← Chapters

အခန်း (၁၀၁၈-၁၀၂၀)

Vol. 68 Ch. 1018-1020

အခန်း (၁၀၁၈-၁၀၂၀)

Vol. 68 Ch. 1018-1020

အခန်း (၁၀၁၈) တရားမျှတမှုကို ရှာဖွေခြင်း

ပီရှောက အနက်ရောင်မျှော်စင်မှ ယူလာသည့် သေတ္တာများကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။ ကမ္ဘာရှိအရာအားလုံးက အကျိုးအမြတ်အတွက်သာ ဖြစ်၏။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက ဤသို့အမှိုက်မျိုးကို ထုတ်လာရဲသည့် သတ္တိရှိမည်လား။ ပုံမှန်အားဖြင့် သူက သူ့အတွေးများကို ထုတ်ပြောမည်မဟုတ်ဘဲ စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိမ့်မည်။

လုကျိုးက အနက်ရောင်မျှော်စင် အဖွဲ့အစည်းမှ ယူလာသည့် ပစ္စည်းများသည် သာမန်ဖြစ်ပြီး တန်ဖိုးမရှိကြောင်း ခံစားမိ၏။ တခြားတစ်ဖက်တွင် အဖြူရောင်မျှော်စင် အဖွဲ့အစည်း၏ လက်ဆောင်က အတော်လေး အဖိုးတန်လှသည်။ သူတို့က သူ့အား မီးတောက် စိတ်ဝိညာဥ်ကျောက်တုံး ဆယ်တုံး ပေးခဲ့၏။ အကယ်၍ သူသာ ပြိုင်ဘက်ကင်းအဆင့် လက်နက် ၁၀ခု ရှိထားလျှင် သူ့အား လွှမ်းမိုးအဆင့် လက်နက် ၃ခုပေးခြင်းနှင့် ညီမျှသည်။ ပို၍ အရေးကြီးသည်က ပိုမိုရှားပါးလှသည့် မီးတောင်ထွက် အဆီအနှစ်ပါ ပါဝင်လာသည်။

ခဏလေးနေပါအုံး။ ငါက ဒီလိုသေးငယ်တဲ့ အရာလေးကြောင့် စိတ်လှုပ်ရှားမိသွားတာလား ...

ကျန်းကျို့လီက အရူး မဟုတ်ပေ။ သူက တစ်ဖက်လူ ယူဆောင်လာသည့် ပစ္စည်းများကို မြင်သည့်အခါ ဦးညွှတ်ပြီး ပြောလိုက်၏။

"လုချန်းပေ့ ကျုပ် မေ့သွားလို့ပါ။ မျှော်စင်သခင်ရှားက လုချန်းပေ့ လိုအပ်လာတဲ့အခါ မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးနဲ့ မီးတောင်ထွက် အဆီအနှစ်တွေကို ပေးဖို့ ပြောထားပါတယ်”

ပီရှောက ဝင်ပြောလိုက်သည်။

"သူက အလေးအနက် မဟုတ်ဘဲနဲ့ တခြားရည်ရွယ်ချက်တွေရှိတယ်ဆိုတာ သိသာနေတာပဲ။ အဲဒါကြောင့် ဒီပစ္စည်းတွေနဲ့ ရောက်လာတာပေါ့”

"ငါက မလေးနက်ဘူးဆို မင်းက လေးနက်လို့လား။ အဖြူရောင်မျှော်စင် အဖွဲ့အစည်းမှာ မီးတောက်ထွက် အဆီအနှစ်တွေ အများကြီးရှိတယ်ဆိုတာ ဘယ်သူက မသိဘဲ နေလို့လဲ။ ပြီးတော့ မင်းက တစ်ခုပဲ ပေးတာလေ။ ဒါကို လေးနက်တယ်လို့ ခေါ်တာလား” ကျန်းကျို့လီက ပြန်လည်ချေပလိုက်၏။

ထို့နောက် သူက ဦးညွှတ်ကာ ပြောလိုက်သည်။

"အနက်ရောင်ကြာနယ်မြေနဲ့ အဖြူရောင်ကြာနယ်မြေက ပင်လယ်ခြားပြီး တစ်ခုနဲ့ တစ်ခုနဲ့ မျက်နှာချင်းဆိုင် ရှိနေတာပါ။ ၂ဖက်လုံးက တူညီတဲ့ မြေအနေအထားကို ရှိကြပေမဲ့ အရင်းအမြစ် ကွာဟချက်က အတော်လေး ကြီးမားပါတယ်။ သူတို့ဘက်အခြမ်းက မီးတောင်ထွက် အဆီအနှစ်တွေ ပိုထွက်တယ်”

"ရှေးခေတ်အချိန်ကတည်းက ချမ်းသာတဲ့သူနဲ့ ဆင်းရဲတဲ့သူဆိုပြီးတော့ ရှိတာပဲ။ ဆင်းရဲလို့ တခြားသူတွေကို ဘယ်လိုလုပ် အပြစ်တင်နေရတာလဲ” ပီရှောက တုံ့ပြန်လိုက်သည်။

"မင်းက မင်းရဲ့ ချမ်းသာမှုရဲ့ အနည်းငယ်ကိုပဲ လက်ဆောင်ပေးတာလေ။ ဒါပေမဲ့ ဆင်းရဲနေပေမဲ့ ငါက ငါတတ်နိုင်သမျှ အကုန်ပေးခဲ့တာ။ လုချန်းပေ့က ငါတို့ ဘယ်သူက လေးနက်တယ်ဆိုတာကို ဆုံးဖြတ်ပေးနိုင်မှာပါ”

"..."

ယွီကျန့်ဟိုင်၊ အစောင့်အရှောက်နှင့် အကြီးအကဲ ၄ဦးက ကြောင်အမ်းသွားကြသည်။

သူတို့က ဘာလို့မျက်နှာသာရဖို့ ပြိုင်ဆိုင်နေတဲ့ပုံ ပေါ်ပါလိမ့် ...

"တော်သင့်ပြီ” လုကျိုးက ပြောလိုက်သည်။

တည်တံ့ရေးခန်းမက တိတ်ဆိတ်သွားလေ၏။

ကျန်းကျို့လီနှင့် ပီရှောတို့က အချင်းချင်း အငြင်းမပွားကြတော့ဘဲ ရိုရိုကျိုးကျိုး ဦးညွှတ်လိုက်ကြသည်။ ဤသည်က လုကျိုး၏ ပိုင်နက်ဖြစ်၏။ အကဲဖြတ်သူ အနေအထားအောက်တွင် ကလေးလိုမျိုး ငြင်းခုံနေခြင်းက အဓိပ္ပာယ်မရှိပေ။

လုကျိုးက ထရပ်ကာ လှေကားမှ ဆင်းလာပြီး ထိုသံတမန် ၂ဦးကို ကြည့်လိုက်သည်။

"မင်းတို့ရဲ့ လေးနက်မှုကို မြင်ရပါတယ်။ ဒီလက်ဆောင်တွေကို လက်ခံထားလိုက်မယ်။ မိတ်ဆွေဖြစ်ဖို့ အတွက်ကတော့ ငါ စဥ်းစားထားလိုက်ပါ့မယ်။ မင်းတို့တွေ သွားလို့ရပြီ”

ပီရှောက ကြောင်အမ်းသွား၏။ သူက အသိပြန်ဝင်လာသည့်အခါ ပြောလိုက်သည်။

"လုချန်းပေ့ တကယ်လို့ဖြစ်နိုင်မယ်ဆိုရင် အဖြူရောင်မျှော်စင် အဖွဲ့အစည်းကို ဧည့်သည်အဖြစ် ဖိတ်ခေါ်ချင်ပါတယ်။ ပြီးတော့ နဥ်ဝမ်ချင်း ... "

ကျန်းကျို့လီက ဖြတ်ပြောလိုက်သည်။

"အနက်ရောင်မျှော်စင် အဖွဲ့အစည်းကလည်း လုချန်းပေ့ကို ဧည့်သည်အဖြစ်နဲ့ ဖိတ်ကြားချင်ပါတယ်။ အဲဒီအချိန်ကျရင် မျှော်စင်သခင်ရှားကလည်း ကိုယ်တိုင်ကိုယ်ကျ လုချန်းပေ့ကို လာရောက်တွေ့ဆုံ ဧည့်ခံပေးမှာပါ။ မျှော်စင်သခင်လန်ကတော့ အဲဒီလို လုပ်နိုင်ပါ့မလား မသိဘူး”

ပီရှော "..."

ထိုစကားများက လုကျိုး၏ သိချင်စိတ်ကို နှိုးဆွလိုက်နိုင်၏။

"ကျန်းကျို့လီ တကယ်လို့ မင်း ပြောစရာရှိတယ်ဆိုရင် ပြောလိုက်။ ကွေ့ပတ်မနေနဲ့”

ကျန်းကျို့လီက ပြောလိုက်၏။

"အဖြူရောင်မျှော်စင် အဖွဲ့အစည်းရဲ့ မျှော်စင်သခင် လန်ရှီဟယ်က အပြင်လူတွေနဲ့ မတွေ့ဘူးလို့ ကြားမိတယ်။ သူမက အထက်ပိုင်းမျှော်စင်ကိုပဲ စီမံခန့်ခွဲပြီးတော့ အောက်ပိုင်းမျှော်စင် အဖွဲ့သားတွေက သူမကို မြင်တောင် မမြင်ဖူးကြဘူး။ ဟိုးအစောပိုင်းနှစ်တွေတုန်းက အနက်ရောင်မျှော်စင် အဖွဲ့အစည်းက လာရောက်တွေ့ဆုံတဲ့ အခါမှာတောင် သူမနဲ့ မတွေ့ခဲ့ရဘူး”

"မျှော်စင်သခင်ရှားက သူမကို မတွေ့ဖူးဘူးလား” လုကျိုးက မေးလိုက်သည်။

"မတွေ့ဖူးပါဘူး”

ကျန်းကျို့လီက ပြောလိုက်၏။

"မျှော်စင်သခင်လန်က ကြီးကျယ်မြင့်မြတ်တော့ သာမန်လူတွေက ဘယ်လိုလုပ် တွေ့ခွင့်ရပါ့မလဲ။ သူမ အပြင်ထွက်တိုင်းလည်း ရထားလုံးပျံထဲမှာ နေတာ။ ပြီးတော့ ရန်သူတွေဆိုလည်း လက်တစ်ချက် ဝှေ့ရုံနဲ့ သတ်နိုင်တယ်ဆိုတော့ ဘယ်သူကများ သူမကို စိတ်အနှောင့်အယှက် ပေးရဲမှာလဲ”

ပီရှောက ဝင်ပြောလိုက်သည်။

"ကျန်းကျို့လီ မင်းက အပြင်လူပဲ။ မင်းက အဖြူရောင်မျှော်စင် အဖွဲ့အစည်းကို အကဲဖြတ်ပိုင်ခွင့် ရှိလို့လား။ လုချန်းပေ့ မျှော်စင်သခင်လန်က အပြင်လူတွေနဲ့ မတွေ့ဘူးဆိုတာကတော့ အမှန်ပါ။ ဒါပေမဲ့ မောက်မာမှုကြောင့် မဟုတ်ပါဘူး။ သူမက နေရောင်ကို သဘောမကျလို့ပါ။ မျှော်စင်သခင်လန်က အမည်မသိကုန်းမြေကို သွားပြီးတော့ ရေခဲအအေးဓာတ် အတွင်းဒဏ်ရာကို ခံစားခဲ့ရပါတယ်။ သူမ ပြန်ကောင်းလာပြီးတဲ့နောက်မှာ သူမက နေရောင်ကို မုန်းတီးသွားပါတယ်။ လုချန်းပေ့က နားလည်ဖို့ မျှော်လင့်ပါတယ်”

ကျန်းကျို့လီက ရယ်မောကာ ပြောလိုက်သည်။

"ဘယ်သူက မင်းစကားကို ယုံမှာလဲ။ ဧည့်သည်တွေက ခန်းမထဲ ပြပွဲလုပ်နေတာလား။ ခန်းမထဲမှာ နေရောင် ဘယ်မှာရှိလို့လဲ”

"..."

ပီရှောက ပစ်မှတ်ထားခံရ၍ စိတ်တိုလာမိသည်။

လုကျိုးကပင် ဆွံ့အနေမိ၏။ ကျန်းကျို့လီက မြေကမ္ဘာပေါ်မှ အင်တာနက်ရူးများနှင့် တူလေသည်။ မည်သို့ပင်ဆိုစေကာမူ ကျန်းကျို့လီ ပြောသည်က အချက်အလက်ကျ၏။

ပီရှောက စိတ်တိုလာမိသည်။

"အဲဒီလို မဟုတ်ရပါဘူး။ လုချန်းပေ့ လာလည်မယ်ဆိုရင်တော့ မျှော်စင်သခင်လန်က သေချာပေါက် ဧည့်ခံမှာပါ”

ကျန်းကျို့လီက ဆွံ့အသွား၏။

ထိုအချိန်တွင် ၂ဖက်လုံးက တူညီနေသည်။ ဆုံးဖြတ်ချက်က လုကျိုး၏ လက်ထဲတွင် ရှိနေ၏။

လုကျိုးက ခေတ္တမျှ စဥ်းစားပြီးသည့်နောက်တွင် ပြောလိုက်သည်။

"မင်းတို့ရဲ့ လေးနက်မှုကိုတော့ မှတ်ထားပါ့မယ်။ မင်းတို့ နှစ်ယောက်လုံး သွားလို့ ရပြီ”

ကျန်းကျို့လီနှင့် ပီရှောတို့က လုကျိုးသည် ထိုကိစ္စကို ထည့်သွင်းစဥ်းစားမည်ဖြစ်ပြီး နဥ်ဝမ်ချင်းကိုမူ လွှတ်မပေးနိုင်သေးကြောင်း သေချာသွားသည်။

လုကျိုးက ပြောလိုက်သည်ဖြစ်သည့်အတွက် အဘယ့်ကြောင့် ဆက်နေရဲမည်နည်း။

"ကျေးဇူးပြု၍ ကြွပါ " မုန့်ချန်းသုံက လက်ဟန်ပြလိုက်သည်။

"နှုတ်ဆက်ပါတယ်”

လုကျိုးက ကျန်းကျို့လီထံ ပြောလိုက်သည့်အခါ ၂ဦးသားက လှည့်ကြည့်လာကြသည်။

"မင်း စောစောလေးက မင်းပြောလိုက်တဲ့ မီးတောင်ထွက် အဆီအနှစ်က ... "

ကျန်းကျို့လီက ခေါင်းညိတ်ကာ "အာ လုချန်းပေ့ မစိုးရိမ်ပါနဲ့။ နောက် ၃ရက်အတွင်း တံခါးဝရှေ့ လာပို့ပေးပါ့မယ်”

အနက်ရောင်မျှော်စင် အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်းတို့၏ အကဲဖြတ်သူ ၂ယောက် ထွက်သွားကြလေသည်။ လုကျိုးက သေတ္တာဆီ လျှောက်လှမ်းလာကာ မီးတောင်ထွက် အဆီအနှစ်နှင့် ကောင်းကင်သန့်စင်ရေး ပန်းပွင့်ဆေးလုံးကို ထုတ်ယူလိုက်သည်။ ကံဆိုးစွာဖြင့် များများစားစား မရှိခဲ့ပေ။ ကျန်းကျို့လီက အဖြူရောင်မျှော်စင် အဖွဲ့အစည်းတွင် မီးတောင်ထွက် အဆီအနှစ် မြောက်မြားစွာ ရှိကြောင်း ပြောခဲ့၏။ သူက ယခုအခါ ၁၁ခုမျှသာ ရှိထားသည့်အတွက် အခု ၁၀၀ရဖို့ ခက်ခဲလိမ့်မည်။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက အလွန်ဆုံး တစ်ခုသာပေးလိမ့်မည်။

ခဏအကြာတွင် သူက ပြောလိုက်၏။

"ဒါတွေကို ကောင်းကင်စူးစမ်းရှာဖွေရေး ခုံရုံးဆီ ပို့ပေးလိုက်"

"ဟုတ်ကဲ့"

ရှန်ရှီက သေတ္တာများကို ယူဆောင်သွားပြီးသည့်နောက်တွင် ယွီကျန့်ဟိုင်က မေးလိုက်သည်။

"ရှစ်စွင်း အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းက ကျွန်တော်တို့ကို သူတို့ဖက်ပါအောင် ခေါ်ဖို့ ကြိုးစားနေကြတာပဲ။ ဘက်ရွေးဖို့ စဥ်းစားထားလား”

"ဟင့်အင်း" လုကျိုးက ပြောလိုက်သည်။

ဖန်လီထန်းက ပြုံးကာ ပြောလိုက်၏။

"မျှော်နန်းသခင်က ဉာဏ်ကြီးတယ်။ သူတို့တွေ တိုက်ခိုက်နေမှတော့ ကျုပ်တို့က အကျိုးအမြတ်ကို ရိတ်သိမ်းနိုင်တာပေါ့။ သူတို့သာ ပဋိပက္ခဆက်ဖြစ်နေရင် မိစ္ဆာဝေဟင်မျှော်နန်းကိုလည်း သတိထားရလိမ့်မယ်”

ကျော့ယွီရှုကလည်း ပြောလိုက်သည်။ "အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းကြားက ပဋိပက္ခက အတော်လေးကို နက်ရှိုင်းတယ်။ ဒီမတိုင်ခင်ကတည်းက နှစ်ဖက်လုံးက တစ်ယောက်နဲ့ တစ်ယောက်နဲ့ စောင့်ကြည့်နေကြတာ။ အခု သူတို့က အစ်ကိုကြီးမှာ မွေးဖွားဇယားချပ် ၁၂ခု ရှိပြီဆိုတာကို သိထားမှတော့ မျှချေက ပျက်စီးသွားမှာကို စိုးရိမ်နေကြတာလေ”

လုကျိုးက ပြောလိုက်၏။

"ဒါပေမဲ့ ရူးအပြီး မသိတတ်တဲ့သူတွေလည်း ရှိနေအုံးမှာပဲ”

"အစ်ကိုကြီးက အလင်းနဲ့ အမှောင် မဟာမိတ်အကြောင်းကို ပြောချင်တာလား” ကျော့ယွီရှုက ပြောလိုက်သည်။

ဖန်လီထန်းက ပြောလိုက်၏။

"ဘယ်သူ ဖြစ်နိုင်အုံးမှာလဲ”

ထို့နောက် သူက ဦးညွှတ်က ကျယ်ကျယ်လောင်လောင် ပြောလိုက်၏။

"ဒီလူအိုကြီးက မျှော်နန်းသခင်နောက်လိုက်ပြီး အလင်းနဲ့ အမှောင် မဟာမိတ်ဆီ တရားမျှတမှု တောင်းခံရာမှာ လိုက်ချင်ပါတယ်”

ဟွားဝူတောက်ကလည်း ဝင်ပြောလိုက်သည်။

"အလင်းနဲ့ အမှောင် မဟာမိတ်က အပြစ်မဲ့တဲ့သူရာချီကို သတ်ဖြတ်ပစ်ခဲ့တယ်။ သူတို့က သားရဲတွေထက် မပိုဘူး။ ကျုပ်လည်း မျှော်နန်းသခင်နောက်ကနေ အလင်းနဲ့ အမှောင် မဟာမိတ်ဆီ လိုက်ချင်ပါတယ်”

ကျန်ရှိနေသည့် အကြီးအကဲ ၂ဦးက ပြောတော့မည့်ဆဲဆဲတွင် လုကျိုးက ပြောလိုက်၏။

"အဲဒီမှာ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတွေနဲ့ ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူတွေ ရှိတယ်။ အခု အနက်ရောင်မျှော်စင် အဖွဲ့အစည်းက မွေးဖွားဇယားချပ် သားရဲတွေကို သိမ်းပိုက်မထားတော့ဘူးဆိုတော့ ခင်ဗျားတို့အားလုံး ကျင့်ကြံဆင့်ကို မြှင့်တင်ဖို့ အခွင့်ကောင်းပဲ”

တခြားနည်းဖြင့် ပြောရလျှင် သူတို့လိုက်လာပါက ဝန်ထုပ်ဝန်ပိုး ဖြစ်လိမ့်မည်။

အကြီးအကဲ ၄ဦးက သူတို့၏ အမြင်ကျယ်လိုကြသော်လည်း သူတို့၏ ကျင့်ကြံဆင့်ကို အမှတ်ရသွားသည့်အခါ လက်လျှော့လိုက်ကြသည်။

ထိုစဥ် လုကျိုးက အတွေးနက်နေမိ၏။ သင်္ကေတလမ်းကြောင်းက သွားလာဖို့အတွက် အမြန်ဆန်ဆုံး လမ်း ဖြစ်ပေသည်။ ကြည့်ရသည်မှာ သင်္ကေတ ဆရာသခင် တစ်ယောက်ကို ခေါ်ယူဖို့က သူ့အတွက် အရေးကြီးနေဟန်ပေါ်၏။ သို့သော်လည်း သင်္ကေတဆရာသခင် ရှားပါးမှုကြောင့် သူတို့၏ အဆင့်အတန်းက အတော်လေး မြင့်မားကာ တစ်စုံတစ်ယောက်ကို ခေါ်ယူဖို့ မလွယ်လှပေ။

စီးဝူယာ့က ဉာဏ်ကောင်းကာ လေ့လာခြင်းမှာ တော်သော်လည်း သူက တခြားအရာများနှင့် ပိုမိုသင့်တော်လှသည်။ သူ့ကို သင်္ကေတလမ်းကြောင်း လေ့လာခိုင်းထားသည်က နှမြောစရာ ကောင်းလှ၏။

သိပ်မကြာခင် မုန့်ချန်းသုံက ခန်းမအတွင်း ပြန်လည်ရောက်ရှိလာသည်။ သူက ဦးညွှတ်ကာ ပြောလိုက်၏။

"မျှော်နန်းသခင် … သတ္တမ သခင်လေးက သင်္ကေတလမ်းကြောင်း ပြီးမြောက်သွားပြီဆိုတာကို တင်ပြဖို့ ရောက်လာပါတယ်”

…

အခန်း (၁၀၁၉) အနက်ရောင်ကြာနယ်မြေသို့ ခရီးနှင်ခြင်း

လုကျိုးက ခေါင်းအသာညိတ်လိုက်လေ၏။ သူ ထိုအကြောင်းကို စဉ်းစားချိန်၌ သူ၏ဆန္ဒပြည့်သွားပြီ ဖြစ်သည်။ ကံစမ်းမဲများသာ ထိုအတိုင်းဖြစ်မည်ဆိုလျှင် သူသည် လောကထဲ၌ နံပါတ်တစ် အထွတ်အထိပ်ဖြစ်နေတာ ကြာလောက်ပြီပင်။

ဟွားဝူတောက်က ပြုံးလျက်ပြောလိုက်သည်။

“သတ္တမသခင်လေးက ဒီကဏ္ဍမှာ ထူးချွန်လိမ့်မယ်လို့ မထင်ထားဘူး”

လုကျိုးက ခေါင်းခါလိုက်၏။ “ရှောင်ယွင်ဟယ်ရဲ့အသေးစိတ်အချက်အလက်နဲ့ဆို မခက်ခဲဘူး။ ဒါပေမဲ့ သင်္ကေတပညာရှင်တစ်ယောက် ဖြစ်ပြီး နေရာတိုင်းမှာ တည်ဆောက်နိုင်ဖို့ကတော့ အတော်လေး ခက်ခဲဦးမယ်”

“အစီအရင်ရဲ့ ထိန်းချုပ်မှုတိုင်းအပေါ် သင်္ကေတပညာရှင်ရဲ့ ထိန်းချုပ်မှုက အတော်လေးတိကျတယ်။ တစ်ချိန်တည်းမှာပဲ သူတို့က ကျင့်ကြံဆင့်မြင့်ဖို့လိုတယ်။ အကြီးအကဲကျော့က ဒါအတွက် အလားအလာရှိတယ်လို့ ထင်မိတယ်” ဖန်လီထန်းက ပြောလိုက်၏။

ရွှေကြာနယ်မြေ၌ ကျော့ယွီရှုသည် ကွန်ဖြူးရှပ်ကျောင်း၏ ပါရမီရှင်ဖြစ်သည်။ ကွန်ဖြူးရှပ်ကျောင်းမှ သူမ ထွက်မသွားခဲ့ပါက ကွန်ဖြူးရှပ်ကျောင်း၏ နံပါတ်တစ် သင်္ကေတပညာရှင်ဖြစ်လာလိမ့်မည်။ သူမလက်ထဲရှိ ကောင်းကင်ရစ်ခွေနဂါး တောင်ဝှေးကတောင် ကြောက်မက်ဖွယ်ကောင်းသည်။ ကံဆိုးသည်မှာ ယင်းက အတိတ်ကဖြစ်သည်။ သူမသည် သူမခွန်အားကို ကောင်းစွာ သတိပြုမိသောကြောင့် အမြန်လက်ဝေ့ယမ်းကာ ပြောလိုက်လေ၏။

“ကျွန်မအကြောင်း မေ့လိုက်ပါ။ အစ်ကိုကျိက ကျွန်မကို ခေါ်ထားတာ မဟုတ်ရင် အဲဒီတောင်ထဲမှာ အသက်ကြီးပြီးသေလောက်ရောပေါ့။ ဒီလောကကြီးကို တွေ့ကြုံခွင့် အခွင့်အရေးရမှာ မဟုတ်ဘူး”

တကယ်တော့ အကြီးအကဲလေးဦး၌လည်း ဆင်တူသော အတွေးများရှိသည်။ သူတို့သည် တစ်ခေတ်တစ်ခါက အင်အားကြီးသည့် ပုဂ္ဂိုလ်များဖြစ်ခဲ့ပြီး သူတို့ကျင့်ကြံဆင့်ကလည်း မဆိုးပေ။ သို့သော် သူတို့သည် လက်ရှိခေတ်ကာလ၌ အစွမ်းထက်ဖို့ ဝေးကွာလွန်း၏။ ယင်းက သူတို့အပေါ် စိတ်ပိုင်းဆိုင်ရာပိတ်ဆို့မှုတစ်ခုဖြစ်နေတာ သေချာသည်။

လုကျိုးက ပြောလိုက်၏။

“အားမလျော့နဲ့လေ။ မိစ္ဆာဝေဟင်မျှော်နန်းက အကြီးအကဲလေးယောက်ကို လိုသေးတယ်။ ပြောရရင် ခင်ဗျားတို့က ထိပ်တန်းပါရမီရှင်တွေပဲ ခင်ဗျားတို့တွေမှာ ပြတ်လပ်နေတာ အခွင့်အရေးမဟုတ် အရင်းအမြစ်လည်း မဟုတ်ဘူး။ မရှိခဲ့တာ အချိန်ပဲ”

အကြီးအကဲလေးဦးက ခေါင်းညိတ်လိုက်၏။ သူတို့သည် ပွင့်ချပ်ရှစ်လွှာအဆင့်ကို ကျော်ဖြတ်ခဲ့ပြီး သူတို့သက်တမ်းလည်းတိုးလာခဲ့၏။ ခွန်အားအရာတွင် တပည့်ဆယ်ဦးမှအပ သူတို့ခွန်အားက သိပ်မဆိုးပေ။

နောက်ဆုံး၌ ဟွားဝူတောက်က ပြောလိုက်၏။

“ကျွန်တော် ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကို တတ်နိုင်သမျှ မြန်မြန်ဖွဲ့တည်ဖို့ အကောင်းဆုံးကြိုးစားပါ့မယ်”

အနက်ရောင်မျှော်စင်အဖွဲ့အစည်းသည် မွေးဖွားဇယားချပ်သားရဲများကို အနီရောင်ကြာနယ်မြေတွင် မအုပ်စိုးတော့သောကြောင့် သူတို့သည် အသက်ဓာတ်နှလုံးသားများရရန် ပိုလွယ်ကူလာလိမ့်မည်။ ဒဿမမြောက်ပွင့်ချပ်ဖူးပွင့်သည့်လူ ပိုမိုများပြားလာသည်နှင့်အမျှ မွေးဖွားဇယားချပ်သားရဲများ ပေါ်လာလိမ့်မည်။ ကျင့်ကြံသူများအဖို့ ပိုသန်မာလာသည်ထက် သန်မာလာရန် အချိန်အတိုင်းအတာတစ်ခုပဲ လိုသည်။

“အစ်ကို အနက်ရောင်ကြာနယ်မြေဆီ ဘယ်သူ့ကို ခေါ်သွားဖို့စီစဉ်ထားလဲ” ကျော့ယွီရှုက မေးလိုက်၏။

တကယ်ပင် လုကျိုးသည် ထိုကိစ္စကြောင့် အခက်တွေ့နေ၏။ မိစ္ဆာဝေဟင်မျှော်နန်းမှ အဖွဲ့သားများ သည် တိုက်ပွဲထဲတွင် အသုံးမဝင်သေးခင် အနည်းဆုံး သူတို့၏ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန် ဖွဲ့တည်နိုင်ရမည်ဖြစ်သည်။ သူတို့က စီရင်သူအဆင့်သို့ ရောက်ရန်မလိုအပ် သော်ငြား အနည်းဆုံးတော့ အနက်အစောင့်တစ်ယောက်အဆင့်တွင် ရှိမှာရမည်။ သို့မှသာ သူတို့သည် တစ်ယောက်တည်းတာဝန်ထမ်းဆောင်နိုင်စွမ်းရှိမည်ဖြစ်သည်။ ခဏတဖြုတ်စဉ်းစားပြီးနောက် လုကျိုးက ပြောလိုက်၏။

“ရှန်ရှီနဲ့ ယွီကျန့်ဟိုင်”

“သူတို့ကို ခြိမ်းခြောက်ဖို့ လူနည်းနည်းလောက်ထပ်မခေါ်တော့ဘူးလား” ကျော့ယွီရှုက မေးလိုက်သည်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းသည် ထင်ပေါ်ရန် ဝါကြွားရာ၌ ကောင်းကောင်းမွန်မွန် ဆောင်ရွက်ခဲ့၏။ မိစ္ဆာဝေဟင်မျှော်နန်းအဖို့ ထိုသို့မလုပ်လျှင် အဓိပ္ပာယ်မရှိ ဖြစ်သွားလိမ့်မည်။

သို့သော် ဒုတိယတစ်ခေါက်တွေ့ပြီးနောက် အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်းတို့သည် များစွာကြုံတွေ့ခဲ့ပြီးဖြစ်၏။ မိစ္ဆာဝေဟင်မျှော်နန်းအဖို့ လူများစွာခေါ်သွားခြင်းသည် အဟန့်အတားဖြစ်ဖို့ သက်သေပြသလိုဖြစ်သွားလိမ့်မည်။

“သူတို့နှစ်ယောက်က လုံလောက်ပြီ” လုကျိုးက ပြောလိုက်သည်။

ဖန်လီထန်းက ပြောလိုက်သည်။ "အမှန်ပဲ။ မျှော်နန်းသခင် ဒီမှာရှိနေမှတော့ ဘာလို့ လူတွေ ထပ်လိုဦးမှာလဲ။ မိစ္ဆာဝေဟင်မျှော်နန်းက တခြားပညာရှင်တွေခေါ်သွားရန် သူတို့အတွက် သနားစရာ ကောင်းသွားလိမ့်မယ်”

“မျှော်နန်းသခင်က အမြော်အမြင်ရှိပါပေတယ်” ဟွားဝူတောက်က ဦးညွှတ်ပြီးပြောလိုက်၏။

“စီးဝူယာ့က လိုတာတွေ ပြင်ခိုင်းထားလိုက်။ နှစ်ရက်အတွင်း အနက်ရောင်ကြာနယ်မြေဆီ သွားမယ်”

“နားလည်ပါပြီ”

လူတိုင်း ထွက်သွားပြီးနောက် တည်တံ့ရေးခန်းမထဲ တိတ်ဆိတ်မှု ပြန်လည်ရောက်ရှိလာသည်။

လုကျိုးက စီစစ်ထုတ်နှုတ်ရေးကို ဆက်လက်လေ့လာလိုက်သည်။ စနစ်မျက်နှာပြင်ကို ဖွင့်လိုက်ပြီးနောက် စီစစ်ထုတ်နှုတ်ရေးကတ်ကို ကုသိုလ်မှတ်နှစ်သောင်းဖြင့် ရောင်းချတာ တွေ့လိုက်ရသည်။ သူ ခေါင်းညိတ်လိုက်သည်။ တန်ကြေးက လက်ခံနိုင်သေး၏။ စီစစ်ထုတ်နှုတ်ရေးမှ ရထားသည့် ကုန်ကြမ်းများက အလွန်တန်ဖိုးရှိသည်။ ထို့ကြောင့် တန်ကြေးက ကျိုးကြောင်းသင့်သည်။ သူသည် ၎င်းကို စီစစ်ထုတ်နှုတ်ရန်အတွက် နောင်ကျ လက်နက်များပိုစုဆောင်းရမည့်ပုံပေါ်သည်။

ပြီးနောက် လုကျိုးသည် သူ၏သက်တမ်းကို ကြည့်လိုက်၏။ သူ့၌ သက်တမ်းသုံးရာခန့် ကျန်သေးသည်။ ယခင်က သူသည် သက်တမ်းတချို့ပြန်ဖြည့်သွင်းရန် အသက်ဓာတ်နှလုံးသား သုံးရန်ကြိုးစားခဲ့၏။ သို့သော် ယင်းက အသုံးမဝင်ပေ။ တနည်းအားဖြင့် မွေးဖွားဇယားချပ်ကို အသက်မသွင်းရသေးခင် အသက်ဓာတ်နှလုံးသားများသည် သက်တမ်းတိုးရန် အသုံးပြုနိုင်၏။ သို့သော် မွေးဖွားဇယားချပ်တစ်ခု အသက်သွင်းပြီးသည်နှင့် မွေးဖွားဇယားချပ်ပေါ်သာ မူတည်၏။ ပြောရန်မလို မိမိအသက်သွင်းထားသော မွေးဖွားဇယားချပ်အရေအတွက်က မြင့်လေ အဆင့်နိမ့်သော အသက်ဓာတ်နှလုံးသားများက ပိုပြီး အသုံးမကျ ဖြစ်လာသည်။ လူများစွာက အသက်ဓာတ်နှလုံးသားများကို ပြန်လည်အသုံးပြုပြီး အသက်ဓာတ်နှလုံးသားများကို မဖြုန်းတီးကြတာ အံ့ဩစရာမရှိပေ။

နှစ်ရက်ကြာပြီးနောက် အနီရောင်ကြာနယ်မြေ၏ ကောင်းကင်သိုင်းခုံရုံးတွင်ဖြစ်သည်။

မြင့်မြတ်အမွေအနှစ်ခန်းမဆောင်တွင် ဖြစ်သည်။

စီးဝူယာ့၊ ဟွမ်ယွီ၊ ဝမ်တာ့ချွေ့နှင့် ကျန်သည့်သူများရှိနေကာ သူတို့၏လက်ရာကို စိတ်ကျေနပ်စွာ ကြည့်နေလေ၏။

“သတ္တမသခင်လေး သခင်လေးက တကယ်ရှားပါးတဲ့ ပါရမီရှင်ပဲ။ သခင်လေးလိုလူမျိုးကို အရင်က တစ်ခါမှမတွေ့ဖူးဘူး။ ဖြစ်နိုင်တာက အရင်က နောက်ဆုံးတွေ့မိတဲ့လူက လော့ရွှမ်းပဲ။ မင်း ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးရဲ့ ကြီးကြပ်သူလုပ်ပါလား။ ထောက်ခံဖို့ လက်နှစ်ဖက်လုံး မြှောက်ထားတယ်”

“အဟုတ်ပဲ။ ငါက လူတစ်ယောက်ကို အလွယ်တကူ အသိအမှတ်ပြုတတ်တဲ့လူတစ်ယောက် မဟုတ်ပေမယ့် မင်းရဲ့အရည်အချင်းတွေကို ယုံကြည်တယ်”

“ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက ကြီးကြပ်သူတစ်ယောက်လိုတယ်။ ဒီနေရာအတွက် မင်းထက် ပိုသင့်တော်တဲ့လူမရှိဘူး”

လူတိုင်း၏ချီးကျူးမှုနှင့် ရင်ဆိုင်နေရစဉ် စီးဝူယာ့က ခေါင်းခါပြီးပြောလိုက်၏။

“ကျုပ် ဒီလိုလုပ်နိုင်တယ်ဆိုတာက မျှော်စင်သခင်ရှောင်ပေးခဲ့တဲ့ ပုံကြမ်းကြောင့်ပဲ။ တခြားဟာမရှိဘူး။ တခြားသူတွေမှာ ဒီလိုအသေးစိတ်ပုံရှိတယ်ဆိုရင် ပြီးမြောက်အောင် ဆောင်ရွက်နိုင်လောက်တယ်။ ဘာမှ ဂုဏ်ယူစရာမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒါအစပဲရှိသေးတယ်”

လူတိုင်းခေါင်းညိတ်လိုက်၏။ မည်သို့ပင်ဆိုစေ ဤနေရာ၌ သင်္ကေတလမ်းကြောင်းဖန်တီးနိုင်ခဲ့ခြင်းသည် ရွှေရောင်၊ အနီရောင်၊ အနက်ရောင်နှင့် အဖြူရောင်နယ်မြေများအကြား ခေတ်သစ်တစ်ခုကို ဖွင့်လှစ်လိုက်တာ ဖြစ်သည်။ သတင်းပို့ငှက်များနှင့် ရထားလုံးပျံများက အရင်တုန်းက အရာဝတ္ထုများ ဖြစ်လောက်ပေ၏။

ထိုစဉ် စက်ဝိုင်းခြမ်းသဏ္ဌာန်ရေကန်ရှိရာဖက်မှ အသံတစ်သံပေါ်ထွက်လာ၏။

“လုချန်းပေ့ ရောက်လာပြီ”

လူတိုင်းက လှည့်ကြည့်လိုက်၏။ လုကျိုး၊ ယွီကျန့်ဟိုင်၊ ရှန်ရှီနှင့် ထမ်းစင်နှစ်ခုကို သယ်လာသည့် စစ်သည်လေးဦးက လူတိုင်းရှေ့၌ ပေါ်လာသည်။

“နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း၊ တာ့ရှစ်ရှိုး” စီးဝူယာ့က ဦးညွှတ်လိုက်သည်။

“နှုတ်ခွန်းဆက်ပါတယ် လုချန်းပေ့၊ ပထမသခင်လေး”

ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံး၏လူများက ဦးညွှတ်လိုက်သည်။

လုကျိုးက ခေါင်းညိတ်လျက် မုတ်ဆိတ်သပ်ကာ မေးလိုက်၏။

“သင်္ကေတလမ်းကြောင်းက အသင့်ဖြစ်ပြီလား”

“အသင့်ပါပဲ။ ဒါပေမဲ့ နေရာက အဲ့လောက်မတိမကျဘူး။ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက အခြေခံသင်္ကေတစည်းမျဉ်းနဲ့ နည်းလမ်းတွေက ကောင်းကင်စူးစမ်းရှာဖွေရေးကျောင်းတော်က အခြေခံသင်္ကေတ ထွင်းထုခြင်းနည်းလမ်းတွေကို သင်ပြီးပါပြီ။ ရွှေကြာနယ်မြေ ခုနစ်စင်ကြယ်ကျောင်းတော်နဲ့ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးကလည်း သင်္ကေတလမ်းကြောင်းအတွက် အလုပ်လုပ်နေတာပါ။ အရာအားလုံးကို မလိုတော့ဘူးလို့ ယုံကြည်ပါတယ်” စီးဝူယာ့က ပြောလိုက်၏။

လူတိုင်းသက်ပြင်းချလိုက်၏။ ယခင်က သူတို့အားလုံး ကောင်းကင်လွန်း၊ ရေလွန်းနှင့် ရထားလုံးပျံတို့ကို လေ့လာခဲ့ကြ၏။ သင်္ကေတလမ်းကြောင်း ပေါ်ပေါက်လာပြီး ထိုအရာအားလုံးက ခေတ်နောက်ကျသွားမည်ဆိုတာ မည်သူက သိမည်နည်း။

“သိပ်ကောင်းတယ်”

“ရှစ်စွင်း ... တာ့ရှစ်ရှိုးနဲ့ အစောင့်အရှောက်ရှန်ကိုပဲ ရှစ်စွင်းနဲ့အတူ ခေါ်သွားမှာလား” စီးဝူယာ့က သိချင်စိတ်ဖြင့် မေးလိုက်၏။

ယွီကျန့်ဟိုင်က ရှေ့တိုးကာ စီးဝူယာ့၏ပခုံးကို ပုတ်လိုက်သည်။ သူက ပြုံးလျက်ပြောလိုက်သည်။

“ရှစ်တိ မင်း ငါ့ကိုစိတ်ပူနေတာလား”

သူတို့၏ ရှစ်စွင်းရှိနေချိန်၌ ဘာမှ စိတ်ပူစရာမရှိပေ။ သို့သော် စီးဝူယာ့သည် သူ့တာရှစ်ရှိုး၏ခွန်အား မထိန်းချုပ်မှုကို သဘောမကျတာ ဝန်ခံသည်။ အဆုံးကျ သူက ပြောလိုက်၏။

“အမ် … ကျွန်တော် အဲ့လိုဆိုလိုတာ မဟုတ်ဘူးလေ။ တာ့ရှစ်ရှိုးရဲ့ကျင့်ကြံဆင့်နဲ့ဆို စိတ်ပူစရာမရှိပါဘူး”

“အင်း ငါ့ရဲ့လိမ္မာတဲ့ရှစ်တိလေးက ထင်တဲ့အတိုင်းပဲ” ယွီကျန့်ဟိုင်က စီးဝူယာ့၏ပခုံးကို ထပ်ပုတ်လိုက်၏။ စီးဝူယာ့က သူ ပြုတ်ကျတော့မည့်ပမာ ခံစားနေရသည်။

ထိုစဉ် ရှန်ရှီက ယွီရှန်းရုန်၏ ကသောင်းမြေ၌ ရွှီချန်းကို ဓားဖြင့်ပိုင်းဖြတ်ခဲ့တာကို ပြန်တွေးမိပြီး ခေါင်းညိတ်လိုက်၏။ ဒုတိယတပည့်က ထိုမျှ ကြောက်မက်ဖွယ်ကောင်းနေလျှင် ပထမတပည့်က မည်ကဲ့သို့အားနည်းမည်နည်း။

ထိုအတွေးများပေါ်လာပြီး ရှန်ရှီက မဝံ့မရဲဖြင့် တောင်းပန်စကားဆိုလိုက်သည်။

“ကျုပ် ဝန်ထုပ်ဝန်ပိုးဖြစ်တာအတွက် တောင်းပန်ပါတယ်”

“အမ် ... ကျုပ်ဆိုလိုတာ အဲ့လိုမဟုတ်ဘူး” စီးဝူယာ့က အနေခက်စွာပြောလိုက်၏။ သူ ရှင်းပြလေလေ အခြေအနေက ပိုဆိုးလာလေလေဖြစ်သည်။ လုကျိုးက ပြောလိုက်၏။

“ရှင်းပြဖို့မလိုဘူး။ အဆင်သင့်ဖြစ်ပြီဆို သွားမယ်” ပြီးနောက် သူက လှမ်းခေါ်လိုက်၏။ “နတ်ခြင်္သေ့”

လုကျိုးခေါ်လိုက်ချိန်မှစပြီး နတ်ခြင်္သေ့သည် မြင့်မြတ်သော အမွေအနှစ်ခန်းမ၏နောက်ရှိတောင်တွင် နေနေ၏။ ယင်းက ခေါ်သွားရန် အခွင့်အရေးကောင်းဖြစ်သည်။ ယင်းက လိုအပ်လျှင် ၎င်းက အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို ဖြည့်ရန်ကူညီလိမ့်မည်။

သင်္ကေတလမ်းကြောင်းကနေ ဖြတ်သွားရမည်ဖြစ်သောကြောင့် တိကျန်းကို မလိုအပ်ပေ။

သူသည် သူ့ရှစ်စွင်း၏ စိတ်ကိုဖတ်နိုင်သည့်ပမာ စီးဝူယာ့၏မျက်လုံးများ တောက်ပသွား၏။ စီးဝူယာ့က မေးလိုက်၏။

“ရှစ်စွင်း တိကျန်းဘယ်မှာလဲ”

“တိကျန်းက ဒီမှာ။ အချိန်ရှိရင် သူ့ကို ဂရုစိုက်လိုက်ဦး” လုကျိုးက ပြောလိုက်၏။

“နားလည်ပါပြီ” စီးဝူယာ့က ထပ်မမေးတော့ပေ။

လုကျိုးသည် သင်္ကေတလမ်းကြောင်းရှေ့၌ ရပ်ပြီး မြေပြင်ပေါ်ရှိ ပုံသဏ္ဌာန်များနှင့် ပတ်ဝန်းကျင်ရှိ စွမ်းအင်ကျောက်တုံးများကို လေ့လာလိုက်၏။ အနက်ရောင်ကြာနယ်မြေများ၏ သင်္ကေတထွင်းစာများနှင့် ယှဉ်လျှင် သူတို့က ပိုကြမ်းတမ်းမှန်းသိသာသည်။ တောအုပ်ထဲ၌ အလွယ်တကူ ရှာတွေ့ရန် သိသာသည်။ ခဏအကြာတွင် လုကျိုးက ယုံကြည်ချက်ရှိရှိဝင်သွားသည်။ ရှန်ရှီ၊ နတ်ခြင်္သေ့၊ ယွီကျန့်ဟိုင်နှင့် ထမ်းစဉ်ကို သယ်ထားသည့်ကျင့်ကြံသူလေးဦးတို့က လိုက်ပါလာပြီး သင်္ကေတလမ်းကြောင်းဆီ ဝင်သွားလိုက်၏။

ရှန်ရှီသည် အဆောင်တစ်ခုထုတ်ကာ မြေပြင်ပေါ် ခြေမွလိုက်သည်။ ပြီးနောက် သင်္ကတေလမ်းကြောင်းထိပ်သွားပြီးနောက် အလင်းတန်းတစ်ခုကို ဝေဟင်ထဲ ပစ်လွှတ်လိုက်သည်။

အလင်းတန်းပျောက်ကွယ်ပြီးနောက် လုကျိုးနှင့် လူများကို မတွေ့တော့ပေ။

…

အခန်း (၁၀၂၀) တိုက်ဆိုင်လိုက်တာ

ရှန်ရှီ၏ ထိန်းချုပ်မှုအောက်တွင် အားလုံးက သင်္ကေတလမ်းကြောင်းအတွင်း ဝင်ရောက်လိုက်ကြသည်။ သူတို့ဝန်းကျင်တွင် အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး သူတို့၏ အမြင်အာရုံကို ပိတ်ဆို့သွားကြသည်။ သူတို့က စွမ်းအားအမြောက်အမြား ထွက်ပေါ်လာမှုကို ခံစားလိုက်ရသည်။

တစ်ခါတစ်ရံတွင် လုကျိုးက သင်္ကေတလမ်းကြောင်းသည် မိုးမြေမှ လျှို့ဝှက်ဆန်းကြယ်စွမ်းအားတစ်ခုကို ဆွဲသွင်းလိုက်ခြင်း ဖြစ်ကြောင်း တွေးမိ၏။ တစ်ရက်ကျ နောင်အနာဂတ်တွင် လူသားများက သူတို့ကိုယ်ပိုင်စွမ်းရည်ဖြင့် သယ်ယူပို့ဆောင်ဖို့ သင်ယူနိုင်မလားဟု စဉ်းစားနေမိသည်။

ရှန်ရှီက အလင်းစက်ဝန်းအတွင်းရှိ မြေပြင်ပေါ် လက်ဝါးချက်ကို ထားရှိလိုက်သည်။

ထိုစဉ် စွမ်းအားအမြောက်အမြား ထွက်ပေါ်လာ၏။

ယွီကျန့်ဟိုင်က မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

"ဘာမှ မဟုတ်ပါဘူး။ သင်္ကေတတွေက နည်းနည်းကြမ်းတမ်းတော့ လမ်းကြောင်းကို ထိန်းထားမဲ့ ပိုမိုအားကောင်းတဲ့ ကမ္ဘာဦးချီ လိုနေလို့ပါ”

အချိန်တစ်ခု ထိန်းချုပ်ပြီးသည့်နောက်တွင် ရှန်ရှီက ပင်ပန်းလာဟန်ပေါ်သည်။

ထိုအရာကို မြင်ကာ ယွီကျန့်ဟိုင်က ပြောလိုက်သည်။

"ကျုပ် လုပ်လိုက်မယ်"

"အာ ..."

ယွီကျန့်ဟိုင်က ရှေ့ကိုတိုးကာ သင်္ကေတအလင်းစက်ဝန်းဆီ လက်ဝါးဖြင့် ရိုက်လိုက်သည်။

ထိုအရာဖြင့် ထွက်ပေါ်နေသည့် စွမ်းအားက သင်္ကေတ အလင်းဆီ ဆက်လက်ပို့ဆောင်နိုင်လိုက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး ပိုမိုတောက်ပသည့် အလင်းတစ်ခု ထွက်ပေါ်လာသည့်အတွက် မြင်ကွင်းက ယခင်ကလောက် မဆိုးတော့ပေ။ ထိုအရာဖြင့် အရှိန်ကလည်း သိသိသာသာ တိုးမြင့်လာ၏။

ရှန်ရှီက တအံ့တဩဖြင့် ရေရွတ်လိုက်သည်။

"ပထမသခင်လေး အရင်က ဒီသင်္ကေတ လမ်းကြောင်းကို ထိန်းချုပ်ဖူးလား"

"ဟင့်အင်း"

ယွီကျန့်ဟိုင်က ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

"အဲဒါဆို ဘာလို့ ကျုပ်ထက်တောင် ရင်းနှီးနေတယ်လို့ ခံစားရပါလိမ့်"

ရှန်ရှီ၏ အမူအရာက အံဩတကြီး ဖြစ်နေသည်။

"..."

ရှန်ရှီက ယွီကျန့်ဟိုင်ကို ကြည့်လေလေ ပိုပြီးစိတ်ရှုပ်ထွေးလေလေ ဖြစ်နေ၏။

အဆုံးသတ်တွင် ယွီကျန့်ဟိုင်က ပြောလိုက်သည်။

"ဒါက ပါရမီနဲ့ပဲ ဆိုင်မယ် ထင်တယ်"

"ပထမသခင်လေးရဲ့ ပါရမီက တကယ့်ကို အံ့မခန်းပဲ။ ကျုပ်တော့ လေးစားမိပါရဲ့ "

ဆယ့်ငါးမိနစ် ကြာမြင့်ပြီးသည့်နောက်တွင် အလင်းတန်းက ပျောက်ကွယ်သွားလေသည်။

သူတို့က တောအုပ်အတွင်း ရောက်ရှိနေပြီး ကျောက်တုံးတစ်ချို့ ရှိနေလေသည်။ မြေပြင်ပေါ်ရှိ လမ်းကြောင်းက အိုဟောင်းနေသော်လည်း ရှင်းလင်းနေသည်။

ရှန်ရှီက ပြောလိုက်သည်။

"မျှော်နန်းသခင် ကျုပ်တို့‌တွေ အနက်ရောင်ကြာနယ်မြေကို ရောက်ပါပြီ”

"ဒါက အနက်ရောင်ကြာနယ်မြေလား" လုကျိုးက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ သူ့စိတ်ကူးထားမှုအရ အနက်ရောင်နယ်မြေသည် မြင်ကွင်း၌ မြက်ပင်တစ်ပင်မှ မရှိသည့် ကျတ်တီးကုန်းမြေ တစ်ခုသာ ဖြစ်သည်။ ကြည့်ရသည်မှာ သူက အတွေးလွန်နေခြင်းသာ ဖြစ်၏။ ဤနေရာရှိ အသက်ဓာတ်က သူ ထင်ထားသည်ထက် ပိုမိုကြွယ်ဝနေသည်။

"ဒါက တာ့ယွမ်ရဲ့ တောင်ဘက် တောင်ပိုင်းမြေပြန့် ဖြစ်လောက်တယ်။ အဲ့ဒါကြောင့် တောအုပ်က စိမ်းလန်းစိုပြည်နေတာ။ မြင်ကွင်းကလည်း ကောင်းတယ်။‌‌ မျှော်နန်းသခင် ဒီနားတစ်ဝိုက် ကြည့်ချင်သေးလား"ရှန်ရှီက မေးလိုက်သည်။

"မလိုဘူး"

ရွှေကြာနယ်မြေရှိ ခရမ်းဖျော့တောင်နှင့် အလင်းတိမ်တိုက် တောအုပ်လိုမျိုး လှပသည့်အရာများကပင် လုံလောက်နေပေပြီ။ နေရာတစ်ခုက ထူးခြားမနေသရွေ့ သူ့အာရုံကို ဖမ်းစားဖို့ ခက်ခဲနေသည်။

"ဒီနေရာက အလင်းနဲ့အမှောင် မဟာမိတ် ဌာနချုပ်နဲ့ ငါးဆယ်ကီလိုမီတာပဲ ဝေးတယ်။ သိပ်ကြီးမဝေးဘူး။ မျှော်နန်းသခင် အနက်ရောင်ကြာနယ်မြေကို အရင်ဆုံး သွားချင်လား”ရှန်ရှီက မေးလိုက်၏။

"မဟာမိတ်ဆီ သွားမယ်"

"ဟုတ်ကဲ့"

အဖွဲ့က တောအုပ်အထက် ကောင်းကင်၌ ပျံသန်းပြီး အလင်းနှင့်အမှောင် မဟာမိတ် ဌာနချုပ်ရှိရာ ဦးတည်လိုက်ကြသည်။

လမ်းတွင် ရှန်ရှီက ပြောလိုက်၏။

"တာ့ယွမ်က တာ့ထန်ရဲ့ ပတ်လမ်းဆယ်ခုနဲ့ ကွဲပြားတယ်။ အဲ့ဒီအစား ဒီနေရာမှာ စီရင်စုတွေ ရှိတယ်။ တောင်ဘက်အကျဆုံးက အန်းဟိုင်စီရင်စု ရှိပြီးတော့ မြောက်ဘက်အကျဆုံးကတော့ အန်းယန်စီရင်စု ရှိတယ်။ စုစုပေါင်း စီရင်စု ဆယ်ခု ရှိပြီးတော့ နယ်ခြားမျိုးနွယ်စုတွေလည်း ရှိတယ်။ အားလုံးကတော့ တာ့ယွမ်ရဲ့ ခုံရုံးအောက်မှာ ရှိတယ်"

ယွီကျန့်ဟိုင်က သိချင်စွာ မေးလိုက်သည်။

"အနက်ရောင် မျှော်စင်အဖွဲ့အစည်းနဲ့ အလင်းနဲ့အမှောင် မဟာမိတ်တို့က ဒီလောက်တောင် အားကောင်းနေတာ သူတို့က စီရင်စုတွေကို ဘာလို့ မအုပ်စိုးရတာလဲ”

"အနက်ရောင်မျှော်စင် အဖွဲ့အစည်း၊ အလင်းနှင့်အမှောင် မဟာမိတ်နဲ့ တာ့ယွမ်ခုံရုံးတို့က တစ်ယောက်နဲ့ တစ်ယောက် မျှခြေညီနေတာ။ သမိုင်းကြောင်းတစ်လျှောက်မှာ တိုက်ပွဲတွေ အများကြီးဖြစ်ပြီးတော့ သူတို့အဖွဲ့ကြီးသုံးဖွဲ့က အချင်းချင်း စောင့်ကြည့်နေကြတာ။ အနက်ရောင် မျှော်စင်အဖွဲ့အစည်းက အနိမ့်ပိုင်းမျှော်စင် အဖွဲ့သားတွေ ဖြစ်တယ်ဆိုရင်တောင် ပါရမီရှင်တွေကိုပဲ လက်ခံတာ။ အလင်းနဲ့အမှောင် မဟာမိတ်ကကျတော့ အဓိက ဂိုဏ်းအကြီးကြီးတွေ စုစည်းတဲ့ နေရာတစ်ခုလို့ ပြောရမယ်။ အဲ့ဒီနှစ်ခုက တာ့ယွမ်ရဲ့ ခုံရုံးကို အသိအမှတ်ပြုထားတယ်လေ"

....

မနက်ခင်းသုံးနာရီ

ရှန်ရှီက သူတို့ရှေ့‌တွင် ရှိနေသည့် မြင့်မားသော အဆောက်အဦတစ်ခုကို လက်ညိုးထိုးပြပြီး "ဒါက အလင်းနဲ့အမှောင်မဟာမိတ်ရဲ့ ဌာနချုပ်လေ။ ဒါက ဒီတောင်ရဲ့ တောင်ဘက်ပိုင်းမှာ ရှိပြီးတော့ လူဦးရေလည်း အများကြီး ရှိတယ်။ သူတို့တွေက ကမ္ဘာအနှံ့က အဖွဲ့သားတွေ ရှိတယ်။

တစ်ခြားတစ်ဖက်မှာ အနက်ရောင် မျှော်စင်အဖွဲ့အစည်းက ရှုကုန်းမြေရဲ့ ရွမ်ကျန်းမှာပဲ တည်ရှိတယ်။ သူတို့ရဲ့ အရေအတွက်က နည်းပေမဲ့ အားအကောင်းဆုံးပဲ။ တော်ဝင်ခုံရုံးအတွက်ကတော့ ပြောဖို့ မလိုတော့ဘူး။ သူတို့ကတော့ တိုင်းပြည်ရဲ့ ကိစ္စတွေကို အုပ်ချုပ်တယ်”

လုကျိုးက ခေါင်းညိတ်လိုက်သည်။

ရှန်ရှီ၏ မိတ်ဆက်မှုက တိုတောင်းကာ အားကောင်းလှသည်။

သင်္ကေတလမ်းကြောင်းကြောင့် လုကျိုးသည် မည်သည့်နေရာကို ဦးတည်နေမှန်း မသိပေ။ တိကျန်းကို စီးနင်းလျက် ငါးရက်တာ အချိန်ယူခဲ့ရသည့် အဆုံးမဲ့ ပင်လယ်နှင့် မတူဘဲ သင်္ကေတလမ်းကြောင်းက သူတို့ရောက်မလာခင် ဆယ့်ငါးမိနစ်သာ ကြာမြင့်ခဲ့သည်။

ရှန်ရှီက ပြောလိုက်၏။

"မျှော်နန်းသခင် ခဏလောက်စောင့်ပါအုံး။ ကျုပ် သူတို့ကို ပြောလိုက်မယ်”

"သွား"

ရှန်ရှီက ပေဒါဇင်ချီ မြင့်မားသည့် စက်ဝန်းပြတ်ဆီ ဦးတည်လိုက်သည်။ သူက လေထဲတွင် ပျံဝဲရင်း ပြောလိုက်သည်။

"မျှော်နန်းသခင် ရောက်လာပါတယ်"

အစောင့်နှစ်ရောက်က တစ်ယောက်နှင့်တစ်ယောက် တုန်လှုပ်စွာ ကြည့်လိုက်သည်။ သူတို့နှစ်ယောက်အနက် တစ်ယောက်က ပုဆိန်လှံရှည်ကို ချကာ လက်နှစ်ဖက်ယှက်လျက် ပြောလိုက်သည်။

"ခင်ဗျားက မိစ္ဆာဝေဟင်မျော်နန်းရဲ့ သခင်လား"

"မဟုတ်ဘူး။ မျှော်နန်းသခင်က အနီးအနားမှာ ရှိတယ်"

“ညီအစ်ကို ခင်ဗျားကို မယုံတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျုပ်တို့ကို သက်သေပြဖို့ လိုတယ်။ တကယ်လို့ မျှော်နန်းသခင် ဖြစ်တယ်ဆို ချက်ချင်း အကြောင်းကြားပေးပါ့မယ်”

အလင်းနှင့်အမှောင် မဟာမိတ်မှ လူများသည် လုကျိုးနှင့် မရင်းနှီးပေ။ ယဲ့လျိူယွင်၏ သေဆုံးမှုက မဟာမိတ်တစ်ခုလုံးဆီ ပျံ့နှံ့ခဲ့၏။

ရှန်ရှီက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့လက်ထဲတွင် မှင်နက်ရောင် ကြယ်တာယာဒိုင်ခွက်တစ်ခု ပေါ်ထွက်လာသည်။ ထိုအရာက မီတာဒါဇင်ချီ ကြီးမားလာပြီးသည့်နောက်တွင် အဆထောင်ချီ ပိုမိုကြီးမားလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ထိုအရာက လေထုအတွင်း ပျောက်ကွယ်သွားသည်။

အစောင့်များက တုန်လှုပ်သွားကြသည်။

လက်တိုလက်တောင်း ခိုင်းသည့်သူပင် မွေးဖွားဇယားချပ်လေးခု ပိုင်ရှင် ဖြစ်နေသည်။ မိစ္ဆာဝေဟင်မျှော်နန်း အစစ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဒီကိစ္စကို အကြောင်းကြားရမည်သာ ဖြစ်သည်။

"ခဏလောက် စောင့်ပေးပါ"

ထိုသို့ပြောပြီး အစောင့်က လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားလေ၏။

သိပ်မကြာခင် အဆောက်အဦ၏ အနိမ့်ပိုင်းမှ ကျင့်ကြံသူ ဒါဇင်ချီ ပျံသန်းထွက်လာကြ၏။

ခေါင်းဆောင်ဖြစ်သူ ခပ်ထွားထွား လူကြီးက လက်နှစ်ဖက်တွင် တူကြီးကို ကိုင်ဆောင်ထားသည်။

"ရှန်ရှီလား"

ခေါင်းဆောင်က ရှန်ရှီကို မှတ်မိဟန်ပေါ်သည်။

ရှန်ရှီက ပြုံးကာပြောလိုက်၏။

" ဪ သခင်ကျဲကိုး"

ထိုစဉ် လုကျိုးနှင့် ယွီကျန့်ဟိုင်တို့ကလည်း ဖြည်းဖြည်းချင်း ပျံသန်းလာ၏။

ရှန်ရှီကာ ဦးညွှတ်ကာ ပြောလိုက်သည်။

"မျှော်နန်းသခင် ဒါက အလင်းနှင့်အမှောင်မဟာမိတ်ရဲ့ ကျားငါးကောင်ထဲက တစ်ကောင် ဖြစ်တဲ့ သခင်ကျဲပျယ်လီပါ"

လုကျိုးက ခေါင်းညိတ်ကာ မုတ်ဆိတ်သပ်လိုက်ပြီး ကျဲပျယ်လီကို ကြည့်လိုက်သည်။

ခပ်ထွားထွားအသွင်အပြင်ကလွဲ၍ ထိုသူသည် တိုက်ပွဲများစွားကို ဖြတ်ကျော်ထားသည့် လူတစ်ဦးနှင့် မတူပေ။ သူ့ငွေရောင် ချပ်ဝတ်က မျက်စိကို ဖမ်းစားနိုင်၏။

ကျဲပျယ်လီက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။

"ကျုပ်က ကျဲပျယ်လီပါ။ မိစ္ဆာဝေဟင်မျော်နန်းရဲ့ ဂုဏ်သတင်းတွေကို ကြားဖူးတာ ကြာလှပါပြီ။ ကျုပ် နောက်ကို လိုက်ခဲ့ပါ"

လုကျိုးက ပြောလိုက်၏။

"ငါက အယောင်ဆောင် ဖြစ်နေမှာကို မစိုးရိမ်ဘူးလား"

ကျဲပျယ်လီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"အယောင်ဆောင်က အလင်းနှင့်အမှောင် မဟာမိတ်ကို လာရဲတဲ့ သတ္တိရှိမှာ မဟုတ်ဘူး ပြီးတော့ ကျုပ်က ရှန်ရှီနဲ့ ရင်းနှီးပါတယ်”

ကျဲပျယ်လီက ကြွက်သားသာ ရှိပြီး ဦးနှောက်မရှိသည့် လူတစ်ဦးနှင့် တူသော်လည်း ဤသို့ဖြစ်ဟန်မတူပေ။

လုကျိုးက ခေါင်းညိတ်လိုက်၏။

"ရှေ့ကနေ လမ်းပြ "

ကျဲပျယ်လီက ပြောလိုက်သည်။

"လုချန်းပေ့က ဒီကိုရောက်လာတာ ဂုဏ်ယူစရာဆိုတော့ ကျုပ် ကိုယ်တိုင် ဧည့်ခံပါမယ်”

ကျဲပျယ်လီက ရှေ့ဆုံးမှ ဦးဆောင်သွားပြီး အားလုံးက သက်တောင့်သက်သာ လိုက်ပါသွားကြသည်။

အတွင်း အဆောက်အဦများက နီးကပ်စွာ တည်ဆောက်ထားလေ၏။ ထိုအရာများက စစ်ခုန်ပေချန်း၏ နဝမမြောက်ဘုံကျောင်းနှင့် တူညီနေပေသည်။ သို့သော်လည်း အလင်းနှင့်အမှောင် မဟာမိတ်က ပိုမိုကြီးမားနေသည်။ သူတို့က ပျံသန်းရင်း မြေပြင်ပေါ်ရှိ ကျင့်ကြံသူများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

အလင်းနှင့်အမှောင်မဟာမိတ်၏ အဖွဲ့ထဲတွင် ထူးခြားသည့် ကျင့်ကြံသူ၊ စည်းကမ်းထိန်းသိမ်းသူ၊ အဆင့်မြင့်အဖွဲ့ဝင်များမှ လွဲ၍ တခြားသူများကို ပျံသန်းခြင်းမှ တားမြစ်ထားလေသည်။

သိပ်မကြာခင် ကျဲပျယ်လီက ခန်းမကြီးတစ်ခုရှေ့ ရပ်တန့်လိုက်သည်။

ထိုခန်းမဘေးတွင် မီတာ ဒါဇင်ရှိ ရှည်လျားသည့် တိုင်လုံးကြီးများစွာ ရှိလေသည်။ အဆောက်အဦကိုယ်တိုင်ကပင် ကြီးကျယ်ခမ်းနားလွန်း၏။

"ကျေးဇူးပြုပြီး ထိုင်ပါ"

ကျဲပျယ်လီက ခန်းမအတွင်း ဦးဆောင်ခေါ်သွားလိုက်သည်။ လုကျိုး၊ ယွီကျန့်ဟိုင်နှင့် တခြားသူများက အားနာမနေတော့ဘဲ ချက်ချင်း ဝင်ထိုင်လိုက်ကြသည်။ ဒဏ်ရာရရှိသူနှစ်ဦးကသာ လူနာထမ်းစင်ပေါ်ရှိနေလေ၏။

ကျဲပျယ်လီက သူ့လူများကို အခမ်းနားဆုံး ပွဲပြင်ပေးဖို့ အမိန့်ပေးခဲ့သည်။

စားစရာ၊ သေရည် နှင့် အခြားပရိဘောဂ ပစ္စည်းများအလိုက် လိုက်နာရမည့် စည်းကမ်းများ ရှိနေလေသည်။ ထို့နောက် အစေခံများက ပန်းကန်များကို သယ်ဆောင်လာပြီး ထွက်ပေါ်လာသည်။ ထိုအရာက အလွန်အသေးစိတ်ကျလှ၏။

နေ့လည်ရောက်လာသည့်အခါ ပွဲအခမ်းအနားက အဆင့်သင့်ဖြစ်လုနီးပါး ဖြစ်နေ၏။

"ကျုပ်တို့ရဲ့ လစ်ဟာမှုအတွက် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

ရှန်ရှီက ပြောလိုက်၏။

"ဒါတွေအကုန်လုံးက အသေးအဖွဲလေးတွေပါ”

ထိုအချိန်တွင် အိမ်ရှင်နှင့် ဧည့်သည်တို့က ယဉ်ကျေးသည့် စကားဝိုင်းကို ဖလှယ်လိုက်ကြသည်။

လုကျိုးက တုံပြန်ခဲ၏။

ရှန်ရှီနှင့် ကျဲပျယ်လီသာ စကားပြောနေခြင်း ဖြစ်သည်။

သူတို့၏ စကားဝိုင်းအရ လုကျိုးသည် အလင်းနှင့်အမှောင်မဟာမိတ်၏ ကျားငါးကောင်အကြောင်းကို သိခဲ့ရ၏။

လွန်ခဲ့တဲ့ နှစ်သုံးရာက သူတို့ထဲက တစ်ယောက်သည် မဟာလေဟာနယ် စူးစမ်းရှာဖွေရေးကို ပါဝင်ဆင်နွှဲခဲ့ပြီး သေဆုံးခဲ့သည်။ ယဲ့လျိူယွင်က ကျားငါးကောင်မှ တစ်ကောင် ဖြစ်ခဲ့သည်။ ယခု သူက သေဆုံးသွားပြီ ဖြစ်သည့်အတွက် ကျားသုံးကောင်သာ ကျန်ရှိတော့သည်။

အလင်းနှင့်အမှောင်မဟာမိတ်၏ ကျားငါးကောင်က မွေးဖွားဇယားချပ် ရှစ်ခုစီ ရှိထားကြသည်။ ထိုအရာအပြင် သူက ခန္ဓာတည်ဖွဲ့ရေးအဆင့်မှ နတ်ဝိညာဉ်ဝဋ်ကြွေးချေအဆင့် ကျင့်ကြံသူ သောင်းချီ ရှိနေကြောင်း သိခဲ့ရသည်။

အထက်ပိုင်းက နတ်ဝိညာဉ်ဝဋ်ကြွေးချေအဆင့်များ နှင့် ဘုံတစ်ထောင်လေပွေ အဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။

သူတို့၏ အဆင့်များကို လျှော့တွက်၍ မရပေ။

နောက်ဆုံးတွင် ကျဲပျယ်လီက လုကျိုးကို မေးလာခဲ့၏။

"လုချန်းပေ့က ဘာလို့များ ရောက်လာတာပါလဲ"

လုကျိုးက သူ့သေရည်ခွက်ကို ချကာ ပြောလိုက်သည်။

"ဖန်ရော့ကျစ်ကို ငါနဲ့လာတွေ့ဖို့ ပြောလိုက်"

လုကျိုး၏ စကားက အားလုံးကို တိတ်ဆိတ်သွားစေ၏။

အချိန်အတော်ကြာပြီးသည့်နောက်တွင် ကျဲပျယ်လီက မလုံမလဲ ပြုံးကာ ပြောလိုက်သည်။

"လုချန်းပေ့ ကျုပ် အပွင့်လင်းဆုံး ပြောပါ့မယ်။ မဟာမိတ်ခေါင်းဆောင်က လတ်တလောလေးကမှ ထွက်သွားတာပါ”

"‌ဪ တိုက်ဆိုင်လိုက်တာ"

All Chapters