အခန်း (၃၄၇-၃၄၈)
Vol. 35 Ch. 347-348
အခန်း (၃၄၇) - သျှူးချွမ်းဖုန်း၊ ငါက ဝမ်ချွမ်ပါ၊နန်းတွင်းသူ အလှလေးတွေကြားကနေ တောင်ပေါ်က ခုန်ချပြီး ကျမ်းစာအုပ် ရခဲ့တာလား
"မင်းက ဘယ်သူလဲ"
ကတုံးလူငယ်လေးမှာ အလွန်အံ့အားသင့်သွားပုံရသည်။
လီယန်ချူသည်လည်း မိမိကဲ့သို့ပင် လူရှင်တစ်ယောက်ဖြစ်ကြောင်း သူရိပ်မိသွားပုံရသဖြင့် လေသံမှာ အတော်လေး ပျော့ပျောင်းသွားသည်။
မှန်ပါသည်၊ ၎င်းမှာ အသွင်ပြောင်းခြင်းအတတ် ၏ လွှမ်းမိုးမှုကြောင့်လည်း ဖြစ်နိုင်ပေသည်။
"ဘုန်းကြီး... လား"
လီယန်ချူက အကဲခတ်သည့်အနေဖြင့် မေးလိုက်သည်။
အဓိကမှာ ထိုခေတ်ကာလတွင် အမျိုးသားများသည် ဆံပင်အရှည်ထားလေ့ရှိကြပြီး၊ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးဝတ်ရုံဝတ် ကိုယ်တော်များနှင့် သာမဏေများသာလျှင် ပြောင်စင်နေသော ကတုံးများ ရှိတတ်သောကြောင့် ဖြစ်သည်။
"မင်းကမှ ဘုန်ကြီး ၊ မင်းတစ်မိသားစုလုံး ဘုန်ကြီးတွေဖြစ်နေတာ၊ မင်းဘာသိလို့လဲ "
လူငယ်ကတုံးက လီယန်ချူကို မျက်စောင်းထိုး၍ ပြန်ပြောလိုက်သည်။
ဟော
လီယန်ချူ မျက်ခုံးပင့်လိုက်မိကာ မျက်နှာက အေးစက်သွားသည်။
လူငယ်ကတုံးသည် လီယန်ချူ၏ မျက်နှာကို ခဏမျှ သေချာစိုက်ကြည့်နေသည်။
ထို့နောက် ရုတ်တရက် ရယ်မောလိုက်ပြီး
"အစ်ကိုကြီး... စောစောက ညီလေး နောက်လိုက်တာပါ၊ စိတ်ထဲ မထားပါနဲ့ "
"ညီလေးနာမည်က သျှူးချွမ်းဖုန်း ပါ၊ အစ်ကိုကြီးကို ဘယ်လိုခေါ်ရမလဲ မသိဘူး "
လီယန်ချူ၏ နှုတ်ခမ်းအစုံမှာ မသိမသာ တွန့်ကွေးသွားတော့သည်။
ဤကောင်က မျက်နှာပြောင်းတာ အတော်လေး မြန်လှချည်လား။
သူသည် အရှိန်ဝါကြည့် အတတ် ကို အသုံးပြု၍ ဤလူငယ်ကတုံးကို တစ်ချက် ကြည့်လိုက်သည်။
သူ၏ ကံကြမ္မာအရှိန်အဝါမှာ ဝေဝါးနေပြီး ထိုးဖောက်မြင်ရန် ခက်ခဲလှသည်။
'တစ်စုံတစ်ယောက်က ရတနာတစ်ခုခု ဒါမှမဟုတ် တန်ခိုးကြီးတဲ့ အတတ်ပညာတစ်ခုခုနဲ့ ကောင်းကင်လျှို့ဝှက်ချက် ကို ဖုံးကွယ်ထားတာလား'
ဟု လီယန်ချူ စိတ်ထဲမှ တွေးလိုက်မိသည်။
သူ၏ မျက်ဝန်းအစုံမှ အလင်းတန်းများ ဖျတ်ခနဲ ပေါ်ထွက်လာသည်။
စိတ်ဝိညာဉ် သန်မာလာပြီးနောက် အရှိန်ဝါကြည့်အတတ် ၏ စူးစမ်းနိုင်စွမ်းမှာလည်း အဆင့်မြင့်လာခဲ့ပြီ ဖြစ်သည်။
သူသည် မြူခိုးများကို ထိုးဖောက်ကြည့်လိုက်ရာ...
မသိမသာ အာမေဍိတ်သံ ပြုလိုက်မိ၏။
ထိုသူ၏ ကံကြမ္မာမှာ အလွန်ကြီးမားလှပြီး ကိုယ်ပေါ်တွင် မြင့်မြတ်သော အရှိန်အဝါ နှင့် ရွှေရောင်အရှိန်အဝါများ ပြည့်နှက်နေသည်။
ဇာတာ မှာလည်း အလွန်ပင် မြင့်မြတ်လှ၏။
ငယ်စဉ်တွင် ဒုက္ခအနည်းငယ် ကြုံတွေ့ရနိုင်သော်လည်း နောင်အနာဂတ်တွင်မူ အလွန်ပင် အလားအလာ ကောင်းမွန်မည့်သူ ဖြစ်သည်။
ထို့ပြင် ဤသူသည် သေချာပေါက် အစွမ်းထက်သော ဂမ္ဘီရကျင့်ကြံသူ တစ်ဦး ဖြစ်ပေလိမ့်မည်။
သူ၏ ကိုယ်ပေါ်တွင်လည်း သတ်ဖြတ်လိုစိတ် သို့မဟုတ် မကောင်းမှု အကုသိုလ် အညှော်များ ကပ်ငြိနေခြင်း မရှိပေ။
"ငါက ဝမ်ချွမ် ပါ"
လီယန်ချူက ပြောလိုက်သည်။
"သြော်... ဝမ်ချွမ်ဆရာကြီးကိုး၊ သိရတာ ဝမ်းသာပါတယ် "
"ဒီနေ့ ဝမ်ချွမ်ဆရာကြီးနဲ့ ဆုံရတာ တကယ့်ကို ပျော်စရာကြီးပဲ၊ ကျနော်မှာ ဆရာကြီးကို ပြစရာ ကောင်းတာလေးတွေ ရှိတယ်ဗျ "
သျှူးချွမ်းဖုန်းက လေသံကို လျှော့၍ ပြောလိုက်သည်။
သူသည် လီယန်ချူကို ထိုအနက်ရောင် ကျောက်ဆောင်ကြီး၏ နောက်ကွယ်သို့ ခေါ်သွား၏။
လီယန်ချူ သူညွှန်ပြသော နေရာသို့ လှမ်းကြည့်လိုက်ရာ... ထိုနေရာတွင် ပါးလျလှသော ပိုးသားဝတ်ရုံများကို ဝတ်ဆင်ထားသည့် နန်းတွင်းသူ အလှလေးများ အုပ်စုတစ်စုမှာ အေးအေးလူလူ ကခုန်နေကြသည်ကို တွေ့လိုက်ရသည်။
ဤနေရာမှာ ဖုန်းတူး၏ ဗဟိုချက်နှင့် ပိုမိုနီးကပ်လာသဖြင့် အမင်္ဂလာဓာတ် များမှာ အလွန်ပင် ထူထပ်လှသည်။
ဝိညာဉ်များကို မြင်တွေ့ရန် ဝိညာဉ်မျက်စိအတတ် ကိုပင် အသုံးပြုရန် မလိုတော့ပေ။
စုစုပေါင်း အမျိုးသမီး ၉ ဦး ရှိပြီး၊ ကိုယ်လုံးကိုယ်ပေါက်မှာ လှပနွဲ့နှောင်းကာ မျက်ဝန်းအစုံမှာလည်း ရမ္မက်ဓာတ်များ ပြည့်နှက်နေသည်။
ပိုးသားဝတ်ရုံအောက်တွင် ကျပ်ထုပ်နေသော အတွင်းခံများကို ဝတ်ဆင်ထားပြီး ဖြူဖွေးလှသော အသားအရေများကိုလည်း အတော်လေး လှစ်ဟပြထား၏။
ရုပ်ဆိုးပြီး တန်ခိုးအာဏာရှိပုံရသော အဘွားအိုတစ်ဦးက ထိုနန်းတွင်းသူ အလှလေးများကို စိုက်ကြည့်နေသည်။
"ဝမ်ချွမ်ဆရာကြီး... ဘယ်လိုလဲ၊ ဒါက တွေ့ရခဲတဲ့ အလှလေးတွေဗျ "
သျှူးချွမ်းဖုန်းက မျက်စပစ်ပြရင်း ပြောလိုက်သည်။
လီယန်ချူ၏ နှုတ်ခမ်းများ ထပ်မံ တွန့်ကွေးသွားပြန်သည်။
ဘယ်ကနေ ဒီလို ကောင် မျိုး ရောက်လာတာလဲ
ဒါက လောကအတွေ့အကြုံ မရှိသေးတာလား၊ ဒါမှမဟုတ် စိတ်ထားက ကြောက်စရာကောင်းလောက်အောင် နက်နဲနေတာလား
"ညီလေးသျှူး... ဒါက ဖုန်းတူးလေ၊ အဲ့ဒီ အမျိုးသမီးတွေအားလုံးက ဝိညာဉ်တွေပဲ "
လီယန်ချူက သတိပေးလိုက်သည်။
"ဝိညာဉ်ကို မယားအဖြစ်ထား၊ မြေခွေးမလေးကို အမြှောင်ထားတာက ဘဝရဲ့ အကြီးမားဆုံး ပျော်ရွှင်မှုပဲဗျ၊ ညီလေးကတော့ သိပ်ကြိုက်တာပဲ "
သျှူးချွမ်းဖုန်းက ရယ်မောရင်း ပြော၏။
လီယန်ချူ အံ့သြတကြီးနှင့် ရယ်မောလိုက်မိသည်။
ထိုစဉ် ရုပ်ဆိုးပြီး တန်ခိုးကြီးပုံရသော အဘွားအိုက သူတို့ရှိရာဘက်သို့ သတိထားမိသွားကာ မျက်ဝန်းအစုံမှာ လျှပ်စီးတန်းများကဲ့သို့ အေးစက်သွားတော့သည်။
"ဘယ်သူတွေက ငါ့ကို ခိုးကြည့်နေတာလဲ "
လီယန်ချူ : "..."
သျှူးချွမ်းဖုန်း : "..."
ဗုန်း
သူတို့ရှေ့ရှိ ဂရန်းနိုက်ကျောက်ထက်ပင် မာကျောသော အနက်ရောင်ကျောက်ဆောင်ကြီးမှာ ပေါက်ကွဲထွက်သွားတော့သည်။
ကျောက်စအစများမှာ ဟိုဟိုဒီဒီ လွင့်စင်သွား၏ ထိုအဘွားအိုက ခေါင်းစည်းကလစ် တစ်ခုကို ပေါ့ပေါ့ပါးပါး ပစ်လွှတ်လိုက်ရုံနှင့် ဤမျှအထိ ပြင်းထန်သော အစွမ်းရှိပေသည်။
လီယန်ချူနှင့် သျှူးချွမ်းဖုန်းတို့ မျက်စိတစ်မှိတ်အတွင်းမှာပင်... ကိုယ်လုံးကိုယ်ပေါက် ထွားကျိုင်းပြီး မျက်နှာတွင် ရမ္မက်ဓာတ်များ ပြည့်နှက်နေသော အမျိုးသမီး ၉ ဦးမှာ သူတို့ကို ဝိုင်းရံထားလိုက်ကြပြီ ဖြစ်သည်။
ဖြူဖွေးလှသော အသားအရေများကြားတွင် မျက်စိပင် လည်မတတ် ဖြစ်သွားရသည် ။
"သျှူးချွမ်းဖုန်း... မင်း ဓားကိုင်ထားတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ဖူးလား သူမကလည်း လူရှင်ပဲ "
လီယန်ချူက ရုတ်တရက် မေးလိုက်သည်။
သျှူးချွမ်းဖုန်း ခေတ္တမျှ မှင်တက်သွားပြီးမှ ခေါင်းညိတ်လိုက်သည်
"တွေ့ဖူးတာပေါ့၊ အဲ့ဒီ တာအိုသူငယ်ချင်းက မျက်နှာဖုံးစွပ်ထားပေမဲ့ သူမရဲ့ အေးစက်စက် အရှိန်အဝါကတော့ တကယ့်ကို စွဲမက်ဖို့ ကောင်းတာဗျ "
"သူမ ဘယ်ကို သွားလိုက်တာလဲ "
"မသိဘူးဗျ၊ ကျွန်တော်နဲ့ သူက တစ်ခါပဲ ဆုံဖူးတာ၊ တကယ့် နတ်မိမယ်လေး တစ်ပါးအတိုင်းပဲ၊ စကားပြောရတာလည်း အတော်လေး တည့်တယ်၊ ဒါပေမဲ့ ညီလေးမှာက အရေးကြီးကိစ္စ ရှိနေတော့ အဲ့ဒီ တာအိုသူငယ်ချင်းကို အရင်ထွက်သွားဖို့ ကျွန်တော်ကပဲ တိုက်တွန်းလိုက်ရတာပါ "
လီယန်ချူသည် သျှူးချွမ်းဖုန်းကို တစ်ချက် လှမ်းကြည့်လိုက်မိပြီး... ရယ်ချင်သွားတော့သည်။
မင်းပြောတာက သရဲမျက်နှာနွယ်ပင်က အသံဖမ်းထားတာနဲ့ လုံးဝ မတူဘူးလေ။
"ဝမ်ချွမ်ဆရာကြီးက အဲ့ဒီ တာအိုသူငယ်ချင်းကို သိတာလား "
သျှူးချွမ်းဖုန်းက မေး၏။
လီယန်ချူ စကားမပြောရသေးခင်မှာပင် ထိုရုပ်ဆိုးသောအဘွားအိုက ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
ဤကောင်နှစ်ကောင်က သူမရှေ့မှာတင် အေးအေးလူလူ စကားပြောနေကြသည် မဟုတ်ပါလား။
"နန်းတွင်းသူတွေကို ခိုးကြည့်ရဲတယ်ပေါ့၊ သေဒဏ်ပဲ "
သူမ၏ အသံမှာ အေးစက်ပြီး တန်ခိုးအာဏာရှိလှသလို ဖုံးကွယ်မရသော ဒေါသများလည်း ပါဝင်နေသည်။
နန်းတွင်းသူ
လီယန်ချူနှင့် သျှူးချွမ်းဖုန်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
နန်းတွင်းသူတွေ ရှိနေမှတော့ ဒီနေရာမှာ နန်းတော်တစ်ခုခုလည်း ရှိနေဦးမှာလား
အဘွားအိုက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ နန်းတွင်းသူ အလှလေး ၉ ဦး၏ မျက်နှာမှာ တစ်ခဏချင်းမှာပင် ထူးဆန်းသွားပြီး၊ လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ သူတို့နှစ်ဦးထံသို့ ပြေးဝင်တိုက်ခိုက်ကြတော့သည်။
အတိအကျ ပြောရလျှင် လီယန်ချူနှင့် သျှူးချွမ်းဖုန်းတို့က ကျူးကျော်သူများသာ ဖြစ်သည်။
ဤဝိညာဉ်များသည် ဖုန်းတူးထဲမှ အပြင်သို့ ထွက်မရသဖြင့် လူသတ်ခြင်း၊ အသက်ကို ရန်ရှာခြင်းမျိုး မရှိနိုင်ပေ။
လီယန်ချူ မျက်မှောင်ကြုတ်လိုက်မိစဉ်... တိုက်ခိုက်မှု အများစုမှာ သျှူးချွမ်းဖုန်းဆီသို့သာ ဦးတည်နေကြောင်း သတိထားမိလိုက်သည်။
သူ့ကို ဝိုင်းထားသော အမျိုးသမီး အရေအတွက်က ပိုများနေသည်။
"ဝမ်ချွမ်ဆရာကြီး မထိတ်လန့်ပါနဲ့၊ ညီလေး လာပြီ "
သျှူးချွမ်းဖုန်းက ခါးကြားမှ ထက်မြက်လှသော ပုဆိန် ကို ထုတ်ယူကာ လေထဲသို့ တစ်ချက် ဝှေ့ယမ်းလိုက်သည်။
ထက်မြက်လှသော အရှိန်အဝါတစ်ခုက မြေပြင်ကို တိုက်ရိုက် ခွဲထွက်သွားစေသည်။
ဝုန်း
ပြင်းထန်လှသော လေလှိုင်းတစ်ခုမှာ သျှူးချွမ်းဖုန်းကို ဗဟိုပြု၍ အပြင်ဘက်သို့ ပျံ့နှံ့သွားကာ၊ ထိုပိုးသားဝတ်ရုံဝတ် အမျိုးသမီးအုပ်စုကို လွင့်စင်သွားစေသည်။
သူမတို့၏ ဝတ်စုံများမှာလည်း ပို၍ ပျက်စီးသွားကြ၏။
"ပြေး "
သျှူးချွမ်းဖုန်းက အော်ဟစ်လိုက်သည်။
သူသည် "ယောကျ်ားကောင်း တစ်ယောက်တည်း စစ်တပ်တစ်ခုလုံးကို ဆီးတားသည်" ဆိုသည့်အလား ရှေ့ဆုံးမှ အတင်းတိုးထွက်သွားတော့သည်။
လီယန်ချူ မျက်ခုံးပင့်လိုက်မိသည်။
ဒီလောက်တောင် ကြမ်းတာလား
သူသည် သျှူးချွမ်းဖုန်း၏ နောက်ကွယ်မှ အနီးကပ် လိုက်ပါရင်း အပြင်သို့ ပြေးထွက်ခဲ့သည်။
အဘွားအိုကတော့ မကျေမနပ် ဖြစ်သွားကာ လက်ငါးချောင်းကို ဖြန့်လိုက်သည် ပေပေါင်းများစွာ ကွာဝေးနေသော်လည်း ဝိညာဉ်လက်ကြီးတစ်ဖက် ပေါ်ထွက်လာပြီး သူတို့နှစ်ဦးကို တိုက်ရိုက် ဆုပ်ကိုင်ရန် ကြိုးစားလိုက်သည်။
သျှူးချွမ်းဖုန်းက လှည့်ပင်မကြည့်ဘဲ နောက်ပြန်၍ ပုဆိန်ဖြင့် တစ်ချက် ခုတ်ချလိုက်ရာ
"အား "
အဘွားအိုမှာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။
ဝိညာဉ်လက်ကြီးမှာလည်း လေထဲတွင် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
သူတို့နှစ်ဦးမှာ နန်းတွင်းသူ အလှလေးများ၏ ဝိုင်းရံမှုကြားမှ အောင်မြင်စွာ ထွက်ပြေးနိုင်ခဲ့ပြီး အဝေးသို့ ရောက်ရှိသွားကြသည်။
လီယန်ချူသည်လည်း ယခုတစ်ကြိမ် တိုက်ပွဲမှာ အတော်လေး လွယ်ကူသွားသည်ဟု ခံစားရသည်။
ထိုသျှူးချွမ်းဖုန်းတွင် အရည်အချင်း အတော်လေး ရှိပေသည်။
ဖုန်းတူးထဲကို တစ်ယောက်တည်း လာရဲသော ဂမ္ဘီရကျင့်ကြံသူ ဆိုသည်မှာ မဆန်းပေ။
ကတုံး၊ စာပေပညာရှိဝတ်ရုံ၊ ပုဆိန်... သျှူးချွမ်းဖုန်းသည် လီယန်ချူအတွက် အမှတ်ရစရာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။
သူတို့နှစ်ဦးမှာ တစ်ရှိန်ထိုး မိုင်ပေါင်းများစွာ ပြေးခဲ့ပြီးနောက် နောက်ကွယ်မှ လိုက်လံတိုက်ခိုက်သံ သို့မဟုတ် အရှိန်အဝါ လှုပ်ခတ်မှုများ မရှိတော့ပေ နောက်သို့ လှည့်ကြည့်လိုက်သောအခါ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသည်။
ထိုနန်းတွင်းသူ အလှလေးများနှင့် ရုပ်ဆိုးသောအဘွားအိုတို့မှာ သူတို့နောက်သို့ လိုက်မလာကြဘဲ မူလနေရာတွင်သာ ရပ်နေကြကာ၊ ထွက်ခွာသွားသော သူတို့၏ ကျောပြင်ကို အေးစက်သော အကြည့်များဖြင့် စိုက်ကြည့်နေကြခြင်းပင်။
လီယန်ချူ၏ စိတ်ထဲတွင် လေးလံသွားသည်။
ရက်စက်ကြမ်းကြုတ်သော ဝိညာဉ်မိစ္ဆာများစွာကို သူမြင်ဖူးသော်လည်း ယခုကဲ့သို့ အခြေအနေမျိုးကိုမူ တွေ့ရခဲလှသည်။
သူသည် ဘေးရှိ သျှူးချွမ်းဖုန်းကို မသိမသာ လှမ်းကြည့်လိုက်မိသည်။
ဤကောင်က ဘယ်ကနေ လာတာပါလိမ့်
လီယန်ချူ အာရုံခံကြည့်လိုက်ရာ... သူတို့နှစ်ဦး ပြေးနေသော လမ်းကြောင်းမှာ ဖန့်ချင်းလန် ရှိနေသည့် နေရာနှင့် အတူတူပင် ဖြစ်နေသည်။
ထို့ကြောင့် သူသည် သျှူးချွမ်းဖုန်းနှင့် လမ်းမခွဲတော့ဘဲ အတူတူ ခရီးဆက်ခဲ့ကြသည်။
သျှူးချွမ်းဖုန်းမှာ သဘောကောင်းပြီး ပွင့်လင်းသူ တစ်ဦးဖြစ်သည်။
သူသည် ဖုန်းတူးထဲသို့ မည်သို့ရောက်လာသည်ကိုလည်း လုံးဝ ဖုံးကွယ်ခြင်း မရှိဘဲ ပြောပြလာ၏။
သူသည် လက်ဖက်ရည်ဆိုင်ရှိ ပုံပြောသူ ထံမှ ကြားခဲ့ရသည်မှာ... ပုံပြင်ထဲက ဇာတ်လိုက်ဆိုသည်မှာ တောင်ပေါ်က ခုန်ချမှ ထူးခြားသော ကံကောင်းခြင်းများ ရတတ်သည်၊ သို့မဟုတ် နတ်ဘုရားလက်နက်များ၊ ပုဂ္ဂိုလ်ထူးများ၏ အမွေအနှစ်များကို ရရှိတတ်သည်ဟု ဆိုသည်။
ထိုကောင်က နားထောင်ပြီး အတော်လေး စိတ်လှုပ်ရှားသွားပုံရသည်။
မူလကပင် ဖုန်းတူးရှိရာကို ရှာဖွေနေသူ ဖြစ်သဖြင့် ထိုစကားကို ကြားပြီးနောက် စိတ်ထဲတွင် အကြီးအကျယ် ထိခိုက်သွားကာ... မြို့ပြင်ရှိ ချောက်ကမ်းပါးတစ်ခုကို ရှာ၍ တကယ်ကြီး ခုန်ချလိုက်ခြင်းပင်။
ရလဒ်အနေဖြင့် ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
"မင်းပြောချင်တာက... မင်းတောင်ပေါ်က ခုန်ချလိုက်တာနဲ့ ဖုန်းတူးထဲကို တိုက်ရိုက် ရောက်လာတာပေါ့ "
လီယန်ချူမှာ အတော်လေး မယုံနိုင်စရာ ဖြစ်နေသည်။
သူ့ကို ဤနေရာထဲ ရောက်အောင် ထောင်ချောက်ဆင်ရန်အတွက် ယူမင်တောင်က လယ်သမားအိုကြီး ဝမ်ရွှယ်အန်းမှာ အစွမ်းကုန် အားထုတ်ခဲ့ရပြီး၊ အလွန်တန်ဖိုးရှိသော အသုံးအဆောင် အမင်္ဂလာဒင်္ဂါးပြား တစ်ခုကိုပင် အကုန်အကျ ခံခဲ့ရသည် မဟုတ်ပါလား။
၎င်းမှာ အသုံးပြုပြီးလျှင် ကုန်သွားသော တန်ဖိုးကြီး ရတနာတစ်ခု ဖြစ်သည်။
ဒါဆိုရင် အဲ့ဒီ ဝမ်ရွှယ်အန်းကပဲ အသုံးမကျလွန်းလို့လား
အခန်း (၃၄၈) - ကံကြမ္မာအရှင်သခင် ၊ နက်နဲသောအကာကွယ် အတားစီး ၊ နဝရတ်ဓား ၊ ဝိညာဉ်မျောက် ၊ တားမြစ်နယ်မြေ
"ဒါပေါ့ မဟုတ်တာပေါ့၊ ငါ့ကို အပြာရောင်ဝတ်စုံဝတ် သက်လတ်ပိုင်း အမျိုးသားတစ်ယောက်က တားပြီး ဒီနေရာကို လာနိုင်မယ့် လမ်းကြောင်းကို ဖွင့်ပေးခဲ့လို့ ဝင်လာနိုင်ခဲ့တာ "
"ဒါပေမဲ့ ဒီနေရာက တကယ်ကြီး ဒီလောက်အန္တရာယ်များမယ်လို့ မထင်ထားခဲ့ဘူးဗျာ "
သျှူးချွမ်းဖုန်းက ခေါင်းခါရင်း ပြောလိုက်သည်။
လီယန်ချူ : "..."
ဤကောင်၏ ကံကြမ္မာအရှိန်အဝါမှာ အတော်လေး ပြင်းထန်လှပေသည်။
စံပြ ကံကြမ္မာအရှင်သခင် တို့၏ ဝိသေသလက္ခဏာများအတိုင်းပင်။
သူတို့နှစ်ဦးသည် တောင်ထိပ်တစ်ခု၏ အောက်ခြေသို့ ရောက်ရှိလာစဉ် ရှေ့တွင် ရုတ်တရက်ဆိုသလို မမြင်ရသော အကာအကွယ်အတားအဆီးတစ်ခု ပေါ်လာသည်။
ဗုန်း
သျှူးချွမ်းဖုန်းမှာ အရှိန်ဖြင့် တိုက်ရိုက်ဝင်တိုက်မိသွားသည်။
နာကျင်လွန်းသဖြင့် မျက်နှာပျက်ကာ သွားစိနေရသည်။
"အမေရေ "
"ဒါက ဘာမိစ္ဆာပစ္စည်းကြီးလဲ "
သျှူးချွမ်းဖုန်းမှာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
လီယန်ချူ၏ အကြည့်များမှာ စူးရှသွားပြီး စိတ်အာရုံ ကို ချက်ချင်း ဖြန့်ကြက်လိုက်သည်။
ရှေ့တွင် ထူးခြားသော အစီရင်ခံအတားအဆီး တစ်ခု ရှိနေကြောင်း သူတွေ့လိုက်ရ၏။
တောင်ထိပ်၏ မြင်ကွင်းကို ရှင်းလင်းစွာ မြင်နေရသလို အသံများကိုလည်း ကြားနေရသည်။
၎င်းအပြင် ကျောက်စိမ်းပုဇဥ်း ဆီမှလာသော အရှိန်အဝါကိုလည်း ပြတ်ပြတ်သားသား ခံစားနေရဆဲ ဖြစ်သည်။
၎င်းက ဖန့်ချင်းလန်သည် ရှေ့တွင် ရှိနေဆဲဖြစ်ကြောင်း ဖော်ပြနေ၏။
သူက လက်ကို ဆန့်ထုတ်၍ စမ်းကြည့်လိုက်ရာ အလွန်ပင် နုညံ့သော်လည်း အလွန်တရာ မာကျောခိုင်ခံ့သော အားအင်တစ်ခုကို တွေ့ရှိလိုက်ရသည်။
"ဒီလိုနေရာမျိုးမှာ ဘာလို့ ဒီလောက်ထူးဆန်းတဲ့ အတားဆီး တစ်ခု ရှိနေရတာလဲ"
လီယန်ချူက ရေရွတ်လိုက်ရင်း သျှူးချွမ်းဖုန်းကို လှည့်ကြည့်လိုက်သည်။
"ဝမ်ချွမ်ဆရာကြီး... ခင်ဗျားက ဘာလို့ ကျွန်တော့်ကို အဲ့လိုကြည့်နေတာလဲ "
သျှူးချွမ်းဖုန်းက ဇဝေဇဝါဖြင့် မေး၏။
လီယန်ချူ ခေါင်းခါလိုက်ပြီး လေးနက်သော လေသံဖြင့်
"ရှေ့က အတားဆီး က အတော်လေး ထူးဆန်းတယ်၊ လမ်းကို အကုန်ပိတ်ထားတာပဲ။ ပတ်သွားမလား၊ ဒါမှမဟုတ် အတင်းထိုးဖောက်မလား... မင်း ဘယ်လိုထင်လဲ "
အရေးကြုံလျှင် သျှူးချွမ်းဖုန်းကို မေးပါ... ဆိုသည့်စကားမှာ အမှားအယွင်း မရှိပေ။
သျှူးချွမ်းဖုန်းက အလောတကြီးဖြင့်
"ဘာလို့ ပတ်သွားရမှာလဲ၊ ဒီမိစ္ဆာအရာက ငါ့ကို အရှက်ခွဲသွားတာ။ အခုပဲ ဖျက်ဆီးပစ်မယ်၊ ငါတို့လမ်းကို ဘယ်လိုတားမလဲ ကြည့်ရသေးတာပေါ့ "
လီယန်ချူက ထိုစကားကို ကြားသော် မသိမသာ ခေါင်းညိတ်လိုက်သည်။
သျှူးချွမ်းဖုန်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူ၏မျက်ဝန်းများ အေးစက်သွားသည်။
အနီရောင် အလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းလက်သွားပြီး၊ ပြင်းထန်လှသော အလင်းတန်းများကြောင့် ပေပေါင်းများစွာသော ပတ်ဝန်းကျင်မှာ လင်းထိန်သွားတော့သည်။
သျှူးချွမ်းဖုန်းသည် ထက်မြက်လှသော ပုဆိန်ကို ဝှေ့ယမ်းလိုက်ရာ၊ ပုဆိန်ပေါ်တွင် အစွမ်းထက်လှသော အရှိန်အဝါများ ပေါ်ထွက်လာပြီး တောက်ပသော အဖြူရောင် အလင်းတန်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
သူက ဟိန်းဟောက်လိုက်ရင်း လက်ထဲမှ ပုဆိန်ဖြင့် ရှေ့သို့ အရှိန်အဟုန်ဖြင့် ခုတ်ချလိုက်၏။
ဗုန်း
လေးလံထိုင်းမှိုင်းသော အသံကြီး ထွက်ပေါ်လာသည်။
တောက်ပသော အဖြူရောင် အလင်းတိုင်နှင့် အနက်ရောင် အတားဆီး တို့ ထိပ်တိုက်တွေ့ဆုံသွားကြ၏။
တောက် တောက် တောက်
အတားဆီး မှာ ပျက်စီးမသွားသော်လည်း၊ သျှူးချွမ်းဖုန်းမှာမူ ထိုပြင်းထန်လှသော အားအင်ကြောင့် ပေ ၅၀ ခန့်အထိ လွင့်စင်သွားတော့သည်။
သူ၏ မျက်ဝန်းများတွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာသည်။
တစ်ကိုယ်လုံးမှ အလင်းတန်းများ ပြင်းထန်စွာ ထွက်ပေါ်လာပြီး၊ လက်နှစ်ဖက်ဖြင့် ပုဆိန်ကို အစွမ်းကုန် အသုံးပြုလိုက်ပြန်သည်။
ချက်ချင်းပင်
ထက်မြက်လှသော ပုဆိန်၏ အလင်းရောင်မှာ ပိုမိုတောက်ပလာပြီး အတားဆီး ကို တစ်ဖြည်းဖြည်း ဖိနှိပ်သွားသည်။
သို့သော်လည်း... တောင်ထိပ်ရှေ့တွင် လျှို့ဝှက်စွာ ပေါ်နေသော ထို အတားဆီး မှာ ပုဆိန်၏ ထက်မြက်မှုကို မခံနိုင်တော့သည့် အချိန်တွင်...
အစွမ်းထက်လှသော အရှိန်အဝါတစ်ခုကို ထုတ်ဖော်လိုက်ပြီး ပုဆိန်အတွင်းရှိ အားအင်များကို နောက်သို့ ပြန်လည်ကန်ထုတ်လိုက်သည်။
သျှူးချွမ်းဖုန်း၏ မျက်နှာမှာ ဖြူလျော်သွားပြီး၊ ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ ခန္ဓာကိုယ်ကို မထိန်းနိုင်ဘဲ နောက်သို့ လွင့်ထွက်သွားတော့သည်။
တစ်ကိုယ်လုံး ထုံကျင်သွားပုံရ၏။
လီယန်ချူ၏ အကြည့်များ ပြောင်းလဲသွားကာ၊ ကိုယ်ကိုတစ်ချက် လှုပ်လိုက်ရုံဖြင့် သျှူးချွမ်းဖုန်း၏ နောက်သို့ ရောက်သွားကာ နုညံ့သော အတွင်းအားဖြင့် သျှူးချွမ်းဖုန်း၏ ခန္ဓာကိုယ်ကို ဖမ်းထိန်းပေးလိုက်သည်။
"ဒီအရာက ငါထင်ထားတာထက် ပိုပြီး မာကျောနေတာပဲ "
သျှူးချွမ်းဖုန်းက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
ကံကြမ္မာအရှင်သခင်တောင် မရဘူးလား
လီယန်ချူက မသိမသာ ခေါင်းညိတ်လိုက်သည်။
သူ၏ စိတ်ထဲတွင် အတွေးများစွာ ပေါ်လာ၏။
ရုတ်တရက်
တိုးညင်းသော ရေရွတ်သံများ ထွက်ပေါ်လာသည်။
အစပိုင်းတွင် ရှင်းရှင်းလင်းလင်း မကြားရသော်လည်း၊ နောက်ပိုင်းတွင် အသံမှာ ပိုမိုကျယ်လောင်လာပြီး ပြတ်သားလာသည်။
အေးစက်စက် ဝိညာဉ်သံများ၊ နားမခံနိုင်သော အမျိုးသမီးအသံများ... ဤတိုက်ဆိုင်မှုများအားလုံးက လူကို ကျောချမ်းဖွယ်ရာ ကောင်းလှသည်။
သျှူးချွမ်းဖုန်း မျက်မှောင်ကြုတ်လိုက်သည်။
ဆက်ပြီး တိုက်ခိုက်နေလျှင် ကြောက်မက်ဖွယ်ကောင်းသော အရာများကို ဆွဲဆောင်မိနိုင်ပေသည်။
အစောပိုင်းက အပြာရောင်ဝတ်စုံဝတ် အမျိုးသားက သူ့ကို စာအုပ်ငယ်တစ်အုပ် ပေးခဲ့ဖူးသည်။
၎င်းထဲတွင် ဖုန်းတူးအတွင်းရှိ လေလွင့်ဝိညာဉ်များနှင့် ရက်စက်ကြမ်းကြုတ်သော မိစ္ဆာပစ္စည်းများအကြောင်း မှတ်တမ်းတင်ထားသည်။
စာသားများမှာ တိုတောင်းသော်လည်း အသက်ဝင်လှသည်။
သူသည် ခေတ္တမျှ တိတ်ဆိတ်သွားသည်။
"ပတ်သွားတာပဲ ကောင်းမယ်ထင်တယ် "
လီယန်ချူက ပြောလိုက်သည်။
ဤနေရာမှာ သိသိသာသာပင် ထူးဆန်းနေသည်။
တစ်ဖက်လူ၏ လိုလားချက်အတိုင်း တံခါးကို ဘာလို့ အတင်းဖျက်ဆီးရမည်နည်း။
လီယန်ချူ မျက်ခုံးပင့်လိုက်မိသည်။
ဤသို့လုပ်ခြင်းက အခြေအနေကို ပိုဆိုးသွားစေနိုင်သည်။
အတားဆီး ကို ဖျက်ဆီးလိုက်ပါက ထူထပ်လှသော အမင်္ဂလာဓာတ်များနှင့် ဝိညာဉ်အငွေ့အသက်များ ပျံ့နှံ့သွားမည်ဖြစ်ပြီး၊ ဝိညာဉ်မိစ္ဆာများစွာကိုလည်း ဆွဲဆောင်မိပေလိမ့်မည်။
သူတို့နှစ်ဦးသည် ပတ်ဝန်းကျင်ကို ခဏမျှ စူးစမ်းလိုက်ကြသော်လည်း မကြာမီမှာပင် ပြန်ရောက်လာကြသည်။
အဘယ်ကြောင့်ဆိုသော်... မည်သည့်အချိန်က စတင်လိုက်သည်မသိ၊ ထိုထူးဆန်းသော အတားဆီး မှာ သူတို့နှစ်ဦးကို ဝိုင်းရံထားလိုက်ပြီဖြစ်ပြီး ကျဉ်းမြောင်းသော နေရာလွတ်တစ်ခု ဖြစ်ပေါ်နေသောကြောင့် ဖြစ်သည်။
'ဒါက ထောင်ကျနေတာနဲ့ မတူဘူးလား'
လီယန်ချူ စိတ်ထဲမှ တွေးလိုက်မိသည်။
သူသည် ခေတ္တမျှ စဉ်းစားပြီးနောက် သိုလှောင်အိတ် ထဲမှ ထို ကြေးနီဓားမြှောင် ကို ထုတ်ယူလိုက်သည်။
ဤအရာတွင် အကာအကွယ်များကို ဖောက်ထွင်းနိုင်သော စွမ်းရည် ပါရှိနေသည် မဟုတ်ပါလား။
ချွမ်း
ကြေးနီဓားမြှောင်ကို လီယန်ချူက ဝေဟင်ထိန်းချုပ်အတတ် ဖြင့် ထိန်းချုပ်ကာ အတားဆီး ဆီသို့ အတင်းအဓမ္မ ထိုးစိုက်လိုက်သည်။
ကွဲအက်သံ ကွဲအက်သံ ကွဲအက်သံ
အတားဆီး တစ်ခုလုံးမှာ တစ်စစီ ပျက်စီးသွားပြီး၊ ဖန့်ချင်းလန်ကို ရှာရန်အတွက် သေချာပေါက် ဖြတ်ကျော်ရမည့် ထိုတောင်ထိပ်ကြီး ပေါ်ထွက်လာသည်။
သျှူးချွမ်းဖုန်း မျက်လုံးအပြူးသား ဖြစ်သွားတော့သည်။
ဒါလည်း ရတာပဲလား
ဤကြေးနီဓားမြှောင်က ဘယ်လိုလက်နက်မျိုးမို့လို့ ဒီလောက်တောင် ထူးဆန်းတဲ့ အတားဆီး ကို နှိမ်နင်းနိုင်ရတာလဲ
လီယန်ချူကတော့ အသာအယာ ပြုံးလိုက်ရုံသာ။
ဝေဟင်ထိန်းချုပ်အတတ်ဖြင့် ထိုကြေးနီဓားမြှောင်ကို ပြန်လည် သိမ်းဆည်းလိုက်သည်။
'ဝမ်ရွှယ်အန်း အဖိုးကြီးကတော့ လူလိုသူလို အလုပ်တစ်ခုတော့ လုပ်သွားသားပဲ '
ဤကြေးနီဓားပေါ်တွင် ရှေးဟောင်းစာသား နှစ်လုံးကို ရေးထွင်းထားသည်။
၎င်းမှာ နဝရတ် ဟူသော စာလုံးပင်
နဝရတ်ဓား သည် ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှုများ၊ အမျိုးမျိုးသော အတားဆီး များနှင့် စစ်တုရင်ကွက် များကို ဖျက်ဆီးရန် အထူးပြုထားသော အလွန်ကြောက်မက်ဖွယ်ကောင်းသော ဓားတစ်လက် ဖြစ်ပေသည်။
နက်နဲသော အတားဆီး ပျက်စီးသွားသည်နှင့်အမျှ သူတို့နှစ်ဦးမှာ တောင်ထိပ်နားသို့ ချဉ်းကပ်လာကြသည်။
ထိုနေရာတွင် မှောင်မည်းနေသော လိုဏ်ဂူလမ်းကြောင်းတစ်ခု ပေါ်ထွက်လာ၏။
သေသေချာချာ မကြည့်လျှင် မမြင်နိုင်ပေ။
ဂူဝမှာ အမြင့် ၃ မီတာခန့် ရှိပြီး ပတ်ဝန်းကျင်တွင် အမင်္ဂလာဓာတ်ကို ကြိုက်နှစ်သက်သော အပင်များ ဖုံးလွှမ်းနေသည်။
ထိုအပင်များကြားတွင် အရောင်အသွေး စူးရှလှသော အဆိပ်ပင်တစ်ပင် ရှိနေပြီး၊ ၎င်း၏ အရွက်များမှာ ထူးဆန်းစွာပင် အေးစက်စက် မျက်လုံးအစုံများကဲ့သို့ ဖြစ်နေသည်။
၎င်းတို့မှာ သိပ်သည်းစွာ ရှိနေသဖြင့် အပေါက်ငယ်များစွာကို ကြောက်ရွံ့တတ်သူ များ မြင်လျှင် ရူးသွပ်သွားနိုင်ပေသည်။
လူကို မကောင်းသော အငွေ့အသက်များ ခံစားရစေ၏။
လီယန်ချူသည် အဆိပ်ပန်း၏ သစ်ကိုင်းအရွက်များကြားမှ ထိုးဖောက်ကြည့်လိုက်ရာ၊ မှောင်မည်းနေသော လိုဏ်ဂူလမ်းကြောင်းအတွင်းတွင် အစွမ်းထက်လှသော ဝိညာဉ်ဒြပ်စင် တစ်ခု ရှိနေကြောင်း တွေ့လိုက်ရသည်။
၎င်းက ထိုနေရာတွင် ရပ်နေရုံမျှဖြင့် လူကို အသက်ရှူပင် မဝနိုင်လောက်အောင် ပြင်းထန်သော ဖိအားကို ပေးစွမ်းနေသည်။
သျှူးချွမ်းဖုန်းက ပုဆိန်ဖြင့် တစ်ချက်တည်း ခုတ်ချကာ ထိုရှုပ်ပွနေသော နတ်အပင်များနှင့် ပန်းများကို ဖျက်ဆီးပစ်ရန် ကြံလိုက်သော်လည်း...
သူ့ထက် ပိုမြန်သောသူ ရှိနေသည်။
ချွမ်း
လီယန်ချူသည် စိတ်ဖြင့် ဓားကို ထိန်းချုပ်ကာ အလွန်လျှင်မြန်စွာပင် ဤနေရာကို ရှင်းလင်းလိုက်သည်။
"အတားဆီး လည်း ရှိတယ်၊ ပြီးတော့ အလိုအလျောက် စနစ်နဲ့ ခွဲခြားနိုင်စွမ်းလည်း ရှိတယ်။ ဒီနေရာမှာ သေချာပေါက် တစ်ခုခု ဝှက်ထားတာပဲ "
စွန့်စားမှုကို ဝါသနာပါသော သျှူးချွမ်းဖုန်း၏ မျက်လုံးများ တောက်ပသွားသည်။
"အမေရေ "
သျှူးချွမ်းဖုန်း ခေါင်းပြူကြည့်လိုက်ရာ မှောင်မည်းသော လိုဏ်ဂူလမ်းကြောင်းထဲတွင် စိမ်းဖန့်ဖန့် မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။
"ဒီလို မိစ္ဆာမျိုးတွေပါ ရှိသေးတာလား၊ တကယ့်ကို ထူးဆန်းတာပဲ "
သူ မသိမသာ နောက်သို့ တစ်လှမ်းဆုတ်လိုက်မိသည်။
သူ၏ဘဝကို သံသယဝင်နေစဉ်မှာပင်၊ လိုဏ်ဂူလမ်းကြောင်းအတွင်းရှိ ထိုစိမ်းဖန့်ဖန့် မျက်လုံးပိုင်ရှင်မှာ သူတို့ထံသို့ တိုက်ရိုက် ပြေးဝင်လာတော့သည်။
"သတိထား"
လီယန်ချူက သတိပေးလိုက်သည်။
သျှူးချွမ်းဖုန်းမှာ တုံ့ပြန်မှု အလွန်မြန်လှသည်။
ချက်ချင်းပင် ပုဆိန်ဖြင့် အရှိန်အဟုန်ဖြင့် ခုတ်ချလိုက်၏။
အလွန်ပင် ပြတ်သားလှပေသည်။
ဗုန်း
မှောင်မည်းနေသော လိုဏ်ဂူအတွင်းမှ လေးလံထိုင်းမှိုင်းသော မိုးကြိုးသံကြီး ပေါ်ထွက်လာကာ နားပင် အူသွားစေသည်။
ထူးဆန်းပြီး အေးစက်လှသော သရဲမျက်နှာတစ်ခု ပေါ်ထွက်လာသော်လည်း...
မကြာမီမှာပင် လီယန်ချူသည် ဤအရာ၏ ပုံသဏ္ဌာန်အမှန်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
၎င်းမှာ သရဲမျက်နှာ မဟုတ်ပေ
မျောက် တစ်ကောင်သာ ဖြစ်သည်။
ရုပ်ရည်မှာ အနည်းငယ် ဆင်တူနေခြင်းသာ။
ရှူး
ဤဝိညာဉ်မျောက်သည် လက်နှစ်ဖက်ဖြင့် မိမိ၏ ရင်ဘတ်ကို ထုလိုက်ရာ ခန္ဓာကိုယ်မှာ တစ်ဖြည်းဖြည်း မြင့်တက်လာသည်။
ချက်ချင်းပင် သာမန်မျောက်ကလေးတစ်ကောင်ဘဝမှ... ခန္ဓာကိုယ်မှာ ပျက်စီးယိုယွင်းနေပြီး ကြည့်ရဆိုးလှသော ဝိညာဉ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
ကိုယ်ပေါ်တွင် ချိုင့်ခွက်များစွာနှင့် နေရာအနှံ့တွင် ဖြူဖွေးသော အရိုးများ ပေါ်နေပြီး၊ နှလုံးနှင့် ကလီစာများမှာလည်း အပြင်ဘက်သို့ ထွက်နေသည်။
ထိုအသွင်ပြောင်းမှုမှာ လုံးဝပင် ခန့်ညားထည်ဝါမှု မရှိပေ။
ဟိန်း
ဝိညာဉ်မျောက်၏ အရှိန်အဝါမှာ ပိုမိုအစွမ်းထက်လာသည်။
၎င်းမှာ အားနည်းပုံမပေါ်ဘဲ ဤနေရာရှိ ထူထပ်လှသော အမင်္ဂလာဓာတ်များကို အဝအပြဲ ရှူသွင်းလိုက်ရာ အရှိန်အဝါမှာ တစ်ဟုန်ထိုး မြင့်တက်လာတော့သည်။
၎င်း၏ အကြည့်မှာ လီယန်ချူနှင့် သျှူးချွမ်းဖုန်းတို့အပေါ် အေးစက်စွာ ကျရောက်လာသည်။
"တားမြစ်နယ်မြေကို ကျူးကျော်သူ... သတ်ရမယ်"
ဝိညာဉ်မျောက်၏ လေသံမှာ အေးစက်ပြီး တန်ခိုးအာဏာများဖြင့် ပြည့်နှက်နေတော့သည်။