အခန်း (၉၆၁-၉၆၃)
Vol. 65 Ch. 961-963
အခန်း (၉၆၁) ဘုံတစ်ထောင်လေပွေသိုင်းပညာရှင်တွေက တောက်တိုမယ်ရဖြစ်ချင်တာလား
“သွား”
လုကျိုးသည် ပွင့်ချပ်ကိုးချပ်ကိုးလွှာကြောင့် သွေးဆောင်ခံရသော ဧရာမသားရဲကို စိတ်မဝင်စားပေ။ ယဲ့ထျန်းရှင်းသည် ၎င်းကိုဖြေရှင်းဖို့ လုံလောက်ပေ၏။ သူသည် ကျောင်းယွဲ့၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို လေ့လာလိုက်သည်။ ရွှေကြာမရှိဘဲ သူမသည် ယွီရှန်းရုန်နည်းတူ တူညီသော ပြဿနာကို ကြုံတွေ့ရလိမ့်မည်။ ထိုအကြောင်းအရင်းကြောင့် သူမသည် လျန်ရှန်း၏ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို စုပ်ယူလျှင်တောင် အလွန်ဆုံးမှ ပွင့်ချပ်ဆယ်လွှာအဆင့်သာ ရလိမ့်မည်။ ကြာပွင့်မရှိဘဲ မွေးဖွားဇယားချပ်ကို အသက်သွင်းနည်းကို သူ ဖော်ထုတ်ရန် အချိန်လိုအပ်နေသေး၏။ ဤပြဿနာကို အချိန်တိုအတွင်း ဖြေရှင်း၍မရနိုင်။ အဝါရောင်နယ်မြေရှိ အရင်းအမြစ်များနှင့် လုလီ၏ဗဟုသုတများဖြင့်တောင် သူနှင့် ကျူးဟုန်ကုန်းသည် အဝါရောင်ကြာနယ်မြေထဲရှိ အရင်းအမြစ်အားလုံးကို ဖြေရှင်းနည်းကို အဖြေမရှာနိုင်သေးပေ။ ယင်းကို အခြေခံကြည့်လျှင် ၎င်းက ဖြေရှင်းရန် လွယ်ကူသည့် ပြဿနာမဟုတ်တာ သိသာ၏။
ထိုစဉ် ရှန်ရှီက ခေါ်ထုတ်လိုက်သည်”ရှောင်မော့”
“နားလည်ပါပြီ” လီရှောင်မော့သည် ရှန်ရှီပြောတာ နားလည်ပုံပေါ်သည်။ သူက မြေပြင်ပေါ် လက်ဖြင့်ရိုက်ချလိုက်ရာ သူ့ရှေ့ရှိကြယ်တာရာဒိုင်ခွက်က ချက်ချင်းပျောက်ကွယ်သွားတော့သည်။
မြေပြင်ပေါ်ရှိ အဆောင်များက တစ်ခုပြီးတစ်ခု လင်းထိန်လာလျက် သူတို့မီးတောက်များ ဆက်သွားကာ စတုရန်း၏အတားအဆီးကို ဖွဲ့တည်လိုက်သည်။ မီးတောက်များက ထိပ်ရှိ ကြယ်တာရာဒိုင်ခွက်ဆီ တိုးဝင်သွားသောအခါ အနက်ရောင်ကွင်းပြင်က ကောင်းကင်ကနေ တစ်ခုပြီးတစ်ခု ကျရောက်လာ၏။
“မင်းတို့က သူ့ကို ပွင့်ချပ်ဖူးပွင့်အောင် ကူညီပေးနေတာလား” လုကျိုးသည် ယင်းကို မြင်သောအခါ အံ့ဩသွားလေ၏။ အနက်ရောင်အလင်းကွင်းများကျလာသောအခါ ကျောင်းယွဲ့၏ စိတ်ဝိညာဉ်သဏ္ဌာန်မှ အလင်းကွင်းများ ကျလာတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ရှန်ရှီက ပြောလိုက်၏။ "မျှော်နန်းသခင်က အမြင်စူးရှလိုက်တာ။ ကျွန်တော်က ဒီအစီအရင်အထက်မှာ ပံ့ပိုးရေးအမျိုးအစားအစီအရင်တစ်ခု ရေးဆွဲခဲ့တာ။ ပြင်ဆင်ဖို့အချိန် တစ်ညလုံးယူခဲ့ရပေမဲ့ ရလဒ်က ထိုက်တန်တယ်။ မဟာလေဟာနယ်စွမ်းအင်နဲ့ ဘုံတစ်ထောင်လေပွေ ကျင့်ကြံဆင့်နဲ့သာဆိုရင် ပဉ္စမသခင်မလေးကို မွေးဖွားဇယားချပ် အသက်သွင်းဖို့ ကူညီပေးလိမ့်မယ်”
လုကျိုးက သက်ပြင်းချပြီး ကျောင်းယွဲ့၏စိတ်ဝိညာဉ်သဏ္ဌာန်ကို လက်ညှိုးထိုးပြလိုက်သည်။ "ငါ စိုးရိမ်တာက ...”
ရှန်ရှီသည် အစီအရင်များကိုသာ အာရုံစိုက်နေသောကြောင့် ကျောင်းယွဲ့၏စိတ်ဝိညာဉ်သဏ္ဌာန် မူမမှန်တာကို သတိမပြုမိပေ။ ထို့ကြောင့် သူသည် ထိတ်လန့်သွားပြီး စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်ချိန်တွင် ကျောင်းယွဲ့၏စိတ်ဝိညာဉ်သဏ္ဌာန်အောက်တွင် ကြာပွင့်မရှိတာကို တွေ့လိုက်ရ၏။
“ဒါက” ယင်းသည် ရှန်ရှီ၏ နားလည်သဘောပေါက်မှုထက် ကျော်လွန်နေသည်။
အနက်ရောင်ကြာနယ်မြေနှင့် အနီရောင်ကြာနယ်မြေတွင် ကြာပွင့်ဖြတ်တောက်သည့် ကျင့်စဉ်မရှိပေ။ ဤနည်းက ရွှေကြာနယ်မြေထဲတွင်သာ ပေါ်လာတာဖြစ်သည်။ ရှန်ရှီက ဗဟုသုတမည်မျှရှိစေကာမူ သူ့အဖို့ ယင်းကို သိရန် မဖြစ်နိုင်ရန်ပေ။ ထို့အပြင် သူ့တာဝန်အားလုံးက အနီရောင်ကြာနယ်မြေထဲတွင်သာ ဆောင်ရွက်တာ ဖြစ်၏။ ထို့ကြောင့် ရွှေကြာနယ်မြေရှိ ကိစ္စရပ်များကို မည်သို့ သိနိုင်မည်နည်း။
ကြာပွင့်မရှိလျှင် ကြာပလင်မရှိ။ မွေးဖွားနန်းဆောင်လည်း ရှိမှာမဟုတ်ပေ။ မွေးဖွားနန်းဆောင်မရှိဘဲ မွေးဖွားဇယားချပ်ကို အသက်သွင်းရန် နည်းလမ်းမရှိချေ။
ရှန်ရှီက သက်ပြင်းချလိုက်လေ၏”နှမျောစရာပဲ”
ထိုစဉ် လီရှောင်မော့က လျန်ရှင်းကို လက်ညှိုးထိုးပြပြီး အော်ပြောလိုက်လေ၏”အစ်ကိုရှန်”
ရှန်ရှီက လှမ်းကြည့်လိုက်သည်။ သူက မျက်မှောင်ကျုံ့ပြီးနောက် ကြယ်တာရာဒိုင်ခွက်ကို နိမ့်လိုက်၏။
“မင်းကိုယ်မင်း ဖောက်ခွဲချင်နေတာလား”
မွေးဖွားဇယားချပ်လေးခုဖြင့် ဘုံတစ်ထောင်လေပွေ ကြယ်တာရာဒိုင်ခွက်က မူလအရွယ်အစားဖြင့် ရောက်ရှိပြီး လျန်ရှင်းဆီသို့ ပျံသန်းသွား၏။
ကြယ်တာရာဒိုင်ခွက်မှ အကူအညီဖြင့် စွမ်းအင်စည်းတံဆိပ်တစ်ခုသည် လျန်ရှင်းနား၌ ဒုလုံးချွန်သဏ္ဌာန် အရံအတားတစ်ခု ဖွဲ့တည်ပြီး သူမကို ချုပ်နှောင်ထားလိုက်သည်။
အနက်ရောင်အလင်းကွင်းများ ဆက်လက်ကျဆင်းနေစဉ် ကျောင်းယွဲ့၏စိတ်ဝိညာဉ်သဏ္ဌာန်က ပိုကြီးမားလာပြီး ပိုထင်ရှားလာ၏။
ဖန်ကျုံးက စိတ်အားထက်သန်စွာ ပြောလိုက်သည်။ "ပွင့်ချပ်ဖူးပွင့်တာ ပေါ်လာတော့မယ်”
ဖန်ကျုံးအသံထွက်လာပြီး မကြာမီ၌ စိတ်ဝိညာဉ်သဏ္ဌာန်နားရှိ ပွင့်ချပ်ကိုးခုကြားထဲတွင် နောက်ထပ် ပွင့်ချပ်တစ်ခု ပေါ်လာ၏။ ရွှေရောင်အလင်းလှစ်ကနဲပေါ်လာပြီး စိတ်ဝိညာဉ်သဏ္ဌာန်က အရွယ်အစားကြီးမားလာတော့သည်။
ဝှစ်
ထိုသို့ပေါ်လာပြီးနောက် ချက်ချင်းပင် မြေပြင်ပေါ်ရှိ အစီအရင်များက ပျောက်ကွယ်သွားလေ၏။
ရှန်ရှီက ပြုံးကာ သူ၏ကြယ်တာရာဒိုင်ခွက်ကို ရုတ်လိုက်သည်။
“အောင်မြင်သွားပြီ”
ကြယ်တာရာဒိုင်ခွက်ပျောက်ကွယ်သွားသောအခါ အနက်ရောင်စွမ်းအင် စည်းတံဆိပ်က ပေါ်လာ၏။ ထိုနည်းတူ လျန်ရှင်းကို မတွေ့ရတော့ပေ။
လုကျိုးသည် ကျောင်းယွဲ့ကို ကြည့်ပြီးနောက် မဟာလေဟာနယ်စွမ်းအင်သည် ၎င်း၏ပိုင်ရှင် အမှန်ဆီ ပြန်ရောက်လာတာကို အတည်ပြုလိုက်၏။ လျန်ရှင်ကိုမူ သူ စိတ်ထဲမထည့်တော့ပေ။
ထိုစဉ် ကျောင်းယွဲ့က သူမရှေ့ရှိ ပွင့်ချပ်ဆယ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်ကို မှင်သက်စွာ ကြည့်နေမိသည်။ စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်မိချိန်တွင် သူမ မျက်လုံးထဲ၌ မယုံနိုင်သည့်အရိပ်အယောင်လည်း ရှိနေ၏။
အတော်ကြာပြီးနောက် ရှန်ရှီသည် တိတ်ဆိတ်မှုကို ဖြိုခွင်းကာ ပြုံးလျက် ပြောလိုက်တော့သည်။
“ဂုဏ်ပြုပါတယ် ပဉ္စမသခင်မလေး”
လီရှောင်မော့၊ ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့ကလည်း လိုက်ပြောပြီး ကျောင်းယွဲ့ကို ဂုဏ်ပြုစကားပြောကြ၏။
“ဂုဏ်ပြုပါတယ် ပဉ္စမသခင်မလေး”
ကျောင်းယွဲ့သည် မထောင်လွှားရဲသောကြောင့် နှိမ့်ချလျက် ရှန်ရှီနှင့် လီရှောင်မော့ကို ကျေးဇူးတင်စကားဆိုလိုက်သည်။
“အစောင့်အရှောက်ရှန်၊ အစောင့်အရှောက်လီ ... ရှင်တို့ကူညီပေးတာ ကျေးဇူးတင်ပါတယ်”
“ရပါတယ်” ရှန်ရှီက ရင်ထဲ ထိသွား၏။ မိစ္ဆာဝေဟင်မျှော်နန်းသို့ ဝင်ရောက်ပြီးနောက် သူသည် ဖိနှိပ်ခံရပြီး ဖယ်ကျဉ်ခံရဖို့ သူ့ကိုယ်သူ တွေးပြီးသားဖြစ်သည်။ ဆိုရလျှင် လူသစ်တစ်ဦးက အမြဲတစေ ပစ်မှတ်ထားခံရ၏။ သို့သော် ထင်ထားသည်နှင့် ဆန့်ကျင်ဖက်ပေ။ ထိုသို့သော အရာမျိုး ဘာမှဖြစ်မလာခဲ့ပေ။
ဖုန်း
ထိုစဉ် ရွှေနန်းဥယျာဉ်တောင်၏ မြောက်ဖက်မှ မိုးချုန်းသံတစ်သံပေါ်ထွက်လာ၏။
ရှန်ရှီက ပြုံးပြီးပြောလိုက်သည်”မွေးဖွားဇယားချပ် သားရဲတစ်ကောင် ပေါ်လာလောက်ပြီ။ ကျုပ်သွားပြီး ဖြေရှင်းလိုက်မယ်”
လုကျိုးသည် ခေါင်းညိတ်လိုက်၏။
ရှန်ရှီနှင့် လီရှောင်မော့က အချိန်မဖြုန်းတော့ဘဲ ရွှေနန်းဥယျာဉ်တောင်၏ မြောက်ဖက်သို့ ပျံသန်းသွားသည်။
ရှန်ရှီရောက်လာသောအခါ ချန်ဝှမ်းသည် သားရဲနှစ်ကောင်နှင့် ရင်ဆိုင်တိုက်ခိုက်နေတာကို သူ တွေ့လိုက်ရ၏။ လက်တစ်ဖက်က သားရဲတစ်ကောင်ကို ဖိထားပြီး ရောက်လာကာစ မွေးဖွားဇယားချပ်သားရဲကို ကိုက်နေ၏”
ဖုန်း
အရင်ဆုံးရောက်လာသည့် ဧရာမသားရဲသည် သွေးများရွှဲနစ်နေကာ မရုန်းကန်နိုင်တော့ပေ။ ခဏအကြာတွင် သနားစဖွယ်သေသွားတော့၏။
မွေးဖွားဇယားချပ်သားရဲသည် သန်မာသော်ငြား ချန်ဝှမ်းနှင့်ယှဉ်လျှင် မှိန်သွားတော့၏။
ယဲ့ထျန်းရှင်းသည် ရံဖန်ရံခါ သူမ၏ မာယာကျော့ကွင်းဖြင့် မွေးဖွားဇယားချပ်သားရဲကို ရိုက်နှက်လျက် ဘေးကနေ ကူညီပေးသည်။
ရှန်ရှီက ခြောက်ကပ်ကပ်ပြုံးကာ ကူကယ်ရာမဲ့အမူအရာဖြင့် ပြောလိုက်သည်”ဒီမှာ ငါတို့တွေကို မလိုတဲ့ပုံပဲ”
လီရှောင်မော့က ခေါင်းညိတ်လိုက်လေ၏”အင်းလေ ... သူက မဟာလေဟာနယ်စွမ်းအင်ရှိတဲ့ သူပဲကိုး”
“မဟာလေဟာနယ်” ရှန်ရှီက သူ့ဖာသာသူ ရေရွတ်ပြောလိုက်၏။
ထိုစဉ် လီရှောင်မော့က ရှန်ရှီကို သတိပေးလိုက်သည်”အစ်ကိုရှန် ကျုပ်တို့ကို မလိုအပ်ဘူးဆိုရင်တောင် ကျုပ်တို့ လှုပ်ရှားရဦးမှာပဲ”
ရှန်ရှီက ခေါင်းညိတ်လိုက်၏”မင်းပြောတာမှန်တယ်။ အသက်ဓာတ်နှလုံးသား စုဆောင်းတာက ငါတို့ရဲ့ကျွမ်းကျင်မှုပဲ”
ရှန်ရှီသည် ယဲ့ထျန်းရှင်းဘေးသို့ လှစ်ကနဲသွားလိုက်ကာ ဦးညွှတ်ကာ ပြောလိုက်သည်။
“ဆဋ္ဌမသခင်မလေး ဒီကိစ္စ ကျုပ်ဆီကို လွှဲထားလိုက်ပါ။ ဒီမွေးဖွားဇယားချပ်သားရဲရဲ့အမည်ကို နှစ်ဖက်လှငှက်လို့ ခေါ်တယ်။ သူ့ရဲ့အသက်ဓာတ်နှလုံးသားက ချက်အောက် နှစ်လက်မအကွာမှာ ရှိပြီး သူရဲ့အရေးပါတဲ့ အစိတ်အပိုင်းတွေက နှလုံးနားမှာပဲ။ တိတိကျကျ မလှုပ်ရှားရင် အသက်ဓာတ်နှလုံးသားကို ထိခိုက်သွားနိုင်တယ်”
ထိုစကားကို ကြားသောအခါ ယဲ့ထျန်းရှင်းက ခေါင်းညိတ်လိုက်၏”ကျွန်မ နားလည်ပါပြီ”
ရှန်ရှီက သူ၏ညာလက်ကို မြှောက်လိုက်၏။
အနက်ရောင်ကြယ်တာရာဒိုင်ခွက်သည် ချက်ချင်းပေါ်လာတော့သည်။ ယင်းသည် ဆန်းကြယ်သော စွမ်းအင်နှင့်အနက်ရောင်အငွေ့ဖြာထွက်နေသည်။ ၎င်း၏သွင်ပြင်က ခြိမ်းခြောက်နိုင်စွမ်းရှိပြီး ကောင်းကင်ကို ဖြတ်ကျော်သွား၏။
ဘုံတစ်ထောင်လေပွေကို တစ်ခါမှ မတွေ့ဖူးသည့်လူများသည် ၎င်းကို တွေ့သောအခါ ထိတ်လန့်ပြီး ရင်သက်ရှုမောဖြစ်ကြလိမ့်မည်။
ယဲ့ထျန်းရှင်းက မေးလိုက်လေ၏။
“ဒီတော့ ဒါက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်လား”
ရှန်ရှီက ပြောလိုက်သည်။ "ဆဋ္ဌမသခင်မလေးက အနှေးနဲ့အမြန် တစ်ခုရှိလာမှာပါ။ ဒဿမမြောက် ပွင့်ချပ်ဖူးပွင့်ပြီးရင် တည်ငြိမ်သွားတာနဲ့ မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်ပြီး ပထမဆုံး မွေးဖွားဇယားချပ်ကို အသက်သွင်းပြီးတာနဲ့ ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်နိုင်မှာ။ ဒါပေမဲ့ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်က အတော်ခက်ခဲတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖွဲ့တည်ပြီးသွားတာနဲ့ ခွန်အားက အဆပေါင်းများစွာ တိုးလာမှာ ပြောဖို့မလိုဘူး။ ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်နဲ့ဆို ကြယ်တာရာဒိုင်ခွက်တစ်ခုရှိလာမယ်ဆို ပြောဖို့ မလိုတော့ဘူး”
“ကျွန်မ ကျွန်မက ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်နိုင်မှာလား” ယဲ့ထျန်းရှင်းက မေးလိုက်၏။
ရှန်ရှီက သူ့ဖာသာသူ စဉ်းစားလိုက်သည်”မိစ္ဆာဝေဟင်မျှော်နန်းထဲက ပုဂ္ဂိုလ်ကြီးတွေက တကယ်ကို နှိမ့်ချတတ်တာပဲ။ သူမက ချန်ဝှမ်းကို သူ့ဆီအညံ့ခံအောင်လည်း လုပ်နိုင်ပြီး မဟာလေဟာနယ် စွမ်းအင် ပိုင်ဆိုင်ထားတယ်။ သူမက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို မဖွဲ့တည်နိုင်ဘူးလို့ တွေးတဲ့လူရှိလို့လား”
အပြင်ဖက်တွင်မူ ရှန်ရှီက ပြောလိုက်၏။ "ဆဋ္ဌမသခင်မလေး နောက်နေတာပဲဖြစ်ရမယ်။ မဟာလေဟာနယ်စွမ်းအင်မရှိတဲ့လူတွေက အနည်းဆုံးတော့ မွေးဖွားဇယားချပ်ရှစ်ခု အသက်သွင်းနိုင်တယ်။ အဲ့ဒီအချိန် ကျုပ်တို့က ခင်ဗျားကိုပဲ အားကိုးရမှာ”
ရှန်ရှီသည် ပြောပြီးသည်နှင့် ခုန်ထွက်သွားတော့သည်။
ကြယ်တာရာဒိုင်ခွက်ပေါ်ရှိ မွေးဖွားဇယားချပ် ချပ်ပြားသည် လင်းထိန်လာပြီးနောက် အနက်ရောင်အလင်တန်းလေးခုသည် ကြယ်တာရာဒိုင်ခွက်ထဲမှ ပေါ်ထွက်လာ၏။ မျက်စိတစ်မှိတ်အတွင်း သူတို့သည် မွေးဖွားဇယားချပ်သားရဲ၏ အဓိက အစိတ်အပိုင်းလေးခုဆီ တိတိကျကျ ထိုးဖောက်သွားပြီး ရှန်ရှီက သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ရုပ်သိမ်းလိုက်စဉ် သူ၏အမူအရာက မပြောင်းလဲသွားပေ။
အလင်းတန်းလေးခု ပျောက်ကွယ်သွားသောအခါ ကြည်လင်နေသော နှလုံးသားကို မြင်ရသည်။
ယဲ့ထျန်းရှင်းက ထိတ်လန့်သွား၏။ ဤစွမ်းရည်သည် မှန်းဆချက်ထက် ကျော်လွန်ပေ၏။ ဘုံတစ်ထောင်လေပွေသိုင်းပညာရှင်၏ စွမ်းအားသည် မယုံနိုင်စရာကောင်းလှသည်။ အစက သူမသည် ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်ဖို့အကြောင်း ဘာအတွေးမှ မရှိခဲ့ပေ။ သူမတစ်ဘဝလုံး ပွင့်ချပ်ကိုးလွှာအဆင့်၌ နေရ၍လည်း ကျေနပ်သည်။ မိစ္ဆာဝေဟင် မျှော်နန်း၌ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ပြီး သူမတစ်ဘဝလုံးစောင့်ကြပ်ပေးရတာ ဆိုးရွားသည့်အရာ မဟုတ်ပေ။ သို့သော် ဆန်းကြယ်ပြီး အစွမ်းထက်သော ကြယ်တာရာဒိုင်ခွက်ကို မြင်သောအခါ သူမ ရင်ထဲတွင် ရယူလိုစိတ်များ အုတ်မြစ်တွယ်လာ၏။ ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူမ မယိမ်းယိုင်ဘဲ နေမည်နည်း။
အသက်ဓာတ်နှလုံးသားကို စုဆောင်းပြီးနောက် ပြုတ်ကျလာသော နှစ်ဖက်လှငှက်ကို ကြည့်လိုက်၏။
ဖုန်း
နှစ်ဖက်လှငှက်၏ အလောင်းက မြေပြင်ပေါ် ပြုတ်ကျသွားသောအခါ ဖုန်တထောင်းထောင်း ထသွားစေသည်။
မိစ္ဆာဝေဟင်မျှော်နန်းအထက် ပျံဝဲနေသော ဖန်ကျုံးနှင့်ကျိုးကျစ်ဖုန်းတို့သည် ထိုမြင်ကွင်းကို တွေ့သောအခါ တံတွေးမြိုချသွားမိ၏။
“ဒါက ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်လား”
“ဘာထင်နေလဲ။ ဒီလိုအားကောင်းတဲ့ သားရဲက တစ်ချက်တည်းနဲ့ အသက်ခံလိုက်ရတာ။ သူက မျှော်နန်းသခင်ထက် ပိုသန်မာတယ်လို့ ဘာလို့ ခံစားမိတာပါလိမ့်” ကျိုးကျစ်ဖုန်းက ပြောလိုက်၏။
ဖန်ကျုံးသည် သူ၏မျက်လုံးထောင့်ကနေ ကျိုးကျစ်ဖုန်းကို ကြည့်ပြီး လှောင်ပြောင်ကာ ပြောလိုက်၏။ "ဒီတော့ မျှော်နန်းသခင်က ဒီသိုင်းပညာရှင်တွေ သူ့ဆီ အညံ့ခံလာအောင် ဘယ်လိုလုပ်ခဲ့တယ်လို့ထင်လဲ။ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ဆွဲဆောင်မှုနဲ့လား”
ဝှစ်
ဖန်ကျုံးသည် ကျိုးကျစ်ဖုန်းကို လှည့်ကြည့်မိသည့်အချိန်တွင် ကျိုးကျစ်ဖုန်း၏ အရိပ်အယောင်ကိုတောင် မတွေ့ရတော့ပေ။
ထိုစဉ် ရှန်ရှီနှင့် လီရှောင်မော့တို့က ဖန်ကျုံးရှေ့ရှိ မီတာအနည်းငယ်တွင် ပေါ်လာ၏။
ရှန်ရှီက ပြောလိုက်သည်။ "ညီအစ်ကိုဖန် ခင်ဗျားရှေ့မှာ ကျုပ်ကိုကျုပ် အရှက်ခွဲမိတာ စိတ်မရှိပါနဲ့”
“မဟုတ်ဘူး။ မဟုတ်ပါဘူး အစောင့်အရှောက်ရှန်ရဲ့ ခင်ဗျားရဲ့ခွန်အားက အံ့ဩဖို့ကောင်းတယ်” ဖန်ကျုံးကပြောလိုက်၏။
“ဒါက ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ပဲကို ပြောပလောက်တာမဟုတ်ဘူး။ နောင်ကျ အလုပ်ကိစ္စ ဝေယျာဝစ္စလေးတွေရှိရင် ကျုပ်တို့ကို အကူအညီတောင်းဖို့ တွေဝေမနေပါနဲ့” ရှန်ရှီက ပြောပြီး သူ့ရင်ဘတ်ကိုပုတ်ကာ လီရှောင်မော့ကို လက်ညှိုးထိုးပြလိုက်၏။
“...”
ဖန်ကျုံးက သူ့ဖာသာသူ တွေးလိုက်၏။
“ပြီးသွားပြီ။ ကျိုးကျစ်ဖုန်းပြောတာမှန်တယ်။ ငါတို့တွေ တောက်တိုမယ်ရကောင်လေးတွေအနေနဲ့ ငါတို့နှစ်ယောက်ကို ထိန်းထားနိုင်မှာမဟုတ်ဘူး” ကျိုးကျစ်ဖုန်းသည် အောက်ကနေ ရုတ်တရက်လှမ်းခေါ်၏။
“အစ်ကိုဖန်၊ အစောင့်အရှောက်ရှန်၊ အစောင့်အရှောက်လီ ကျုပ်တို့တွေ ရွှေနန်းဥယျာဉ်တောင်ဆီ လာလည်တဲ့ ဧည့်သည်တွေ ရောက်လာတယ်။ ငြင်းလိုက်ရမလား”
“လာလည်သူတွေလား။ မင်းတို့ဖာသာ တစ်ချက်ကြည့်လိုက်” ဝေဟင်တွင် ပျံဝဲနေသော ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က တောင်ခြေကို ကြည့်လိုက်၏။ ထင်သည့်အတိုင်း ရွှေနန်းဥယျာဉ်တောင်ခြေသို့ ရထားလုံးပျံတစ်စင်းပြီးတစ်စင်း ရောက်လာသည်။
ရှန်ရှီက ပြောလိုက်သည်။ "လာလည်တဲ့လူတွေ များနေတယ်။ ဂရုစိုက်သင့်တယ်”
“မင်းပြောတာ အဓိပ္ပာယ်ရှိတယ်။ မျှော်နန်းသခင်ကို အကြောင်းကြားလိုက်မယ်” ဖန်ကျုံးက ပြောပြီး ဆင်းသက်လိုက်သည်။
ရှန်ရှီနှင့် လီရှောင်မော့ကလည်း လိုက်သွား၏။
နှစ်ယောက်သားသည် အသက်ဓာတ်နှလုံးသားကို ကျောင်းယွဲ့အား ပေးလိုက်ပြီး လာလည်သူများကို မျှော်နန်းသခင်ကို အကြောင်းကြားဖို့ အရှေ့ဖက်မျှော်နန်းဆီသွားလိုက်၏။
လုကျိုးသည် အစတည်းက မည်သူ့ကိုမှ မတွေ့ချင်ပေ။ သို့သော် ရွှေကြာနယ်မြေ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးကို တွေးပြီး ပြောလိုက်၏။ "သူတို့အားလုံးကို ဝင်ခွင့်ပေးလိုက်”
“နားလည်ပါပြီ” ဖန်ကျုံးသည် ပြောပြီးနောက် ရောက်လာသူများကို ခေါ်ဖို့ တောင်ခြေသို့ သွားလိုက်၏။
မိစ္ဆာဝေဟင်မျှော်နန်းထဲတွင်ဖြစ်သည်။
ယခုအချိန်တွင် မွန်းတည့်ချိန် ရောက်ကာနီးပြီဖြစ်၏။ လုကျိုးသည် ခန်းမထဲရောက်နေပြီဖြစ်သည်။
“ထျန်းဂိုဏ်းရဲ့ နန်ကုံးဝေက ကျိချန်းပေ့ကို နှုတ်ခွန်းဆက်ပါတယ်” နန်ကုံးဝေက ပြောလိုက်ပြီး တပည့်နှစ်ဦးကို ခေါ်လာ၏။
“လော့ဂိုဏ်းရဲ့ ဖုန်းရီကျစ်က ကျိချန်းပေ့ကို နှုတ်ခွန်းဆက်ပါတယ်” ဖုန်းရီကျစ်ကလည်း ပြောပြီးဝင်လာ၏။
လူဝင်လာတိုင်းတွင် သူတို့နှင့်အတူ သေတ္တာကြီးတစ်လုံးပါလာသည်။
“ရှေးဟောင်းသူတော်စင်ဂိုဏ်းရဲ့ ကျူးထျန်းယွမ်က အစ်ကိုကျိကို နှုတ်ခွန်းဆက်ပါတယ်။ မတွေ့ရတာကြာပြီနော်”
“ခုနစ်စင်ကြယ်ဂိုဏ်းရဲ့ ကျိုးယို့ချိုက်က ကျိချန်းပေ့ကို နှုတ်ခွန်းဆက်ပါတယ်”
…
အခန်း (၉၆၂) ဘယ်လိုသင်ကြားမှုမျိုးလဲ
“ငရဲဂိုဏ်းမှ ကာကွယ်သူ လေးယောက်က မျှော်နန်းသခင်ကို လာရောက် ဂါ၀ရပြုပါတယ်”
ဟွားချုံးယန်၊ ပိုင်ယွီချင်း၊ ယန်ယန်းနှင့် တိချင်းတို့က ခန်းမအတွင်း တစ်ယောက်ပြီး တစ်ယောက် ၀င်လာကြသည်။
“ဖန်းလှိုင်ကျွန်းက ဟွမ်းရှစ်ကျဲနဲ့ လီကျင်းယီတို့ကလည်း ကျိချန်းပေ့ကို လာရောက် နှုတ်ဆက်ပါတယ်”
ဟွမ်းရှစ်ကျဲနှင့် လီကျင်းယီတို့က ခန်းမအတွင်း ပေါ်ထွက်လာကြသည်။
လုကျိုးက အနည်းငယ် အံအားသင့်မိသွား၏။ သူ ပြန်ရောက်လာသည့် သတင်းက ထိုမျှမြန်မြန်ဆန်ဆန် ပျံ့နှံ့သွားလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။
ဤအချိန်တွင် တာ့ယန်၏ ကျင့်ကြံရေးလောက၌ နာမည်ကျော် ပုဂ္ဂိုလ်များနှင့် ဂိုဏ်ချုပ်အားလုံးက ရောက်ရှိနေကြသည်။ သူတို့က လုကျိုး၏ အနက်ရောင် ဆံပင်များကို မြင်သည့်အခါ မယုံကြည်နိုင်ကြပေ။ သူတို့က အတားအဆီးကို ချိုးဖောက်ကာ ကျင့်ကြံသူများက သက်တမ်း၏ ကန့်သတ်ချက် မရှိတော့သည့်အတွက် ကိုးချပ်မြောက်ပွင့်လွှာ ထွက်နိုင်စွမ်းရှိသည့် အချက်ကြောင့် ထူးဆန်းမိသည်ဟု မထင်မိပေ။ သူ အဘယ်ကြောင့် ငယ်ရွယ်သွားသည်ကို ရှာဖွေဖို့ မည်သူမျှ စိတ်ထဲ မထားကြပေ။
ရှန်ရှီက ရောက်လာသူများသည် ဘေးဘက်တွင် ရိုရိုကျိုးကျိုးရပ်နေပြီး လက်ဆောင်ကိုယ်စီ ကိုင်ထားသည်ကို မြင်သည့်အခါ ဆွံ့အမိသွား၏။ သူက ဖန်ကျုံးဘက် လှည့်ကာ မေးလိုက်သည်။
“မျှော်နန်းသခင်က ဒီလောက်တောင် လေးစားခံရတာလား”
ဖန်ကျုံးက ရှန်ရှီ၏ စကားကို ကြားသည့်အခါ ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။
“အစောင့်အရှောက်ရှန်က မိစ္ဆာဝေဟင်မျှော်နန်းကို ၀င်ကာစဆိုတော့ မသိသေးတာ ပုံမှန်ပါပဲ။ တာ့ယန်မှာ မိစ္ဆာဝေဟင်မျှော်နန်းက လေးစားခံရတယ်”
ရှန်ရှီက ခေါင်းညိတ်ကာ အကျိုးအကြောင်းသင့်ကြောင်း စဥ်းစားလိုက်မိသည်။ မျှော်နန်းသခင်က ဆွဲဆောင်မှုရှိသည့် လူတစ်ယောက် ဖြစ်၏။ ပို၍ အရေးကြီးသည်က သူသည် အပြာရောင်ကြာနယ်မြေမှ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေလေသည်။ ဤနေရာတွင် အရေးပါသည့် ပုဂ္ဂိုလ်များက မျှော်နန်းသခင်ထံ မျက်နှာသာပေးနေရ၍ အံအားသင့်စရာ မဟုတ်ပေ။ ဇာမဏီ အမြီးထက် ကြက်ခေါင်းဖြစ်ရသည်က ပိုကောင်း သည်ဟူသော စကားပုံရှိသည် မဟုတ်ပါလော။
အနူတောမှာ လူချော
...
အားလုံးရောက်လာပြီးသည့်နောက်တွင် သူတို့က ပြိုင်တူ ဦးညွှတ်လိုက်ကြ၏။
လုကျိုးက လောက၀တ်များကို အရေးမထားသည့်အတွက် လက်ဝှေ့ကာ ပြောလိုက်သည်။
“အားနာနေစရာ မလိုဘူး”
လုကျိုးက လက်ရှိလူများကို ကြည့်ကာ ရောက်လာကြသည့် လူများထဲတွင် မရင်းနှီးသည့် မျက်နှာတချို့ကိုလည်း မြင်လိုက်ရသည်။ ကံကောင်းစွာဖြင့် သူက အမှန်တရားမျက်လုံး ရှိထားသည့်အတွက် မကောင်းအကြံအစည်ရှိသည့် သူများကို မြင်နိုင်လေသည်။ သို့သော်လည်း ခန်းမအတွင်းရှိ လူများကြားတွင် ထိုသို့သော လူမျိုး မပါ၀င်ပေ။
ကျူးထျန်းယွမ်က တိတ်ဆိတ်မှုကို အရင်ဆုံး ချိုးဖောက်လိုက်ကာ မေးလိုက်သည်။
“အစ်ကိုကျိ … ကျုပ်ရဲ့ အသုံးမ၀င်တဲ့ သားကရော လက်တလော ဘာတွေလုပ်နေလဲ”
လုကျိူး က ရိုးရိုးသားသားပြန်ဖြေလိုက်သည်။
“မင်းဘာသာမင်းပဲ စိတ်ပူစမ်းပါ။ သူ့ဘ၀က မင်းထက်တောင် အဆင်ပြေသေးတယ်”
“ဟမ်”
ကျုးထျန်းယွမ်က နားမလည်နိုင် ဖြစ်သွားမိ၏။
လုကျိုးက ဆက်ပြောလိုက်သည်။
“သူက လွှမ်းမိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်ပြီးတော့ နယ်မြေတစ်ခုလုံးရဲ့ သခင် ဖြစ်နေပြီ”
ကျူးထျန်းယွမ်၏ မျက်နှာထက်တွင် မယုံကြည်နိုင်သည့် အမူအရာမျိုး ပေါ်ထွက်လာကာ “သူကလား။ အစ်ကိုကြီး ကျွန်တော်ကို နှစ်သိမ့်နေစရာ မလိုပါဘူး။ တကယ်လို့ အဲဒီကောင်စုတ်လေး မလိမ္မာရင် ရိုက်သာရိုက်ပစ်လိုက်။ ကျုပ်ခံစားချက်တွေ ထည့်တွက်နေစရာ မလိုဘူး”
“ငါက မင်းကို လိမ်နေတယ်များ ထင်လို့လား” လုကျိုးက အလေးအနက် ပြောလိုက်၏။
ကျူးထျန်းယွမ်က အလျင်အမြန် ပြောလိုက်သည်။
“ကောင်းလိုက်တာ။ ကျုပ် သားက ကျုပ်လမ်းစဥ်လိုက်နေတာပဲ”
ကျူးထျန်းယွမ်၏ စကားအဆုံးတွင် သူက ဘေးနားမှ လူကို ဆွဲကာ ပြောလိုက်သည်။
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ၈ယောက်မြောက် တပည့်က ကျုပ်သားပဲလေ”
ကျုးထျန်းယွမ် ဘေးတွင် ရှိနေသည့်သူက ဖြစ်ချင်တော့ လူသစ်လေး ရှန်ရှီ ဖြစ်နေလေသည်။
ကျူးထျန်းယွမ်က သူ့အနီးနားမှ မရင်းနှီးသော မျက်နှာကို မြင်သည့်အခါ သူ့ကိုယ်သူ ထပ်ပြောလိုက်သည်။
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ၈ယောက်မြောက် တပည့်က ကျုပ်သားပဲ”
ရှန်ရှီက အနည်းငယ် ကြောင်အမ်းသွားလေ၏။
ဒါက အဋ္ဌမသခင်လေးရဲ့ အဖေလား....
ထို့နောက် သူက ဖန်ကျုံးအား အတည်ပြုဖို့ရာ လှမ်းကြည့်လိုက်သည်။
ဖန်ကျုံးကလည်း ရှန်ရှီ စကားမပြောလျှင်ပင် သူ မေးချင်သည့် မေးခွန်းကို ချက်ချင်း နားလည်လိုက်သည်။ ထို့ကြောင့် သူက ခေါင်းညိတ်ကာ ကျူးထျန်းယွမ်က အမှန် ပြောနေကြောင်း ညွှန်ပြလိုက်၏။
ဖန်ကျုံးဆီမှာ သတင်း အတည်ပြုပြီးသည့်နောက်တွင် ရှန်ရှီက လျစ်လျူမရှုရဲတော့ဘဲ လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်။
“ချန်းပေ့ တွေ့ရတာ ၀မ်းသာပါတယ်”
“ခင်ဗျားကို တွေ့ဖူးတယ်လို့ မထင်ဘူး။ ခင်ဗျားက ဘယ်သူများတုံး”
“ကျုပ်က ရှန်ရှီပါ။ ကျုပ်က မိစ္ဆာဝေဟင်မျှော်နန်းကို ၀င်ထားကာစပါ” ရှန်ရှီက ပြောလိုက်၏။ ထို့နောက် သူက ဘေးဘက်ကို လှည့်ကာ ဆက်ပြောလိုက်သည်။
“ဒါက ကျုပ်ရဲ့ ညီ လီရှောင်မော့ပါ”
ကျုးထျန်းယွမ် က ပြုံးကာ “ကျုပ်သိပြီ သိပြီ”
နှစ်ဦးသားက စကားစမြည်းဆက်ပြောပြီးသည့်နောက်တွင် တိတ်ဆိတ်သွားလေ၏။
ထိုစဥ် လုကျိုးက လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။
“ငါက တာ့ယန်နဲ့ ဝေးနေတာ အချိန်အတော်ကြာပြီ။ ကိစ္စတွေက ဘယ်လိုတောင် ပြောင်းလဲနေပြီလဲ။ မိစ္ဆာဝေဟင်မျှော်နန်းက တာ့ယန်မှာ ခြေကုပ်ရနိုင်တာက အားလုံးရဲ့ ကျေးဇူးကြောင့်ပါပဲ”
“မဟုတ်တာ။ ကျိချန်းပေ့က အားနာလွန်းနေပါပြီ” နန်ကုန်းဝေက ပြောလိုက်၏။
“တကယ်တော့ ကျုပ်တို့ကသာ မိစ္ဆာဝေဟင်မျှော်နန်းကို မှီခိုခဲ့ရတာပါ။ အထူးသဖြင့် ဆဋ္ဌမသခင်လေးမလေးနဲ့ ချန်းဟွမ်ကိုပေါ့။ သူတို့တွေက တာ့ယန်မှာရှိတဲ့ ခက်ထန်သားရဲတွေကို မကြာခဏ ဖြေရှင်းပေးကြတယ်။ မိစ္ဆာဝေဟင်မျှော်နန်း မရှိဘဲ ကျုပ်တို့ရဲ့ ကျင့်ကြံဆင့်က ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်လာမှာ မဟုတ်ပါဘူး”
လုကျိုးက ဖြည်းဖြည်းချင်း ထရပ်လိုက်၏။ သူက လက်တစ်ဖက်ကို နောက်ပစ်ကာ လက်တစ်ဖက်ဖြင့် မုတ်ဆိတ်သပ်ပြီး နန်ကုန်းဝေကို ကြည့်လိုက်သည်။ ယခုကား သူတို့၏ စွမ်းအားကို နားလည်ဖို့ အခွင့်ကောင်း ဖြစ်၏။ ဤလူအုပ်စုက ရွှေကြာနယ်မြေတစ်ခုလုံး၏ စွမ်းအားကို ကိုယ်စား မပြုသော်လည်း အဓိက ဂိုဏ်းကြီးများမှ နာမည်ကျော် ပုဂ္ဂိုလ်များ ဖြစ်နေကြသည်။
ခဏအကြာတွင် လုကျိုးက မေးလာ၏။
“ခင်ဗျားရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်ရောက်ပြီလဲ”
နန်ကုန်းဝေက ဂုဏ်ယူမှုဖြင့် ပြန်ဖြေလိုက်သည်။
“ကျုပ်က ကိုးလွှာမြောက် ပွင့်ချပ်ကို ထွက်ခါစပါ”
ဖုန်းယီကျစ်ကလည်း ၀င်ပြောလိုက်သည်။
“ကျုပ်ကလည်း ရွှေကြာရဲ့ အတားအဆီးကို ချိုးဖောက်ပြီးတော့ ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်သွားပါပြီ”
လီကျင်းယီကလည်း သူမတွင် ပွင့်ချပ်ကိုးလွှာ ရှိကြောင်း ပြန်ဖြေလိုက်သည်။
ခဏအကြာတွင် ကျိုးယို့ချိုက်က လက်နှစ်ဖက်ယှက်ကာ ပြောလာ၏။
“ခုနှစ်စင်ကြယ် ကျောင်းတော်က ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ၅ယောက် ရှိပါတယ်။ ဒါပေမဲ့ ဒီနေ့ကတော့ ကျုပ် တစ်ယောက်တည်းပဲ ရောက်လာတာပါ”
ကျိုးယို့ချိုက်၏ စကားအဆုံးတွင် အားလုံးက သူ့ကို တအံ့တသြဖြင့် ကြည့်လိုက်ကြသည်။
ရောက်ရှိလာသည့်သူအများစုက ပွင့်ချပ်ကိုးလွှာအဆင့်များ ဖြစ်၏။
တခြားတစ်ဖက်တွင် ငရဲဂိုဏ်း၏ ကာကွယ်သူလေးယောက်က ရှက်ရွံ့နေဟန်ပေါ်သည်။
ဟွားချုံးယန်က ပြောလာ၏။
“ကျွန်တော်က ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းနိုင်ခဲ့တာ ကံကောင်းလို့ပါ။ ဒါပေမဲ့ ကျုပ်ရဲ့ ညီအစ်ကိုသုံးယောက်ကတော့ ယွီစီရင်စုရဲ့ တိုက်ပွဲအတွင်းမှာ ဒဏ်ရာအပြင်းအထန် ရရှိထားပြီးတော့ ပြန်ကောင်းဖို့ အချိန်အတော်ကြာ ယူခဲ့ရတယ်။ သူတို့ရဲ့ စွမ်းအင် ဗဟိုချက် ချီပင်လယ်ကို ပြန်ကောင်းအောင် လုပ်နိုင်တာပဲ အတော်လေး ကောင်းလှပါပြီ။ သူတို့က ပွင့်ချပ်ခြောက်လွှာပဲ ရှိသေးပေမဲ့ မဆုတ်မနစ် ကျင့်ကြံတယ် ဆိုတာကို သံသယဖြစ်စရာ မရှိပါဘူး”
ထိုအရာကို ကြားကာ ဟွမ်းရှစ်ကျဲက ၀င်ပြောလိုက်သည်။
“ဒါက ခင်ဗျားရဲ့ အမှား မဟုတ်ပါဘူး။ ဒါက နားလည်လို့ ရပါတယ်။ ဒီအရာတွေက အတင်းအကျပ် လုပ်ယူလို့မှ မရတာ”
အားလုံးက ခေါင်းညိတ်လိုက်ကြ၏။ သူတို့က ငရဲဂိုဏ်း၏ ကာကွယ်သူလေးယောက်ကို အထင်မသေးကြပေ။
ထိုစဥ် လုကျိုးက မေးလိုက်၏။
“ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ မရှိသေးဘူးလား”
အားလုံး “.....”
ခန်းမတစ်ခုလုံးက သုသာန်တစပြင်အလား တိတ်ဆိတ်သွားလေသည်။
လုကျိုး၏ မေးခွန်းက အားလုံးကို ကြောင်အမ်းသွားစေ၏။ တကယ်တော့ သူတို့က ဆယ်လွှာမြောက်ပွင့်ချပ်ကို ထွက်ဖို့ရာအတွက် ယုံကြည်ချက် ကင်းမဲ့နေကြောင်း သူတို့၏ မျက်နှာအထက် မြင်နိုင်နေလေသည်။
ထိုစဥ် ရှန်ရှီက အံ့အားသင့်သွား၏။ သူက ရွှေကြာနယ်မြေအကြောင်း များများစားစား မသိပေ။ သူသိထားသည်က အနက်ရောင်မျှော်စင် အဖွဲ့အစည်းသည် ဤနေရာတွင် မွေးမြူရေး အစီအစဥ်ကို စီစဥ်နေကြောင်းသာ ဖြစ်၏။ ခဏ အကြာတွင် သူက လုကျိုးကို ကြည့်ကာ ပြောလိုက်သည်။
“မျှော်နန်းသခင် ဒါက တကယ်တော့ ကိစ္စကောင်းပါပဲ”
လုကျိုးက နားမလည်နိုင်စွာ မေးလိုက်သည်။
“ဘာကို ပြောချင်တာလဲ”
“အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းတို့က မွေးဖွားဇယားချပ်သားရဲတွေကို သိမ်းပိုက်ခဲ့ကြတာ။ မွေးမြူရေး အစီအစဥ် မစတင်ခင် သူတို့က နယ်မြေတစ်ခုလုံးကို ကြိုပြီးတော့ စစ်ဆေးကြလိမ့်မယ်။ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတွေက အားမကောင်းဘူးဆိုပေမဲ့ သူတို့က ဓာတ်သဘာ၀ မွေးဖွားဇယားချပ်သားရဲတွေကို ဆွဲဆောင်နိုင်ဖို့ သော့ချက်ပဲ။ ကျုပ်တို့တွေသာ ဒီနေရာက မွေးဖွားဇယားချပ်သားရဲတွေကို အရင်သိမ်းပိုက်နိုင်မယ်ဆိုရင် ခြေတစ်လှမ်း စောသွားလိမ့်မယ်”
ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတွေက အားမကောင်းဘူးလား...
ထိုစကားများက အားလုံး၏ အာရုံကို ချက်ချင်း ဖမ်းစားသွားလေ၏။ တာ့ယန်တွင် ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများက ထိပ်သီးကျင့်ကြံသူများ ဖြစ်၏။ သို့သော်လည်း ဤသူက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများသည် အားမကောင်းကြောင်း ပြောနေလေသည်။ ပွင့်ချပ်ကိုးလွှာအဆင့်က ရွှေကြာနယ်မြေရှိ ကျင့်ကြံတိုင်းက အိမ်မက်မက်ရသည့် အဆင့်တစ်ခု ဖြစ်၏။
ထိုစဥ် ရှန်ရှီက သူ့စကားထဲမှ အမှားကို ချက်ချင်း သဘောပေါက်သွားကာ အလျင်အမြန် ဦးညွှတ်၍ ရှင်းပြလိုက်သည်။
“စကားချော်သွားတာပါ။ အားလုံးကို လျှော့တွက်တာ မဟုတ်ပါဘူး။ အားလုံးကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်း “....”
“ကိစ္စမရှိပါဘူး။ ကျုပ်တို့က တွက်ကတ်တတ်တဲ့သူတွေ မဟုတ်ပါဘူး” ကျူးထျန်းယွမ်က အပြုံးလေးဖြင့် ပြောလိုက်၏။
အားလုံးကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့က အတွေ့အကြုံ ကြွယ်၀သူများ ဖြစ်၍ စကားအနည်းငယ်ကြောင့် မည်သို့ဒေါသထွက်ကြ မည်နည်း။
ထိုစဥ် လုကျိူးက အသံမြှင့်ကာ ပြောလိုက်၏။
“ရှန်ရှီက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အစောင့်အရှောက်အသစ်ပဲ။ သူ့စကားတွေက နားမခံစရာ ဆိုပေမဲ့ သူပြောတာကို သဘောတူတယ်။ ပွင့်ချပ်ကိုးလွှာက တကယ်ကို အားနည်းလွန်းတယ်”
“...”
မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင် ပြောလာသည့် အတွက် တခြားသူများက ထိုအရာကို လက်ခံရုံမျှသာ တတ်နိုင်လေသည်။
လုကျိုးက ခေါ်လိုက်၏။
“ရှန်ရှီ”
“မျှော်နန်းသခင် အမိန့်ရှိပါ” ရှန်ရှီက ဦးညွှတ်လိုက်သည်။
လုကျိုးက လက်ဝှေ့လိုက်ပြီး ရှန်ရှီအား သူ့ကျင့်ကြံဆင့် ထုတ်ဖော်ပြသဖို့ ပြောလိုက်သည်။
ရှန်ရှီက လုကျိုး၏ ရည်ရွယ်ချက်ကို နားလည်ကာ ခေါင်းညိတ်လိုက်၏။
“ဟုတ်ကဲ့”
အားလုံးက မိစ္ဆာဝေဟင်မျှော်နန်းဆီ ၀င်ရောက်လာကာစဖြစ်သည့် ရှန်ရှီအား ကြည့်နေရင်း မျှော်လင့်စောင့်စားသည့် အမူအရာမျိုး ရှိနေကြသည်။
ထို့နောက် ရုတ်ခြည်းသလို ကမ္ဘာဦးချီ ထွက်ပေါ်လာပြီး ရှန်ရှီက ပင်မခန်းမဆောင်မှ ပျောက်ကွယ်သွားပြီး ပုံရိပ်ယောင်များသာ ချန်ထားခဲ့လေသည်။ ထို့နောက် သူက ခန်းမအပြင်ဘက်တွင် ပြန်လည်ပေါ်ထွက်လာ၏။ သူက လက်ကို မြှောက်ကာ ကောင်းကင်ဆီ မြှောက်လိုက်သည်။
အားလုံးက ခန်းမအပြင်ဘက် ထွက်လာကာ ကြည့်လိုက်ကြ၏။
ကြယ်တာရာဒိုင်ခွက်တစ်ခုက လေထုထဲ ပေါ်ထွက်လာသည်။ အစပိုင်းတွင် မီတာအနည်းငယ်မျှသာ ရှိသော်လည်း အရွယ်အစားက အလျင်အမြန် ကြီးထွားလာလေ၏။ ထိုအရာက ကောင်းကင်ကို ဖုံးလွှမ်းသွားသည့် အချိန်မှသာ ရပ်တန့်သွားခဲ့သည်။ အနက်ရောင် ကြယ်တာရာဒိုင်ခွက်နှင့် မွေးဖွားဇယားချက် စက်၀န်းပြားတို့က နေရာတစ်ခုလုံးကို ချက်ချင်းဆိုသလို မှောင်ကျသွားစေသည်။
ထိုစဥ် ရှန်ရှီက သူလက်ကို ပြန်ရုပ်သိမ်းလိုက်သည့်အချိန် အနက်ရောင်ကြယ်တာရာ ဒိုင်ခွက်က ပျောက်ကွယ်သွားပြီး အလင်းရောင်က ပြန်လည်ရောက်ရှိလာသည်။
ရှန်ရှီက ဂုဏ်ယူသလို ခံစားနေရ၏။ သူမိစ္ဆာဝေဟင်မျှော်နန်းသို့ ၀င်ရောက်စဥ်ကတည်းက ယခုက သူ့အတွက် ဂုဏ်ယူဖွယ် အခိုက်အတန့်တစ်ခု ဖြစ်၏။ သူ သိထားသလောက် မျှော်နန်းသခင်မှလွဲ၍ သူက အမြင့်ဆုံးကျင့်ကြံဆင့် ရှိထားလေသည်။
အစောပိုင်းနှင့်တူညီစွာ ကျုးထျန်းယွမ်က တိတ်ဆိတ်မှုကို အရင်ဆုံး ချိုးဖောက်လိုက်သည်။ သူက ဦးညွှတ်ကာပြောလိုက်၏။
“မဆိုးဘူး မဆိုးဘူး။ ခင်ဗျားရဲ့ စွမ်းအား စည်းတံဆိပ်က ကောင်းကင်ကိုတောင် ဖုံးလွှမ်းနိုင်တယ်။ ကျုပ်နဲ့တောင် ယှဥ်လို့ရတယ်”
ရှန်ရှီ “...”
ကျူးထျန်းယွမ်က ရှန်ရှီအနားကပ်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည် ။
“ဒါက မိစ္ဆာလမ်းစဉ်လား။ ခင်ဗျားက ဒီလိုကြီးမားတဲ့ စက်၀န်းပြားကြီးကို ဘယ်လိုလုပ်ခဲ့တာလဲ။ ကျုပ်ကို သင်ပေးလို့ ရမလား”
…
အခန်း (၉၆၃) အရှက်ရခြင်း
ရှန်ရှီက အလွန်စိတ်ရှုပ်ထွေးသွားလေ၏။ ယင်းက သူ၏အသန်မာဆုံးကျင့်စဉ်မဟုတ်ပင်လျှင် ခမ်းနားထည်ဝါပြီး အထာကျပုံပေါ်သင့်သည်။ သူ၏ ကျင့်ကြံဆင့်ကို ပြသနေတာ သိသာ၏။ ကြယ်တာရာဒိုင်ခွက်နှင့် တောက်ပနေသော မွေးဖွားဇယားချပ်များသည် ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူများ၏ တမူထူးကဲသော လက္ခဏာရပ်များဖြစ်သည်။
ကျူးထျန်းယွမ်က အပြုံးတစ်ပွင့်ဖြင့် ဆက်ပြောလိုက်လေ၏။
“ဒါ ဘယ်လိုအကွက်မျိုးလဲ။ သင်ပေးပါဦး”
ကျူးထျန်းယွမ်က ကြယ်တာရာဒိုင်ခွက်နှင့် အဲ့တာက ဘာကို ကိုယ်စားပြုမှန်း တကယ်မသိတာလား။ ဒါမှမဟုတ် လမ်းဘေးခွေးတစ်ကောင်အတွက် ဝံပုလွေကို အမှားလုပ်မိတာလား။
ရှန်ရှီက အရှက်ရမှုကို ဖာထေးရန် ပြောလိုက်၏။
“ဒါက ... အမ်း ... ကျုပ် ခင်ဗျားကို မသင်ပေးနိုင်မှာ စိုးရိမ်မိတယ်”
ကျူးထျန်းယွမ်က ရယ်မောလျက် ပြောလိုက်သည်။
“ဟေ့ ဟေ့ ခင်ဗျား ကျုပ်ကို အထင်သေးနေတာလား။ ကျုပ်က တိုက်ခိုက်ရေးကျင့်စဉ်တွေ အများကြီး ဖန်တီးခဲ့တာနော် ခင်ဗျား သိလား။ အရင်တုန်းက ဒါမျိုး တစ်ခါမှ မတွေ့ဖူးတာ ကြိမ်းသေတယ်။ လာလိုက်ပါ။ အဲ့ဒီကျင့်စဉ်တွေ သင်ပေးရင် ကျုပ်ရဲ့ကျင့်စဉ်နှစ်ခု သင်ပေးမယ်”
“...”
ဤနေရာရှိ ကျင့်ကြံသူများသည် သူတို့ဘဝတွင် ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကို တစ်ခါမှ မတွေ့ဖူးပေ။ သူတို့သည် ကြယ်တာရာဒိုင်ခွက်ကို မည်သို့ သိမည်နည်း။ ယင်းက ဘာကို ဆိုလိုမှန်း မည်ကဲ့သို့ နားလည်မည်နည်း။
ဖြစ်ကြောင်းကုန်စင်တစ်ခုလုံးကို ကြားလိုက်ရသည့် ဖန်ကျုံးက ရှက်ရွံ့နေလေ၏။ သူက အမြန်ရှေ့တိုးကာ ကျူးထျန်းယွမ်၏လက်ကို ဆုပ်ကိုင်လျက် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ချန်းပေ့ ... ဒီအစောင့်အရှောက်ရှန်က ခင်ဗျားကို အဲ့တာ တကယ်မသင်ပေးနိုင်ဘူး”
“ဘာလို့လဲ” ကျူးထျန်းယွမ်က ဇဝေဇဝါဖြင့် မေးလိုက်လေ၏။
ဖန်ကျုံးက ပြန်ပြောလိုက်သည်။
“အဲ့ဒီအကွက်က ဘုံတစ်ထောင်လေပွေသိုင်းပညာရှင်တွေပဲ သုံးနိုင်တာ။ သင်လို့မရတာ သဘာဝပဲပေါ့”
“...”
ဖန်ကျုံး၏ စကားကို ကြားသောအခါ လူတိုင်းသည် ရှန်ရှီကို တညီတညွတ်တည်း လှည့်ကြည့်လိုက်လေ၏။
ဖန်ကျုံးသည် သူ့စကားများက လူတိုင်း၏အာရုံစိုက်မှုကို မြင်သောအခါ သူက ဆက်ပြောလိုက်သည်။
“အဟုတ်ပဲ။ အစောင့်အရှောက်ရှန်နဲ့ အစောင့်အရှောက်လီက ဆန်းကြယ်နယ်ပယ် သိုင်းပညာရှင်တွေလေ”
ဖန်ကျုံး၏စကားများ ကြားသော်ငြား လူတိုင်း၏မျက်နှာထက်တွင် မယုံနိုင်သည့် အရိပ်အယောင်ရှိနေသေး၏။
ယင်းကို မြင်သောအခါ ဖန်ကျုံးက လှည့်လာလျက် ပြောလိုက်သည်။ "အစောင့်အရှောက်ရှန် ကြယ်တာရာဒိုင်ခွက်အကြောင်းမေ့ထားလိုက်တော့။ ခင်ဗျားရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြလိုက်တာ ပိုကောင်းမယ်”
ရှန်ရှီက နားလည်ကြောင်း ခေါင်းညိတ်လိုက်သည်။
ဘီး
အသံစွမ်းအင်က လေထဲပေါ်ထွက်လာသည်။
မကြာမီ၌ မိစ္ဆာဝေဟင်မျှော်နန်းရှေ့ရှိ ပင်မခန်းမတစ်ဝက်ကို လွှမ်းမိုးလိုက်သော အနက်ရောင် ကြာပွင့်က လူတိုင်းမျက်စိရှေ့၌ ပေါ်လာသည်။ တောက်ပနေသော ပွင့်ချပ်ဆယ်လွှာသည် ယင်းကို တွေ့မိသည့်လူတိုင်းကို တုန်လှုပ်စေ၏။ ကြာပလင်ပေါ်ရှိ သိသာသော အပိုင်းများတွင်ရှိသော မွေးဖွားနန်းဆောင်က ထွန်းလင်းနေပြီး ၎င်း၏ ပတ်ဝန်းကျင်ကို လင်းထိန်စေသည်။ ပြီးနောက် အနက်ရောင်စိတ်ဝိညာဉ်သဏ္ဌာန်ပေါ်လာပြီး အရွယ်အစားတိုးလာ၏။ ပေ ၁၀၀၊ ပေ ၂၀၀၊ ပေ ၃၀၀၊ ပေ ၄၀၀၊ ပေ ၄၅၀ ....
တာ့ယန်တွင် သိုင်းပညာရှင်အများစုက ပွင့်ချပ်ရှစ်လွှာအဆင့်တွင် ပိတ်မိနေတာဖြစ်သည်။ သူတို့၏သက်တမ်း၏ နှစ်တစ်ထောင်အကန့်အသတ်ကြောင့်သာ မဟုတ်လျှင် တာ့ယန်၏ထောင့်တိုင်း၌ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူများ ရှိနေလိမ့်မည်။ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူများသည် တာ့ယန်၌ သူတို့၏ စိတ်ဝိညာဉ်သဏ္ဌာန်က ပေ ၁၀၀ရှိလျှင် ၎င်းသည် ထူးချွန်နေပြီဟု သတ်မှတ်ထားတာ ဖြစ်သည်။ သို့သော် ရွှေကြာဖြတ်တောက်သည့် နည်းလမ်းက တာ့ယန်တွင် ပေါ်ပေါက်လာပြီးနောက် နဝမမြောက်ပွင့်ချပ်ကို ဖူးပွင့်နိုင်ကြသည့် ကျင့်ကြံသူများသည် သူတို့စိတ်ဝိညာဉ်သဏ္ဌာန်၏ အမြင့်သည် ပေ ၁၀၀မှ ပေ ၁၅၀ ဖြစ်လာတာကို တွေ့လိုက်ရ၏။
ထိုသို့ဆိုလျှင် ပေ ၄၅၀ စိတ်ဝိညာဉ်သဏ္ဌာန်က အဘယ်နည်း။
ဤလူများသည် အရူးများ မဟုတ်ပေ။ သူတို့သည် စိတ်ဝိညာဉ်သဏ္ဌာန်၏ အမြင့်က လူတစ်ယောက်၏ ကျင့်ကြံဆင့်ကို ကိုယ်စားပြုကြောင်းသိသည်။ ပေ ၄၅၀ အမြင့်သည် သူတို့နားလည်သဘောပေါက်မှုထက် ကျော်လွန်နေသော်ငြား ယင်းသည် သူတို့မရောက်နိုင်သည့် အမြင့်မှန်း သူတို့ သိကြသည်။
ခဏအကြာတွင် သူတို့က ဖန်ကျုံး၏ အစောတုန်းက စကားကို ပြန်တွေးမိသွား၏။ ဒါက ဆန်းကြယ်နယ်ပယ်လား။
အနက်ရောင်ကြယ်တာရာဒိုင်ခွက်သည် ပေ ၁၅၀ မြင့်သည့် စိတ်ဝိညာဉ်သဏ္ဌာန်၏ နောက်ကျောတွင် ပေါ်လာပြီး ကြယ်တာဒိုင်ခွက်ပေါ်ရှိ မျဉ်း ၁၂ ခုက အလွန်ထင်ရှားနေသည်။ မွေးဖွားဇယားချပ် လေးခုက တလက်လက် တောက်ပနေလေ၏။
ကျူးထျန်းယွမ်က စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်ပြီး တံတွေးမြိုချလိုက်တော့သည်။ အား ... တကယ်ပဲ ဒါမျိုးအရာက သင်လို့ မရနိုင်ဘူး။
ရှန်ရှီဆီသည် လူအုပ်ကြီးဆီမှ လေးစားမှုကို နှစ်ခြိုက်နေ၏။ သူသည် အနက်ရောင်မျှော်စင်အဖွဲ့အစည်း၌ ရှိတာ ကြာလွန်းပြီ။ မွေးဖွားဇယားချပ် သားရဲကို ရှာဖွေခြင်းနှင့် သတ်ဖြတ်ခြင်းကဲ့သို့ ရက်စက်သည့်တာဝန်များသာ ထမ်းဆောင်နေခဲ့ရခြင်းကြောင့် ဖြစ်သည်။ တာဝန်ပြီးမြောက်စွာ ဆောင်ရွက်နိုင်ခဲ့လျှင်တောင် အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှ တံဆိပ်ပြား အချို့တလေသာ ရရှိ၏။ သူက ခြွင်းချက်မရှိ ကောင်းမွန်စွာ ဆောင်ရွက်လျှင် အထက်အဖွဲ့အစည်းမှ ချီးကျူးမှုကို ရရှိကောင်း ရရှိလိမ့်မည်။
ထို့ကြောင့် ရှန်ရှီသည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ချက်ချင်း မရုပ်သိမ်းခဲ့ပေ။ သူသည် ကနဦးချီအနည်းငယ် ဖြုန်းတီးရမည်ဆိုလျှင်တောင် သူ့အတွက် ကိစ္စမရှိ။
လာရောက်လည်ပတ်သူများသည် စိတ်ဝိညာဉ်သဏ္ဌာန်ကို သဘောကျနေပြီး ချီးကျူးနေကြလေ၏။
အတော်ကြာပြီးနောက် လုကျိုး၏အသံသည် ပင်မခန်းမထဲမှ ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။
”လုံလောက်ပြီ”
ယခု လုကျိုးပြောပြီဖြစ်သောကြောင့် ရှန်ရှီသည် ဆက်ပြီးမကြွားရဲတော့ပေ။ သူက ချက်ချင်း ဦးညွှတ်လိုက်၏”နားလည်ပါပြီ”
မျက်စိတစ်မှိတ်အတွင်း စိတ်ဝိညာဉ်သဏ္ဌာန်က ပျောက်ကွယ်သွားလေ၏။
လူတိုင်းက မှင်သက်နေသေးသည်။ သို့သော် သူတို့မျက်နှာထက်တွင် အားကျရိပ် တစ်စွန်းတစ မြင်ရ၏။
ရှန်ရှီက ပြောလိုက်သည်။ "ရယ်စရာမြင်စေမိတာ တောင်းပန်ပါတယ်”
“...”
ကျူးထျန်းယွမ်၏ အမူအရာက ယခုအချိန်တွင် အတော်လေး သဘာဝမကျပေ။ သူသည် ရှန်ရှီကို တံတောင်နှင့်တို့ချင်သော်ငြား ယင်းက သင့်တော်သည်ဟု မခံစားရပေ။ အဆုံး၌ သူက ပြောလိုက်၏”ကျုပ် တောင်းပန်ပါတယ်။ ကျုပ် အင်း ... ကျုပ် မျက်စိတွေက မကောင်းခဲ့ဘူး”
“ဒါဘာမှ မဟုတ်ပါဘူး။ သေးငယ်တဲ့လှည့်ကွက်လေးတွေပါပဲ” ရှန်ရှီက နှိမ့်ချစွာပြောလိုက်၏။
လူတိုင်းသည် ထောက်ခံကြောင်း ခေါင်းညိတ်တော့သည်။ မြင့်မားပြီး စွမ်းဆောင်ရည်ရှိသည့် ဆန်းကြယ်နယ်ပယ် သိုင်းပညာရှင်က မောက်မာထောင်လွှားမည်ဟု သူတို့ ယူဆမိသည်။ ရှန်ရှီက ဤမျှ စာနထောက်ထားတတ်ပြီး နှိမ့်ချမည်ဟု သူတို့ မထင်ထားပေ။ နောက်ဆုံး၌ သူတို့အားလုံးက ပင်မခန်းမထဲသို့ ပြန်ဝင်သွားကြသည်။
လူတိုင်း သူတို့နေရာသို့ ပြန်ရောက်ပြီးနောက် လုကျိုးသည် လှေကားထစ်မှ ဆင်းလာပြီး သူတို့ သိမ်းကြုံးကြည့်လျက် ပြောလိုက်၏။
“ရှန်ရှီကို သူ့ရဲ့ကျင့်ကြံဆင့် ထုတ်ပြခိုင်းတာက အကြောင်းအရင်းနှစ်ရပ်ရှိတယ်”
သူသည် စကားပြော ခဏရပ်နားပြီးနောက် ပြောလိုက်၏။
“ပထမတစ်ချက်က မင်းတို့တွေ ရေတွင်းအောက်ခြေက ဖားသူငယ်မဖြစ်စေအောင် ပြောပြဖို့ပဲ။ အနီရောင်ကြာနယ်မြေအပြင် အနက်ရောင်ကြာနယ်မြေနဲ့ အဖြူရောင်ကြာနယ်မြေက အားကောင်းတဲ့ သိုင်းပညာရှင်တွေ ရှိတယ်။ ဒုတိယအချက်က မင်းတို့ ပွင့်ချပ်ဆယ်လွှာအဆင့်ရောက်ရင် မွေးဖွားဇယားချပ် သားရဲတွေကို သွေးဆောင်မိလိမ့်မယ်။ လာမည့်နေ့ရက်တွေမှာ မင်းတို့ဂိုဏ်းက လူတစ်ယောက်ဆီလွှတ်ပြီး ရှန်ရှီဆီမှာ သင်ယူစေချင်တယ်။ သူက မင်းတို့ကို ဒဿမမြောက် ပွင့်ချပ်ဖူးပွင့်ပြီး မွေးဖွားဇယားချပ် အသက်သွင်းပေးလိမ့်မယ်။ ပြီးတော့ မွေးဖွားဇယားချပ်သားရဲကို သတ်ဖို့ နည်းလမ်းကောပဲ။ ပိုသန်မာလာမှပဲ တခြားနယ်မြေက ရွှေကြာနယ်မြေကို ထိန်းချုပ်ဖို့ ကြိုးစားတာကို ရပ်တန့်နိုင်မှာ”
လုကျိုး၏ စကားများကို ကြားသောအခါ ကျင့်ကြံသူများသည် ရင်ထဲထိသွား၏။
နန်ကုံးဝေက ရှေ့တိုးလျက် ပြောလိုက်၏။
“မျှော်နန်းသခင်ရဲ့ သဘောထားကြီးမြတ်မှုက တကယ့်ကို အံ့ဩဖွယ်ကောင်းပါဘိ”
လူတိုင်းကလည်း လိုက်ပြောပြီး ဦးညွှတ်လိုက်ကြ၏။
“တကယ်အံ့ဩဖို့ကောင်းပြီး လေးစားစရာကောင်းလှပါတယ်”
လုကျိုးက ရှန်ရှီကို ကြည့်ပြီး မေးလိုက်၏။
“အစောင့်အရှောက်ရှန် ခင်ဗျား ဘယ်လိုထင်လဲ”
ရှန်ရှီသည် အနည်းငယ် ထိတ်လန့်သွားလေ၏။ သူ သတိရပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်တော့သည်”မျှော်နန်းသခင်ရဲ့ အမိန့်ကို လိုက်နာပါ့မယ်”
“ဒါဆို မင်းဆီ အပ်ထားလိုက်ပြီ”
“နားလည်ပါပြီ”
ပြီးနောက် ဂိုဏ်းချုပ်များက ရှန်ရှီဆီမှ သင်ယူဖို့ လူ စရွေးချယ်ကြသည်။
နန်ကုံးဝေက အကြီးအကဲချူးနန်ကို အမြန်ပြောလိုက်သည်။
“အကြီးအကဲချူး ခင်ဗျားရဲ့အရည်အချင်းက မဆိုးဘူး။ ပြန်ရောက်လာရင် ကျုပ်ကိုယ်စား ထျန်းဂိုဏ်းရဲ့ ရေးရာတွေကို ကိုင်တွယ်ပေးသင့်တယ်။ ကျုပ်က နောက်မှာ နေပေးပါ့မယ်။ ကျုပ် နေရစ်ခဲ့မယ်”
ချူးနန်သည် ထိုစကားများကြောင့် ထိတ်လန့်အံ့အားသင့်သွားပြီး ပြောလိုက်တော့သည်။
”ဂိုဏ်းချုပ် ဒါမျိုး လုပ်လို့ မရဘူးလေ။ ဂိုဏ်းက ဂိုဏ်းချုပ် တစ်ရက် မရှိရင် မဖြစ်ပါဘူး ... ဂိုဏ်းချုပ်။ တခြားလူတွေကို ထိန်းဖို့ ခက်ခဲမှာပါ”
နန်ကုံးဝေက ချူးနန်၏စကားကို ကြားပြီးနောက် ဆုံးဖြတ်ချက်ပြတ်သားစွာ ပြောလိုက်၏။
”ဒီလိုဆိုရင်ကော မင်းက ဂိုဏ်းချုပ်နေရာကို ယာယီထိန်းထားလိုက်”
ချူးနန်က ပြောလိုက်၏။ ”ဂိုဏ်းချုပ် ရာထူးကို ယာယီယူထားတာ ကျုပ်အတွက် မသင့်တော်ပါဘူး။ ဒါ့အပြင် ကိစ္စတွေ ဖြေရှင်းဖို့အတွက် ဂိုဏ်းချုပ်ရဲ့ အာဏာကို ကျုပ်ငှားယူနေတာ သူတို့တွေ သိသွားရင် သူတို့ လက်ခံမှာမဟုတ်ဘူး။ ကျုပ် နေခဲ့တာ ပိုကောင်းမယ်လို့ထင်တယ်”
နန်ကုံးဝေက ခေါင်းခါလျက် ဆုံးဖြတ်ချက်ပြတ်သားစွာ ပြောလိုက်သည်။
“ဒါဆို မင်း ဂိုဏ်းချုပ်လုပ်လိုက်တော့။ အဲ့ဒီအချိန်ကျ ဘယ်သူ ကန့်ကွက်ရဲလဲ ကြည့်မယ်”
ချူးနန် “...”
ထိုမြင်ကွင်းများသည် အခြားသောဂိုဏ်းများတွင်လည်း ဖြစ်ပွားနေသည်။ မိစ္ဆာဝေဟင်မျှော်နန်းမှ လူတိုင်းသည် ယင်းကို မြင်သောအခါ ဆွံ့အသွားကြသည်။
ရှန်ရှီသည် စိတ်အားထက်သန်မှုက ဤအဆင့်ထိ ရောက်လိမ့်မည်ဟု မထင်ထားပေ။ တစ်စုံတစ်ခုကို ရုတ်တရက်တွေးမိပြီးနောက် ဦးညွှတ်ကာ ပြောလိုက်သည်။ ”မျှော်နန်းသခင် ကြာပွင့်မရှိဘဲ မွေးဖွားဇယားချပ်ကို အသက်မသွင်းနိုင်မှာ စိုးရိမ်မိတယ်”
သူသည် ကျောင်းယွဲ့၏ ကြာပွင့်မရှိသော စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်ချိန်မှစပြီး ဤကိစ္စကို သူ့စိတ်ထဲ တွေးမိနေတာဖြစ်သည်။ ယင်းက သူ၏သဘောပေါက်နားလည်မှုကို ကျော်လွန်နေတာဖြစ်၏။
လူတိုင်းသည် ရှန်ရှီ၏စကားကို ကြားသောအခါ တောင့်ခဲသွားသည်။
လုကျိုးက ခေါင်းညိတ်လိုက်လေ၏။ သူက လက်နောက်ပစ်ကာ ပြောလိုက်သည်။
"လက်ရှိမှာ သူ၏ ကျင့်ကြံဆင့်က နဝမမြောက်ပွင့်ချပ်မှာ ပိတ်မိနေတုန်းပဲ။ သူတို့ ပွင့်ချပ်ဆယ်လွှာ အဆင့် ရောက်တော့မယ်ဆိုရင်ပဲ အရင်ဆုံး မွေးဖွားဇယားချပ် သားရဲတွေဆီကနေ အသက်ဓာတ် နှလုံးသားကို စစုဆောင်းရမယ်”
“နားလည်ပါပြီ” ရှန်ရှီက ပြောလိုက်၏”ဖြစ်နိုင်မယ်ဆိုရင် ကျုပ်တို့ကိုယ်ပိုင်အနေနဲ့ မွေးဖွားဇယားချပ် သားရဲတွေကို သိမ်းပိုက်နိုင်ဖို့ ကျင့်ကြံသူအားလုံး တညီတညွတ်တည်း လှုပ်ရှားခိုင်းဖို့ လိုပါတယ်။ တစ်ချိန်တည်းမှာပဲ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့အဖြူရောင်မျှော်စင်အဖွဲ့အစည်းဆီကနေ ဖုံးကွယ်ထားဖို့ နည်းလမ်းတစ်ခု စဉ်းစားမယ်”
လုကျိုးက ခေါင်းညိတ်လိုက်၏။ "ဒီကိစ္စ မင်းဆီအပ်ထားလိုက်ပြီ”
“နားလည်ပါပြီ” ရှန်ရှီက ဦးညွှတ်လိုက်၏။ ပြီးနောက် ရှန်ရှီက လူတိုင်းကို ပြောလိုက်တော့သည်။
“အားလုံးပဲ ကျေးဇူးပြုပြီး လမ်းပြပေးပါ”
မည်သူကမှ လျစ်လျူမရှုရဲပေ။
“အစောင့်အရှောက်ရှန် ခင်ဗျားက စာနာထောက်ထားလွန်းပြီး နှိမ့်ချလွန်းပါတယ်”
တစ်ချိန်တည်းတွင် ထိုဆန်းကြယ်သည့် သိုင်းပညာရှင်နှစ်ယောက် သူ့ထံ အညံ့ခံလာအောင် မည်သို့ပြုလုပ်ခဲ့လည်းဆိုတာ လူတိုင်းက သိချင်နေကြသည်။
ထိုစဉ် အဖြူရောင်မျှော်စင်အဖွဲ့အစည်းရှိ တစ်နေရာတွင်ဖြစ်သည်။
“ဆရာ ကျုပ်တို့ ရွှေကြာနယ်မြေဆီ လွှတ်လိုက်တဲ့အသင်းမှာ လူ လေးယောက်ရှိတယ်။ အားလုံး သေသွားပြီ” ကျင့်ကြံသူက တလေးတစားပြောလိုက်၏။
ခန်းမထဲ၌ ဓားရေးလေ့ကျင့်နေသော လူရွယ်က မေးလိုက်သည်။
“သူတို့ကို ဘယ်သူသတ်လိုက်တာလဲ”
“အနက်ရောင်မျှော်စင်အဖွဲ့အစည်း” ကျင့်ကြံသူက ပြန်ပြော၏။
“အနက်ရောင်မျှော်စင်အဖွဲ့အစည်းလား” လူရွယ်က ရှုတ်ချလိုက်၏။
“အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက သဘောတူညီချက် ပြုလုပ်ထားပြီးသား။ ရာရာစစ ငါတို့ကို တိုက်ခိုက်ရဲတယ်ပေါ့”
“မဟာလေဟာနယ်စွမ်းအင်ကြောင့်လို့ ပြောပါတယ်” ကျင့်ကြံသူက ပြောလိုက်သည်။
“ခေါင်းဆောင်ထန်က သူမသွားခင် ကျုပ်ကို ပြောသွားတာပါ။ ဒီစကားတွေ မှန်မမှန်တော့ ကျုပ် မသိဘူး”
လူရွယ်က မျက်မှောင်ကျုံ့လိုက်၏”မဟာလေဟာနယ် စွမ်းအင်လား”
“ဟုတ်ပါတယ်”
“ဒီကိစ္စကို ထုတ်ပြန်လို့မရဘူး။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့ကိုယ်တိုင်သွားပြောလိုက်မယ်”
“နားလည်ပါပြီ”