← Chapters

အခန်း (၁၀၃၀-၁၀၃၂)

Vol. 69 Ch. 1030-1032

အခန်း (၁၀၃၀-၁၀၃၂)

Vol. 69 Ch. 1030-1032

အခန်း (၁၀၃၀) လောင်ချန်းပေ့က တံခါးဝရှေ့ ရောက်လာပြီ

လုကျိုးက ယန်ယွီချန်းကို ကြည့်လိုက်သည်။ ထို့နောက် သူက ဝူဘုရင်ကို ကြည့်ကာ မေးလိုက်၏။

"ဘုရင်ချန် ငါဘာလုပ်သင့်တယ်လို့ ထင်လဲ”

ဝူဘုရင်က ပြောလိုက်သည်။

"လောင်ချန်းပေ့ရဲ့ ကျင့်ကြံဆင့်က နက်နဲတယ်ဆိုတာကို သိပါတယ်။ ကျောင်းဟုန်ဖုက အပြစ်ကျူးလွန်ထားတဲ့ သင်္ကေတကျောင်းတော်က ကျောင်းသူတစ်ယောက်ပါ။ သူတို့က သူမကို ဖမ်းဆီးဖို့ တာဝန်ကို ထမ်းဆောင်နေရုံ သက်သက်ပါ။ ခင်ဗျားကို ရန်စဖို့ မရည်ရွယ်ပါဘူး”

"ငါက မင်းအတွက် ခက်ခဲအောင် လုပ်နေတယ်လို့ ပြောချင်တာလား”

"ဘယ်ဟုတ်ပါ့မလဲ။ ကျုပ်က ဒီနေ့အဖြစ်အပျက်အတွက် တောင်းပန်ပါ့မယ်။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် မြို့တော်ကို စကားစမြည်းပြောဖို့အတွက် ဖိတ်ကြားချင်ပါတယ်” ဝူဘုရင်က ပြောလိုက်သည်။

"မလိုဘူး။ ငါ့ဆီမှာ အဲဒီလောက် အားယားမနေဘူး” လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်သည်။

ဝူဘုရင်က ခေတ္တမျှ တွေးပြီးသည့်နောက်တွင် ပြောလိုက်၏။

"အဲဒါဆိုရင်လည်း ကိစ္စမရှိပါဘူး”

ထို့နောက် သူက လှမ်းခေါ်လိုက်သည်။

"ယန်ယွီချန်း"

"အမိန့်ရှိပါ"

"မြန်မြန်ဒူးထောက်ပြီးတော့ လုချန်းပေ့ကို တောင်းပန်လိုက်"

"ဟုတ်ကဲ့"

ယန်ယွီချန်းနှင့် တခြားကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကာ တောင်းပန်လိုက်ကြသည်။

လုကျိုးက ပြောလိုက်၏။

"ဒူးထောက်နေဖို့ မလိုဘူး”

"မဟုတ်တာ။ ဒါက သူတို့ လုပ်သင့်တဲ့အရာပါပဲ။ ပြောရရင် ကိစ္စသေးသေးလေးပါပဲ” ဝူဘုရင်က ပြောလိုက်သည်။

"မဟုတ်ဘူး”

လုကျိုး၏ အသံက မာထန်လာကာ

"တကယ်လို့ ဒီနေ့ ငါ့နေရာမှာ တခြားသူဆိုရင် သူတို့တွေ သေပြီးလောက်ပြီ။ ဒါကို ကိစ္စသေးသေးလေးလို့ ထင်နေတုန်းလား”

ဝူဘုရင် "..."

ယန်ယွီချန်း၏ မျက်နှာ ချက်ချင်းဆိုသလို ဖြူဖျော့သွား၏။

ဝူဘုရင်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"ယန်ယွီချန်း မင်းရဲ့ တာဝန်ကို ထမ်းဆောင်တုန်း သတ်ဖို့ရာ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်ဖို့ ဘယ်သူကများ ခွင့်ပြုထားလို့လဲ”

"ဒီနိမ့်ကျတဲ့သူက ကျူးလွန်မိတာပါ”

ယန်ယွီချန်းက ဝပ်တွားကာ သူ့အမှားကို ဝန်ခံလိုက်သည်။

ဝူဘုရင်က လုကျိုးကို ဦးညွတ်ပြီး ပြောလိုက်၏။

"လောင်ချန်းပေ့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျေနပ်လောက်မဲ့ အဖြေမျိုးကို ပေးပါ့မယ်”

"ဘယ်လိုလုပ်ဖို့ စီစဥ်ထားလို့လဲ” လုကျိုးက မေးလိုက်သည်။

"ယန်ယွီချန်းကို အပြင်းအထန် အပြစ်ပေးပါ့မယ်”

"ဒါပဲလား”

"တကယ်လို့ ဒါက မလုံလောက်ဘူးဆိုရင် လောင်ချန်းပေ့ရဲ့ ဒေါသကို ဖြေဖျောက်ဖို့ သူ့ကို သတ်လိုက်ပါ့မယ်” ဝူဘုရင်က ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလိုက်သည်။ သူ့စကားများအရ သူ့သတ်ဖြတ်လိုစိတ်သည် ကျောင်းဟုန်ဖုဆီ ဦးတည်နေလေ၏။

ကျောင်းဟုန်ဖုက တုန်ယင်သွားသည်။ သူမက သင်္ကေတကျောင်းဆောင်ကို မပြန်ဖို့ရာ ပိုမို ဆုံးဖြတ်ချက် ခိုင်မာသွားလေ၏။ သူမသာ ပြန်သွားပါက သေဆုံးသွားမည်မှာ သံသယဖြစ်ဖို့ မလိုပေ။

"သူ့ကို သတ်တာက မလုံလောက်သေးဘူး” လုကျိုးက ထပ်ပြောလိုက်သည်။

ဝူဘုရင်က မျက်မှောင်ကြုတ်ကာ

"သူ့ကို သတ်တာက မလုံလောက်သေးဘူးတဲ့လား။ လောင်ချန်းပေ့က ဘာကို ပြောချင်တာပါလဲ”

"သင်္ကေတကျောင်းဆောင်က ရွှေကြာနယ်မြေက လူတော်တော်များများကို ပြန်ပေးဆွဲခဲ့တယ်။ ကျောင်းဟုန်ဖုက ရွှေကြာနယ်မြေကပဲ။ မင်းတို့ရဲ့ တာ့ယွမ်မှာ လူကုန်ကူးတာကို ဘယ်လိုအပြစ်ပေးလဲ” လုကျိုးက မေးလိုက်သည်။

"..."

ဝူဘုရင်က ထိုကိစ္စနှင့် ပတ်သက်ပြီး ဝေဝေဝါးဝါးသာ ကြားဖူးပြီး ပါဝင်မပတ်သက်ခဲ့ပေ။ ထို့အပြင် တခြားနေရာမှ ကလေးများကို ပြန်ပေးဆွဲခြင်းက ထိခိုက်လွယ် ကိစ္စတစ်ခု ဖြစ်၏။ ထို့ကြောင့် သူက ပြောလိုက်သည်။

"ကျုပ်လည်း အသေးစိတ်တော့ သေချာမသိပါဘူး။ ဒါပေမဲ့ ခိုးယူလုယက်တာမျိုး၊ ပြန်ပေးဆွဲတာမျိုး၊ တခြားအပြစ်ကြွေးတွေအတွက်ကိုတော့ ပြစ်ဒဏ်စီမံရေးဌာနကို လွှဲပေးပါတယ်”

လုကျိုးက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

"ဒီကိစ္စက ရွှေကြာနယ်မြေနဲ့ ပတ်သက်နေတာ။ ကလေးတစ်ယောက်ကို ပြန်ပေးဆွဲတာက သတ်ဖြတ်မှုကို ကျူးလွန်တာနဲ့ ဘာမှမကွာဘူး။ လူသတ်သမားက သူ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်။ မင်းတို့ထဲက ဘယ်သူ အရင်သေချင်လဲ”

ဝူဘုရင်က ပြောလိုက်သည်။

"ဒါက သက်သေမရှိဘဲနဲ့ စွပ်စွဲချက် သက်သက်ပါပဲ။ သူတို့ကို ယုံလို့ မရပါဘူး”

ဝူဘုရင်၏ စကားအဆုံးတွင် လုကျိုးက ရွှေရောင်ထိုက်ရွှီကြေးမုံကို ထုတ်ယူလိုက်၏။ ထို့နောက် ကြေးမုံမှ ရွှေရောင် အလင်းတန်း ထွက်ပေါ်လာသည်။

ရွှေရောင် ထိုက်ရွှီကြေးမုံ၏ အလင်းရောင်အောက်တွင် ယန်ယွီချန်းနှင့် တခြားကျင့်ကြံသူများ၏ စိတ်ဝိညာဥ်သဏ္ဌာန်က ပေါ်ထွက်လာလေသည်။ ထိုစိတ်ဝိညာဥ်သဏ္ဌာန်များက တောက်ပနေလေ၏။

လုကျိုးက ထိုက်ရွှီကြေးမုံကို ယုံကြည်ချက်ရှိစွာ ထုတ်ယူလိုက်ခြင်းက သူ့တွင် အမှန်တရား မျက်လုံးရှိထားပြီး သူ့အတည်ပြုချက်က ခိုင်မာနေ၍ ဖြစ်သည်။ ထိုရွှေရောင် ထိုက်ရွှီကြေးမုံဖြင့် သူတို့၏ အတိတ်ကို ဖုံးကွယ်နိုင်မည် မဟုတ်ပေ။

ယန်ယွီချန်းက မျက်လုံးအပြူးသား ဖြစ်သွားလေ၏။ သူ့ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်လာကာ လဲကျသွားသည်။ သူက ရွှေရောင် စိတ်ဝိညာဥ်သဏ္ဌာန်ကို မယုံကြည်နိုင်စွာ ကြည့်နေရင်း ထပ်ခါထပ်ခါ ရေရွတ်နေမိသည်။

"မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး”

လက်တွေ့က ရက်စက်လှသည်။

ယန်ယွီချန်းက ရွှေကြာနယ်မြေနှင့် အနီရောင်ကြာနယ်မြေတို့မှ ကျင့်ကြံသူများကို စက်ဆုပ်ခဲ့၏။ သူက သူတို့သည် အားနည်းပြီး သနားဖို့ရာ မထိုက်တန်ဘူးဟု တွေးထင်ခဲ့သည်။ သူက ရွှေကြာနယ်မြေမှ ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

ဒါက ဘယ်လိုအပြောင်းအလဲမျိုးလဲ ...

"ဒီပစ္စည်းကို ရွှေရောင် ထိုက်ရွှီကြေးမုံလို့ ခေါ်တယ်။ ဒါက အားနည်းသူနဲ့ အားကြီးသူကို ခွဲခြားပေးနိုင်တယ်။ ပိုပြီးအရေးကြီးတာက အမှန်တရားကို ထုတ်ဖော်ပေးနိုင်တယ်” လုကျိုးက ပြောလိုက်သည်။ ထို့နောက် သူက ရွှေရောင် ထိုက်ရွှီကြေးမုံကို ဝူဘုရင်ဆီ ချိန်ရွယ်လိုက်၏။

ဝူဘုရင်က တုန်တုန်လှုပ်လှုပ်ဖြင့် နန်းတော် အစေခံတစ်ယောက်ဆီ ဝင်ကွယ်လိုက်သည်။ မျှော်လင့်မထားစွာ ရွှေရောင် ထိုက်ရွှီကြေးမုံ၏ အလင်းတန်းက အစေခံအပေါ် သက်ရောက်မှု ရှိမလာဘဲ သူမကို ထိုးဖောက်သွားပြီး ဝူဘုရင်ဆီ အလင်းဖြာကျလာသည်။ သိပ်မကြာခင် မွေးဖွားဇယားချပ် ၅ခု ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခု ပေါ်ထွက်လာလေ၏။

"..."

လုကျိုးက ထိုရလဒ်ကြောင့် အနည်းငယ် အံ့အားသင့်သွားမိသည်။ ဖရိုဖရဲ ကုန်းမြေရှိ တိုက်ပွဲအတွင်း ဝူဘုရင်က မွေးဖွားဇယားချပ် ၃ခု ဆုံးရှုံးသွားခဲ့သည်။ ယခု ဝူဘုရင်ကို ဖြေရှင်းဖို့ရာက သူ့တွင် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကိုပင် အသုံးပြုဖို့ မလိုပေ။

သူက မုတ်ဆိတ်သပ်ကာ ပြောလိုက်၏။

"ဝူဘုရင် မင်းက မွေးဖွားဇယားချပ် ၈ခု ပညာရှင်ပဲ။ အခု မွေးဖွားဇယားချပ် ၃ခု ဆုံးရှုံးသွားတာတောင် လျှောက်သွားနေရဲတုန်းလား။ တော်ဝင်ခုံရုံးက ဒီလောက်တောင် လူရှားနေလား”

ဝူဘုရင်က မျက်နှာပူမိသွားသည်။ သူက ပြောလိုက်၏။

"ကျုပ်က ကျုပ်ဘာသာ အရူးလုပ်မိပါပြီ။ ကျုပ်ရဲ့ ရာထူးရှိပေမဲ့လည်း တော်ဝင်ခုံရုံးရဲ့ ကိစ္စတွေ တော်တော်များများကို မသိပါဘူး။ တော်ဝင်ခုံရုံးက ဒီလိုအရာမျိုး လုပ်လိမ့်မယ်လို့ ထင်မထားမိဘူး။ ထားလိုက်ပါတော့။ ခင်ဗျား သူတို့ကို သတ်မယ်ဆိုရင်တောင် ကျုပ်မှာ ဘာမှပြောစရာ မရှိတော့ဘူး”

ထို့အပြင် ထိုသူများက သူ မွေးဖွားဇယားချပ် ၃ခု ဆုံးရှုံးသွားသည်ကို မြင်တွေ့ပြီးသား ဖြစ်၏။ အကယ်၍ လုကျိုးက ထိုလူများကိုသာ သတ်လိုက်လျှင်ပင် မျက်မြင်သက်သေကို နှုတ်ပိတ်ပြီးသား ဖြစ်သွားလိမ့်မည်။ သူက ဝူဘုရင် အနေဖြင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်သေး၏။

လုကျိုးက ခေါင်းယမ်းကာ ပြောလိုက်သည်။

"ငါ့ဆီမှာ တောင်းဆိုစရာ ၂ခုရှိတယ်။ ငါက ဘယ်သူ့မသတ်ဘူး။ ပြောရရင် ငါက နတ်ဆိုး မဟုတ်ဘူး။ ပထမဦးဆုံး ငါက ကျောင်းဟုန်ဖုနဲ့ စကားပြောမယ်။ ဒုတိယအနေနဲ့ မီးတောင်ထွက် အဆီအနှစ် ၅ခု”

ထိုအရာကို ကြားကာ ယန်ယွီချန်းက စိတ်သက်သာရာ ရသွားလေသည်။

အချုပ်အားဖြင့် ဝူဘုရင်က လုကျိုးသာ ထိုလူများကို သတ်နိုင်လျှင် ပို၍ကောင်းသွားလိမ့်မည်ဟု တွေးလိုက်မိသည်။

မည်သူကမှ မပြောခင် လုကျိုးက ထပ်ပြောလိုက်၏။

"သေချာ စဥ်းစားရွေးချယ်"

ယန်ယွီချန်းက စဉ်းစားနေမိသည်။ ယခု သူ စဥ်းစားနေသည့် အရာကို ဘယ်သူကမှ မသိကြပေ။

ထိုစဥ် တခြားကျင့်ကြံသူများက ခေါင်းအသာယမ်းကာ သက်ပြင်းချလိုက်၏။ သူတို့က သူတို့ရှေ့မှ အမှန်တရားကို မယုံကြည်နိုင်သေးပေ။

ခဏအကြာတွင် ဝူဘုရင်က ပြောလာခဲ့သည်။

"လောင်ချန်းပေ့က အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းရဲ့ ပထမ အကြီးအကဲတွေကို သတ်ခဲ့တယ်လို့ကြားတယ်။ အဲဒါ အမှန်ပဲလား”

ထိုစဥ် သူက နဥ်ဝမ်ချင်းနှင့် တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သည့်အတွက် လုကျိုးက အနက်ရောင်မျှော်စင် အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်းတို့၏ ပထမအကြီးအကဲများကို သတ်သည်ကို မမြင်တွေ့ခဲ့ရပေ။ သူက ထိုအရာကို ကောလဟာလဟုသာ ယုံကြည်ခဲ့၏။ မွေးဖွားဇယားချပ် ၁၂ခု ရှိသည့် ရွှေကြာနယ်မြေရှိနေသည်က မယုံကြည်နိုင်ဖွယ်ဖြစ်သည်။ သူက လုကျိုးသာ သူ့ကြယ်တာရာ ဒိုင်ခွက်ကို ထုတ်ပြပါက လုကျိုး၏ တောင်းဆိုချက်ကို သဘောတူဖို့ရာ ဆုံးဖြတ်ထားသည်။ ထိုအရာက အထက်ပိုင်းမှ အမိန့်တစ်ခုလည်း ဖြစ်၏။

လုကျိုးက မေးလိုက်သည်။

"ငါ့စကားကို သံသယ ဖြစ်နေတာလား”

"ကျုပ် မလုပ်ရဲပါဘူး” ဝူဘုရင်က ပြောလိုက်သည်။

"မီးတောင်ထွက် အဆီအနှစ် ဆယ်ခု … ၃ရက်အတွင်း လာပို့လှည့် … မဟုတ်ရင် သေခြင်းတရားကပဲ မင်းတို့ကို စောင့်ကြိုနေလိမ့်မယ်”

ဝူဘုရင်က မလိုအပ်တာ ဆက်မပြောရဲတော့ဘဲ အလျင်စလိုသာ ပြောလိုက်သည်။

"ကောင်းပါပြီ။ ၃ရက်အတွင်း လာပြီးပို့ဆောင်ပေးပါ့မယ်။ သွားကြစို့"

ထို့နောက် ဝူဘုရင်က သူ့ရထားလုံးပျံဆီ ပျံသန်းသွားသည်။

ထိုစဥ် ယန်ယွီချန်းနှင့် တခြားသူများက တစ်ယောက်ပြီးတစ်ယောက် ငိုလိုက်ကြ၏။

"သခင်ကြီး ကျုပ်တို့ကို မချန်ထားခဲ့ပါနဲ့"

ဝူဘုရင်က ဒေါသထွက်နေပြီ ဖြစ်၏။ သူက ထိုသူများကို လှည့်ပင် မကြည့်ဘဲ ပြောလိုက်သည်။

"ထွက်သွားစမ်း”

ထို့နောက် ရထားလုံးပျံက ရွာငယ်လေးမှ ပျံသန်းထွက်သွားသည်။

ယန်ယွီချန်းက ငိုချင်သော်လည်း မျက်ရည်မကျပေ။

ထိုစဥ် ယွီကျန့်ဟိုင်က ပြောလိုက်သည်။

"ကောင်းကင်ဘုံက မင်းရဲ့ အပြစ်ကြွေးတွေနဲ့ နေဖို့ ခွင့်ပြုထားတယ်ဆိုရင်တောင် ဘယ်လိုများ နေနိုင်တာလဲ။ တကယ်လို့ မင်းက ရွှေကြာနယ်မြေကသာ မဟုတ်ဘူးဆိုရင် မင်းကို သတ်ပြီးလောက်ပြီ”

ယန်ယွီချန်းနှင့် ကျင့်ကြံသူများက ရွာမှ ထွက်ပြေးသွားကြသည်။ သို့သော်လည်း သူတို့က အခက်တွေ့နေကြ၏။ သူတို့က ဘယ်ကိုများ သွားနိုင်မည်နည်း။

လုကျိုးက ကျောင်းဟုန်ဖုကို ကြည့်ကာ ပြုံးပြီး ပြောလိုက်သည်။

"မကြောက်နဲ့"

ကျောင်းဟုန်ဖုက တုန်ယင်သွားပြီး "ကျွန်မ အတော်လေးကို ကြောက်သွားတာ"

"မင်းက ဘယ်သွားနိုင်မယ်လို့ ထင်လို့လဲ" လုကျိုးက မေးလိုက်သည်။

"အနက်ရောင်ကြာနယ်မြေက မင်းရဲ့ တည်ရှိမှုကို ခွင့်ပြုထားမှာ မဟုတ်ဘူး။ ငါနဲ့ပဲ ဘေးကင်းလိမ့်မယ်”

"..."

"တကယ်လို့ ငါ့ကို မယုံဘူးဆိုရင် မင်းရဲ့ စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်လိုက်။ အရင်ရှေးခေတ် အချိန်ကတည်းက နည်းလမ်းတွေဆိုတာ ရှိခဲ့တာပဲ”

ကျောင်းဟုန်ဖုက လုကျိုး၏ စကားများကို မည်သို့ နားမလည်ဘဲ နေမည်နည်း။ သူမက သင်္ကေတကျောင်းတော်အတွင်း ရှိစဥ် အခါက မကြာခဏ အနိုင်ကျင့်ခံရဖူးသည်။ ထိုစဥ်အခါက သူမသည် ဒေါသအလွန်ထွက်ခဲ့၏။

လုကျိုးက ညင်သာဖို့ အကောင်းဆုံး ကြိုးစားနေပြီး ပြောလိုက်သည်။

"မင်းသာ မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်သရွေ့ မင်းကို ဆိုးဆိုးဝါးဝါး မဆက်ဆံဘူး”

"တကယ်လား”

"ငါဘယ်တော့မှ မလိမ်ဘူး”

ကျောင်းဟုန်ဖုက ပြောလိုက်သည်။

"ကျွန်မက သင်္ကေတကျောင်းတော်ရဲ့ အကြီးဆုံး စာကြည့်တိုက်ကို မီးရှို့ပစ်ခဲ့တာ။ သူတို့က ကျွန်မကို ဖမ်းဆီးပြီးတော့ ကျွန်မ မှတ်သားထားတဲ့ အရာတွေကို ရေးခိုင်းဖို့ ဘာမဆိုလုပ်ကြလိမ့်မယ်။ သူတို့က ကျွန်မနောက်ကို လိုက်တာ ရပ်တန့်မှာ မဟုတ်ဘူး။ လောင်ချန်းပေ့က မကြောက်ဘူးလား”

လုကျိုးက ပြောလိုက်သည်။

"မင်းကို လွှတ်လိုက်တဲ့သူက ငါ့ကို နားလည်လို့ပဲ။ တကယ်လို့ သူသာ မင်းကို ထိခိုက်အောင် လုပ်ချင်ရင် ငါ့ဆီ လွှတ်နေမှာ မဟုတ်ဘူး။ သင်္ကေတကျောင်းတော်အကြောင်းကိုတော့ ငါများများစားစား မသိဘူး”

ကျောင်းဟုန်ဖုက လုကျိုး၏ စကားအများစုကို ယုံကြည်သွားဟန်ပေါ်သည်။ သို့သော်လည်း သူမ၏ အမူအရာက အနည်းငယ် အယုံအကြည် ကင်းမဲ့နေသေးသည်။

လုကျိုးက ကျောင်းဟုန်ဖု တုံ့ဆိုင်းနေသည်ကို မြင်သည့်အခါ မြှားခေါ်ဖို့ အချိန်ကောင်းဟု တွေးလိုက်မိသည်။ ပါရမီရှင်တစ်ယောက်ကို ခေါ်ယူနိုင်ဖို့အတွက် ထိုက်တန်လှသည်။

သူက သူ့လက်ထဲ အသွင်ပြောင်းကတ်ကို ချေမွပစ်လိုက်သည်။

ပေ ၁၀၅၀ မြင့်မားသည့် ရွှေရောင် စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခုက တိမ်တိုက်အတွင်း မြင့်မားကာ ထွက်ပေါ်လာလေ၏။ မွေးဖွားနန်းဆောင်အတွင်း တြိဂံ ၃၆ခု အလယ်တွင် ၁၂နေရာက အတော်လေး တောက်ပနေသည်။

ကြယ်တာရာ ဒိုင်ခွက်က မီတာအတော်အတန် ကြီးမားပြီး လမင်းတစ်စင်းလိုမျိုး တောက်ပနေသည်။

ရွာအဝင်ဝနားတွင် ရှိနေသည့် ယန်ယွီချန်းနှင့် တခြားသူများက စွမ်းအားအပြောင်းအလဲကို ခံစားမိကာ လှည့်ကြည့်လိုက်ကြသည်။ သူတို့မြင်ကွင်းရှေ့တွင် မြင်လိုက်ရသည့် အရာများကြောင့် ကြောင်အမ်းသွား၏။

...

ထိုစဥ် အဝေးတစ်နေရာသို့ ပျံသန်းသွားပြီဖြစ်သည့် ဝူဘုရင်က ဒေါသထွက်နေသည်။ သူ့ဒေါသကို မချေဖျက်နိုင်သေးပေ။ သူက စားပွဲခုံနှင့် ကုလားထိုင်များကို ရိုက်ချိုးပစ်နေသည်။

သို့သော်လည်း ဝူဘုရင်က ပေ ၁၀၅၀ မြင့်မားသည့် ရွှေရောင် စိတ်ဝိညာဥ်သဏ္ဌာန်ကို မြင်သည့်အခါ ရေခဲရေနှင့် လောင်းချခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ့ဒေါသမီးတောက်များက ချက်ချင်းဆိုသလို ငြိမ်းသက်သွား၏။ သူက တုန်တုန်ယင်ယင်ဖြစ်ကာ ထိုင်ခုံဆီ ဝင်တိုက်မိသွားပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

"ဒါက လောင်ချန်းပေ့ဆီကနေ မျက်နှာ ဖြတ်ရိုက်လိုက်တာများလား။ ထားလိုက်ပါတော့။ ငါ ဒီလိုလူမျိုးကို နှောင့်ယှက်ဖို့ မတတ်နိုင်ဘူး”

…

အခန်း (၁၀၃၁) ကုန်းတိုက်ခြင်း

ရထားလုံးပျံက မြောက်အရပ်ဆီသို့ ပျံသန်းသွားလေ၏။ ပဲ့ထိန်းသည့်သူက စိတ်ဝိညာဉ်သဏ္ဌာန်ကြောင့် ထိတ်လန့်သွားတာ ဖြစ်ဟန်တူသည်။ ရထားလုံးပျံက ယိမ်းခါသွားလေ၏။

“အရူး ငြိမ်အောင်ထိန်း” ဝူဘုရင်က ကြယ်တာရာဒိုင်ခွက်ကို ကြည့်ပြီး တံတွေးမျိုချလိုက်လေ၏။ လုကျိုးက သူ့အပေါ် ရွှေရောင်ထိုက်ရွှီကြေးမုံကို လင်းထိန်စေတာကို တွေ့မိသွားချိန်၌ ထိတ်လန့်သွားပြန်၏။ လုကျိုးသာ ထိုစဉ်က သူ့ကို တိုက်ခိုက်ခဲ့လျှင် နောက်ဆက်တွဲက မှန်းဆမရဖြစ်လိမ့်မည်။ စိတ်ထဲတွင် ထိုအတွေးများဖြင့် လက်ဖဝါးများက ချွေးပြန်လာပြီး ခြေထောက်များ တုန်ယင်လာ၏။

ထိုစဉ် ဝူဘုရင်ဘေးရှိ ကျင့်ကြံသူတစ်ဦးက အသံတိုးတိုးဖြင့် ပြောလိုက်တော့သည်။

“မီးတောင်ထွက်အဆီအနှစ်ဆယ်ခုက များလွန်းတယ်။ မူလအစီအစဉ်အတိုင်း သူ့ကို ထောင်ချောက်ထဲ မျှားခေါ်ရအောင်လား”

ဝူဘုရင်က ခေါင်းမော့ပြီးနောက် ထိုကျင့်ကြံသူကို တစ်ချက်ကြည့်လိုက်၏။

“အရင်တုန်းက ငါ့မှာ အဲ့လိုအတွေးရှိခဲ့တယ်။ ဒါပေမဲ့ အခုတော့ မဟုတ်ဘူး။ အရှင်မင်းကြီး အနက်ရောင်ဧကရာဇ်နဲ့ တွေ့ခွင့်တောင်းရမယ်။ အခုက မီးတောင်ထွက်အဆီအနှစ်တွေကို ဂရုစိုက်ရမဲ့အချိန်မဟုတ်ဘူး”

ကျင့်ကြံသူက ခေါင်းညိတ်ပြီးပြောလိုက်သည်။

“အလင်းအမှောင်မဟာမိတ်က ကျွန်တော်တို့ သူလျှို့တွေ သတင်းပို့တာတော့ အဲ့ဒီလောင်ချန်းပေ့က သူတို့ဆီက မီးတောင်ထွက် အဆီအနှစ်ဆယ်ခု ယူသွားတယ်တဲ့။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းက လောင်ချန်းပေ့ကို သူတို့ဘက် ခေါ်ဖို့ ကြိုးစားနေကြတာ။ ဒါကြောင့် မီးတောင်ထွက်အဆီအနှစ်ဆယ့်ငါးခု ပေးခဲ့တယ်တဲ့။ ဒါကို ကြည့်ရင် သူ့မှာ ဒီပစ္စည်းတွေ ချို့တဲ့နေတာကို မြင်နိုင်တယ်”

ဝူဘုရင်က ပြောလိုက်၏။

“မီးတောင်ထွက်အဆီအနှစ်က လက်နက်တွေကို ပေါင်းစည်းအဆင့်ထိရောက်အောင် သုံးနိုင်တဲ့ ရှားပါးတဲ့ အသုံးပစ္စည်းတွေပဲ။ သူတို့ကို ဘယ်သူက မလိုလို့လဲ။ ငါလည်း လိုချင်တယ်”

ရွာငယ်လေးထဲတွင် ဖြစ်သည်။

သာမန်ပြည်သူပြည်သားများနှင့် အဆင့်နိမ့်ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် သွားလာနေ၏။ အားလုံးက မြင့်မားလှသည့် ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကို တအံ့တဩ ကြည့်နေကြသည်။

လုကျိုးသည် ရုပ်ဖျက်ကတ်၏ အာနိသင်ကို စိတ်ကျေနပ်စွာ ကြည့်နေမိသည်။

ကျောင်းဟုန်ဖုက မှင်တက်သွားလေ၏။ ရွှေရောင်ကံမီးတောက်တို့ဖြင့် လွှမ်းခြုံနေသော ရွှေကြာသည် တလက်လက်တောက်ပနေ၏။

“တင်း ... လူပေါင်း ၃၅၀၏ ကိုးကွယ်ယုံကြည်မှု ခံရပါတယ်။ ဆုလာဘ် ကုသိုလ်မှတ် ၃၅၀”

ထိုစဉ် လူများစွာ မြေပြင်ပေါ်တွင် ဒူးထောက်ပြီးနောက် ရိုကျိုးစွာ ကန်တော့နေကြသည်။

ဆယ်ဆစက္ကန့်ခန့် ကြာပြီးနောက် စိတ်ဝိညာဉ်သဏ္ဌာန်သည် လေထုထဲပြန်ပျောက်ကွယ်သွားကာ အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားတော့သည်။

လုကျိုးက မုတ်ဆိတ်သပ်ပြီး ကျောင်းဟုန်ဖုကို ကြည့်ပြီး ပြောလိုက်၏။

“မင်းမှာ စွမ်းအားလုံလုံလောက်လောက်ရှိသရွေ့ မတရားမှုကို ချေဖျက်နိုင်ပြီး တခြားသူတွေရဲ့ လေးစားမှုကို ရလိမ့်မယ်”

ကျောင်းဟုန်ဖုသည် ဆန်စေ့ကို ထိုးဆိတ်စားနေသော ကြက်လေးတစ်ကောင်ပမာ ခေါင်းညိတ်လိုက်တော့၏။

ဤသို့ စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် အဖြူဖြစ်စေ အမည်းဖြစ်စေ မည်သူက ပြောရဲမည်နည်း။ ခွဲခြားသိမြင်မှုသည် ရှေးယခင်ကာလတည်းက အမြဲတစေတည်ရှိ၏။ သို့သော် အားနည်းသူက ခွဲခြားသိမြင်ပိုင်ခွင့် မရှိ။

“ချန်း ချန်းပေ့က ဒီလောက်အစွမ်းထက်တယ်တဲ့လား” ကျောင်းဟုန်ဖုက ပြောလိုက်၏။

လုကျိုးက လက်နောက်ပစ်လျက် ရပ်နေကာ ပြောလိုက်သည်။

“မင်းကို နောက်ဆုံးအခွင့်အရေး ပေးမယ်။ မင်း ဆန္ဒမရှိရင် ထွက်သွားလို့ရပြီ။ ပြီးရင် မင်းရဲ့သေခြင်း ရှင်ခြင်းက ငါနဲ့ဘာမှ မဆိုင်တော့ဘူး”

လုကျိုးသည် ပြောပြီးနောက် အကြည့်လွဲလိုက်၏။

ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ချင်တဲ့သူတွေများပေမဲ့ အခွင့်အရေးမရခဲ့ဘူး။ မင်း တွေဝေနေတာကို ကြည့်ရင် မင်းက မိစ္ဆာဝေဟင်မျှော်နန်းထဲဝင်ဖို့ သင့်တော်တယ်လို့ မထင်ဘူး။ ငါ့ရဲ့ရှစ်စွင်းက သက်ညှာပေးနေပေမဲ့ မင်းက ဘယ်လိုတန်ဖိုးထားရမှန်း မသိဘူး။ မင်းကို အခုထွက်သွားဖို့ အကြံ ပေးလိုက်မယ်။ ထွက်သွားပြီးရင် သေအောင်အခုတ်မခံရဖို့ ဂရုစိုက်”

“...”

လူအများစု၌ အလွန်ဆိုးရွားသည့် အလေ့အထတစ်ခုရှိသည်။ သူတို့ကို နေခိုင်းသည့်အချိန်၌ သူတို့ ဆန္ဒမရှိပေ။ သို့သော် သူတို့ကို ထွက်သွားခိုင်းသည့်အချိန်၌ သူတို့စိတ်ပြောင်းသွားလိမ့်မည်။"

“မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။ ကျွန်မ ဆန္ဒရှိပါတယ်။ ဆန္ဒမရှိဘူးလို့ မပြောဘူး”

ကျောင်းဟုန်ဖုက ချက်ချင်းဒူးထောက်လိုက်၏။

“လောင်ချန်းပေ့ ကျွန်မကို ခေါ်ပါလို့ တောင်းဆိုပါရစေ”

လုကျိုးသည် ခေါင်းညိတ်ပြီးနောက် ယွီကျန့်ဟိုင်ကို ပြောလိုက်သည်။ "မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စည်းမျဉ်းတွေအကြောင်း သူ့ကို ပြောပြလိုက်”

“နားလည်ပါပြီ”

ပြီးနောက် ယွီကျန့်ဟိုင်သည် ကျောင်းဟုန်ဖုကို စည်းမျဉ်းများ ရှင်းပြလိုက်၏။

သူ ရှင်းပြတာ နားထောင်ပြီးနောက် ကျောင်းဟုန်ဖုက ပြောလိုက်သည်။

“စည်းမျဉ်းအားလုံး နားလည်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိ ....” သူမ ပြောတာ မပြီးသေးခင် ယွီကျန့်ဟိုင်က မျက်မှောင်ကျုံ့လိုက်သည်။

“မင်းက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ညှိနှိုင်းဖို့ ကြိုးစားနေတာလား”

“ကျွန်မ အဲ့လို မရည်ရွယ်ပါဘူး။ ကျွန်မ အနက်ရောင်အဖြစ် မပြောင်းချင်တဲ့အကြောင်းအရင်းက ရွှေကြာနယ်မြေကို ပြန်ပြီး တစ်နေ့ကျရင် ကျွန်မ မိသားစုကို ရှာနိုင်ဖို့ပါပဲ” ကျောင်းဟုန်ဖုက တောင်းပန်တိုးလျှိုးလျက် ပြောလိုက်လေ၏။

လုကျိုးက ကျောင်းဟုန်ဖုကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

“မင်းကို ကရုဏာသက်တာကြောင့် မင်းကို ခြွင်းချက်ထားပေးလိုက်မယ်”

ကျောင်းဟုန်ဖုက အပျော်လွန်သွားလေ၏။

“ကျေးဇူးပါ ဆရာကြီး”

ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“မင်း မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ပြီးရင် ငါ့ရဲ့ရှစ်စွင်းကို မျှော်နန်းသခင်လို့ ခေါ်ရမယ်”

“ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့” ကျောင်းဟုန်ဖုက ပြုံးလျက် သုံးခါဆက်တိုက်ပြောလိုက်သည်။

“မျှော်နန်းသခင်”

“တင်း ... လက်အောက်ငယ်သားတစ်ယောက် ရရှိပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၁၀၀၀”

“ထတော့” လုကျိုးသည် အသိပေးစာကို ရသောအခါ သူမ သစ္စာရှိမှုက ၄၀ရာခိုင်နှိုင်းသာ ရှိတာကို သတိပြုမိလိုက်သည်။ ယင်းက မြင့်လည်းမမြင့် နိမ့်လည်းမနိမ့်ပေ။ ယင်းက ကျိုးကြောင်း သင့်ပေ၏။ ထိုစဉ်က မိစ္ဆာဝေဟင်မျှော်နန်းကို လန်လော့ပထမဆုံးဝင်ခဲ့စဉ်ကထက် ပိုမြင့်ပေသည်။

“ငါ့နောက်လိုက်ခဲ့” လုကျိုးက လှည့်ထွက်သွားပြီး အထဲသို့ လမ်းလျှောက်သွားလေ၏။

တည်းခိုခန်းအပြင်ဖက်ရှိ လူအုပ်ကြီးက တဖြည်းဖြည်းချင်း လူစုကွဲသွားလေ၏။

တည်းခိုခန်းပိုင်ရှင်က နေရာကို ရှင်းလင်းရန် အမိန့်ပေးလိုက်သည်။ တစ်ချိန်တည်းတွင် သူ့လူများကို သေရည်ကောင်းနှင့် ဟင်းကောင်းကောင်း ပြင်ဆင်ထားရန် အမိန့်ပေးလိုက်၏။ ထိုကဲ့သို့ ပြောင်မြောက်သည့်သူက သူ့တည်းခိုဆောင်သို့ လာတည်းနေလေရော သူ ပျော်ရွှင်နေသည်။

အခန်းထဲတွင်ဖြစ်သည်။

လုကျိုးက မေးလိုက်၏။

“မင်းက သင်္ကေတကျောင်းတော်ရဲ့ ကျောင်းသားတစ်ယောက်လား”

ကျောင်းဟုန်ဖုက ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပါတယ်။ ကျွန်မ ငယ်ငယ်လေးတည်းက သင်္ကေတတွေကို သင်ယူခဲ့တာ။ ဒါပေမဲ့ ကျွန်မ တစ်ယောက်ပဲ သင်္ကေတာတွေကို သင်ယူတာတာ။ အများစုက ကျင့်ကြံဖို့နဲ့ တော်ဝင်သွားဖို့ အာရုံစိုက်နေကြတယ်။ တခါတလေ သူတို့က လူတွေတောင် သတ်ရတယ်”

“မင်း တစ်ယောက်ပဲ သင်္ကေတတွေကို သင်ယူတာတဲ့လား”

“ကျွန်မဆိုလိုတာက အဲ့ဒီလူတစ်အုပ်ထဲမှာ သင်္ကေတသင်ယူတာ ကျွန်မတစ်ယောက်တည်းပါပဲ။ ဘာကြောင့်လည်းဆိုတာ မသိပါဘူး။ နည်းပြက ကျွန်မက ထက်မြတ်ပြီး ပါရမီရှိတယ်တဲ့။ ကျွန်မ တကယ်လည်း ဉာဏ်ကောင်းပါတယ်” ကျောင်းဟုန်ဖုက ပြောလိုက်၏။ သူမသည် သင်္ကေတများကို နှစ်ပေါင်းများစွာ သင်ယူခဲ့၏။ သို့သော် သူမကို အခြားသူများနှင့်မယှဉ်ဘဲ သူမ အရည်အချင်းရှိမှန်း မသိနိုင်။

“ယန်ယွီချန်း ပြောတာတော့ မင်း သူတို့စာကြည့်တိုက်ကို မီးရှို့ခဲ့တယ်တဲ့။ ဘာဖြစ်လို့လဲ”

“သူတို့က ကျွန်မကို အနက်ရောင်ကြာ ကျင့်ကြံသူအဖြစ်ပြောင်းချင်နေတာလေ။ ဒါပေမဲ့ ကျွန်မ ငြင်းခဲ့တယ်။ ကျွန်မက ဘုံတစ်ထောင်စိတ်ဝိညာဉ်သဏ္ဌာန်ဖွဲ့တည်ပြီးတာနဲ့ နောက်ကျလွန်းသွားပြီမှန်း သူတို့သိသွားတာကြောင့် ဖိအားပေးဖို့ ပြင်ဆင်နေတာ။ ဒါကြောင့် ကျွန်မ စာကြည့်တိုက်ကို မီးရှို့ပြီး ထွက်ပြေးလာတာပဲ” ကျောင်းဟုန်ဖုက ပြောလိုက်၏။

“သူတို့က မင်းကို ဒီလောက်တန်ဖိုးထားတယ်ဆိုတော့ မင်း အလွယ်တကူ ထွက်မပြေးနိုင်လောက်ဘူး”

“ကြည့်ရတာ အမှောင်ထဲမှာ ကျွန်မကို ကူညီပေးနေတဲ့သူ ရှိပုံပဲ”

“အဲ့ဒီလူက ဘယ်သူလဲ” လုကျိုးက မေးလိုက်၏။ အနက်ရောင်ကြာနယ်မြေထဲတွင် သူ သိသည့်သူ မများပေ။ တစ်စုံတစ်ယောက်အဖို့ အကြောင်းမရှိဘဲ သူ့ဆီ သင်္ကေတပညာရှင်ပို့ရလောက်အောင် ကြင်နာမှာမဟုတ်ပေ။

“ကျွန်မက သူ့ရဲ့မျိုးရိုးနာမည်က လုဆိုတာပဲသိတယ်။ တခြားဘာမှ မသိပါဘူး”

“လုလား” လုကျိုးသည် အနည်းငယ်အံ့ဩသွားလေ၏။ သူ ပထမဆုံးတွေးမိသည့်သူက လုလီပဲ ဖြစ်သည်။

“ဟုတ်ပါတယ်။ စာထဲမှာ အဲ့လိုပဲပြောထားတာ” ကျောင်းဟုန်ဖုက ပြောလိုက်၏။

လုကျိုးက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“မင်း ထွက်သွားပြီး အနားယူလို့ရပြီ။ မလိုအပ်ဘဲ လျှောက်သွားမနေနဲ့”

“ကောင်းပါပြီ” ကျောင်းဟုန်ဖုက ထရပ်ပြီး အခန်းအပြင်ဖက်ထွက်သွားလေ၏။ သူမက တံခါးအပြင်ဖက်၌ ရပ်နေသော ယွီကျန့်ဟိုင်ကို မြင်သောအခါ သူ့ကို တံတောင်နဲ့တွတ်ပြီး မေးလိုက်သည်။

“ဟေ့ ဘာဖြစ်လို့လဲ”

“...” ယွီကျန့်ဟိုင်သည် သူ၏မျက်လုံးထောင့်ကနေ သူမကို ကြည့်ပြီးမေးလိုက်တော့သည်။

“မင်းက တကယ်မိန်းကလေးတစ်ယောက်လား”

“မဟုတ်ဘူး။ ကျုပ်က ယောက်ျားလေး” ကျောင်းဟုန်ဖုက မျက်နှာထားတည်တည်ဖြင့် ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။

ယွီကျန့်ဟိုင်က ခေါင်းခါပြီးပြောလိုက်တော့သည်။

“မင်းမှာ ယဉ်ကျေးမှုမရှိဘူး”

ကျောင်းဟုန်ဖုက လည်ချောင်းရှင်းလျက် အလေးထားပြောလိုက်၏။

“ချန်းပေ့ ကျေးဇူးပြုပြီး နောင်ကျ ကျွန်မကို ဂရုစိုက်ပေးပါ”

“ဒါမှ ပိုတူသေးတယ်။ မိစ္ဆာဝေဟင်မျှော်နန်းကို ရောက်ပြီးရင် တစ်ယောက်ယောက်က မင်းကို ကြိုးတွေပြလိမ့်မယ်။ အနားယူတော့” ယွီကျန့်ဟိုင်က ပြောပြီးထွက်သွားတော့၏။

“သိပါပြီ”

ထိုစဉ် ရှန်ရှီက တည်းခိုဆောင်ထဲဝင်လာပြီး သူ၏အမူအရာက သိပ်မကောင်းပေ။

ကျောင်းဟုန်ဖုက ကျုံ့သွားလေ၏။

“မဖြစ်နိုင်တာ။ ကျွန်မကို ဖမ်းဖို့ ရှင် ဒီနေရာရောက်လာတာလား”

ရှန်ရှီက ရှေ့တိုးလာပြီးနောက် မြေပြင်ပေါ် ပြုတ်ကျသွားလေ၏။ သူ့ကိုယ်သူ လက်တစ်ဖက် ထိန်းကိုင်လျက် သွေးတစ်ပွက်အန်လိုက်၏။

ကျောင်းဟုန်ဖုက ရှန်ရှီကို ကြည့်ပြီးနောက် သတိထားမိလိုက်သည်။

“ရှင် ရှင်က ဘယ်သူလဲ။ အဆင်ပြေရဲ့လား”

ဂျွတ်

ထိုစဉ် ယွီကျန့်ဟိုင်က အခန်းထဲကနေ တဟုန်ထိုးပြေးထွက်လာ၏။ သူက မျက်မှောင်ကျုံ့လျက် မေးလိုက်သည်။

“အစောင့်အရှောက်ရှန် ဒဏ်ရာရထားတာလား”

ရှန်ရှီသည် နာကျင်မှုကို တောင့်ခံလျက် ပြောလိုက်သည်။

“ကျုပ် အဆင်ပြေပါတယ်”

ကျောင်းဟုန်ဖုက တအံ့တဩပြောလိုက်၏။

“အစောင့်အရှောက်ရှန်လား။ ရှင်ကကော မိစ္ဆာဝေဟင်မျှော်နန်းကပဲလား”

“သူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့အစောင့်အရှောက်တွေထဲက တစ်ယောက်ဖြစ်တဲ့ ရှန်ရှီ။ သူ မနေ့တုန်းက ကိစ္စတစ်ခု သွားလုပ်တာ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။

နောက်ထပ်စကားတစ်ခွန်းမှ မပြောတော့ဘဲ ကျောင်းဟုန်ဖုက စုတ်တံတစ်ချောင်းကို အမြန်ထုတ်ကာ မြေပြင်ပေါ်၌ အမျိုးမျိုးသော သင်္ကေတများ ရေးဆွဲလိုက်သည်။ သူမ၏ စုတ်ချက်များက နဂါးများနှင့် မြွေများကဲ့သို့ပင်။ သူမ ပြုလုပ်ပြီးနောက် ကျောက်စိမ်းကဲ့သို့ လက်ဝါးဖြင့် လက်ခုပ်တီးလိုက်၏။ အနက်ရောင်နှင့် ရွှေရောင်အလင်းဖြင့် သင်္ကေတများ လင်းထိန်လာပြီး စက်ဝိုင်းတစ်ခု ဖွဲ့တည်လာ၏။

ယွီကျန့်ဟိုင်က အနည်းငယ် အံ့ဩသွား၏။

“မင်း ဒါကို သိတယ်လား”

“ဒါက ဗုဒ္ဓရဲ့တောက်ပကြေးမုံလေ။ ကုသဖို့အတွက်သုံးတာ။ သင်္ကေတပညာရှင်တစ်ယောက်ရဲ့ တတ်စွမ်းနိုင်မှုထဲ ရှိနေပြီးသား”

“သင်္ကေတပညာရှင်လား” ရှန်ရှီက ခေါင်းမော့လျက် ကျောင်းဟုန်ဖုကို တအံ့တဩကြည့်လိုက်၏။

“ပထမသခင်လေး ဒါက ...”

“ကျောင်းဟုန်ဖု မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ပထမဆုံးသင်္ကေတပညာရှင်"

ရှန်ရှီက ထရပ်ပြီး ကျောင်းဟုန်ဖုကို ပြောလိုက်၏။ "ဒီတော့ ကျုပ်တို့က တစ်ဖွဲ့တည်းပဲ”

ထိုစဉ် လုကျိုးက အခန်းတံခါးဖွင့်လိုက်၏။

“ဘာဖြစ်ခဲ့တာလဲ”

ရှန်ရှီက ဒူးတစ်ဖက်ထောက်လျက် ပြောလိုက်သည်။

“ကျွန်တော် တာဝန်ကျရှုံးခဲ့ပါတယ်။ ယန်ကျန်းလော့ကို မခေါ်လာနိုင်ခဲ့ဘူး”

“ကျန်းကျို့လီက မင်းကို မကူညီခဲ့ဘူးလား”

“ကျန်းကျို့လီက စီရင်သူတစ်ယောက်ပါပဲ။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းထဲက အတွင်း ပဋိပက္ခက ပြင်းထန်လွန်းတယ်။ မိစ္ဆာဝေဟင်မျှော်နန်းနဲ့ မဟာမိတ်မဖွဲ့ချင်တဲ့ အဖွဲ့သားတွေရှိတယ်” ရှန်ရှီက ရှင်းပြလိုက်၏။

“ကျန်းကျို့လီဆီ စာပို့ပြီးတော့ သူက ယန်ကျန်းလော့ကို ခေါ်ထုတ်ပေးဖို့ သဘောတူတယ်။ ကျွန်တော်က ချိန်းထားတဲ့နေရာမှာ သွားစောင့်နေတုန်း ယန်ကျန်းလော့ကို မတွေ့ရပါဘူး။ အဲ့ဒီအစား သွမ့်ရှီဟွားရဲ့လူတွေပဲ ရှိနေပါတယ်။ ကျွန်တော် သူတို့နဲ့ မယှဉ်နိုင်တာကြောင့် ဒဏ်ရာရလာခဲ့တယ်။ ဒါပေမဲ့ သူတို့က မျှော်နန်းသခင်ကို ကြောက်တာကြောင့် ကျွန်တော့်ကို မသတ်ရဲပါဘူး။ ဒါကြောင့် ကျွန်တော် အသက်ရှင်ခဲ့တာပါ”

လုကျိုးက ခေါင်းအနည်းငယ်ခါလိုက်၏။

“သူတို့က ငါနဲ့ အနက်ရောင်မျှော်စင်အဖွဲ့အစည်းကြား သွေးထိုးဖို့ ကြိုးစားနေတာပဲ”

…

အခန်း (၁၀၃၂) မင်းက အားကောင်းပေမဲ့ လုံလုံလောက်လောက် အားမကောင်းသေးဘူး။

ရှန်ရှီက ခေါင်းညိတ်ကာ “အဲဒါက အမှန်ပဲ။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက အခု ပိုင်းခြားထားလိုက်ပြီ။ သူတို့အနေနဲ့ သဘောတူဖို့ဆိုတာက မဖြစ်နိုင်သလောက်ပဲ။ တချို့က ကလိမ်ကျပြီးတော့ တခြားသူတွေ ရည်မှန်းချက်ကို ရောက်မဲ့အစား အနက်ရောင်မျှော်စင် အဖွဲ့အစည်းကိုပဲ ဖျက်ဆီးပစ်ချင်ကြလိမ့်မယ်။ ကျွန်တော့် ညံ့ဖျင်းမှုအတွက် အပြစ်ပေးပါ”

“ဒါက မင်းအမှား မဟုတ်ဘူး။ ထားပါ” လုကျိုးက ပြောလိုက်သည်။

ရှန်ရှီက ထရပ်လိုက်၏။

လုကျိုးက အနက်ရောင်မျှော်စင် အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်းတို့၏ ပထမအကြီးအကဲကို သတ်ခဲ့ကတည်းက မိစ္ဆာအိုကြီးလု ဟူသော နာမည်က ပျံ့နှံ့သွားခဲ့လေသည်။ ထိုကိစ္စ၏ လှုံ့ဆော်သူက အတော်လေး သတ္တိကောင်းလှ၏။

ဗုဒ္ဓ၏ တောက်ပကြေးမုံဖြင့် ရှန်ရှီ၏ ဒဏ်ရာများက ပျောက်ကင်းလုနီးပါး ဖြစ်နေလေပြီ။

လုကျိုးက မေးလိုက်၏။

“သွမ့်ရှီဟွားက ဘယ်သူလဲ”

“သွမ့်ရှီဟွားက အစွန်းရောက် အင်အားစုဖက်က ကိုယ်စားလှယ် တစ်ယောက်ဖြစ်ပြီးတော့ အကြီးအကဲ အဖွဲ့အစည်းရဲ့ ဒုခေါင်းဆောင်ပါ။ ဝူကွမ်းဖျင်တို့လိုပဲ သူက သုတ်သင်ရေး အစီအစဥ်ကို ထောက်ခံခဲ့တယ်။ မျှော်စင်သခင်ရဲ့ ရှေ့မှာ သူက သူ့ကိုယ်သူ အမြဲလိုလို ချုပ်ထိန်းထားလေ့ရှိတယ်။

အဲဒါအပြင် အနက်ရောင်မျှော်စင် အဖွဲ့အစည်းက အနီရောင်ကြာနယ်မြေရဲ့ မွေးဖွားဇယားချပ် သားရဲတွေကို သိမ်းပိုက်ခဲ့တုန်းကလည်း အနက်ရောင်မျှော်စင် အဖွဲ့အစည်းကို အတော်လေး အကျိုးကျေးဇူး ရှိခဲ့တယ်။

မွေးဖွားဇယားချပ် နှလုံးသားတွေရဲ့ အထောက်အပံ့နဲ့ အနက်ရောင်မျှော်စင် အဖွဲ့အစည်းရဲ့အင်အားက တခြားအင်အားစုတွေထက် သာလွန်နေတယ်။ အဲဒီအကြောင်းအရင်းကြောင့် အစွန်းရောက် အင်အားစုက ငြင်းဆန်မှုမျိုး မရှိခဲ့ဘူး။

ဒါပေမဲ့ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက အနီရောင်ကြာနယ်မြေအပေါ် လွှမ်းမိုးမှု မရှိတော့တဲ့အပြင် ပထမအကြီးအကဲကလည်း သေပြီ။ ပြီးတော့ မီးတောင်ထွက် အဆီအနှစ် ၅ခုကိုလည်း လက်လျှော့ခဲ့ရတယ်ဆိုတော့ အစွန်းရောက် အင်အားစုဘက်က ငြိမ်နေမှာ မဟုတ်တော့ဘူး” ရှန်ရှီက ပြောလိုက်သည်။

လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်၏။

“ကောင်းပြီ။ မင်း အခန်း ပြန်နေပြီးတော့ အားဖြည့်နေလိုက်။ ငါ ရှားကျန်းလုံကို ကိုယ်တိုင် သွားတွေ့လိုက်မယ်”

ရှန်ရှီက ပြောလိုက်၏။

“မျှော်နန်းသခင်”

“ပြော”

“အနက်ရောင်မျှော်စင် အဖွဲ့အစည်းမှာ ပညာရှင်တွေ အများကြီး ရှိတယ်။ ပြီးတော့ သူတို့က မျှော်စင်ကို ခုခံကာကွယ်ဖို့ တာအိုအစီအရင် ၃၆၀၀ တောင် ရှိသေးတယ်။ သူတို့ကို လျှော့တွက်လို့ မရဘူး”

“ကောင်းပြီ။ ငါ့ကန့်သတ်ချက် ငါ သိတယ်။ သွားပြီး နားတော့”

“ဟုတ်ကဲ့”

လုကျိုးက လှည့်ကာ ကျောင်းဟုန်ဖုကို ကြည့်လိုက်သည်။

“မင်းက ကုသနိုင်လား”

ကျောင်းဟုန်ဖုက ပြောလိုက်သည်။

“အစီအရင် ဆရာသခင်တွေက သင်္ကေတတွေကို မသိလောက်ဘူးဆိုပေမဲ့ သင်္ကေတ ဆရာသခင်ကတော့ အစီအရင်အကြောင်းကို ကောင်းကောင်းသိတယ်”

လုကျိုးက သူမ လက်ထဲမှ စုတ်တံကို ကြည့်ကာ မေးလိုက်သည်။

“မင်းက အစီအရင်ကို ရေးထွင်းဖို့ စုတ်တံကို သုံးတာလား”

“စုတ်တံတွေက သင်္ကေတကို ဖြစ်စေပြီးတော့ သင်္ကေတတွေက စည်းတံဆိပ်ကို ဖြစ်စေတယ်လေ”

ကျောင်းဟုန်ဖုက ပြုံးကာ ပြန်ဖြေလိုက်သည်။

လုကျိုးက ထိုစုတ်တံသည် သာမန်မျှသာ ဖြစ်ကြောင်း သတိပြုမိလိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူက သူမအား ပိုမိုကောင်းမွန်သည့် စုတ်တံတစ်ချောင်း ပေးဖို့အတွက် အလျင်လိုနေခြင်း မရှိပေ။ သူမကို အချိန်တစ်ခုမျှ စောင့်ကြည့်ဖို့ ကြံရွယ်ထားသည်။

“လောင်တာ့”

“အမိန့်ရှိပါ ရှစ်စွင်း”

“သူမကို သင်္ကေတလမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့ လောင်ချီကို ဆက်သွယ်ခိုင်းလိုက်။ ငါတို့တွေ အနက်ရောင်ကြာနယ်မြေနဲ့ အနီရောင်ကြာနယ်မြေကြားမှာ ကိုယ်ပိုင် သင်္ကေတလမ်းကြောင်းကို လုပ်ရမယ်”

“ဟုတ်ကဲ့”

...

ဝှစ်

လုကျိူးက အခန်းဆီ ပြန်ရောက်လာသည့်အခါ ပြတင်းပေါက်မှ လျှို့ဝှက်လက်နက်တစ်ခုက သူ့ဆီ ပျံသန်းလာနေ၏။

လုကျိုး၏ တုံ့ပြန်မှုက လျှပ်စီးအလား မြန်ဆန်ကာ လက်နက်ကို လက်နှစ်ချောင်းဖြင့် အလွယ်တကူ ဖမ်းဆီးလိုက်သည်။ သူက သေချာကြည့်ကြည့်လိုက်သည့်အခါ ထိုအရာက စက္ကူအပိုင်းအစသာ ဖြစ်နေလေ၏။

စာရွက်ပေါ်တွင် ရေးသားထားသည်က

အနက်ရောင်မျှော်စင်ကို မသွားဖို့ သတိထားပါ

သူ့လက်တစ်ချက် အဝှေ့တွင် စာရွက်က အမှုန့်ဖြစ်သွားခဲ့သည်။

သူက သက်ပြင်းအသာချကာ လေထဲမှ စွမ်းအားကို ဖမ်းဆုပ်မိလိုက်၏။ ထို့ကြောင့် သူက ပြတင်းပေါက်ဆီ ပျံသန်းသွားပြီး ရွာတစ်ခုလုံးကို ခြုံငုံကြည့်လိုက်သည်။ ခဏအကြာတွင် သူက ရွာမှ ထွက်လာခဲ့၏။

တစ်ချိန်တည်းဆိုသလို သူက တိကျန်းဆီမှ ရရှိထားသည့် အရှိန်ကို အသုံးပြုကာ အနံ့ရှိရာ လိုက်လာခဲ့သည်။

ခဏအကြာတွင် သူက လမ်းငယ်လေးအဆုံးတွင် ပျံသန်းနေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ သူက အသံလွှင့်ကာ ပြောလိုက်၏။

“မင်း ပြေးရင် မြားနဲ့ ပစ်သတ်မယ်”

သူက လက်ကို မြှောက်လိုက်ပြီး အမည်မဲ့က လေးကိုင်းသဏ္ဌာန် ပြောင်းလဲသွားခဲ့သည်။

ထိုပုံရိပ်က လုကျိုး၏ စကားကို ကြားသည့်အခါ ချက်ချင်းရပ်တန့်လိုက်၏။ သူက လုကျိုးကို ကြည့်ကာ တောင်းပန်လိုက်သည်။

“ကျုပ်က သတင်းပို့သူပါပဲ။ ဒီကိစ္စက ကျုပ်နဲ့ မဆိုင်ပါဘူး။ ချန်းပေ့ ကျုပ်အသက်ကို ချမ်းသာပေးပါ”

“မင်းကို ဘယ်သူက အမိန့်ပေးလိုက်တာလဲ”

“သူက မြို့တော်က ဆိုတာကိုပဲ သိလိုက်တာပါ။ ချန်းပေ့ သူက သူ့ဇာစ်မြစ်ကို ဖုံးကွယ်ထားချင်ရင် ကျုပ်အနေနဲ့ သူဘယ်သူလဲဆိုတာကို ဘယ်လိုလုပ် သိနိုင်မှာလဲ”

သူပြောသည်က အချက်အလက် ကျ၏။ တစ်ဖက်လူ၏ နည်းလမ်းက သာမန်မဟုတ်ပေ။ သူ့လိုမျိုး သာမန်သတင်းပို့သူတစ်ယောက်အတွက် အရေးကြီးသည့် အရာများကို မသိနိုင်ပေ။

လုကျိုးက အမည်မဲ့ကို သိမ်းဆည်းပြီးသည့်နောက်တွင် ပြောလိုက်၏။

“မင်း ပြန်ရောက်တဲ့အခါ ငါ သူ့ကို လာရှာမယ်လို့ ပြောလိုက်”

“အဲဒီလို မဖြစ်နိုင်လောက်ဘူးလို့ ထင်တယ်။ သူက ကျွန်တော်ကို ဘာလုပ်ဆိုပြီး ညွှန်ကြားပြီးတဲ့နောက်မှာ သူ့ကို ဆက်သွယ်ဖို့ နည်းလမ်း ပြောပြမထားဘူး”

လုကျိုးက မုတ်ဆိပ်သပ်ကာ အတွေးနက်နေမိသည်။

အမျိုးသားက တုန်တုန်ယင်ယင်ဖြင့် မေးလိုက်၏။

“ကျုပ် ကျုပ်… ကျုပ် သွားလို့ ရပြီလား”

လုကျိုးက လက်ဝှေ့လိုက်သည်။

အမျိုးသားက ချက်ချင်းထွက်ခွာသွား၏။

လုကျိုးက သူ့ဘာသာသူ ရေရွတ်လိုက်သည်။

“သူ့မျိုးရိုးက လုဆိုတော့ လုလီများလား”

လုကျိုးက ကောင်းကင်ကျမ်းမှ အမြင်စွမ်းအား မန္တန်ကို ရွတ်ဖတ်လိုက်သည်။ သူ့မျက်ဝန်းက အထွတ်အထိပ် လျှို့ဝှက်ဆန်းကြယ် စွမ်းအားဖြင့် တောက်ပလာလေ၏။ သူက ကျူးဟုန်ကုန်းသည် နာကျင်နေသည့် အမူအရာဖြင့် တင်ပျဉ်ခွေထိုင်နေသည်ကို မြင်လိုက်ရ၏။

အနီးနားတွင် ရပ်နေသည့် လုလီက ပြောလိုက်သည်။

“ဒါက ၄ခုမြောက် အသက်ဓာတ် နှလုံးသားပဲ ရှိသေးတယ်။ လုံလောက်ဖို့ အလှမ်းဝေးနေသေးတယ်။ နောက်ဆုံးတစ်ခုက ပင်လယ်သားရဲဘုရင်ရဲ့ အသက်ဓာတ် နှလုံးသား ဖြစ်လိမ့်မယ်။ တကယ်လို့ မလုံလောက်သေးဘူးဆိုရင် ထန်ခမ်းရဲ့ အသက်ဓာတ် နှလုံးသားကိုပါ ငှားလိုက်။ ကြည့်ရတာ သူက မင်းကို တွယ်တာနေတဲ့ပုံပဲဆိုတော့ ငြင်းဆန်မှာတော့ မဟုတ်ပါဘူး။ ဒါနဲ့ ထန်ခမ်းက ဘယ်ရောက်သွားတာလဲ”

လုလီက ဘေးပတ်လည်ကို ကြည့်သော်လည်း ထန်ခမ်းကို ရှာမတွေ့ပေ။

ထိုစဥ် ကျူးဟုန်ကုန်းက ပြောလိုက်၏။

“ကျွန်တော် အသက်ဓာတ် နှလုံးသားနဲ့ စွမ်းအားတွေ အများကြီး စုပ်ယူပြီးသွားပြီလေ။ ကျွန်တော့်ကို နားခွင့်မပြုနိုင်သေးဘူးလား။ လောင်လု ကျွန်တော်ကို သေတဲ့အထိ နှိပ်စက်နေတာပဲ”

လုလီက ပြောလိုက်သည်။

“မင်းက လွယ်သေးတယ်။ ဘုံတစ်ထောင်လေပွေအဆင့် ဖွဲ့စည်းတဲ့လူ တော်တော်များများက သူတို့ရဲ့ သက်တမ်းတစ်ဝက်ကို ဆုံးရှုံးကြရတာ။ ဒီမှာ တောင့်ခံထား။ မင်း လုပ်နိုင်ပါတယ်”

“ကျွန်တော် မယုံဘူး။ ခင်ဗျားက မိစ္ဆာကြီးပဲ” ကျူးဟုန်ကုန်းက ငိုတော့မတတ် ခံစားနေရသည်။

“ခင်ဗျားက ကျုပ် ရှစ်စွင်းထက်တောင် ရက်စက်သေးတယ်။ ကံကောင်းလို့ ခင်ဗျားကို ဆရာအဖြစ် လက်မခံခဲ့မိတာ”

လုလီ “...”

လုကျိုးက ကောင်းကင်ကျမ်းစွမ်းအားကို ဖြတ်တောက်လိုက်၏။

သူ့ရှစ်ယောက်မြောက် တပည့်နှင့် လုလီတို့က သူ့ရှစ်ယောက်မြောက် တပည့်၏ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းဖို့ ကြိုးစားရင်း အချိန်ကုန်ဆုံးနေကြသည်။ အကယ်၍ သူ့တပည့်၏ ကြာပွင့် လစ်ဟာနေမှုကြောင့်သာ မဟုတ်လျှင် သူ့ရှစ်ယောက်မြောက် တပည့်က ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူဖြစ်လာပြီးလောက်လေပြီ။

“လုလီက အဝါရောင်ကြာနယ်မြေမှာပဲ ရှိသေးတယ်ဆိုတော့ ဒီစာကို ဘယ်သူက ပို့လိုက်တာလဲ”

လုကျိုးက အနက်ရောင်အဆောင်တစ်ခုကို ထုတ်ကာ ယန်ကျန်းလော့နှင့် ဆက်သွယ်ဖို့ ကြိုးစားလိုက်သည်။ ကံဆိုးစွာဖြင့် အဆောင်က ပြာအဖြစ် ပြောင်းသွားပြီးသည့်နောက်တွင်ပင် ယန်ကျန်းလော့က ပေါ်ထွက်မလာခဲ့ပေ။

ယန်ကျန်းလော့က ယခုအခါ သတိကြီးကြီး စောင့်ကြပ်ခံနေရကြောင်း သံသယဖြစ်ဖွယ် မရှိပေ။ သူ နှိပ်စက်ခံရကောင်း ခံနေရမည်ကို မည်သူကများ သိမည်နည်း။

မည်သို့ပင်ဆိုစေကာမူ သူက အနက်ရောင်မျှော်စင် အဖွဲ့အစည်းဆီ သွားကြည့်ချင်သည်။ သို့သော်လည်း လျှို့ဝှက်ဆန်းကြယ် လူတစ်ယောက်က သူ့ကို မသွားဖို့ သတိပေးနေလေ၏။

လုကျိုးက အဝေးတစ်နေရာကို ကြည့်ကာ ရေရွတ်လိုက်သည်။

“အနက်ရောင်မျှော်စင် အဖွဲ့အစည်းက အားကောင်းတယ်လား”

ထိုစဥ် သစ်ပင်အထက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ရှင်က အားကောင်းပေမဲ့ လုံလုံလောက်လောက် အားမကောင်းသေးဘူး”

လုကျိုးက အံ့အားသင့်ခြင်း မရှိပေ။ သူက ရုပ်ဖျက်ကတ်ကို အသုံးပြု၍ မွေးဖွားဇယားချပ် ၁၂ခု စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်ခဲ့သည်။ ထို့ကြောင့် လျှို့ဝှက်ဆန်းကြယ် ပညာရှင်များက သူ့ကို လာကြည့်သည်မှာ ပုံမှန်သာ ဖြစ်၏။

လုကျိုးက သစ်ပင်ဆီ လှည့်လာကာ မေးလိုက်သည်။

“မင်းက ဘယ်သူလဲ”

ရေပြင်လိုမျိုး တည်ငြိမ်နေသည့် အသံတစ်သံ ထွက်ပေါ်လာ၏။

“ငါတို့တွေ အလောင်းအစား လုပ်ကြမလား”

လုကျိုးက ခေါင်းခါလိုက်သည်။

“ငါက ဇာစ်မြစ် မသိတဲ့သူတွေနဲ့ အလောင်းအစား မလုပ်ဘူး”

“အင်း ဒါကို စိတ်ဝင်စားလောက်မယ်လို့ ထင်တယ်”

လုကျိုးက ရနံ့စွမ်းအား မန္တန်ကို တိတ်တဆိတ် ရွတ်ဖတ်လိုက်သည်။ အေးစက်ကာ ရင်းနှီးနေသည့် စွမ်းအားရနံ့က သူ့နှာခေါင်းအထက် ဝင်ရောက်လာ၏။ ထိုစွမ်းအားက သူ့တပည့်၏ အငွေ့အသက်နှင့် ဆင်တူနေသည်။ သူက နှလုံးခုန်မြန်သွားမိပြီး သဘောပေါက်သွားခဲ့သည်။

မဟာလေဟာနယ် စွမ်းအားလား ...

လုကျိုးက ရနံ့စွမ်းအားကို ဖြတ်တောက်ပြီးသည့်နောက်တွင် တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ပြော”

“ ရှင်နဲ့ အပေးအယူ လုပ်မယ်။ ရှင်က ရှားကျန်းလုံကို မနိုင်ဘူးဆိုတာကို လောင်းမယ်။ တကယ်လို့ ငါ နိုင်ရင် ငါ က ယဲ့ထျန်းရှင်းကို လိုချင်တယ်” ထိုသူက ပြောလိုက်သည်။

လုကျိုးက ထိုစကားများကို ကြားသည့်အခါ ပိုမိုသံသယရှိလာမိသည်။ ထိုလူက ယဲ့ထျန်းရှင်း၏ မဟာလေဟာနယ် စွမ်းအားကို ခိုးယူခဲ့သည်လား။

သူက မုတ်ဆိတ်သပ်ကာ သစ်ပင်မြင့်မြင့်ကို ကြည့်ရင်း အတွေးနက်နေမိသည်။ ခဏအကြာတွင် သူကပြောလိုက်၏။

“ဘာအကြောင်းအရင်းကြောင့် ငါက မင်းနဲ့ လောင်းရမှာလဲ”

လောင်းကစားသမားက သူ အားလုံးကို မဆုံးရှုံးခင်အထိ လောင်းကစား ဆော့ကစားလိမ့်မည်။

သူ့စကားအဆုံးတွင် လုကျိုးက ထွက်သွားဖို့ ရည်ရွယ်ချက်ဖြင့် လှည့်ထွက်လိုက်သည်။

ထိုစဥ် ထိုလူက မနှေးလွန်းသလို မမြန်လွန်းသည့် အသံဖြင့် ပြောလာခဲ့သည်။

“တကယ်လို့ မင်း နိုင်ရင် မီးတောင်ထွက် အဆီအနှစ် ၆၀ ပေးမယ်”

“...”

လုကျိုးက ရပ်တန့်သွားသည်။

All Chapters