← Chapters

အခန်း (၉၄၉-၉၅၁)

Vol. 64 Ch. 949-951

အခန်း (၉၄၉-၉၅၁)

Vol. 64 Ch. 949-951

အခန်း (၉၄၉) ပြိုင်ဘက်ကင်းသော အဘိုးအို

တပည့်လား ...

လျန်ရှင်းသည် အဘိုးအို၏ ဒေါသတကြီးစကားများကို ကြားသောအခါ တုန်လှုပ်သွားလေ၏။ သူမသည် လေထဲပျံဝဲနေသော အဘိုးအိုကို ကြည့်ပြီး ထိတ်လန့်မှုကြောင့် မျက်လုံးပြူးကျယ်လာတော့သည်။ သူ၏ လက်ဝါးရိုက်ချက်များထဲမှ တစ်ချက်သည် သူမကို ဒဏ်ရာပြင်းပြင်းထန်ထန် ရစေခဲ့ပြီး သူမ၏ မွေးဖွားဇယားချပ်များထဲမှ တစ်ခုကို ဖျက်ဆီးခဲ့သည်။

ဖုန်း

လျန်ရှင်းသည် မြေပြင်ပေါ် မဆင်းသက်ခင် သူ၏ကာကွယ်ရေးစွမ်းအင်ကို ထုတ်သုံးရန် ကြိုးစားလိုက်၏။ အထွတ်အထိပ်ဆန်းကျယ်စွမ်းအားသည် သူမ ခုခံနိုင်သည့်အရာ မဟုတ်ပေ။ သူမ မြေပြင်ပေါ်ပြင်းထန်စွာ ပြုတ်ကျသွားသည်။

လုကျိုးသည် လျန်ရှင်းကို မကြည့်တော့ပေ။ သူမသည် မိန်းမလှတစ်ဦးဖြစ်သည့်တိုင် သူသည် သက်ညှာမှုကို ပြသမှာမဟုတ်ပေ။

ထိုစဉ် လုကျိုးဖျက်ဆီးလိုက်သည့် မွေးဖွားနန်းဆောင်ပိုင်ရှင် အနက်ရောင် အစောင့်အရှောက်သည် သွေးတစ်ပွက်အန်ကာ ခန္ဓာကိုယ်ထဲမှ အသက်တဖြည်းဖြည်းချင်း ထွက်သွားတော့သည်။ သူသည် ဝေဟင်ထဲရှိ အဘိုးအိုကိုကြည့်ပြီး မျက်လုံး၌ အကြောက်တရားများပေါ်နေသည်။ သူ၏ အသက်စွမ်းအင်ကို ထိန်းဖို့ ကျရှုံးခဲ့သည်။ အချိန်ကြာလာသည်နှင့် သူ၏အသိစိတ်တဖြည်းဖြည်းချင်း စတင်ဆုံးရှုံးနေပြီဖြစ်သည်။ သူသည် စွမ်းအင်နှင့်လေပြင်းတို့ညှင်းပန်းမှုအောက်တွင် ထုံကျင်လာလေ၏။ သူ၏ နောက်ဆုံးကျန်ရှိသည့်အသိစိတ်ဖြင့် အဘိုးအိုကို ကြည့်ပြီး တအံ့တဩတွေးမိနေသည်။

ငါ သေတော့မှာလား ...

သူ့ရှေ့၌ သေခြင်းတရားရှိနေသည့် အနက်ရောင်အစောင့်အရှောက်က ကူကယ်ရာမဲ့နေမှုများ၊ စိတ်ပျက်အားငယ်မှုများ ပြည့်နေတော့သည်။ သူ အကူအညီတောင်းခဲ့သော်ငြား ခေါင်းဆောင်၏ အာရုံစိုက်မှုကိုတောင် မရခဲ့ပေ။ သူ၏မျက်နှာက ဖြူဖျော့နေကာ မျက်ခွံများ ပိုမိုလေးလံလာတော့သည်။ ခဏအကြာတွင် သူ မျက်လုံးမှိတ်သွားပြီး တစ်လောကလုံးက သူ့အတွက် မှောင်အတိကျနေ၏။

“တင်း ... မွေးဖွားဇယားချပ်နှစ်ခု ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ၁၂၀၀၀”

“တင်း … ပစ်မှတ်တစ်ယောက် သတ်ပြီးပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ၈၀၀၀။ နယ်မြေအပို ကုသိုလ်မှတ် ၂၀၀၀”

“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ၆၀၀၀”

အသိပေးစာများသည် လုကျိုး၏မှန်းဆချက်အတွင်း ရှိနေ၏။ သူသည် သူ၏စွမ်းအင်ကို ထိန်းသိမ်းထားနိုင်ရန်အတွက် မွေးဖွားဇယားချပ်နှစ်ခုကို ဖျက်ဆီးပြီးနောက် အနက်ရောင် အစောင့်အရှောက်၏ မွေးဖွားနန်းဆောင်ကို အမြန်ဖျက်ဆီးလိုက်သည်။ နောက်ထပ် ကုသိုလ်မှတ် ၆၀၀၀ကမူ လျန်ရှင်း၏ မွေးဖွားဇယားချပ်ကို ဖျက်ဆီးခြင်းမှ ရရှိလာတာဖြစ်သည်။

လုကျိုးသည် သူ့ရှေ့ရှိ မြင့်မားလှသော အစီအရင်အလှံနှစ်ခုကိုကြည့်ပြီး ချုပ်နှောင်ခံထားရသော အဖြူရောင်အစောင့်အရှောက်နှစ်ဦးကို ကြည့်ပြီး မုတ်ဆိတ်သပ်လိုက်၏။ ပြီးနောက် သူက ပြင်းထန်စွာ တိုက်ခိုက်နေကြသော ဝူချောင်နှင့် ထန်ယီကျိုးတို့ကို ကြည့်လိုက်သည်။

လုကျိုး၏ ‘ငါ့တပည့်ကို မင်းထိရဲတယ်လား ... အသက်ရှင်ရတာ ငြီးငွေ့နေပြီလား’ ဟူသော စကားသည် အစောတုန်းက ရှိနေသည့် လူတိုင်း၏နားထဲ ရှင်းရှင်းလင်းလင်း ရောက်သွားသည်။

ဖုန်း

တစ်ရက်တစ်ည တိုက်ခိုက်နေခဲ့သော ဝူချောင်နှင့် ထန်ယီကျိုးသည် တစ်ယောက်နှင့်တစ်ယောက် လူစုခွဲလိုက်ပြီး မျက်နှာချင်းဆိုင်နေကြ၏။ သူတို့သည် မလှမ်းမကမ်း၌ ပျံဝဲနေသော အဘိုးအိုကို လှမ်းကြည့်လိုက်သည်။

လုကျိုးက သူတို့ကို လောင်မြိုက်သောအကြည့်များဖြင့် ကြည့်နေ၏။

ဝူချောင်၏အကြည့်တို့က ဝေ့ဝိုက်သွားပြီးနောက် နောက်ဆုံးတွင် အဝေးရှိ မိုးကုပ်စက်ဝိုင်းထဲတွင် တိကျန်းကို စီးနင်းနေသော ကျောင်းယွဲ့ဆီရောက်သွား၏။ ယခုအချိန်အတွင် သူ၏အမူအရာက အတော်လေးဆိုးရွားနေကာ ကျယ်လောင်စွာ ကျိန်ဆဲလိုက်၏။

“အမှိုက်ပဲ”

အနက်ရောင်အစောင့်အရှောက်နှစ်ဦးသည် ကျောင်းယွဲ့ကို သင်္ကေတလမ်းကြောင်းဆီသို့ ခေါ်သွားရန် အခွင့်အရေးကောင်းတစ်ခု ရခဲ့သော်ငြား သူတို့ကျဆုံးခဲ့၏။ ကျောင်းယွဲ့က လုံခြုံဘေးကင်းနေတာကို မြင်သောအခါ သူ မည်ကဲ့သို့ ဒေါသမထွက်ဘဲနေမည်နည်း။

ဆန့်ကျင်ဘက်အနေဖြင့် ထန်ယီကျိုးက ရယ်မောလိုက်တော့သည်။

“ခုံးကောင်နဲ့ငါး ပဋိပက္ခဖြစ်နေတုန်း တံငါသည်က အမြတ်ထွက်သွားတာ။ ဝူချောင် မင်းမှာလည်း ဒီလိုနေ့ ရှိတာကိုး”

ဝူချောင်သည် ပြိုင်ဘက်ကင်းရှစ်မျိုးဖြင့် သဟဇာတအလှံကို ချုပ်နှောင်ခံထားရသော အဖြူရောင်အစောင့်အရှောက်နှစ်ဦးကို ကြည့်ပြီးနောက် အနက်ရောင်အစောင့်အရှောက်တစ်ယောက် ပျောက်သွားတာကို သဘောပေါက်သွားသည်။ တစ်ချိန်တည်းတွင် သူသည် ‘ခေါင်းဆောင် ကျွန်တော့်ကို ကယ်ပါ’ ဟူသည့် အသဲခိုက်ဖွယ်အော်သံကို ရုတ်တရက်တွေးမိသွားသည်။

ထိုနည်းတူ ထန်ယီကျိုးကလည်း လျန်ရှင်းမရှိတာကို ရုတ်တရက် သတိပြုမိသွားသည်။

နှစ်ယောက်သားက လုကျိုးကို ကြည့်မိသွားစဉ် သူတို့အမူအရာများက သုန်မှုန်သွားလေ၏။

လုကျိုးက မုတ်ဆိတ်သပ်ကာ မေးလိုက်တော့သည်။ “မင်းတို့တိုက်ခိုက်တာ လုံလောက်ပြီလား”

“ခင်ဗျားက ဘယ်သူလဲ” ဝူချောင်က အေးစက်စက်မေးလိုက်သည်။

“မင်းတို့ကိစ္စပြီးရင် လာပြီး မင်းတို့အပြစ်အတွက် ဝန်ချတောင်းပန်” လုကျိုးက ပြောလိုက်တော့သည်။

“...”

နှစ်ယောက်သားသည် လုကျိုး၏ မောက်မာထောင်လွှားသော စကားများကြောင့် မှင်တက်သွားတော့သည်။

အစောတုန်းက တိကျန်း၏ကျောပေါ်၌ အဝေးသို့ အခေါ်ခံထားရသော ကျောင်းယွဲ့သည် အနက်ရောင်ကြာနှင့် အဖြူရောင်ကြာ ကျင့်ကြံသူများကြား ပဋိပက္ခဖြစ်မှုမှ သူမ၏အာရုံတို့ တဖြည်းဖြည်းချင်း ပြန်ကပ်လာလေ၏။ အနက်ရောင်ဆံပင်ရှိသော်ငြား ထိုပုံရိပ်ကို ရင်းနှီးနေသည်။

“ရှစ်စွင်းလား” ကျောင်းယွဲ့က ကျောမတ်လျက် သူမကိုယ်သူမ တည်ငြိမ်အောင်ထိန်းရန် အားနည်းသောကျင့်ကြံဆင့်ကို သုံးဖို့ကြိုးစားလိုက်သည်။

“ဒါက” သူမက တိကျန်း၏ကျောကို ပုတ်လိုက်၏။

ဂတ် ဂတ် ဂတ်

တိကျန်းသည် ကျောင်းယွဲ့က အသိစိတ်ပြန်ရလာတာကို မြင်သောအခါ ပျော်ရွှင်နေပုံရသည်။ တိကျန်း၏ အော်သံသည် ချက်ချင်းပင် လုကျိုးအပါအဝင် လူတိုင်း၏အာရုံစိုက်မှုကို ရသွားသည်။

သူမ ရှစ်စွင်းက သူမကို ကြည့်လာတာမြင်သောအခါ သူမ ဦးညွှတ်လိုက်၏။ “တပည့်က ရှစ်စွင်းကို နှုတ်ခွန်းဆက်ပါတယ်”

ဝူချောင်က တအံ့တဩပြောလိုက်သည်။ "မင်းက သူ့ဆရာလား”

လုကျိုးက ဇဝေဇဝါဖြစ်သွားသည်။ “ဘာလဲ ... ငါက သူ့ဆရာပုံ မပေါက်လို့လား”

“တူညီတဲ့လှည့်ကွက်ထဲ ရောက်မယ်လို့ မထင်နဲ့”

ဝူချောင်သည် ကျောင်းယွဲ့လှည့်စားတာ ခံရပြီးနောက် ကျောင်းယွဲ့ကို မယုံတော့တာ သဘာဝကျသည်။

လုကျိုးသည် ထူးမခြားနားပြောလိုက်၏။ "မင်း ဘယ်လိုတွေးတွေး ကိစ္စမရှိဘူး။ ငါက သူ့ဆရာလို့ ပြောရင် သူ့ဆရာပဲ”

လုကျိုးသည် ထိုလူများက စီးဝူယာ့၏အကြံအစည်ထဲ ကျရောက်နေတာကို သတိမပြုမိပေ။

ဝူချောင်က ပြုံးပြီးပြောလိုက်တော့သည်။ “သူ့ရဲ့ဆရာဖြစ်ရတာက သေမိန့်ပဲ”

လုကျိုးသည် ဝူချောင်ကို အထင်တသေးကြည့်ပြီးနောက် ပြောလိုက်၏။

“ဘာလဲ မင်းတစ်ယောက်တည်းနဲ့ ငါ့ကို သတ်နိုင်မယ်လို့ထင်နေလား”

ဝူချောင်သည် ကျောင်းယွဲ့၏ရှစ်စွင်းအကြောင်း သူကြားဖူးသည့် ချီးကျူးစကားများကို ကြားသောအခါ တစ်စုံတစ်ယောက်က ပေါ်ထွက်လာသည်။

“တာ့ယန်ရဲ့တော်ဝင်မြို့တော်ထဲက လူတွေက ခင်ဗျားကို ချီးကျူးသီကုံးတာ မရပ်တန့်ဘူး။ သူတို့က ခင်ဗျားကို ပြိုင်ဘက်ကင်းတဲ့”

လုကျိုးသည် ဆိတ်ဆိတ်သာနေနေ၏။ သူသည် ထိုစကားများကြောင့် မအံ့ဩသွားပေ။ ဆိုရလျှင် သူသည် ရွှေကြာနယ်မြေကို အခြေခံကျကျပြောင်းလဲခဲ့တာဖြစ်၏။ သူ့၌ ပရိသတ်များစွာရှိတာ ပုံမှန်ပဲဖြစ်သည်။

ဝူချောင်က ထန်ယီကျိုးဖက်လှည့်ကြည့်လိုက်၏။ "ထန်ယီကျိုး ငါတို့လူတွေ ဒဏ်ရာရနေပြီဆိုတော့ ငါတို့ခဏနားကြရအောင်လား” ထန်ယီကျိုးကလည်း ခေါင်းညိတ်လျက် လုကျိုးကိုကြည့်ပြီးပြောလိုက်သည်။ "ငါလည်း အဲ့လိုတွေးနေတာ”

ဝူချောင်က လက်မြှောက်လိုက်ပြီး ပြိုင်ဘက်ကင်းရှစ်ခုနှင့် သဟဇာတခြောက်ပါးအလံကို ယူလိုက်သည်။

အဖြူရောင်အစောင့်အရှောက်နှစ်ဦးနှင့် အနက်ရောင်အစောင့်အရှောက်သည် တိုက်ခိုက်တာ ရပ်တန့်ပြီး ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်သည်။

ဝူချောင်က မေးလိုက်၏။

“မင်း အရင်သွားချင်လား။ ငါ အရင်သွားသင့်လား”

ထန်ယီကျိုးက ပြောလိုက်၏။ "ငါတို့တွေ လူတစ်ယောက်ဆီလွှတ်လိုက်မယ်”

“ဟုတ်ပြီလေ”

နှစ်ယောက်လုံးက သူတို့လက်ကို ဝေ့ယမ်းလိုက်သည်။

အဖြူရောင်အစောင့်အရှောက်နှစ်ဦးထဲမှ တစ်ယောက်နှင့် ကျန်ရှိသည့် အနက်ရောင်အစောင့်အရှောက်သည် သူတို့၏ခေါင်းဆောင်အသီးသီးကို ကြည့်ပြီးနောက် အေးအေးလူလူ မုတ်ဆိတ်သပ်နေသော လုကျိုးကို ကြည့်လိုက်သည်။ ခဏတာအတွင်း နှစ်ယောက်လုံးက လျှပ်ပြက်သော အရှိန်ဖြင့်လှုပ်ရှားကာ စွမ်းအင်စည်းတံဆိပ်များဖြင့် စတင်တိုက်ခိုက်တော့သည်။

ယင်းကို တွေ့သောအခါ ကျောင်းယွဲ့က စိုးရိမ်ပူပန်စွာ လှမ်းအော်တော့သည်။ “ရှစ်စွင်း ဂရုစိုက်”

တိကျန်းသည် အတော်လေး ပျင်းတိပျင်းရွဲအော်လိုက်ပြီး စိုးရိမ်ပူပန်ခြင်းမရှိတာ သိသာ၏။ ၎င်း၏တောင်ပံကို ခတ်လျက် ရှေ့နောက်ပျံသန်းနေတော့သည်။

ကျောင်းယွဲ့သည် အသက်အောင့်ထားကာ တိုးဝင်သွားသည့် အနက်ရောင်ကြာကျင့်ကြံသူနှင့် အဖြူရောင်ကြာကျင့်ကြံသူကို ကြည့်နေတော့သည်။

လုကျိုးက မရှောင်ခဲ့ပေ။ သူက လက်မြှောက်လိုက်ရာ မီတာအနည်းငယ်ရှည်သည့် ရွှေရောင်ကြယ်တာရာဒိုင်ခွက်က သူ့ရှေ့တွင် ပေါ်လာတော့သည်။

ဖုန်း ဖုန်း

အနက်ရောင်နှင့် အဖြူရောင်အစောင့်အရှောက်က ရွှေရောင်ကြယ်တာရာဒိုင်ခွက်နှင့်တိုက်မိသွားသည်။

“ဘုံတစ်ထောင်လေပွေ သိုင်းပညာရှင်”

ဝူချောင်နှင့် ထန်ယီကျိုးတို့က တညီတညွတ်တည်းအော်လိုက်ကြသည်။

ထိုစဉ် လုကျိုးသည် သူ၏လက်ကို သာမန်ကာလျှံကာတွန်းထုတ်လိုက်သည်။

အနက်ရောင်အစောင့်အရှောက်နှင့် အဖြူရောင်အစောင့်အရှောက်သည် သူတို့ကို တွန်းကန်နေသော ဧရာမစွမ်းအင်ကို ခံစားမိသည်။ စွမ်းအင်က ပေါ်ထွက်လာပြီး မြေနှင့်တောင်တန်းများကို တုန်လှုပ်သွားစေ၏။ ဤအတိုင်းပင် နှစ်ယောက်လုံးကလွင့်ထွက်သွားသည်။

လုကျိုးက အလင်းအရှိန်ဖြင့် ရှေ့တိုးလာသည်။ သူ၏ မွေးဖွားဇယားချပ်စတုတ္ထမြောက်မှ အထူးစွမ်းအားကို အပြည့်အဝပြထားသည်။ သူသည် မျက်စိတစ်မှိတ်အတွင်း အစောင့်အရှောက် နှစ်ဦးကြားရောက်လာပြီး သူ၏လက်ဝါးဖြင့် သူတို့ရင်ဘတ်ကို ဆက်တိုက်ရိုက်လိုက်ကာ မဟာကြောက်ရွံ့ခြင်းမဲ့ တံဆိပ်တော်ကို ထုတ်သုံးလိုက်သည်။

အစောင့်အရှောက်နှစ်ဦးသည် ကောင်းကင်ပေါ်မှ ချက်ချင်းပြုတ်ကျလာတော့သည်။ တစ်ချိန်တည်းတွင် နှစ်ယောက်လုံးသွေးအန်တော့၏။

“တင်း ... မွေးဖွားဇယားချပ်တစ်ခုဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၆၀၀၀”

“တင်း ... မွေးဖွားဇယားချပ်တစ်ခုဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၆၀၀၀”

လုကျိုးအဖို့ အစောင့်အရှောက်နှစ်ဦးကို ရင်ဆိုင်တိုက်ခိုက်ရတာ လွယ်ကူလှပေသည်။ “ဒီအရှိန်က ...”

ဝူချောင်နှင့် ထန်ယီကျိုးတို့က လုကျိုး၏အရှိန်ကို မြင်သောအခါ ပြဿနာ၏လေးနက်မှုကို စတင်သဘောပေါက်လာပြီဖြစ်သည်။ သူ့တစ်ယောက်အဖို့ ထိုနှစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်ရန်က လွယ်ကူသည်။

အထွတ်အထိပ်ဆန်းကျယ်စွမ်းအားနှင့် သူ့ကိုယ်သူအသားကျအောင်လုပ်ပြီးနောက် လုကျိုး၏ ထိန်းချုပ်မှုက ပိုတောင်ကောင်းလာသည်။ သူသည် တိကျန်း၏အရှိန်ကို ရရှိပြီးနောက် သူ၏အရှိန်နှင့် ကျင့်ကြံဆင့်ကို အသုံးပြုပြီး အထွတ်အထိပ်ဆန်းကျယ်စွမ်းအားဖြင့် ရန်သူကို တစ်ချက်တည်းဖြင့်အနိုင်ယူဖို့ သင့်တော်သည့်အချိန်ကို ဖန်တီးရန် သင်ယူခဲ့သည်။ သူသည် အနည်းဆုံးတော့ အထွတ်အထိပ်ဆန်းကျယ်စွမ်းအားကို အသုံးပြုနိုင်သော်ငြား ၎င်း၏တန်ဖိုးကို မြင့်တက်စေ၏။

အစောင့်အရှောက်နှစ်ဦးသည် မွေးဖွားဇယားချပ်တစ်ခုကို ဆုံးရှုံးသွားပြီဖြစ်သည်။ သူတို့ခွန်အားနှင့် လုကျိုး၏ခွန်အားကြား ကွာဟချက်က ပိုတောင်ကြီးမားလာတော့သည်။

ထန်ယီကျိုးက အမိန့်ပေးလိုက်၏။ “သူ့ကိုသတ်”

“ဟုတ်ကဲ့” ကျန်ရှိသည့် အစောင့်အရှောက်သည် တဟုန်ထိုးပြေးထွက်သွား၏။ သူ၏ရဲဘော်ရဲဖက် အခြေအနေကိုကြည့်ပြီးနောက် ပိုသတိထားလာကာ ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကို ချက်ချင်း ဖွဲ့တည်တော့သည်။ ကြယ်တာရာဒိုင်ခွက်က တောက်ပနေပြီး ထွန်းလင်းတောက်ပနေ၏။ နောက်ကျောမှ နေကြောင့် လင်းထိန်သွားသည်။

လုကျိုး အမူအရာက မပြောင်းလဲသွားသည်။ သူသည် လေထုထဲ၌ ပျောက်ကွယ်သွားပုံရကာ အနက်ရောင်လေပွေ ဘုံတစ်ထောင်စိတ်ဝိညာဉ်သဏ္ဌာန်နောက်၌ ပြန်ပေါ်လာသည်။ သူသည် ဓားအသွင်အမည်မဲ့ကို ကိုင်ဆောင်လျက် စိတ်ဝိညာဉ်သဏ္ဌာန်ဆီသို့ မီတာတစ်ရာရှည်သော စွမ်းအင်ဓားကို သုံးချလိုက်သည်။

ကောင်းကင်ကျမ်းစား၏ ကောင်းကင်များ၏အတိတ်ဘဝများစွာ စွမ်းအား

အဖြူရောင်အစောင့်အရှောက်က သွေးအန်လျက် လုကျိုးကို ကြောက်လန့်တကြားကြည့်နေသည်။

စွမ်းအင်ဓားက အဖြူရောင်အစောင့်အရှောက်၏မွေးဖွားနန်းဆောင်ကို ပိုင်းဖြတ်ပြီးနောက် ၎င်း၏ ရင်ဘတ်ကို ဆက်လက်ပိုင်းဖြတ်သွားသည်။ စွမ်းအင်ဓား၏အဟုန်က ၎င်းကို သယ်ဆောင်ထားလျက် ရှေ့ဆက်တိုးသွားကာ ဖုန်းဟူသော မြည်သံကျယ်ဖြင့် မြေပြင်ပေါ်ပြုတ်ကျသွားကာ အက်ကွဲကြောင်းရှည်တစ်ခု ဖန်တီးလိုက်သည်။ ကတုတ်ကျင်းတစ်ခု ဖန်တီးလိုက်၏။

“တင်း … ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ၈၀၀၀။ နယ်မြေအပို ကုသိုလ်မှတ် ၂၀၀၀”

“...”

တစ်ကွက်တည်းနဲ့လား ... ဒီတိုက်ပွဲက ဘာမှမကြာဘဲ ပြီးသွားပြီ။

ထန်ယီကျိုးနှင့် ဝူချောင်က အသက်ပြင်းပြင်းရှူသွင်းမိသွား၏။ မွေးဖွားဇယားချပ်သုံးခု ဘုံတစ်ထောင်လေပွေသိုင်းပညာရှင်သည် တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်လော ...

လုကျိုးသည် တစ်ချက်တည်းဖြင့် အဖြူရောင်အစောင့်အရှောက်ကို သတ်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ အထွတ်အထိပ်ဆန်းကျယ်စွမ်းအားကို မကုန်ဆုံးစေချင်သောကြောင့် ဖြစ်သည်။ သူသည် လူနှစ်ယောက်နှင့် မွေးဖွားဇယားချပ် ငါးခုကို ဖျက်ဆီးခဲ့ပြီး ဖြစ်ကာ သူ၏အထွတ်အထိပ်ဆန်းကျယ်စွမ်းအား သုံးပုံတစ်ပုံကို အသုံးပြုပြီးဖြစ်သည်။ ဖြေရှင်းရန် လိုအပ်သည်ကား နောက်ထပ်အစွမ်းထက်သည့် ခေါင်းဆောင်နှစ်ယောက်ဖြစ်သည်။

ဝူချောင်နှင့် ထန်ယီကျိုးကိုကြည့်ပြီး မင်းမူစိုးမိုးစွာပြောလိုက်တော့၏။ “ငါ့ရှေ့မှာ မောက်မာထောင်လွှားရဲသေးလား”

…

အခန်း (၉၅၀) ငါ့ရှေ့မှာ မင်းက မောက်မာရဲတယ်လား

ဝူချောင်နှင့် ထန်ယီကျိုးတို့က အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့က အခက်တွေ့သည့် ပြိုင်ဘက်နှင့် တွေ့ဆုံနေဟန်ပေါ်၏။

“အတူတူတိုက်ရအောင်” ထန်ယီကျိုးက ပြောလိုက်သည်။

“ကောင်းပြီ” ဝူချောင်က သူ့ကွဲပြားခြင်း ၈ခုနှင့် သဟဇာတဖြစ်မှု ၆ခု အစီအရင်အလံကို ထပ်မံပစ်လွှတ်လိုက်သည်။

ပေတစ်သောင်းမြင့်မားသည့် အစီအရင်အလံများက ချက်ချင်းဆိုသလို ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ စက္ကန့်ပိုင်းလေးအတွင်း တိမ်တိုက်များက မဲနက်လာကာ ကောင်းကင်အထက် စွမ်းအင်ဓားများဖြင့် ပြည့်နှက်လာသည်။

ထန်ယီကျိုးက သူ့ခါးတွင် ချိတ်ဆွဲထားသည့် ဓားတိုလေးကို ကြည့်ကာ လေထဲသို့ မြှောက်လိုက်သည်။

စွမ်းအင်ဓား ၁ချောင်းမှ ၂ချောင်း၊ ၂ချောင်းမှ ၄ချောင်း၊ ၄ချောင်းမှ ၈ချောင်း အစရှိသဖြင့် အဖြူရောင် စွမ်းအင်ဓားသောင်းချီ ထွက်ပေါ်လာသည်။

ဝေဟင်အထက် လေတိုက်သံများနှင့် မိုးခြိမ်းသံများလည်း ထွက်ပေါ်လာ၏။

ဝှစ် ဝှစ်

အနက်ရောင်နှင့် အဖြူရောင် မွေးဖွားဇယားချပ် ၄ခု ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က အစီအရင်အလံ၏ အထက်တွင် တောင်တစ်လုံးကဲ့သို့ ထွက်ပေါ်လာသည်။

လုကျိုးက သူ ဖျက်ဆီးလိုက်သည့် မွေးဖွားဇယားချပ်ပိုင်ရှင်များကို ကြည့်လိုက်သည်။

ခေါင်းဆောင်က ဝေဟင်အထက် ပျံသန်းလာလေ၏။

“အခုပဲ” ဝူချောင်က အစီအရင်အလံကို ထိန်းချုပ်ကာ စွမ်းအင်ဓားများကို တိုက်ခိုက်ဖို့ လှုံ့ဆော်လိုက်သည်။

တစ်ချိန်တည်းဆိုသလို ထန်ယီကျိုးကလည်း တောင်နှင့်တူသည့် အဖြူရောင် စိတ်ဝိညာဥ်သဏ္ဌာန်ဖြင့် ကျဆင်းလာသည်။

တူညီစွာအနက်ရောင် အစောင့်အရှောက်နှင့် အဖြူရောင် အစောင့်အရှောက်တို့က နာကျင်မှုကို တောင့်ခံကာ တိုက်ပွဲဆီ ပြေးဝင်လာကြသည်။

ပေါက်ကွဲသံများနှင့် အလင်းများက ကမ္ဘာကြီးသည် အချိန်မရွေး အဆုံးသတ်သွားတော့မည့်အလား ပေါ်နေသည်။

“ဟမ်” လုကျိုးက မြေပြင်ပေါ်မှ အနက်ရောင် အစောင့်အရှောက်နှင့် အဖြူရောင် အစောင့်အရှောက်ကို ကြည့်လိုက်သည်။ သူတို့က မွေးဖွားဇယားချပ် ၁ခုစီ ဆုံးရှုံးသွားသော်လည်း သူတို့ကို လျှော့မတွက်ခဲ့ပေ။

ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ၄ခုက လုကျိုးဆီ တစ်ပြိုင်နက် တိုက်ခိုက်လာလေ၏။

လုကျိုးက စိတ်ဝိညာဥ်သဏ္ဌာန်ကို ကြည့်ကာ အကွာအဝေးကျယ် တိုက်ခိုက်မှုအတွက် ကောင်းကင်ကျမ်းစွမ်းအားကို အသုံးပြုဖို့ အချိန်ကောင်းဟု ထင်လိုက်မိသည်။ သို့သော်လည်း အဆုံးသတ်တွင် သူက စတုတ္ထမြောက် မွေးဖွားဇယားချပ်မှ စွမ်းအားကို အသုံးပြုကာ ထန်ယီကျိုးကို ချိန်ရွယ်လိုက်၏။

“သွားပြီ” ထန်ယီကျိုး၏ စိတ်ထဲ နမိတ်ဆိုးတစ်ခု ထွက်ပေါ်လာသည်။ သို့သော်လည်း သူ့အနေနှင့် နောက်ဆုတ်ဖို့ နောက်ကျလွန်းသွားခဲ့လေပြီ။ သူက ပစ်ခွင်းလိုက်သည့် မြားတစ်ချောင်းကဲ့သို့ ရှေ့တိုးလာလေ၏။

ထိုအခိုက်အတန့်တွင် အနက်ရောင် အစောင့်အရှောက်နှင့် အဖြူရောင် အစောင့်အရှောက်များက ရောက်မလာခင် ထန်ယီကျိုးက လုကျိုး ချန်ထားခဲ့သည့် ပုံရိပ်ယောင်များကို မြင်လိုက်ရပြီး လုကျိုးက လက်ဝါးကို ဆန့်ထုတ်လာသည်။

လုကျိုးက ထန်ယီကျိုး၏ အရှေ့ဘက်၊ ကျောဘက်၊ ခါး၊ ဘယ်ဘက်ဝမ်းဗိုက်၊ ညာဘက်ဝမ်းဗိုက်အောက်ပိုင်းနှင့် ခေါင်းအထက်ပိုင်းတို့ကို အပြာရောင် လက်ဝါးစည်းတံဆိပ် ၆ခုဖြင့် ရိုက်နှက်ခဲ့သည်။

စက္ကန့်ပိုင်းအတွင်း ထန်ယီကျိုးက သွေးထွက်အောင် ရိုက်နှက်ခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်မှ သွေးများ ထွက်လာ၏။ အရိုးကျိုးသံများကလည်း လေထဲ ထွက်ပေါ်နေသည်။ သူက နာကျင်စွာ အော်ညည်းနေရသည်။

အားလုံးက ခုခံကာကွယ်ရေး မွေးဖွားဇယားချပ်တွေလား ...

လုကျိုးက အံ့အားသင့်သွားလေ၏။ သာမန်အခြေအနေအောက်တွင် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားဖြင့် လက်ဝါးစည်းတံဆိပ် ၆ခုကို ထုတ်လွှင့်လိုက်ပြီးသည့်နောက်တွင် တစ်ဖက်လူကို မသတ်နိုင်လျှင်ပင် အနည်းဆုံးတော့ မွေးဖွားဇယားချပ် ၂ခုကို ဖျက်ဆီးပစ်နိုင်လိမ့်မည်။ သို့သော်လည်း ထန်ယီကျိုးက ဒဏ်ရာအပြင်းအထန် ရရှိသွားရုံမျှဖြစ်ပြီး သူ့မွေးဖွားဇယားချပ်များက အကောင်းတိုင်းရှိနေသေး၏။

လုကျိုးက ကြယ်တာရာဒိုင်ခွက်ပေါ်မှ မွေးဖွားစက်ဝန်းပြားကို ကြည့်လိုက်ပြီး လုလီပေးထားခဲ့သည့် မြေပုံပေါ်မှ ပုံကားချပ်ကို ပြန်လည်အမှတ်ရသွားသည်။ ထိုစဥ် သူက ထန်ယီကျိုးသည် ခုခံကာကွယ်ရေး မွေးဖွားဇယားချပ်များသာ အသက်သွင်းထားကြောင်း အတည်ပြုလိုက်နိုင်၏။

ထိုစဥ် တခြားလူများဆီမှ တိုက်ကွက်များက လုကျိုးဆီ ကျရောက်လာသည်။

လုကျိုးက ပြောလိုက်သည်။

“အခု သတ်ဖြတ်ရတော့မှာပေါ့”

လုကျိုးက လက်မြှောက်လိုက်သည်။

လွှမ်းမိုးအဆင့် ချုပ်နှောင်ရေး စည်းတံဆိပ်က ကောင်းကင်ကို အုပ်လွှမ်းသွားပြီးသည့်နောက်တွင် ကွဲပြားခြင်း ၈ခုနှင့် သဟဇာတဖြစ်မှု ၆ခု အစီအရင်အလံမှ တိုက်ကွက်များကို တားဆီးထား၏။

ဘန်း ဘန်း ဘန်း ဘန်း

“ဘာလဲ”

ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူ ထိန်းချုပ်နေသည့် လွှမ်းမိုးအဆင့် လက်နက်က ပို၍အားကောင်းပေသည်။

ထိုစဥ် ဝူချောင်က သူ့အသက်ဓာတ်ကို လှုံ့ဆော်ကာ ထန်ယီကျိုးက သူ့ကြယ်တာရာဒိုင်ခွက်နှင့် တိုက်ခိုက်လာသည်။

သို့သော် ထန်ယီကျိုးနှင့် အစီအရင်အလံ ၂ခုက ချုပ်နှောင်ရေး စည်းတံဆိပ်ကို ထိုးဖောက်ဖို့ ကျရှုံးခဲ့၏။

ထို့နောက် လုကျိုးက သူ့ဆီ ချီတက်လာသည့် အနက်ရောင် အစောင့်အရှောက်နှင့် အဖြူရောင် အစောင့်အရှောက်များဆီ ကံမီးတောက်ကို ပစ်ခွင်းလိုက်သည်။ အထွတ်အထိပ် ဆန်းကြယ်စွမ်းအား မပါရှိဘဲ မွေးဖွားဇယားချပ် ၂ခုရှိသည့် အစောင့်အရှောက် ၂ယောက်က သူ့အတွက် ပြိုင်ဘက်မဟုတ်ပေ။

ဘန်း ဘန်း

အစောင့်အရှောက် ၂ယောက်က လက်ကျိုးသွားလေသည်။

လုကျိုးက ရှေ့ထွက်လာပြီး လက်ဝါးချက်ကို ပူးကပ်လိုက်သည်။ ကံမီးတောက်နှင့် ခက်ထန်သားရဲ၏ စွမ်းအားတို့က သူ့လက်အတွင်း ပေါ်ထွက်လာကာ ထပ်မံရိုက်လွှတ်လိုက်သည်။

ဘန်း ဘန်း

အစောင့်အရှောက် ၂ယောက်၏ အရိုးများက ချက်ချင်းဆိုသလို ကြေမွသွားလေ၏။ သူတို့က သွေးအန်ပြီးသည့်နောက်တွင် တောအုပ်အတွင်း ပြုတ်ကျသွားသည်။

“တင် မွေးဖွားဇယားချပ် ၁ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၆၀၀၀ ရရှိပါတယ်”

“တင် မွေးဖွားဇယားချပ် ၁ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၆၀၀၀ ရရှိပါတယ်”

ယခု အစောင့်အရှောက် ၂ယောက်တွင် မွေးဖွားဇယားချပ် ၁ခုစီသာ ကျန်ရှိတော့သည်။ စိတ်ဝိညာဥ်သဏ္ဌာန်၏ အမြင့်ကလည်း သိသိသာသာ ကျုံ့သွားလေ၏။

ထိုစဥ် လုကျိုး၏ အနောက်ဘက်တွင် တစ်စုံတစ်ယောက် ပေါ်ထွက်လာကာ လက်နှစ်ဖက်ဖြင့် စွမ်းအင်ဓားကို ဝေ့ယမ်းရင်း လုကျိုးဆီ ခုတ်ချလိုက်သည်။

“သေလိုက်တော့”

ထိုသူက နောက်ထပ် အဖြူရောင် အစောင့်အရှောက် ၁ဦးဖြစ်၏။

လုကျိုးက လှည့်ကြည့်လိုက်ပြီး အမည်မဲ့ကို မြှောက်ကာ မီတာ ၁၀၀၀ရှိသည့် ဒိုင်းကာအဖြစ် ပြောင်းလဲလိုက်သည်။

ဘန်း

ထိပ်တိုက်တွေ့ဆုံရာမှ တုန်ခါလှိုင်းက ကောင်းကင်အထိ ပျံ့နှံ့သွားလေသည်။

အဖြူရောင် အစောင့်အရှောက်က သူ့စွမ်းအင်ဓားမော့ကို အမည်မဲ့ဆီ ရိုက်ခတ်ပြီး ပြောလိုက်သည်။

“ငါ့တိုက်ကွက်ကို ဘယ်လောက်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့”

ဓားက အမည်မဲ့ကို ထိတော့မည့်ဆဲဆဲတွင် အမည်မဲ့က ရုတ်တရက် ပျောက်ကွယ်သွားပြီး ပုံရိပ်ယောင်သာ ချန်ထားခဲ့လေ၏။

လုကျိုးက ဓားအဖြစ် ပြောင်းလဲသွားသည့် အမည်မဲ့ကို ဝေ့ယမ်းကာ စောစောလေးက အပြုအမူအတိုင်း အတူတူလုပ်ဆောင်လိုက်သည်။ သူက အဖြူရောင် အစောင့်အရှောက်၏ ကျောဘက်၊ ဝမ်းဗိုက်၊ ရင်ဘတ်နှင့် ခေါင်းတို့ကို သက်ညှာခြင်း ကင်းမဲ့စွာ ရိုက်နှက်လိုက်သည်။ ထို့နောက် သူက အဖြူရောင် အစောင့်အရှောက်၏ အရေးကြီးသည့် ဆုံမှတ် ၄ခုဆီ ထိုးဖောက်သွားသည့် စွမ်းအင်ဓား ၄ခုကိုလည်း ထုတ်လွှင့်လိုက်သည်။

ထို့နောက် လုကျိုးက ဆက်လက် မလှုပ်ရှားတော့ပေ။ သူက ချုပ်နှောင်ရေး စည်းတံဆိပ်ကို ရွေ့လျားကာ သူ့ဆီ ကျရောက်လာသည့် စွမ်းအင်ဓားများနှင့် တိုက်ကွက်များကို တားဆီးလိုက်၏။

အဖြူရောင် အစောင့်အရှောက်က ကြောင်အမ်းသွားကာ မလှုပ်ရှားနိုင်တော့ပေ။

ထိုစဥ် အားလုံး၏ မြင်ကွင်းအထက် အံ့အားသင့်ဖွယ် မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

အဖြူရောင် အစောင့်အရှောက်က တစ်စစီ လဲကျသွားပြီး တောအုပ်အတွင်း ပြုတ်ကျသွားလေသည်။

ထန်ယီကျိုးက ထိုအရာကို ကြည့်နေရင်း မျက်လုံးအပြူးသားဖြစ်သွားသည်။

“တင် မွေးဖွားဇယားချပ် ၁ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၆၀၀၀ ရရှိပါတယ်”

“တင် မွေးဖွားဇယားချပ် ၁ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၆၀၀၀ ရရှိပါတယ်”

“တင် ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၈၀၀၀ ရရှိပါတယ်။ နယ်မြေအပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၂၀၀၀ရရှိပါတယ်”

လုကျိုးက ချုပ်နှောင်ရေး စည်းတံဆိပ်ကို မလိုက်သည်။

ယခုအခိုက်အတန့်တွင် ကောင်းကင်က မဲမှောင်နေလေ၏။

ဝူချောင်က စုန်းအတတ် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး စုန်းအတတ် ကျင့်ကြံသူများ အလိုအပ်ဆုံးက သူတို့ မန္တန်များ ချမှတ်ဖို့ အချိန်ဖြစ်သည်။

လုကျိုးက ဝူချောင်အား သူ့မန္တန် ပြီးမြောက်စေဖို့အတွက် အချိန်ကို မည်သို့ပေးနိုင်မည်နည်း။

ချုပ်နှောင်ရေး စည်းတံဆိပ်က အရွယ်အစားကြီးမားလာပြီးသည့်နောက်တွင် မီတာထောင်ချီ ကျယ်ပြန့်သွားလေသည်။

တစ်ချိန်တည်းဆိုသလို လုကျိုးက ဒဏ်ရာရရှိနေသည့် ထန်ယီကျိုးကို မြင်လိုက်ရသည်။ သူက ဓားအသွင်ရှိနေသည့် အမည်မဲ့ကို လက်တစ်ဖက်ဖြင့် ကိုင်ဆောင်ရင်း ထန်ယီကျိုးဆီ ပြေးဝင်သွားသည်။

“ထွက်သွားစမ်း”

ထန်ယီကျိုးက ကြယ်တာရာဒိုင်ခွက်မှ စွမ်းအားများကို ထုတ်လွှင့်လိုက်၏။ အလင်းတန်းများစွာက ချက်ချင်းဆိုသလို ထွက်ပေါ်လာပြီး လုကျိုးအား တွန်းလွှတ်ဖို့ ကြိုးစားနေသည်။

အမည်မဲ့က အပြာရောင်အလင်း တောက်ပနေသည့် ဒိုင်းကာအဖြစ် ချက်ချင်းပြောင်းလဲသွား၏။ ထိုအရာက အပြာရောင်အလင်းဖြင့် တောက်ပနေသည်။

ထန်ယီကျိုးက သူ့အလင်းတန်းတချို့သည် အမည်မဲ့ကို တွန်းလှန်နိုင်ကြောင်း မြင်သည့်အခါ ပျော်ရွှင်သွားမိ၏။ သူက ပြောလိုက်သည်။

“ကျုပ်ရဲ့ ဝှက်ဖဲကို ပြရသေးတာပေါ့”

မွေးဖွားဇယားချပ် ၄ခု ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ္သဏ္ဌာန်က ကောင်းကင်မှ ပြုတ်ကျလာသည်။

လုကျိုးက အားအကောင်းဆုံးဖြစ်သည့် လမ်းကြောင်းအလယ်တွင် ရပ်နေလေ၏။

ထန်ယီကျိုးအတွက် လုကျိုးက ရန်သူ၏ စဉ်းနီတုံးပေါ် လည်စင်းခံနေသည့်အလား ဖြစ်နေသည်။

လုကျိုး၏ အမူအရာက မပြောင်းလဲဘဲ ဒိုင်းကာဖြစ်နေသည့် အမည်မဲ့ကို မြှောက်ကာ ကိုင်လိုက်ပြီး သူ့ဆီ ကျရောက်လာသည့် အဖြူရောင် စိတ်ဝိညာဥ်သဏ္ဌာန်ကို တားဆီးလိုက်သည်။

“မသိတတ်ဘဲ မောက်မာနေတဲ့ ကောင်စုတ်လေးပဲ။ ငါ့လက်နက်ကို သေချာကြည့်ထား”

“ဟမ်”

မွေးဖွားနန်းဆောင်ပါဝင်နေသည့် အဖြူရောင်ကြာက အမည်မဲ့ပေါ် ဆင်းသက်လာတော့မည့်ဆဲဆဲတွင် အမည်မဲ့က အပြာရောင်အလင်း တောက်ပနေသည့် ဓားတစ်ချောင်းအသွင် ပြောင်းလဲသွား၏။

ထန်ယီကျိုး၏ စိတ်ထဲ လေးလံသွားမိသည်။

“ဒါက ဘယ်လိုလက်နက်မျိုးလဲ”

ထိုစဥ် ဓားက မွေးဖွားနန်းဆောင်ကို ထောပတ်တုံးကို လှီးဖြတ်လိုက်သည့် ဓားပုတစ်ချောင်းလိုမျိုး အလွယ်တကူ ပိုင်းဖြတ်သွားလေ၏။

အဖြူရောင် ကြယ်တာရာဒိုင်ခွက်က ချက်ချင်းဆိုသလို မှေးမှိန်သွားကာ တောင်တန်းနှင့်တူသည့် အဖြူရောင် စိတ်ဝိညာဥ်သဏ္ဌာန်ကလည်း လေထုထဲ ပျောက်ကွယ်သွားသည်။

ထန်ယီကျိုး၏ စိတ်က ဗလာကျင်းသွားလေ၏။ တစ်ချိန်တည်းဆိုသလို သူ့ချီသွေးကြော ၈ခုမှ သွေးများက ပြောင်းပြန်စီးဆင်းလာကာ ဒွါရခုနှစ်ပေါက်မှ သွေးများ စီးကျလာသည်။ သူက ကောင်းကင်ကို အကြောက်တရား အပြည့်ဖြင့် ကြည့်နေမိ၏။ သူက အသက်မရှင်နိုင်တော့ကြောင်း သိလိုက်သည်။

ထိုစဥ် ကောင်းကင်က မဲမှောင်နေလေ၏။ ဤသည်က စုန်းအတတ် မန္တန်အပြည့်အဝ ဖန်တီးသွားပြီးသည်ဖြစ်ကြောင်း လက္ခဏာဖြစ်သည်။ ထိုအရာဖြင့် ဝူချောင်သည် သူ့အားအကောင်းဆုံး အခြေအနေတွင် ရှိ၏။ မွေးဖွားဇယားချပ် ၆ခု ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူပင် စုန်းအတတ် မန္တန်အောက်တွင် သူ့အတွက် ပြိုင်ဘက် ဖြစ်မည် မဟုတ်ပေ။

ထိုစဥ် ထန်ယီကျိုး၏ အကြည့်များက မလိုလားမှုနှင့်အတူ တောက်ပနေသည်။ သူက လုကျိုး၏ နောက်အပြုအမူကို မြင်သည့်အခါ ပို၍ စိတ်တ်ဓာတ်ကျသွားမိသည်။

ဝှစ်

ကွဲပြားမှု ၈ခုနှင့် သဟဇာတဖြစ်မှု ၆ခု အစီအရင်အလံရှိရာ နေရာတစ်ဝိုက်တွင် ချက်ချင်းဆိုသလို အေးခဲသွားလေ၏။

“အကြွင်းအမဲ့ သုည”

ရေခဲက အစီအရင်အလံ ၂ခု၊ ထန်ယီကျိုးနှင့် လေထုထဲရှိ စွမ်းအင်ဓားအားလုံးကို အေးခဲသွားစေသည်။ ထိုအခိုက်အတန့်တွင် အားလုံးက ရေခဲမွများအဖြစ် ကြေမွသွား၏။

“တင် ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၈၀၀၀ရရှိပါတယ်။ နယ်မြေအပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၂၀၀၀ရရှိပါတယ်”

လုကျိုးက ချုပ်နှောင်ရေး စည်းတံဆိပ်နှင့် ပင်လယ် စိတ်ဝိညာဥ်ပုလဲကို ထုတ်ဖော်လိုက်သည်။ သိပ်မကြာခင် သူက ဝူချောင်နှင့် အနေအထားတူ ရောက်ရှိလာ၏။ သူက ခေါင်းကို မော့ကာ စုန်းအတတ် အကာအရံကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

“မင်းက ခုခံရဲသေးတယ်လား”

ဝူချောင်က ဟာသတစ်ခုကို ကြားလိုက်ရသည့်အလား အားပါးတရ ရယ်မောလိုက်သည်။

“ခင်ဗျားက လွှမ်းမိုးအဆင့် လက်နက်ရဲ့ စွမ်းအားကို အသုံးပြုရုံပါပဲ။ ခင်ဗျားရဲ့ဆီမှာ ဘာဝှက်ဖဲမှ မရှိတော့ဘူး။ ကျုပ်ရဲ့ စုန်းအတတ် အစီအရင်က ပြီးမြောက်သွားပြီ”

သူက တိမ်မဲများ စုဝေးနေသည့် နေရာကို ကြည့်ရင်း ပြောလိုက်သည်။

“အစကတည်းက ကျုပ်ရဲ့ စွမ်းအားကို ချွေတာပြီးတော့ ဒီအခိုက်အတန့်အတွက် သိမ်းဆည်းထားခဲ့တာ”

လုကျိုးက သူ့ကို အမူအရာကင်းမဲ့စွာ ကြည့်နေလေသည်။

ဝူချောင်က အသံမြှင့်ကာ ပြောလိုက်၏။

“ဒီမှာ ဘာမှကောင်းတာ မကျန်တော့ဘူးပဲ။ ဒါပေမဲ့ သူတို့ကို မလိုဘူး။ ကိုယ်ဘာသာ ခင်ဗျားရဲ့ အရိုးတွေကို ချေမွပြီးတော့ ပြာလုပ်ပစ်နိုင်တယ်”

“ငါ့ကို စိတ်မပျက်စေဖို့ပဲ မျှော်လင့်ပါတယ်” လုကျိုးက စွမ်းအင်အများစုကို ထုတ်သုံးပြီးသား ဖြစ်သည့်အတွက် အထွတ်အထိပ် ဆန်းကြယ်စွမ်းအား အနည်းငယ်သာ ကျန်ရှိတော့သည်။ သူအနေဖြင့် စုန်းအတတ် ကျင့်ကြံသူဖြစ်နေသည့် ဝူချောင်ကို သတ်ဖို့ရာ အင်မတန် ခက်ခဲလှ၏။ သို့သော်လည်း ခက်ခဲသည်ဆိုသည်မှာ မဖြစ်နိုင်ခြင်းဟု ဆိုလိုခြင်း မဟုတ်ပေ။

ဝူချောင်က ပြောလိုက်သည်။

“ကျုပ်က ဒီနည်းစနစ်ကို နှစ် ၂၀၀၀ကြာ ကျင့်ကြံလာတာ။ မိုးမြေရဲ့ အနှစ်သာရကို စုစည်းပြီးတော့ ပြီးပြည့်စုံမှုအဆင့်ထိ ရောက်အောင် ကျင့်ကြံထားပြီးသား။ ဒီတိုက်ကွက်အောက်မှာ သေဆုံးတာ ဂုဏ်ယူသင့်တယ်။ ခင်ဗျားရဲ့ မျက်လုံးကို ကျယ်ကျယ်ဖွင့်ထားပြီး သေချာကြည့်”

ဝူချောင်က လက်ကို ဆန့်ထုတ်လိုက်သည့်အခါ ကောင်းကင်မှ တိမ်မည်းများ စတင်စုဝေးလာသည်။

စုန်းအတတ် ကြယ်တာရာဒိုင်ခွက်က လည်ပတ်လာပြီး စွမ်းအားများ စုဝေးလာ၏။

လုကျိုးက စုန်းအတတ် အကာအရံကို ကြည့်ကာ တန်ပြန်နည်းလမ်းကို စဥ်းစားနေသည်။

ဝှစ်

ဧရာမ စုန်းအတတ် ကြယ်တာရာဒိုင်ခွက်က ချက်ချင်းဆိုသလို ကျုံ့ဝင်သွားကာ ဝူချောင်၏ ခန္ဓာကိုယ်တွင်း ဝင်ရောက်သွား၏။

ဝှစ်

ထိုစဥ် ဝူချောင်က အနက်ရောင် မြူခိုးအဖြစ် ပြောင်းလဲကာ အနောက်ဘက်သို့ ထွက်ပြေးသွားသည်။

လုကျိုး “...”

…

အခန်း (၉၅၁) ငါက မင်းကို ဘာကြောင့်ထောက်ထားပြီး သူ့ကို အသက်ရှင်ခွင့်ပေးရမှာလဲ။

“ဒါက ...”

ဝူချောင်သည် လုကျိုး၏ လက်ကောက်ဝတ်ကို ထိမိလုနီးပါးဖြစ်သွားလေ၏။ သူ ထွက်ပြေးသည့် အချိန်တွင် သူ၏အရှိန်က အံ့ဩစရာကောင်းလှသည်။ အထူးသဖြင့် စုန်းအတတ် အစီအရင်ဖြင့် ပံ့ပိုးပေးခြင်းခံထားရသည့် အချိန်ပဲဖြစ်သည်။ စုန်းအတတ်စွမ်းအားသည် ပကတိမျက်လုံးဖြင့် မြင်နိုင်ပြီး ၎င်းက သူ၏ခန္ဓာကိုယ်နားတဝိုက်စုဝေးနေ၏။ သူသည် ဝေးသထက်ဝေးအောင် ရွေ့သွားတော့သည်။ သို့သော်ငြား စုန်းအတတ်အစီအရင်အကျယ်အဝန်းထဲမှ ထွက်သွားပြီးနောက် သူ၏အရှိန်သည် သိသိသာသာနှေးသွားသည်။

လုကျိုးသည် သူ၏စိတ်ထဲမှ အကြံတစ်ခု ပေါ်လာပြီး လှမ်းခေါ်လိုက်၏။ “တိကျန်း”

ဂတ်

တိကျန်းသည် တောင်ပံလေးဖက်ကို တဖျပ်ဖျပ်ခတ်လျက် လုကျိုးရှေ့သို့ ရောက်လာ၏။

လုကျိုးသည် တိကျန်း၏ ကျောပေါ်၌ လှဲနေသော ကျောင်းယွဲ့ကို တွေ့လိုက်သည်။ ကျောင်းယွဲ့အနားမှာ ရှိနေလျှင် သူက ဝူချောင်နောက် စွမ်းအင်အကုန်သုံးပြီးလိုက်နိုင်မှာ မဟုတ်ပေ။ ထို့အပြင် အနားမယူဘဲ ၅ရက်၅ည ခရီးနှင်ပြီးနောက် တိကျန်းသည် မောပန်းနေလိမ့်မည်။

သို့သော်ငြား လုကျိုးသည် ဝူချောင်ကို မည်ကဲ့သို့ ထွက်ပြေးခွင့်ပေးမည်နည်း။ သူက ဘယ်လက်ကို မြှောက်ကာ လေးအသွင်ဖြင့် အမည်မဲ့က တောက်ပသည့်အပြာရောင်အလင်းဖြင့် ပေါ်လာသည်။ သူက စွမ်းအင်မြားတစ်စင်းကို ထုတ်ပြီး လေးကြိုးကို ဆွဲလိုက်၏။ ထိုစွမ်းအင်မြားထဲတွင် သူ၏ကျန်ရှိသော အထွတ်အထိပ်ဆန်းကြယ်စွမ်းအား အလုံးစုံကို သုံးလိုက်သည်။ အသက်တစ်ရှိုက်စာအတွင်းတွင် ထိုအပြုအမူအားလုံးကို ပြီးမြောက်အောင်ဆောင်ရွက်လိုက်၏။

ဝှစ်

မြားသည် လေးညှို့မှ သေသပ်စွာ ထွက်သွား၏။

အထွတ်အထိပ်ဆန်းကြယ်စွမ်းအားက အလွန်သန်မာမှန်း လုကျိုးသိသော်ငြား မြားက ယခုအခေါက်တွင် ပစ်မှတ်ကို ထိမထိ မသေချာပေ။ သူသည် တိကျန်းနှင့် တွေ့ချိန်မှစပြီး ထိုလူ၏အရှိန်သည် သတ်မှတ်ထားသည့်အမြင့်အထိ ရောက်နိုင်ကြောင်း အတည်ပြုပြီးနောက် မြားကို ရှောင်ရန်ဖြစ်နိုင်ချေရှိသည့် လူတစ်ယောက်၏အရှိန်ကို ကြမ်းတမ်းခက်ထန်သားရဲ၏ အရှိန်နှင့် ဘယ်တော့မှ မနှိုင်းယှဉ်နိုင်။ အထူးသဖြင့် အရှိန်အထူးပြု တိကျန်းကဲ့သို့ အကောင်မျိုးနှင့်ဖြစ်သည်။

စွမ်းအင်များသည် ဝေဟင်ကို ဖြတ်ကျော်လျက် နှမ်းစေ့အရွယ်အစားသာ မြင်ရတော့သည့် အကွာအဝေးတစ်ခုသို့ ရောက်သောအခါ အနက်ရောင်အစက်အပျောက်အဖြစ်ပြောင်းသွားကာ နှမ်းစေ့အရွယ်အစားအဖြစ်သာ မြင်ရတော့သည်။

အသက်သုံးရှိုက်စာ၊ လေးရှိုက်စာကြာညောင်းပြီးနောက် စွမ်းအင်မြားသည် အနက်ရောင်အစက်ကို ထိမှန်သွား၏။ စွမ်းအင်မြားသည် ဝေဟင်ကိုဖြတ်ကျော်လျက် နှမ်းစေ့အရွယ်အစားခန့်သာရှိသည့် အနက်ရောင်အစက်ဆီသို့ ထိမှန်သွား၏။ စွမ်းအင်မြားသည် အဝေးရှိ အနက်ရောင်အစက်ဆီသို့ ပျံသန်းသွားသည်။ အသက်သုံးရှိုက်စာ၊ လေးရှိုက်စာကြာညောင်းပြီးနောက် စွမ်းအင်မြားသည် အနက်ရောင်အစက်ကို ထိမှန်သွားတော့သည်။

အကွာအဝေးကြောင့် လုကျိုးသည် အပြာရောင်နှင့် အနက်ရောင်အလင်း၏ပေါက်ကွဲမှုကိုသာ တွေ့မြင်ရသည်။

“အပြာရောင်အလင်း” လုကျိုးသည် ယခင်ကထက်ပိုသိသာသော အထွတ်အထိပ်ဆန်းကြယ် စွမ်းအားကို တွေ့လိုက်ရသည်။ ဆိုရလျှင် သူသည် ဤမျှများပြားသည့် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို တစ်ခါတည်းအသုံးပြုတာ ပထမဆုံးအကြိမ်ဖြစ်သည်။

“တင်း ... မွေးဖွားဇယားချပ်တစ်ခုဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၆၀၀၀”

လုကျိုးသည် အမည်မဲ့ကို သိမ်းလျက်ပြောလိုက်တော့၏။ “ငါ ပြန်လာခဲ့မယ်”

ကျောင်းယွဲ့က အရိုအသေပေးလိုက်သည်။ “ဂရုစိုက်ပါ ရှစ်စွင်း”

လုကျိုးသည် သူ၏မဟာနည်းစနစ်ကို ထုတ်ဖော်ပြီးနောက် အဝေးသို့ပျံသန်းသွား၏။ ဒဏ်ရာရနေသော ဝူချောင်သည် လွတ်မြောက်မှာ မဟုတ်ပေ။ သူ့၌ မွေးဖွားဇယားချပ်စွမ်းအား သိပ်မကျန်လျှင်တောင် သူသည် ကိုယ်ပိုင်ခွန်အားဖြင့် ဝူချောင်ကို ဖမ်းနိုင်သေးသည်။

မကြာမီ၌ လုကျိုးသည် ဝူချောင်ပစ်ချခံရသည့် နေရာသို့ရောက်လာ၏။ ဝူချောင်၏ အရိပ်အယောင် မရှိပေ။ သူသည် မတ်စောက်သည့်သိပ်သည်းသော တောအုပ်ထဲသို့ ပြုတ်ကျသွားတာဖြစ်သည်။ ထိုတောင်ပေါ်၌ တောရိုင်းတိရစ္တာန်များ ပြေးလွှားနေကြသည်။

သူက မြေပြင်ပေါ်မဆင်းသက်ခင် တစ်ချက်ခန့်နားလိုက်ပြီးနောက် သင့်တင့်သော အရှိန်ဖြင့် ရှေ့သို့ ပျံသန်းသွားသည်။ သစ်ပင်တစ်ပင်ပြီးတစ်ပင်ကို ဖြတ်ကျော်သွား၏။

ကျွမ်းကျင်သူများနှင့်တိုက်ခိုက်ခြင်းနှင့် ယှဉ်လျှင် တောထဲ၌ လူရှာရခြင်းက ပိုခက်ခဲ၏။

အထွတ်အထိပ်ဆန်းကြယ်စွမ်းအားမရှိဘဲ သူသည် သူ၏အာရုံကိုသာ အားကိုးနိုင်သည်။ ဝူချောင်က သူ့ကိုယ်သူ ဖုံးကွယ်ရန် သို့မဟုတ် မြေအောက်ထဲ၌ ပုန်းကွယ်ရန် စုန်းအတတ်ကို အသုံးပြုခဲ့လျှင် လုကျိုးသည် သူ့ကိုရှာရန် ခက်ခဲလိမ့်မည်။

လုကျိုးက အနောက်အရပ်ဆီသို့ ဆက်သွားလိုက်၏။ တောအုပ်က တိတ်ဆိတ်နေပြီး ဝူချောင်၏ ခြောရာလက်ရာမရှိပေ။

ရုတ်တရက် သူက ခေါင်းမော့ပြီး ဝေဟင်ကို ကြည့်လိုက်၏။

ဘီး

သူ၏လက်ဖဝါးတွင် ရွှေရောင်ကြယ်တာရာဒိုင်ခွက်က ပေါ်လာပြီးနောက် ၎င်းကို လေထဲပစ်တင်လိုက်၏။ ကြယ်တာရာဒိုင်ခွက်သည် ရုတ်တရက် အရွယ်အစားကြီးမားလာသည်။ အချင်းမီတာအနည်းငယ်ကနေ လျင်မြန်စွာကြီးလာ၏။

မီတာ ၂၀

ဘန်း ဘန်း ဘန်း

တောအုပ်ထဲရှိ သစ်ပင်များသည် ကြယ်တာရာဒိုင်ခွက်ကြောင့် လဲကျသွား၏။

မီတာ ၅၀

မီတာ ၁၀၀

၎င်းသည် အချင်းမီတာ ၁၀၀၀ ဖြစ်သည်အထိ ဆက်လက်ကြီးထွားနေ၏။

၎င်း၏ အကျယ်အဝန်းအတွင်းရှိ အရာအားလုံးပြားကပ်ကုန်သည်။

တောင်တန်းများ၊ ကျောက်ဆောင်များ၊ သားရဲများနှင့် ငှက်များတောင် အဖျက်စွမ်းအားကို ခံစားလိုက်ရသည်။

လုကျိုးက လက်သီးကျစ်ကျစ်ဆုပ်လိုက်၏။

ကြယ်တာရာဒိုင်ခွက်သည် ကျုံ့သွားပြီးနောက် သူ၏လက်ထဲ ပြန်ရောက်လာသည်။

ယင်းသည် ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်နှင့် တိုက်ခိုက်ရန် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။

ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်များကို သုံးပိုင်းခွဲခြားနိုင်၏။ ကြယ်တာရာဒိုင်ခွက်၊ ခန္ဓာနှင့် ကြာပွင့်ပဲဖြစ်သည်။ အစိတ်အပိုင်းတိုင်းကို သီးခြားအသုံးပြုနိုင်သည်။ ကြာပွင့်သည် ကြာပလင်နှင့် မွေးဖွားနန်းဆောင်ကို ကာကွယ်ထားသောကြောင့် လူအများစုသည် ၎င်းကို ပုံမှန်ဆို သုံးလေ့မရှိပေ။ အစိတ်အပိုင်းသုံးခု၌ အကောင်းဆုံးမှာ ကြယ်တာရာဒိုင်ခွက်ဆိုတာ သံသယဖြစ်ဖွယ်မရှိ။ ယင်းက ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်နှင့် ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု ကြား ကွာဟချက်များထဲမှ တစ်ခုဖြစ်သည်။

ကြာပွင့်အောက်ခြေနှင့်ဆင်တူ ကြယ်တာရာဒိုင်ခွက်အောက်ခြေ၏နောက်ကျောက မဟာခုခံခြင်း ခွန်အားကို ပိုင်ဆိုင်ထားသည်။ ၎င်း၏ခွန်အားက ကျင့်ကြံဆင့်နှင့်အတူ တစ်ပါတည်းတိုးလာသည်။

သို့သော် ကြယ်တာရာဒိုင်ခွက်များကြား ကွာဟချက်ကလည်း အလွန်မကြီးမားပေ။ ဘုံတစ်ထောင်လေပွေ သိုင်းပညာရှင်ကြား တိုက်ပွဲတစ်ပွဲဖြစ်ပွားခဲ့လျှင် အနိုင်ရသူကို မွေးဖွားဇယားချပ်နှင့် လက်နက်က ဆုံးဖြတ်ပေးဦးမှာပဲဖြစ်သည်။

တောအုပ်က တိတ်ဆိတ်နေပြီး ဝူချောင်၏လက္ခဏာမရှိသေးပေ။

လုကျိုးက ပေါ့ပေါ့ပါးပါးပြောလိုက်၏။

“မင်း ပုန်းနေတာကြောင့် မင်းကို ရှာမတွေ့ဘူးလို့ ထင်နေလား”

သူသည် မီတာ ၁၀၀အထိ ပျံသန်းသွားလျက် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။

“လိမ်လိမ်မာမာ ထွက်ပြီးအညံ့ခံလိုက်။ မင်းကို အလောင်းအပြည့်ထားရင် ထားပေးမယ်”

သူ၏အသံသည် နေရာအနှံ့ပဲ့တင်သံထွက်သွားစေသော မုန်တိုင်းတစ်ခုပမာဖြစ်နေသည်။

မီတာ ၁၀၀၀ကျော်အကွာရှိ ငှက်များနှင့် သားရဲများသည် တကွဲတပြားဆီ ထွက်ပြေးကုန်၏။

လုကျိုးသည် မလှုပ်ရှားခဲ့ပေ။ ဝူချောင်သည် မီတာ ၁၀၀၀အတွင်း ပုန်းနေတာ သေချာ၏။ သူ၏မြားကြောင့် ဝူချောင်သည် ဒဏ်ရာရတာဖြစ်သည်။

“မင်း ထွက်မလာရင် မင်းကို မြေမြုပ်ပစ်ပြီး မင်းကို ထွက်မလာနိုင်အောင် လုပ်ပစ်မယ်”

သူ၏လက်ဖဝါးကို ထပ်မြှောက်လိုက်သည်။

“ချုပ်နှောင်ရေးစည်းတံဆိပ်”

အနက်ရောင်လှောင်ချိုင့်သည် သူ၏လက်ဖဝါးထဲ၌ ပေါ်လာပြီး ၎င်းကို လေထဲပစ်လွှတ်လိုက်၏။

ရုတ်တရက် ၎င်းက ကြီးမားလာပြီး ကောင်းကင်ကို အနက်ရောင်တောင်တန်းပမာ လွှမ်းခြုံသွားလေ၏။ ၎င်း၏ အကြီးဆုံးအရွယ်အစားက လွှမ်းမိုးအဆင့်တွင်ရှိသည်။ ချုပ်နှောင်ရေးစည်းတံဆိပ်က မြေပြင်ကို ထိမှန်တော့မည့်အချိန်တွင် အဝေးကနေ အသံတစ်သံပေါ်ထွက်လာ၏။ “မိတ်ဆွေ”

လုကျိုးသည် ဖြည်းဖြည်းချင်း လှည့်လိုက်ပြီး အသံလာရာဖက်ကို ကြည့်လိုက်သည်။ ထိုအသံက တစ်ခုခု ထူးဆန်းနေ၏။ “ဘယ်သူလဲ”

“မိတ်ဆွေ ဒေါသထွက်နေဖို့ မလိုပါဘူး။ ဆင်းလာပြီး စကားကောင်းကောင်းပြောရအောင်လား” ထိုလူက စကားပြောသည့်အချိန်တွင် အသံက အေးဆေးဖြစ်နေပုံပေါ်၏။

ဤမျှအကွာအဝေးကနေ တစ်စုံတစ်ယောက်သည် သူ၏အသံကို မည်ကဲ့သို့ ကြည်လင်စွာ ပို့နိုင်မည်နည်း။

လုကျိုးသည် ချုပ်နှောင်ရေးစည်းတံဆိပ်ကို ဖယ်ရှားလျက် ဖြေးဖြေးချင်းဆင်းသက်လာသည်။

ဝှစ်

ထိုစဉ် အနက်ရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူက အဝေးကနေပျံသန်းလာပြီး သူ၏လှုပ်ရှားချိန်တွင် လေများကို ရစ်ဝဲလာစေ၏။ သူက မျက်နှာဖုံးဝတ်ထားပြီး သူ၏ခေါင်းပေါ်၌ ခေါင်းစွပ်ဝတ်ထားကာ မျက်လုံးသာမြင်ရစေ၏။

ဤလူသည် ဝတ်ရုံရှည်ဝတ်ထားသည့် အနက်ရောင်အစောင့်အရှောက်နှင့် ဆင်တူသည်ဟု တွေးလိုက်သည်။ ထိုလူ၏ကျင့်ကြံဆင့်ကို အာရုံခံမရပေ။ သို့သော် အလိုလိုသိစိတ်အရ ဝူကန်းဖိန်နှင့် အဆင့်တူသည့် ပညာရှင်တစ်ယောက်ဆိုတာ သူ့ကို ပြောပြနေ၏။ လက်ရှိ၌ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားနှင့် မွေးဖွားဇယားချပ်စွမ်းအားတို့ ကုန်သွားပြီဖြစ်သည်။ သူက အသုံးပစ္စည်းကတ်ကို အသုံးပြုနိုင်လျှင်တောင် အနိုင်ရဖို့ မလွယ်ကူပေ။ သူ့ရှေ့ရှိလူကို ကြည့်ပြီးပြောလိုက်သည်။ “ဝူချောင်က ခင်ဗျားဆီမှာလား”

ဝတ်ရုံနက်ကျင့်ကြံသူက ခေါင်းညိတ်ပြီးပြောလိုက်၏။ “ဝူချောင်ရဲ့မိတ်ဆွေပါ။ ခင်ဗျားကို ရန်စခဲ့မိရင် သူ့ကိုယ်စား တောင်းပန်ပါတယ်”

“ခင်ဗျားက မိတ်ဆွေဖွဲ့တဲ့နေရာမှာ ကောင်းကောင်းမသိတဲ့ပုံပဲ” လုကျိုးက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

“သူက အမိန့်လိုက်နာရုံပါပဲ။ သူ ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ ကိစ္စတွေရှိတယ်။ ကျုပ်ကို ထောက်ပြီး သူ့ကို အသက်ရှင်ခွင့်ပေးဖို့မျှော်လင့်ပါတယ်။ သူက မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီးပြီ။ သူ့ကို သတ်ဖို့ လိုအပ်လို့လား” ဝတ်ရုံနက်ကျင့်ကြံသူက မေးလိုက်၏။

လုကျိုးသည် ဝတ်ရုံနက်ကျင့်ကြံသူကို မျက်နှာသေဖြင့်ကြည့်ကာ ပြောလိုက်သည်။ "ခင်ဗျားကိုထောက်ပြီး သူ့ကို အသက်ရှင်ခွင့်ပေးရမှာလား။ ခင်ဗျားက ဘယ်သူလဲ။ ဘာကြောင့် ကျုပ်က ခင်ဗျားကို ထောက်ထားရမှာလဲ”

All Chapters