အခန်း (၉၈၅-၉၈၇)
Vol. 66 Ch. 985-987
အခန်း (၉၈၅) အမှန်ပဲလေ ငါက ပြိုင်ဘက်ကင်းတယ်
တလက်လက်တောက်ပနေသော ရွှေရောင်မီးရှူးမီးပန်းများ ပေါ်လာပြီးနောက် လေထဲတွင် ပေါက်ကွဲသံ ငါးသံပေါ်လာသည်။
ရှောင်ယွင်ဟယ်သည် လုကျိုး အလွန်သန်မာမှန်း သိထားသော်ငြား ယင်းက သူ၏မှန်းဆချက်ထက် ကျော်လွန်နေပေ၏။ လုကျိုးသည် လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်း၏ စီရင်သူကို ထိုမျှ သနားစဖွယ်အခြေအနေ ရောက်အောင် ရိုက်နှက်နိုင်သည်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ မျှော်စင်သခင်များ၏ ခွန်အားများတောင် ထိုမျှ မကောင်းပေ။
ကျင့်ကြံခြင်းလောကသည် သန်မာသူကို အမြဲတစေလေးစားသည်။
ရှောင်ယွင်ဟယ်သည် ယင်းကို အလွန်ကောင်းကောင်းသိ၏။ သူသည် လောကကြီး၌ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့စဉ်က သူ့ကို လူများစွာ လေးစားကြသည်။ သူ၏မွေးဖွားဇယားချပ် ဖျက်ဆီးခံရပြီးနောက် နန်ကုန်းယွီထျန်းကဲ့သို့ လူတစ်ယောက်တောင် မောက်မာထောင်လွှားစွာ ပြုမူရဲသည်။ ဆိုရိုးစကားရှိသည့်အတိုင်း ဒဏ်ရာရထားသော ကျားတစ်ကောင်ကို ခွေးတစ်ကောင်တောင် အနိုင်ကျင့်ရဲ၏။ နန်ကုန်းယွီထျန်း ထိုမှ ဆိုးဆိုးရွားရွားအရိုက်ခံရတာကို မြင်ပြီး သူ့စိတ်နှလုံးလှုပ်ရှားသွားတော့သည်။ သူ့ရှေ့ရှိ အဖိုးအိုနှင့်ပတ်သက်ပြီး သူ၏ အကဲဖြတ်မှုက မှန်ကန်မှန်း သူသိသည်။
တစ်ဖက်တွင်မူ ကျန်းကျို့လီက ထိတ်လန့်သွားလေ၏။ သူ အစောတုန်းက အဆင်အခြင်မဲ့ မလှုပ်ရှားမိတာ တော်သေးသည်။
ထိုစဉ် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့သည် အခြားသူနှင့် ယှဉ်လျှင် အတော်လေးထိတ်လန့်နေသေးသည်။ ဆိုရလျှင် ယခုကဲ့သို့ မြင်ကွင်းကို မရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ပြီးဖြစ်သည်။
ယခုအချိန်တွင် မီးခိုးရောင်ကောင်းကင်က တိတ်ဆိတ်နေပြီး ဘာကိုမှ မမြင်ရတော့ပေ။ နန်ကုန်းယွီထျန်း၏ အရိပ်ကိုတောင် မမြင်နိုင်။ သူ မည်သည့်နေရာသို့ ရောက်သွားသနည်း။ သူ၏ မွေးဖွားဇယားချပ်ငါးခု ဖျက်ဆီးခံလိုက်ရသော်ငြား သူ့တွင် နောက်ထပ် မွေးဖွားဇယားချပ် လေးခု ရှိနေသေး၏။ ယခုလုကျိုးနှင့် ဆင်တူသွားပြီဖြစ်သည်။
လုကျိုး၌ အထွတ်အထိပ် ဆန်းကြယ်စွမ်းအား ရှိနေသေးသည်။ ထို့ကြောင့် နန်ကုန်းယွီထျန်းကို မသတ်နိုင်မှာ စိတ်မပူပေ။ သို့သော် သူသည် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်နှင့် တိုက်ပွဲအတွေ့အကြုံယှဉ်လျှင် အရေးနိမ့်နေသေးသည်။ ထို့ကြောင့် လုကျိုးသည် အကြားစွမ်းအားကို အသက်သွင်းပြီး လှည့်ပတ်ကြည့်လိုက်၏။ သူသည် မီတာတစ်ရာပတ်လည်အတွင်း မြက်များယိမ်းသံနှင့် လေတိုက်သံကို ကြားရသည်။
ဒုတ် ဒုတ် ဒုတ် ဒုတ်
ဤနေရာရှိ လူတိုင်း၏နှလုံးခုန်သံက လုကျိုး၏နားထဲ မြည်ဟည်းနေတော့သည်။
ကျန်းကျို့လီနှင့် သူ့လူများ၏ နှလုံးခုန်သံက ပုံမှန်မဟုတ် မြန်ဆန်နေ၏။ ထိုနည်းတူ ဝူချောင်၏ နှလုံးခုန်သံကလည်း မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်နေ၏။ သူသည် လုကျိုးလိုက်ဖမ်းတာ ခံရသည့်အချိန်ကို မှတ်မိသွားပြီး သူ၏နှလုံးခုန်နှုန်းက မြန်လာပြီး ချွေးစေးများ ပြန်လာတော့သည်။
ယှဉ်ကြည့်လျှင် ရှောင်ယွင်ဟယ်က အတော်လေး တည်ငြိမ်နေ၏။
အပျက်အစီးပုံထဲရှိ တိတ်ဆိတ်မှုက နားစည်ထိခိုက်လောက်ပေ၏။
ယခုအချိန်တွင် အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ မွေးဖွားဇယားချပ်ကိုးခု နန်ကုန်းယွီထျန်း အပါအဝင် လူတိုင်းသည် ရှောင်ယွင်ဟယ်က ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်ကို ကာကွယ်ပေးရန် တစ်ပြားသားမှ မလျော့သည့်အကြောင်းရင်းကို နားလည်သွားကြပြီဖြစ်သည်။
လုကျိုးသည် အခြားသူများကို လျစ်လျူရှုထားလျက် နန်ကုန်းယွီထျန်း ပုန်းနေသည့် နေရာနား ပျံသန်းလျက် သူ့နားရှိ ဆူညံသံများကို နားထောင်နေသည်။
ဒုတ်
အမြင့်ဆုံးထိရောက်ထားသောကြောင့် ဖြစ်နိုင်သည်။ လုကျိုးက နန်ကုန်းယွီထျန်း၏ အနားကပ်သွားသောကြောင့် ဖြစ်လောက်သည်။ လုကျိုးသည် နန်ကုန်းယွီထျန်း၏ နှလုံးခုန်သံကို ကြားရ၏။ ခဏတာတွင် ဆိုသော်ငြား လုံလောက်နေပြီဖြစ်သည်။ သူသည် သူ့ရှေ့ရှိ ကျောက်တောင်ကို ကြည့်ပြီး ပြောလိုက်၏။ “မင်း ငါ့ဆီက လွတ်မြောက်နိုင်မယ် ထင်နေလား”
လုကျိုးသည် သူ့လက်ကို ထပ်မြှောက်ပြီးနောက် အပြာရောင်လက်ဝါးစည်းတံဆိပ်ကို ထုတ်သုံးလိုက်သည်။ အပြာရောင်လက်ဝါးစည်းတံဆိပ်သည် ကျောက်ဆောင်ဆီသို့ ဥက္ကာခဲတစ်စင်းပမာ ကျသွားတော့၏။
ဖုန်း
လေထဲ ကျောက်စကျောက်နများ ချက်ချင်းလွင့်ထွက်သွားသည်။
နန်ကုန်းယွီထျန်းက ဝေဟင်ထဲထွက်သွားပြီး ညီးတွားလိုက်၏။ တစ်ချိန်တည်းတွင် သူ့ရှေ့ရှိ အဖြူရောင်ကြယ်တာရာဒိုင်ခွက်ကို လက်နှစ်ဖက်ဖြင့် ကိုင်ထားသည်။ မွေးဖွားဇယားချပ်ငါးခု ဖျက်ဆီးခံလိုက်ရပြီးနောက် ၎င်းသည် သိသိသာသာမှိန်သွားပြီးနောက် အက်ကွဲကြောင်းများကိုလည်း မြင်လိုက်ရသည်။
လူတိုင်းသည် နန်ကုန်းယွီထျန်း၏ ကြယ်တာရာဒိုင်ခွက်ကို မြင်သောအခါ ထိတ်လန့်သွားကြသည်။
ဖုန်း
အပြာရောင်လက်ဝါးစည်းတံဆိပ်က ကြယ်တာရာဒိုင်ခွက်ကို ဖိကပ်ထားလျက် ပိုချိုင့်ဝင်သွားစေသည်။
နဉ်ဝမ်ချင်းကို ရင်ဆိုင်ပြီးနောက် လုကျိုး၏ အထွတ်အထိပ်စွမ်းအားပေါ် ထိန်းချုပ်မှုက ပိုတောင် တိကျလာသည်။ အပြာရောင်လက်ဝါးစည်းတံဆိပ်က နန်ကုန်းယွီထျန်းကို ရိုက်နေစဉ် သူသည် အခွင့်အရေးသုံးလျက် နောက်ထပ်လက်ဝါးစည်းတံဆိပ်ကို သုံးလိုက်သည်။
ဘန်း
နန်ကုန်းယွီထျန်းက သွေးတစ်ပွက်အန်ပြီးနောက် ရုတ်တရက်လှစ်ကနဲ ပျောက်သွားလေ၏။ သူသည် အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ စီရင်သူဖြစ်နေတာ အကြောင်းအရင်းမရှိတာ မဟုတ်ဟု ဆိုရပေမည်။ သူသည် အင်မတန်ပြင်းထန်သော အခြေအနေ၌ လက်ဝါးစည်းတံဆိပ်အောက်မှ ရှင်သန်နိုင်ခဲ့ပြီး သူ၏ ကျန်ရှိသောမွေးဖွားဇယားချပ်များကို ကာကွယ်ကာ ချက်ချင်းထွက်ပြေးသွား၏။ ယင်းက ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူများအတွက် တိုက်ခိုက်ရေးကျင့်စဉ် တစ်စိတ်တစ်ပိုင်းပဲ ဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းက မိမိ၏ မွေးဖွားဇယားချပ်ကို ကာကွယ်ရန် ဒဏ်ရာရသွားတာက ပိုကောင်းသည်။
လုကျိုးထံမှ ဆက်တိုက် တိုက်ခိုက်မှုများကို ခံရပြီးနောက် နန်ကုန်းယွီထျန်းသည် ထွက်ပြေးရုံမှအပ တခြားရွေးချယ်စရာ မရှိတော့ပေ။ လုကျိုးက သန်မာလှပေ၏။
လုကျိုးသည် ခပ်နိမ့်နိမ့်အနေအထားဖြင့် နန်ကုန်းယွီထျန်းနောက် လိုက်သွားပြီး သူ၏ အကြားစွမ်းအားကို ထပ်မံအသက်သွင်းလိုက်သည်။
နန်ကုန်းယွီထျန်းသည် သူ၏အမှားမှ သင်ယူပြီးဖြစ်သည်။ ယခုအခါ နှလုံးခုန်သံမကြားရပေ။
လုကျိုးက နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။ “မင်း ခဏတဖြုတ်တော့ ပုန်းနိုင်မယ်။ ဒါပေမဲ့ တစ်သက်လုံးပုန်းနိုင်မယ်ထင်နိုင်လား”
မွေးဖွားဇယားချပ်ငါးခု ဆုံးရှုံးသွားပြီးနောက် နန်ကုန်းယွီထျန်းသည် ပါရမီအလွန်မြင့်သည့်တိုင် သူ့အဖို့ အချိန်အတော်ကြာ ပုန်းခိုရန် မဖြစ်နိုင်တော့ပေ။
ဝှစ်
ထိုစဉ် ဝေဟင်ထဲ အဖြူရောင်ဆန်းကြယ်ငှက်က ပျံသန်းသွားပြီး စူးရှစွာအော်လိုက်သည်။ ၎င်းအော်သံက အသံနည်းစနစ်ကဲ့သို့ဖြစ်နေသည်။
အဖြူရောင်ဆန်းကြယ်ငှက် အော်လိုက်ပြီး မကြာမီ၌ နန်ကုန်းယွီထျန်း ဝေဟင်ထဲ ရုတ်တရက် ပေါ်လာကာ လှစ်ခနဲ အဝေးသို့ရောက်သွားသည်။
လုကျိုးသည် သူ၏ စတုတ္ထမြောက်မွေးဖွားဇယားချပ်မှ စွမ်းအားကို အသက်သွင်းပြီး နန်ကုန်းယွီထျန်းနောက် လိုက်လေ၏။ နန်ကုန်းယွီထျန်းထက် မလျော့သော အရှိန်ဖြင့် သူသည် နန်ကုန်းယွီထျန်းကို လိုက်မှီသွားပြီး နန်ကုန်းယွီထျန်းကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
နန်ကုန်းယွီထျန်းက လှည့်လာပြီး တိုက်ခိုက်မှုကို ပိတ်ဆို့ရန် လက်နှစ်ဖက်သုံးလိုက်သည်။
ဘန်း
မီတာထောင်ချီရှည်သည့် ပွတ်တိုက်မှုက စွမ်းအင်စည်းတံဆိပ်ပေါ်ထွက်လာပြီး အပျက်အစီးနှင့် မြေထဲရှိ ကျောက်စကျောက်နများကို ဖျက်ဆီးလိုက်သည်။
“မင်းကိုယ်မင်း ပြိုင်ဘက်ကင်းနေတယ် ထင်နေလား” နန်ကုန်းယွီထျန်းသည် သွေးနီရောင်လွှမ်းသော မျက်လုံးများဖြင့် မေးလိုက်သည်။ တစ်ချိန်တည်းတွင် သူ၏လက်ထဲ၌ ထူးဆန်းသော အလင်းက ပေါ်လာ၏။ ယင်းက အဆိပ်ဖြစ်နေပြီး ခရမ်းဖြစ်နေ၏။
တစ်ချိန်တည်းတွင် ထူးဆန်းသော အရောင်သည် သူ၏လက်ဝါးနှစ်ဖက်ကြား ပေါ်လာသည်။
လုကျိုးက နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။
“ငါက ပြိုင်ဘက်ကင်းတယ်”
ထိုစဉ် နန်ကုန်းယွီထျန်းကို ဖိနှိပ်ထားသော ရွှေရောင်လက်ဝါးစည်းတံဆိပ်သည် အပြာရောင် ဖြစ်သွား၏။ ၎င်း၏ခွန်အား လျင်မြန်စွာ တိုးလာပြီးနောက် နန်ကုန်းယွီထျန်း၏ ကာကွယ်ရေး စွမ်းအင်ကို အလွယ်တကူထိုးဖောက်ကာ သူ့ပေါ်ကျရောက်သွားစေ၏။
ဤနည်းဖြင့် နန်ကုန်းယွီထျန်းက သွေးတစ်ပွက်အန်ပြီးနောက် ဝေဟင်ပေါ်မှ ပြုတ်ကျလာကာ မြေပြင်ပေါ် ပြုတ်ကျချိန်တွင် ဖုန်တထောင်းထောင်းကျသွားတော့သည်။
“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၆၀၀၀”
တကယ်တော့ လုကျိုးသည် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို အသုံးမပြုခဲ့လျှင်တောင် နန်ကုန်းယွီထျန်းကို ထိန်းထားနိုင်၏။ သူတို့နှစ်ယောက်လုံး၌ မွေးဖွားဇယားချပ်လေးခုစီ ရှိတာဖြစ်သည်။ အရေးအကြီးဆုံးက လုကျိုးက အထွတ်အထိပ်အခြေအနေတွင် ရှိနေတာဖြစ်နေပြီး နန်ကုန်းယွီထျန်းက ဒဏ်ရာပြင်းပြင်းထန်ထန်ရထား၏။
လက်ရှိတွင် နန်ကုန်းယွီထျန်း၌ မွေးဖွားဇယားချပ် သုံးခုကျန်သည်။ မည်သူမှ မလှုပ်ရှားရဲပေ။ မွေးဖွားဇယားချပ်ကိုးခု သိုင်းပညာရှင်တောင် ထိုလူအိုကြီးကို မတိုက်ခိုက်နိုင်ပေ။ ထိုလူအိုကြီးက မည်မျှသန်မာသနည်း။ သူတို့က မြင်ကွင်းကို ကြည့်နေစဉ် အသက်အောင့်ထားမိ၏။
တစ်ချိန်တည်းတွင် သူ၏သခင်ကို ကာကွယ်ရန် စိတ်အားထက်သန်နေသော ဆန်းကြယ်ငှက်က စူးရှစွာအော်ပြီး လုကျိုးဆီ ရောက်လာ၏။
ယင်းသည် စီးတော်သားရဲများ တန်ဖိုးကြီးရသည့်အကြောင်းအရင်းများထဲမှ တစ်ရပ်ဖြစ်သည်။ သားရဲတစ်ကောင်ကို ယဉ်ပါးအောင်လုပ်ပြီး ချည်နှောင်ပေးပြီးပါက နောက်ထပ် ကူညီပေးမည့်သူတစ်ယောက်ရတာနှင့် ဆင်တူသည်။
လုကျိုးက လှည့်လာလျက် ဟိန်းဟောက်လိုက်၏။ “မိစ္ဆာကောင် ... မင်း သေချင်နေတာပဲ”
ယင်းကို မြင်သောအခါ ရှောင်ယွင်ဟယ်က တအံ့တဩပြောလိုက်၏။ “သူက ထင်ယောင်ထင်မှား အသံနည်းစနစ်ကြောင့် အညှို့မခံရဘူးလား”
“မျှော်စင်သခင် ထင်ယောင်ထင်မှား အသံနည်းစနစ်ဆိုတာ ဘာလဲ”
“အဲဒါက အဖြူရောင်ဆန်းကြယ်ငှက်ရဲ့ စွမ်းရည်ပဲလေ။ သူ့ရဲ့အော်သံက လူတစ်ယောက်ကို ယာယီမှင်တက်သွားစေတယ်။ ပုံမှန်အခြေအနေအောက်မှာဆို ကျင့်ကြံသူတစ်ယောက်က ဘယ်လောက်ပဲသန်မာသန်မာ သူတို့သက်ရောက်ခံရမှာပဲ။ ဒါ အတော်လေးထူးဆန်းတယ်” ရှောင်ယွင်ဟယ်က ရှင်းပြပြီး ဇဝေဇဝါဖြစ်နေတော့သည်။
ယခုအချိန်တွင် လုကျိုးက ထိခိုက်မှု မရှိရုံသာမက သူက ဒေါသလည်းထွက်နေသည်။ သူ၏အကြည့်က ရက်စက်ပြီး စူးရှနေကာ သူ့လက်ထဲတွင် အမည်မဲ့ပေါ်လာတော့သည်။
ယင်းကို မြင်သောအခါ ရှောင်ယွင်ဟယ်က ပိုထိတ်လန့်သွားသည်။ “ပေါင်းစည်းအဆင့်လား”
အနက်ရောင်မျှော်စင်နှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းထဲတွင် ရာထူးမြင့်သူများသာ ပေါင်းစည်းအဆင့် လက်နက်တစ်ခု ပိုင်ဆိုင်ကြသည်။
အမည်မဲ့ပေါ်ပေါက်လာမှုသည် လုကျိုးအပေါ် သူတို့၏အမြင်များ ထပ်မံပြောင်းသွားစေသည်။ ဤအဖိုးအိုက မည်သူနည်း။ အပြာရောင်လက်ဝါးစည်းတံဆိပ်က မည်သည်ကို ဆိုလိုသနည်း။ အပြာရောင်ကြာနယ်မြေရှိနေသည်လော။
လူတိုင်းက မှင်တက်စွာကြည့်နေစဉ် လုကျိုးက အမည်မဲ့ကို လွဲယမ်းလျက် ပေပေါင်းများစွာ ရှည်သည့်စွမ်းအင်ဓားတစ်စင်းကို ဖော်ထုတ်လိုက်သည်။
အန္တရာယ်ကို အာရုံခံမိသည့်အခါ ဆန်းကြယ်ငှက်က ထွက်ပြေးရန် ကြိုးစားတော့သည်။
လုကျိုးသည် တိကျန်းဆီမှာ ရလာသော အရှိန်ကို သုံးလျက် အဖြူရောင်ဆန်းကြယ်ငှက်အပေါ် လှစ်ကနဲ ပျံသန်းသွားကာ အမည်မဲ့ကို အောက်သို့လွှဲယမ်းချလျက် နောက်ထပ်စွမ်းအားဓားကို ဖော်ထုတ်လိုက်သည်။ ယခုအခေါက်တွင် စွမ်းအင်ဓားက ကံမီးတောက်များ လွှမ်းခြုံနေပြီး မွေးဖွားဇယားချပ်မှ စွမ်းအင်များကို ထည့်သွင်းထားသည်။
“မဟုတ်ဘူး” မြေပြင်ပေါ်ကနေ နန်ကုန်းယွီထျန်း၏ ဝမ်းနည်းသံက ဒေါသတကြီးပေါ်ထွက်လာ၏။ အဖြူရောင်ဆန်းကြယ်ငှက် သေဆုံးခြင်းက သူ၏မွေးဖွားဇယားချပ်များ ဖျက်ဆီးခံရခြင်းထက် ပိုနာကျင်စရာကောင်းသည်။
လုကျိုးသည် ဆန်းကြယ်ငှက်ကို တစ်ချက်မှ မကြည့်ပေ။ ယင်းက သေပြီဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။
ဆန်းကြယ်ငှက်မှ သွေးတို့သည် မြေပြင်ပေါ် ကျဆင်းသွား၏။
“တင်း ... ဆန်းကြယ်ငှက်ကို သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၅၀၀၀”
ဆန်းကြယ်ငှက်က မွေးဖွားဇယားချပ်သားရဲမဟုတ်တာကိုသူ နှမြောနေမိသည်။ သူက ၎င်း၏အသက်ဓာတ်နှလုံးသားကို မရနိုင်။
ထိုစဉ် ရှောင်ယွင်ဟယ်က ရုတ်တရက်အော်ပြောလိုက်သည်။ “နန်ကုန်းယွီထျန်း ရပ်လိုက်တော့။ မင်း သက်ညှာပေးဖို့တောင်းဆိုရင် အသက်ရှင်ဖို့အခွင့်အရေးရှိသေးတယ်”
ဖုန်မှုန့်များ လွင့်ပြယ်သွားသည့်အချိန်၌ လူတိုင်းသည် အဖြူရောင်ဝတ်ရုံ၌ သွေးများစွန်းထင်းနေသော နန်ကုန်းယွီထျန်းကို တွေ့သွား၏။ သူ၏ သွေးနီရောင်မျက်လုံးများသည် ဒေါသများပြည့်နေကာ ဝေဟင်ထဲရှိ လုကျိုးကို မော့ကြည့်ပြီး ပြောလိုက်သည်။ “ငါ သေရမယ်ဆိုရင်တောင် မင်းကို ဒီအတွက် တန်ကြေးပေးဆပ်ခိုင်းမယ်”
ပြီးနောက် နန်ကုန်းယွီထျန်းသည် စွမ်းအင်အပြည့်ဖြင့် မျှားတစ်စင်းပမာ လုကျိုးဆီသို့ ပျံသန်းသွားသည်။ သူသည် လက်သီးကျစ်ကျစ်ဆုပ်လိုက်ပြီး သူ၏လက်ချောင်းထဲ၌ အဖြူရောင်စက်ကွင်းတစ်ခုကို တွေ့ရသည်။ ၎င်းက လက်နက်တစ်မျိုးဆိုတာ သိသာ၏။ လက်ကို ကျစ်ကျစ်ဆုပ်ပြီးနောက် သူ၏ခန္ဓာကိုယ်သည် ထူးထူးခြားခြား ပြောင်းလဲသွားသည်။ သူ၏ခွန်အားက မြင့်တက်လာ၏။
လူတိုင်းက ကြည့်နေစဉ် အံ့ဩနေကြ၏။ နန်ကုန်းယွီထျန်း၏ လက်ရှိခွန်အားသည် ယခုချိန်၌ မွေးဖွားဇယားချပ်သုံးခု ကျင့်ကြံသူထက် ပိုများတာ သိသာသည်။ မရေတွက်နိုင်သော အဖြူရောင်စွမ်းအင်လက်သီးတို့ကို လုကျိုးဆီ ချက်ချင်းပစ်ထုတ်လိုက်၏။ လုကျိုးက သူ့လက်ကို ဖိချလိုက်သည်။ ပြီးနောက် သူသည် အရံအတားတစ်ခုကို ဖွဲ့တည်လျက် ရွှေရောင်ကြယ်တာရာဒိုင်ခွက်ကို ထိန်းထားလိုက်၏။
လုကျိုးက အပေါ်တွင်ရှိနေပြီး နန်ကုန်းယွီထျန်းက အောက်ကနေတိုက်ခိုက်တာဖြစ်သည်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
အဖြူရောင်စွမ်းအင်လက်သီးသည် လုကျိုး၏ အပြာရောင်ကြယ်တာရာဒိုင်ခွက်ပေါ် တစ်ခုပြီးတစ်ခုကျလာ၏။ ကြောက်မက်ဖွယ်ကောင်းသည့်ဖိအားက လုကျိုးကို နောက်သို့ချက်ချင်း တွန်းပို့လိုက်သည်။
...
အခန်း (၉၈၆) မင်းဆီမှာ ပြဿနာရှိလား
ဝုန်း
လုကျိုး၏ ကြယ်တာရာဒိုင်ခွက်က အက်သွားပြီး ချိုင့်သွားမည့် အရိပ်ယောင်များ ပြသနေ၏။ သူက နှလုံးခုန် တစ်ချက် မြန်သွားလေသည်။
ဒါကဘယ်လိုစွမ်းအင်မျိုးလဲ … ဒါက စက်ကွင်းလား….
နန်ကုန်းယွီထျန်းက မွေးဖွားဇယားချပ်သုံးခုမျှသာ ကျန်ရှိသော်လည်း ထိုသို့ စွမ်းအားမျိုးကို ပြသနိုင်ပေ၏။
မွေးဖွားဇယားချပ်ကိုးခုပညာရှင်ဆိုတဲ့အတိုင်းပဲ…
သူက ဘာနည်းလမ်းမှမရှိဘဲ အဖြူရောင်အဖွဲ့အစည်းရဲ့ စီရင်သူ မည်သို့ဖြစ်လာနိုင်မည်နည်း။
ဘန်း ဘန်း ဘန်း
စွမ်းအင်လက်သီးများက ပိုမိုအားကောင်းလာကာ ထိပ်တိုက်တွေ့ဆုံသံများက အဆုံးမဲ့ ပဲ့တင်သံထွက်နေ၏။ သူတို့ ဆင်းသက်လာသည့်အချိန်အတိုင်း အဖြူရောင်နှင့် ရွှေရောင် စက်ကွင်းများက နျူကလီးယားဗုံး ပေါက်ကွဲထွက်သလိုမျိုး ထွက်ပေါ်လာသည်။
ရှောင်ယွင်ဟယ်က မဖုံးနိုင်မဖိနိုင် လေးစားတမှုဖြင့် ပြောလိုက်၏။
“ အစ်ကိုလုက တကယ်ကို အရည်အချင်းရှိပြီးတော့ သတ္တိကောင်းတာပဲ။ သူက နန်ကုန်းယွီထျန်းရဲ့ ငရဲမင်းစက်ကွင်းကို ရင်ဆိုင်ဖို့ မွေးဖွားဇယားချပ်လေးခုအဆင့်ကိုပဲ သုံးထားတာ”
ဝူချောင်က တအံ့တဩဖြင့် ရေရွတ်လိုက်၏။
“အဲဒါက ငရဲမင်းစက်ကွင်းလား”
ရှောင်ယွင်ဟယ်က ပြောလိုက်သည်။
“ဟုတ်တယ်။ ဒါက ငရဲမင်းစက်ကွင်းနှစ်ခု ရှိတယ်လို့ ပြောကြတယ်။ သူတို့က မဟာလေဟာနယ် စူးစမ်းရှာဖွေရေးအတွင်းမှာ ရလာတဲ့ ရတနာတွေပဲ။ ငရဲမင်းစက်ကွင်းကြောင့် နန်ကုန်းယွီထျန်းက အဖြူရောင်မျှော်စင်အဖွဲ့အစည်းမှာ မြန်မြန်ဆန်ဆန် အဆင့်တက်လာခဲ့တာလို့ ပြောကြတယ်။
အဲဒီစက်ကွင်းတွေကို အဆင့်တိုင်းတာလို့ မရဘူး။ သူတို့က ကျင့်ကြံသူတွေရဲ့ စွမ်းအားကို အချိန်တိုအတွက် သိသိသာသာ တိုးမြှင့်ပေးနိုင်တယ်။ ဒါပေမဲ့ အဆိုးဆုံးက အသုံးပြုပြီးရင် ယာယီ အားနည်းသွားတယ်တဲ့”
ထိုစကားကိုကြားကာ ဝူချောင်က မျက်မှောင်ကြုတ်လိုက်ပြီး “ငရဲမင်းစက်ကွင်းက ဒီလောက်အားကောင်းနေရင် လုချန်းပေ့က အရေးနိမ့်သွားမယ် မဟုတ်ဘူးလား”
“မစိုးရိမ်စမ်းပါနဲ့။ လုချန်းပေ့က ငါတို့ထင်ထားတာထက် ပိုပြီးတော့ အားကောင်းတယ်။ ကြည့်စမ်းပါအုံး။ သူက နန်ကုန်းယွီထျန်းနဲ့ ရင်ဆိုင်ဖို့ မွေးဖွားဇယားချပ်လေးခုကိုပဲ သုံးနေတာ။ သူက နန်ကုန်းယွီထျန်းရဲ့ စွမ်းအားကို စမ်းသပ်ချင်နေတာ ဖြစ်လောက်တယ်” ရှောင်ယွင်ဟယ်က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
ဝေဟင်အထက် လုကျိုးက မီတာရာချီနောက် လွှင့်စင်သွား၏။ သူ့ကြယ်တာရာဒိုင်ခွက်က ထပ်မံ ချိုင့်ဝင်သွားလေသည်။ အကယ်၍ ဤသို့သာဆက်ဖြစ်နေပါက သူက မွေးဖွားဇယားချပ်တစ်ခုကို ဆုံးရှုံးသွားနိုင်သည်။
ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဍာန်၏ တိုက်ပွဲပုံစံအရ သူသည် ကြယ်တာရာဒိုင်ခွက်ကို ပြန်ရုတ်သိမ်းပြီး တိုက်ကွက်များကို သူ့အပေါ် ကျဖို့ ခွင့်ပြုပေးသင့်သည်။ သို့သော်လည်း သူက မလိုလားပေ။
ဘန်း ဘန်း ဘန်း
နန်ကုန်းယွီထျန်းက ယုတ်မာစွာပြုံးလိုက်ပြီး “ခင်ဗျားက အဲ့လိုလုပ်ရဲတယ်လား”
သူ့မျက်ဝန်းအထက် ရန်စတို့သည် အငွေ့အသက်တစ်ချို့ ဖြတ်ပြေးသွားကာ လုကျိုးသည် ကြယ်တာရာဒိုင်ခွက်ကို ရုတ်သိမ်းရဲလား ဟု ပြောဆိုနေသည်။ ထို့နောက် သူက မောက်မာစွာ ရယ်မောလိုက်ပြီး
“ ခင်ဗျားက ကျုပ်မွေးဖွားဇယားချပ်တွေကို ဖျက်ဆီးပစ်တယ်ဆိုမှတော့ ခင်ဗျားကိုလည်း ဖျက်ဆီးပစ်မယ်။ ဒါကို ထင်မထားမိဘူးမလား”
အကယ်၍ နန်ကုန်းယွီထျန်းက ထိုစကားများကို မပြောပါက လုကျိုးသည် ရှေးရိုးဆန်သည့် ချဉ်းကပ်မှုကို ပြုခဲ့မိလောက်သည်။ သူက ကြယ်တာရာဒိုင်ခွက်ကို အမြန်ပြန်ရုတ်သိမ်းပြီး နန်ကုန်းယွီထျန်းကို အလျင်အမြန်သတ်ကာ သူ့စွမ်းအားကို ထိန်းထားပြီး အနက်ရောင် အစောင့်အရှောက်များကိုလည်း တစ်ခါတည်း ခြိမ်းခြောက်နိုင်လိမ့်မည်။
သို့သော်လည်း သူက နန်ကုန်းယွီထျန်း၏ စကားကို နားထောင်ပြီးသည့်နောက်တွင် စိတ်ပြောင်းလဲသွားခဲ့သည်။ သူက အသံဩဩဖြင့် ပြောလိုက်၏။
“ပုရွက်ဆိတ်တစ်ကောင်ကများ သစ်ပင်ကို လှုပ်ချင်နေတာလား”
လုကျိုး၏ လက်ထဲမှ ကြယ်တာရာဒိုင်ခွက်သည် ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားပြီး အပြာရောင် လက်ဝါးစည်းတံဆိပ်ဖြင့် အစားထိုး ဝင်ရောက်လာသည်။ ယခင် လက်ဝါးစည်းတံဆိပ်များနှင့် မတူညီသည်က အပြာရောင်သည် နက်ပြာရောင်နီးပါး ဖြစ်နေလေ၏။
ဘန်း
အထွတ်အထိပ် ဆန်းကြယ်စွာအား ပေါက်ကွဲထွက်လာသည့်အခါ အောက်ဖက်မှ ကျရောက်လာသည့် တိုက်ကွက်များကို အလွယ်တကူ ဖိနှိပ်ထားနိုင်သည်။ ဤသို့ဖြင့် လက်ဝါးစည်းတံဆိပ်က စွမ်းအင်လက်သီးမြောက်မြားစွာကို အလွယ်တကူ ချေမွပစ်လိုက်သည်။
မီးခိုးရောင်ကောင်းကင်ကြီးက အပြာရောင် လက်ဝါးစည်းတံဆိပ်များကြောင့် နှောင့်ယှက်ခံလိုက်ရဟန် ပေါ်သည်။
ဘန်း
ထိုစဉ် အပြာရောင် လက်ဝါးစည်းတံဆိပ်က နန်ကုန်းယွီထျန်း၏ ရင်ဘတ်အပေါ် ကျရောက်လာပြီး နောက်ထပ် သွေးတစ်ပွက် အန်သွားစေသည်။
လုကျိုးက မရပ်တန့်ခဲ့ပေ။ သူက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို တုံ့ဆိုင်းခြင်းမရှိ ဆက်တိုက်အသုံးပြုနေသည်။
ဘန်း
နောက်ထပ် လက်ဝါးစည်းတံဆိပ်
ဘန်း
ဒုတိယမြောက် လက်ဝါးစည်းတံဆိပ်
ဘန်း ဘန်း ဘန်း
အဆုံးသတ်တွင် လုကျိုးက လက်ဝါးစည်းတံဆိပ် ငါးခုကို ထုတ်လွတ်ပြီး နန်ကုန်းယွီထျန်း၏ ရင်ဘတ်အပေါ် ကျရောက်စေခဲ့သည်။
ဝုန်း
နန်ကုန်းယွီထျန်းက အပြိုအပျက်များကြား ပြုတ်ကျသွား၏။
သို့သော် လုကျိုးက အဆုံးမသတ်သေးဘဲ အပြာရောင် လက်ဝါးစည်းတံဆိပ်များကို ထုတ်လွတ်ပြီးသည့်နောက်တွင် မြေပြင်ပေါ် ရွှေရောင်လက်ဝါးစည်းတံဆိပ်များကို ဆက်တိုက်ထုတ်လုပ်နေပြီး ချိုင့်နက်ကြီးကို ဖန်တီးနေသည်။
သူ့ရွှေရောင် လက်ဝါးစည်းတံဆိပ်များက တစ်ချက်ပြီးတစ်ချက် ကျရောက်လာလေ၏။ အပြာရောင် လက်ဝါးစည်းတံဆိပ်မှ ရွှေရောက် လက်ဝါးစည်းတံဆိပ်ဆီ ပြောင်းလဲသွားမှုက အင်မတန် ချောမွေ့လှသည်။
ကြည့်ရှုသူများကလည်း တုံ့ဆိုင်းသွားကြသည်။ သူတို့၏ အမူအရာနှင့် အတွေးများကလည်း တုံဆိုင်းသွားကြ၏။ နန်ကုန်းယွီထျန်း၏ ငရဲမင်းစက်ကွင်းနှင့် တန်ပြန်သက်ရောက်မှုက ရလဒ်အပေါ် နည်းနည်းလေးမှ သက်ရောက်မှုရှိခဲ့ဟန် မပေါ်ပေ။
“မွေးဖွားဇယားချပ်သုံးခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် တစ်သောင်းရှစ်ထောင် ရရှိပါတယ်”
“ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ရှစ်ထောင် ရရှိပါတယ်။ နယ်မြေအပိုဆုလာဒ်အနေနဲ့ ကုသိုလ်ရမှတ် နှစ်ထောင် ရရှိပါတယ်”
ဤသို့ဖြင့် တိုက်ပွဲက အဆုံးသတ်သွားခဲ့၏။ သို့သော်လည်း လုကျိုးက သတိလက်လွတ်မထားဘဲ စီရင်သူတစ်ယောက်က သူ့အား၏ အခြေအနေထိရောက်အောင် တွန်းပို့နိုင်ခဲ့သည်။ အကယ်၍ စီရင်သူများ ရောက်လာလျှင် သို့မဟုတ် ကျန်းကျို့လီနှင့်တခြားသူများက တိုက်ခိုက်လာခဲ့လျှင် မည်သို့ဖြစ်မည်နည်း။
ထိုအချိန်တွင် သူက သူတို့ကို မည်သို့ ရင်ဆိုင်ရမည်နည်း။ သူက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို အပြည့်အဝ သုံးစွဲပြီးသွားပြီ ဖြစ်၏။သူ့တွင် ခရမ်းရောင်တောက်ပသံကျောက် ရှိနေလျှင်ပင် အထွတ်အထိပ်ဆန်းကြယ်စွမ်းအား လုံလုံလောက်လောက် မရှိတော့ပေ။
ထိုစဉ် တိတ်ဆိတ်မှုက ရောက်ရှိလာပြီး လေထုထဲ အေးခဲသွားဟန်ပေါ်သည်။
လုကျိုးအား နှောင့်ယှက်မိမှာစိုး၍ မည်သူကမှ မပြောရဲကြပေ။ ယခုအခိုက်အတန့်တွင် သူ လုပ်နေသည့် အရာအားလုံးကို မည်သူကမှ မသိကြပေ။
လုကျိူးက ထိုအခိုက်အတန့်တွင် စဉ်းစားကာ သတိကြီးကြီးထား ထား၏။ စနစ်က သူ့အား နန်ကုန်းယွီထျန်း၏ သေဆုံးမှုကို သတိပေးခဲ့သော်လည်း သူက ကိုယ်တိုင်အတည်ပြုဖို့ လိုအပ်နေပေသည်။ သူက ဘုံတစ်ထောင်လေပွေအဆင့် စုန်းအတတ် ကျင့်ကြံသူများကို တွေ့ခဲ့ဖူး၏။ ထိုအခိုက်အတန့်တွင် သူက ကနဦးချီများ မကျန်ရှိတော့ပေ။ သူက ချုပ်တည်းမထားဘဲ နောက်ဆုံးသော ရွှေရောင် လက်ဝါးစည်းတံဆိပ်ဆီ စွမ်းအားအများစုကို ထုတ်သုံးခဲ့၏။
ခဏအကြာတွင် လုကျိုးက အပြိုအပျက်များကြား မြှပ်နှံခံထားရသည့် နန်ကုန်းယွီထျန်းကို ကြည့်ကာ ခေါင်းရမ်းလိုက်သည်။ ထိုအခိုက်အတန့်တွင် နန်ကုန်းယွီထျန်း၏ အလောင်းက လူသားနှင့်ပင် မတူတော့ပေ။ သူက သူ့ဘာသာ တွေးလိုက်၏။
စုန်းအတတ် ကျင့်ကြံသူဆိုရင်တောင် အသားစိုင်ကိုတော့ အသက်ပြန်မသွင်းနိုင်လောက်ဖူးမလား…
ထို့နောက် လုကျိုးက လက်ဝှေ့လိုက်သည်။
အပြိုအပျက်များဆီမှ သူ့လက်ထဲ ခရမ်းစိမ်းပစ္စည်းတစ်ခု ထွက်လာ၏။
“ ငရဲမင်းစက်ကွင်းကို ရရှိပါတယ်”
“ငရဲမင်းစက်ကွင်း - လူတစ်ယောက်ရဲ့ စွမ်းအားနဲ့ အလားအလာကို အချိန်တိုမျှ တိုးမြှင့်ပေးနိုင်တယ်”
ထို့နောက် လုကျိုးက လက်ဝှေ့လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်ငှက်၏ အလောင်းဘေးတွင် ရှိနေသည့် အိတ်တစ်အိတ်ကို ယူလိုက်သည်။ ထိုအထဲတွင် မွေးဖွားဇယားချပ် နှလုံးသား သုံးခုရှိနေပြီး တစ်ခုက အလယ်အလတ် အသက်ဓာတ် နှလုံးသားဖြစ်ကာ ကျန်နှစ်ခုက အခြေခံသဘာဝအသက်ဓာတ် နှလုံးသား ဖြစ်၏။
လုကျိုး၏ အသက်ရှုနှုန်းက တည်ငြိမ်သွားပြီးသည့်နောက်တွင် သူက လက်တစ်ဖက် နောက်ပစ်ကာ လက်တစ်ဖက်ဖြင့် မုတ်ဆိတ်သပ်လိုက်သည်။ သူက မထူးမခြားနား ပြောလိုက်၏။
“မွေးဖွားဇယားချပ် ကိုးခု ကျင့်ကြံသူက ငါနဲ့တွေ့ဖို့ ထိုက်တန်တယ်များ ထင်နေလား…”
“...”
အားလုံးက တုန်ယင်သွားကြ၏။ နန်ကုန်းယွီထျန်းက သူ့ကို တွေ့ချင်နေသည်ကို လူအိုကြီးက မည်သို့သိသွားသနည်း။ သူက အမှောင်ထဲကနေ စောင့်ကြည့်နေသည်လား။
ထိုစဉ် ရှောင်ယွင်ဟယ်က ရှေ့တိုးလာကာ လက်နှစ်ဖက်ယှက်လျက် ပြောလိုက်သည်။
“အစ်ကိုလု ကျုပ်တို့ထပ်တွေ့ပြန်ပြီ”
လုကျိုးက ရှောင်ယွင်ဟယ်သည် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ထံ မဟာအကူအညီကြီး ဖြစ်ခဲ့ကြောင်း သိထားလေ၏။
“မင်းကိုး”
ရှောင်ယွင်ဟယ်က ပြုံးကာပြောလိုက်သည်။
“ဟုတ်ပါတယ် ကျုပ် ရှောင်ယွင်ဟယ်ပါ”
လုကျိုးက ခေါင်းငြိမ့်လိုက်သည်။
“ဒီမှာ ဘာလုပ်နေတာလဲ”
“ဒီဖရိုဖရဲကုန်းမြေမှာ မွေးဖွားဇယားချပ် သားရဲတွေအများကြီး ရှိတယ်။ ကျုပ် ညီအစ်ကိုတွေနဲ့ ကျုပ်က ကံလာစမ်းတာပါ” ရှောင်ယွင်ဟယ်က ပြန်ဖြေလိုက်၏။
ထိုစဉ် ယွီရှန်းရုန်က လျှောက်လှမ်းလာကာ ဦးညွှတ်လိုက်သည်။
“ရှစ်စွင်း … တာ့ရှစ်ရှိုးနှင့် ကျွန်တော်တို့က တစ်ခါတည်းနဲ့ အခက်အခဲနှစ်ခု တွေ့ခဲ့ရတယ်။ အခုချိန်ထိ ဒီလိုမျိုး ပြောင်းလဲနိုင်တာက မျှော်စင်သခင်ရှောင်ရဲ့ ကျေးဇူးကြောင့်ပါပဲ”
လုကျိုးက ရှောင်ယွင်ဟယ်ကို ကြည့်ကာ ပြောလိုက်၏။
“ အဲ့လိုလား”
“ဘာမှမဟုတ်ပါဘူး။ ညွှန်းဆိုဖို့တောင် မထိုက်တန်ပါဘူး” ရှောင်ယွင်ဟယ်က ပြောလိုက်သည်။ ထို့နောက် သူက စိတ်ထဲတွင် တွေးလိုက်မိ၏။
သူ့တပည့်က ငါ့ကို မျှော်စင်သခင်ရှောင်လို့ ဘာလို့ အံ့အားသင့်မသွားပါလိမ့်…
ရှောင်ယွင်ဟယ်က လုကျိုးသည် သူ့အတိတ်ကြောင်းကို မမေးသည့်အခါ အနည်းငယ် စိတ်ဓာတ်ကျသွားမိသည် ။ သူ၏ ကြီးမြတ်လှသည့် အတိတ်အကြောင်းကို ပြောပြပြီး ပုံရိပ်ကို မြှင့်တင့်ဖို့ ကြံရွယ်ထားခဲ့သည်။ မဟုတ်ပါက သူတို့အဆင့်အတန်းကြားမှ ကွာခြားချက်သည် ကြီးမားလွန်းနေလိမ့်မည်။
သို့သော် လုကျိုးက ခေါင်းအသာညိတ်လိုက်ပြီး သူ့တပည့်နှစ်ဦးကို ကြည့်ကာ မေးလိုက်သည်။
“မင်းတို့တွေ ဒဏ်ရာရထားတာလား”
“အသေးအမွှားလောက်ပါပဲ။ ကြီးကြီးမားမား မဟုတ်ပါဘူး”
ဝူချောင်က အလျင်အမြန် ပြောလိုက်၏။
“အဲဒါက အဆိပ်ဆူးပါ။တကယ်လို့ ချန်းပေ့ စိတ်ထဲမထားရင် ကျွန်တော် ကုသပေးနိုင်ပါတယ်”
“မင်းကလား” လုကျိုးက လှည့်ကာ ကြည့်လိုက်သည်။
လုကျိုးဆီမှ အကြည့်တစ်ချက်ဖြင့် ဝူချောင်က တုန်တုန်ယင်ယင် ဖြစ်လာလေ၏။
“ ဟုတ် ဟုတ်ပါတယ်“
“ကောင်းပြီလေ။ အဲ့ဆိုရင် မင်းကိုပဲ ဒုက္ခပေးရတော့မယ်” လုကျိုးက ခေါင်းညိတ်လိုက်၏။
ယွီရှန်းရုန်က လက်နှစ်ဖက်ယှက်ကာ ဝူချောင်အား ကြည့်ပြီး ညင်ညင်သာသာ ပြောလိုက်သည်။
“ကျေးဇူးပါ”
“ကိစ္စအသေးလေးပါ” ဝူချောင်က ပြောပြီးသည့်နောက်တွင် ဘေးသို့ လျှောက်သွားလိုက်သည်။ ယွီရှန်းရုန်ကလည်း ဝူချောင်အနောက်မှ လိုက်ပါသွားလိုက်၏။
ထိုစဉ် ကျန်းကျို့လီက ဝင်ပြောလာခဲ့သည်။ သို့သော် သူက ပြောဖို့ရာ အခက်တွေ့နေလေ၏။
“ကျုပ်…”
လုကျိုးက လှည့်ကြည့်လိုက်ပြီး “မင်းမှာ ပြဿနာရှိလို့လား”
“ မရှိပါဘူး” ကျန်းကျို့လီက အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှ စီရင်သူဖြစ်သော်လည်း ယခုအခိုက်အတန့်တွင် စီရင်သူ၏ အငွေ့အသက်မျိုး မရှိတော့ပေ။
“မင်းက ဒီမှာ ဘာလာလုပ်တာလဲ” လုကျိုးက မေးလိုက်၏။
ကျန်းကျို့လီက ပြန်မဖြေနိုင်ခင် ရှောင်ယွင်ဟယ်က ပြောလိုက်သည်။
“သူက အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ စီရင်သူ လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ကျန်းကျို့လီပါ။ သူက ဒီမှာဘာလာလုပ်တာလဲဆိုတာတော့မသိဘူး။ ခင်ဗျား တပည့်တွေကို ဖြေရှင်းချင်နေတာ ဖြစ်လောက်တယ်”
ကမ္ဘာကြီးထဲတွင် အနက်ရောင်မျှော်စင်အဖွဲ့အစည်းကို ရှောင်ယွင်ဟယ်ထက် မုန်းတီးသည့်သူ ရှိမည် မဟုတ်ပေ။ သူက ဤအခွင့်အရေးကို အသုံးချကာ မီးထဲ လောင်စာ
ထည့်ပေးလိုက်၏။
ကျန်းကျို့လီက ပြောလိုက်သည်။
“ မျှော်စင်သခင်ရှောင် အဓိပ္ပာယ်မရှိတာတွေမပြောပါနဲ့ ကျုပ်က မွေးဖွားဇယားချပ်သားတွေအတွက် ရောက်လာတာပါ။ ပြီးတော့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက အစီအရင်အလံတွေကို ထားခဲ့တဲ့သူလေ။ လုချန်းပေ့ရဲ့ တပည့်နှစ်ဦးကို ကျုပ်က ဘယ်လိုလုပ်ပြီးများ သိမှာလဲ”
လုကျိုးကမေးလိုက်သည်။
“အဟမ်း ဘာမွေးဖွားဇယားချပ်သားရဲလဲ”
“ဒါက…” ကျန်းကျို့လီက တုံ့ဆိုင်းသွားလေ၏။
လုကျိုးက မေးလိုက်သည်။
“မင်းမှာ ပြဿနာရှိနေတာပဲ”
တူညီသည့်စကားများ ဖြစ်သော်လည်း လုကျိုး၏ အစောပိုင်း စကားများသည် မေးခွန်းများ ဖြစ်သော်လည်း ယခုအခါ စကားအဖြစ် ပြောင်းလဲသွားခဲ့သည်။အပြောင်းအလဲက ကျန်းကျို့လီကို တုန်ယင်သွားစေဖို့ လုံလောက်လေ၏။
ကျန်းကျို့လီက တုံ့ဆိုင်းမနေဘဲ အလျင်အမြန် ပြောလိုက်သည်။
“အဲဒါက တောင်ပိုင်းတိုင်းပြည်ရဲ့ အနက်ပိုင်းမှာရှိတဲ့ သီးသန့်မွေးဖွားဇယားချပ် သားရဲတွေပါ။ ပြောကြတာကတော့ အတော်လေးကို ဉာဏ်ကောင်းတယ်တဲ့။ အဲ့ဒီ အသက်ဓာတ်နှလုံးသားက ဆယ်ခုမြောက် နှလုံးသားကို အသက်သွင်းဖို့အတွက် သင့်တော်တယ်လို့ ကောလဟာလတွေ ရှိဖူးတယ်”
လုကျိုးက ရှောင်ယွင်ဟယ်ဘက် လှည့်ကာ မေးလိုက်သည်။
“ရှောင်ယွင်ဟယ် သူက အမှန်တိုင်း ပြောနေတာလား”
“...”
ပုံမှန်အားဖြင့် ရှောင်ယွင်ဟယ်အပေါ်သာ မူတည်နေပါက သူက ထိုကိစ္စကို ဖုံးကွယ်ထားလိမ့်မည်။ သူက ထိုကိစ္စကို ထုတ်ဖော်လိုက်ခြင်ဖြင့် ပြိုင်ဘက်သာ တိုးပွားလာလိမ့်မည်။ သို့သော်လည်း ကိစ္စများက ဤအခြေအနေအထိ ရောက်ရှိလာပြီဖြစ်ကာ သူ့အနေဖြင့် အမှန်ဟုသာ ပြောနိုင်လေ၏။
“အမှန်ပါပဲ။ ဒီမွေးဖွားဇယားချပ်သားတွေက ထိပ်တန်းအဆင့်ပါ။ နန်ကုန်းယွီထျန်းက မွေးဖွားဇယားချပ်ကိုးခု ရှိထားတာဆိုတော့ သူက ဒီမွေးဖွားဇယားချပ်သားနဲ့ ပတ်သက်ပြီးတော့ တော်တော်လေးကို စိတ်အားထက်သန်နေခဲ့တာ”
…
အခန်း (၉၈၇) အသိဉာဏ်ရှိသော မွေးဖွားဇယားချပ် သားရဲများ
လုကျိုးက မေးလိုက်၏။
“မွေးဖွားဇယားချပ်သားရဲတွေကို သူတို့ရဲ့ခွန်အားနဲ့ အမျိုးအစား ခွဲတာမဟုတ်ဘူးလား"
ရှောင်ယွင်ဟယ်က ခေါင်းညိတ်ပြီး ရှင်းပြလိုက်သည်။
“ဒါက မွေးဖွားဇယားချပ်အများစုအတွက်တော့ အဲ့လိုပါပဲ။ ဒါပေမဲ့ အသိဉာဏ်ရှိတဲ့ မွေးဖွားဇယားချပ်သားရဲတွေကို ဒီလိုမဆုံးဖြတ်နိုင်ဘူး။ သူတို့တွေက လူသားတွေရဲ့ကျင့်စဉ်တွေကို နားလည်ပြီး ဘယ်လိုလိမ်လည်ရမလဲ။ ဘယ်လိုနောက်ဆုတ်ရမလဲဆိုတာ သိတယ်။ သူတို့ကို တခြား မွေးဖွားဇယားချပ်သားရဲတွေနဲ့ ထည့်လို့မရဘူး။ သူတို့တွေက မယုံနိုင်စရာကောင်းလောက်အောင် တန်ဖိုးရှိပြီး ရှားပါးတယ်။ ကျင့်ကြံသူတော်တော်များများက သူတို့ကို လိုချင်ကြပေမယ့် သူတို့ကို ရှာဖို့မလွယ်ကူတာတော့ နှမြောစရာပဲ”
လုကျိုးက ခေါင်းညိတ်လိုက်၏။ “ဒီတော့ အဖြူရောင်မျှော်စင်က မွေးဖွားဇယားချပ်သားရဲကို ဖမ်းဖို့ အစီအရင်အလံတွေကို ဒီမှာ ထားခဲ့တာလား”
“အဖြူရောင်မျှော်စင်က လူတွေက အဲ့ဒီသက်တမ်းမဲ့သားရဲကို ဖြေရှင်းဖို့အတွက် ဒီနေရာမှာ အုတ်မြစ်တစ်ခုချထားတာလား” ကျန်းကျို့လီက ပြောလိုက်၏။
“ပွင့်ပွင့်လင်းလင်းပြောရရင် အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့အဖြူရောင်မျှော်စင် အဖွဲ့အစည်းကြား မဟာမိတ်က ပြိုကွဲသွားပါပြီ။ ဒါမတိုင်မီက အဖြူရောင်မျှော်စင်က အနီရောင်ကြာနယ်မြေရဲ့ တောင်ပိုင်းတိုင်းပြည်ကို မလာပါဘူး။ ဒီနှစ်အစမှာ အဖြူရောင်မျှော်စင်က နည်းလမ်းမျိုးစုံစဉ်းစားနေပြီး အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ နယ်မြေတွေကို သိမ်းပိုက်ဖို့ ကြိုးစားနေပါတယ်။ တောင်ပိုင်းတိုင်းပြည်က တဖြည်းဖြည်းချင်း သိမ်းပိုက်နေတဲ့နေရာထဲက တစ်ခုပါ”
ထိုစကားများကို ကြားသောအခါ လုကျိုးကပြောလိုက်၏။
“အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အရှက်မဲ့မှုကတော့ ငါ တွေးထင်တာထက် ကျော်လွန်နေတာပဲ။ အနီရောင်ကြာနယ်မြေနဲ့ ရွှေကြာနယ်မြေက ဘယ်အချိန်ကစပြီး အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ နယ်မြေ ဖြစ်သွားတာလဲ”
“...”
အနေခက်သွားသော အမူအရာက ကျန်းကျို့လီ၏မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။ သူ စကား ထပ်မပြောတော့ချေ။
လုကျိုးက မေးလိုက်၏။
“ဒီနေရာကို အဖြူရောင်မျှော်စင်အဖွဲ့အစည်းက သိမ်းပိုက်ထားတာကို သိတယ်ဆိုမှတော့ ဘာကြောင့် ဒီနေရာကိုလာဖို့ ရဲတင်းနေရတာလဲ”
“ဒါက” ကျန်းကျို့လီက တွေဝေနေ၏။
“မင်းမှာ ပြဿနာရှိနေတဲ့ပုံပဲ”
ကျန်းကျို့လီက အမြန်အရိုအသေပေးလျက် ကြောက်လန့်စိတ်ဖြင့် ပြောလိုက်သည်။
“မရှိပါဘူး ... မရှိပါဘူး။ ဘာပြဿနာမှ မရှိပါဘူး။ ထူးခြားတဲ့ မွေးဖွားဇယားချပ်သားရဲတစ်ကောင် ဒီနေရာမှာ ပေါ်လာမယ်လို့ သတင်းရတာကြောင့် လာစုံစမ်းစစ်ဆေးတာပါ။ ဒီမှာ ချန်းပေ့ရဲ့ တပည့်တွေနဲ့ လာတွေ့ရမယ်လို့ မထင်ထားဘူး။ ကျုပ်တို့က အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အဖွဲ့သားတစ်ယောက်ဆိုပေမယ့် ကျုပ် ထိန်းချုပ်လို့မရနိုင်တဲ့ ကိစ္စတွေအများကြီးရှိတယ်။ ဒီလိုဆိုရင်တောင် ချန်းပေ့ရဲ့တပည့်တွေကို ထိခိုက်အောင်လုပ်ဖို့ ဆန္ဒမရှိပါဘူး။ ကျုပ်စကားမှာ အမှားတစ်ခုပါခဲ့ရင် မိုးကြိုးပစ်ခံရပါစေ”
လုကျိုးသည် ကျန်းကျို့လီကို ခဏတာစိုက်ကြည့်ပြီးနောက် မေးလိုက်သည်။
“ထူးခြားတဲ့ မွေးဖွားဇယားချပ်သားရဲက ဘာအမျိုးအစားလဲ”
ကျန်းကျို့လီက စိတ်ထဲ သက်ပြင်းချလိုက်သည်။ ယခုအချိန်တွင် ထိုကိစ္စကို ဖုံးကွယ်ဖို့က မဖြစ်နိုင်တာ သိသာ၏။ သူက ပြောလိုက်သည်။
“ဒီထူးခြားတဲ့ မွေးဖွားဇယားချပ်သားရဲကို ရင်ကျောက်လို့ ခေါ်တယ်။ ဘယ်လိုပုံစံလဲဆိုတာတော့ မသိဘူး။ အဲဒါကို မြင်ဖူးတဲ့ ကျင့်ကြံသူက သိပ်မများဘူး။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ပေးတဲ့တာဝန်တစ်ခုကြောင့် ကျုပ် ဒီရောက်လာရုံပဲ။ ကျုပ် ရထားတဲ့ အချက်အလက်တွေအရ ဒီယင်ကျောက်မှာ အသိဉာဏ်ရှိတယ်။ ဒါပေမဲ့ လက်ရှိမှာ သူ့ဉာဏ်ရည်က ဆယ်နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ ဉာဏ်ရည်ပဲ”
“ဆယ်နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ ဉာဏ်ရည်လား။ ဒီဉာဏ်ရည်က မွေးဖွားဇယားချပ်သားရဲ တစ်ကောင်အတွက် အတော်လေးမြင့်တာပဲ”
“သူ ဒီမှာ ပေါ်လာမယ်ဆိုတာ မင်းတို့ ဘယ်လိုသိလဲ” လုကျိုးက ပိုမိုသိချင်လာ၏။
လူသားများ နေထိုင်ရာ အခြားသော နေရာများတွင် ပွင့်ချပ်ကိုးလွှာနှင့် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူများသည် မွေးဖွားဇယားချပ်သားရဲများကို သွေးဆောင်နိုင်သောကြောင့် သူတို့ ပေါ်ပေါက်လာမည့်အချိန်ကို အလွယ်တကူ မှန်းဆနိုင်သည်။ သို့သော် ကသောင်းကနင်းမြေကမူ မတူညီပေ။ မွေးဖွားဇယားချပ်သားရဲတစ်ကောင် ပေါ်ပေါက်လာမည့်အချိန်ကို ဖော်ထုတ်ဖို့က မဖြစ်နိုင်လုနီးပါး ဖြစ်နေလေရာ သူ့ကြောင့်သာ မွေးဖွားဇယားချပ်သားရဲတစ်ကောင်ဆို ပိုဆိုးပေ၏။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းက ယင်းကို မည်ကဲ့သို့ ဖော်ထုန်သနည်း။
“ဒါက ကျုပ်မသိပါဘူး” ကျန်းကျို့လီက အနေခက်စွာပြောလိုက်၏။
ရှောင်ယွင်ဟယ်က ပြောလိုက်၏။ “တကယ်တော့ မွေးဖွားဇယားချပ်သားရဲတွေက လူသားတွေနဲ့ ဆင်တူတာရှိတယ်။ သူတို့က ခွန်အားနဲ့ ကိုယ်ထည်အဆင့်ဆင့်ကွဲပြားကြတယ်။ သားရဲတွေရဲ့ အရည်အတွက်က တိုးလာပြီး စစ်ပွဲဖြစ်လာနိုင်တာ။ လူသားတွေက စစ်ပွဲတွေတည်ဆောက်တယ်။ သားရဲတွေကလည်း မကွာဘူး။ သူတို့ခွန်အားကောင်းဖို့အတွက် တခြားသားရဲတွေကို စိန်ခေါ်တဲ့ သားရဲတွေရှိတယ်။ မွေးဖွားဇယားချပ်သားရဲတွေမှာ နယ်မြေအသိစိတ်ရှိကြတယ်။ ဒါပေမဲ့ သူတို့ကို တခြားကြမ်းတမ်းခက်ထန်သားရဲက အနိုင်ယူလိုက်တာ သူတို့နယ်မြေ အသိစိတ်က ပျောက်ကွယ်သွားတာ။ ဒါပေမဲ့ သူတို့ကို အနိုင်ယူခဲ့တဲ့သားရဲတွေဆီမှာ အညံ့ခံလိုက်တယ်။ တခြားအသိစိတ်ရှိတဲ့သားရဲတွေက အသိဉာဏ်မရှိတဲ့ အလယ်အလတ် ဒါမဟုတ် အောက်ဆုံးအဆင့် သားရဲတွေကိ ထိန်းချုပ်နိုင်တယ်။ ဒါပေမဲ့ ဆယ်နှစ်တိုင် အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက သားရဲအရေအတွက်ကို လေ့လာဖို့ စစ်တမ်းကောက်ယူတဲ့ အစီအရင်ကို တိတ်တဆိတ်ရေးဆွဲထားတာ”
လုကျိုးက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“အသိဉာဏ်ရှိတဲ့ သားရဲတွေနဲ့ဆို အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းတွေက ပေါ်သွားမှာ မဟုတ်ဘူးလား”
“ဘယ်လိုပဲဖြစ်ဖြစ် လူသားတွေက ဉာဏ်ရည်ပိုမြင့်တယ်လေ။ ဒါ့အပြင် သားရဲတွေရဲ့အရေအတွက်က နည်းလွန်းတာ” ရှောင်ယွင်ဟယ်က ပြောလိုက်၏။
“မျှော်စင်သခင်ရှောင်က တကယ်ဗဟုသုတ ကြွယ်ဝလှပါတယ်” ကျန်းကျို့လီက ပြောလိုက်၏။
သိသာနေတာကို မင်းပြောမှလား ... ငါက အရင်တုန်းက အနက်ရောင်မျှော်စင်ရဲ့ မျှော်စင်သခင်ဖြစ်ခဲ့ဖူးတာပဲ။
“ဒီတော့ ဖရိုဖရဲဖြစ်နေတဲ့ တောင်ပိုင်းတိုင်းပြည်ထဲမှာ ကြမ်းတမ်းခက်ထန်သားရဲတွေကြား စစ်ပွဲတစ်ပွဲဖြစ်လာလိမ့်မယ်လို့ ပြောနေတာလား” လုကျိုးက မျက်ခုံးတစ်ဖက် ပင့်လိုက်၏။
“အမှန်ပါပဲ။ ပုံမှန်ဆို လူသားတွေက ဝင်စွက်မဖက်ဘဲ အဆုံးကျ အကျိုးအမြတ်ကို ရိတ်သိမ်းဖို့ စောင့်နေရုံပါပဲ။ ဒါ့အပြင် မွေးဖွားဇယားချပ်သားရဲတွေက ဘယ်လောက်ပဲ အသိဉာဏ်ရှိရှိ သူတို့တွေက ကလေးတွေနဲ့ပဲ ယှဉ်နိုင်တာ။ လူကြီးတွေကို ဘယ်လိုလုပ်ယှဉ်တိုက်ခိုက်နိုင်မှာလဲ။ ယင်ကျောက်ကို အရင်တုန်းက ဒီမှာ တွေ့ဖူးတယ်။ ဒါကြောင့် အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက ယင်ကျောက်ပေါ်လာမယ်လို့ ယူဆထားတာပါ” ထိုစဉ် တစ်ချိန်လုံးတိတ်နေသော ယွီကျန့်ဟိုင်က ပြောလိုက်၏။ “မင်းရဲ့စကားကို ကြည့်ရင် လူသားတွေက အမြဲတမ်းတပန်းသာနေပြီး သားရဲတွေက သနားဖို့ ကောင်းတဲ့ပုံပဲ”
“မဟုတ်ဘူး။ သူတို့က ညီတူမျှတူပဲ” ရှောင်ယွင်ဟယ်က သက်ပြင်းချလိုက်၏။ “အရင်တုန်းက အသိဉာဏ်ရှိတဲ့ ကြမ်းတမ်းခက်ထန်သားရဲ တော်တော်များများက လူသားမျိုးတွေကို မကြာခဏ တိုက်ခိုက်ခဲ့တယ်။ မင်း မှန်းဆတဲ့အတိုင်း လူသားတွေက တော်တော်အသတ်ခံခဲ့ရတယ်။ သူတို့သားရဲတွေက အရေအတွက်အားဖြင့် တပန်းသာတယ်လေ။ သူတို့က နေရာအနှံ့ မြေပြင်ပေါ်မှာ၊ ဝေဟင်ထဲမှာ၊ ရေပြင်ထဲမှာ ရှိနေတာ။ လူသားတွေက အကွက်ချဖို့ သူတို့ဉာဏ်ရည်ပဲ သုံးနိုင်တယ်”
“...”
ရှောင်ယွင်ဟယ်၏စကားကို ကြားသောအခါ လုကျိုးသည် လုလီနှင့် ယန်ကျန်းလော့ကို အမှတ်ရသွားသည်။ တကယ်တော့ ကျင့်ကြံခြင်းလောကထဲဖြစ်စေ၊ ခေတ်ကာလထဲဖြစ်စေ လူသားများက အစာကွင်းဆက်၏ထိပ်၌ ရပ်နေနိုင်ရသည့် အဓိက အကြောင်းအရင်းမှာ သူတို့ဉာဏ်ရည်ကြောင့်ပဲဖြစ်သည်။ လူသားများ၏အကြီးမားဆုံး ရန်သူက လူသားများပဲဖြစ်သည်ဟု ဆိုရိုးစကားရှိသည်။
ခဏအကြာတွင် လုကျိုးက ပြောလိုက်သည်။ "ဒီမွေးဖွားဇယားချပ်သားရဲကို ငါ အလွန် စိတ်ဝင်စားတယ်”
ရှောင်ယွင်ဟယ်နှင့် ကျန်းကျို့လီ “…”
“မင်းတို့မှာ ပြဿနာရှိလား"
“မ မရှိပါဘူး”
ရှောင်ယွင်ဟယ်နှင့် ကျန်းကျို့လီသည် ပြုံးလိုက်သည်။ သူတို့ မငြင်းရဲပေ။
ထိုစဉ် ဝူချောင်က လှည့်လာပြီး ပြောလိုက်သည်။
“ကုသမှုက ပြီးသွားပြီ။ ဒီအဆိပ်ဆူးက တကယ်ကောက်ကျစ်တာပဲ။ ကံကောင်းလို့ ကျုပ် သတိပြုမှုကနေ မလွတ်ခဲ့ဘူး။ သူ လုပ်ဖို့လိုတာက အနားယူဖို့ပါပဲ။ တစ်လကြာပြီးရင် အပြည့်အဝပြန်ကောင်းသွားမယ်”
လုကျိုးသည် ပခုံးပေါ်ချီထားသော ယွီရှန်းရုန်ကို ကြည့်လိုက်သည်။ တကယ်တော့ ယွီရှန်းရုန်သည် ယခင်ကထက် အနေအထားပိုကောင်းပုံပေါ်၏။ ပွင့်ချပ်ဆယ်လွှာယွီရှန်းရုန်သည် မွေးဖွားဇယားချပ်သုံးခု ဘုံတစ်ထောင်လေပွေသိုင်းပညာရှင်ကို ဖြေရှင်းလိမ့်မည်ဆိုတာ မည်သူမှ မယုံလောက်ပေ။
ရှောင်ယွင်ဟယ်က အခွင့်အရေးကို အမိဖမ်းလျက် ပြောလိုက်သည်။
“အစ်ကိုလု ဒါက အရင်တုန်းက အစ်ကိုလု လိုက်ဖမ်းတဲ့ ဝူချောင်လေ။ သူက ခင်ဗျားရဲ့တပည့်ကို ကုသပေးပြီးပြီဆိုတော့ သူ့ကို ခွင့်လွှတ်ပေးလို့ရမလား”
ဝူချောင်သည် အမြန်အရိုအသေပေးပြီးနောက် မျက်နှာလိုမျက်နှာရ ပြုံးလိုက်လေ၏။
လုကျိုးက ဝူချောင်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
“ငါက ကျိုးကြောင်းမသင့်တဲ့သူမှ မဟုတ်တာ။ ငါ့ကို တစ်ယောက်ယောက်က လေးစားမှုပြရင် ငါကလည်း ပြန်ပေးမှာပဲ” ပြီးနောက် သူသည် နန်ကုန်းယွီထျန်းဆီက ရလာသည့်အိတ်ထဲမှ အသက်ဓာတ်နှလုံးသားတစ်ခုကို ထုတ်ယူပြီး ရှောင်ယွင်ဟယ်၏လက်ထဲ ပေးလိုက်သည်။
“မင်းတို့နှစ်ယောက်လုံး ဒါနဲ့ထိုက်တန်တယ်”
ရှောင်ယွင်ဟယ် “...”
ဝူချောင် “...”
နှစ်ယောက်သား၏မျက်နှာပေါ်ရှိ မှင်တက်နေသော အမူအရာကို မြင်သောအခါ လုကျိုးက ဇဝေဇဝါဖြင့် မေးလိုက်လေ၏။
“မင်းတို့ သဘောမကျဘူးလား”
လုကျိုးသည် သူ့အတွက် မူလအသက်ဓာတ်နှလုံးသား သုံးစရာမလိုသော်ငြား ယင်းကို လိုအပ်သည့် တပည့်များစွာ ရှိသည်ကို သိထားရမည်။ မူလအသက်ဓာတ်နှလုံးသားဖြစ်လျှင်တောင် ကျင့်ကြံခြင်းလောကထဲရှိ လူတိုင်းတိုက်ခိုက်ကြသည်။ ရတနာပဲဖြစ်သည်။
ရှောင်ယွင်ဟယ်သည် အသိစိတ်ပြန်ကပ်လာချိန်၌ အမြန်ပြောလိုက်သည်။ "မဟုတ်ပါဘူး ... မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ဒီပစ္စည်းက တန်ဖိုးကြီးလွန်းတယ်။ ကျုပ် ဘာမှ များများစားစားလဲ မလုပ်ပေးခဲ့ပါဘူး။ ကျုပ် ဘာမှ မလုပ်ပေးတဲ့အချိန် ကျုပ်ကို ဆုပေးဖို့ မလိုပါဘူး”
ယင်းက သူ့ဘဝ၌ ရှောင်ယွင်ဟယ်ပြောဖူးသည့် အကြီးမားဆုံး လိမ်ညာမှုဖြစ်သည်။ ဆိုရလျှင် သူသည် တစ်ခါတုန်းက မွေးဖွားဇယားချပ်ဆယ့်နှစ်ခု သိုင်းပညာရှင်ဖြစ်ခဲ့ဖူး၏။ ယခုသူ့၌ မွေးဖွားဇယားချပ်ခုနစ်ခု ရှိသည့်တိုင်သည် သူသည် သိုင်းပညာရှင်ဟု သတ်မှတ်၍ရနိုင်သေးသည်။ သူသည် မူလအသက်ဓာတ်နှလုံးသားကို အထင်သေးတာ အံ့ဩစရာမရှိပေ။ မဟုတ်လျှင် အနီရောင်ကြာနယ်မြေ၏တောင်ပိုင်းတိုင်းပြည်သို့ လာရန် အဘယ်ကြောင့် ထိုမျှ ဒုက္ခခံမည်နည်း။
ဆန့်ကျင်ဖက်အနေဖြင့် ဝူချောင်၏အမူအရာက အနည်းငယ် သဘာဝမကျဖြစ်နေသည်။ တကယ်တော့ သားရဲပျံတစ်ယောက်ပိုင်ဆိုင်သည့် မူလအသက်ဓာတ်နှလုံးသားက သူ့အတွက် အတော်လေး အသုံးဝင်သည်။ သို့သော် ရှောင်ယွင်ဟယ်သည် မူလအသက်ဓာတ်နှလုံးသားကို ငြင်းဆန်ခဲ့တာကြောင့် သူ ဘာများ ပြောနိုင်မည်နည်း။
လုကျိုးက တိုက်တွန်းလိုက်၏။ “ဒါ အဆင်မပြေဘူး။ ငါ ပေးထားတဲ့အရာကို ဘယ်လိုလုပ် ပြန်ယူမှာလဲ”
လုကျိုး၏ ဆုံးဖြတ်ချက်ကို မြင်သောအခါ ရှောင်ယွင်ဟယ်က မငြင်းတော့ပေ။ “ဟုတ်ပါပြီ။ ဒါဆို ကျုပ် လက်ခံလိုက်ပါ့မယ်။ ကျေးဇူးတင်ပါတယ်”
လုကျိုးသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူက ပြောလိုက်သည်။ "မင်း တကယ် ခံစားချက်မကောင်းရင် နေခဲ့လို့ရတယ်။ ငါ အဲ့ဒီ အထူးမွေးဖွားဇယားချပ်သားရဲကို တကယ် စိတ်ဝင်စားနေတာ”
ရှောင်ယွင်ဟယ် “...”
ရှောင်ယွင်ဟယ်သည် ဤမူလအသက်ဓာတ်နှလုံးသားအတွက် သူ ခံစားရသည်က တကယ် ကြီးမားလွန်းလှသည်ဟု ခံစားမိသည်။