← Chapters

အခန်း (၉၄၃-၉၄၅)

Vol. 63 Ch. 943-945

အခန်း (၉၄၃-၉၄၅)

Vol. 63 Ch. 943-945

အခန်း (၉၄၃) လျှပ်ပြက်သကဲ့သို့မြန်ဆန်လှသော တိကျန်းက သမုဒ္ဒရာကို ဖြတ်ကျော်ခြင်း

မင်ရှစ်ရင်သည် ဉာဏ်များသော်ငြား လုကျိုးနှင့်ရင်ဆိုင်ချိန်တွင် ကြာရှည်ခံဖို့ ခက်ခဲလှပေ၏။ သူ၏ လက်ဝါးရိုက်ချက်ကြောင့် လွင့်ထွက်သွားသောအခါ လေထဲတစ်ပတ်လည်သွားပြီး မြေပြင်ပေါ် ပြုတ်ကျသွား၏။ တစ်ချိန်တည်းတွင် မြေပြင်ပေါ်တွင် သစ်သားပြာက လျင်မြန်စွာ ပေါ်ပေါက်လာ၏။ လုကျိုးက အလျင်မလိုပေ။ သူက ကျင့်ကြံဆင့်အရာ၌ အားသာ၏။ ထိုအရာအပြင် တော်ဝင်နန်းတော်ကဲ့သို့ ရိုးရှင်းသော ပတ်ဝန်းကျင်သည် မင်ရှစ်ရင်အတွက် အားသားချက်ရှိမှာ မဟုတ်ပေ။ မင်ရှစ်ရှင်ကို အခွင့်အရေးပေးပြီး သစ်သားပြာကို ကြီးထွားစေခွင့်ပေးလျှင် ပိုကောင်းမည်။ ထို့အပြင် ဆရာတပည့်ကြားတိုက်ပွဲသည် သေရေးရှင်ရေးတိုက်ပွဲထက် သင်ပြပေးသည့်တိုက်ပွဲဖြစ်သည်။

လုကျိုးသည် ပွင့်ချပ်ကိုးလွှာမင်ရှစ်ရင်က သူနှင့်ရင်ဆိုင်ရာ၌ မည်မျှခံနိုင်ရည်ရှိကြောင်း မြင်တွေ့ချင်၏။

သစ်သားပြာနှလုံးသားကျင့်စဉ်အောက်တွင် နန်းတော်တစ်ခုလုံး သိပ်သည်းလှသည့် နွယ်ပင်များနှင့် သစ်ကိုင်းများက အသစ်ဖွဲ့တည်ကာစ ငှက်သိုက်ကဲ့သို့ ပေါ်ပေါက်လာဖို့ သိပ်မကြာလိုက်ပေ။

လုကျိုးသည် သူ့လက်ကို ဖြည်းဖြည်းချင်းမြှောက်ပြီးနောက် လူအရွယ်အစားခန့် လက်ဝါးစည်းတံဆိပ်ကို ပစ်လွှတ်လိုက်သည်။

လက်ဝါးစည်းတံဆိပ်က နွယ်ပင်များနှင့် သစ်ကိုင်းများကို ဖြတ်ကျော်သွားပြီး ၎င်း၏လမ်းကြောင်း၌ လက်ဝါးရာကျန်ရစ်စေ၏။

လုကျိုးက ရှေ့တိုးလျက် သူ့ပတ်ဝန်းကျင်ရှိ လေနှင့် လှုပ်ရှားမှုတို့ကို အာရုံခံလိုက်သည်။ ထိုစဉ် စီးဝူယာ့က တိုက်ပွဲကိုကြည့်ရန် ထိမ်းသိမ်းရေးခန်းမထိပ်သို့ ပျံသွားသည်။ သူ၏အမြင်တွင် ရှစ်စွင်း၌ ယင်းကို ဖြေရှင်းရန် နည်းလမ်းများစွာရှိသည်။ သို့သော် သူ့ရှစ်စွင်းက ၎င်းတို့ကို အသုံးမပြုခဲ့ပေ။ ဥပမာအနေဖြင့် သူ့ရှစ်စွင်းသည် ကံမီးတောက်ကို အသုံးပြုနိုင်၏။ ကံမီးတောက်သည် သစ်သားပြာကို ပြာအဖြစ်အလွယ်တကူလျော့ချနိုင်ကာ သူ့စတုတ္ထတပည့်ကို ပုန်းကွယ်ရန်နေရာမရှိ ဖြစ်စေမည်။ သူက ခေါင်းခါလျက် သက်ပြင်းချလိုက်သည်။ ရှစ်စွင်းက နည်းနည်းဘက်လိုက်တာပဲ။ ဒါကို တစ်ချက်တည်းနဲ့ အလွယ်တကူ ဖြေရှင်းနိုင်တာကို ဘာလို့များ ကြောင်နဲ့ကြွက်လို့ ဆော့ကစားနေတာလဲ။

သူသည် လက်ဝါးစည်းတံဆိပ်ဖန်တီးသည့် လမ်းကြောင်းအတိုင်း လျှောက်လာ၏။ သူသည် အဆုံးသို့ရောက်ချိန်တွင် ဦးတည်ရာပြောင်းလဲကာ နောက်ထပ်လက်ဝါးရိုက်ချက်သုံးလိုက်ပြီး လမ်းကြောင်းတစ်ခုဖွဲ့တည်လိုက်သည်။ သူသည် ဒုတိယလမ်းကြောင်းအလယ်သို့ ရောက်သောအခါ ရပ်တန့်လျက် သစ်သားပြာထဲတွင် သိမ်မွေ့သော ပြောင်းလဲမှုကို အာရုံခံမိသွားသည်။ သူသည် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို အသုံးမပြုခဲ့လျှင် သူ၏စတုတ္ထတပည့်ကို လိုက်ဖမ်းနိုင်ရန် အချိန်တချို့လိုအပ်သည်။

ငါ့ရဲ့ပွင့်ချပ်ဆယ်လွှာကျင့်ကြံဆင့်ကို ဖိနှိပ်ဖို့ ကတိပေးထားပေမဲ့ သူ့ကို လိုက်ဖမ်းဖို့ အချိန်ကြာလွန်းနေရင် အရှက်ကွဲလိမ့်မယ်။ ငါ မြန်မြန်လုပ်မှရမယ်။

လုကျိုးက ရုတ်တရက် တစ်ဖက်လှည့်ကာ ညာလက်မြှောက်လိုက်၏။ လက်ထဲ၌ စွမ်းအင်ဓားက ပေါ်လာတော့သည်။

“တစ်ခုကနေ နှစ်ခု၊ နှစ်ခုကနေ သုံးခု၊ သုံးခုကနေ အရာအားလုံး”

စွမ်းအင်ဓားများသည် စွမ်းအင်ဓားထောင်ချီအဖြစ် ချက်ချင်းကွဲထွက်သွားပြီး နေရာအနှံ့ပစ်ခတ်တော့သည်။

မျက်စိတစ်မှိတ်အတွင်းတွင် လုကျိုးတဝိုက်ရှိ သစ်သားပြာက ဖျက်ဆီးခံလိုက်ရသည်။ ထို့နောက် လုကျိုးသည် မြေပြင်ကို ငုံ့ကြည့်ပြီးနောက် လက်ဝါးဖြင့် မြေပြင်ကို ရိုက်ချလိုက်သည်။

ဖုန်း

“ရှစ်စွင်း ... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ” မင်ရှစ်ရင်သည် ပေါ်လာပြီးနောက် ထပ်ပျောက်ကွယ်သွားသည်။

လုကျိုးက ခေါင်းခါလျက် ပြောလိုက်တော့သည်။ “မင်းက ပြေးပဲပြေးနေတာပဲ။ တိုက်ခိုက်ဖို့ကော တွေးမိသေးလား”

မင်ရှစ်ရင်က သူ့ရှစ်စွင်းကို ပြန်ပြောလိုက်၏။ သူ၏အမြင်တွင် သူ့ရှစ်စွင်းကို တိုက်ခိုက်ခြင်းက သေချင်နေတာနှင့်မခြားပေ။ သူ့အသက်ဘေးအတွက် ထွက်ပြေးခြင်းက အကောင်းဆုံးဖြစ်နေသေးသည်။

လုကျိုးသည် တိကျန်း၏အသက်ဓာတ်နှလုံးသားမှ ၎င်း၏အစွမ်းကိုရရှိပြီးနောက် သူ၏အရှိန်က ပိုတောင်တိုးလာသည်။ ချက်ချင်းပင် သူက မင်ရှစ်ရင်ရှေ့၌ ပေါ်လာ၏။ အလိုလိုပင် သူက လက်ဝေ့ယမ်းကာ ကောင်းကင်ကို လွှမ်းနိုင်သည့် စွမ်းအင်အရံအတားတစ်ခု ဖွဲ့တည်လိုက်သည်။ မင်ရှစ်ရင်က ဝင်တိုးမည်ဟု သူ မှန်းဆပြီးသား ဖြစ်သော်ငြား ...

ဘန်း

လေထဲ ဖုန်များ ထလာပြီး မင်ရှစ်ရင်က မြေကြီးထဲ ရုတ်တရက်ပျောက်ကွယ်သွား၏။

“မြေတူးတဲ့နည်းလား” လုကျိုးသည် မျက်မှောင်ကျုံ့မိသွား၏။ ယခင်က မင်ရှစ်ရင်ကို အခြားအသေးအမွှားကျင့်စဉ်များကို အာရုံစိုက်မည့်အစား သစ်သားပြာနှလုံးသားကျင့်စဉ်ကိုသာ အာရုံစိုက်ဖို့ပြောခဲ့သည်။ လုကျိုးက မြေအောက်ရှိလှုပ်ရှားမှုကို အာရုံခံကြည့်သည်။ ဘာမှမရှိပေ။

ပတ်ဝန်းကျင်က တိတ်ဆိတ်နေ၏။

လောင်စစ်က အတော်စိတ်ဝင်စားဖို့ကောင်းသား ...

လုကျိုး အနည်းငယ်အလေးထားတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။ မဟုတ်လျှင် သူ့ဂုဏ်သိက္ခာ ဘာဖြစ်သွားမည်နည်း။ ဤနည်းဖြင့် သူ တစ်ဖက်တည်းဖြင့် မတိုက်ခိုက်တော့ဘဲ လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်တော့၏။

“ဓားဖန်တီးမှု”

မင်ရှစ်ရင်၏ သစ်သားပြာနှလုံးသားကျင့်စဉ်မှ နွယ်ပင်များ သစ်ကိုင်းများတို့သည် လေထဲ၌ ထက်မြေ့သောဓားအဖြစ် အသွင်ပြောင်းသွားသည်။

ထိုစဉ် မင်ရှစ်ရင်က မြေကြီးထဲမှ ရုတ်တရက်ထွက်ပေါ်လာလျက် ထိမ်းသိမ်းရေးခန်းမထိပ်သို့ ပျံသန်းသွားသည်။

လုကျိုးက မော့ကြည့်ပြီး သူ့လက်ဝါးဖြင့်ရိုက်ချလိုက်၏။

ဈာနမုဒြာက ပေါ်ထွက်လာတော့သည်။

လက်ဝါးစည်းတံဆိပ်က ကျရောက်တော့မည့်အချိန်တွင် မင်ရှစ်ရင်က ပြန်လှည့်လာပြီး သူ၏ခွဲခွာချိတ်ကောက်ဖြင့် ပိတ်ဆို့လိုက်၏။

ထိုကဲ့သို့ရင်ဆိုင်တိုက်ခိုက်နေချိန်တွင် ခွဲခွာချိတ်ကောက်က တောက်ပသည့်အလင်း ပေါ်ထွက်လာတော့သည်။

မင်ရှစ်ရင်သည် တွန်းကန်အားကို အသုံးပြုပြီး ပျံသန်းလိုက်၏။

ထိုအရာကို မြင်သောအခါ အနား၌ ရပ်နေသော စီးဝူယာ့သည် မင်ရှစ်ရင်ကို အားမပေးဘဲ မနေနိုင်တော့ပေ။

“စစ်ရှစ်ရှိုး ... ရှစ်ရှိုးရဲ့ ထွက်ပြေးတဲ့နည်းက တကယ်ကောင်းတာပဲ”

“ငါ မင်းနဲ့စကားပြောဖို့ အချိန်မရှိဘူး” မင်ရှစ်ရင်က ပြောပြီး စီးဝူယာ့ကို ဖြတ်ကျော်သွား၏။

ထိုစဉ် လုကျိုး၏အသံက နောက်ကျောမှ ပေါ်ထွက်လာသည်။ “မင်းရဲ့သေးသိမ်တဲ့လှည့်ကွက်တွေကို ကြွားရဲတယ်ပေါ့”

လုကျိုးသည် ယခင်ကထက် ပိုမြန်ဆန်သော အရှိန်ဖြင့်ရောက်လာသည်။

စီးဝူယာ့က တအံ့တဩ အော်လိုက်တော့သည်။ နောက်ဆုံးတော့ သူ၏ရှစ်စွင်း အလေးထားလာပုံ ရသည်။

လက်ဝါးစည်းတံဆိပ်တစ်ခုက မင်ရှစ်ရင်ဆီတိုးဝင်လာ၏။

မင်ရှစ်ရင်သည် တူညီသည့်လှည့်ကွက်ကို သုံးချင်ခဲ့သည်။ သူ လှည့်လာသည့်အချိန်တွင် လက်ဝါးစည်းတံဆိပ်က သူ့နောက်ကျောသို့ ရုတ်တရက်ရောက်လာပြီး သူ၏နောက်ကျောပေါ် ကျလာ၏။ ပြီးသွားပြီ ...

ဘန်း ဘန်း ဘန်း

မင်ရှစ်ရင်၏မျက်နှာက ယောင်ကိုင်းနေပြီး ဒဏ်ရာဒဏ်ချက်များကို မျက်နှာပေါ်တွင် မြင်နေပြီးဖြစ်၏။ သူ ကောင်းကင်ပေါ်မှ ပြုတ်ကျလာတော့သည်။

မင်ရှစ်ရင်က မြေပြင်ပေါ်လဲနေစဉ် လုကျိုးက သူ့ဘေး၌ ပေါ်လာပြီး မုတ်ဆိတ်သပ်ကာ သူ့ကို ကြည့်လိုက်၏။ သူက “မင်းရဲ့ကျင့်ကြံဆင့်က ပွင့်ချပ်ဆယ်လွှာအဆင့်နဲ့ နီးစပ်နေပြီ”

မင်ရှစ်ရင်က တွားသွားလာပြီး နာကျင်မှုကို တောင့်ခံကာပြုံးပြီး ပြောလိုက်၏။

“ရှစ်စွင်း ပြောနိုင်တယ်လား”

“အစောတုန်းက မင်းရဲ့ခွန်အား အားလုံးကို ဘာကြောင့်မသုံးခဲ့တာလဲ” မင်ရှစ်ရင်၌ လှည့်ကွက်များ ရှိနေသေးကြောင်း သူ ပြောနိုင်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် အသုံးမဝင်ဘူးလေ။ ရှစ်စွင်း ကျေးဇူးပြုပြီး ကျွန်တော့ကို ချမ်းသာပေးပါ။ ဒီလို တစ်ဖက်သတ်ရိုက်နှက်တာက မတရားဘူးလေ” မင်ရှစ်ရင်က ပြောလိုက်သည်။

တကယ်တော့ မင်ရှစ်ရင်လည်း မမှားပေ။ ဆိုရလျှင် လုကျိုးသည် သူ၏ကျင့်ကြံဆင့်ကို ဖိနှိပ်ထားရုံသာမက သူ၏လက်နက် သို့မဟုတ် ကံမီးတောက်ကိုလည်း အသုံးမပြုခဲ့ပေ။

“တကယ့်တိုက်ပွဲက ဘယ်တော့မှ မမျှတဘူး” လုကျိုး ပြောပြီး သူ၏လက်ဝါးဖြင့် ရုတ်တရက်ရိုက်လိုက်၏။

လက်ဝါးစည်းတံဆိပ်က အပြာရောင်ဖြစ်နေပြီး အထွတ်အထိပ်ဆန်းကြယ်စွမ်းအားက ပါဝင်နေ၏။ ထိုလက်ဝါးစည်းတံဆိပ်သည် လူတစ်ယောက်၏ တုံ့ပြန်မှုအရှိန်ကို စမ်းသပ်ရန်ဖြစ်သည်။

ထိုစဉ် စီးဝူယာ့က ထိတ်လန့်သွားပြီး ၎င်းကို တွေ့သောအခါ စိုးရိမ်ပူပန်သွား၏။ “စစ်ရှစ်ရှိုး”

မြေပြင်ပေါ်တွင် လှဲနေသော မင်ရှစ်ရင်က အငိုက်မိသွားသည်။ သူ၏ရှစ်စွင်း ရုတ်တရက် ရိုက်လိုက်မည်ဟု မထင်ထားပေ။ သာမန်လူများဆို အရိုက်ခံရမည်ဖြစ်သော်ငြား သူက အလိုလို ရှေ့တိုးသွားကာ နောက်ဆုတ်မည့်အစား ရှေ့တိုးလိုက်၏။ သူ၏ မဟာနည်းစနစ်ကို သုံးလျက် လက်ဝါးစည်းတံဆိပ်ကို ရှောင်ရန် ကြိုးစားလိုက်သည်။

လက်ဝါးစည်းတံဆိပ်၌ အထွတ်အထိပ်ဆန်းကြယ်စွမ်းအား ပါဝင်သည်။ ၎င်းက ရုတ်တရက်ကြီးမားလာပြီး မင်ရှစ်ရင်၏ ရင်ဘတ်ကို ထိမှန်သွား၏။

ဖုန်း

မင်ရှစ်ရင်က ညီးတွားလိုက်ကာ တစ်ဖက်သို့ လှည့်မည့်အစား တိုက်ခိုက်ခံလိုက်ရသည်။ သူက မင်ရှစ်ရင်ရှေ့သို့ ရောက်လာသောအခါ မလှုပ်ခဲ့ပေ။ ထိုသို့ ဆက်လက်တိုက်ခိုက်နိုင်သော်ငြား သူ၏ရှစ်စွင်းကို လေးစားမှုပြသသည့်အနေဖြင့် မတိုက်ခိုက်ခဲ့ပေ။

စီးဝူယာ့က မင်ရှစ်ရင်ကို အားပေးပြီးနောက် ခုန်ဆင်းလာသည်။

လက်ရှိအခြေအနေ၌ မင်ရှစ်ရင်၏ တုံ့ပြန်မှုကို မြင်သော လုကျိုးက စိတ်အေးသွားကာ ခေါင်းညိတ်လိုက်၏။ သူက ပြောလိုက်တော့သည်။ “မင်းမှာ ရွေးချယ်စရာမရှိတာ မဟုတ်သရွေ့ မင်းကိုယ်မင်း ဆိုးရွားတဲ့အခြေအနေထဲရောက်အောင် ဖိအားမပေးနဲ့ ... လောင်စစ်, လောင်ချီ မင်းတို့နှစ်ယောက်လုံးရဲ့ လုပ်ဆောင်ချက်ကို ငါ သိပ်ကျေနပ်တယ်”

“လမ်းညွှန်ပေးတာ ကျေးဇူးတင်ပါတယ် ရှစ်စွင်း”

စီးဝူယာ့နှင့် မင်ရှစ်ရင်က တညီတညွတ်တည်းပြောလိုက်သည်။

လုကျိုးက ဆက်ပြောလိုက်၏။ "မနက်ဖြန်မနက်ကျ မိစ္ဆာဝေဟင်မျှော်နန်းဆီသွားမယ်။ ဒီနေရာကို မင်းတို့ဆီအပ်ထားပြီ”

တပည့်နှစ်ယောက်က အရိုအသေပေးလျက် ထိမ်းသိမ်းရေးခန်းမထဲကနေ လုကျိုး လက်နောက်ပစ်ထွက်သွားတာကို ကြည့်နေသည်။

လုကျိုးက ခန်းမထဲသို့ ဝင်သွားပြီးနောက် မင်ရှစ်ရင်က မြေပြင်ပေါ် ပြုတ်ကျသွားကာ နာကျင်စွာ အော်လိုက်တော့၏။

“ချီရှစ်တိ မင်း အရိုက်ခံရတဲ့အကြောင်းကို ဘယ်လိုလုပ် မြန်မြန်မေ့သွားတာလဲ။ တကယ်နာတယ်ဟ ... မြန်မြန်နှိပ်ပေးဦး” မင်ရှစ်ရင်က မျက်ရည်များဖြင့် ပြောလိုက်သည်။

“...”

စီးဝူယာ့က မင်ရှစ်ရင်ကို လျစ်လျူရှုကာ လှည့်ထွက်သွားသည်။

ထိုစဉ် ကျန်းအိုက်ကျန့်က ရုတ်တရက်ပေါ်လာပြီး ပြောလိုက်သည်။ “စတုတ္ထသခင်လေး ခင်ဗျားကို နှိပ်ပေးဖို့အတွက် အလှလေးတစ်ယောက်ရှာလိုက်ပါလား”

“ထွက်သွားစမ်း”

ကျန်းအိုက်ကျန့်က ပြော၏။ “တောင်းပန်ပါတယ် စတုတ္ထသခင်လေးက ဒီလိုလူမျိုးမှ မဟုတ်တာ”

မင်ရှစ်ရင်က မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်၏။

“အနည်းဆုံးတော့ မိန်းမလှလေးယောက်ဖြစ်သင့်တာပေါ့”

ကျန်းအိုက်ကျန့် “...”

နောက်နေ့နံနက်စောစောတွင်ဖြစ်သည်။

လုကျိုးက တိကျန်းကို ဆင့်ခေါ်ပြီး အဆုံးမဲ့သမုဒ္ဒရာဆီပျံသန်းကာ မြို့တော်မှ ထွက်သွား၏။

စီးဝူယာ့နှင့် မင်ရှစ်ရင်ကလည်း လုကျိုးက မိစ္ဆာဝေဟင်မျှော်နန်းဆီသွားတာကို ကျန်သည့်သူများကို အကြောင်းကြားလိုက်သည်။

တိကျန်းသည် သူ၏အသက်ဓာတ်နှလုံးသားကို ရရှိပြီးနောက် သူ၏ခွန်အားက ပြန်လည်ရရှိလာသည်။ အများစုပြန်လည်ရရှိပြီး အတော်လေးကောင်းမွန်လာပြီဖြစ်သည်။

တိကျန်းက မြန်ဆန်သောအရှိန်ဖြင့် ပျံသန်းနေစဉ် မြေပြင်ပေါ်ရှိ ကျင့်ကြံသူများက ၎င်း၏အရိပ်ကိုသာ တွေ့နိုင်၏။

ကံကောင်းသည်မှာ လုကျိုးသည် ဘုံတစ်ထောင်လေပွေနယ်ပယ်ထဲ ဝင်ရောက်ပြီးဖြစ်ကာ မွေးဖွားဇယားချပ်လေးခု အသက်သွင်းပြီးဖြစ်သည်။ ပွင့်ချပ်ဆယ်လွှာအောက်တွင် ရှိသည့် ကျင့်ကြံသူသာ ဆိုပါက ဒီဒဏ်ကို ခံနိုင်ရည်ရှိမှာမဟုတ်ဘဲ ဟန်ချက်ထိန်းပြီး ပြင်းထန်သော လေများကို ကာထားရန်အတွက် စွမ်းအင်ကုန်သွားလိမ့်မည်။ သို့သော်ငြား သူ၏ကျင့်ကြံဆင့်ထဲတွင် ခရမ်းရောင်တောက်ပသံကျောက်ဖြင့် အနည်းငယ်ယိမ်းယိုင်သည်မှအပ စီးနင်းရသည်က မခက်ခဲပေ။

လုကျိုးသည် စနစ်မျက်နှာပြင်ကို ကြည့်လိုက်၏။

စီးတော်သားရဲ ... နတ်ခြင်္သေ့၊ ပိအန်း၊ ကျိလျန်၊ ချုံးချီ၊ ထန်ခန်း၊ တိကျန်း

ပိအန်းသာလျှင် ရွှေကြာနယ်မြေတွင်ရှိ၏။

စီးတော်သားရဲများအနက် နတ်ခြင်္သေ့က အသုံးအဝင်ဆုံးဖြစ်သည်။ နတ်ခြင်္သေ့ကို သူနှင့်ရွှေကြာနယ်မြေ၌ မခေါ်သွားနိုင်တာ ကံဆိုးလှ၏။ နတ်ခြင်္သေ့နှင့်အတူ ခရီးနှင်ဖို့က သူတို့ သင်္ကေတလမ်းကြောင်းကို အောင်မြင်စွာတူးပြီးသည်အထိ စောင့်ကြည့်ရမည်။

တစ်နာရီခန့်ကြာပြီးနောက် လုကျိုးသည် အဆုံးမဲ့သမုဒ္ဒရာကမ်းစပ်သို့ ရောက်သွားသည်။ သူက မရပ်တန့်ဘဲ အဆုံးမဲ့သမုဒ္ဒရာကို ချက်ချင်းဖြတ်ကျော်ရန် ဆုံးဖြတ်လိုက်၏။

ကမ်းစပ်၌ စောင့်နေသော ကျင့်ကြံသူများက မော့ကြည့်လိုက်ရာ အရိပ်ဖျတ်ခနဲ ပေါ်သွားတာပဲ မြင်လိုက်ရသည်။ ဇဝေဇဝါဖြင့် မျက်လုံးပွတ်လိုက်သည်။

“ငါ အမြင်မှားတာလား”

“ထင်ယောင်ထင်မှား ဖြစ်နေတာ”

နှစ်ရက်ကြာပြီးနောက် လုကျိုးသည် မုန်တိုင်းများ အဆက်မပြတ်ကျရောက်ပြီး ရာသီဥတုကြမ်းတမ်းသည့် နေရာကို ဖြတ်ကျော်ကာ အဆုံးမဲ့သမုဒ္ဒရာအထက် သိပ်သည်းသော မြူများထဲ ဝင်ရောက်သွားသည်။

ထိုစဉ် စိတ်ထဲအတွေးတစ်ချက်ပေါ်လာသည်။ တိကျန်း၏အရှိန်ဖြင့် ပင်လယ်သားရဲတိုက်ခိုက်မှုကို ရှောင်ရှားဖို့ လွယ်ကူလောက်သည်။ ထိုကြောင့် သူ နိမ့်နိမ့်ပျံသန်းလည်း အဆင်ပြေလောက်သည်။ ထိုသို့ဆိုလျှင် မြင်ရတာ ပိုကောင်းလာလိမ့်မည်။

“နိမ့်နိမ့်ပျံ”

ဂတ်

တိကျန်းသည် လုကျိုး၏အမိန့်ကို နာခံပြီးခုန်ဆင်းလိုက်သည်။ နောက်ဆုံးတွင် မြူများက လုကျိုးအပေါ် ပင်လယ်က သူ့အောက်ရောက်လာ၏။ သူက အောက်ငုံ့ကြည့်လိုက်ရာ ရေများတွင် အနက်ရောင်အရိပ်များကို တွေ့လိုက်ရ၏။

အဆုံးမဲ့သမုဒ္ဒရာ၌ အန္တရာယ်က ရှိနေသေးသည်။

…

အခန်း (၉၄၄) မြောက်ပိုင်းမှာ ခွန်ရှိတယ်

လုကျိုး ပထမဦးစွာ အဆုံးမဲ့ပင်လယ်ကို ဖြတ်လာစဥ်အခါက အိုဟောင်းနေသည့် ကောင်းကင်လွန်းဖြင့်သာ ဖြစ်၏။ သူတို့က မြူခိုးများအထက် ပျံသန်းလာသည့်အတွက် အဆုံးမဲ့ ပင်လယ်ကို ကောင်းကောင်း မကြည့်နိုင်ခဲ့ပေ။ ဤတစ်ကြိမ်တွင် သူက အခွင့်ကောင်းကို လက်မလွှတ်ဘဲ သေချာကြည့်ရှုခဲ့၏။ အကယ်၍ ဖြစ်နိုင်ပါက သူသည် ပေ ၃သောင်းမြင့်မားသည့် ဧရာမသားရဲကြီးကို မြင်တွေ့လိုသည်။

“လုလီရဲ့ မွေးဖွားဇယားချပ် ၅ခုနဲ့ ဘုံတစ်ထောင်လေပွေအဆင့်က အဆုံးမဲ့ပင်လယ်ထဲက တာဝန်ကို ထမ်းဆောင်ဖို့ လုံလောက်တယ်ဆိုတော့ ငါ့ရဲ့ မွေးဖွားဇယားချပ် ၄ခုနဲ့ အသုံးပြုပစ္စည်းကတ်တွေနဲ့ဆိုရင် ဘေးကင်းမှာပါ။ ငါ့ရဲ့ ၅ခုမြောက် အသက်ဓာတ် နှလုံးသားက ရှာတွေ့ရင် ရှာတွေ့နေမှာ”

တိကျန်းက ပင်လယ်ထက်တွင် လျှပ်စီးလို အလျင်ဖြင့် ပျံသန်းနေလေ၏။

သားရဲများက တစ်ကောင်ပြီးတစ်ကောင် လှိုင်းလုံးများနှင့်အတူ ခုန်ထွက်လာကြသည်။ ထိုအထဲတွင် ပင်လယ်မျက်နှာပြင်အထက် အချိန်တော်ကြာ ပျံသန်းနိုင်သည့် ပင်လယ် သားရဲပျံများပင် ပါရှိ၏။

ထိုစဥ် ပင်လယ်အနက်ပိုင်းမှ အသံတစ်သံ ထွက်ပေါ်လာသည်။

တိကျန်းက မသိစိတ်ဖြင့် တုန်တုန်ယင်ယင် ဖြစ်သွားပြီး အရှိန်ကို နှေးလိုက်သည်။

“ကိစ္စမရှိဘူး နှေးနှေးသွား”

တိကျန်းက ပင်လယ်မျက်နှာပြင်အောက် ကူးခတ်နေသည့် အရိပ်များအထက်တွင် သာမန် စီးတော်သားရဲ၏ အရှိန်ဖြင့် ပျံသန်းနေသည်။ တချို့သော အရိပ်များက ပေ ၁၀၀၀ ရှည်လျား၏။

“မြန်မြန်သွား”

ဂတ်

တိကျန်းက တောင်ပံကို ခတ်ကာ အရှိန်ကို မြှင့်လိုက်သည်။

တစ်ချိန်တည်းဆိုသလို ပင်လယ်သားရဲများက လုကျိုးနှင့် တိကျန်း ဝန်းကျင်တွင် တစ်ကောင်ပြီး တစ်ကောင် ခုန်ထွက်လာကြသည်။

ဝူး

ပင်လယ်ထဲမှ အသံတစ်သံ ထပ်မံထွက်ပေါ်လာသည်။

ထိုစဥ် လုကျိုးက ပင်လယ်မျက်နှာပြင်သည် ရုတ်တရက် မြင့်တက်လာသည်ကို မြင်လိုက်ရ၏။

“အပေါ်တက်”

တိကျန်းက လျှပ်စီးလို အလျှင်ဖြင့် တက်သွားစဥ် လုကျိုးက ပင်လယ်ကို ငုံ့ကြည့်လိုက်သည်။

ပင်လယ်၏ မျက်နှာပြင် တက်လာသည့်အတွက် လှိုင်းလုံးကြီးက ဆူနာမီသဖွယ် ထွက်ပေါ်လာသည်။

သိပ်မကြာခင် လုကျိုးရှေ့မှောက် မမေ့နိုင်ဖွယ် မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့၏။ ဆူနာမီနှင့်တူသည့် လှိုင်းလုံးကြီးက ပင်လယ်မျက်နှာပြင်အထက် ထိုးဖောက်လာသည့် ပေသိန်းချီနေသည့် ဧရာမသားရဲကြီးနှင့် ယှဥ်လိုက်လျှင် ဘာမှမဟုတ်ပေ။

ထိုအသံက ပိုမိုကျယ်လောင်လာပြီး လုကျိုးမြင်ကွင်းတွင် ပင်လယ်ပြင်က ထိုသားရဲကြီးအောက်တွင် ပျောက်ကွယ်သွားလေ၏။ သူ ငုံ့ကြည့်လိုက်သည့်အခါ မြင်နိုင်သည်က ထိုသားရဲကြီး၏ ကျောဘက်သာ ဖြစ်သည်။

တိကျန်းက လျှပ်စီးလိုအလျှင်ဖြင့် ဆက်လက်ပျံသန်းနေ၏။ ထိုအရာက ကန့်သတ်ချက် ကျော်လွန်အောင် အရှိန်မြှင့်တင်ထားသည်။

တစ်ချိန်တည်းဆိုသလို ပင်လယ်သားရဲများစွာက ကောင်းကင်အထက် ပေါ်ထွက်လာပြီးသည့်နောက် ပြန်လည်ငုံ့ဆင်းသွားကြသည်။ ပင်လယ်သားရဲများက ဆူနာမီနှင့် တူသည့်လှိုင်းလုံးများကြောင့် အဝေးသို့ လွင့်စဉ်သွားကြ၏။ မပျံသန်းနိုင်သည့် ပင်လယ်သားရဲများက ထိုသားရဲကြီး၏ ကျောပေါ် ကျရောက်လာပြီး ပျံသန်းနိုင်သည့် သားရဲများက အဖက်ဖက်သို့ ပျံသန်းသွားကြသည်။

မီတာရာချီ ရှည်လျားသည့် ပင်လယ်သားရဲများအလယ်တွင် ပျံသန်းနေခြင်းက လုကျိုးအနေဖြင့် အင်မတန် သေးငယ်သလို ခံစားလိုက်ရသည်။ ထိုစဥ် သူနှင့် တိကျန်းက ဧရာမကြီးများကြား ပျံသန်းနေသည့် ယင်ကောင်သဖွယ် ဖြစ်နေသည်။

“သားရဲ ဒီရေလှိုင်း” လုကျိုးက သူ့ဘာသာသူ ရေရွတ်လိုက်၏။ အကယ်၍ ထိုပင်လယ်သားရဲများကသာ ကုန်းမြေပေါ် ရောက်ရှိလာပါက လူသားများသည် သူတို့ကို မည်သို့ ခုခံကာကွယ်ရမည်နည်း။ အနက်ရောင်ကြာမျှော်စင်က အနီရောင်ကြာနယ်မြေကို ကာကွယ်နေသည်ဆိုသည်မှာ အမှန်တရားတချို့ ဖြစ်နေသည်လား။

လုလီက အဆုံးမဲ့ပင်လယ်ပြင်ရှိ သူ့တာဝန်မှ ပင်လယ်သားရဲဘုရင်ကို သတ်ဖို့ရာဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ ထိုသားရဲကြီးက ကုန်းမြေဆီ သားရဲဒီရေလှိုင်း ခေါ်ဆောင်လာသည်ကို တားဆီးဖို့ရာ အတွက်လား။

ကျင့်ကြံရေးက ကောင်းကင်ဘုံသွေဖည်နေသည့် လုပ်ရပ်တစ်ခု ဖြစ်ပေသည်။ ဤကျယ်ပြောလှသည့် စကြဝဠာအတွင်း လူသားများက သဲမှုန့်နှင့် မကွာခြားလှပေ။

လုကျိုးက လက်ဝေ့လိုက်ပြီးသည့်နောက်တွင် အဆင့်မြင့် အသေရိုက်ချက်ကတ်ကို ထုတ်ယူလိုက်သည်။

ဝူး

လုကျိုးက ခေါင်းအသာယမ်းလိုက်၏။

ဤဧရာမသားရဲကြီးက ဘယ်လိုပင်လယ်သားရဲမျိုးလဲ ...

တိကျန်းက ထိုပင်လယ်သားရဲကြီး၏ နယ်နိမိတ်မှ ပျံသန်းတော့မည့်ဆဲဆဲတွင် လုကျိုးက တိတ်ဆိတ်လျက် အမြင်စွမ်းရည်ကို အသက်သွင်းလိုက်သည်။

သူက ထိုဧရာမ ပင်လယ်သားရဲကြီးသည် ပင်လယ်သားရဲများစွာကို ဝါးမျိုပြီးသည့်နောက် ပင်လယ်ထဲ ပြန်လည်ငုံ့ဆင်းသွားသည်ကို မြင်လိုက်ရ၏။

“...”

မြောက်ပိုင်းတွင် ခွန်အမည်ရှိ ငါးတစ်ကောင်ရှိသည်ဟု ပြောခဲ့ဖူးသည်။ ထိုခွန်၏ အရွယ်အစား အတိအကျကိုမူ မသိရပေ။ သူတို့ သိထားသည်က ဧရာမဟူ၍သာဖြစ်၏။ ခွန်က ငှက်တစ်ကောင် အသွင်ပြောင်းလဲသွားစဥ် ပန်ဟု အသိများလိမ့်မည်။ ပန်၏ ကျောက မိုင်ထောင်ချီ ရှည်လျားပြီး တောင်ပံက ကောင်းကင်ကိုပင် ဖုံးလွှမ်းထားနိုင်စွမ်းရှိသည်။

...

တာ့ယန်၏ အံ့ဖွယ်မြို့တော်ရှိ တော်ဝင်နန်းတော်

ကျောင်းယွဲ့က တိုင်းပြည်ရေးရာကိစ္စများကို ဖြေရှင်းနေရင်း ကုန်းကုန်း လီယွင်ကျောက်က ဝင်ရောက်လာသည်။ သူက ဦးညွှတ်ကာ ပြောလိုက်၏။

“အရှင်မင်းသမီး မယ်တော်ကြီးက တွေ့ချင်လို့ပါ”

“ကောင်းပြီ။ ကျွန်မ အခုချက်ချင်း လာခဲ့မယ်”

“နားလည်ပါပြီ”

ကျောင်းယွဲ့က စာရွက်စာတမ်းများကို ချကာ အမြဲစိမ်းနန်းဆောင်ဆီ ဦးတည်လိုက်သည်။ သူမ ရောက်ရှိလာသည့်အခါ နန်းဆောင်တစ်ခုလုံးကို တင်းတင်းကြပ်ကြပ် ကာကွယ်ထားကြောင်း တွေ့လိုက်ရ၏။

“အရှင့်ကို ဂါရဝပြုပါတယ်”

ကျောင်းယွဲ့က လက်ဝေ့ကာ မေးလိုက်သည်။

“ဘာဖြစ်လို့လဲ”

“မယ်တော်ကြီးက နေမကောင်းတာနဲ့ တော်ဝင်သမားတော်ကို ဆင့်ခေါ်ထားလို့ပါ။ သူတို့က အခု မယ်တော်ကြီးကို ကုသနေပါတယ်”

ကျောင်းယွဲ့က မျက်မှောင်ကြုတ်လိုက်၏။ မယ်တော်ကြီး၏ ကျင့်ကြံဆင့်က သိပ်မမြင့်မားသော်လည်း ကျင့်ကြံသူများက သာမန်ဖျားနာခြင်း၊ အအေးမိခြင်းနှင့် တခြားသော ဖျားနာမှုများကြောင့် သက်ရောက်မှု မခံရပေ။

မယ်တော်ကြီးက အဘယ့်ကြောင့် ရုတ်တရက် နာမကျန်းဖြစ်ရသနည်း။

ကျောင်းယွဲ့က အထဲဝင်သွားသည့်အခါ ယုံနဥ်မင်းသမီးဖြစ်သည့် လျိုဝမ်ကျွင်းက တံခါးရှေ့နောက် လျှောက်နေသည်ကို မြင်လိုက်ရသည်။

“ယုံနဥ် အဘွားတော်ရဲ့ အခြေအနေက ဘယ်လိုလဲ” ကျောင်းယွဲ့က မေးလိုက်၏။

“ကျွန်မလည်း မသိဘူး။ သူမက ခေါင်းကိုက်တယ်လို့တော့ ပြောတယ်”

“အထဲဝင် ကြည့်ကြည့်ရအောင်”

“ကောင်းပါပြီ”

သို့သော်လည်း ၂ဦးသားက အခန်းထဲ ဝင်တော့မည့်ဆဲဆဲတွင် အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသည့် အစောင့် ၂ဦးက ပုဆိန်လှံရှည်များကို ထုတ်ကာ သူတို့ လမ်းကြောင်းကို တားဆီးလာခဲ့သည်။

“ဒါက ... “ ကျောင်းယွဲ့က အံ့အားသင့်သွား၏။ သူက လက်ဝါးချက် ထုတ်လွှင့်လိုက်သည်။

ချပ်ဝတ် ဝတ်ဆင်ထားသည့် အစောင့်အရှောက်က ကျောင်းယွဲ့၏ တိုက်ကွက်ကို ရှောင်ရှားဖို့ စိတ်ထဲ မထားပေ။

ပညာရှင်တွေပဲ ...

ကျောင်းယွဲ့က ခေါင်းအသာမော့ကာ အခန်းအတွင်း လှမ်းကြည့်လိုက်သည်။ မယ်တော်ကြီး ထိုင်နေကျ ထိုင်ခုံတွင် နည်းနည်း အမျိုးသမီးဆန်သည့် အမျိုးသားတစ်ဦး ထိုင်နေသည်။ သူက အနက်ရောင် ချပ်ဝတ် ဝတ်ဆင်ထားသော်လည်း အစောင့်အရှောက်များနှင့် မတူသည်က သူက မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားလေသည်။ သူ့သွင်ပြင်က ပညာရှင်တစ်ယောက်နှင့် တူသော်လည်း သူ့အဝတ်အစား၊ ခန္ဓာကိုယ်နှင့် လက်တို့က ဓားစွန်းတွင် တစ်သက်လုံး လျှောက်လှမ်းလာသည့် သူနှင့် တူညီနေသည်။

ထိုစဥ် အမျိုးသားက ပြောလာသည်။

“မင်္ဂလာပါ ငါ့ကိုယ်ငါ မိတ်ဆိတ်ပေးပါရစေ။ ငါ့ရဲ့ မျိုးရိုးက ဝူ။ ငါ့နာမည်က ချောင်။ ငါက အနက်ရောင်မျှော်စင် အဖွဲ့အစည်းရဲ့ အနက်ရောင် အစောင့်အရှောက် ခေါင်းဆောင်ပဲ”

ကျောင်းယွဲ့နှင့် ယုံနဥ်တို့၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားကြသည်။

“ဒါက တာ့ယန်ရဲ့ တော်ဝင်နန်းတော်ပါ။ ရှင်က ဒီမှာ ဘယ်လိုလုပ် ရှိနေတာလဲ” ကျောင်းယွဲ့က လျန်ရှင်း၏ စကားများကို အမှတ်ရသွားလေ၏။ ယခု ၇ရက် မပြည့်သေးလေရာ ထိုလူများက အဘယ့်ကြောင့် ရောက်လာသနည်း။

သူ့အထက် အပြုံးတစ်ခု ရှိနေသော်လည်း ဝူချောင်က ပြောလိုက်သည်။

“မုဆိုးက သိုးခြံထဲ ဝင်တာ သိုးတွေရဲ့ ခွင့်ပြုချက် လိုအုံးမှာလား။ မိန်းကလေး မင်းက နယ်ကျော်နေတယ် မထင်ဘူးလား”

“ရှင်က ဘယ်သူလဲ” ယုံနဥ်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“မင်းတို့ကို ပြောပြပြီးသွားပြီ” ဝူချောင်က ပြောလိုက်သည်။

“မယ်တော်ကြီးကို ဘာလုပ်လိုက်တာလဲ” ယုံနဥ်က ထိတ်လန့်__ဖြင့် မေးလိုက်သည်။

“မစိုးရိမ်ပါနဲ့။ ငါတို့က စည်းမျဉ်းအတိုင်း လုပ်တာ။ အားနည်းတဲ့သူတွေကို ဘယ်တုန်းကမှ မတိုက်ခိုက်ဘူး။ အဲဒီအားနည်းတဲ့သူတွေက အဟန့်အတား ဖြစ်လာရင်တော့ နောက်ထပ် ကိစ္စတစ်ခုပေါ့” ဝူချောင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ကျောင်းယွဲ့က သတိကြီးကြီးထားကာ မေးလိုက်၏။

“ကျွန်မကို ဖမ်းဖို့ ရောက်လာတာလား”

“မဟုတ်ဘူး။ မင်းနဲ့ ဆွေးနွေးဖို့ရာအတွက် ရောက်လာတာ” ဝူချောင်က ပြောလိုက်သည်။

“ဘာဆွေးနွေးမှုလဲ”

ဝူချောင်က ပြုံးကာ

“လာမဲ့ရက်ပိုင်းမှာ နန်းဆောင်မှာ နေပြီးတော့ အနက်ရောင်မျှော်စင် အဖွဲ့အစည်းရဲ့ စည်းမျဉ်းဥပဒေအကြောင်းကို ရှင်းပြမယ်”

ထိုစဥ် နန်းဆောင်ရှိ ပညာရှင်များက အပြင်ဘက်မှ ဝင်လာကြသည်။

သူတို့ ပေါ်ထွက်လာသည်နှင့် ဝူချောင်က လက်ဝေ့ကာ ပြောလိုက်သည်။

“အဲဒါတွေကို ရှင်းလိုက်”

ပုဆိန်လှံရှည် ကိုင်ဆောင်ထားသည့် အနက်ရောင် အစောင့်အရှောက်များက ဦးညွှတ်ကာ ပြောလိုက်၏။

“ဟုတ်ကဲ့”

မျက်စိတစ်မှိတ်အတွင်း နန်းဆောင်ပညာရှင်များက လွင့်ထွက်သွားကာ အနက်ရောင် အစောင့်အရှောက်များက နဂိုနေရာသို့ ပြန်ရောက်လာကြသည်။

ဝူချောင်က ခေါင်းညိတ်ကာ ပြောလိုက်၏။

“တိုက်ပွဲတစ်ခုဖြစ်လာရင် အနက်ရောင် အစောင့်အရှောက်တွေက သူတို့ကို သတ်မှာ မဟုတ်ဘူး။ သူတို့ကို သင်ခန်းစာပေးရုံပဲ”

“အနက်ရောင် အစောင့်အရှောက်လား။ ရှင်တို့က တာ့ယန်ကိုလည်း ထိန်းချုပ်ချင်နေတာလား” ကျောင်းယွဲ့က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

ဝူချောင်က ကျောင်းယွဲ့၏ ထူးထူးဆန်းဆန်း စကားအသုံးအနှုန်းကို သတိထားမိလိုက်သည်။

“ရှင် စိတ်ပျက်မှာပဲ ဆိုးရတယ်။ ကျွန်မရဲ့ စွမ်းဆောင်ရည်နဲ့ ရှင် လိုချင်တာကို လုပ်မပေးနိုင်ဘူး” ကျောင်းယွဲ့က ပြောလိုက်၏။

“အမှန်ပဲ။ မင်းရဲ့ ကျင့်ကြံဆင့်က အားနည်းလွန်းတယ်။ အဲဒါကြောင့် ပွင့်ချပ်ဆယ်လွှာအဆင့်လောက်ရှိတဲ့ သူတစ်ယောက်ကို ရွေးချယ်ဖို့ လိုအပ်တယ်။ ဒါပေမဲ့ မင်းရဲ့ ဇာစ်မြစ်က ထူးခြားတယ်။ မစိုးရိမ်ပါနဲ့။ မင်း အချိန်ယူပြီး ကျင့်ကြံလို့ရတယ်” ဝူချောင်က ပြောလိုက်သည်။

“မင်း နာခံမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းအကြောင်း မင်းဘာမှမသိပါဘူး။ အကောင်းဆုံးနည်းလမ်းက ရေတွင်းကို ဖျက်ဆီးဖို့ ရေတွင်းအောက်ခြေမှာ ရှိနေတဲ့ ဖားတွေရဲ့အမြင်ကို ကျယ်အောင် လုပ်ပေးဖို့ပဲ”

ဝူချောင်က လက်ဝေ့လိုက်၏။

အနက်ရောင် အစောင့်အရှောက်က ဦးညွှတ်လိုက်သည်။

ဝှစ်

ပေ ၄၀၀မြင့်မားသည့် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာကာ အမြဲစိမ်းနန်းဆောင်ကို ဖျက်ဆီးပစ်လိုက်သည်။

အနက်ရောင် ကြယ်တာရာဒိုင်ခွက်က လျှို့ဝှက်ဆန်းကြယ်စွာ တောက်ပနေလေ၏။ စိတ်ဝိညာဥ်သဏ္ဌာန်၏ အောက်ခြေတွင် ပွင့်ချပ်ဆယ်လွှာ ရှိသည့် အနက်ရောင်ကြာပွင့် ထွက်ပေါ်လာသည်။

ယုံနဥ်က အံ့သြတုန်လှုပ်စွာဖြင့် နောက် ၂လှမ်း ဆုတ်ကာ ထိုင်ခုံပေါ် လဲကျသွား၏။

ထိုစဥ် ကျောင်းယွဲ့က ပိုမိုတည်ငြိမ်နေပြီး သူ့ဘာသာသူ ရေရွတ်လိုက်သည်။

“လျန်ရှင်းက အမှန်တွေ ပြောတာပဲ”

…

အခန်း (၉၄၅) ဘယ်သူက မင်းရဲ့ဆရာလဲ

တည်ငြိမ်နေသော်ငြား စီးဝူယာ့ကြောင့် သတင်းအချက်အလက်များစွာ ရထားသည့် ကျောင်းယွဲ့ကတောင် ဘုံတစ်ထောင်လေပွေ အနက်ရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်သောအခါ ထိတ်လန့်သွားလေရာ ရွှေကြာနယ်မြေမှ တစ်ခါမှ မထွက်ဖူးဘဲ ရွှေကြာနယ်မြေ၏ အပြင်လောက အကြောင်း သတိမမူမိသည့် မင်းသမီးယုံလင်းဆို ပိုတောင်လန့်သွားသည်။

ထိုစဉ် ကျောင်းယွဲ့၏စိတ်ထဲ၌ အတွေးများစွာ ပေါ်ပေါက်လာပြီး နောက်ထပ်တစ်ကွက်ကို တွက်ဆလိုက်၏။

ဝူချောင်က ယုံလင်း၏ ဆောင်ရွက်ချက်ကို အလွန်ကျေနပ်နေသော်ငြား ကျောင်းယွဲ့၏ တည်ငြိမ်မှုကြောင့် အနည်းငယ်အံ့ဩသွားလေ၏။ သူက မေးလိုက်သည်။

“မင်း မကြောက်ဘူးလား”

ကျောင်းယွဲ့သည် ကြောက်ရွံ့မှုအရိပ်အယောင်မပြပေ။ ထိုအစား သူမက ရှေ့တိုးလျက် ဝူချောင်ကို ကြည့်ပြီးပြောလိုက်သည်။

“ရှင် ဘယ်သူ့ကို့မှ မသတ်သေးဘူး။ ကျွန်မ ဘာလို့ကြောက်ရမှာလဲ”

“စိတ်ဝင်စားစရာပဲ” ဝူချောင်က ခေါင်းညိတ်လိုက်၏။

“ဉာဏ်ကောင်းတဲ့သူတွေနဲ့ အပေးအယူလုပ်ရတာ သဘောကျတယ်”

ထိုသို့ပြောပြီး သူ၏လက်ကို ဝေ့ယမ်းလိုက်သည်။

ကုလားထိုင်တစ်လုံးက သူမ၏ဘေးကနေလွင့်လာပြီး ကျောင်းယွဲ့ရှေ့သို့ ရောက်လာ၏။

ကျောင်းယွဲ့က ကိန်းကြီးခန်းကြီးမနိုင်ဘဲ ထိုင်ချလိုက်သည်။ “မယ်တော်ကြီး ဘယ်လိုလဲဆိုတာ သိချင်တယ်”

“သူ အဆင်ပြေတယ်။ သူ အသက်နည်းနည်းကြီးရုံပဲ” ဝူချောင်က ပြုံးပြီးပြောလိုက်၏။ “မင်းက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်မှာရှိပြီး ပွင့်ချပ်ခြောက်လွှာပဲရှိတာ။ မင်းလိုလူက သန်မာတဲ့ ပံ့ပိုးမှုမရှိဘဲ တော်ဝင်မိသားစုကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူး။ ငါ့ကိုပြော မင်းနောက်ကွယ်မှာ ဘယ်သူလဲ”

ကျောင်းယွဲ့က ဇဝေဇဝါဖြင့်မေးလိုက်သည်။ “ရှင်တို့အားလုံး ဒီရောက်လာပြီဆိုမှတော့ အရင်တည်းက စုံစမ်းထားပြီးသား မဟုတ်လား”

“အင်း ... ငါ အခုစုံစမ်းနေတာလေ” ဝူချောင်က ဖော်ဖော်ရွေရွေပြန်ပြောလိုက်၏။

ကျောင်းယွဲ့က ရိုးရိုးသားသားပြန်ပြောလိုက်သည်။ “ကျွန်မကို ပံ့ပိုးပေးနေတဲ့သူက ကျွန်မဆရာပဲပေါ့”

ဝူချောင်သည် သူ့လက်ကို ဖြန့်ပြီး ဖျစ်ညစ်လိုက်၏။ ထိုအပြုအမူကို ထပ်တလဲလဲလုပ်နေသည်။ “မင်းရဲ့ဆရာက မင်းကို ပံ့ပိုးပေးနေတယ်ဆိုရင် သူက အရေးပါတဲ့သူ ဖြစ်ရမယ်။ ငါက ရိုးရှင်းတဲ့ နည်းတွေလုပ်ရတာ သဘောကျတယ်။ ဒီနေရာက အသန်မာဆုံးလူနဲ့ စကားပြောနိုင်မယ်ဆိုရင် ပိုလွယ်ကူသွားလိမ့်မယ်။ သူ ဘယ်မှာလဲ”

ကျောင်းယွဲ့သည် မျက်နှာသေဖြင့်ပြောလိုက်သည်။ “ကျွန်မ ရှစ်စွင်းက ငြိမ်သက်အေးချမ်းတာကို သဘောကျတယ်။ သူ့ကို မတွေ့မှာ စိုးရိမ်မိပါရဲ့”

ဝူချောင်က မျက်ခုံးတစ်ဖက်ပင့်လိုက်၏။ “ငါ့ကို မတွေ့တဲ့သူတွေ ရှိတယ်လား” သူက အမြဲစိမ်းနန်းဆောင်ကို လက်ညှိုးထိုးပြလိုက်၏။ သူသည် မယ်တော်ကြီးကိုတောင် တွေ့နိုင်ကြောင်း ရည်ညွှန်းသည်။

“ရှင် နားမခံနိုင်တာတစ်ခုပြောရဦးမယ်” ကျောင်းယွဲ့က ပြောလိုက်၏။

“လွတ်လွတ်လပ်လပ်ပြောပါ။ မင်းက အတော်စိတ်ဝင်စားစရာကောင်းတဲ့သူပဲ။ အရင်တုန်းက ငါ အပေးအယူလုပ်ခဲ့တဲ့သူတွေထက် ပိုစိတ်ဝင်စားဖို့ကောင်းတယ်” ဝူချောင်က ပြုံးပြီးပြောလိုက်သည်။

“ကျွန်မရဲ့ရှစ်စွင်းကို တွေ့ဖို့ ရှင် အရည်အချင်းမမှီမှာ စိုးရတယ်”

ထန်း

ဝူချောင်နောက်ရှိ အနက်ရောင်အစောင့်အရှောက်နှစ်ဦးသည် သူတို့၏လှံရှည်ကို ချက်ချင်း လှုပ်ရှားလိုက်၏။ ကျောင်းယွဲ့၏ စကားများသည် အနက်ရောင်အစောင့်အရှောက်များအပေါ် စော်ကားမှုကြီးတစ်ရပ်ဖြစ်သည်။

ဝူချောင်သည် သူတို့ကို တားရန်အတွက် လက်မြှောက်လိုက်၏။ သူသည် ဒေါသစိုးစဉ်းမျှ မထွက်ဘဲ ပြောလိုက်၏။ “ဘာလို့ ဒီလိုပြောတာလဲ”

“ကျွန်မရှစ်စွင်းက ရှင်တို့အားလုံးကို မုန်းတီးနေမှာလေ” ကျောင်းယွဲ့က ပြောလိုက်၏။

“ဪ” ဝူချောင်၏ စိတ်ဝင်စားမှုတို့က တိုးလာသည်။

“ရွှေကြာကျင့်ကြံသူတစ်ယောက်လေးကများ အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အနက်ရောင်အစောင့်အရှောက်တွေ ရှေ့မှာ မောက်မာထောင်လွှားရဲတယ်လား”

“ကျွန်မရဲ့ရှစ်စွင်းက အနက်ရောင်အစောင့်အရှောက်တွေ အများကြီးကို သတ်ခဲ့တာ”

ထိုထိတ်လန့်ဖွယ်စကားများသည် ကျောင်းယွဲ့၏နှုတ်မှ ထွက်လာလေ၏။

ဝူချောင်သည် လက်ကို ဆုပ်နေတာ ရပ်တန့်လျက် ကျောင်းယွဲ့ကို စိုက်ကြည့်လိုက်သည်။

အမြဲစိမ်းနန်းဆောင်က ကြောက်ခမန်းလိလိ တိတ်ဆိတ်သွားလေ၏။

“မင်းရဲ့ရှစ်စွင်းက ဘယ်သူလဲ” ဝူချောင်၏ အမူအရာက အနည်းငယ်မဲမှောင်သွားသည်။

ကျောင်းယွဲ့က ပခုံးတွန့်လျက် ပြောလိုက်၏။ "ကျွန်မက ပွင့်ချပ်ခြောက်လွှာ ကျင့်ကြံသူ တစ်ယောက်လေးပဲလေ။ သတ်လို့ ရှင့်အတွက် အကျိုးမထူးဘူး။ တာ့ယန်က ကျွန်မသေသွားရင်တောင် အစားထိုးဖို့ လူအများကြီး အလွယ်တကူ ရှာတွေ့နိုင်တယ်”

တကယ်ပဲ ပွင့်ချပ်ခြောက်လွှာကျင့်ကြံသူက ဘာထူးမှာလဲ။ ဝူချောင်သည် သန်မာသည့်သူကို လိုအပ်၏။ သန်မာသူကို အညံ့ခံအောင်ပြုလုပ်ခြင်းဖြင့် ဝူချောင်နှင့် အနက်ရောင် အစောင့်အရှောက်များသည် အနက်ရောင်မျှော်စင်အဖွဲ့အစည်းက သူတို့ကို ပေးထားသည့် တာဝန်ကို ပြီးမြောက်လိမ့်မည်။ သို့သော် ယင်းက သူ မေးသည့်မေးခွန်းမဟုတ်ပေ။ သူ၏စကားကို ထပ်ပြောလိုက်၏။ "မင်းရဲ့ရှစ်စွင်းက ဘယ်သူလဲ”

“ကျွန်မရှင့်ကို ပြောပြရင်တောင် ရှင် သူ့အကြောင်းကြားဖူးမှာ မဟုတ်ဘူး။ ရှင်က အနက်ရောင်အစောင့်အရှောက်တစ်ယောက်ပဲ။ ခေါင်းဆောင်မှ မဟုတ်တာ” ကျောင်းယွဲ့က ပြန်ပြောလိုက်၏။

ဝူချောင်က ထရပ်လျက် လက်နောက်ပစ်ထားလိုက်သည်။ သူက ကျောင်းယွဲ့ကို အေးတိအေးစက်ကြည့်ပြီး ပြောလိုက်၏။ "ငါ့ရှေ့မှာ လှည့်ကွက်တွေသုံးဖို့ မင်းက အတွေ့အကြုံ နည်းလွန်းနေသေးတယ်”

ကျောင်းယွဲ့က ပြောလိုက်၏။ "ကျွန်မ လှည့်ကွက်သုံးနေသလား။ လိမ်နေသလားဆိုတာ ရှင် အေးအေးဆေးဆေး စုံစမ်းစစ်ဆေးလို့ရတယ်။ ဒါမှမဟုတ် ရှင် ရက်တချို့စောင့်လို့ရတာပဲ။ ကျွန်မရဲ့ ရှစ်စွင်း ရောက်လာလိမ့်မယ်”

သူ့နောက်တွင် အနက်ရောင်မျှော်စင်အဖွဲ့အစည်းရှိသည့် ဝူချောင်က ရွှေကြာနယ်မြေရှိ လူများကို မကြောက်ရွံ့ပေ။ ထို့ကြောင့် သူက ပြုံးပြီးပြောလိုက်၏။

“မင်း သဘောပဲ မိန်းကလေး” ပြီးနောက် သူသည် အနက်ရောင်အစောင့်အရှောက်များဖက် လှည့်ပြီး ပြောလိုက်၏။ "ငါတို့ အာရုံစိုက်ဖို့လိုအပ်တယ်။ အင်အားစုတွေအကြောင်းနဲ့ ဒီမိန်းကလေးရဲ့ဆရာကို သွားရှာချေ”

“နားလည်ပါပြီ” ရှောင်ကျန်းဟု အမည်ရသည့် အနက်ရောင်အစောင့်အရှောက်က လှစ်ခနဲ ပျံထွက်သွားကာ မျက်စိတစ်မှိတ်အတွင်း အမြဲစိမ်းနန်းဆောင်ထဲမှ ပျောက်ကွယ်သွားလေ၏။

...

မွန်းတည့်ချိန်တွင် ဖြစ်သည်။

တာ့ယန်၏ အံ့ဖွယ်မြို့တော်ရှိ ရပ်နားစခန်းထဲတွင် ဖြစ်သည်။

လူတစ်ယောက်က ရယ်မောလျက်ပြောလိုက်သည်။ "ညီအစ်ကို ဒီနေ့က နေပူကပူနဲ့။ ဘာကြောင့်များ ဒီလိုလေးလံတဲ့ ချပ်ဝတ်ဝတ်ထားတာလဲ”

“မင်းကိစ္စမင်း အာရုံစိုက်။ ကျင့်ကြံသူတွေက ဘယ်လိုလုပ် အပူဒဏ်ကို ကြောက်မှာလဲ” တစ်စုံတစ်ယောက်က ပြောလိုက်၏။

ရပ်နားစခန်းရှိ ချပ်ဝတ်နှင့် မျက်နှာဖုံးတပ်ထားသည့်လူက အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ကျုပ်က ဒီနေရာက မဟုတ်ဘူး။ ကိုယ့်ကိုကိုယ် အရူးလုပ်မိသလို ဖြစ်သွားတာ တောင်းပန်ပါတယ်”

“ရတယ်။ ရပ်နားစခန်းဆိုတာ လူတွေ အနားယူပြီး စကားပြောတဲ့နေရာ တစ်ခုပဲ။ မင်းမှာ စိတ်ဝင်စားစရာကိစ္စရှိရင် ပြောလို့ရတယ်။ လာ လာ သောက်လို့ရတယ်” သူနှင့် မျက်နှာချင်းဆိုင်ရှိ ဓားသမားက ပြောလိုက်သည်။

“ညီအစ်ကို ဒီမှာအုပ်စိုးသူက ဘယ်သူလဲ” ချပ်ဝတ်ဖြင့်လူကမေး၏။

သူသည် ချပ်ဝတ်ဖြင့်လူကို အထူးတဆန်းကြည့်ပြီးနောက် ရယ်မောလိုက်သည်။ “မေးနေဖို့တောင် လိုသေးလား။ တာ့ယန်ရဲ့တော်ဝင်မိသားစုပေါ့။ လက်ရှိမှာ မင်းသမီးကျောင်းယွဲ့က တိုင်းပြည်ရေးရာကို စီမံနေတယ်။ ဒါပေမဲ့ သူမက ထီးနန်းပလင်ကို ဆက်ခံလိုစိတ်မရှိဘူး”

“မင်းသမီးရဲ့ကျင့်ကြံဆင့်က ပွင့်ချပ်ခြောက်လွှာအဆင့်မှာပဲ ရှိသေးတာလို့ ကြားမိတယ်။ သူ့ရဲ့ခွန်အားနဲ့ ဘယ်လိုလုပ် တစ်တိုင်းပြည်လုံးကို အုပ်စိုးလို့ရမှာလဲ”

ဓားသမားသည် သူ၏ခွက်ကို ချကာ ရယ်မောလိုက်သည်။

“ညီအစ်ကို ... မင်းက ဒီနေရာက တကယ်မဟုတ်ဘူးပဲ။ သူ့မှာ ပွင့်ချပ်ခြောက်လွှာပဲရှိတယ်လို့ ဘယ်သူပြောလဲ။ သူက ပွင့်ချပ်ဆယ်လွှာရှိနေပြီးတာ ဖြစ်လောက်တယ်”

ချပ်ဝတ်နဲ့လူသည် တစ်ဖက်လူက ‘ဖြစ်လောက်တယ်’ ဟူသော စကားလုံးကို အသုံးပြုသွားတာ သတိပြုမိသည်။ သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့်လူက အံ့ဖွယ်မြို့တော်ရှိ သာမန်ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။ သူသည် ကိစ္စများစွာကို အာရုံသိပ်မစိုက်တာ အံ့ဩစရာမကောင်းပေ။ သူက ဆက်မေးလိုက်လေ၏။ “ဘယ်လိုပဲဖြစ်ဖြစ် သူ့တစ်ယောက်တည်း တိုင်းပြည်ကို အုပ်ချုပ်ဖို့က မဖြစ်နိုင်ဘူး မဟုတ်လား”

“သူ တစ်ယောက်တည်းလို့ ခင်ဗျားကို ဘယ်သူပြောလဲ။ သူ့နောက်မှာ လူတစ်ဖွဲ့ရှိပြီးသား။ အားလုံးက သိုင်းပညာရှင်တွေချည်းပဲ။ အထူးသဖြင့် သူ့ရဲ့ဆရာပေါ့။ သူ့ရဲ့ဆရာက တစ်ချက်တည်းနဲ့ ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူကို သတ်နိုင်တာ” ဓားသမားက စိတ်အားထက်သန်စွာပြောလိုက်၏။

“ရိုးရိုးသားသားပြောရရင် သူ့ရဲ့ဆရာက ကျုပ်ရဲ့စံပြပုဂ္ဂိုလ်ပဲ”

“...” ချပ်ဝတ်ဖြင့် သူက မေးလိုက်သည်။ “အခု သူ့ဆရာ ဘယ်မှာလဲ”

“ကျုပ်မသိဘူး။ သူက ခရီးထွက်သွားပြီး ပြန်မလာသေးဘူးလို့ ကြားတယ်။ ဒါ့အပြင် သူမရဲ့ဆရာတူတပည့်တွေ အားလုံးကလည်း ကြမ်းတမ်းတယ်။ သူတို့ကို ရန်မစတာ အကောင်းဆုံးပဲ။ မဟုတ်ရင် ခင်ဗျား ဘယ်လိုသေသွားရတယ်ဆိုတာ သိလိုက်မှာမဟုတ်ဘူး”

“သူက ဘယ်လောက်သန်မာလဲ”

ဓားသမားသည် ဘယ်ကြည့်ညာကြည့်ပြီးနောက် အသံတိုးတိုးဖြင့်ပြောလိုက်သည်။ “ရိုးရိုးသားသားပြောရရင် ဘယ်သူမှ မသိဘူး။ တခါတလေကျ သူ့ရဲ့ဆရာက ပြင်ပနယ်မြေက အလည်လာသူတစ်ယောက်လို့ ခံစားရတယ်”

“...” ချပ်ဝတ်ဖြင့်သူ၏ မျက်လုံး၌ မယုံနိုင်မှုပြည့်သွားသည်။ “သူ့အကြောင်း ဘယ်သူမှ မသိကြဘူးလား”

“အဟုတ်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူက အနည်းဆုံးတော့ သူသည် ဘုံတစ်ထောင်လေပွေမှာ ရှိလောက်တယ်”

ထိုစကားများကို ကြားသောအခါ ချပ်ဝတ်ဖြင့်လူသည် သူ၏လှံရှည်ကို ဆုပ်ကိုင်ကာ ချက်ချင်းထွက်သွားတော့သည်။

ဓားသမားက ပြောလိုက်သည်။ “အား ... ညီအစ်ကို မသောက်ဘဲ သွားတော့မလို့လား”

ငါ မျက်နှာဖုံးနဲ့ ဘယ်လိုလုပ်သွားလို့ရမှာလဲ။

ချပ်ဝတ်နှင့်လူသည် ရပ်နားစခန်းမှာ ထွက်သွားပြီးနောက် တော်ဝင်နန်းတော်ဆီ သွားတော့သည်။

ချပ်ဝတ်ဖြင့်လူထွက်သွားပြီးနောက် ဓားသမားက လေချွန်လိုက်တော့သည်။ ချက်ချင်းပင် ရပ်နားစခန်းထဲရှိ လူတိုင်း၏အမူအရာက ပြောင်းလဲသွားသည်။

ဓားသမားက အသံတိုးတိုးဖြင့် ပြောလိုက်၏။

“အံ့ဖွယ်မြို့တော်နဲ့ ရပ်နားစခန်းထဲက ညီအစ်ကိုတွေအားလုံးကို အကြောင်းကြားလိုက်။ ပစ်မှတ်ပေါ်လာပြီ။ ဒီပုံစံဝတ်စားထားတဲ့လူတိုင်းကို တွေ့ရင် အစီအစဉ်တိုင်းလုပ်ဖို့ ပြောလိုက်”

“ဟုတ်ပြီ”

“ပစ်မှတ်ပေါ်လာကြောင်း ဂိုဏ်းချုပ်ကို အကြောင်းကြားလိုက်”

ချပ်ဝတ်ဖြင့် လူသည် အလွန်လျင်မြန်စွာ လျှောက်သွား၏။ ထိုအကြောင်းကို သူတွေးမိလေလေ တစ်စုံတစ်ခု လွဲချော်နေသည်ဟု ခံစားရလေဖြစ်သည်။ သို့သော် ဘာမှန်း သူ မဖော်ထုတ်နိုင်ဖြစ်နေ၏။ ထိုစဉ် သူက လက်ဆန့်ထုတ်ကာ သူ့နားကဖြတ်သွားသည့် ဓားသမားကို လှမ်းတားလိုက်သည်။

သူက မေးလိုက်သည်။ “မင်းသမီးကျောင်းယွဲ့ရဲ့ဆရာက အလွန်အစွမ်းထက်လား”

ဓားသမားက သူ့ကို စိမ်းစိမ်းဝါးဝါးကြည့်လိုက်၏။ “ငါ့ကို လွှတ်။ ငါ့ကို ဘာကြောင့် လှမ်းဆွဲလိုက်တာလဲ။ နေ့ခင်းကြောင်တောင်ကြီး ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ မင်းသမီးရဲ့ဆရာက တစ်မိုးအောက်မှာ ပြိုင်စံရှားဆိုတာ ပြောဖို့တောင်မလိုဘူး”

“...”

ချပ်ဝတ်ဖြင့်လူသည် သူ၏ဆုပ်ကိုင်ထားမှုကို ဖြေလျော့မိသွားသည်။ သို့သော် သူ မကျေနပ်သေးပေ။ တစ်စုံတစ်ခု မူမမှန်သည့် ခံစားချက်ကို သူ မဖယ်ချနိုင်။ ထို့ကြောင့် သာမန်လူတချို့ကို မေးမြန်းရန်အတွက် သွားလိုက်၏။

ထိုလူများဆီမှ ရသည့်အဖြေများသည် ပိုတောင် ယုတ္တိုမရှိပေ။ ကျောင်းယွဲ့၏အောင်မြင်မှုများနှင့် သူမဆရာ၏အံ့ဩဖွယ် ဆောင်ရွက်နိုင်မှုများအကြောင်း သူတို့က သီကုံးပြောတော့သည်။

သာမန်အရပ်သားများကြားထဲ၌ ပျံ့နှံ့နေသည့် ကောလဟလက ပိုတောင်ချဲ့ကားနေတာဖြစ်၏။ မိစ္ဆာဝေဟင်မျှော်နန်းသည် ထိုလူများ၏ ပါးစပ်ထဲ၌ သူတို့၏အောင်မြင်မှုများသည် ဒဏ္ဍာရီအဆင့်သို့ ရောက်နေတာ ကြာပြီဖြစ်သည်။

အနက်ရောင်ချပ်ဝတ်နှင့်လူသည် လှစ်ကနဲထွက်သွားကာ တော်ဝင်နန်းဆောင်ဖက်သို့ သွားရာလမ်း၌ ပျောက်ကွယ်သွားသည်။

ထောင့်ဖက်တွင် တစ်စုံတစ်ယောက်က သက်ပြင်းချကာ ရေရွတ်ပြောလိုက်၏။

“ငါ ပေါ်အောင်လုပ်မိတော့မလို့ ကံကောင်းလို့ မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း မပြောလိုက်ဘူး။ ဂိုဏ်းချုပ်ဘေးကင်းဖို့အတွက် ကျင့်ကြံသူတွေနဲ့ အံ့ဖွယ်မြို့တော်ကို သာမန်ပြည်သူတွေ အစားထိုးသင့်တယ်။

သူသည် မေးစေ့ပွတ်လျက် ရေရွတ်ပြောလိုက်သည်။

“ဘာလို့ဂိုဏ်းချုပ်က ဒီလိုလုပ်ရတာလဲ။ ချပ်ဝတ်နဲ့လူက ဘယ်သူလဲ။ ထားလိုက်တော့ ... ဂိုဏ်းချုပ်ရဲ့ အတွေးတွေကို ခန့်မှန်းလို့မရဘူး”

အမြဲစိမ်းနန်းတော်ထဲတွင် ဖြစ်သည်။

အနက်ရောင်အစောင့်အရှောက်ပြန်လာသောအခါ ဝူချောင်က လက်နောက်ပစ်လျက် လျှောက်နေကာ မေးလိုက်တော့သည်။ “ဘယ်လိုလဲ”

အနက်ရောင်အစောင့်အရှောက်သည် သူ ကြားသမျှအားလုံးကို ဝူချောင်အား သတင်းပို့လိုက်၏။

သတင်းပို့တာ နားထောင်ပြီးနောက် ဝူချောင်က မျက်မှောင်ကျုံ့သွားတော့သည်။ သူ့လက်အောက်ငယ်သားက ကျောင်းယွဲ့၏ရှစ်စွင်းသည် အနည်းဆုံးတော့ ဘုံတစ်ထောင်လေပွေနယ်ပယ်တွင်ရှိကြောင်း ထည့်ပြောသောအခါ အမူအရာက တည်ကြည်သွား၏။ သူက ကျောင်းယွဲ့ဖက်လှည့်ကြည့်လိုက်သည်။ သူမ၏ တည်ငြိမ်နေသော အမူအရာကို မြင်သောအခါ သူက ထိုင်ချပြီး ပြောလိုက်တော့၏။ “ငါ မင်းကို လျော့တွက်ခဲ့မိတာပဲ”

ကျောင်းယွဲ့က ပြောလိုက်၏။ “ကျွန်မက ပွင့်ချပ်ခြောက်လွှာကျင့်ကြံသူလေးတစ်ယောက်ပဲ။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းကို မလိမ်ရဲသလို လှည့်ကွက်တွေလည်း မလုပ်ရဲဘူး”

ဝူချောင်က မျက်နှာသေဖြစ်နေ၏။ စိတ်ထဲတွင်မူ သူ့ရှေ့ရှိ မိန်းကလေးက အနက်ရောင်မျှော်စင်အဖွဲ့အစည်းတည်ရှိမှုအကြောင်း သိထားတာကြာပြီဟု မတွေးဘဲ မနေနိုင်တော့ချေ။ သူက ပြောလိုက်၏။

"ကံဆိုးတာက ငါ့ရဲ့တာဝန်ကို ပြီးမြောက်အောင်လုပ်ရမယ်။ မင်းရဲ့ရှစ်စွင်းလာနေပြီဆိုတော့ သူ့ကို စောင့်ရမယ်”

All Chapters