← Chapters

အခန်း (၉၇၃-၉၇၅)

Vol. 65 Ch. 973-975

အခန်း (၉၇၃-၉၇၅)

Vol. 65 Ch. 973-975

အခန်း (၉၇၃) အဆင့်မြင့် အထွတ်အထိပ်အသွင်ကတ်

“အလုပ်သင်လား ... ဒီအသစ်က ဘာလဲ”

လုကျိုးသည် စနစ်မျက်နှာပြင်ကို ကြည့်လိုက်၏။ ယွီကျန့်ဟိုင်ကို သွန်သင်ဆုံးမခြင်းနှင့် သင်ပြပေးခြင်းအတွက် တာဝန်က အဆက်မပြတ် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေလေ၏။

ဘေးတွင်မူ ဤသို့ ရေးထားလေ၏။ “ပညာသင်ပေးမှု ပြီးမြောက်ပြီးနောက် တပည့်များသည် သင့်ကို ပိုမြင့်မားသည့် ဆုများပေးစွမ်းလိမ့်မည်”

ဆိုရိုးစကားရှိသည့်အတိုင်း တစ်ရက်ဆရာဖြစ်ခြင်းသည် တသက်သာအတွက် ဖခင်တစ်ယောက်ဖြစ်သည်။ သူ၏တပည့်များက သူတို့၏ သင်ကြားမှုပြီးမြောက်ပြီး သူ့ဆီမှ ထွက်သွားခဲ့လျှင်တောင် ကိစ္စရပ်များ များစွာပြောင်းလဲသွားမည့်ပုံမပေါ်ပေ။ သူ့တပည့်များ သူ့ထံမှ ထပ်မံထွက်ခွာသွားသည်နှင့် ဆုလာဘ်များ ထပ်မရတော့ဟု ယူဆခဲ့တာပဲဖြစ်သည်။

“ပညာသင်မှု ပြီးမြောက်ပါပြီ”

“တင်း ... သင့်တပည့် ယွီကျန့်ဟိုင်က သူ ပညာသင်မှု အောင်မြင်စွာပြီးမြောက်သွားပါပြီ”

“တင်း ... သင့်ကို ကျပန်းကတ်တစ်ကတ် ဆုချီးမြှင့်လိုက်ပါတယ်။ ဒီကတ်ကို အသုံးပြုတဲ့အချိန် ရှားပါးတဲ့ ပစ္စည်းတစ်ခုက သင့်ကို ကြုံရာကျပန်းဆုတစ်ခုရရှိမှာပါ”

“တင်း ... ယွီကျန့်ဟိုင်က သူ့ရဲ့ပညာသင်မှု ပြီးမြောက်ပြီးတော့ သူက ဂိုဏ်းအသစ် တည်ထောင်ပြီး တပည့်တွေ လက်ခံလို့ရပါပြီ။ အလွန်ဆုံး တပည့်အရေအတွက် သုံးယောက်”

“တင်း ... ယွီကျန့်ဟိုင်ကို သင်ပြပေးခြင်းအတွက် မည်သည့်အမှတ်ရတော့မှာ မဟုတ်ပါ”

“တင်း ... ဒါကို ယွီကျန့်ဟိုင်နဲ့ ကိုယ်တိုင်တွေ့ပြီး အတည်ပြုမှ ရမှာပါ။ လက်ရှိမှာ စနစ်ထဲမှာပဲ အာနိသင်ပြပါဦးမယ်”

လုကျိုးသည် ဆက်တိုက်ပေါ်လာသော အသိပေးစာများက လက်ခံနိုင်ဖွယ်ရှိပြီး သူ၏ မှန်းဆချက် အတွင်း ရှိနေတာကို တွေ့လိုက်ရသည်။ ပညာသင်မှု ပြီးမြောက်ပြီးနောက် သူတို့ဆရာဆီမှ ထွက်ခွာသွားပြီးချိန်တွင် တပည့်များကို သွန်သင်ပေးဖို့ ဆရာကို မလိုအပ်တော့ပေ။ ထို့အပြင် ရိုးရိုးသားသား ပြောရပါက ဤအချိန်ကာလအတွင်း ယွီကျန့်ဟိုင်ဆီမှ သူ ရထားသည့် ကုသိုလ်မှတ်များက ရတာက နည်းပါးလွန်း၏။

ယွီကျန့်ဟိုင်ကို သွန်သင်ဆုံးမပြီး သင်ပြပေးရန် တာဝန်က ပျောက်ဆုံးသွားကြောင်း သတိပြုမိသွားသည်။

ခဏအကြာ၌ စိတ်ထဲအတွေးတစ်ခုပေါ်လာသည်။ “ငါ့ရဲ့မြေးတပည့်တွေဆီကနေ ကုသိုလ်မှတ်တွေ ရမှာလား”

လီယွင်ကျန်းကို တပည့်တော်ထားသည့် စီးဝူယာ့အကြောင်း သူ တွေးမိသွားသည်။ စီးဝူယာ့သာ သူ၏ ပညာသင်မှု ပြီးဆုံးသွားလျှင် လီယွင်ကျန်းထံမှ အမှတ်ထပ်မရတော့ဟု ဆိုလိုသည် မဟုတ်ပါလော။ ထိုသို့ဆိုလျှင် ဆုံးရှုံးမှုတစ်ရပ် ဖြစ်သွားလိမ့်မည်။

ယင်းက ကမ္ဘာပေါ်၌ ကိစ္စရပ်များ အလုပ်လုပ်ပုံနှင့် ဆင်တူသည်။ အလုပ်သင်ကာလ ပြီးဆုံးပြီးနောက် လူမှုအသိုင်းအဝိုင်းထဲ ဝင်ရမှာဖြစ်သည်။ ထိုကာလအတွင်း ကုမ္ပဏီတစ်ခု တည်ထောင်ရန် အရည်အချင်း ပြည့်မီလောက်၏။ သို့တည်းမဟုတ် ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်နိုင်လောက်သည်။ ဆန္ဒရှိသည် မရှိသည်က နောက်ထပ်ကိစ္စတစ်ခုဖြစ်သည်။

ပြီးနောက် လုကျိုးသည် သူ ရထားသည့် ကြာပန်းကတ်ကို ကြည့်လိုက်၏။

“အသုံးပြုမယ်”

“တင်း ... ကျိထျန်းတောက် အထွတ်အထိပ်အသွင်ကတ်နဲ့ အဆင့်မြင့် ခွန်အားမြှင့် အကြောင်းပြန်လှန်ကတ် ရရှိပါတယ်”

“...”

ယခုဆို အသေရိုက်ချက်ကတ် တစ်ကတ်ကို ကုသိုလ်မှတ် ၃၂၀၀၀နှင့် ရောင်းချနေတာဖြစ်သည်။ သူ၏ ဆုလာဘ်များက ကုသိုလ်မှတ် ၃၀၀၀၀ ထက်ပိုတာ ကြိမ်းသေသည်။ ဤဆုလာဘ်များနှင့် သူက အသေရိုက်ချက်ကတ် တစ်ကတ် ဝယ်ခဲ့လျှင်တောင် တန်ကြေးတိုးလာနိုင်မှာ မဟုတ်ပေ။

“ငါ့ရဲ့တပည့်တွေ အားလုံးကို ငါ့ဆီက ထွက်သွားခွင့်ပေးသင့်လား”

နောက်တစ်ခေါက်တွေးပြီးနောက် လူတစ်ယောက်ကို သင်ပြမှုပြီးဆုံးစေဖို့က မလွယ်ကူပေ။ သူတို့၏ မဟာလေဟာနယ်မျိုးစေ့ဖြင့်တောင် သူတို့သည် ပညာသင်ကြားမှု မပြီးမြောက်သေးခင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို အောင်မြင်စွာဖွဲ့တည်ရန် လိုအပ်၏။

လုကျိုးသည် ကတ်များထဲမှ တစ်ကတ်ကို ကြည့်လိုက်၏။

“အဆင့်မြင့်တိုးမြှင့် အကြောင်းပြန်လှန်ကတ်လား။ သာမန်အကြောင်းပြန်လှန်ကတ် တစ်ကတ်က ရက် ၁၀၀၀ အကြောင်းပြန်လှန်ပေးနိုင်တယ်။ တိုးမြှင့်ကတ်ဆိုရင် ရက်ဘယ်လောက်ရှိမလဲ”

သူ များများစားစား မစဉ်းစားဘဲ ကတ်ကို သုံးရန် ဆုံးဖြတ်လိုက်သည်။

မကြာမီ၌ မိစ္ဆာဝေဟင်မျှော်နန်းအထက်၌ အသက်စွမ်းအင်တို့ စုဝေးလာသည်။

ထိုစဉ် တောင်ဘက်မျှော်နန်း၌ အခြားသူများကို ဗဟုသုတ မျှဝေပေးနေသော ရှန်ရှီက သန်မာသော အသက်ဓာတ်စွမ်းအင် အတက်အကျကို ရုတ်တရက်အာရုံခံမိသွား၏။

ဂိုဏ်းမျိုးစုံမှ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတို့ကလည်း ကြည့်လိုက်ကြသည်။

စွမ်းအင်တို့ ဝေ့တက်လာသည်နှင့် တိမ်များ တလိမ့်လိမ့်တက်လာက လေတို့အရှိန်ပြင်းလာသည်။

အနား၌ ရပ်နေသော ဖန်ကျုံးက ပြုံးပြီးပြောလိုက်၏။

“အစောင့်အရှောက်ရှန် ကျေးဇူးပြုပြီး ဆက်ပါဦး”

“အာ ... ဟုတ်သားပဲ။ သတိပေးတာ ကျေးဇူးတင်ပါတယ် ညီအစ်ကို ဖန်” ရှန်ရှီသည် မိစ္ဆာဝေဟင်မျှော်နန်း၌ ဖြစ်သမျှအရာအားလုံးကို ပုံမှန်အတိုင်း သဘောထားဖို့ ဖန်ကျုံး သူ့ကို ပြောပြခဲ့တာကို အမှတ်ရသွားသည်။ သူ၏ အမှားများမှ သူ သင်ယူရမည်။ နောက်ဆုံးလက်ဝါးရိုက်ချက်မှ အကြောက်တရားသည် သူ့ရင်ထဲ ရှိနေသေးဆဲဖြစ်၏။ တကယ်တော့ သူ၏လက်က အနည်းငယ်ထုံကျဉ်နေသေးသည်။

ဝေ့တက်လာသော အသက်စွမ်းအင်တို့သည် သိပ်မကြာလိုက်ပေ။

လုကျိုးသည် သူ၏သက်တမ်းကို ကြည့်လိုက်၏။

ကျန်ရှိသည့် သက်တမ်း .... ၆၅၂၄၀၂ရက်၊ ၁၇၈၇နှစ်တွင် ၂၆၃ နှစ်ကို အကြောင်းပြန်လှန်ကတ်မှ ရရှိပါသည်။

“ရက် တစ်သောင်းလား”

တိုးမြှင့် အကြောင်းပြန်လှန်ကတ်သည် သာမန်အကြောင်းပြန်လှန်ကတ်နှင့်ယှဉ်လျှင် သူ၏ သက်တမ်းများစွာကို ပြန်လှန်ပေးနိုင်၏။

လုကျိုးက ခြေကြွပြီးနောက် အရှေ့ဖက်မျှော်နန်းနားရှိ ခန်းမထဲသို့ လျှောက်သွားလိုက်သည်။ သူ၏ ခန္ဓာကိုယ်က ပိုပေါ့ပါးလာပြီး အခြေအနေ ပိုကောင်းမွန်လာ၏။ လက်ပေါ်ရှိ အရေးအကြောင်းများကလည်း သိသိသာသာ လျော့နည်းသွားသည်။

လုကျိုးက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်တော့သည်။

“ငါ ငယ်ရွယ်ဖို့ ခြေတစ်လှမ်း နီးလာပြီ”

လက်ရှိတွင် သူ့၌ အထွတ်အထိပ်အသွင်ကတ်နှစ်ကတ်ရှိသည်။ သူတို့ကို ပေါင်းစည်းရန် တစ်ကတ်သာ လိုတော့၏။

“ကံစမ်းမဲ”

“တင်း ... ကုသိုလ်မှတ် ၅၀နဲ့ ကံကောင်းမှတ် ၁၀၀ သုံးလိုက်ပါပြီ။ အကြောင်းပြန်လှန်ကတ် ငါးကတ်ရရှိပါတယ်”

“...”

ထိုစဉ် အနီရောင်ကြာနယ်မြေထဲရှိ တောင်ပိုင်းတိုင်းပြည်တွင်ဖြစ်သည်။

ယွီကျန့်ဟိုင်က မျက်နှာပေါ်တွင် စိတ်အေးသွားသော အမူအရာဖြင့် သူ၏ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်လိုက်သည်။ သူ့ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး ဖယ်ရှားလိုက်သည့် ပမာပင် ရက်ပေါင်းများစွာ ဒုက္ခခံပြီးနောက် နောက်ဆုံးတွင် သူသည် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို အောင်မြင်စွာ ဖွဲ့တည်နိုင်ခဲ့ပြီဖြစ်သည်။ မည်မျှ ခက်ခဲကြောင်း သူသာလျှင် သိ၏။ ပြီးနောက် သူသည် ယွီရှန်းရုန်ဖက် လှည့်ပြောလိုက်၏။

“အာ့ရှစ်တိ ကြည့်ကြည့် ... ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်”

စိတ်ဝိညာဉ်သဏ္ဌာန်၏ နောက်ကျောတွင် ရှိနေသော ကြယ်တာရာဒိုင်ခွက်ပေါ်ရှိ မွေးဖွားချပ်ပြားသည် မွေးဖွားနန်းဆောင်ထဲရှိ အသက်ဓာတ်နှလုံးသားကို အကြိမ်တိုင်း လှစ်ကနဲလင်းစေသည်။ ကံမီးတောက်က ပွင့်ချပ်ဆယ်လွှာကြာပွင့်တစ်ဝိုက် ခမ်းနားစွာ တောက်လောင်နေ၏။

ယွီရှန်းရုန်က ခေါင်းညိတ်လိုက်သည်။

“ဂုဏ်ပြုပါတယ်”

ယွီကျန့်ဟိုင်သည် သူ၏ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို သိမ်းပြီးနောက် မေးလိုက်လေ၏။

“မင်းရဲ့အခြေအနေကော”

“အဆင်ပြေပါတယ်”

“ဒါ ကောင်းတယ်”

ယွီရှန်းရုန်က ပြောလိုက်လေ၏။ “ကျွန်တော်တို့မှာ အသက်ဓာတ်နှလုံးသားတစ်ခု ရှိသေးတယ်။ တာ့ရှစ်ရှိုး အခု ရှစ်ရှိုးရဲ့ ဒုတိယမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းလို့ ရလောက်မယ်”

ယွီကျန့်ဟိုင်က ခေါင်းခါပြီးပြောလိုက်၏။

“မဟုတ်ဘူး။ ဒီအသက်ဓာတ်နှလုံးသားကို မင်း ယူလိုက်။ ငါက အခုမှ မွေးဖွားဇယားချပ်ကို အသက်သွင်းကာစ ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒါကို တည်ငြိမ်အောင်လုပ်ဖို့ အချိန်စောင့်ရဦးမယ်။ တိုးတက်အောင်လုပ်ဖို့ အချိန်မြန်လွန်းတာ သိပ်မကောင်းဘူး”

“အခု ကျွန်တော် သိမ်းထားပေးပါ့မယ်”

“ဟုတ်ပြီ”

နှစ်ယောက်သားက တောင်ဘက်ကို တညီတညွတ်တည်းကြည့်လိုက်သည်။

“အနက်ရောင်အဖွဲ့အစည်းနဲ့ သဘောတူညီချက် ကျိုးပျက်သွားတာကြောင့် အဖြူရောင်အစောင့်တွေက တောင်ပိုင်းကို ထပ်သွားတာ။ ဒီအခွင့်အရေးကို ယူပြီး ရှစ်စွင်းလိုအပ်နေတာများ ရှာတွေ့မလားလို့ လိုက်ကြည့်ရအောင်”

“ကျွန်တော်လည်း ဒါစဉ်းစားမိနေတာ”

နှစ်ယောက်သားသည် အချိန်မဖြုန်းတော့ဘဲ တောင်ဘက်မျှော်နန်းဆီသို့ တဟုန်ထိုးသွားလိုက်၏။

တစ်နာရီကြာပြီးနောက် ဖြစ်သည်။

ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်က နောက်ထပ် အပျက်အစီးနယ်မြေသို့ ရောက်လာ၏။ နှစ်ယောက်လုံးသည် မြင့်မားသော်ငြား ပျက်စီးနေလျက် နွယ်ပင်များ ရှိနေသည့် အဆောက်အအုံကို ကြည့်ပြီး လေထဲ ပျံဝဲနေကြ၏။ မြေပြင်ပေါ်၌ အရိုးစုပုံများ တွေ့ရသည်။

ဤရှေးဟောင်းမြို့သည် စစ်ပွဲ၏အမှတ်အသားကို ဆောင်ယူထားတာ သိသာသည်။ ဤနေရာသည် တောင်ပိုင်းတိုင်းပြည်၏ တော်ဝင်မြို့တော် ဖြစ်လောက်သည်။ အတိတ်တုန်းက ဂုဏ်သရေများကို မမြင်ရတော့ပေ။ မြို့ပျက်သာ ကျန်ရစ်၏။

ယွီကျန့်ဟိုင်က ပြောလိုက်၏။

“ရှေ့မှာ လှုပ်ရှားမှုတွေ ရှိနေတယ်။ သွားကြည့်ရအောင်”

နှစ်ယောက်သားက ရှေ့သို ပျံသန်းသွားတော့သည်။

“ရှစ်စွင်း ငါတို့ကို ပေးတဲ့ မြေပုံထဲမှာ ဒီနေရာကို အမှတ်အသားလုပ်ထားတာ”

သူတို့သည် နန်းတော်ဟောင်းအပေါ်သို့ရောက်သောအခါ မီတာ ၃၀၀ခန့်မြင့်သည့် အစီအရင်အလံတစ်ခု မြေပြင်ပေါ်၌ ရှိနေတာကို တွေ့ရသည်။

လေထဲ၌ အဖြူရောင်အစီအရင်အလံက တလူလူလွင့်နေလျက် အဝေးကနေမြင်ဖို့ အတော်လေး ခဲယဉ်းလှသည်။ ၎င်း၏ အလံတိုင်က အလွန်သွယ်သောကြောင့်ဖြစ်သည်။

နှစ်ယောက်သား ကပ်လာချိန်တွင် အလံတိုင်ပေါ်၌ အလင်းဖျော့တော့တော့ဖြင့် ပုံသဏ္ဌာန်များ၊ သင်္ကေတများကို တွေ့လိုက်ရ၏။

“ဒါက အဖြူရောင်အဖွဲ့အစည်းကပဲ။ ငါတို့ ပုန်းနေတာ ပိုကောင်းလိမ့်မယ်”

နှစ်ယောက်သား နန်းတော်ထဲ တဟုန်ထိုးဝင်လျက် ပုန်းလိုက်၏။

ခတာကြာပြီးနောက် ထင်သည့်အတိုင်းပင် အဖြူရောင်အစောင့်သုံးဦးသည် ပေါ်လာလျက် အဖြူရောင်အစီအရင်နားတစ်ဝိုက်တွင် ရပ်လိုက်သည်။

“ခေါင်းဆောင် အခု အစီအရင်အလံတည်ဆောက်ပြီးပြီဆိုတော ဒီအထူးမွေးဖွားဇယားချပ်ကို ဖြေရှင်းနိုင်လောက်မယ်လို့ ယုံတယ်”

အဖြူရောင်အစောင့်ခေါင်းဆောင်က ခေါင်းညိတ်ပြီးပြောလိုက်သည်။ “ဒီမွေးဖွားဇယားချပ်က မရိုးရှင်းဘူး။ ဉာဏ်ရှိတယ်။ ထျန်းမင် မင်း အစီအရင်အလံကို စောင့်ကြည့်ဖို့ ဒီမှာနေလိုက်။ သူက တစ်လအတွင်း ရောက်လာမှာ သေချာတယ်။ ဒါက အရေးကြီးတာပဲ။ ငါတို့ အမှားလုပ်လို့မရဘူး။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက လူတွေကိုလည်း ကြည့်ဦး။ တစ်ခုခုရှိလာရင် ချက်ချင်းသတင်းပို့”

“နားလည်ပါပြီ”

မကြာမီ၌ အဖြူရောင်အစောင့်နှစ်ဦးသည် ထွက်သွားတော့သည်။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်က စိတ်ဝင်စားသွားလေ၏။

“ထူးခြားတဲ့ မွေးဖွားဇယားချပ်သားရဲလား” ယွီရှန်းရုန်က အဖြူရောင်အစောင့်များ ရှာမတွေ့စေရန် ယွီကျန့်ဟိုင်ကို အသံပို့လျက် ပြောလိုက်သည်။

ယွီရှန်းရုန်က အသံပို့လိုက်ချိန်တွင် အနီရောင်အလံက တဖျတ်ဖျတ်လှုပ်လာလေ၏။

“ဘယ်သူလဲ”

အလံသည် နန်းတော်ရှိရာဖက်သို့ ညွှန်ပြနေပုံပေါ်သည်။

အဖြူရောင်အစောင့်များသည် အလွန်သတိထားသည်။ နန်းတော်ရှိရာသို့ တိုးမဝင်ဘဲ သူ့လက်ထဲ စွမ်းအင်ဓားကို ဖွဲ့တည်လိုက်သည်။

ယင်းကို မြင်သောအခါ ယွီကျန့်ဟိုင်က ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။

“အင်း ... ဒီလိုဖြစ်မယ်ဆိုတာ သေချာနေတာပဲ” သူက ခြေဖျားထောက်လျက် နန်းတော်ထဲမှ မြန်ဆန်သောအရှိန်ဖြင့် ထွက်လာသည်။

နှစ်ယောက်သား ဘယ်တစ်ယောက် ညာတစ်ယောက်ယှဉ်လျက် ခပ်နိမ့်နိမ့် ပျံသန်းလာသည်။

သူတို့နှစ်ယောက်ကို မြင်သောအခါ အဖြူရောင်အစောင့်က မျက်မှောင်ကျုံ့လျက် မေးလိုက်သည်။ “မင်းက ဘယ်သူလဲ”

ယွီရှန်းရုန်က ပြုံးလျက် ပြောလိုက်၏။ “ငါက မိစ္ဆာဝေဟင်မျှော်နန်းက ယွီရှန်းရုန်။ မင်းကို နှောင့်ယှက်မိတာ တောင်းပန်ပါတယ်”

ယွီရှန်းရုန်က ပြုံးပြီးပြောလိုက်၏။ “ကျုပ်က ယွီရှန်းရုန်ပါ”

ယွီကျန့်ဟိုင် “...”

ယွီကျန့်ဟိုင်သည် ထိုယဉ်ကျေးသော စကားများကို ပြောမည်ဆိုလျှင် ဖိအားပေးပုံခံနေရပုံပေါ်ပြီး အနေခက်နေလိမ့်မည်။ သို့သော် ယွီရှန်းရုန်၏နှုတ်မှ ထွက်လာချိန်တွင် အလွန်သဘာဝကျနေပုံပေါ်၏။

“မိစ္ဆာဝေဟင်မျှော်နန်းလား”

မိစ္ဆာဝေဟင်မျှော်နန်း၊ အဖြူရောင်မျှော်စင်အဖွဲ့အစည်းနှင့် အနက်ရောင်မျှော်စင်အဖွဲ့အစည်းကြား ကိစ္စရပ်များက လျှို့ဝှက်ထားတာဖြစ်သည်။ ထို့ကြောင့် အဖြူရောင်အစောင့်ဖြစ်သော ထျန်းမင်က မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း မသိပေ။ သူ၏အမြင်တွင် အနက်ရောင်မျှော်စင်အဖွဲ့အစည်း မဟုတ်သ‌ရွေ့ အရာအားလုံး အဆင်ပြေသည်။ ထို့ကြောင့် သူက ထူးမခြားနားမေးလျက် စိတ်အေးသွားသည်။ “မင်းတို့နှစ်ယောက် ဒီကို ဘာကြောင့်ရောက်လာတာလဲ”

“တစ်ခုခုရှာဖို့ ဒီရောက်လာတာ”

ထိုစကားကို ကြားသောအခါ ထျန်းမင်က သူ့သတိကို အနည်းငယ်မြှင့်လိုက်၏။ “အဲ့တာဘာလဲ”

“ကျုပ် တောင်းပန်ပါတယ်။ ဒီကိစ္စက ကျုပ်ရှစ်စွင်းရဲ့ ကိုယ်ရေးကိုယ်တာနဲ့ သက်ဆိုင်နေတယ်။ ကျုပ် ပြောပိုင်ခွင့်မရှိဘူး” ယွီရှန်းရုန်က မျက်နှာထားတည်တည်ဖြင့် ပြောလိုက်သည်။

“...”

ခဏအကြာတွင် ထျန်းမင်က ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ထွက်သွားပါ”

ယွီရှန်းရုန်က ခေါင်းအနည်းငယ်ခါလိုက်သည်။ “ကျုပ် ပြောလိုက်တာကို ခင်ဗျား နားလည်မယ် မထင်ဘူး။ ကျုပ်တို့ ရှာနေတဲ့ပစ္စည်းက ဒီမှာ ရှိတယ်။ ကျုပ်တို့ ထွက်သွားရင် ဘယ်လို သွားရှာရမလဲ”

အဖြူရောင်အစောင့် ထျန်းမင်က ပြောလိုက်၏။ “ဒီနေရာက မင်းတို့လာသင့်တဲ့ နေရာ မဟုတ်ဘူး”

ယွီကျန့်ဟိုင်က အသံအနည်းငယ်မြှင့်ကာ ပြောလိုက်သည်။

“သောက်အဓိပ္ပာယ်မရှိတာ။ တောင်ပိုင်းတိုင်းပြည်က ပြိုလဲသွားပြီးပြီ။ မင်းက ငါတို့ ဒီမှာမရှိသင့်ဘူး ပြောတာကြောင့် ငါတို့ ထွက်သွားရမှာလား”

ထျန်းမင်က မျက်မှောင်ကျုံ့လျက် ပြောလိုက်သည်။ “ဒါက အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့စည်းမျဉ်းပဲ။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းကို မကြားဖူးဘူးလား”

“ကြားဖူးတယ်” ယွီကျန့်ဟိုင်က ခေါင်းညိတ်ပြီးပြောလိုက်သည်။

“ကံဆိုးတာက ခင်ဗျားက မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း မကြားဖူးဘူးပဲ။ ဒီလောကမှာ ရှစ်စွင်းကို ဆန့်ကျင်ရဲတဲ့သူတိုင်း အဆုံးသတ်မကောင်းဘူး”

“...”

သူ့ရှစ်စွင်းအမည်၏ ချိုမြိန်မှုကို မြည်းစမ်းဖူးသည့် ယွီကျန့်ဟိုင်သည် သူ့ရှစ်စွင်းအကြောင်း ထပ်ပြောဖို့ တွေဝေမနေပေ။

လူတိုင်းက ရှောင်ယွင်ဟယ်ကဲ့သို့ လျင်ပြီး ပါးနပ်တာ မဟုတ်ပေ။

ထျန်းမင်က ခေါင်းခါလျက် သူ့ဘေးရှိ အစီအရင်အလံတိုင်ကို ဆုပ်ကိုင်ရန်လက်မြှောက်လိုက်သည်။

ချက်ချင်းပင် အစီအရင်အလံမှ အဖြူရောင်အလင်းပေါ်ထွက်လာသည်။

အဖြူရောင်အလင်း၏ သရုပ်ပြမှုအောက်တွင် ထျန်းမင်က ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်၏ စိတ်ဝိညာဉ်သဏ္ဌာန်လေးက သူတို့ဘေး၌ ပေါ်လာသည်။

ပွင့်ဆယ်ဆယ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်အသစ်ကို မြင်ပြီး သူ စိတ်အေးသွားလေ၏။ ပြီးနောက် သူက ပြောလိုက်သည်။ “မင်းတို့နှစ်ယောက်လုံး အတော်သတ္တိရှိပုံပဲ။ ရာရာစစ ဒီကျင့်ကြံဆင့်နဲ့များ တောင်ပိုင်းတိုင်းပြည်ကို လာရဲသေးတယ်လား။ မွေးဖွားဇယားချပ်သားရဲတွေ ဆုတ်ဖြဲခံရမှာ မကြောက်ဖူးလား”

...

အခန်း (၉၇၄) မဟာ လေဟာနယ်စွမ်းအား

အဖြူရောင် အစောင့်အရှောက် ထျန်းမင်က အစပိုင်းတွင် အနည်းငယ် စိတ်ပူနေခဲ့သော်လည်း ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့၏ ကျင့်ကြံဆင့်ကို မြင်ပြီးသည့်အခါ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။

ထိုစဥ် အစီအရင်အလံ၏ တိုက်ကွက်သည် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ ခန့်မှန်းထားသည်ထက် ကျော်လွန်နေသည်။

မည်သို့ပင် ဆိုစေကာမူ ယွီကျန့်ဟိုင်က အမူအရာ အပြောင်းအလဲမရှိ ပြောလိုက်၏။

“လူငယ်လေး တကယ်လို့ မင်း မိစ္ဆာဝေဟင် မျှော်နန်းကို သိတယ်ဆိုရင် အခု အပြုအမူတွေက ဘယ်လောက်တောင် အရူးထလဲဆိုတာကို သိမှာပေါ့”

ထျန်းမင်က လက်ဟန်ဖြင့် ဖိတ်ကြားသည့်ဟန်ပန်လုပ်လိုက်ပြီး ပြောလိုက်သည်။

“ကောင်းပြီ။ အဖြူရောင်မျှော်စင် အဖွဲ့အစည်းက အမြဲတမ်း အကျိုးအကြောင်းသင့်တယ်။ တကယ်လို့ မင်းတို့တွေ ရှာချင်တာရှိတယ်ဆိုရင်လည်း ရှာကြပေါ့”

ယွီကျန်းဟိုင်နှင့် ယွီရှန်းရုန်တို့က အချင်းချင်း အကြည့်ဖလှယ်ကာ အပြိုအပျက်ကြား ဝင်ရောက်လိုက်ကြသည်။ ထိုနေရာက မြေပုံပေါ်တွင် မှတ်သားထားသည့် နေရာ ဖြစ်နေသည်။

ထိုစဥ် ထျန်းမင်က ထိုသူနှစ်ဦး အပြိုအပျက်များအကြား လိုက်ရှာနေသည်ကို နားမလည်နိုင်ဖြစ်နေမိ၏။

မိစ္ဆာဝေဟင်မျှော်နန်းက အဖြူရောင်မျှော်စင် အဖွဲ့အစည်းရဲ့ လူတွေကို လတ်တလော သတ်ဖြတ်ခံလိုက်ရတာနဲ့ ပတ်သက်နေတာလား။ သူတို့တွေက ဘာတွေ လိုက်ရှာနေကြတာလဲ။

ရွှေရောင်နဲ့ အနီရောင်ကြား ကျင့်ကြံတဲ့လူတွေက အမြဲတမ်း အားနည်းခဲ့တာ။ ဘယ်သူကမှ ဘုံတစ်ထောင် လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်ခဲ့တာမဟုတ်ဘူး။

ဒါပေမဲ့ အခုတော့ ဒီလူက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဘယ်လိုဖွဲ့စည်းနိုင်သွားတာလဲ...

ဘုံတစ်ထောင် လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းနိုင်ဖို့အတွက် မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ လိုအပ်ပေသည်။ တာ့ထန်ရှိ မွေးဖွားဇယားချပ်သားရဲများကို အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှ သိမ်းပိုက်ထားသည့်အတွက် အနီရောင်ကြာ ကျင့်ကြံသူများပင် မွေးဖွားဇယားချပ် သားရဲများ၏ အသက်ဓာတ်နှလုံးသားကို မရနိုင်ကြပေ။ ထို့ကြောင့် ရွှေကြာကျင့်ကြံသူက ဘုံတစ်ထောင် လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို မည်သို့ ဖွဲ့စည်းနိုင်ခဲ့သနည်း။

ထျန်းမင်က ရွှေကြာနယ်မြေနှင့် အနီရောင်ကြာ နယ်မြေတို့အကြောင်း များများစားစား မသိထားသော်လည်း ရွှေကြာနယ်မြေနှင့် အနီရောင်ကြာနယ်မြေတို့သည် အားနည်းကြောင်း သိထားလေ၏။ ထိုအကြောင်းအရင်းအတွက်မူ သူတို့က အနက်ရောင်မျှော်စင် အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်းတို့၏ မွေးမြူရေးအစီအစဥ်အတွက် ပစ်မှတ်များ ဖြစ်ခဲ့၍ ဖြစ်သည်။

သို့သော်လည်း ရွှေကြာနယ်မြေက အနီရောင်ကြာနယ်မြေထက်ပင် အားနည်း၏။ လွန်ခဲ့သည့် နှစ်များစွာခန့်က အဖြူရောင်ကြာ အဖွဲ့အစည်းသည် လူတချို့ကို ရွှေကြာနယ်မြေသို့ စေလွှတ်ခဲ့သည်။ ရွှေကြာနယ်မြေက အင်မတန် အားနည်းလွန်းလှသည့်အတွက် သူတို့၏ မွေးမြူရေးအစီအစဥ်ကို ယာယီ ရပ်ဆိုင်းထားရ၏။

ထျန်းမင်က ထိုကိစ္စများကို စဥ်းစားနေရင်း ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကို ဆက်လက် စောင့်ကြည့်နေသည်။ သူက ထိုသူနှစ်ဦး အပြိုအပျက်များအကြား လိုက်လံရှာဖွေနေသည်ကို သေသေချာချာ စောင့်ကြည့်နေ၏။ ဤသို့ဖြင့် နှစ်ဦးသားသည် အပြိုအပျက်များကြား တစ်ရက်တာ လိုက်လံရှာဖွေခဲ့ကြသည်။

ထိုစဥ် မိစ္ဆာဝေဟင်မျှော်နန်း၏ အရှေ့ဘက် မျှော်နန်းဆောင်

ရက်တစ်သောင်း ရရှိထားသည့် လုကျိုးက ကံစမ်းနေဆဲသာ ဖြစ်၏။

“ကံစမ်းမဲ”

“သင် ကုသိုလ်ရမှတ် ၅၀ ကျသင့်ပါတယ်။ ပါဝင်ကံစမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် +၁”

“ငါက အခု အိမ်ကွင်းမှာ ဘာမှ ဒီလိုဖြစ်နေစရာ မလိုတော့ဘူး” လုကျိုးက သူ့ဘာသာသူ ရေရွတ်လိုက်၏။

သူက သူ ရရှိထားသည့် ကံကောင်းမှတ် ၅၀၀ နီးပါးကိုကြည့်ကာ ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ ထို့နောက် သူက ကံကောင်းမှတ်သည် စံချိန် ထပ်ချိုးသွားကြောင်း သိလိုက်ရ၏။ ကံကောင်းမှတ် ၅၀၀ သည် ကုသိုလ်ရမှတ် ၂၅၀၀၀ နှင့် ညီမျှ၏။ သူက ကုသိုလ်ရမှတ် ဆုံးရှုံးလိုက်ရုံသာမက အချိန်များလည်း ဖြုန်းတီးခဲ့မိသည်။

“ငါ ဒါကိုလက်ခံဖို့ ငြင်းဆန်တယ်။ ကံစမ်းမဲ...”

နောက်တစ်ရက် မနက်ခင်း

အရှေ့ဘက် မျှော်နန်းဆောင်၏ ခန်းမအတွင်း ပြတင်းပေါက်မှ နေရောင်က ဖြာကျနေ၏။

ကံစမ်းမဲကြောင့် ထုံထိုင်းနေသည့် လုကျိုးကို အသိပြန်ဝင်လာစေ၏။ သူက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး ကံကောင်းမှတ်များကို မကြည့်နိုင်တော့ပေ။ ထိုအရာက အဓိပ္ပာယ်မဲ့လာသည်။

သူက ပြတင်းပေါက်အပြင်ဘက်မှ နေရောင်ကို ကြည့်ရင်း တိတ်တဆိတ် သက်ပြင်းချလိုက်၏။

“ကံစမ်းမဲ”

“သင် ကုသိုလ်ရမှတ် အမှတ်၅၀နှင့် ကံကောင်းမှတ် ၉၉၉ မှတ် ကျသင့်ပါတယ်။ အကြောင်းပြန်လှန်ကတ် ၂၀၊ ပေါင်းစည်းရေးကတ် ၂ကတ်၊ ရုပ်ဖျက်ကတ် ၁ကတ်၊ ကျိထျန်းတောက်၏ အထွတ်အထိပ်သဏ္ဌာန်ကတ် ၁ကတ်၊ ထနောင်းနည်းစနစ်တို့ကို ရရှိပါတယ်”

ဤတစ်ကြိမ်တွင် မလွယ်ကူခဲ့ပေ။ သူက ကုသိုလ်ရမှတ် ၄၀၀၀၀ ကျော် အသုံးပြုခဲ့ရ၏။ ကံကောင်းစွာဖြင့် အထွတ်အထိပ်သဏ္ဌာန်ကတ်ကို ရရှိခဲ့လေသည်။ မဟုတ်ပါက သူ့အနေဖြင့် ကြီးကြီးမားမား ဆုံးရှုံးသွားရလိမ့်မည်။

လုကျိုးက ညာဘက်လက်ကို မြှောက်လိုက်သည့်အခါ အထွတ်အထိပ်သဏ္ဌာန်ကတ် ၃ကတ်နှင့် ပေါင်းစည်းရေးကတ် ၁ကတ်တို့ ချက်ခြင်း ထွက်ပေါ်လာသည်။

“ပေါင်းစည်းမယ်”

“ဒင် ပေါင်းစည်းရေး အောင်မြင်ပါတယ်၊ အဆင့်မြင့် ကျိထျန်းတောက်၏ အထွတ်အထိပ်သဏ္ဌာန်ကတ်ကို ရရှိပါတယ်”

“တီ အဆင့်မြင့် ကျိထျန်းတောက်၏ အထွတ်အထိပ်သဏ္ဌာန်ကတ်က ကျိထျန်းတောက်ရဲ့ အထွတ်အထိပ်အခြေအနေကို မိနစ်၃၀ခန့် ရှိခွင့်ပေးပါတယ်”

“ဘာလို့ ကျိထျန်းတောက်ရဲ့ အထွတ်အထိပ်အခြေအနေပဲလဲ” လုကျိုးက စဥ်းစားလိုက်၏။

“ကျိထျန်းတောက်၏ ထိပ်သီးလွှာအင်အားက အဆင့်မြင့်ပွင့်ချပ် ကိုးလွှာအဆင့်သာ ဖြစ်၏။ စနစ်၏ သတိပေးချက်အပေါ် မူတည်၍ ထို၃ချပ်ကို ပေါင်းစည်းပြီးသည့်နောက်တွင် သူက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ၏ စွမ်းအားကိုသာ ရရှိလိမ့်မည်။

ဒါက ကြီးကြီးမားမား ဆုံးရှုံးလိုက်တာ မဟုတ်ဘူးလား...

ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူက မည်မျှပင် အားကောင်းစေကာမူ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်နှင့် မည်သို့ ယှဥ်နိုင်မည်နည်း။

သူက စွမ်းအင် အဆုံးမဲ့ စွမ်းအင်အထောက်အပံ့ ရှိနေလျှင်ပင် သူက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်မှ ရိုက်ချက်ကိုပင် ခံနိုင်မည် မဟုတ်ပေ။

စနစ်က ကျိထျန်းတောက်၏ လက်ရှိ ထိပ်သီးအခြေအနေကို အသေးစိတ် ပြောမသွားဘူး။ အဲ့ဆိုတော့ အဆင့်မြင့် ပုံစံက သာမန်ထက်တောင် အားနည်းနေဖို့ အကြောင်းအရင်းတော့ မရှိဘူးပဲ ...

လုကျိုးက သူ့ကိုယ်သူ အယုံသွင်းလိုက်သည်။ ထို့နောက် သူက အဆင့်မြင့် အထွတ်အထိပ်သဏ္ဌာန်ကတ်ကို သိမ်းဆည်းလိုက်သည်။

လုကျိုးက အခြားအသုံးပြုပစ္စည်းကတ်များကိုလည်း ကြည့်လိုက်သည်။ ထနောင်းနည်းစနစ်မှလွဲ၍ အခြားအရာများက သာမန် အသုံးပြု ပစ္စည်းကတ်များသာ ဖြစ်၏။

“ထနောင်းလား … ဒါက ကျင့်စဥ်တစ်ခုလား” သူ ယခင်က ရရှိခဲ့သည့် လိပ်ပြာအချစ် ပန်းပွင့်ဖြင့် သူသည် ယခုအခါ နည်းစနစ်၂ခုကို ရှိသွားလေပြီ။ တစ်ခုက ယဲ့ထျန်းရှင်းအတွက် သင့်တော်ပြီး တစ်ခုက ကျောင်းယွဲ့အတွက် သင့်တော်လောက်သည်။

သူက ထိုကျင့်စဥ်များကို ပုံတူပွားဖို့ သူတို့ကို ရှာရဦးမည်။

အသုံးပြုပစ္စည်းကတ်များကို သိမ်းဆည်းပြီးသည့်နောက်တွင် လုကျိုးက ကောင်းကင်ကျမ်းစွမ်းအားကို ရွတ်ဖတ်ပြီး သူ့တပည့်ကြီး၂ယောက်ကို စစ်ဆေးကြည့်လိုက်သည်။

သိပ်မကြာခင် သူက ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့သည် အပြိုအပျက်များကြား အရှေ့နောက် ပျံသန်းနေသည်ကို မြင်လိုက်ရ၏။ သူတို့က စွမ်းအင်ဓားနှင့် စွမ်းအင် ဓားမော့များကို ပစ်လွှတ်နေကြသည်။

အဝေးတစ်နေရာတွင် အဖြူရောင်အလံက လေထဲ လွင့်နေသည်ကို မြင်တွေ့ရသည်။ အဖြူရောင် အစောင့်အရှောက်က အဖြူရောင် အလံနားတွင် ဝေ့ဝဲနေ၏။

လုကျိုးက အဖြူရောင် ဝတ်ရုံနှင့် အမျိုးသားကို မြင်လိုက်သည့်အခါ စိတ်ရှုပ်ထွေးသွားမိသည်။

ဒါက အဖြူရောင်အဖွဲ့အစည်းက လူလား။ လောင်တာ့နဲ့ လောင်အာ့တို့က အဖြူရောင်အဖွဲ့အစည်းက လူနဲ့ ဘယ်လိုလုပ် အေးအေးချမ်းချမ်း ရှိနေပါလိမ့်...

လုကျိုးက ခေါင်းငြိမ့်လိုက်ပြီး မုတ်ဆိတ်သပ်လိုက်သည်။ ကြည့်ရသည်မှာ သူ့သင်ကြားမှုများက အလကား မဖြစ်ခဲ့ပေ။ သူ့တပည့်များက မည်သည့်အချိန်တွင် နောက်ဆုတ်ပြီး မည်သည့်အချိန်တွင် ရှေ့တိုးရမည်ကို သိနေလေသည်။

“ဘမ်း”

ယွီရှန်းရုန်က အသက်ရှည်ဓားကို ထိန်းချုပ်ပြီး ကျောက်တိုင်လုံးကို ပစ်ခတ်လိုက်သည်။

ထို ရုတ်ရုတ်သဲသဲ အသံကို ကြားကာ ထျန်းမင်က လှည့်ကြည့်လိုက်သည်။ သူက အသက်ရှည်ဓားကို မြင်သည့်အခါ စိတ်ရှုပ်ထွေးသည့် အမူအရာမျိုး ပေါ်ထွက်လာ၏။

“လွှမ်းမိုးအဆင့် လက်နက်လား။ ပွင့်ချပ်၁၀လွှာ ကျင့်ကြံသူက လွှမ်းမိုးအဆင့်လက်နက်ကို ပိုင်ဆိုင်ထားတယ်လား”

ထိုစဥ် နောက်ထပ် စွမ်းအင်ဓားတစ်ခုက နန်းဆောင်၏ အသေးစားပုံစံနှင့် တူညီသည့် စက်ဝိုင်းအဆောက်အဦးကို ဖျက်ဆီးပစ်လိုက်သည်။ ထိုအရာက ချက်ခြင်းဆိုသလို ပျက်စီးသွားပြီး ကြမ်းပြင်တွင် အက်ကြောင်းများသာ မြင်နိုင်သည်။

“ဒီမှာပဲ”

ယွီရှန်းရုန်က အော်ခေါ်လိုက်သည်။

“အဲ့တာက ဘယ်လိုလုပ် အလွယ်တကူ ရှာတွေ့နိုင်မှာလဲ”

ယွီရှန်းရုန်က ပြန်လည်ချေပလိုက်သည်။

“ဒီ အပြိုအပျက်တွေကြားမှာ မပျက်စီးတဲ့ သေတ္တာကို ရှာရတာ ပုံမှန်လို့ ထင်လား”

“မင်း ပြောတာ ဟုတ်တယ်” ယွီကျန့်ဟိုင်က ခေါင်းငြိမ့်လိုက်သည်။ သူက ပြေးသွားပြီးသည့်နောက်တွင် သူ့နဂါးသွေးကျောက်ဓားဖြင့် သေတ္တာကို ခုတ်ချလိုက်သည်။

“ဘမ်း”

သေတ္တာက နှစ်ပိုင်းပျက်သွားပြီး စာလေ့လာသည့် ရတနာ၄မျိုးနှင့် အဝတ်တချို့ ထွက်ပေါ်လာသည်။ ကောင်းကင်ကြမ်း၏ စာလိပ် ရှိမနေပေ။

“ဒါက အဓိပ္ပာယ်တော့ မရှိဘူး။ ငါတို့တွေ မြေပုံပေါ်က အမှတ်အသားပေါ်မှာ လိုက်နေခဲ့ကြတာပဲ”

ယွီကျန့်ဟိုင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ရှစ်စွင်း ရှာနေတာက သာမန်စာရွက်နဲ့ တူပေမဲ့ သာမန်စာရွက်ထက် ပိုထူတယ်။ ကျွန်တော် မုရှီးသင်္ချိုင်းမှာ မြင်ခဲ့ဖူးတယ်။ သင်္ချိုင်းထဲမှာ ဒီလောက်ကြာကြာပစ်ထားခံရတာတောင် ပျက်စီးသွားတာမျိုး မရှိတော့ ထူးခြားတာပဲ ဖြစ်ရမယ်။ လုံးဝ အပျက်အစီးကို မရှိဘူး။ ရှစ်စွင်းက ဒီမှာလို့ ပြောထားတာ။ ဒီမှာပဲ ရှိရမယ်”

ယွီရှန်းရုန်က ပြောလိုက်သည်။

ယွီကျန့်ဟိုင်က သေတ္ကာကို ကန်လိုက်ပြီး လက်ကို ဖြန့်ကာ ပြောလိုက်သည်။

“ဒီလိုဆိုရင် အားလုံးကို မီးရှို့ပစ်ရအောင်”

သူ့လက်အထက်တွင် ရွှေရောင် ကံမီးတောက်တစ်ခု ပေါ်ထွက်လာပြီး လမ်းကြောင်းရှိရာ အားလုံးကို အလျင်အမြန်‌ လောင်ကျွမ်းပစ်နေသည်။

“ကံမီးတောက်လား”

ထျန်းမင်က မီးပင်လယ်အဖြစ် ပြောင်းလဲပစ်သည့် ကံမီးတောက်ကို မြင်သည့်အခါ အံ့အားသင့်သွားမိသည်။ ထိုစဥ် ယွီကျန့်ဟိုင်က ဂုဏ်ယူမှုဖြင့် မေးလိုက်သည်။

“အာ့ရှစ်တိ ကံမီးတောက်ကို ဘယ်လိုထင်လဲ”

ယွီရှန်းရုန်က ခပ်တည်တည်ဖြင့် ပြန်ဖြေလိုက်သည်။

“ရှစ်စွင်းရဲ့ ပစ္စည်းက ကံမီးတောက်ကိုတော့ ခံနိုင်ရည်မရှိလောက်ဘူး”

ယွီကျန့်ဟိုင် “…”

ယွီကျန့်ဟိုင်က ခုန်လိုက်သည်။ အားပြင်းပြင်း လေတစ်ခု တိုက်ခတ်သွားကာ ထိုကံမီးတောက်ကို ချက်ချင်းဆိုသလို ငြှိမ်းသက်ပစ်လိုက်သည်။

အပြိုအပျက်က ယခုအခါ မီးသွေးတုံး ဖြစ်နေလေပြီ။ ယွီကျန့်ဟိုင်က ဆင်းသက်လာသည့်အခါ မီးကျွမ်းနေသည့် သေတ္တာကို ဘေးသို့ ကန်ချလိုက်သည်။

“ဝုန်း”

ပြာကြားတွင် ရှိနေသည်က အပြာရောင်အလင်း ခပ်ဖျော့ဖျော့ တောက်ပနေသည့် စာလိပ်တစ်ခု ဖြစ်၏။

ထိုအရာ၏ အလင်းက ဂလက်ဆီထဲတွင် တောက်ပနေသည့် ကြယ်တာရာများကဲ့သို့ ဖြစ်ပြီး အင်မတန် လှပလှသည်။

“တွေ့ပြီ”

၂ယောက်သားက ကောင်းကင်ကြမ်း စာလိပ်ဆီ ချဥ်းကပ်လာကြသည်။ ထိုအလင်းတန်းက သူတို့ပေါ် ကျရောက်လာသည့်အခါ မြူခိုးနှင့်တူသည့် စွမ်းအင်က သူတို့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာ၏။

ထိုအရာကို မြင်က ထျန်းမင်က မျက်မှောင်ကြုတ်ပြီး တအံ့အသြ ရေရွတ်လိုက်သည်။

“အခု မဟာလေဟာနယ် စွမ်းအားပဲ”

...

အခန်း (၉၇၅) ဘုံတစ်ထောင်လေပွေသိုင်းပညာရှင်ကို သတ်ဖြတ်ခြင်း

အဖြူရောင်မျှော်စင်အဖွဲ့အစည်းထဲတွင် ထျန်းမင်၏အဆင့်က မမြင့်ပေ။ တာ့ယန်ရှိလူများအနက် သူသည် ပါရမီရှင်ဟူ၍ သတ်မှတ်၍မရ။ သူသည် ကြိုးစားအားထုတ်ပြီးမှ ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့တာပဲဖြစ်သည်။ ကျင့်ကြံပြီးမှ အဖြူရောင်မျှော်စင်၏ ရွေးချယ်မှုကို ခံရပြီး အဖြူရောင်အစောင့် ဖြစ်လာတော့သည်။ သူ၏ခွန်အား ပိုမြင့်လာလေ ကြိုးစားအားထုတ်ခြင်းက မွေးရာပါ ပါရမီကို မဖြည့်ပေးနိုင်မှန်း သဘောပေါက်လာလေဖြစ်သည်။ ကြိုးစားခြင်းက သူ့ကို ဘယ်တော့မှ သစ္စာမဖောက်သော်ငြား ဖြစ်စဉ်က ရှည်ကြာပြီး ပါရမီရှိသည့်သူများနှင့် ယှဉ်လျှင် ကြာညောင်းလှပေ၏။ ထို့ကြောင့် သူ၏ကံကြမ္မာကို ပြောင်းလဲကာ လေးစားခံရသည့် ပါရမီရှင်များကဲ့သို့ ဖြစ်ကာ မြင့်မားစွာ ရပ်တည်နိုင်ပြီး အမိန့်ပေးချင်တာထက် ဘာမှ မရှိတော့ပေ။

ထျန်းမင်သည် အဖြူရောင်မျှော်စင်အဖွဲ့အစည်းထဲရှိ သူ့ထက်အကြီးများဆီမှ အမည်မဲ့မြေအကြောင်း ပုံပြင်များ ကြားခဲ့ဖူးသည်။ အမည်မဲ့မြေရှိသူအားလုံးသည် သိုင်းပညာရှင်များဖြစ်ကြောင်း သူ ကြားဖူးသည်။ သူတို့သည် သူတို့ရုပ်ခန္ဓာနှင့် ပါရမီကို ပြောင်းလဲနိုင်သည့် မဟာလေဟာနယ်မျိုးစေ့ ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ မဟာလေဟာနယ်အဖွဲ့တွင် ပါဝင်ခဲ့သည့် သူများက မဟာလေဟာနယ်စွမ်းအင်သည် အစွမ်းထက်ပြီး တည်ငြိမ်သည်ဟု ကောလဟလများလည်းရှိသည်။

ထိုကဲ့သို့ ရတနာနှင့် ရင်ဆိုင်ရချိန်တွင် မည်သူက မယိမ်းယိုင်ဘဲ ရှိမည်နည်း။

"မဟာလေဟာနယ်စွမ်းအင်" ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်ကို ကြည့်နေစဉ် ထျန်းမင်၏မျက်လုံးထဲရှိ လောဘရိပ်က ပိုမိုသိသာလာတော့သည်။ ခဏအကြာတွင် သူသည် ထိုလူနှစ်ယောက်၏လက်ထဲမှ စာလိပ်ကို ကြည့်လိုက်သည်။ စာလိပ်မှအလင်းသည် လူနှစ်ယောက်၏ မဟာလေဟာနယ်စွမ်းအင်ကို ဖော်ပြနေသည်။ ယင်းက မဟာလေဟာနယ်စွမ်းအင်ကို ဖော်ပြပေးထားသောကြောင့် စာလိပ်သည် ရတနာဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။

ထိုစဉ် သူတို့၏ မဟာလေဟာနယ်စွမ်းအင် ဖော်ထုတ်ခံလိုက်ရပြီဖြစ်ကြောင်း သတိမပြုမိသော ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်ကမူ တောက်ပနေသော စာလိပ်ကိုကြည့်ပြီး တအံ့တဩပြောလိုက်၏။

"တော်တော်နက်နက်ထဲ ဖွက်ထားတာပဲ”

"တကယ်အတွင်းထဲ ဖွက်ထားတာပဲ”

စာလိပ်မှ မှိန်ဖျော့ဖျော့အလင်းပျောက်ကွယ်သွားပြီးနောက် ယွီရှန်းရုန်သည် ယင်းကို ယူကာ သိမ်းလိုက်တော့သည်။

ယွီကျန့်ဟိုင်က မေးလိုက်တော့သည်။

"အာ့ရှစ်တိ ရှစ်စွင်းမှာ လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်လို့ မခံစားမိဘူးလား”

"ခံစားမိတယ်” ယွီရှန်းရုန်က ပြောလိုက်၏။

အတိတ်တုန်းက သူ့ကို အတူတိုက်ခိုက်တုန်းက သူက ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ယောက်ပဲမလား။ ပြီးတော့ အနီရောင်ကြာနယ်မြေထဲမှာ ဒီရတနာအကြောင်း ဘယ်လိုလုပ်သိတာလဲ” ယွီကျန့်ဟိုင်က မေးလိုက်သည်။

"သူက ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ယောက်လေးပဲလို့ ပြောလိုက်တာလား”

"ဒါ အဓိကအချက်မဟုတ်ဘူး”

"ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ယောက်လေးပဲလား” ယွီရှန်းရုန်က စွဲမြဲစွာ ပြောနေ၏။

"..."

ဝှစ်

ထိုစဉ် ပေတစ်ရာခန့်ရှည်ပြီး ရေခဲသလင်းနှင့် တူသည့် စွမ်းအင်ဓားက သူတို့နှစ်ယောက်ဆီ တိုးဝင်လာသည်။

နှစ်ယောက်သားသည် ဝင်လာသောအန္တရာယ်ကို အာရုံခံမိပြီး တညီတညွတ်တည်း ခုန်လိုက်သည်။

ဘန်း

ဧရာမစွမ်းအင်ဓားသည် အစောတုန်းက နှစ်ယောက်သားရပ်နေသည့်နေရာဆီ ထိုးစိုက်နေတာဖြစ်သည်။

နှစ်ယောက်သားက လှည့်ကြည့်လိုက်ရာ အဝေး၌ ရပ်နေသော အဖြူရောင်အစောင့်ကို တွေ့လိုက်ရသည်။

ထျန်းမင်က ပြောလိုက်၏။

"မင်းတို့ ရှာတွေ့တဲ့ ပစ္စည်းကို ကျေးဇူးပြုပြီး ထားခဲ့လိုက်”

ယွီကျန့်ဟိုင်က ခေါင်းခါလိုက်လေ၏။ "ဒီတော့ နောက်ဆုံးတော့ မင်းရဲ့ရည်ရွယ်ချက်အမှန်ကို ထုတ်ဖော်လိုက်ပြီလား”

ထျန်းမင်က ပြောလိုက်သည်။

"အဖြူရောင်မျှော်စင်အဖွဲ့အစည်းက ဒီကို အရင်ရောက်လာတာ။ ကျင့်ကြံခြင်းလောကရဲ့ စည်းမျဉ်းတွေအရ အရင်ရောက်လာတဲ့ သူက ရပိုင်ခွင့်ရှိတယ်”

"ဒါပေမဲ့ ဒီပစ္စည်းကို ရှာတွေ့တာ ကျုပ်တို့လေ။ ပြီးတော့ စည်းမျဉ်းကို လိုက်နာမယ်ဆိုရင်တောင် ရှစ်စွင်းက အဖြူရောင်မျှော်စင်အဖွဲ့အစည်းမရောက်ခင်တောင် ဒီကို ရောက်နှင့်နေတာပဲ။ ဒီပစ္စည်းကို ဘာလို့ ထားခဲ့ရမှာလဲ” ယွီကျန့်ဟိုင်က မေးလိုက်သည်။ ထျန်းမင်၏ စကားများက ရယ်စရာကောင်းလှသည်ဟု ထင်မိပြီး ရယ်မောလိုက်သည်။

"မင်းရဲ့ရှစ်စွင်းက ဒီကိုအရင်ရောက်တာဆိုရင် သက်သေပြလေ” ဆိုရလျှင် သူသည် ဆင်ခြေတစ်ခုကို တွေးပြီးသားဖြစ်သည်။ သူ၏ပါရမီကို မြှင့်တင်ရန် အခွင့်အရေးကို ယူဖို့ဆုံးဖြတ်ထားသည်။

ယွီရှန်းရုန်က ပြောလိုက်လေ၏။ "ဒီပစ္စည်းကို ကျုပ်တို့ ရှာတွေ့ခဲ့တယ်ဆိုတာက သက်သေပဲ”

ထျန်းမင်သည် ယွီရှန်းရုန်၏ စကားကို မငြင်းနိုင်ပေ။ "..."

ခဏအကြာတွင် သူက ပြောလိုက်၏။ "မင်း မှားတယ်။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက အစောတည်းက ဒီရောက်နေတာ။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းတောင် ဒီအချက်ကို စိန်မခေါ်နိုင်ဘူး။ ငါ့ရဲ့စကားက တူတယ်။ ပစ္စည်းကို ထားခဲ့လိုက်”

ယွီကျန့်ဟိုင်က ခေါင်းခါပြီးနောက် ပြောလိုက်သည်။

"အာ့ရှစ်တိ မင်းအရင်သွားချင်လား။ ငါ အရင်သွားရမလား”

ထိုစကားများကို ကြားသောအခါ ထျန်းမင်က အထင်တသေး ရှုံ့ချလိုက်သည်။ "မင်းတို့နှစ်ယောက်လုံး သွားသေတော့”

ထိုသို့ပြောပြီး ထျန်းမင်က သူ၏လက်ကို ဆန့်ထုတ်လျက် အဖြူရောင်အလံတိုင်ပေါ် လက်တင်လိုက်သည်။ ချက်ချင်းပင် တိုင်ပေါ်ရှိ သင်္ကေတများက နဂါးတစ်ကောင်ပမာ အလင်းများ ချက်ချင်းပေါ်လာ၏။ သူတို့က အသက်ဝင်လာပြီး တလူလူလွင့်နေသော အဖြူရောင်အလံဆီသို့ ကျော့ရှင်းစွာ ဦးတည်သွားတော့သည်။

အဖြူရောင်အလံက အဖြူရောင်စွမ်းအင်ဓားထောင်ချီကို ပစ်လွှတ်နေစဉ် လေထဲ၌ အက်ကွဲသံများ ပေါ်ထွက်လာလေ၏။

"အာ့ရှစ်တိ နောက်ဆုတ်” ယွီကျန့်ဟိုင်က ယွီရှန်းရုန်ကို သတိပေးလျက် သူ၏အမူအရာက မည်းမှောင်သွားတော့သည်။ ဆိုရလျှင် ယွီကျန့်ဟိုင်က ပွင့်ချပ်ဆယ်လွှာအဆင့်တွင်သာ ရှိသေး၏။ ဘုံတစ်ထောင်လေပွေသိုင်းပညာရှင်ကို ရင်ဆိုင်ရာ၌ ယွီရှန်းရုန်က မည်သို့ ရပ်တည်နိုင်မည်နည်း။ မည်သို့ပင်ဆိုစေ ယွီရှန်းရုန်ကလည်း သတ္တိကြောင်သူ မဟုတ်ပေ။ နောက်ဆုတ်မည့်အစား သူ၏သက်တော်ရှည်ဓားကို လွဲယမ်းလျက် ရှေ့တိုးသွား၏။ စွမ်းအင်ဓားထောင်ချီက မိုးစက်မိုးပေါက်များပမာ ရွာသွန်းကျလာပြီး သူက ၎င်းတို့ကို သူ၏ဓားဖြင့် ပိုင်းဖြတ်လိုက်သည်။ သူ၏အရှိန်က ပုံမှန်ထက်ပိုမြန်ဆန်၏။ မြန်လွန်းလှသဖြင့် စွမ်းအင်ဓားများကို တွန်းလှန်ရန် အရံအတားတစ်ခုဖွဲ့တည်နိုင်ဟု ထင်မှတ်ရသည်။

ယွီကျန့်ဟိုင်က ယွီရှန်းရုန်၏အရှိန်ကြောင့် အံ့ဩထိတ်လန့်သွားသည်။ ယွီရှန်းရုန် ပိုသန်မာလာကြောင်း သူ သိသော်ငြား ထိုမျှ သန်မာလာမည်ဟု သူ မထင်ထားပေ။ သူ၏ အသိစိတ်ကပ်လာချိန်တွင် လက်ထဲတွင် နဂါးသွဲ့ကျောက်ဓားမော့ကို ဆုပ်ကိုင်လျက် ခုန်ဝင်ကာ အဖြူရောင်စွမ်းအင်ဓားတို့ကို ဖောက်ထွက်လိုက်သည်။

ထျန်းမင်က အံ့ဩသွားလေ၏။

"သူတို့ခုခံမှု ဒီလောက်ကောင်းတယ်လား”

"ဘယ်လိုထင်လဲ” ယွီကျန့်ဟိုင်က ထျန်းမင်၏စကားကို ကြားသောအခါ ပြောလိုက်သည်။

သတိပေးချက်မပါဘဲ မဟာအမှောင်ကောင်းကင်အောက်မေ့ရာ၏ မဟူရာကောင်းကင် ကြယ်အလင်းကို ချက်ချင်းသုံးလိုက်သည်။ ကောင်းကင်အပြည့် စွမ်းအင်ဓားမော့များသည် ချက်ချင်း ဆင်းသက်လာ၏။

ထျန်းမင်က မျက်မှောင်ကျုံ့လိုက်သည်။ အစီအရင်အလံက အားနည်းနေသေး၏။ "မင်း သေချင်နေတာပဲ”

ပြီးနောက် ထျန်းမင်သည် အဖြူရောင်အလံတိုင်ပေါ်မှ သူ၏လက်ကို ဖယ်ရှားပြီးနောက် သူ့လက်ထဲရှိ ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်လိုက်သည်။ ကြယ်တာရာဒိုင်ခွက်နားတစ်ဝိုက် လှည့်ပတ်လိုက်၏။ မကြာမီ၌ အဖြူရောင်အလင်းတို့သည် ကြယ်တာရာဒိုင်ခွက်နောက်မှ ပေါ်ထွက်လာပြီး မဟူရာကောင်းကင်ကြယ်အလင်းကို ဖောက်ထွက်လျက် ယွီကျန့်ဟိုင်၏ ရင်ဘတ်ဆီ ဦးတည်တိုးဝင်သွားသည်။

ထန်း

ယွီကျန့်ဟိုင်သည် တိုက်ခိုက်မှုကို အမြန်ပိတ်ဆို့ရန် နဂါးသွဲ့ကျောက်ဓားမော့ကို အမြန်မြှောက်လိုက်သည်။ တိုက်ခိုက်မှု ကျရောက်သည့်အခါ လေထဲ၌ ကျယ်လောင်သည့် အသံတစ်သံ ပေါ်ထွက်လာပြီး သူ နောက်သို့ ရောက်သွားသည်။

ထိုစဉ် ယွီရှန်းရုန်က မြန်ဆန်သောလှုပ်ရှားမှုများဖြင့် လျှပ်ပြက်သောအရှိန်နှင့် ထျန်းမင်ဆီ ပျံသန်းလာသည်။ သူက ထျန်းမင်ရှေ့ရောက်သွားသည်နှင့် ဓားကို လွဲယမ်းကာ စွမ်းအင်ဓားမော့များဖြင့် ထျန်းမင်ကို တိုက်ခိုက်က်လိုက်သည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

စွမ်းအင်ဓားတို့သည် ထျန်းမင်ပေါ် ပြင်းထန်သော မုန်တိုင်းတစ်ခုပမာ ရွာသွန်းကျလာ၏။

ထိုစဉ် ယွီရှန်းရုန်က ဘယ်ညာ အပေါ်အောက်ရွေ့လျက် ဆက်လက်တိုက်ခိုက်နေတော့သည်။

ထျန်းမင်က မျက်မှောင်ကျုံ့မိသွား၏။ "သူက တကယ်ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူလား။

ခဏအကြာတွင် ထျန်းမင်က ယွီရှန်းရုန်၏ခွန်အားက လွှမ်းမိုးအဆင့် သက်တော်ရှည်ဓားကြောင့်မှန်း သိသွားသည်။ သူက ယခုအချိန်တွင် ထိန်းထား၍မရမှန်း သိသွား၏။ မဟုတ်လျှင် သူ အရေးနိမ့်သွားလိမ့်မည်။ သူ အော်ပြောလိုက်လေ၏။

"ထွက်သွားစမ်း”

ဖုန်း

မွေးဖွားဇယားချပ်၏ စွမ်းအားက ယွီရှန်းရုန်ကို လွင့်ထွက်သွားစေသည်။ သူ၏လက်က ထုံကျဉ်သွားလျက် မြဲမြံစွာ မရပ်နိုင်ခင် လေထဲလဲသွား၏။

ယွီကျန့်ဟိုင်က မေးလိုက်သည်။ "မင်း အဆင်ပြေလား”

"ကျွန်တော် အဆင်ပြေပုံ ပေါ်နေလို့လား”

"..."

ဘီး

ပေ ၄၀၀မြင့်သည် ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်က ယွီရှန်းရုန်ရှေ့၌ ချက်ချင်းပေါ်လာသည်။ စိတ်ဝိညာဉ်သဏ္ဌာန်ပေါ်ပေါက်လာမှုက သူ့ပေါ်ကျရောက်လာသည့် ဖိအားကိုများစွာ လျော့ကျသွားစေ၏။ သူသည် လက်ဝါးစည်းတံဆိပ်ကျလာတာကို မြင်သောအခါ ၎င်းကို ပိတ်ဆို့ရန် လက်အမြန်မြှောက်လိုက်၏။

ဘန်း

ယွီရှန်းရုန်က လွင့်ထွက်သွားပြန်သည်။

အဖြူရောင်အစီအရင်အလံက ရုတ်တရက်မြင့်လာချိန်တွင် လေထဲ အက်ကွဲသံတစ်သံ ထွက်လာပြန်၏။ နောက်ထပ် ပေငါးရာ မြင့်လာပြီး ပေတစ်ထောင်ခန့် မြင့်သွား၏။ ယွီကျန့်ဟိုင်က ဝေဟင်ထဲ ပစ်ခွင်းကာ နဂါးသွဲ့ကျောက်ဓားမော့ကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်လျက်ပြောလိုက်၏။ "မင်းရဲ့ပြိုင်ဖက်က ငါပဲ” ထျန်းမင်သည် ယွီကျန့်ဟိုင်ကို အာရုံမစိုက်ဘဲ ယွီရှန်းရုန်ဆီ ဦးတည်သွားတော့သည်။

ဘန်း

ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်နောက်ကျောရှိ ကြယ်တာရာဒိုင်ခွက်ပေါ်သို့ စွမ်းအင်ဓားမော့များက ကျရောက်သွားသည်။ သို့သော် အက်ကွဲသံတချို့မှအပ စိတ်ဝိညာဉ်သဏ္ဌာန်က ထိခိုက်မှု မရှိပေ။

ထိုစဉ် စိတ်ဝိညာဉ်သဏ္ဌာန်က မွေးဖွားဇယားချပ်စွမ်းအားကို ထပ်မံထုတ်လွင့်လိုက်ပုံပေါ်သည်။ ယွီကျန့်ဟိုင်ဆီသို့ လှိုင်းလုံးကြီးတစ်လုံးပမာ တိုးဝင်သွားသည်။ တစ်ချိန်တည်းတွင် အစီအရင်အလံက ပိုတောင်များပြားသည့် စွမ်းအင်ဓား ပစ်ခတ်တော့သည်။

"နောက်ဆုတ်" ယွီရှန်းရုန်သည် ရုတ်တရက် လှစ်ကနဲ ပေါ်လာလျက် ယွီကျန့်ဟိုင်ဘေးသို့ မြန်ဆန်သောအရှိန်ဖြင့် ရောက်လာသည်။

သူတို့နှစ်ယောက်၌ နားလည်မှုတစ်ခုရှိသောငြား အဖြူရောင်အလံ၏ အစီအရင် အကျယ်အဝန်းထဲတွင် သူတို့က အရှိန်မြှင့်မရပေ။

ထျန်းမင်က မျက်မှောင်ကျုံ့လိုက်၏။ ထိုနှစ်ယောက်၏အရှိန်က ထူးဆန်းလွန်းလှသည်ဟု သူ တွေးမိလိုက်သည်။ နှစ်ယောက်က ထူးခြားနေကြောင်း သူ ပိုမိုပြောနိုင်လာပြီဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်သည် ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက်မျှသာဖြစ်ပြီး သူ၏ခွန်အားက ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက်ထက် သာလွန်နေသည်။

အဆုံးကျ ထျန်းမင်က ခေါင်းခါလျက် သူ၏အတွေးများ ဖယ်ရှားလိုက်တော့သည်။ မဟာလေဟာနယ်စွမ်းအင်ကို ရအောင်ယူမည်ဟု ဆုံးဖြတ်လိုက်တော့သည်။ သူ၏ညာလက်ကို မြေပြင်ပေါ်သို့ ညာလက်ဖြင့် အမြန်ရိုက်ချလိုက်သည်။ ချက်ချင်းပင်မြေပြင်က အလင်းဖြင့် ပေါက်ကွဲသွားပြီး အဖြူရောင်အလံနှစ်စင်းက မြေကြီးထဲမှ ပေါ်ထွက်လာတော့၏။

မျက်စိတစ်မှိတ်အတွင်း အဖြူရောင်သုံးစင်းဆက်သွားပြီးနောက် တြိဂံပမာဖြစ်တည်က ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်ကို ချုပ်နှောင်ထားသော တြိဂံအစီအရင်တစ်ခု ဖွဲ့တည်လိုက်၏။

ထျန်းမင်က တြိဂံအစီအရင်ပေါ်တွင် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ပျံသန်းပြီးနောက် နှစ်ယောက်သားကို ငုံ့ကြည့်ပြီးပြောလိုက်သည်။

"ဒါအတွက် မင်းရဲ့မဟာလေဟာနယ်စွမ်းအင်ကိုပဲ အပြစ်တင်လို့ရတယ်”

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး နောက်ဆုံးတော့ သူတို့ဖော်ထုတ်ခံလိုက်ရပြီမှန်း သဘောပေါက်သွားလေ၏။

"ဒီတော့ မင်းက ဒါကို လိုချင်နေတာကိုး”

ထျန်းမင်က ပြောလိုက်၏။ "ဒီကမ္ဘာပေါ်မှာ ဒီသွေးဆောင်မှုကို ဘယ်သူမှ မခုခံနိုင်ဘူးလို့ ငါ ယုံတယ်”

"မင်း တစ်ယောက်ထဲနဲ့ ငါတို့နှစ်ယောက်ကို ဖြေရှင်းနိုင်မယ်လို့ ထင်နေလား”

"ငါက လုံလောက်ပြီးသားပဲ။ ပြီးတော့ ဒီရတနာကို တခြားသူတွေနဲ့ မျှဝေလိုစိတ်မရှိဘူး” ထျန်းမင်က အမှန်အတိုင်းပြောလိုက်၏။

ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်သည်။ "မင်းရဲ့သတ္တိကို လေးစားတယ်။ အနည်းဆုံးတော့ မင်းက မင်းရဲ့ရည်ရွယ်ချက်ကို ရိုးရိုးသားသားပြောတာပဲ။ အဲ့ဒီကြောင်သူတော်တွေလို မဟုတ်ဘူး”

ထျန်းမင်က ခေါင်းခါလိုက်၏။ "ဟိတ်ကြီးဟန်ကြီး လုပ်နေလို့ အကျိုးမထူးဘူး။ မင်းတို့ကို ထွက်ပြေးခွင့်ပေးမှာ မဟုတ်ဘူး” ပြီးနောက်သူသည် အရပ်မျက်နှာသုံးခုဆီသို့ ရိုက်လိုက်တော့သည်။

All Chapters