အခန်း (၁၀၁၅-၁၀၁၇)
Vol. 68 Ch. 1015-1017
အခန်း (၁၀၁၅) လက်ဝဲတမန်တော်
နှစ်ရက်ကြာပြီးနောက် လုကျိုးသည် ဆင်ခြင်သုံးသပ်သော အခြေအနေမှထွက်လာ၏။
သူ ပထမဆုံးပြုလုပ်သည့်အရာက သူ၏ပဉ္စမမြောက်မွေးဖွားဇယားချပ်ကို ကြည့်ရန်အတွက် သူ၏ စိတ်ဝိညာဉ်ဖွဲ့တည်တာပဲဖြစ်သည်။
ကြာပလင်ပေါ်ရှိ မွေးဖွားနန်းဆောင်ထဲတွင် မွေးဖွားဇယားချပ်ငါးခုလုံး လင်းထိန်နေ၏။
သူ၏ခွန်အား၊ အရှိန်၊ မွေးဖွားဇယားချပ်စွမ်းအားတိုးလာတာအပြင် ပဉ္စမမြောက်မွေးဖွားဇယားချပ်သည် သူ့ကို ထိန်းချုပ်ခြင်းစွမ်းအားပေး၏။
“အထွတ်အထိပ်ရောက်အောင်မြှင့်တင်ဖို့ နောက်ထပ်အသက်ဓာတ်နှလုံးသား သုံးခုကို စုဆောင်းဖို့ မလွယ်တာ နှမြောစရာပဲ”
လုကျိုးသည် ကံစမ်းမဲများမှ ပါဝင်မှုအတွက် ကျေးဇူးတင်ပါသည် ... ဟူသော စကားကြောင့် အနည်းငယ် ထိတ်လန့်မှုရနေသည်။
လက်ရှိတွင်မူ သူ့၌ ကုသိုလ်မှတ် ငါးသိန်းကျော်ရှိသည်။ “ငါ အထွတ်အထိပ်အသွင်ကတ်မဝယ်နိုင်တာ နှမြောစရာပဲ။ အဲ့လိုဆိုရင် ခွန်အားတိုးမြှင့်ဖို့ပဲ အာရုံစိုက်နိုင်မယ်”
ယခုသူသည် ယင်ကျောက်က သူ့ကို အညံ့ခံလိုစိတ် ရှိမရှိ စောင့်ကြည့်ရမှာပဲဖြစ်သည်။ မဟုတ်လျှင် ၎င်းကို သူ၏တပည့်များထဲမှ တစ်ယောက်အား ပေးလိုက်မှာဖြစ်သည်။
ရှေးဟောင်းမှတ်တမ်းများအရ ကျင့်ကြံသူများသည် အသက်ဓာတ်နှလုံးသားကို အသုံးမပြုမီ ယင်းကို ကယ်တင်ရန် သက်တမ်း ၁၅၀၀ကို လက်လျှော့ကြသည်။ ဤနည်းဖြင့် နောက်ထပ် အသက်ဓာတ်နှလုံးသားရှာရန် မလိုအပ်တော့ပေ။ အားနည်းချက်က သူတို့သည် စွမ်းအားအပြည့် မရတာပဲဖြစ်သည်။ ထိုအရာအပြင် လူတစ်ယောက်ထဲက ထပ်အသုံးပြုခဲ့လျှင် အသက်သွင်းထားသည့် မွေးဖွားဇယားချပ်က အရည်အသွေး နိမ့်သွားလိမ့်မည်။ ထို့ကြောင့် တူညီသည့် အသက်ဓာတ်နှလုံးသားကို နှစ်ခါမြှုပ်နှံသည့်သူက ရှားပါးလှပေ၏။
“ဆဋ္ဌမမြောက်မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့အချိန်အတွက် အသက်ဓာတ်နှလုံးသားကို သိမ်းထားမယ်ဆိုရင် သက်တမ်း ၁၅၀၀လိုမယ်။ ငါ့မှာ အခု သက်တမ်း ၃၀၀ပဲရှိတာ”
သူ၏တပည့်များကို ဖူယီ၏အသက်ဓာတ်နှလုံးသား ပြန်အသုံးပြုခွင့်ပေးရန် ရည်ရွယ်ချက်မရှိသရွေ့ သူသည် မွေးဖွားဇယားချပ်ကို အသက်သွင်းရန် လုံလောက်သည့်နှစ် စောင့်ရဦးမှာပဲဖြစ်သည်။
“ငါ အကြောင်းပြန်လှန်ကတ် ပိုလိုအပ်တယ်”
လုကျိုးသည် စနစ်မျက်နှာပြင်ကို ကြည့်လိုက်၏။ သူ့၌ အကြောင်းပြန်လှန်ကတ် ၃၅ကတ်ကျန်သည်။ သူ၏ တွက်ချက်မှုအရ သူသည် သက်တမ်း ၁၅၀၀ရရှိရန် ကတ် ၉၀၀ကျော်လိုအပ်သည်။
“...”
တစ်ကတ်ကို ကုသိုလ်မှတ်ငါးရာ ကျသင့်၏။
“ဟမ် ... အဲဒါဘာလဲ”
လုကျိုးသည် သတိပေးချက်တစ်ခုကို တွေ့လိုက်၏။
“မှတ်ချက်။ ။ ဒီအသုံးပစ္စည်းကို ဝယ်ယူဖို့ ထောက်ခံချက်ပေးပါတယ်”
“ဝယ်ယူဖို့လား” လုကျိုးသည် မျက်မှောင်အနည်းငယ်ကျုံ့မိသွား၏။ ကံစမ်းမဲဆယ်ကြိမ် ဝယ်ယူပြီးနောက် သူသည် အကြောင်းပြန်လှန်ကတ်တစ်ကတ်သာ ရ၏။
“အနိုင်ရနိုင်ချေက တူနေပြီ။ ဒါကို ဝယ်ရင် ဈေးကလည်းတူတယ်”
အစ၌ အနိုင်ရနိုင်ခြေက အလွန်မြင့်သည်။ သို့သော် သူ ကံစမ်းမဲနှိုက်လေလေ တစ်စုံတစ်ခုရလာနိုင်ခြေက နည်းသွားလေဖြစ်သည်။ သူ၏ကံကောင်းမှတ်များ ၉၉၉အထိ ရောက်သွားပြီးတောင် သူ ဘာမှမရသေးပေ။
စနစ်၏ မှတ်ချက်သည် အကြံပြုချက်တစ်ခုသာဖြစ်၏။
သို့သော် သူသာ ကံစမ်းမဲနှိုက်တာ ကံကောင်းသွားခဲ့လျှင် ၎င်းကို ဝယ်တာထက် တန်ဖိုးပိုရှိလိမ့်မည်။
စနစ်၏အကြံပြုချက်သည် ကိုးကားချက်တစ်ခုသာ ဖြစ်၏။ သူသာ ကံကောင်းပြီး ထီပေါက်ခဲ့လျှင် ၎င်းကို ဝယ်တာထက် ကုန်ကျစရိတ်ပိုနည်းသွားမည်ဖြစ်သည်။ သို့သော် အကြောင်းပြန်လှန်ကတ်၏ တန်ဖိုးက သေချာပေါက် တက်သွားလိမ့်မည်။ အကြောင်းပြန်လှန်ကတ်များသည် သက်တမ်းအပို ရမှတ်များ မပေးပေ။ ယင်းက အချိန်ကို ပြန်လှန်ပေးရုံသာရှိ၏။ သူ ဤနေရာသို့ ကူးပြောင်းလာစဉ်က သူ့၌ သက်တမ်း ၁၀၀၀သာရှိ၏။ ထို့ကြောင့် သူသည် သက်တမ်း ၁၀၀၀ အထိသာရှိသည်။ သူသည် နောက်ထပ် အကြောင်းပြန်လှန်မည်ဆိုလျှင် သူ၏ အမေဝမ်းဗိုက်တွင် ပြန်ရောက်သွားပါက အံ့ဩနေမှာ မဟုတ်ပေ။
“အကြောင်းပြန်လှန်ကတ် ၁၀၀၀က ကုသိုလ်မှတ် ၅သိန်း ကုန်စေမှာ”
ဈေးအပေါဆုံး အသုံးပစ္စည်းကတ်က ယခုအချိန်၌ သူ့ကို အခက်အတွေ့ဆုံးဆိုတာ မည်သူက သိမည်နည်း။ အဆုံးကျ သူသည် အကြောင်းပြန်လှန်ကတ်များ ဝယ်မည့်အကြံဉာဏ်ကို ဖယ်ရှားလိုက်သည်။
ဝှစ်
ထိုစဉ် အဆောင်မှ လှုပ်ရှားမှုရှိလာသည်။
လုကျိုးသည် စနစ်မျက်နှာပြင်ကို ပိတ်ပြီး အနက်ရောင်အဆောင်များကို ယူကာ မီးရှို့လိုက်၏။
ယန်ကျန်းလော့ ပေါ်လာသည်နှင့် သူသည် ခေါင်းကုတ်ပြီးနောက် မဝံ့မရဲ ပြောလိုက်၏။ “အစ်ကိုလု တကယ် သေချာပုန်းနေတာပဲ”
ဟမ် ...
“အနက်ရောင်ကြာနယ်မြေနဲ့ အဖြူရောင်ကြာနယ်မြေထဲမှာ မွေးဖွားဇယားချပ်ဆယ့်နှစ်ခုရှိတဲ့ ရွှေကြာပညာရှင်ကို သတိမပြုမိတဲ့လူ မရှိတော့ဘူး။ အစ်ကိုလု အစ်ကို့ရဲ့ခွန်အားကို ကွယ်ဝှက်ထားတာ တကယ်တော်တယ်” ယန်ကျန်းလော့က ပြောလိုက်၏။
“ငါက အမြဲတမ်းရိုးသားတယ်။ တစ်ခါမှ မဖုံးကွယ်ဖူးဘူး” လုကျိုးသည် တည်တင်းသော မျက်နှာထားဖြင့် ပြောလိုက်၏။
“...”
ကောင်းပြီ ... ခင်ဗျားက အကောင်ကြီးပဲ။ ခင်ဗျားပြောသမျှ မှန်တယ်။ ခင်ဗျားနဲ့ငြင်းနေလို့ မထူးဘူး ....
ယန်ကျန်းလော့၏ သဘောထားသည် ယခင်ကထက်တောင် ပိုလေးစားမှုရှိလာပြီး သူက ပြောလိုက်၏။
"အဖြူရောင်မျှော်စင် အဖွဲ့အစည်းအကြောင်း မသိဘူး။ ဒါပေမဲ့ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ရုတ်ရုတ်သဲသဲဖြစ်နေတယ်။ အနက်ရောင်မျှော်စင်ရဲ့ သုတ်သင်ရေးအစီအစဉ်ကို မျှော်စင်သခင်ရှားက ငြင်းပယ်လိုက်တယ်။ အခုဆို အစ်ကိုလုကို ကြောက်ရွံ့နေတဲ့ အင်အားစုတွေ အများကြီး ရှိနေပြီ”
ယင်းက လုကျိုး၏ မှန်းဆချက်အတွင်း၌လည်း ရှိနေသည်။ မွေးဖွားဇယားချပ်ဆယ့်နှစ်ခုဖြင့် ထိုလူများသည် ယခင်ကထက်ပိုပြီး ထိန်းထိန်းသိမ်းသိမ်း ရှိလာတာ သဘာဝကျလှသည်။
“အလင်းအမှောင် မဟာမိတ်ကကော” လုကျိုးက မေးလိုက်သည်။
“ခင်ဗျားကို ဒီနေ့ အဲ့ဒီအကြောင်း ပြောချင်နေတာ။ ယဲ့လျိုယွင်သေပြီး အလင်းအမှောင်မဟာမိတ်က အသေးငယ်ဆုံးသော မကျေမချမ်းဖြစ်မှုတွေအတွက်တောင် လက်စားချေကြတယ်။ သူတို့က အစ်ကိုလုကို ရန်မစရဲပေမယ့် နောက်ထပ်နည်းလမ်းတစ်ခုရှာမှာ သေချာတယ်။ အလင်းအမှောင်မဟာမိတ်က မိတ်ဆွေတစ်ယောက်ပြောတာတော့ အနီရောင်ကြာနယ်မြေနဲ့ ရွှေကြာနယ်မြေဆီ သူတို့လူတွေလွှတ်ထားတယ်လို့ ပြောတယ်။ ဒါပေမဲ့ အဲဒါအမှန်ဟုတ်မဟုတ်တော့ မသိဘူး” ယန်ကျန်းလော့က ပြောလိုက်၏။
“ရွှေကြာနယ်မြေလား” လုကျိုးက မျက်မှောင်ကျုံ့လိုက်၏။
“တာ့ယန်တော်ဝင်ခုံရုံးရဲ့ဝူဘုရင် ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်။ ဒါပေမဲ့ သူတို့က စည်းမျဉ်းကို လိုက်နာပြီး အဲ့လိုယုတ်မာကောက်ကျစ်တာမျိုး လုပ်မှာမဟုတ်ဘူး။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့ ညှိနှိုင်းဖို့ တမန်တော် လွှတ်ထားတယ်။ ဒါကြောင့် သူတို့မှာ ဘာပဋိပက္ခမှ ရှိမှာမဟုတ်ဘူး” ယန်ကျန်းလော့က ပြောလိုက်သည်။ လုကျိုးက မုတ်ဆိတ်သပ်လျက် ပြောလိုက်သည်။
“ယန်ကျန်းလော့”
“ဟုတ်ကဲ့” ယန်ကျန်းလော့သည် လုကျိုး ရုတ်တရက်ပြောင်းလဲသွားတာကို ခံစားမိသည်။
“မင်း အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှာ နေဖို့ မသင့်တော်တော့ဘူး။ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်” လုကျိုးက ပြောလိုက်၏။
“ဒါက” ယန်ကျန်းလော့သည် လုကျိုး၏စကားကို မည်ကဲ့သို့နားမလည်ဘဲ နေမည်နည်း။ သူသည် မိစ္ဆာဝေဟင်မျှော်နန်းသို့ ဝင်ခဲ့လျှင် အနက်ရောင်အဖွဲ့အစည်းကို သစ္စာဖောက်ရာရောက်လိမ့်မည်။ နောက်ဆက်တွဲက မမှန်းဆနိုင်ဖြစ်လိမ့်မည်။
“အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အရင်မျှော်စင်သခင် ရှောင်ယွင်ဟယ်တောင် ဒီအခွင့်အရေးကို မရဘူး။ မင်း ဂရုတစိုက်စဉ်းစားတာ အကောင်းဆုံးပဲ” လုကျိုးသည် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
ယန်ကျန်းလော့သည် ရှောင်ယွင်ဟယ်၏အမည်ကို ကြားသောအခါ ထိတ်လန့်အံ့အားသင့်သွား၏။ ဤစကားများ၏ အရေးပါမှုကို သူ မည်ကဲ့သို့ နားမလည်ဘဲ နေမည်နည်း။ လွတ်လပ်မှုကို မက်မောပြီး လူသားများကြား ရုန်းကန်မှုကို သဘောမကျ။ သူသည် အနက်ရောင်မျှော်စင် အဖွဲ့အစည်းကို ငြီးငွေ့နေခဲ့တာ ကြာပြီဖြစ်သည်။ ခဏအကြာ၌ သူ ပြောလိုက်၏။
“အရင်တာဝန်ကစပြီး အနက်ရောင်မျှော်စင်အဖွဲ့အစည်းက သူ့ အဖွဲ့သားတွေကို ထောက်လှမ်းတာ တိုးလိုက်တယ်။ အခုအနက်ရောင်မျှော်စင်အဖွဲ့အစည်းက ထွက်လာဖို့ ခက်ခဲတယ်”
“မင်း အဲဒါကို စိတ်ပူစရာမလိုဘူး။ အနှေးနဲ့အမြန် ငါ အနက်ရောင်မျှော်စင်အဖွဲ့အစည်းဆီ လာခဲ့မယ်”
“...”
လုကျိုးက ထိုမျှများစွာ ပြောသောကြောင့် ယန်ကျန်းလော့သည် ဆုံးဖြတ်ချက်ပြတ်သားစွာ ပြောလိုက်တော့၏။
“အစ်ကိုလု အစ်ကိုက ပွင့်လင်းတာပဲ။ ကျွန်တော် ငြင်းခဲ့မယ်ဆိုရင် အစ်ကို့ရဲ့ အသိအမှတ်ပြုမှုကို ငြင်းပယ်ရာရောက်သွားလိမ့်မယ်။ ကျုပ် ယန်ကျန်းလော့က အစ်ကိုလုရဲ့ဦးဆောင်မှုနောက်လိုက်ဖို့ ဆန္ဒရှိပါတယ်”
“တင်း ... လက်အောက်ငယ်သားတစ်ယောက်ရပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ၁၀၀၀”
“သိပ်ကောင်းတယ်။ မင်းကို မိစ္ဆာဝေဟင်မျှော်နန်းရဲ့လက်ဝဲတမန်တော်နေရာကို ပေးမယ်။ အခုကစပြီး မင်း ငါ့အမိန့်ကို နားထောင်ရမယ်”
ယန်ကျန်းလော့သည် ထိုစကားများကို ကြားသောအခါ သူ စိတ်လှုပ်ရှားသွားလေ၏။ သူ၏ကျင့်ကြံမှုဖြင့် သူသည် အနက်ရောင်မျှော်စင်အဖွဲ့အစည်း၌ အကြီးတမ်းအဖွဲ့ဝင် တစ်ယောက်အဖြစ်သာ သတ်မှတ်ခံရ၏။ သို့သော်ငြား သူသည် အကြီးအကဲတစ်ယောက်၏ ရာထူးတောင် မရခဲ့ပေ။ မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ပြီးနောက် လက်ဝဲတမန်တော်ရာထူးကို ရသောအခါ မည်ကဲ့သို့ စိတ်မလှုပ်ရှားဘဲ နေမည်နည်း။
“ကျေးဇူးတင်ပါတယ် မျှော်နန်းသခင်”
“ဒီကာလအတွင်း မင်း အနက်ရောင်မျှော်စင်အဖွဲ့အစည်းထဲ နေခိုင်းဖို့ ဒုက္ခပေးရတော့မှာပဲ” လုကျိုးက ပြောလိုက်၏။
“အဆင်ပြေပါတယ်”
ပြီးနောက် ရုပ်ပုံလွှာကို ဖြတ်တောက်လိုက်၏။
လုကျိုးသည် မုတ်ဆိတ်သပ်ပြီး ခေါင်းညိတ်လိုက်သည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ ခွန်အားက အနည်းငယ် တိုးလာသော်ငြား လုံလောက်ဖို့ ဝေးနေသေး၏။
အကြီးအကဲလေးဦး၊ အစောင့်အရှောက်မုန့်ချန်းတုန် တို့၏ ကျင့်ကြံဆင့်ဖြင့် အခြားသူများကို လိုက်မှီဖို့ လိုသေးသည်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းထဲရှိ အားနည်းဆုံးဘုံတစ်ထောင်လေပွေကျင့်ကြံသူများကိုတောင် သူတို့ စိန်ခေါ်ဖို့ ခက်ခဲနေ၏။
“တစ်ယောက်ယောက်”
ရံရွှေတော်များအစား ရှောင်ယွင်အာနှင့် ခရုလေးက ခန်းမထဲဝင်လာ၏။
သူတို့သည် နန်းတွင်းသူအသွင်တုပလျက် တလေးတစားပြောလိုက်သည်။
“ရှစ်စွင်း ဘာများရှိပါသလဲ”
လုကျိုးက မျက်မှောင်ကျုံ့လိုက်၏။ “ကောင်မလေး လတ်တလော မင်းရဲ့ကျင့်ကြံမှုမှာ အပါးခိုနေတာလား”
ရှောင်ယွင်အာသည် တခစ်ခစ်ရယ်မောလျက် လုကျိုးဘေး ပြေးသွားပြီး ပြောလိုက်တော့၏။
“တပည့် ကျင့်ကြံတာ ဘယ်လိုလုပ် အပါးခိုရဲပါ့မလဲ။ တပည့် ဒဿမမြောက် ပွင့်ချပ်ဖူးပွင့်တော့မယ်”
“ဒါ ကောင်းတယ်။ မင်းရဲ့အာ့ရှစ်ရှိုးကို ဒီနေရာဆီဆင့်ခေါ်လိုက်” လုကျိုးက ပြောလိုက်၏။
“အာ့ရှစ်ရှိုးကို ဘာလို့ဆင့်ခေါ်ရမှာလဲ။ ခရုလေးနဲ့တပည့်က ရှစ်စွင်း သူ့အတွက်ခိုင်းတဲ့တာဝန်တွေကို ဖြည့်ဆည်းပေးချင်စိတ်ရှိပါတယ်။ တော်ဝင်နန်းတော်ထဲမှ နေ့တိုင်းနေရတာ မွန်းကြပ်လွန်းနေပြီ” ရှောင်ယွင်အာက အခဲမကြေပြောလိုက်၏။
“မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်ဖို့ မင်း လုပ်နိုင်လား” လုကျိုးက ပြောလိုက်၏။
ရှောင်ယွမ်အာက တွေဝေမနေဘဲ ပြောလိုက်၏။ တကယ်တော့ ခရုလေးနှင့် ရှောင်ယွင်အာကို ရွှေကြာနယ်မြေပြန်ခိုင်းတာလဲ ဆိုးရွားသည့်အကြံဉာဏ်မဟုတ်ပေ။ သို့သော် အဆုံးမဲ့သမုဒ္ဒရာကို ဖြတ်ကျော်ဖို့က သူတို့အတွက် အန္တရာယ်များလွန်းနေ၏။ သူတို့သည် သင်္ကေတလမ်းကြောင်းကို မထိန်းချုပ်နိုင်ပေ။
လုကျိုး၏ တပည့်ဆယ်ယောက်အနက် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်သာလျှင် သင်္ကေတလမ်းကြောင်းကို ထိန်းချုပ်နိုင်စွမ်းရှိသည်။
ယွီရှန်းရုန်နှင့် ရွှီချန်းကြား တိုတောင်းသော တိုက်ပွဲကိုကြည့်လျှင် ယွီရှန်းရုန်က ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုဖြင့် ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက်နှင့် တူလျှင်တောင် အနည်းဆုံးတော့ မွေးဖွားဇယားချပ်နှစ်ခုပညာရှင်၏ ခွန်အားမျိုးရှိသည်။
ခရုလေးနှင့် ရှောင်ယွင်အာသည် ယွီရှန်းရုန်ကို ခေါ်လာ၏။ ယွီရှန်းရုန်က ဦးညွှတ်လိုက်၏။
“ရှစ်စွင်း”
“မိစ္ဆာဝေဟင်မျှော်နန်းဆီ အသက်ဓာတ်နှလုံးသားနည်းနည်း သယ်သွားစေချင်တာကြောင့် မင်းကို ဆင့်ခေါ်လိုက်တာပဲ။ အလင်းအမှောင်မဟာမိတ်က လက်စားချေနေပြီ။ မွေးဖွားဇယားချပ်သုံးခုရှိတဲ့ အစောင့်အရှောက်လီရှောင်မော့ပဲ ငါတို့မှာ ရှိတယ်။ ငါ နည်းနည်းစိတ်ပူတယ်”
“ကျွန်တော် မိစ္ဆာဝေဟင်မျှော်နန်းကို သွားချင်စိတ်ရှိပါတယ်” ယွီရှန်းရုန်က ပြောလိုက်၏။
“အာ့ရှစ်ရှိုးက ထင်တဲ့အတိုင်းပဲ” ရှောင်ယွင်အာက ပြုံးလိုက်၏။ ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်တော့သည်။
“လတ်တလော ကျွန်တော် ကျင့်ကြံဆင့်တက်တော့မလို့ ခံစားရတယ်။ တစ်ဆို့မှုကို တွေ့နေရတာ။ နန်းတော်ထဲမှာ နေရင် အတားအဆီးကို ဖြတ်ကျော်နိုင်လောက်မှာ မဟုတ်ဘူး”
လုကျိုးသည် သူ၏လက်ဝါးဖြင့် ရုတ်တရက် ရိုက်ချလိုက်၏။ ရွှေရောင်လက်ဝါးစည်းတံဆိပ်သည် လျှပ်ပြက်သောအရှိန်ဖြင့် ယွီရှန်းရုန်ဆီ တိုးဝင်သွားသည်။
ယွီရှန်းရုန်၏ တိုက်ခိုက်ရေးအတွေ့အကြုံက အင်မတန်မြင့်သည်။ သူ့ရှစ်စွင်း၏လက်ဝါးစည်းတံဆိပ် သူ့ဆီတောင်မရောက်သေးခင် သူ့ဓားကို ထုတ်လျက် စွမ်းအင်ကို ထိန်းချုပ်လိုက်၏။
ဘန်း
ယွီရှန်းရုန်သည် ရွှေရောင်လက်ဝါးစည်းတံဆိပ်ကို ပိတ်ဆို့ပြီးနောက် မီတာအနည်းငယ် နောက်ကျွမ်းပစ်သွားပြီး မြဲမြံစွာ ရပ်လိုက်၏။
“မင်းက ဒီအကွက်ကို အထိအခိုက်မရှိ ပိတ်ဆို့နိုင်တယ်ဆိုတော့ ကြာပွင့်ဖြတ်တောက်တဲ့လမ်းစဉ်ဆိုတဲ့ လမ်းစဉ်အသစ်ကို ဖောက်လုပ်နိုင်ခဲ့တဲ့ အဓိပ္ပာယ်ပဲ”
…
အခန်း (၁၀၁၆) အလင်းအမှောင် မဟာမိတ်က သေချင်နေတာပဲ
"ဒါက ကံကောင်းလို့ပါ။ ဘာမှပြောဖို့ မထိုက်တန်ပါဘူး” ယွီရှန်းရုန်က ကျင့်ကြံရေးလမ်းစဥ်သည် ရှည်လျားကြောင်း သိထားလေသည်။
လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်၏။
"ဒီတစ်ကြိမ် မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်ရင် သင်္ကေတလမ်းကြောင်းကို သုံးလို့ရတယ်။ ဒီကိစ္စအတွက် နဥ်ဝမ်ချင်းကို သွားရှာလိုက်”
နဥ်ဝမ်ချင်းက ယခင်တုန်းက ရွှေကြာနယ်မြေတွင် ပေါ်ထွက်လာဖူးသည့်အတွက် သင်္ကေတလမ်းကြောင်း ရှိရမည်။
မိစ္ဆာဝေဟင်မျှော်နန်းက သူတို့၏ ကိုယ်ပိုင် သင်္ကေတလမ်းကြောင်းကို မဖန်းတီးနိုင်ခင် တခြားသူများဆီမှ ငှားသုံးနိုင်သည်။
"နဥ်ဝမ်ချင်းက အဖြူရောင်မျှော်စင် အဖွဲ့အစည်းကဆိုတော့ သူက လိုလားပါ့မလား မသိဘူး”
ယွီရှန်းရုန်က ပြောလိုက်သည်။
"နဥ်ဝမ်ချင်းက ဉာဏ်ကောင်းတယ်။ သူ့ကို သွားရှာလိုက်" လုကျိုးက ပြောလိုက်သည်။
"ဟုတ်ကဲ့" ယွီရှန်းရုန်က တာဝန်ကို လက်ခံပြီးသည့်နောက်တွင် ခန်းမမှ ထွက်လာလိုက်သည်။
ထို့နောက် လုကျိုးက ရှောင်ယွမ်အာကို မေးလိုက်သည်။
"မင်းရဲ့ စစ်ရှစ်ရှိုးက ဘယ်မှာလဲ”
ရှောင်ယွမ်အာက ခေါင်းခါကာ "စစ်ရှစ်ရှိုးက တစ်ချိန်လုံး လျှောက်သွားနေတာဆိုတော့ တပည့်လည်း မသိဘူး”
မသိဘူးတဲ့လား ...
လုကျိုးက အတွေးနက်နေရင်း မုတ်ဆိတ်သပ်လိုက်သည်။
ရှောင်ယွမ်အာနှင့် ခရုလေးကို ပြန်လွှတ်လိုက်ပြီးသည့်နောက်တွင် သူက ကောင်းကင်ကျမ်းမှ အမြင်စွမ်းအား မန္တန်ကို ရွတ်ဖတ်လိုက်၏။ လုကျိုးက သူ့ရှေ့တွင် ပေါ်ထွက်လာသည့် မြင်ကွင်းကို မြင်သည့်အခါ ထူးဆန်းသလို ခံစားလိုက်ရသည်။ ဤနေရာတွင် နွယ်ပင်များ ရစ်ပတ်နေသည့် သစ်ပင်များသာ ရှိနေသည်။ သူတို့က သူ့မြင်ကွင်းကို တားဆီးထားသည့်အတွက် ဘာကိုမှ မမြင်ရပေ။
"..."
လုကျိုးက စဥ်းစားမိသွားသည်။
သူ့ ၄ယောက်မြောက် တပည့်က ဘာတွေလုပ်နေတာလဲ ...
အချိန်တချို့ ကုန်ဆုံးသွားသော်လည်း မြင်ကွင်းက ပြောင်းလဲခြင်း မရှိဘဲ နွယ်ပင်များမှ တားဆီးထားခြင်း ခံရသည်။
လုကျိုးက မုတ်ဆိတ်သပ်ကာ စဥ်းစားလိုက်၏။ သိပ်မကြာခင် သူက ဟောက်သံကို ကြားလိုက်ရသည်။
လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။
တခြားသူတွေ ဒီလောက်အလုပ်ရှုပ်နေတာကို သူက အိပ်နေနိုင်တုန်းပါ့လား။ ဒီခွေးကောင်လေး ...
လုကျိုးက ခေါင်းအသာယမ်းကာ စွမ်းအားကို ဖြတ်တောက်လိုက်၏။
လုကျိုးက ခေါင်းယမ်းလိုက်သည်။ သူက မင်ရှစ်ရင်ကို တစ်ရက်မျှ သင်ကြားမပေးလျှင် သူက ရဲတင်းလာလေသည်။
...
ထိုစဥ် မင်ရှစ်ရင်က ရုတ်ခြည်းဆိုသလို ထထိုင်ကာ ရေရွတ်လိုက်၏။
"ရှစ်စွင်းလား။ ငါ နားကြားမှားနေတာများလား”
သူက ခြေလက်ဆန့်ရင်း ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်သည်။ သူက နွယ်ပင်များကြား အဟလေးကို ဖန်တီးပြီး ပြောလိုက်သည်။
"ခွေးလေး ဆူညံမနေနဲ့။ ငါ ဆက်အိပ်လိုက်အုံးမယ်”
ထို့နောက် သူက တဖန် အိပ်ပျော်သွားသည်။
ထိုစဥ် တောင်တစ်ခုလုံးက အပြာရောင် သစ်သား၊ နွယ်ပင်နှင့် သစ်ပင်များဖြင့် လွှမ်းမိုးခံထားရသည်။ တစ်ချိန်တည်းဆိုသလို သစ်သားပြာ၏ ဗဟိုချက်တွင် ခပ်ဖျော့ဖျော့ အသက်ဓာတ် စွမ်းအား ထွက်ပေါ်နေ၏။
...
၂ရက်တာ ကြာမြင့်ပြီးသည့်နောက်
တည်တံ့ရေးခန်းမ
လုကျိုး၏ ၅ခုမြောက် မွေးဖွားဇယားချပ်က တည်ငြိမ်သွားပြီ ဖြစ်၏။ ခရမ်းရောင် တောက်ပသံကျောက်၏ အကူအညီဖြင့် သူက နောက်တစ်လအကြာတွင် ၆ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်လိမ့်မည်။
"ဖူယီရဲ့ အသက်ဓာတ် နှလုံးသား ... "
လုကျိုးက အလျင်စလို မလုပ်နိုင်ပေ။ ကိစ္စများကို ဖြည်းညှင်းစွာ လုပ်ဆောင်ရသည်က ပို၍ ကောင်းကြောင်း သိထား၏။ ထို့အပြင် သူက အရင်းမြစ်နှင့် နည်းလမ်းများစွာ ရှိနေသည်။
ယေဘုယျအားဖြင့် ဤအခြေအနေတွင် သင့်တော်သည့် အသက်ဓာတ် နှလုံးသားကို ရှာတွေ့ဖို့ ခက်ခဲလိမ့်မည်။
အခြေခံနှင့် အလယ်အလတ် အသက်ဓာတ် နှလုံးသားများက ယခုအခါ အသုံးမဝင်တော့ပေ။
ရုတ်ခြည်းဆိုသလို လုကျိုးက သွေးနံ့ပြင်းပြင်းကို အနံ့ရလိုက်မိသည်။
"ခန်းမအပြင်ဘက်မှာ ဘယ်သူလဲ” လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။
"မြေးတပည့်က ဆရာဘိုးဘိုးကို တွေ့ခွင့်တောင်းပါတယ်” လီယွင်ကျန်းက ပြောလိုက်သည်။
"ဝင်ခဲ့"
လီယွင်ကျန်းက မိစ္ဆာဝေဟင်မျှော်နန်းမှ အစောင့်အရှောက် ၂ယောက်နှင့်အတူ ခန်းမအတွင်း ဝင်ရောက်လာသည်။ ထိုအရာအပြင် လူနာထမ်းစင်ပေါ်တွင် ရှိနေသည့် လူ၂ဦးလည်း ပါလာသည်။
လီယွင်ကျန်းက ဦးညွှတ်ကာ ပြောလာ၏။
"ဆရာဘိုးဘိုး ရှန်ပေရဲ့ မြောက်ဘက်ပိုင်းက မြို့တစ်မြို့မှာ မတော်တဆဖြစ်ရပ်တစ်ခု ရှိခဲ့လို့ပါ။ အနက်ရောင်ကြာ ကျင့်ကြံသူအုပ်စုက ပေါ်လာပြီးတော့ အပြစ်မဲ့သူတွေကို သတ်ဖြတ်သွားကြတယ်။ လူရာချီ သေဆုံးသွားပြီးတော့ ဒီနှစ်ဦးက ကျင့်ကြံသူတွေရဲ့ ကယ်တင်မှုကို ခံလိုက်ရလို့ အသက်ရှင်သန်ခဲ့တာပါ”
မုန့်ချန်းသုံက လူနာဘေးတွင် ဒူးထောက်ကာ ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်သည်။
"မျှော်နန်းသခင် သူတို့ရဲ့ ဒဏ်ရာတွေက တည်ငြိမ်သွားပြီ”
ရှန်ရှီက ပြောလိုက်၏။
"ဟုတ်တယ်။ ဒါက အလင်းနဲ့ အမှောင် မဟာမိတ်ရဲ့ လက်ချက်ဆိုတာ သံသယဖြစ်စရာ မလိုဘူး”
"သက်သေရှိလား” လုကျိုးက မေးလိုက်သည်။
"အလင်းနဲ့ အမှောင် မဟာမိတ်က ဒီလိုအရာလုပ်တာ ပထမဦးဆုံး အကြိမ် မဟုတ်ဘူး။ သူတို့တွေက နောင်တစ်ချိန် ပိုပြီးတော့ ကြမ်းတမ်းလာလိမ့်မယ်ဆိုတာကို ပြောနိုင်တယ်။ သူတို့တွေက သက်သေကို မဖျက်ဆီးခင် အားလုံးကို ရေငုံနှုတ်ပိတ်ဖို့ သတ်ပစ်လိမ့်မယ်။
လွန်ခဲ့တဲ့နှစ် ၁၅၀၀ တုန်းက သူတို့က ဒီနည်းလမ်းနဲ့ အာဏာရယူနိုင်ခဲ့တာ။ သူတို့တွေက အဓိက အင်အားစုကြီးတွေကြားက ပဋိပက္ခတွေကို အခွင့်ကောင်းယူပြီးတော့ အဲဒီအင်အားစုကြီးတွေရဲ့ ပစ်မှတ်ထားခြင်း မခံရဖို့ သေချာအောင် လုပ်ဆောင်ခဲ့တယ်။ ချိုမြိန်မှုကို ခံစားပြီးတဲ့နောက်မှာ သူတို့က ပိုပြီး သောင်းကျန်းလာတော့တာပဲ”
ထိုသူ ၂ဦးက ဆိုးရွားစွာ ထိခိုက်ထား၍ စကားပင် ရှင်းရှင်းလင်းလင်း မပြောနိုင်ပေ။
လုကျိုးက လက်ဝှေ့ကာ လီယွင်ကျန်းအား ဒဏ်ရာရရှိနေသည့်သူများကို ခေါ်သွားဖို့ ပြောလိုက်သည်။
သူက မုတ်ဆိတ်သပ်ကာ အတွေးနက်နေမိ၏။ သူက သူတော်စင်တစ်ပါး မဟုတ်ပေ။ သို့သော်လည်း ဤကိစ္စက သူ့ကြောင့် ဖြစ်လာခြင်း ဖြစ်၏။ ဤအခွင့်အရေးကို အသုံးပြုကာ အလင်းနဲ့ အမှောင် မဟာမိတ်ကို ရိုက်ချပစ်ဖို့ သူ့အတွက် အကျိုးအမြတ် မရှိဘဲ မနေပေ။
ပိုပြီး အရေးကြီးတာက မိစ္ဆာဝေဟင်မျှော်နန်း၏ စွမ်းအားကို တိုးမြှင့်ဖို့ရာ ဖြစ်၏။
"ဆရာဘိုးဘိုး"
"ပြော" လုကျိုးက ပြောလိုက်သည်။
"အလင်းနဲ့ အမှောင် မဟာမိတ်က ဒီတစ်ခေါက် လွန်လွန်းသွားပြီ။ အရင်တုန်းက ဝူချောင်ရဲ့ အကူအညီနဲ့ သူတို့တွေကို နောက်ဆုတ်သွားအောင် ဖိအားပေးနိုင်ခဲ့တယ်။ ဒီတစ်ကြိမ် သူတို့က ပိုပြီးတော့ ရက်စက်လာတယ်။ ဆရာဘိုးဘိုး ကျွန်တော်ကို ကူညီပေးပါ” လီယွင်ကျန်းက ပြောလိုက်သည်။
လီယွင်ကျန်းက လုကျိုးနှင့် ကွဲပြားပေသည်။ သူက တိုင်းပြည်တစ်ခု၏ အုပ်ချုပ်သူ ဖြစ်၏။ အကယ်၍ အနီရောင်ကြာနယ်မြေသာ တစ်ခုခုဖြစ်သွားပါက တာဝန်အားလုံးက သူ့ခေါင်းပေါ် ကျရောက်လာလိမ့်မည်။
လုကျိုးက ချက်ချင်း ပြန်မဖြေပေ။
ထိုစဥ် ရှန်ရှီက လုကျိုးနား ကပ်လာကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"မျှော်နန်းသခင် ... မျှော်နန်းသခင်ရဲ့ စွမ်းအားနဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒီအခွင့်အရေးကို သုံးပြီးတော့ အလင်းနဲ့ အမှောင် မဟာမိတ်ကို တိုက်ခိုက်လို့ရတယ်။ သူတို့တွေကို ပြန်လည်ပေးဆပ်ခိုင်းပြီးတော့ သူတို့ဆီက အကျိုးအမြတ်ကို ညှစ်ထုတ်ယူလို့ ရတယ်”
လုကျိုးက တိတ်ဆိတ်နေပြီး စိတ်ထဲမှ တွေးလိုက်မိသည်။
ငါလည်း အဲဒီလို အတွေးမျိုးရှိတာပဲ။ ပြဿနာက ငါ့ဆီမှာ မွေးဖွားဇယားချပ် ၁၂ခုမှ မရှိတာ ...
"ဆရာဘိုးဘိုး ကျွန်တော်ကို ကူညီပေးပါ” လီယွင်ကျန်းက ဒူးထောက်လိုက်သည်။
ရှန်ရှီက ထပ်ပြောလိုက်၏။
"ပြီးတော့ ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ပုံရိပ်ကို မြှင့်တင်ပေးနိုင်လိမ့်မယ်”
ခဲတစ်လုံးနဲ့ ငှက်သုံးကောင် ပစ်လို့ရတယ်။ ဒါပေမဲ့ ငါ့ဆီမှာ မွေးဖွားဇယားချပ် ၁၂ခု မရှိဘူးလေ ...
ခဏအကြာတွင် လုကျိုးက မေးလိုက်၏။
"အလင်းနဲ့ အမှောင် မဟာမိတ်ကို ဘယ်သူက နောက်ခံပေးထားတာလဲ”
ရှန်ရှီက ပြောလိုက်သည်။
"မျှော်နန်းသခင် အလင်းနဲ့ အမှောင် မဟာမိတ်ရဲ့ ခေါင်းဆောင်က ဖန်ရော့ကျစ်ပါ။ သူ့ဆီမှာ မွေးဖွားဇယားချပ် ၁၁ခု ရှိတယ်။ အလင်းနဲ့ အမှောင် မဟာမိတ်က အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ တာ့ယွမ်ခုံရုံးတို့နဲ့ ယှဥ်နိုင်တာက သူတို့ရဲ့ အရေအတွက် များပြားမှုကြောင့်ပါ။ သူတို့က ဂိုဏ်းမဲ့ ကျင့်ကြံသူအများကြီးကိုလည်း စုဆောင်းနိုင်ခဲ့တယ်လေ။ ယဲ့လျိုယွင်က သူတို့ထဲက တစ်ယောက်ပဲ”
"ရှားကျန်းလုံက မွေးဖွားဇယားချပ် ၁၁ခု ဖန်ရော့ကျစ်ကို ဘာလို့မနှိမ်နင်းရတာလဲ” လုကျိုးက နားမလည်နိုင်ဖြစ်နေမိသည်။
"တာ့ယွမ်ရဲ့ တော်ဝင်ခုံရုံးက မျှချေကို ထိန်းထားချင်တယ်လေ။ တကယ်လို့ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက အလင်းနဲ့ အမှောင် မဟာမိတ်ကို တိုက်ခိုက်လာရင် တော်ဝင်ခုံရုံးက အလင်းနဲ့ အမှောင် မဟာမိတ်ဘက်ကနေ ကူညီပြီး ရင်ဆိုင်ပေးလိမ့်မယ်”
"အဲဒါဆိုတော့ ဒီအင်အားစု ၃ခုက အချင်းချင်း စောင့်ကြည့်နေကြတာပဲ”
"ထားပါ” လုကျိုးက လီယွင်ကျန်းကို ကြည့်ကာ ပြောလိုက်သည်။
"ငါ နည်းလမ်း စဥ်းစားပေးမယ်။ အခု သွားလို့ ရပြီ”
"ဆရာဘိုးဘိုးကို ကျေးဇူးတင်ပါတယ်” လီယွင်ကျန်းက ဦးညွှတ်ကာ ထွက်သွားလေသည်။
ထို့နောက် လုကျိုးက ပြောလိုက်၏။
"အစောင့်အရှောက်မုန့် ကောင်းကင်စူးစမ်းရှာဖွေရေး ခုံရုံးကို သွားပြီးတော့ ငါ့ရဲ့ ခုနှစ်ယောက်မြောက် တပည့်ကို သင်္ကေတလမ်းကြောင်းကို တတ်နိုင်သမျှ မြန်မြန် ဖန်တီးဖို့ သွားပြောလိုက်"
မုန့်ချန်းသုံက ပြောလိုက်၏။
"ပြဿနာမရှိပါဘူး။ မျှော်စင်သခင်ရှောင်က မနေ့က ပုံကြမ်း ပို့ပေးလိုက်ပါတယ်”
လုကျိုးက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်၏။
"သင်္ကေတလမ်းကြောင်း ပြီးသွားရင် ငါ အနက်ရောင်ကြာနယ်မြေဆီ သွားရမယ်”
"ဟုတ်ကဲ့"
မုန့်ချန်းသုံနှင့် ရှန်ရှီတို့က တည်တံ့ရေးခန်းမဆောင်မှ ထွက်သွားကြသည်။
လုကျိုးက တစ်ယောက်တည်း ဖြစ်နေသည့်အခါ အလင်းနဲ့ အမှောင် မဟာမိတ်အပေါ် မည်သို့ဖြေရှင်းရမည်ကို စဥ်းစားလိုက်၏။ သူ့တွင် ယခုအခါ ကုသိုလ်ရမှတ် ၅သိန်း ရှိထားပြီး အဆင့်မြင့် အသေရိုက်ချက်ကတ်နှင့် တခြားသော ကတ်များလည်း ရှိထားသည်။ သူက အလင်းနှင့်အမှောင် မဟာမိတ်၏ ဖန်ရော့ကျစ်ကို မကြောက်ပေ။ ထို့အပြင် အလင်းနှင့် အမှောင် မဟာမိတ်က အနက်ရောင်မျှော်စင် အဖွဲ့အစည်းထက် လုကျိုးကို ပိုမိုကြောက်နေလေသည်။
သို့သော်လည်း သူက သွားရောက်ဖို့ စီစဥ်ထားပါက သူ့အနိုင်ရရှိမှုကို သေချာဖို့ရာ လုပ်ဆောင်ရမည်။
လုကျိုးက ခေတ္တမျှ စဥ်းစားကြည့်ပြီးသည့်နောက်တွင် သာမန်အသေရိုက်ချက်ကတ်ကို ဝယ်ယူလိုက်သည်။
"ရုပ်ဖျက်ကတ်လား”
သူက စနစ်ပေါ်မှ ရုပ်ဖျက်ကတ်ကို ကြည့်ကာ သူသာ ထိုအရာကို ပေါင်းစည်းလိုက်ပါက မည်သို့ဖြစ်လာမည်ကို စဥ်းစားနေမိသည်။ ထိုအရာက များစွာ အသုံးမဝင်သော်လည်း တခြားသူများကို ခြိမ်းခြောက်ရာတွင် အကျိုးသက်ရောက်မှု ထူးလေသည်။
ထို့အပြင် သူ့လက်ရှိ စွမ်းအားက အစစ်အမှန် မွေးဖွားဇယားချပ် ၁၂ ခု ပညာရှင်အောက် မနိမ့်ကျပေ။
လုကျိုးက ရုပ်ဖျက်ကတ် ၂ ကတ်ကို ဝယ်ယူလိုက်၏။
သူ့ပိုင်ဆိုင်မှုထဲတွင် တစ်ခုရှိနေသည့်အတွက် ယခုအခါ ၃ကတ် ရှိသွားလေပြီ။ ထို့နောက် သူက ပေါင်းစည်းရေးကတ် ၁ကတ်ကို ထုတ်ကာ ၄ကတ်ကို အတူချေမွပြီး ရေရွတ်လိုက်သည်။
"ပေါင်းစည်းမယ်"
"တင် ပေါင်းစည်းရေး လုပ်ငန်းစဥ်က အောင်မြင်သွားပါတယ်။ အဆင့်မြင့် ရုပ်ဖျက်ကတ် ရရှိပါတယ်”
စနစ်မှ အသိပေးချက်အပြင် တခြားသော သတင်းအချက်အလက်များ မရှိပေ။
"ဒီအဆင့်မြင့် ရုပ်ဖျက်ကတ်က သက်ရောက်မှုက ဘယ်လိုလဲ။ မွေးဖွားဇယားချပ် ၃၆ ခု ရှိလာမှာလား”
အကယ်၍ ဤသို့သာဖြစ်နေပါက သူသည် အလင်းနဲ့ အမှောင် မဟာမိတ်ဆီ သွားပြီး သူတို့ဆီမှ တရားမျှတမှုကို ရှာဖွေရမည်။
…
အခန်း (၁၀၁၇) အာရုံစိုက်မှုက လက်ဆောင်တွေပေးရမယ်
ရုပ်ဖျက်ကတ်သည် ခြိမ်းခြောက်ရန်သာ အသုံးပြုနိုင်၏။
အင်အားစုသုံးစုသည် မိစ္ဆာဝေဟင်မျှော်နန်းကို အတူတကွတိုက်ခဲ့လျှင် ကပ်ဘေးဆိုက်လိမ့်မည်။ သို့သော် အင်အားစုသုံးစုက မပူးပေါင်းပေ။ မဟုတ်လျှင် အစောတည်းက သူတို့လှုပ်ရှားလောက်ပြီး ဖြစ်၏။ အင်အားစုသုံးစုအကြား ပဋိပက္ခရှိနေသောကြောင့်ဖြစ်မည်။ သူတို့သုံးဖွဲ့အဖို့ သဘောတူညီ ချက်တစ်ခုရရန် ခက်ခဲလှပေ၏။ ၎င်းကို တောင်ပိုင်းတိုင်းပြည်၏ ဖရိုဖရဲမြေထဲတွင် မြင်တွေ့နိုင်၏။
ပြီးနောက် လုကျိုးသည် ကံစမ်းမဲနှိုက်ရန် ဆုံးဖြတ်လိုက်၏။ သူသည် အံ့ဩဖွယ်ကတ်တချို့ နှိုက်နိုင်ကောင်းနှိုက်မည်ဆိုတာ မည်သူက သိမည်နည်း။
“ကံစမ်းမဲ”
“တင်း ... ကုသိုလ်မှတ် ၅၀ သုံးလိုက်ပါပြီ။ ပါဝင်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် +၁”
“ကံစမ်းမဲ”
“တင်း ... ကုသိုလ်မှတ် ၅၀ သုံးလိုက်ပါပြီ။ ဆွေးမြေ့ပျက်စီးခြင်းကတ် ၅ကတ်ရပါပြီ”
စိစစ်ခြင်းကတ်လား ... အရင်တုန်းက ပေါင်းစည်းခြင်းကတ်ရှိတယ်။ အခုစီစစ်ခြင်းကတ်လား”
လုကျိုးသည် အသုံးပစ္စည်းကတ်၏ အချက်လက်များကို ဖတ်လိုက်၏။ စီစစ်ခြင်းကတ်သည် အသုံးပစ္စည်းများကို စိစစ်ရန်အသုံးပြုနိုင်၏။
ယင်းက ကြားရတာ အဓိပ္ပာယ်မရှိဟု တွေးမိသည်။ သူက အရင်ဆုံး စမ်းကြည့်ရန် ဆုံးဖြတ်လိုက်၏။
သူ စိစစ်ရန်သုံးလိုသည့် အသုံးပစ္စည်းမရှိပေ။ ထို့ကြောင့် သူ၏လက်နက်များမှသာ ရွေးနိုင်သည်။
လက်နက်။ ။ အမည်မဲ့ (အမည်မသိ)၊ ကျောက်စိမ်းမြင်းမြီးတောင်ဝှေး (ကောင်းကင်အဆင့်)၊ စီရင်ရေးစုတ်တံ (သာလွန်ကောင်းကင်အဆင့်)၊ ခရမ်းရောင်တောက်ပသံကျောက် (သာလွန်လွှမ်းမိုးအဆင့်)၊ လေအေးသုံးခွမှိန်း (အခြေခံ ပြိုင်ဘက်ကင်းအဆင့်)၊ ချုပ်နှောင်ရေးစည်းတံဆိပ် (အလယ်အလတ်လွှမ်းမိုးအဆင့်)၊ နဂါးလင်းယုန်၏အမျက်ဒေါသ (အလယ်အလတ်အဆင့်)၊ လျှပ်တပြက်ချိတ်ကောက် (အလယ်အလတ်ပြိုင်ဘက်ကင်းအဆင့်)၊ ပင်လယ်ဝိညာဉ်ပုလဲ စွမ်းအင်မရှိ။
“အမည်မဲ့ကိုကော စီစစ်လို့ရမလား” လုကျိုးက ဇဝေဇဝါဖြစ်နေ၏။ အမည်မဲ့သည် သူ၏ လက်နက်ဖြစ်သည်။ ဒါကို စီစစ်မယ်ဆိုရင် ဆုံးရှုံးရာ ရောက်လိမ့်မယ်။
“အင်း ... ပင်လယ်ဝိညာဉ်ပုလဲက စွမ်းအင်မရှိတော့ဘူးဆိုတော့”
လုကျိုးသည် ပင်လယ်ဝိညာဉ်ပုလဲကို ထုတ်လိုက်၏။ သူ၏လက်ဖဝါးထဲရှိ ပုလဲက မှိန်ဖျော့နေပြီး အက်ကွဲကြောင်းတချို့တောင် ရှိနေ၏။
သူ့နောင်တရမိသွားသည်။ ပင်လယ်ဝိညာဉ်ပုလဲ၏စွမ်းရည်က ထူးကဲလှပေ၏။ အကြွင်းမဲ့သုညကို မထင်မှတ်ထားသောအချိန်၌ အသုံးပြုနိုင်သည်။ ၎င်း၏စွမ်းအင်က လျော့ပါးသွားလိမ့်မည်မှန်း မထင်ထားပေ။ ကိစ္စရပ်များ ဤအနေအထားရောက်လာသောကြောင့် အချိန်ဆွဲနေလည်း အကျိုးမရှိပေ။ မည်သည့်နည်းနှင့်မဆို သိမ်းထားလည်း အကျိုးမရှိ။
“တင်း ... ပင်လယ်ဝိညာဉ်ပုလဲကို စီစစ်ထုတ်ယူပြီးပါပြီ။ မီးတောင်ထွက်ကျောက်အဆီအနှစ် ဆယ်ခု ရရှိပါတယ်”
“မီးတောင်ထွက်ကျောက်အဆီအနှစ် ... လက်နက်များကို ပေါင်းစည်းရေးအဆင့်သို့ မြှင့်တင်ပေးနိုင်သည့် ရှားပါးသော ကုန်ကြမ်းတစ်ခုဖြစ်သည်။ အဆင့်မြှင့်တင်တိုင်းတွင် မီးတောက်ထွက်ကျောက် တစ်ရာ လိုအပ်သည်။
လုကျိုးသည် မုတ်ဆိတ်သပ်ပြီး ခေါင်းညိတ်လိုက်၏။ နောက်ဆုံးတွင် သူသည် အသုံးပစ္စည်းများကို ပေါင်းစည်းရေးမြှင့်တင်ရန် ကုန်ကြမ်းများ ရှိလာပြီဖြစ်၏။ သူသည် တောက်ပသံကျောက်မှ စတင်နိုင်သည်။ မီးတောက်ထွက်ကျောက်အဆီအနှစ်က နည်းပါးလွန်းနေ၏။
သူသည် လက်နက်များကို ကြည့်လိုက်သည်။ တကယ်ပင်အများစုက သူ့အတွက် အသုံးမတည့်ပေ။ သို့သော် မိစ္ဆာဝေဟင်မျှော်နန်းမှ ကျန်သည့်သူများအဖို့ ၎င်းလက်နက်များသည် အတော်လေး အသုံးတည့်သည်။ ယခုအချိန်တွင် သူသည် ထိုပစ္စည်းများကို စီစစ်ထုတ်လုပ်ခြင်းမပြုရန် ဆုံးဖြတ်လိုက်၏။
ထိုစဉ် ရှန်ရှီက ခန်းမထဲလျှောက်လာက ဦးညွှတ်လိုက်၏။
“မျှော်နန်းသခင် ... အနက်ရောင်မျှော်စင်အဖွဲ့အစည်းက တမန်တော်က မျှော်နန်းသခင်နဲ့ တွေ့ခွင့်တောင်းပါတယ်။ သူက အခု တိုင်းပြည်ရေးရာကြေညာရေးခန်းမထဲမှာ စောင့်နေပါတယ်။
“အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့တမန်တော်လား”
ရှန်ရှီက ပြုံးပြီးပြောလိုက်၏။
“ဒါကို ကြည့်ရင် သူတို့က ငြိမ်းချမ်းရေးအတွက် ရောက်လာတဲ့ပုံသူပဲ”
“သူတို့ကို ဒီနေရာခေါ်လာခဲ့”
“နားလည်ပါပြီ”
မကြာမီ၌ ရှန်ရှီသည် တိုင်းပြည်ရေးရာကြေညာရေးခန်းမမှ ဝတ်ရုံနက်ကျင့်ကြံသူများစွာကို ဦးဆောင်လျက် တည်တံ့ရေးခန်းမဆီရောက်လာသည်။ ဝတ်ရုံနက်ကျင့်ကြံသူ လူဆယ်ယောက်ကျော် ရှိပြီး ခန်းမထဲ တလေးတစားဝင်လာ၏။
“ကျန်းကျို့လီက လောင်ချန်းပေ့ကို နှုတ်ခွန်းဆက်ပါတယ်”
အနက်ရောင်စီရင်သူများထဲမှ တစ်ယောက်ဖြစ်သော ကျန်းကျို့လီသည် လုကျိုးနှင့်တွေ့ရန် အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှ လွှတ်လိုက်သည့် တမန်တော်ဆိုတာ သိသာ၏။
“မင်းလား” လုကျိုးက အနည်းငယ်အံ့ဩသွားလေ၏။
ကျန်းကျို့လီက အနေခက်စွာပြုံးပြီးပြောလိုက်တော့၏။
“လုချန်းပေ့က တောင်ပိုင်းတိုင်းပြည်မှာ ကျွန်တော်တို့တွေ့ဆုံချိန်မှစပြီး ချန်းပေ့အပေါ်မမေ့နိုင်စရာ အမြင်မျိုး ချန်ခဲ့တာပါ။ တောင်ပိုင်းတိုင်းပြည်ရဲ့ တိုက်ပွဲကာလတုန်းက လုချန်းပေ့ရဲ့ ခွန်အားကို သိလိုက်ရတုန်းက ထိတ်လန့်အံ့အားသင့်သွားမိပါတယ်။ ဒါပေမဲ့ လုချန်းပေ့က တောင်ပိုင်းမြို့ထဲက သားရဲဒီရေတွေကို စွမ်းရည်ပြသခဲ့တာကိုလည်း ကြားပါတယ်။ ဒီအကြောင်းအရင်းကြောင့် ဒီနေ့ လာလည်တာပါ”
ယခုအချိန်တွင် ယွီကျန့်ဟိုင်နှင့် အကြီးအကဲလေးယောက်က တည်တံ့ရေးခန်းမထဲသို့ တစ်ယောက်ပြီးတစ်ယောက်လျှောက်လာ၏။
လုကျိုးက လက်ဝေ့ယမ်းပြကာ သူတို့ဦးညွှတ်ရန် မလိုအပ်ကြောင်း ပြောလိုက်၏။ သူသည် ကျန်းကျို့လီကို ကြည့်ပြီးပြောလိုက်သည်။
“မင်း သိုဝှက်တဲ့လုပ်ရပ်တွေနဲ့ ရောက်လာတာ မဟုတ်ဘူးလား။ ရည်ရွယ်ချက်ကောင်းနဲ့ တကယ်ရောက်လာတာလား”
ကျန်းကျို့လီက အမြန်လက်ဝေ့ယမ်းကာ ပြောလိုက်၏။
“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး။ အရင်တုန်းက အားလုံးနားလည်မှုလွဲခဲ့တာပါ။ အရင်က နားလည်မှုလွဲတာဖြေရှင်းဖို့ ဒီရောက်လာတာပါ။ လုချန်းပေ့နဲ့ မိတ်ဆွေဖွဲ့ချင်ပါတယ်”
လုကျိုးက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်၏။
“အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ စီရင်သူ ဝူကွမ်းဖိန်၊ မျှော်စင်ရဲ့ပထမအကြီးအကဲ ရှစ်ယို့ယွင်နဲ့ အနက်ရောင်အစောင့်များကို ငါ သတ်လိုက်တဲ့အချက်ကို တကယ်ကျော်သွားပေးနိုင်တာလား”
ကျန်းကျို့လီသည် တွေဝေခြင်းမရှိဖြေလိုက်၏။
“ဒါပေါ့ သူတို့ လုချန်းပေ့ကို ရန်စတာ သူတို့အပြစ်ပေးခံရသင့်တယ်။ တောင်းပန်ဖို့အတွက် လုချန်းပေ့အတွက် တစ်စုံတစ်ခုသယ်လာပါတယ်” ပြီးနောက် သူက လက်ဝေ့ယမ်းပြလိုက်၏။
သေတ္တာများကို တစ်လုံးပြီးတစ်လုံးဖွင့်လိုက်၏။ ဤမြင်ကွင်းသည် တိမ်တိုက်တောင်၌ လုကျိုးဆီ တာ့ထန်၏တော်ဝင်မိသားစုက လက်ဆောင်များပို့ပေးသည့်မြင်ကွင်းကို အောက်မေ့သွားစေသည်။
သေတ္တာများထဲ၌ အနက်ရောင်အဆောင်များ၊ ကုန်ကြမ်းများ၊ ထိပ်တန်းအဆင့် သက်စောင့်ဆေးလုံးများ ပါဝင်သည်။
“လုချန်းပေ့ ဒါကို လက်ခံဖို့ မျှော်လင့်ပါတယ်”
လုကျိုးသည် ထိုသေတ္တာများကို တစ်ချက်ကြည့်ပြီးမေးလိုက်၏။
“ပြီးတော့ကော”
“အနက်ရောင်မျှော်စင်အဖွဲ့အစည်းက လုချန်းပေ့နဲ့ ချစ်ကြည်ရေးတစ်ခု တည်ဆောက်ချင်ရုံပါပဲ။ ကျုပ်တို့ ပူးပေါင်းမှုနဲ့ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက မိစ္ဆာဝေဟင်မျှော်နန်းကို အပြည့်အဝပံ့ပိုးပေးဖို့ ဆန္ဒရှိပါတယ်။ ရွှေကြာနယ်မြေ၊ အနီရောင်ကြာနယ်မြေ ဒါမှမဟုတ် အနက်ရောင်ကြာနယ်မြေမှာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက စိတ်ရင်းစစ်မှန်နေမှာပါ” ကျန်းကျို့လီက ပြောလိုက်၏။
လုကျိုးသည် ဤလောက၌ စစ်မှန်မှုမရှိမှန်းသိသည်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းသည် သူ့ကို အနိုင်ရချင်ရုံသာရှိ၏။ သို့သော် သူတို့၏လက်ဆောင်များက စစ်မှန်ဖို့လုံလောက်မှန်း ဝန်ခံရပေမည်။
လုကျိုးက မုတ်ဆိတ်သပ်လျက် ပြောလိုက်၏။
“ဒါဆို ရှန်ရှီ”
“ဒါ အသေးအမွှားပါပဲ။ ရှန်ရှီက အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှာ ခံစားခဲ့ရတယ်။ သူ နောက်ထပ်သခင်တစ်ယောက်ရှာသွားတာ အခု ကျွန်တော်တို့အတွက် ဆုံးရှုံးမှုပါပဲ။ လူတိုင်းမှာ ကိုယ်ပိုင်ရည်မှန်းချက်ကိုယ်စီရှိကြတယ်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ဒီကိစ္စကို လိုက်ဖို့ ရည်ရွယ်ချက်မရှိပါဘူး” ကျန်းကျို့လီက ပြောလိုက်၏။
လုကျိုးသည် ရှားကျန်းရုန်က အလွန်စိတ်ရင်းစစ်မှန်နေတာကို ဝန်ခံရပုံပေါ်သည်။ ရှားကျန်းရုန်သည် သူ၏ပထမအကြီးအကဲနှင့် စီရင်သူကို ကျော်သွားရုံသာမက သူ၏ လက်အောက်ငယ်သား ခေါ်သွားခံရတာကိုတောင် သည်းခံနေ၏။
ထိုစဉ် မုန့်ချန်းတုံက ခန်းမထဲအမြန်ဝင်လာပြီး ဦးညွှတ်ကာ ပြောလိုက်တော့သည်။ “မျှော်နန်းသခင် အဖြူရောင်မျှော်စင်အဖွဲ့အစည်းက ဒီကို တမန်တော်တစ်ယောက်လွှတ်လိုက်ပြီး မျှော်နန်းသခင်နဲ့ တွေ့ခွင့်တောင်းနေပါတယ်”
“အဖြူရောင်မျှော်စင်အဖွဲ့အစည်းလား” ယွီကျန့်ဟိုင်က မျက်မှောင်ကျုံ့လျက် ပြောလိုက်၏။ “ဒီနေ့ တကယ်စည်ကားနေတာပဲ”
“သူတို့ကို ဒီခေါ်လာခဲ့”
“နားလည်ပါပြီ”
ထိုစဉ် ကျန်းကျို့လီသည် မုန့်ချန်းတုံ၏စကားကို ကြားသောအခါ မျက်မှောင်ကျုံ့မိသွား၏။ စိတ်ထဲတွင်မူ အဖြူရောင်မျှော်စင်အဖွဲ့အစည်းကို ကျိန်ဆဲနေမိသည်။
မုန့်ချန်းတုံက ခန်းမထဲ ဝတ်ရုံဖြူဆယ်ယောက်ကျော်ဦးဆောင်လာသည်နှင့် ကျန်းကျို့လီ၏ အမူအရာက ပြောင်းသွား၏။
“မင်းလား ပီရှော”
ဦးဆောင်လာသည့်ဝတ်ရုံဖြူကျင့်ကြံသူ ပီရှောက အပြုံးတစ်ပွင့်ဖြင့် ခန်းမထဲလျှောက်လာ၏။ သူက ကျန်းကျို့လီကို လျစ်လျူရှုပြီး လုကျိုးဖက် လက်သီးဆုပ်မိုးလိုက်၏။
“အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ စီရင်သူ ပီရှောက လုချန်းပေ့ကို နှုတ်ခွန်းဆက်ပါတယ်”
လုကျိုးသည် ပီရှော၏နာမည်က ရယ်စရာကောင်းသည်ဟု ခံစားမိသည်။
ပီရှောက ဆက်ပြောလိုက်၏။ "အဖြူရောင်မျှော်စင်အဖွဲ့အစည်းက အရင်တုန်းက လုချန်းပေ့နဲ့ နားလည်မှုလွဲမှားတာ တချို့ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီကိစ္စကို ဖြေရှင်းဖို့ ရောက်လာတာပါ။ နန်ကုန်းယွီထျန်းနဲ့ ရွှီချန်းတို့က လုချန်းပေ့ကို အရင်ရန်စခဲ့တာပါ။ ဒါကြောင့် သူတို့ သေသင့်တယ်။ ဒီငယ်သားက လုချန်းပေ့ စိတ်ကျေနပ်စေဖို့ မျှော်လင့်ပြီး လက်ဆောင်တချို့ သယ်လာပါတယ်”
သူတို့စကားတွေက ဘာကြောင့် တူနေတာလဲ။ စီစဉ်ထားတာလား။ ကျန်းကျို့လီက ရယ်မောပြီးနောက် ပြောလိုက်၏။
“ပီရှော မင်း တကယ်အရှက်မဲ့တာပဲ။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက မူလမဟုတ်တော့ ငါတို့ကို ကူးနေတာလား”
“မင်းကို ကူးတာလား” ပီရှောက ပြောလိုက်၏။
“ကျန်းကျို့လီ ဒီနေရာက မင်း စိတ်တိုင်းကျ ပြုမူနိုင်တဲ့နေရာမဟုတ်ဘူး။ ဒီနေ့ လုချန်းပေ့နဲ့ မိတ်ဆွေဖွဲ့ဖို့ ဒီနေရာရောက်လာတာ။ ငါ မင်းအဆင့်နဲ့နှိမ့်ဖို့ ရည်ရွယ်ချက်မရှိဘူး”
ကျန်းကျို့လီက လုကျိုးဖက် လှည့်ပြောလိုက်၏။
“လုချန်းပေ့ အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ စစ်မှန်မှုကို ချန်းပေ့ခံစားမိမယ်လို့ ယုံပါတယ်။ ဒီကိစ္စကို ချန်းပေ့ ဂရုတစိုက်စဉ်းစားပေးဖို့ မျှော်လင့်ပါတယ်”
ပီရှောက ကျန်းကျို့လီကို လျစ်လျူရှူထား၏။ ထိုအစား သူ၏လူများကို သေတ္တာ ဖွင့်ခိုင်းလိုက် သည်။
သေတ္တာထဲတွင် အဆောင်များ၊ ကျင့်ကြံသူများအတွက် အကျိုးဖြစ်ထွန်းစေသည့် ဆေးလုံးများနှင့် ကုန်ကြမ်းတချို့ပါသည်။
“ကျွန်တော်တို့ရဲ့စိတ်ရင်းစစ်မှန်မှုကို ပြဖို့အတွက် အဖြူရောင်မျှော်စင်အဖွဲ့အစည်းက မီးဝိညာဉ်ကျောက်တုံးဆယ်တုံး၊ မီးတောင်ထွက်ကျောက် အဆီအနှစ်တစ်ခုနဲ့ ကောင်းကင်သန့်စင်ရေး ပန်းဆေးလုံးဆယ်လုံးပေးဖို့ ဆန္ဒရှိပါတယ်” အဆုံးကျ ပီရှော၏လေသံသည် ဂုဏ်ယူဝင့်ကြွားမှုတိုးလား၏။ သူက ဆက်ပြောလိုက်၏။
“ကောင်းကင်သန့်စင်ရေး ပန်းဆေးလုံးက အဖြူရောင်မျှော်စင်အဖွဲ့အစည်းအတွက် ထူးခြားပါတယ်။ သူတို့က မွေးဖွားဇယားချပ် စွမ်းအားကို တိုးစေပါတယ်”
ယခုအချိန်တွင် ကျန်းကျို့လီ၏အမူအရာသည် တောင့်တင်းသွား၏။ အဖြူရောင်မျှော်စင် အဖွဲ့အစည်းသည် သူတို့ကိုယ်သူတို့ မညှာတာပေ။ ၎င်းတို့သည် သာမန်မွေးဖွားဇယားချပ် နှလုံးသား နှစ်ခုနှင့် ညီမျှ၏။
ပီရှောက ကျန်းကျို့လီကို လှောင်ပြုံးဖြင့် ကြည့်ပြီးနောက် လုကျိုးဖက်လှည့်ပြီးပြောလိုက်၏။
“ကျေးဇူးပြုပြီး ဒီပစ္စည်းတွေကို လက်ခံပေးပါ လုချန်းပေ့”