အခန်း (၉၇၆-၉၇၈)
Vol. 66 Ch. 976-978
အခန်း (၉၇၆) နားလည်ရခက်သည့် ပွင့်ချပ်၁၀လွှာ ကျင့်ကြံသူနှင့် ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူ
လုကျိုးက သူ့တပည့်ကြီး၂ယောက်ကို ကြည့်နေရင်း မနေနိုင် မထိုင်နိုင် စိုးရိမ်နေမိသည်။ သူတို့၂ဦး၏ လက်ရှိ ကျင့်ကြံဆင့်အရ သူတို့သည် မွေးဖွားဇယားချပ် ၃ခုရှိထားသည့် အဖြူရောင် အစောင့်အရှောက်နှင့် ယှဥ်ဖို့ရာ အနည်းငယ် လိုအပ်နေဆဲ ဖြစ်၏။ ထိုသူနှစ်ဦးအနေဖြင့် အနိုင်ရဖို့ ခက်လှသော်လည်း သူတို့အနေဖြင့် ထွက်မပြေးနိုင်ခြင်းတော့ မဟုတ်ပေ။ ထိုသူနှစ်ဦးက ယခုအခြေအနေကို မည်သို့ဖြေရှင်းမလဲအပေါ် မူတည်နေသေး၏။
ထိုစဥ် အဖြူရောင် အစီအရင်အလံသုံးခုမှ တြိဂံနေရာအလိုက် စွမ်းအင်ဓားများ ထုတ်လွှတ်လာသည်။ တောက်ပလွန်းသည့် အဖြူရောင် အလင်းတန်းကြောင့် နှင်းမုန်တိုင်းတစ်ခု ရောက်ရှိလာသလိုမျိုး ဖြစ်နေ၏။
“ငါ ထိန်းလိုက်မယ်”
ယွီကျန့်ဟိုင်က နဂါးသွဲ့ကျောက်ဓားကို ထိန်းချုပ်ရင်း ပျံသန်းသွားလိုက်သည်။
နဂါးသွဲ့ကျောက်ဓား ဝန်းကျင်တွင် ရွှေရောင်စွမ်းအားများက လှည့်ပတ်လာပြီး အဖြူရောင်စွမ်းအင်များကို တားဆီးထားသည့် ပတ်ပတ်လည် နေရာလွတ်ကို ဖန်ဆင်းလိုက်သည်။
ယွီရှန်းရုန်ကလည်း စတင် လှုပ်ရှားလိုက်၏။
တစ်ဦးက အပေါ်မှာနေကာ တစ်ဦးက အောက်မှာနေ၍ သူတို့ကို ပိတ်ဆို့ထားသည့် အဖြူရောင်တံတိုင်းသုံးခုကို စတင်တိုက်ခိုက်လိုက်ကြသည်။
ဘမ်း ဘမ်း ဘမ်း
သူတို့နှစ်ဦးက အားကုန်ထုတ်တိုက်သည်ကို မြင်သည့်အခါ ထျန်းမင်က ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“ငါက ဘာမှတောင် အားစိုက်မထုတ်ရသေးဘူး။ မင်းတို့ နှစ်ယောက်လုံးက ကိုယ့်ကိုယ်ကိုတောင် ဂရုမစိုက်နိုင်တော့ဘူးပဲ။ ဒီအစီအရင်အလံတွေက မိုးမြေဆီက အသက်ဓာတ် စွမ်းအားတွေကို စုပ်ယူနိုင်တယ်။ မင်းတို့တွေက ခဏတော့ တားဆီးထားနိုင်ပေမဲ့ ထာဝရ တားဆီးထားနိုင်မှာ မလို့လား”
ထျန်းမင်က သတိကြီးကြီးထားထား၏။ ထိုသူနှစ်ဦးကို အနိုင်ယူဖို့ရာအတွက် သူက အစီအရင်အလံများကို ထုတ်သုံးဖို့ တုံ့ဆိုင်းနေခြင်း မရှိပေ။ အကယ်၍ ခေါင်းဆောင်သာ မေးလာခဲ့ပါက သူသည် မွေးဖွားဇယားချပ် သားရဲများကို အပစ်ပုံချနိုင်သည်။ ထိုသူနှစ်ဦး၏ မဟာလေဟာနယ် စွမ်းအားကို ရရှိပြီးသည့်နောက်တွင် သူ့စွမ်းအားကို ဖုံးကွယ်ထားပြီး ကောင်းကင်ဆီ မဝဲပျံခင် အချိန်ယူနိုင်သည်။
ထျန်းမင်က ထိုအတွေးဖြင့် ပျော်ရွှင်နေမိ၏။
ဝုန်း
ယွီကျန့်ဟိုင်က ဧရာမ စွမ်းအင်ဓားမော့ အကူအညီဖြင့် ထိုတြိဂံနေရာမှ ချိုးဖောက်ထွက်လာနိုင်ခဲ့သည်။ သူ့အကြည့်များက ခက်ထန်နေပြီး နဂါးသွဲ့ကျောက်ဓားကို အားကုန်သုံး၍ ဝှေ့ယမ်းလိုက်သည်။
“ကျဆင်းစမ်း”
နဂါးသွဲ့ကျောက်ဓားမှ ထွက်ပေါ်လာသည့် စွမ်းအင်ဓားမော့များက ကံမီးတောက်ဖြင့် တောက်လောင်နေသည်။
ထျန်းမင်က အံ့အားသင့်သွားလေ၏။ သူက အဖြူရောင်ကြယ်တာရာဒိုင်ကွက်ဖြင့် အလျင်စလို တားဆီးလိုက်ရသည်။ ကြယ်တာရာတိုက်ကွက်က အရွယ်အစား ကြီးမားလာပြီး တိုက်ကွက်ကို တားဆီးဖို့ ညအခါတွင် တောက်ပနေသည့် လပြည့်ဝန်းကြီးလို ဖြစ်နေလေသည်။
ဝုန်း
စွမ်းအင်ဓားမော့က ကြယ်တာရာဒိုင်ခွက်ပေါ်သို့ ကျဆင်းလာ၏။
ထျန်းမင်ကို အံ့အားသင့်သွားစေသည်က သူ့အဖြူရောင် ကြယ်တာရာဒိုင်ခွက်ပေါ်တွင် ချိုင့်ရာတစ်ခု ရှိသွားခဲ့သည်။ တစ်ချိန်တည်းဆိုသလို သူက ဖိအားပြင်းပြင်းကြောင့် နောက်သို့ လွင့်စဉ်သွားလေ၏။ သူက ဒေါသထွက်သလို အရှက်ရနေမိသည်။
ဘုံတစ်ထောင်လေပွေအဆင့်ကို ဝင်ရောက်ခါစ ကျင့်ကြံသူတစ်ယောက်ကြောင့် နောက်ဆုတ်လိုက်ရသည်ကို တွေးကြည့်လိုက်လျှင် သည့်မခံနိုင်စရာပင်။ သူက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာကို ထပ်မံ ဖွဲ့စည်းပြီး မွေးဖွားဇယားချပ် စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ထိုစဥ် ယွီကျန့်ဟိုင်၏ ကျောဘက်မှ လျှပ်စီးလိုအလင်းဖြင့် အရိပ်တစ်ခု ထွက်ပေါ်လာသည်။
“ငါ မင်းကို စောင့်နေတာ”
အဖြူရောင်နှင့် ရွှေရောင်အလင်းတန်းအလယ်တွင် အနီရောင် တောက်ပနေသည့် စွမ်းအင် ဓားများက ထွက်ပေါ်လာသည်။
ကောင်းကင် စူးစမ်းရှာဖွေရေးကျောင်းတော်ကြီး ပြန်လည်ပြင်ဆင်ပြီးသည့်နောက်တွင် လွှမ်းမိုးအဆင့် အသက်ရှည်ဓားက အနီရောင်ကြာ နယ်မြေမှ အကောင်းဆုံး တာအိုသင်္ကေတများဖြင့် ရေးထိုးထားနိုင်ခဲ့သည်။
ယွီရှန်းရုန်က လျှပ်စီးလိုအလင်းဖြင့် ရွေ့လျားလိုက်၏။ သူ့ပုံရိပ်က လေထဲတွင် ဝေဝါးစွာ ကျန်ရှိနေခဲ့သည်။
ထျန်းမင်က ထိုအစိမ်းရောင်ပုံရိပ်သည် သုံးခု ကွဲထွက်သွားသည်ကို မြင်သည့်အခါ မြင်ကွင်းများက ဝေဝါးသွား၏။
ဝိညာဥ်သုံးပါးသို့ ပြန်လည်ဝင်ရောက်ခြင်း
ဤသည်က ယွီရှန်းရုန် အကျွမ်းကျင်ဆုံး ဒုတိယမြောက် နည်းစနစ်တစ်ခု ဖြစ်၏။
တစ်ချိန်တည်းဆိုသလို ထျန်းမင်ဆီမှ ထုတ်လွှတ်လာသည့် မွေးဖွားဇယားချပ် စွမ်းအားက ကျရောက်လာသည်။
ထျန်းမင်က သူသည် ယွီရှန်းရုန်ကို ထိုတိုက်ကွက်ဖြင့် ဒဏ်ရာပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိသည်။ သို့သော်လည်း သူ့ထင်မြင်ချက်နှင့် ကွဲလွဲစွာ ထိုပုံရိပ်သုံးခုက တစ်သားတည်းအဖြစ် ပေါင်းစပ်သွားပြီး တိုက်ကွက်ကို ရှောင်ရှားလိုက်၏။
ယွီရှန်းရုန်က အသက်ရှည်ဓားကို အပေါ်ပိုင်း ညာဘက်ထောင့်မှ ခုတ်ချလိုက်သည်။
ဘမ်း
ထျန်းမင်က နောက်ဆုတ်လိုက်ရ၏။ သူက ကြယ်တာရာဒိုင်ခွက်ကို အလျင်အမြန် သုံးကာ ယွီရှန်းရုန်ဆီ အဖြူရောင် လက်နက်တစ်ခု ထုတ်လွှတ်လိုက်သည်။
ယွီရှန်းရုန်က နောက်ဆုတ်မည့်အစား ရှေ့တိုးလာသည်။
“င့ါအလှည့်ပဲ။ ရေနဂါးတေးသံ”
ယွီကျန့်ဟိုင်က အဖြူရောင်စွမ်းအင် ဓားများကို ပယ်ဖျက်ရင်း အော်ပြောလိုက်သည်။
နေရာအသီးမှ စွမ်းအင်ဓားမော့များစွာ စုစည်းလာပြီး ဧရာမ နဂါးတစ်ကောင်သဖွယ် ဖြစ်တည်လာသည်။
ထိုစဥ် ယွီရှန်းရုန်က အဖြူရောင်အလင်းတန်းကို ရှောင်ရှားကာ စွမ်းအင်ဓားမော့များဖြင့် ပြုလုပ်ထားသည့် နဂါးပေါ် တက်နင်းပြီး အသက်ရှည်ဓားကို ဝှေ့ယမ်းကာ ဝိညာဥ်သုံးပါး ပြန်လည်ဝင်ရောက်ခြင်းကို ထုတ်ဖော်လိုက်သည်။
ထျန်းမင်က ဒေါသတကြီး အော်ပြောလိုက်၏။
“မင်းတို့တွေက သစ်ပင်ကို လှုပ်ဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်သာသာပဲ”
ဝှစ်
အဖြူရောင်ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က ထပ်မံ ပေါ်ထွက်လာသည်။ ထိုအရာက လေထုထဲ နှင်းတောင်တစ်လုံးလို ဖြစ်နေလေ၏။
ယွီကျန့်ဟိုင်က အော်ပြောလိုက်သည်။
“သတိထား”
အစီအရင်အလံ၏ ထိန်းချုပ်မှုကြောင့် သူသည် ယခုအတွက် စွမ်းအင်ဓားမော့များကို ထပ်မံ မထုတ်ဖော်နိုင်တော့ပေ။ ယွီရှန်းရုန်သည် သူ့ဆီကျရောက်လာသည့် ဧရာမ စိတ်ဝိညာဥ်သဏ္ဌာန်ကြီးကို ရင်ဆိုင်မိသည်ကိုသာ ကြည့်နေရ၏။
“ဝပ်”
“စိတ်ဝိညာဥ်သဏ္ဌာန်”
ယွီရှန်းရုန်က နောက်ဆုံးတွင် စိတ်ဝိညာဥ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်၏။
ပေ၂၀၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်ကို မြင်တွေ့ပြီးသည့်နောက်တွင် ထျန်းမင်က မနေနိုင်ဘဲ အားပါးတရ ရယ်မောလိုက်သည်။
“ပွင့်ချပ်၁၀လွှာထဲနဲ့ လာပြီးတိုက်ချင်နေတာလား”
အဖြူရောင် စိတ်ဝိညာဥ်သဏ္ဌာန် ကျဆင်းလာသည်နှင့် တစ်ပြိုင်နက် ယွီရှန်းရုန်၏ ပုံရိပ်သုံးခုက တစ်သားတည်းအဖြစ် ပေါင်းစပ်သွားတော့၏။
“ဘမ်း”
ယွီရှန်းရုန်၏ အဖြူရောင် စိတ်ဝိညာဥ်သဏ္ဌာန်က လှုပ်ရှားလာခဲ့သည်။ ထိုအရာက လက်ကိုမြှောက်ကာ အဖြူရောင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖမ်းဆုပ်ထား၏။
ထျန်းမင်က ထိုအရာကိုမြင်သည့်အခါ ကြောင်အမ်းသွားသည်။
စိတ်ဝိညာဥ်သဏ္ဌာန်က ဒီလိုပုံစံမျိုး လှုပ်ရှားနိုင်လို့လား
ထိုစဥ် ယွီရှန်းရုန်၏ ပွင့်ချပ်၁၀လွှာ စိတ်ဝိညာဥ်သဏ္ဌာန်က အဖြူရောင်ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖမ်းဆုပ်ပြီးသည့်နောက်တွင် ဖိအားက ပိုမိုပြင်းလာခဲ့သည်။
ထိုစဥ် ရွှေရောင်ပွင့်ချပ် ၁၀လွှာက ပျံသန်းလာပြီး ရွှေရောင် စိတ်ဝိညာဥ်သဏ္ဌာန်၏ လက်အနားတွင် စုစည်းနေလေ၏။ ထို့နောက် ရွှေရောင်စိတ်ဝိညာဥ်သဏ္ဌာန်က ရွှေရောင်ပွင့်ချပ်ကို ဆုပ်ယူလိုက်ပြီး ပွင့်ချပ်ကို ဓားအဖြစ် သုံးကာ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ထဲ ထိုးစိုက်လိုက်သည်။
ဘမ်း
ရွှေရောင်စိတ်ဝိညာဥ်သဏ္ဌာန်က ဒုတိယပွင့်ချပ်ကို ဆုပ်ကိုင်ကာ အဖြူရောင်စိတ်ဝိညာဥ်သဏ္ဌာန်ကို ထပ်မံ ထိုးစိုက်လိုက်ပြန်သည်။
ဘမ်း ဘမ်း ဘမ်း
တတိယပွင့်ချပ်၊ စတုတ္ထပွင့်ချပ်၊ ပဥ္စမပွင့်ချပ်နှင့် ၁၀ချပ်မြောက် ပွင့်ချပ်အထိ အကုန်လုံးကို အဖြူရောင် စိတ်ဝိညာဥ်သဏ္ဌာန်ထဲ ထိုးစိုက်ပစ်လိုက်သည်။
ထျန်းမင်၏ အကြည့်များက မလိုလားမှုဖြင့် ပြည့်နှက်နေသော်လည်း ယခုအခိုက်အတန့်တွင် သူ တတ်နိုင်သည့်အရာ မရှိပေ။ သူ့စိတ်ဝိညာဥ်သဏ္ဌာန်က လူသားလိုမျိုး ရွေ့လျားနိုင်စွမ်း မရှိပေ။
ထိုစဥ် လေထုထဲတွင် ရေနဂါးတေးသံ ထွက်ပေါ်လာ၏။
ထျန်းမင်က ကြယ်တာရာဒိုင်ခွက်ကို အလျင်စလို လှုပ်ရှားကာ တိုက်ကွက်ကို တားဆီးလိုက်သည်။
ပုံမှန်အားဖြင့် ယွီရှန်းရုန်သည် ထျန်းမင်အား ကြိုးစားခွင့်ပြုမည် မဟုတ်ပေ။ ယွီရှန်းရုန်က သူ့ကို ထိုအခွင့်အရေး မပေးခဲ့ပေ။
“ကမ္ဘာဦး ပြန်လည်ထိန်းသိမ်းခြင်း”
မျက်စိတစ်မှိတ်အတွင်း အသက်ရှည်ဓားဝန်းကျင်တွင် စွမ်းအင်ဓားတစ်သိန်းကျော် ပေါ်ထွက်လာသည်။ ရေနဂါးတေးသံနှင့်အတူ သူတို့က ကြယ်တာရာဒိုင်ခွက်ဆီ ပြေးဝင်လာသည်။
ဘမ်း ဘမ်း ဘမ်း
ဤသို့ဖြင့် အဖြူရောင်စိတ်ဝိညာဥ်သဏ္ဌာန်က ကျုံ့သွားကာ ထျန်းမင်း၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားသည်။
ဒုတ် ဒုတ် ဒုတ်
“တင် မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၆၀၀၀ ရရှိပါတယ်”
...
ထျန်းမင်က သွေးအန်လိုက်ရသော်လည်း လှုပ်ရှားမှုကို မရပ်တန့်ခဲ့ပေ။ သူက မီတာ တစ်ရာ အနောက်ဆုတ်လိုက်၏။
ထို့နောက် သူက အစီအရင်အလံ ၃ခုကို ကြည့်ကာ အော်ပြောလိုက်သည်။
“မင်းတို့၂ယောက်လုံးလည်း ငါနဲ့ သေရမယ်”
ဆက်တိုက်ဆိုသလို ထျန်းမင်းက သွေးများရှိနေသည့် လက်များကို မြေပြင်ပေါ် ဆောင့်ချလိုက်သည်။
ဝုန်း
မြေပြင်က အနည်းငယ် တုန်ခါသွားလေ၏။
ဝှစ် ဝှစ် ဝှစ်
အစီအရင်အလံ၃ခုက ရုတ်ခြည်းဆိုသလို တောက်ပလာကာ စွမ်းအင်ဓားများစွာ ထုတ်လွှတ်လာသည်။
ယွီကျန့်ဟိုင်က နဂါးသွဲ့ကျောက်ဓားကို ဝှေ့ယမ်းရင်း စွမ်းအင်ဓားများကို တားဆီးလိုက်သည်။ တူညီလှစွာ ယွီရှန်းရုန်ကလည်း အကောင်းဆုံးကြိုးစား၍ စွမ်းအင်ဓားများကို ခုခံနေသည်။
အစီအရင်အလံ၃ခုက စွမ်းအင်ဓားများကို ဆက်တိုက် ထုတ်လွှတ်နေဆဲဖြစ်၏။
မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးသွားရသည့် ထျန်းမင်က ယခင်ကထက် ပိုမို သတိကြီးကြီး ထားထားသည်။
သူက ထိုနှစ်ဦးကို ကြည့်ရင်း အကြည့်များ၌ သွေးဆာလာ၏။ သူက အံကို ကြိတ်ထားသည်။ သူက အစီအရင်အလံကို ဖျက်ဆီးခဲ့ရမည်ဆိုလျှင်ပင် ထိုနှစ်ဦးကို သတ်ပစ်ဖို့ရာ ဆုံးဖြတ်ထားသည်။
ယွီရှန်းရုန်က စိတ်ဝိညာဥ်သဏ္ဌာန်ကို ရုပ်သိမ်းကာ အသက်ရှည်ဓားကို ဝှေ့ယမ်းလိုက်သည်။
ဝုန်း ဝုန်း ဝုန်း
အသက်ရှည်ဓားက နဂါးတစ်ကောင်လို ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ စွမ်းအင်များကို ဖျက်ဆီးပစ်လိုက်၏။ ထိုစဥ် အစီအရင်အလံတစ်ခုက ယွီရှန်းရုန်ဆီ ရုတ်ခြည်း ပစ်ခတ်လာသည်။
ယွီရှန်းရုန်က လက်နှစ်ဖက်ကို မြှောက်ကာ ထိုအစီအရင်အလံကို တားဆီးလိုက်သ၏။
တစ်ချိန်တည်းဆိုသလို ထျန်းမင်က ရုတ်ခြည်းဆိုသလို တိုးလာကာ ယွီရှန်းရုန်ရှေ့၌ ပေါ်ထွက်လာကာ အော်ပြောလိုက်သည်။
“ဒီလက်ဝါးချက်ကို ယူလိုက်”
ဘမ်း
ယွီရှန်းရုန်က လက်တစ်ဖက်ဖြင့် ထိုလက်ဝါးချက်ကို အလျင်အမြန် တားဆီးလိုက်၏။
သူက လွင့်ထွက်သွားစဥ် သွေးများပွက်လာသလိုခံစားလိုက်ရသည်။
ထျန်းမင်က မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးသွားသော်လည်း အားကောင်းနေဆဲ ဖြစ်၏။
ထိုစဥ် ယွီကျန့်ဟိုင်က ယွီရှန်းရုန်ကို အသံလွှင့်ကာ ပြောလိုက်သည်။
“သူ့မွေးဖွားနန်းဆောင်ကို ဖျက်ဆီးပစ်လိုက်”
“ကျွန်တော်လည်း အဲ့လို တွေးထားတာပဲ”
ယွီရှန်းရုန်က အားတင်းကာ ခန္ဓာကိုယ်ထဲမှ သွေးချီများကို ဖိနှိပ်ထားလိုက်သည်။
“အာ့ရှစ်တိ အတူတူတွဲလုပ်ရအောင်။ ငါ အပေါ်ကနေ တိုက်မယ်။ မင်း အောက်ကနေ တိုက်”
“ကောင်းပြီ”
သူ့စကားဆုံးသွားသည့်အခါ ယွီကျန့်ဟိုင်က ယွီရှန်းရုန်၏ အပေါ်ဘက် ရောက်ရှိကာ ပေါ်ထွက်လာသည်။
သူက ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်ကာ သူတို့နှစ်ဦးကို ကာနိုင်လောက်အောင်အထိ ကြီးထွားစေခဲ့သည်။
ရွှေရောင် ကြယ်တာရာ ဒိုင်ခွက်ကိုလှည့်ပတ်လာပြီး အစီအရင်အလံမှ တိုက်ကွက်များကို တားဆီးထားသည်။
နှစ်ဦးသားက တစ်ယောက်နှင့်တစ်ယောက် ကောင်းကောင်းကြီး နားလည်ထားကြသည်။ လှုပ်ရှားမှု တစ်ခုတည်းဖြင့် တစ်ဖက်လူ စဥ်းစားနေသည့်အရာကို ချက်ချင်း သိလိုက်ကြသည်။ သူတို့နှစ်ဦးက သူတို့ဘဝတစ်လျှောက်လုံးတွင် ယှဥ်ပြိုင်ကာ တိုက်ခိုက်လာကြ၍ အံ့အားသင့်စရာတော့ မဟုတ်ပေ။ ပြိုင်ဘက်နှင့် ညီအစ်ကိုများအနေဖြင့် သူတို့သည် သူတို့ ကိုယ်တိုင် နားလည်သည်ထက်ပင် တစ်ဖက်လူကို ပိုမိုနားလည်ကြ၏။
သူတို့ အလုပ်တွဲလုပ်သည့်အခါ သူတို့က အချင်းချင်း နားလည်မှု မြင့်မားသည်မှာ ပုံမှန်သာဖြစ်၏။ သူတို့က အင်အားပူးပေါင်းလိုက်သည့်အခါ အမာကျောဆုံး သတ္ထုကိုပင် ဖြတ်တောက်နိုင်လိမ့်မည်။
ယွီရှန်းရုန်က လျှပ်စီးလိုအလင်းဖြင့် လှုပ်ရှားလိုက်၏။
ယွီကျန့်ဟိုင်ကလည်း ကြယ်တာရာဒိုင်ခွက်ကို ရှေ့တွင်ထားကာ စွမ်းအင်ဓားများကို ပယ်ဖျက်ပေးနေသည်။
ထိုစဥ် ယွီရှန်းရုန်က ရွှေရောင် ကြယ်တာယာဒိုင်ခွက်နောက်မှ ထွက်ပေါ်လာပြီး အသက်ရှည်ဓားကို ဝှေ့ယမ်းလိုက်သည်။
သူက ငယ်စဥ်အခါက မိစ္ဆာဝေဟင်မျှော်နန်းတွင် လေ့ကျင့်ဖူးခဲ့သလိုမျိုး ဓားကို ဝှေ့ယမ်းလိုက်၏။ သူ့လှုပ်ရှားမှုများက တိကျကာ မြန်ဆန်လွန်းလှသည့်အတွက် စက်ယန္တရားနှင့်ပင် တူနေ၏။ ထိုစဥ် ထျန်းမင်က သူ့ စိတ်ဝိညာဥ်သဏ္ဌာန်ကို အသုံးမပြုရဲတော့ဘဲ နောက်ကို ဆက်လက်ပျံသန်းနေလေ၏။
ဘမ်း ဘမ်း ဘမ်း
ထျန်းမင်၏ ကျောဘက်က ဧရာမ သစ်ပင်ကြီးများဖြင့် တစ်ပင်ပြီး တစ်ပင် ဝင်တိုက်မိသွား၏။
ဤသို့ဖြင့် တိုက်ပွဲက အစီအရင်အလံ၏ နယ်နိမိတ်မှ ထွက်ခွာလာခဲ့သည်။
သူက တကယ်ကြီး ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူလား...
ထျန်းမင်က သူ့ကိုယ်သူ ထပ်မံစဥ်းစားမိသွားသည်။ တိုက်ကွက်၏ တိကျမှုကြောင့်လား မသိရသော်လည်း တိုက်ကွက်ဖြစ်စေ အမြန်နှုန်းဖြစ်စေ တိုက်ပွဲအတွေ့အကြုံဖြစ်စေ သို့မဟုတ် ကမ္ဘာဦးချီ ဖြစ်စေ ထိုအရာများက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်သည်နှင့် မတူပေ။ ထျန်းမင်က ထိုသူနှစ်ဦး၏ ပူပေါင်းတိုက်ကွက်များကြောင့် ဒေါသထွက်လာပြီး သွေးဆာသည့် အကြည့်များဖြင့် ကြည့်ကာ အော်ပြောလိုက်သည်။
“ငါ့လမ်းကနေ ထွက်သွားကြစမ်း”
တစ်ချိန်တည်းဆိုသလို အဖြူရောင် ကြယ်တာရာ ဒိုင်ခွက်က အရွယ်အစားကြီးမားလာကာ ရှေ့သို့ ထွက်ပေါ်လာသည်။
ယွီကျန့်ဟိုင်က မကြောက်ရွံ့ဘဲ ကြယ်တာရာဒိုင်ခွက်ကို ရှေ့တွန်းချလိုက်၏။
ဘမ်း
မည်သို့ပင်ဆိုစေကာမူ ယွီကျန့်ဟိုင်၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ သူက လှမ်းခေါ်လိုက်သည်။
“အာ့ရှစ်တိ”
“နားလည်ပြီ”
ယွီရှန်းရုန်က လျှပ်တပြက် လေထုထဲ ပျောက်ကွယ်သွားလေ၏။
ထျန်းမင်က ကြယ်တာရာဒိုင်ခွက် မရှိသည့်အခါ အားအနည်းဆုံး ဖြစ်၏။ ထိုစဥ် သူကလည်း ထိုအချက်ကို သဘောပေါက်ကာ ကြယ်တာရာဒိုင်ခွက်ကို အလျင်အမြန် ပြန်လည်သိမ်းဖို့ ကြိုးစားလိုက်သည်။ သို့သော် ယွီရှန်းရုန်က ထျန်းမင်သည် သူ့ကြယ်တာယာဒိုင်ခွက်ကို ပြန်မသိမ်းနိုင်ခင် သူ့ရှေ့ ပေါ်ထွက်လာခဲ့ပြီး အသက်ရှည်ဓားဖြင့် ခုတ်ချလိုက်သည်။
ဘမ်း
ထျန်းမင်က လက်ကိုမြှောက်ကာ အသက်ရှည်ဓားကို တားဆီးလိုက်၏။ ထို့နောက်သူက မော့ကြည့်ကာ လှောင်ပြောင်ပြောလိုက်သည်။
“အားနားပါရဲ့ … ငါ့ဆီမှာ မွေးဖွားဇယားချပ် စွမ်းအားရှိနေတာဆိုတော့ ငါ့လက်ကို ဒိုင်းကာအနေနဲ့ သုံးလို့ရတယ်”
ရွှေရောင်စပ် အစိမ်းရောင် ပွင့်ချပ်က ထျန်းမင်၏ နောက်ကျောဘက်မှ ထိုးဖောက်လာသည်။
ထျန်းမင်က သူ့နှလုံးသားထဲ အေးစက်မှုကို ခံစားမိ၍ လှည့်ကြည့်လိုက်သည်။
သူက ရွှေရောင်စိတ်ဝိညာဥ်သဏ္ဌာန်သည် လှည့်ပတ်နေသည်ကို မြင်လိုက်ရပြီး နောက်ထပ် ရွှေရောင်ပွင့်ချပ်ကို ကိုင်ဆောင်ထားကာ သူ့ဆီ အားအပြည့်ဖြင့် ထိုးချလိုက်သည်ကို တွေ့လိုက်ရ၏။
ထျန်းမင် “...”
....
အခန်း (၉၇၇) သင်္ကေတလမ်းကြောင်း
ဆရာတစ်ယောက်အနေဖြင့် လုကျိုးသည် သူ၏တပည့်များကို လျော့တွက်ခဲ့မိသည်။ ယင်းက သက်ကြီးမျိုးဆက်၏အမြင်တွင် လူငယ်များက မည်မျှကြီးပြင်းလာစေကာမူ အမြဲတစေ ကလေးများ ဖြစ်နေသကဲ့သို့ပင်။ ထို့ကြောင့် သူသည် သူ့တပည့်များကို ပိုယုံကြည်ချက်ရှိပြီး သူတို့ကို ပိုလွတ်လပ်ခွင့်ပေးရမည်ဖြစ်ကြောင်း သူ့ကိုယ်သူအမြဲတစေ သတိပေးနေခဲ့၏။ ယွီကျန့်ဟိုင်၏ ပညာသင်ယူမှုပြီးမြောက်ပြီးနောက် သူ့ကို ထွက်သွားခွင့်ပေးဖို့တောင် သူ ရွေးချယ်ခဲ့သည်။ ထိုသို့တိုင် ယခုအချိန်တွင် သူ့တပည့်နှစ်ယောက်ကို လျော့တွက်ခဲ့မိသည်ဟု ခံစားမိသေးသည်။
ယွီရှန်းရုန်က သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ထိန်းချုပ်နိုင်စွမ်းသည် သူ၏မှန်းဆချက်ထက် ကျော်လွန်နေသည်။ သူ့စိတ်ဝိညာဉ်သဏ္ဌာန်၏ လှုပ်ရှားမှုက လူသားတစ်ယောက်နှင့် မကွဲသလောက်ရှိသည်။ တိုက်ပွဲသည် လူသုံးယောက်တစ်ယောက်တိုက်ပွဲနှင့် တူနေ၏။ တကယ်တော့ လေးယောက်တစ်ယောက်တိုက်ပွဲဖြစ်သွားသည်။ အဖြူရောင်အစောင့်သည် အစကနေ အဆုံးအထိ ယင်းကို သတိမပြုမိခဲ့ဘဲ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို လျစ်လျူရှုထားသည်။ အဖြူရောင်အစောင့်သည် အချိန်ကြာမြင့်စွာ ရှင်သန်နေထိုင်လာခဲ့ပြီး နည်းလမ်းမျိုးစုံသုံးနိုင်တာ အံ့ဩစရာမရှိ။ ပွင့်ချပ်ဆယ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်ကို ခြိမ်းခြောက်မှုအဖြစ် သူ မည်ကဲ့သို့ သတ်မှတ်မည်နည်း။
နှစ်ယောက်သား၏ ဆောင်ရွက်ချက်က သူ့ကို အံ့ဩစေရုံသာမက အဖြူရောင်အစောင့်ကို ထိတ်လန့်သွားစေကြောင်း လုကျိုးပြောနိုင်၏။
ရွှေရောင်ပွင့်ချပ်ထိပ်ဖျားမှ သွေးစက် ကျလာစဉ် ထျန်းမင်၏ မျက်လုံးက ပြူးကျယ်လာတော့သည်။ ပွင့်ချပ်မှ ဖိအားအပိုက သူ့ဆီထိုးစိုက်လိုက်ခြင်းကြောင့်သွေးများ မျက်နှာပေါ်လွင့်စဉ်လာပြီး သူ့ကို ထိတ်လန့်သွားစေသည်။ မျက်လုံးထဲ မယုံနိုင်မှုများ ပြည့်နေ၏။ ပွင့်ချပ်ဆယ်လွှာရှိသည့်သူက ထိုမျှ သန်မာနေရသည့်အကြောင်းကို သူ နားမလည်နိုင်ပေ။ ယင်းက ယုတ္တိမရှိပေ။
“မင်း”
ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် ဒုတိယမြောက်ရွှေရောင်ပွင့်ချပ်ဖြင့် ထျန်းမင်ကို ထိုးစိုက်လိုက်သည်။
ပွင့်ချပ်များက ထက်မြေ့ကြောင်း လူတိုင်း သိကြပေ၏။ သူတို့သည် အဆင့်မြင့်လက်နက်တချို့ထက် မနိမ့်ပေ။ သို့သော် ကြာပွင့်နှင့်တွဲထားသောကြောင့် တိုက်ခိုက်ရန် အသုံးပြုဖို့ ခက်ခဲသည်။
ယွီကျန့်ဟိုင်ကတောင် ယွီရှန်းရုန်၏ အံ့ဩဖွယ်ဆောင်ရွက်ချက်ကြောင့် အံ့အားသင့်သွားလေ၏။
ထျန်းမင်က အံကြိတ်လျက် တွန့်ဆုတ်စွာပြောလိုက်သည်။
“ငါ သေရင်တောင် မင်းတို့နှစ်ယောက်လုံး ငါနဲ့သေရမယ်”
ဘီး
ထျန်းမင်၏ စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာပြီး ၎င်း၏ ကြယ်တာရာဒိုင်ခွက်ပေါ်လာကာ ယွီရှန်းရုန်၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ရိုက်ချလိုက်သည်။
စိတ်ဝိညာဉ်သဏ္ဌာန်သည် ကျန်ရှိသည့် ရွှေရောင်ပွင့်ချပ်များကို သုံးပြီး အဖြူရောင်ကြယ်တာရာဒိုင်ခွက်၏ အားကို ပိတ်ဆို့လိုက်သည်။
“ထွက်သွား”
ယွီရှန်းရုန်က ရုတ်တရက် လှည့်လာပြီး သူ့လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ လက်ဝါးစည်းတံဆိပ်က ယွီကျန့်ဟိုင်၏ ကြယ်တာရာဒိုင်ခွက်ကို ထိမိသွား၏။
“မင်း ရူးနေပြီ” ယွီကျန့်ဟိုင်က ယွီရှန်းရုန်ကို စောင့်ကြပ်ကာကွယ်ရန် မတွေးထားပေ။ ထို့ကြောင့် သူသည် အလွယ်တကူတွန်းထုတ်ခံလိုက်ရ၏။
ယွီရှန်းရုန်၏မျက်လုံးထဲ ဆုံးဖြတ်ချက်ပြတ်သားမှုတို့ပေါ်လာပြီး သက်တော်ရှည်ဓားကို လွှဲယမ်းလိုက်သည်။ သူ၏ဓားကို လွှဲယမ်းမှုများထဲတွင် ယခုတစ်ခေါက်က အမြန်ဆုံးအရှိန် ဖြစ်လောက်သည်။
အဖြူရောင်ကြယ်တာရာဒိုင်ခွက်က လည်နေလေ၏။ အဖြူရောင်အလင်းတန်းများ ထုတ်လွှတ်မည့်အစား ယင်းသည် မရေမတွက်နိုင်သော စည်းတံဆိပ်များ ပစ်ခတ်နေတော့သည်။
ယွီရှန်းရုန်က သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ပျောက်ကွယ်သွားပြီး ထျန်းမင်နောက်၌ ပြန်ပေါ်လာတာကို မြင်သောအခါ ပွင့်ချပ်ဖြင့် ထိုးစိုက်ရန် ပြင်ဆင်လိုက်သည်။
မည်သို့ပင်ဆိုစေ ထျန်းမင်က သူ၏အမှားမှ သင်ခန်းစာယူပြီးဖြစ်သည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအင်တို့ကို ထုတ်လွင့်လိုက်သည်။
ဖုန်း
အသက်စွမ်းအင်က ယွီရှန်းရုန်ဆီ ကျရောက်သွားသောအခါ သူ့ကို နောက်သို့ လွင့်ထွက်သွားစေ၏။ သူ နောက်သို့လွင့်ထွက်သွားစဉ် သက်တော်ရှည်ဓားကို ဆွဲထုတ်လိုက်သည်။
အလင်းတန်းပမာ သက်တော်ရှည်ဓားသည် ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏လက်ထဲ ပျံသန်းသွားတော့၏။
ရွှေရောင်အလင်းက တောက်ပနေပြီး စိတ်ဝိညာဉ်သဏ္ဌာန်က သက်တော်ရှည်ဓားကို တတ်စွမ်းသမျှ လွှဲယမ်းလိုက်၏။
ဘန်း
ထိုအကွက်သည် အဖြူရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ လက်တစ်ဖက်ကို အောင်မြင်စွာ ဖြတ်တောက်နိုင်ခဲ့၏။
“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၆၀၀၀”
ထျန်းမင်သည် သူ၏အသက်ကို စွန့်ခွာရန် ဆုံးဖြတ်ထားသည့်ပမာ သူ၏အသက်စွမ်းအင်ကို ဆက်လက်ထုတ်လွင့်နေလျက် စိတ်လွတ်သွားပုံပေါ်သည်။
ဆိုရိုးစကားရှိသည့်အတိုင်း သန်မာသူများသည် သန်မာမှုကို မကြောက်ရွံ့။ သူတို့သည် အဆင်ခြင်မဲ့သူကိုသာ ကြောက်ရွံ့ကြ၏။
ယခုအချိန်တွင် ထျန်းမင်က သူ၏အသက်ကို ဂရုမစိုက်တော့တာ သိသာသည်။ ပေါက်ကွဲမှုစွမ်းအင်သည် ယွီရှန်းရုန်ကို နောက်ရောက်သွားအောင် တွန်းပို့ပြီးနောက် သူသည် ယွီရှန်းရုန်ရှေ့ လှစ်ကနဲပေါ်လာပြီး အနက်ရောင်အရာဝတ္ထုဖြင့် တိုက်ခိုက်တော့သည်။
ယွီရှန်းရုန်သည် ခွန်အားအကုန်ကို အသုံးပြုလိုက်ပြီး တွန်းကန်လိုက်ချိန်တွင် ထျန်းမင်က သူ့ကိုယ်သူ ဘေးကင်းအောင်လုပ်လိုက်၏။
ရွှေရောင်ပွင့်ချပ်ဆယ်ခုကို ပစ်ထုတ်လိုက်ရာ ထျန်းမင်၏နှလုံးကို ထိုးဖောက်သွားတော့သည်။
“မင်း သေပြီပဲ”
ဘန်း
အနက်ရောင်အရာဝတ္ထုကို ဆုပ်ကိုင်ထားသော ထျန်းမင်၏လက်ဝါးသည် ယွီရှန်းရုန်၏ ပခုံးပေါ် ကျရောက်သွား၏။ သူ ပြုတ်ကျသွားစဉ် လက်မောင်းက ချက်ချင်းထုံကျင်သွားတော့သည်။
ထိုစဉ် ယွီကျန့်ဟိုင်က ရှေ့သို့ လှစ်ကနဲတက်လာသည်။ သူသည် ကြယ်တာရာဒိုင်ခွက်ကို ကိုင်ထားလျက် သူ၏မွေးဖွားဇယားချပ်စွမ်းအားကို ထုတ်လွှင့်ကာ ရေနဂါးဟိန်းသံက ပေါ်လာ၏။
ဘန်း
ယွီကျန့်ဟိုင်၏ မွေးဖွားဇယားချပ်စွမ်းအားသည် ထျန်းမင်၏မွေးဖွားနန်းဆောင်ပေါ် တိတိကျကျ ကျရောက်သွားသည်။
နဂါးသွဲ့ကျောက်ဓားမော့နှင့်အတူ ရေနဂါးတေးသံသည် ထောပတ်ကို ဖြတ်သွားသည့် ဓားပူပူပမာ ထျန်းမင်၏မွေးဖွားနန်းဆောင်ကို ဖြတ်တောက်သွားလေ၏။
ယွီကျန့်ဟိုင်က ခေါင်းမော့လိုက်ချိန် ထျန်းမင်၏ မျက်နှာပေါ်၌ အေးစက်စက်အပြုံးနှင့် အမူအရာကို တွေ့လိုက်ရ၏။ ထျန်းမင်က သေမလား ရှင်မလား မခွဲခြားနိုင်တော့ပုံရသည်။
“နှုတ်ဆက်ပါတယ်”
ဖုန်း
အဖြူရောင်စိတ်ဝိညာဉ်သဏ္ဌာန် ပေါက်ကွဲသွားလေ၏။ ပေါက်ကွဲမှုမှ ရိုက်ခတ်မှုလှိုင်းသည် မီတာထောင်ချီပျံ့နှံ့သွားသည်။
ယွီကျန့်ဟိုင်က နောက်သို့ လွင့်သွားကာ ရေနဂါးတေးသံကလည်း တကွဲတပြားစီဖြစ်သွားလျက် နဂါးသွဲ့ကျောက်ဓားမော့က လေထဲ အကြိမ်အနည်းငယ် လှည့်ပတ်နေတော့သည်။
“တင်း ... ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၈၀၀၀။ နယ်မြေအပို ကုသိုလ်မှတ် ၂၀၀၀”
တောင်ပိုင်းတိုင်းပြည်၏ ပျက်ဆီးနေသော အပျက်အစီးပုံထဲတွင်ဖြစ်သည်။
ပေါက်ကွဲမှုမှ ရိုက်ခတ်မှုလှိုင်း ငြိမ်သွားချိန်တွင် တိတ်ဆိတ်မှုက ပြန်ရောက်ရှိလာသည်။
ယွီကျန့်ဟိုင်က အမောတကော အသက်ရှုနေလျက် ပက်လက်လန်နေကာ ကောင်းကင်ကို မော့ကြည့်လိုက်၏။ ခဏအကြာတွင် သူ မေးလိုက်သည်။ “မင်း အဆင်ပြေရဲ့လား”
အနားတွင် ထိုင်နေသော ယွီရှန်းရုန်က ပြန်ပြောလိုက်သည်။ “ကျွန်တော် မသေဘူး”
“အတူကြိုးစားပြီးတာတောင် ငါတို့ သူ့ကို သတ်နိုင်ဖို့ ခဲယဉ်းလိမ့်မယ်လို့ မထင်ထားဘူး” ယွီကျန့်ဟိုင်က ပြောပြီး ထထိုင်လိုက်သည်။ သူ၏လက်က ထုံကျဉ်နေပြီး တစ်ကိုယ်လုံးနာကျင်နေကာ သူ၏သွေးချီများ ဆန်တက်လာ၏။ သူသည် ယွီရှန်းရုန်ဖက် လှည့်ကြည့်လိုက်သည့်အခါတွင် ယွီရှန်းရုန်က ပုံမှန်မဟုတ်တာကို တွေ့လိုက်ရသည်။ သူ့ရင်ထဲ၌ မကောင်းသည့်ခံစားချက်ပေါ်လာပြီး ချက်ချင်းမေးလိုက်၏။ “အာ့ရှစ်တိ”
“ကျွန်တော် အဆင်ပြေတယ်” စကားသံက အားနည်းနေကာ အလျော့မပေးဟန်ပေါ်သည်။
ယွီရှန်းရုန်ကို သိထားပုံအရ သူတို့ရန်သူကို သတ်ဖြတ်ပြီးနောက် ယွီရှန်းရုန်သည် ထရပ်ပြီး သက်တော်ရှည်ဓားကို ဓားအိမ်ထဲထည့်လျက် ယွီကျန့်ဟိုင်ကို ကျောပေးကာ မေးလိမ့်မည်။ “တာ့ရှစ်ရှိုး ကျွန်တော်ရဲ့ဓားစွမ်းရည် ဘယ်လိုလဲ”
သို့သော် ယခုအခေါက်တွင် ထိုသို့ မဟုတ်ခဲ့ပေ။ သူ့စွမ်းအင်ဗဟိုချက်က ကသောင်းကန်းဖြစ်နေသော်ငြား ယွီကျန့်ဟိုင်က ထိန်းထားနိုင်၏။ ဆိုရလျှင် သူသည် မကြာသေးခင်က ဘုံတစ်ထောင်နယ်ပယ်သို့ ဝင်ရောက်ခဲ့တာဖြစ်ပြီး သူ့အုတ်မြစ်က အခြေမခိုင်သေးပေ။ သူ ယွီရှန်းရုန်ဘေးသို့ ရောက်လာရန် ရုန်းကန်နေရစဉ် ယွီရှန်းရုန်၏ မျက်နှာပေါ်၌ သဘာဝမကျသော အမူအရာကို တွေ့လိုက်ရ၏။ သူ ငုံ့ကြည့်လိုက်သောအခါ ယွီရှန်းရုန်၏ လက်ပေါ်၌ ဒဏ်ရာတစ်ခုကို တွေ့လိုက်ရသည်။ “မင်း ဒဏ်ရာရထားတာပဲ”
“ဒဏ်ရာအသေးအမွှားလေးပါပဲ” ယွီရှန်းရုန်က တင်ပလင်ခွေချိတ်ထိုင်ပြီးဖြစ်ကာ သူ၏အသက်ရှုနှုန်းကို ထိန်းချုပ်လျက် ဒဏ်ရာကို ကုသရန်ကြိုးစားနေသည်။
ထိုစဉ် ယွီရှန်းရုန်၏လက်မှ အနက်ရောင်အငွေ့ထွက်လာ၏။
“အဆိပ်စူးက အဲဒီကို ဖောက်သွားတာ။ ငါတို့ ဆွဲထုတ်ရမယ်” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
ယွီရှန်းရုန်က ပြောလိုက်၏။ “အဲ့ဒီအဖြူရောင်အစောင့် ဒီလို ယုတ်မာကောက်ကျစ်တဲ့နည်း သုံးလိမ့်မယ်လို့ မထင်ထားဘူး”
“မင်း ငါ့ကို တွန်းမထုတ်ခဲ့သင့်ဘူး” ယွီကျန့်ဟိုင်က အနည်းငယ်နောင်တရနေသော လေသံဖြင့် ပြောလိုက်၏။
“ပြီးတာက ပြီးသွားပြီ။ ထပ်ပြောနေလို့ အကျိုးမထူးဘူး။ အဆုံးကျ ကျွန်တော်တို့တွေ သူ့ကို သတ်နိုင်ခဲ့တာပဲ” ယွီရှန်းရုန်က ပြောလိုက်၏။ ”
"အမှန်ပဲ” ယွီကျန့်ဟိုင်က ခေါင်းအနည်းငယ်ညိတ်လိုက်သည်။ သူတို့သာ စောစောစီးစီးအနိုင်မရခဲ့လျှင် လွတ်မြောက်ရန် နည်းလမ်းတစ်ခု ရှာရမည်။ ခဏအကြာ၌ သူ၏ ပတ်ဝန်းကျင်ကို လေ့လာလိုက်၏။ အပျက်အစီးပုံထဲရှိ ဂယက်ရိုက်မှုက သူတို့တိုက်ပွဲမှ ဖုန်များကြောင့် လျော့ကျသွားပြီဖြစ်သည်။
ညအချိန်တွင် ဖြစ်၏။
တောင်ပိုင်းတိုင်းပြည်၏ ညကောင်းကင်ယံထဲတွင် လရောင်က ရှားရှားပါးပါးပေါ်လာပြီး ယနေ့ည မြေပြင်ပေါ် ပါးလျသော တိမ်တိုက်များကို ဖြတ်ကျော်ပြီး ထွန်းလင်းနေစေ၏။
“သွားကြမယ်”
နှစ်ယောက်သားသည် ညအမှောင်ယံတွင် ခြေသံပြင်းပြင်းများ ကြားလိုက်ရပြီး အနီရောင်မျက်ဝန်းအစုံများစွာ တွေ့သည့်အချိန်၌ ထွက်ခွာရန် ပြန်ဆင်လိုက်၏။
ယင်းကို မြင်သောအခါ ယွီကျန့်ဟိုင်က ခေါင်းခါလိုက်တော့သည်။ “အာ့ရှစ်တိ ငါတို့ကံက သိပ်မကောင်းတဲ့ပုံပဲ”
“သူတို့က သားရဲတွေပဲ။ ကျွန်တော်တို့ ပျံသွားနိုင်တာပဲကို”
“မင်း မှားသွားပြီ။ ပျံနိုင်တဲ့သားရဲတွေလည်းပါတယ်”
ဝေဟင်ထဲ၌ ထက်မြေ့သောလက်သည်းများဖြင့် အကောင်ကြီးသိမ်းငှက်များနှင့် ဆင်တူသည့် သားရဲပျံများရှိသည်။
ကြမ်းတမ်းခက်ထန်သားရဲလေးများသည် သူတို့အတွက် သိပ်ပြီး မခြိမ်းခြောက်နိုင်သော်ငြား ထိုသားရဲများထဲတွင် မွေးဖွားဇယားချပ် သားရဲဖြစ်လောက်သည့် အကောင်ပိုကြီးသော သားရဲများရှိ၏။
“တောင်ပိုင်းတိုင်းပြည်က အန္တရာယ်များပြီး အန္တရာယ်နဲ့ ဒွန်တွဲနေတာလို့ ပြောကြတယ်။ ဒီနေရာအထိ ရောက်လာတဲ့ ကျင့်ကြံသူတွေက သားရဲတွေ စားတာခံလိုက်ရတယ်။ ကောလဟလတွေက မှန်နေတဲ့ပုံပဲ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
ထောက် ထောက် ထောက်
ရေကျသံသည် လုကျိုးကို အသိစိတ်ပြန်ကပ်သွားစေ၏။ သူ၏အထွတ်အထိပ်ဆန်းကျယ်စွမ်းအား လျော့ကျသွားတာကို သတိပြုမိချိန်၌ မျက်မှောင်ကျုံ့မိသွားသည်။
သူတို့ရဲ့ကျင့်ကြံဆင့်နဲ့ မွေးဖွားဇယားချပ်သုံးခု ဘုံတစ်ထောင်လေပွေ သိုင်းပညာရှင်ကို သတ်နိုင်တာပဲ အံ့ဩစရာကောင်းနေပြီ။ သူတို့အခု ဒီသားရဲတွေကို ဘယ်လိုဖြေရှင်းမှာလဲ။ လုကျိုး မျက်မှောင်ကျုံ့လိုက်မိ၏။
အစောတုန်းက အဖြူရောင်အစောင့်များ၏ပြောဆိုပုံအရ သူတို့သည် တစ်လအတွင်းပေါ်လာမည့် အထူးမွေးဖွားဇယားချပ်သားရဲကို စောင့်နေတာ ဖြစ်သည်။ တစ်လမပြည့်သေးပေ။ သို့သော် စောစောရောက်လာမည်ဟု မည်သူမှ သေချာပေါက်မပြောနိုင်။
“တိကျန်းကို သုံးပြီး ပြန်သင့်လား” ပြန်ရန် ငါးရက် ခြောက်ရက်လောက် အချိန်ယူရလိမ့်မည်။ သူ အချိန်မှီပြန်ရောက်လောက်သော်ငြား ခရီးရှည်က ဒုက္ခများလွန်း၏။
သူ ဆက်ပြီးမစဉ်းစားရသေးခင် ရှန်ရှီကို ခေါ်ရန် တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်သည်။
ဆင့်ခေါ်မှုရရှိပြီးနောက် ရှန်ရှီက မနှောင့်နှေးရဲဘဲ ဖန်ကျုံးနှင့်အတူ အရှေ့ဖက်မျှော်နန်းဆီသို့ အလွန်လျင်မြန်စွာ ရောက်လာ၏။ နှစ်ယောက်သားက တလေးတစား အရိုအသေပေးလိုက်၏။
“နှုတ်ခွန်းဆက်ပါတယ် မျှော်နန်းသခင်”
လုကျိုးသည် ခန်းမထဲရှိ ခုံတစ်လုံးကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။ “ထိုင်”
ထိုင်ပြီးနောက် ရှန်ရှီက မေးလိုက်၏။
“မျှော်နန်းသခင် အမိန့်ပေးစရာများရှိလား”
“အနက်ရောင်မျှော်စင်အဖွဲ့အစည်းက မွေးဖွားဇယားချပ်သားရဲတွေကို ထိန်းချုပ်ဖို့အတွက် သင်္ကေတလမ်းကြောင်းကို သုံးပြီး ခရီးသွားတာ ဟုတ်တယ်မလား”
“ဟုတ်ပါတယ်” ရှန်ရှီက ပြန်ပြောလိုက်၏။
“သင်္ကေတလမ်းကြောင်း ထွင်းထုတာကို သင်္ကေတပညာရှင်က လုပ်တာပါ။ ကျင့်ကြံသူအားလုံးက သင်္ကေတလမ်းကြောင်း အသက်သွင်းပုံကို သိပြီး လုံလောက်တဲ့ကနဦးချီရှိရင် သွားလို့ရပါပြီ။ သင်္ကေတလမ်းကြောင်းက ဘယ်နေရာကို သွားမလဲဆိုတာကို မဖြတ်သွားခင် သိထားရပါမယ်။ သင်္ကေတလမ်းကြောင်းရဲ့ ဝင်ပေါက်နဲ့ထွက်ပေါက် ပဲ့တင်သံထွက်တဲ့အချိန် လမ်းကြောင်းက ပွင့်သွားမှာပါ”
“ငါ တောင်ပိုင်းတိုင်းပြည်ကို တတ်နိုင်သမျှ မြန်မြန်သွားချင်တယ်။ တစ်လအတွင်း အကြံရှိလား” လုကျိုးက မေးလိုက်၏။
ရှန်ရှီ၏ မျက်နှာပေါ်၌ အခက်တွေ့နေသည့်အမူအရာပေါ်လာပြီး အမှန်အတိုင်းဖြေလိုက်သည်။
“ကျွန်တော် အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ထွက်လာတဲ့အချိန် အဆောင်တွေအများကြီး သယ်လာတယ်။ ဒါပေမဲ့ သင်္ကေတလမ်းကြောင်းရဲ့ သင်္ကေတကို ဘယ်လိုထွင်းထုရမလဲ မသိပါဘူး”
လုကျိုးက မုတ်ဆိတ်သပ်ပြီးနောက် စဉ်းစားနေ၏။
ခဏအကြာတွင် ရှန်ရှီက ပြောလိုက်၏။ “ဒါပေမဲ့ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ရွှေကြာနယ်မြေနဲ့ အနီရောင်ကြာနယ်မြေအကြား သင်္ကေတလမ်းကြောင်းတစ်ခု ထားခဲ့တာ။ ဖြစ်နိုင်တာက ကျွန်တော်တို့တွေ အဲ့ဒါကို ငှား ... ငှား ... ငှားနိုင်”
“ဆက်ပြော”
“မျှော်နန်းသခင်က အံ့ဖွယ်မြို့တော်ရဲ့ မြောက်ပိုင်းမှာ အနက်ရောင်အစောင့်နဲ့ အဖြူရောင်အစောင့်ကို သတ်တဲ့အချိန် အဲ့ဒီသင်္ကေတလမ်းကြောင်းကို သုံးပြီး ရွှေကြာနယ်မြေဆီ ကျွန်တော်တို့ ရောက်လာတာ။ ကျွန်တော်တို့ မထွက်ပြေးခင် သင်္ကေတလမ်းကြောင်းတချို့အကြောင်း ကျွန်တော်တို့ လိုက်မေးခဲ့တယ်။ အံ့ဖွယ်မြို့တော်ရဲ့မြောက်ပိုင်း သင်္ကေတလမ်းကြောင်းက အနီရောင်ကြာနယ်မြေနဲ့ဆက်ထားတာ”
လုကျိုးက ခေါင်းညိတ်လိုက်၏။ “ဟုတ်ပြီ။ ဒါဆို ဆုံးဖြတ်ပြီးပြီ။ အဲ့ဒီသင်္ကေတလမ်းကြောင်းကို သုံးမယ်။ လိုအပ်တာတွေ ပြင်ဆင်ထားလိုက်။ ရက်အနည်းငယ်အတွင်း အနီရောင်ကြာနယ်မြေကို သွားမယ်”
ရှန်ရှီသည် လုကျိုး၏စကားကို ကြားသောအခါ စိတ်မသက်မသာဖြစ်သွားလေ၏။
“မျှော်နန်းသခင် ဒီကိစ္စက အနက်ရောင်မျှော်စင်အဖွဲ့အစည်းကို ဒေါသထွက်စေမှာ စိုးရိမ်မိလို့ပါ။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက သူတို့သင်္ကေတ လမ်းကြောင်းတွေကို အလေးထားပြီး တင်းတင်းကြပ်ကြပ် စောင့်ကြပ်ကာကွယ်ထားတာ။ အဲ့လိုလုပ်မယ်ဆိုရင် မိစ္ဆာဝေဟင်မျှော်နန်းဆီ အဖွဲ့အစည်းနှစ်ခုလုံးရဲ့ ဒေါသရောက်စေလိမ့်မယ်”
တကယ်တော့ မိမိဆီ အာရုံစိုက်အောင်လုပ်တာက ဉာဏ်ရှိသည့်လုပ်ရပ်မဟုတ်ပေ။ မည်သို့ပင်ဆိုစေ လုကျိုးသည် ပြောလိုက်၏။
“မင်းက အကြောင်းပြချက်မရှိ စိတ်ပူနေတာပဲ။ ဒါပေမဲ့ ငါ ဘာလုပ်နေလဲဆိုတာ သိတယ်။ အခုထွက်သွားလို့ရပြီ”
...
အခန်း (၉၇၈) အစောင့်အရှောက်
ရှန်ရှီက အရှေ့ဘက်မျှော်နန်းဆောင်မှ ထွက်လာပြီးသည့်နောက်တွင် လုကျိုးက ထိုကိစ္စကို ဆက်လက် မစဥ်းစားတော့ပေ။ သူက ခရမ်းရောင်တောက်ပ သံကျောက်ကို အသက်သွင်း၍ ကောင်းကင်ကျမ်းကို ဆင်ခြင်လိုက်၏။ သူက အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို အားဖြည့်ပြီး ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့၏ နှင့် ဒဏ်ရာကို အတည်ပြုဖို့ လိုနေသည်။
...
ထိုစဥ် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က သားရဲများစွာ ပေါ်ထွက်လာသည်ကို မြင်သောအခါ အံ့အားသင့်သွားကြ၏။ ကောင်းကင်တွင် သားရဲပျံများစွာ ရှိနေသည့်အတွက် လမင်းကိုပင် ပိတ်ဆို့လုနီးပါး ဖြစ်နေလေသည်။
နောက်ဆုံးတွင် ယွီကျန့်ဟိုင်က နဂါးသွဲ့ကျောက်ဓားကို ထုတ်ကာ ပြောလိုက်သည်။
“အကုန်သတ်ပြီး ဖောက်ထွက်လိုက်ကြရအောင်”
“ဖောက်ထွက်ဖို့က အန္တရာယ်များလွန်းတယ်။ မွေးဖွားဇယားချပ်သုံးခု လေးခု၊ သားရဲတွေလည်း ရှိနေတယ်”
ယွီရှန်းရုန်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်၏။
အကယ်၍ သူတို့ကသာ အထွတ်အထိပ်တွင် ရှိနေပါက စိုးရိမ်မည် မဟုတ်ပေ။ သူတို့က ခက်ထန်သားရဲများကို မသတ်နိုင်လျှင်ပင် သူတို့အနေဖြင့် လွတ်မြောက်ဖိုအတွက် ပြဿနာရှိမည် မဟုတ်ပေ။ သို့သော်လည်း သူတို့က ယခု ဒဏ်ရာရရှိနေသည့်အတွက် ထိုအဝိုင်းခံထားရမှုမှာ ထိုးဖောက်ထွက်ဖို့ ခက်ခဲလှသည်။
“ငါတို့တွေ ဒီလိုဆက်နေနေလို့ မဖြစ်ဘူး။ သူတို့တွေ ဆက်ပြီး ဝိုင်းလာနိုင်တယ်”
ယွီကျန့်ဟိုင်က ပြောလိုက်သည်။ ယွီရှန်းရုန်က မလှုပ်ရှားဘဲ ပတ်ဝန်းကျင်ကို လေ့လာ စောင့်ကြည့်နေသည်။
ခက်ထန်သားရဲများက တဖြည်းဖြည်း နီးကပ်လာလေ၏။
ထိုစဥ် ပြုတ်ကျနေသည့် အစီအရင်အလံက တစ်စုံတစ်ခုကို အာရုံခံမိသည့်အလား တြိဂံ အစီအရင်ဖြင့် ဆက်နွယ်သွားလေသည်။ တစ်ချိန်တည်းဆိုသလို မြေပြင်မှ ခပ်ဖျော့ဖျော့ တောက်ပလာလေ၏။ မမြင်နိုင်သည့် စွမ်းအားမှ အားဖြည့်ပေးထားသလိုမျိုး အစီအရင်အလံများသည် ရပ်တည်ရာနေရာသို့ ဆွဲယူခံလိုက်ရသည်။ ထိုတိုင်လုံးများတွင် ရေးထိုးထားသည့် သင်္ကေတများက တောက်ပလာကာ အဖြူရောင်အလံများက တွန့်လိမ်သွားလေ၏။
ဖောက်ထွင်းမြင်နေရသည့် အဖြူရောင် အကာအရံသုံးခုက သူတို့နှစ်ယောက်ဝန်းကျင်တွင် ပေါ်ထွက်လာပြီး သူတို့ကို အထဲတွင် ထည့်ထားသည်။ အပေါ်ပိုင်းကိုပင် စည်းပိတ်ထားလေ၏။ လရောင်ကသာ ထိုအကာအရံကို ထိုးဖောက်နိုင်သည်။
“ပြီးသွားပြီ။ အခုတော့ အဆိုးရွားဆုံးပဲ။ ဒီအစီအရင်အလံတွေက ထူးကဲတဲ့ မွေးဖွားဇယားချပ်သားရဲတွေကို ပိတ်ဆို့ဖို့အတွက် အသုံးပြုတာ။ အခု ငါတို့က ဒဏ်ရာရနေတာဆိုတော့ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး။
“ဒီမှာ အကောင်းနဲ့အဆိုးလည်း ရှိပါတယ်”
ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်၏။
“ကိစ္စကောင်းက ကျွန်တော်တို့တွေ အဲ့ဒီသားရဲတွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမလိုတော့ဘူး။ ကြည့်လိုက်ပါဦး”
ခက်ထန်သားရဲများက အစီအရင်ကို ကြောက်ရွံ့နေသည့်အလား အနီးသို့ မလာကြတော့ပေ။ တကယ်တော့ တချို့သားရဲများက နောက်ဆုတ်သွားကြ၏။
ထိုစဥ် လေထဲတွင် ဝံပုလွေတစ်ကောင်၏ အော်သံလိုမျိုး ထွက်ပေါ်လာကာ တစ်ခြားသားရဲများ၏ အော်သံများ အူသံများလည်း လိုက်ပါလာ၏။
မိုးမြေအတွင်း နားကျိန်းလုမတက် ဆူညံသံများ ထွက်ပေါ်လာသည်။
သားရဲများက ရူးသွပ်သွားသည့်အလား ထိုသူနှစ်ဦးဆီ တိုးဝင်ဖို့ နည်းလမ်းကို ဆက်တိုက် ရှာဖွေနေကြသည်။
တချို့သောသားရဲများက သူတို့၏ လက်သည်းများကို ဆန့်ထုတ်ကာ အစီအရင်အလံ၏ နယ်နိမိတ်ကို ရောက်ရှိရန် ကြိုးစားကြသော်လည်း ဓာတ်လိုက်သွားကာ နောက်ပြန်ဆုတ်လိုက်ရသည်။
“ဒီအစီအရင်အလံက မရိုးရှင်းဘူးပဲ”
ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“အဖြူရောင် အစောင့်အရှောက်ရဲ့ စကားနဲ့ဆိုရင် ဒါတွေက အကဲဖြတ်သူ နှိမ်နင်းဖို့ လိုတဲ့ ဥာဏ်ရှိ မွေးဖွားဇယားချပ်သားရဲတွေအတွက် အသုံးပြုတာတဲ့။ အဲ့ဒီ့မွေးဖွားဇယားချပ်သားရဲတွေက မွေးဖွားဇယားချပ် ၅ခု ပညာရှင်ထက်တော့ နိမ့်ကျမှာ မဟုတ်ဘူး။ ဒီအစီအရင်အလံတွေက ဘယ်လိုလုပ် ရိုးရှင်းပါ့မလဲ”
ယွီရှန်းရုန်က ပြောလိုက်သည်။
“အဲ့ဒီအဖြူရောင် အစောင့်အရှောက်က မသေခင် ငါတို့အဖို့ တွင်းတူးပေးခဲ့ဖို့ မမေ့ခဲ့ဘူးပဲ”
ယွီကျန့်ဟိုင်က ခေါင်းခါကာ ပြောလိုက်သည်။
ယွီရှန်းရုန်က ပြောလိုက်သည်။
“တကယ်လို့ ဘာမှ မမှားရင် အခြား အဖြူရောင်အစောင့်အရှောက်တွေက တစ်လကြာပြီးတဲ့နောက်မှာ ရောက်လာလိမ့်မယ်။ ကျွန်တော်တို့တွေ ဒဏ်ရာတွေကို ကုသပြီးတော့ ကျင့်ကြံဆင့် ပြန်ယူတာ ကောင်းလိမ့်မယ်”
“ကောင်းပြီ”
...
မိစ္ဆာဝေဟင်မျှော်နန်း၏ အရှေ့ဘက်မျှော်နန်းဆောင်
လုကျိုးက အထွတ်အထိပ်ဆန်းကြယ်စွမ်းအား တစ်ဝက်ခန့် ပြန်လည်ရရှိပြီးသည့်နောက်တွင် ကောင်းကင်ကျမ်း စွမ်းအားကို ထပ်မံ အသုံးပြုလိုက်သည်။ သူက သူ့တပည့်ကြီးနှစ်ယောက်သည် တြိဂံ အကာအရံအတွင်း ရောက်ရှိနေသည်ကို မြင်သည့်အခါ အံ့အားသင့်သွားမိ၏။ သူက ဘေးပတ်လည်တွင် ရှိနေသည့် ခက်ထန်သားရဲများကို ကြည့်လိုက်သည်။
“ကမ္ဘာကြီးက ပြောင်းလဲမြန်သားပဲ”
လုကျိူးက သက်ပြင်းချကာ မုတ်ဆိတ်ကို သပ်လိုက်သည်။ ခေတ္တမျှ လေ့လာကြည့်ပြီးသည့်နောက်တွင် သားရဲများက အကာအရံကို ချိုးဖောက်နိုင်စွမ်း မရှိကြောင်းကို သိရသည်တွင် ကောင်းကင်ကျမ်းစွမ်းအားကို ပြန်လည် ရုပ်သိမ်းလိုက်သည်။
ထိုတြိဂံအကာအရံက အဖြူရောင် အစောင့်အရှောက် မသေဆုံးခင် ထိုနှစ်ဦးကို ပိတ်လှောင်ဖို့ အသက်သွင်းခဲ့ခြင်း ဖြစ်လိမ့်မည်။ ထိုအစီအရင်အလံများက ကွဲပြားခြင်း၈ပါး၊ သဟဇာတဖြစ်ခြင်း ၆ပါးအစီအရင်အလံနှင့် မတူသော်လည်း သားရဲများကို ဖမ်းဆီးဖို့ အသုံးပြုလေသည်။ ထိုအရာကို အသက်သွင်းလိုက်သည်နှင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်း၏ လူများက အပြေးအလွှား ရောက်လာကြလိမ့်မည်။
“အဖြူရောင်မျှော်စင် အဖွဲ့အစည်းက ဒီလိုအားကောင်းတဲ့ အစီအရင်အလံမျိုးကို သုံးပြီးတော့ လူတွေအများကြီး စေလွှတ်တာ ဘယ်လို မွှေးဖွားဇယားချပ်သားရဲမျိုးမို့လို့လဲ”
လုကျိုးက စဥ်းစားလိုက်သည်။
အခု ငါက ရွှေကြာနယ်မြေရဲ့ ကိစ္စတွေကို ဖြေရှင်းပြီးသွားပြီးတော့ သင်္ကေတလမ်းကြောင်းလည်း ရှိနေပြီဆိုတော့ တောင်ပိုင်းတိုင်းပြည်ဆီ သွားသင့်ပြီ။ ငါ့ရဲ့ ငါးခုမြောက် အသက်ဓာတ်နှလုံးသားကို သွားရှာရမယ်”
နောက်နှစ်ရက်ကြာပြီးသည့်နောက်တွင် လုကျိုးက အထွတ်အထိပ်ဆန်းကြယ် စွမ်းအားကို ပြန်လည်ဖြည့်တင်းလိုက်ပြီး နောက်တစ်ရက်ကမူ လိပ်ပြာအချစ်ပန်းပွင့်နှင့် ထနောင်းကျင့်ကြံရေး နည်းစနစ်များကို ချရေးလိုက်၏။
ထို့နောက် သူက ကျောင်းယွဲ့နှင့် ယဲ့ထျန်းရှင်းတို့ကို အရှေ့ဘက်မျှော်နန်းဆောင်ဆီ ဆင့်ခေါ်ခဲ့သည်။ သူ ပြန်ရောက်လာကတည်းက ထိုတပည့်နှစ်ဦးနှင့် သီးခြား မပြောဆိုရသေးပေ။ အရိုးသားဆုံးပြောရလျှင် သူ ကူးပြောင်းလာစဥ်ကတည်းက ထိုနှစ်ဦးနှင့် စကားကောင်းကောင်း မပြောခဲ့ရပေ။ သူတို့၏ ဆရာတစ်ယောက်အနေဖြင့် မသင့်တော်သလို ခံစားနေရသည်။
ထိုစဥ် ကျောင်းယွဲ့နှင့် ယဲ့ထျန်းရှင်းတို့က အရှေ့ဘက်မျှော်နန်းဆောင်တွင်း ရောက်ရှိလာသည့်အခါ အနည်းငယ် စိတ်လှုပ်ရှားနေကြ၏။ သူတို့နှစ်ဦးက ချက်ခြင်းဆိုသလို ဒူးထောက်ကာ တစ်ပြိုင်နက် နှုတ်ဆက်လိုက်ကြသည်။
“ရှစ်စွင်းကို ဂါရဝပြုပါတယ်”
“ထပြီးပြောကြ”
လုကျိုးက ကျောင်းယွဲ့နှင့် ယဲ့ထျန်းရှင်းတို့ကို ကြည့်လိုက်သည်။ ယဲ့ထျန်းရှင်းက ပုံမှန်အတိုင်း အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူမ၏ အဖြူရောင် ဆံပင်များကိုပါ ထည့်တွက်လိုက်သည့်အခါ အထက်တန်းစားမျိုးနွယ်မှ မိန်းကလေးတစ်ဦး၏ အရည်အသွေးများနှင့် ပြည့်မှီနေလေ၏။ တစ်ခြားတစ်ဖက်တွင် ကျောင်းယွဲ့က အဆင့်မြင့် အရာရှိများပိုင်ဆိုင်ထားသည့် သဘောထားမျိုးနှင့် လွှမ်းမိုးမျိုးကို ပိုင်ဆိုင်ထားသည်။ ကြည့်ရသည်မှာ နန်းတော်အတွင်း နေထိုင်ခဲ့သည့် အချိန်ကြောင့် ဖြစ်လိမ့်မည်။
လုကျိုးက ကွေ့ပတ်ပြောမနေဘဲ ယဲ့ထျန်းရှင်းဆီ စာလိပ်တစ်လိပ် ပစ်ပေးကာ ပြောလိုက်သည်။
“ဒါက လိပ်ပြာအချစ်ပန်းပွင့်ပဲ။ ဒါကို ကောင်းကောင်းကျင့်ကြံ”
ယဲ့ထျန်ရှင်းက စာလိပ်ကို ဖမ်းကာ ပြောလိုက်၏။
“ရှစ်စွင်းကို ကျေးဇူးတင်ပါတယ်”
ထို့နောက် လုကျိုးက ကျောင်းယွဲ့ကို ကြည့်ကာပြောလိုက်သည်။
“ဒါက ဓားမော့ကျင့်စဥ်တစ်ခုပဲ။ ထနောင်းကျင့်စဥ်လို့ ခေါ်တယ်။ မင်းရဲ့ မဟာလေဟာနယ်စွမ်းအားကို ပြန်ရထားပြီးဆိုတော့ မင်းရဲ့ ကျင့်စဥ်က မြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မယ်”
“ရှစ်စွင်းကို ကျေးဇူးတင်ပါတယ်”
“တင် ယဲ့ထျန်းရှင်းကို သင်ကြားပေးခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၂၀၀ ရရှိပါတယ်”
“တင် ကျောင်းယွဲ့ကို သင်ကြားပေးခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၂၀၀ ရရှိပါတယ်”
ထို့နောက် လုကျိုးက ပြောလိုက်၏။
“ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းဖို့ နည်းလမ်းနဲ့ ပတ်သက်ပြီး လောင်ချီနဲ့ စကားပြောလို့ရတယ်။ သူ့ဆီမှာ လိုအပ်တဲ့ သတင်းအချက်အလက်တွေ ရှိထားတယ်။ ပြီးတော့ ဒီရက်အတွင်းမှာ အစောင့်အရှောက်ရှန်ရဲ့ စကားကိုလည်း ကောင်းကောင်းနားထောင်ထားကြ”
“အစောင့်အရှောက်ရှန်ဆီက စကားကို နားထောင်ပြီးတော့ တပည့်တို့ အကျိုးကျေးဇူး အများကြီးရခဲ့ပါတယ်”
ယဲ့ထျန်းရှင်းက ပြောလိုက်၏။
လုကျိုးက မုတ်ဆိတ်သပ်ကာ ကျေကျေနပ်နပ် ခေါင်းငြိမ့်လိုက်၏။
“ရွှေကြာနယ်မြေရဲ့ ပြဿနာက ယာယီ ဖြေရှင်းပြီးသွားပြီဆိုပေမဲ့ ငါတို့တွေ သတိလက်လွတ်ဖြစ်လို့ မရဘူး။ အဖြူရောင် မျှော်စင် အဖွဲ့အစည်းက လူတွေက လက်စားချေဖို့ သေချာပေါက် ရောက်လာလိမ့်မယ်။ ငါက ရက်ပိုင်းအတွင်း ထွက်သွားမှာ။ တကယ်လို့ ပြဿနာရှိရင် လောင်ချီကို ချက်ချင်း ဆက်သွယ်လိုက်”
ကျောင်းယွဲ့က ပြောလိုက်၏။
“ရှစ်စွင်း အုပ်ချုပ်သူ မရှိဘဲ တိုင်းပြည်က တစ်ရက်တောင် ကောင်းကောင်း အလုပ်လုပ်နိုင်မှာ မဟုတ်ဘူး”
လုကျိုးက ပြန်ဖြေလိုက်သည်။
“မင်းရဲ့ တာ့ရှစ်ရှိုးက အနီရောင်ကြာ နယ်မြေမှာ ရောက်နေပြီးတော့ ဘုံတစ်ထောင်လေပွေစိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းထားခါစပဲ ရှိသေးတယ်။ သူက နန်းပလ္လင်ကို လိုချင်မယ် မထင်ဘူး။ အခုကစပြီး မင်းက တိုင်းပြည်ကို ဆက်ပြီး အုပ်ချုပ်လိုက်။ တကယ်လို့ ငါတို့တွေ တစ်ယောက်ယောက် ရှာမတွေ့ရင် မင်းက နန်းတက်လိုက်ပေါ့”
“...”
“မိစ္ဆာဝေဟင်မျှော်နန်းက မင်းကို ထောက်ပံ့ပေးလိမ့်မယ်”
လုကျိုးက ပြောလိုက်၏။
ထိုစကားများဖြင့် ကျောင်းယွဲ့က ဦးညွတ်ကာ ပြောလိုက်သည်။
“ဒီတပည့်က ရှစ်စွင်းရဲ့အမိန့်ကို နာခံပါ့မယ်”
“နောက်ထပ် တစ်ခု ရှိသေးတယ်။ မင်းတို့နှစ်ယောက်လုံးက မဟာလေဟာနယ်စွမ်းအား ရှိထားတယ်ဆိုတော့ အစောင့်အရှောက်ရှန်ကို မင်းတို့နှစ်ယောက်ရဲ့ အငွေ့အသက်ကို ဖုံးခိုင်းဖို့ နည်းလမ်းကို စဥ်းစားခိုင်းလိုက်ကြအုံး”
“ဟုတ်ကဲ့”
...
လုကျိုးက နောက်ထပ် နှစ်ရက်တာ ဆက်နေပြီး မိစ္ဆာဝေဟင်မျှော်နန်းနှင့် ရွှေကြာနယ်မြေ၏ ကိစ္စများကို စီမံပေးနေစဥ် ရှန်ရှီနှင့် အခြားလူများက တောင်ပိုင်းတိုင်းပြည်ဆီ သွားဖို့ရန် ပြင်ဆင်နေကြသည်။
ထိုစဥ် သူက ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့ကို အရာအားလုံး အဆင်ပြေရဲ့လားဟု စစ်ဆေးကြည့်လိုက်၏
...
တတိယမြောက်မနက်ခင်း
ရှန်ရှီက အရှေ့ဘက် မျှော်နန်းဆောင်ဆီ ရောက်ရှိလာကာ ရိုရိုကျိုးကျိုး ပြောလိုက်သည်။
“မျှော်နန်းသခင် အရာအားလုံး အဆင်သင့်ဖြစ်ပါပြီ။ ကျုပ်တို့တွေ အခုထွက်သွားလို့ရပြီ။
လီရှောင်မော့က ရှေ့ကနေ ဦးဆောင်လမ်းပြပါလိမ့်မယ်”
လုကျိုးက ခေါင်းအသာယမ်းကာ ပြောလိုက်၏။
“မလိုဘူး။ လီရှောင်မော့က ဒီမှာနေခဲ့။ မင်း အဖော်လုပ်ပေးရင် လုံလောက်ပြီ”
“ကျုပ်တစ်ယောက်တည်းလား” ရှန်ရှီက အနည်းငယ် အံ့အားသင့်သွားသည်။
လုကျိုးက ခေါင်းငြိမ့်လိုက်ကာ ပြောလိုက်သည်။
“ပြဿနာရှိလို့လား”
“မရှိပါဘူး။ ရှောင်မော့ကို ဒီမှာထားခဲ့တာလည်း ကောင်းပါတယ်”
ရှန်ရှီကပြောလိုက်သည်။
“အဲဒါဆို သွားကြစို့”
လုကျိုးက လက်နောက်ပစ်လျက် အရှေ့ဘက်မျှော်နန်းဆောင်မှ ထွက်ခွာလာသည်။ သူက မိစ္ဆာဝေဟင်မျှော်နန်း၏ ရင်ပြင်ဆီ ရောက်ရှိလာသည့်အခါ တိကျန်းက စောင့်ဆိုင်းနေလေပြီ ဖြစ်၏။
မိစ္ဆာဝေဟင်မျှော်နန်း၏ လူအားလုံးကလည်း ရောက်ရှိနေကာ ရိုရိုကျိုးကျိုးဖြင့် ရပ်နေကြသည်။
လုကျိုးက တိကျန်း၏ ကျောပေါ်တက်ကာ အားလုံးကို ပြောလိုက်သည်။
“ငါ မကြာခင် ပြန်လာခဲ့မယ်”
“မျှော်နန်းသခင် ကောင်းကောင်းသွားပါ”
ထို့နောက် လုကျိုးက တိကျန်းကို စီးနင်းကာ အကာအရံမှ ထွက်ခွာလာလိုက်သည်။
ရှန်ရှီကလည်း ကောင်းကင်အထက် ပျံသန်းကာ နောက်မှ လိုက်ပါလာသည်။ လုကျိုးက အမြန်နှုန်းကို ထိန်းထားသည်။ တိကျန်းကို ဖြည်းဖြည်းလေး ပျံသန်းခိုင်းခဲ့သည်။ တိကျန်းက လူတစ်ယောက်ကိုသာ သယ်ဆောင်နိုင်သည်မှာ နှမျောစရာ ကောင်းလှသည်။
သို့သော်လည်း ရထားလုံးပျံနှင့် ယှဥ်လိုက်လျှင် လုကျိုး၊ တိကျန်းနှင့် ရှန်ရှီတို့၏ အမြန်နှုန်းက အတော်လေး မြန်ဆန်နေဆဲ ဖြစ်၏။ ရှန်ရှီက စီးတော်သားရဲ မရှိသော်လည်း သူ့အမြန်နှုန်းက မွေးဖွားဇယားချပ်လေးခု ပညာရှင်အနေဖြင့် ရထားလုံးပျံများနှင့် သာမန်ကျင့်ကြံသူများ ယှဥ်နိုင်သည့်အရာတော့ မဟုတ်ပေ။
နှစ်ဦးသားက အကာအရံမှ ထွက်ခွာလာပြီးသည့်နောက်တွင် မြောက်ပိုင်းမှ အလင်းတိမ်တိုက်တောအုပ်ဆီ ဦးတည်ထွက်လာခဲ့သည်။
...
အလင်းတိမ်တိုက်တောအုပ်တွင် ခရမ်းဖျော့တောင်အနီးတွင် အရွက်တစ်ရာရေကန်၏ မြောက်ဘက်အပိုင်း
လုကျိုးက ထိုရေကန်ကို ဖြည်းဖြည်းချင်း လှမ်းကြည့်လိုက်၏။ နေရောင်က ကောင်းကင်မှဖြာကျကာ ရေကန်က ကြေးမုံအလား ဖြစ်နေပေသည်။
“မျှော်နန်းသခင် ဘာဖြစ်လို့လဲ”
ရှန်ရှီက နောက်ဆုံးတွင် မေးလိုက်သည်။
“ငါ ပြန်ပြီးတော့ စဥ်းစားနေတာပါ။ လာ ဆက်သွားကြစို့” လုကျိုးက ပြောလိုက်သည်။
ကျိထျန်းတောက်က ထိုရေကန်အနီးအနားတွင် နေခဲ့ဖူးလေသည်။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကလည်း ပွင့်ချပ်ရှစ်လွှာအဆင့်တုန်းက တိုက်ခိုက်ခဲ့ဖူးကြ၏။
အရွက်တစ်ရာရေကန်က ကျိထျန်းတောက် နေခဲ့ဖူးသည့် နေရာတစ်ခု ဖြစ်လေသည်။
အချိန်က အလျင်အမြန် ကုန်ဆုံးသွားခဲ့၏။
နှစ်ဦးသားက မြောက်ဘက်ပိုင်းဆီ ခရီးဆက်လာကြသည်။
တစ်နာရီ ကြာမြင့်ပြီးသည့်နောက်တွင် ရှန်ရှီက အဝေးတစ်နေရာကို လှမ်းကြည့်ကာ ပြောလိုက်တော့သည်။
“မျှော်နန်းသခင် အရှေ့ဘက်မှာပါ”
“ကောင်းပြီ”
“ပုံမှန်ဆိုရင် သင်္ကေတ လမ်းကြောင်းမှာ ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူတစ်ယောက်က စောင့်ရှောက်နေကျ။ ကျုပ်တို့တွေ အဲ့ဒီအစောင့်အရှောက်ကို သတ်လိုက်ရုံပဲ။ မျှော်နန်းသခင်ကိုယ်တိုင် လှုပ်ရှားဖို့ မလိုပါဘူး။ ကျုပ် ကိုင်တွယ်လိုက်မယ်”
ရှန်ရှီက ပြောလိုက်၏။
ထို့နောက် နှစ်ဦးသားက ဆင်းသက်လာကာ တောအုပ်အနီးသို့ ပျံသန်းလာလိုက်သည်။
ရှန်ရှီက ပြောလိုက်သည်။
“သင်္ကေတ လမ်းကြောင်းက တောအုပ်ထဲမှာပဲ။ အစောင့်အရှောက်ကို အာရုံခံဖို့တော့ နည်းနည်းလေး ခက်တယ်”