← Chapters

အခန်း (၉၇၀-၉၇၂)

Vol. 65 Ch. 970-972

အခန်း (၉၇၀-၉၇၂)

Vol. 65 Ch. 970-972

အခန်း (၉၇၀) မိစ္ဆာဝေဟင်မျှော်နန်းမှာ ဘယ်သူက ဒုတိယမြောက် ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူ ဖြစ်မှာလဲ

အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို လုံလုံလောက်လောက် ပြန်လည်ရရှိပြီးနောက်တွင် လုကျိုးက ကောင်းကင်ကျမ်း စွမ်းအားကို အသုံးပြု၍ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကို ထပ်မံ စစ်ဆေးကြည့်လိုက်သည်။

ထိုစဉ် ယွီကျန့်ဟိုင်က ပျက်စီးနေသည့် တံတိုင်းတစ်ခုကို မှီ၍ ထိုင်နေသည်။ သူက အသက်ဓာတ်နှလုံးသားကို မွေးဖွားနန်းဆောင်အတွင်း ထားရှိခဲ့ပြီးသား ဖြစ်၏။

ထိုအရာကို မြင်ကာ လုကျိုးက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက ရှောင်ယွင်ဟယ်နှင့် တခြားလူများသည် ဘယ်နေရာရောက်သွားလဲဟု မစဉ်းစားဘဲ မနေနိုင်တော့ပေ။ ပတ်ဝန်းကျင်တစ်ခုလုံးက မည်းမှောင်ကာ တိတ်ဆိတ်နေသည့်အတွက် ရှင်းရှင်းလင်းလင်း မမြင်ရပေ။

ကောင်းကင်က ပို၍မှော င်မဲလာသည်။ ဤသို့သော မှောင်မည်းကာခြောက်ကပ်သည့် ပတ်ဝန်းကျင်မျိုး၌ လူအများစုအတွက် အာရုံစိုက်ဖို့ ခက်ခဲလှသည်။ သို့သော်လည်း ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့အတွက်မူ ဘာမှမဖြစ်ပေ။

ခဏအကြာတွင် လုကျိုးက ယွီရုန်းရှန်သည် အသက်ဓာတ်နှလုံးသားကို ကိုင်ရင်း စွမ်းအား စုပ်ယူနေသည်ကို မြင်လိုက်ရသည်။

“ဟမ်”

ယွီရှန်းရုန် ကိုင်ဆောင်ထားသည့် အသက်ဓာတ်နှလုံးသားက သာမန်အသက်ဓာတ် နှလုံးသားထက် ပိုကြီးမားနေကြောင်း သတိထားမိလိုက်သည်။ ထိုအရာက ကျန့်ကောင်း၏ အသက်ဓာတ်နှလုံးသား မဟုတ်ပေ။

“လျန်ချူလား၊ ရှောင်ယွင်ဟယ်က လျန်ချူရဲ့ အသက်ဓာတ်နှလုံးသားကိုတောင် သူတို့ကို ပေးလိုက်တာလား၊ ငါက သူ့ဆီကနေ မီးတောက်စိတ်ဝိညာဉ် ခြောက်တုံး ယူခဲ့တာတောင် သူက စိတ်မဆိုးဘူးလား။ ဘာတွေများ ဖြစ်သွားပါလိမ့်”

ခဏအကြာတွင် လုကျိုးက ယွီကျန့်ဟိုင်ကို အာရုံစိုက်လိုက်သည်။ ယွီကျန့်ဟိုင်၏ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မူမမှန်မှု မရှိကြောင်း သတိထားမိပြီးသည့်အခါ ယွီကျန့်ဟိုင်ကို လေ့လာနေမှုအား ရပ်တန့်လိုက်သည်။ အကယ်၍ အရာအားလုံးက တိုးတက်နေမည်ဆိုပါက ယွီကျန့်ဟိုင်သည် မနက်ဖြန်မနက်တွင် မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်လိမ့်မည်။

ထို့နောက် လုကျိုးက ကောင်းကင်ကျမ်းကို ဖြတ်တောက်လိုက်၏။

သူက စိတ်ရှုပ်ထွေးနေမိသည်။ ယခင်က ယွီရှန်းရုန်သည် အသက်ဓာတ်နှလုံးသား၏ စွမ်းအားကို စုပ်ယူခဲ့ဖူးသော်လည်း ရလဒ် မရှိခဲ့ပေ။

ယွီရှန်းရုန်က အသက်ဓာတ်နှလုံးသား၏စွမ်းအားကို အဘယ်ကြောင့် ထပ်မံစုပ်ယူနေရသနည်း။ သူ့စိတ်ထဲ ဝေဝေဝါးဝါးအတွေးတစ်ခု ပေါ်ထွက်လာဖို့ သိပ်မကြာလိုက်ပေ။

ထို့နောက် သူက ထိုကိစ္စကို ထပ်မစဉ်းစားတော့ပေ။ ထိုအစား သူက ကောင်းကင်ကျမ်းကို ဆက်လက်ဆင်ခြင်ပြီး အထွတ်အထိပ်စွမ်းအားကို ပြန်လည် ဖြည့်တင်းလိုက်သည်။

…

နောက်တစ်ရက် မနက်ခင်း

တစ်ညတာလုံး တရားထိုင်ပြီးသည့်နောက်တွင် အထွတ်အထိပ် ဆန်းကြယ်စွမ်းအား တစ်စိတ်တစ်ပိုင်းကို ပြန်လည်ရရှိပြီးသည့်နှင့် လုကျိုးက ကောင်းကင်ကျမ်းကို အသုံးပြုကာ ယွီကျန့်ဟိုင်ကို ထပ်မံ စစ်ဆေးကြည့်လိုက်သည်။ ယွီကျန့်ဟိုင်က မွေးဖွားနန်းဆောင်ကို စိတ်သက်သာရာရသည့် အမူအယာဖြင့် ကြည့်နေသည်ကို မြင်လိုက်ရ၏။ ထိုစဉ် အသက်ဓာတ်နှလုံးသားက မွေးဖွားနန်းဆောင်အတွင်း နစ်မြုပ်နေလေသည်။

ယွီကျန့်ဟိုင်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

“အာ့ရှစ်တိ ငါ မွေးဖွားဇယားချပ်ကို အောင်အောင်မြင်မြင် အသက်သွင်းနိုင်သွားပြီ”

ဤတစ်ကြိမ်တွင် သူက ကြွားလုံးထုတ်နေခြင်း မဟုတ်ဘဲ တကယ်ကို စိတ်လှုပ်ရှားနေခြင်း ဖြစ်၏။

“ဂုဏ်ပြုပါတယ်” ယွီရှန်းရုန်က ပြောလိုက်သည်။

ထို့နောက် ယွီကျန့်ဟိုင်က ယွီရှန်းရုန်၏ စိတ်ဝိညာဉ်သဏ္ဌာန်အထက် မျောလွင့်နေသည့် အသက်ဓာတ်နှလုံးသားတွင် စွမ်းရည်အမြောက်အမြား ကျန်ရှိနေသည်ကို မြင်လိုက်ရသည်။ သူက မနေနိုင်ဘဲ စိတ်ထဲမှာသာ တွေးလိုက်မိ၏။

ကမ္ဘာကြီးမှာ ဘာမှကို မလွယ်ကူဘူးပဲ။ အာ့ရှစ်တိက အသက်ဓာတ်နှလုံးသားကနေ စွမ်းအား စုပ်ဖို့တောင် မလွယ်တော့ဘူး…။

ထိုစဉ် ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“ငါ အခု ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့စည်းဖို့ ကြိုးစားကြည့်မယ်။ မင်းလည်း အသက်ဓာတ်နှလုံးသားကို ဆက်ပြီး စုပ်ယူနေလိုက်ပေါ့”

“ကောင်းပြီ”

နှစ်ဦးသားက သူတို့၏ ကိုယ်ပိုင်လုပ်ငန်းစဉ်များအတွင်းသာ အာရုံစိုက်ထားကြသည်။

ယွီကျန့်ဟိုင်က စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်ကာ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို စတင်ဖွဲ့စည်းလိုက်သည်။ သူက စီးဝူယာ့ဆီမှ ဘုံတစ်ထောင်လေပွေအကြောင်းကို သင်ယူထားပြီးပြီ ဖြစ်သည့်အတွက် စိုးရိမ်ခြင်း မရှိပေ။

သူ သင်ယူထားသလောက် ယွီကျန့်ဟိုင်သည် သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို လေထဲ မြင့်မြင့် ရွေ့လျားစေလိုက်သည်။ သို့သော်လည်း သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ရွေ့လျားစေလိုက်သည်နှင့် ပျောက်ကွယ်သွားလေသည်။

“ဟမ်”

ယွီကျန့်ဟိုင်က စိတ်ဝိညာဉ်သဏ္ဌာန်ကို ထပ်မံ ထုတ်ဖော်လိုက်ပြီး လုပ်ဆောင်လိုက်သည်။ သို့သော်လည်း ထပ်မံ ကျရှုံးသွားခဲ့၏။

ထပ်ကာထပ်ကာ ကျရှုံးနေခဲ့သည်။

ယွီကျန့်ဟိုင်က အကြိမ်ဒါဇင်အထိ ကြိုးစားခဲ့သော်လည်း သူတို့အားလုံးက ကျရှုံးမှုနှင့်သာ အဆုံးသတ်သွားခဲ့သည်။ သူက မျက်မှောင်ကြုတ်ကာ သူ့ဘာသာသူ ရေရွတ်လိုက်၏။

“ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့စည်းဖို့ ခက်ခဲလား”

စောင့်ကြည့်နေသည့် လုကျိုးကလည်း ယွီကျန့်ဟိုင်အတွက် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့စည်းဖို့ အင်မတန်ခက်ခဲလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ ယွီကျန့်ဟိုင်က မဟာလေဟာနယ် မျိုးစေ့ကို ရှိထားလေ၏။ ထို့အပြင် သူ့ရုပ်ခန္ဓာနှင့် ပါရမီတို့က လူအများစု အထက်တွင် ရှိလေသည်။ အကယ်၍ ယွီကျန့်ဟိုင်က ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့စည်းဖို့ ကျရှုံးခဲ့လျှင်ပင် တခြားကျင့်ကြံသူများအတွက် အောင်မြင်ဖို့ မည်သို့မျှော်မှန်းချက် ရှိမည်နည်း။ ထင်ထားသည့်အတိုင်း ဘုံတစ်ထောင်လေပွေအဆင့်က အလွယ်တကူ ရရှိနိုင်သည့်အရာ မဟုတ်ပေ။

လုကျိုးက ကုသိုလ်ရမှတ် ငါးသိန်းကို အသုံးပြု၍ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို တိုက်ရိုက်ရယူခဲ့၍ ထိုပြဿနာ မရှိခဲ့ပေ။

“ဘာများ လွဲချော်နေတာလဲ” လုကျိုးက သူ့ဘာသာသူ စဉ်းစားလိုက်ပြီး ယွီကျန့်ဟိုင်ကို ဆက်လက်စောင့်ကြည့်လိုက်သည်။ ယွီကျန့်ဟိုင်၏ ကျင့်ကြံဆင့်က လုံလုံလောက်လောက် မြင့်မားနေပြီး ပထမဦးဆုံး မွေးဖွားဇယားချပ်ကိုပင် အသက်သွင်းထားပြီးသားဖြစ်၏။

ယွီကျန့်ဟိုင်ရဲ့ စွမ်းရည်ဗဟိုချက်ထဲက ချီပင်လယ်က လိုအပ်ချက်နဲ့ မပြည့်မီတာများလား…

…

ထိုစဉ် တောင်ဘက်မျှော်နန်းဆောင်၏ အပြင်ဘက်

ရှန်ရှီနှင့် တခြားသော ပွင့်ချပ်ကိုးလွှာကျင့်ကြံသူများက အရှေ့ဘက် မျှော်နန်းဆောင်ဆီ လှမ်းကြည့်လိုက်ကြသည်။

နန်ကုန်းဝေက တလေးတစားဖြင့် ပြောလိုက်၏။

“မျှော်နန်းသခင်က ဒီလောက် အားကောင်းလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ အစောင့်အရှောက်ရှန်က မနေ့တုန်းက မျှော်နန်းသခင်ရဲ့ လက်ဝါးစည်းတံဆိပ်ကို တားဆီးခဲ့တာ တကယ်ကို အံ့ဩဖို့ ကောင်းတယ်”

ထိုအရာကိုကြားကာ ရှန်ရှီ၏ မျက်နှာထက် ရှက်ရွံ့သည့် အမူအယာမျိုး ပေါ်ထွက်လာသည်။

“မဟုတ်ပါဘူး၊ ကျုပ်ကို ချီးကျုးလွန်းနေပါပြီ”

ခဏအကြာတွင် နန်ကုန်းဝေက သိချင်စွာမေးလိုက်၏။

“ရွှေကြာနယ်မြေနဲ့ အနက်ရောင်နယ်မြေတို့ရဲ့ ကွာခြားချက်က ဘာများလဲ”

“ပြောရမယ်ဆိုရင်တော့ ကွာခြားချက်ရယ်လို့ မရှိပါဘူး။ နေရာတိုင်းမှာ ဟိုးကတည်းက အားနည်းတဲ့ ကျင့်ကြံသူနဲ့ အားကြီးတဲ့ ကျင့်ကြံသူဆိုပြီး ရှိကြတာပဲလေ။ ဟိုးကတည်းက ကြာပွင့်ကလည်း ရောင်စုံ ရှိကြတာပဲ။ အနက်ဖြစ်ဖြစ်၊ အနီဖြစ်ဖြစ်၊ ရွှေရောင်ဖြစ်ဖြစ် အားနည်းတဲ့ လူနဲ့ အားကြီးတဲ့ လူဆိုပြီးတော့ ရှိကြတာပဲ”

“ဒါပေမဲ့ အနက်ရောင်ကြာနယ်မြေက ဘာလို့ဒီလောက် အားကောင်းနေရတာလဲ”

ရှန်ရှီက ပြန်ဖြေလိုက်၏။

“မိုးမြေရဲ့ အချုပ်အနှောင်တွေက နယ်မြေအသီးသီးမှာ ကွဲပြားတယ်။ အခုထိ ဘယ်သူကမှ မိုးမြေအတားအဆီးရဲ့ လျှို့ဝှက်ချက်တွေကို မဖော်ထုတ်နိုင်သေးဘူး။ ဒီမေးခွန်းအတွက် ကျုပ်ဆီမှာ အဖြေ မရှိဘူး”

အားလုံးက သက်ပြင်းချလိုက်ကြသည်။

ခဏအကြာတွင် နန်ကုန်းဝေက ထပ်ပြောလိုက်သည်။

“ကျုပ်တို့က ကြာပွင့်ကို ဖြတ်တောက်ထားတာဆိုတော့ မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ မဖြစ်နိုင်လောက်ဘူး ထင်တယ်။ တကယ်လို့ ကျုပ်တို့သာ ဒီအတွက် ဖြေရှင်းနည်းကို မရှာရင် နောင်အနာဂတ်ကျရင်…”

ရှန်ရှီက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“အဖွဲ့အစည်းရဲ့ အကြီးအကဲတစ်ယောက်က မျှခြေစည်းမျဉ်း အကြောင်းပြောတာ ကြားခဲ့ဖူးတယ်။ ကောင်းကင်ဘုံက ယူသွားတဲ့အရာအတွက် တစ်နေ့မှာ တစ်နည်းမဟုတ် တစ်နည်း မျှခြေကို ထိန်းသိမ်းဖို့ ပြန်လည်ပေးဆပ်လိမ့်မယ်တဲ့။ အဲဒါကြောင့် ခင်ဗျားတို့ဆီမှာ ကြာပွင့် မရှိတော့ရင်တောင် တခြားနည်းနဲ့ လုပ်ဆောင်နိုင်မှာ သေချာတယ်”

နန်းကုန်းဝေက သက်ပြင်းချလိုက်ပြီး

“အစောင့်အ‌ရှောက်ရှန်ရဲ့ ကြင်နာတဲ့စကားတွေအတွက် ကျေးဇူးတင်ပါတယ်။ မိုးမြေက ကျုပ်တို့လူသားတွေရဲ့ သက်တမ်းအများကြီးကို ယူဆောင်ထားပြီးပြီ။ ဒါတွေကိုရော နောက်ထပ် တစ်နည်းနည်းနဲ့ ရယူနိုင်ပါ့မလား”

အားလုံးက ထိုစကားများကို ကြားသည့်အခါ သက်ပြင်းချလိုက်ကြသည်။

ရှန်ရှီက ပြောလိုက်သည်။

“တစ်ရက်ကျရင် ကျုပ်တို့‌တွေ မဟာလေဟာနယ်ကို ရှာတွေ့တဲ့အခါ အဲဒီလျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းနိုင်မှာပါ”

“နောင်အနာဂတ်မှာ အရမ်းကို အလှမ်းဝေးလွန်းတယ်။ ဒါနဲ့ အစောင့်အရှောက်ရှန် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့စည်းတဲ့အခါ ဘာတွေကို အလေးထားဖို့လိုလဲ ဆိုတာကို ပြောပြလို့ရမလား” တစ်ယောက်က မေးလိုက်သည်။

ရှန်ရှီက ခေါင်းညိတ်လိုက်၏။

“တကယ်တော့ မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့က မခက်ခဲဘူး။ တကယ်တမ်း ခက်ခဲတဲ့အရာက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့စည်းတဲ့အခါပဲ”

ရှန်ရှီက သူ၏အနက်ရောင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်သည်။ ထိုအရာ၏ အမြင့်က ယခုအခါ ပေနှစ်ဆယ်မျှသာရှိ၏။

“ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်နဲ့ ယှဉ်လိုက်ရင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်က မွေးဖွားဖယားချပ်၊ မွေးဖွားနန်းဆောင်၊ မွေးဖွားစက်ဝန်းပြားနဲ့ ကြယ်တာရာဒိုင်ခွက်ဆိုပြီးတော့ ရှိတယ်” ရှန်ရှီက သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ညွှန်ပြကာ ပြောလိုက်သည်။

“ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့စည်းနိုင်ဖို့ မှတ်ထားဖို့ သုံးခု ရှိတယ်။ ပထမတစ်ခုက ဒီအဆင့်တွေရဲ့ အစဉ်လိုက်ကို ဘယ်တော့မှ မမေ့ရဘူး။ အစီအစဉ်တွေက လွဲချော်လို့ မရဘူး။ မဟုတ်ရင် သေချာပေါက် ကျရှုံးသွားလိမ့်မယ်”

“ပထမဆုံး မွေးဖွားနန်းဆောင်ကို ဖွဲ့စည်းရမယ်။ မွေးဖွားနန်းဆောင်မှာ မွေးဖွားဇယားချပ်ဇုန်တွေ ပေါ်ထွက်လာလိမ့်မယ်။ အဲဒီနောက် ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့စည်းပြီးတဲ့နောက်မှာ မွေးဖွားစက်ဝန်းပြားက အလိုလို လိုက်လာလိမ့်မယ်။ ဒုတိယအနေနဲ့ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့စည်းရမဲ့ ဖြစ်စဉ်က ခင်ဗျားတို့ဆီမှာ အင်မတန် ကြံ့ခိုင်တဲ့ စိတ်စွမ်းအားနဲ့ နာကျင်မှုကို တောင့်ခံနိုင်စွမ်းတို့လည်း လိုအပ်တယ်။

စိတ်ဝိညာဉ်သဏ္ဌာန်က ခင်ဗျားရဲ့ ခန္ဓာကိုယ်လိုပဲ။ အဲဒါကို ပြောင်းလဲလိုက်တာက နာကျင်မှုအမြောက်အများ ခံရမှာ အသေအချာပဲလေ။ တတိယအနေနဲ့ ကမ္ဘာဦးချီ အလုံအလောက် မရှိဘဲနဲ့ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့စည်းဖို့ မဖြစ်နိုင်ဘူး”

အားလုံးက ရှန်ရှီ၏ စကားကို နားထောင်နေရင်း ခေါင်းညိတ်လိုက်ကြသည်။

“ကျုပ်တို့တွေ မသိသေးတဲ့အရာတွေ တကယ်ကို အများကြီး ရှိနေတာပဲ။ အစောင့်အရှောက်ရှန်ရဲ့ စကားတွေကို နားထောင်လိုက်ကာ ဆယ်နှစ်တာ လေ့လာလိုက်တာထက်တောင် ကောင်းသေးတယ်” တစ်ယောက်က ရှန်ရှီ၏ စကားများကို မှတ်သားထားပြီးသည့်နောက်တွင် ပြောလိုက်၏။

ထိုစဉ် ဖန်ကျုံးက ရောက်လာကာ ပြောလိုက်သည်။

“အစောင့်အရှောက်ရှန် မျှော်နန်းသခင်က ခင်ဗျားအတွက် အလုပ်တစ်ခု ရှိတယ်တဲ့။ သူက အခုပြောခဲ့တဲ့ စကားတွေကို ပထမသခင်လေးဆီ ပြန်ပြောဖို့ ပြောနေတယ်”

ရှန်ရှီက အံ့အားသင့်သွားပြီး “မျှော်နန်းသခင်က ငါ့စကားတွေကို နားထောင်နေတာလား”

ဖန်ကျုံးက ပြုံးလိုက်ကာ “ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ”

“ကောင်းပြီလေ အခုချက်ချင်း ဆောင်ရွက်လိုက်မယ်”

တကယ်တော့ လုကျိုးသည် အကြားစွမ်းရည်ဖြင့် ရှန်ရှီ ပြောသမျှစကားများကို ကြားခဲ့သည်မှာ တိုက်ဆိုင်မှုမျှသာ ဖြစ်၏..။

အနီရောင်ကြာနယ်မြေ၏ တောင်ပိုင်းတိုင်းပြည်

နေ့တစ်ဝက်တာ ကြိုးစားပြီးသည့်နောက်တွင် ယွီကျန့်ဟိုင်က အောင်မြင်မှု မရှိသေးပေ။ သူက နဖူးမှချွေးကို သုတ်ကာ ပြောလိုက်၏။

“ငါ ဒီလိုကျရှုံးမှုတွေ အများကြီး ဘယ်တုန်းကများ ကြုံတွေ့ခဲ့ဖူးပါလိမ့်၊ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်က ဖွဲ့စည်းဖို့ ဒီလောက်တောင် ခက်ခဲရတယ်တဲ့လား”

ခဏအကြာတွင် ယွီကျန့်ဟိုင်က ယွီရှန်းရုန်ကို လှည့်ကြည့်လာသည်။ ယွီရှန်းရုန်က အသက်ဓာတ်နှလုံးသား၏ စွမ်းအားတစ်ဝက်ကို စုပ်ယူပြီးသွားလေပြီ။

“အာ့ရှစ်တိ မင်းရဲ့စိတ်ဝိညာဉ်သဏ္ဌာန်က…”

ယွီရှန်းရုန်က စိတ်ဝိညာဉ်သဏ္ဌာန်က စွမ်းအားကို စုပ်ယူဖို့ရာအတွက် အသက်ရှုနှုန်းကိုသာ အာရုံစိုက်ထားခဲ့သည်။ သူက စိတ်ဝိညာဉ်သဏ္ဌာန်၏ အပြောင်းအလဲကို သတိမပြုမိခဲ့ပေ။

ယွီကျန့်ဟိုင်၏ စကားကို ကြားကာ ချက်ချင်းဆိုသလို မျက်လုံးဖွင့်လာ၏။ သူက ရွှေရောင်ပွင့်ချပ်များကို မြင်လိုက်ရပြီး ထိုအရာထဲတွင် အစိမ်းရောင် အငွေ့အသက်တချို့ ရှိနေဟန်ပေါ်သည်။

ယွီရှန်းရုန်က နားမလည်နိုင်ဖြစ်သွားကာ

“ရှောင်ယွင်ဟယ်က စုပ်ယူနှုန်းက နှေးကွေးတယ်လို့ ပြောခဲ့ပေမဲ့ အဲလိုဖြစ်ဟန်တောင် မပေါ်ဘူးပဲ”

ယွီကျန့်ဟိုင်က ယုံကြည်ချက်ရှိရှိ ပြန်ဖြေလိုက်သည်။

“အဲဒါက သူ့ဆီမှာ မွေးဖွားဇယားချပ်အများကြီး ရှိလို့နေမယ်။ မွေးဖွားဇယားချပ် အရေအတွက်ကြောင့် လိုအပ်ချက်တွေလည်း မြင့်မားပြီးတော့ စုပ်ယူနှုန်းကလည်း နှေးကွေးနေတာ ဖြစ်ရမယ်။ မင်းက မွေးဖွားဇယားချပ်ကို အသက်မသွင်းရသေးဘူးဆိုတော့ လိုအပ်ချက်တွေက မမြင့်တော့ အမြန်နှုန်းက မြန်ဆန်တာပေါ့”

ယွီရှန်းရုန်က ပြန်မဖြေပေ။ ထို့အစား သူက သူ့စိတ်ဝိညာဉ်သဏ္ဌာန်နှင့်အတူ တောင်ဘက် မီတာငါးဆယ်ဆီ ပျံသန်းသွားခဲ့သည်။

ယွီကျန့်ဟိုင် “…”

…

အခန်း (၉၇၁) ရှစ်စွင်းက ရှေးဖြစ်ဟောသူလား

ဤလောကကြီးထဲတွင် ယွီရှန်းရုန်အကြောင်း ယွီကျန့်ဟိုင်ထက် ပိုသိသူ မရှိပေ။ ယွီရှန်းရုန်၏ အရှိန်က ယခင်ကထက် ပိုမြန်ဆန်တာကို သူ မြင်နိုင်သည်။ သိုင်းပညာရှင်များကြားရှိ တိုက်ပွဲများတွင် အရှိန်စိုးစဉ်းမျှ ကွာဟချက်သည် ကြီးကြီးမားမား ဖြစ်စေနိုင်၏။ ထို့အပြင် သူသည် ကျန်းနန်ပတ်လမ်းမှ တောင်ဘက်တိုင်းပြည်ဆီသို့ သူတို့နှစ်ယောက်သား ပျံသန်းလာချိန်တွင် ယွီရှန်းရုန်၏အရှိန်ကို မှတ်သားထားသည်။ နှစ်ယောက်လုံးယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ရလဒ်အနေဖြင့် သူတို့အရှိန်က တစ်ယောက်နှင့်တစ်ယောက် ယှဉ်နိုင်သည်။

ယွီကျန့်ဟိုင်သည် အရှိန်ပြောင်းလဲသွားတာကို အာရုံခံမိသောကြောင့် ယွီရှန်းရုန်သည် ၎င်းကို ပိုတောင် တိတိကျကျ အာရုံခံနိုင်၏။ သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို တအံ့တဩကြည့်လိုက်သည်။ အရောင်အနည်းငယ်ပြောင်းလဲသွားသော ကြာပွင့်များသည် နွေဦး၌ ဖူးပွင့်တော့မည့် ပုရစ်ဖူးများပမာ ဖြစ်နေတော့သည်။ ရွှေရောင်ကမူ အစိမ်း၏ဆန့်ကျင်ဖက်ဖြစ်လျက် လှပနေတော့သည်။ လျန်ချူ၏ အသက်ဓာတ်နှလုံးသားမှ စွမ်းရည်ကို သူ ရယူနိုင်ခဲ့ပုံပေါ်၏။

“...”

ယွီရှန်းရုန်၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဂရုတစိုက်လေ့လာပြီးနောက် ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“မင်း ပိုသန်မာလာတာပဲ”

“ကျွန်တော် ခံစားမိတယ်” ယွီရှန်းရုန်က ခေါင်းညိတ်လိုက်လေ၏။

ယွီကျန့်ဟိုင်က အကြံပေးလိုက်သည်။ “မင်းရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကို အရွယ်အစားအပြည့် လုပ်လိုက်”

“မလုပ်ဘူး” ယွီရှန်းရုန်က ခေါင်းခါလိုက်၏။ “အာရုံစိုက်မှု လျော့သွားလိမ့်မယ်။ ဒါ့အပြင် အခုကြည့်ကြည့်ရင် အမြင့်မပြောင်းလဲတာကို ကျွန်တော် ပြောနိုင်တယ်”

“ဒါ အဓိပ္ပာယ်မရှိဘူး” ယွီကျန့်ဟိုင်က မျက်မှောင်ကျုံ့သွား၏။ “စိတ်ဝိညာဉ်သဏ္ဌာန်ရဲ့အရွယ်က လူတစ်ယောက်ရဲ့ကျင့်ကြံဆင့်ကို ကိုယ်စားပြုတယ်။ ဒါပေမဲ့ မင်း သန်မာလာတာ သိသာရဲ့သားနဲ့။ မင်းရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်အမြင့်က ဘာလို့ မပြောင်းလဲရတာလဲ”

“ကြာပွင့် မရှိတာနဲ့ တစ်ခုခု သက်ဆိုင်နေတာ ဖြစ်နိုင်တယ်။ ပညာရှင်တစ်ယောက်ရဲ့သက်တမ်းက တခြားသူတွေနဲ့ ကွဲပြားဖို့ သတ်မှတ်ပြီးသားပဲ။ ကျွမ်းကျင်သူတစ်ယောက်ရဲ့ ဘဝက အထီးကျန်နေရမှာ”

“...”

စကားပြောခန်းသည် ပျင်းရိစရာ ကောင်းလာတော့သည်။ သူတို့ စကားပြောခန်းက အမြဲတစေ တူညီနေ၏။

ထိုစဉ် ယွီရှန်းရုန်က ရုတ်တရက် ပြောလိုက်သည်။

“မိစ္ဆာဝေဟင်မျှော်နန်းက ကျွန်တော်တို့ကို ဆက်သွယ်နေတယ်” ပြီးနောက် သူ၏ခါး၌ ရေးဆွဲထားသည့် အစီအရင်လေးတစ်ခုကို ထုတ်လျက် မြေပြင်ပေါ်၌ ထားလိုက်သည်။ ပြီးနောက် အစီအရင်ပေါ်၌ အဆင့်မြင့် အဆောင်သုံးခုကို ဆွဲထုတ်ကာ မီးမြှိုက်လိုက်တော့သည်။

ယွီကျန့်ဟိုင်က ချီးကျူးလျက် ပြောလိုက်သည်။

“ချီရှစ်တိရဲ့ အရည်အချင်းနဲ့ဆို အရာအားလုံးက ပိုအဆင်ပြေပါပြီ”

သူတို့နှစ်ယောက် ထွက်မလာခင် စီးဝူယာ့က သူတို့အတွက် များစွာ ပြင်ဆင်ပေးခဲ့သည်။ အဆောင်များ၊ အစီအရင်များ၊ မြေပုံများအားလုံးကို ပြင်ဆင်ထား၏။

ယွီရှန်းရုန်သည် အစီအရင်ပေါ်ရှိ အဆောင်များထဲမှ တစ်ခုကို ကောက်ယူလိုက်သည်။ အစီအရင်ပေါ်၌ ရေးထားသည့်စာကို ဖတ်မိသောအခါ ယွီကျန့်ဟိုင်ကို ပစ်ပေးလိုက်သည်။

“ဒါက ရှစ်ရှိုးအတွက်”

“ငါ့အတွက်လား” ယွီကျန့်ဟိုင်က အဆောင်ကို ဂရုတစိုက်ဖတ်လိုက်၏။ သူ ဖတ်မိလေလေ ပိုထိတ်လန့်လာလေလေဖြစ်သည်။ ပြီးနောက် သူက တသိမ့်သိမ့်ရယ်မောလျက် ပြောလိုက်တော့သည်။

“အာ့ရှစ်တိ ဒါက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန် ဖွဲ့တည်ဖို့ နည်းလမ်းပဲ။ ငါ ဘုံတစ်ထောင်လေပွေ့ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်ဖို့ ကြိုးစားနေတာကို ရှစ်စွင်း ဘယ်လိုလုပ်သိလဲ။ ရှစ်စွင်းက ရှေးဖြစ်ဟောသူလား”

ယွီရှန်းရုန်သည် ထိုသီအိုရီကို ချက်ချင်းပိတ်ချလိုက်၏။

“ရှစ်ရှိုး အတွေးလွန်နေပြီ။ ကျွန်တော်တို့ ရှောင်ယွင်ဟယ်ကို ဖြေရှင်းနေတုန်းက ရှစ်စွင်းရဲ့ အသံနည်းစနစ်ကို မေ့နေတာလား။ ရှစ်စွင်းက အဝေးမှာ မဟုတ်တာ ဖြစ်လောက်တယ်”

ယွီကျန့်ဟိုင်က ခေါင်းခါပြီးပြောလိုက်၏။ “ငါ သဘောမတူဘူး။ ရှစ်စွင်းသာ ဒီနေရာမှာ ရှိရင် မိစ္ဆာဝေဟင်မျှော်နန်းကနေ ဘာလို့ သတင်းပို့မှာလဲ။ သူ ဒီကိုလာပြီး ငါ့ဆီပြောလို့ရတာပဲ။ ရှစ်စွင်းက ဒါမျိုး မလိုအပ်တာတွေ လုပ်မှာ မဟုတ်ဘူး”

“ဘယ်လိုပဲဖြစ်ဖြစ် ဒါက ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန် ဖွဲ့တည်ဖို့ နည်းလမ်းပဲ။ အလုပ်ဖြစ်မဖြစ်က ကြည့်ရမယ်” ယွီရှန်းရုန်က ပြောလိုက်၏။

ယွီကျန့်ဟိုင်က ပြန်ပြောတော့မည့်အချိန်တွင် ဝေဟင်ထဲ၌ အဖြူရောင်ပုံရိပ်များစွာ ပျံသန်းနေတာကို တွေ့လိုက်ရသည်။

“တစ်ယောက်ယောက် ဒီမှာ” ယွီရှန်းရုန်သည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို အမြန်ရုပ်သိမ်းလျက် နန်းတော်ဆီသို့ ပျံသန်းသွားသည်။

နှစ်ယောက်သားသည် အပျက်အစီးနေရာဆီသို့ ပျံသန်းသွားသည့် အဖြူရောင်ပုံရိပ်များကို ကြည့်နေ၏။

ယွီကျန့်ဟိုင်က ခေါင်းခါပြီးပြောလိုက်သည်။ "ငါတို့ ဒီနေ့ ကံဆိုးနေတဲ့ပုံပဲ”

နှစ်ယောက်သားသည် သူတို့အရှိန်အဝါကို ဖုံးကွယ်ထားလျက် မလှုပ်ရှားခဲ့ပေ။ အဖြူရောင်အစောင့်များ ပေါ်ပေါက်လာမှုသည် သူတို့ကို အငိုက်မိသွားစေ၏။ မကြာမီ၌ အနက်ရောင်အစောင့်များက လျန်ချူကို သတ်ခဲ့သည့်နေရာ၌ အသံများကြားလိုက်ရသည်။

“အနက်ရောင်မျှော်စင်အဖွဲ့အစည်းက တကယ်အရှက်မရှိတာပဲ။ သူတို့တွေက တောင်ပိုင်းတိုင်းပြည် လိုမျိုး စွန့်ပစ်ခံနေရာတစ်ခုအထိတောင် လက်ဆန့်နေကြပြီ။ သူတို့တွေက သဘောတူညီချက်ကို အရင်ဆုံးချိုးဖျက်ခဲ့တာဆိုတော့ ငါတို့လည်း သူတို့ကို ထပ်ပြီးဂရုစိုက်စရာမလိုတော့ဘူး”

“ဒါကို ကြည့်ရင် မနေ့တုန်းက ဒီရောက်လာပုံပဲ။ သွေးရာတွေနဲ့ တိုက်ပွဲရဲ့အရိပ်အယောင်တွေ ကြည့်။ သူတို့တွေက လတ်လတ်ဆတ်ဆတ်တွေ”

“အနက်ရောင်မျှော်စင်အဖွဲ့အစည်းက သဘောတူညီမှုကို ချိုးဖောက်ခဲ့တယ်ဆိုတော့ တာ့ထန်ကို သိမ်းဖို့ နည်းလမ်းမရှာသေးခင် တောင်ပိုင်းတိုင်းပြည်ကို အရင်ဆုံးသွားသင့်ပြီ”

“တာ့ထန်မှာ အနက်ရောင်ကြာနယ်မြေကလည်း မဟုတ်၊ အနီရောင်ကြာနယ်မြေကလည်း မဟုတ်တဲ့ သိုင်းပညာရှင်တစ်ယောက်ရှိတယ်လို့ ကြားမိတယ်”

“မင်း စိတ်ပူနေစရာမလိုပါဘူး။ ကိုယ့်အလုပ်ကိုကိုယ် အာရုံစိုက်။ တာ့ထန်ကို သိမ်းပိုက်ဖို့နဲ့ ဆန်းကျယ်တဲ့ သိုင်းပညာရှင်ကို ဖြေရှင်းဖို့တွေက အစည်းအရုံးက အကြီးအကဲတွေ ကိစ္စပဲ”

“ခေါင်းဆောင် ပြောတာ မှန်ပါတယ်။ ကျောက်တောအုပ် အစီအရင်ကကော”

“ဖျက်ဆီးလိုက်”

“နားလည်ပါပြီ”

ပြီးနောက် နားစည်ပေါက်ကွဲလောက်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး တဝီဝီအသံများ ၁၅မိနစ်ခန့် ပေါ်လာပြီးနောက် တိတ်ဆိတ်သွားတော့သည်။

“တောင်ပိုင်းမှာ မွေးဖွားဇယားချပ် သားရဲတွေ ရှိလောက်တယ်။ သွားကြမယ်”

“နားလည်ပါပြီ”

မွေးဖွားဇယားချပ် သားရဲတွေလား ... ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်က ခေါင်းမော့ကြည့်လိုက်၏။

အဖြူရောင်အစောင့်များသည် တောင်ဘက်သို့ပျံသန်းသွားပြီး မကြာမီ၌ သူတို့နှစ်ယောက်၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။

ယွီကျန့်ဟိုင်က ပြောလိုက်လေ၏။ “ရှောင်ယွင်ဟယ်ပြောတာက တောင်ပိုင်းကို အဖြူရောင် အဖွဲ့အစည်းက ထိန်းချုပ်ထားတယ်တဲ့။ သူတို့ ပဋိပက္ခက ...”

“အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့ အဖြူရောင်အဖွဲ့အစည်းကြား ပဋိပက္ခက ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ဘူး”

“မင်း ပြောတာ မှန်တယ်” ပြီးနောက် ယွီကျန့်ဟိုင်သည် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ထပ်မံဖွဲ့တည်လိုက်၏။ သူသည် အဆောင်ပေါ်ရှိ လမ်းညွှန်ချက်ကို လိုက်နာပြီးနောက် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ထပ်မံဖွဲ့တည်လိုက်သည်။

ယွီရှန်းရုန်က ယွီကျန့်ဟိုင်ကို အနှောင့်အယှက်မပေးဘဲ သူ၏အရှိန်ကို လေ့လာရန် ထောင့်တစ်ထောင့်သို့ သွားလိုက်၏။ သူက ပြုံးလိုက်တော့သည်။ သူ၏မွေးဖွားဇယားချပ်ကို အသက်မသွင်းနိုင်သေးသော်ငြား အနည်းဆုံးတော့ သူသည် အသက်ဓာတ်နှလုံးသားကို စုပ်ယူနိုင်ပြီဖြစ်သည်။

ပြီးနောက် သူသည် လျန်ချူ၏အသက်ဓာတ်နှလုံးသားကို ထုတ်ယူကာ စိတ်ဝိညာဉ်သဏ္ဌာန်ကို သရုပ်ပြလျက် အသက်ဓာတ်နှလုံးသား၏ စွမ်းအင်ကို ထပ်မံစုပ်ယူလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း တစ်ရက်တာ ကုန်ဆုံးသွားလေ၏။ ညနက်ချိန်တွင် ဖြစ်သည်။

ယွီရှန်းရုန်သည် အသက်ဓာတ်နှလုံးသားမှ စွမ်းအင်ကို နောက်ဆုံးတော့ စုပ်ယူပြီးသွားပြီဖြစ်သည်။

အသက်ဓာတ်နှလုံးသားသည် ၎င်း၏ရောင်ဝါများ ဆုံးရှုံးပြီး ခန်းခြောက်နေတော့သည်။

ယွီရှန်းရုန်က အသက်ရှူထုတ်လိုက်ပြီး သူ့စွမ်းအင်ဗဟိုချက် ချီပင်လယ်ထဲရှိ ပြောင်းလဲမှုကို အာရုံခံလိုက်သည်။ သူ၏စွမ်းအင်ဗဟိုချက် ချီပင်လယ်ပိုကြီးမားလာတာကို သူ ပြောနိုင်သည်။ ထို့အပြင် သူ၏ကြာပွင့်များထဲရှိ အစိမ်းရောင်ကလည်း ပိုထင်ရှားလာသည်။ ညအမှောင်ယံ ကောင်းကင်အောက်တွင် ခြောက်သွေ့နေသော သစ်ရွက်ဝါများကဲ့သို့ ပြန်လည်အားပြည့်လာပုံပေါ်သည်။

“ငါ့မှာ လျန်ချူရဲ့စွမ်းရည် ရှိသွားပြီလို့ ဆိုလိုတာလား” ယွီရှန်းရုန်က အံ့ဩနေလေ၏။

ခဏအကြာတွင် သူ၏သက်တမ်းကို အာရုံခံလိုက်သည်။ အစွမ်းထက်သော ကျင့်ကြံသူများသည် သူတို့သက်တမ်းကို အာရုံခံနိုင်၏။ သာမန်လူဆို သူတို့သေခါနီးအချိန်ကြမှသာ အာရုံခံနိုင်သည်။

“နှစ်ရှစ်ရာလား” ယွီရှန်းရုန်သည် သူ့ဖာသာသူရေရွတ်ပြောလိုက်သည်။

ယွီရှန်းရုန် သိထားပုံအရ မွေးဖွားဇယားချပ်တစ်ခုကို အသက်သွင်းရန် အသက်ဓာတ်နှလုံးသားမှ သက်တမ်း ၁၅၀၀ စုပ်ယူရန်လိုအပ်သည်။ မွေးဖွားဇယားချပ်တစ်ခုအောင်မြင်စွာ အသက်သွင်းပြီး နောက် သက်တမ်း၅၀၀ ရရှိလိမ့်မည်။ သူသည် မဟာနွယ်တစ်ယောက်ဖြစ်သောကြောင့် ကျင့်ကြံရာ၌ သူ ရရှိသည့်သက်တမ်းက သာမန်ကျင့်ကြံသူများ ရရှိသည့်သက်တမ်းတစ်ဝက်ပဲ ဖြစ်နေလိမ့်မည်။ သူသည် ယခုတစ်ခေါက်တွင် အလွန်ဆုံးမှ သက်တမ်း ၂၅၀သာရရှိလိမ့်မည်ဟု ထင်ခဲ့၏။ သက်တမ်း ၈၀၀ရသောအခါ သူ မည်ကဲ့သို့ မအံ့ဩဘဲ နေမည်နည်း။ သာမန်ကျင့်ကြံသူများရသည်ထက်တောင် ပိုများနေသည်။

သို့သော် ယွီရှန်းရုန်သည် ယင်းကြောင့် မပျော်ရွှင်ခဲ့ပေ။ သူ၏အမြင်တွင် ကံဆိုးမိုးမှောင်ကျမှုသည် ကောင်းချီးများထဲတွင် မကြာခဏ ကွယ်ဝှက်နေတတ်လေ့ရှိပြီး ကံကောင်းမှုကလည်းကျိန်စာကို ဖြစ်ပေါ်စေတတ်၏။ မည်သို့ပင်ဆိုစေ သူ ရထားသည့် သက်တမ်းများက အတော်လေးအသုံးဝင်သည်။

သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုပ်သိမ်းပြီးနောက် တအံ့တဩပြောလိုက်၏။

“ဒုတိယမြောက်အသက်ဓာတ်နှလုံးသားရဲ့စွမ်းအင်တွေကို အပြည့်အဝစုပ်ယူပြီးသွားပြီ။ ရှေ့ဆက်စုပ်ယူရင် ဘာဖြစ်လာမလဲ။ ငါ့ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်အတွက် စုပ်ယူရမဲ့ စွမ်းအင်ကို အကန့်အသတ်မရှိ ရဖို့က မဖြစ်နိုင်ဘူးလေ။ ရှောင်ယွင်ဟယ် ပြောသလိုမျိုး ကျင့်ကြံခြင်း လမ်းစဉ်အသစ်ကို ဖောက်နိုင်မလား”

ရှောင်ယွင်ဟယ်၏စကားများအကြောင်း တွေးမိသောအခါ အနာဂတ်အတွက် မျှော်လင့်မစောင့်စားဘဲ မနေနိုင်တော့ပေ။

ထိုစဉ် ယွီရှန်းရုန်က ရေရွတ်သံကို ကြားလိုက်ရ၏။ သူ လှည့်ကြည့်လိုက်ရာ ယွီကျန့်ဟိုင်၏ မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေတာကို မြင်တွေ့ရသည်။ သူက မျက်မှောင်ကျုံ့လျက် ပြောလိုက်လေ၏။

“တာ့ရှစ်ရှိုး”

“ငါ ငါ အဆင်ပြေတယ်။ ငါ့ကို စိတ်ထဲမထားနဲ့” ယွီကျန့်ဟိုင်သည် သူ၏အတွင်းကလီစာထဲရှိ နာကျင်မှုကို တောင့်ခံနေသည်။

လေထဲ၌ ကျွတ်ဆတ်ဆတ်အသံပေါ်လာ၏။ ယွီရှန်းရုန်က ယွီကျန့်ဟိုင်၏ ကြာပလင်ကို ကြည့်လိုက်သည်။ ယခုဆို သိသာထင်ရှားသော မျဉ်းများရှိနေပြီဖြစ်သည်။

မျဉ်းများ ပေါ်လာသောအခါက ယွီကျန့်ဟိုင်က နာကျင်စွာ ညီးတွားလိုက်လေ၏။

“မိုးမေလင် ... နည်းနည်းလေး နာတာတဲ့လား။ ငါ့ကို ဘာလုပ်နိုင်မှာတဲ့လဲ”

...

အခန်း (၉၇၂) သင်ကြားမှု ပြီးမြောက်သွားသည့် တပည့်

ကမ္ဘာတွင် အရာအားလုံးအတွက် မျှခြေဆိုတာ ရှိ၏။

ယွီရှန်းရုန်က ယခင်က ကြာကို ဖြတ်တောက်ခဲ့သည်မှာ ဉာဏ်ရှိသည့် ဆုံးဖြတ်ချက် ဖြစ်ကြောင်း ခံစားမိလိုက်သည်။ ယခုလို ယွီကျန့်ဟိုင် တွေ့ကြုံနေရသည့် နာကျင်မှုမျိုးကို ခံစားနေဖို့ မလိုတော့ပေ။

“အဲဒါဆို စောင့်နေမယ်” ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ပြုံးပြီးသည့်နောက်တွင် အပြိုအပျက်နံရံပေါ် ခုန်တက်သွားပြီး ဘေးပတ်လည်ကို ကြည့်လိုက်သည်။

ညကောင်းကင်ယံက မျက်လုံးနှင့် မြင်နိုင်သည့်တလျှောက်လုံးကို လွှမ်းခြုံထားလေ၏။ ကြယ်တာရာအလင်းရောင် မရှိသည့်အတွက် လုံးဝ မှောင်မည်းနေသည်။ အပြိုအပျက်ကြားရှိ လေထုက ထူးဆန်းနေလေ၏။

ယွီကျန့်ဟိုင်၏ စိတ်ဝိညာဉ်သဏ္ဌာန်က ထိုအမှောင်ထုအလယ်တွင် မီးအိမ်သဖွယ်ဖြစ်ပြီး အလင်းရောင် အနည်းငယ်ကို ထောက်ပံ့ပေးနေသည်။

ထိုစဉ် ယွီရှန်းရုန်၏ ခန္ဓာကိုယ်က လှုပ်ရှားလာ၏။ သူ့အရှိန်က လျှပ်စီးလို မြန်ဆန်လာသည်။ သူက မီတာငါးဆယ် အသွားအပြန်ကို ခဏလေးဖြင့် ရောက်ရှိလာ၏။

သူက တအံ့တဩဖြင့် ရေရွတ်လိုက်သည်။

“ဒါက လျန်ချူရဲ့ အမြန်နှုန်းလား”

ခဏအကြာတွင် သူက အသက်ရှည်ဓားဖြင့် လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်သည်။ ယခု လုပ်စရာ မရှိနေပေ။ သူက တံတိုင်းပေါ် ခြေဖျားထောက်လိုက်ပြီး ကောင်းကင်အထက် ဝဲပျံလိုက်သည်။

သူက မရပ်တန့်ခင် မျက်လုံးကိုအသာမှိတ်ထားပြီး သူ့လက်ထဲမှ အသက်ရှည်ဓားက တည်တည်ငြိမ်ငြိမ် ရှိနေလေသည်။

“တည်ငြိမ်မှု အနှောင့်အယှက်”

တည်ငြိမ်မှု အနှောင့်အယှက်သည် နဝမမြောက်ဘုံကျောင်းတွင် စစ်ခုန်ပေချန်းကို လုကျိုးက သရုပ်ဖော်ပြခဲ့သည့် တိုက်ကွက်တစ်ခု ဖြစ်၏။

“ဖန်တီးမှုအားလုံးကို ဓားဖြင့် အသုံးပြုခြင်း။ ဓားမဲ့လမ်းစဉ်”

တည်နေရာဘက်အသီးသီးတွင် စွမ်းအင်ပဲ့တင်ထပ်သံ ထွက်ပေါ်လာပြီး စွမ်းအင်ဓားများ ထွက်ပေါ်လာသည်။

ယွီရှန်းရုန်က မျက်လုံးဖွင့်လိုက်သည့်အခါ လေထဲတွင် စွမ်းအင်ဓား တစ်သိန်းကျော်ကို မြင်လိုက်ရသည်။

ဝှစ် ဝှစ် ဝှစ်

စွမ်းအင်ဓားတို့က ကောင်းကင်ယံအထက် ပန်းကန်ပြားတစ်ချပ်လိုမျိုး ပျံ့ကြဲနေသည်။

ရုတ်ခြည်းဆိုသလို ယွီရှန်းရုန်က စွမ်းအင်ဓားတစ်သိန်းကျော်ကို သူ့နောက်ကို လိုက်လာဖို့ ထိန်းချုပ်လိုက်၏။ သူ့ရှေ့တွင်ရှိနေသည့် အပြိုအပျက် အဆောက်အဦးက ချက်ချင်းဆိုသလို ပြိုလဲကျသွားသည်။

“မလုံလောက်သေးဘူး” ယွီရှန်းရုန်က ထိုရလဒ်နှင့် ပတ်သက်ပြီး မကျေနပ်ပေ။ သူက စွမ်းအင်ဓားများကို ထိန်းချုပ်ပြီး ဓားမော့ကို ရွေ့လျားစေလိုက်သည်။

စွမ်းအင်ဓား တစ်သိန်းကျော်က သူ့နောက်တွင် နဂါးတစ်ကောင်ကဲ့သို့ လိုက်ပါလာ၏။

“ဒါက ရေနဂါးတေးသံ မဟုတ်ဘူးလား” ယွီရှန်းရုန်က ရယ်မောလိုက်ပြီး “ဘာပဲဖြစ်ဖြစ် တည်ငြိမ်မှုအနှောင့်အယှက်နဲ့ ယှဉ်လိုက်ရင် နည်းနည်း လိုအပ်နေသေးတယ်”

ဤတိုက်ကွက်က လုကျိုးက ယွီကျန့်ဟိုင်ကို သင်ပေးခဲ့သည့် ရေနဂါးတေးသံနှင့် ဆင်တူနေသည်။

ယွီရှန်းရုန်က ဆက်လက် ပျံသန်းလိုက်ပြီးသည့်နောက်တွင် ရုတ်ခြည်း ရပ်တန့်လိုက်သည်။ စွမ်းအင်ဓား တစ်သိန်းကျော်က ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွား၏။

ထိုတိုက်ကွက်က အာရုံဖမ်းစားဖွယ် ကောင်းလွန်းကြောင်း သဘောပေါက်သွားခဲ့သည်။

“ဒါက မွေးဖွားဇယားချပ် ပညာရှင်တစ်ယောက်ရဲ့ စွမ်းအားလား” အကြောင်းအရင်းတချို့ကြောင့် သူ့စွမ်းအားသည် ယခုအခါ မွေးဖွားဇယားချပ်အဆင့် အနေအထားသို့ ရောက်ရှိနေပြီဟု ခံစားမိလိုက်သည်။ အသက်ဓာတ် နှလုံးသားနှစ်ခုကို စုပ်ယူပြီးနောက်တွင် သူ့တုံ့ပြန်နှုန်း၊ အရှိန်၊ အင်အားနှင့် ထိန်းချုပ်နိုင်စွမ်းတို့က ယခင်ထက် ပိုအားကောင်းလာခဲ့၏။

သို့သော်လည်း သူ့စိတ်ဝိညာဉ်သဏ္ဌာန်က ယခင်အတိုင်း အစိမ်းရောင်စွက်နေသည့် ရွှေရောင်ပွင့်ချပ်များနှင့် ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်သာ ရှိနေသေးသည်။ ယွီရှန်းရုန်က တိတ်ဆိတ်သွားပြီး လေထဲ ဝဲပျံနေလေ၏။ လေက သူ့ဆီ တိုက်ခတ်လာသည့်အခါ သူ့အစိမ်းရောင်ဝတ်ရုံက နောက်တွင် လွင့်မြောနေသည်။

ခဏအကြာတွင် သူက မြေပြင်ပေါ်တွင် ရှိနေသည့် ယွီကျန့်ဟိုင်ကို ကြည့်လိုက်သည်။ ယွီကျန့်ဟိုင်က ယခင်ထက် နာကျင်နေဟန်ပေါ်၏။ မည်သို့ပင်ဆိုစေကာမူ သူက စိုးရိမ်ခြင်း မရှိပေ။ နာကျင်မှုခံစားရသည့်အရာ၌ မိစ္ဆာဝေဟင်မျှော်နန်းရှိ မည်သူကမျှ ယွီကျန့်ဟိုင်နှင့် ယှဉ်နိုင်မည် မဟုတ်ပေ။ ယွီကျန့်ဟိုင်က အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရသည့်အတွက် ဤသို့သော နာကျင်မှုမျိုးက သူ့အတွက် ဘာမှမဟုတ်ပေ။

…………

မိစ္ဆာဝေဟင်မျှော်နန်း၏ အရှေ့ဘက်နန်းဆောင်

လုကျိုးက ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့၏ ဖြစ်စဉ်ကို မြင်သည့်အခါ ဆက်ပြီး စောင့်မကြည့်တော့ပေ။ ထိုအစား သူက ကျုးဟုန်ကုန်းဆီ သူ စုစည်းထားသည့် သတင်းအချက်အလက်ကို ပို့ဆောင်မည့် နည်းလမ်းကို စဉ်းစားလိုက်၏။

ကျူးဟုန်ကုန်းအနေနှင့် မိစ္ဆာဝေဟင်မျှော်နန်းနှင့် စီးဝူယာ့တို့ ဆက်သွယ်သည့် အဆောင် သို့မဟုတ် အစီအရင်ကို မည်သို့အသုံးပြုရမည်ကို သိမထားပေ။

လုလီက သူ့ကျင့်ကြံဆင့် ဆုံးရှုံးထားလေ၏။ ထို့ကြောင့်သူသည် ဆက်သွယ်ဖို့ နည်းလမ်း ရှိနေသော်လည်း လုပ်ဆောင်နိုင်မည့် အင်အားမရှိပေ။

လုကျိုးက ကောင်းကင်ကျမ်းစွမ်းအားကို ထပ်မံ ရွတ်ဖတ်လိုက်သည်။ သူက ကျူးဟုန်ကုန်းသည် လုလီအား မေးနေသည်ကို မြင်လိုက်ရ၏။

“ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့စည်းဖို့ တကယ်ကို နည်းလမ်း မရှိဘူးလား”

“မဟုတ်ဘူး။ ငါ နည်းလမ်းကို ရှာတွေ့မှာ။ နည်းလမ်းရှိကို ရှိရမယ်” လုလီက ပြောလိုက်သည်။

ယခုအခိုက်အတန့်တွင် သူ့ရှေ့၌ အသက်ဓာတ်နှလုံးသား အမျိုးအစားများစွာ ရှိနေလေသည်။

ကျူးဟုန်ကုန်းက အပြုံးဖြင့်ပြောလိုက်သည်။

“တကယ်တော့ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို မဖွဲ့စည်းနိုင်ရင်တောင် ကိစ္စဆိုးကြီးတော့ မဟုတ်ပါဘူး”

“မင်း ဒါကို ထည့်ပြောနေပြန်ပြီလား”

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ကျွန်တော် ကတိပေးထားပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို မဖွဲ့စည်းနိုင်တာ မဖြစ်နိုင်ဘူးဆိုရင် ကျွန်တော့်ကို အပြစ်တင်လို့ မရဘူးနော်” ကျူးဟုန်ကုန်းက ပြောလိုက်သည်။

“မင်းက ကောင်းကောင်းနေနိုင်ဖို့ အားကောင်းဖို့ပဲ လိုတယ်။ ဒါက မင်းရဲ့ ကောင်းကျိုးအတွက် လုပ်နေတာ မဟုတ်ဘူးလား။ ငါ မင်းကို ဒါတွေ ပြောပြနေရဦးမှာလား” လုလီက ပြောလိုက်၏။

“မင်းရဲ့ ရှစ်စွင်းက ဘာတွေသင်ပေးလိုက်တယ်တော့ မသိဘူး။ မင်းရဲ့ ပါရမီက ဖြုန်းတီးနေတာပဲ။ တင်းကြပ်တဲ့ ဆရာက တပည့်ကောင်းကို မွေးထုတ်ပေးနိုင်တယ်။ အလျော့ပေးတတ်တဲ့ ဆရာကတော့ ပျင်းရိတဲ့ တပည့်တွေကို မွေးထုတ်ပေးမှာပဲ။ တကယ်လို့ မင်းသာ ကလေးဘဝကတည်းက ငါ့နောက်ကို လိုက်ခဲ့ရင် အခုချိန်မှာ မွေးဖွားဇယားချပ် ၈ခု ပညာရှင်ဖြ စ်နေလောက်ပြီ။ နှမြောစရာပဲ”

“လောင်လု … ကျုပ် ရှစ်စွင်းကို ဘယ်လိုလုပ်စော်ကားရတာလဲ”

အချိန်အတော်ကြာ ကုန်ဆုံးလာပြီးသည့်နောက်တွင် ကျူးဟုန်ကုန်းက လုလီနှင့် နီးကပ်လာခဲ့၏။ သူက လုလီအား လောင်လုဟု ခေါ်ဆိုရသည်ကိုပင် အသားကျလာခဲ့သည်။

လုလီက သူ့ကို လျစ်လျူရှုထားလိုက်သည်။

ကျူးဟုန်ကုန်းက ပြောလိုက်၏။

“ကျုပ်ရှစ်စွင်းက ရွှေကြာနယ်မြေမှာ နံပါတ်တစ် ပညာရှင်ပဲ။ သူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်တွေအားလုံးက တကယ်ကို အားကြီးတဲ့ ပုဂ္ဂိုလ်တွေချည်းပဲ”

“မင်းက အတော်လေး သစ္စာရှိတာပဲ”

“ဒါပေါ့” ကျူးဟုန်ကုန်းက သက်ပြင်းချကာ ပြောလိုက်၏။

“ခင်ဗျား မသိလောက်ဘူးဆိုပေမဲ့ ကျုပ် ကလေးဘဝတုန်းက ကျင့်ကြံတဲ့ ပါရမီက အတော်လေးကို ဆိုးဝါးခဲ့တာ။ ကျုပ်ရဲ့ အဖေက ရှေးဟောင်းသူတော်စင်ဂိုဏ်းက ဂိုဏ်းချုပ်ဆိုပေမဲ့ ကျုပ်ကို ကျင့်ကြံဖို့ ကူညီပေးနိုင်တာ ဘာမှမရှိဘူး။ အဆုံးသတ်တော့ ကျုပ်ဆရာက ပြဿနာကို ဖြေရှင်းပေးပြီးတော့ စမ်းသပ်ချက်မိုးကြိုးကိုးပါး ကျင့်စဉ်ကိုပါ လေ့ကျင့်ပေးခဲ့တာ။ အစောပိုင်းတွေမှာ အလာဟသတ် အချိန်ကုန်ဆုံးခဲ့ပေမဲ့ ကျင့်ကြံရေးကနေတဆင့် အများကြီး ပြန်ရလိုက်တယ်။ အဲဒါကြောင့် ကျုပ်ရှစ်စွင်းကို အများကြီးကျေးဇူးတင်တယ်”

“အဲဒါက မင်းရဲ့ ရှစ်စွင်းနဲ့ ဘာမှမဆိုင်ဘူး။ ဒါက မဟာလေဟာနယ်စွမ်းအားပဲ” လုလီက ပြောလိုက်သည်။

“မဟာလေဟာနယ် စွမ်းအားကို ကျုပ်ရှစ်စွင်းက ပေးထားတာ မဟုတ်ဘူးဆိုတာကို ဘယ်လိုလုပ် သိမှာလဲ” ကျူးဟုန်ကုန်းက အပြုံးဖြင့် ပြောလိုက်သည်။

လုလီ “…”

လုလီက ကျူးဟုန်ကုန်း၏ စကားကြောင့် အတော်အတန် အံ့အားသင့်မိသွားသည်။ ကျူးဟုန်ကုန်းဆီ သူ့ဆရာက မဟာလေဟာနယ် စွမ်းအားကို ပေးထားလား မပေးထားလား သူက မည်သို့ သိမည်နည်း။

ထို့အပြင် ကျူးဟုန်ကုန်း၏ ဆရာတူတပည့် ဖြစ်သည့် စီးဝူယာ့တွင်လည်း မဟာလေဟာနယ်စွမ်းအား ရှိဟန်ပေါ်သည်။

သူက ကျိူးဟုန်ကုန်းမှ သိထားရသလောက် မိစ္ဆာဝေဟင်မျှော်နန်းရှိ တပည့်အားလုံးသည် အတော်လေး ပါရမီထူးကဲကြ၏။ ကျူးဟုန်ကုန်း ဖော်ညွှန်းချက်အရ ထိုတပည့်များ၏ ကျင့်ကြံဆင့်သည် မဟာလေဟာနယ် စွမ်းအား ပိုင်ဆိုင်ထားဖို့ ဖြစ်နိုင်ခြေများ၏။

အကယ်၍ ထိုအရာသာ အမှန်ဖြစ်နေခဲ့လျှင် ဖြစ်နိုင်ခြေက တစ်ခုသာ ရှိသည်။ မိစ္ဆာဝေဟင်မျှော်နန်းရှိ လူတိုင်းတွင် မဟာလေဟာနယ် ရှိနေသည်။

ထိုအတွေးဖြင့် လုလီက ပြောလိုက်သည်။

“မင်းရဲ့ ရှစ်စွင်းက မဟာလေဟာနယ်ကလို့ ထင်တယ်”

“မဟာလေဟာနယ်ပဲလား။ ကျုပ်က ကြားရတာငြီးငွေ့နေပြီ။ ကျုပ်ရဲ့ ကြိုးစားအားထုတ်မှုရလဒ်ကို ဘယ်တော့မြင်ရမှာလဲ”

“…”

“မင်း လုပ်နေတာက နေ့တိုင်း စားလိုက်သောက်လိုက်ပဲ။ စားရင်းနဲ့ ကျင့်ကြံဆင့် တိုးပွားနိုင်မယ်များ ထင်နေလား”

လုလီက ပြောလိုက်၏။ ခဏအကြာတွင် သူက ရုတ်တရက် ထရပ်ကာ ပြောလိုက်သည်။

“ခဏနေဦး”

“ဘာများလဲ”

“စားလိုက်” လုလီက အသက်ဓာတ်နှလုံးသားတစ်ခုကို ကောက်ကာ ကျူးဟုန်ကုန်းကို ကြည့်ပြီးပြောလိုက်သည်။

“မင်း ဒါကို စားကြည့်လိုက်လေ”

ကျူးဟုန်ကုန်း “…”

ဝှစ်

ကျူးဟုန်ကုန်းက လေအဟုန်အလား ပျောက်ကွယ်သွား၏။

လုလီက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။

“ဒါက တောက်ပပြီးတော့ မာကျောတယ်ဆိုတော့ ဘယ်လိုလုပ် စားနိုင်ပါ့မလဲ။ ဖြတ်လိုက်ရမလား။ ဒါမှမဟုတ် ဆန်ပြုတ်ထဲမှာ ချေပစ်လိုက်ရမလား။ ဒါမှမဟုတ် စုပ်ယူရမှာလား…”

သူ၏ အကြည့်များက တောက်ပလာကာ လှမ်းခေါ်လိုက်သည်။

“ကျူးဟုန်ကုန်း ဒီကိုချက်ချင်း ပြန်လာခဲ့။ ငါနောက်ထပ် အတွေးကောင်းတစ်ခု ရလာပြီ”

…

လုကျိုးက ခေါင်းညိတ်လိုက်၏။ သူ့အနေဖြင့် ကျူးဟုန်ကုန်းဆီ သီးသန့်ပို့ဆောင်ပေးဖို့ ဦးနှောက်ဖြင့် စဉ်းစားနေစရာ မလိုတော့ပေ။ လုလီက ထိုနည်းလမ်းကို စဉ်းစားနိုင်လိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ သေချာစေဖို့အတွက် လုကျိုးက ကောင်းကင်ကျမ်းစွမ်းအားကို အသုံးပြုကာ အော်ပြောလိုက်၏။

“စုပ်ယူရမယ်”

…

ခန်းမအပြင်ဘက် ရောက်ရှိနေသည့် ကျူးဟုန်ကုန်းက ရုတ်ခြည်းဆိုသလို မိုးခြိမ်းလုမတတ်အသံကြီးကို ကြားလိုက်ရသောအခါ ရပ်တန့်လိုက်၏။

“စုပ်ယူရမယ်”

သူက ခေါင်းကုပ်ကာ ရေရွတ်လိုက်၏။

“ဒါက ရှစ်စွင်းရဲ့ အသံ မဟုတ်ဘူးလား။ အာ … ငါ အားလုံးအကြောင်း စဉ်းစားတာများလို့ နားကြားမှားသွားတာလား။ အဲဒါကို စားစေချင်တာလား။ မဖြစ်နိုင်ဘူး…”

လုကျိုးက ခေါင်းသာယမ်းလိုက်ပြီး ကောင်းကင်ကျမ်း စွမ်းအားကို ဖြတ်တောက်လိုက်သည်။

ထိုစကားတစ်လုံး ပို့ဆောင်သည့် တန်ကြေးက သူ့အထွတ်အထိပ် ဆန်းကြယ်စွမ်းအား အားလုံးကို ကုန်ဆုံးသွားစေခဲ့သည်။ သူက ကျူးဟုန်ကုန်းကို မစိုးရိမ်တော့ပေ။ ကျူးဟုန်ကုန်း၏ အသက်က အန္တရာယ်မရှိပေ။ သူ့အကြီးဆုံးနှင့် ဒုတိယတပည့်ကိုသာ စောင့်ကြည့်သည်က ပို၍ ကောင်းပေသည်။

ထိုသို့ဖြင့် ထိုနှစ်ဦးသားက ကောင်းကင်ကျမ်းစာလိပ်ကို ရှာတွေ့နိုင်လျှင် သူ့အင်အားကို သိသိသာသာ တိုးမြှင့်လာနိုင်လိမ့်မည်။

ထိုစဉ်

“တင် တပည့်တစ်ယောက်ဖြစ်တဲ့ ယွီကျန့်ဟိုင်က ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်ခဲ့ပါပြီ။ ကုသိုလ်ရမှတ် တစ်သောင်း ရရှိပါတယ်”

“ ယွီကျန့်ဟိုင်က သူ့ရဲ့ တာဝန်တွေ အကုန်လုံးကို ပြီးမြောက်ဖို့ လိုအပ်ချက်တွေ အကုန်လုံးကို ပြည့်မီသွားပါပြီ။ သူ့ကို သင်ကြားပေးမှုမှ ပြီးမြောက်စေလိုပါသလား”

All Chapters