အခန်း (၉၉၁-၉၉၃)
Vol. 67 Ch. 991-993
အခန်း (၉၉၁) ယင်ကျောက်
တိကျန်းက လုကျိုးကို သယ်လျက် ဝေဟင်ထဲ မြင့်မြင့် ပျံသန်းနေတော့သည်။
လုကျိုးသည် ရှောင်ယွင်ဟယ်၊ ဝူချောင်နှင့် ကျန်သည့်သူများကိုကြည့်ပြီး ပြောလိုက်လေ၏။
“မင်းတို့အဝတ်အစားတွေကို လဲလိုက်။ ဒါက ထင်းလွန်းတယ်”
လုကျိုးသည် သူတို့သည် အနက်ရောင်မျှော်စင်အဖွဲ့အစည်း၌ နေထိုင်တာ ကြာလွန်းသောကြောင့် အနက်ရောင်ထိုမျှကြိုက်နေသလားဟု တွေးမိသည်။ အနက်ရောင်အစောင့်များက အနက်ရောင်ချပ်ဝတ် ဝတ်ပြီး သူတို့ပြောင်းလဲချိန်တွင်တောင် ကွာဟချက်မရှိပေ။ တစ်ချက်ကြည့်ရုံဖြင့် အနက်ရောင်အစောင့်များမှန်း အလွယ်တကူပြောနိုင်၏။
ဝူချောင်က ဦးညွှတ်ပြီး ပြောလိုက်သည်။ “အဝတ်အစားတချို့ ရှာလိုက်ပါဦးမယ်”
ရှောင်ယွင်ဟယ်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ "သွား"
ဝူချောင်သည် လျှပ်တပြက်အတွင်း တောအုပ်ထဲ ပျောက်ကွယ်သွားသည်။
လုကျိုးက ခေါင်းခါလိုက်သည်။ သူတို့က နံနေတာ အံ့ဩစရာမရှိပေ။ ထိုအနက်ရောင်အစောင့်များသည် သူတို့ကနဦးချီကို ချွေတာထားပြီး သူတို့၏အထွတ်အထိပ် အခြေအနေကို ထိန်းသိမ်းထားခြင်းမရှိပေ။ လူတို့သည် စားသောက်ပြီး သန့်စင်ခန်း သွားရ၏။
သူတို့စောင့်ဆိုင်းနေစဉ် လုကျိုးက ရှောင်ယွင်ဟယ်ကို မေးလိုက်သည်။
“မင်းက အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ မျှော်စင်သခင်ဖြစ်ခဲ့ဖူးတယ်ဆိုတော့ အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အဖြူရောင်အဖွဲ့အစည်းရဲ့ အလုံးစုံခွန်အားရယ်၊ နည်းလမ်းရယ်၊ ဆောင်ရွက်တဲ့နည်းလမ်းတွေကို ရင်းနှီးမှာပဲ။ ဒီတစ်ခေါက် ဘယ်သူလာလိမ့်မယ်လို့ ထင်လဲ”
ရှောင်ယွင်ဟယ်က ခြောက်ကပ်ကပ် ပြုံးလိုက်လေ၏။ ၎င်းသည် ဖြေဆိုရန်လွယ်ကူသော မေးခွန်းတစ်ခု မဟုတ်ပေ။
“အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ခွန်အားတွေက ယှဉ်လို့ရတယ်။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက နန်ကုန်းယွီထျန်းကို ပို့တယ်ဆိုတော့ အနက်ရောင်အဖွဲ့အစည်းက ကျန်တဲ့ စီရင်သူနှစ်ယောက် ရောက်လာမှာပဲ။ ဒါ့အပြင် အနက်ရောင်မျှော်စင်အဖွဲ့အစည်းထဲမှာ လာလောက်တဲ့ ပညာရှင်တွေ အများကြီးရှိတယ်။ သူတို့တွေက အနက်ရောင်အစောင့်တွေထက် ပိုအစွမ်းထက်တယ်။ အကြီးအကဲအစည်းအရုံးနဲ့ စီရင်သူခေါင်းဆောင်တို့ကတော့ ဘယ်သူလာမလဲဆိုတာ သေချာမသိဘူး။ ဒီလူတွေက သူတို့ အသက်ကို အလွန်တန်ဖိုးထားပြီး သူတို့အလုပ်တွေကို တခြားသူကို လုပ်ခိုင်းနေကြ။ ကိုယ်တိုင်လာတာရှားတယ်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင်အဖွဲ့အစည်း ကြား နှစ်ပေါင်းများစွာ ပဋိပက္ခဖြစ်နေတဲ့ ကာလထဲ နှစ်ဖက်လုံးက အဆင့်မြင့်အဖွဲ့သားတွေ တစ်ယောက်မှ မလှုပ်ရှားခဲ့ဘူး။ ကျုပ်တစ်ယောက်တည်း ခြွင်းချက်”
ရှောင်ယွင်ဟယ်က ဆက်ပြောလိုက်၏။
“မျှော်စင်သခင်အနေနဲ့ အနက်ရောင်မျှော်စင်အဖွဲ့အစည်းထဲက လူတိုင်း ကျုပ်ကို နာခံရတယ်။ သူတို့ ကျုပ်အပေါ်သစ္စာရှိပြီး ကျုပ်က သူတို့အပေါ်သစ္စာရှိတယ်။ ကျုပ် အထွတ်အထိပ်ကာလမှာ ရှိနေခဲ့ရင် ယင်ကျောက်ရဲ့နှလုံးသားကို တောင်ပိုင်းတိုင်းပြည်မှာ ရယူဖို့ စိုးရိမ်မိမှာ မဟုတ်ဘူး။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ မဟာစီရင်သူလေးဦးကတောင် ကျုပ်ကို ဦးညွှတ်ရမှာ”
လုကျိုးက ခေါင်းညိတ်လိုက်ပြီး ရှောင်ယွင်ဟယ်၏ ကြွားလုံးထုတ်သော စကားများကို မှတ်ချက်မဆိုခဲ့ပေ။ သူက
“မင်းမှာ ဒီလို ဂုဏ်သရေထွန်းလင်းတဲ့အတိတ်တစ်ခု ရှိခဲ့တာပဲ။ သစ္စာဖောက်တွေကြောင့် ထိခိုက်ခဲ့တာ နှမြောစရာပဲ။ ရှားကျန်းလုံက မင်းထက်ပိုပြီး သန်မာလား”
“သူက အာပလာပါ” ရှောင်ယွင်ဟယ်သည် ရှားကျန်းလုံအကြောင်းကြားသောအခါ အနည်းငယ် စိတ်ပါလာ၏။
“အရင်တုန်းက ကျုပ်က အင်မတန်အန္တရာယ်များတဲ့ တာဝန်ထဲ ပါဝင်ခဲ့ပြီး အမည်မဲ့မြေမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရနေပြီး မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးသွားတာ။ ပြီးတော့ ရှားကျန်းလုံအတွက် လမ်းဖောက်ပေးလိုက်မိတာပဲ”
“မင်းလည်း အမည်မဲ့မြေကို ရောက်ခဲ့ဖူးတာလား” လုကျိုးက မေးလိုက်၏။
ရှောင်ယွင်ဟယ်က ခေါင်းညိတ်လိုက်သည်။ “အဲဒီနေရာက အလွန်စိုစွတ်တယ်။ တောင်ပိုင်းတိုင်းပြည်ထက်တောင် ပိုမှုန်မှိုင်းသေးတာ။ မှောင်မည်းနေပြီး နေရောင်မရှိဘူး။ ကြမ်းတမ်းခက်ထန်တဲ့သားရဲတွေ အများကြီးပဲ။ ဒီတော့ ကောင်းမွန်တဲ့အသက်ဓာတ်နှလုံးသား အများအပြားရှိတယ်လေ။ ခွန်အားတိုးချင်တဲ့ ကျင့်ကြံသူတော်တော်များများက စွန့်စားကြပြီး အမည်မဲ့မြေကို သွားချင်တယ်လေ”
လုကျိုးသည် သူ၏အငယ်ဆုံးတပည့်လော့ရှစ်ယင်း အကြောင်းတွေးမိသွားသည်။ သူမသည် အမည်မဲ့မြေမှ ဖြစ်သောကြောင့် ထိုနေရာ၌ လူသားများ မွေးဖွားသည်ဟု ဆိုလိုတာပဲဖြစ်သည်။
“အဲ့မှာ လူသားတွေ တွေ့ဖူးလား”
ရှောင်ယွင်ဟယ်က ခေါင်းခါလိုက်၏။ “မတွေ့ဖူးဘူး။ အဲ့ဒီမှာ နေတဲ့ လူသားတွေကို ဘယ်သူမှ မတွေ့ဘူး။ ကျင့်ကြံသူတွေက အမည်မဲ့မြေရဲ့အတွင်းပိုင်းထဲကို သွားဖို့ ခွန်အား မလုံလောက်တာလဲ ဖြစ်လောက်တယ်။ ဒါကြောင့် သူတို့တွေက လူသားတွေနဲ့ ပက်ပင်းမတိုးတာ”
“မင်း မိုးနဲ့မြေရဲ့အတားအဆီးကို ခံစားမိလား”
“ခံစားမိတာပေါ့။ ကျင့်ကြံသူတိုင်းက မိုးနဲ့မြေရဲ့အတားအဆီးကို ရှင်းရှင်းလင်းလင်း ခံစားမိတယ်။ လူသားတွေရဲ့တိုးတက်မှုကို ကန့်သတ်ထားတာလေ။ ဘာကြောင့်လဲတော့ လူတိုင်းမသိဘူး” ရှောင်ယွင်ဟယ်က ပြောလိုက်သည်။
အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ ယခင်အရှင်သခင်ကတောင် မိုးနဲ့မြေအတားအဆီး၏ လျှို့ဝှက်ချက်အကြောင်း မသိလေရာ ရွှေကြာနယ်မြေဆို ပြောရန်မလိုအပ်တော့ပေ။ မလုံလောက်အောင် သန်မာလာပြီးမှ အမည်မဲ့မြေသို့ ဆင်းသက်ရှာဖွေကာ အဖြေရှာနိုင်လောက်မည် ထင်သည်။
နှစ်ယောက်သား စကားပြောနေပြီး နောက်ဆုံး၌ ဝူချောင်ပြန်လာ၏။
လုကျိုးသည် ဝူချောင်က အဝတ်အစားများကို မည်သည့်နေရာမှ ရှာတွေ့လာမှန်းမသိပေ။ သို့သော် ဝူချောင်က အချိန်တိုအတွင်း ပြန်ရောက်လာသဖြင့် သူသည် အဆင့်နိမ့်ကျင့်ကြံသူများဆီမှ လုယက်ထားတာပဲဖြစ်ရမည်။
ရှောင်ယွင်ဟယ်နှင့် ကျန်သည့်သူများ၏ စိတ်နေသဘောထားကလည်း သူတို့အဝတ်အစားများ ပြောင်းလဲသွားပြီးနောက် ပြောင်းသွားပုံပေါ်သည်။
“သွားကြမယ်”
ဤနည်းဖြင့် လူတိုင်း လေထဲပျံတက်ကာ တောင်ပိုင်းတိုင်းပြည်၏ အနောက်တောင်ဆီသို့ ပျံသန်းသွားကြသည်။
အနက်ရောင်ကောင်းကင်က အဆုံးမဲ့ပုံရသည်။ သူတို့သည် မည်မျှ ဝေးဝေးပျံသန်းစေကာမူ အဆုံးထိ မရောက်နိုင်သလိုပင်။ အချိန်ကြာလာသည်နှင့်အမျှ ဝေဟင်က မှောင်သည်ထက် မှောင်လာပြီး မြူနှင့် တိမ်တိုက်တို့က တောင်တန်းဒေသအပေါ်၌ စုဝေးလာကြ၏။
ခဏတဖြုတ်ပျံသန်းနေပြီးနောက် လုကျိုးနှင့် အခြားလူများသည် တောင်ပေါ်၌ ရပ်တန့်လိုက်ကြသည်။
“ဒီမှာ အမြဲမှောင်နေတာလား” လုကျိုးက ထူးဆန်းနေတော့သည်။
ကမ္ဘာပေါ်၌ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းတို့က အင်မတန် ညတာရှည်ပြီး နေ့အချိန်ကာလ၌ ထိုကဲ့သို့ အမှောင်ထုထဲ မကျရောက်ပေ။ လူတို့သာ ဤနေရာတွင် နေရလျှင် ရူးသွပ်သွားလိမ့်မည်။
“မဟုတ်ဘူး။ ဒီမှာ လင်းတဲ့ကာလတချို့တော့ရှိတယ်။ အဲ့ဒီကာလအတွင်း ကြမ်းတမ်းခက်ထန်သားရဲတွေက အလင်းရောင်ကို အသားမကျတာကြောင့် ပုန်းနေမှာ”
ထိုစဉ် ဝူချောင်သည် အနောက်တောင်ရှိ မြင့်မားသော တောအုပ်ကို လက်ညှိုးထိုးပြလိုက်သည်။
“အညတရအဖြူရောင်ဂိုဏ်းက လူတွေက အဲ့မှာ”
ပြီးနောက် ဝူချောင်သည် လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်၏။ ခဏအကြာတွင် အနက်ရောင်စုန်းအတတ် စည်းတံဆိပ်တစ်ခုက ပေါ်ထွက်လာပြီး သူသည် ၎င်းကို မြေပြင်ပေါ် ရိုက်ချလိုက်သည်။
ခရမ်းရောင်ဖျော့ဖျော့ ဖြာထွက်နေသည့် စုန်းအတတ်စက်ဝိုင်းက မြေပြင်ပေါ်၌ ချက်ချင်း ပေါ်ထွက်လာသည်။
ထိုမြင်ကွင်းသည် လုကျိုး၊ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ စိတ်ထဲရှိ စိတ်ဒဏ်ရာများကို တူးဆွလိုက်သည်။ ဝူချောင်က တော်ပြီး ယွီရှန်းရုန်၏ဒဏ်ရာများကို ကုသပေးခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် လုကျိုးသည် သူ့ကို သက်ညှာပေးမှာ မဟုတ်ပေ။
လုကျိုးသည် စုန်းအတတ်စက်ဝိုင်းကို ထိန်းချုပ်ပြီးနောက် ပြောလိုက်၏။
“စုန်းအတတ်အစီအရင်တွေကို လေ့လာပြီးပြီ။ သိပ်မကြာသေးဘူး။ ဒါပေမဲ့ ဒီနေရာနားတစ်ဝိုက်က အခြေအနေတွေကို ထောက်လှမ်းဖို့ အဲဒါတွေကို သုံးလို့ရနိုင်တယ်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက လူတွေက တောင်ပိုင်းမှာ စခန်းချခဲ့ပေမဲ့ အတူမဟုတ်လောက်ဘူး။ သူတို့တွေက ပဋိပက္ခဖြစ်မှာကို ရှောင်နေတဲ့ပုံပဲ”
လုကျိုးသည် ဝူချောင်ကို ကြည့်ပြီး မေးလိုက်၏။
“သူတို့မှာ လူဘယ်လောက်ရှိလဲ”
“အနက်ရောင်မျှော်စင်အဖွဲ့အစည်းက လူတစ်ရာကျော်၊ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက လူပိုတောင်များသေးတယ်။ သူတို့မှာ လူနှစ်ရာနီးပါးရှိတာ။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက ကြမ်းကြမ်းတမ်းတမ်း ချဉ်းကပ်နေတဲ့ပုံပဲ။ အနက်ရောင်နဲ့ အဖြူရောင်မဟာမိတ်က လူတွေနဲ့ တာ့ယန်ရဲ့ တော်ဝင်ခုံရုံးက လူတွေက အဝေးမှာ ပုန်းနေလောက်တယ်။ သူတို့ကို အာရုံမခံမိသေးဘူး”
လုကျိုးက ခေါင်းညိတ်ပြီးနောက် မေးလိုက်သည်။ “ယင်ကျောက်က ဘယ်အချိန်ပေါ်လာမှာလဲ”
“ကြမ်းတမ်းခက်ထန်သားရဲရဲ့ အရေအတွက်နဲ့ ကြမ်းတမ်းခက်ထန်သားရဲတွေ ဘယ်လောက်တိုက်ခိုက်မလဲပေါ် မူတည်တယ်” ဝူချောင်က ပြန်ပြောလိုက်၏။
“ဒါဆို စောင့်ကြတာပေါ့”
လူတိုင်းသည် ခေါင်းညိတ်လိုက်ကြသည်။
လုကျိုးသည် လက်နောက်ပစ်ထားလျက် ဆင်ခြေလျှောမှ လျှောက်သွား၏။ သူသည် အမြင့်ဆုံးနေရာသို့ ရောက်သောအခါ သူ့အောက်ရှိတောအုပ်ကို ငုံ့ကြည့်လိုက်သည်။ ရှောင်ယွင်ဟယ်က လျှောက်သွားသည်။ ခဏအကြာတွင် လုကျိုးဆီသို့ မီတာထောင်ချီအကွာမှ ဝတ်ရုံဖြူကျင့်ကြံသူ ဆယ်ယောက်ကျော်က လုကျိုးဆီသို့ ပျံသန်းလာသည်။
“သူတို့ ကျုပ်တို့ကို ရှာတွေ့သွားပြီ”
“ငါတို့ အနားကပ်နေတာကိုကြည့်ရင် သူတို့ ငါတို့ကို ရှာတွေ့သွားတာကို အံ့ဩစရာမရှိဘူး။ စိတ်ပူဖို့မလိုဘူး” လုကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
မကြာမီ၌ ဝတ်ရုံဖြူနှင့်လူတို့သည် လုကျိုးနှင့် ကျန်သည့်သူများရှေ့၌ ပေါ်လာ၏။ ခေါင်းဆောင်က အသက်ခြောက်ဆယ်အရွယ်ဖြစ်ပုံပေါ်သည့် အဖိုးအိုတစ်ဦးဖြစ်ပုံပေါ်သည်။ သူက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“ကျုပ်တို့က အညတရအဖြူရောင်ဂိုဏ်းကပဲ။ ယင်ကျောက်အတွက် ဒီကို ရောက်လာတာလား”
လုကျိုးနှင့် ရှောင်ယွင်ဟယ်သည် အဖိုးအိုကို အာရုံမစိုက်ဘဲ ရှေ့ရှိ မြူထဲမှာ လှုပ်ရှားမှုများကို ဆက်လက်လေ့လာနေ၏။
ဆန့်ကျင်ဖက်အနေဖြင့် ယွီရှန်းရုန်က ရှေ့တိုးကာ သိမ်မွေ့သော အပြုံးဖြင့် ပြောလိုက်သည်။
“အမှန်ပဲ”
အဖိုးအိုက ခေါင်းညိတ်လိုက်၏။ “မင်းတို့ရဲ့ အဝတ်အစားတွေကို ကြည့်ရင် မင်းတို့က အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ဖြစ်ပုံမပေါ်ဘူး”
“အမှန်ပဲ” ယွီရှန်းရုန်က မျက်နှာပေါ်တွင် အပြုံးကို ထိန်းထားလျက် ပြောလိုက်လေ၏။
“ဒါဆို မင်းတို့က ...” အဖိုးအိုက စကားဖြတ်ချထားသည်။
ထိုလူတစ်စုသည် သူတို့ကို စုံစမ်းမေးမြန်းရန် လာတာသိသာ၏။ ယခုအခေါက်တွင် ရောက်လာသည့် အင်အားစု များပြားလွန်းကာ နှိမ့်ချခြင်းအဖြူရောင်ဂိုဏ်းသည် မည်သူ့ကိုမှ ရန်စဖို့ မတတ်နိုင်ချေ။
ထိုစဉ် ယွီကျန့်ဟိုင်က ရှေ့တိုးပြီး ကျယ်လောင်စွာ ပြောလိုက်၏။
“ကျုပ်တို့တွေ ဘယ်ကလာလဲဆိုတာ ပြောဖို့ လိုအပ်သေးတာလား။ ဒါ ခင်ဗျားအတွက် တော်လောက်ပြီ။ ကျုပ်တို့က ခင်ဗျားရဲ့အကျဉ်းသား မဟုတ်ဘူး”
အဖိုးအိုက တောင်းပန်စကားဆိုလိုက်၏။
“ဒီလိုဆိုလိုတာ မဟုတ်ပါဘူး။ အညတရအဖြူရောင်ဂိုဏ်းက အားနည်းတယ်။ မဟာမိတ်ရှာချင်ရုံလောက်ပဲ။ စိတ်မရှိရင် ပူးပေါင်းလို့ရပါတယ်”
“ဒီမှာ အင်အားစုတွေ အများကြီးပဲ။ ဒါပေမဲ့ နှိမ့်ချခြင်းအဖြူရောင်ဂိုဏ်းက ယင်ကျောက်အတွက် ယှဉ်ပြိုင်ဖို့ လာရဲသေးတယ်လား”
အဖိုးအိုသည် ယွီကျန့်ဟိုင်၏ စကားကြောင့် ဒေါသမထွက်သွားပေ။ ထိုအစား သူက ပြောလိုက်သည်။
“ကျုပ်တို့အညတရအဖြူရောင်ဂိုဏ်းရဲ့ ပစ်မှတ်က ယင်ကျောက်မဟုတ်ပါဘူး။ ကျုပ်တို့ဂိုဏ်းရဲ့ ပစ်မှတ်ကာ သာမန်မွေးဖွားဇယားချပ် သားရဲတွေပါပဲ”
နှိမ့်ချခြင်းအဖြူရောင်ဂိုဏ်းသည် သူတို့အားနည်းပြီး သူတို့၌ ပညာရှင်အနည်းငယ်သာရှိကြောင်း သတိပြုမိသည်။ သူတို့သည် အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်အဖွဲ့အစည်းကို မယှဉ်နိုင်ပေ။ သို့သော် သာမန်မွေးဖွားဇယားချပ်သားရဲ ဖမ်းဖို့လောက်က ပြဿနာမရှိပေ။
“ကျုပ်တို့ စိတ်မဝင်စားဘူး” ယွီကျန့်ဟိုင်က ခေါင်းခါလိုက်၏။
အဖိုးအိုက သက်ပြင်းချလိုက်သည်။ “ဒါဆိုလည်း ကောင်းပါပြီ။ ကျုပ်တို့ အရင်သွားနှင့်မယ်။ သွားကြမယ်”
အဖိုးအိုလှည့်ထွက်သွားတော့မည့်အချိန်တွင် လုကျိုးက လက်မြှောက်ပြီး ပြောလိုက်၏။ "နေဦး"
အဖိုးအိုက အနည်းငယ်ထိတ်လန့်အံ့အားသင့်သွားပြီးနောက် လုကျိုးကို ကြည့်ပြီး မေးလိုက်သည်။
“ဘာကိစ္စများပါလဲ ဆရာကြီး”
“မင်းကို ငါတို့နဲ့ပူးပေါင်းခွင့်ပေးမယ်။ မင်းက အဆင့်မြင့် မွေးဖွားဇယားချပ် သားရဲတွေ ယူလို့ရတယ်။ ငါတို့က ယင်ကျောက်ယူမယ်” လုကျိုးသည် ပြောပြီးနောက် အောက်ရှိ မြေမျက်နှာသွင်ပြင်ကို လေ့လာလိုက်သည်။ ဤနေရာသည် ကြမ်းတမ်းခက်ထန်သားရဲများအတွက် သုခဘုံတစ်ခုဖြစ်သည်။ ကြမ်းတမ်းခက်ထန်သားရဲများ များလွန်းလျှင် သူသည် ဖြေရှင်းနိုင်မှာ မဟုတ်ပေ။ အညတရအဖြူရောင်ဂိုဏ်းအတွက် အဆင့်နိမ့်ကြမ်းတမ်းခက်ထန်သားရဲတချို့ကို ဖြေရှင်းဖို့ ထားလိုက်တာက မဆိုးပေ။ ထို့အပြင် သူသည် နှိမ့်ချခြင်းအဖြူရောင်ဂိုဏ်းမှ အဖြူရောင်မျှော်စင်အဖွဲ့အစည်းအကြောင်း ပိုသိရှိရန် စီစဉ်ထား၏။
အဖိုးအိုသည် လုကျိုး၏စကားများကြောင့် ထိတ်လန့်သွား၏။
“ဆရာကြီး မင်း ... မင်းက ယင်ကျောက်အတွက် ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာလား”
...
အခန်း (၉၉၂) ငါ့ ရဲ့ ယုံကြည်ချက်
လုကျိုးက ပြောလိုက်၏။ "ယင်ကျောက်က သီးသန့် မွေးဖွားဇယားချပ် သားရဲပဲ။ ကမ္ဘာကြီးထဲမှာ ဘယ်သူကများ မလိုချင်ဘဲ နေမှာလဲ”
အသက် ၆၀အရွယ် လူအိုကြီးက ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“လောင်ချန်းပေ့က တကယ့်ကို ရိုးသားတာပဲ"
ထိုစဥ် ရှောင်ယွင်ဟယ်က ရုတ်တရက် ပြောလာသည်။
"အစ်ကိုလု သူတို့နဲ့ အလုပ်တွဲလုပ်ဖို့ အကြုံမပြုချင်ဘူး။ သူတို့က အရေအတွက် များတာကလွဲရင် အညတရ အဖြူရောင်ဂိုဏ်းက ကျုပ်တို့ကို ကူညီပေးနိုင်မှာ မဟုတ်ဘူး”
"အကျင့်စရိုက် မကောင်းဘဲနဲ့ အားကောင်းတဲ့သူတွေနဲ့ တွဲပြီးလုပ်တာထက် စာရင်တော့ ကောင်းပါသေးတယ်” လုကျိုးက ပြောလိုက်၏။
ထိုစကားကို ကြားကာ ရှောင်ယွင်ဟယ်က တိတ်တဆိတ် သဘောတူလိုက်သည်။
အင်အားစု ၂ခုကြားမှ မဟာမိတ်သည် အသုံးဝင်သော်လည်း စွန့်စားမှုများစွာ ရှိ၏။ ထိုမဟာမိတ်အတွင်း သူတို့က သူတို့၏ မဟာမိတ်များကို အချင်းချင်း စောင့်ကြပ်ထားလိမ့်မည်။ မျှချေ ကျိုးပျက်သွားသည်နှင့် မဟာမိတ်က အပြီးတိုင် ပြိုလဲသွားလိမ့်မည်။
လုကျိုးနှင့် တခြားသူများက ကောင်းကင်အထက် ပျံသန်းကာ ထိုလူအိုကြီးနောက်မှ လိုက်ပါသွားကြသည်။
သူတို့က မြူခိုးများကို ဖြတ်ကျော်ကာ တောင်စွန်းအနားတစ်ခုသို့ ရောက်ရှိလာခဲ့၏။
အညတရ အဖြူရောင် ဂိုဏ်းသားထောင်ချီက ထိုတောင်စွန်းနားတွင် ရပ်နေပြီး အောက်မှ လှုပ်ရှားမှုများကို အကဲခတ်နေကြသည်။
အညတရ အဖြူရောင်ဂိုဏ်းမှ လူများအပြင် အဖွဲ့ဖွဲ့ထားသည့် ဂိုဏ်းမဲ့ ကျင့်ကြံသူများလည်း ရှိဟန်ပေါ်၏။
ထိုစဥ် အဖြူဝတ် ကျင့်ကြံသူထောင်ချီက လုကျိုးနှင့် တခြားသူများကို သတိထားမိသွားကြသည်။
"အကြီးအကဲဝူ သူတို့က ... "
ထိုမေးခွန်းကို ကြားကာ လူအိုကြီးက လုကျိုး၏ နာမည်ကို မသိသေးကြောင်း သဘောပေါက်သွားခဲ့၏။
လုကျိုးက ပြောလိုက်သည်။
"ငါ့မျိုးရိုးနာမည်က လု"
အဖြူဝတ် ကျင့်ကြံသူက ဦးညွတ်ကာ လုကျိုးကို နှုတ်ဆက်လိုက်သည်။
ထို့နောက် အကြီးအကဲဝူက ပြောလိုက်၏။
"ညီအစ်ကိုလု ဒီနေရာက မြင်ကွင်း ကောင်းတယ်။ ဒီတစ်ခေါင် ကျုပ်တို့ရဲ့ ခေါင်းဆောင်က တောင်စွန်းအနီးဆုံးမှာ ရပ်နေတဲ့သူပဲ။ သူ့နာမည်က ချန်းယို့တဲ့။ သူက အညတရ အဖြူရောင်ဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်လေ”
လုကျိုးက ခေါင်းညိတ်လိုက်၏။ သူ့အနေဖြင့် တာဝန်ရှိသူနှင့် ပြောဆိုရလျှင် အကောင်းဆုံးဖြ စ်ပေသည်။ သူက အကြီးအကဲဝူကို ပြောလိုက်၏။
"ရှေ့ကနေ သွားပါ”
"ကျေးဇူးပြုပြီး” အကြီးအကဲဝူက လုကျိုးနှင့် တခြားသူများကို တောင်စွန်းထိ ခေါ်လာလိုက်သည်။
ထိုစဥ် ရှောင်ယွင်ဟယ်နှင့် တခြားသူများက တောအုပ်နှင့် လေထုထဲမှ လှုပ်ရှားမှုများကို စောင့်ကြပ်နေကြသည်။
လက်နောက်ပစ်ကာ စောင့်ဆိုင်းနေသည့် ချန်းယို့က လှည့်လာကာ မေးလိုက်၏။
"အကြီးအကဲဝူ ဒါက ဘယ်သူလဲ”
အကြီးအကဲဝူက ပြန်ဖြေလိုက်၏။
"ဒါက လုချန်းပေ့ပါ။ သူက ကျုပ်တို့နဲ့ အလုပ်တွဲလုပ်ဖို့ သဘောတူထားတယ်”
ချန်းယို့က လုကျိုးကို သဘောတူစွာ ကြည့်လိုက်ပြီး "တကယ်လို့ အညတရ အဖြူရောင်ဂိုဏ်းနဲ့ အလုပ်တွဲလုပ်ဖို့ ဆုံးဖြတ်တယ်ဆိုရင် ဆိုးဆိုးဝါးဝါး မဆက်ဆံပါဘူး။ ခင်ဗျားတို့လည်း အသက်ဓာတ် နှလုံးသားကို ဝေစုရလိမ့်မယ်”
လုကျိုးက သိချင်စွာမေးလိုက်၏။
"အသက်ဓာတ် နှလုံးသား တစ်ခုတည်းဆိုရင်ရော"
ဤကိစ္စက ရှင်းလင်းအောင် လုပ်ထားရမည်။ အကယ်၍ အသက်ဓာတ် နှလုံးသားများကို ကောင်းမွန်စွာ မခွဲခြားနိုင်လျှင် လူများက မပျော်မရွှင် ဖြစ်လာကြလိမ့်မည်။
လုကျိုးက အညတရ အဖြူရောင်ဂိုဏ်းသည် အသက်ဓာတ် နှလုံးသားများကို မည်သို့ခွဲဝေဖို့ ကြံရွယ်ထားကြောင်း သိချင်နေမိ၏။
ချန်းယို့က မထူးမခြားနား ပြောလိုက်သည်။
"လောင်ချန်းပေ့က ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူဆိုရင် အသက်ဓာတ် နှလုံးသားကို မိတ်ဖြစ်ဆွေဖြစ် လက်ဆောင်အနေနဲ့ ပေးလိုက်ပါ့မယ်”
ဒီလူက စီးပွားရေး ဘယ်လိုလုပ်ရမလဲဆိုတာကို သိနေတာပဲ ...
ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူက အကူအညီမရှိဘဲ သာမန် မွေးဖွားဇယားချပ် သားရဲများကို သတ်နိုင်လေသည်။ တခြားတစ်ဖက်တွင် အညတရအဖြူရောင်ဂိုဏ်းသားအများစု ဖြစ်ကြသည့် ပွင့်ချပ်ကိုးလွှာနှင့် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူများက ခက်ထန်သားရဲအုပ်နှင့် ရင်ဆိုင်ရသည့်အခါ အခက်တွေ့ကြလိမ့်မည်။ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူများ ရှိနေလျှင်ပင် သူတို့အနေဖြင့် အသက်ဓာတ် နှလုံးသားကို ရယူဖို့ ခက်ခဲနေဦးမည်သာ ဖြစ်၏။ သို့သော်လည်း ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူ၏ အကူအညီဖြင့် ကွဲပြားသည့် ဇာတ်ကြောင်းတစ်ခု ဖြစ်သွားလိမ့်မည်။
ခဏအကြာတွင် လုကျိုးက ပြောလိုက်၏။
"ငါက သာမန် အသက်ဓာတ် နှလုံးသားတွေကို စိတ်မဝင်စားဘူး။ ငါက ယင်ကျောက်ရဲ့ အသက်ဓာတ် နှလုံးသားကလွဲရင် ဘာမှမလိုချင်ဘူး”
"..."
ချန်းယို့က တုံ့ဆိုင်းသွား၏။ သူက အာရုံစုစည်းကာ လုကျိုးကို ခြုံငုံကြည့်လျက် ပြောလိုက်သည်။
"အနက်ရောင်မျှော်စင် အဖွဲ့အစည်း၊ အဖြူရောင်မျှော်စင် အဖွဲ့အစည်း၊ အလင်းနဲ့ အမှောင် မဟာမိတ်နဲ့ တာ့ယွမ်ရဲ့ တော်ဝင်ခုံရုံးကလည်း ယင်ကျောက်ကို လုနေကြတာ။ လောင်ချန်းပေ့က နောက်နေတာများလား”
လုကျိုးက လေသံအတက်အကျမရှိ ပြောလိုက်၏။
"ငါ ဘယ်တုန်းကမှ မနောက်ဘူး”
ချန်းယို့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"လောင်ချန်းပေ့က ဘယ်ဂိုဏ်းကများလဲ”
"မိစ္ဆာဝေဟင်မျှော်နန်း"
အဲဒါက ဘာကြီးလဲ ...
ချန်းယို့က ထိုနာမည်ကို မကြားဖူးပေ။ သူက အနက်ရောင်ကြာ နယ်မြေနှင့် အဖြူရောင်ကြာ နယ်မြေတို့မှ အင်အားကြီး ပုဂ္ဂိုလ်များနှင့် အင်အားစု အများအပြား အကြောင်း သိထားသော်လည်း မိစ္ဆာဝေဟင်မျှော်နန်းနှင့် ပတ်သက်ပြီး မကြားခဲ့ဖူးပေ။ မည်သို့ပင်ဆိုစေကာမူ သူက သူ့ရှေ့ရှိ လူကို လျှော့မတွက်ရဲပေ။
"လောင်ချန်းပေ့ ကျုပ်တို့ အညတရ အဖြူရောင်ဂိုဏ်းက သာမန် အသက်ဓာတ် နှလုံးသားကိုပဲ လိုက်ပြီးတော့ ရှာနေကြတာ။ ကျုပ်တို့က အဖြူရောင်မျှော်စင် အဖွဲ့အစည်းနဲ့ တခြား အင်အားစုတွေကို ရန်စမိမှာဆိုးလို့ ယင်ကျောက်ကို မတပ်မက်ရဲပါဘူး။ အဲဒါကြောင့် အညတရ အဖြူရောင်ဂိုဏ်းက ယင်ကျောက်နဲ့ ပတ်သက်ပြီး ခင်ဗျားကို အကူအညီ မပေးနိုင်လောက်ဘူး”
လုကျိုးက ထိုမဟာမိတ်အပေါ် သိပ်အရေးမထားပေ။ သူက အဖြူရောင်မျှော်စင် အဖွဲ့အစည်းအကြောင်း ပို၍ သိလိုခြင်းသာဖြစ်၏။ သူက ပြောလိုက်သည်။
" ဂိုဏ်းတစ်ခုက ယင်ကျောက်အတွက် လိုလိုလားလား လက်လျှော့လိုက်တယ်ဆိုတော့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းရဲ့ စွမ်းအားက လျှော့တွက်လို့ မရတဲ့ပုံပဲ”
ချန်းယို့က မျှော်လင့်ချက်နှင့် ကွဲလွဲစွာ ဘာသတင်းအချက်အလက်မှ မထုတ်ဖော်ခဲ့ပေ။ ထိုအစား သူက ယဥ်ယဥ်ကျေးကျေးသာ ပြောလိုက်၏။
"လောင်ချန်းပေ့ ကျုပ် အားနာပါရဲ့။ ကျုပ်မှာ လုပ်စရာလေး ရှိသေးလို့”
ချန်းယို့၏ စကားအဆုံးတွင် အညတရ အဖြူရောင်ဂိုဏ်းမှ ကျင့်ကြံသူထောင်ချီကြားတွင် ပုံရိပ်တစ်ခု ပြေးထွက်လာပြီး လုကျိုးအနားတွင် ရပ်လိုက်သည်။
ချန်းယို့က ထိုသူကို မြင်သည့်အခါ အံ့အားသင့်သွား၏။
အညတရ အဖြူရောင်ဂိုဏ်းက သူတို့၏ ဓားများကို ဆွဲထုတ်ကာ လုကျိုးနားမှ လူကို သတိကြီးကြီးထား၍ ကြည့်လိုက်ကြသည်။
လုကျိုး ဘေးနားတွင် ပေါ်လာသည့်သူက အနက်ရောင်မျှော်စင် အဖွဲ့အစည်း၏ မျှော်စင်သခင်ဟောင်း ရှောင်ယွင်ဟယ်သာ ဖြစ်၏။
ရှောင်ယွင်ဟယ်က ချန်းယို့ကို လုံးလုံးမကြည့်ပေ။ ထိုအစား သူက လုကျိုးကို ကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံးလျက် ပြောလိုက်သည်။
"အစ်ကိုလု သူတို့နဲ့ ပူးပေါင်းတာ အဓိပ္ပာယ်မရှိဘူးလို့ ပြောသားပဲ”
ချန်းယို့က ရှောင်ယွင်ဟယ်ဆီမှ ခြိမ်းခြောက်ဖွယ် အငွေ့အသက်ကို ခံစားမိသောကြောင့် သတိလက်လွှတ် မနေရဲပေ။ သူက အလေးအနက် မေးလိုက်၏။
"ခင်ဗျားက ဘယ်သူလဲ”
"ငါက ဘယ်ဖြစ်သူသူ အရေးမကြီးဘူး။ အစ်ကိုလုနဲ့ ငါက ဒီကို ရှုခင်းကြည့်ရအောင် ရောက်လာတာ။ စိတ်ထဲ မထားဘူးမလား” ရှောင်ယွင်ဟယ်က ပြောလိုက်သည်။
"ဘယ်ဟုတ်ပါ့မလဲ။ စိတ်ကြိုက်နေကြပါ”
ရှောင်ယွင်ဟယ်က ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်၏။ သူက တိမ်တိုက်နှင့် မြူခိုးများကြား ထိုးထွက်နေသည့် တောင်တန်းများကို ကြည့်ကာ မေးလိုက်သည်။
"အစ်ကိုလု ခင်ဗျား ယင်ကျောက်အတွက် တိုက်ခိုက်ဖို့ ဆုံးဖြတ်ပြီးသွားပြီလား”
"ဒါပေါ့"
ရှောင်ယွင်ဟယ်က အလေးအနက် ပြောလိုက်သည်။
"ယင်ကျောက်ရဲ့ အသက်ဓာတ် နှလုံးသားကို အောင်အောင်မြင်မြင် ရဖို့ဆိုရင် အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းတို့ရဲ့ မျှော်စင်သခင်တွေကို ခြိမ်းခြောက်နိုင်တဲ့ အရာမျိုး ရှိရမယ်။ အဲဒီမျှော်စင်သခင် နှစ်ယောက်က ပေါ်ထွက်မလာလောက်ဘူးဆိုပေမဲ့ သူတို့ရဲ့ သခင် စွမ်းအားအပေါ် မှီခိုပြီး လှုပ်ရှားမဲ့ နောက်လိုက်ခွေးတွေ မနည်းဘူး”
"မင်းရဲ့ အမြင်ဆိုရင် ငါတို့ ဘာလုပ်သင့်လဲ” လုကျိုးက မေးလိုက်၏။
ဤတစ်ကြိမ်တွင် သူက သူ့ခုနှစ်ယောက်မြောက် တပည့်သာ ရှိပါက ပို၍ လွယ်ကူသွားမည်ဟု မနေနိုင်မထိုင်နိုင် စဥ်းစားမိသွားသည်။
ရှောင်ယွင်ဟယ်က ပြောလိုက်သည်။
"အားလုံးကို ခြိမ်းခြောက်လိုက်တာပေါ့။ လက်တလောလေးအတွင်း အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းတို့ရဲ့ အဆင့်နိမ့်တွေက ပဋိပက္ခ သိပ်မဖြစ်ကြဘူး။ အထက်ပိုင်းတွေကပဲ တစ်ယောက်နဲ့ တစ်ယောက် ပြဿနာတွေ ရှိနေကြတာ။ တကယ်လို့ အစ်ကိုလုသာ အားလုံးကို ခြိမ်းခြောက်နိုင်မယ်ဆိုရင် သူတို့တွေ လက်လွတ်စပယ် ပြုမူရဲမှာ မဟုတ်ဘူး”
"အင်း အဲဒါက သိပ်မဆိုးဘူးပဲ”
"ဒါပေမဲ့ အစ်ကိုလုက ဘယ်လောက်အားကောင်းလဲဆိုတဲ့ပေါ်မှာ မူတည်ပြီးတော့ အလုပ်ဖြစ်လား မဖြစ်လား ကြည့်ရလိမ့်မယ်” ရှောင်ယွင်ဟယ်က ပြောလိုက်သည်။
လုကျိုးက မွေးဖွားဇယားချပ် ၄ခုသာ ရှိထားသောကြောင့် သူ့အနေဖြင့် ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်ကာ ခြိမ်းခြောက်၍ မဖြစ်နိုင်ပေ။ သူက အထွတ်အထိပ် သဏ္ဌာန်ကတ်ကို အသုံးပြု၍လည်း မရပေ။
ဤတစ်ကြိမ် အညတရ အဖြူရောင်ဂိုဏ်း၏ ဒုဂိုဏ်းချုပ် ချန်းယို့က ထိုစကားဝိုင်းကို ကြားသွားကာ ခေါင်းအသာယမ်းလိုက်သည်။ သူက မနေနိုင်ဘဲ ပြောလိုက်၏။
"လူကြီးမင်းတို့ ကျုပ် ဝင်ပြောတဲ့အတွက် ခွင့်လွှတ်ပေးပါ။ အဖြူရောင်မျှော်စင် အဖွဲ့အစည်းရဲ့ မျှော်စင်သခင် လန်ရှီဟယ်က အလွယ်တကူ ခြိမ်းခြောက်နိုင်တဲ့သူ မဟုတ်ဘူး။ ခင်ဗျားရဲ့ နည်းလမ်းက အလုပ်မဖြစ်မှာဘဲ စိုးမိပါတယ်”
"လန်ရှီဟယ်က အဲဒီလောက်တောင် အားကောင်းတာလား” လုကျိုးက မေးလိုက်သည်။
"သူမ တိုက်ခိုက်တာကို မမြင်ဖူးပေမဲ့ သူမ အားကောင်းတာတော့ သံသယဖြစ်ဖို့ မလိုဘူး။ အဖြူရောင်မျှော်စင် အဖွဲ့အစည်းမှာ သူမရဲ့ အဆင့်အတန်းက အမြင့်ဆုံးပဲ။ အဲဒီမှာ သူမက အကြွင်းမဲ့ အာဏာရှိတယ်။
အနက်ရောင်မျှော်စင် အဖွဲ့အစည်းက အတွင်းရေး ပဋိပက္ခတွေ ရှိနေတော့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းနဲ့ မယှဥ်နိုင်ဘူး။ ကျုပ်အမြင်တော့ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက အဖြူရောင်မျှော်စင် အဖွဲ့အစည်းနဲ့ မယှဥ်နိုင်လောက်ဘူး။ ခင်ဗျားတို့ နှစ်ယောက်လုံးလည်း ယင်ကျောက်ကို လက်လျှော့ဖို့ အကြံပေးချင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီမှာ အသက်ဓာတ် နှလုံးသားတွေ အများကြီးရှိတာပဲလေ။ ယင်ကျောက်ရဲ့ အသက်ဓာတ် နှလုံးသားဖြစ်ဖို့ မလိုပါဘူး” ချန်းယို့က ပြောလိုက်၏။
ရှောင်ယွင်ဟယ်က ခေါင်းညိတ်ကာ အပြုံးဖြင့် ပြောလိုက်သည်။
"အမှန်ပဲ။ လန်ရှီဟယ်က အတော်လေးကို ဆန်းကြယ်တယ်။ အခုချိန်အထိ သူမအကြောင်း များများစားစား မသိကြဘူး”
လုကျိုးက မျက်ခုံးပင့်ကာ သိချင်စွာ မေးလိုက်သည်။
"မင်း မျှော်စင်သခင်ဖြစ်တုန်းက သူမနဲ့ တစ်ခါမှ မတိုက်ခိုက်ဖူးဘူးလား”
"ဟင့်အင်း" ရှောင်ယွင်ဟယ်က သက်ပြင်းချလိုက်၏။
"သူမကို တစ်ခါ တွေ့ဖူးပေမဲ့ သက်ဆိုင်ရာ ရထားလုံးပျံထဲကပဲ စကားပြောခဲ့ကြတာ။ သူမရဲ့ အသံက တကယ့်ကို ကြော့ရှင်းပြီးတော့ အားကောင်းလွန်းတယ်။ ကျင့်ကြံဆင့် အတော်လေး မြင့်မားတဲ့ အမျိုးသမီးငယ်တစ်ဦး ဖြစ်ပုံပဲ”
ထိုစကားဝိုင်းကို နားထောင်နေသည့် ချန်းယို့က တအံ့တသြဖြင့် မေးလိုက်သည်။
"ခင်ဗျားက မျှော်စင်သခင်ဟောင်းလား”
အနီးနားရှိ အဖြူဝတ် ကျင့်ကြံသူများက သူတို့၏ ဓားကို ထပ်ဆွဲကာ ရှောင်ယွင်ဟယ်ကို ချိန်လိုက်ကြသည်။
ရှေးခေတ်အချိန်ကတည်းက အဖြူရောင်ကြာနယ်မြေနှင့် အနက်ရောင်ကြာနယ်မြေတို့က ဆန့်ကျင်ဘက်တွင် ရပ်တည်ခဲ့ကြသည်။
ထိုအရာကို မြင်ကာ ရှောင်ယွင်ဟယ်က ဖြည်းဖြည်းချင်း လက်ကို မြှောက်လိုက်၏။
လျှပ်စီးချက်နှင့်တူသည့် အနက်ရောင် စည်းတံဆိပ်များက ကောင်းကင်အထက် ပြည့်နှက်လာသည်။
ရှောင်ယွင်ဟယ်က လက်သီးကျစ်ကျစ် ဆုပ်လိုက်သည့်အခါ အနက်ရောင် စွမ်းအင်စည်းတံဆိပ်များက အဖြူဝတ် ကျင့်ကြံသူများ၏ လက်အပေါ် ကျရောက်လာပြီး လက်နက်များကို ပြုတ်ကျသွားစေသည်။
ချွင် ချွင် ချွင်
ဓားပြုတ်ကျသံများက လေထဲ ပဲ့တင်ထွက်လာ၏။
အားလုံးက ရှောင်ယွင်ဟယ်ကို တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။ သူတို့က ဓာတ်လိုက်သွားသလိုမျိုးဖြစ်၏။
ဒါက အစစ်အမှန် ပညာရှင်ပဲ ...
ချန်းယို့က မျက်မှောင်ကြုတ်လိုက်၏။ သူ့အမူအရာက အတော်လေးကို ပျက်ယွင်းနေလေသည်။
"အနက်ရောင်ကြာနယ်မြေနဲ့ အဖြူရောင်ကြာနယ်မြေတို့က သူတို့ရဲ့ အတွင်းရေး ပဋိပက္ခတွေ ရှိပေမဲ့ အပြစ်ကင်းတဲ့သူတွေကို မဆွဲထည့်ခဲ့ဘူး။ အညတရ အဖြူရောင်ဂိုဏ်းက ခင်ဗျားနဲ့ ရန်ကြွေးမရှိဘူး”
ရှောင်ယွင်ဟယ်က ဖြတ်ပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့။ မင်းအတွက် ခက်ခဲအောင် မလုပ်ဘူး”
လုကျိုးက မေးလိုက်သည်။
"မင်းက မိုးကြိုးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တာလား”
"နည်းနည်းပဲ သင်ယူဖူးတာပါ။ အစ်ကိုလု ရှေ့မှာ ကိုယ့်ဘာသာကိုယ် အရူးဖြစ်မှာတောင် ဆိုးရပါတယ်” ရှောင်ယွင်ဟယ်က ပြောလိုက်သည်။
"မင်းရဲ့ အထွတ်အထိပ် အခြေအနေမှာဆိုရင် လန်ရှီဟယ်ကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိလား”
လုကျိုးက မေးလိုက်သည်။
"မရှိပါဘူး”
"ကောင်းပြီလေ။ ငါတော့ရှိတယ်” လုကျိုးက ပြောလိုက်သည်။
"..."
ဟေး ခင်ဗျားရဲ့ အပြုအမူက လွန်လွန်းတယ်မထင်ဘူးလား။ ခင်ဗျားက လန်ရှီဟယ်လည်း တစ်ခါမှ မမြင်ဖူးဘဲနဲ့ ဘာလို့အဲဒီလောက်တောင် သေချာနေရတာလဲ ...
ထိုစကားများကို ကြားကာ ချန်းယို့က ဦးညွတ်ကာ ပြောလိုက်သည်။
"ဖြစ်ချင်တော့ ခင်ဗျားတို့က ပညာရှင်ဖြစ်နေတာကို။ မျက်စိသျှမ်းသွားတဲ့အတွက် ကျုပ်ကို ခွင့်လွှတ်ပေးပါ”
သို့သော်လည်း သူ့စိတ်ထဲ၌မူ တွေးလိုက်မိသည်။
ခင်ဗျားတို့တွေ ကြိုက်တဲ့နေရာမှာ သွားပြီးလုပ်။ ကျုပ်နဲ့ ဘာမှမဆိုင်ဘူး။ လန်ရှီဟယ် ပေါ်လာပြီး သူတို့နှစ်ယောက်ကို ရိုက်လွှတ်လိုက်ရင် အကောင်းဆုံးပဲ ...
လုကျိုးက ချန်းယို့ကို ကြည့်ကာ မေးလိုက်သည်။
"အဖြူရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အညတရ အဖြူရောင်ဂိုဏ်းအပြင် အဖြူရောင်ကြာနယ်မြေရဲ့ တခြားအင်အားစုတွေရော ဒီမှာရှိလား”
"ဂိုဏ်းမဲ့ ကျင့်ကြံသူ နည်းနည်းပဲ ရှိတာပါ” ချန်းယို့က ပြန်ဖြေလိုက်သည်။
ရှောင်ယွင်ဟယ်က ပြုံးကာ ပြောလိုက်၏။
"အဖြူရောင်မျှော်စင် အဖွဲ့အစည်းက တကယ့်ကို အံ့သြဖို့ ကောင်းတာပဲ”
"အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းတို့ကို ဘယ်သူကများ ဂရုစိုက်လို့လဲ။ ငါ သိတာက ငါ့ဆီကနေ ယင်ကျောက်ကို ခိုးဖို့ ကြိုးစားတဲ့သူတိုင်းက ဒုက္ခတွေ့တော့မယ်ဆိုတာပဲ” လုကျိုးက ပြောလိုက်သည်။
ရှောင်ယွင်ဟယ် "..."
ရှောင်ယွင်ဟယ်က လုကျိုးအကြောင်း ပိုမိုသိချင်လာမိသည်။ လုကျိုးက အနက်ရောင်မျှော်စင် အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်းတို့၏ မျှော်စင် သခင်များကိုပင် ဂရုမစိုက်နိုင်လောက်အောင် မည်သို့စွမ်းအားမျိုး ပိုင်ဆိုင်ထားသည်ကို သိချင်လာမိ၏။
ရုတ်ခြည်းဆိုသလို
ဝုန်း ဝုန်း ဝုန်း
သူတို့ရှေ့ရှိတောင်မှ ပေါက်ကွဲသံများစွာ ထွက်ပေါ်လာလေ၏။
အဖြူဝတ် ကျင့်ကြံသူများက ရှေ့တိုးလာကာ ပြောလိုက်သည်။
"ဒုဂိုဏ်းချုပ် သားရဲတွေ ပေါ်လာပါပြီ”
သားရဲပျံ အရိပ်များက မြူခိုးများအထက် ဝဲပျံနေသည်။ တစ်ချိန်တည်းဆိုသလို လေထုထဲ တိုက်ခိုက်သံများလည်း ထွက်ပေါ်လာ၏။
သားရဲများဆီမှ ထူးထူးဆန်းဆန်း အော်သံများကလည်း မိုးမြေကြား ပဲ့တင်ထွက်နေသည်။
ထိုစဥ် တစ်စုံတစ်ယောက်က ဘယ်ဘက်ကို လက်ညိုးထိုးကာ ပြောလိုက်သည်။
"အနက်ရောင်မျှော်စင် အဖွဲ့အစည်းပဲ"
လှေနှင့်တူသည့် အနက်ရောင် ရထားလုံးပျံက တိမ်တိုက်ကို ခွင်း၍ ထွက်လာသည်။ ရထားလုံးပျံ အပြင်ဘက်တွင် ပုဆိန်လှံရှည်များ ကိုင်ဆောင်ထားသည့် အနက်ရောင် အစောင့်အရှောက်များစွာ ရှိနေလေသည်။ ရထားလုံးပျံက လေထုထဲ ရပ်တန့်သွားခဲ့၏။
ထိုအရာကို မြင်ကာ ရှောင်ယွင်ဟယ်က စိတ်လှုပ်ရှားမှုဖြင့် မေးလိုက်သည်။
"ကျုပ်တို့တွေ တစ်ချက်လောက် သွားကြည့်ကြမလား”
"အလျင်လိုဖို့ မလိုဘူး။ တိုက်ပွဲက စကာစပဲ ရှိသေးတာ။ ငါတို့တွေ အခုသွားရင် အမြှောက်စာ ဖြစ်သွားလိမ့်မယ်” လုကျိုးက ပြောလိုက်၏။
ချန်းယို့က ပြုံးကာ ပြောလိုက်သည်။
"လောင်ချန်းပေ့က ဉာဏ်ကြီးတာပဲ။ ယင်ကျောက်က ဉာဏ်ကောင်းတယ်ဆိုတော့ အလွယ်တကူ ဖြေရှင်းလို့ ရမှာမဟုတ်ဘူး”
ဝုန်း ဝုန်း ဝုန်း
မြေကြီးနှင့် တောင်တန်းများက တုန်ခါသွားပြီး ဆူညံသံများ ထွက်ပေါ်လာလေ၏။
ထို့နောက် ရုတ်ခြည်းဆိုသလို သားရဲပျံ ထောင်ချီက မြူခိုးများကြားမှ ထွက်ပေါ်လာကာ တောင်စွန်းဆီ ပျံသန်းလာကြသည်။ ထိုသားရဲပျံများကို နဂါးသိမ်းငှက်ဟု ခေါ်၏။ သူတို့၏ နာမည်အတိုင်း သူတို့က နဂါးနှင့် သိမ်းငှက် ပေါင်းစည်းထားပြီး ရှည်လျားသည့် ခန္ဓာကိုယ်နှင့် တောင်ပံများကို ပိုင်ဆိုင်ထားကြသည်။ သူတို့၏ အော်သံများက နားကွဲလုမတတ် ဖြစ်၏။
"သွားပြီ။ သားရဲတွေက လူတွေဆီ လာနေပြီ။ မြန်မြန်နောက်ဆုတ်ကြ”
ထိုစဥ် နဂါးသိမ်းငှက်က အဖြူဝတ် ကျင့်ကြံသူများထံ အနီရောင် ကြိုးမျှင်တစ်ခု ပစ်လွှတ်လိုက်ဟန်ပေါ်သည်။ ထို့နောက် ချက်ချင်းဆိုသလို နဂါးသိမ်းငှက်၏ စူးရှသည့် နှုတ်သီးက ကျင့်ကြံသူ၏ ခန္ဓကိုယ်ကို ဆုတ်ဖြဲပစ်လိုက်သည်။
တောအုပ်အတွင်း သွေးမိုးကျဆင်းလာ၏။
ကျင့်ကြံသူ ထောင်ချီက ထိုအရာကို မြင်ကာ အလျင်အမြန် နောက်ဆုတ်ကြသည်။
ဝှစ် ဝှစ် ဝှစ်
ထိုစဥ် သိပ်သည်းလှသည့် မြူခိုးများအတွင်း နောက်ထပ် ဆူညံသံများ ထွက်ပေါ်လာသည်။ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်၏ ပုံရိပ်များကို ထိုမြူခိုးနောက်ကွယ်တွင် ခပ်ဖျော့ဖျော့ မြင်တွေ့နိုင်လေ၏။
ရှောင်ယွင်ဟယ်က လုကျိုးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"အစ်ကိုလု အဲဒီခက်ထန်သားရဲတွေကို လျှော့တွက်မိပြီ ထင်တယ်”
မြူခိုးများအတွင်း ပြေးဝင်သွားသည့် အနက်ရောင် အစောင့်အရှောက်များကလည်း ယခုအခိုက်အတန့်တွက် ခက်ထန်သားရဲများ၏ ဝိုင်းထားခြင်းကို ခံနေရသည်။ မြူခိုးများက သူတို့၏ အမြင်ကို ပိတ်ဆို့ထားသော်လည်း တိုက်ပွဲက မည်မျှကြမ်းတမ်းမည်ကို အလွယ်တကူ ခန့်မှန်းကြည့်၍ ရပေသည်။
ချန်းယို့က အဖြူဝတ် ကျင့်ကြံသူအုပ်စုကို အဝေးသို့ ဦးဆောင်သွားရင်း မေးလိုက်သည်။
"ခင်ဗျားတို့ နှစ်ယောက်က ထွက်မသွားဘူးလား”
လုကျိုးက ကောင်းကင်အထက်မှ သူ့ဆီ ပျံသန်းလာနေသည့် နဂါးသိမ်းငှက်များကို ကြည့်လိုက်သည်။ သူက ရှောင်ရှားဖို့ ရည်ရွယ်ချက် မရှိမှန်း သိသာလှ၏။ အကောင်အရေအတွက်က များပြားသော်လည်း သူတို့က ခက်ထန်သားရဲသာဖြစ်ပြီး သာမန် သို့မဟုတ် အဆင့်နိမ့် မွေးဖွားဇယားချပ် သားရဲပင် မဟုတ်ပေ။
လုကျိုးက လေသံအတက်အကျမရှိ ပြောလိုက်သည်။
"သူတို့ကို ဖြေရှင်းလိုက်"
"ဟုတ်ကဲ့" ယွီရှန်းရုန်က ခြေဖျားအသာထောက်ကာ ကောင်းကင်အထက် ပျံသန်းထွက်သွားသည်။
ချန်းယို့က မျက်မှောင်ကြုတ်ကာ လှမ်းခေါ်လိုက်၏။
"မဖြစ်ဘူး။ မင်းက ပွင့်ချပ်ဆယ်လွှာပဲ ရှိသေးတာ”
...
အခန်း (၉၉၃) အမှောင်ထု
အညတရအဖြူရောင်ဂိုဏ်းထဲရှိ ကျင့်ကြံသူအများစုသည် ပွင့်ချပ်ကိုးလွှာနှင့် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူများဖြစ်သည်။ ထို့ကြောင့် သူတို့သည် အသက်ဓာတ်နှလုံးသားများ ရနိုင်ရန် အလွန် စိတ်အားထက်သန်နေတာပဲဖြစ်သည်။ သို့သော် အားနည်းသောကျင့်ကြံသူများကို ချည်နှောင်နေသည့် အနီရောင်စွမ်းအင်မျဉ်းများ၊ ထွေးထုတ်နေသော နဂါးသိမ်းငှက်များကို မြင်သောအခါ သူတို့အကြံကုန်သွားပြီဖြစ်သည်။ သူတို့ပထမဆုံးအတွေးမှာ နောက်ဆုတ်ရန်ဖြစ်ပြီး တိုက်ခိုက်ရန် မဟုတ်ပေ။
ရှောင်ယွင်ဟယ်၏ စိတ်ရှုပ်ထွေးနေသော အကြည့်အောက်တွင် ယွီရှန်းရုန်သည် သူ၏ သက်တော်ရှည်ဓားကို ဆွဲထုတ်လိုက်သည်။ သူ၏ဓားကို ဆွဲထုတ်လိုက်သည်နှင့် သတ်ဖြတ်ရန်စိတ်က ပေါ်လာ၏။ အတွေးတစ်ချက်ဖြင့် စွမ်းအင်ဓားတစ်သိန်းက လေထဲတွင် ပေါ်ပေါက်လာပြီး ကောင်းကင်ကို လွှမ်းသွားတော့သည်။
“ဒါက လွှမ်းမိုးအဆင့်ဓားပဲ”
ဝှစ်
ယွီရှန်းရုန်ကို ထိတော့မည့် အနီရောင်စွမ်းအင်မျဉ်းက သူ၏စွမ်းအင်ဓားကြောင့် ချက်ချင်း ဖြတ်တောက်ခံလိုက်ရသည်။ ပြီးနောက် စွမ်းအင်ဓားသည် နဂါးသိမ်းငှက်ဆီသို့ လှိုင်းတစ်ခုပမာ လှိမ့်တက်သွားသည်။ နဂါးသိမ်းငှက်တစ်ကောင်ပြီးတစ်ကောင် စွမ်းအင်ဓားကြောင့် ပြုတ်ကျလာ၏။
ထိုအဆင့်နိမ့်ကြမ်းတမ်းခက်ထန်သားရဲများသည် သူ့ကို မည်သည့်ကုသိုလ်မှတ်မှ မပေးကြောင်း ရှာတွေ့သွားချိန်၌ သူ အနည်းငယ်နောင်တရသွားသည်။ တစ်ချိန်တည်းတွင် ယွီရှန်းရုန်၏ခွန်အားက ဘုံတစ်ထောင်လေပွေအထက်တွင်ရှိတာ ကြိမ်းသေသွားသည်။ ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူမဆိုထားနှင့် မွေးဖွားဇယားချပ်ကို အသက်သွင်းထားသည့်သူများတောင် သူ့ကို မယှဉ်နိုင်လောက်ပေ။
“ဒါ ဒါက ပွင့်ချပ်ဆယ်လွှာအဆင့်လား” ရှောင်ယွင်ဟယ်က ဝေခွဲမရဖြစ်သွားသည်။
ယွီကျန့်ဟိုင်သည်လည်း ယွီရှန်းရုန်၏ဆောင်ရွက်ချက်ကြောင့် ထိတ်လန့်သွားကုန်၏။ သူက ခေါင်းခါလျက် ပြောလိုက်တော့သည်။
“အသက်ဓာတ်နှလုံးသားငါးခု စုပ်ယူပြီးတဲ့နောက် အာ့ရှစ်တိရဲ့ခွန်အား ဒီလောက်တိုးလာလိမ့်မယ်လို့ မထင်ထားဘူး”
“...” ရှောင်ယွင်ဟယ်သည် ဤကျင့်ကြံခြင်းလမ်းစဉ်၌ သူ၏အတွေ့အကြုံ မရှိသောကြောင့် သူ့၌ မှတ်ချက်ချစရာမရှိပေ။
တစ်ချိန်တည်းတွင် ချန်းယို့နှင့် အညတရအဖြူရောင်ဂိုဏ်းမှ လူများသည် ယွီရှန်းရုန်က နဂါးသိမ်းငှက်များကို သတ်နေတာကို သူတို့ပါးစပ်အဟောင်းသားဖြင့် ကြည့်နေလေ၏။
ခဏအတွင်း၌ ဝေဟင်ထဲတွင် တိတ်ဆိတ်မှုက ပြန်လည်ရောက်ရှိလာသည်။
ယွီရှန်းရုန်က လှစ်ခနဲပင် လုကျိုးဘေးသို့ ပြန်လာ၏။
ဝှစ်
တစ်ချိန်တည်းတွင် စွမ်းအင်ဓားများ ပျောက်ကွယ်သွားပြီး သက်တော်ရှည်ဓားက ဓားအိမ်ထဲ ပြန်ရောက်လာ၏။
“ဒါက” ချန်းယို့က ယွီရှန်းရုန်ကို အထိတ်တလန့် ကြည့်လိုက်သည်။
ရှောင်ယွင်ဟယ်က လက်ခုပ်တီးကာပြောလိုက်လေ၏။၏
“ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက်အတွက် ဒီလိုရှားပါးတဲ့ ဓားလမ်းစဉ်ကို ကျင့်ကြံတာ ရှားပါးတယ်”
“ပွင့်ချပ်ဆယ်လွှာလား” ချန်းယို့က သူ၏လူများကို လှည့်ကြည့်လိုက်လေ၏။
ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူ တစ်သိုက်သည် ခေါင်းချက်ချင်းငုံ့ထားမိ၏။ သူတို့သည်လည်း ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူများဖြစ်သည်။ ထိုသို့ဆိုလျှင် ကွာဟချက်က အဘယ်ကြောင့် ထိုမျှ ကြီးမားသနည်း။
လုကျိုးသည် မြူထဲတွင်ရှိနေသည့် တောင်တန်းဒေသကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။
“သွားစုံစမ်းလိုက်”
ရှောင်ယွင်ဟယ်က ပြောလိုက်သည်။
“ဝူချောင်ကို စုံစမ်းခိုင်းလိုက်ပါ။ သူက စုန်းအတတ်သုံးနိုင်တယ်ဆိုတော့ သူ့ကို လွှတ်လိုက်တာ ကျုပ်တို့အတွက် ပိုအဆင်ပြေတယ်”
“နားလည်ပါပြီ”
ဝူချောင်သည် သိပ်သည်းသော မြူများထဲ မြန်ဆန်သော လှုပ်ရှားမှုများဖြင့် သွားလိုက်သည်။
ချန်းယို့နှင့် အညတရဂိုဏ်းကျင့်ကြံသူများသည် ကြည့်နေစဉ် တံတွေးမြိုချမိသွား၏။
ခဏအကြာတွင် ချန်းယို့က ပြောလိုက်၏။ သူ ရှက်ရွံ့နေတာ သိသာသည်။
“ကျုပ် ... ကျုပ် ရှက်မိတယ်”
လုကျိုးက ပြောလိုက်သည်။
“သူတို့ကိုယ်သူတို့ကာကွယ်ဖို့ အားနည်းတာ မမှားပါဘူး”
“ကျေးဇူးပါ ဆရာကြီး။ နားလည်ပေးတဲ့အတွက် ... ဒါဆို ဒါဆို ကျွန်တော်တို့ပူးပေါင်းမှုက ...” ချန်းယို့က စကားထစ်သွားလေ၏။
“မရှိဘူး” လုကျိုးက ခေါင်းခါလိုက်သည်။ “ငါက လူတိုင်းကို အခွင့်အရေးတစ်ခုပဲပေးတာ”
“...” ချန်းယို့က နောင်တရသွားလေ၏။ သူသည် မဟာအခွင့်အရေးတစ်ခုကို လွဲချော်သွားလေသည်။
သိပ်မကြာမီ၌ ဝူချောင်ပြန်ရောက်လာ၏။ သူက လှမ်းပြောလိုက်သည်။
“ကျုပ် ပေါ်သွားပြီ”
ကြက်သွေးရောင် မွေးဖွားဇယားချပ်သားရဲက လိုက်နေသည်။
“အဲဒါက ကြက်သွေးဆန်ကြယ်ငှက်ပဲ”
ချန်းယို့နှင့် အညတရကျင့်ကြံသူဂိုဏ်းသည် အလိုလို နောက်ဆုတ်သွားပြန်သည်။
ယခုအချိန်တွင် ချန်းယို့က သူ အဘယ်ကြောင့် ထိုမျှကြောက်နေရသလဲဟု ရုတ်တရက် တွေးမိသွားသည်။ သူသည် ဘုံတစ်ထောင်လေပွေကျင့်ကြံသူတစ်ယောက် ဖြစ်၏။
ဝူချောင်၏အရှိန်သည် သူသည် မဟာနည်းစနစ်ကို အသုံးပြုထားချိန်၌ လျှပ်ပြက်သကဲ့သို့ မြန်ဆန်လှသည်။ မျက်စိတစ်မှိတ်အတွင်း သူသည် အခြားသူများရှေ့သို့ ရောက်လာ၏။ ပြီးနောက် ကြက်သွေးရောင်ဆန်ကြယ်ငှက်ကို ရင်ဆိုင်ပြီး သူ၏ဧရာမကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်လိုက်၏။
ဖုန်း
ကြက်သွေးရောင်ဆန်ကြယ်ငှက်က ဝူချောင်၏ ကြယ်တာရာဒိုင်ခွက်နှင့် ဝင်တိုက်မိသွားသည်။
“သူက မွေးဖွားဇယားချပ်လေးခု ဘုံတစ်ထောင်ကျင့်ကြံသူတစ်ယောက်ပဲ” အညတရ အဖြူရောင်ဂိုဏ်း၏ အဖွဲ့သားများသည် ထိတ်လန့်သွားကြသည်။
လက်အောက်ငယ်သားတစ်ယောက်က မွေးဖွားဇယားချပ်လေးခု ပိုင်တယ်လား .... ဒီလိုဆိုရင် အဲ့ဒီပုဂ္ဂိုလ်နှစ်ယောက် ဘယ်လောက်သန်မာမလဲ။
ချန်းယို့သည် ယင်းကို ကြည့်ပြီးပိုတောင် နောင်တရလာ၏။ ဆုံးရှုံးသွားသော အခွင့်အရေးကြောင့် သူ ရင်နာနေမိသည်။
ထိုစဉ် အနက်ရောင်လက်တံထောင်ချီက ကြယ်တာရာဒိုင်ခွက်ထဲမှ ပေါ်လာပြီး ကြက်သွေးရောင်ဆန်ကြယ်ငှက်ကို ထိန်းချုပ်ထားသည်။
ဝူချောင်က လေထဲပျံဝဲနေလျက် သူ၏ကြယ်တာရာဒိုင်ခွက်ကို လက်တစ်ဖက်ဖြင့် တွန်းလိုက်သည်။ အလင်းတန်းများ ပေါ်ထွက်လာပြီးနောက် ကြက်သွေးရောင်ဆန်ကြယ်ငှက်ကို ချက်ချင်း ထိုးဖောက်သွားလေ၏။
ကြက်သွေးရောင်ဆန်ကြယ်ငှက်က ရုန်းကန်နေပြီးနောက် ကသောင်းကနင်း တိုက်ခိုက်ပြီး ပူဆွေးစွာ အော်လိုက်သည်။ ယခု ၎င်းက ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပြီ ဖြစ်သောကြောင့် လှည့်ထွက်ပြီး ထွက်ပြေးဖို့ ရည်ရွယ်လိုက်သည်။
ဝူချောင်က အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ပြောလိုက်၏။
“အရှေ့မှာ အနက်ရောင်အစောင့်တွေအများကြီး သေနေပါတယ်။ အဲ့ဒီမှာ ကြမ်းတမ်းခက်ထန်သားရဲတွေ အများကြီးရှိတာ။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက တစ်ဖက်ဆီကို နောက်ဆုတ်နေပါပြီ”
လုကျိုးသည် ပြန်မပြောခဲ့ပေ။ ထိုအစား သူက လက်မြှောက်လိုက်၏။ လက်ထဲတွင် လေးအသွင်ဖြင့် အမည်မဲ့က ချက်ချင်းပေါ်လာသည်။
“တိရစ္ဆာန်ကောင် မင်း ဒီကို လာပြီးထွက်သွားလို့ရမယ် ထင်နေလား”
ဝှစ်
လူကြီးတစ်ယောက်ထက်ပိုမြင့်သော ရွှေရောင်စွမ်းအင်များက ပေါ်လာသည်။ အသက်တစ်ရှိုက်စာ အတွင်း ၎င်းကို ကောင်းကင်ထဲ ပစ်လိုက်၏။ မြန်လွန်းသဖြင့် လေဟုန်ခွင်းသွားလေ၏။
ဘန်း
စွမ်းအင်မြှားသည် ကြက်သွေးရောင်ဆန်ကြယ်ငှက်၏ သေကွင်းသေကွက်ကို တိတိကျကျ ထိသွားတော့သည်။
“...”
ချန်းယို့၏မျက်ခွံက တွန့်သွားလေ၏။ သူသည် ဗျူဟာတချို့ဖြင့် ဤနေရာသို့ ရောက်လာတာဖြစ်သည်။ ကြမ်းတမ်းခက်ထန်သားရဲတစ်ကောင်က သူတို့နောက်လိုက်လျှင် သူတို့ နောက်ဆုတ်ဖို့ စီစဉ်ထားတာဖြစ်သည်။ သူတို့၏အစီအစဉ်က ကြမ်းတမ်းခက်ထန်သားရဲကို အဝေးသို့ မျှားခေါ်သွားပြီး အရေအတွက်ဖြင့် အသာစီးရယူရန်ဖြစ်သည်။ သို့သော်ငြား ဗျူဟာက အသုံးမဝင်တော့ပေ။ လက်ရှိ၌ သူတို့သည် နောက်ခံအစီအရင်များနှင့်သာ တူနေ၏။ သူတို့ပွဲကိုသာ ကြည့်နေနိုင်သည်။
“ဆရာကြီး ... ဆရာကြီးက ရွှေကြာနယ်မြေကလား” ချန်းယို့က သိချင်စိတ်ဖြင့် မေးလိုက်၏။ တစ်ချိန်တည်းတွင် သူသည် မိစ္ဆာဝေဟင်မျှော်နန်းကို မှတ်ဉာဏ်ထဲတွင် ထည့်ထားသည်။
လုကျိုးက ချန်းယို့ကို လျစ်လျူရှုထားပြီး အမိန့်ပေးလိုက်သည်။
“သူ့ရဲ့အသက်ဓာတ်နှလုံးသားကို ထုတ်လိုက်”
ယွီရှန်းရုန်သည် လျှပ်ပြက်သောအရှိန်ဖြင့် ဝေဟင်မှ ကျလာသော ကြက်သွေးရောင်ဆန်ကြယ်ငှက်ဆီ ပျံသန်းသွား၏။ သိပ်မကြာမီ၌ အနီရောင်အသက်ဓာတ်နှလုံးသားဖြင့် ပြန်လာတော့သည်။
ရှောင်ယွင်ဟယ်က လေးစားစွာပြောလိုက်၏။
“အံ့ဩစရာပဲ။ အံ့ဩစရာပဲ။ အစ်ကိုလုက တကယ့်ကို လေးသည်တော်ကောင်းတစ်ယောက်ပဲ”
လုကျိုးသည် ဘာမှ မပြောခဲ့ပေ။ ထိုအစားသူသည် သူ့ရှေ့ရှိ တောင်တန်းဒေသကို ကြည့်လိုက်၏။ မြူထဲရှိ တိုက်ခိုက်သံများနှင့် တိုက်ပွဲများက လေထဲ ဆက်လက်မြည်ဟီးနေသည်။
ထိုစဉ် လေထဲ၌ နားစည်ထိခိုက်ဖွယ် ဟိန်းသံတစ်သံ ပေါ်ထွက်လာ၏။
မြေကမ္ဘာအနည်းငယ် တုန်လှုပ်သွားပြီးနောက် ကျောက်နံရံမှ ကျောက်တုံးများ လိမ့်ကျလာသည်။
မကြာမီ၌ ကောင်းကင်ဘယ်ဖက်ခြမ်းရှိ ဧရာမ အနက်ရောင်ရထားလုံးထဲမှ ပျံထွက်လာသည့် အနက်ရောင်ကြာ ကျင့်ကြံသူတစ်ဒါဇင်ခန့်ကို တွေ့လိုက်ရသည်။
ဖုန်း ဖုန်း ဖုန်း
ဤနည်းဖြင့် မိုးခြိမ်းသံများ၊ တိုက်ပွဲသံများက ပိုတောင် ပြင်းထန်လာသည်။
ထိုစဉ် တည်ရှိမှုကို အချိန်အတော်ကြာ လျော့ချထားသည် ရှန်ရှီက ရုတ်တရက်ခေါင်းမော့ပြီး ပြောလိုက်၏။
“အဲ့ဒါက ပထမအကြီးအကဲရဲ့ကောင်းကင်ပံ့ပိုးမျဉ်း စည်းတံဆိပ်ပဲ”
ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးသွားသည့် အနက်ရောင်စည်းတံဆိပ်က အမှောင်ထုကို ဆင်းသက်လာစေ၏။
သိပ်သည်းသော မြူထဲတွင် ဧရာမအနက်ရောင်ကြယ်တာရာဒိုင်ခွက်သည် ခဏတဖြုတ်လှစ်ခနဲ ပေါ်လာပြီးနောက် ပျောက်ကွယ်သွား၏။
ရှေ့ရှိ တောင်သုံးခုသည် အနက်ရောင်စည်းတံဆိပ်ကြောင့် ဖျက်ဆီးခံလိုက်ရသည်။ ယခုဆို သူတို့သည် ကြမ်းတမ်းစွာ ပြိုကျလာပြီး ကျောက်တုံးကျောက်ခဲများဖြစ်သွားလေ၏။
“ပိတ်ဆို့ထား” ချန်းယို့က အမိန့်ပေးလိုက်၏။
ချက်ချင်းပင် လူတိုင်းသည် စွမ်းအင်အရံအတားများဖွဲ့တည်လိုက်၏။
ရှောင်ယွင်ဟယ်က ပြောလိုက်တော့သည်။
“ကျုပ် ထင်တာ မမှားရင် အနက်ရောင်အဖွဲ့အစည်းရဲ့ ပထမအကြီးအကဲရှစ်ယို့ရန်က မွေးဖွားဇယားချပ် ဆယ်ခုရှိလောက်တယ်။ သူတို့က ယင်ကျောက်ကို တိုက်ခိုက်ဖို့ သူ့ကို လွှတ်လိုက်တာ အံ့ဩစရာမရှိဘူးပဲ”
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ကျောက်တုံးကျောက်ခဲများသည် စွမ်းအင်စည်းတံဆိပ်ပေါ် အချိန်အတော်ကြာ ရပ်တန့်နေပြီး ရပ်တန့်မည့် လက္ခဏာမပြပေ။
“ကျုပ်တို့ ကပ်လွန်းနေတယ်။ နောက်ဆုတ်ဖို့ အကြံပေးချင်တယ်” ချန်းယို့က ပြောလိုက်၏။
သူ ပြောပြီးသည်နှင့် ဆူနာမီအားစွမ်းအင်က ပေါ်ထွက်လာပြီး မိုးခြိမ်းသံတစ်သံက လိုက်ပါလာ၏။
“ရှစ်ယို့ရန် ထွက်သွား။ မင်း ဒီမှာ အရှက်မရှိ ပြုမူပိုင်ခွင့်မရှိဘူး”
စွမ်းအင်လှိမ့်ထွက်လာပြီး ချက်ချင်းပင် ပိုအားနည်းသည့် ကြမ်းတမ်းခက်ထန်သားရဲအားလုံးကို ဝါးမြိုသွားသည်။ ထိုတွင်မက တောင်တန်းများနှင့် သစ်ပင်တချို့တောင် လှဲကျင်းခံလိုက်ရ၏။
ထိုအသံကိုကြားသောအခါ ရှောင်ယွင်ဟယ်က လေးနက်တည်ကြည်စွာပြောလိုက်သည်။
“ရွှီချန်းလည်း ဒီရောက်နေပြီ။ ရှစ်ယို့ရန်က အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ ပထမအကြီးအကဲ။ ရွှီချန်က အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ပထမအကြီးအကဲပဲ”
လုကျိုးသည် ခေါင်းခါပြီးပြောကာ စိတ်ပျက်နေတာ သိသာ၏။
“မျှော်စင်သခင်မလာဘူးလား”
ရှောင်ယွင်ဟယ် “...”
ဟေ့ ... ခင်ဗျားရဲ့ ဟာသက မရယ်ရဘူးနော်။
တကယ်တော့ ရှောင်ယွင်ဟယ်သည် အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်းက အစောင့်အရှောက်တစ်ယောက်ဆီသာ ပို့မည်ဟု သူ မှန်းဆပြီးသားဖြစ်သည်။ အကြီးအကဲများ၏ တည်ရှိမှုဖြင့် လုကျိုးမရှိပင်လျှင်တောင် ယင်ကျောက်၏ အသက်ဓာတ်နှလုံးသားကို ရဖို့က မဖြစ်နိုင်သလောက်ပေ။ ထိုစဉ် ဆူနာမီကဲ့သို့ စွမ်းအင်သည် လုကျိုးနှင့် ကျန်သည့်သူများနား ကပ်သည်ထက် ကပ်လာသည်။
လုကျိုးသည် သာမန်ကာလျှံကာ လက်တစ်ဖက်တွန်းထုတ်လိုက်သည်။ သို့သော် စွမ်းအင်လှိုင်းလုံးက ပိုမိုနီးကပ်လာလေ၏။ လုကျိုးက လက်ဝါးတွန်းထုတ်လိုက်၏။
ချုပ်နှောင်ရေးစည်းတံဆိပ်က ပေါ်ထွက်လာပြီး အရွယ်အစားကြီးမားလာကာ ကျောက်နံရံကို ကာလျက် ၎င်းနောက်ရှိလူတိုင်းကို ကာကွယ်ပေးထားသည်။
ဖုန်း
ချုပ်နှောင်စည်းတံဆိပ်သည် ဆူနာမီကဲ့သို့ စွမ်းအင်ကို အောင်မြင်စွာ ပိတ်ဆို့လိုက်၏။ သို့သော်ငြား စွမ်းအင်သည် သူတို့ပေါ် ဆက်လက်ဖိထားသေးဆဲဖြစ်သည်။
အညတရကျင့်ကြံသူထောင်ချီက ချုပ်နှောင်စည်းတံဆိပ်နှင့် ဆူနာမီကဲ့သို့ စွမ်းအင်ကို အထိတ်တလန့်ကြည့်နေသည်။ ယခုအချိန်၌ သူတို့ကိုယ်သူတို့ အထင်ကြီးခဲ့ကြောင့် သဘောပေါက်သွားသည်။ အရာအားလုံးကို ဘေးချိတ်ထားပြီးကြည့်လျှင်တောင် သူတို့သည် ဘေးကနေပွဲကို ကြည့်ဖို့တောင် အရည်အချင်းမမှီပေ။
ထိုစဉ် လုကျိုးက လေထဲပျံတက်လျက် ချုပ်နှောင်ရေးစည်းတံဆိပ်ကို ကိုင်ထား၏။ စွမ်းအင်က ချုပ်နှောင်ရေးစည်းတံဆိပ်ပေါ် ထပ်တလဲလဲကျလာသည်။ ယင်းကို မြင်သောအခါ ကျန်သည့်သူများက လုကျိုးနောက်တွင် ရပ်လိုက်ကြသည်။ သူတို့၌ ရွေးချယ်စရာမရှိပေ။ သူတို့ ဤသို့ မလုပ်ပါက သူတို့သေလိမ့်မည်။ သူတို့၌ ပွင့်ချပ်ဆယ်လွှာ သို့မဟုတ် ဘုံတစ်ထောင်လေပွေရှိစေကာမူ အားလုံးက လုကျိုးနောက် လိုက်ကြသည်။
ယခုအချိန်တွင် လုကျိုးက ထူးမခြားနား ပြောလိုက်သည်။
“ဒီနေ့ မိုးပြိုမယ်ဆိုတာ ငါ မယုံဘူး”
လုကျိုး၏ စကားကို ကြားသောအခါ လူတိုင်း၏ ယုံကြည်ချက်များ ပေါ်ပေါက်လာ၏။ အားလုံးက ချုပ်နှောင်ရေးစည်းတံဆိပ်အောက်တွင် ဂရုတစိုက်ရပ်လျက် လေထဲပျံတက်သွားကြတော့သည်။
ရှောင်ယွင်ဟယ်က တသိမ့်သိမ့်ရယ်မောပြီး ပြောလိုက်၏။ "အစ်ကိုလု ဒီနေ့ လက်တစ်ဖက်ငှားမယ်” သူသည် ချုပ်နှောင်ရေးစည်းတံဆိပ်ကို တွန်းတင်လျက် မထိန်ချန်ထားပေ။ ဤနည်းဖြင့် သိုင်းပညာရှင်နှစ်ယောက်သည် တောင်ကဲ့သို့ ဖိအားကို ကြံ့ကြံ့ခံလျက် ရပ်တည်နေတော့သည်။