင်ပြေပါတယ်”

လုကျိုးက လုလီ၏ အခြေအနေသည် ဧကရာဇ်တစ်ယောက်ထက်ပင် ပိုမိုသက်သောင့်သက်သာ ရှိနေကြောင်း မပြောလိုက်ပေ။

ယန်ကျန်းလော့က ထိုစကားကို ကြားပြီးသည့်နောက်တွင် စိတ်အေးသွားလေ၏။

“ညီအစ်ကိုလု ကျေးဇူးပါ။ ဆက်သွယ်လို့ရအောင် နောက်ထပ် အဆောင်တွေ ပို့လိုက်မယ်။ အဲဒါနဲ့အတူ အဆောင်ဖန်တီးမဲ့ နည်းလမ်းကိုပါ ပို့ပေးလိုက်မယ်”

လုကျိုးက ခေါင်းညိတ်ကာ

“သင်္ကေတလမ်းကြောင်းနဲ့ပတ်သက်ပြီး သတင်းအချက်အလက် ပို့ပေးနိုင်ရင် အကောင်းဆုံးပဲ”

“အကောင်းဆုံး ကြိုးစားကြည့်ပါ့မယ်။ ဒါပေမဲ့ အာမတော့ မခံနိုင်ဘူး။ အဲဒီလမ်းကြောင်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေက အတော်လေးကို တင်းကြပ်တယ်။ နောက်မှ ဆက်သွယ်လိုက်မယ်”

“ကောင်းပြီ”

အဆောင်က ပြာအဖြစ် ပြောင်းလဲသွားပြီး ယန်ကျန်းလော့၏ ပုံရိပ်ကလည်း ပျောက်ကွယ်သွားလေ၏။

သိပ်မကြာခင် စီးဝူယာ့က ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကို တည်တံ့ရေးခန်းမဆောင်အတွင်း ခေါ်ဆောင်လာသည်။

“တပည့်က ရှစ်စွင်းကို ဂါရဝပြုပါတယ်”

“လောကွတ်ချော်နေစရာ မလိုဘူး” လုကျိုးက ဖြည်းဖြည်းချင်း ထရပ်ကာ လက်နောက်ပစ်လျက် ပြောလိုက်သည်။

“မင်းတို့ကို ဆင့်ခေါ်လိုက်တာက မင်းတို့ ၂ယောက်လုံးအတွက် ပေးစရာ တာဝန် ရှိလို့ပဲ”

ယွီကျန့်ဟိုင်က ပြုံးကာ ပြောလိုက်၏။

“ကျွန်တော် တစ်ယောက်တည်း တာဝန်ကို ကိုင်တွယ်နိုင်ပါတယ်။ အာ့ရှစ်ရှိုးက အသက်ဓာတ် နှလုံးသားက စွမ်းအားတွေ စုပ်ယူထားတာဆိုတော့ အပြည့်အဝ တည်ငြိမ်အုံးမှာ မဟုတ်ဘူး”

ထို့နောက် ယွီရှန်းရုန်က ပြောလိုက်သည်။

“တာ့ရှစ်ရှိုး စိုးရိမ်လွန်းနေပြီ။ အသက်ဓာတ် နှလုံးသားရဲ့ စွမ်းအားသက်ရောက်မှုက ဘာမှကြီးကြီးမားမား မဟုတ်ဘူး။ ဒါပေမဲ့ တာ့ရှစ်ရှိုးက အခြေခိုင်ပြီးတော့ မွေးဖွားဇယားချပ် အသက်သွင်းဖို့ ပြင်ဆင်နေတာမလား။ အဲဒါကြောင့် ကျွန်တော် တစ်ယောက်တည်း ထမ်းဆောင်တာ အကောင်းဆုံးပဲ”

…

အခန်း (၉၄၁) ရွှေကြာနယ်မြေတွင် အဓိကဖြစ်စဉ်များနှင့် မွေးမြူရေးအစီအစဉ်

အတိတ်တုန်းက ယွီကျန့်ဟိုင်သည် မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်သွားပြီးနောက် သူသည် ငရဲဂိုဏ်းကို တည်ထောင်ခဲ့ပြီး ၎င်း၏ ဂိုဏ်းချုပ်ဖြစ်လာခဲ့၏။ သူက နန်းတော်ထဲတွင် ထိုင်နေနိုင်မည့်သူ မဟုတ်ပေ။

ထိုနည်းတူ တစ်ကိုယ်တည်း နေနေကျ ယွီရှန်းရုန်ကလည်း နန်းတော်ထဲတွင် ကြာမြင့်စွာနေဖို့ မသင့်တော်။

လုကျိုးသည် ၎င်းကို သတိပြုမိ၏။ သူတို့နှစ်ယောက်ကို ဤနေရာတွင် ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံခိုင်းထားမည်ဆိုပါက သူတို့၏တိုးတက်မှုကို ဟန့်တားရာရောက်မည်မှန်း သိနေသည်။ မြင့်မားသော သစ်ပင်တစ်ပင်ရှိနေလျှင် ကျန်သည့်သစ်ပင်များက မည်ကဲ့သို့ ကြီးထွားလာနိုင်မည်နည်း။ နန်းတော်ကသာ သူတို့နှစ်ယောက်၏ တိုးတက်မှုကို ကန့်သတ်ထားတာ မဟုတ်။ ယခုနှစ်ယောက်လုံးက ဒဿမမြောက်ပွင့်ချပ်ဖူးပွင့်ပြီး ဖြစ်သောကြောင့် မွေးဖွားဇယားချပ်အတွင်း ထည့်သွင်းထားသည့် ဘုံတစ်ထောင်လေပွေသိုင်းပညာရှင်များမှအပ တာ့ထန်ရှိ လူအများစုက ထိုလူနှစ်ယောက်ကို မယှဉ်နိုင်ပေ။

လုကျိုးသည် သူ၏ရည်ရွယ်ချက်ကို ထုတ်မပြသေးဘဲ မေးလိုက်၏။ “လောင်ချီ တောင်ဖက်တိုင်းပြည်အကြောင်း မင်း ဘယ်လောက်သိလဲ”

“တောင်ပိုင်းတိုင်းပြည်က မြေပုံပေါ်မှာ ပေါ်လာတဲ့အချိန် ရှေးစာအုပ်တွေထဲမှာ ကျွန်တော် တစ်ချက်ကြည့်ခဲ့တယ်။ တောင်ပိုင်းတိုင်းပြည်က အစတုန်းက လူရိုင်းတွေသိမ်းပိုက်ထားတာ။ ကျင့်ကြံမှုက အတော်လေးခေတ်နောက်ကျပြီး သူတို့က ထူးဆန်းတဲ့တောရိုင်းတိရစ္ဆာန်တွေကို ကိုးကွယ်တယ်။ သူတို့ဆီမှာ ကိုယ်စားပြုမျိုးနွယ်စု အများကြီးရှိတယ်။ သူတို့ရဲ့ ကသောင်းကနင်းနဲ့ သမာသမတ်မဟုတ်တဲ့ ယုံကြည်မှုတွေက ပဋိပက္ခတွေ စစ်ပွဲတွေဖြစ်စေမှာ မလွဲမသေပဲ။ ဒီအကြောင်းအရင်းကြောင့် ဒီတိုင်းပြည်မှာ လူတွေရှင်သန်နေထိုင်ဖို့ ခက်ခဲမှန်း သိလိုက်ရတယ်။ နောက်ပိုင်း တောင်ပိုင်းတိုင်းပြည်ရဲ့တော်ဝင်မိသားစုက အခြေအနေတွေ တည်ငြိမ်အောင်လုပ်ဖို့ ပို့ပေးဖို့အတွက် တာ့ထန်ဆီတောင်းဆိုခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး တောင်ပိုင်းတိုင်းပြည်က တာ့ထန်ရဲ့နယ်မြေ တစိတ်တပိုင်းဖြစ်လာခဲ့တာ” စီးဝူယာ့က ပြောပြသည်။

“တိုင်းပြည်က တာ့ထန်ဆီ အညံ့ခံလိုက်ပြီးတော့ အဲ့ဒီက လူတွေက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကစပြီး တာ့ထန်ဆီက ကျင့်စဉ်တွေကို စတင်သင်ယူခဲ့တယ်။ သူတို့အတွေးနဲ့ ဒဿနိကတွေကိုလည်း ပေါင်းစည်းခဲ့တယ်။ တဖြည်းဖြည်းချင်းနဲ့ သူတို့တွေက ကွန်ဖြူးရှပ်၊ ဗုဒ္ဓဘာသာ၊ တာအိုကျောင်းတွေအကြောင်း သင်ယူခဲ့ပြီး သူတို့ကျင့်ကြံမှုက လျင်မြန်စွာတိုးတက်လာတယ်”

ခဏအကြာတွင် သူ ရပ်လိုက်သည်။ ဆက်ပြောလိုက်သည်။ “လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၀၀ကျော်က စပြီး ကောင်းကင်စူးစမ်းရှာဖွေခုံရုံးက တောင်ပိုင်းတိုင်းပြည်က လူတွေရဲ့ဖွဲ့စည်းပုံတွေကို လေ့လာခဲ့တယ်။ အဲ့ဒီတုန်းက တိုင်းပြည်က အတတ်စွမ်းအင်ကြွယ်ဝပြီး ပတ်ဝန်းကျင်က ကျင့်ကြံဖို့ ဖြစ်မြောက်စေမှန်း သူတို့ရှာတွေ့သွားတယ်။ တိုင်းပြည်ထဲက အခြေအနေကို ထိန်းချုပ်ဖို့အတွက် တာ့ထန်က အဲ့ဒီမှာ ကွန်ဖြူးရှပ်ဂိုဏ်းတစ်ခုတည်ထောင်ဖို့ စီစဉ်ခဲ့တာ။ သူက အစီအစဉ်အကောင်အထည် မဖော်ရသေးခင် လူသားတွေ ကူကယ်ရာမဲ့တဲ့ ကပ်ဘေးတစ်ခု ဖြစ်လာတယ်။ သမိုင်းမှတ်တမ်းအရ ကပ်ဘေးက သားရဲတွေလို့ပြောတယ်။ အဲ့ဒီလို မွေးဖွားဇယားချပ်သားရဲဆယ်ကောင်နဲ့ သားရဲဘုရင်ရောက်လာတာ။ တိုင်းပြည်ကို ပြားဝပ်သွားစေလို့နီးပါးပဲ။ သေဆုံးမှုက အင်မတန်မြင့်တာ။ အဆုံးကျ ကျင့်ကြံသူတွေက ရွေးချယ်စရာမရှိဘဲ မြောက်ပိုင်းကို ပြောင်းရွေ့ရတယ်လေ။ ကပ်ဘေးနှစ်နှစ်ကြာညောင်းခဲ့ပြီး အဲ့ဒီတုန်းက တိုင်းပြည်က ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတွေအားလုံး သေဆုံးခဲ့ပြီး တာ့ထန်က ပြင်းထန်တဲ့ သေဆုံးမှုတွေ ကြုံတွေ့ခဲ့ရတယ်”

တခြားသူများသည် စီးဝူယာ့၏စကားကြောင့် ထိတ်လန့်သွား၏။ သားရဲတွေရဲ့အကြောင်း သူတို့တစ်ခါ နှစ်ခါကြားခဲ့ရပြီး တာ့ယန်၌ ကျန့်ဝမ်ရွှီးကို သူတို့တွေ့ချိန်မှစပြီး ကြမ်းတမ်းခက်ထန်သားရဲနဲ့ သူတို့ဆောင်ယူလာသည့် ကပ်ဘေးအကြောင်း သူတို့ကြားဖူး၏။ ရွှေကြာနယ်မြေနှင့်ယှဉ်လျှင် အနီရောင်နယ်မြေရှိ သားရဲများက ပိုကြမ်းတမ်းသည်။

ယွီကျန့်ဟိုင်က မေးလိုက်သည်။ “အဆုံးကျ မွေးဖွားဇယားချပ်သားရဲတွေကို ဘယ်လိုဖြေရှင်းလိုက်လဲ”

“သမိုင်းမှတ်တမ်းတွေထဲမှာ မှတ်တမ်းအတိအကျ မရှိဘူး။ ဒါပေမဲ့ အဲဒါက တောင်ပိုင်းတိုင်းပြည်ကော တာ့ထန်ကော ဘာမှမဆိုင်ဘူးဆိုတာ ကျိန်းသေတယ်။ မဟုတ်ရင် သမိုင်းစာအုပ်တွေထဲမှာ ထည့်ပြောထားလိမ့်မယ်။ ဒါဆိုရင် ဒီလိုအရုပ်ဆိုးတဲ့ ကိစ္စရပ်တွေကို ဖုံးကွယ်ထားတာ သဘာဝပဲလေ။ ကိစ္စကောင်းတွေကိုပဲ ထည့်ပြောထားတာ” စီးဝူယာ့က ပြန်ပြောလိုက်သည်။

လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်သည်။

“လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၀၀ တုန်းက အနက်ရောင်မျှော်စင်အဖွဲ့အစည်းက အနက်ရောင်ကြာနယ်မြေထဲမှာ မွေးမြူတဲ့အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့တာ။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက သားရဲတွေကို ဖြေရှင်းပြီး အဲ့ဒီတုန်းက သုတ်သင်ရေးအစီအစဉ်ကို လုပ်ခဲ့တာလို့ ပြောလို့ရလောက်တယ်”

“သုတ်သင်ရေးအစီအစဉ်လား” စီးဝူယာ့က စိတ်ရှုပ်ထွေးစွာမေးလိုက်တော့၏။

“အဲဒါက အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အစီအစဉ်ထဲက တစ်ခုပဲ။ အခြေအနေတွေက သူတို့ထိန်းချုပ်မှု လွန်သွားတဲ့အခါ ပြဿနာဖြစ်စေနိုင်တဲ့လူတွေကို သုတ်သင်တာ။ မွေးဖွားဇယားချပ်သားရဲတွေနဲ့ သားရဲတွေက သူတို့အတွက်သုတ်သင်ရေး အစီအစဉ်ကို ဆောင်ရွက်ဖို့ ပံ့ပိုးပေးဖို့အချက်အလက်တွေဖြစ်လောက်တယ်”

စနစ်မျက်နှာပြင်ကို ထပ်ကြည့်လိုက်၏။ အခြားသော သဲလွန်စများနှင့် ရှင်းပြချက်များမရှိကြောင်း အတည်ပြုပြီးနောက် သူ ပြောလိုက်တော့သည်။ “မင်းတို့နှစ်ယောက် ဒီတာဝန်ကို ဆောင်ရွက်ရမယ်”

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်က အကြည့်ချင်းဖလှယ်ပြီးနောက် တညီတညွတ်တည်း ပြောလိုက်ကြသည်။ “နားလည်ပါပြီ”

“တောင်ပိုင်းတိုင်းပြည်က ဧည့်သည်များတယ်။ မင်းတို့တွေ အနက်ရောင်ကြာကျင့်ကြံသူနဲ့ ပက်ပင်းတိုးတဲ့အခါ သူတို့ကိုရှောင်ခဲ့။ လောင်ချီကို မင်းတို့အတွက် မြေပုံတစ်ချက်ဆွဲခိုင်းလိုက်” လုကျိုးက ပြောလိုက်သည်။

“တောင်ပိုင်းတိုင်းပြည်မှာ ငါ့အတွက် တစ်စုံတစ်ခု ရှာပေးဖို့လိုတယ်။ အဲ့ဒီပစ္စည်းက မုရှီးသင်္ချိုင်းက ပစ္စည်းနဲ့ ဆင်တူတယ်။ လောင်အာ့က အရင်တုန်းက အဲ့ဒါကိုတွေ့ဖူးတော့ အဲဒါကို ငါ ထပ်မပြောတော့ဘူး။ တောင်ပိုင်းတိုင်းပြည်ကို ရောက်တဲ့အချိန် ဂရုစိုက်ကြ။ အနီရောင်ကြာနယ်မြေက ရွှေကြာနယ်မြေနဲ့ မတူဘူး။ အန္တရာယ်ရှိတဲ့အခါ သတင်းပို့ဖို့အတွက် အဆောင်ကိုသုံး”

“နားလည်ပါပြီ။ ဒီတပည့်က ရှစ်စွင်းရဲ့အမိန့်ကို နာခံပါ့မယ်”

“လောင်ချီ လိုအပ်တာတွေ စီမံပေးလိုက်”

“နားလည်ပါပြီ”

ပြီးနောက် လုကျိုး၏တပည့်သုံးဦးသည် ခန်းမထဲမှ ထွက်သွားတော့သည်။

မွန်းတည့်ချိန်တွင်ဖြစ်သည်။

စီးဝူယာ့သည့် လိုအပ်သော စီမံမှုများ ပြုလုပ်ပြီးနောက် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်သည် မြို့တော်ထဲမှ ထွက်သွားကာ ကျန်းနန်ပတ်လမ်းထဲမှ ထွက်သွားကြ၏။ သူတို့သည် တောင်ပိုင်းတိုင်းပြည်ကို သွားရန်အတွက် ကျန်းနန်ပတ်လမ်းကို ဖြတ်သွားရန်လိုသည်။

နှစ်ယောက်သားသည် ကျန်းနန်ပတ်လမ်းကို ဖြတ်သွားသောကြောင့် စီးဝူယာ့သည် သူတို့စစ်ခုံးပေချန်း၏ နဝမဘုံကျောင်းတွင် အနားယူရန် စီစဉ်ပေးလိုက်သည်။ စစ်ခုန်ပေချန်းကို သူတို့နှစ်ယောက်ရောက်လာမည့်အကြောင်း အကြောင်းကြားသောအခါ စစ်ခုန်ပေချန်းက ဧည့်သည်လက်ခံရန် ပျော်ရွှင်သွားတော့သည်။

လုကျိုးက တည်တံရေးခန်းမထဲ၌ ဆက်လက်ကျင့်ကြံနေသည်။

ယခုအခါ သူသည် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားများ ပြန်လည်ဖြည့်တင်းပြီးဖြစ်ကာ သူ၏ကျင့်ကြံဆင့်ကလည်း ပြန်လည်ရရှိလာပြီးဖြစ်သည်။

ယန်ကျန်းလော့သည် ကတိပေးထားသည့်အတိုင်း သင်္ကေတလမ်းကြောင်းနှင့် သက်ဆိုင်သော အချက်အလက်တချို့နှင့် အဆောင်များပို့လိုက်သည်။

သူသည် အချက်အလက်ကို မရည်ရွယ်ထားဘဲ စီးဝူယာ့အား ပေးလိုက်သည်။

လုကျိုးသည် သူ၏ကြာပွင့်ကို ဖွဲ့တည်သည့်အချိန်တွင် ကြာပလင်ကို လေ့လာသည့်အချိန်တွင် အတွေးနက်သွားတော့၏။

“ငါက မွေးဖွားဇယားချပ်လေးခု အသက်သွင်းပြီးပြီ။ သူတို့တွေက မွေးဖွားနန်းဆောင်ရဲ့ နေရာလေးခုကို သိမ်းပိုက်ထားတာ။ ကလောင်နဲ့ဓား၊ ကြယ်သဏ္ဌာန်နဲ့ သတ်ဖြတ်ခြင်းနည်း ခုနစ်သွယ်၊ လေဟုန်စီး၍လှိုင်းကိုခွင်းခြင်း၊ အမွှာနန်းဆောင်၊ ပထမအဆင့်မွေးဖွားဇယားချပ်က လူသားအဆင့် ဒေသအဆင့်ထဲမှာ ရှိလောက်တယ်။ ငါ့ရဲ့ပဉ္စမမြောက်မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ သင့်တော်ထဲ မွေးဖွားဇယားချပ်ကို ဘယ်ကနေရှာရမလဲ” သူ့ဖာသာသူ ရေရွတ်ပြောလိုက်၏။

သို့သော် လက်ရှိအခြေအနေသည် သူ့အတွက် သင့်တော်သော မွေးဖွားဇယားချပ်သားရဲကို ရှာရန် ခက်ခဲနေတော့သည်။ အစတည်းက အနီရောင်ကြာနယ်မြေထဲတွင် ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူ များများစားစား မရှိပေ။ အလယ်အလတ် သို့မဟုတ် အဆင့်မြင့် မွေးဖွားဇယားချပ်သားရဲများကို မျှားထုတ်ဖို့က ခက်ခဲလှသည်။

လုကျိုးသည် တတ်နိုင်သမျှ အမြန်ဆုံးနည်းလမ်းဖြင့် ပဉ္စမမြောက်အသက်ဓာတ်နှလုံးသားကို ရရန် နည်းလမ်းများ ဆက်စဉ်းစားနေသည်။ ခဏအကြာတွင် သူ၏ကြာပွင့်ကို ပြန်ရုပ်သိမ်းလျက် စာကြည့်တိုက်၏ ရတနာလေးမျိုး ဆောင်ယူလာရန် တစ်စုံတစ်ယောက်ကို အမိန့်ပေးလိုက်သည်။ ပြီးနောက် သူသည် အစီအစဉ်များစွာ ချမှတ်တော့၏။ ပထမအချက်မှာ သူသည် မွေးမြူရေး အစီအစဉ်ထဲ၌ အနီရောင်ကြာနယ်မြေကို ထိမ်းသိမ်းထားရန်ဖြစ်သည်။ သူသည် အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ ကျောက်တောအုပ်နယ်မြေကို သိမ်းပိုက်ပြီး အနီရောင်ကြာနယ်မြေထဲရှိ မွေးဖွားဇယားချပ်သားရဲများကို လက်ဝါးကြီးအုပ်ရန်ဖြစ်သည်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အနီရောင်ကြာနယ်မြေကြား စစ်ပွဲတစ်ခု ဦးတည်စေနိုင်ကြောင်း သူ သိထား၏။ ဒုတိယအချက်မှာ သူသည် သင့်တော်သော မွေးဖွားဇယားချပ်သားရဲများကို ရှာရန်အတွက် တောအုပ်အတွင်းပိုင်းသို့ သွားဖို့အချိန်ယူမှာ ဖြစ်သည်။ ရွှေကြာနယ်မြေ၏ မဟာတောအုပ်လေးမျိုးနှင့် အနီရောင်ကြာနယ်မြေရှိ လျှို့ဝှက်နေရာများက မွေးဖွားဇယားချပ်သားရဲများရှိသည်။ တတိယအချက်မှာ သူသည် လုလီ၏ခြေလှမ်းကို လိုက်ကာ သားရဲဘုရင်ကိုရှာဖို့ အဆုံးမဲ့သမုဒ္ဒရာဆီ သွားမှာဖြစ်သည်။ သဘာဝအားဖြင့် ဤအစီအစဉ်က စွန့်စားမှုမြင့်မားမှန်း သူ သိထားသည်။

မော့ရှင်းလုပြောသည့်အတိုင်းပင် လုကျိုးက စစ်မှန်သော ခွန်းလွန်းဂိုဏ်း၊ လေဟာနယ်ဂိုဏ်းနှင့် ကောင်းကင်ရှာဖွေရေးဂိုဏ်းတို့မှာ မီးဝိညာဉ်ကျောက်တုံးများ သုံးရက်အတွင်းရလာသည်။

လုကျိုးက မီးဝိညာဉ်ကျောက်တုံးများကို ကြည့်ပြီး စိတ်ကျေနပ်ကာခေါင်းညိတ်လျက် သူ့ဖာသာသူ ရေရွတ်ပြောလိုက်တော့သည်။ “အခုငါ့မှာ မီးဝိညာဉ်ကျောက်တုံးသုံးခု ရှိသွားပြီ။ ဘယ်လက်နက်ကို အဆင့်မြှင့်တင်သင့်လဲ”

မည်သည့်လက်နက်ကို အဆင့်မြှင့်တင်ရမလဲဆိုတာ စဉ်းစားနေစဉ် စနစ်အသိပေးသံ အသံနှစ်သံကို ကြားလိုက်ရ၏။

“တင်း ... လူပေါင်း ၁၅၂၃၀၏ ကိုးကွယ်မှုရရှိပါတယ်။ ဆုလာဘ် ကုသိုလ်မှတ် ၁၅၃၂၀”

“တင်း ... လူ ၁၉၅ယောက်ရဲ့ကိုးကွယ်ယုံကြည်မှုကို ရရှိပါတယ်။ ဆုလာဘ် ကုသိုလ်မှတ် ၀”

အသိပေးစာ ဆက်တိုက်ပေါ်ထွက်လာခြင်းက သူ့အာရုံစိုက်မှုကို ရသွားတော့သည်။

“လောင်ပါ့လား” လုကျိုးသည် နောက်ဆုံးအခေါက်က သူ့ အဋ္ဌမတပည့်ကို စစ်ဆေးကြည့်သည့်အချိန်က အဋ္ဌမတပည့်က ကြမ်းတမ်းခက်ထန်သားရဲနှင့် တိုက်ခိုက်တာကို ပြန်တွေးမိသွားသည်။ သို့သော် ရလဒ်က မည်သို့ရှိမှန်း မသိခဲ့ပေ။

သူ တစ်ချက်ကြည့်ရန် ဆုံးဖြတ်လိုက်၏။

သူသည် ကောင်းကင်ကျမ်းစာစွမ်းအားအတွက် မန္တန်ကို ရွတ်ဆိုလိုက်သည်။ မကြာမီ၌ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားက သူ့မျက်လုံးတစ်ဝိုက်၌ ပေါ်လာတော့သည်။

ကျူးဟုန်ကုန်းက ပလင်နှင့်တူသည့်အရာပေါ်တွင် ထိုင်နေလျက် သူ့အောက်တွင်ရှိသော ကျင့်ကြံသူများကို ငုံ့ကြည့်နေသည်။ ကျင့်ကြံသူများက ဒူးထောက်နေ၏။

တစ်ချိန်တည်းတွင် ခြိမ်းခြောက်နိုင်သော ဟန်ပန်ဖြင့် ပေနှစ်ရာမြင့်မားသော စိတ်ဝိညာဉ်သဏ္ဌာန်က အမြင့်ကနေ ငုံ့ကြည့်နေလေ၏။ ကျူးဟုန်ကုန်းသည် မွေးဖွားဇယားချပ်ကို အသက်မသွင်းရသေးခင် သူ၏ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်ခဲ့ပုံရသည်။

ကျူးဟုန်ကုန်းက ထရပ်လျက် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုပ်သိမ်းလိုက်သည်။ သူက ကြည်လင်သောအသံဖြင့် ပြောလိုက်လေ၏။ “ကြမ်းတမ်းခက်ထန်သားရဲနဲ့ တိုက်ခိုက်နေတုန်း ငါတို့တိုက်ပွဲမှာ မင်းတို့ရဲ့အကျိုးဆောင်မှုအတိုင်း ဆုချီးမြှင့်မယ်။ ဘာကိစ္စမှမရှိတော့ရင် ထွက်သွားလို့ရပြီ”

“ကျေးဇူးကြီးလှပါကြောင်း ဂိုဏ်းချုပ်” ရေလွှမ်းခြင်းဂိုဏ်းမှ တပည့်များသည် တညီတညွတ်တည်း ပြောပြီးနောက် ထွက်သွားကြသည်။

ကျင့်ကြံသူများ ထွက်သွားပြီးနောက် ကျူးဟုန်ကုန်းဘေးတွင် ထိုင်နေသော လုလီက ပြန်ပြောလိုက်သည်။

"အသက်ဓာတ်နှလုံးသားကို ရခဲ့ပေမဲ့ ရှေ့မှာ ခက်ခဲတဲ့လမ်းကြောင်း ရှိနေတယ်”

“မင်းမှာ ကြာပွင့်မရှိဘူး။ ဆိုလိုတာက မင်းမှာ မွေးဖွားနန်းဆောင်မရှိဘူး။ မွေးဖွားနန်းဆောင်မရှိဘဲ မွေးဖွားဇယားချပ်ကို အသက်သွင်းလို့မရဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အချိန်အတော်ကြာ လိုလိမ့်မယ်။ ဒီတော့ မင်း စိတ်ပြင်ဆင်ထားဖို့လိုတယ်”

“ဒီလောက်ခက်ခဲသလား”

“အဲဒါက ကောင်းကင်ကို တက်လှမ်းတာထက် ပိုခက်ခဲတယ်” လုလီက ပြောလိုက်လေ၏။

“...”

“ဝမ်းနည်းနေဖို့ မလိုဘူး။ နည်းလမ်းတစ်ခုရှာတွေ့မှာ ကြိမ်းသေတယ်။ အဝါရောင်ကြာနယ်မြေက ဘေးကင်းပြီး အရင်းအမြစ်တွေပြည့်နေတာ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းမှ ဖောက်မသွားနိုင်တာ။ ဒီမှာ တစ်သက်လုံးနေရမှာပေါ့။ ဒါက မင်းအမြဲတမ်းလိုချင်နေတာမလား”

“ဘာကြောင့် အလေးထားနေရတာလဲ”

ထိုစဉ် လုကျိုးက ကောင်းကင်ကျမ်းစာစွမ်းအားကို ဖြတ်တောက်ပြီးနောက် မျက်လုံးဖွင့်လိုက်၏။

“လောင်ပါ့က လောင်အာ့နဲ့ တူညီတဲ့ပြဿနာကို ကြုံနေရလိမ့်မယ်လို့ မထင်ထားဘူး”

ကြာပွင့်ဖြတ်တောက်ခြင်း၏ ပြဿနာက အရေးကြီးလာပြီး တတ်နိုင်သမျှ မြန်မြန် ဖြေရှင်းလာဖို့လိုသည်။

ကျူးဟုန်ကုန်းက အဝါရောင်ကြာနယ်မြေတွင် ဘေးကင်းကြောင်း သူ သိထားသောကြောင့် သူ စိတ်မပူပေ။

သူသည် သူ၏ပဉ္စမတပည့် ကျောင်းယွဲ့ကို စစ်ဆေးရန် ကောင်းကင်စွမ်းအားကို အသက်သွင်းလိုက်သည်။

တာ့ယန်၏တော်ဝင်နန်းတော်ထဲရှိ အနောက်ဖက်ဥယျာဉ်ထဲတွင် ဖြစ်သည်။

ကျောင်းယွဲ့က ရေကန်ဘေးသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်၏။ သူမ၏အကြည့်တို့က ရေကန်၏ မျက်နှာချင်းဆိုင်တွင် ရောက်နေသည်။

ခဏအကြာတွင် ကျောက်ဆောင်ပေါ်တွင် ပုံရိပ်တစ်ခုပေါ်လာသည်။ ထိုလူက ဆန်းကြယ်သော အမျိုးသမီးလျန်ရှင်းပဲဖြစ်သည်။

လျန်ရှင်းပေါ်လာပြီးသည်နှင့် သူမက ကွေ့ဝိုက်မနေဘဲ မေးလိုက်တော့၏။

“အရင်က ငါတို့ပြောခဲ့တဲ့ စကားကို တွေးပြီးပြီလား” ကျောင်းယွဲ့က ယဉ်ကျေးစွာပြုံးလျက် ပြောလိုက်သည်။ “ညီမ တောင်းပန်ပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို ညီမတစ်ယောက်တည်း မချနိုင်ဘူး။ ညီမချီရှစ်ရှိုးကို သတင်းပို့ပြီးပြီ”

လျန်ရှင်းက ခေါင်းခါလျက်ပြောလိုက်သည်။ "နင့်ကို ကာကွယ်ဖို့ပဲ ငါ ကြိုးစားနေတာ။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းထဲ နင် ဝင်ခဲ့ရင် နင့်အနာဂတ်က နှိုင်းယှဉ်မရအောင် တောက်ပလာမှာ။ အားနည်းတဲ့ ရွှေကြာနယ်မြေမှာ ဘာကြောင့် နေချင်နေတာလဲ”

“လူတိုင်းမှာ ရည်မှန်းချက် ကိုယ်စီရှိတာကြပဲ။ ညီမ ဒီမှာပဲ နေချင်တယ်” ကျောင်းယွဲ့က ပြောလိုက်၏။

လျန်ရှင်းက သက်ပြင်းချပြီးပြောလိုက်သည်။

“ကျောင်းယွဲ့ ... ကိစ္စတွေက နင် ထင်သလို မရိုးရှင်းဘူး။ ရိုးရိုးသားသားပြောရရင် တစ်ယောက်ယောက်က နင့်ကို စိတ်ဝင်စားနေတာ။ ငါက တတ်နိုင်သမျှ အချိန်ဆွဲဖို့ ကြိုးစားနေတာ။ နင် အဲ့ဒီလူကို ရန်စမိရင် ... ဘယ်လိုပဲဖြစ်ဖြစ် ငါ ပြောတာနားထောင်။ နင် ဒုက္ခရောက်အောင်မလုပ်ဘူး”

…

အခန်း (၉၄၂) ဆရာရီ၏ နာကျင်ဖွယ် ပြင်းထန်နေသည့် စစ်ဆေးမှု

“မဟုတ်သေးပါဘူး။ ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို လေးစားမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား”

ကျောင်းယွဲ့က ပြောလိုက်သည်။

လျန်ရှင်းက ခေါင်းခါကာ “အဲဒါက အခြေအနေပေါ် မူတည်တယ်။ လက်ရှိအခြေအနေက နင့်ရဲ့ ဆုံးဖြတ်ချက်ကို အလေးထားဖို့ မဟန်ဘူး။ ညီမကျောင်းယွဲ့ တကယ်လို့ ငါနဲ့အခု မလိုက်ခဲ့ဘူးဆိုရင် နင် သေသွားလိမ့်မယ်”

“ကျွန်မ ငြင်းဆန်ရင်ရော သတ်မှာ မဟုတ်ဘူးလား” ကျောင်းယွဲ့က နောက်ခြေ ၂လှမ်း ဆုတ်ကာ ပြောလိုက်သည်။

“တကယ်လို့ ငါ့ကြောင့်သာ မဟုတ်ရင် နင်က သေသွားပြီးလောက်ပြီ။ အဲဒီလိုဆိုရင်တောင် အခု နင်ကို ကာကွယ်ဖို့ နောက်ကျလွန်းသွားပြီ။ သူတို့က ငါ့ကို ၇ရက် အချိန်ပေးမယ်လို့ ပြောထားတယ်။ တကယ်လို့ နင် ငြင်းဆန်နေမယ်ဆိုရင် သူတို့က နင့်အတွက် ၇ရက်အတွင်း ရောက်လာလိမ့်မယ်။ နင် ငြင်းဆန်မယ်ဆိုတာကို သိနေရင်တောင် ဖျောင်းဖျချင်နေတုန်းပဲ။ ငါက အဖွဲ့အစည်းရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ပြီးတော့ စွန့်စားထားပြီးပြီ ... “ လျန်ရှင်းက ပြောလိုက်သည်။

ကျောင်းယွဲ့က တိတ်ဆိတ်နေလေ၏။ သူမက လျန်ရှင်းနောက်ကွယ်ရှိ အင်အားစုသည် အရမ်းအားကောင်းကြောင်း သိလေသည်။ ထိုအရာက ရွှေကြာနယ်မြေတစ်ခုလုံးပင် ယှဥ်နိုင်သည့်အရာမျိုး မဟုတ်ပေ။

“အဲဒါအပြင် ... “ လျန်ရှင်းက ဆက်ပြောလိုက်၏။

“တခြားအင်အားစုတွေကလည်း တာ့ယန်ထဲကို ရောက်နေပြီ။ သူတို့တွေက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ မကြာခင် လှုပ်ရှားလာကြလိမ့်မယ်။ လက်ရှိမိစ္ဆာဝေဟင်မျှော်နန်းက ယဲ့ထျန်းရှင်း တစ်ယောက်ပဲ ရှိတာ။ သူမရဲ့ စီးတော်သားရဲ ချန်းဟွမ်က အတော်လေးကို ထင်ရှားလွန်းတယ်။ သူက အရှိန်အဝါကို ဘယ်လိုဖုံးကွယ်ထားမှန်း မသိပေမဲ့ ချန်းဟွမ်လိုမျိုး မွေးဖွားဇယားချပ် သားရဲက အနှေးနဲ့ အမြန် တခြားသူတွေအတွက် ပစ်မှတ် ဖြစ်လာလိမ့်မယ်”

“ချန်းဟွမ်က ဒီလောက်တောင် အားကောင်းတာ။ တခြားသူအတွက် ပစ်မှတ် ဖြစ်လာအုံးမှာလား” ကျောင်းယွဲ့က အံ့အားသင့်သွားလေ၏။

“နင်က ပြင်ပလောကအကြောင်း နည်းနည်းပဲ သိတယ်။ ချန်းဟွမ်က တကယ် အားကောင်းတယ်ဆိုပေမဲ့ သူ့ပိုင်နက်ကနေ ထွက်သွားပြီးတော့ ကျင့်ကြံဆင့် အများစုလည်း ဆုံးရှုံးထားရတယ်။ ငါ တိတ်တဆိတ် လေ့လာနေခဲ့တာ။ သူက အရင်လောက် အားမကောင်းတော့ဘူး။ ပြီးတော့ ယဲ့ထျန်းရှင်းက မဟာလေဟာနယ် စွမ်းအားရှိထားတဲ့ပုံပဲ”

“မဟာလေဟာနယ် စွမ်းအားပဲလား။ တကယ်လို့ ဒီလိုဖြစ်မယ်မှန်းသာ သိတယ်ဆိုရင် အရင်ကတည်းက ပေးပြီးလောက်ပြီ” ကျောင်းယွဲ့က မဟာလေဟာနယ် စွမ်းအားအကြောင်း ကြားရသည်မှာ ငြီးငွေ့လာပြီ ဖြစ်၏။

“ဒေါသတကြီး မပြောစမ်းပါနဲ့။ အနှေးနဲ့ အမြန် နင် နားလည်လာလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ငါ ပြောချင်တာတွေ အကုန်လုံးကို ပြောပြီးပြီ။ ၇ရက်အတွင်း နင့်ကို ထပ်လာပြီး ရှာလှည့်မယ်”

လျန်ရှင်းက စကားပြောပြီးသည့်နောက်တွင် လေထဲ ခုန်ဆင်းကာ ပျံလွှားလေးသဖွယ် ပေါ့ပါးသွက်လက်စွာ ထွက်ခွာသွား၏။

...

လုကျိုးက မျက်လုံးဖွင့်လာပြီး ကောင်းကင်ကျမ်း စွမ်းအားကို ဖြတ်တောက်လိုက်သည်။ သူ့ထူးခြားအံ့ဖွယ် စွမ်းအားက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားအဖြစ် ဆင့်ကဲ ပြောင်းလဲသွားသော်လည်း အကျိုးအကြောင်းမသင့်လောက်အောင် သုံးနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

ကောင်းကင်ကျမ်းမှ စွမ်းအားအများစုတွင် အမြင်စွမ်းရည်က စွမ်းအားအကုန်ဆုံး ဖြစ်၏။ သူက သူ့တပည့် ၂ယောက်ကို မိနစ်ပိုင်းကြားမျှသာ စစ်ဆေးကြည့်ခြင်းက_အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို တစ်ဝက်နီးပါး သုံးစွဲပြီးသွားလေပြီ။ ကံကောင်းစွာဖြင့် လွှမ်းမိုးအဆင့် ခရမ်းရောင် တောက်ပသံကျောက်ဖြင့် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို ဖြည့်တင်းနှုန်းက ပိုမိုမြန်ဆန်လာခဲ့၏။

“၇ရက် ... “ လုကျိုးက သူ့ဘာသာသူ ရေရွတ်လိုက်၏။ ၇ရက်အတွင်း သင်္ကေတလမ်းကြောင်းကို ပြီးမြောက်ဖို့ရာ မဖြစ်နိုင်ပေ။ ရွှေကြာနယ်မြေက အနီရောင်ကြာနယ်မြေထက် ပို၍ အားနည်းလေ၏။ သို့သော်လည်း အနီရောင်ကြာနယ်မြေနှင့် ရွှေကြာနယ်မြေတို့က အနက်ရောင်ကြာနယ်မြေနှင့် ယှဥ်ကြည့်လိုက်လျှင် ကွာဟချက် များများစားစား မရှိပေ။ ကွာဟချက်က လက်သီးတစ်ချက် နှစ်ချက်အတွင်းသာ ရှိနေလိမ့်မည်။

သူ့အတွက် တစ်ကိုယ်တည်း ဖြေရှင်းဖို့ရာ အခက်တွေ့လှ၏။ အနီရောင်ကြာနယ်မြေက သူ့ကို လိုအပ်နေသလို ရွှေကြာနယ်မြေကလည်း သူ့ကို လိုအပ်နေသည်။ သူက ကိုယ်ခွဲလို့ ရမလား မသိတော့ပေ။

“ကြည့်ရတာ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စွမ်းအားကို ပညာရှင်တွေ ရွေးချယ်ပြီးတော့ မြှင့်တင်ဖို့ လိုအပ်နေပြီ” လုကျိုးက အသက်ပြင်းပြင်းရှူကာ ပြောလိုက်၏။ သိပ်မကြာခင် သူက အနက်ရောင်မျှော်စင် အဖွဲ့အစည်းအကြောင်း တွေးမိသွားသည်။ အနက်ရောင်မျှော်စင် အဖွဲ့အစည်း၏ အတွင်းရေး ပဋိပက္ခများက အတော်လေး ပြင်းထန်လှ၏။ စီးဝူယာ့ ပြောသကဲ့သို့ ရန်သူရဲ့ ရန်သူက မိတ်ဆွေဆိုသည့်အတိုင်း သူက နောင်အနာဂတ်တွင် အနက်ရောင်မျှော်စင် အဖွဲ့အစည်းမှ ပညာရှင်များကို ခေါ်ဆောင်နိုင်မည်လား။

လုကျိုးက ခေါင်းအသာယမ်းလိုက်၏။ ယခုလက်ရှိ ပြဿနာက ရွှေကြာနယ်မြေသည် အလှမ်းဝေးလွန်းလှသည့်အတွက် ထိုပြဿနာကို မည်သို့ဖြေရှင်းရမည်နည်း။

လုကျိူးက အတွေးများကို စတင်စုစည်းလိုက်သည်။ ပထမဦးစွာ သူ့ဦးစားပေးက ရွှေကြာနယ်မြေရှိ ပြဿနာကို ဖြေရှင်းဖို့ ဖြစ်၏။ သူက သင်္ကေတလမ်းကြောင်းကို အောင်အောင်မြင်မြင် ပုံပွားပြီးသည့်နောက်တွင် မိစ္ဆာဝေဟင်မျှော်နန်း၏ စွမ်းအားကို တိုးမြှင့်နိုင်သည်။ ထိုအချိန်တွင် သူက လိုချင်တာအတွက် အချိန်မရှိသလို ဖြစ်နေမည် မဟုတ်တော့ပေ။

တကယ်တော့ လုကျိုးက ရွှေကြာနယ်မြေနှင့် အနီရောင်ကြာနယ်မြေရှိ လူများကို ကာကွယ်ဖို့ လိုအပ်ကြောင်း ခံစားမိနေသည်။ သို့သော်လည်း တကယ်တမ်းတော့ မလိုအပ်ပေ။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက သူတို့၏ မွေးမြူရေး အစီအစဥ်ကို လုပ်ဆောင်ဖို့ လူများကို အသက်ရှင်လျက် လိုအပ်နေဆဲဖြစ်သည်။ ထို့ကြောင့် သူတို့က သိုးများအပေါ် လက်တင်မည် မဟုတ်ပေ။ သူက ထိုသူများ၏ ကယ်တင်ရှင်ဖြစ်ဖို့ မလိုအပ်ပေ။ ကမ္ဘာကြီးကို ကယ်တင်ဖို့က သူ့တာဝန်မဟုတ်ပေ။ သူလုပ်ဖို့ လိုအပ်သည်က မိစ္ဆာဝေဟင်မျှော်နန်း၏ စွမ်းအားကို တိုးမြှင့်ဖို့ဖြစ်၏။

တိကျန်းက ရွှေကြာနယ်မြေကို ၅ရက်အတွင်း ရောက်နိုင်တယ် ...

ဤသို့ဖြင့် သူ့စိတ်ထဲ အစီအစဥ်တစ်ခု ပေါ်ထွက်လာသည်။

...

နောက်တစ်ရက် မနက်စောစော

လုကျိုးက တည်တံ့ရေးခန်းမအတွင်း စီးဝူယာ့နှင့် မင်ရှစ်ရင်ကို ဆင့်ခေါ်လိုက်သည်။

ထိုတပည့် ၂ယောက် ခန်းမအတွင်း ရောက်ရှိလာသည့်အခါ အနည်းငယ် စိတ်လှုပ်ရှားနေဟန်ပေါ်၏။ သူတို့ ရှစ်စွင်းကို မြင်တွေ့ပြီးသည့်နောက်တွင် ၂ဦးသားက ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြသည်။

“ရှစ်စွင်း”

လုကျိုးက သူ့တပည့် ၂ဦးကို ကြည့်ကာ ပြောလိုက်သည်။

“ငါ စိတ်ပူနေရတဲ့ အရာတစ်ခု ရှိတယ်”

မင်ရှစ်ရင်က ပြုံးကာ ပြောလိုက်၏။

“ရှစ်စွင်းက ဘာတွေများ စိတ်ပူနေတာလဲ”

“ငါ လဝက်လောက် ရွှေကြာနယ်မြေဆီ ပြန်သွားဖို့ လိုတယ်” လုကျိုးက ပြောလိုက်၏။

မင်ရှစ်ရင်က ချက်ချင်းဆိုသလို အကြည့်များ တောက်ပလာကာ ပြောလိုက်သည်။

“ရှစ်စွင်းက ရွှေကြာနယ်မြေဆီ ပြန်သွားချင်တာလား။ စိတ်မပူပါနဲ့။ ဒီနေရာမှာ အရာအားလုံး စီစဥ်ပြီးသွားပြီ။ ပြီးတော့ ချီရှစ်တိကလည်း ရှိနေမှာပဲလေ”

စီးဝူယာ့က ဝင်ပြောလိုက်သည်။

“စစ်ရှစ်ရှိုး ပြောတာ မှန်တယ်”

လုကျိုးက ပြောလိုက်၏။

“အခုထိ ငါကလွဲရင် မိစ္ဆာဝေဟင်မျှော်နန်းမှာ အနက်ရောင်ကြာ ကျင့်ကြံသူတွေနဲ့ ယှဥ်ပြိုင်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး။ ငါ အဝေးရောက်နေတုန်း သူတို့ရောက်လာရင် ဘယ်လိုလုပ်မှာလဲ။ မင်းတို့တွေ ဘယ်လိုဖြေရှင်းမှာလဲ”

မင်ရှစ်ရင်က တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်သည်။

“ကျွန်တော်တို့တွေက ဘာလို့ဖြေရှင်းဖို့ လိုမှာလဲ။ ထွက်ပြေးလိုက်မယ်လေ။ အာ ချီရှစ်တိ ဘာလို့ငါ့ကို အဲဒီလို ကြည့်နေတာလဲ”

စီးဝူယာ့ “...”

လုကျိုးက မင်ရှစ်ရင်ကို ကြည့်ကာ မျက်ခုံးပင့်လိုက်ရင်း ပြောလိုက်သည်။

“ထွက်ပြေးမှာလား”

“အာ ... “ မင်ရှစ်ရင်က မလုံမလဲပြုံးကာ

“ကျွန်တော် ပြောချင်တာက တန်းတိုက်ခိုက်စရာ မလိုဘူးလို့ ပြောတာပါ။ အနီရောင်ကြာနယ်မြေက ကြီးမားတော့ ယာယီပုန်းအောင်းနိုင်တဲ့ နေရာတွေ ရှိတာပဲလေ။ ကျွန်တော် ပြောတာက အဲဒီလိုပြောတာပါ”

“...”

စီးဝူယာ့က အားတင်းပြုံးကာ ပြောလိုက်သည်။

“တကယ်တော့ စစ်ရှစ်ရှိုး ပြောတာ မှန်ပါတယ်။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းရဲ့ သုတ်သင်ရေး အစီအစဥ်က ပွင့်ချပ်ဆယ်လွှာနဲ့ အထက်ကိုပဲ ပစ်မှတ်ထားတာလေ။ ပြီးတော့ ရှစ်စွင်းက သူတို့ရဲ့ အကဲဖြတ်သူကို သတ်ပြီးတော့ အနက်ရောင် အစောင့်အရှောက်တွေကို နှိမ်နင်းခဲ့တယ်။ တကယ်လို့ အဖွဲ့အစည်းက လူတွေ စေလွှတ်ချင်တယ်ဆိုရင် သူတို့က ပိုအားကောင်းတဲ့သူတွေကို လွှတ်ရမှာ။ ဒါပေမဲ့ မွေးဖွားဇယားချပ် ၈ခုနဲ့အထက် ပညာရှင်တွေက အဖွဲ့အစည်းမှာ အဆင့်အတန်း မြင့်မားကြတယ်။

အဖွဲ့အစည်းထဲက အတွင်းရေး ပဋိပက္ခတွေကလည်း ကြီးမားတော့ အဲဒီပညာရှင်တွေက မလိုအပ်သရွေ့ အလွယ်တကူ ထွက်လာမှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီနေရာကို ပညာရှင်တွေ စေလွှတ်ဖို့ဆိုတာက မဖြစ်နိုင်သလောက်ပဲ။ စစ်ရှစ်ရှိုးနဲ့ ကျွန်တော်နဲ့က အားလုံးကို မြို့တော်ကနေ ဦးဆောင်ခေါ်သွားပြီးတော့ မွေးဖွားဇယား သားရဲတွေကို စုံစမ်းဖို့ အခွင့်အရေး ယူနိုင်တယ်”

သူ့စကားအဆုံးတွင် သက်ပြင်းချကာ ပြောလိုက်သည်။

“ကျွန်တော်တို့အတွက် အနက်ရောင် အစောင့်အရှောက် အဖွဲ့အစည်းမှာ သူလျှိုတစ်ယောက်လောက် ရှိရင်တော့ ပိုပြီးလွယ်ကူသွားမှာ”

လုကျိုး “...”

ငါ့ဆီမှာ သူလျှိုတစ်ယောက်ရှိတယ်ဆိုတာ မင်းကို မပြောပြဘူး ...

ခဏအကြာတွင် လုကျိုးက မေးလိုက်သည်။

“လောင်ချီ မင်းရဲ့ လက်ရှိကျင့်ကြံဆင့်က ဘယ်လောက်လဲ”

ထိုတပည့် ၂ဦး၏ စိတ်ထဲတွင် ရင်းနှီးပြီးသား ခံစားချက်တစ်ခု ချက်ချင်းပေါ်ထွက်လာသည်။

ထပ်ပြီး စတော့မှာလား ...

စီးဝူယာ့၏ မျက်နှာအထက် ရှုပ်ထွေးနေသည့် အမူအရာမျိုး ပေါ်ထွက်လာကာ

“အဲ အဲဒါက ပွင့်ချပ်ကိုးလွှာအဆင့်ပဲ ရှိပါသေးတယ်”

လုကျိုးက ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် စီးဝူယာ့ကို အပြစ်မတင်ပေ။ စီးဝူယာ့က အမှန်တကယ် အလုပ်များလွန်းလှသည်။ အကယ်၍ မဟာလေဟာနယ် မျိုးစေ့ကြောင့်သာ မဟုတ်လျှင် စီးဝူယာ့ ကျင့်ကြံသည့် နည်းလမ်းဖြင့် တိုးတက်ဖို့ရာ ခက်ခဲလိမ့်မည်။ ထို့နောက် သူက မင်ရှစ်ရင်ကို ကြည့်ကာ မေးလိုက်သည်။

“လောင်စစ် မင်းရော”

“ကျွန်တော်လား။ ကျွန်တော်လည်း ပွင့်ချပ်ကိုးလွှာအဆင့်မှာပါပဲ” မင်ရှစ်ရင်က ယုံကြည်ချက်ရှိရှိ ပြန်ဖြေလိုက်၏။

လုကျိုးက သူ့လက်ကို မြှောက်ကာ ရွှေရောင် လက်ဝါးစည်းတံဆိပ်ကို မင်ရှစ်ရင်ဆီ ထုတ်လွှင့်လိုက်သည်။

“ကောင်းပြီ။ မင်းရဲ့ စွမ်းအားကို စမ်းသပ်ကြည့်ရအောင်။ ဒီနှစ်တွေတစ်လျှောက်မှာ မင်းသင်ထားတဲ့ နည်းစနစ်တွေအားလုံးကို သုံး။ ငါက ပွင့်ချပ်ဆယ်လွှာအောက်ထိ ကျင့်ကြံဆင့်ကို ဖိနှိပ်ထားမယ်”

“...”

မင်ရှစ်ရင်က ငိုချင်နေလေ၏။ သူက အလျင်အမြန် လက်မြှောက်ကာ ရွှေရောင် လက်ဝါးချက်က သူ့အပေါ် ကျရောက်လာခါနီးတွင် တည်တံ့ရေးခန်းမမှ ပျံသန်းထွက်လာလိုက်သည်။

စီးဝူယာ့က စိတ်ထဲမှ သက်ပြင်းချလိုက်၏။

နောက်ဆုံးတော့ အလှည့်ကျလာပြီပဲ ...

လုကျိုးက ပုံရိပ်က ခန်းမအတွင်းမှ ပျောက်ကွယ်သွားကာ အပြင်ဘက်သို့ လျှပ်စီးလို အလျင်ဖြင့် ရောက်ရှိသွားသည်။ သူက လက်ဝါးကို ထပ်မြှောက်လိုက်၏။ နောက်ထပ် ရွှေရောင် လက်ဝါးစည်းတံဆိပ်က မင်ရှစ်ရင်ဆီ ထုတ်လွှင့်လာသည်။

မင်ရှစ်ရင်က အံ့အားသင့်သွား၏။

ဝုန်း

သူက လှည့်ကာ ခြေဆောင့်ကန်လိုက်သည်။

မီတာ ၁၀၀ပတ်လည်ရှိ စကျင်ကျောက်ကြမ်းပြင်က ချက်ချင်းဆိုသလို အက်ကွဲသွား၏။

လက်ဝါးစည်းတံဆိပ်က ထိုကြမ်းပြင်ပေါ် ကျရောက်လာသည်။

ထိုစဥ် မင်ရှစ်ရင်၏ အရိပ်ပင် မမြင်ရတော့ပေ။

လုကျိုးက သူ့ ၄ယောက်မြောက် တပည့်သည် __လွတ်မြောက်ရေး နည်းစနစ်ကို လေ့ကျင့်ထားကြောင်း သိလေ၏။ ထို့ကြောင့် သူက မြေကြီးကို ကြည့်လိုက်သည်။ သူက အလျင်လိုနေခြင်း မရှိပေ။ သူက စိတ်အေးလက်အေးဖြင့် လက်နောက်ပစ်ကာ မြေကြီးကို ကြည့်နေလေ၏။

ငါ လောင်စစ်ရဲ့ စွမ်းအားကို စမ်းသပ်ကြည့်ရမယ်။ သူဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ရအောင် ...

တကယ်လို့ သူက အချိန်တော်ကြာ တောင့်ခံနိုင်တယ်ဆိုရင်တော့ ရွှေကြာနယ်မြေကို ထွက်သွားဖို့ စိတ်ချရပြီ ...

လုကျိုးက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို အသုံးမပြုဘဲ မြေကြီးပေါ် ဆောင့်နင်းလိုက်၏။

ဝုန်း

မြေကြီးက အက်ကွဲသွားသည်။

“ဘယ်သူမှ မရှိဘူးလား” ထိုအရာက လုကျိုး၏ မှန်းဆချက်နှင့် ကွဲလွဲနေသည်။ သို့သော်လည်း နေရာများစွာ မရှိသည့်အတွက် တည်တံ့ရေးခန်းမအပြင်ဘက်တွင် ပုန်းအောင်းနိုင်သည့်နေရာ များများစားစား မရှိပေ။ သူ့အကြည့်က ချက်ချင်းဆိုသလို လျှောက်လမ်းဘက် ကျရောက်လာသည်။

ဝှစ်

လုကျိုးက လျှောက်လမ်းဘက် ပျံသန်းသွားလိုက်သည်။

ဘန်း ဘန်း ဘန်း

ထိုစဥ် လျှောက်လမ်းအပေါ်မှ လုကျိုးထံ စွမ်းအားစည်းတံဆိပ်များစွာ ကျရောက်လာ၏။ သူတို့က စွမ်းအင်ဓားများနှင့် စွမ်းအင်ဓားမော့များ ဖြစ်သည်။

ဝှစ်

လုကျိုးက မဟာအမှောင် ကောင်းကင်လက်ဝါးချက်ကို ထုတ်လွှင့်လိုက်သည်။

ဘန်း ဘန်း ဘန်း

လက်ဝါးချက်က လွင့်စဉ်သွားပြီး စွမ်းအားစည်းတံဆိပ်များကို လွင့်ပယ်သွားစေသည်။

ထို့နောက် လုကျိုးက မဟာနည်းစနစ်ကို ထုတ်သုံးလိုက်သည်။ လျှောက်လမ်း၏ ဘယ်ဘက်မှ ညာဘက်သို့ လျှပ်တစ်ပြက်အတွင်း ရောက်ရှိလာသည်။

ဘန်း

ကြောက်ရွံ့ခြင်းမဲ့ မဟာစည်းတံဆိပ်တော်က လက်ဝါးရာ အပေါက်ကြီးကိုသာ ချန်ထားပစ်ပြီး ကောင်းကင်ဆီ ရောက်ရှိသွားသည်။

...

ထိုစဥ် နန်းဆောင်ရှိ ကျင့်ကြံသူများက အလန့်တကြားဖြစ်လာကြသည်။ သူတို့က ထိုလက်ဝါးစည်းတံဆိပ်ကို မြင်သည့်အခါ မအံ့သြဘဲ မနေနိုင်ကြပေ။

“လုပ်ကြံသတ်ဖြတ်မှုလား”

“လုချန်းပေ့ကို သတ်ဖြတ်ဖို့ မကြောက်တဲ့သူ ရှိတာ အံ့သြမိသား”

...

လုကျိုးက ခေါင်းမော့ကာ ကြည့်လိုက်၏။ သူ့လက်ဝါးချက်က ထပ်မံလွဲချော်သွားပြန်သည်။

သူ ဘယ်ပြေးသွားတာလဲ ...

လုကျိုးက သူ့ကိုယ်သူ အထင်ကြီးနေသလိုမျိုး ခံစားနေမိသည်။ သူက သူ့ကျင့်ကြံဆင့်ကို ဖိနှိပ်ထားလိမ့်မည်ဟု မပြောခဲ့သင့်ပေ။

လုကျိုးက ဘေးပတ်လည်ကို အသေအချာကြည့်လိုက်ပြီးသည့်နောက်တွင် ကျောဘက်မှ လေပြေကို ခံစားမိလိုက်သည်။ သူက ချက်ချင်းဆိုသလို လှည့်ကာ လက်ဝါးချက်ကို ထုတ်လွှင့်လိုက်သည်။

မင်ရှစ်ရင်က သူ့လက်၂ဖက်လုံးဖြင့် ရိုက်ထုတ်လာသည်။

လုကျိုးက သူ့လက်ကို ဆန့်ထုတ်ကာ ကာကွယ်လိုက်သည်။

ဘန်း ဘန်း ဘန်း

မင်ရှစ်ရင်က သူ့ရှစ်စွင်း၏ ကာကွယ်မှုကို ချေဖျက်ဖို့ရာ မဖြစ်နိုင်ကြောင်း သဘောပေါက်ဖို့ သိပ်မကြာမြင့်ပေ။ လျှပ်တစ်ပြက်အတွင်း သူက ထပ်မံပျောက်ကွယ်သွားသည်။

ဝှစ်

လုကျိုးက ခေါင်းညိတ်လိုက်၏။ သူက လျှပ်တစ်ပြက်ဆိုသလို ပျောက်ကွယ်သွားပြီး မင်ရှစ်ရင်ရှေ့တွင် မျက်စိတစ်မှိတ်အတွင်း ပေါ်ထွက်လာသည်။ သူက ဘယ်ဘက်လက်ကို နောက်ပစ်ကာ ညာဘက်လက်ဖြင့် မင်ရှစ်ရင်ကို ဆွဲကာ ပစ်လွှတ်လိုက်သည်။

ဘန်း

“အာ” မင်ရှစ်ရင်က လွင့်စဉ်သွားသည့်အတွက် နာနာကျင်ကျင် ညည်းညူလိုက်ရသည်။

All Chapters