အခန်း (၉၉၇-၉၉၉)
Vol. 67 Ch. 997-999
အခန်း (၉၉၇) နည်းလမ်းငါးသွယ်တိုက်ပွဲတစ်ပွဲ
ယခုအချိန်တွင် အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှ လူတိုင်း၏မျက်နှာက ပုပ်သိုးနေကြတော့သည်။
လော့ဟွမ်းသည် လုကျိုး၏လက်ဝါးရိုက်ချက်ကြောင့် ပျာယာခတ်သွား၏။ သူ ရှောင်နိုင်ခဲ့သော်ငြား ရင်ထဲ၌ အကြောက်တရားရှိနေသေးဆဲဖြစ်သည်။
ဝူဘုရင်က ရယ်မောပြီးနောက် ပြောလိုက်သည်။
“လော့ဟွမ်း မင်းရဲ့ဒေါသကို ထိန်းချုပ်ဖို့ သင်ယူဖို့လိုတယ်”
လော့ဟွမ်းသည် အဝေး၌ ဦးညွှတ်လိုက်၏။
“ကျုပ် အဆင်အခြင်မဲ့မိပါတယ်။ လုချန်းပေ့ ကျုပ်ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်” ဝူဘုရင်နှင့် ယဲ့လျိုယွင်တို့က ဆိတ်ဆိတ်သာနေသည်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းသည် သူတို့လူများ အခေါ်ခံသွားရသည့်အကြောင်းကို ရေးကြီးခွင်ကျယ် မလုပ်ခဲ့လျှင် သူတို့၌ ဘာများပြောပိုင်ခွင့် ရှိမည်နည်း။
ယဲ့လျိုယွင်နှုတ်ခမ်းက တွန့်သွားသည်။ သူ ကူကယ်ရာမဲ့နေသည်။
ထိုစဉ် နဉ်ဝမ်ချင်းက ပြုံးပြီးပြောလိုက်သည်။
“လူတိုင်းမှာ အတွေးကိုယ်စီ ရှိတယ်။ တစ်ယောက်ယောက်က ထွက်သွားဖို့ရွေးရင် အကြောင်းပြချက် တစ်ခုရှိကို ရှိရမယ်။ သူ ထွက်သွားတာကို အပြစ်မတင်သင့်ဘူး။ ဒါ့အပြင် သူသာ သစ္စာဖောက်တစ်ယောက်ဆိုရင် လုချန်းပေ့က သူ့ကို ဘယ်လိုလုပ်လက်ခံလိမ့်မလဲ”
နဉ်ဝမ်ချင်း၏စကားများသည် အနက်ရောင်မျှော်စင်အဖွဲ့အစည်းအတွက် ကြေကွဲပုံဖြင့် လှောင်ပြောင်ပြောဆိုနေပြီး တစ်ချိန်တည်းတွင် လုကျိုးနှင့်ရှန်ရှီကြား ပဋိပက္ခကို မြင်တွေ့ချင်နေတာလည်း ဖြစ်သည်။
လုကျိုးက မုတ်ဆိတ်သပ်ပြီး ပြောလိုက်၏။၏
“ငါ့ရှေ့မှာ မင်းရဲ့သေးသိမ်တဲ့လှည့်ကွက်တွေကို လာမသုံးနဲ့။ ငါ လုပ်နေတာ ငါ သိတယ်။ ရှန်ရှီက သစ္စာဖောက်တစ်ယောက်ဆိုတာ ငါ့ကို သတိပေးဖို့မလိုဘူး”
နဉ်ဝမ်ချင်း၏ မျက်နှာထက်၌ အနေခက်သွားမှုများ ချက်ချင်းပေါ်လာတော့၏။
“ကျုပ် တောင်းပန်ပါတယ်။ မှားပြောမိပါတယ်”
ရှန်ရှီသည် လုကျိုး၏စကားများကို ကြားသောအခါ အနည်းငယ်စိတ်လှုပ်ရှားသွားသည်။
လုကျိုးသည် ရှန်ရှီကို တစ်ချက်ကြည့်လိုက်၏။ ဟုတ်ပြီ ... သူ့သစ္စာရှိမှုက ၂၀% တိုးလာတယ်။
လော့ဟွမ်းက သက်ပြင်းချလိုက်တော့သည်။ ဤအနက်ရောင်မျှော်စင်အဖွဲ့အစည်းသည် ရှန်ရှီကို ဖမ်းမည့်အမိန့်ကို ရုပ်သိမ်းရတော့မည့်ပုံပေါ်သည်။
ထိုစဉ် တောင်ပိုင်းရှိ တောင်ခြေမှ ထူးဆန်းသည့် ဆူညံသံတစ်သံပေါ်ထွက်လာသည်။
ဝူဘုရင်က အော်ပြောလိုက်၏။
“အဲဒါ ယင်ကျောက်ပဲ။ တိုက်ခိုက်ကြဟေ့”
ရထားလုံးပျံပေါ်ရှိ ကျင့်ကြံသူ ဒါဇင်ချီက ဆူညံသံလာရာဖက်ကိုသွားလိုက်၏။
ယဲ့လျိုယွင် အရိပ်က လှစ်ကနဲ လှုပ်သွားသည်။ သူက လူတိုင်းထက် လျင်မြန်စွာ လှုပ်ရှားနေ၏။
“ယင်ကျောက် ဒီမှာ”
“ယင်ကျောက်ရောက်လာပြီ”
ယင်ကျောက် ရောက်လာမှုသည် အင်အားစုငါးစု လွှမ်းမိုးထားသည့် ပတ်ဝန်းကျင်ကို ချက်ချင်းဖြိုခွဲလိုက်သည်။
ထိုဆူညံသံ ရှိရာဖက်သို့ လူများစွာက ကမူးရူးထိုး ပျံသန်းသွားကြသည်။
တစ်ချိန်လုံး ပုန်းနေသည့် ဂိုဏ်းမဲ့ကျင့်ကြံသူတချို့ကလည်း လှုပ်ရှားလာကြ၏။
လော့ဟွမ်းက ခေါင်းမော့လျက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ပထမအကြီးအကဲ ပြန်မလာသေးသောကြောင့် သူ မသက်မသာ ဖြစ်နေသည်။ သူက ထပ်မစောင့်နိုင်တော့ပေ။ သူက အမိန့်ပေးလိုက်သည်။
“အသက်ဓာတ်နှလုံးသားတွေကို ထားခဲ့ပြီး ငါ့နောက်လိုက်ခဲ့”
ပြီးနောက် အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှ အဖွဲ့သားတို့သည် လော့ဟွမ်းနောက်လိုက်ကြပြီး ကမူးရှူးထိုး ထွက်သွားကြလေ၏။
တစ်ဖက်တွင်မူ နဉ်ဝမ်ချင်းသည် ယင်ကျောက်၏ ရုတ်တရက်ပေါ်ပေါက်လာမှုကြောင့် ထိတ်လန့်နေရာမှ သတိဝင်လာပြီး လုကျိုးဖက် လှည့်မေးလိုက်တော့သည်။
“လောင်ချန်းပေ့ ... ချန်းပေ့လည်း ယင်ကျောက်အတွက်လာတာလား”
သို့သော်ငြား ထိုမေးခွန်းသည် နဉ်ဝမ်ချင်း၏နှုတ်မှ ထွက်သွားသည်နှင့် သူ၏မေးခွန်းက တကယ် ကြောင်တောင်တောင်နိုင်နေမှန်း ခံစားမိလိုက်သည်။ ဤနေရာတွင် ယင်ကျောက်အတွက် မလာသည့်သူ မည်သို့ရှိမည်နည်း။ ထို့အပြင် ဤကဲ့သို့ မြင့်မားသော ကျင့်ကြံဆင့်ဖြင့် လုကျိုးသည် အခွင့်အရေးကောင်းကို မည်ကဲ့သို့ လက်လွှတ်မည်နည်း။
“အဲဒီကို မသွားဘူးလား”
“ကျုပ်” နဉ်ဝမ်ချင်းက သက်ပြင်းချလိုက်၏။ သူသည် တိုက်ပွဲသံများကို ကြားသောအခါ တွေဝေနေသည်။ တိုက်ခိုက်နေသည့်အသံများသည် သူ၏ ဆင်ခြင်တုံတရားကို တဖြည်းဖြည်းချင်း လွှမ်းမိုးသွား၏။ အဆုံးကျ သူသည် ဘာမှဂရုမစိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ ယင်ကျောက်၏ အသက်ဓာတ်နှလုံးသားကို ရသည်နှင့် အရာအားလုံး သူ ဖြေရှင်းမည်။ ထို့ကြောင့် သူက ပြောလိုက်၏။
“လောင်ချန်းပေ့ ဒီအငယ် သွားလိုက်ပါဦးမယ်”
မျက်စိတစ်မှိတ်အတွင်း နဉ်ဝမ်ချင်းက ပျံသန်းသွားပြီး အဖြူရောင်အစောင့်များနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းမှ ကျန်သည့်အဖွဲ့သားများကလည်း သူ့နောက် အလျင်စလို လိုက်သွားကြ၏။
အချိန်အတိုင်းအတာတစ်ခုထိ အင်အားစုလေးစုသည် အဝေးရှိတောင်ကို ဝိုင်းထားပြီး တိုက်ခိုက်နေကြသည်။
လုကျိုးကမူ လှုပ်ရှားရန် အလျင်မလိုပေ။
ယင်းကို တွေ့သောအခါ ရှောင်ယွင်ဟယ်က စိုးရိမ်ပူပန်စွာ မေးလိုက်၏။
“အစ်ကိုလု အခုမလှုပ်ရှားဘူးလား”
“ယင်ကျောက်က တကယ်ကောက်ကျစ်တာပဲ။ အစောတုန်းက ထောင်ချောက်နှစ်ခုကို ဆင်ခဲ့တာ။ ဒီတစ်ခေါက်လည်း တူနေမှာစိုးတယ်” လုကျိုးက ပြောလိုက်၏။
လူသားများသည် သတ္တဝါအားလုံးထက် သာလွန်၏။ ထို့ကြောင့် ကိုယ့်ကိုကိုယ်အထင်ကြီးသည့် လူများရှိသည်။ ထိုလူများသည် သူတို့အမှားကို မေ့လျော့လေ့ရှိပြီး ထပ်ခါတလဲလဲ လုပ်လေ့ရှိ၏။ ရှောင်ယွင်ဟယ်သည် လုကျိုး၏စကားကို နားထောင်ပြီး ခေါင်းညိတ်လိုက်၏။
“ဒီတော့ ဒီကြမ်းတမ်းခက်ထန်သားရဲတွေက ယင်ကျောက်ရဲ့အစီအစဉ် တစ်စိတ်တစ်ပိုင်းလား”
ရှန်ရှီက ပြောလိုက်သည်။
“အညတရအဖြူရောင်ဂိုဏ်းက လူတွေကိုမျှားဖို့ နဂါးသိမ်းငှက်တွေကို သုံးခဲ့တာ။ ကြမ်းတမ်းခက်ထန် သားရဲတွေကတော့ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းရဲ့ ပထမအကြီးအကဲသတ်တာ ခံလိုက်ရပြီ။ ယင်ကျောက်က တကယ်ကောက်ကျစ်တယ်။ သူက လူသားတွေရဲ့ လောဘကို အမြတ်ထုတ်နေတာ”
ယွီကျန့်ဟိုင်က ပြောလိုက်၏။ "ခင်ဗျားပြောပုံအရ ယင်ကျောက်ရဲ့ဉာဏ်ရည်က ဆယ်နှစ်သားထက် သာတဲ့ပုံပဲ”
လုကျိုးသည် ခေါင်းခါပြီး ပြောလိုက်၏။
“အခုတော့ စောင့်ကြည့်ကြတာပေါ့။ ငါတို့တွေးတာ များလွန်းနေတာလည်း ဖြစ်နိုင်တယ်” လူတိုင်းက ခေါင်းညိတ်လိုက်၏။
တစ်ခါတစ်ရံတွင် တွက်ချက်လွန်းတာက အသုံးမဝင်ပေ။ မလှုပ်ရှားခင် လေ့လာတာ အကောင်းဆုံးပဲ ဖြစ်သည်။
ယခုအချိန်တွင် အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင် အဖွဲ့အစည်း၏ ပထမအကြီးအကဲများမှ စွမ်းအင်တို့ကြောင့် သိပ်သည်းသော မြူများ ရှင်းထုတ်လိုက်ပြီဖြစ်ရာ သူတို့အမြင်အာရုံက တိုးလာတော့သည်။
လုကျိုးနှင့် ကျန်သည့်သူများသည် တောင်တစ်တောင်ကို ဝန်းရံလျက် စွမ်းအင်စည်းတံဆိပ်များ ဆက်တိုက် ပစ်လွှတ်နေသော လူများကို ကြည့်နေ၏။
အနက်ရောင်မျှော်စင်အဖွဲ့အစည်း၊ အဖြူရောင်မျှော်စင် အဖွဲ့အစည်း၊ အလင်းနှင့်အမှောင်မဟာမိတ်၊ တာ့ယန်၏ တော်ဝင်ခုံရုံး ... သူတို့က အတူတကွတိုက်ခိုက်နေကြသည်။ အားလုံးက သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားလျက် အရေးကြီးသည့်အခြေအနေ၌ ပဋိပက္ခ မဖြစ်အောင် ရှောင်နေကြသည်။
“ယင်ကျောက်က ဒီမှာ ရှိလောက်တယ်။ ထူးဆန်းတယ် ဘယ်မှာ ပုန်းနေပါလိမ့်”
“သားရဲက ဉာဏ်များလွန်းတော့ ဘယ်လိုသွေးထိုးရမလဲဆိုတာတောင်သိတယ်။ အဲဒါကို ရှာဖို့ ဘယ်လိုလုပ်ရှာဖို့ လွယ်ပါ့မလဲ”
ရှောင်ယွင်ဟယ်က ပြောလိုက်၏။
“ထောင်ချောက်တစ်ခု ဆင်ပြီးရင် နောက်ထပ် ဘာလုပ်မလဲ။ တကယ်မြင်ချင်လိုက်တာ”
လူတိုင်း ခေါင်းညိတ်လိုက်၏။ ယင်းကို မြင်သောအခါ ဝူချောင်က ပြောလိုက်သည်။
“ကိစ္စတွေ အမြန်ပြီးအောင်လို့ အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အဖွဲ့သားအနေနဲ့ ကျုပ်ကိုကျုပ် ရုပ်ဖျက်ပြီး စုန်းအတတ် သုံးလိုက်ရမလား”
ရှောင်ယွင်ဟယ်က ဝူချောင်ကို ပြောလိုက်၏။
“ဘာလို့များ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့ ပြဿနာရှာချင်နေရတာလဲ”
“...” ဝူချောင်သည် ခေါင်းငုံ့ပြီး ဘာမှမပြောခဲ့ပေ။ တကယ်တော့ ထိုသို့သော အခြေအနေ၌ မလိုအပ်တာ လှုပ်ရှားရန်မလိုပေ။
လုကျိုးက မုတ်ဆိတ်သပ်လိုက်၏။ ယင်ကျောက် အနားတွင်ရှိတာ သူ သေချာနေသည်။ ၎င်း၏ ပန်းတိုင်းကို မရသေးသောကြောင့် မည်သို့ ထားသွားနိုင်မည်နည်း။
ထိုစဉ် နဉ်ဝမ်ချင်းက လေထဲပျံဝဲလျက် သူ၏ပတ်ဝန်းကျင်ရှိ အသံများကို နားဆင်နေသည်။ သူ မမြင်သော်ငြား ကောင်းမွန်စွာ ကြားနိုင်၏။
ယင်းကို မြင်သောအခါ လော့ဟွမ်းက ကဲ့ရဲ့လိုက်လေ၏။
“နဉ်ဝမ်ချင်း ... မင်း ကန်းနေမှန်း သိပေမဲ့ မင်းက အရူးတစ်ယောက်ပါ ဖြစ်နေပါကောလား။ ယင်ကျောက်က အသံထွက်လိမ့်မယ်လို့ မင်း တကယ်ထင်နေလား”
နဉ်ဝမ်ချင်းကမူ စိတ်အနှောင့်အယှက်မဖြစ်ပေ။
သူက ပြောလိုက်၏။
“မင်း မြင်နိုင်ပေမဲ့ ယင်ကျောက်ကို ဖမ်းနိုင်မယ်လို့ မဆိုလိုဘူးလေ”
တစ်ဖက်တွင်မူ ဝူဘုရင်ချန်းနှင့် ယဲ့လျိုယွင်တို့က တောင်၏အနောက်ဖက်ခြမ်း၌ ပျံဝဲနေကြသည်။
“ငြင်းနေတာ ရပ်လိုက်တော့။ ငါတို့ အညှိုးအတေးတွေကို ဘေးချိတ်ထားပြီး ယင်ကျောက်ကို အရင်ဆုံးရှာရအောင်လား။ ပြီးမှ ယင်ကျောက်ကို ဘယ်သူယူမလဲဆိုတာ ဆုံးဖြတ်မယ်” ဝူဘုရင်က ပြောလိုက်၏။
ယဲ့လျိုယွင်က နှာခေါင်းရှုံ့ပြီး လှောင်ပြောင်လိုက်သည်။
“ဘုရင်ချန်း မင်းရဲ့တော်ဝင်ခုံရုံး နည်းလမ်းတွေက ကျင့်ကြံရေးလောကမှာ အသုံးမဝင်ဘူး။ ယင်ကျောက်ကို ဘယ်သူ့ဆီ ပေးမယ်ဆိုတာ ကျုပ်တို့အားလုံးအတွက် ဆုံးဖြတ်ချက်ချလို့ ရမယ်မှန်း ထင်နေတာလား။ ဒီလောက် ပေးချင်တယ်ဆိုရင် ကျုပ်ဆီ ဘာလို့မပေးလိုက်တာလဲ”
“ယဲ့လျိုယွင် လောင်ချန်းပေ့ကြောင့် မင်းရဲ့မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးခံလိုက်ရပြီး ငါ့ဆီမှာ ဘာကြောင့် ဒေါသလာပေါက်ကွဲနေတာလဲ” ဝူဘုရင်က မေးလိုက်၏။ ဤလူသည် မွေးဖွားဇယားချပ် ဆုံးရှုံးပြီးနောက် မည်ကဲ့သို့ရန်စရဲသေးသနည်း။
သို့သော် ယဲ့လျိုယွင်သည် မွေးဖွားဇယားချပ်ကိုးခု သိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။ သူသည် မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးသွားသော်ငြား မွေးဖွားဇယားချပ်ရှစ်ခု ကျန်ရှိနေသေးသည်။
အင်အားစုလေးစုသည် လေထဲ၌ ရင်းနှီးနေသော အော်သံကိုကြားလိုက်ရချိန်တွင် ပတ်ဝန်းကျင်ကို ဇဝေဇဝါကြည့်လိုက်၏။ သူတို့သည် ဆူညံသံလာရာဖက်ကို ကြည့်မိချိန်၌ ရှည်သွယ်သည့် မြင်းမျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် ကျားအစင်းများရှိနေပြီး တောင်ပံကို တစ်ဖျပ်ဖျပ်ခတ်နေသည့် ကြမ်းတမ်းခက်ထန်သားရဲတစ်ကောင်ကို တွေ့လိုက်ရသည်။
“အဲဒါ ယင်ကျောက်”
“အဲဒါ ယင်ကျောက်ပဲ”
လူတိုင်း၏မျက်လုံးသည် စိတ်လှုပ်ရှားမှုကြောင့် လက်သွား၏။ သူတို့သည် ယင်ကျောက်ဘေးသို့ သွားပြီး ၎င်း၏အသက်ဓာတ်နှလုံးသားကို ယူချင်နေသည်။
နှစ်ချက်ခန့် အော်ပြီးနောက် ယင်ကျောက်သည် အံ့ဩဖွယ်လှုပ်ရှားမှုကို ပြုလိုက်၏။ ၎င်းက ခေါင်းမော့လျက် အစာအိမ်က ဂွီဂွီမြည်လာတော့သည်။ မကြာမီ၌ ယင်းသည် တောက်ပနေသော သလင်းတစ်ခုကို ထွေးထုတ်လိုက်လေ၏။
ယင်ကျောက်ရဲ့ အသက်ဓာတ်နှလုံးသား ...
အဝေးကနေ ကြည့်နေသည့် ရှောင်ယွင်ဟယ်သည် မျက်နှာပေါ်၌ ရှုပ်ထွေးသည့်အမူအရာရှိနေသော်ငြား လေးစားစွာပြောလိုက်၏။
“အကွက်ကောင်းပဲ”
ယင်ကျောက်က ဉာဏ်ရည်မြင့်သည်။ သိုင်းပညာရှင်များက သူ၏အသက်ဓာတ်နှလုံးသားအတွက် တိုက်ခိုက်နေမှန်း သူ သိသည်။
ဝှစ်
ထိုစဉ် ယင်ကျောက်က အသက်ဓာတ်နှလုံးသားကို လူအုပ်ကြီးဆီ ပစ်ပေးလိုက်၏။
ယင်းကို မြင်သောအခါ ပုံမှန်ဆို တည်ငြိမ်နေကျ ယွီကျန့်ဟိုင်သည် လန့်အော်မိသွား၏။ “ရှစ်စွင်း”
“မလောနဲ့။ အသက်ဓာတ်နှလုံးသားက အခုဆို ချိန်ကိုက်ဗုံးလိုပဲ” လုကျိုးက တည်ငြိမ်စွာ ပြောလိုက်၏။
အသက်ဓာတ်နှလုံးသားသည် ကျင့်ကြံသူပင်လယ်ကြီးဆီ ပျံသန်းသွားစဉ် အသက်ဓာတ်နှလုံးသားနှင့် အနီးဆုံးတွင်ရပ်နေသော နဉ်ဝမ်ချင်းက အားသာချက်ရနေပြီး လေထဲအရင်ဆုံးခုန်လိုက်၏။ သူသည် လက်ဝါးနှစ်ဖက်ကို ပူးကပ်ကာ သင်္ကေတများ တစ်ခုပြီးတစ်ခု ပစ်ထုတ်လိုက်သည်။ ယင်နှင့်ယန်က ပါ့ကွစည်းတံဆိပ်က သူ့ခြေထောက်အောက်တွင် ပေါ်လာသည်။ သူ လှုပ်ရှားပြီးသည်နှင့် အသန်မာဆုံးကျင့်စဉ်ကို အသုံးပြုလိုက်သည်။
မရေမတွက်နိုင်သော အဖြူရောင်သင်္ကေတများသည် စာလုံးတစ်ခုထဲ တိုးဝင်သွားပြီးနောက် ယင်းသည် အရပ်မျက်နှာအနှံ့ပေါက်ကွဲသွားလေ၏။ ပေါက်ကွဲမှုဖိအားက ကြောက်မက်ဖွယ်ကောင်းသည်။
ထိုကွန်ဖြူးရှပ်ကျင့်စဉ်သည် အတော်လေးအထင်ကြီးဖွယ်ကောင်းသည်။ ၎င်းက ယင် သို့မဟုတ် ယန်ဖြစ်ရန် ရွေးချယ်နိုင်သည်။
“သေစမ်း ... အဲဒါ နဉ်ဝမ်ချင်းပဲ”
အဖြူရောင်မျှော်စင်အဖွဲ့အစည်းအပါအဝင် လူတိုင်းသည် ထိုနှင်းမုန်တိုင်းအကွက်ကြောင့် နောက်ဆုတ်ရန် ဖိအားပေးခံရသည်။
ထိုစဉ် ယင်ကျောက်၏ အသက်ဓာတ်နှလုံးသားဆီသို့ အရိပ်တစ်ခု လှစ်ခနဲရောက်လာ၏။ သူသည် အသက်ဓာတ်နှလုံးသားနား လက်ကို နီးကပ်တော့မည့်အချိန်တွင် ကနဦးချီဝေ့တက်လာသည့် အသံကို ကြားလိုက်ရ၏။
ဘန်း
“နဉ်ဝမ်ချင်း ... ထွက်သွား”
ယဲ့လျိုယွင်၏အရှိန်သည် နဉ်ဝမ်ချင်းကို လိုက်မှီလာပြီး စွမ်းအင်စည်းတံဆိပ်တစ်ခု ပစ်ထုတ်လိုက်၏။
တိုက်ခိုက်မှု၏မထင်မှတ်ထားသော သဘာဝကြောင့်နှင့် နဉ်ဝမ်ချင်းသည် ဝေဟင်မှ ပြုတ်ကျလာသည်။
ဝှစ်
ယဲ့လျိုယွင်က ယင်ကျောက်၏ အသက်ဓာတ်နှလုံးသားကို ပထမဆုံးဖမ်းဆုပ်လိုက်သူ ဖြစ်သည်။ အသက်ဓာတ်နှလုံးသားမှ ပေါ်ထွက်လာသည့်အသက်စွမ်းအင်သည် ကြွယ်ဝလွန်းသောကြောင့် သူ မှင်သက်မိသွားကာ ယင်းကို စိတ်အားထက်သန်စွာ ကြည့်နေသည်။ ခဏအကြာ၌ သူသည် အဝေး၌ရပ်နေသော လုကျိုးဖက်လှည့်ကြည့်ပြီး နက်ရှိုင်းသော အသံဖြင့် ပြောလိုက်သည်။
“အဖိုးကြီး ... အမှောင်နဲ့အလင်းမဟာမိတ်က ကျုပ်ရဲ့မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးမှုအတွက် အနှေးနဲ့အမြန် လက်စားချေမှာ ကြိမ်းသေတယ်”
ယဲ့လျိုယွင်၏အသံ ပေါ်ထွက်လာပြီး မကြာမီ၌ ဝူဘုရင်က သူ၏စိတ်ဝိညာဉ်သဏ္ဌန်နှင့်အတူ သူ့ရှေ့၌ ပေါ်ထွက်လာသည်။
“ယဲ့လျိုယွင် ဒီမှာ အသက်ဓာတ်နှလုံးသားကို ထားခဲ့လိုက်” ပြီးနောက် သူ၏အသံသည် မိုးခြိမ်းသံပမာ ထွက်ပေါ်လာ၏။
“ခေါင်းပွစစ်ပုဆိန်”
…
အခန်း (၉၉၈) ညဏ်များလှသည့် ယင်ကျောက်
တောင်နမိတ်ဝန်းကျင်ရှိ ဝေဟင်အထက်တွင် အင်အားစုလေးခုအတွက် တိုက်ပွဲကွင်းပြင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဝူဘူရင်က ခေါင်းပွစစ်ပုဆိန်ကို ဝေ့ယမ်းလိုက်ပြီး မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာစေသည်။ အစပိုင်းတွင် ရှေ့တိုးဖို့ စီစဉ်ထားသည့် လော့ဟွမ်က သူ့လက်ကို မြောက်ကာ ထိုစစ်ပုဆိန်မှ အင်အားကို တားဆီးလိုက်ရ၏။
ထိုစဉ် ဝူဘုရင်က ထောပတ်ကို လှီးဖြတ်လိုက်သည့် ဓားပူတစ်ချောင်းလိုမျိုး လှံကို ပိုင်းဖြတ်လိုက်သည့်အချိန် ယဲ့လျိုယွင်က မျက်လုံးပြူးသား ဖြစ်သွားလေ၏။ သူက ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားသည့်အခါ နောက်ကျသွားကြောင်း သဘောပေါက်သွားခဲ့သည်။ သူက စစ်ပုဆိန်ကြောင့် တားဆီးခံထားရ၏။
“ခင်ဗျား”
အနက်ရောင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်၏ အောက်ခြေတွင် ကြယ်တာရာဒိုင်ခွက်က လင်းလက်လာသည်။
ကြယ်တာရာများကဲ့သို့ မွေးဖွားဇယားချပ် ရှစ်ခုဖြင့် တောက်ပနေလေ၏။ တစ်ချိန်တည်းဆိုသလို လွမ်းမိုးအဆင့် စစ်ပုဆိန်၏ စွမ်းအားက ထပ်မံ ထွက်ပေါ်လာပြီး လူအများအား နောက်ဆုတ် သွားစေသည်။ တဖန်ဆိုသလို ဝူဘုရင်က သူ့စစ်ပုဆိန်ကို ထပ်မံ ဝှေ့ယမ်းလိုက်၏။
ဝုန်း
စစ်ပုဆိန်က ယဲ့လျိုယွင်၏ ကြယ်တာရာ ဒိုင်ခွက်ပေါ် ကျရောက်လာကာ သူ့ကိုယ်သူ ကာကွယ်လိုက်ရသည်။
ထိုထပ်တိုက်တွေ့ဆုံမှုမှ သက်ရောက်မှုသည် အနီးနားရှိ တောင်ပေါ်ကို ပြန့်နှံ့သွားပြီး တချို့က ပြိုလဲသွားကြသည်။
ယဲ့လျိုယွင်က ညည်းတွားလိုက်ရ၏။
ဝူဘုရင်က ရယ်မောကာ ပြောလိုက်သည်။
“လုပ်ကြံသတ်ဖြတ်သူတွေကို ရင်ဆိုင်ဖို့ အကောင်းဆုံးနည်းလမ်းက သူတို့ကို ထပ်တိုက်ရင်ဆိုင် လိုက်တာပဲ”
ထို့နောက် သူက ကြယ်တာရာဒိုင်ခွက်ကို ထိန်းချုပ်ကာ ယဲ့လျိုယွင်ဆီ အလင်းတန်းတချို့ ပစ်ခတ်လိုက်သည်။
ဝုန်း ဝုန်း ဝုန်း
ယဲ့လျိုယွင်က မြေပြင်ပေါ် ကျရောက်လာသည့်အခါ အသက်ဓာတ်နှလုံးသားကို ပစ်ပေးလိုက်၏။
ယဲ့လျိုယွင်၏ အနီးဆုံးတွင် ရှိနေသည့် လော့ဟွမ်က အသက်ဓာတ်နှလုံးသားကို လျှပ်စီးလိုအလျင်ဖြင့် ဖမ်းစုပ်လိုက်သည်။ သူက အားပါတရ ရယ်မောကာ ပြောလိုက်၏။
“ဝူဘုရင် ကျေးဇူးပဲ”
နဉ်ဝမ်ချင်းက မျက်မှောင်ကြုတ်ကာ “အဲ့ဒီ အသက်ဓာတ်နှလုံးသားနဲ့ မင်းတို့ ဘယ်မှမသွားရဘူး”
အားလုံးက နဉ်ဝမ်ချင်းသည် လျှို့ဝှက် ကွန်ဖြူးရှပ် ကျင့်ကြံရေး နည်းလမ်းများကို လေ့လာထားကြောင်း သိကြသည်။ သူတို့က သူ ကောင်းကင်အထက် မြင့်တက်လာသည်ကို ကြည့်နေစဉ် သူက လက်ဖဝါးပေါ် သွေးတစ်ပွက်အန်ကာ ထိုသွေးရဲနေသည့် လက်ဖြင့် ဝှေ့ယမ်းလိုက်သည်။
ထို့နောက် ချက်ချင်းဆိုသလို လေက တိမ်တိုက်များကို လွင့်စင်သွားစေ၏။
မိုးမြေက တစ်စုံတစ်ခု ပြောင်းလဲသွားဟန်ပေါ်သည်။
“ခင်ဗျား ရူးနေလား”
နဉ်ဝမ်ချင်း၏ မျက်ဝန်းက ချက်ချင်းဆိုသလို အဖြူရောင် ပြောင်းလဲသွား၏။ သူက ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်သည်။
“ငါက အဖြူရောင် မျှော်စင်အဖွဲ့အစည်းက ဆိုပေမဲ့ ငါက အလင်းကို စွန့်ပစ်ပြီး အမှောင်ထုထဲမှာ နေခဲ့တာ ငါက အမှောင်ထုထက် အားကောင်းလို့ အမှောင်ထုကို မကြောက်ဘူး”
ဝူဘုရင်က သူ့စစ်ပုဆိန်ကို မြောက်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ယဲ့လျိုယွင်ကလည်း အံကြိတ်ကာ အလျင်အမြန် နောက်ဆုတ်လိုက်၏။
လော့ဟွမ်က ပြောလိုက်သည်။
“ခင်ဗျား အခုရပ်ကာ ကောင်းလိမ့်မယ်”
ထိုစဉ် ဝူဘုရင်က လော့ဟွမ်ဆီ လေဟုန်အလား ပြေးဝင်လာသည်။ ထို့နောက် သူက စစ်ပုဆိန်ကို လက်ဟွမ်ဆီ ဝှေ့ယမ်းကာ ပြောလိုက်၏။
“ငါ့ကို အသက်ဓာတ်နှလုံးသား ပေးစမ်း”
“ထွက်သွားစမ်း”
လော့ဟွမ်က အံ့ကြိတ်ကာ ပြောလိုက်၏။ ထို့နောက်သူက အနက်ရောင်မျှော်စင် အဖွဲ့အစည်းမှ အဖွဲ့သားများကို ကြည့်ကာ ပြောလိုက်သည်။
“သူတို့ကို သတ်လိုက်”
ဤသို့ဖြင့် အနက်ရောင်မျှော်စင် အဖွဲ့သားများက ရှေ့တိုးလာကြသည်။ မည်သို့ပင်ဆိုစေကာမူ အဖြူရောင် မျှော်စင်အဖွဲ့သား၊ အလင်းနှင့်အမှောင် မဟာမိတ်နှင့် တာ့ယွမ်၏ တော်ဝင်ခုံရုံးတို့ကလည်း လှုပ်ရှားလာကြသည်။
ထိုစဉ် နဉ်ဝမ်ချင်း၏ ခန္ဓာကိုယ်က မျက်စိစူးလောက်ဖွယ် အလင်းများဖြင့် တောက်ပလာလေ၏။
ယခုအခါ သူက ကောင်းကင်အထက် နေမင်းတစ်စင်းအလား ဖြစ်နေသည်။ ပတ်ဝန်းကျင်ရှိ အသက်ဓာတ် စွမ်းအားများက သူ့ဆီ ပြေးဝင်သွားကြ၏။
ထိုအရာကို မြင်ကာ ရှောင်ယွင်ဟယ်က သတိပေးလိုက်၏။
“အစ်ကိုလု သိပ်မကောင်းတော့ဘူး”
“မင်းတို့ကိုယ်မင်းတို့ ခုခံကာကွယ်ထားကြ”
လုကျိုးက လက်နောက်ပစ်လျက် တောင်ထိပ်ရှိ တိုက်ပွဲကို လှမ်းကြည့်လိုက်သည်။
“မျက်လုံးမှိတ်ထားကြ”
ရှောင်ယွင်ဟယ်က အားလုံးကို သတိပေးလိုက်၏။
ရှောင်ယွင်ဟယ်၏ စကားဆုံးသွားသည့်အခါ ကောင်းကင်အထက် မျက်စိစူးဖွယ် အဖြူရောင်အလင်းတန်းတစ်ခု တောက်ပလာခဲ့သည်။
အများစုက ထိုအရာကြောင့် မျက်လုံးကန်းသွားလုမတက်ဖြစ်ကာ ခေါင်းများ တဝီဝီ မြည်လာသလို ခံစားလိုက်ရသည်။
ထို့နောက် ချက်ချင်းဆိုသလို ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူများ တစ်ယောက်ပြီး တစ်ယောက် ကောင်းကင်မှ ပြုတ်ကျလာကြ၏။
ရှောင်ယွင်ဟယ်နှင့် အညတရအဖြူရောင်ဂိုဏ်းမှ လူများက မျက်လုံးမှိတ်ထားပြီး အကွာအဝေး ဝေးကွာမှုကြောင့် အဖြူရောင်အလင်း၏ သက်ရောက်မှုကို ဆိုးဆိုးရွားရွား မခံရပေ။
အနှစ်ချုပ်အားဖြင့် လုကျိုးသည် မျက်လုံးကို မပိတ်ရုံသာမက နဉ်ဝမ်ချင်းကို သူ့အထွတ်အထိပ်စွမ်းအားဖြင့် ကြည့်နေလိုက်သည်။ တိုက်ပွဲကွင်းပြင်ကို အဖြူရောင်အလင်းက လွှမ်းခြုံသွားလေ၏။ လော့ဟွမ်နှင့် ဝူဘုရင်ပင် သက်ညှာခြင်း မခံရပေ။
“ဒီနည်းစနစ်က …”
လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။
နဉ်ဝမ်ချင်းက သူ ထင်ထားရသလို မရိုးရှင်းလှပေ။
နဉ်ဝမ်ချင်း၏ ပုံရိပ်က အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှ ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူ ခုနှစ်ယောက်ကြား ဖြတ်သန်းသွားပြီး လော့ဟွမ်ဆီ ရောက်ရှိသွားလေသည်။ သူက အဖြူရောင်အလင်း တောက်ပနေသည့် နေရာကို မျက်စိဖြင့် မြင်နေရသလိုမျိုး ဖြစ်နေ၏။
လော့ဟွမ်က ရောက်ရှိလာသည့် ခြိမ်းခြောက်မှုကို ခံစားမိပြီးသည့်နောက်တွင် သူ့စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ သို့သော် နောက်ကျလွန်းသွားခဲ့၏။
ဘန်း
လော့ဟွမ်၏ မွေးဖွားဇယားချပ်တစ်ခုက ချက်ချင်းဆိုသလို မှိန်ကျသွားပြီ လွင့်စင်ထွက်သွားသည်။
လော့ဟွမ်၏ အသက်ဓာတ်နှလုံးသား တစ်ခုက ယခုအခါ နဉ်ဝမ်ချင်း၏ လက်အတွင်းကျရောက်နေပြီ ဖြစ်၏။
လုကျိုးက မျက်မှောင်အသာကြုတ်လိုက်၏။
သူက ကောင်းကင်ကျမ်း၏ ရနံ့စွမ်းအားကို အသုံးပြုကာ ခပ်မှိန်မှိန် တောက်ပနေသည့် အသက်ဓာတ်နှလုံးသားကို အနံ့ခံကြည့်လိုက်သည်။
ထိုအရာက တစ်နည်းနည်းဖြင့် ရင်းနှီးနေသလို ဖြစ်သော်လည်း သူက အဖြေမထုတ်နိုင်ချေ။
နဉ်ဝမ်ချင်းက လှုပ်ရှားမှုကို မရပ်တန့်ခဲ့ပေ။
သူက ဝူဘုရင်ဆီ လျှပ်စီးလို အလျင်ဖြင့် ပြေးဝင်သွားပြီး စွမ်းအားစည်းတံဆိပ်ကို ထုတ်လွှတ်လိုက်၏။
နဉ်ဝမ်ချင်း၏ အရှိန်က ခုနှစ်ဆ မြန်ဆန်နေသည့်အတွက် ဝူဘုရင်က ရောက်ရှိလာသည့် တိုက်ကွက်ကို သိထားလျှင်ပင် သူ့အနေနှင့် ခုခံကာကွယ်ဖို့ ဘာမှမတတ်နိုင်ခဲ့ပေ။
ဘန်း
ဝူဘုရင်က လွှင့်စင်ထွက်သွားဖို့ သိပ်မကြာလိုက်ပေ။ သူက သွေးတစ်ပွက်အန်လိုက်ရရုံမှအပ သူ့အသက်ဓာတ်နှလုံးသားများက အကောင်းအတိုင်း ရှိနေဆဲ ဖြစ်၏။
နဉ်ဝမ်ချင်းက ခေါင်းအသာ ရမ်းလိုက်သည်။ တစ်ချိန်တည်းဆိုသလို အလင်းတန်းက ပျောက်ကွယ်သွားသည့်အတွက် တိုက်ပွဲက ပုံမှန် ပြန်ဖြစ်သွားသည်။ သူက အခွင့်ကောင်းယူဖို့အတွက် အကြွင်းမဲ့တိုက်ကွက်ကို အသုံးပြုလိုက်ရပြီး ယင်ကျောက်၏ အသက်ဓာတ်နှလုံးသားကို ရယူခဲ့သည်။ ထိုစဉ် သူက အားပါတရ ရယ်မောလိုက်ပြီး ပြောလိုက်၏။
“လော့ဟွမ်၊ ဝူဘုရင် … လက်လျှော့လိုက်ကြ။ မင်းတို့တွေက ငါ့အတွက် ပြိုင်ဘက် မဟုတ်ဘူး” နဉ်ဝမ်ချင်းက နှုတ်ခမ်းထောင့်မှ သွေးကို သုတ်ကာ ပြောလိုက်သည်။
“မင်း မှားနေပြီ”
ခေါင်းပွစစ်ပုဆိန်က အသံမြည်လာလေ၏။
ဝူဘုရင်က သူ့နှင့်မနီးမဝေးတွင် ရပ်နေသည့် လော့ဟွမ်ကို ကြည့်ကာ မေးလိုက်သည်။
“လော့ဟွမ် ငါတို့အတူတူတိုက်မလား”
လော့ဟွမ်က မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးခံလိုက်ရ၍ ယခုအခါ မွေးဖွားဇယားချပ် ရှစ်ခုသာ ကျန်ရှိတော့သည်။ ဤသို့ဖြင့် သူက အသက်ဓာတ်နှလုံးသားအတွက် ယှဉ်ပြိုင်ဖို့ အရည်အချင်း မပြည့်မှီတော့ပေ။ သို့သော်လည်း မွေးဖွားဇယားချပ်တစ်ခုကို ဆုံးရှုံးလိုက်ရသည့် အမုန်းတရားကြောင့် ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ” နဉ်ဝမ်ချင်းက ပြုံးကာ ပြောလိုက်သည်။
“ဒီမှာ ယဲ့လျို့ယွင်နဲ့ လုချန်းပေ့တို့လဲ ရှိနေတယ်ဆိုတာကို မေ့မထားနဲ့ဦး။ တကယ်လို့ ငါနဲ့ ဆက်တိုက်နေရင် သူတို့တွေက မင်းကို အခွင့်ကောင်းယူမှာ မကြောက်ဘူးလား”
“...”
နဉ်ဝမ်ချင်း၏ အသံ ဆုံးသွားသည့်အခါ အားလုံးက အဝေးတစ်နေရာတွင် ရပ်နေသည့် လုကျိုးကို လှည့်ကြည့်လိုက်ကြသည်။
သူတို့က ကြက်သီးများ ထသွားကြ၏။
နဉ်ဝမ်ချင်းက ဆက်ပြောလိုက်သည်။
“အသက်ဓာတ်နှလုံးသားက အခုငါ့လက်ထဲမှာ … တကယ်လို့ မင်းတို့မကြောက်ရင် ငါ့နောက်ကို လိုက်ခဲ့ပေါ့”
သူ့စကားအဆုံးတွင် သူက မဟာနည်းစနစ်ကို ထုတ်သုံးကာ မိုးကုတ်စက်ဝန်းအတွင်း ပျောက်ကွယ်သွားလေ၏။
“သူ့နောက်ကို လိုက်ကြ”
ဝူဘုရင်နှင့် လော့ဟွမ်တို့က တုံ့ဆိုင်းမနေဘဲ နဉ်ဝမ်ချင်းနောက်မှ လိုက်ပါသွားကြ၏။
ထိုအရာကို မြင်ကာ ရှောင်ယွင်ဟယ်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။
“သူ ထွက်ပြေးသွားပြီလား။ အစ်ကိုလု သူ့တို့နောက်က မြန်မြန်လိုက်လေ”
လုကျိုးက ခေါင်းရမ်းကာ ပြောလိုက်၏။
“မလိုဘူး”
ရှန်ရှီက သက်ပြင်းချကာ ပြောလိုက်သည်။
“သူက မျှော်နန်းသခင်နဲ့ မတိုက်ခိုက်ရဲလို့ အသက်ဓာတ်နှလုံးသားကို ရရချင်း ထွက်ပြေးသွားခဲ့တာပဲ။ ဝူဘုရင်ကြောင့် ဒဏ်ရာရနေတဲ့ ယဲ့လျိုယွင်ပဲ ကျန်တော့တယ်။ နဉ်ဝမ်ချင်းရဲ့ အရည်အချင်းက အတော်လေး အံ့ဩဖို့ ကောင်းတယ်လို့တောင် ပြောရမယ်။ အဖြူရောင်မျှော်စင် အဖွဲ့အစည်းရဲ့ အကဲဖြတ်သူဆိုတဲ့ အတိုင်းပဲ”
ယွီကျန့်ဟိုင်က စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။
“ရှစ်စွမ်း ဘာလို့ သူတို့နောက်ကို မလိုက်တာလဲ”
“အဲဒါက ယင်ကျောက်ရဲ့ အသက်ဓာတ်နှလုံးသား မဟုတ်ဘူး”
လုကျိုးက ပြောလိုက်သည်။
ချန်းယို့က နားမလည်နိုင် ဖြစ်သွားမိ၏။
“ဟမ် ဒါပေမဲ့ ယင်ကျောက် ထွေးထုတ်တာကို မြင်လိုက်တယ်လေ”
ရှောင်ယွင်ဟယ်ကလည်း သဘောပေါက်သွားကာ အပြုံးဖြင့် ပြောလိုက်သည်။
“အစ်ကိုလုရဲ့ သတိပေးမှုကြောင့်သာ မဟုတ်ရင် ကျုပ်တို့တွေ ယင်ကျောက်ကြောင့် အရူးလုပ်တာ ခံရတော့မလို့”
“ယင်ကျောက်က ဘယ်လိုလုပ်ခဲ့တာလဲ”
“အရင်ဆုံး တခြားမွေးဖွားဇယားချပ် သားရဲရဲ့ အသက်ဓာတ်နှလုံးသားကို ဝါးမြိုပြီးတော့ သူ့ချီနဲ့ အာဟာရ ဖြည့်ပေးလ်ုက်တာပဲ။ အဲလိုဆိုတော့ အစစ်နဲ့အတုကို ခွဲဖို့ ခက်သွားလိမ့်မယ်” လုကျိုးက ရှင်းပြလိုက်သည်။
အားလုံးက အံ့အားသင့်သွားကြ၏။
မည်သူကမှ ယင်ကျောက်၏ အသက်ဓာတ်နှလုံးသားကို မမြင်ဖူးကြပေ။ ထို့ကြောင့် လူအများစုအနေဖြင့် အတုလား အစစ်လား ခွဲခြားဖို့ ခက်ခဲလှ၏။
ထိုစဉ် တောင်နမိတ်ဝန်းကျင်အထက် တိုက်ပွဲက အဝေးတစ်နေရာသို့ ရောက်ရှိသွားလေသည်။
ဤတောင်နမိတ်ဝန်းကျင်တွင် တိတ်ဆိတ်မှုက ပြန်လည်ရောက်ရှိလာ၏။
ထိုစဉ် လုကျိုးက လျှပ်တပြက် ရှေ့တိုးလိုက်သည်။
“အစ်ကိုလု”
“မလာခဲ့နဲ့”
လုကျိုးက ပြောလိုက်သည်။
သူက မျက်လုံးကို မှိတ်ကာ ကောင်းကင်ကျမ်း၏ ရနံ့စွမ်းအား မန္တန်ကို ရွတ်ဖတ်လိုက်၏။
သွေးနံ့၊ ကမ္ဘာဦးချီအနံ့၊ သဘာဝအနံ့နှင့် ရနံ့အမျိုးမျိုးက လုကျိုး၏ နှာခေါင်းအတွင်း ပြေးဝင်လာကြသည်။
သူက သူတို့ကို ဖြည်းဖြည်းချင်း ခွဲထုတ်လိုက်၏။
သူက နဉ်ဝမ်ချင်း အသက်ဓာတ်နှလုံးသား ရသည့်နေရာကို ပြန်လည်တွေးတောကာ ထိုနေရာကို ချက်ချင်းသွားလိုက်သည်။ သူက အသက်ဓာတ်စွမ်းအား ကြွယ်ဝသည့် အရှိန်အဝါတစ်ခုကို ခံစားမိခဲ့၏။ အသက်ဓာတ်နှလုံးသားက အတုဖြစ်သော်လည်း ထိုအရှိန်အဝါနှင့်စွမ်းအားတို့က အစစ်အမှန်ဖြစ်ပေသည်။
ယခု လုကျိုးက ယင်ကျောက်၏ အရှိန်အဝါနှင့် စွမ်းအားရနံ့ကို ရရှိထားပြီဖြစ်သည့်အတွက် ရနံ့ခံနှုန်းကို ချဲ့ထွင်လိုက်သည်။
ထိုစဉ် တခြားသူများက လုကျိုးကို နားမလည်နိုင်စွာ ကြည့်နေကြ၏။
“လုချန်းပေ့ ဘာတွေလုပ်နေတာလဲ”
“မဆူနဲ့”
ယွီကျန့်ဟိုင်က လှည့်ကာ ပြောလိုက်သည်။
“ကျုပ် ရှစ်စွမ်းက သူ ဘာလုပ်နေလဲဆိုတာ သိပြီးသား”
ဤသို့ဖြင့် အားလုံးက တိတ်ဆိတ်သွားလေသည်။
တောအုပ်၊ တောင်တန်း၊ တိမ်နှင့် မြူခိုး … သူတို့၏ ရနံ့များက လုကျိုး၏ နှာခေါင်းအတွင်း ဝင်ရောက်လာကာ ထူးကဲသည့် ရနံ့တစ်ခုကို နောက်ယောင်ခံလိုက်နေ၏။ သူက တောင်အောက်ခြေတွင် မတွေ့ရခင်အထိ ဆက်လက်လှုပ်ရှားနေခဲ့သည်။
ထိုနောက် လုကျိုးက အမြင်စွမ်းအားကို အသက်သွင်းလိုက်၏။ ထို့နောက် ချက်ချင်းဆိုသလို သူ့မျက်စိအောက်မှ ဘယ်အရာမှ မဖုံးကွယ်ထားနိုင်တော့ပေ။
သစ်ပင်များ၏ ဗဟိုချက်၊ ကျောက်တုံး၊ အရာအားလုံးက သူ့မျက်လုံးထဲ ထိုးဖောက်မြင်လာရသည်။
သိပ်မကြာခင် သူက ရေကန်၏ အောက်ခြေတွင် မြင်းမျက်နှာနှင့် ကျားခန္ဓာကိုယ် ရှိနေသည့် မလှုပ်မယှက် သားရဲတစ်ကောင်ကို မြင်လိုက်ရ၏။
မင်းကို တွေ့ပြီ…
သူက ကောင်းကင်ကျမ်း စွမ်းအားကို ပြန်လည်ရုပ်သိမ်းပြီးသည့်နောက်တွင် မုတ်ဆိတ် အသာသပ်လိုက်သည်။ မည်သူကမှ ယင်ကျောက်ကို ရှာနိုင်မည် မဟုတ်ပေ။
အကယ်၍ သူ့ကောင်းကင်ကျမ်း စွမ်းအားကြောင့်သာ မဟုတ်ပါက သူသည်လည်း ယင်ကျောက်ကို ရှာနိုင်မည် မဟုတ်ပေ။
လုကျိုးက လှုပ်ရှားဖို့ အလျင်လိုနေခြင်း မရှိပေ။
သူက သားရဲကို သတိမပေးလိုပေ။ သူက ဖမ်းဆီးရန်အတွက် အကောင်းဆုံးနည်းလမ်းကို တွေးလိုက်၏။ သူက သူ့အသုံးပြုပစ္စည်းကတ်များကို ကြည့်ကာ သူ့တွင် ချုပ်နှောင်ရေးလှောင်ချိုင့်ကတ် မရှိတော့ကြောင်း တွေ့ရှိသွားခဲ့သည်။လက်ရှိ ချုပ်နှောင်ရေး လှောင်ချိုင့်ကတ် တစ်ကတ်က ကုသိုလ်ရမှတ် တစ်သောင်းခွဲ ကျသင့်၏။
သုံးကတ်ဆိုလျှင် ကုသိုလ်ရမှတ် လေးသောင်းခွဲ ကျသင့်လိမ့်မည်။ အကယ်၍ ဤသို့သာဖြစ်နေပါက သူသည် ယင်ကျောက်ကို ဖမ်းဆီးဖို့ သာမန်အသေရိုက်ချက်ကတ်ကို ဝယ်ယူနိုင်သည်။ ထင်ထားသည့်အတိုင်း စိတ်ချအရဆုံး နည်းလမ်းက ကုသိုလ်ရမှတ်များကို ဖြုန်းတီးဖို့ ဖြစ်နေလေသည်။
ခဏအကြာတွင် သူက စိတ်ကို ပြောင်းကာ ယင်ကျောက်ကို သတိလက်လွတ်ဖြစ်စေပြီး ဖမ်းဆီးဖို့ရန် ဆုံးဖြတ်လိုက်၏။
“ချုပ်နှောင်ရေး စည်းတံဆိပ်”
နေရာမှန်၊ အချိန်မှန်၊ လူမှန်ဖြင့် ချုပ်နှောင်ရေး စည်းတံဆိပ်သည် ပိုမိုအသုံးဝင်လာခဲ့သည်။ ယခုအခါ ချုပ်နှောင်ရေးစည်းတံဆိပ်ကို အသုံးပြုဖို့ရာ အသင့်တော်ဆုံးအချိန် ဖြစ်မှန်း သံသယဖြစ်ဖို့ မလိုပေ။
လုကျိုးက လက်ကို ဆန့်ထုတ်လိုက်ပြီး မင်နက်ရောင် ချူပ်နှောင်ရေး စည်းတံဆိပ်က သူ့လက်ဝါးအထက် ပေါ်ထွက်လာခဲ့သည်။ စည်းတံဆိပ်ကို တွေ့ရှိသွားခြင်းမှ တားဆီးဖို့ရာအတွက် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားဖြင့် အငွေ့အသက်ကို ဖုံးထားလိုက်သည်။
...
အခန်း (၉၉၉) ငါ့ပစ္စည်းကို လုရဲတယ်ပေါ့
ယခုအချိန်ထိ အထွတ်အထိပ်ဆန်ကြယ်စွမ်းအားသည် လုကျိုးကို စိတ်မပျက်စေခဲ့ပေ။
အထွတ်အထိပ်ဆန်ကြယ်စွမ်းအားသည် ချုပ်နှောင်ရေးစည်းတံဆိပ်၏ အရှိန်အဝါကို ဖုံးကွယ်ပေးပြီးနောက် ချုပ်နှောင်ရေးစည်းတံဆိပ်သည် တောင်ခြေသို့ ငြိမ်သက်စွာ ဆင်းသက်သွားသည်။
ထိုစဉ် အညတရအဖြူရောင်ဂိုဏ်းမှ လူထောင်ချီသည် ဖြစ်ပျက်နေတာကို မဖော်ထုတ်နိုင်ပေ။
ချုပ်နှောင်ရေးစည်းတံဆိပ်ကို မြင်သည့် ရှောင်ယွင်ဟယ်ကလည်း လူတိုင်းကို သတိပေးလိုက်လေ၏။
“အသံမထွက်နဲ့”
ယခုအချိန်တွင် တိတ်ဆိတ်လွန်းသောကြောင့် အပ်ကျသံကို ကြားရသည်။
ယင်ကျောက်၏ ဉာဏ်များမှုသည် လူတိုင်း၏မှန်းဆချက်ကို ကျော်လွန်သည်။
ကျင့်ကြံသူများ ထွက်သွားပြီ ဖြစ်သော်ငြား ၎င်းက ပုန်းနေသေးပြီး ရေအိုင်ထဲ၌ မလှုပ်မယှက်နေနေ၏။ ယင်းက တကယ် အလွန်သတိထားနေတာဖြစ်သည်။
ချုပ်နှောင်ရေးစည်းတံဆိပ်က ရေအိုင်ထဲရောက်ပြီး အရွယ်အစားက တိုးလာ၏။
ဘီး
ကနဦးချီ၏အသံသည် ယင်ကျောက်ကို ထိတ်လန့်သွားစေသည်။ ၎င်း၏ခွာကို ဆောင့်နင်းပြီးနောက် ရေကန် မျက်နှာပြင်ပေါ် ပေါ်ထွက်လာသည်။
ယင်ကျောက်သည် ကန်ထဲမှ မပျံသန်းနိုင်သေးခင် ချုပ်နှောင်ရေးစည်းတံဆိပ်က အရွယ်အစား ထပ်တိုးလာ၏။ ယခုအချိန်တွင် ၎င်းသည် မိုးကောင်းကင်တမျှ ကြီးလာပုံ ပေါ်ကာ ရေအိုင်မျက်နှာပြင်ပေါ် ဖိချလိုက်သည်။
ဖုန်း ဖုန်း ဖုန်း
ယင်ကျောက်သည် ချုပ်နှောင်ရေးစည်းတံဆိပ်ကို ပြင်းထန်စွာ ဝင်တိုးတော့၏။
ရှောင်ယွင်ဟယ်က ရေကန်ထဲမှ ယင်ကျောက်ထွက်လာတာမြင်သောအခါ သူ လက်ခုပ်တီးမိသွားသည်။
“တကယ် ယင်ကျောက်ပဲ။ ဒါ ကောင်းကင်ဘုံရဲ့ ဆန္ဒပဲ”
ထိုစကားများကို ကြားသောအခါ ကျင့်ကြံသူထောင်ချီက လုကျိုးရှေ့သို့ ကမူးရူးထိုးရောက်လာ၏။
“မလာနဲ့” လုကျိုးက ထပ်ပြောလိုက်သည်။
ကျင့်ကြံသူများသည် မီတာရာချီအကွာ၌ ရပ်တန့်သွားလေသည်။
ဘန်း ဘန်း ဘန်း
အချိန်ကြာလာသည်နှင့်အမျှ ယင်ကျောက်၏ကြိမ်နှုန်းသည် တိုးလာသည်။ ချုပ်နှောင်ရေးစည်းတံဆိပ်က လှုပ်ခါနေလျက် ကျယ်လောင်စွာ မြည်နေသည်။
လုကျိုးသည် ရေကန်အောက်၌ ယင်ကျောက် ပျောက်ကွယ်သွားမှာကို စိတ်မပူပေ။ ဆိုရလျှင် ချုပ်နှောင်ရေးစည်းတံဆိပ်ဖြင့် အပြည့်အဝလွှမ်းခြုံခံရပြီးသည်နှင့် ၎င်းသည် ထိုနေရာတွင် ချုပ်နှောင်ခံထားရမှာပဲဖြစ်သည်။ သို့သော် ယင်ကျောက်ချည်နှောင်ခံရသည်အထိ သူ မစောင့်နိုင်ပေ။ ဆိုရလျှင် နဉ်ဝမ်ချင်းနှင့် ကျန်သည့်သူများသည် အသက်ဓာတ်နှလုံးသားက အတုမှန်းသိသွားပြီး မကြာမီ၌ ပြန်ရောက်လာကြမှာပဲဖြစ်သည်။ ထိုအချိန်ကျ တကယ်ဒုက္ခများလိမ့်မည်။ ဖြစ်နိုင်လျှင် သူသည် ထိုအချိန်တွင် အဆင့်မြင့်အထွတ်အထိပ်အသွင်ကတ်ကို အသုံးမပြုချင်ပေ။ သူသည် အထွတ်အထိပ်အသွင်ကတ်သုံးမျိုးကို မည်သည့်အချိန်ကျမှ ထပ်ဝယ်နိုင်မည်ဆိုတာ မည်သူက သိမည်နည်း။
“အစ်ကိုလု ကျုပ်တို့အခု အဆုံးသတ်ဖို့ အကြံပေးချင်တယ်” ရှောင်ယွင်ဟယ်က ပြောလိုက်၏။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ယင်ကျောက်၏ တိုက်ခိုက်မှုများက ပိုတောင်ပြင်းထန်လာသည်။ ကြမ်းတမ်းသော တိုက်ခိုက်မှုများအောက်တွင် ချုပ်နှောင်ရေးစည်းတံဆိပ်က ပိုတောင်လှုပ်ခါလာ၏။
လုကျိုးသည် သူ့လက်ကိုမြှောက်ပြီး လက်ချောင်းများကို ဖြစ်ညှစ်လိုက်သည်။
ချုပ်နှောင်ရေးစည်းတံဆိပ်က လျင်မြန်စွာ ကျုံ့သွား၏။
ထိုအခိုက်အတန့်၌ ယင်ကျောက်က အော်လိုက်သည်။
၎င်း၏အော်သံသည် ပုံမှန်မဟုတ်ပေ။ လူသားတို့၏ စိတ်ခံစားချက် ပါဝင်နေသည်။ ၎င်းက တောင်းပန်နေတာဖြစ်မှန်း ဤနေရာရှိလူတိုင်း ရှင်းရှင်းလင်းလင်း ပြောနိုင်ကြ၏။
“တိရစ္ဆာန်ကောင် မင်းက သက်ညှာပေးဖို့ ဘယ်လိုတောင်းပန်ရမလဲတောင် သိနေတယ်လား”
လုကျိုးက နက်ရှိုင်းသော လေသံဖြင့်ပြောလိုက်သည်။
ယင်ကျောက်က ကြောက်လန့်တကြားအော်ပြန်၏။
လက်ရှိတွင် ချုပ်နှောင်ရေးစည်းတံဆိပ်သည် အခန်းတစ်ခန်း၏အရွယ်အစား ရှိသည်။ ၎င်း ဆက်လက်ကျုံ့နေပါက ယင်ကျောက်သည် အသားလွှာဖြစ်သွားလိမ့်မည်။
လုကျိုးသည် ချုပ်နှောင်ရေးစည်းတံဆိပ်ကို ကျုံ့တာရပ်လိုက်၏။ ပြီးနောက် သူက မေးလိုက်သည်။
“မင်း အသက်ရှင်ချင်လား”
ယင်ကျောက်သည် တိတ်ဆိတ်သွားပြီးနောက် ရန်မလိုတော့ပေ။ လူတိုင်းသည် ထိုအရာကြောင့် မှင်သက်သွားလေ၏။ ယင်ကျောက် ထိုမျှအသိဉာဏ်ရှိမည်ဟု သူတို့ မထင်ထားပေ။ ၎င်းသည် အင်အားစုလေးစုက ကျင့်ကြံသူများကို ဦးဆောင်ပြီး သွေးထိုးရမည့်ပုံကိုတောင် သိသည်။ လုကျိုးသာ မရှိပါက ယင်ကျောက်သည် ယနေ့အနိုင်ရသူဖြစ်မည်ဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။
“မင်း မသေချင်ရင် အသက်ဓာတ်နှလုံးသားကို ပေးလိုက်”
ယင်ကျောက်က အော်လိုက်၏။
ယခုအခေါက်တွင် ကျင့်ကြံသူများက အော်သံက ဘာကိုဆိုလိုမှန်း နားမလည်ပေ။
လုကျိုးက လှည့်ကြည့်လိုက်ရာ အညတရအဖြူရောင်ဂိုဏ်းမှာ ကျင့်ကြံသူများ၏ခေါင်းက တုန်လှုပ်နေတာကို တွေ့ရသည်။ ယင်ကျောက်ပြောတာကို မည်သူမှ နားမလည်ပေ။ သူက သက်ပြင်းချလိုက်ပြီး ဤနေရာ၌ ခရုလေးရှိနေရန် ဆုတောင်းမိသည်။ ခရုလေးမရှိလျှင် ယင်ကျောက်၏ ဆိုလိုရင်းကို ခန့်မှန်းရုံသာတတ်နိုင်၏။ သူက လက်ဆန့်ထုတ်ပြီး ထပ်ပြောလိုက်၏။
“အသက်ဓာတ်နှလုံးသား”
တစ်ချိန်တည်းတွင် ချုပ်နှောင်ရေးစည်းတံဆိပ်သည် မြည်ဟည်းလာပြီး ခြိမ်းခြောက်နေ၏။
“ငါ့ကို အသက်ဓာတ်နှလုံးသားအတုနဲ့ လိမ်ဖို့မကြိုးစားနဲ့”
ထိုစဉ် ချုပ်နှောင်ရေးစည်းတံဆိပ်ထဲမှ အော့အန်သံကို ကြားလိုက်ရသည်။
လူတိုင်းသည် ချုပ်နှောင်ရေးစည်းတံဆိပ်ကို ရှင်းရှင်းလင်းလင်းမမြင်ရသည့်တိုင် ကြည့်နေကြ၏။
တစ်ဖက်တွင်မူ ချုပ်နှောင်ရေးစည်းတံဆိပ်၏ ပိုင်ရှင်အနေဖြင့် လုကျိုးကမူ အထဲတွင် ဘာဖြစ်နေမှန်း ပြောနိုင်၏။ သူ၏စွမ်းအင်ကို သုံးပြီး သူက အသက်စွမ်းအင်တို့ဖြင့် တောက်ပနေသည့် သလင်းကို ချုပ်နှောင်ရေးစည်းတံဆိပ်ထဲမှ ထုတ်ယူလိုက်၏။
ထိုကြည်လင်နေသော အသက်ဓာတ်နှလုံးသားသည် မြှားတစ်စင်းပမာ ဆင်တူပြီး လေထဲပျံဝဲနေ၏။
လူတိုင်းက ၎င်းကို အားကျစွာ ကြည့်နေကြတော့သည်။ ယင်းသည် ကျင့်ကြံသူများ သေသည်အထိ တိုက်ခိုက်နေကြသည့် အသက်ဓာတ်နှလုံးသားပဲ ဖြစ်သည်။ ၎င်းက ထိုမျှ လှမည်ဟု မည်သူက သိမည်နည်း။ ၎င်းက ထွန်းလင်းတောက်ပနေပြီး တစ်လောကလုံးနဲ့ ကွဲထွက်နေ၏။ အသက်ဓာတ်နှလုံးသားအတုထက် အဆတစ်ရာ ပိုလှသည်။ ၎င်း၏ကြွယ်ဝသော စွမ်းအင်တို့သည် အစောတုန်းက တိုက်ပွဲကြောင့် ဖျက်ဆီးခံလိုက်ရသည့် သစ်ပင်၊ ပန်းပင်တို့ကို အားဖြည့်ပေးနေပုံ ပေါ်သည်။
“အဆင့်မြင့် အသက်ဓာတ်နှလုံးသားတစ်ခုထက် ပိုကောင်းပုံပဲ” ရှောင်ယွင်ဟယ်သည် တောက်ပသော မျက်လုံးများဖြင့် ပြောလိုက်၏။ သူသည် အသက်ဓာတ်နှလုံးသားကို လုကျိုးဆီ တောင်းဆိုရန် တကယ် မက်မောမိသည်။ သူ၏ပျက်ဆီးထားသော မွေးဖွားဇယားချပ်များကို ပြန်လည်တည်ဆောက်နိုင်မှာ သေချာသလောက် ရှိသည်။ သို့သော် လုကျိုးက ထိုကဲ့သို့ ရတနာကို မည်ကဲ့သို့ ခွဲဝေပေးလိုစိတ် ရှိမည်နည်း။
ရှောင်ယွင်ဟယ်က သက်ပြင်းချလိုက်၏။ မကြာမီ၌ သူ့စိတ်ထဲ၌ ကြောက်မက်ဖွယ်အတွေး ပေါ်လာသည်။ သူသည် ၎င်းကို လုယူပြီး ထွက်ပြေးရန် စဉ်းစားလိုက်၏။ သို့သော် ၎င်းက မဖြစ်နိုင်မှန်း သိနေသည်။ ထို့အပြင် လုကျိုး၏ ကြောက်မက်ဖွယ်စွမ်းအားကို သိနေသောအခါ သူသည် ထိုဆုံးဖြတ်ချက်ကို ဖယ်ရှားလိုက်တော့သည်။
အသက်ဓာတ်နှလုံးသား၏စွမ်းအင်ကို အာရုံခံမိပြီးနောက် လုကျိုးက မေးလိုက်သည်။
“အဆင့်မြင့်အသက်ဓာတ်နှလုံးသားထက် ပိုကောင်းတာလား”
ရှောင်ယွင်ဟယ်က ပြောလိုက်၏။
“အဲဒါက ဉာဏ်ရည်မြင့်တဲ့ ကြမ်းတမ်းခက်ထန်သားရဲတစ်ကောင်ဆိုတော့ သူ့ အသက်ဓာတ် နှလုံးသားက ထိပ်တန်းအသက်ဓာတ်နှလုံးသား ဖြစ်မှာပဲ”
ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“သူ့ရဲ့ဉာဏ်ရည်က ဆယ်နှစ်သားအရွယ်ဉာဏ်ရည်လို့ အရင်တုန်းက ပြောခဲ့တာမဟုတ်လား။ ယင်ကျောက်ထက် ပိုတောင်အစွမ်းထက်တဲ့ သားရဲတွေရှိလား”
“ရှိတာပေါ့။ အားကောင်းတဲ့ ကြမ်းတမ်းခက်ထန်သားရဲနှစ်မျိုးရှိတယ်။ ခွန်အားကြီးပြီး အသိဉာဏ်မရှိတဲ့ လူတွေနဲ့ အသိဉာဏ်မြင့်တဲ့ သူတွေပဲ” ရှောင်ယွင်ဟယ်က ပြောလိုက်၏။
လူတိုင်း ခေါင်းညိတ်လိုက်တော့သည်။ လုကျိုးသည် ချုပ်နှောင်ရေးစည်းတံဆိပ်ကို ကြည့်ပြီး ပြောလိုက်သည်။
“ဆုတ်ခွာမယ်”
“ရုပ်သိမ်းမယ်”
လုကျိုးက ချုပ်နှောင်ရေးစည်းတံဆိပ်ကို ရုပ်သိမ်းပြီးနောက် ယင်ကျောက်သည် ချုပ်နှောင်ရေးစည်းတံဆိပ်ထဲမှ ပျံထွက်လာ၏။ ကျင့်ကြံဆင့်ဆုံးရှုံးသွားပြီးနောက် ယင်ကျောက်သည် အားနည်းစွာ တောင်ပံခတ်နေသည်။ ၎င်း၏မျက်နှာ၌ ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နေပုံပေါ်သည်။
လူတိုင်းက သိချင်စိတ်ဖြင့် ကြည့်နေကြသည်။ လေထဲ၌ လေအေးရုတ်တရက်တိုက်ခတ်လာလေ၏။
“အဲဒါ ဘယ်သူလဲ” လုကျိုးက မျက်မှောင်ကျုံ့လျက် သူ၏ ကာကွယ်ရေးစွမ်းအင်ကို အသက်သွင်းလိုက်သည်။
ဝေဟင်ထဲကနေ အေးစက်သောအလင်းတန်းတစ်ခု တောက်ပလာပြီး သိသာထင်ရှားသည့် ပေါက်ကွဲမှုခြောက်ခုက လိုက်ပါလာ၏။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း ဘန်း
တစ်ချိန်တည်းတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားသည့် စွမ်းအင်စည်းတံဆိပ်တို့ သည် လေထဲ မျောလွင့်နေလျက် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်တစ်ခုပေါ်လာပြီး အတန်းလိုက် ပျောက်ကွယ်သွား၏။
ဧရာမစွမ်းအင်လှိုင်းကြောင့် ပစ်မြှောက်ခံလိုက်ရသည့် လုကျိုးသည် မြဲမြံစွာ ခြေကုတ်ယူလိုက်သည်။
လူတိုင်း ထိတ်လန့်တကြား ကြည့်လိုက်၏။ သူတို့ စိတ်ရှုပ်ထွေးနေကြသည်။ ကိစ္စရပ်များ ဖြစ်ပျက်တာ မြန်ဆန်လွန်းသည်။
သို့သော်ငြား ရှောင်ယွင်ဟယ်က ထိုအရိပ်ကို မြင်သည်။
“ယဲ့လျိုယွင်လား” အရာအားလုံးဖြစ်ပျက်သွားတာ မြန်ဆန်လွန်း၏။ နားလည်သဘောပေါက်ရန် ခက်ခဲသည်။
ယဲ့လျိုယွင်သည် အရိပ်များထဲမှ ထွက်လာသည်။ သူ၏နှုတ်ခမ်းထောင့်မှ သွေးကို သုတ်ပြီးနောက် သူ့ကို အနောက်သို့တွန်းထုတ်ထားသည့် လုကျိုးကို ကြည့်ပြီး ပြုံးလိုက်သည်။
“မုဆိုးကောင်းတစ်ယောက်က အမြဲတမ်း စိတ်ရှည်တယ်။ တစ်ချက်တည်း တိုက်ခိုက်ဖို့ တစ်ချိန်လုံး စောင့်နေခဲ့တာ အဖိုးကြီး။ ကြည့်ရတာ မင်းမှာ အနည်းဆုံး မွေးဖွားဇယားချပ်လေးခု ဆုံးရှုံးသွားတဲ့ပုံပဲ။ ဒါ့အပြင် ငါ့ရဲ့ဓားမြှောင်ကို အဆိပ်သုပ်ထားတာ။ အနှေးနဲ့အမြန် မင်းရဲ့မွေးဖွားဇယားချပ်အားလုံး ဆုံးရှုံးသွားမယ်”
ယဲ့လျိုယွင်သည် သူ၏ ပျက်စီးသွားသော မွေးဖွားဇယားချပ်အတွက် အောင်မြင်စွာ လက်စားချေနိုင်သောကြောင့် ပျော်ရွှင်နေပုံပေါ်သည်။ သူက ခေါင်းနောက်လှန်လျက် တသိမ့်သိမ့် ရယ်မောနေကာ အနည်းငယ်ရူးသွပ်ပုံပေါ်သည်။ ယခုအချိန်၌ သူသည် ကျင့်ကြံဆင့် အမြင့်ဆုံးရှိတာဖြစ်သည်။
လုကျိုးက သူ၏ ကျေနပ်အားရမှုကို ဖုံးကွယ်ခြင်းမရှိသည့် ယဲ့လျိုယွင်ကို ကြည့်လိုက်၏။ တကယ်ပင် အစောတုန်းက ယဲ့လျိုယွင်၏ ဆက်တိုက်တိုက်ခိုက်မှုများသည် လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်တစ်ယောက်အနေဖြင့် အကွက်များကို ပြသသွားတာပဲဖြစ်သည်။ တိုက်ခိုက်မှုတိုင်းက သူ၏ မွေးဖွားဇယားချပ်များကို ဖျက်ဆီးရန် ရည်ရွယ်ထား၏။
ယဲ့လျိုယွင်က ပြောလိုက်၏။ “အခု မင်းရဲ့လုပ်ရပ်ကို နောင်တရသွားဖို့ သိပ်နောက်ကျသွားပြီ။ အသက်ဓာတ်နှလုံးသားကို ပေးလိုက်။ မင်းကို အလောင်းအပြည့်အစုံ ထားပေးမယ်”
ရှောင်ယွင်ဟယ်နှင့် ကျန်သည့်သူများသည် မှင်သက်သွားကာ မတုံ့ပြန်နိုင်တော့ပေ။ လောကကြီးသည် မှန်းဆမရဟု ခံစားမိသည်။ အရာအားလုံးက ချက်ချင်းပြောင်းလဲသွားတာ ဖြစ်သည်။
လုကျိုးသည် စနစ်မျက်နှာပြင်ကို ကြည့်လိုက်မိချိန်တွင် သူ့၌ အတိုက်အခိုက်ဒဏ်ပြင်းပိတ်ဆို့ကတ် ခြောက်ကတ်လျော့နည်းသွားတာကို သတိပြုမိသည်။ ဆိုလိုသည်က သူ၏မွေးဖွားဇယားချပ်များ အဆင်ပြေနေသည်။ ဤနည်းဖြင့် သူက ယဲ့လျိုယွင်ဖက်လှည့်ပြီး ပြောလိုက်လေ၏။
“မင်း ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတာပဲ”
ယဲ့လျိုယွင်က ပြုံးပြီး ပြောလိုက်၏။
“ငါ ဒဏ်ရာရထားတော့ကော ဘာဖြစ်သေးလဲ။ ငါ့မှာ မွေးဖွားဇယားချပ် ခုနစ်ခုရှိနေသေးတယ်။ မင်းကို ဖြေရှင်းဖို့ လုံလောက်တာထက် ပိုပြီးသား”
မွေးဖွားဇယားချပ် ခုနစ်ခုလား။ ဘုရင်ချန်းက သူ့ရဲ့ခေါင်းပွစစ်ပုဆိန်နဲ့ မွေးဖွားဇယားချပ် နောက်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့ပုံပဲ။
လုကျိုးသည် ခေါင်းခါလိုက်၏။
“ကြည့်ရတာ မင်းက ငါပြောတာကို သဘောမပေါက်တဲ့ပုံပဲ”
“ခင်ဗျား ဘာကိုဆိုလိုတာလဲ”
“မင်း မကြာခင် သေတော့မှာလေ” လုကျိုးက ပြောလိုက်၏။ တစ်ချိန်လုံး အဆင့်မြင့် အသေရိုက်ချက်ကတ်ကို ကိုင်ထား၏။ သူသည် ကစားပွဲထဲတွင် ပထမဆုံး အသုံးပစ္စည်းကတ်ကို မသုံးချင်ပေ။ သူက ခြံစည်းရိုး၌ ခွထိုင်ကာ ကျားများ တိုက်ခိုက်တာကို ကြည့်ချင်၏။ သူသည် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချခဲ့ပုံပေါ်သည်။ ထို့အပြင် သူက ယင်ကျောက်၏ အသက်ဓာတ်နှလုံးသားကို ရခဲ့သည်။
ယဲ့လျိုယွင်က ရယ်မောလိုက်သည်။
ရှောင်ယွင်ဟယ်သည် ဘေးမှ ပြောလိုက်တော့သည်။
“ယဲ့လျိုယွင် မင်းရဲ့သေခြင်းတရား နီးကပ်နေပြီ”
“မင်း ဘယ်သူလဲ” ယဲ့လျိုယွင်သည် ရှောင်ယွင်ဟယ်ကို ရင်းနှီးနေသလို ခံစားရသော်ငြား မမှတ်မိပေ။
သူ အင်မတန် ရင်းနှီးနေသော်ငြား မမှတ်မိပေ။ ထိုစဉ် လုကျိုးက ပြောလိုက်၏။
“ငါက ခြုံခိုတိုက်ခိုက်တာကို အမုန်းဆုံးပဲ။ ဒါ့အပြင် ငါ့ပစ္စည်းတွေကို ဘယ်သူမှ လုယူခွင့်မရှိဘူး”
ယဲ့လျိုယွင်က လှောင်ပြောင်လိုက်၏။
“ခင်ဗျား ဟန်ဆောင်နေသေးတုန်းလား”
လုကျိုးသည် တိကျန်း၏စွမ်းအားကို သုံးပြီးနောက် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို သုံးကာ တိုက်ခိုက်လိုက်သည်။
ဘန်း
ချက်ချင်းပင် ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသော လုပ်ကြံသတ်ဖြတ်ရေးသမားယဲ့လျိုယွင်သည် သူ၏အမြင်အာရုံ ဝေဝါးသွားတာကို ခံစားမိသည်။ သူ မတုံ့ပြန်နိုင်သေးခင် လက်ဝါးစည်းတံဆိပ်သည် သူ၏ခန္ဓာကိုယ်ပေါ် ကျရောက်ပြီးဖြစ်သည်။