← Chapters

အခန်း (၉၅၈-၉၆၀)

Vol. 64 Ch. 958-960

အခန်း (၉၅၈-၉၆၀)

Vol. 64 Ch. 958-960

အခန်း (၉၅၈) ပြီးပြည့်စုံသည့် မဟာလေဟာနယ် အပိုင်း (၁)

ကြည့်ရတာ ဒီလူတွေက အသိစိတ်ရှိသေးတဲ့ပုံပဲ ...

လုကျိုးက လက်နောက်ပစ်လျက် တောင်ဘက် မျှော်နန်းဆောင်ဆီ ဦးတည်စဥ် ကျောင်းယွဲ့ကလည်း နောက်မှလိုက်ပါလာသည်။

အရှေ့ဘက် မျှော်နန်းဆောင် အပြင်ဘက်တွင် ရိုရိုကျိုးကျိုး စောင့်ဆိုင်းနေသည့် ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့ကလည်း သူတို့နောက်မှ လိုက်ပါလာသည်။

လုကျိုးက အချိန်တော်ကြာ ဝေးကွာနေသည့် ရွှေနန်းဥယျာဥ်တောင်ကို ကြည့်မိသွား၏။ လေးဘက်လေးတန်တွင် ဝန်းရံလျက်ရှိသည့် သစ်ပင်များက စိမ်းလန်းစိုပြည်လျက် ရှိသည်။ သူတို့က အကာအရံကို ထိလုမတတ် မြင့်မားနေပြီး သူတို့၏ အရွက်များက တောင်နှင့် မြစ်မှ လေဟုန်ကြောင့် တည်ငြိမ်သည့် အသံတစ်သံကို ဖန်တီးပေးနေသည်။

နောက်ဆုံးတွင် လုကျိုးက တောင်ဘက် မျှော်နန်းဆောင်ဆီ ရောက်ရှိလာသည့်အခါ ပစ္စည်းများကို သိမ်းပြီးပြီဖြစ်သည့် ရှန်ရှီနှင့် လီရှောင်မော့ကို မြင်လိုက်ရသည်။

၂ဦးသားက သူတို့၏ အနက်ရောင် ချပ်ဝတ်များကို ဝတ်ဆင်ထားခြင်း မရှိဘဲ ပုံမှန်ဝတ်စုံသာ ဝတ်ဆင်ထားကြ၏။ သို့သော်လည်း သူတို့၏ ပုံစံက ကျင့်ကြံသူဖြစ်သည့် အချက်ကို သွေဖယ်နေလေသည်။ သူတို့က လုကျိုးကို မြင်သည့်အခါ တစ်ပြိုင်နက် ဦးညွတ်ကာ နှုတ်ဆက်လိုက်ကြ၏။

“မျှော်နန်းသခင်ကို ဂါရဝပြုပါတယ်”

လုကျိုးက မေးလိုက်၏။

“မင်းတို့တွေ ထွက်သွားမှာလား”

“မိစ္ဆာဝေဟင်မျှော်နန်းကိုပါ မပတ်သက်စေချင်ပါဘူး။ ဒီတံဆိပ်ကို ဖယ်ရှားနိုင်မယ်လို့ မျှော်လင့်ထားပေမဲ့ ဒီလောက်ကြီး ခက်ခဲလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။ ကြည့်ရတာ ဒါကျုပ်တို့ရဲ့ ကံကြမ္မာပဲ ထင်ပါတယ်။ ကျုပ်တို့ ထွက်သွားတာ အကောင်းဆုံးပါပဲ” ရှန်ရှီက ပြောလိုက်၏။

ထိုစကားများကို ကြားကာ လုကျိုးက အသံမြှင့်ကာ ပြောလိုက်သည်။

“မသိတတ်လိုက်တာ”

ရှန်ရှီနှင့် လီရှောင်မော့တို့က တုံ့ဆိုင်းသွားကာ ချက်ချင်းဆိုသလို ဒူးထောက်လိုက်ကြသည်။

“ဒါက ကျွန်တော်တို့ ရည်ရွယ်ချက် မဟုတ်ပါဘူး”

လုကျိုးက ဖြတ်ပြောလိုက်သည်။

“ငါ ရှင်းအောင် ပြောပြီးသား။ မင်းတို့တွေ မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ရောက်ကတည်းက မင်းတို့ရဲ့ အသက်အပါအဝင် အားလုံးက ငါ့ရဲ့ ဆုံးဖြတ်မှုကို ခံရမယ်။ မိစ္ဆာဝေဟင်မျှော်နန်းက မင်း လာချင်တိုင်းလာ သွားချင်တိုင်းသွားလို့ရတဲ့ နေရာများ မှတ်နေလား”

အစောပိုင်းတွင် ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က ထိုသူ ၂ဦးသည် မိစ္ဆာဝေဟင်မျှော်နန်းကို ပါဝင်ပတ်သက်မည်ကို စိုးရိမ်မိ၍ ထွက်သွားဖို့ ရွေးချယ်ခဲ့သည့်အတွက် အနည်းငယ် အံ့အားသင့်နေမိသည်။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်း၏ စည်းမျဉ်းများကို မေ့လျော့နေခဲ့မိ၏။

၂ဦးသားက ခေါင်းငုံ့ကာ ပြောလိုက်သည်။

“ကျွန်တော် မှားသွားပါတယ်။ ကျွန်တော်အမှားအတွက် အပြင်းအထန် အပြစ်ပေးနိုင်ပါတယ်”

ဖန်ကျုံးက အံ့အားသင့်သွားလေ၏။

အပြင်းအထန် ပြစ်ဒဏ်ပေးတဲ့လား။ ဒီလိုမျိုး သဘောထားမျိုးက ဒီဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူ ၂ယောက်က မျှော်နန်းသခင် ရှေ့မှာ အတော်လေးကို နာခံတာပဲ ...

လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်သည်။

“မင်းတို့ရဲ့ ရည်ရွယ်ချက်က မဆိုးဘူးဆိုတော့ ဒီတစ်ခါတော့ သက်ညှာပေးလိုက်မယ်”

“မျှော်နန်းသခင်ကို ကျေးဇူးတင်ပါတယ်” ရှန်ရှီနဲ့ လီရှောင်မော့တို့က တစ်ပြိုင်နက် ပြောလိုက်ကြသည်။

ထို့နောက် လုကျိုးက ပြောလိုက်၏။

“မင်းတို့ရဲ့ အနက်ရောင်ကြာ တံဆိပ်ကို ကြည့်ရအောင်”

“ဟုတ်ကဲ့”

ရှန်ရှီက သူ့ဝတ်ရုံကို ချွတ်ကာ ရင်ဘတ်မှ အနက်ရောင်ကြာ တံဆိပ်ကို ထုတ်ဖော်ပြသလိုက်သည်။

ယခင်နှင့် ယှဥ်လိုက်လျှင် အနက်ရောင်ကြာ အမှတ်တံဆိပ်က ပို၍ မဲနေလေ၏။ တစ်စုံတစ်ယောက်က စုတ်တံဖြင့် ဆေးခြယ်ထားသည့်အလား ဖြစ်နေသည်။

“မလှုပ်နဲ့” လုကျိုးက လက်မြှောက်ကာ ကောင်းကင်ကျမ်းမှ ကုသခြင်းစွမ်းအားအတွက် မန္တန်ကို ရွတ်ဖတ်လိုက်သည်။ ခဏအကြာတွင် သူ့လက်ဖဝါးအထက် အပြာရောင်ကြာပွင့်တစ်ခု ထွက်ပေါ်လာ၏။

သူ့ထူးခြားအံ့ဖွယ်စွမ်းအားက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားအဖြစ် ဆင့်ကဲပြောင်းလဲလာကတည်းက ကုသရေးစွမ်းအားကို စမ်းကြည့်ဖို့ အခွင့်အရေး မရခဲ့သေးပေ။ ယခုအခါ ကုသရေးစွမ်းအား၏ အပြောင်းအလဲများကို မြင်နိုင်ဖို့ စမ်းကြည့်ဖို့ရာ အခွင့်ရေးကောင်းတစ်ခု ဖြစ်၏။

ထိုစဥ် ရှန်ရှီနှင့် လီရှောင်မော့တို့က အပြာရောင်ကြာကြောင့် အံ့အားသင့်နေကြသည်။ ယခင်တိုက်ပွဲအတွင်း သူတို့က အပြာရောင် အလင်းကို မြင်တွေ့ခဲ့ရသော်လည်း လက်နက်တစ်ခုဆီမှဟုသာ ထင်မှတ်ခဲ့ကြသည်။ ယခုအခါ သူတို့ ယခင်မြင်တွေ့ဖူးသည့် အပြာရောင် အလင်း၏ အရင်းအမြစ်ကို မြင်တွေ့ရသည့်အခါ မည်သို့မအံ့သြဘဲ နေမည်နည်း။

မိစ္ဆာဝေဟင်မျှော်နန်းက လူများ၏ နားလည်နိုင်စွမ်းအထက် ကျော်လွန်နေသည်မှာ ထူးဆန်းဖွယ် မရှိတော့ပေ။ ဖြစ်ချင်တော့ အပြာရောင်ကြာနယ်မြေမှ သခင်ကြီးက ရွှေကြာနယ်မြေ၏ မိစ္ဆာဝေဟင်မျှော်နန်းအတွင်း ရှိနေသည် မဟုတ်ပါလော။

အပြာရောင်ကြာက ရှန်ရှီပေါ် ကျရောက်လာသည့်အခါ အေးစက်စက် ခံစားချက်က သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားလေသည်။ အထွတ်အထိပ် ဆန်းကြယ်စွမ်းအားက သူ့ခန္ဓာကိုယ်ထဲ ကျူးကျော်ဝင်ရောက်ကာ စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ထဲ ဝင်ရောက်သွားပြီး ချီသွေးကြော ၈ခုမှတစ်ဆင့် စီးဆင်းသွားသည့်အတွက် တုန်တုန်ယင်ယင်ဖြစ်သွားလေ၏။

ထိုစဥ် အနက်ရောင်ကြာတံဆိပ်မှ စွမ်းအားများသည် သဘာဝရန်သူနှင့် တွေ့သည့်အလား ဖြစ်နေလေ၏။ ထိုအရာက အားနည်းစွာ ခုခံလာပြီးသည့်နောက်တွင် ဖြည်းဖြည်းချင်း ကျုံ့သွားလေသည်။

၁၅မိနစ် ကြာမြင့်ပြီးသည့်နောက်တွင် အပြာရောင်ကြာဆီမှ စွမ်းအားက ပျောက်ကွယ်သွား၏။ သို့သော်လည်း အနက်ရောင်ကြာ တံဆိပ်က ရှန်ရှီ၏ ရင်ဘတ်အပေါ်တွင် ရှိနေဆဲဖြစ်သည်။

လုကျိုးက မျက်မှောင်ကြုတ်ကာ

“ ဇွတ်တရွတ်နိုင်လိုက်တာ”

အနက်ရောင်ကြာ အမှတ်တံဆိပ်က အပြီးတိုင် ပျောက်ကွယ်မသွားသေးသည့်သော်လည်း တစ်ဝက်မျှ မှေးမှိန်သွားလေသည်။ သို့သော်လည်း လုကျိုးက ရလဒ်နှင့် ပတ်သက်ပြီး မကျေနပ်ပေ။

ရှန်ရှီကမူ ရလဒ်နှင့် ပတ်သက်ပြီး စိတ်အေးသွားမိ၏။ သူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“အလုပ်ဖြစ်တယ်လား။ အနက်ရောင်တံဆိပ်က အတော်လေးကို လျော့သွားပြီ”

“အပြည့်အဝ ပျောက်သွားတာတော့ မဟုတ်သေးဘူး။ ထပ်စမ်းကြည့်ရအောင်” လုကျိုးက ပြောလိုက်သည်။

“ဟုတ်ကဲ့”

ရှန်ရှီက လုကျိုးရှေ့တွင် နာနာခံခံ ရပ်နေပြီး လုကျိုးက နောက်ထပ် အပြာရောင်ကြာပွင့်တစ်ခုကို ထုတ်လွှင့်လာသည်။

လုကျိုးက ဤတစ်ကြိမ်တွင် အထွတ်အထိပ် ဆန်းကြယ်စွမ်းအား အများအပြားကို ထုတ်သုံးထား၏။

အပြာရောင်ကြာက သလင်းကျောက်လိုမျိုး ကြည်လင်နေပြီး အရောင်က နေသာနေသည့်အရပ်တွင် ကောင်းကင်အရောင်လိုမျိုး ဖြစ်နေသည်။ ထိုအရာက ကြီးကျယ်ခမ်းနားကာ လျှို့ဝှက်ဆန်းကြယ်လှ၏။

အပြာရောင်ကြာကို ကြည့်သည့်အခါ စကြဝဠာတစ်ခုလုံးကို မြင်တွေ့နေရသလိုမျိုး ခံစားနေရသည်။ လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားတစ်ခုက သူ့ကို ဆွဲခေါ်သွားလေ၏။

ထိုစဥျ

ဝှစ်

အနက်ရောင်ကြာ တံဆိပ်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။

...

တစ်ချိန်တည်းဆိုသလို အနက်ရောင်မျှော်စင် အဖွဲ့အစည်း၏ ခန်းမတစ်ခုအတွင်း

အသက် ၆၀နီးပါးရှိသည့် ဆံပင်ဖရိုဖရဲနှင့် လူအိုကြီးတစ်ဦးက မျက်လုံးကို ဖွင့်မလာခင် ညည်းတွားလိုက်ရသည်။ သူက လက်ကို မြှောက်ကာ ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။

“တစ်ယောက်ယောက်က ငါ့ရဲ့ အနက်ရောင်ကြာ တံဆိပ်ကို ဖျောက်ဖျက်လိုက်တာလား”

သူ့နဖူးအထက် ချွေးစေးများ ထွက်လာကာ မျက်မှောင်ကြုတ်လိုက်မိပြီး မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ရှန်ရှီ မင်းက အနက်ရောင်မျှော်စင် အဖွဲ့အစည်းကနေ ထွက်သွားရဲတာ မဆန်းတော့ပါဘူး။ မင်းက နောင်အနာဂတ်မှာ ငါနဲ့ မတွေ့ဖို့သာ ဆုတောင်းနေ”

ထိုသို့ ပြောပြီးသည့်နောက်တွင် လူအိုကြီးက နောက်ထပ် လက်ဟန်တချို့ကို ပြုလုပ်လိုက်သည်။ သိပ်မကြာခင် သူ့လက်အထက် အနက်ရောင်ကြာတစ်ခု ထွက်ပေါ်လာ၏။ သို့သော်လည်း ထိုအရာက သူ့လက်မှ ထွက်သွားသည်နှင့် ချက်ချင်းဆိုသလို ကြေမွသွားကာ ပျောက်ကွယ်သွားသည်။

...

တစ်ချိန်တည်းဆိုသလို မိစ္ဆာဝေဟင်မျှော်နန်းအတွင်း

လုကျိုးက လီရှောင်မော့အတွက် အနက်ရောင်ကြာတံဆိပ်ကို ဖျောက်ဖျက်တော့မည့်ဆဲဆဲတွင် သူ့ရင်ဘတ်ပေါ်ရှိ အနက်ရောင်ကြာတံဆိပ်က အားလုံးရှေ့မှောက်တွင် ပျောက်ကွယ်သွားလေ၏။

“ဒါက ... “ လီရှောင်မော့က အံ့အားသင့်သွားလေသည်။

တစ်ဖက်တွင် ရှန်ရှီက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

“သူက ဆုံးရှုံးထားပြီဆိုတော့ ဒုတိယအကြိမ် မခံစားရအောင် ကြိုတင်ကာကွယ်လိုက်တာပဲ”

လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်သည်။ အနက်ရောင် တံဆိပ်က စုန်းအတတ် စည်းတံဆိပ်နှင့် တူညီလေသည်။ ထိုစည်းတံဆိပ်များက မိုင်ထောင်ချီ ဝေးကွာနေသည့် လူကို နောက်ယောင်ခံဖို့ အသုံးပြုနိုင်လေ၏။ သို့သော်လည်း ထိုစည်းတံဆိပ်က ချိုးဖောက်ခံရသည့်အခါ ဖန်တီးသူကို တန်ပြန်သက်ရောက်မှု ခံစားရစေလိမ့်မည်။ အနက်ရောင်ကြာတံဆိပ်ကို ဖန်တီးထားသည့်သူက ရှန်ရှီ၏ တံဆိပ်္ကို ဖျက်ဆီးပြီးသည့်နောက်တွင် တန်ပြန်သက်ရောက်မှုကို ခံစားရပြီးသည် ဖြစ်သည့်အတွက် လီရှောင်မော့ဆီမှ တံဆိပ်ကို မဖယ်ခဲ့လျှင် တုံးအခြင်းသာ ဖြစ်နေလေ၏။

ထိုစဥ် ရှန်ရှီနှင့် လီရှောင်မော့တို့က အချင်းချင်း အကြည့်ဖလှယ်ကာ ဒူးထောက်လိုက်ကြသည်။ ထို့နောက် ရှန်ရှီက အလျင်အမြန် အလေးအနက် ပြောလိုက်သည်။

“ကျုပ်တို့ အသက်ကို ကယ်တဲ့အတွက် မျှော်နန်းသခင်ကို ကျေးဇူးတင်ပါတယ်။ အခုကစပြီး ကျုပ်နဲ့ ကျုပ်ညီရဲ့ အသက်က မျှော်နန်းသခင်ရဲ့ အပိုင်ပါပဲ”

လုကျိုးက ပြောလိုက်သည်။

“မင်းရဲ့ ကတိကို သေချာမှတ်ထား”

၂ဦးသားက ဆက်မပြောတော့ပေ။ ထိုအစား သူတို့က လုကျိုးကို ရိုရိုကျိုးကျိုး ဝပ်တွားလိုက်ကြသည်။

“ထကြပါ”

“ဟုတ်ကဲ့”

လုကျိုးက သူတို့ ၂ယောက်၏ သစ္စာရှိမှုကို စစ်ဆေးကြည့်လိုက်သည့်အခါ ၂၀ရာခိုင်နှုန်း တိုးမြင့်လာသည်ကို မြင်လိုက်ရ၏။ ထိုအရာများဖြင့် စနစ်မှ ပြသထားသည့် သတင်းအချက်အလက်တချို့ကို မြင်လိုက်ရသည်။

နာမည် - ရှန်ရှီ

ဇာစ်မြစ် - မဟာယွမ် တိုင်းသူပြည်သား

ကျင့်ကြံဆင့် - လျှို့ဝှက်ဆန်းကြယ်အဆင့်

...

နာမည် - လီရှောင်မော့

ဇာစ်မြစ် - မဟာယွမ် တိုင်းသူပြည်သား

ကျင့်ကြံဆင့် - လျှို့ဝှက်ဆန်းကြယ်အဆင့်

...

သူတို့၏ ဇာစ်မြစ်များက လုကျိုး၏ အာရုံကို ဖမ်းစားသွားခဲ့လေ၏။ မဟာယွမ်က အနက်ရောင်ကြာနယ်မြေတွင် ယေဘုယျနာမည်တစ်ခု ဖြစ်နေနိုင်သည်။ ထိုသူက အနက်ရောင်ကြာနယ်မြေ အကြောင်းများများစားစား မသိသည့်အတွက် ရှန်ရှီဆီမှ သင်ယူဖို့ အခွင့်ကောင်း ယူနိုင်သည်။

ထိုစဥ် ရှန်ရှီက အရင်ဦးစွာ ပြောလာလေ၏။

“မျှော်နန်းသခင် ပဉ္စမ သခင်မလေးရဲ့ မဟာလေဟာနယ် စွမ်းအားကို ပြန်ယူဖို့ အစီအရင် ခင်းကျင်းပေးနိုင်ပါတယ်။ ကျုပ်တို့တွေ မြန်မြန်ပြန်ယူတာ အကောင်းဆုံးပဲ။ ဒါက ကျင့်ကြံသူတွေအတွက် အတော်လေး အကျိုးရှိတာဆိုတော့ နည်းနည်းလေး နှောင့်နှေးနေလို့တောင် မဖြစ်ဘူး”

“မင်းက ယုံကြည်ချက်ရှိလား” လုကျိုးက မေးလိုက်သည်။

“ဟုတ်ကဲ့ အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းက မွေးဖွားဇယားချပ် သားရဲတွေနဲ့ အသက်ဓာတ် နှလုံးသားနဲ့ ပတ်သက်ပြီး ပဋိပက္ခအများကြီး ရှိခဲ့တယ်။ တချို့အသက်ဓာတ် နှလုံးသားတွေက တိုက်ခိုက်မှုတွေထဲမှာ အသက်ဓာတ် နှလုံးသားတွေ ထိခိုက်တာ ရှောင်လွဲလို့ မရဘူးလေ။ အသက်ဓာတ် နှလုံးသား ပျက်စီးသွားတာနဲ့ သူတို့တွေကို ပြန်လည်သန့်စင်ပြီးတော့ သူတို့ရဲ့ စွမ်းအားတွေကို ချက်ချင်းထုတ်ယူရတယ်။ ကျုပ်က အဲဒါနဲ့ ပတ်သက်ပြီး အတွေ့အကြုံ အများကြီး ရှိတယ်။ မဟာလေဟာနယ် စွမ်းအားကို ထုတ်ယူဖို့က အရမ်းကြီး ခက်ခဲမှာ မဟုတ်ပါဘူး”

လီရှောင်မော့က ခေါင်းညိတ်ကာ ဝင်ပြောလိုက်သည်။

“မျှော်နန်းသခင် မသိလို့ပါ။ အစ်ကိုရှန်က အသက်ဓာတ် နှလုံးသားဆီကနေ စွမ်းအားထုတ်ယူတဲ့ နေရာမှာ အတော်ဆုံးပဲ။ သူက ဒုတိယလို့ ပြောရင် ဘယ်သူကမှ ပထမနေရာကို ယူရဲမှာ မဟုတ်ဘူး။ အသက်ဓာတ် နှလုံးသား ဖယ်ရှားရာမှာ မတိကျရင် တခြားအတားအဆီးတွေ ရှိလာပြီးတော့ ပျက်စီးသွားနိုင်တယ်။ အဲဒီအချိန်ကျရင် အသက်ဓာတ် နှလုံးသားထဲက စွမ်းအားတွေကို ချက်ချင်းထုတ်ယူရတယ်”

လုကျိုးက ထို ၂ဦးကို ကြည့်လိုက်၏။ သူတို့ ၂ဦးက ဗဟုသုတ ကြွယ်ဝကာ အရည်အချင်း ရှိနေလေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

သူက ရတနာကောက်ယူခဲ့မိတာလား။

ရှန်ရှီက အပိုမပြောဘဲ နှိမ့်ချစွာ ပြောလိုက်သည်။

“ရှောင်မော့ မျှော်နန်းသခင်ရှေ့မှာ အဲဒီလိုတွေ မပြောနဲ့လေ။ ဒါက သေးနုပ်တဲ့ အရည်အချင်းလေးပါပဲ။ အကောင်းဆုံးလို့ မပြောရဲပါဘူး”

လီရှောင်မော့က ခေါင်းငုံ့ထားလိုက်၏။

လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အားလုံးက ကိုယ့်အားသန်ရာကို ရှိကြတာပဲ။ တကယ်လို့ မင်းက အရည်အချင်း ရှိရင် ကြွားဝါလို့လည်း ဘာမှမဖြစ်ပါဘူး”

“ကျုပ် အကောင်းဆုံး လုပ်ပါ့မယ်။ ဒါပေမဲ့ အဲဒီဖြစ်စဥ်အတွင်းမှာ အဲဒီအမျိုးသမီး လျန်ရှင်းကတော့ အသက်မရှင်နိုင်လောက်ဘူး” ရှန်ရှီက ပြောလိုက်သည်။

…

အခန်း (၉၅၉) ပြီးပြည့်စုံသည့် မဟာလေဟာနယ် အပိုင်း (၂)

“သူ အသက်ရှင်မရှင်က ငါနဲ့ ဘာမှမဆိုင်ဘူး” လုကျိုးသည် ထိုသို့ပြောပြီးနောက် လက်နောက်ပစ်လျက် ထွက်သွားတော့သည်။ သူသည် ကံစမ်းမဲထပ်နှိုက်ဖို့ စဉ်းစားနေတာဖြစ်သည်။ နောက်ထပ် အထွတ်အထိပ်အသွင်ကတ်တစ်ကတ် သူ ရလောက်၏။

ရှန်ရှီက ဦးညွှတ်လျက်ပြောလိုက်သည်။

“ကျွန်တော် နားလည်ပါပြီ” လုကျိုး ထွက်သွားပြီးနောက် ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က မျက်နှာပေါ်တွင် ယဉ်ကျေးသောအပြုံးကို ဆင်မြန်းလျက် ရှန်ရှီနှင့် လီရှောင်မော့နား ကပ်လာ၏။

ဖန်ကျုံးက ပြောလိုက်သည်။ "ခင်ဗျားတို့တွေ မျှော်နန်းသခင်နဲ့တွေ့တာ ကံကောင်းတယ်။ နောင်ကျ မိစ္ဆာမျှော်နန်းကနေထွက်မယ့်အကြောင်း သတိလက်လွတ်မပြောနဲ့တော့”

လုကျိုးသည် အနက်ရောင်ကြာ တံဆိပ်ကို ဖယ်ရှားနိုင်လိမ့်မည်ဟု ရှန်ရှီ မထင်ထားပေ။ မည်သို့ပင်ဆိုစေ သူ ကံကောင်းသည်ဟု ခံစားမိသည်။

“မင်း သတိပေးတာ ကျေးဇူးပါပဲ။ တတ်နိုင်မယ်ဆိုရင် ကျုပ်ကို ပိုပြီးလမ်းညွှန်ပေးဖို့ မျှော်လင့်ပါတယ်။ မိစ္ဆာဝေဟင်မျှော်နန်းမှာ အာရုံစိုက်သင့်တာများရှိလား။"

မိစ္ဆာဝေဟင်မျှော်နန်းကို ပုံမှန်အခြေခံသဘောတရားဖြင့် ဆုံးဖြတ်၍မရမှန်း ရှန်ရှီသိနေသည်။ သူက သူ့ကိုယ်သူ သတိပေးနေသော်ငြား အမှားတစ်ခုလုပ်မိလုနီးပါး ဖြစ်ခဲ့သေးသည်။ သူ့ကို အတွေ့အကြုံရှိသည့် တစ်စုံတစ်ယောက်ကသာ လမ်းညွှန်ပေးမည်ဆိုပါက နောင်ကျ အမှားမလုပ်မဖို့ ရှောင်ရှားလိမ့်မည်။

ရှန်ရှီနှင့် လီရှောင်မော့က လမ်းညွှန်ပြသပေးရန် စိတ်ရင်းစစ်မှန်စွာ တောင်းခံနေတာပဲဖြစ်သည်။

ဖန်ကျုံးက ခေါင်းညိတ်လိုက်၏။ သူက သက်ပြင်းချကာ ပြောလိုက်တော့သည်။

“ကျုပ် မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ကာစက ဒုက္ခအတော်ခံလိုက်ရတယ်။ ဒါပေမဲ့ မိစ္ဆာဝေဟင်မျှော်နန်းမှာ နေတာ အချိန်ကြာလာတော့ အရေးကြီးတဲ့ ကောက်ချက်အချို့ ချခဲ့တယ်လေ။ ပထမတစ်ခုကတော့ မျှော်နန်းသခင်နဲ့သက်ဆိုင်တဲ့ ထူးဆန်းတဲ့ဖြစ်စဉ်အားလုံးကို ပုံမှန်လိုပဲ သဘောထား။ ဒုတိယတစ်ချက်က အခက်အခဲတွေ့တာနဲ့ တပည့်ဆယ်ယောက်ကို အကြံဉာဏ် သွားတောင်းလို့ရတယ်။ တတိယအချက်က တပည့်ဆယ်ယောက်လုံးရဲ့ စိတ်နေသဘောထားက ထူးဆန်းတယ်။ သူတို့နဲ့ ပြောဆိုဆက်ဆံနေရင် မှတ်ထားရမှာ တစ်ခုပဲရှိတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်မကြီးနဲ့"

ဖန်ကျုံးသည် ထိုစကားပြောပြီးနောက် ရယ်မောကာ ထပ်ပြောလိုက်သည်။

“ဒါတွေက ကျုပ်ရဲ့အတွေ့အကြုံပါပဲ။ ခင်ဗျား ကျုပ်ကို မရယ်ဖို့ မျှော်လင့်မိပါရဲ့”

ရှန်ရှီက ပြန်ပြောလိုက်သည်။

“မဟုတ်ဘူး မဟုတ်ဘူး။ မဟုတ်ဘူး ... ငါတို့ ညီအစ်ကိုနှစ်ယောက်က မင်း ငါတို့ကို အသိပညာ မျှဝေပေးတဲ့အတွက် ကျေးဇူးတင်နေတာ” ပြီးနောက် သူသည် လီရှောင်မော့ဖက်လှည့်ပြီး ပြောလိုက်သည်။ “ရှောင်မော့ ပြင်ဆင်ဖို့ ငါ့ကို ကူညီပေးဦး”

“ဟုတ်ပြီလေ”

ဖန်ကျုံးက ပြောလိုက်၏။ “အစောင့်ရှောက်ရှန် လိုအပ်တာရှိရင် ပြောဖို့ တွေဝေမနေပါနဲ့”

ရှန်ရှီကလည်း ဟိတ်ကြီးဟန်ကြီး လုပ်မနေတော့ဘဲ ပြောလိုက်တော့၏။

“ကျုပ် အဆောင်တွေလိုတယ်။ များလေကောင်းလေ”

“အစောင့်အရှောက်ရှန် ခင်ဗျားက ကွန်ဖြူးရှပ်ကျောင်းတော်ကလား”

“ကွန်ဖြူးရှပ်ကော တာအိုကော”

“ကျုပ် အထင်ကြီးမိပါတယ်။ အထင်ကြီးမိပါရဲ့။ လိုအပ်တာလေးတွေ သွားပြင်ဆင်လိုက်ဦးမယ်”

မွန်းတည့်ချိန်တွင် ဖြစ်သည်။

ရှန်ရှီနှင့် လီရှောင်မော့တို့သည် တောင်ဘက်မျှော်နန်းထဲရှိ ရင်ပြင်ပေါ်တွင် အစီအရင်တစ်ခု တည်ဆောက်ခဲ့သည်။ ကံကောင်းသည်မှာ သူတို့က ဤမတိုင်မှီ အဆောင်များစွာ စုဆောင်းခဲ့သောကြောင့်ဖြစ်သည်။

စုပ်ယူခြင်းအစီအရင်သည် အနက်ရောင်ကြာနယ်မြေမှ လာတာဖြစ်သည်။ တကယ်တော့ ယွီချန်းရှု၏ အလံကတောင် အနက်ရောင်ကြာနယ်မြေမှ လာတာဖြစ်၏။ အစီအရင်ကို တည်ဆောက်ရန် သူတို့သည် အလံကနေ မြေပြင်ဆီ ပြုပြင်မွန်းမံမှုအနည်းငယ်ဖြင့် စုပ်ယူမှုသဏ္ဌာန်များ ရေးဆွဲရန်လိုသည်။

အရှေ့ဖက်မျှော်နန်းထဲတွင် ဖြစ်သည်။

လုကျိုးသည် ကံစမ်းမဲ ဆက်မနှိုက်ခဲ့ပေ။ အခေါက်တိုင်းတွင် တူညီသည့် အသိပေးစာရပြီးနောက် ပျင်းရိလာတော့သည်။

ယခုအချိန်တွင် သူ၏ပထမတပည့်နှင့် ဒုတိယတပည့်အကြောင်း တွေးမိသွားသည်။ သူတို့၏ ကျင့်ကြံဆင့်သည် ပွင့်ချပ်ဆယ်လွှာအဆင့်သို့ ရောက်ပြီးဖြစ်သော်ငြား အနီရောင်ကြာနယ်မြေတွင် ပြိုင်ဖက်ကင်းမဟုတ်ပေ။ ထို့အပြင် အနက်ရောင်ကြာနယ်မြေမှ ကျင့်ကြံသူများလည်းရှိသည်။ အခြေအနေက သူတို့ပွင့်ချပ်ရှစ်လွှာအဆင့်တွင် ရှိစဉ်ကနှင့် ကွဲပြားနေတော့သည်။

ခဏအကြာတွင် သူ မျက်လုံးမှိတ်လျက် ကောင်းကင်ကျမ်းစာစွမ်းအားအတွက် ဂါထာကို တိတ်တဆိတ်ရွတ်ဆိုလိုက်သည်။

ကျယ်ဝန်းလှသော တောအုပ်ဟု ထင်ရသည့်နေရာပေါ်တွင် ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်က မြန်ဆန်သော အရှိန်ဖြင့် ပျံသန်းနေ၏။

ယွီကျန့်ဟိုင်က ပြောလိုက်သည်။ "ငါတို့ အလျင်စလိုထွက်လာတာ ရှစ်စွင်းရဲ့စီးတော်သားရဲတွေထဲက တစ်ကောင်ကို ငှားခဲ့သင့်တယ်”

ယွီရှန်းရုန်က ပြုံးလျက် ပြောလိုက်သည်။ "ကျိလျန်က အတော်ကောင်းတာပဲ”

“အဲ့ဒီမြင်းကို ငါ သဘောမကျဘူး။ ပျော့ပြီး အားနည်းတဲ့ပုံပဲ။ ရဲစွမ်းသတ္တိရှိပုံမပေါ်ဘူး” ယွီကျန့်ဟိုင်က ပြန်ပြောပြီး ခေါင်းခါလိုက်၏။

“ဒါဆို ရှစ်ရှိုးရဲ့ကွေ့နျိုကကော”

ယွီကျန့်ဟိုင်သည် ယွီရှန်းရုန်က ကွေ့နျိုအကြောင်းပြောတာ ကြားသောအခါ ခေါင်းခါပြီးပြောလိုက်၏။ "သူ သေလောက်ပြီထင်တယ်”

ထိုစကားများကို ကြားပြီးနောက် ယွီရှန်းရုန်သည် ကွေ့နျိုအကြောင်း ထပ်မပြောတော့ပေ။ ထိုအစား သူသည် အဝေးကို ကြည့်လိုက်၏။

နေရောင်သည် သူတို့ရှေ့ရှိ နေရာသို့ ရောက်နိုင်ပုံမပေါ်။ သူတို့အောက်ရှိတောအုပ်က စိမ်းစိုပြီး မျက်စိပဒသာရှိစေ၏။ သို့သော် ရှေ့ရှိနေရာကမူ မှုန်မှိုင်းနေသည်။ အချိန်မရွေး မိုးရွာသွန်းတော့မည့်ပုံ ဖြစ်နေ၏။ နေရာနှစ်ခုက ကွဲပြားနေတာ သိသာသည်။

“တောင်ဘက်တိုင်းပြည်က အရှေ့မှာ ဖြစ်လောက်တယ်” ယွီရှန်းရုန်က ပြောလိုက်၏။

ယွီကျန့်ဟိုင်ကလည်း ရယ်မောလိုက်တော့သည်။ “အဲဒါတောင်ဘက်တိုင်းပြည်ပဲကို များများစားစား မတွေးထားဘူး”

ယွီရှန်းရုန်သည် ယွီကျန့်ဟိုင်နှင့် စကားများမနေတော့ဘဲ လှစ်ကနဲ ရှေ့တိုးသွား၏။

ယွီကျန့်ဟိုင်က ပြောလိုက်သည်။ "ငါ မထွက်လာခင် ချီရှစ်တိက ငါ့ကို အသက်ဓာတ်နှလုံးသား ယူလာခိုင်းခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါကို သုံးဖို့ မရည်ရွယ်ထားဘူး။"

မကြာမီ၌ သူတို့နှစ်ယောက်သားသည် မှုန်မှိုင်းသော နေရာသို့ တိုးဝင်သွား၏။

လုကျိုးသည် သူ၏တပည့်ကြီးနှင့် ဒုတိယတပည့်ကို လေ့လာတာ ရပ်လိုက်သည်။ ထိုအစား သူ၏ အဋ္ဌမတပည့်ကို စစ်ဆေးလိုက်၏။

ယွီရှန်းရုန်နည်းတူ ကျူးဟုန်ကုန်းကလည်း ရွှေကြာဖြတ်တောက်ပြီးနောက် မွေးဖွားဇယားချပ် အသက်သွင်းရန် ပြဿနာကို ရင်ဆိုင်နေရသည်။ သို့သော် သူသည် ထိုအရာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပုံမရ။

တစ်ဖက်တွင်မူ လုလီသည် ပြဿနာကို အဖြေရှာဖို့ ကြိုးစားအားထုတ်နေရသည်။

လုကျိုးသည် ကောင်းကင်ကျမ်းစာ စွမ်းအားကို ဖြတ်တောက်လျက် သက်ပြင်းချလိုက်သည်။

“ကြာပွင့်မရှိဘဲ မွေးဖွားဇယားချပ်တစ်ခု အသက်သွင်းဖို့ ပြဿနာကို ငါ ဘယ်လိုဖြေရှင်းရမလဲ။"

နောက်နေ့မနက်တွင်ဖြစ်သည်။

လုကျိုးသည် သူ၏အထွတ်အထိပ် ဆန်းကြယ်စွမ်းအား ပြန်လည်ရရှိပြီးနောက် တောင်ဘက်မျှော်နန်းဆီသို့ သွားလိုက်သည်။

တောင်ဘက်မျှော်နန်းသည် ယနေ့မနက်၌ စည်ကားနေသည်။

လူတိုင်းသည် လုကျိုးကို တွေ့သောအခါ ဦးညွှတ်လျက် သူ့ကို ချက်ချင်းနှုတ်ခွန်းဆက်လိုက်ကြသည်။

“မျှော်နန်းသခင်”

လုကျိုးသည် အဆောင်များလွှမ်းနေကာ မြေပြင်ပေါ်တွင် ရေးဆွဲထားသည့် အစီအရင်ကြီးကို ကြည့်လိုက်သည်။ ရေးဆွဲထားသော ပုံသဏ္ဌာန်များအရ ရှန်ရှီသည် ယင်းကို အတိတ်တုန်းက မကြာခဏပြုလုပ်ခဲ့တာ သိသာသည်။

အစီအရင်ကို နောက်ဆုံး ရေးဆွဲပြီးနောက် ရှန်ရှီက ခြေကြွလိုက်၏။

“မင်း အသင့်ဖြစ်ပြီလား” လုကျိုးက မေးလိုက်သည်။

“ဖြစ်ပါပြီ။ ဘေးကင်းစေဖို့ အဆောင်သုံးခု ရေးဆွဲထားပါတယ်” ရှန်ရှီက ပြောလိုက်သည်။

“ကောင်းပြီ” လုကျိုးက ခေါင်းညိတ်လိုက်၏။

လုကျိုးက တစ်ဖက်လှည့်ကာ ပြောလိုက်တော့သည်။ “သူ့ကို ဒီခေါ်လာခဲ့”

“နားလည်ပါပြီ”

မကြာမီ၌ ဖန်ကျုံးသည် မျက်နှာသေဖြစ်နေသော လျန်ရှင်းကို တောင်ဘက်မျှော်နန်းဆီခေါ်လာ၏။

ကျောင်းယွဲ့က သူတို့နောက်မှ လိုက်ပါလာသည်။

လျန်ရှင်းက အစီအရင်နား ရောက်သောအခါ ရှန်ရှီသည် သူ့လက်ကို မြှောက်လိုက်၏။ သူ၏လက်ဖဝါးပေါ်၌ အနက်ရောင်ကြာတစ်ပွင့်ပေါ်လာပြီး သူသည် ၎င်းကို လျန်ရှင်းဆီ တွန်းထုတ်လိုက်၏။

အနက်ရောင်ကြာကို မြင်သောအခါ ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်း စိတ်ထဲထိတ်လန့်သွားသည်။ ပြီးနောက် လျန်ရှင်းသည် ဖိအားတစ်ခုဖြင့် ဆွဲငင်ခံလိုက်ရသည်။

ရှန်ရှီက သူ၏လက်ထဲတွင် အနက်ရောင် ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်ပြီးနောက် ၎င်းကို ရှေ့သို့တွန်းထုတ်လိုက်သည်။

ကြယ်တာရာဒိုင်ခွက်က ကောင်းကင်ထဲရောက်သောအခါ ၎င်း၏ အရွယ်အစားသည် တောင်ဘက်မျှော်နန်းပေါ်ရှိ ကောင်းကင်နှင့် နေမင်းကို ကာသည်အထိ ကြီးမားလာတော့သည်။

ဖန်ကျုံး “...”

ဒီတော့ ဒါက ဘုံတစ်ထောင်လေပွေ သိုင်းပညာရှင်တစ်ယောက်တဲ့လား ....

ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိ ကနဦးချီက အတက်အကျ ဖြစ်ပေါ်လာသည်။

ထိုစဉ် ချန်ဟွမ်းသည် အဝေးကနေပျံသန်းလာသည်။ ၎င်းက ဧရာမကြယ်တာရာဒိုင်ခွက်နား ရောက်ချိန်တွင် ကြယ်တာရာဒိုင်ခွက်အောက် ကျော့ရှင်းစွာ ဆင်းသက်လိုက်သည်။

အဖြူရောင်ဝတ်ထားသော ယဲ့ထျန်းရှင်းသည် ချန်ဟွမ်းကျောပေါ်မှ ဆင်းလျက် လေထဲတွင် ဦးညွှတ်လိုက်သည်။

“တပည့်က ရှစ်စွင်း၊ အစောင့်အရှောက်ရှန်နဲ့ အစောင့်အရှောက်လီကို နှုတ်ခွန်းဆက်ပါတယ်”

ရှန်ရှီနှင့် လီရှောင်မော့က လျစ်လျူမရှူရဲဘဲ လက်သီးအမြန်ဆုပ်လိုက်ကြသည်။

“နှုတ်ခွန်းဆက်ပါတယ် ဆဌမသခင်မလေး”

လျန်ရှင်းသည် ဝတ်ရုံဖြူဖြင့် ဝေဟင်ထက်ပျံဝဲနေသော အမျိုးသမီးကို တအံ့တဩ မော့ကြည့်လိုက်လေ၏။ ကမ္ဘာပေါ်မှာ ဒီလိုသီးခြားဆန်တဲ့ လူတစ်ယောက်ရှိနေတာ။ သူမလိုလူတောင် ဒုတိယတစ်ခေါက် မကြည့်ဘဲ မနေနိုင်ဘူး။ ချန်ဟွမ်းကို ကြည့်ပြီးနောက် ရုတ်တရက် ရယ်မောလိုက်၏။

ကျောင်းယွဲ့က မျက်မှောင်ကျုံ့လိုက်သည်။ “နင် ဘာရယ်နေတာလဲ”

လျန်ရှင်းက စိတ်လွတ်နေသည့်အတိုင်း ရူးသွပ်စွာ ရယ်မောတော့သည်။

“မဟာလေဟာနယ်စွမ်းအင် သူ့မှာ မဟာလေဟာနယ်စွမ်းအင် ရှိနေတယ်။ နင် ဘယ်သူလဲ။ နင် ဘယ်ကနေလာတာလဲ”

လုကျိုးက ပြောလိုက်သည်။ "သူ့မှာ မဟာလေဟာနယ်စွမ်းအင်ရှိတာ မင်း ဘယ်လိုလုပ်သိလဲ”

“ချန်ဟွမ်းက ဘယ်လိုများ တစ်စုံတစ်ယောက်ရဲ့ စီးတော်သားရဲဖြစ်ချင်မှာလဲ” လျန်ရှင်းက ရယ်မောလျက် ပြောကာ ထပ်ရှင်းပြချင်စိတ်မရှိတော့ပေ။

ရှန်ရှီက ယဲ့ထျန်းရှင်းနှင့် ချန်ဟွမ်းကို ကြည့်ပြီးနောက် ပြောလိုက်၏။

“သူ ပြောတာ မှန်တယ်။ ဒီမွေးဖွားဇယားချပ် သားရဲက အလွန်ဉာဏ်ထက်မြတ်တယ်။ ဒါ မတိုင်ခင် သူ့ရဲ့ အသက်ဓာတ်နှလုံးသားနဲ့ တမင်တကာခွဲထားတာ။ နှစ်ပေါင်းတစ်သောင်းကျော်လောက် ရှိနေပြီ။ ဆိုလိုတာက သူ့အသက်ဓာတ်နှလုံးသားက သက်တမ်းနှစ်ထောင်ကို ထိန်းထားတာပဲ။ မဟာလေဟာနယ်မျိုးစေ့ ဒါမှမဟုတ် မဟာလေဟာနယ်စွမ်းအင်ရှိတဲ့သူတွေပဲ နှစ်ပေါင်းတစ်သောင်းကျော်ရှိတဲ့ မွေးဖွားဇယားချပ်သားရဲကို အညံ့ခံလာအောင် လုပ်နိုင်တာ”

လုကျိုးက ခေါင်းညိတ်လိုက်၏။ သူသည် သူ့တပည့်များအတွက် သူတို့အရှိန်အဝါနှင့် စွမ်းအင်ကို ဖုံးကွယ်ဖို့ နည်းလမ်းတခု တတ်နိုင်သမျှ မြန်မြန်ရှာရမည်။ ခဏအကြာတွင် သူက ပြောလိုက်၏။

"ကောင်းပြီ ... စလိုက်ရအောင်”

“နားလည်ပါပြီ” ရှန်ရှီက လက်တစ်ဖက်ကို ကောင်းကင်ပေါ် မြှောက်လိုက်၏။

တောင်ဘက်မျှော်နန်းအပေါ် ကောင်းကင်ကို ကာထားသည့် အနက်ရောင်ကြယ်တာရာဒိုင်ခွက်က ချက်ချင်းပင် စတင်လည်ပတ်လာတော့သည်။

ဘီး

မြေပြင်ပေါ်ရှိ အစီအရင်က စတင်လင်းထိန်လာသည်။ ကောင်းကင်ရှိ ကြယ်များပမာ သူတို့က ဆက်သွားပြီး ဆန်းကြယ်စွမ်းအင်တစ်ခု ပေါ်ထွက်နေကာ မတူညီသည့် ပုံသဏ္ဌာန်မျိုးစုံ ဖွဲ့တည်နေ၏။

လုကျိုးတောင် တာအိုသင်္ကေတများ၏ ရှုပ်ထွေးသော သဏ္ဌာန်ကြောင့် အံ့ဩသွားသည်။ ဤဘုံတစ်ထောင်လေပွေသိုင်းပညာရှင်ကို မိစ္ဆာဝေဟင်မျှော်နန်းထဲ လက်ခံလိုက်ခြင်းက ဉာဏ်ရှိသည့် ဆုံးဖြတ်ချက်ကို သူ ချမှတ်ခဲ့တာပဲဖြစ်သည်။

…

အခန်း (၉၆၀) ကျင့်ကြံဆင့် အမြန်အဆန် မြင့်တက်ခြင်း

ရှန်ရှီ၏ အကြည့်က ခက်ထန်နေပြီး လျန်ရှင်းအား ကြည့်ကာ ပြောလိုက်သည်။

“တိုက်ခိုက်ခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး”

ထို့နောက် ရှန်ရှီက ဘယ်ဘက်လက်ကို ဝှေ့ယမ်းလိုက်သည်။

ရှန်ရှီက အစီအရင်၏ ဗဟိုချက်အတွင်း ဆွဲသွင်းခံလိုက်ရသည့်အခါ အော်ဟစ်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို ကြမ်းပြင်ပေါ်တွင် ရေးထွင်းထားသည့် တာအို သင်္ကေတများမှ အနက်ရောင် နွယ်ပင်နှင့်တူသည့် စွမ်းအားများ ထွက်ပေါ်လာကာ သူမကို ချုပ်နှောင်ထား၏။ သူမအနေဖြင့် လက်လျှော့ဖို့ အချိန်သိပ်မကြာလိုက်ပေ။

“ပဉ္စမ သခင်မလေး” ရှန်ရှီက ခေါ်လိုက်သည်။

ကျောင်းယွဲ့က လျန်ရှင်း ရပ်နေသည့် အစီအရင်နှင့် တူညီသည့် တခြားအစီအရင်တစ်ခုအတွင်း ဝင်ရောက်သွားသည်။ တူညီလှစွာ အနက်ရောင် နွယ်ပင်နှင့်တူသည့် စွမ်းအားများက ထွက်ပေါ်လာပြီး သူမကိုလည်း ချုပ်နှောင်ထားလေ၏။

ထို့နောက် ကြယ်တာရာဒိုင်ခွက်မှ အင်မတန် လေးလံသည်ဟု ခံစားရသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ထိုအရာကို မြင်တွေ့ပြီးသည့်နောက်တွင် လုကျိုးက ကောင်းကင်ကျမ်း၏ အမြင်စွမ်းအားကို အသက်သွင်းလိုက်သည်။ ထို့နောက် သူက လျန်ရှင်း၏ ခန္ဓာကိုယ်မှ သဲမှုန့်လို အပြာရောင် အလင်းအစက်အပြောက်ငယ်များသည် ကျောင်းယွဲ့အတွင်း ရွေ့လျားသွားသည်ကို မြင်လိုက်ရ၏။

မဟာလေဟာနယ်စွမ်းအားလား ...

ထိုစဥ် သူက မဟာလေဟာနယ် စွမ်းအားနှင့် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားတို့သည် တူညီပြီး ၂ခုလုံးက အပြာရောင် ဖြစ်နေသည်မှာ တူညီကြောင်း တွေ့ရှိသွားလေသည်။

အဲဒါဆိုတော့ ဒါက မဟာလေဟာနယ် မျိုးစေ့ရဲ့ သက်ရောက်မှုလား ...

လုကျိုးက အမည်မသိကုန်းမြေအပေါ် ပိုမိုသိချင်လာမိသည်။

ခရုလေးသည် အမည်မသိကုန်းမြေမှ လာသော်လည်း အဘယ်ကြောင့် အနီရောင်ကြာ ဖြစ်နေလဲဟု ဆိုသည့်အကြောင်းရင်းကိုပါ သိချင်လာမိ၏။

သိပ်မကြာခင် သူ့စိတ်က အမည်မသိကုန်းမြေကိုရောက်ရှိဖူးသည့် လော့ရွမ်းနှင့် ကျိထျန်းတောက်တို့အကြောင်း စဥ်းစားမိသွားသည်။ ထိုစဥ်အခါက နိမ့်ကျသည့် ကျင့်ကြံဆင့်ဖြင့် သူတို့သည် ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူများကြားမှ မည်သို့ ထွက်ပြေးလွတ်မြောက်ခဲ့သနည်း။ သူတို့တွင် ဘယ်လို၀ှက်ဖဲမျိုး ရှိနေသနည်း။

ထိုစဥ် ရှန်ရှီက လှမ်းခေါ်လိုက်သည်။

“ရှောင်မော့”

“လာပြီ”

လီရှောင်မော့က ရှေ့တိုးလာကာ သူ့ကြယ်တာရာဒိုင်ခွက်ကိုပါ ထုတ်ဖော်လိုက်သည်။ ထို့နောက် ထိုအရာက တတိယမြောက်အစီအရင်အထက်တွင် မျောလွင့်ကာ လွှမ်းခြုံသွားလေ၏။

“ကြယ်တာရာဒိုင်ခွက်၂ခု၊ အစီအရင် ၃ခု၊ အကာအရံအလွှာ ၅လွှာ”

ဂျုံစေ့နှင့် တူညီသည့် အပြာရောင် အလင်းများက လျန်ရှင်းနှင့် ကျောင်းယွဲ့ကို နဂါးငွေ့တန်းအလား ဆက်သွယ်ထားလေသည်။

လျန်ရှင်းက သူမ ခက်ခက်ခဲခဲရယူထားရသည့် မဟာလေဟာနယ် စွမ်းအားသည် သူမခန္ဓာကိုယ်မှ ထွက်ခွာသွားကြောင်း ခံစားမိလိုက်၏။ ထိုစဥ် သူမက နောင်တရလာကာ အော်လိုက်သည်။

“မဖြစ်ဘူး”

“ဘာမှငြင်းဆန်နေဖို့ အခွင့်အရေး မရှိဘူး”

ရှန်ရှီက လက်ကို ထပ်မံ လှုပ်ရှားလိုက်သည်။

ကောင်းကင်မှ ကြယ်တာရာဒိုင်ခွက်သည် မီတာအနည်းငယ်ကျဆင်းလာပြီး မြေပြင်ပေါ်မှ ကြယ်တာရာဒိုင်ခွက်က မီတာအနည်းငယ် မြင့်တက်လာသည်။

ထိုစဥ် စုပ်ယူသည့် စွမ်းအားက ပိုပြီးတော့ အရှိန်မြင့်တက်လာ၏။

လျန်ရှင်း၏ အကြည့်များက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် အော်လိုက်သည်။

“ငါရဲ့မဟာလေဟာနယ် စွမ်းအား … ငါရဲ့ကျင့်ကြံဆင့်”

သူမက အနက်ရောင် နွယ်ပင်များနှင့်တူသည့် စွမ်းအင်များကြားတွင် ရုန်းကန်နေလေ၏။

ဘုံတစ်ထောင်လေပွေ ကြယ်တာရာဒိုင်ခွက်၏စွမ်းအားက ၀ဲကတော့အလား ဖြစ်ကာ လျန်ရှင်း ၏ ချီသွေးကြော ၈ခု၊ အတွင်းအင်္ဂါများနှင့် စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ဆီမှ မဟာလေဟာနယ်စွမ်းအားများကို စုပ်ယူပြီး ကျောင်းယွဲ့၏ခန္ဓာကိုယ်အတွင်း ပို့ဆောင်ပေးနေသည်။

ထိုဖြစ်စဥ်တစ်ခုလုံးက ရှည်ကြာလှ၏။

လုကျိုးက နှစ်ဦးကြားမှ အပြောင်းအလဲကို လေ့လာနေသည်။ ထိုအရာက ကျောင်းယွဲ့၏ အနာဂတ်နှင့်ဆက်နွယ်နေသည့်အတွက် သူက အမှားယွင်းမရှိစေရန် သေချာဂရုစိုက် စောင့်ကြည့်နေသည်။

လုကျိူးက ကျိထျန်းတောက်သည် မဟာလေဟာနယ်မျိုးစေ့ ဆယ်စေ့ရရှိပြီး တပည့် ဆယ်ယောက်ရှိနေသည်မှာ တိုက်ဆိုင်မှု ဟုတ်ရဲ့လားဟု စဥ်းစားမိလာသည်။ ထို့အပြင် ကဗျာလည်း ရှိနေသေး၏။ ထိုကဗျာက သူတပည့်များ၏ နာမည်ကို ခန့်မှန်းထားဟန်ပေါ်သည်။

ဝှစ် ဝှစ် ဝှစ်

အနက်ရောင် ကြယ်တာရာဒိုင်ခွက်နှစ်ခုမှ ထုတ်လွှင့်နေသည့် စွမ်းအားသည် ပိုမို အားကောင်းလာလေသည်။ လျန်ရှင်း၏ ခန္ဓာကိုယ်မှ စွမ်းအားများက လှိုင်းလုံးအသွင်ဖြင့် ထွက်ခွာလာ၏။

“ကျောင်းယွဲ့ … ငါနင့်အသက်ကို ကယ်ခဲ့တယ်။ အခု ပြန်လိုချင်တယ်” လျန်ရှင်းက အော်ပြောလိုက်သည်။ ထို့နောက် သူမက ရူးရူးမူးမူး ရယ်မောလိုက်သည်။

ရှန်ရှီက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ကြောင်သူတော် ယောင်ဆောင်နေတာပဲ”

ထိုနောက် သူက လုကျိုးကို ကြည့်ကာ ပြောလိုက်သည်။

“သူမက သေဆုံးဖို့ ပြင်ပြီးသွားပြီ ထင်တယ်။ သူမရဲ့မွေးဖွားဇယားချပ်တွေ အာလုံးက ကမ္ဘာဦးချီကို မြှင့်တင်ပေးနေတယ်”

လုကျိူးက မေးလိုက်၏။

“သက်ရောက်မှုက ဘယ်လိုရှိလဲ”

“ပဉ္စမ သခင်မလေးက ပွင့်ချပ်ခြောက်လွှာပဲ ရှိသေးတော့ သူ့ချီပင်လယ်က အတော်လေး အားနည်နေတယ်။ တကယ်လို့ ကမ္ဘာဦးချီအများအပြားသာ တစ်ချိန်ထဲ ပို့ဆောင်ခံလိုက်ရရင် ကျုပ် စိုးရိမ်မိတာက ... “

အရှင်းဆုံးပြောရလျှင် ကျောင်းယွဲ့၏ ချီပင်လယ်က ကမ္ဘာဦးချီအမြောက်အမြားကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ရှန်ရှီကပြောလိုက်၏။

“ကံကောင်းတာက ကျုပ်က လုံလုံလောက်လောက် ပြင်ဆင်ထားတယ်။ ဒီအစီအရင်တွေက ကမ္ဘာဦးချီကို ဖိနှိမ့်ထားပြီးတော့ မယာလေဟာနယ် စွမ်းအားကိုပဲ စုပ်ယူနိုင်လိမ့်မယ်”

“အဲဒါဆိုတော့ ကမ္ဘာဦးချီကို လက်လျှော့လိုက်ရမှာလား”

“လက်လျှော့ရုံအပြင် ရွှေးချယ်စရာ မရှိတော့ဘူး” ရှန်ရှီ ကပြန်ဖြေလိုက်၏။

လုကျိုးက ခတ္တမျှ စဥ်းစားကာ ပြောလိုက်သည်။

“အဲဒီလိုတော့ လုပ်ဖို့ မလိုဘူး”

“မျှော်နန်းသခင် ဆိုလိုတာက အကုန်လုံးကို စုပ်ယူဖို့လား။ ဒါက ... “

ရှန်ရှီက အနည်းငယ်အခက်တွေ့နေဟန်ပေါ်သည်။ သို့သော်လည်း အဆုံးသတ်တွင် သူက ပြောလိုက်၏။

“ကောင်းပြီ။ ကျုပ် အကောင်းဆုံး လုပ်ပါ့မယ်”

ထိုစဥ် လုကျိုးက လက်မြှောက်ကာ လှမ်းခေါ်လိုက်သည်။

“ထျန်းရှင်း”

“အမိန့်ရှိပါ”

“ပိုနေတဲ့ ကမ္ဘာဦးချီကို ချန်ဟွမ်းဆီ ပေးလိုက်”

လုကျိုးကပြောလိုက်သည်။

“ဟုတ်ကဲ့” ယဲ့ထျန်းရှင်းက ခေါင်းညိတ်လိုက်၏။

ရှန်ရှီက အနီးနားတွင် ထိုင်နေသည့် ချန်ဟွမ်းကို ကြည့်လိုက်သည်။ ယဲ့ထျန်းရှင်းက ချန်ဟွမ်းနှင့် ပြောဆိုပြီးသည့်နောက်တွင် ထိုအရာက ကျယ်လောင်စွာ ဟိန်းဟောက်ကာ လေထဲ ပျံသန်းလာပြီး ကြယ်တာရာဒိုင်ခွက်ကို ဖြတ်ကျော်သွားသည်။ ထို့နောက် ထိုအရာက ခန္ဓာကိုယ်ကို ကွေ့လိုက်သည့်အချိန် ဆူညံသည့်အသံများ ထွက်ပေါ်လာသည်။

ဖန်ကျုံးက ခေါင်းကုတ်ကာ ပြောလိုက်၏။

“အမလေး သူ့ကို လှုပ်ရှားဖို့ ပြောလိုက်တိုင်း မိုးနဲ့မြေပြိုလုမတတ် အသံတွေထွက်လာတာပဲ”

ယဲ့ထျန်းရှင်းက ကူကယ်ရာမဲ့စွာသာ ပြုံးနေလိုက်သည်။

ချန်ဟွမ်းက ကြီးမားလွန်းသည့်အတွက် ဘာမှမတတ်နိုင်ပေ။ ထိုအရာက ကျုံ့ထားပြီးသည့်နောက်တွင်ပင် ဖြစ်၏။

ချန်ဟွမ်းက ခေါင်းငုံ့လာသည်။ ထိုအရာ၏ ရှည်မျောမျော မျက်နှာနှင့် နားရွက်တို့က ကြော့ရှင်းနေပြီး ယဲ့ထျန်းရှင်း၏ သန့်စင်သည့်ပုံစံနှင့် ကိုက်ညီနေလေ၏။ ထိုစဥ် ထိုအရာက မျက်တောင်ခတ်ကာ ပါးစပ်ဟလာသည်။ ထို့နောက် ၀ဲကတော့တစ်ခု ပေါ်ထွက်လာပြီး လျန်ရှင်း၏ ကမ္ဘာဦးချီများကို စုပ်ယူသွားလေ၏။

အားလုံးက ထိုမြင်ကွင်းကြောင့် ကြောင်အမ်းနေကြသည်။

လီရှောင်မော့က တအံ့တသြဖြင့် ပြောလိုက်သည်။

“အစ်ကိုရှန် တကယ်လို့ ချန်ဟွမ်းသာ အထွတ်အထိပ်အခြေနေမှာဆိုရင် သူ့ကို နိုင်မယ်ထင်လား”

ရှန်ရှီက ခေါင်းခါကာ “ငါတော့ မသေချာဘူး”

“အဲဒါဆို အခုလက်ရှိအခြေနေဆိုရင်ရော”

“လှည့်ကွက်တွေ၊ ၀ှက်ဖဲတွေနဲ့ဆိုရင်တော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူက ညဏ်ကောင်းတယ်ဆိုတော့ အလွယ်တကူ အရူးလုပ်လို့ ရမှာတော့ မဟုတ်ဘူး။ ပြီးတော့ သက်တမ်းနှစ် ၁သိန်း ရှိတဲ့ မွေးဖွားဇယားချပ်က သူတို့ ပိုင်နက်ကနေ ထွက်ခွာခဲတယ်”

ကောင်းကင်အထက် ၀ဲပျံနေသည့် ယဲ့ထျန်းရှင်းက ပြောလိုက်သည်။

“သူက ခက်ထန်သားရဲတွေ အမြောက်အမြားရှိတဲ့ လရောင်တောအုပ်ကလေ။ ပွင့်ချပ်ခြောက်လွှာအဆင့် ကျင့်ကြံသူက တောအုပ်ရဲ့အဖျားနား၀င်နိုင်တယ်။ နည်းနည်းလောက် ထပ်၀င်သွားတယ်ဆိုရင်တော့ ပွင့်ချပ်ခုနှစ်လွှာနဲ့ ရှစ်လွှာလောက်လိုတယ်။ ဒါပေမဲ့ အဲဒီမှာရှိတဲ့ ခက်ထန်သားရဲတွေကို ဘယ်သူမှရန်မစရဲဘူး။ တောအုပ်ရဲ့အနက်ပိုင်းမှာ ပေ ၁သောင်းမြင့်တဲ့ ချောက်နက်ကြီးရှိတယ်။

အဲဒီချောက်နက်ထဲမှာ ပိုပြီးခက်ထန်တဲ့ သားရဲတွေအများကြီး ရှိတယ်။ ကျင့်ကြံသူတွေ ၀င်နိုင်တဲ့နေရာတော့ မဟုတ်ဘူး။ တကယ်လို့ ချန်ဟွမ်းကြောင့်သာ မဟုတ်ဘူးဆိုရင် ကျွန်မ အဲဒီတုန်းက သေသွားလောက်ပြီ”

ရှန်ရှီကပြောလိုက်၏။

“လရောင်တောအုပ်တဲ့လား။ နားထောင်ပြီးတဲ့နောက်မှာ ကြားချင်မိသွားပြီ”

“အစောင့်အရှောက်ရှန်က ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူဆိုတော့ စိတ်ရှိသလို ၀င်နိုင်ထွက်နိုင်မှာပါ”

ရှန်ရှီက လက်ဝေ့ကာ ပြောလိုက်သည်။

“အဲဒီလိုတော့ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ထူးဆန်းတဲ့အရာတွေ အများကြီးရှိတယ်။ ဆဋ္ဌမ သခင်လေးက မဟာလေဟာနယ် စွမ်းအားရှိတယ်။ အဲဒါကြောင့် သက်တမ်း ၁သောင်းရှိတဲ့ ခက်ထန်သားရဲတောင် အညံ့ခံလာတာဆိုတော့ အားနည်းတဲ့ခက်ထန်သားရဲတွေကို ထည့်ပြောဖို့တောင် မလိုတော့ပါဘူး။ တကယ်လို့ ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူက အဲဒီလိုသားရဲအုပ်နဲ့ ကြုံတွေ့ရမယ်ဆိုရင် ထွက်ပြေးမဲ့နည်းလမ်း မရှိဘူးဆိုရင် အပိုင်းပိုင်းအစစ ဖြစ်သွားလိမ့်မယ်”

အရေအတွက် အများအပြားကို တိုက်ခိုက်ဖို့က ခက်ခဲလှသည်။ ထို့အပြင် သားရဲများက လူသားလိုမျိုး အကျိုးကြောင်းသင့် ပြော၍ မရပေ။ ထိုအရာက အဆုံးမဲ့ပင်လယ်အတွင်း လုလီ၏ အခြေအနေနဲ့ဆင်တူနေလေ၏။

ထိုစဥ် ချန်ဟွမ်းက ပိုနေသည့် ကမ္ဘာဦးချီကို စုပ်ယူပြီးသည့်နောက်တွင် ပျော်ရွှင်စွာ လေချဉ်တက်လာသည်။

လျန်ရှင်း၏ အသံက တုန်ယင်နေသည်။

“ဘာလို့လဲ”

ဝှစ်

ရှန်ရှီက ချုပ်တည်းမထားတော့ပေ။ သူက ကြယ်တာရာဒိုင်ခွက်နှစ်ခု၏ လည်ပတ်နှုန်းကို မြှင့်တင်လိုက်၏။

မဟာလေဟာနယ် စွမ်းအားနှင့် ကမ္ဘာဦးချီအားလုံးက ကျောင်းယွဲ့၏ ခန္ဓာကိုယ်အတွင်း ၀င်ရောက်သွားသည်။

ကျောင်းယွဲ့က သူမ စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်သည် ပေါက်ကွဲထွက်တော့မလို ခံစားနေရသည်။ တစ်ချိန်တည်းဆိုသလို သူမ၏ ထူးခြားအံ့ဖွယ် ချီသွေးကြော ၈ခုမှ စွမ်းအားများ စီးဆင်းလာသည်ကို ခံစားမိလာ၏။ ထိုအရာဖြင့် သူမ၏ ကျင့်ကြံဆင့်က ဆက်လက် မြင့်တက်လာသည်။

သိပ်မကြာခင် ကျောင်းယွဲ့က ချီပင်လယ်နံရံတွေထိ ရိုက်လာသည့် စွမ်းအားကို ခံစားမိလိုက်၍ ချဲ့ထွင်ဖို့ ကြိုးစားလိုက်သည်။ မဟာလေဟာနယ် စွမ်းအားမှ အေးစက်စက် ခံစားချက်တစ်ခု ထွက်ပေါ်လာ၏။

သူမက ကြာပွင့်မဲ့ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဥ်သဏ္ဌာန်ကို အသက်သွင်းလိုက်သည်။ အနက်ရောင်ကြယ်တာရာဒိုင်ခွက်နှစ်ခုနဲ့ ယှဥ်လိုက်လျှင် အတော်လေးကို သေးနုပ်နေလေ၏။

ဝှစ်

၇ခုမြောက် ပွင့်ချပ်ထွက်လာလေသည်။

သူမ၏ ကျင့်ကြံဆင့်က ဆက်လက် မြင့်တက်နေဆဲဖြစ်၏။

ဝှစ်

၈ခုမြောက် ပွင့်ချပ်ထွက်ပေါ်လာခဲ့သည်။

ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က အားကျစွာ ကြည့်နေကြ၏။ ကျင့်ကြံဆင့် မြင့်တက်နှုန်းက သူတို့၏ ကျင့်ကြံရေးအပေါ် နားလည်နိုင်စွမ်းကို လွှမ်းမိုးသွားခဲ့သည်။

ထိုစဥ် လုကျိုးက မုတ်ဆိတ်သပ်ကာ ကျေကျေနပ်နပ်ခေါင်းညိတ်လိုက်သည်။

“မင်းရဲ့ စွမ်းအင်ဗဟိုချက်ကို ကာကွယ်ပြီးတော့ ကမ္ဘာဦးချီကို ၀င်ခွင့်ပြုလိုက်။ လျန်ရှင်းက ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူဆိုတော့ ဒီအခွင့်အရေးကိုအသုံးချပြီးတော့ ပွင့်ချပ်ဆယ်လွှာအထိ ထွက်အောင်လုပ်နိုင်တယ်”

“ဟုတ်ကဲ့ ရှစ်စွင်း”

အစီအရင်အတွင်း ထွက်ပေါ်နေသည့် ကမ္ဘာဦးချီများကို ကြယ်တာရာဒိုင်ခွက်နှင့် အစီအရင်မှ စုပ်ယူသွားပြီး ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဥ်သဏ္ဌာန်အတွင်း ရောက်ရှိသွားလေသည်။ ထိုအရာဖြင့် ရွှေရောင် စိတ်၀ိညာဥ်သဏ္ဌာန်က အမြန်အဆန် ကြီးထွားလာ၏။

၁၅မိနစ်ကြာမြင့်ပြီးသည့်နောက်တွင်

ဝှစ်

“၉ခုမြောက် ပွင့်ချပ်ထွက်ပေါ်လာသည်”

တစ်ချိန်တည်းဆိုသလို လေထဲတွင် ၀ဲပျံနေသည့် ယဲ့ထျန်းရှင်းက အပြုံးလေးဖြင့် ပြောလိုက်သည်။

“ရှစ်စွင်း ခက်ထန်သားရဲ ရောက်လာပြီ။ ကျွန်မ ဖြေရှင်းလိုက်မယ်”

All Chapters