အခန်း (၁၀၀၀-၁၀၀၂)
Vol. 67 Ch. 1000-1002
အခန်း (၁၀၀၀) ငါ့စွမ်းအားအပြည့်တောင် မသုံးလိုက်ရဘူး
ထိုလက်၀ါးချက်တွင် လုကျိုး၏ အထွတ်အထိပ် ဆန်းကြယ်စွမ်းအား ပါ၀င်နေ၏။
ယဲ့လျိုယွင်က တူဖြင့် ရိုက်နှက်ခံလိုက်ရသလိုမျိုး ကောင်းကင်မှ ပြုတ်ကျလာခဲ့သည်။ သူက လုကျိုးတွင် ဒဏ်ရာအပြင်းအထန် ရရှိသွားသည်ဟု ထင်ထားသည့်အတွက် အရှိန်သည် ဤမျှမြန်ဆန်လိမ့်မည်ဟု မသိခဲ့ပေ။ လုကျိုးက လေထုထဲ ပေါ်ထွက်လာသလိုမျိုး မြန်ဆန်လွန်းလှသည်။
ထိုစဥ် သူက သွေးတစ်ပွက် အန်လိုက်သည်။ သွေးဖြင့် လေထုထဲတွင် စက်ဝိုင်းပြတ်တစ်ခုကို ရေးဆွဲလိုက်၏။ တစ်ချိန်တည်းဆိုသလို သူ့ဘုံတစ်ထောင်လေပွေ စိတ်၀ိညာဥ်သဏ္ဌာန်က သူ့ခန္ဓာကိုယ်အတွင်း ကျုံ့၀င်သွားလေသည်။
အားလုံးက တအံတသြဖြင့် ရေရွတ်လိုက်ကြသည်။
ထို့နောက် လုကျိုးက ယဲ့လျိုယွင် အောက်ဘက်တွင် ပေါ်ထွက်လာပြီး နောက်ထပ် လက်၀ါးချက် တစ်ခုကို ထုတ်လွှင့်လိုက်သည်။
အပြာရောင် မဟာကြောက်ရွံ့ခြင်းမဲ့ စည်းတံဆိပ်က ချက်ချင်းဆိုသလို တောက်ပလာလေ၏။
ဝုန်း
ယဲ့လျိုယွင်၏ အရိုးကျိုးသံများနှင့် အတွင်းအင်္ဂါ စုတ်ပြဲသံများက လေထုထဲ ပေါ်ထွက်လာသည်။ သူ့ဘုံတစ်ထောင်လေပွေ စိတ်၀ိညာဉ်သဏ္ဌာန်က ထပ်မံ ကျုံ့၀င်သွားလေ၏။
ယဲ့လျိုယွင်က နောက်ထပ် သွေးတစ်ပွက် အန်လိုက်ရသည်။ သူက ဒေါသ၊ အကြောက်တရားနှင့် မလိုလားမှုတို့ဖြင့် ပြည့်နှက်နေသည်။
ထို့နောက် လုကျိုးက တိကျန်းဆီမှ ရထားသည့် အရှိန်ကို အသုံးပြုကာ ယဲ့လျိုယွင်၏ အပေါ်ဘက်တွင် ပေါ်ထွက်လာခဲ့သည်။
မွေးဖွားဇယားချပ် ၂ခုကို ဆက်တိုက် ဆုံးရှုံးထားရသည့် ယဲ့လျိုယွင်က လုကျိုးကို ကြောက်ကြောက်လန့်လန့်ဖြင့် စိုက်ကြည့်လိုက်သည်။ သူ့နှလုံးက ရင်ဘတ်မှ ထွက်လာသလိုမျိုး အတင်းခုန်နေလေသည်။ သူ အကြောက်တရားကို ခံစားခဲ့ရသည်မှာ နှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်၏။ နောက်ဆုံးအကြိမ်ဖြင့် သူ ဤသို့ခံစားခဲ့ရသည်မှာ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို မဖွဲ့စည်းစဥ်အခါက ဖြစ်သည်။
ထိုစဥ်အခါက သူသည် ပညာရှင်များစွာ အဝိုင်းခံထားရ၍ အမြဲတမ်း သတိကြီးကြီးထားခဲ့သည်။ သူသာ သတိကြီးကြီး မထားပါက ကောင်းကောင်းမွန်မွန် သဂြိုလ်မခံရဘဲ သေဆုံးသွားနိုင်ကြောင်း သိထားလေသည်။ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းပြီး ပညာရှင်အနေအထားသို့ ရောက်လာပြီးသည့်နောက်တွင် သူက တိုက်ပွဲများစွာကို အနိုင်ရရှိခဲ့ပြီး သူ့လုပ်ကြံသတ်ဖြတ်မှု တာဝန်များက တစ်ခါမျှ မရှုံးနိမ့်ခဲ့ပေ။
ထို့ကြောင့် သူက ဖြည်းဖြည်းချင်း အလင်းနှင့်အမှောင် မဟာမိတ်မှာ ဆရာသခင် လုပ်ကြံသတ်ဖြတ်သူဟု လူသိများလာကာ လူများစွာ၏ လေးစားမှုကို ရလာခဲ့သည်။
အောင်မြင်မှုက ယဲ့လျိုယွင်ကို သတိလက်လွတ် ဖြစ်သွားစေ၏။ သူက သူအားနည်းစဥ်အခါက ချမှတ်ခဲ့သည့် စည်းမျဉ်းများနှင့် သတိထားမှုတို့ကို မေ့လျော့သွားခဲ့သည့်အတွက် ယနေ့လို အမှားအယွင်းမျိုး ဖြစ်သွားစေခြင်း ဖြစ်သည်။ သူက ထိုပထမ လက်ဝါးချက်ကို မထုတ်လွှင့်ခဲ့သင့်ပေ။
ထိုစဥ် လုကျိုးက ပြောလိုက်၏။
"မင်းဆီမှာ မွေးဖွားဇယားချပ် ၅ခု ရှိနေသေးတယ်”
"မဟုတ်ဘူး။ မဟုတ်ဘူး။ ကျုပ်ကို ချမ်းသာပေးပါ။ ကျေးဇူးပြုပြီး ချမ်းသာပေးပါ” ယဲ့လျိုယွင်က တောင်းပန်လိုက်သည်။ သူက ထိတ်လန့်နေပြီး သူ့ကျင့်ကြံဆင့် အလျင်အမြန် ပြုတ်ကျသွားသည်ကို ခံစားနေရသည်။
သို့သော်လည်း လုကျိုးက မည်သို့ ချမ်းသာပေးမည်နည်း။ သူက မွေးဖွားဇယားချပ် စွမ်းအားကို ထပ်မံ အသက်သွင်းလိုက်သည်။
ထိုအရာကို မြင်ကာ ယဲ့လျိုယွင်က အံကြိတ်ကာ ပြောလိုက်သည်။
"ကျုပ်ကို လာပြီး ဖိအားမပေးနဲ့”
ဝှစ်
ယဲ့လျိုယွင်၏ စိတ်ဝိညာဥ်သဏ္ဌာန်က လေထုထဲ ပေါ်ထွက်လာကာ သူ့ကြယ်တာရာ ဒိုင်ခွက်က အပြင်းအထန် လည်ပတ်နေသည်။ အသက်ကို အလောင်းအထပ်ပြုကာ သူက အရူးအမူး တိုက်ခိုက်လိုက်၏။
ထိုအရာကို မြင်ကာ ရှောင်ယွင်ဟယ်က အော်ပြောလိုက်သည်။
"နောက်ဆုတ်ကြ"
အားလုံးက မီတာရာချီ နောက်ဆုတ်လိုက်ကြသည်။
လုကျိုးက ကြယ်တာရာ ဒိုင်ခွက်ပေါ် နင်းလိုက်၏။
ဝုန်း
စွမ်းအားများက လှိုင်းတွန့်ထွက်လာသည်။
လုကျိုးက ညာဘက်လက်ဖြင့် အမည်မဲ့ကို ဆွဲယူလိုက်သည်။
ဓားအသွင်ရှိနေသည့် အမည်မဲ့က အပြာရောင် အလင်းဖြင့် တောက်ပနေသည်။ တစ်ချိန်တည်းဆိုသလို မီတာဒါဇင် ရှည်လျားသည့် စွမ်းအင်ဓားတစ်ခုဖြင့် လွှမ်းခြုံထားသည်။
"မင်းရဲ့ ကြယ်တာရာ ဒိုင်ခွက်က အားကောင်းလား ဒါမှမဟုတ် ငါ့ရဲ့ ဓားက ပိုထက်ရှသလားဆိုတာကို ကြည့်ရသေးတာပေါ့”
လုကျိုးက အမည်မဲ့ကို ဝှေ့ယမ်းပြီး ယဲ့လျိုယွင်၏ ကြယ်တာရာ ဒိုင်ခွက်ဆီ သက်ညှာခြင်း ကင်းမဲ့စွာ ထိုးချလိုက်သည်။
ဘန်း
အော်သံကြီးနှင့်အတူ ကျယ်ကျယ်လောင်လောင် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
လုကျိုးက အမည်မဲ့ကို ကြယ်တာရာ ဒိုင်ခွက် အတွင်းပိုင်းသို့ ထိုးချလိုက်၏။ အမည်မဲ့က ကြယ်တာရာ ဒိုင်ခွက်ကို ထိုးဖောက်သွားကာ ယဲ့လျိုယွင်၏ ခန္ဓာကိုယ်အတွင်း ထိုးစိုက်သွားသည်။
နဂိုကတည်းက ဒဏ်ရာအပြင်းအထန် ရရှိထားသည့် ယဲ့လျိုယွင်က ဒဏ်ရာ ပိုမိုပြင်းထန်သွားခဲ့၏။ သူက အံကြိတ်ကာ နာကျင်မှုကို တောင့်ခံထားပြီး သူ့ခန္ဓာကိုယ်မှ အမည်မဲ့ကို ဆွဲထုတ်လိုက်သည်။
ဝုန်း
ယဲ့လျိုယွင်က မြေပြင်ပေါ် ပြုတ်ကျလာကာ ဖုန်မှုန့်များ ထလာစေသည်။ ထို့နောက် သူ့ပုံရိပ်က ပျောက်ကွယ်သွား၏။
လုကျိုးက ခေါင်းယမ်းကာ ပြောလိုက်သည်။
"အသုံးမဝင်ဘူး"
ထို့နောက် လုကျိုးက ကောင်းကင်ကျမ်းမှ ရနံ့စွမ်းအား မန္တန်ကို ရွတ်ဖတ်လိုက်သည်။
ထိုစဥ် ကြည့်ရှုနေသည့် သူများက ထိတ်ထိတ်လန့်လန့် ဖြစ်နေကြ၏။
ရှောင်ယွင်ဟယ်က တအံ့တသြဖြင့် ပြောလိုက်သည်။
"မဖြစ်နိုင်ဘူး”
"ဘာက မဖြစ်နိုင်တာလဲ” ယွီကျန့်ဟိုင်က မေးလိုက်သည်။
"ကြယ်တာရာ ဒိုင်ခွက်ရဲ့ အနောက်ဘက်က စိတ်ဝိညာဥ်သဏ္ဌာန် တစ်ခုရဲ့ အမာကျောဆုံး အပိုင်းပဲ။ ကြာပလ္လင်လောက်ကို မာကျောတယ်။ ကြယ်တာရာ ဒိုင်ခွက်ရဲ့ ခုခံမှုကို ထိုးဖောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ ဒီလို လွှမ်းမိုးနိုင်တဲ့ စွမ်းအားနဲ့ ရင်ဆိုင်ရရင်တောင် ချိုင့်သွားရုံလောက်ပဲ တတ်နိုင်မှာ။ တကယ်လို့ ကြေမွသွားတယ်ဆိုရင်တောင် ကြယ်တာရာ ဒိုင်ခွက်က ကျုံ့သွားပြီးတော့ အသိစိတ် ပင်လယ်အတွင်း ဝင်ရောက်ပြီးတော့ တိုက်ကွက်ကို ရှောင်ရှားလိမ့်မယ်။ ဒါပေမဲ့ အစ်ကိုလုက ကြယ်တာရာ ဒိုင်ခွက်ကို ဓားနဲ့ ထိုးဖောက်နိုင်ခဲ့တယ်။ ဒါက အဓိပ္ပာယ် မရှိဘူး” ရှောင်ယွင်ဟယ်က ပြောလိုက်သည်။
"ကျုပ် ရှစ်စွင်းရဲ့ စွမ်းအားကို ပုံမှန်စံနှုန်းနဲ့ တိုင်းတာလို့ မရဘူး” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
"..."
ထိုစဥ် ရှောင်ယွင်ဟယ်က လုကျိုး၏ တပည့် ၂ဦးသည် ရွှေကြာနယ်မြေမှ ဖြစ်ကြောင်း အမှတ်ရသွားခဲ့၏။ သူတို့က ကြယ်တာရာ ဒိုင်ခွက်နှင့် ပတ်သက်ပြီး များများစားစား နားမလည်သည်မှာ မဆန်းတော့ပေ။
ရှောင်ယွင်ဟယ်က အပြာရောင် စွမ်းအား ပေါ်ထွက်လာသည့်အချိန်တိုင်း လုကျိုး၏ စွမ်းအားက သိသိသာသာ တိုးပွားလာကြောင်း သတိပြုမိခဲ့သည်။
ခဏလေးနေပါအုံး။ နန်ကုန်းယွီထျန်းကို သတ်ခဲ့တဲ့ ရွှေရောင် လက်ဝါးချက်ကလည်း အားကောင်းခဲ့တာပဲ။ ဒီလိုဆိုရင် အဓိပ္ပာယ်တော့ မရှိဘူးပဲ ...
သူက သူတို့ရှေ့တွင် ရှိနေသည့် လူအိုကြီးက မည်မျှ အားကောင်းနေနိုင်သနည်း။ သူက နားမလည်နိုင် ဖြစ်နေမိသည်။ ခဏအကြာတွင် သူက ယွီကျန့်ဟိုင်ကို မေးလိုက်၏။
"မင်းရဲ့ ရှစ်စွင်းက အဲဒီ အပြာရောင်ကြာ စွမ်းအားကို မကြာခဏ သုံးလေ့ရှိလား”
ယွီကျန့်ဟိုင်က ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ပြန်ဖြေလိုက်သည်။
"ခဏတိုင်း သုံးတယ်လို့တော့ ပြောရမယ်”
"..."
ထိုစကားများကို ကြားကာ ရှောင်ယွင်ဟယ်က လုကျိုးသည် အပြာရောင်ကြာနယ်မြေမှ အကောင်ကြီးကြီး ဖြစ်လိမ့်မည်ဟု သေချာသွားခဲ့သည်။ လုကျိုးက သူ့စွမ်းအားကို ဖုံးကွယ်ကာ ကျားသား စားချင်သည့် ဝက်ယောင်ဆောင်နေမှန်း အတည်ပြုလိုက်နိုင်သည်။
ကံကောင်းစွာဖြင့် သူသည် လုကျိုးဆီမှ ယင်ကျောက်၏ အသက်ဓာတ် နှလုံးသားကို မလုယူခဲ့ပေ။ သူက ရန်သူဖွဲ့ခြင်းမှ ရှောင်ရှားနိုင်ခဲ့သည့်အတွက် ကံကောင်းမှု ကြယ်စင်ကို ကျေးဇူးတင်နေမိသည်။ ထိုစဥ် သူက အင်မတန် ဉာဏ်ကောင်းသည်ဟု ခံစားလာရသည်။
ထိုစဥ် ဝူချောင်က ရှောင်ယွင်ဟယ်၏ မျက်နှာအထက် ထူးထူးခြားခြား အမူအရာကို မြင်သည့်အခါ မေးလိုက်၏။
"မျှော်စင်သခင် ဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ပါဘူး” ရှောင်ယွင်ဟယ်က သူ့အတွေးများကို စုစည်းကာ အနက်ရောင်မျှော်စင် အဖွဲ့အစည်း၏ မျှော်စင် သခင်ဟောင်းအသွင် ပုံစံအတိုင်း နေထိုင်လိုက်သည်။ သူက လက်နောက်ပစ်လိုက်သော်လည်း လုကျိုးလိုမျိုး အကောင်ကြီးကြီး ရှေ့မှောက်တွင် ထိုသို့ပြုမူသည်မှာ မသင့်တော်ဘူးဟု ထင်ကာ ရှေ့သို့ ပြန်ပြောင်းလိုက်သည်။ တကယ်တော့ သူက လက်ကို ဘယ်နားထားရမှန်းပင် မသိတော့ပေ။
ထိုစဥ် လုကျိုးက ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။ သူက လေထုထဲမှ အငွေ့အသက်ကို အနံ့ရနေသည်။
ကျင့်ကြံသူများက သူတို့၏ နှလုံးခုန်သံကို ရပ်တန့်ကာ သေလူအဖြစ် ဟန်ဆောင်လေ့ရှိကြသည်။ သူတို့က သူတို့၏ အရှိန်အဝါနှင့် ရနံ့ကိုမူ အမြဲတမ်း လျစ်လျူရှုထားတတ်ကြ၏။
လုကျိုးက ဆယ်မီတာ လျှောက်လှမ်းလာပြီးသည့်နောက်တွင် အမည်မဲ့ဖြင့် မြေကြီးကို ထိုးစိုက်လိုက်သည်။
မြေကြီးထဲ စွမ်းအင်ဓားတစ်ချောင်းက ချက်ချင်းဆိုသလို နစ်ဝင်သွား၏။
ထို့နောက် မြေကြီးထဲမှ အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"မင်းဆီမှာ မွေးဖွားဇယားချပ် ၃ခု ရှိသေးတယ်”
လုကျိုးက အထွတ်အထိပ် ဆန်းကြယ်စွမ်းအား များများစားစား မကျန်ရှိတော့ပေ။ သူက အထွတ်အထိပ် ဆန်းကြယ်စွမ်းအား အားလုံးကို မသုံးလိုသည့်အတွက် ဓားထိပ်ဖျားတွင် အစိုက်ခံထားရသည့် ယဲ့လျိုယွင်နှင့်အတူ အမည်မဲ့ကို ဆွဲထုတ်လိုက်သည်။
ဝုန်း
နာမည်ကျော် ဆရာသခင် လုပ်ကြံသတ်ဖြတ်သူက ဆိုးဆိုးဝါးဝါး အခြေအနေဖြစ်နေလေသည်။ သူက ခန္ဓာကိုယ်ပေါ်မှ မြေကြီးများကို တားဆီးဖို့ စွမ်းအားကို အသုံးမပြုနိုင်လောက်အောင် ပုန်းအောင်းဖို့ အလျင်လိုနေခဲ့သည်။ သူ့ညစ်တီးညစ်ပတ် မျက်နှာအထက် ထိတ်လန့်ကာ ခြောက်ခြားသည့် အမူအရာမျိုး မြင်တွေ့နေရ၏။
"ဘာလို့လဲ ကျုပ်ကို ဘာလို့ သက်ညှာမပေးနိုင်ရတာလဲ”
"ငါက မင်းကို ဘာလို့သက်ညှာပေးရမှာလဲ” လုကျိုးက မေးလိုက်သည်။
ယဲ့လျိုယွင်က လုကျိုး၏ မေးခွန်းကြောင့် ကြောင်အမ်းသွားလေ၏။ သူက အသိပြန်ဝင်လာသည့်အခါ အလျင်အမြန် မေးလိုက်သည်။
"ခင်ဗျားက အလင်းနဲ့အမှောင် မဟာမိတ်ရဲ့ လက်စားချေမှာကို မကြောက်ဘူးလား”
လုကျိုးက မထူးမခြားနား ပြောလိုက်သည်။
"ငါက အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းတို့ရဲ့ မျှော်စင်သခင်ကိုတောင် ဂရုမစိုက်တာ။ အလင်းနဲ့ အမှောင် မဟာမိတ်ကို ဘာလို့များ ဂရုစိုက်နေရမှာလဲ”
"..."
ယဲ့လျိုယွင်က သူသည် မျှော်လင့်ချက် ကုန်ဆုံးသွားသလို ခံစားလိုက်ရသည်။ သူက စိတ်ပျက်စွာ ရယ်မောလိုက်ပြီးသည့်နောက်တွင် ပြောလိုက်၏။
"ကျုပ် အဲဒီလက်ဝါးချက်ကို မထုတ်လွင့်လိုက်သင့်ဘူး။ ဘာကြောင့်လဲ။ ခင်ဗျားက ဝူဘုရင်ကို ဘာလို့မသတ်တာလဲ။ သူက ကျုပ်ထပ်စာရင် ပိုပြီးတော့တောင် ကြောင်သူတော် ဆန်သေးတယ်”
"မင်းအတွက် ကုသဆေး မရှိဘူးပဲ။ မင်း မြန်မြန် မင်းလမ်း မင်း သွားလိုက်တော့” လုကျိုးက ထိုအရူးနှင့် ပြောဖို့ အချိန်ကုန် မခံတော့ပေ။ ဝူဘုရင်က သူ့ကို ရန်မစခဲ့သည့်အခါ ဘာ့ကြောင့်များ သူ့ကို သတ်နေရအုံးမည်နည်း။ ထို့နောက် သူက အမည်မဲ့ကို မြှောက်လိုက်၏။
ထိုစဥ် ယဲ့လျိုယွင်က အံကြိတ်ကာ ပြောလိုက်သည်။
"ကောင်းပြီ။ ကျုပ် သေမယ်ဆိုတော့လည်း ရှိပါစေတော့”
ထို့နောက် ယဲ့လျိုယွင်က လုကျိုးဆီ လျှပ်စီးလို အလျင်ဖြင့် ခုန်အုပ်လာခဲ့သည်။
"ပေါက်ကွဲစမ်း"
ထိုဖောက်ခွဲမှု၏ စွမ်းအားက ယဲ့လျိုယွင်၏ ကျန်ရှိနေသည့် မွေးဖွားဇယားချပ် ၃ခုလုံးမှ စွမ်းအားအားလုံးကို ပေါင်းစည်းထားခြင်း ဖြစ်၏။
လုကျိုးက ပင်လယ် စိတ်ဝိညာဥ် ပုလဲကို ထုတ်ယူလိုက်သည်။
အကြွင်းမဲ့ သုည
ယဲ့လျိုယွင် ပေါက်ကွဲထွက်မသွားခင် တောင့်တင်းသွားမိ၏။
တစ်ချိန်တည်းဆိုသလို မီတာတစ်ထောင် အဝေးတွင် ရပ်နေသည့် ယင်ကျောက်က ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။ ထိုအရာက အေးခဲနေသည့် ကမ္ဘာကို ခြုံငုံကြည့်ကာ ပိုမိုကြောက်ရွံ့လာသည့်အလား ဆက်လက်နောက်ဆုတ်နေသည်။
ထိုစဥ် ရှောင်ယွင်ဟယ်က မျက်မှောင်ကြုတ်ကာ "ပေါင်းစည်းရေးအဆင့် လက်နက်ပဲ။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းရဲ့ ပင်လယ် စိတ်ဝိညာဥ် ပုလဲက အစ်ကိုလုဆီ ဘယ်လိုလုပ် ရောက်နေတာလဲ”
ယွီကျန့်ဟိုင်က ပြန်ဖြေလိုက်သည်။
"အနက်ရောင်မျှော်စင် အဖွဲ့အစည်းရဲ့ ယီယောင်က ကျုပ်ရှစ်စွင်းကို အဲဒီလက်နက်နဲ့ သတ်ဖို့ ကြိုးစားခဲ့တာလေ။ ကျုပ် ရှစ်စွင်းက သူ့ကို သတ်ပြီး အဲဒီလက်နက်ကို ယူထားလိုက်တာ။ ခင်ဗျားက ယီယောင်ကို စေလွှတ်တဲ့သူလို့တော့ မပြောနဲ့နော်”
ရှောင်ယွင်ဟယ်က အလျင်အမြန် လက်ခါကာ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါက အနက်ရောင်မျှော်စင် အဖွဲ့အစည်းက ထွက်လာတာ နှစ်ပေါင်း ၃၀၀ ကျော်နေပြီ။ ပြီးတော့ ငါက အဲဒီလိုတုံးအအ အရာကို ဘာလို့လုပ်ရမှာလဲ”
"ခင်ဗျား ပြောတာမှန်တယ်။ ဒါနဲ့ ဘာလို့ မျက်မှောင်ကြုတ်လိုက်တာလဲ” ယွီကျန့်ဟိုင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ပင်လယ် စိတ်ဝိညာဥ် ပုလဲ စွမ်းအားက မကုန်နိုင်တာ မဟုတ်ဘူးလေ။ အဲဒီစွမ်းအားက အသုံးပြုလိုက်တိုင်း ပိုပြီးတော့ နည်းပါးသွားလိမ့်မယ်။ အစ်ကိုလုက အကြွင်းမဲ့ သုညကို သုံးလိုက်တာကို အံ့အားသင့်သွားလို့ပါ။
ယဲ့လျိုယွင် မွေးဖွားဇယားချပ် ၄ခု ဆုံးရှုံးပြီးသွားပြီလေ။ ဒီလိုအခြေအနေမှာ အစ်ကိုလုက သူ့ကို အပြာရောင်ကြာ စွမ်းအားနဲ့ အလွယ်တကူ သတ်ပစ်နိုင်တယ်။ ကြည့်ရတာ အစ်ကိုလုက လူတွေကို နှိပ်စက်ရတာ သဘောကျတဲ့ပုံပဲ” ရှောင်ယွင်ဟယ်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"..."
ထိုစဥ် ယဲ့လျိုယွင်၏ ကြောက်လန့်နေသည့် အမူအရာက သူ့မျက်နှာအထက် အေးခဲစွာ တည်ရှိနေသည်။
အကြွင်းမဲ့ သုည၏ သက်ရောက်မှု အောက်တွင် ပတ်ဝန်းကျင်ရှိ သစ်ပင်နှင့် ပန်းပင်များကလည်း သေသည်အထိ အေးခဲခံလိုက်ရပြီး ရေခဲရုပ်ထုအဖြစ် ပြောင်းလဲသွားသည်။
ထိုစဥ် လုကျိုးက စနစ်မှ မွေးဖွားဇယားချပ် ၃ခု ဖျက်ဆီးမှုနှင့် ပတ်သက်ပြီး သတိပေးချက်ကို လက်ခံရရှိလိုက်သည်။
ထိုစဥ် ပင်လယ် စိတ်ဝိညာဥ်ပုလဲ၏ စွမ်းအားက ပျောက်ကွယ်သွားပြီး ပုလဲက မှေးမှိန်သွားသည်။ ထိုစဥ် မီတာရာချီ ပတ်လည်ရှိ ရေခဲရုပ်ထုများက ချက်ချင်းဆိုသလို ကြေမွသွားလေ၏။
ယဲ့လျိုယွင်က မြေကြီးပေါ် ငါးသေတစ်ကောင်လိုမျိုး ပြုတ်ကျလာကာ ခက်ခက်ခဲခဲဖြင့် မေးလိုက်သည်။
"ခ ခ ခ … ခင်ဗျားက အင်အားကို ချွေတာထားတာလား”
"အခုထိ ငါက ငါ့စွမ်းအား အပြည့်အဝကို ထုတ်မသုံးခဲ့ဖူးဘူး” လုကျိုးက ပြောလိုက်၏။ သူက အဆင့်မြင့် အထွတ်အထိပ် သဏ္ဌာန်ကတ်ပင် ရှိနေသေးသည်။
"..."
ထိုစဥ် ယဲ့လျိုယွင်က သူတို့စွမ်းအားကြားမှ ကွာဟချက်ကို သဘောပေါက်သွားခဲ့၏။ သူ့မျက်နှာအထက် ဝမ်းနည်းဖွယ် အပြုံးတစ်ခု ပေါ်ထွက်လာကာ "ခ … ခင်ဗျား ကျုပ်ကို သတ်ဖို့ မလိုတော့ဘူး။ ကျုပ် ကိုယ်တိုင် လုပ်မယ်”
"အဲဒီလိုတော့ မဖြစ်ဘူး” လုကျိုးက ခေါင်းခါကာ လျှောက်လှမ်းလာသည်။
ယဲ့လျိုယွင်က လျှာကို ကိုက်လိုက်သည်။ သူ့ပါးစပ်မှ သွေးများက လည်ပင်းအထိ စီးကျလာသည်။
လုကျိုးက ပြောလိုက်၏။
"နာနာကျင်ကျင် သေဆုံးမဲ့အစား လွယ်လွယ်ကူကူ သေလိုက်တာ ပိုကောင်းတာပေါ့”
အမည်မဲ့က ယဲ့လျိုယွင်၏ နှလုံးသားကို ထိုးစိုက်သွားခဲ့သည်။
"တင် ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၈၀၀၀ ရရှိပါတယ်။ နယ်မြေအပိုဆုလာဘ် အနေနဲ့ ကုသိုလ်ရမှတ် ၂၀၀၀ ရရှိပါတယ်”
လုကျိုးက ယဲ့လျိုယွင်ဆီမှ ကုသိုလ်ရမှတ် ၅၂၀၀၀ ရရှိလိုက်သည်။
အမည်မဲ့ကို သိမ်းဆည်းပြီးသည့်နောက်တွင် လုကျိုးက ယင်ကျောက်ဆီ လျှောက်လှမ်းလာ၏။ သူက ထိုလူများ ပြန်ရောက်မလာခင် တတ်နိုင်သမျှ မြန်မြန် ထွက်သွားရမည်ဖြစ်ကြောင်း သိထားလေသည်။ သူက မလုံခြုံသလို ခံစားရသည့်အခါ ခြေလှမ်းအနည်းငယ် လျှောက်လှမ်းလာလိုက်၏။ ထို့နောက် သူက လှည့်ကာ ယဲ့လျိုယွင်၏ အလောင်းဆီ လျှောက်လှမ်းလာပြီး လက်ဝှေ့လိုက်သည်။
ကံမီးတောက်က ချက်ချင်းဆိုသလို အလောင်းကို ပြာချသွားစေသည်။
ရှောင်ယွင်ဟယ် "..."
အညတရ အဖြူရောင်ဂိုဏ်း "..."
ကြည့်ရတာ ဒီအကောင်ကြီးကြီးက လူတွေကို နှိပ်စက်ရတာ သဘောကျရုံတင် မကဘူး။ သေပြီးသား လူတွေကို နှိပ်စက်ရတာလည်း သဘောကျတဲ့ပုံပဲ ...။
…
အခန်း (၁၀၀၁) ရှစ်စွင်းက ပြိုင်ဘက်ကင်း မဟုတ်တော့ဘူး
လုကျိုးသည် တူးခြစ်နေသော မြေပြင်ကို ကြည့်ပြီး သက်ညှာမှုမပြသပေ။ သူက စိတ်ထဲခေါင်းညိတ်လိုက်လေ၏။ ယခု ယဲ့လျိုယွင်က ပြာဖြစ်သွားပြီ ဖြစ်သောကြောင့် စုန်းအတတ်ဘိုးဘေး ရောက်လာခဲ့လျှင်တောင် သူသည် ယဲ့လျိုယွင်ကို ပြန်အသက်သွင်းပေးနိုင်မှာ မဟုတ်ပေ။ ပြီးနောက် သူသည် လှည့်ထွက်သွားပြီး ယင်ကျောက်ဆီလျှောက်သွား၏။ သူ ယင်ကျောက်ရှေ့၌ ရောက်ချိန်တွင် ၎င်းကို ခဏတာကြည့်နေလိုက်၏။ သူ၏ ယခင်အစီအစဉ်အရ ယင်ကျောက်ကို သတ်ပြီးလျှင် ကိစ္စပြီးနေပြီဖြစ်သည်။ သို့သော် ယင်ကျောက်၏မြင့်မားသော ဉာဏ်ရည်ကို စိတ်ဝင်စားသွားလေ၏။ သူသာ ၎င်းကို သူ့စီးတော်သားရဲဖြစ်အောင်လုပ်နိုင်ခဲ့လျှင် ကောင်းလိမ့်မည်။ သို့သော် ပြဿနာက ယင်ကျောက်က သိပ်ကို ထင်ရှားလွန်းနေပြီး သိပ်ကို မှတ်မိလွယ်ပြီး တခြားသူများ လုယက်လိုသော အတွေးများဖြစ်ပေါ်လာစေကာ အခြားသူတို့ကို လောဘတက်စေလိမ့်မည်။ သူက ၎င်းကို အသုံးပြုလျှင် ပြဿနာမရှိသော်ငြား သူ့တပည့်များသာ အသုံးပြုလျှင် ဒုက္ခတွေ့လိမ့်မည်။
ယင်ကျောက်က လုကျိုးကို မဝံ့မရဲကြည့်လျက် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်၏။
လုကျိုး ခေါင်းညိတ်လိုက်သည်။ သူ ၎င်းကို အရင်ဆုံးယဉ်ပါးအောင် လုပ်ရမည်။ ၎င်း၏ အမွှေးကို ဖြတ် တခြားအရောင်ဆိုးပြီး သွင်ပြင်ကို ပြောင်းလဲကောင်း ပြောင်းလဲနိုင်လိမ့်မည်။
လုကျိုးက ယင်ကျောက်အနားကပ်သွားပြီး ပြောလိုက်တော့၏။
“မင်း ကျင့်ကြံသူတွေကြား တမင်တကာ သွေးထိုးခဲ့တာလား”
ယင်ကျောက်က အော်လိုက်၏။
ကံဆိုးသည်မှာ လုကျိုး နားမလည်ခဲ့ပေ။
“ထားလိုက်တော့ ... မင်းကို အသက်ရှင်ဖို့ အခွင့်အရေးပေးမယ်။ မင်း ဆန္ဒရှိရင် အညံ့ခံပြီး ငါ့ရဲ့စီးတော်သားရဲလုပ်။ အချိန်ကျလာရင် မင်းရဲ့အသက်ဓာတ်နှလုံးသားကို မင်းဆီ ပြန်ပေးမယ်”
လုကျိုးသည် ယင်ကျောက်ကို စကားပြောနေစဉ် သူသည် အခြားသူများ နားမထောင်နိုင်အောင် စွမ်းအင်အရံအတားများကို ထုတ်သုံးထားသည်။ သူ ယင်ကျောက်၏သွင်ပြင်ကို ပြောင်းလဲတော့မည် ဖြစ်သောကြောင့် အခြားသူများကို သူ့စကား ကြားခွင့်မပြုနိုင်ပေ။
ယင်ကျောက်က လုကျိုး၏စကားကို နားလည်၏။ သို့သော် ယင်းသည် လုကျိုးကို စဉ်းစားဆင်ခြင်လျက် ကြည့်နေ၏။ ကျင့်ကြံသူများက ၎င်း၏အသက်ဓာတ်နှလုံးသားကို တပ်မက်မှန်း သူ သိသည်။ ၎င်း၏ အသက်ဓာတ်နှလုံးသားသည် မွေးဖွားဇယားချပ် ဆယ့်နှစ်ခုနှင့် အထက် ကျင့်ကြံသူများအတွက် သင့်တော်ရုံသာမက ၎င်း၏ အသက်ဓာတ်နှလုံးသားသည် ကျင့်ကြံသူများ အသက်သွင်းနိုင်သော မွေးဖွားဇယားချပ် အရေအတွက်အကန့်အသတ်ကိုလည်း တိုးစေ၏။ သားရဲများနှင့် လူသားများနှင့်အတူယှဉ်တွဲရှိလာသည့် နှစ်ပေါင်းများစွာအတွင်း သူတို့သက်တမ်းကို စတေးပြီး အသက်ဓာတ်နှလုံးသား ပြန်ပေးလိုသည့်လူသားက နည်းသည်။ သို့သော်ငြား ထိုလူများက တကယ်ရှားပါးလှပေ၏။ ထို့အပြင် အသက်ဓာတ်နှလုံးသား ရလာပြီးနောက် ကြမ်းတမ်းခက်ထန်သားရဲများ လက်စားချေတာ ရှိလာနိုင်သည်။ ထိုအကြောင်းရင်းများကြောင့် ၎င်းသည် လုကျိုးကို မယုံပေ။
လုကျိုးက ပြောလိုက်၏။
“မင်းက အသုံးမဝင်တော့ဘူး။ မင်းရဲ့အသက်ဓာတ်နှလုံးသားက ငါ့လက်ထဲမှာ။ မင်း အသိဉာဏ်ရှိတယ်ဆိုရင် ဂရုစိုက်စဉ်းစားကြည့်။ မင်းကို လိမ်လို့ ငါဘာများရမှာလဲ”
ယင်ကျောက်က အော်လိုက်၏။
လုကျိုးက ခေါင်းခါလိုက်၏။ သူ ပြောတာကို နားမလည်သေးပေ။ လုကျိုးက ပြောလိုက်၏။ "မင်း သဘောတူရင် ငါနဲ့လိုက်ခဲ့။ သဘောမတူရင် အခုထွက်သွားလို့ရပြီ။ မင်း သေတာရှင်တာက ကံပေါ်မှာပဲ မူတည်တယ်”
လုကျိုးက မျက်မှောင်ကျုံ့လိုက်၏။ “ငနာလေး ... ငါက မင်းကို ထွက်သွားဖို့ အခွင့်အရေးပေးနေပေမဲ့ မင်းက ခေါင်းမာနေတုန်းပဲ”
ယင်ကျောက်သည် ခေါင်းခါလိုက်လေ၏။
“ဘာဆိုလိုတာလဲ” လုကျိုးသည် ယင်ကျောက်၏ ခေါင်းမာနေမှုကြောင့် ဇဝေဇဝါဖြစ်သွားသည်။ ခရုလေးနှင့် ယင်ကျောက်ကို ဆက်သွယ်ခိုင်းဖို့ စီးဝူယာ့ကို ဆက်သွယ်သင့်သလားဟု တွေးနေမိ၏။ သို့သော် ယင်းက အချိန်ကုန်စေသည်။ သူ မြန်မြန်မထွက်သွားပါက နဉ်ဝမ်ချင်း၊ ဝူဘုရင်နှင့် လော့ဟွမ်းတို့သာ ပြန်ရောက်လာလျှင် အခက်တွေ့လိမ့်မည်။ သူ လက်လျှော့ပြီး ထွက်သွားရန် ပြင်ဆင်လိုက်၏။
ယင်ကျောက်သည် ခြေလှမ်းအနည်းငယ်ရှေ့တိုးလိုက်သော်ငြား လုကျိုးဆီ မလာခဲ့ပေ။ ထိုအစား တဝက်၌ ရပ်သွားသည်။
၎င်းနည်းဖြင့် လုကျိုးသည် ၎င်း၏အဓိပ္ပါယ်ကို ဝေဝါးဝါးခန့်မှန်းမိသွားသည်။ “မင်း စဉ်းစားချင်တာလား”
ယင်ကျောက်က ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ မင်းကို စောင့်နေမယ်။ မင်း စိတ်ပြင်ဆင်ပြီးရင် အသက်ဓာတ်နှလုံးသားနောက်လိုက်ပြီး ငါ့ဆီ လိုက်လာခဲ့။ အကြံတစ်ခုပေးလိမ့်မယ် ... လှည့်ကွက်တွေ မသုံးရင် ပိုကောင်းလိမ့်မယ်”
ယင်ကျောက်က ခေါင်းညိတ်လိုက်၏။ ၎င်း၏အသက်ဓာတ်နှလုံးသားကို ယူချင်သည့်သူသည် နောက်ထပ်အသက်ဓာတ်နှလုံးသား ဖွဲ့တည်ချင်ပါက ခက်ခဲလွန်းမှာပဲဖြစ်သည်။ ထိုသို့ပြုလုပ်ရန်အတွက် နှစ်ပေါင်းရာချီထောင်ချီအချိန်ယူရလိမ့်မည်။ ပြီးနောက် ၎င်းက အော်သံတစ်ခုထုတ်လျက် ခေါင်းမော့ကာ တောင်ပံတဖျပ်ဖျပ်ခတ်လျက် ပျံသန်းသွား၏။ ၎င်း၏ အရှိန်သည် ယခင်ကထက် ပိုနှေးသွားတာ သိသာသည်။
လုကျိုးသည် အချိန်မဖြုန်းတော့ပေ။ ယင်ကျောက်၏ ဉာဏ်ရည်ဖြင့် အဆင်ပြေလောက်မည်။
ယခုအချိန်တွင် လူတိုင်း ဇဝေဇဝါဖြစ်သွားလေ၏။
ဝူချောင်က မေးလိုက်သည်။ “လုချန်းပေ့ အဲ့ဒီသားရဲနဲ့ ဘာလို့ငြင်းနေတာလဲ။ သူက ခေါင်းခါလိုက် ခေါင်းညိတ်လိုက်နဲ့”
ရှောင်ယွင်ဟယ်က ပြောလိုက်၏။ "သူ့ရဲ့အသက်ဓာတ်နှလုံးသား ပြန်ရဖို့ ကြိုးစားနေတာ ဖြစ်လောက်မယ်။ ဒါပေမဲ့ အစ်ကိုလုက သူ့ရဲ့အသက်ဓာတ်နှလုံးသားကို ဘယ်လိုလုပ် ပြန်ပေးမှာလဲ”
“ဒီသားရဲက တကယ်ဉာဏ်ထက်တယ်”
“လုချန်းပေ့ သူ့ကို လွှတ်ပေးတာ တကယ်ကြင်နာတာပဲ။ နောင်ကျ လက်စားလာချေရင်ကော”
ကြင်နာတယ်လား ... ဒီစကားနဲ့ အစ်ကိုလုနဲ့ကို မတွဲမိဘူးနော်။ ရှောင်ယွင်ဟယ်သည် သူ့ဘာသာသူ တွေးလိုက်လေ၏။
လုကျိုးသည် ပစ္စည်းများရယူပြီးနောက် လေထဲခုန်တက်ကာ ထွက်သွားရန် ပြင်လိုက်သည်။
သို့သော်ငြား ရှောင်ယွင်ဟယ်သည် အဝေးကို လက်ညှိုးထိုးပြလိုက်လေ၏။
“လုချန်းပေ့ နောက်မှာ”
သူတို့သည် အရိပ်တစ်ခု ဖြည်းဖြည်းချင်းပျံသန်းလာတာကို တွေ့လိုက်ရသည်။
လုကျိုးက လှည့်ကြည့်လိုက်၏။ “နဉ်ဝမ်ချင်းလား”
နဉ်ဝမ်ချင်း၏ ဝတ်ရုံဖြူက သွေးများစွန်းထင်းနေ၏။ သူ၏မျက်နှာ၌လည်း သွေးများစွန်းထင်းနေသည်။ တကယ်တော့ သူ ခေါင်းကနေခြေဖျားအထိ သွေးများစွန်းနေတာဖြစ်သည်။ ယခုအချိန်တွင် သူက ကမူးရူးထိုးပြေးလာလျက် ရူးသွပ်စွာ ရယ်မောနေတော့သည်။ သို့သော် သူ၏ရယ်သံထဲ၌ ဝမ်းနည်းမှု တစွန်းတစပါနေ၏။
နဉ်ဝမ်ချင်းသည် ဝူဘုရင်၊ လော့ဟွမ်းတို့နှင့် ခက်ခဲသည့် တိုက်ပွဲဆင်နွဲခဲ့တာ သိသာ၏။ သူ အနိုင်ရခဲ့သော်ငြား ၎င်းက အဆမတန် အရင်းအနှီးပေးရသည့် အောင်ပွဲတစ်ခုဖြစ်နေပုံပေါ်သည်။
ထိုစဉ်က နဉ်ဝမ်ချင်းသည် လုကျိုး၏လက်ဝါးရိုက်ချက်နှစ်ချက်ကို ခံနိုင်ရည်ရှိခဲ့သော်ငြား လုကျိုးသည် နဉ်ဝမ်ချင်းကို လျော့မတွက်ခဲ့ပေ။ ဆိုရသည်မှာ နဉ်ဝမ်ချင်းသည် ရပ်နေသေးပြီး သူ့ကို ရိုက်ခွင့်ပေးခဲ့တာဖြစ်၏။ တကယ်တိုက်ပွဲနှင့် မတူညီပေ။ ထို့အပြင် နဉ်ဝမ်ချင်းက ဝူဘုရင်နှင့် လော့ဟွမ်းနှစ်ယောက်လုံးကို အနိုင်ယူနိုင်စွမ်းရှိသည်။ ထိုတစ်ခုတည်းဖြင့် ၎င်း၏ခွန်အားက ကြောက်မက်ဖွယ်ကောင်းပုံကို မြင်နိုင်သည်။
ထိုစဉ် သူက ကောင်းကင်ကို တုန်လှုပ်စေသည့်အော်သံကို ထုတ်လွှတ်လိုက်သည်။
“ယင်ကျောက် ထွက်လာခဲ့”
ရှန်ရှီက မှတ်ချက်ချလိုက်၏။ “အသက်ဓာတ်နှလုံးသားက အတုမှန်း သိသွားတဲ့ပုံပဲ။ သူ့ရဲ့သွင်ပြင်ကို ကြည့်ရင် လွယ်ကူတဲ့အောင်ပွဲမဟုတ်တာ သိသာတယ်”
လုကျိုးသည် နဉ်ဝမ်ချင်းကို တစ်ချက်သာကြည့်ပြီးနောက် အညတရအဖြူရောင်ဂိုဏ်းသားများဆီ ပျံသန်းသွားသည်။ ထိုစဉ် ...
ဝှစ်
စွမ်းအင်လှိုင်းကြီးတစ်ခုက ရှောင်ယွင်ဟယ်၊ ရှန်ရှီနှင့် အညတရအဖြူရောင်ဂိုဏ်းသားကျင့်ကြံသူ ထောင်ချီကို တွန်းထုတ်လိုက်သည်။ သူတို့က မီတာထောင်ချီလွင့်ထွက်သွား၏။ သူတို့ တအံ့တဩ ထအော်လိုက်ကြပြီး ခြေကုပ်ယူရန် ယိမ်းယိုင်နေကြ၏။
စွမ်းအင်လှိုင်းသည် သန်မာလွန်းသောကြောင့် ရှောင်ယွင်ဟယ်တောင် သက်ရောက်ခံလိုက်ရသည်။
လုကျိုးက မျက်မှောင်အနည်းငယ်ကျုံ့မိသွား၏။ လောဘကြီးလွန်းသည့်အတွက် သူ့ကိုယ်သူ အပြစ်တင်မိသွားသည်။ သူက ယင်ကျောက်ကို တစ်ကောင်တည်းထားခဲ့ပြီး ချက်ချင်းလှည့်ထွက်သွားသင့်သည်။ သူ သက်ပြင်းချလိုက်မိ၏။ ကိစ္စများ ဤအနေအထားထိ ရောက်လာပြီဖြစ်သောကြောင့် တိုက်ခိုက်ရုံသာတတ်နိုင်သည်။
လူပေါင်းထောင်ချီက တောင်တန်းဒေသဆီ လွင့်ထွက်သွားပြီးနောက် လုကျိုးဆီသို့ ကန်တော့ချွန်စွမ်းအင်က တိုးဝင်လာသည်။
လုကျိုးသည် လက်ဝေ့ယမ်းပြီးနောက် ကာကွယ်ရေးစွမ်းအင် အရံအတားတစ်ခု ဖွဲ့တည်လိုက်သည်။ သို့သော် ကန်တော့ချွန်စွမ်းအားက သန်မာလွန်းသဖြင့် သူ့ကို နောက်ရောက်အောင် တွန်းပို့လိုက်သည်။ စွမ်းအင်၏ ခွန်အားက သူ မှန်းဆချက်ထက်ကျော်လွန်နေ၏။ မျက်စိတစ်မှိတ်အတွင်း သူ တောင်နောက်သို့ တွန်းခံရပြီးဖြစ်သည်။
ထိုစဉ် လုကျိုးက သူ၏ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်လိုက်သည်။
ဖုန်း
လုကျိုးက တောင်နှင့် ရိုက်မိသွားကာ ကျောက်ခဲများ ပြိုကျလာတော့သည်။
“လုချန်းပေ့”
“ရှစ်စွင်း”
“အစ်ကိုလု”
လူတိုင်းသည် တောင်တန်းဒေသဖက်သို့ မယုံနိုင်စွာကြည့်လိုက်၏။
အစ်ကိုလုက တစ်ကွက်တည်းနဲ့ ရှုံးနိမ့်သွားတယ်လား။ ရှောင်ယွင်ဟယ်သည် သူ၏ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဘယ်ဖက်ခြမ်း၌ ၎င်း၏ကြယ်တာရာဒိုင်ခွက်ပေါ်၌ မွေးဖွားဇယားချပ် ဆယ်ခုနှင့် အနက်ရောင်စိတ်ဝိညာဉ်တစ်ခုရှိနေပြီး ညာဖက်ခြမ်း၌ ကြယ်တာရာ ဒိုင်ခွက်ပေါ်၌ မွေးဖွားဇယားချပ်ဆယ်ခုဖြင့် အဖြူရောင်ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန် ရှိနေ၏။ စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုက ပေ ၈၅၀မြင့်သည်။
“အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့တပည့်တွေ ဘယ်မှာလဲ” ညာဖက်ရှိလူက လှည့်ပတ်ကြည့် ပြီးနောက် နောက်ဆုံးတွင် သူ၏အကြည့်က နဉ်ဝမ်ချင်းဆီ ရောက်သွားသည်။
“နဉ်ဝမ်ချင်း”
နဉ်ဝမ်ချင်းသည် အဖြူရောင်ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်သောအခါ သူ၏ ဒေါသနှင့်အခဲမကျေမှုကို ဖိနှိပ်ထားလိုက်သည်။
“နဉ်ဝမ်ချင်းက ပထမအကြီးအကဲကို လေးစားမှုပြုပါတယ်”
ရှောင်ယွင်ဟယ်က မျက်မှောင်ကျုံ့လိုက်၏။
“အဲဒါ ရွှီချန်းနဲ့ ရှစ်ယို့ရန်ပဲ။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းနဲ့ အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ ပထမအကြီးအကဲတွေ”
ရှောင်ယွင်ဟယ်သည် ရှစ်ယို့ရန်ကို မြင်သောအခါ သူ၏မျက်လုံးထဲ၌ ဒေါသတရားများ ပေါ်လာသည်။ သူ၏ညာလက်ရုံး ဖြစ်ခဲ့ဖူးသူက သူ့ရန်သူ၏ သစ္စာအရှိဆုံးခွေးတစ်ကောင် ဖြစ်လာခဲ့သည်။
ရှစ်ယို့ရန်က ပြောလိုက်၏။
“အနက်ရောင်မျှော်စင်အဖွဲ့အစည်းက တပည့်တွေ ပျောက်သွားပါပြီ။ ရွှီချန်း မင်းနဲ့ငါ အချိန်အတော်ကြာ တိုက်ခဲ့တာ။ ဒါပေမဲ့ ယင်ကျောက်ကို မတွေ့ရသေးဘူး”
ထိုစဉ် အနက်ရောင်ဝတ်ရုံကျင့်ကြံသူသည် ရှစ်ယို့ရန်နှင့် ရွှီချန်းရှေ့၌ ဒူးထောက်လိုက်လေ၏။ သူသည် တစ်စုံတစ်ခုကို ပြောလျက် တောင်တန်းဒေသတစ်နေရာကို လက်ညှိုးထိုးပြလိုက်၏။
ရှောင်ယွင်ဟယ်သည် အနက်ရောင်ဝတ်ရုံကျင့်ကြံသူ၏ စကားကို မကြားနိုင်သော်ငြား ပြောတာကို ခန့်မှန်းမိ၏။ သူသည် တန်ပြန်တိုက်ခိုက်ရန် ချက်ချင်း စဉ်းစားတော့သည်။
ဝတ်ရုံနက်ကျင့်ကြံသူ၏ သတင်းပို့ချက်ကို နားထောင်ပြီးနောက် ရှစ်ယို့ရန်သည် ဝင်တိုက်မိသွားရာ တောင်တန်းဖက်ကို တချက်ကြည့်လိုက်၏။
“ယင်ကျောက်ရဲ့ အသက်ဓာတ်နှလုံးသားက သူ့ဆီမှာလား”
“ဟုတ်ပါတယ် အရှင်။ ယဲ့လျိုယွင်ကို သူ သတ်လိုက်တာ တွေ့ခဲ့ပါတယ်”
“ယဲ့လျိုယွင်ကို သတ်ခဲ့တာလား”
ရွှီချန်းက ရယ်မောလျက်ပြောလိုက်သည်။
“စိတ်ဝင်စားစရာပဲ။ စိတ်ဝင်စားစရာပဲ”
ရှစ်ယို့ရန်က ပြောလိုက်သည်”
"ရှင်းရှင်းလင်းလင်း လုပ်ကြရအောင်။ ဒီနေ့ ငါတို့ဘာပဲရရ တဝက်ခွဲမယ်။ ဒီ အသက်ဓာတ်နှလုံးသားပါ ပါတယ်”
“ဟုတ်ပြီ”
အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းများ၏ ပထမအကြီးအကဲများ က အချိန်အတော်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် လက်ရှိအခြေအနေကို ဦးတည်သည့် သဘောထား တစ်ခု ရလာသည်။
ထိုစဉ် ရှစ်ယို့ရန်က တောင်တန်းဒေသဖက်ကြည့်လိုက်၏။ ပြီးနောက် သူ၏ လက်မြှောက်ကာ တောင်တန်းဒေသဆီသို့ အနက်ရောင်စွမ်းအင် ပစ်လွှတ်လိုက်သည်။
ဖုန်း
ကျောက်တုံးကျောက်ခဲများ လဲကျသွားပြန်၏။
ထိုစဉ် ယွီကျန့်ဟိုင်က လက်သီးကျစ်ကျစ်ဆုပ်ပြီး ယင်းကို ကြည့်နေ၏။ သူ ယင်းကို မယုံနိုင်ပေ။ သူ့ရှစ်စွင်းက ပြိုင်ဘက်ကင်း မဟုတ်တော့သည်လော။
ရွှီချန်းက ပြောလိုက်သည်။ “သူက ယဲ့လျိုယွင်ကို သတ်နိုင်တယ်ဆိုတော့ အနည်းဆုံးမွေးဖွားဇယားချပ် ရှစ်ခုရှိမှာပဲ။ လက်ဝါးရိုက်ချက်တစ်ခုက မလုံလောက်ဘူး”
ပြီးနောက် ရွှီချန်းသည် သူ့လက်ဝါးကို တွန်းထုတ်ကာ စွမ်းအင်စည်းတံဆိပ်များ တောင်ဆီသို့ ပစ်လွှတ်တော့သည်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
စွမ်းအင်စည်းတံဆိပ်သည် ပေထောင်ချီနက်သည့် တောင်တန်းဒေသကို ဖောက်သွား၏။
သူ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
“သူ အခုသေပြီ။ နဉ်ဝမ်ချင်း အသက်ဓာတ်နှလုံးသား သွားယူလိုက်”
…
အခန်း (၁၀၀၂) မင်းကို ဘယ်သူက သတ္တိပေးလိုက်တာလဲ
“ဒါက…” နဉ်ဝမ်ချင်းက ခေတ္တမျှ တုံ့ဆိုင်းသွားလေ၏။ “နားလည်ပါပြီ”
“ရှစ်စွင်း” ထိုစဉ် ယွီရှန်းရုန်က လျှပ်စီးလိုအလျင်ဖြင့် နဉ်ဝမ်ချင်းဆီ ပျံသန်းလာသည်။ သူ့အရှိန်က နဉ်ဝမ်ချင်းထက် နည်းနည်းလေးမှ မနောက်ကျပေ။
“ဟမ်”
ထိုစဉ် ရွှီချန်းက ရုတ်တရက် ပေါ်ထွက်လာသည်။ ယွီရှန်းရုန်ကို ကြည့်ကာ သာမာန် မဟုတ်ကြောင်း တွေးလိုက်မိသည်။
“သူ့တပည့်လား။ သူက ငါ့ဆီက လက်ဝါးချက်ကို တောင့်ခံနိုင်မလား သိချင်မိသား”
လက်ဝါးစည်းတံဆိပ်က ယွီရှန်းရုန်၏ ကျောပေါ် ကျရောက်လာသည်။
“အာ့ရှစ်တိ”
ရှောင်ယွင်ဟယ်က အခြေအနေကို မြင်ကာ ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူက ယွီကျန့်ဟိုင်ကို နောက်ဆုတ်ခိုင်းပြီး ပြောလိုက်၏။
“ငါ ဖြေရှင်းလိုက်မယ်”
ရှောင်ယွင်ဟယ်၏ လက်ထဲတွင် ဆဋ္ဌဂံလက်နက်တစ်ခု ပေါ်ထွက်လာပြီး လျှပ်စီးလို အလျင်ဖြင့် ပစ်ခတ်လိုက်သည်။
ဝုန်း
ဆဋ္ဌဂံလက်နက်က ယွီရှန်းရုန်အတွက် တိုက်ကွက်ကို တားဆီးပေးလိုက်သည်။
“နောက်တစ်ယောက်လား ”
ရှောင်ယွင်ဟယ်က ယွီရှန်းရုန်ဆီ ရောက်လာကာ ပြောလိုက်သည်။
“မင်းကိုယ်မင်း အညတရအဖြူရောင်ဂိုဏ်းက ဂိုဏ်းသားလိုမျိုး ဟန်ဆောင်နေလိုက်။ သူတို့က အပြစ်မဲ့သူတွေကို မသတ်ဘူး။ ကျန်တဲ့ကိစ္စကို ငါ့ဆီ အပ်ထားလိုက်”
“မျှော်စင်သခင်ရှောင် … ခင်ဗျား…”
ဤသို့ ရှားပါးလှသည့်အချိန်တွင် ယွီရှန်းရုန်က ခေတ္တမျှ တည်ငြိမ်မှုပျောက်ဆုံးသွားခဲ့သည်။
“ငါ အဆင်ပြေတယ် ”
“ဒါပေမဲ့ ဘယ်လိုဖြေရှင်းမှာလဲ”
ယွီရှန်းရုန်က မျက်မှောင်ကြုတ်လိုက်၏။
“ကိစ္စမရှိဘူး။ ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်လို့ရတယ် ”ရှောင်ယွင်ဟယ်က ပြောလိုက်သည်။
“အစ်ကိုလုက ယဲ့လျိုယွင်ကြောင့် ဒဏ်ရာရသွားပြီ။ အဲဒါကြောင့် ဒီလိုဖြစ်လာတာဘဲ။ သူ့ကို တောင်ဘက်ခေါ်သွားလိုက်။ မှတ်ထား လှည့်မကြည့်နဲ့နော်”
ယွီရှန်းရုန်က ခေါင်းညိတ်လိုက်ပြီး နဉ်ဝမ်ချင်းဆီ ပျံသန်းသွားလိုက်သည်။
ရှောင်ယွင်ဟယ်က ယွီရှန်းရုန်ကို သမာရိုးကျ ကျင့်ကြံသူအဖြစ် မသတ်မှတ်တော့ပေ။ သူက လုကျိုး၏တပည့်ကို ယုံကြည်၏။
ထိုစဉ် ရှစ်ယို့ရန်က ရှောင်ယွင်ဟယ်ကို မြင်ကာ ပြုံးကာ ဦးညွတ်လိုက်၏။
“မျှော်စင်သခင်ကိုး”
ရွှီချန်းက အံ့အားသင့်သွား၏။
“အနက်ရောင်မျှော်စင်သခင်လား။ ခင်ဗျားကလည်း … ”
ရှစ်ယို့ရန်က လှောင်ပြောင်စွာ ရယ်မောလိုက်ပြီး ဖြတ်ပြောလိုက်သည်။
“အာ မေ့လို့ … သူ့ကို မျှော်စင်သခင်ဟောင်းလို့ ခေါ်ရမှာ”
“မျှော်စင်သခင်ဟောင်းလား ”
ရွှီချန်းက ရှောင်ယွင်ဟယ်ကို ကြည့်ကာ သက်ပြင်းချလိုက်၏။
ရှစ်ယို့ရန်က ရှောင်ယွင်ဟယ်ကို ကြည့်ကာ မေးလိုက်သည်။ “မျှော်စင်သခင်ဟောင်းက ဒီမှာဘာများ လာလုပ်နေတာလဲ”
ရှောင်ယွင်ဟယ်၏အမူအရာက မပြောင်းမလဲဘဲ ကျန်ရှိနေပြီး “ဘာမှ လေးလေးစားစား လာပြောမနေနဲ့ ရှစ်ယို့ရန် … ငါ အနက်ရောင်မျှော်စင် အဖွဲ့အစည်းမှာရှိတုန်းကတောင် မင်း လေးစားပြဖူးလို့လား”
“မျှော်စင်သခင် ကျုပ်အတွက် ခင်ဗျားကို လေးစားတာ မှန်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲ့တုန်းက ကျုပ်ကို ဂရုစိုက်ပေးခဲ့တာပဲလေ” ရှစ်ယို့ရန်က ပြောလိုက်သည်။
“ဒါပေမဲ့ အဆုံးသတ်မှာ မင်းက တခြားတစ်ယောက်ရဲ့ နောက်လိုက်ခွေး ဖြစ်သွားခဲ့တာလေ”
ရှစ်ယို့ရန်ကမျက်မှောင်ကြုံ့ကာ ခေါင်းခါလိုက်သည်။
“ခင်ဗျားရဲ့ စကားတွေကို တော်တော်သဘောမကျဘူး”
ထို့နောက် သူက လက်ဝါးချက်ကို ဆန့်ထုတ်လိုက်သည်။
လက်ဝါးစည်းတံဆိပ်၏ အရှိန်ကပြင်းထန်သည့် လေဟုန်ကိုပင် ဖြစ်ပေါ်လာစေပြီး လက်ဝါးစည်းတံဆိပ် သွင်ပြင်မြင်ရဖို့ ခက်ခဲစေသည်။
ရှောင်ယွင်ဟယ်က လက်နှစ်ဖက်လုံးကို မြှောက်လိုက်၏။
ဘန်း
ရှောင်ယွင်ဟယ်က မီတာတစ်ရာ လွင့်စင်သွားလေ၏။
ရှစ်ယို့ရန်က ပြောလိုက်သည်။
“ဆဋ္ဌဂံလက်နက်လား”
သူ့အသံ ဆုံးသည့်အခါ ရှောင်ယွင်ဟယ်၏ ပုံရိပ်က ပျောက်ကွယ်သွားလေသည်။
ထိုအရာကို မြင်ကာ အဖြူရောင်မျှော်စင် အဖွဲ့အစည်း ၏ ပထမအကြီးအကဲ ရွှီချန်းက မေးလိုက်သည်။
“သူ့နောက်ကို မလိုက်ဘူးလား”
“ငါသူ့နောက်လိုဘာလို့ လိုက်ရမှာလဲ။ သူက ထွက်ပြေးဖို့ ဆဋ္ဌဂံလက်နက်ကို သုံးသွားတဲ့ ခွေးလေခွေးလွင့် တစ်ကောင်ကလွဲပြီး ဘာမှမဟုတ်ဘူး။ သူက အဲ့ဒီလူအိုကြီး ထွက်ပြေးလို့ရအောင် အာရုံလွဲဖို့ ကြိုးစားနေတာလေ။ ငါက ဘာလို့ သူ့လှည့်ကွက်ထဲ ကျရမှာလဲ ”
“မင်း ပြောတာ ဟုတ်တယ်”
ထို့နောက် နှစ်ဦးသားက အညတရအဖြူရောင်ဂိုဏ်းမှလူများကို ကြည့်လိုက်ပြီးသည့်နောက်တွင် ပြန်လှည့်သွားကာ သူတို့ကို လျစ်လျှုရှုလိုက်ကြသည်။ ထို့နောက် သူတို့က တောင်နယ်နိမိတ်ဆီ ပြန်သွားကြ၏။
ဝှစ်
ထိုစဉ် ဆဋ္ဌဂံစွမ်းအားက အပေါ်မှ ကျဆင်းလာသည်။
ရှစ်ယို့ရန်က ရပ်ကာ မော့ကြည့်လိုက်ပြီး “မျှော်စင်သခင်ရှောင် ဘာလို့ ဒီလိုလုပ်နေရတာလဲ။ ခင်ဗျားက လွတ်မြောက်နိုင်ရဲ့သားနဲ့ အခု ပြန်ပြီးတော့ ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ”
ရှစ်ယို့ရန်က လက်ကို မြောက်ကာ လက်ဝါးချက်ဖြင့် ရင်ဆိုင်လိုက်သည်။
ဘန်း
ထိုဆဋ္ဌဂံစွမ်းအားက ရှစ်ယို့ရန်၏ ရိုက်ချက်ကို မခုခံနိုင်ဘဲ ချက်ချင်းဆိုသလို ကြေမွသွားလေ၏။ ရှစ်ယို့ရန်က မရပ်တန့်ခဲ့ပေ။ သူက နောက်ထပ် စွမ်းအားစည်းတံဆိပ် တစ်ခုကိုထုတ်ဖော်လိုက်သည်။
ဘန်း
ရှောင်ယွင်ဟယ်က ကောင်းကင်အထက် ပေါ်ထွက်မလာခင် လေဟာနယ်က လှိုင်းတွန့်များ ထသွားလေသည်။ သူက နောက်ဂျွန်းထိုးလိုက်ရ၏။ သူက ရင်ဘတ်ကို ဖိကိုင်ကာ မသက်မသာ ခံစားနေရသည်။ သူက တည်ငြိမ်နေသည့် ရှစ်ယို့ရန်ကို ကြည့်ကာ သူ့ကိုယ်သူ တွေးလိုက်မိ၏။
မွေးဖွားဇယားချပ် ခုနှစ်ခုက ဒီလိုရိုက်ချက်မျိုးကို ဘယ်လိုလုပ် တောင့်ခံနိုင်မှာလဲ…
“ခင်ဗျားကို မျှော်စင်သခင်ရှောင်လို့ လေးစားသမှုနဲ့ ခေါ်နေတာ။ ခင်ဗျားက တစ်ခါတုန်းက အနက်ရောင်အဖွဲ့အစည်းရဲ့ ဂုဏ်ကျက်သရေရှိ မျှော်စင်သခင် ဖြစ်ခဲ့ဖူးတာပဲလေ။ ဒါပေမဲ့ လက်ရှိ ခင်ဗျားက ကျုပ်ဆီမှာ ခွေးတစ်ကောင်ထက်တောင် ဆိုးဝါးတယ်”ရှစ်ယို့ရန်က ပြောလိုက်သည်။
ခင်ဗျားကို ပြန်လည်ဝင်စားခြင်းလမ်းစဉ်ဆီ စောစောစီးစီး ပို့ပေးလိုက်မယ်။ နောက်ဘဝမှာ လူ ဖြစ်မလာနဲ့။ မစိုးရိမ်ပါနဲ့ … ခင်ဗျားရဲ့ ခေါင်းကို အနက်ရောင်မျှော်စင် အဖွဲ့အစည်းဆီ ယူသွားပြီးတော့ အကျိုးပြုမှတ်လေး ယူရတာပေါ့။ မျှော်စင်သခင်ရှားက တော်တော်လေးကို သဘောကျမှာပဲ”
ထိုစကားများက ရှောင်ယွင်ဟယ်ကို ဒေါသထွက်သွားစေကာ သွေးတစ်ပွက် အန်သွားစေသည်။ ရှစ်ယို့ရန်က ဖြေးဖြေးချင်း လက်ကို မြှောက်လိုက်၏။
ထို့နောက် ချက်ချင်းဆိုသလို
“မင်းက သူ့ကို ထိရဲတယ်လား”
ရှစ်ယို့ရန်နှင့် ရွှီချန်းတို့က အသံလားရာကို လှည့်ကြည့်လိုက်ကြသည်။
လုကျိုးနှင့် ယွီရှန်းရုန်တို့က အဝေးတစ်နေရာမှ ပျံသန်းလာလေ၏။
ယွီကျန့်ဟိုင်၊ ရှန်ရှီနှင့် အညတရအဖြူရောင်ဂိုဏ်းမှ အဖွဲ့သားများကလည်း ပျော်ရွှင့်သည့် အရိပ်အယောင် ထုတ်ပြလာကြသည်။
ထိုစဉ် နဉ်ဝမ်ချင်း၏ အမူအရာက သဘာဝမကျပေ။
ရွှီချန်းက အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“နဉ်ဝမ်ချင်း ဘာဖြစ်နေတာလဲ”
နဉ်ဝမ်ချင်းက ရေရွတ်လိုက်သည်။
“အ … အတု အတု … ”
“ဘာအတုလဲ။ မင်းက ဘာတွေပြောနေတာလဲ”
ထိုစဉ် လုကျိုးနှင့် ယွီရှန်းရုန်တို့က ရှောင်ယွင်ဟယ့်ဘေးသို့ ရောက်ရှိလာကြသည်။
ရှောင်ယွင်ဟယ်က ပြုံးသွားမိသည်။ သူက အပြာရောင် လက်ဝါးစည်းတံဆိပ်များကို ပြန်လည်အမှတ်ရလိုက်၏။ လုကျိုးက အဆင်ပြေနေသည်ကို မြင်သည့်အခါ လုကျိုးက အပြာရောင်ကြာနယ်မြေမှ အကောင်ကြီးကြီးဖြစ်လိမ့်မည်ဟု ပို၍ သေချာသွားခဲ့သည်။
လုကျိုးက ရှောင်ယွင်ဟယ် ဘေးနား ဖြတ်သွားသည့်အခါ မရပ်တန့်ဘဲ ပြောလိုက်သည်။
“သေချာကြည့်ထား”
ထို့နောက် လုကျိုးက လေထဲ ခပ်မြင့်မြင့် ပျံသန်းလိုက်သည်။ သူ့လက်ထဲတွင် ကတ်တစ်ကတ် ပေါ်ထွက်လာပြီး အနည်းငယ် အားထည့်လိုက်သည့်အခါ ရေခဲမှုန်များလို ကြေမွသွားသည်။
လုကျိုး၏ စွမ်းအင်ဗဟိုချက်မှ ချီပင်လယ်၊ ချီသွေးကြောရှစ်ခုနှင့် စိတ်ထဲတွင် အေးစက်ကာ လန်းဆန်းသည့် ခံစားချက်တို့ဖြင့် ပြည့်နှက်လာခဲ့သည်။ သူ့ကျင့်ကြံဆင့်က မြင့်တင်လာပြီး သူ့အာရုံခံစားနှုန်းက မြင့်မားလာသည်။
လေ၊ အသက်ရှုသံ၊ ကနဦးချီ၊ မြက်ခင်းများအတွင်း ပိုးကောင်များ တားသွားနေသည့် အသံများပင် လုကျိုး၏ အာရုံမှ မလွတ်မြောက်ခဲ့ပေ။ သူက ဆက်လက် ရှေ့တိုးလာလေ၏။
“ဟမ်”
ရွှီချန်းနှင့် ရှစ်ယို့ရန်တို့၏ မျက်နှာအထက် လုကျိုး၏ အရှိန်အဝါ ပြောင်းလဲမှုကို ခံစားလာမိသည့်အခါ နားမလည်နိုင်သည့် အမူအရာမျိုး ပေါ်ထွက်လာသည်။ လုကျိုးး၏ အရှိန်အဝါက ယခင်နှင့် လုံးဝကွဲပြားနေ၏။ သူတိူ့က မည်သို့ပင် ကြည့်စေကာမူ လုကျိုးလို လူမျိုးက ယခင်လက်ဝါးချက်ဖြင့် သေသွားသင့်သည်။
ရွှီချန်းက ခေါင်းခါကာ ပြောလိုက်သည်။
“မင်းအတွက် ဘယ်ဟာကကောင်းတာလဲဆိုတာ မသိဘူးကိုး”
ထို့နောက် ရွှီချန်းက လုကျိုးရှေ့မှာ မျက်စိတစ်မှိတ်အတွင်း ပေါ်ထွက်လာလေ၏။ သူက လက်ဝါးချက်ကို ဆန့်ထုတ်လိုက်သည်။ သူက လေလှိုင်းတွန့်လာအောင်အထိ မြန်ဆန်လွန်းလှသည်။
လုကျိုးက လက်အသာမြောက်ကာ ရွှီချန်း၏ လက်ကို ဖမ်းဆုပ်လိုက်၏။
ထိုအခိုက်အတန့်တွင် အရာအားလုံးက အေးခဲရပ်တန့်သွားဟန်ပေါ်သည်။ ကနဦးချီက ကန့်သတ်ခံလိုက်ရဟန် ပေါ်သည်။
လုကျိုးက ရွှီချန်းကို အေးစက်စက် ကြည့်လိုက်သည်။
ရွှီချန်းက မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်၏။
“ခင်ဗျားက ဘယ်လိုလုပ်လိုက်တာလဲ”
လုကျိုးက သူ့ကို လျစ်လျူရှုထားပြီး လက်ကို ဖမ်းဆုပ်လိုက်သည်။
ကျွတ်
ရွှီချန်းက လက်က ကျိုးသွားလေသည်။ သူက ချက်ချင်းဆိုသလို ညည်းတွားလိုက်ရ၏။ အဖြူရောင်မျှော်စင် အဖွဲ့အသည်း၏ ပထမအကြီးအကဲ ရွှီချန်းက တုန်ယင်လာသလို ခံစားလိုက်ရသည်။ သူက ပတ်ဝန်းကျင်မှ ကနဦးချီများကို ရွေ့လျားဖို့ အကောင်းဆုံး ကြိုးစားခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။
ပတ်ဝန်းကျင်ရှိ ကနဦးချီများက လုကျိုး၏ ထိန်းချုပ်မှုအောက် ကျရောက်နေလေ၏။
လုကျိုးက နောက်ထပ် တခြားလက်ကို မြောက်ကာ ရွှီချန်း၏ ရင်ဘတ်ကို ရိုက်လွှတ်လိုက်သည်။
ဘန်း
ထို့နောက် ကြီးကျယ်ခမ်းနားဖွယ် မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ရွှီချန်း ပြုတ်ကျလာသည့်အခါ လုကျိုးက ပုံရိပ်များသာ ချန်ထားပြီး အလျင်အမြန် ထိုးဆင်းလာခဲ့သည်။
ဘန်း ဘန်း ဘန်း ဘန်း
လုကျိုးက လက်ဝါးချက် အချက်နှစ်ဆယ်ကို ဆက်တိုက် ထုတ်လွှတ်ခဲ့၏။
ဝုန်း
နောက်ဆုံးသော လက်ဝါးချက်က ရွှီချန်းကို မြေပြင်ပေါ် ကျရောက်သွားစေပြီး နက်ရှိုင်းသည့် တွင်းနက်ကြီး ဖြစ်သွားစေသည်။
လုကျိုး၏ နားထဲတွင် စနက်မှ အသိပေးသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေ၏။ သို့သော် သူက မကျေနပ်သေးပေ။ လက်ဝါးချက် အချက် နှစ်ဆယ်က ရွှီချန်း၏မွေး ဖွားဇယားချပ်လေးခုကိုသာ ဖျက်ဆီးနိုင်ခဲ့၏။ မည်သို့ပင်ဆိုစေကာမူ ရွှီချန်းက မွေးဖွားဇယားချပ် လေးခုကို ဆုံးရှုံသွာရးပြီဖြစ်သည့်အတွက် ခြိမ်းခြောက်မှု မဟုတ်တော့ပေ။
ရှောင်ယွင်ဟယ်နှင့် ယွီရှန်းရုန် “…”
ယွီကျန့်ဟိုင်နှင့် အညတရအဖြူရောင်ဂိုဏ်းမှ လူများကလည်း အံ့အားသင့်နေကြသည်။
အရှိန်၊ စွမ်းအား၊ လက်ဝါးစည်းတံဆိပ်နှင့် စည်းချက်တို့ဖြင့် လုကျိုးက တစ်ဖက်လူကို အပြည့်အဝ ဖိနှိပ်ထားနိုင်ခဲ့သည်။
ရှစ်ယို့ရန်က မယုံကြည်နိုင်ဖြစ်နေမိသည်။ စောစောပိုင်းလေးတုန်းက ထိုလူအိုကြီး၏ အရှိန်အဝါသည် အင်မတန် အားပျော့နေခဲ့ရာ ယခုအခိုက်အတန့်တွင် မည်သို့ အားကောင်းလာသနည်း။
မွေးဖွားဇယားချပ် ဆယ်ခုပိုင်ရှင် ရွှီချန်းက နည်းနည်းလေးပင် မခုခံနိုင်ဘဲ ရိုက်နှက်ခံလိုက်ရသည်။ ထိုအတွေးများဖြင့် သူ့အမူအရာက ပို၍ ပျက်ယွင်းလာလေ၏။
ဘန်း
ထိုစဉ် ရွှီချန်းက မီတာဒါဇင်ချီနက်ရှိုင်းသည့် တွင်းထဲမှ ပြန်ထွက်လာသည်။ သူက ကောင်းကင်ထိုးခွဲလုမတက် ဓားကြီးကို ကိုင်ဆွဲကာ လုကျိုးဆီ ထိုးစိုက်လိုက်၏။
လုကျိုးက ရွှီချန်းကို မထူးမခြားနား ကြည့်ကာ ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်သည်။ ထို့နောက် သူက လက်ကို အောက်ချလိုက်၏။
ဘန်း
ဓားဖျားကို လုကျိုး၏ လက်ချောင်းများဖြင့် ဖမ်းဆုပ်နိုင်ခဲ့သည်။
“ရှစ်ယို့ရန် … မင်း ဘာစောင့်နေတာလဲ။ မြန်မြန်တိုက်ခိုက်”
ဤသို့ဖြင့် ရှစ်ယို့ရန်က အသိပြန်ဝင်လာခဲ့သည်။ သူက လေဟုန်နှင့်အရိပ်များကဲ့သို့ လှုပ်ရှားကာ ပုံရိပ်များကိုသာ ချန်ထားခဲ့ပြီး လုကျိုးဆီ ပျံသန်းလာကာ အပြင်းအထန် တိုက်ခိုက်လိုက်သည်။
စွမ်းအင် ဓားမော့များနှင့် စွမ်းအင်ဓားများက လုကျိုးဆီ မရပ်မနား ကျရောက်လာ၏။
“ထွက်သွားစမ်း”
အားကောင်းသည့် လေဟုန်က ချက်ချင်းဆိုသလို ဖြစ်ပေါ်လာသည်။
မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး…
ဘန်း
ရှစ်ယို့ရန်က လွင့်စဉ်ထွက်သွားသည်။ သူဦ့းခေါင်းက တစ်ဝီဝီမြည်နေပြီး သူ့အကြည့်များက မယုံကြည်နိုင်ဖွယ် ပြူးကျယ်နေသည်။
ထိူ့နောက် လုကျိုးက သူ့လက်တစ်ဖက်တွင် စွမ်းအားကို ထုတ်လွှတ်လိုက်၏။
ရွှီချန်း၏ ဧရာမဓားကြီးက အပိုင်းပိုင်းအစစ ကြေမွသွားသည်။
လုကျိုး၏ လက်က ထိုဓားရိုးဆီ ကျရောက်လာသည့်အခါ ရွှီချန်း ရှေ့မှောက် ရောက်ရှိလာခဲ့သည်။ သူက မထူးခြားနား ပြောလိုက်၏။
“မင်းကို ဒီလိုလှုပ်ရှားဖို့ ဘယ်သူက သတ္တိပေးလိုက်တာလဲ”
ထို့နောက် လုကျိုးက ရှီချန်း၏ ရင်ဘတ်ကို ရိုက်နှက်လိုက်သည်။
ဘန်း
ယခင်နှင့် တူညီစွာ ရွှီချန်းက မီတာဒါဇင်ချီ နက်ရှိုင်းသည့် တွင်းနက်ကြီးထဲ ပြုတ်ကျသွားလေသည်။