← Chapters

အခန်း (၁၀၂၄-၁၀၂၆)

Vol. 69 Ch. 1024-1026

အခန်း (၁၀၂၄-၁၀၂၆)

Vol. 69 Ch. 1024-1026

အခန်း (၁၀၂၄) မဟာလေဟာနယ် မျိုးစေ့၏ ဒဏ္ဍာရီ

ကျဲပျယ်လီက နဂိုအတိုင်း ရိုးရိုးသားသား ဆက်ရှိနေသည်။

လုကျိုးက ကျဲပျယ်လီကို မကြည့်ပေ။ ထိုအစား သူက လေထဲ ပျံသန်းလိုက်၏။ အခြားလူများကလည်း နောက်မှာ နီးကပ်စွာ လိုက်ပါသွားကြသည်။

ယဲ့လွီချူးနန်က ကျဲပျယ်လီကို ချက်ချင်း ဆွဲထားလိုက်၏။ သူက အံကြိတ်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ။ သူက ဘယ်သူလဲ”

“မင်း ကန်းနေလား။ ငါသာ မင်းကို အချိန်မီ မတားခဲ့ရင် မင်းသေ‌နေတာ ကြာလောက်ပြီ။ သူက ရွှေကြာနယ်မြေက အင်အားကြီးပုဂ္ဂိုလ်ပဲ”ကျဲပျယ်လီက ဒေါသတကြီးဖြင့် အော်ငေါက်လိုက်သည်။

“...”

ယဲ့လွီချူးနန်က အံ့အားသင့်သွားလေ၏။ ရွှေကြာနယ်မြေမှ အင်အားကြီးပုဂ္ဂိုလ် ဟူသော စကားကြောင့် သူ့ဒေါသများ ချက်ချင်းဆိုသလို ငြိမ်းသတ်သွားသည်။

ယဲ့လွီချူးနန်က အံ့အားသင့်ရာမှ အသိပြန်မဝင်လာခင် ကျဲပျယ်လီက ကောင်းကင်အထက် ပျံသန်းသွားပြီဖြစ်၏။ သူက အသိပြန်ဝင်လာသည့်အခါ နောက်မှာလိုက်ပါလာခဲ့သည်။ ထိုသူကို သူ ကိုယ်တိုင် လိုက်ပို့သည်ကား ပို၍ကောင်းလိမ်းမည်။

……………….

လုကျိုးနှင့် တခြားသူများ ထွက်သွားပြီးသည့်နောက် အလင်းနှင့်အမှောင် မဟာမိတ်နယ်မြေ၏ အရှေ့ဘက်ကျဆုံးရှိ မြင့်မားသည့် မျှော်စင်တစ်ခုအတွင်း လေထုထဲ ပြင်းထန်သည့် ချောင်းဆိုးသံ ထွက်ပေါ်လာကာ တစ်စုံတစ်ယောက်က မေးလိုက်သည်။

“သူ ထွက်သွားပြီလား”

“မဟာမိတ်ခေါင်းဆောင် သူ ထွက်သွားပါပြီ။ ဒါပေမဲ့ အဲ့လူရဲ့ ဒေါသကို ဖြေဖျောက်ဖို့အတွက် သခင်ကျဲက မီးတောင်ထွက် အဆီအနှစ် ၁၅ခုကို လက်လျှော့လိုက်ရတယ်”

“...”

ထိုစဉ် အလင်းနှင့်အမှောင် မဟာမိတ်ခေါင်းဆောင် ဖန်ရော့ကျစ်က မျှော်စင်၏ လက်ရန်းကို ကိုင်ထားလိုက်ရသည်။ သူက ဘဝအတက်အကျများကို ခံစားခဲ့ရသလို ဖြစ်နေ၏။

ဘန်း

ဖန်ရော့ကျစ်က မျှော်စင်၏ နံရံကို ရုတ်ခြည်းဆိုသလို ရိုက်လိုက်ကာ လက်ဝါးရာ ချန်ထားခဲ့သည်။ ထိုအရာကို မြင်ကာ လက်အောက်ငယ်သားက မေးလိုက်၏။

“မဟာမိတ်ခေါင်းဆောင် ကျုပ်တို့တွေ သူတို့ဝေးဝေး မရောက်ခင် နောက်ကလိုက်သွားသင့်လား ”

“မလိုဘူး”

ဖန်ကျော့ကျစ်က လက်ရုပ်သိမ်းလိုက်သည်။ လက်ဝါးချက်က သူ့နှလုံးသားထဲမှာ ဒေါသကို ဖြေဖျောက်စေဖို့အတွက်သာ ဖြစ်၏။

“ငါ ဒဏ်ရာအပြင်းအထန် ရထားတာကို ဘယ်သူမှ မသိစေနဲ့။ ကျဲပျယ်လီက အလင်းအမှောင် မဟာမိတ်ကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူးဆိုတာ ယုံကြည်တယ်”

“ဟုတ်ကဲ့ပါ”

“ပြီးတော့ အဲ့ဒီအရူး ယဲ့လွီချူးနန်ကို အဖြူရောင်မျှော်စင်အဖွဲ့အစည်းဆီ ပို့လိုက်။ မီးတောင်ထွက် အဆီအနှစ် ၁၅ခု ရဖို့ သူ့ကို နေ့တိုင်း စဉ်းစားခိုင်းလိုက်”

“ဟုတ်ကဲ့” လက်အောက်ငယ်သားက အမိန့်ရရှိပြီးသည့်နောက်တွင် ထွက်ခွာသွားသည်။

…………………

ထိုစဉ် ကျဲပျယ်လီနှင့် ယဲ့လွီချူးနန်တို့၏ ဦးဆောင်မှုအောက်တွင် သားရဲပျံများနှင့် အစီအရင်မှ သင်္ကေတများက လုကျိုးနှင့် တခြားသူများအပေါ် သက်ရောက်မှု မရှိခဲ့ပေ။ နှစ်ဦးသားက အဝင်ဝတွင် ရပ်တန့်လိုက်ကြ၏။

ကျဲပျယ်လီက မေးလိုက်သည်။

“လုချန်းပေ့က ညဘက် ဘယ်မှာများ အနားယူမှာပါလဲ”

သူက လုကျိုးနှင့် ဆက်ဆံရေးကောင်း ရှိသူကို သိချင်မိသည်။ ဘယ်သူပဲဖြစ်ဖြစ် သူ့အတွက် အနိုင်ရရှိဖို့က အခွင့်ကောင်း ဖြစ်၏။

ရှန်ရှီက ပြောလိုက်သည်။

“အဲ့ဒါက ခင်ဗျားနဲ့ လုံးဝမဆိုင်ဘူးမလား ”

“...”

ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“ ခင်ဗျားတို့ လိုက်ပို့စရာ မလိုပါဘူး။ ပစ္စည်းတွေကိုပဲ အသင့်ပြင်ထားလိုက်ပါ။ အစောင့်အရှောက်ရှန် မနက်ဖြန် လာယူလိမ့်မယ်”

“ဟုတ်ကဲ့ပါ”

ထို့နောက် လုကျိုးနှင့် တခြားသူများက ပျံသန်းထွက်သွားကြသည်။

ကျဲပျယ်လီနှင့် ယဲ့လွီချူးနန်တို့က နောင်တရလာကြ၏။

ယဲ့လွီချူးနန်က ပြောလိုက်သည်။

“တကယ်လို့ ဒီအကြောင်းကို ကြိုသတိပေးခဲ့လျှင် ငါ ထွက်လာမှာ မဟုတ်ဘူး ”

“ငါလည်း သူ ရောက်လာမယ်လို့ ထင်မထားမိဘူး။ ရုတ်တရက် ရောက်လာတာ” ကျဲပျယ်လီက ပြောလိုက်သည်။

“မဟာမိတ်ခေါင်းဆောင်က ဘယ်မှာလဲ”

“မဟာမိတ်ခေါင်းဆောင်က လွန်ခဲ့တဲ့တစ်လတုန်းက အရေးကြီးတဲ့ သတင်းအချက်အလက် ရပြီးတော့ အလင်းနှင့်အမှောင် မဟာမိတ်ကနေ ထွက်သွားခဲ့တယ်။ သူ ပြန်ရောက်လာတော့ ဒဏ်ရာအပြင်းအထန် ရထားတယ်”

ကျဲပျယ်လီက အလေးအနက် ပြောလိုက်သည်။

“သူ ဒဏ်ရာရလောက်အောင် ဘယ်ကိစ္စကများ အရေးကြီးနေတာလဲ”

ယဲလုချူးနန်က သိချင်စွာဖြင့် မေးလိုက်သည်။

ကျဲပျယ်လီက ဖြေလိုက်၏။ “မဟာလေဟာနယ် မျိုးစေ့”

ထိုစကားများကို ကြားကာ ယဲ့လွီချူးနန်က ဒေါသထွက်ကာ ကျယ်ကျယ်လောင်လောင် ကျိန်ဆဲလိုက်သည်။

“အဲဒီ မဟာလေဟာနယ်မျိုးစေ့ပဲလား။ မင်းတို့တွေအားလုံး ဒါပဲပြောနေတာ တော်တော်လေးကို ငြီးငွေ့ဖို့ ကောင်းနေပြီ။ အဲ့ဒီမျိုးစေ့ကို မြင်ရော မြင်ဖူးကြလို့လား။ ဒါက ဒဏ္ဍာရီလာ တစ်ခုပဲ။ ငါတော့ လုံးဝမယုံဘူး”

“ငါလည်း မယုံဘူး။ ဒါပေမဲ့ မဟာမိတ်ခေါင်းဆောင်ကို ပြောရဲလို့လား”

“...”

ယဲ့လွီချူးနန် ချက်ချင်းဆိုသလို တုံ့ဆိုင်းသွားသည်။

ကျဲပျယ်လီက ပြောလိုက်၏။

“ဒဏ္ဍာရီထဲမှာဆိုရင်တော့ နှစ်သုံးသောင်းတိုင်း အမည်မသိကုန်းမြေမှာ မဟာလေဟာနယ်မျိုးစေ့ ဆယ်စေ့ ထွက်ပေါ်တယ်တဲ့။ အဲ့ဒီမျိုးစေ့မှာ မိုးမြေ၊ နေမင်း နဲ့ လမင်းအဆီအနှစ်တွေ ပါဝင်နေတယ်။ သူတို့က လူသားတွေကို အထွတ်အထိပ် သက်ရှိဖြစ်လာအောင် လုပ်ပေးနိုင်တယ်။ မဟာလေဟာနယ် မျိုးစေ့ကို အသာထား။ လူတစ်ယောက်က မဟာလေဟာနယ် စွမ်းအားကို ရခဲ့ရင်တောင် အနည်းဆုံးမွေးဖွားဇယားချပ် ရှစ်ခုအထိ အသက်သွင်းနိုင်လိမ့်မယ်”

“လွန်ခဲ့တဲ့ နှစ်သုံးရာတုန်းက မဟာလေဟာနယ်မျိုးစေ့ ထွက်ပေါ်လာခဲ့တယ်။ လူသားတွေက မဟာလေဟာနယ် စူးစမ်းရှာဖွေရေးကို စုစည်းပြီးတော့ အင်အားစုတွေ အကုန်လုံးက အတူတကွ အလုပ်တွဲလုပ်ပြီးတော့ သူတို့လူတွေကို အမည်မသိကုန်းမြေဆီ လွှတ်ပြီး မဟာလေဟာနယ်မျိုးစေ့ကို ရှာဖွေခိုင်းခဲ့ကြတယ်။ ကံဆိုးတာက သူတို့က သူတို့ဘာသာသူတို့ အထင်ကြီးပြီးတော့ အမည်မသိကုန်းမြေကို စောင့်ကြပ်နေတဲ့ သားရဲတွေကို လျှော့တွက်ခဲ့ကြတယ်။ အဆုံးသတ်မှာ အဲ့လူတွေက ကပ်ဘေးဒဏ် ခံခဲ့ရတာပဲ”ကျဲပျယ်လီက ခေါင်းအသာယမ်းကာ ပြောလိုက်သည်။

“ ကျင့်ကြံရေးလောကက မဟာလေဟာနယ် မျိုးစေ့ရှိတယ်လို့ ပိုပြီးတော့တောင် ယုံကြည်သွားကြတာ။ မဟာလေဟာနယ် စူးစမ်းရှာဖွေရေးက အသက်ရှင်ကျန်သူတစ်ချို့က မဟာလေဟာနယ်မျိုးစေ့ကို မြင်တွေ့ခဲ့ကြတယ်လေ”

ယဲ့လွီချူးနန်က မေးလိုက်သည်။

“မြင်တွေ့ဖူးတာ ဘယ်သူတွေတုန်း”

“မီး မရှိဘဲ မီးခိုးတော့ ထွက်မလာဘူးလေ။ ပြောကြတာတော့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းရဲ့ မျှော်စင်သခင်က မဟာလေဟာနယ်စွမ်းအား ရှိထားတယ်တဲ့”ကျဲပျယ်လီက ပြောလိုက်သည်။

“လန်ရှီဟယ်လား”ယဲ့လွီချူးနန်က တအံ့တဩဖြင့် ရေရွတ်လိုက်သည်။

“ဟုတ်တယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင် အဖြူရောင်မျှော်စင်အဖွဲ့အစည်းက သူမဆီကို ဘာလို့ အပြည့်အဝ အညံ့ခံနေမှာလဲ။ သူမက အပြင်လူတွေကို ဘာကြောင့် မတွေ့ဘူးလို့ ထင်လဲ”ကျဲပျယ်လီက ပြောလိုက်သည်။

“...”

ယဲ့လွီချူးနန်က ထိုထုတ်ဖော်ချက်ကြောင့် အံ့အားသင့်သွားလေသည်။ ခဏအကြာတွင် သူက မေးလိုက်၏။

“ဒါပေမဲ့ သူမရဲ့ ကျင့်ကြံဆင့်က နက်နဲတော့ မဟာလေဟာနယ် စွမ်းအားကို ဖုံးကွယ်ထားဖို့ လွယ်ကူမှာပဲ”

“သူမက အတော်လေး သတိရှိတဲ့သူလေ”ကျဲပျယ်လီက ပြန်ဖြေလိုက်သည်။

“အဲ့လိုဆိုရင် သူမက ဘာလို့မွေးဖွားဇယားချပ် ၁၂ ခုပဲ ရှိနေတာလဲ”

“မဟာလေဟာနယ်စွမ်းအားကို ပိုင်ဆိုင်တာက အနည်းဆုံး မွေးဖွားဇယားချပ် ရှစ်ခုကို အသက်သွင်းနိုင်တယ်လို့ပဲ ပြောတာလေ။ ကန့်သတ်ချက်က မသေချာသေးဘူး။ ပြီးတော့ သူမက မွေးဖွားဇယားချပ် ၁၂ခုပဲ ရှိတယ်ဆိုတာ တကယ်လို့ ထင်လို့လား။ ဘယ်သူကမှ သူမရဲ့ ကြယ်တာရာဒိုင်ခွက်ကို မမြင်ဖူးကြဘူး”

ယဲ့လွီချူးနန်က သိချင်စွာမေးလိုက်သည်။

“လန်ရှီဟယ်က တော်တော်လေးကို ကြောက်ဖို့ ကောင်းတာပဲ။ ဒါနဲ့ သူမက အနက်ရောင်မျှော်စင်အဖွဲ့အစည်းကို ဖျက်ဆီးမပစ်ရတာလဲ”

“အမျိုးသမီးတစ်ယောက်ရဲ့ စိတ်က နားလည်ဖို့ ခက်တယ်။ ဒါက မဟာလေဟာနယ် စွမ်းအားရဲ့ သက်ရောက်မှုပဲ ရှိသေးတယ်။ မဟာလေဟာနယ် မျိုးစေ့ကိုသာ ပိုင်ဆိုင်ခဲ့ရင် ဘယ်လိုဖြစ်သွားမယ်လို့ ထင်လဲ” ကျဲပျယ်လီက ရယ်မောရင်း မေးလိုက်သည်။

ယဲ့လွီချူးနန်က အသက်ပြင်းပြင်းရှူလိုက်၏။

ကျင့်ကြံရေးလောကတစ်ခုလုံးက ထိုအရာအတွက် တိုက်ခိုက်နေကြသည်။ အသက်များစွာ ဆုံးရှုံးခဲ့ရပြီး သွေးမြစ်ကြောင်းလည်း စီးဆင်းခဲ့ရ၏။ ထိုအရာ အားလုံးက မဟာလေဟာနယ်မျိုးစေ့၏ တန်ဖိုးကို ပြသဖို့ လုံလောက်ပေသည်။

“လွန်ခဲ့တဲ့ နှစ်သုံးရာခန့်က မဟာလေဟာနယ် စူးစမ်းရှာဖွေရေးကို ရှုံးနိမ့်မှုတစ်ခုအဖြစ် သတ်မှတ်ထားပေမဲ့ မျိုးစေ့တွေက လူသားပိုင်နက်အတွင်း ရောက်လာပြီဆိုတာကို အတည်ပြုပြီးသွားပြီ။ ဒီနှစ်သုံးရာအတွင်းမှာ အင်အားစုတွေကြားက ပဋိပက္ခက မဟာလေဟာနယ်‌မျိုးစေ့တွေကြောင့် မပြင်းထန်ခဲ့တာ။ ကံဆိုးတာက ဒီနှစ်တွေတလျောက်လုံးမှာ ဘယ်သူကမှ ရှာမတွေ့‌ခဲ့ကြဘူး။ ပင်လယ်ထဲမှာ အပ်ပျောက်ရှာနေရသလိုပဲ”

“သူတို့တွေက တကယ်ကို ရှာဖို့ခက်တယ်။ ပြီးတော့ သူတို့က ဘာနဲ့တူမှန်းလဲ မသိကြဘူးလေ။ နောင်အနာဂတ်မှာ မွေးဖွားဇယားချပ်ငါးခု ပညာရှင်တွေက သူတို့ရဲ့ အနံ့ခံအာရုံသာ ကောင်းမယ်ဆိုရင် မဟာလေဟာနယ်စွမ်းအားကို အာရုံခံမိလိမ့်မယ်။ ဒါပေမဲ့လည်း သူတို့အတွက် ရှာဖို့ ခက်ခဲနေတုန်းပါပဲ” ယဲ့လွီချူးနန်က သက်ပြင်းချလိုက်၏။

ထိုစဉ် ကျဲပျယ်လီက ပြောလိုက်သည်။

“ကောင်းပြီ။ မဟာမိတ်ခေါင်းဆောင်ရဲ့ ပြစ်ဒဏ်ကို ဘယ်လိုခံယူရမလဲဆိုတာပဲ စဉ်းစားရအောင်”

“ငါက မင်းထက်တောင် ဆိုးသေးတယ်။ ခုနှစ်စင်ကြယ်ဓားက ငါရဲ့ အသက်ပဲ ”

ထို့နောက် နှစ်ဦးသားက အလင်းနှင့်အမှောင် မဟာမိတ်ပိုင်နက်ထဲ ပျံသန်းသွားလိုက်ကြသည်။

…………..

ထိုစဉ် လုကျိုး၊ ရှန်ရှီ၊ ယွီကျန့်ဟိုင်နှင့်တခြားသူများက မြောက်ဘက်ပိုင်းဆီ ဦးတည်ကာ လူသားများ နေထိုင်ရာ မြို့အပြင်ဘက်ဆီ ရောက်ရှိလာကြသည်။

ရှန်ရှီက ပြောလိုက်၏။

“ မျှော်နန်းသခင် ဒါက ကျုပ် ပြောခဲ့တဲ့နေရာပါ။ မြို့ငယ်လေးလို့ ယူဆလို့ရပေမဲ့ ကျုပ် တာဝန်ပြီးဆုံးပြီး ပင်ပန်းလာတဲ့အခါတိုင်း ဒီမှာ အနားလာယူနေကြပါ။ ဒီတိမ်ထူကောင်းကင် တည်းခိုဆောင်ရဲ့ ပိုင်ရှင်ကို သိတယ်”

လုကျိုးက ခေါင်းညိတ်ကာ ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ မြို့ငယ်လေးက တိတ်ဆိတ်ပြီး ပတ်ဝန်းကျင်ကလည်း ရိုးရှင်းလှသည်။ ထိုအရာက ဂိုဏ်းကြီးတစ်ခု၏ ကြီးကျယ်ခမ်းနားမှုကို ပျောက်ဆုံးနေရုံသာမက ကျင့်ကြံသူတစ်ယောက်၏ အသက်ဝင်မှုလည်း ပျောက်ဆုံးနေသည်။

“ဒီမှာပဲ နေရအောင်” လုကျိုးက ပြောလိုက်သည်။ တကယ်တော့ သူက အလင်းနှင့်အမှောင် မဟာမိတ်တွင် နေနိုင်သည်။ သို့သော်လည်း သူက အလင်းနှင့်အမှောင် မဟာမိတ်ကို ဆန့်ကျင်ခဲ့သည်အတွက် အနည်းငယ် အဆင်မပြေသလို ခံစားနေရသည်။

…………..

ရှန်ရှီက တိမ်ထူကောင်းကင် တည်းခိုဆောင်အတွင်း လိုအပ်သည့် အရာများကို လုပ်ပေးခဲ့၏။

ထိုစဉ် လုကျိုး၏ အခန်းတွင်း ရှိနေသည့် ရှန်ရှီက ဦးညွှတ်ကာ ပြောလိုက်သည်။

“မျှော်နန်းသခင် စောစောအနားယူပါ။ ကျုပ် သွားလိုက်ပါအုံးမယ်”

“ခဏနေအုံး”

“အမိန့်ရှိပါ”

“မင်းက ယန်ကျန်းလော့ကို သိလား” လုကျိုးက မေးလိုက်သည်။

“သိပါတယ်”ရှန်ရှီက ပြောလိုက်၏။

“သူက အနက်‌ရောင်မျှော်စင် အဖွဲ့အစည်းမှာ ကြားနေအခြေအနေပဲ နေတာ တခြားကိစ္စတွေကို ဂရုမစိုက်ဘူး။ သူက လုလီနဲ့တော့ တော်တော်လေး အခြေအနေ ကောင်းတယ်။ ဒါပေမဲ့ ကျုပ်က အနက်ရောင်‌အစောင့်အရှောက်က ဖြစ်ပြီးတော့ သူတို့က အထက်ပိုင်းမျှော်စင်က သာမာန်အဖွဲ့သားတွေဆိုတော့ ကောင်းကောင်းတော့ မသိဘူး”

“ကျန်းကျို့လီဆီ သတင်းစကားပို့လိုက်။ ယန်ကျန်းလော့ကို အသက်ရှင်လျက် ထားရမယ်လို့ ပြောလိုက်။ ဘယ်သူမှ သူ့ကို ထိလို့မရဘူး”

လုကျိုးက ပြောလိုက်သည်။

အမှန်က ရှန်ရှီသည် သူ့သမိုင်းကြောင်းကြောင့် အနက်ရောင်အဖွဲ့အစည်းနှင့် ရင်ဆိုင်ဖို့ရာ တုံ့ဆိုင်းနေမိသည်။ သို့သော်လည်း သူက မျှော်နန်းသခင်သည် ရှားကျန်းလုံပင် သတိထားရသူ ဖြစ်ကြောင်း အမှတ်ရသွားသည့်အခါ ပို၍ နေလို့ထိုင်လို့ ကောင်းသွား၏။ ထို့အပြင် ကျန်းကျို့လီက မျှော်နန်းသခင်ကို ဖားယားဖို့ ကြိုးစားနေလေသည်။

ထိုစဉ် ရှန်ရှီက မေးလိုက်၏။

“ယန်ကျန်းလော့က မျှော်နန်းသခင်ကို နှောင့်ယှက်မိလို့လား”

“ပြောတဲ့အတိုင်းသာ လုပ်စမ်းပါ”

“ဟုတ်ကဲ့။ နားလည်ပါပြီ”

…

အခန်း (၁၀၂၅) သာမန်လူများကို အထင်သေးပိုင်ခွင့်

ယွီကျန့်ဟိုင်က အနားယူရန်ထွက်သွားပြီး ရှန်ရှီကလည်း ထွက်သွားလေ၏။

လူတိုင်း ထွက်သွားချိန်တွင် လုကျိုးက သူ့ရှေ့ရှိ ခုနစ်စင်ကြယ်ဓားကို လေ့လာလျက် မုတ်ဆိတ်သပ်လိုက်သည်။

ဓား၏ အရည်အသွေးက ကောင်းမွန်ပြီး အဆင့်မြင့် လွှမ်းမိုးအဆင့် လက်နက်တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ သူက ၎င်းကို စီစစ်ထုတ်နုတ်ခဲ့လျှင် သူ ဘာများရနိုင်မည်နည်း။ သို့သော် ယင်းက လွှမ်းမိုးအဆင့် လက်နက်တစ်ခုဖြစ်သည်။ ၎င်းကို စီစစ်ထုတ်နှုတ်လိုက်ခြင်းက ဖြုန်းတီးရာရောက်ပုံ ပေါ်၏။

“ငါ ဒါတွေကို အခုသိမ်းထားလိုက်ဦးမယ်” အချိန်ကျလာတော့မှ သူသည် ၎င်းတို့ကို စီစစ်ထုတ်နုတ်မှာပဲ ဖြစ်သည်။

သူ၏တပည့်များအားလုံးက ယခုအချိန်တွင် သူတို့နှင့်ကိုက်ညီသည့်လက်နက်များ ပိုင်ဆိုင်ထားပြီး ဖြစ်ကာ တခြားလက်နက်များ မလိုအပ်ပေ။ ဓား၌ ဓားရေးအကျွမ်းကျင်ဆုံးဖြစ်သည့် ယွီရှန်းရုန်ကလည်း သက်တော်ရှည်ဓားကို ပိုင်ဆိုင်ထား၏။ သူသည် ခုနစ်စင်ကြယ်ဓားကို မလိုအပ်ချေ။

လုကျိုးသည် သူ့၌ မီးတောင်ထွတ်အဆီအနှစ် ၂၆ခုရှိသည်။ အဆင့်မြှင့်တင်ရန်အတွက် သူသည် မီးတောင်ထွတ်အဆီအနှစ် အခု ၁၀၀ လိုအပ်သည်။

ခုနစ်စင်ကြယ်ဓားကို သိမ်းထားလိုက်ပြီးနောက် သူက ရေရွတ်ပြောလိုက်သည်။

“ဒါကို ကျန်းအိုက်ကျန့် မြင်လို့မရဘူး”

ပြီးနောက် သူသည် စနစ်မျက်နှာပြင်ပေါ်၌ သူ၏သက်တမ်းကို စစ်ဆေးလိုက်၏။

ကျန်ရှိသောသက်တမ်း ၂၈၇၂၂၅ရက် (၇၈၇နှစ်တွင် ၂၆၃နှစ်က အကြောင်းပြန်လှန်ကတ်မှဖြစ်သည်။)

“ဟမ် ... ငါ ပဉ္စမမြောက်မွေးဖွားဇယားချပ်ကို အသက်သွင်းလိုက်တာက နှစ် ၅၀၀ ရလာတာလား”

ယင်းက သူ၏ ပဉ္စမမြောက်မွေးဖွားဇယားချပ်သည် တည်ငြိမ်သွားပြီဖြစ်ကာ ယခုဆဌမမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းရန်ဘေးကင်းသည်ဟု ဆိုလိုသည်လော။ သူ့ရှေ့ရှိလမ်းက ရှည်လျား၏။ သူ့အဖို့ ယခုအချိန်တွင် အသက်ဓာတ်နှလုံးသားကို သိမ်းထားတာ အကောင်းဆုံးဖြစ်လိမ့်မည်။

အကျင့်အတိုင်းပင် သူသည် ကံစမ်းမဲထပ်နှိုက်ပြန်၏။ ထင်သည့်အတိုင်းပင် ပါဝင်မှုအတွက် ကျေးဇူးတင်ရှိကြောင်းသာ ကြိမ်ဖန်များစွာရနေ၏။

သူ လက်လျော့လိုက်ပြီးနောက် ကောင်းကင်ကျမ်းစာစွမ်းအားကို စတင်ဆင်ခြင်သုံးသပ်တော့သည်။

နောက်တစ်နေ့၌ ရွှေကြာနယ်မြေတွင်ဖြစ်သည်။

လျန်စီရင်စု အရှေ့ဖက်ခြမ်း၏ရေအိုင်နောက်တွင် ဖြစ်သည်။

ယဲ့ထျန်းရှင်းက ချန်ဟွမ်းပေါ်တွင် ထိုင်နေကာ သူမ၏ ပတ်ဝန်းကျင်ကို တိတ်ဆိတ်စွာ လေ့လာနေ၏။ အချိန်အတော်ကြာ ရှာနေသော်ငြား ကျော့ရှင်းသည့် အမျိုးသမီးကို မတွေ့ရပေ။

“ငါ လှည့်စားခံလိုက်ရပြီ” ယဲ့ထျန်းရှင်းက ရေရွတ်ပြောလိုက်၏။ ထိုကျော့ရှင်းသော အမျိုးသမီးသည် တစ်ကွက်တည်းဖြင့် သိုင်းပညာရှင်များစွာကို သတ်ခဲ့ပုံအား တွေးမိသောအခါ သူမ ဖာသာရေရွတ်ပြောလိုက်သည်။

“ဒီကိစ္စကို ရှစ်စွင်းဆီ တတ်နိုင်သမျှ မြန်မြန်သတင်းပို့တာ ပိုကောင်းမယ်”

သူမ ပြောပြီးသည်နှင့် အသံတစ်သံက အနီးရှိတောအုပ်တွင် ပေါ်ထွက်လာ၏။

“မင်း ရောက်လာပြီပဲ”

“ဟမ်”

အရိပ်တစ်ရိပ် လှစ်ခနဲ ပေါ်လာ၏။

လျန်ရှီဟယ်က ရေအိုင်ပေါ်၌ ပေါ်လာပြီး လေထုထဲမှ ထွက်လာပုံရသည်။ ချန်ဟွမ်းကို စီးနေသော ယဲ့ထျန်းရှင်းကို ကြည့်နေစဉ် သူမ၏မျက်နှာ၌ အပြုံးဖျော့ဖျော့ ရှိနေ၏။

ယဲ့ထျန်းရှင်းက လျန်ရှီဟယ်ကို သတိထားပြီး မေးလိုက်တော့သည်။

“ရှင်က ဘယ်သူလဲ”

“စိတ်မပူနဲ့။ ငါ့မှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိရင် နင်အသက်ရှင်မယ်ထင်လား” လျန်ရှီဟယ်က ပြောလိုက်၏။

“ဒါဆိုရင် ကျွန်မဆီ ဘာကြောင့်ချဉ်းကပ်လာတာလဲ” ယဲ့ထျန်းရှင်းက စဉ်းစားပြီး မေးလိုက်၏။

လျန်ရှီဟယ်က အကြည့်လွဲကာ သိမ်မွေ့စွာ သက်ပြင်းချလိုက်တော့သည်။

“ငါရဲ့အလိုလိုသိစိတ်က နင်က ကွဲပြားနေတယ်လို့ ပြောပြနေတာ”

“ကျွန်မက ကွဲပြားတယ်လား” ယဲ့ထျန်းရှင်းက သူမကိုယ်သူမ လက်ညှိုးထိုးပြလိုက်၏။ ယင်းသည် အမျိုးသမီးတစ်ယောက် ချီးကျူးတာ ခံရတာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူမက ထိုအမျိုးသမီး၏ ဝတ်စုံဖြူ၊ ဖိနပ်ဖြူ၊ ဖြူဖွေးသော အသားအရေ၊ ဖြူဖွေးသော ဆံပင်၊ ချန်ဟွမ်း ကြည့်လိုက်မိ၏။ တကယ်ပင် သူမ အတော်လေးကွဲပြားနေသည်။

“ချန်ဟွမ်းက နင့်နောက် လိုက်တယ်ဆိုတော့ နင်က သာမန် မဖြစ်နိုင်ဘူး။ နင်က သူယောင်မယ်ပဲဖြစ်မယ်။ သူယောင်မျိုးနွယ်တွေက ထာ၀ရရှင်သန်မှု စွမ်းအင် ချီးမြှင့်မှုရထားတဲ့ မျိုးနွယ်စုတွေထဲက တစ်စုလို့ကြားမိတယ်” လျန်ရှီဟယ်က ပြောလိုက်၏။

“ထာဝရရှင်သန်မှုလား”

“ဒါက တို့ကြားထားတဲ့အရာ” လျန်ရှီဟယ်က ပြန်ပြောလိုက်၏။

“ကျွန်မဆီ ဘာလို့ချဉ်းကပ်လဲဆိုတာ ရှင် မပြောရသေးဘူး” ယဲ့ထျန်းရှင်းက ပြောပြလိုက်သည်။

လျန်ရှီဟယ်က ပြုံးလိုက်လေ၏။ သူမ လှစ်ခနဲပြုံးလိုက်ကာ ယဲ့ထျန်းရှင်းနှင့် မီတာဝက်အကွာတွင် ပေါ်လာတော့သည်။

အံ့ဩလောက်အောင်ပင် ယခုအခေါက်၌ ချန်ဟွမ်းသည် နောက်သို့ တစ်လှမ်းသာဆုတ်လျက် ရန်လိုသည့် အရိပ်အယောင် မပြပေ။ ထို့အပြင် သူက လျန်ရှီဟယ်ကို စပ်စုချင်စိတ်ဖြင့်ကြည့်ကာ အသံတိုးသဲ့သဲ့ဖြင့် အော်လိုက်၏။

လျန်ရှီဟယ်က မေးလိုက်၏”ညီမငယ် တို့လှတယ်လို့ထင်လား”

ယဲ့ထျန်းရှင်းက လျန်ရှီဟယ်၏ အပြုအမူကြောင့် ယုံကြည်စိတ်ချမှုကင်းမဲ့နေသည်။ “ထင်တယ်”

တကယ်ပင် လျန်ရှီဟယ်က အလွန်လှပသည်။ ယဲ့ထျန်းရှင်းကဲ့သို့ပင် သူမက ဤလောကကြီး၏ ညစ်ညမ်းမှုများ စွန်းထင်းခြင်း ကင်းမဲ့ပုံပေါ်ကာ ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည့် နတ်မိမယ်တစ်ပါးနှင့် တူသည်။

လျန်ရှီဟယ်က သက်ပြင်းချလိုက်လေ၏။

“အလိုလေး တို့ဘယ်လောက်ပဲလှလှ တို့တဖြည်းဖြည်းနဲ့ အသက်ကြီးလာတာ”

“အသက်ကြီးတာလား”

လျန်ရှီဟယ်သည် အိုမင်းလာမည့်အကြောင်းကို စိုးရိမ်ရမည့် အသက်အရွယ်သို့ ရောက်ပုံမပေါ်။ သူမက အမျိုးသမီးအများစုထက် ပိုငယ်သည်။

လျန်ရှီဟယ်က ယဲ့ထျန်းရှင်းကို ကြည့်ပြီး ပြုံးလိုက်သည်။

“တို့သေတော့မှာ အနည်းဆုံး ငါးနှစ်လောက်ပဲလိုတော့မယ်။ ဒါကို ရှောင်ဖို့နည်းလမ်းတွေ အများကြီး ရှာခဲ့ပေမဲ့ အသုံးမဝင်ဘူး။ နောင်တတွေနဲ့မသေချင်ဘူး”

ယဲ့ထျန်းရှင်းက ဇဝေဇဝါဖြစ်သွားကာ မေးလိုက်လေ၏”နောင်တလား”

“အမြင့်ဆုံးမှာ ရပ်နိုင်ခဲ့ရင် အားလုံးကို အထင်သေးခွင့်ရှိတာပဲ။ သူတို့ရဲ့သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်တယ်” လျန်ရှီဟယ်က ပြောလိုက်သည်။

ယဲ့ထျန်းရှင်းက ပြောလိုက်လေ၏”ဒါပေမဲ့ ရှင့်မှာ သက်တမ်းငါးနှစ်ပဲတာ။ ကျွန်မကို ရှင့်ရဲ့ခွန်အားတွေ အားလုံး ပေးခဲ့မယ်ဆိုရင်တောင် အဲ့လိုလုပ်နိုင်မှာမဟုတ်ဘူး”

လျန်ရှီဟယ်က သူမပါရမီရှိပြီး သူမကို တပည့်အဖြစ်လက်ခံချင်နေတာဟု ယဲ့ထျန်းရှင်း ယူဆမိ၏။ လျန်ရှီဟယ်၏ နောင်တများက သူမ၏စွမ်းအားကို တခြားသူအား လက်ဆင့်မကမ်းလိုက်ရခြင်းနှင့် တစ်နည်းနည်း သက်ဆိုင်လိမ့်မည်ဟု ယူဆမိသည်။

လျန်ရှီဟယ်က ယဲ့ထျန်းရှင်း၏ မျှော်လင့်ချက်နှင့် ဆန့်ကျင်ဖက်ပင်။

“ငါ့နေရာ ယူစေချင်တာ”

လျန်ရှီဟယ်က လှစ်ခနဲ ပျောက်သွားကာ မီတာအနည်းငယ်အကွာသို့ နောက်ဆုတ်သွား၏။

ယဲ့ထျန်းရှင်း “...”

“မဟာလေဟာနယ်ကို ကြားဖူးလား” လျန်ရှီဟယ်၏အသံသည် အဝေးကနေ ပေါ်ထွက်လာပုံရ၏။

“မဟာလေဟာနယ်” ယဲ့ထျန်းရှင်းသည် မသိချင်ယောင်ဆောင်လိုက်၏။ သူမသည် စီးဝူယာ့ကို အစောတည်းက ပြောပြခဲ့ဖူးသည်။ သူမက မဟာလေဟာနယ်ကို ဖုံးကွယ်နိုင်သည့် ဆေးတစ်မျိုး သုံးထားသည်။ သူမ၌ မဟာလေဟာနယ်စွမ်းအင်ရှိရသည့် အကြောင်းကို မသိပေ။ သို့သော် လူတိုင်းက ၎င်းကို တပ်မက်၏။ ထို့အပြင် ကျောင်းယွဲ့က သာဓကရှိနေလေရာ သူမ ပိုတောင် သတိထားရမည်။

“တို့မှာ မဟာလေဟာနယ်စွမ်းအင် ရှိတယ်” လျန်ရှီဟယ်၏အမူအရာက သိမ်မွေ့နေလျက် သူမ အပြုံးက လေပွေပမာပင်။ သူမက ဆက်ပြောလိုက်သည်။

“နင် ငါနဲ့နေရင် မဟာလေဟာနယ်စွမ်းအင်က အာဟာရတွေရလိမ့်မယ်။ နင့်ရဲ့ခွန်အားတိုးလာလိမ့်မယ်။ ငါ သေသွားရင် မြင့်တဲ့ရာထူးကို တက်လှမ်းနိုင်မှာ”

ယဲ့ထျန်းရှင်းက အံ့ဩနေ၏။

“ရှင့်မှာ မဟာလေဟာနယ်စွမ်းအင် ရှိတယ်တဲ့လား”

“အံ့ဩဖို့မလိုဘူး” လျန်ရှီဟယ်က သိမ်မွေ့စွာ ပြောလိုက်၏။

“ပြောရရင် ငါက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာတုန်းက မဟာလေဟာနယ်စွမ်းအင်ရှာဖွေနောက်ကွယ်က ကြိုးကိုင်သူတွေထဲက တစ်ယောက်ဖြစ်ခဲ့ဖူးတယ်”

“...”

“တို့ မဟာလေဟာနယ်ကို ရောက်ခဲ့ဖူးတယ်” လျန်ရှီဟယ်၏မျက်နှာ၌ ပူဆွေးမှု အမူအရာ ပေါ်လာလေ၏။

“မဟာလေဟာနယ်စွမ်းအင်ကိုရတဲ့ တစ်ဦးတည်းသော လူလည်းဟုတ်တယ်”

ယဲ့ထျန်းရှင်းက နားထောင်လေလေ ပိုသတိထားမိလေလေဖြစ်၏။

“ရှင် ... ရှင်က ဘယ်သူလဲ”

လျန်ရှီဟယ်က ယဲ့ထျန်းရှင်း၏မေးခွန်းကို လျစ်လျူရှုလျက် ဆက်ပြောလိုက်သည်။

“တို့သဘောထားကွဲလွဲမှု ခံစားမိတာကို သိလား။ တစ်သက်လုံးရှင်သန်နေထိုင်ချင်ပေမဲ့ အထီးကျန်ရမှာ ကြောက်တယ်။ ဒါပေမဲ့ ကောင်းကင်ရဲ့ဆန္ဒကို မဆန့်ကျင်နိုင်တော့ လိုက်နာရုံပဲရှိတယ်”

ထိုစဉ် လျန်ရှီဟယ်က ကျောက်စိမ်းကဲ့သို့လက်ချောင်းများကို လှုပ်ခတ်လိုက်သည်။

ဘီး

လျန်ရှီဟယ်၏နောက်ကျော၌ တလက်လက်တောက်ပနေသည့် ကြယ်တာရာဒိုင်ခွက်က ပေါ်လာတော့သည်။

ကြယ်တာရာဒိုင်ခွက်သည် ယဲ့ထျန်းရှင်း ယခင်က တွေ့ဖူးသည့်အရာနှင့် မတူပေ။ သူမသည် သူမရှစ်စွင်းနှင့် ရှန်ရှီ၏ ကြယ်တာရာဒိုင်ခွက်ကို ယခင်က တွေ့ဖူး၏။ ရွှေရောင်ဖြစ်စေ၊ အမည်းဖြစ်စေ ကြယ်တာရာဒိုင်ခွက်က အပြည့်အဝခြားနားနေ၏။ ကြယ်တာရာဒိုင်ခွက်ပေါ်ရှိ တြိဂံ ၃၆ခု ထွန်းလင်းတောက်ပနေသည်။ တစ်ချိန်တည်းတွင် သူမလက်နှစ်ဖက်ကြား ကြက်သွေးရောင် အလင်းများ ပေါ်လာပြီး ကြယ်တာရာဒိုင်ခွက်ကို ဖြည့်စွက်ပေးနေလေ၏။

ဝှစ်

လျန်ရှီဟယ်၏ ဆံနွယ်တို့ လေထဲ ဝေ့ဝဲနေကာ ကြယ်တာရာဒိုင်ခွက်ကို ရုပ်သိမ်းလိုက်၏။

ယဲ့ထျန်းရှင်း “...”

အသက်တစ်ရှိုက်စာအတွက် တစ်လောကလုံး ပုံမှန်ပြန်ဖြစ်သွားသည်။

ယဲ့ထျန်းရှင်းသည် လျန်ရှီဟယ်၌ မွေးဖွားဇယားချပ် မည်မျှရှိကြောင်း မမြင်ခဲ့ပေ။

ယဲ့ထျန်းရှင်းက မှင်တက်နေသည်။ သူမသည် စကားများဖြင့် ဖော်ပြ၍မရသော စွမ်းအား၏ သိပ်သည်းမှုကို ခံစားမိ၏။

လျန်ရှီဟယ်က အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်လေ၏။

“မင်း ဆန္ဒရှိလား”

“ကျွန်မ”

အခြားတစ်ယောက်သာဆိုလျှင် သူတို့တွေဝေမနေဘဲ လက်ခံလိုက်မှာဖြစ်သည်။

လျန်ရှီဟယ်၏သွေးဆောင်မှု ခုခံနိုင်မည့်သူမရှိတာ ယုံကြည်မိသည်။ သို့သော် ခဏအကြာ၌ ယဲ့ထျန်းရှင်းက ပြောလိုက်၏။

“ကျွန်မ ဆန္ဒမရှိဘူး”

…

အခန်း (၁၀၂၆) မိစ္ဆာဝေဟင်မျှော်နန်းမှာ နောက်ထပ် ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူ

လန်ရှီဟယ်၏ မျက်ဝန်း၌ အံ့အားသင့်သည့် အရိပ်အယောင် ပေါ်ထွက်လာသည်။ သူမက ယဲ့ထျန်းရှင်းသည် သူမ၏ ရည်ရွယ်ချက်ကို ငြင်းပယ်လိမ့်မည်ဟု မယုံကြည်နိုင်ပေ။ သူမက ပြောလိုက်၏။

“ညီမလေး မင်း ဒါကို သေချာစဥ်းစားဖို့ လိုတယ်။ ကမ္ဘာမှာ လူတော်တော်များများက ဒီအခွင့်အရေးကို လိုချင်နေပေမဲ့ သူတို့မှာ အခွင့်ရေး မရကြဘူး”

“ရည်ရွယ်ချက်ကောင်းအတွက်တော့ ကျေးဇူးတင်ပါတယ်”

ယဲ့ထျန်းရှင်းက ခေါင်းယမ်းကာ “ကျွန်မမှာ ဆရာရှိပြီးသားပါ။ ကျွန်မက မိစ္ဆာဝေဟင်မျှော်နန်းကို နောက်ထပ် သစ္စာမဖောက်ပါဘူးလို့ ကျိန်ဆိုခဲ့ဖူးတယ်။ ဒါက ကျွန်မ သေတဲ့အထိ ထိန်းသိမ်းထားရမဲ့ ကျမ်းသစ္စာစကားပဲ”

“မင်း တကယ် မလိုချင်ဘူးလား” လန်ရှီဟယ်၏ မျက်ဝန်းအထက် စိတ်ရှုပ်ထွေးသည့် အရိပ်အယောင်များရှိနေသည်။

“ကျွန်မ တောင်းပန်ပါတယ်” ယဲ့ထျန်းရှင်းက ခေါင်းယမ်းလိုက်၏။ သူက သူမ ပြုလုပ်ထားတဲ့ ကျမ်းသစ္စာကို မမေ့ရဲပေ။

လန်ရှီဟယ်က သက်ပြင်းအသာချကာ ပြောလိုက်သည်။

“မင်းက ဆုံးဖြတ်ချက် လောလွန်းတယ်။ တခြား စဥ်းစားကြည့်ပါအုံး”

“အဲဒီလို မလိုတော့ပါဘူး” ယဲ့ထျန်းရှင်းက တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။

“ကျွန်မရဲ့ ရှစ်စွင်းက ကြင်နာမှုနဲ့ ဆက်ဆံပေးတယ်။ တကယ်လို့ ကျွန်မသာ သူ့ကို စွန့်ပစ်ရင် ကျွန်မက သားရဲတစ်ကောင်ထက် ဆိုးမသွားဘူးလား။ ရှင့်ရဲ့ ကျင့်ကြံဆင့်က နက်နဲတယ်ဆိုတာကို သိပါတယ်။ ရှင့်ရဲ့ ရည်ရွယ်ချက်ကိုတော့ မသိဘူး။ ဒါပေမဲ့ ရှင် ကျွန်မကို သတ်ရင်တောင် စိတ်ပြောင်းလဲမှာ မဟုတ်ဘူး။ အခု ရှင် ထွက်သွားလို့ ရပါပြီ” သူမ၏ စကားအဆုံးတွင် အကြည့်လွဲလိုက်၏။ သူမ၏ အမူအရာများက ဆုံးဖြတ်ချက် ပြတ်သားနေသည်။

“ကောင်းပြီလေ။ အဲဒါဆို မင်းရဲ့ ဆန္ဒကို ဖြည့်စည်းပေးမယ်” လန်ရှီဟယ်က ဖြည်းဖြည်းချင်း လက်ကို မြှောက်လိုက်သည်။

ဝှစ်

သူမ၏ လက်ဝါးအထက် အဖြူရောင် အလင်းတစ်ခု ထွက်ပေါ်လာကာ နေမင်း၊ လမင်းနှင့် ကြယ်တာရာမှ အလင်းရောင်များ ပါဝင်နေဟန်ပေါ်သည်။

သိပ်မကြာခင် တိမ်တိုက်များအထက် ထိုးဖောက်ထွက်သွားသည့် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာလေ၏။ ထိုအရာ၏ ကြယ်တာရာ ဒိုင်ခွက်က ယဲ့ထျန်းရှင်း၏ ခေါင်းအထက် လှည့်ပတ်နေပြီး အလင်းတန်းများက အဘက်ဘက်သို့ ဖြာကျနေသည်။

ယဲ့ထျန်းရှင်းက ကောင်းကင်အထက် ကြယ်တာရာ ဒိုင်ခွက်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

သူမက လှုပ်ရှားဖို့ ကြိုးစားသော်လည်း ချုပ်နှောင်ခံထားရသည်ကို တွေ့လိုက်၏။

“မာယာကျော့ကွင်း”

ဝှစ်

မာယာကျော့ကွင်းက အဘက်ဘက်သို့ ပျံ့နှံ့ထွက်သွားသည်။

ဘန်း ဘန်း ဘန်း

လန်ရှီဟယ်က လက်ဝှေ့လိုက်သည့်အခါ မာယာကျော့ကွင်းက သူ့လက်အတွင်း ပျံသန်းလာလေ၏။

“ချန်းဟွမ် ပြေးတော့”

ချန်းဟွမ်က သူ့သခင် အန္တရာယ်ကျရောက်နေသည်ကို အာရုံခံစားလိုက်မိ၍ ဟိန်းဟောက်လိုက်သည်။ သူက ထွက်ပြေးရမည့်အစား ရှေ့တိုးလာပြီး လန်ရှီဟယ်ဆီ ခုန်အုပ်လာသည်။

ဘန်း

လန်ရှီဟယ်၏ နှလုံးသားက ရေလိုမျိုး တည်ငြိမ်နေကာ လက်ကို အသာဝှေ့ယမ်းလိုက်သည်။

“မင်းရဲ့ လက်ရှိ စွမ်းအားက မင်းရဲ့ သခင်ကို ကာကွယ်ဖို့ မလုံလောက်ဘူး”

လှိုင်းလုံးနှင့်တူသည့် စွမ်းအားလှိုင်းများက ချန်းဟွမ်ဆီ ရောက်ရှိလာပြီး လွင့်စင်ထွက်သွားစေသည်။ သူက လန်ရှီဟယ်ဆီမှ တစ်ချက်ကိုပင် မခံနိုင်ခဲ့ပေ။

“...”

လန်ရှီဟယ်၏ စွမ်းအားက ယဲ့ထျန်းရှင်း မှန်းဆထားသည်ထက် ကျော်လွန်နေလေ၏။

အလင်းက ရေလိုမျိုး ကျဆင်းလာသည်။

ယဲ့ထျန်းရှင်းက မျက်လုံးကို မှိတ်ထားလိုက်၏။ အလင်းတန်းက သူမအပေါ် ကျရောက်လာသည့်အခါ သူမက အဖြူရောင် ကမ္ဘာအတွင်း ကူးပြောင်းပို့ဆောင်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူမက သေခြင်းတရား နာကျင်မှုကို မခံစားမိပေ။ သူမက ဘေးပတ်လည်ကို ကြောင်အမ်းအမ်းဖြင့် ကြည့်လိုက်သည်။ ခဏအကြာတွင် သူမက သူမ၏ စိတ်ဝိညာဥ်သဏ္ဌာန်ကို မြင်လိုက်ရ၏။ သူမ၏ ကြာသည် အဖြူရောင် စွမ်းအားဖြင့် အားဖြည့်ခံလိုက်ရပြီး သိပ်မကြာခင် ဆယ်ခုမြောက် ပွင့်ချပ် ထွက်ပေါ်လာခဲ့သည်။

“...”

နာကျင်မှု၊ သက်သောင့်သက်သာ မဖြစ်မှုတို့ မရှိပေ။ အနှစ်ချုပ်အားဖြင့် ညင်သာကာ နွေလေပြေညင်းလေးလို ခံစားရ၏။

ဝှစ်

အဖြူရောင် စွမ်းအားက ကြယ်တာရာ ဒိုင်ခွက်အတွင်း ပြန်ရောက်သွားကာ ရေတံခွန်ကဲ့သို့ စီးဆင်းလာသည်။

အလင်းတန်းက ကြယ်တာရာဒိုင်ခွက်နှင့်အတူ ပျောက်ကွယ်သွားလေ၏။

အနောက်ပိုင်း ရေကန်တွင် အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။

လန်ရှီဟယ်က ပြုံးကာ ပြောလိုက်၏။

“ဒါကို တွေ့ဆုံမှု လက်ဆောင်အနေနဲ့ပဲ သတ်မှတ်လိုက်ပေါ့”

“ရှင်က ... “ ယဲ့ထျန်းရှင်းက အတော်လေး အံ့အားသင့်နေမိသည်။

လန်ရှီဟယ်က အဝေးတစ်နေရာကို ညွှန်ပြကာ ပြောလိုက်၏။

“မင်းက ကံကောင်းတယ်။ ဒီနေရာမှာ မွေးဖွားဇယားချပ် သားရဲ ရှိတယ်။ ပျံသန်းရာမှာ ထူးချွန်တဲ့ လျို့ဝှက်ဆန်းကြယ် ငှက်ပဲ။ အဲဒီငှက်ရဲ့ အသက်ဓာတ် နှလုံးသားက မင်းရဲ့ ပထမဦးဆုံး မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ လုံလောက်မှာပါ”

ထို့နောက် လန်ရှီဟယ်က သူမ၏ ညာဘက်လက်ကို မြှောက်ကာ အသာတွန်းတင်လိုက်သည်။

“အဖြူရောင် အလင်းတန်းက ထွက်ပေါ်သွားပြီး အဝေးတစ်နေရာရှိ လျို့ဝှက်ဆန်းကြယ်ငှက်ကို တိတိကျကျ ထိုးဖောက်သွားလေ၏။

ဆက်တိုက်ဆိုသလို ကြည်လင်တောက်ပနေသည့် အသက်ဓာတ် နှလုံးသားက ငှက်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။

သူမက လက်တစ်ချက်ဝှေ့ကာ အသက်ဓာတ် နှလုံးသားကလည်း လန်ရှီဟယ်၏ လက်ထဲ ကျဆင်းလာသည်။

မွေးဖွားဇယားချပ်ကို တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်သည်။

လန်ရှီဟယ်က ယဲ့ထျန်းရှင်းရှေ့ သွားကာ ပြုံးလျက် ပြောလိုက်သည်။

“ဒါကို ယူလိုက်။ ဒီမှာ မင်းရဲ့ လက်နက်ရော”

“...”

ယဲ့ထျန်းရှင်းက သူမတွင် မွေးဖွားဇယားချပ် သားရဲ နှလုံးသားတစ်ခု ရှိပြီးသားဖြစ်ကြောင်း ပြောချင်သော်လည်း ချုပ်ထိန်းထားလိုက်သည်။

လန်ရှီဟယ်က အသက်ဓာတ် နှလုံးသားနှင့် မာယာကျော့ကွင်းကို ယဲ့ထျန်းရှင်း၏ လက်ထဲ ပေးလာကာ ပြောလိုက်သည်။

“မင်းက မင်းရဲ့ဆရာကို အတော်လေး လေးစားတဲ့ပုံပဲ။ ဒါက အတော်လေး ရှားပါးတယ်။ မင်းရဲ့ ဆရာကို တွေ့ပြီးတော့ ဘယ်လိုလူမျိုးလည်းဆိုတာကို သိချင်မိသား”

“မဖြစ်ဘူး” ယဲ့ထျန်းရှင်းက ငြင်းဆန်လိုက်သည်။ သူမက လန်ရှီဟယ်က သူမ၏ ရှစ်စွင်းကို တိုက်ခိုက်မည်ကို စိုးရိမ်နေလေ၏။ သူမက လန်ရှီဟယ်၏ စွမ်းအားကို တွေ့ကြုံခံစားခဲ့ဖူးသည့်အတွက် သူမ၏ ရှစ်စွင်းထံ ဘေးအန္တာရယ် မဖြစ်စေလိုပေ။

“မစိုးရိမ်နဲ့။ ငါ ဘယ်သူ့ကိုမှ မသတ်ဘူး။ ပြီးတော့ မင်းရဲ့ ရှစ်စွင်းကလည်း အားမနည်းဘူး။ ဒီလောက်နဲ့ နှုတ်ဆက်ပါတယ်” လန်ရှီဟယ်က လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားလေသည်။

...

နေ့ခင်းဘက်

အနက်ရောင်ကြာနယ်မြေ၏ မြို့ငယ်လေးအတွင်း

လုကျိုးက ပြတင်းပေါက် အပြင်ဘက်မှ နေမင်းကို ကြည့်နေစဥ် စနစ်မှ အသိပေးချက်ကို လက်ခံရရှိလိုက်သည်။

“တင် မင်ရှစ်ရင်က သင်ကြားမှု ပြီးမြောက်ဖို့ လိုအပ်ချက်တွေနဲ့ ကိုက်ညီသွားပါပြီ။ သူ့ကို သင်ကြားရေးကနေ ပြီးမြောက်စေချင်ပါသလား”

“ဟမ် ဒီမတိုင်ခင် လောင်စစ်က ဘာတွေလုပ်နေခဲ့ပါလိမ့်”

လုကျိုးက ထိုအသိပေးချက်ကြောင့် အံ့အားသင့်သွားမိသည်။ ယခင်က သူသည် မင်ရှစ်ရင်ကို စစ်ဆေးခဲ့စဥ်အခါက မင်ရှစ်ရင်သည် အားပါးတရ အိပ်စက်နေခြင်းသာ ဖြစ်၏။

မင်ရှစ်ရင်က ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို မည်သို့ ရုတ်ခြည်း ဖွဲ့စည်းလိုက်သနည်း။

လုကျိုးက ကောင်းကင်ကျမ်း စွမ်းအား၏ မန္တန်ကို ရွတ်ဖတ်လိုက်သည်။

ယခင်နှင့် တူညီစွာ သူ့မြင်ကွင်းကို အစိမ်းရောင်များက တားဆီးထား၏။

ခလော ခလော

နောက်ထပ် မင်ရှစ်ရင်၏ ဟောက်သံက ထွက်ပေါ်လာသည်။

အကယ်၍ ယွီကျန့်ဟိုင်သာ ထိုအရာကို မြင်တွေ့ပါက အတော်လေး ဒေါသထွက်သွားလိမ့်မည်။

သူ့လေးယောက်မြောက် တပည့်က ဘယ်အချိန်က ပွင့်ချပ်ဆယ်လွှာ ရှိသွားတာလဲ ...

သူက မွေးဖွားဇယားချပ် သားရဲကို ဘယ်တုန်းက သတ်ခဲ့တာလဲ ...

ဝုတ် ဝုတ် ဝုတ်

ချုံးချီ၏ ဟောင်သံကြောင့် မင်ရှစ်ရင်က နိုးလာခဲ့သည်။

သူက ငေးငေးမောမောဖြင့် ထထိုင်လိုက်ပြီး “ဘယ်သူလဲ … ဘယ်သူက ငါ အိပ်နေတာကို နှောင့်ယှက်တာလဲ”

ရုတ်ခြည်းဆိုသလို အစိမ်းရောင်များနှင့် အပြာရောင် သစ်သားတို့က ပျောက်ကွယ်သွားလေသည်။

နောက်ဆုံးတွင် လုကျိုးက ပတ်ဝန်းကျင်ကို မြင်လိုက်ရ၏။

ဖြစ်ချင်တော့ မင်ရှစ်ရင်က တောအုပ်အတွင်း ရှိနေလေသည်။

ချုံးချီက ဘေးဘက်တွင် လဲလှောင်းနေပြီး မင်ရှစ်ရင်၏ စိတ်ဝိညာဥ်သဏ္ဌာန် အသေးစားလေးက ရှေ့တွင် ရှိနေလေသည်။ ထိုအရာက စိတ်ဝိညာဥ်သဏ္ဌာန်ကို ကြည့်ကာ ဆက်တိုက် ဟောင်နေခြင်း ဖြစ်၏။

“ဟေး ဟေး ခွေးလေး ဘာလို့ ဒီလောက် ကပ်နေရတာတုံး”

ဝုတ် ဝုတ် ဝုတ်

“မင်းကို သေချာစောင့်ကြည့်ထားဖို့ မပြောဘူးလား။ အား ဒါက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်လား”

ဝုတ်

“ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က ရုပ်ဆိုးလိုက်တာ။ ရှစ်စွင်းလိုမျိုး ဘာလို့ ကြည့်မကောင်းပါလိမ့်” မင်ရှစ်ရင်က အသစ်ဖွဲ့စည်းထားသည့် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။

“ခွေးလေး ဆက်ပြီး စောင့်ကြည့်ထားလိုက်။ ငါ ဒုတိယမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းလိုက်အုံးမယ်”

လုကျိုး “...”

သိပ်မကြာခင် မင်ရှစ်ရင်က သူ့ရင်ဘတ်ရှိ အိတ်ကပ်ထဲမှ အသက်ဓာတ် နှလုံးသားတစ်ခုကို ထုတ်ယူလာခဲ့သည်။

သူ့လေးယောက်မြောက် တပည့်က အသက်ဓာတ် နှလုံးသား ဒီလောက်အများကြီး ဘယ်တုန်းက ရသွားတာလဲ ...

ထို့အပြင် ထိုအသက်ဓာတ် နှလုံးသားက အလယ်အလတ် အသက်ဓာတ် နှလုံးသားနှင့် နီးကပ်နေပြီ ဖြစ်၏။ ယခင်က သူသည် ပွင့်ချပ်ကိုးလွှာမျှသာ ရှိခဲ့သည်။ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ အနေဖြင့် အသက်ဓာတ် နှလုံးသားတစ်ခု ရဖို့ရာ ခက်ခဲလေရာ အလယ်အလတ်အဆင့်ကို ပြောဖို့ရာ မလိုတော့ပေ။

ထိုအရာက ကောင်းကင်ဘုံ တက်လှမ်းသည်ထက်ပင် ပို၍ ခက်ခဲလေ၏။

ထိုစဥ် မင်ရှစ်ရင်က မွေးဖွားနန်းဆောင်အတွင်း ဒုတိယမြောက် အသက်ဓာတ် နှလုံးသားကို ထားရှိလိုက်သည်။ ထို့နောက် သူက သမ်းကာ ပြောလိုက်၏။

“ငါ ဆက်အိပ်လိုက်အုံးမယ်။ တစ်ခုခုရှိရင် ငါ့ကို သတိပေးအုံး”

ဝုတ် ဝုတ်

မင်ရှစ်ရင်က ချုံးချီ၏ ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။

“ကောင်းပြီ။ မင်းကို နောက်ကျရင် အရသာရှိတဲ့ သားရဲဆယ်ကောင် ကျွေးမယ်။ အား ကပ်မလာနဲ့ … မင်းက ညစ်ပတ်တယ်”

သိပ်မကြာခင် မင်ရှစ်ရင်က အိပ်ပျော်သွားလေသည်။

အစိမ်းရောင် နွယ်ပင်နှင့် သစ်ပင်များက ပတ်ဝန်းကျင်တွင် အရူးအမူး ကြီးထွားလာပြီး လုကျိုး၏ မြင်ကွင်းကို ထပ်မံ တားဆီးလိုက်ပြန်သည်။

လုကျိုးက ကောင်းကင်ကျမ်း စွမ်းအားကို ရုပ်သိမ်းလိုက်၏။

သူက မုတ်ဆိတ်သပ်ကာ ရေရွတ်လိုက်သည်။

“ငါ မင်းကို လျော့တွက်မိသွားတာပဲ။ သစ်သားပြာ ကျင့်စဥ်က အတော်လေးကို ဆန်းကြယ်တာလား”

သာမန် အခြေအနေ အောက်တွင် မွေးဖွားဇယားချပ်များကို တစ်ခုနှင့်တစ်ခု နီးကပ်စွာ အသက်သွင်းခြင်းကို အကြံပြုမထားပေ။

မင်ရှစ်ရင်က ပွင့်ချပ်ဆယ်လွှာ ထွက်ခဲ့ပြီး မွေးဖွားဇယားချပ်ကို အသက်သွင်းကာ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းပြီး သူ့ဒုတိယမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းနေသည်။ ပို၍အရေးကြီးသည်က သူသည် အချိန်ကောင်းရှိနေပြီး နာကျင်မှု ရှိဟန်မပေါ်ပေ။ ဤသည်က ရှားပါးလှ၏။

အား နှိုင်းယှဥ်နေတာက ဒေါသထွက်ဖို့ ကောင်းတယ် ...

“သင်ကြားရေး ပြီးမြောက်တယ်”

“တင် တပည့်ဖြစ်သူ မင်ရှစ်ရင်က သင်ကြားရေး အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ပါပြီ”

“တင် ကြုံရာကျပန်း ကတ်တစ်ခု ဆုရရှိပါတယ်၊ ဒီကတ်ကို အသုံးပြုတဲ့အခါ ရှားပါး ပစ္စည်းတစ်ခုကို ကြုံရာကျပန်း ဆုချီးမြှင့်ပေးပါလိမ့်မယ်”

“တင်း မင်ရှစ်ရင်က သူ့သင်ကြားရေး ပြီးမြောက်သွားပြီးတဲ့နောက်မှာ သူ့ဂိုဏ်းကို တည်ထောင်ပြီးတော့ တပည့်တွေကို လက်ခံလို့ ရပါပြီ။ တပည့် အရေအတွက် ၃ ယောက် ”

“တင်း မင်ရှစ်ရင်ကို သင်ကြားပေးတဲ့အတွက် ကုသိုလ်ရမှတ် ရရှိမည် မဟုတ်တော့ပါ”

“တင်း မင်ရှစ်ရင်နဲ့ လူကိုယ်တိုင် တွေ့ပြီး ဒါကို အတည်ပြုရမယ်။ လက်ရှိ ဒါက စနစ်ထဲမှ သက်ရောက်မှုပဲ ရှိပါလိမ့်မယ်”

All Chapters