← Chapters

အခန်း (၉၈၈-၉၉၀)

Vol. 66 Ch. 988-990

အခန်း (၉၈၈-၉၉၀)

Vol. 66 Ch. 988-990

အခန်း (၉၈၈) ရယူဖို့ဆုံးဖြတ်ခြင်း

ရှောင်ယွင်ဟယ်၏ အမူအရာက သိပ်မဟန်ကြောင်း မြင်တွေ့ပြီးသည့်နောက်တွင် လုကျိုးက ပြောလာ၏။

“မင်းက မနေချင်မှတော့ အတင်းအကြပ် ဖိအားမပေးပါဘူး။ ငါက တခြားသူတွေကို ဖိအားပေးတတ်တဲ့သူ မဟုတ်ဘူး။ မင်းတို့အားလုံး ထွက်သွားလို့ ရတယ်။ ငါက ဒီမှာ ဆက်နေပြီးတော့ အဲဒီမွေးဖွားဇယားချပ်သားရဲကို ဖမ်းဖို့ ဆုံးဖြတ်ထားတယ်”

ရှောင်ယွင်ဟယ်က လုကျိုး၏ စကားကိုကြားသည့်အခါ မျက်နှာပူသည့် အမူအရာမျိုး ပေါ်ထွက်လာလေ၏။ ထို့နောက် သူက ပြောလိုက်သည်။

“အစ်ကိုလု အချိန်ကျလာတဲ့အခါ ဒီမှာပညာရှင်တွေ အများကြီး ရောက်လာလိမ့်မယ်။ သူတို့အားလုံးကို ရင်ဆိုင်ချင်တာ သေချာရဲ့လား”

“ငါ့လမ်းမှာ ရှုပ်နေတဲ့သူအားလုံးကို သတ်ပစ်မှာ”

“......”

ဒါက ခြိမ်းခြောက်မှုလား … တကယ်ကြီးကို ခြိမ်းခြောက်မှုကြီးမလား...

ရှောင်ယွင်ဟယ်က စိတ်ထဲမှာ သက်ပြင်းသာချလိုက်၏။ သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒီလိုဆိုရင် ကျုပ်လည်း အစ်ကိုလုနဲ့ ဆက်နေပြီးတော့ အဲ့ဒီ သီးသန့် မွေးဖွားဇယားချပ်သားရဲကို တစ်ချက်လောက် ကြည့်ပါအုံးမယ်”

ဝူချောင်နှင့် တခြားအနက်ဝတ် ကျင့်ကြံသူများကလည်း‌ ကြောင်အမ်းသွားကြ၏။ သို့သော်လည်း သူတို့က ထိုလူအုပ်ကြီး၏ ဆန္ဒကို မည်သို့ဆန့်ကျင်ရဲမည်နည်း။ သူတို့တွင် သေလိုသည့် ဆန္ဒမရှိသရွေ့ သူအလိုရှိသည့်အရာကို ဆန့်ကျင်ရဲကြမည် မဟုတ်ပေ။ သူတို့၏‌ မျှော်စင်သခင်ကလည်း ရွေးချယ်မှု မရှိသည်မှာ သိသာလှ၏။

သို့သော်လည်း အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့စည်းတို့ကသာ သူတို့၏ မျှော်စင်သခင်နှင့် ယှဉ်နိုင်သည့် ပညာရှင်များကို စေလွှတ်လိုက်လျှင် မည်သို့လုပ်ရမည်နည်း။

သူတို့က ထိုပညာရှင်များနှင့် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

တခြားတစ်ဖက်တွင် ကျန်းကျို့လီက သစ်သားတုံးလိုမျိုး ဘေးတွင် နာနာကန်ကန် ရပ်နေ၏။

လုကျိုးက ကျန်းကျို့လီကို လှည့်ကြည့်ကာ မေးလိုက်သည်။

“မင်းရော ဆက်နေချင်တာလား”

ကျန်းကျို့လီက ပြောလိုက်သည်။

“ဒီငယ်သားက အဖြူရောင်မျှော်စင်အဖွဲ့စည်းနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ အမိန့်ပေးခံထားရတာပါ။ အနက်ရောင်မျှော်စင်အဖွဲ့စည်းကို ပြန်ပြီးတော့ တင်ပြရအုံးမယ်။ လုချန်းပေ့ ကျွန်တော်တို့ကို သက်ညှာပြီး ထွက်သွားခွင့်ပြုဖို့ မျှော်လင့်ပါတယ်”

တကယ်တော့ လုကျိုးက ကျန်းကျို့လီနှင့် သူ့လူများအား သင်ခန်းစာ တစ်ခုပေးလိုခဲ့သည်။ သို့သော် သူက အထွတ်အထိပ် ဆန်းကြယ်စွမ်းအား အားလုံးကို သုံးပြီးပြီ ဖြစ်၏။ ထို့အပြင် သူက အသေရိုက်ချက်ကတ် တစ်ကတ်ကိုပါ အသုံးပြုခဲ့ရသည်။ အကယ်၍ သူသာ စီရင်သူဖြစ်သည့် ကျန်းကျို့လီကို သတ်လိုပါက အထွတ်အထိပ် သဏ္ဌာန်ကတ်ကို အသုံးပြုရမည်ဖြစ်ကာ ထိုက်တန်သည်ဟု မထင်ပေ။

ကျန်းကျို့လီက စိတ်မြန်လက်မြန် ရှိလှ၏။ သူက အရင်ဦးဆုံး ပြောလိုက်သည်။

“ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ။ ကျုပ် ပြန်ရောက်တဲ့အခါ တောင်ပိုင်းတိုင်းပြည်ဆီ လူတွေ မလာအောင် အကောင်းဆုံးကြိုးစားပြီး တားပါ့မယ်။ လုချန်းပေ့နဲ့ ရင်ဆိုင်တဲ့အခါလည်း သူတို့ကို သတိကြီးကြီးပေးထားပါ့မယ်။ ခင်ဗျားတို့ ယင်ကျောက်ကို မဖမ်းပြီးသရွေ့ ကျုပ် ဒီနေရာကို ပြန်မလာတော့ပါဘူး”

လုကျိုးက ခေါင်းအသာ ညိတ်လိုက်၏။ ဤလူက အမြင်ကောင်းလှသည်။ အနက်ရောင်မျှော်စင် အဖွဲ့အစည်း၏ အတွင်းရေးပဋိပက္ခများက ပြင်းထန်လွန်းလှလေရာ သူ့အနေဖြင့် လွှမ်းမိုးမှုရယူဖို့ရာအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်၏။ ထို့အပြင် သူက သူလျှို အနေဖြင့် ဆောင်ရွက်ပေးနေသည့် ယန်ကျန်းလော့လည်း ရှိနေသည်။

အကယ်၍ လှုပ်ရှားမှု ကြီးကြီးမားမားသာ ရှိပါက ယန်ကျန်းလော့က သူ့ကို ကြိုတင်သတိပေးလိမ့်မည်။ အဆိုးအကောင်းကို ချင့်ချိန်ပြီးသည့်နောက်တွင် သူက မေးလိုက်၏။

“မင်းရဲ့ စကားတွေကို ဘယ်လိုလုပ် ယုံရမှာလဲ”

မင်း ပြောတာနဲ့ မင်းက သီးသန့်မွေးဖွားဇယားချပ်သားရဲကိုမလိုချင်တော့ဘူးလို့ ယုံမယ်များ ထင်နေတာလား...

ကျန်းကျို့လီ၏ စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာ၏။ သူက လက်ဝေ့ကာ ပြောလိုက်၏။

“လုချန်းပေ့ ကျုပ်တို့က ယင်ကျောက်အတွက် ရောက်လာတာ မဟုတ်ပါဘူး။ ဒါက သက်သေပါပဲ”

ကျန်းကျို့လီ၏ လူတယောက်က ရှေ့တိုးလာကာ အိတ်တစ်ခုကို ဖွင့်ကာပြလိုက်သည်။

အနက်ရောင်အိတ်ထဲတွင် အသက်ဓာတ်နှလုံးသားတစ်ခု ရှိနေ၏။ ထိုအရာမှာ စိမ်းပြာရောင် အငွေ့အသက် တစ်ခု ထုတ်လွတ်နေကာ စွမ်းအားက အင်မတန် ကြွယ်ဝလှသည်။ ထိုအရာက အလယ်အလတ်အဆင့် အသက်ဓာတ်နှလုံးသားဖြစ်မှန်း သိသာလှ၏။

“ကျုပ်တို့တွေ ဒီအသက်ဓာတ် နှလုံးသားကို ရဖို့ မွေးဖွားဇယားချပ်သားရဲကို အတော်လေး တိုက်ခိုက်ခဲ့ရတယ်။ တကယ်လို့ ကျုပ်တို့သာ ယင်ကျောက်အတွက် ရောက်လာတယ်ဆိုရင် ဘာလို့များ အင်အားဖြုန်းတီးနေရမှာလဲ”ကျန်းကျို့လီက သူ့ရိုးသားမှုကို ပြဖို့ ကြိုးစားနေသည်။

လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်၏။

“ကောင်းပြီလေ။ မင်းကို ယုံလိုက်မယ်။ ဒီအသက်ဓာတ်နှလုံးသားက ရဖို့မလွယ်ဘူး။ သေချာသိမ်းထား”

ကျန်းကျို့လီက ထိုစကားကို ကြားသောအခါ ပျော်သွားလေ၏။

“သတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်”

တစ်ချိန်တည်းဆိုသလို ကျန်းကျို့လီအနားရှိ အနက်ရောင် အစောင့်ရှောက်က ချောင်းဟန့်လိုက်သည်။

အိတ်ကို သိမ်းဆည်းတော့မည့် ကျန်းကျို့လီက ချက်ချင်းဆိုသလို တောင့်တင်းသွား၏။ ထို့နောက် သု့မျက်နှာအထက် စိတ်ဖိစီးသည့် အရိပ်အယောင် ပေါ်ထွက်လာသည်။

လုကျိုးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ငါက မင်းကို ထွက်သွားဖို့ ပြောတာကို မင်းကဘာလို့မပျော်မရွှင် ဖြစ်နေရတာလဲ”

ကျန်းကျို့လီက သူ့ဘဝ၌ အဆိုးဝါးဆုံးအပြုံးကို အတင်းအကျပ် လုပ်ပြုံးလိုက်၏။

“မဟုတ်ပါဘူး။ ဒီအသက်ဓာတ်နှလုံးသားက ကျုပ် သိမ်းထားဖို့ ကောင်းလွန်းနေတယ်လို့ ခံစားရလို့ပါ”

ထို့နောက် သူက အံကြိတ်ကာ အိတ်ကို လုကျိုးဆီ ထိုးပေးလိုက်၏။

လုကျိုးက ပြောလိုက်သည်။

“ငါ့ကို ပေးတာလား”

“ဒါက ကျွန်တော်တို့ရဲ့ ပထမဆုံးတွေ့ဆုံမှုဆိုတော့ လုချန်းပေ့ ဒီဂါရဝပြု လက်ဆောင်ကို မငြင်းဖို့ မျော်လင့်ပါတယ်” ကျန်းကျို့လီက ထိုစကားများကို ပြောသည့်အခါ နှလုံးသားကပင် နာကျင်လာမိသည်။

လုကျိုးက မုတ်ဆတ်သပ်ကာ အသက်ဓာတ်နှလုံးသားပါတဲ့ အိတ်ကို ကြည့်ကာ ပြောလိုက်သည်။

“ကောင်းပြီလေ။ အာ့ဆိုလည်းသိမ်းထားလိုက်မယ်”

ခင်ဗျား ငြင်းဆန်လို့ရပါတယ်...

လုကျိုးက အိတ်ကို သိမ်းလိုက်သည့်အခါ ကျန်းကျို့လီက သူ့နှလုံးသားမှာ သွေးစိမ်းရှင်ရှင် ထွက်နေသည့်အလား လက်လွှတ်လိုက်ရသည်။

လုကျိုးက ထိုအိတ်ကို ယွီရှန်းရုန်ဆီ ပစ်ပေးလိုက်၏။ ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့ ရရှိထားသည့် အသက်ဓာတ်နှလုံးသားက ယခုအခါ လေးခု ရှိနေလေပြီ။ ထိုအရာများက သူ့တပည့်များ အသုံးပြုဖို့ လုံလောက်သင့်၏။ သူက ထိုအသက်ဓာတ်နှလုံးသားများကို စိတ်မဝင်စားပေ။ သူက ထိုဉာဏ်ရှိသည့် မွေးဖွားဇယားချပ် သားရဲကိုသာ စိတ်ဝင်စားမိနေပေသည်။

အသက်ဓာတ်နှလုံးသားကို အသက်သွင်းသည့် နိယာမအရ ငါးခုမြောက် အသက်ဓာတ် နှလုံးသားသည် လူတယောက်၏ စွမ်းအားကို သိသိသာသာ တိုးမြှင့်ပေးလိမ့်မည်။ အသက်ဓာတ်နှလုံးသား၏ အရည်အသွေးက ပိုပြီးမြင့်မားလေလေ တိုးမြှင့်မှုက ပိုပြီးကြီးမားလေလေ ဖြစ်၏။ သူ အသုံးပြုခဲ့သည့် အသက်ဓာတ်နှလုံးသားများက အရည်အသွေး နိမ့်ပါးပြီး တိကျန်း၏ အသက်ဓာတ်နှလုံးသားတစ်ခုထဲကပင် ကျန်သုံးခုကို အနိုင်ပိုင်းနိုင်သည်။ အသက်ဓာတ်နှလုံးသား၏ အရည်အသွေးက လူတစ်ယောက်၏ စွမ်းအားအပေါ် သက်ရောက်မှုရှိသည့်အတွက် အင်မတန် အရေးကြီးလှသည်။

“လုချန်းပေ့ကို ကျေးဇူးတင်ပါတယ်။ အခုနောက်ကျနေပြီဆိုတော့ သွားလိုက်ပါအုံးမယ်။ နှုတ်ဆက်ပါတယ်”ကျန်းကျို့လီက ပြောလိုက်သည်။

လုကျိုးက သူတို့ကို မတားလိုက်ပေ။

ကျန်းကျို့လီနှင့် အစောင့်ရှောက်များက မြောက်ဘက်သို့ ထွက်ခွာသွားကြလေ၏။

....

သူတို့သည် အပြိုအပျက်များမှ ထွက်လာပြီးသည့်နောက် ကြက်သီးတဖျင်းဖျင်း ထသွားသလို ခံစားလိုက်ရသည်။ သူ့ဝတ်ရုံတွင် ချွေးများ ရွှဲနစ်နေ၏။

အနက်ရောင် အစောင့်ရှောက်တစ်ဦးက ပြောလိုက်၏။

“သခင်ကျန်း အနက်ရောင်မျှော်စင်အဖွဲ့စည်းကို ဘယ်လိုတင်ပြကြမလဲ”

“မင်းရော ဘယ်လိုထင်လဲ။ ငါတို့တွေကတော့ ရိုးရိုးသားသား တင်ပြရမှာပဲ။ နန်ကုန်းယွီထျန်းထက်တောင် မြင့်မားနေတာ သူကငါ ဖြေရှင်းနိုင်တဲ့သူ မဟုတ်ဘူး”

“အသက်ဓာတ်နှလုံးသားက...”

ကျန်းကျို့လီက သက်ပြင်းချကာ ပြောလိုက်၏။

“သူ ဒေါသမထွက်အောင် မင်းပဲ သူ့ကို ပေးဖို့ ချောင်းဟန့်လိုက်တာ မဟုတ်ဘူးလား။ အဲ့ဒီအတွက် မင်းကိုတောင် ကျေးဇူးတင်ရအုံးမယ်”

....

ကျန်းကျို့လီ ထွက်ခွာသွားပြီးသည့်နောက်တွင် လုကျိုးက ရှောင်ယွင်ဟယ်အား မေးလိုက်သည်။

“ဒီအနီးအနားမှာ နေစရာများ ရှိလား”

“ဒီနေရာက ခေါင်လွန်းတော့ နေစရာတော့ မရှိဘူး။ ဒါပေမဲ့ တောင်ပိုင်းတိုင်းပြည်ရဲ့ အရှေ့ဘက် ဆယ်မိုင်အကွာမှာတော့ မြို့ဟောင်းတစ်ခု ရှိတယ်။ ကျုပ်တို့တွေ အဲ့ဒီနေရာကို သန့်ရှင်းပြီး နေလို့ ရလောက်တယ်” ရှောင်ယွင်ဟယ်က ပြောလိုက်သည်။

“အဲဒါဆို သွားကြရအောင်”

....

လုကျိုးက တိကျန်းကို စီးနင်းလာသည့်အတွက် သက်တောင့်သက်သာဖြစ်လှသည်။ သူက စွမ်းအင်များစွာ အသုံးပြုထားကြောင်း မည်သူကမှ မသိထားပေ။

သူတို့က အရှေ့ဘက်ရှိ မြို့ငယ်လေးဆီ ရောက်ရှိလာဖို့ သိပ်မကြာပေ။ သူတို့က နွယ်ပင်များနှင့် ပေါင်းပင်များ တက်နေသည့် အိမ်စုတ်လေး တစ်လုံးကို တွေ့ရှိပြီး သန့်ရှင်းရေးလုပ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။

ညနေခင်းတွင် တောင်ပိုင်းတိုင်းပြည်၏ ထူးဆန်းသော ရာသီဉတုကြောင့် ပိုမိုမှောင်မဲနေ၏။

“ရှစ်စွင်း ဒါက ရှစ်စွင်း ရှာနေတဲ့ ပစ္စည်းပါ” ယွီရှန်းရုန်က စာလိပ်ကို ရိုရိုကျိုးကျိုး ပေးလိုက်သည်။

လုကျိုးက ရင်းနှီးနေသည့် ကောင်းကင်ကျမ်းစာလိပ်ကို ကြည့်ကာ သူ့တပည့်ကို ချီးကျုးလိုက်၏။

“မင်းတို့အတွက် ခက်ခဲခဲ့မှာပဲ”

“ဒါက ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ” ယွီရှန်းရုန် ကပြန်ဖြေလိုက်သည်။

“ဒီအချိန်မှာ မင်းရဲ့ဒဏ်ရာတွေကို ကုစားဖို့ အာရုံစိုက်ထား။ မင်းရဲ့ ကျင့်ကြံရေးလမ်းစဉ်က ထူးခြားတယ်။ ဘယ်သူကမှ မင်းကို အကြံဉာဏ်မပေးနိုင်ဘူး။ ဒီ အသက်ဓာတ်နှလုံးသားကို ယူသွားပြီးတော့ သုံးလိုက်” လုကျိုးက ပြောလိုက်သည်။

ယွီရှန်းရုန်က ခေါင်းညိတ်လိုက်၏။

“ကျေးဇူးတင်ပါတယ် ရှစ်စွင်း … ကျွန်တော် လှည့်ကွက် တချို့...”

“မင်း နည်းလမ်းတွေ့တာ ကောင်းတယ်။ ထုတ်ပြောစရာ မလိုဘူး” လုကျိုးက ယွီရှန်းရုန် ပြောသည့် နည်းလမ်းအကြောင်း သိထား‌လေသည်။ တခြားသူများရှိနေလေရာ နည်းနည်းပြောသည်က ပိုကောင်းလေသည်။

ယွီရှန်းရုန်က သူ့ရှစ်စွင်း၏ ဆိုလိုရင်းကို နားလည်ကာ ဘေးဘက်သို့ နောက်ဆုတ်လိုက်၏။

ထို့နောက် လုကျိုးက ခေါ်လိုက်၏။

“ယွီကျန့်ဟိုင်”

“ကျွန်တော် ဒီမှာပါ”

“မင်းက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ် သဏ္ဍာန်ကို အောင်အောင်မြင်မြင် ဖွဲ့စည်းပြီးသွားပြီ။ မင်းက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ပထမဦးဆုံး တပည့်ပဲ။ ဒီနေ့က စပြီးတော့ မင်းရဲ့ သင်ကြားမှုက ပြီးမြောက်သွားပြီ”

ထိုစကားကို ကြားကာ ယွီကျန့်ဟိုင်က ဒူးထောက်လိုက်၏။ သူက အလေးအနက် မေးလိုက်သည်။

“ အဲဆို ရှစ်စွင်းက ကျွန်တော့ကို ဂိုဏ်းကနေ ထုတ်ပယ်ချင်တာလား”

“ဒါက မင်းကို ဂိုဏ်းကနေ ထုတ်ပယ်လိုက်တယ်လို့ ဘယ်လိုလုပ် ယူဆလိုက်တာတုံး။ ဒါက မင်းရဲ့အင်အားကို အသိအမှတ်ပြုမှု တစ်ခုပဲလေ။ ငါကမင်းကို ဘယ်လိုကျင့်ကြံရမယ်ဆိုတာကို သင်ပေးခဲ့ပေမဲ့ မင်းရဲ့တစ်ဘဝလုံးကိုတော့ လိုက်ပြီး စောင့်ကြပ် မပေးနိုင်ဘူး”လုကျိုးကပြောလိုက်သည်။

ယွီကျန့်ဟိုင်က ခေါင်းခါကာ ပြောလာ၏။

“မဟုတ်ပါဘူး။ ကျွန်တော် မိစ္ဆာဝေဟင်မျှော်နန်းမှာပဲ နေချင်ပါတယ်”

“မင်း ဂိုဏ်းတည်ထောင်ဖို့ မတွေးဖူးဘူးလား”လုကျိုးက စကားစလာ၏။

“...”

ယွီကျန့်ဟိုင်က ပြောလာသည်။

“ကျွန်တော်က ဂိုဏ်းချုပ်ဖြစ်ဖို့ စိတ်ထဲမထားပေမဲ့ တပည့်တွေ လက်ခံပြီး သင်ကြားပေးဖို့တော့ မသင့်တော်ဘူး။ ရှစ်စွင်း ကျွန်တော်က အဲ့လိုလုပ်ဖို့ အရည်အချင်း မပြည့်မှီသေးဘူး။ ကျွန်တော် ရှစ်စွင်းနဲ့ပဲ ဆက်ပြီး ကျင့်ကြံချင်သေးတယ်”သူ့စကားအဆုံးတွင် သူက ဝပ်တွားလိုက်၏။

ယွီကျန့်ဟိုင်၏ ဆုံးဖြတ်ချက်ကို မြင်ကာ လုကျိုးက ခေါင်းအသာ ရမ်းလိုက်သည်။ သူက မုတ်ဆိတ်သပ်လျက် ပြောလာ၏။

“အာ့ဆိုလည်း ထားလိုက်ပါ။ မင်း မလိုချင်လည်း အတင်းအကျပ် ဖိအားပေးပါဘူး”

ယွီကျန့်ဟိုင် ဆက်နေမည်ဆိုလျှင် အကျိုးကျေးဇူးများ ရှိပြီး ထွက်ခွာသွားမည်ဆိုလျှင်လည်း ဆုံးရှုံးမှု မရှိပေ။ ထို့ကြောင့် သူက ယွီကျန့်ဟိုင် ဆက်နေသည်ကို စိတ်ထဲမထားပေ။

ထိုအခိုက်တန့်တွင် ရှောင်ယွင်ဟယ်က ပြောလာ၏။

“အစ်ကိုလုကို တကယ် လေးစားမိတယ်။ အစ်ကိုလုရဲ့ တပည့်တွေက အစ်ကိုလုကို တကယ်ကိုလေးစားကြတာပဲ။ ကျုပ်တော့ တကယ်ကို အားကျမိပါရဲ့”

“မျှော်စင်သခင်ရှောင် အခုနောက်ကျနေပြီ။ စောစောအနားယူတော့လေ” လုကျိုးက ပြောလာ၏။ အထွတ်အထိပ် ဆန်းကြယ်စွမ်းအား မရှိဘဲ သူက စိတ်အေးလက်အေး မခံစားရပေ။

ရှောင်ယွင်ဟယ်၏ မျက်နှာအထက် နေရခက်သည့် အမူအရာမျိုး ပေါ်ထွက်လာပြီးနောက် ထရပ်ကာ ပြောလာ၏။

“အစ်ကိုလု ကောင်းကောင်းနားပါ”

ထိုစကား အဆုံးတွင် သူက လှည့်ကာထွက်သွားလေသည်။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းဟုန်တို့ကလည်း အိမ်အိုလေးမှ ထွက်ခွာလာကြ၏။

အားလုံး ထွက်ခွာသွားသည့်နောက်တွင် လုကျိုးက ကောင်းကင်ကျမ်းစာလိပ်လေးကို ကြည့်ကာစဉ်းစားလိုက်သည်။

ဒီစာလိပ်ကနေ ငါဘယ်လို စွမ်းအားရလာမလဲ...

...

အခန်း (၉၈၉) သတ္တမမြောက်ကောင်းကင်ကျမ်းစာ စွမ်းအား

စွန့်ပစ်ခံတောင်ပိုင်းတိုင်းပြည်၏ အခြေအနေက မကောင်းသောကြောင့် လူတိုင်းသည် ထိန်းထားရုံသာရှိသည်။

လုကျိုးသည် သူ၏ပတ်ဝန်းကျင်ကို လေ့လာလိုက်၏။ နံရံပေါ်၌ အက်ကွဲကြောင်းများ နေရာအနှံ့ရှိနေပြီး လေအေးများက စိုစွတ်မှု၊ သိပ်သည်းမှုတို့ကို သယ်ဆောင်လာလျက် အိမ်ဟောင်းအပြင်ဖက်၌ သားရဲများ၊ ငှက်များ အော်မြည်သံလည်း ကြားနေရသည်။ ဆိုးရွားညစ်ညမ်းသော အသံထဲတွင် သဘာဝထဲပေါက်ရောက်နေသော အပင်များ၏ ရနံ့ကိုလည်း ရသည်။

ယခု ညနေရောက်နေပြီဖြစ်ရာ လေထဲ အအေးဓာတ်က ပြည့်နေတော့သည်။

လုကျိုးသည် ကျင့်ကြံသူတစ်ယောက်အနေဖြင့် အအေးဒဏ်ကို မကြောက်ပေ။ သူသည် ကောင်းကင်ကျမ်းစာ စာလိပ်ကို ထပ်မံထုတ်ယူလိုက်၏။

“တင်း ... ကောင်းကင်ကျမ်းစာ စာလိပ်အသစ်ကို ရပါပြီ။ အသုံးပြုလိုပါသလား”

“သုံးမယ်”

လုကျိုး၏လက်ထဲရှိ စာလိပ်သည် အလင်းမှုန်များအဖြစ် ပျောက်ကွယ်သွားပြီ သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သွား၏။

ထင်သည့်အတိုင်းပင် ကောင်းကင်ကျမ်းစာ မျက်နှာပြင်ကို ကြည့်မိချိန်၌ ယခင်က မထင်ရှားသည့် သင်္ကေတအချို့သည် သူ မှတ်မိသည့် စကားလုံးများအဖြစ် ပြောင်းလဲသွားသည်။

“အရုဏ်ဦး၏ရနံ့တစ်ရာမှ ချီကို ခွဲခြားသိမြင်ပြီး ၎င်း၏ စေးကပ်မှုထဲ ကွာဟမှုကို သိမြင်နိုင်၏။ အသေးငယ်ဆုံးလေးသော အသေးစိတ်အချက်ကိုတောင် လွဲချော်မည်မဟုတ်။ မည်သည့်မြို့၊ နယ်ပယ်မှမဆို ရနံ့ကို အာရုံခံနိုင်၏”

ဒါ ဘာလဲဟ။

လုကျိုးသည် စကားလုံးများကို ခဏတဖြုတ်လေ့လာနေလိုက်သည်။ ထိုစကားလုံးများမှအပ အောက်ရှိစကားလုံးများကို သူ နားမလည်နိုင်တော့ပေ။

အစောပိုင်းရှိ စာလိပ်ပါ အကြောင်းအရာနှင့် ကောင်းကင်ကျမ်းစာ၏ စာလိပ်အသစ်တို့ ပေါင်းစည်းသွားပြီး အတိုင်းအတာနှင့် ခက်ခဲမှုအဆင့်က တိုးလာသည်။ ပြောရန်မလို အကျယ်အဝန်းနှင့် ခက်ခဲမှုတိုးလာခြင်းသည် သူ့အဖို့ နားလည်သဘောပေါက်အောင် ယူရမည့်အချိန် တိုးလာတာကို ဆိုလိုတာပဲဖြစ်သည်။

ယခုအချိန်တွင် လုကျိုးက အသစ်စက်စက်ကောင်းကင်ကျမ်းစာ စွမ်းအားကို ဝေဝါးဝါး ခန့်မှန်းနိုင်ပြီဖြစ်သည်။ သို့သော် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားမရှိဘဲ သူ၏ စွမ်းအားကို အတည်ပြုနိုင်စရာ အကြောင်းမရှိပေ။

သူသည် ကောင်းကင်ကျမ်းစာ စာလိပ်အသစ်ကို အလျင်စလို ဆင်ခြင်သုံးသပ်ရန်မလိုပေ။ ထိုအစား သူ့ဖာသာသူ ရေရွတ်ပြောလျက် သူ၏အသုံးပစ္စည်းကတ်များကို ကြည့်လိုက်သည်။

“ယင်ကျောက်က ရှားပါးတဲ့အသိဉာဏ်ရှိတဲ့ မွေးဖွားဇယားချပ်သားရဲဆိုတော့ သူ့ရဲ့အသက်ဓာတ် နှလုံးသားကို ရချင်ရင် ခွန်အားတစ်ခုတည်း မလုံလောက်မှာ စိုးရတယ်။ ပိုကောက်ကျစ်ဖို့ လိုတယ်”

မည်သို့ပင်ဆိုစေ လုကျိုးက သူ၏ခွန်အားကို တိုးမြှင့်ရန် လိုအပ်ကြောင်း သိနေသေးသည်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းသည် ပေါ်ပေါက်လာမှာ ဖြစ်၏။ နန်ကုန်းယွီထျန်းကဲ့သို့ ပညာရှင်တစ်ဦးပေါ်လာသဖြင့် ကျန်သည့်ပညာရှင်များ မည်မျှပေါ်လာမည်ဆိုတာ မည်သူက သိမည်နည်း။ အခြားသူများကို ဖြေရှင်းရန် သူ၏ခွန်အားကို တိုးမြှင့်ဖို့လိုသည်။

ကုသိုလ်မှတ် ၂၃၀၆၀၀

သူ၏ ကုသိုလ်မှတ်များကို ကြည့်ပြီးနောက် သူ ရထားသည့် အသေရိုက်ချက်ကတ်များကို အသုံးပြုလျှင် များစွာရမည်ဟု ခံစားမိသည်။ အသုံးပစ္စည်းကတ်များကို မကြာခဏအသုံးပြုတာ မကောင်းမှန်း သူ သိသော်ငြား ၎င်းတို့ကို ကြာရှည်စွာသိမ်းထားလျှင်လည်း အကျိုးမရှိမှန်း သိနေ၏။ သူတို့ကို အသုံးပြုရန် မှန်ကန်သောအချိန်ကို ဆုပ်ကိုင်ပြီး အလားအလာအရှိဆုံးအချိန်ကို သုံးရမည်ဖြစ်သည်။

“ဟင်း ... ကုသိုလ်မှတ် ၃၃၀၀၀” ရေရွတ်ပြောနေပြီးနောက် လုကျိုးသည် အသေရိုက်ချက်ကတ် သုံးကတ်ကို ဝယ်ရန်ဆုံးဖြတ်လိုက်၏။ ပြီးနောက် တန်ကြေးသည် သူ မှန်းဆထားသည့်အခြေအနေတွင် ရှိနေသေးသည်။

ပြီးနောက် သူသည် ပေါင်းစည်းရေးကတ်ကို ထုတ်ပြီးနောက် ကတ်လေးကတ်ကို စုပုံလိုက်၏။

“ပေါင်းစည်းမယ်”

ခဏတာအတွင်း တိုးမြှင့်အသေရိုက်ချက်ကတ်က ပေါ်လာသည်။

လုကျိုးက ကျေနပ်စွာခေါင်းညိတ်လိုက်၏။ ကုန်ကျစရိတ်သည် အနည်းငယ်မြင့်သော်ငြား သေရေးရှင်ရေး အခြေအနေ၌ များစွာ အသုံးဝင်နိုင်သည်။ ထို့အပြင် သူ၏လက်ရှိကျင့်ကြံဆင့်ဖြင့် သူသည် ပွင့်ချပ်ရှစ်လွှာအဆင့်အောက်တွင် ရှိစဉ်ကကဲ့သို့ အသေရိုက်ချက်ကတ်များကို အားကိုးရန် မလိုအပ်တော့ပေ။ ထို့ကြောင့် ကုန်ကျစရိတ်ကို လက်ခံနိုင်သည်။

သူသည် ငရဲမင်းဆက်ကွင်းကို ဆွဲထုတ်ပြီး ခဏတဖြုတ်လေ့လာလိုက်သည်။ စနစ်ကနေ ငရဲမင်းလက်စွပ်က ပိုင်ရှင်ကို အသိအမှတ်မရပြုသေးသလို အဆင့်တစ်ခု မရှိသေးကြောင်း ရှာတွေ့ခဲ့၏။ ယင်းသည် အသုံးပြုသူ၏ ခွန်အားကို ယာယီတိုးမြှင့်ပေးမည့် ပစ္စည်းသာဖြစ်သည်။ ထိုအရာကြောင့် သူသည် ၎င်းကို အာရုံမစိုက်တော့ပေ။

သူသည် လတ်တလော၌ လက်နက်များပိုမိုရရှိလာသည်။ သို့သော်ငြား သူတို့ကို စနစ်ထဲတွင် အလွယ်တကူ သိုလှောင်နိုင်သောကြောင့် သူတို့ကို စိတ်မပူပေ။

သာမန်ကျင့်ကြံသူများသည် သူပိုင်ဆိုင်ထားသည့် ရတနာများကို ရရန် မျှော်လင့်ချက်မရှိပေ။ သူတို့သည် သူ၏ရတနာများစွာထဲမှ တစ်ခုနှစ်ခုကို ရလျှင်တောင် ကံကောင်းမည်ဟု ဆိုရမှာပဲဖြစ်သည်။

နောက်ဆုံးတွင် လုကျိုးသည် ခရမ်းရောင်တောက်ပသံကျောက်ကို အသက်သွင်းပြီးနောက် ကောင်းကင်ကျမ်းစာကို စတင်ဆင်ခြင်တော့သည်။ သူသည် ရလာမည့် ကောင်းကင်ကျမ်းစာ စွမ်းအားကို အနည်းငယ်မျှော်လင့်နေမိသည်။

သူ ဆင်ခြင်သုံးသပ်သောအခြေအနေထဲ ဝင်ရောက်သွားစဉ် ကောင်းကင်ကျမ်းစာမှ အက္ခရာများသည် အသက်ဝင်လာပုံရသည်။ အေးမြသော အထိအတွေ့သည် တစ်ကိုယ်လုံး စိမ့်ဝင်ပျံ့နှံ့သွားပြီး သူ့ကို သက်တောင့်သက်သာရှိစေ၏။ တစ်ချိန်တည်းတွင် သူ၏ခန္ဓာကိုယ်သည် အပြာရောင်အလင်းဖျော့ဖျော့ တောက်ပနေ၏။

အချိန်ကုန်သွားပြီး မကြာမီ၌ အာရုံတက်အချိန်ရောက်လာသည်။

ယခုအချိန်တွင် လုကျိုးက ထူးဆန်းသော ရနံ့ကို ရှင်းရှင်းလင်းလင်း ရလိုက်၏။ ထိုအရာအပြင် သူသည် မြေဆီလွှာနံ့၊ လေထဲရှိ ငှက်တို့၏ကျင်ငယ်ရနံ့များကို ရလိုက်သည်။ သစ်ပင်ရနံ့၊ သဘာဝရနံ့၊ စိုစွတ်သောရနံ့၊ ရနံ့မျိုးစုံက သူ၏နှာခေါင်းဝနားရောက်လာ၏။

ထိုရနံ့များလှုံ့ဆော်ခံလိုက်ရပြီး လုကျိုးက မျက်လုံးဖွင့်ကာ ကြည့်လိုက်၏။

“အနံ့လား ... ကောင်းကင်ကျမ်းစာ စွမ်းအား အားလုံးက အာရုံငါးပါးနဲ့သက်ဆိုင်နေတာလား” လုကျိုးသည် စောဒကတက်ချင်လာ၏။ ဒီကောင်းကင်ကျမ်းစာ စွမ်းအားက အသုံးဝင်တာလား။ ပြီးတော့ ငါ့မှာ အနံ့ခံကောင်းတဲ့ ပိုင်အန်းက ရှိပြီးသားပဲ။ ငါ ဒီစွမ်းရည်ကောင်းဖို့ လိုလို့လား။

ပိုင်အန်းသည် ရွှေကြာနယ်မြေတွင် ရှိနေပြီး သူက အနီရောင်ကြာနယ်မြေတွင် ရှိနေသောကြောင့် တိကျန်း၊ နတ်ခြင်္သေ့၊ ကျိလျန်နှင့် အခြားသော စီးတော်သားရဲများ၌ ဤစွမ်းရည်မရှိသဖြင့် ဤစွမ်းအားအသစ်သည် အသုံးဝင်မည်ဟုသာ သူ့ကိုယ်သူကြိုးစားနှစ်သိမ့်နေတော့သည်။ သက်ပြင်းချလိုက်၏။

ပြီးနောက် လုကျိုးသည် ကောင်းကင်ကျမ်းစာစွမ်းအားကို သူ့ဖာသာသူ ဆက်လက်ဆင်ခြင်နေတော့သည်။

ယခုအချိန်တွင် ကောင်းကင်က တဖြည်းဖြည်းချင်း မိုးလင်းလာလေသည်။ အရှေ့အရပ်ရှိ ကောင်းကင်အရောင်သည် ငါး၏ဝမ်းဗိုက်အောက်နှင့် ဆင်တူတော့သည်။

အမိုးမပါသည့် အဆောက်အအုံတစ်ခုအတွင်းတွင် ဖြစ်သည်။

ယွီကျန့်ဟိုင်က ကောင်းကင်ကို မော့ကြည့်ပြီး သက်ပြင်းချလိုက်၏။ “အာ့ရှစ်တိ ... လတ်တလော ငါ အမှားကျူးလွန်မိလို့လား”

ဝေဟင်အထက် မီတာဝက်တွင် ပျံသန်းနေသော ယွီရှန်းရုန်က မျက်လုံးဖွင့်ပြီး ပြောလိုက်သည်။

“တာ့ရှစ်ရှိုးက မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်ရောက်ချိန်ကစပြီး အမှားမကျူးလွန်ဘူး”

“ဒါဆိုရင် ရှစ်စွင်းက ငါ ပညာသင်ကြားမှု ပြီးမြောက်သွားပြီလို့ ရုတ်တရက်ကြီး ဘာကြောင့် ပြောတာလဲ” ယွီကျန့်ဟိုင်သည် ထိုကိစ္စကို တစ်ညလုံးစဉ်းစားခဲ့သော်ငြား မဖော်ထုတ်ခဲ့ပေ။

“တာ့ရှစ်ရှိုးက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်ခဲ့တာကြောင့် ဖြစ်လောက်တယ်။ ပြောရရင် သူ့မှာ စိတ်ပူစရာ တခြားတပည့်တွေအများကြီး ရှိတယ်လေ။ ရှစ်ရှိုးရဲ့ အရင်ပြစ်မှုတွေကြောင့်လည်း ဖြစ်နိုင်တာပဲ။" ယွီရှန်းရုန်က အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်လေ၏။

“...” ယွီကျန့်ဟိုင်က ပြောလိုက်၏။

“ငါတို့ ဆရာတူတပည့်တွေထဲမှာ ရှစ်စွင်းနောက်မှာ အကြံအစည်မရှိတဲ့သူ မရှိလို့လား”

“ကျိုရှစ်မေ့နဲ့ ရှောင်ရှစ်မေ့” ယွီရှန်းရုန်က မဲ့လျက်ပြောလိုက်သည်။

“...”

‘ငါ သူနဲ့တကယ် အဆင်မပြေနိုင်ဘူး’ ယွီကျန့်ဟိုင်က သက်ပြင်းချပြီး မြူဆိုင်းသော ကောင်းကင်ကို ကြည့်လိုက်ပြန်၏။

ယွီရှန်းရုန်က ပြောလိုက်ပြန်သည်။

“တာ့ရှစ်ရှိုး ... ဘာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခံနေတာလဲ။ ရှစ်စွင်းက ရှစ်ရှိုးကို ထွက်သွားဖို့ ဖိအားပေးနေတာ မဟုတ်ဘူးလေ။ ရှစ်ရှိုးရဲ့ ကျင့်ကြံဆင့်ကို တည်ငြိမ်အောင်လုပ်ပြီး အသုံးမဝင်တာတွေ စဉ်းစားနေမယ့်အစား နောက်ထပ်အသက်ဓာတ်နှလုံးသားကို အသက်သွင်းဖို့ ကြိုးစားတာက ပိုကောင်းလိမ့်မယ်။ ဒီမှာ အလယ်အလတ်အသက်ဓာတ်နှလုံးသားနှစ်ခုနဲ့ အခြေခံ နှလုံးသားနှစ်ခုရှိတယ်။ အရင်ရွေးလို့ရတယ်”

“မလိုဘူး။ အသက်ဓာတ်နှလုံးသားနဲ့ စွမ်းအင်နဲ့စွမ်းရည်ကို မင်း စုပ်ယူနိုင်တယ်ဆိုတော့ မင်း ယူလိုက်” ယွီကျန့်ဟိုင်က ပြော၏။

“ငါက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်ကို ဖွဲ့တည်ပြီးသားဆိုတော့ အဲဒါကို တည်ငြိမ်အောင်လုပ်ဖို့ အချိန်တချို့ လိုသေးတယ်။ ဒီလိုအချိန်တိုအတွင်း ဒုတိယမြောက်မွေးဖွားဇယားချပ်ကို အသက်သွင်းတာက ဉာဏ်မရှိမှာ စိုးရတယ်။" ယွီကျန့်ဟိုင်သည် သူ၏ပထမဆုံးမွေးဖွားဇယားချပ်ကို အသက်သွင်းခြင်း၏ နာကျင်မှုကို တွေ့ကြုံပြီးနောက် သူ၏ ဒုတိယမြောက်မွေးဖွားဇယားချပ်ကို အသက်သွင်းရန် အလျင်မလိုပေ။ နာကျင်မှုက ဓားဖြင့် အမွှမ်းခံရသလိုပင်။

“လေးခုက ကျွန်တော့အတွက် နည်းနည်းများလွန်းတယ်။ ဒီအလယ်အလတ်အသက်ဓာတ်နှလုံးသားက ဓားမော့အသုံးပြုသူတွေအတွက် အကျိုးရှိတယ်”

ယွီကျန့်ဟိုင်က မငြင်းတော့ဘဲ လက်ဖြန့်လိုက်၏။ ပြီးတော့ သူ မေးတော့သည်။

“မင်း ယုံကြည်ချက်ရှိလား”

“ရှိတာပေါ့”

ယွီရှန်းရုန်သည် အစိမ်းရောင်အလင်းဖျော့ဖျော့ တောက်ပနေသည့် အသက်ဓာတ်နှလုံးသားကို ကိုင်ထား၏။ ပြီးနောက် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်ကာ အသက်ဓာတ်နှလုံးသားကို စတင်ဆုပ်ယူတော့သည်။ သူသည် အသက်ဓာတ်နှလုံးသားကို ဆုပ်ယူလိုက်ပြီး မည်သည့် ဘေးထွက်ဆိုးကျိုးမှ မရှိတော့ဘဲ ၎င်း၏စွမ်းအင်ကိုတောင် သိသွားသည့်အချိန်မှစပြီး ၎င်းက မည်သို့သော ပြောင်းလဲမှုဆောင်ယူလာမည်ကို သိချင်လာသည်။ ထို့ကြောင့် သူသည် အသက်ဓာတ်နှလုံးသားများကို ဆက်လက်ဆုပ်ယူရန် စိတ်အားထက်သန်နေ၏။

ထိုစဉ် အဖြူရောင်မျှော်စင်အဖွဲ့အစည်းတွင် ဖြစ်သည်။

နန်ကုန်းယွီထျန်း၏ ပြိုကွဲသွားသော အသက်ဓာတ်ကျောက်တုံး၏သတင်းက အဖြူရောင်မျှော်စင် အဖွဲ့အစည်း၏ အဆင့်မြင့်အရာရှိများကို ထိတ်လန့်သွားစေသည်။

ဝတ်ရုံရှည်ဝတ်ထားသော လူတစ်ယောက်က ပြောလိုက်လေ၏။

"မျှော်စင်သခင် ဒီကိစ္စက အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့တစ်ခုခုဆိုင်တာ သေချာတယ်။ အားသာချက်ကို အရင်ဆုံးရအောင် ယူရမယ်။ သူတို့ကို သင်ခန်းစာပေးရမယ်။ သူတို့အတွင်း ပဋိပက္ခကို အကျိုးရှိအောင် သုံးလို့ရလောက်တယ်”

မီတာဒါဇင်ချီရှည်သော စားပွဲထိပ်၌ အပြာရောင်ဖျော့ဖျော့ ဆံနွယ်ရှည်ရှိသည့် အမျိုးသမီးတစ်ဦးက ရေကဲ့သို့ မလှုပ်မယှက်ထိုင်နေလေ၏။ ထိုစဉ် နောက်ထပ်လူတစ်ယောက်က ပြောလိုက်သည်။

“နန်ကုန်းယွီထျန်းကို သတ်နိုင်တဲ့သူက ပညာရှင်တစ်ယောက်ဖြစ်ရမယ်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက တစ်စုံတစ်ယောက်ဖြစ်လိမ့်မယ်”

လူတိုင်းက ထောက်ခံကြောင်း ခေါင်းညိတ်လိုက်သည်။

“ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ တစ်စုံတစ်ယောက်လွှတ်တာ အကောင်းဆုံးပဲ။ ယင်ကျောက်က အနီရောင်နယ်မြေရဲ့တောင်ပိုင်းတိုင်းပြည်မှာ ပေါ်လာတော့မယ်။ ဒီတစ်ခေါက် မွေးဖွားဇယားချပ်သားရဲအတွက် အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့တိုက်ခိုက်တာက ကျုပ်တို့အတွက် သာမယ်မထင်ဘူး”

တစ်စုံတစ်ယောက်က မေးလိုက်၏။ “ဒါဆို နန်ကုန်းယွီထျန်းအတွက် လက်စားမချေတော့ဘူးလား”

“သူ့အတွက် လက်စားချေပေးရမှာပေါ့။ ဒါပေမယ့် ဒါ့အတွက် အချိန်ယူရမယ်။ အလျင်မလိုဘူး”

“မျှော်စင်သခင် ကျေးဇူးပြုပြီး ဆုံးဖြတ်ချက်ချပေးပါ”

...

အခန်း (၉၉၀) အဆုံးသတ်ထိ အဖော်ပြုပေးမယ်

အားလုံးက စားပွဲထိပ်ဆုံးတွင် ထိုင်နေသူကို လှည့်ကြည့်လိုက်ကြသည်။ သူမ၏ ထူးကဲလှသော မျက်နှာအထက်တွင် ပျော်ရွှင်မှု သို့မဟုတ် ဝမ်းနည်းမှု အရိပ်အယောင်ကို မမြင်တွေ့ရပေ။

သူမက ခေါင်းမေ့ကာ မေးလိုက်သည်။

“နဉ်ဝမ်ချင်က ဘယ်မှာလဲ”

“စီရင်သူနဉ်က ‌ရွှေကြာနယ်မြေဆီကို အဖြူရောင် အစောင့်အရှောက်တွေရဲ့ သေဆုံးမှုကို စုံစမ်းဖို့ သွားပါတယ်။ သူက တောင်ပိုင်းတိုင်းပြည်ဆီကို သွားမယ်လို့ ပြောခဲ့ပါတယ်”

“အင်း ”

အမျိုးသမီးက စားပွဲခုံဝန်းကျင်တွင် ထိုင်နေသူများကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“ယင်ကျောက်ရဲ့ အသက်ဓာတ်နှလုံးသားကို ဘယ်လိုပဲဖြစ်ဖြစ် ပြန်ယူလာခဲ့”

“ဟုတ်ကဲ့”

အမျိုးသမီးက ဆက်မပြောတော့ပေ။ သူမက ဖြည်းဖြည်းချင်း ထရပ်ကာ ပိန်ပါးသွယ်လျသည့် သွင်ပြင်ကို ထုတ်ပြလာခဲ့သည်။ သူမ၏ သွင်ပြင်နှင့် အပြာရောင် ဆံပင်ရှည်တို့က ဆွဲဆောင်မှုကို ထပ်အားဖြည့်ထားသလို ဖြစ်နေ၏။ သူမက ပေတစ်သောင်းမြင့်မားသည့် အဖြူရောင်မျှော်စင်တွင် တည်ရှိသည့်ခန်းမမှ ထွက်လာလိုက်သည်။

မျှော်စင်က မြင့်မားလွန်းသည့်အတွက် ကောင်းကင်ယံရှိ တိမ်တိုက်များကိုပင် ထိုးဖောက်နေလေ၏။ အကယ်၍ ထိပ်မှအောက်ကို ငုံ့ကြည့်လိုက်ပါက ကုန်းမြေသည် နှင်းများဖြင့် ဖုံးလွှမ်းထားသလိုမျိုး မြင်ရလိမ့်မည်။

…

မျက်စိတစ်မှိတ်အတွင်း သုံးရက်တာ ကုန်ဆုံးသွားလေ၏။

ရာသီဥတုက အနီရောင်ကြာနယ်မြေရှိ တောင်ပိုင်းတိုင်းပြည်အတွင်း ပုံမှန်အတိုင်း မှုန်မှိုင်းနေဆဲသာ ဖြစ်၏။ တစ်နှစ်ပတ်လုံး မီးခိုးရောင်နယ်မြေများကြားတွင် နေရောင်က အဘယ်ကြောင့် ဖုံးကွယ်ထားခံရမှန်း မသိပေ။

ထိုအချိန်တွင် လုကျိုးက သူ့အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို အပြည့်အဝ ရရှိသွားပြီ ဖြစ်၏။ သူက ရုတ်တစ်ရက် ရနံ့သင်းသင်းလေးကို ရှုရှိုက်လိုက်မိ၏။

“ငါရဲ့အနံ့ခံနှုန်းက အားကောင်းလာတာလား”

သူက ထရပ်ပြီးသည့်နောက်တွင် ထိုအိမ်မှထွက်လာလိုက်ပြီး အနံ့ရှိရာဆီ လိုက်လာလိုက်သည်။

သိပ်မကြာခင် သူက မီးပုံဝန်းကျင်ထိုင်ကာ အသားကင်စားနေသည့် အနက်‌ရောင် အစောင့်အရှောက်တချို့ကို မြင်လိုက်ရ၏။ ထိုနေရာမှ အနံ့သင်းသင်းလေး ထွက်နေဖို့ သိရန် သိပ်မကြာလိုက်ပေ။

ထိုစဉ် ရှောင်ယွင်ဟယ်က လျှောက်လှမ်းလာပြီး လုကျိုးကို နှုတ်ဆက်လိုက်သည်။

“အစ်ကိုလု”

လုကျိုး၏ နှာခေါင်းထဲ ချဉ်စုတ်စုတ် အနံ့တစ်ခု ချက်ချင်း ဝင်ရောက်လာသည်။

သူ ရေမချိုးတာ ဘယ်လောက်ကြာသွားပြီလဲ။

ဒါက ခုနှစ်ခုမြောက် ကောင်းကင်ကျမ်းလား။

အနံ့အာရုံကို မြှင့်တင်ပေးလိုက်တာပဲ။

…

အစပိုင်းတွင် လုကျိုးက ထိုစွမ်းအားသည် အသုံးမဝင်ဘဲ နေလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း သူက အရှိန်အဝါနှင့် စွမ်းအားများကို အနံ့ခံနိုင်ကြောင်း တွေ့ရှိသွားသည့်အခါ စိတ်ပြောင်းလဲသွားခဲ့သည်။ ကျင့်ကြံရေးလောက၌ လူများစွာသည် သူတို့၏ အရှိန်အဝါများကို ဖုံးကွယ်ပြီး တခြားသူများကို လှည့်ဖျားဖို့ ကြိုးစားလေ့ရှိသည်။

သို့သော်လည်း အရှိန်အဝါ၏ ရနံ့ကို ဖုံးကွယ်ဖို့ မဖြစ်နိုင်ပေ။

အကယ်၍ သူသာ လူတစ်ယောက်၏ ကျင့်ကြံဆင့်ကို ရနံ့မှ ခွဲခြားနိုင်မည်ဆိုလျှင်…

လက်ရှိ သူက ရနံ့စွမ်းအားကို အသုံးမပြုထားသော်လည်း နောက်ဆက်တွဲ သက်ရောက်မှုကြောင့် သူ့အနံ့ခံနှုန်းက မြင့်မားနေဆဲ ဖြစ်၏။ ရနံ့စွမ်းအားကို အသုံးမပြုဘဲ သူ ရှုရှိုက်လိုက်သည့် အရာအားလုံးကို မွှေးကြိုင်သည်လား သို့မဟုတ် အနံ့ထွက်နေသည်လား ခွဲခြားနိုင်သည်။ အကယ်၍ သူသာ ရနံ့စွမ်းအားကို အသုံးပြုပါက အရှိန်အဝါနှင့် စွမ်းအားများကို အနံ့ခံနိုင်မည် မဟုတ်ပါလော။

ဤသို့ဖြင့် လုကျိုးက ကောင်းကင်ကျမ်းစွမ်းအားအသစ်အတွက် မန္တန်အသစ်ကို တိတ်တဆိတ် ရွတ်ဖတ်လိုက်သည်။

မိုးသောက်ယံက ရနံ့ရာချီ လူတစ်ယောက်က ချီကို ခွဲခြားနိုင်တယ်။ အသေးစိတ် အနည်းငယ်တောင် လွှဲမှားလို့ မရဘူး။ လူတစ်ယောက်က ရနံ့ကို ခံနိုင်ရင် မြို့ဖြစ်စေ၊ နယ်ဖြစ်စေ ထိုအရာက တည်ရှိနေလိမ့်မယ် …

မျက်စိတစ်မှိတ်အတွင်း ပူရှိန်းနံ့ သင်းသင်းလေးက သူ့နားခေါင်းအထက် ဝင်ရောက်လာသည်။ ထို့နောက် သူက ရှောင်ယွင်ဟယ်ဆီမှ အေးစက်စက် သေရည်အနံ့ကို ရလိုက်သည်။

ဒါက သူ့ကျင့်ကြံဆင့်ရဲ့ ရနံ့လား…

ကျင့်ကြံသူအားလုံးတိုင်းက ကျင့်ကြံရေးလောကတွင် ထူးကဲကြသည်။ လူနှစ်ယောက်က တူညီသည့် စရိုက်ရှိပြီး တူညီသည့် ကျင့်ကြံရေးနည်းစနစ်ကို ကျင့်ကြံထားလျှင်ပင် ရလဒ်က ကွဲပြားနေဦးမည် ဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံသူတိုင်း၏ အငွေ့အသက်သည် ထူးခြားလှသည်။

“အစ်ကိုလု”

ရှောင်ယွင်ဟယ်က လုကျိုး အတွေးနက်နေသည်ကို မြင်သည့်အခါ ခေါ်လိုက်၏။ လုကျိုးက အသိပြန်ဝင်လာကာ မေးလိုက်သည်။

“ရှောင်ယွင်ဟယ် ခင်ဗျားက အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ မျှော်စင်သခင်ဟောင်းဆို”

ရှောင်ယွင်ဟယ်က အနည်းငယ် အံ့အားသင့်သွားမိ၏။ သူ့ရှေ့မှလူကို ကြည့်လိုက်သည်။ ထိုမေးခွန်းကို နောက်ဆုံးတော့ မေးလာခဲ့လေပြီ။ သူက ဂုဏ်ယူမှုဖြင့် ခေါင်းညိတ်ကာ ပြောလိုက်၏။

“ဒါပေမဲ့ အဲဒါတွေအကုန်လုံးက အတိတ်တွေပါ။ ပြောဖို့မလိုပါဘူး”

“ကောင်းပြီလေ။ အဲဒါဆိုလဲ ဆက်‌မပြောတော့ဘူး”

လုကျိုးက လက်နောက်ပစ်ကာ ထွက်သွားလေသည်‌။ ရှောင်ယွင်ဟယ်က မွေးဖွားဇယားချပ်ငါးခု ဆုံးရှုံးထားရလေသည်။ ထို့ကြောင့် ထိုသူ့၏ ဒဏ်ရာကို ဆားဖြင့် ပွတ်သည်က မသင့်တော်လှပေ။

သူက ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့၏ အငွေ့အသက်ကို စစ်ဆေးကြည့်ဖို့ ထွက်လာလိုက်၏။

ရှောင်ယွင်ဟယ် “...”

ရှောင်ယွင်ဟယ်က လေထဲတွင် ဝဲပျံရင်း ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကို ကြည့်လိုက်သည်။ ယွီရှန်းရုန်၏ စိတ်ဝိညာဉ်သဏ္ဌာန်က အသက်ဓာတ်နှလုံးသား စုပ်ယူနေသည်ကို ကြည့်နေရင်း ကောင်းကင်ကျမ်း စွမ်းအားအသစ်အတွက် မန္တန်ကို တိတ်တဆိတ် ထပ်မံ ရွတ်ဖတ်လိုက်သည်။

သူက ယွီရှန်းရုန်ဆီမှ လျှို့ဝှက်ဆန်းကြယ်စွာ မဖော်ပြနိုင်သည့် အရာတစ်ခုကို အနံ့ခံမိလိုက်ပြီး နှလုံးခုန်တစ်ချက် မြန်သွားမိသည်။

“ဒါက မဟာလေဟာနယ်ရဲ့ ရနံ့လား”

လုကျိုးက ရနံ့စွမ်းအားနှင့် အမြင်စွမ်းအားတို့ကို တစ်ချိန်တည်း အသုံးပြုပါက မည်သည့်အရာကို ရှာဖွေတွေ့ရှိသွားနိုင်မလဲဟု သိချင်လာမိသည်။ ယခင်က သူသည် ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့ကို လေ့လာဖို့ အမြင်စွမ်းအားကို အသုံးပြုခဲ့ဖူးသည်။ သူက အမြင်စွမ်းအားဖြင့် လူတစ်ယောက်တည်းအပေါ် အသုံးမပြုခဲ့ဖူးပေ။

လုကျိုးက တုံ့ဆိုင်းမနေဘဲ အမြင်စွမ်းအား၏ မန္တန်ကို ရွတ်ဖတ်လိုက်၏။ သူ့မျက်ဝန်းအထက် အပြာရောင်စွမ်းအား တောက်ပလာကာ တောင်ပိုင်းတိုင်းပြည်၏ မှုန်မှိုင်းနေသည့် ရာသီဥတုနှင့် ကွဲပြားစွာ ထင်ရှားလာသည်။

သူက ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့၏ အငွေ့အသက်သည် တူညီသလိုလိုနှင့် အနံ့ကွဲပြားနေကြောင်း သတိပြုမိလာ၏။ ယွီရှန်းရုန်၏ အငွေ့အသက်က လေပြေလေးလို ညင်သာကာ ကြော့ရှင်းလှသည်။ တခြားတစ်ဖက်တွင် ယွီကျန့်ဟိုင်၏ အငွေ့အသက်က မုန်တိုင်းလိုမျိုး လှည့်ပတ်နေသည်။ တပည့်နှစ်ဦး၏အငွေ့အသက်က တူညီသည့် အရာနှစ်ခုတော့ ရှိလေသည်။

သူတို့၏ ခန္ဓာကိုယ်ဝန်းကျင်ရှိ အငွေ့အသက်က ပတ်ဝန်းကျင်ရှိ မိုးမြေအနှစ်သာရနှင့်အတူ တစ်သားတည် လှည့်ပတ်နေသည်။ မိုးမြေ၏ စွမ်းအားက သူတို့၏ စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်ထဲ စီးဆင်းသွားသည့်အခါ သူတို့၏ ကနဦးချီနှင့် ပြီးပြည့်စုံစွာ ပေါင်းစည်းသွားသည်။

လူတော်တော်များများက မဟာလေဟာနယ် စွမ်းအားကို လိုချင်နေတာ မဆန်းတော့ပါဘူး…

လုကျိုးက‌ ကောင်းကင်ကျမ်းစွမ်းအာကို ဖြတ်တောက်လိုက်သည်။ သူ တွေ့မိသည့် တစ်ခုတည်းသော အသုံးပြုမှုက နောက်ယောင်ခံဖို့နှင့် ကျင့်ကြံဆင့်များကို ခွဲခြားဖို့သာ ဖြစ်သည်။

သူက ရနံ့သစ်စွမ်းအားအတွက် စွမ်းအားကုန်ဆုံးမှုသည် အမြင်စွမ်းအားလောက် မများပြားကြောင်း သိလိုက်ရ၏။ ဆိုလိုသည်မှာ သူက ရနံ့စွမ်းအားကို အချိန်အတော်ကြာ အသုံးပြုနိုင်သည်။

…

ညနေပိုင်း

ယွီရှန်းရုန်က စီးဝူယာ့အား သူတို့ဘေးကင်းကြောင်းနှင့် မစိုးရိမ်စေဖို့ သတင်းလှမ်းပို့လိုက်သည်။ စီးဝူယာ့နှင့် မိစ္ဆာဝေဟင်မျှော်နန်းရှိ လူများက မြို့တော်တွင် ဆက်နေနေစဉ် တောင်ပိုင်းတိုင်းပြည်ဆီ ထွက်လာသည့် မင်ရှစ်ရင်တစ်ယောက် ဘယ်ရောက်နေမှန်း မသိကြပေ။

…

မျက်စိတစ်မှိတ်အတွင်း တစ်လတာ ကုန်ဆုံးသွားလေ၏။

တောင်ပိုင်းတိုင်းပြည်၏ ငြိမ်သက်မှုက နောက်ဆုံးတွင် ကျိုးပျက်သွားခဲ့သည်။

ရှောင်ယွင်ဟယ်နှင့်ဝူချောင်တို့က လုကျိုးရှိရာ အိမ်အပြင်ဘက်တွင် ပေါ်ထွက်လာကြသည်။ ယခင်လအတွင်း ထိုနှစ်ဦးသားက တခြားသူများ ကျင့်ကြံနေစဉ် နေရာတစ်ဝိုက်ကို စုံစမ်းရင်း အလုပ်ရှုပ်နေခဲ့ကြသည်။

“အစ်ကိုလု တောင်ပိုင်းတိုင်းပြည်ရဲ့ အနောက်တောင်ဘက် မိုင်ရာချီအကွာမှာ လှုပ်ရှားမှု ရှိလာတယ်”

ထိုစကားကို ကြားကာ လုကျိုးက အိမ်ငယ်လေးထဲမှ ထွက်လာလိုက်၏။

“အဲ့ဒါက ယင်ကျောက်လား”

ဝူချောင်က ပြန်ဖြေလိုက်သည်။

“ယင်ကျောက် ဟုတ်မဟုတ်တော့ မသေချာဘူး။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းက ကျင့်ကြံသူတွေ စေလွှတ်လိုက်တာတော့

အတည်ပြုနိုင်ခဲ့တယ်။ အဲဒါကလွဲရင် တာ့ယွမ်ရဲ့ တော်ဝင်ခုံရုံးနဲ့ အလင်းနဲ့ အမှောင် မဟာမိတ်တို့လည်း ရောက်နေတဲ့ပုံပဲ”

“မင်းတို့ရဲ့ အနက်ရောင်ကြာနယ်မြေကအတော်လေး တက်ကြွနေကြတာပဲ” လုကျိုးက ပုံမှန်အတိုင်း ပြန်‌ဖြေလိုက်၏။

“ယင်ကျောက်နဲ့ ပတ်သက်နေတာဆိုတော့ အံ့အားသင့်စရာတော့ မရှိပါဘူး” ရှောင်ယွင်ဟယ်က ပြောလိုက်သည်။

“အမှန်အတိုင်းပြောရရင် ကျုပ်လဲ ယင်ကျောက်ရဲ့ အသက်ဓာတ်နှလုံးသားကို လိုချင်နေတာပဲ။ အဲဒါက ကျုပ်ရဲ့ မွေးဖွားဇယားချပ်တွေကို ပြန်ရအောင် ကူညီပေးနိုင်တယ်”

မင်းက ယင်ကျောက်ရဲ့ အသက်ဓာတ်နှလုံးသား လိုချင်တာကို ငါ မသိဘူးများထင်နေလား…

လုကျိုးက ထိုသို့တွေးမိလိုက်သော်လည်း သူ့အမူအရာများက နဂိုအတိုင်းကျန်ရှိနေဆဲ ဖြစ်၏။

“အဲ့ဒါက ထူးထူးဆန်းဆန်း သက်ရောက်မှုများ ရှိလို့လား”

“ဟုတ်တယ်” ရှောင်ယွင်ဟယ်က ခေါင်းညိတ်လိုက်၏။ ထို့နောက်သူက သက်ပြင်းချကာ ပြောလိုက်၏။

“အစတုန်းကတော့ အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အဖြူရောင် မျှော်စင် အဖွဲ့အစည်းကြားက ပဋိပက္ခကို သုံးပြီးတော့ ယင်ကျောက်ရဲ့ အသက်ဓာတ်နှလုံးသားကို ကြားကနေ အခွင့်ကောင်းယူဖို့ ကြံစည်ထားခဲ့တာ။ ဒါပေမဲ့ အခုတော့ ခက်သွားလောက်ပြီ။ အစ်ကိုလု … ခင်ဗျားနဲ့ ကျုပ်နဲ့ ဒီအသက်ဓာတ်နှလုံးသားနဲ့ ကံမစပ်ဘူး ထင်ပါတယ်ဗျာ”

လုကျိုးက ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်။ မင်းက ဒီအသက်ဓာတ်နှလုံးသားနဲ့ ကံမပါဘူး”

“…”

ထိုစဉ် အဝေးတစ်နေရာတွင် ကျင့်ကြံသူထောင်ချီက တစ်ယောက်နောက် တစ်ယောက် လိုက်နေကြသည်။

ရှောင်ယွင်ဟယ်က လက်ညိုးထိုးပြကာ “သူတို့က အညတရအဖြူရောင်ဂိုဏ်းကပဲ”

“အညတရအဖြူရောင်ဂိုဏ်းလား”

“အဖြူရောင်ကြာနယ်မြေတွေက အနက်ရောင်ကြာနယ်မြေနဲ့ မတူဘူး။ အနက်ရောင်ကြာနယ်မြေတွေက အင်အားစုတွေ ပိုင်းခြားထားပြီးတော့ တစ်ခုချင်းစီက အတွင်းရေးပဋိပက္ခတွေ ရှိကြတယ်။ တခြားတစ်ဖက်မှာတော့ အဖြူရောင် ကြာနယ်မြေရဲ့ ကျင့်ကြံသူတွေက ပိုပြီးတော့ စည်းလုံးကြတယ်။ အဖြူရောင်မျှော်စင် အဖွဲ့အစည်းအပြင်

အညတရအဖြူရောင်ဂိုဏ်းက အဖွဲ့သားအများဆုံး ရှိတာပဲ။ နာမည်အတိုင်း ကျင့်ကြံသူတွေက ဆင်းရဲမှုကနေ မွေးဖွားလာကြတဲ့သူ‌တွေ များတယ်။ သူတို့အဖွဲ့ဝင်တွေရဲ့ တူညီတဲ့ အဆင့်အတန်းကြောင့် သူတို့ကပိုပြီးတော့ စည်းလုံးကြတယ်။ ကံဆိုးတာက အရေအတွက်များနေပေမဲ့ သူတို့ထဲမှာ ပညာရှင်က နည်းနည်းပဲ ရှိတယ်။ သူတို့ရဲ့နိမ့်ကျတဲ့ စတင်မှုကြောင့် ဖြစ်နိုင်တယ်။ အရေးသာတဲ့သူတွေက မွေးဖွားလာကတည်းက ခြေတစ်လှမ်း စောခဲ့တာပဲလေ…

အနက်ရောင်မျှော်စင် အဖွဲ့အစည်းက သူတို့ကို အမှိုက်သရိုက်လိုပဲ တွေးထားကြတာ”

အဖြူရောင်ပုံရိပ်များက ကောင်းကင်အထက် ပျံသန်းသွားပြီး အနောက်တောင်ပိုင်းဆီ ဦးတည်သွားကြသည်။

“တခြားအင်အားစုတွေရော ဒီမှာ ရှိလား။ ဘယ်သူက ကျင့်ကြံဆင် အမြင့်ဆုံးလဲ” လုကျိုးက မေးလိုက်သည်။

ဝူချောင်က ခေါင်းခါကာ ပြောလိုက်၏။

“အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အဖြူရောင် မျှော်စင်အဖွဲ့အစည်းတို့ရဲ့ စီရင်သူတွေလည်း ရောက်လာတဲ့ပုံပဲ။ ဂိုဏ်းမဲ့ ကျင့်ကြံသူတွေလည်း ရောက်နေကြတယ်။ အဲဒါအပြင် မိုးမြေရဲ့ ကျယ်ပြောမှုကို မသိတဲ့ အနီရောင်ကြာနယ်မြေရဲ့ ကျင့်ကြံသူအုပ်စု တစ်ချို့လည်း ရောက်လာကြတယ်။ ဒါပေမဲ့ သူတို့ကို ခြောက်လွှတ်လိုက်တယ်။ သူတို့က ဒီကိုရောက်လာတာက ကိုယ့်သေတွင်းကို တူးနေသလိုပဲလေ။ ကျင့်ကြံဆင့် အမြင့်ဆုံးလူဆိုရင်တော့… တကယ်လို့ အနက်ရောင်မျှော်စင်နဲ့ အဖြူရောင်မျှော်စင်တို့ရဲ့ မျှော်စင်သခင်တွေသာ ရောက်လာတော့မယ်ဆိုရင် သူတို့က မွေးဖွားဇယားချပ် ဆယ့်နှစ်ခုထက်တော့ နည်းမှာ မဟုတ်ဘူး”

လုကျိုးက ခေါင်းညိတ်လိုက်ပြီး အနောက်တောင်ဘက်ဆီ လှည့်ကြည့်လိုက်သည်။

“ငါက ယင်ကျောက်ရဲ့ အသက်ဓာတ်နှလုံးသားကို ရယူဖို့ ဆုံးဖြတ်ပြီးသွားပြီ… တိကျန်း ”

ဂတ်

တိကျန်းက အိမ်ထဲမှ‌ပြေးထွက်လာပြီး လုကျိုးရှေ့တွင် ရပ်တန့်လိုက်သည်။ သူက တောင်ပံကို အောက်နိမ့်ချထားပြီး သူ့သခင်ကို တက်ခိုင်းလိုက်၏။

ထိုစဉ် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကလည်း ရုတ်ရုတ်သဲသဲကို ကြားကာ အပြေးအလွှား ရောက်လာကြသည်။

“ရှစ်စွင်း”

လုကျိုးက ယွီကျန့်ဟိုင် နှင့် ယွီရှန်းရုန်တို့ကို ကြည့်လိုက်ကြ၏။ သူက ယွီရှန်းရုန်၏ အရှိန်အဝါသည် ပို၍ အားကောင်းလာကြောင်း တွေ့ရှိလိုက်၍ မေးလိုက်သည်။

“မင်း အသက်ဓာတ်နှလုံးသားတွေ အကုန်လုံးကို အသုံးပြုပြီးသွားပြီလား”

ယွီရှန်းရုန်က ခေါင်းညိတ်ကာ တောင်းပန်တော့မည့်ဆဲဆဲတွင် လုကျိုးက ပြောလိုက်သည်။

“အဲ့လိုလုပ်ဖို့ မလိုဘူး။ အသက်ဓာတ်နှလုံးသားက အစတည်းက မင်းအတွက်ပဲလေ”

ရှောက်ယွင်ဟယ်က ယွီရှန်းရုန်ကို တအံ့တဩဖြင့် ကြည့်ကာမေးလိုက်သည်။

“မင်းက အသက်ဓာတ်နှလုံးသားတွေကို တကယ်ကြီး စုပ်ယူနိုင်ခဲ့တာလား”

“ကံကောင်းလို့ပါ” ယွီရှန်းရုန်က ပြန်ဖြေလိုက်သည်။

“ထူးဆန်းလိုက်တာ ငါ ဒီနည်းလမ်းကို အရင်တုန်းက ကြိုးစားခဲ့ဖူးပေမဲ့ မစုပ်ယူနိုင်ခဲ့ဘူး” ရှောင်ယွင်ဟယ်က နားမလည်နိုင် ဖြစ်နေမိ၏။

“ခင်ဗျားက မွေးဖွားဇယားချပ်အများကြီး ရှိတာဆိုတော့ ခင်ဗျားရဲ့ မွေးဖွားနန်းဆောင်က စုပ်ယူဖို့ ခက်ခဲနေတာ ပုံမှန်ပါပဲ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“အမ်း အဲ့လိုမျိုးပေါ့”

ရှောင်ယွင်ဟယ်က သက်ပြင်းချလိုက်မိ၏။ လုကျိုးက တိကျန်း၏ ကျောပေါ် ခုန်တက်သွားပြီး အနောက်တောင်ပိုင်းကို လှမ်းကြည့်ပြီးနောက် အားလုံးကို တစ်ချက် ကြည့်ကာ ပြောလိုက်သည်။

“ဒီလမ်းစဉ်က အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာ ပညာရှင်တွေ အများကြီး ရှိတယ်။ သေရမှာကြောက်တဲ့သူတွေက မလိုက်ခဲ့လို့ ရတယ်။ မင်း‌တို့တွေကို ဖိအားမပေးဘူး”

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က တုံ့ဆိုင်းမနေဘဲ ကောင်းကင်အထက် ပျံသန်းလိုက်ကြသည်။

ရှောင်ယွင်ဟယ်ကလည်း ပြောလိုက်၏။

“ အစ်ကိုလုက ဆုံးဖြတ်ပြီးမှတော့ အဆုံးထိ ကျုပ်လည်းလိုက်ပြီးတော့ အဖော်ပြုပေးပါ့မယ်”

All Chapters