အခန်း (၁၀၃၃-၁၀၃၅)
Vol. 69 Ch. 1033-1035
အခန်း (၁၀၃၃) လောင်းကစားသမားတစ်ယောက်
မျှတသော လောင်းကစားတစ်ခုတွင် အချိန်အတော်ကြာ လောင်းကြေးထပ်ခဲ့လျှင် အတိုင်းအတာတစ်ခုအထိ ငွေရေးကြေးရေးဆုံးရှုံးမှာ သိသာ၏။ လောကထဲ၌ သိသာသည့် လောင်းကြေးက နည်းပါးလွန်းလှသည်။
သို့သော် လုကျိုးသည် ယခုအချိန်၌ မီးတောင်ထွက်အဆီအနှစ်များ တကယ်လိုအပ်နေသည်။ အသံပိုင်ရှင်က ယင်းကို သတိပြုမိပုံပေါ်၏။ သူက မြင့်မားသော သစ်ပင်ဖက်လှည့်ပြီး ပြောလိုက်၏။
“မင်း ကျုပ်နဲ့ လောင်းကြေးထပ်ချင်တယ်ဆိုရင် အနည်းဆုံးတော့ ထွက်လာပြီး ကျုပ်နဲ့တွေ့သင့်တယ်"
“ကျွန်မက နေရောင် မကြိုက်ဘူး” အသံက ရေခဲသို့ပင်။
အဖြေတစ်ခုက လုကျိုး၏ စိတ်ထဲ၌ ပေါ်လာ၏။
“လန်ရှီဟယ် ... အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ မျှော်စင်သခင်လား”
“ရှင်က အားမနည်းရုံတင်မကဘူး မတုံးအဘူးပဲ” ခဏအကြာတွင် လန်ရှီဟယ်က ထပ်ပြောလိုက်၏။
“ရှင် ကျွန်မနဲ့လောင်းကြေးထပ်ချင်စိတ်ရှိလား”
လေတိုက်ခတ်သွားပြီးနောက် လုကျိုးက ပြန်ပြောလိုက်သည်။
“ယဲ့ထျန်းရှင်းက ငါ့တပည့်ပဲ။ သူ့ကို လောင်းကြေးအဖြစ်သုံးမယ်ထင်နေလား”
လန်ရှီဟယ်က ပြောလိုက်၏။
“အတွေးများဖို့မလိုပါဘူး။ လောင်းကြေးက အပျော်အပျက်သဘောပါပဲ။ ရှင်က မီးတောင်ထွက် အဆီအနှစ်ကို နေရာအနှံ့လိုက်ရှာနေတာ ကျွန်မ သိတယ်။ သူတို့က အင်မတန် ရှားပါးပေမဲ့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းထဲမှာ တချို့ရှိသေးတယ်။ ဒါက ရှင့်ကို ခံစားရပိုကောင်းစေတယ်ဆိုရင် ယဲ့ထျန်းရှင်းကို အလဲအလှယ်အနေနဲ့ မီးတောင်ထွက်အဆီအနှစ်တွေ တန်းပေးလိုက်မယ်။ လောင်းနေဖို့ မလိုဘူး။ ရှင်က သူ့ရဲ့ဆရာဆိုတော့ ရှင်နဲ့ခွင့်ပြုချက်တောင်းတာ အကောင်းဆုံးလို့ ထင်တယ်”
လုကျိုးက အဖြေတစ်ခုပေးရန် အလျင်မလိုဘဲ သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ယဲ့ထျန်းရှင်းဆီကနေ ဘာလိုချင်တာလဲ”
အနက်စွမ်းအားအရ လန်ရှီဟယ်သည် မဟာလေဟာနယ်စွမ်းအားပိုင်ဆိုင်ထား၏။ ထိုသို့ဆိုလျှင် ယဲ့ထျန်းရှင်းကို လိုချင်တာ အဘယ်အချက်ကြောင့်နည်း။ လန်ရှီဟယ်က မဟာလေဟာနယ်မျိုးစေ့အကြောင်း သိပြီး မဟာလေဟာနယ်စွမ်းအင်များဖြင့် မကျေနပ်ပေလော။
“ကျွန်မ သူ့ကို သဘောကျတယ်။ သူက ပါရမီရှင်တစ်ယောက်ရဲ့ အရည်အချင်း အကုန်ရှိတယ်”
လန်ရှီဟယ်က ပြန်ပြောလိုက်သည်။
လုကျိုးသည် သူမ ရည်ရွယ်ချက်ကို မဖော်ထုတ်နိုင်ပေ။ သူက ပြောလိုက်၏။
“မင်း ငါမေးတာကို မဖြေဘူး”
“ရှင် စိတ်မပူနဲ့။ သူ့အပေါ် ရက်စက်တဲ့ရည်ရွယ်ချက် မရှိဘူး” လန်ရှီဟယ်က အေးအေးဆေးဆေး ပြောလိုက်သည်။
လုကျိုးက ခေါင်းခါပြီး ပြောလိုက်လေ၏။
“မင်းမှာ ရက်စက်တဲ့ရည်ရွယ်ချက် ရှိမရှိကို ငါ ဆုံးဖြတ်မယ်။ သူက ငါ့တပည့်ဆိုတော့ မင်းရဲ့ရည်ရွယ်ချက်ကို ဖော်ထုတ်ရမှာပဲ”
လန်ရှီဟယ်က စိတ်ရှည်လက်ရှည်ဖြင့် အလေးထားပြောလိုက်၏။
“ကျွန်မမှာသာ မကောင်းတဲ့ရည်ရွယ်ချက် ရှိနေရင် ရှင့်ဆီကို လာရှာဖို့ လိုပါဦးမလား”
လုကျိုးက ခေါင်းညိတ်လိုက်၏။ လန်ရှီဟယ်၏ ကျင့်ကြံမှုဖြင့် သူမသည် ယဲ့ထျန်းရှင်းကို အလွယ်တကူခေါ်သွားနိုင်သည်။ ဤနည်းဖြင့်သူသည် သွေးထိုးရန် ကြိုးစားနေသည့် အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှ ကောက်ကျစ်သော သူများကို ဂရုစိုက်ရန် သူ့ကိုယ်သူ သတိပေးနိုင်လိမ့်မည်။ အပေါ်ယံတွင်မူ သူတို့က သူ့ကို မတိုက်ခိုက်ရဲသော်ငြား အမှောင်ထဲ၌ မလှုပ်ရှားရဲဟု မဆိုလိုပေ။ နောက်ဆုံး၌ သူက ပြောလိုက်လေ၏။
“မီးတောင်ထွက်အဆီအနှစ် ရှစ်ဆယ်”
တောအုပ်ထဲ တိတ်ဆိတ်မှုက ကြီးစိုးသွားလေ၏။
အဖြူရောင်မျှော်စင်အဖွဲ့အစည်းက မီးတောင်ထွက်အဆီအနှစ် ရှစ်ဆယ်ကို ပေးရန် ဂရုတစိုက် စဉ်းစားရလိမ့်မည်။ လန်ရှီဟယ်တောင် တွေဝေနေလိမ့်မည်။
ခဏအကြာ၌ လန်ရှီဟယ်က ပြောလိုက်၏။
“လောဘက လူသားတွေရဲ့ဝိသေသလက္ခဏာထဲက တစ်ခုပဲ။ ယဲ့ထျန်းရှင်းက ဒီတန်ကြေးနဲ့ ထိုက်တန်တယ်။ ဒါဆို ရှင့်ကို မီးတောင်ထွက်အဆီအနှစ် ရှစ်ဆယ်ပေးဖို့ သဘောတူတယ်”
လုကျိုးက မီးတောင်ထွက်အဆီအနှစ်ရှစ်ဆယ်လိုချင်ခြင်းမှာ သူ့ဆီ၌ ၂၆ခု ရှိပြီဖြစ်ကာ ဝူဘုရင်ဆီမှ ၁၀ခု ရစရာရှိနေသေးသောကြောင့်ဖြစ်သည်။ သူသည် မီးတောင်ထွက်အဆီအနှစ် ၁၀၀ရဖို့က ခက်ခဲလှ၏။
လန်ရှီဟယ်က ပြောလိုက်သည်။ “လောင်းကြေးကအတည်ဖြစ်ပြီ။ ငါးရက်အတွင်း တွေ့မယ်”
“နေဦး” လုကျိုးက ပြောလိုက်၏။
“ကျွန်မက စကားရုပ်သိမ်းတဲ့သူတွေကို သဘောမကျဘူး” လန်ရှီဟယ်က ပြောလိုက်သည်။
လုကျိုးက ပြောလိုက်သည်။
“မင်းကို အကြံတစ်ခု ပေးလိုက်မယ်”
“ကျေးဇူးပြုပြီး ပြောပါ”
“ငါ့ရဲ့နှစ်ပေါင်းများစွာ အတွေ့အကြုံအရ အနိုင်ရဖို့ သေချာတဲ့သူတွေက ပုံမှန်ဆို အဆုံးသတ် မကောင်းဘူး။ တချို့ဆို သူတို့မိသားစု ဆုံးရှုံးရတယ်” လုကျိုးက ပြောလိုက်၏။
လန်ရှီဟယ်က ရယ်မောလိုက်တော့သည်။ သူမက ရယ်မောသံက သာယာနိမ့်ညောင်းပြီး တောအုပ်၏ နတ်သူငယ်တစ်ယောက်ကဲ့သို့ နားထဲ နားဝင်ပီယံဖြစ်စေသည်။ ခဏအကြာ၌ သူမက ပြောလိုက်တော့သည်။
“ရှင် ထောင်ချောက်ထဲ မကျဘူးလား”
ခဏအကြာတွင် လန်ရှီဟယ်ဆီမှ အကြောင်းပြန်မှုမရှိတော့ပေ။
လုကျိုးက ကနဦးချီအတက်အကျ ရေးရေးကို အာရုံခံမိသွား၏။ သူ စိတ်ဝင်စားသွားတော့သည်။ သူက ရှေ့တိုးပြီး မြင့်မားသော သစ်ပင်အောက် ရောက်သွားလေ၏။ ပင်စည်၌ ကနဦးချီတချို့ ကျန်ရှိနေသည်။
သူသည် အနံ့စွမ်းအားအတွက် မန္တန်ကို ရွတ်ဆိုလိုက်သည်။ ပြီးနောက် သူသည် စွမ်းအင်နောက်လိုက်ကာ တောင်တန်းများဆီ ပျံသန်းသွားတော့၏။ ခမ်းနားသောကျင့်စဉ်တချို့ ထုတ်သုံးပြီးနောက် လန်ရှီဟယ်ကို လိုက်မမှီသေးပေ။ အဆုံးကျ သူသည် တောင်ထိပ်ပေါ်တွင် ရပ်ကာ သူ့ရှေ့ရှိ မြေပြင်ကို လေ့လာလိုက်၏။ သူသည် ရုပ်တုကဲ့သို့ မလှုပ်မယှက်ရပ်နေပြီးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဤနေရာတွင် အနံ့ပျောက်သွားတာဖြစ်၏။
လုကျိုးက ဇဝေဇဝါ ဖြစ်သွားတော့သည်။ လန်ရှီဟယ်သည် သူမ၏ရနံ့နှင့် ကောင်းကင်ကျမ်းစာ စွမ်းအားကို ရှောင်ရှားရန် မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သနည်း။ အကြားစွမ်းအားအတွက် မန္တန်ကို ရွတ်ဆိုလိုက်သည်။ သူ၏အကြားစွမ်းအားကို ဆယ်မိုင်အကွာဖြန့်ကျက်လိုက်၏။ ငှက်များ၊ သားရဲများ၊ ရေတံခွန်များ တောအုပ်ထဲရှိအသံများမှအပ လန်ရှီဟယ်၏ အသံမကြားရပေ။
သူ မျက်မှောင်အနည်းငယ်ကျုံ့မိသွားတော့သည်။
“သူ လေထဲပျောက်သွားတာလား”
လန်ရှီဟယ်က အလွန်သတိထားပြီး သူမ၏အနံ့ကို ဖုံးကွယ်ထားတာ သို့တည်းမဟုတ် လေထဲပျောက်ကွယ်ထားတာဖြစ်သည်။
ခဏအကြာ၌ ခြေထောက်အောက်ရှိ ကျယ်ဝန်းလှသော မြေပြင်ကို အသာဖိနင်းလျက် ဝေဟင်ထဲပျံသန်းလိုက်သည်။ သူ့ထံမှ ရနံ့ဖျော့ဖျော့အပြင် ခြေရာလက်ရာမကျန်တော့ပေ။
သူသည် လန်ရှီဟယ်ကို ဆက်မရှာတော့ပေ။ ရွာလေးသို့ ပြန်လာလိုက်၏။
ရွာလေးထဲရှိ တည်းခိုဆောင်တွင်ဖြစ်သည်။
လုကျိုး ပြန်ရောက်လာချိန်တွင် ယွီကျန့်ဟိုင်၊ ရှန်ရှီနှင့် ကျောင်းဟုန်ဖုတို့က သူ့ကို တလေးတစား စောင့်နေလေ၏။
ကျောင်းဟုန်ဖုက ပြောလိုက်သည်။
“သင်္ကေတလမ်းကြောင်းတစ်ခု ဖန်တီးဖို့ ကျွန်မတို့တွေက သွားမဲ့နေရာမှာ ထွင်းထုထားရမယ်။ အခုအချိန် အနီရောင်ကြာနယ်မြေဆီ လမ်းကြောင်းတစ်ခုပဲ ဖွင့်နိုင်တယ်။ ရွှေကြာနယ်မြေထဲမှာ ထွင်းစာတစ်ခုထွင်းထုဖို့ တစ်စုံတစ်ယောက်ရှိနေပြီးမှ အဲ့ဒီမှာ လမ်းကြောင်းတစ်ခု ပွင့်နိုင်မှာ”
ယွီကျန့်ဟိုင်က ပြောလိုက်၏။
“ဒါမဖြစ်နိုင်မှာ စိုးတယ်။ ရွှေကြာနယ်မြေထဲမှာ သင်္ကတေလမ်းကြောင်းအတွက် ထွင်းစာတစ်ခု ဘယ်သူမှ မထွင်းထုနိုင်ဘူး။ မင်းပဲရှိမှာ”
“အဲဒါဘယ်လိုလုပ်ရမလဲဆိုတာ ဘယ်သူမှ မသိဘူးလား” ကျောင်းဟုန်ဖုက ဇဝေဇဝါမေးလိုက်၏။
“အမှန်ပဲ။ လက်ရှိမှာ အနီရောင်နယ်မြေနဲ့ ရွှေကြာနယ်မြေထဲ မင်းတစ်ယောက်ပဲ သင်္ကတေပညာရှင်”
ယွီကျန့်ဟိုင်က ပြောလိုက်၏။
“ကျွန်မ ကျွန်မပဲလား” ကျောင်းဟုန်ဖု၏အသံက အနည်းငယ် ယုံကြည်ချက်မရှိဖြစ်နေသည်။ သူမ၏ အချိန်အများစုကို သင်္ကေတကျောင်းတော်၌ ကုန်ဆုံးခဲ့သည်။ သူမအပြန်အလှန် ဆက်စပ်မိသူတို့သည် သင်္ကတေကျွမ်းကျင်သူများသာ ဖြစ်၏။ ဆရာဖြစ်စေ၊ တပည့်ဖြစ်စေ သူတို့အားလုံး သင်္ကေတကို သိကြသည်။ နယ်မြေနှစ်ခု၌ သူမက တစ်ဦးတည်းသော သင်္ကေတပညာရှင်ဖြစ်နေသနည်း။
“ယုံကြည်ချက် ပိုရှိ။ မိစ္ဆာဝေဟင်မျှော်နန်းထဲကလူတွေက ကိုယ်ပိုင်ခွန်အားရှိပြီးသား” ရှန်ရှီက ပြုံးပြီးပြောလိုက်သည်။
“ဟုတ်ပြီ။ နယ်မြေနှစ်ခုလုံးမှာ ကျွန်မက အတော်လေးရှားပါးမှန်း ခန့်မှန်းမိတယ်။ ဒီလိုဆိုရင် အဆုံးမဲ့သမုဒ္ဒရာကို ဖြတ်ကျော်ပြီး ရွှေကြာနယ်မြေကို ပျံသန်းရုံပဲရှိတယ်” ကျောင်းဟုန်ဖုက ပြောလိုက်၏။
“မလိုအပ်ဘူး” လုကျိုးက ခေါင်းခါပြီးပြောလိုက်သည်။ “ငါတို့တွေ အရင်ဆုံး အနက်ရောင်မျှော်စင်အဖွဲ့အစည်းဆီက သင်္ကေတလမ်းကြောင်းကို ငှားလို့ရတယ်”
“...” ကျောင်းဟုန်ဖု
ရှန်ရှီနှင့် ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်၏။
“မင်းတို့အားလုံး ထွက်သွားလို့ရပြီ”
“နားလည်ပါပြီ”
သုံးယောက်သားထွက်သွားပြီးနောက် လုကျိုးသည် ယဲ့ထျန်းရှင်းကို လေ့လာရန် အမြင်စွမ်းအား အသုံးပြုလိုက်၏။ သူမ လုံခြုံဘေးကင်းမှုကို မြင်ပြီး သူမ၏ ကျင့်ကြံဆင့်ကို မြင်ပြီးနောက် သူသည် ယွီရှန်းရုန်ကို လေ့လာရန် စွမ်းအားသုံးလိုက်၏။ ယွီရှန်းရုန်သည် မိစ္ဆာဝေဟင်မျှော်နန်းသို့ ပြန်ရောက်ပြီး ဘေးကင်းနေတာကို တွေ့ရသည်။
ပြီးနောက် သူသည် အမြင်စွမ်းအားကို ဖြတ်တောက်လျက် ကျင့်ကြံရန် ခရမ်းရောင် တောက်ပသံကျောက်ကို အသက်သွင်းလိုက်သည်။
ထိုစဉ် အနက်ရောင်မျှော်စင်အဖွဲ့အစည်းတည်ရှိရာ ရွှံ့မြေ၏ ရွှန်းကျန်းထဲတွင်ရှိသော လူသူကင်းမဲ့သည့် နေရာတစ်ခုတွင်ဖြစ်သည်။
“အရှင်သွမ့် ကျုပ်တို့တွေ ရှန်ရှီကို ဒဏ်ရာရအောင်လုပ်လိုက်တယ်။ ကျေးရွာထဲမှာ အရပ်သားလို ရုပ်ဖျက်ထားတဲ့ သူလျှိုတွေလည်း ထားပြီးပြီ။ မိစ္ဆာအိုကြီးလုရဲ့ ဒေါသအရ မကြာခင်မှာ သူက အနက်ရောင် မျှော်စင်အဖွဲ့အစည်းကို လာရှာမှာပဲ”
သွမ့်ရှီဟွားက မေးလိုက်၏။
“မိစ္ဆာအိုကြီးလု လာမှာ ဒီလောက်သေချာနေလား”
“ဒါက” ထိုလူသည် ခဏတာ တွေဝေနေပြီးနောက် အနည်းငယ်ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်၏။ “သူ လာဖို့များတယ်။ ကျုပ်တို့လူတွေ သူ့ကို စစ်ဆေးပြီးပြီ။ သူ အနီရောင်ကြာနယ်မြေမှာ ရှိတုန်းက သူ့ကို ရန်စတဲ့သူတွေကို လက်စားချေတာ တစ်ခါမှ မကျရှုံးခဲ့ဘူး။ သူက စိတ်သဘောထားကျဉ်းမြောင်းပြီး ဆိုးရွားတဲ့စိတ်နေသဘောထားရှိတယ်။ အနီရောင်ကြာနယ်မြေထဲမှာ သူ့ကို မိစ္ဆာအိုကြီးလုလို့ ခေါ်တဲ့သူတွေရှိတယ်။ အနီရောင်ကြာနယ်မြေထဲမှာ သူ့ရဲ့ဂုဏ်သတင်းက ရွှေကြာနယ်မြေနဲ့ယှဉ်ရင် ပိုတောင် ကြီးမားသေးတယ်။ ရွှေကြာနယ်မြေထဲက လူတွေက သူ့ကို မိစ္ဆာအိုကြီးကျိလို့ခေါ်တယ်။ ဒါပေမဲ့ လတ်တလောမှာ သူ့ရဲ့ဂုဏ်သတင်းက တိုးလာတယ်။ အဲဒါ ထူးဆန်းလိုက်တာ။ အတိတ်တုန်းကနဲ့ လက်ရှိဆန့်ကျင်ဖက်ဖြစ်တာက ကြီးမားလွန်းတယ်။"
…
အခန်း (၁၀၃၄) မီးတောင်ထွက် အဆီအနှစ်
“ထူးဆန်းတယ်လား” သွမ့်ရှီဟွားက နားမလည်စွာ မေးလိုက်သည်။
လက်အောက်ငယ်သားများက ရွှေကြာနယ်မြေမှ မိစ္ဆာအိုကြီး၏ အပြောင်းအလဲကို ဖော်ပြခဲ့ကြသည်။
အမှန်တကယ် အပြောင်းအလဲ များစွာ ရှိခဲ့၏။ လုကျိုးက ယခုအခါ တရားမျှတသည်ဟု ထင်ရလျှင်ပင် သွမ့်ရှီဟွား၏ အမြင်၌ လုကျိုးက ယုတ်မာသည့် လူတစ်ယောက် မဟုတ်ကြောင်းဟု မဆိုလိုပေ။ နမူနာအားဖြင့် လုကျိုးသည် အံ့ဖွယ်မြို့တော်ကို သိမ်းပိုက်ခဲ့ပြီး သူတပည့်များကို တာဝန်ပေးခဲ့သည်။ မည်သည့်အနေအထားမှ ကြည့်စေကာမူ လုကျိုးက သူ့စွမ်းအားနှင့် ထိန်းချုပ်မှုကို ထိန်းသိမ်းဖို့ ကြိုးစားနေပုံပေါ်သည်။
“ပြဿနာတစ်ခုရှိတယ်” သွမ့်ရှီဟွားက ထိုအကြောင်း ပိုမိုတွေးမိလေလေ တစ်စုံတစ်ခု လွဲမှားနေလေလေ ဖြစ်ကြောင်း ခံစားမိလာသည်။
“အရှင်က ဘာကို ပြောချင်တာပါလဲ”
“ရွှေကြာနယ်မြေရဲ့ အတားအဆီးက ပွင့်ချပ်ရှစ်လွှာပဲ။ သူက နှစ်အနည်းငယ်အတွင်းမှာ ဘယ်လိုလုပ် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းပြီးတော့ မွေးဖွားဇယားချပ် ၁၂ခု ရှိနေရတာလဲ။ ဒါက မဖြစ်နိုင်ဘူး” သွမ့်ရှီဟွားက ပြောလိုက်သည်။
“အမှန်ပဲ”
သွမ့်ရှီဟွားက ဆက်ပြောလိုက်၏။
“အဲဒါကြောင့် မိစ္ဆာအိုကြီးလုက အနည်းဆုံး မွေးဖွားဇယားချပ် ၁၀ခု၊ ၁၂ခု ရှိခဲ့တာ ဖြစ်နိုင်ခြေ ရှိတယ်။ သူက ရွှေကြာနယ်မြေမှာ အားနည်းသူတွေကို အရူးလုပ်ဖို့ သူ့စွမ်းအားကို ဖုံးကွယ်ထားခဲ့တာပဲ။ အခု သူက အားနည်းတဲ့သူတွေနဲ့ ကစားရတာ ငြီးငွေ့လာပြီဆိုတော့ အားကြီးတဲ့သူတွေဆီ လိုက်လာပြီ”
“အရှင်က ဉာဏ်ကြီးပါပေတယ်”
“ရှန်ရှီကို ဒဏ်ရာရအောင် လုပ်တာ မလုံလောက်ဘူး။ မင်းတို့တွေက ပိုပြီး ရက်စက်သင့်တယ်။ တကယ်လို့ မိစ္ဆာအိုကြီးလုက မနက်ဖြန်မှ ရောက်မလာဘူးဆိုရင် ရွှေကြာနယ်မြေဆီ သွားပြီး သူ့တပည့်တွေကို သွားရှာလိုက်။
ပွင့်လင်းမြင်သာတဲ့ ဓားတစ်ချောင်းကို ရှောင်ဖို့ လွယ်တယ်။ ဝှက်ထားတဲ့ ဓားတစ်ချောင်းကို တစ်ချိန်လုံး ဂရုစိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါက သူနဲ့ ထိပ်တိုက်တွေ့မှာ မဟုတ်ဘူး” သွမ့်ရှီဟွားက ပြောလာသည်။
“ဟုတ်ကဲ့”
...
နောက်တစ်ရက် မနက်ခင်းတွင် မနက်ခင်းမြူများကြား နေအလင်းရောင်က တောက်ပလာသည်။
လုကျိုးက မျက်လုံးဖွင့်ကာ အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို အကဲဖြတ်ပြီး ကျေနပ်နေမိသည်။
“ခရမ်းရောင် တောက်ပသံကျောက်ရဲ့ အာနိသင်က အတော်လေးကောင်းတယ်။ ဒါကို ပေါင်းစည်းရေးအဆင့်သာ အဆင့်မြှင့်တင်နိုင်ရင် ဘယ်လိုတောင် အံ့အားသင့်စရာ ကောင်းလိုက်မလဲ”
လုကျိုးက သူ့ခရမ်းရောင် တောက်ပသံကျောက်ကို အဆင့်မြှင့်တင်ဖို့ရာအတွက် မစောင့်နိုင်တော့သော်လည်း သတိကြီးကြီးထားဖို့ လိုကြောင်း သိနေသည်။ သူက မီးတောင်ထွက် အဆီအနှစ်များစွာ လိုအပ်နေ၏။ သူသာ လန်ရှီဟယ်နှင့် တိုက်ပွဲကို အနိုင်ရရှိပြီး မီးတောင်ထွက် အဆီအနှစ် ၈၀ ရရှိပါက လုံလောက်လာလိမ့်မည်။
“ရှစ်စွင်း တော်ဝင်ခုံရုံးက မီးတောင်ထွက် အဆီအနှစ် ၁၀ ခု ပို့လိုက်ပါတယ်”
“အထဲဝင်ခဲ့”
ယွီကျန့်ဟိုင်က တံခါးကို ဖွင့်ကာ မီးတောင်ထွက် အဆီအနှစ်များကို ရို့ကျိုးစွာ ပေးလိုက်သည်။
လုကျိုးက ခေါင်းညိတ်လိုက်၏။
“ကောင်းတယ်။ ဝူဘုရင်က သူ့စကားကို တည်သားပဲ”
“သူက ဘယ်လိုလုပ် စကားမတည်ဘဲ နေရဲပါ့မလဲ” ယွီကျန့်ဟိုင်က ပြုံးကာ ပြောလိုက်၏။
“ရှန်ရှီက ဘယ်မှာလဲ”
“သူက ကျန်တဲ့အရာတွေ ရဖို့ အလင်းနဲ့ အမှောင် မဟာမိတ်ဆီ သွားပါတယ်။ ပြဿနာ မရှိလောက်ဘူး” ယွီကျန့်ဟိုင်က ပြန်ဖြေလိုက်သည်။
“သိပြီ”
လုကျိုးက ပြောလိုက်သည်။
“ပြီးတော့ ကျောင်းဟုန်ဖုက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းပြီးကာစဆိုတော့ သူမရဲ့ တိုက်ခိုက်ရည်က အားနည်းနေသေးတယ်။ သူမကို စောင့်ကြည့်ထားလိုက်”
“ဟုတ်ကဲ့” ယွီကျန့်ဟိုင်က ပြောပြီးသည့်နောက်တွင် ထွက်ခွာသွား၏။
...
နောက်ထပ် တစ်ရက်တာ ကုန်ဆုံးသွားလေ၏။
လုကျိုးက ရွာငယ်လေးအတွင်း ဆက်နေကာ ထွက်ခွာသွားမည့် အရိပ်အယောင် မပြပေ။
အလင်းနဲ့အမှောင် မဟာမိတ်က ကတိပေးထားသည့် အရာများကို ရှန်ရှီဆီ ပေးအပ်လာခဲ့၏။ အရာအားလုံးက အတားအဆီးမရှိ ချောမွေ့နေခဲ့သည်။
...
ရွှေကြာနယ်မြေရှိ မိစ္ဆာဝေဟင်မျှော်နန်း
ညဖက်အခါတွင် လရောင်က တောက်ပနေပြီး ကြယ်တာရာ တချို့သာ ရှိနေသည်။
“အာ့ရှစ်ရှိုးက မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ရောက်လာကာစကို ဒီမှာ တစ်ယောက်တည်း ဘာလုပ်နေတာလဲ” ကျောင်းယွဲ့ ရောက်လာသည့်အချိန် ယွီရှန်းရုန်က တောင်အနောက်တွင် ထိုင်ကာ ရွှေနန်းဥယျာဥ်တောင်ခြေကို လှမ်းကြည့်နေသည်ကို မြင်လိုက်ရ၏။
ယွီရှန်းရုန်က လရောင်အောက်တွင် ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ငါက နွေဦးနဲ့ ဆောင်း ကုန်သွားတာကို နည်းနည်း ဝမ်းနည်းမိလို့ပါ”
ကျောင်းယွဲ့က သက်ပြင်းချကာ သူ့အနားတွင် ဝင်ထိုင်လိုက်ပြီး “ကျွန်မလည်း သဘောတူတယ်”
“လျိုရှစ်မေ့ မင်းလည်း ကြာပွင့်ကို ဖြတ်ထားတယ်မလား” ယွီရှန်းရုန်က မေးလိုက်သည်။
“အဲဒါတွေအကုန်လုံးက စစ်ရှစ်ရှိုးရဲ့ ပွင့်ချပ်ကိုးလွှာကြောင့် ဖယ်လိုက်ရတာလေ။ တကယ်တော့ ကျွန်မရဲ့ ကျင့်ကြံဆင့်က တိုးတက်လာတာဖြစ်ဖြစ် မတိုးတက်လာတာဖြစ်ဖြစ် ကိစ္စမရှိဘူး။ အဲဒါကြောင့် အာ့ရှစ်ရှိုး အသက်ဓာတ် နှလုံးသားကို ကိုယ့်အတွက်ကိုယ်ပဲ သိမ်းထားလိုက်ပါ” ကျောင်းယွဲ့က ပြုံးကာ ပြောလိုက်သည်။
ယွီရှန်းရုန်က ခေါင်းခါလိုက်ပြီး “အနက်ရောင်နယ်မြေမှာ ငါ စုပ်ယူထားတဲ့ အသက်ဓာတ် နှလုံးသားတွေ အပါအဝင် ငါက ခုနှစ်ခုကို စုပ်ယူပြီးသွားပြီ။ သူတို့အားလုံးကို ထပ်ပြီး အသုံးပြုရင် နှမြောစရာကောင်းလိမ့်မယ်။ ငါတို့ နှစ်ယောက်လုံးမှာ မွေးဖွားနန်းဆောင် မရှိရင်တောင် အသက်ဓာတ် နှလုံးသားရဲ့ စွမ်းအားကို ရယူနိုင်သေးတယ်။ မင်းက ငါ့ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်လုပ်ဖို့ပဲ လိုတယ်”
ကျောင်းယွဲ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ညီမ ကြိုးစားကြည့်ပါ့မယ်”
ဝှစ်
ထိုစဥ် ဝေးကွာသည့် တောင်နယ်နိမိတ် ဝန်းကျင်တွင် ပြင်းထန်သည့် စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ယွီရှန်းရုန်နှင့် ကျောင်းယွဲ့တို့က ပြိုင်တူလှည့်ကြည့်လိုက်ကြ၏။
သိပ်မကြာခင် မိစ္ဆာဝေဟင်မျှော်နန်း၏ အကာအရံ အပြင်ဘက်တွင် လူတစ်ယောက် ပေါ်ထွက်လာခဲ့၏။ ထိုသူက အစောင့်အရှောက် အသစ် လီရှောင်မော့သာ ဖြစ်သည်။
လီရှောင်မော့က ပြောလိုက်သည်။
“ဒုတိယ သခင်လေးနဲ့ ပဉ္စမ သခင်မလေး ကျုပ် သွားကြည့်လိုက်အုံးမယ်။ ကြည့်ရတာ မွေးဖွားဇယားချပ် သားရဲနဲ့ တူတယ်”
“သတိထားအုံး” ယွီရှန်းရုန်က ပြောလိုက်သည်။
၁၅မိနစ် ကြာမြင့်ပြီးသည့်နောက်တွင် တောင်ထိပ်၏ အပေါ်ဘက် ကောင်းကင်အထက် စွမ်းအားစည်းတံဆိပ်မှ အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ သိပ်မကြာခင် မျက်စိဖမ်းစားဖွယ် အနက်ရောင် ကြယ်တာရာ ဒိုင်ခွက်တစ်ခုလည်း ပေါ်ထွက်လာခဲ့၏။
ကျောင်းယွဲ့က စိုးရိမ်စွာ ပြောလိုက်သည်။
“စိုးရိမ်စရာပဲ”
“လျိုရှစ်မေ့ ငါ သွားကြည့်လိုက်အုံးမယ်” ယွီရှန်းရုန်က ပြောလိုက်သည်။
“ဒါပေမဲ့ အာ့ရှစ်ရှိုးမှာ ပွင့်ချပ်ဆယ်လွှာပဲ ရှိတာလေ”
ယွီရှန်းရုန်က သူမဘက် လှည့်ကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ သူက ကောင်းကင်အထက် ပျံသန်းသွားပြီး တိုက်ပွဲရှိရာဆီ ပျံသန်းသွားလေသည်။
...
ယွီရှန်းရုန်က ခပ်နိမ့်နိမ့် ပျံသန်းလာလေ၏။ သူက တိုက်ပွဲအနီး ရောက်ရှိစဥ် လရောင်အောက်တွင် တောက်ပနေသည့် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို မြင်လိုက်ရသည်။
ဝုန်း
အနက်ရောင် ကြယ်တာရာ ဒိုင်ခွက်က အလင်းတန်းကို ပိတ်ဆို့ထား၏။
“အစောင့်အရှောက်လီ” ယွီရှန်းရုန်က လှမ်းခေါ်လိုက်သည်။
“ဒုတိယ သခင်လေး ပြေး”
ဘန်း ဘန်း ဘန်း
စွမ်းအားစည်းတံဆိပ်များက ထိပ်တိုက်တွေ့ဆုံသွားပြီး လီရှောင်မော့က စိတ်ဝိညာဥ်သဏ္ဌာန်ကို ရုပ်သိမ်းကာ ယွီရှန်းရုန် ဘေးနား ပျံသန်းလာခဲ့သည်။ သူက သွေးတစ်ပွက် အန်လိုက်ရ၏။ ထို့နောက် သူက ခက်ခက်ခဲဲခဲဖြင့် ပြောလိုက်သည်။
“တစ်ဖက်လူက အရမ်းအားကောင်းတယ်။ သူ့ဆီမှာ မွေးဖွားဇယားချပ် ၅ခု ရှိတယ်”
ယွီရှန်းရုန်က လီရှောင်မော့ရှေ့ ပေါ်ထွက်လာ၏။ သူက ရှေ့ကို လှမ်းကြည့်ကာ မထူးမခြားနား ပြောလိုက်သည်။
“ခင်ဗျား နာမည်ပြော။ ကျုပ်က နာမည် မသိဘဲနဲ့ မသတ်ဘူး”
လီရှောင်မော့ “...”
ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူက မည်သို့ဟန်ဆောင်နိုင်သနည်း။
ထိုအရာက လီရှောင်မော့သည် ရှန်ရှီနှင့် ဖန်ကျုံးတို့ဆီမှ သတိပေးထားခြင်း မရှိလျှင် ထိုသို့သာ တွေးမိလိမ့်မည်။
အမှောင်ထုထဲမှ အသံတစ်သံ ပျံ့လွှင့်လာ၏။
“ငါက မိစ္ဆာအိုကြီးလုရဲ့ တပည့်ကို သတ်ဖို့ ရောက်လာတာ။ ကိုယ့်ကိစ္စကိုယ်လုပ် လီရှောင်မော့”
လီရှောင်မော့က အံ့အားသင့်သွားပြီး “မင်းက ငါ့နာမည်ကို သိတယ်လား”
အမှောင်ထဲမှ ကျင့်ကြံသူက မှားပြောလိုက်ကြောင်း သိသွားကာ ချက်ချင်းပြောလိုက်သည်။
“အခု ထွက်သွားစမ်း”
လီရှောင်မော့က ပြောလိုက်သည်။
“ဒုတိယ သခင်လေး သူ့ကို ဂရုမစိုက်နဲ့”
ထို့နောက် သူက ကျင့်ကြံသူကို ပြောလိုက်သည်။
“မင်း သတ္တိရှိရင် မိစ္ဆာဝေဟင်မျှော်နန်းကို လာခဲ့ … မိစ္ဆာဝေဟင်မျှော်နန်းမှာ သင်္ကေတလမ်းကြောင်း ရှိပြီးသား။ မျှော်နန်းသခင်က အခုလာချင်တိုင်း လာလို့ရတယ်။ မင်း လုပ်ရဲလား”
ယွီရှန်းရုန်နှင့် လီရှောင်မော့တို့က အနက်ရောင်ပုံရိပ်သည် အနည်းငယ် နောက်ဆုတ်သွားသည်ကို မြင်လိုက်ရ၏။ ဆိုလိုသည်မှာ လီရှောင်မော့၏ လျှောက်ပြောသည့် စကားများက အလုပ်ဖြစ်ဟန်ပေါ်သည်။
ယွီရှန်းရုန်က ပြုံးလိုက်ကာ
“မွေးဖွားဇယားချပ် ၅ခု ကျင့်ကြံသူက ရှစ်စွင်းကိုယ်တိုင် လှုပ်ရှားဖို့ မထိုက်တန်ဘူး”
“...”
ယွီရှန်းရုန်က ပြေးဝင်သွားလိုက်သည်။
ကျင့်ကြံသူက ရှင်းရှင်းလင်းလင်း ပြောလိုက်၏။
“ငါက မင်းလှည့်ကွက်ထဲ ကျမယ်များ ထင်နေလား။ မိစ္ဆာအိုကြီးလုက အခု အနက်ရောင်ကြာနယ်မြေမှာ မင်းတို့ကို ကာကွယ်ဖို့ အချိန်ရှိမှာတောင် မဟုတ်ဘူး”
ဝှစ်
ယွီရှန်းရုန်က အသက်ရှည်ဓားကို ဆွဲထုတ်လိုက်သည်။ သူက ဓားကို ကိုင်ဆောင်လျက် ရှေ့သို့ တိုးလာလေ၏။
ကျင့်ကြံသူက မတိုက်ခိုက်ဘဲ ရုတ်ချည်းလှည့်ကာ ထွက်ပြေးတော့သည်။
“ဒုတိယ သခင်လေး သူ့နောက်ကို မလိုက်နဲ့” လီရှောင်မော့က လှမ်းခေါ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ယွီရှန်းရုန်က လီရှောင်မော့၏ အကြံပေးမှုကို ဂရုမစိုက်ပေ။ သူက အနက်ရောင် ပုံရိပ်ကို ပစ်မှတ်ထားပြီး နောက်မှ ဆက်လိုက်သွားသည်။
၂ဦးသားက မြန်ဆန်လွန်းလှပြီး တောင်တန်း၊ မြို့များနှင့် မြစ်များစွာကို ဖြတ်ကျော်သွားလေ၏။
ယွီရှန်းရုန်က အသက်ဓာတ် နှလုံးသားကို စုပ်ယူနိုင်သော်လည်း မွေးဖွားဇယားချပ်၏ စွမ်းအား မပိုင်ဆိုင်ထားပေ။ သူက တစ်ဖက်လူနှင့် နီးကပ်လာသည့် အချိန်တိုင်း တစ်ဖက်လူက မွေးဖွားဇယားချပ် စွမ်းအားကို အသုံးပြုကာ သူတို့ကြားမှ အကွာအဝေးကို ချဲလေ့ရှိသည်။ တစ်ဖက်လူက အရှိန်အမျိုးအစား မွေးဖွားဇယားချပ် စွမ်းအား ပိုင်ဆိုင်ထားသည်မှာ သိသာလှ၏။
...
ကောင်းကင်အထက် လမင်းက ထိန်လင်းနေပြီး ကောင်းကင်ကျွန်း တောင်နယ်နိမိတ်ဝန်းကျင်ဆီ ဖြာကျနေသည်။
ဝှစ်
အနက်ရောင်ပုံရိပ်က ကောင်းကင်ကျွန်း အပေါ်တွင် ရုတ်ချည်းရပ်တန့်လိုက်သည်။ သူက ဘေးပတ်လည်ကို ကြည့်ကာ နောက်မှ လိုက်ပါလာသည့် ယွီရှန်းရုန်ကို ကြည့်ပြီး အံ့အားသင့်သွား၏။
“ဒါက ဒုက္ခမိုင်တစ်ရာရှုကွင်းရဲ့ အရှိန်လား”
တစ်ဖက်လူက လှုပ်ရှားမှု ရပ်တန့်သွားသည်ကို မြင်တွေ့ပြီးသည့်နောက်တွင် ယွီရှန်းရုန်က မီတာ ၃၀အကွာတွင် ရပ်တန့်လိုက်သည်။
“ဘာလို့ထွက်မပြေးတော့တာလဲ”
“ငါက ဦးတည်ရာ ရောက်ပြီးပြီ” အနက်ရောင် ပုံရိပ်က ပြောလာသည်။
“ခင်ဗျားက ကျုပ်ကို ကောင်းကင်ကျွန်းဆီ မြားခေါ်ချင်တာကို သိတယ်။ ကောင်းပြီလေ။ ဒါက ခင်ဗျားအတွက် သင်္ချိုင်းမြေနေရာကောင်းလို့ပဲ ပြောရမှာပေါ့” ယံီရှန်းရုန်က ပြောလိုက်သည်။
အနက်ရောင်ပုံရိပ် “...”
လူထူးဆန်းပဲ။ ဆရာကလည်း ထူးဆန်းတယ်။ တပည့်ကလည်း ထူးဆန်းတယ် ...
အနက်ရောင်ပုံရိပ်က ပြောလိုက်သည်။
“မင်းက ဘယ်ကနေ ယုံကြည်ချက်တွေ ရှိနေလဲတော့ မသိဘူး။ ဒီနေ့ ဒုက္ခမိုင်တစ်ရာရှုကွင်းနဲ့ ဘုံတစ်ထောင်လေပွေ အဆင့် ကြားက ကွာဟချက်ကို ပြမယ်။
…
အခန်း (၁၀၃၅) ကွာဟချက်အတွက် မဖြည့်နိုင်
အနက်ရောင်ပုံရိပ်သည် အနက်ရောင်ကြယ်တာရာဒိုင်ခွက်ကို ထိန်းချုပ်နေလေ၏။
ကြယ်တာရာဒိုင်ခွက်သည် ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုကြား အကြီးမားဆုံးကွာဟချက်ဖြစ်၏။
ကြယ်တာရာဒိုင်ခွက်ပေါ်ရှိ မွေးဖွားချပ်ပြားက လရောင်ကဲ့သို့ ထွန်းလင်းတောက်ပနေ၏။ မွေးဖွားဇယားချပ်စွမ်းအားမှ အလင်းတန်းသည် ယွီရှန်းရုန်ဆီသို့ ဦးတည်လာသည်။
ဝှစ်
ယွီရှန်းရုန်က လှစ်ခနဲရှေ့တိုးသွား၏။ သူက ပြန်လာဝင်ရောက်ဝိညာဉ်သုံးပါးကို ရွတ်ဆိုလျက် အလင်းတန်းကို ရှောင်လိုက်ကာ စွမ်းအင်ဓားကို ဖွဲ့တည်လိုက်သည်။ သူက သက်တော်ရှည်ဓားကို ကျော့ရှင်းစွာ ဆွဲထုတ်လျက် သူ၏အမူအရာက တည်ငြိမ်နေ၏။
အနက်ရောင်ပုံရိပ်သည် သူ၏ပြိုင်ဖက်သည် သူထင်ထားသကဲ့သို့ ရိုးရှင်းသူမဟုတ်ကြောင်း ရုတ်တရက် ခံစားမိသွားသည်။ သူ့ရန်သူက သူ့ကို လိုက်မှီနိုင်သည့်အချက်သည် သူ့ရန်သူက ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက်ကဲ့သို့ ရိုးရှင်းမနေကြောင်း ပြသဖို့လုံလောက်သည်။ သူ သတိထားပြီးသားဖြစ်သော်ငြား စွမ်းအင်ဓားနှင့် ယွီရှန်းရုန်၏အရှိန်ကို မြင်သောအခါ သူ မထိတ်လန့်ဘဲ မနေတော့ပေ။
ထိုးစိုက်၊ ပိုင်းဖြတ်၊ ပင့်တင်၊ ပိတ်ဆို့၊ တိုက်ခိုက် အကွက်များကို တစ်စက္ကန့်အတွင်း ပြီးမြောက်အောင် ဆောင်ရွက်လိုက်၏။
အနက်ရောင်အရိပ်သည် ရွေးချယ်စရာမရှိတော့ဘဲ သူ့ကိုယ်သူ ခုခံကာကွယ်ရန် ကြယ်တာရာဒိုင်ခွက်ကို ကိုင်ထားလိုက်ရ၏။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ဓားက ကြယ်တာရာဒိုင်ခွက်ပေါ်သို့ ပြင်းထန်သည့် မုန်တိုင်းပမာ ကျရောက်လာချိန်တွင် လေထဲ၌ မိုးခြိမ်းသံက မြည်ဟည်းလာ၏။
အကောင်းဆုံးခုခံခြင်းက တိုက်ခိုက်ခြင်းပဲဖြစ်သည်။ ယင်းက ယွီရှန်းရုန်သည် ဓားလမ်းစဉ်ကို စတင်ကျင့်ကြံချိန်မှစပြီး အမြဲတစေ လိုက်နာသော သဘောတရားပဲဖြစ်သည်။
ဓားတိုက်ခိုက်မှုမှ ကြွင်းကျန်သော စွမ်းအင်တို့သည် တောင်ကို ထိသွားပြီး ကျောက်စကျောက်နများ ပြိုကျလာစေ၏။
သူက ဘယ်လိုလုပ် ဒီလောက်မြန်ရတာလဲ ... အနက်ရောင်ပုံရိပ်က ပိုတောင် အံ့ဩသွားလေ၏။
ထိုးစိုက်၊ ချိန်ရွယ်၊ ပိုင်းဖြတ်၊ ရှေ့တိုး၊ တိုက်ခိုက်
ယွီရှန်းရုန်၏ အရှိန်သည် ထပ်တိုးလာပြန်၏။ ယင်းက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ပိုင်ရှင်ကို တစ်ယောက်တည်း ရင်ဆိုင်တာ ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ကြောင့် သူ၏ဓားသိုင်း၌ တိုက်ခိုက်ချိန်၌ အလေးအနက်ထားပြီး သတိထား၏။
ယွီရှန်းရုန်၏အရှိန်က မြန်လွန်းသောကြောင့် သူ၏ဓားကို မြည်ဟည်းစေသည်။
အနက်ရောင်ပုံရိပ်ကို နောက်ဆုတ်သွားရန် တခဏတာ ဖိအားပေးခံရပြန်၏။ သူသည် ကောင်းကင်ကျွန်း၏မြောက်ဖက်ဆီသို့ သွားလိုက်၏။
ရွှေရောင်ဓားစွမ်းအင်တို့က ကျုံးပေါ် ချက်ချင်းဆင်းသက်လာသည်။ အလင်းတန်းက နေရောင်ကဲ့သို့ တောက်ပနေ၏။
ရွှေကြာနယ်မြေ၏ လျန်စီရင်စုထဲတွင်ရှိသော ကျင့်ကြံသူများသည် စွမ်းအင်ဝေ့တက်လာတာကို အာရုံခံမိသောအခါ တစ်ချက်ကြည့်ရန် ကောင်းကင်ဆီသို့ ပျံသန်းလာကြသည်။
တစ်နှစ်ပတ်လုံးကျဆင်းနေသည့်နှင်းက အရည်မပျော်သွားပဲ ရွှေရောင်အလင်းက ဆက်လက်ကျဆင်းနေ၏။
ရွှေရောင်အလင်းက ပိုင်းဖြတ်၊ ခုတ်ဖြတ်၊ ထိုးနှက်
ယွီရှန်းရုန်၏ ဓားအရှိန်ကို ပကတိမျက်လုံးဖြင့် မမြင်နိုင်တော့ပေ။ အနက်ရောင်ကျင့်ကြံသူသည် သူ၏ပင်ကိုယ်သိစိတ်နှင့် အတွေ့အကြုံကိုသာအားကိုးပြီး ရှောင်နေရသည်။ သူ့ကိုယ်သူ ခုခံကာကွယ်လေလေ ကြောက်ရွံ့လေလေဖြစ်၏။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ဂျွတ်
အနက်ရောင်ကြယ်တာရာဒိုင်ခွက်က ချိုင့်လာပြီဖြစ်သည်။ အနက်ရောင်ကြယ်တာရာဒိုင်ခွက်ကို ချိုင့်အောင် လုပ်နိုင်ခြင်းသည် ယွီရှန်းရုန်၏ တိုက်ခိုက်ရေးခွန်အားက မယုံနိုင်စရာကောင်းလောက်အောင် သန်မာနေကြောင်း ပြသနေတာပဲဖြစ်၏။
ကြယ်တာရာဒိုင်ခွက်ကစတင်အက်လာတော့သည်။
အနက်ရောင်ပုံရိပ်ကလည်း စိတ်ထဲထိအောင် ထိတ်လန့်လာလေ၏။ သူက အမြန်နောက်ဆုတ်လျက် အံကြိတ်ကာပြောလိုက်သည်။
“မင်း ငါ့ကို လိုက်မီမယ်ဆိုတာ မယုံဘူး” အနက်ရောင်ပုံရိပ်သည် သုံးကြိမ်ဆက်တိုက် လှစ်ကနဲ ပြေးထွက်ပြီးနောက် ရပ်တန့်လိုက်၏။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
အနက်ရောင်အရိပ်၏ မျှော်လင့်ချက်နှင့် ဆန့်ကျင်ဖက်ပင်။ ယွီရှန်းရုန်သည်လည်း သုံးကြိမ်ဆက်တိုက် ဆက်ခနဲသွားလိုက်ပြီး သူနှင့်တူညီသည့်အရှိန်ကို ထိန်းထား၏။ ထို့အပြင် ယွီရှန်းရုန်ဓား၏ အရှိန်က ယခင်ကထက်ပိုတောင် မြန်ဆန်နေသည်။
“ကွေ့ယွမ်ဓားသိုင်း”
စွမ်းအင်ဓားတို့သည် အရပ်မျက်နှာအနှံ့ပေါ်လာ၏။ ရွှေရောင်စူးချွန်နှင့်တူသည့် စွမ်းအင်ဓားထောင်ချီက လေထဲပျံဝဲနေတော့သည်။
ယင်းကို မြင်သောအခါ အနက်ရောင်အရိပ်သည် နောက်ဆုံးတော့ ထိန်းမထားနိုင်တော့ပေ။ သူက အော်ပြောလိုက်၏။
“ခေတ်နောက်ကျတဲ့ တိုက်ခိုက်ရေးနည်းလမ်းပဲ။ မင်းက ဘုံတစ်ထောင်လေပွေကို နားမလည်ဘူးပဲ။ မင်းမှာ အရှိန်နဲ့ခွန်အားရှိတယ်ဆိုရုံပဲဆို အသုံးမဝင်ဘူး”
ဖုန်း
အလယ်တွင် အနက်ရောင်ပုံရိပ်ရှိနေပြီး ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်က ဝေဟင်ထဲ မြင့်တက်လာ၏။ ၎င်း၏ကြီးမားကျယ်ဝန်းလှပြီး မြေကမ္ဘာတုန်လှုပ်ဖွယ်စွမ်းအားက ယွီရှန်းရုန်ကို လွင့်ထွက်သွားစေသည်။
ယွီရှန်းရုန်၏ မျက်နှာထက်၌ အနည်းငယ်ထိတ်လန့်နေသော အမူအရာပေါ်ပေါက်လာ၏။ သူ၏ဓားကို လွဲယမ်းတာရပ်တန့်ပြီး သူ၏ခန္ဓာကိုယ်ရှေ့တွင် ထားလိုက်၏။
သူက လေထဲအကြိမ်ရေအနည်းငယ်လည်ထွက်သွားပြီးနောက် ဟန်ချက်ပြန်ထိန်းလိုက်သည်။ ဝေဟင်ထဲ၌ သူ ဖွဲ့တည်ထားသည့် စွမ်းအင်ဓားတို့သည် ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန် ဖျက်ဆီးတာ ခံလိုက်ရ၏။
ကောင်းကင်ကျွန်းပေါ် နှင်းတို့ဆက်လက်ကျဆင်းနေသည်။
ယခုအနက်ရောင်ပုံရိပ်သည် ယွီရှန်းရုန်၏ ဓားသိုင်းအောက်မှ လွတ်အောင် ရုန်းလာနိုင်ပြီ ဖြစ်သောကြောင့် သူက ရှေ့သို့ ချီတက်လာ၏။
“ငါ့အလှည့်”
စွမ်းအင်လက်သီး တစ်ခုပြီးတစ်ခု ပစ်ထုတ်လိုက်သည်။
ယွီရှန်းရုန်က ပြုံးလိုက်လေ၏။
“ဒါက ခင်ဗျားစွမ်းအားအကုန်ပဲဆို မလုံလောက်မှာ စိုးရတယ်”
ဘန်း
စွမ်းအင်လက်သီးသည် ယွီရှန်းရုန်၏ဓားကို ထိသွားပြီးနောက် နှစ်ယောက်လုံးသည် ချက်ချင်းပင် မီတာတစ်ထောင်အကွာအထိ တွန်းထုတ်ခံလိုက်ရသည်။
သက်တော်ရှည်ဓားက မြည်ဟည်းနေပြီး ကောင်းကင်ကျွန်းထဲ အသံက ပဲ့တင်သံထပ်နေတော့သည်။
ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်သည် အနက်ရောင်ပုံရိပ်၏နောက်တွင် နတ်ဆိုးတစ်ကောင်ကဲ့သို့ ရပ်နေလေ၏။ ၎င်း၏ခွန်အားနှင့် ခုခံမှုကို မြှင့်တင်ပေးသည့် အလင်းဖျော့ဖျော့ ဖြာထွက်နေသည်။
ယွီရှန်းရုန်သည် သူ၏လက် ထုံကျဉ်သွားသော်ငြား ပြောလိုက်လေ၏။
“ဒါက မလုံလောက်ဘူးလို့ ကျုပ် ပြောပြီးသားပဲ” ယခုအချိန်တွင် ရွှေရောင်စိတ်ဝိညာဉ် သဏ္ဌာန်သည် ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်နောက်၌ ရုတ်တရက်ပေါ်လာပြီး စွမ်းအင်ဓား ထောင်ချီကို ထုတ်လွှင့်လိုက်၏။ စွမ်းအင်ဓားက မီတာထောင်ချီ ရှည်လျက် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်၏ ခန္ဓာကိုယ်ဆီ ဦးတည်ပစ်ခတ်တော့သည်။
ဖုန်း ဖုန်း ဖုန်း
အနက်ရောင်ပုံရိပ်က ထိတ်လန့်သွားလေ၏။
“ဒါ ဘာလဲ”
အနက်ရောင်ပုံရိပ်သည် လှုပ်ရှားနိုင်သည့် စိတ်ဝိညာဉ်တစ်ခုကို တစ်ခါမှ မတွေ့ဖူးပေ။
ရွှေရောင်ပွင့်ချပ်တို့ဖြင့် အစွမ်းထက်သော စွမ်းအင်ဓား၊ လှုပ်ရှားနေသော စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ရုပ်တုကဲ့သို့ စိတ်ဝိညာဉ်သဏ္ဌာန်သည် ကြီးမားသည့် ပစ်မှတ်တစ်ခုသာ ဖြစ်နေ၏။ ၎င်းက မည်မျှမာကျောစေကာမူ တိုက်ခိုက်မှုများကို ခံဖို့က မသက်မသာရှိလွန်းလှပေသည်။
ကြယ်တာရာဒိုင်ခွက်က အက်ကွဲလာပြီး ၎င်း၏စွမ်းအားသည် လေဟာနယ်ထဲ မြစ်တစ်စင်းပမာပင်။
အနက်ရောင်ပုံရိပ်က စွမ်းအင်ဓားတို့၏အောက်တွင် နာကျင်စွာ အော်နေရ၏။ သူ၏အသက်ရှူနှုန်းက မတည်မငြိမ် ဖြစ်လာကာ သူ၏မျက်လုံးတို့က နီရဲလာ၏။ သူ့စိတ်ဝိညာဉ်သဏ္ဌာန်တိုက်ခိုက်မှုမှ နာကျင်မှုကို တောင့်ခံနေရပြီး သူ၏လက်သီးထဲ မွေးဖွားဇယားချပ် စွမ်းအား ပို့လိုက်သည်။
ဖုန်း
သူ့လက်သီး၏စွမ်းအားသည် ကြယ်တံခွန်တစ်စင်းပမာ ဝေဟင်ထဲ လှိုင်းဂယက်ချန်ခဲ့သည်။ မိုးခြိမ်းသံပမာ ဆူညံသံတစ်သံက ချက်ချင်းပေါ်ထွက်လာပြီး ဘုံကိုးဘုံထဲ ချက်ချင်း ပဲ့တင်သံ ထပ်သွား၏။
တိုက်ပွဲကို ကြည့်နေသည့် ကျင့်ကြံသူများက ကြမ်းတမ်းပြီး များပြားလှသော စွမ်းအားကို အာရုံခံပြီးနောက် သိချင်စိတ် ရှိနေသော်ငြား အနားမကပ်ရဲကြချေ။
“ကောင်းကင်ကျုံးမှာ ဘယ်သူတိုက်ခိုက်နေတာလဲ။ အစွမ်းထက်လိုက်တာ။ ရွှေရောင်အလင်းကို ကြည့်ဦး။ ရွှေကြာနယ်မြေက သိုင်းပညာရှင်ပဲဖြစ်ရမယ်”
“ငါတို့တကယ်ဒီလိုမြင်ကွင်း မတွေ့ရတာကြာသွားပြီ။ အဲဒါတကယ် မိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်လား”
ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်သည် ထိုမျှကြောက်မက်ဖွယ် စွမ်းအင်ဓားများ ထုတ်လွှင့်နိုင်သည်ဆိုတာ မည်သူမှ မယုံနိုင်ကြပေ။
တစ်ဖက်လူက အနက်ရောင်ကြာဖြစ်သောကြောင့် မှောင်မည်းသော ကောင်းကင်အောက်တွင် သူ၏ အနက်ရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း တွေ့ဖို့က ခက်ခဲလှပေ၏။ သူတို့ အနီးကပ်သွားမှသာလျှင် အနက်ရောင်ကြာကို တွေ့နိုင်မှာဖြစ်သည်။
ဘန်း
သက်တော်ရှည်ဓားက တုန်လှုပ်သွားပြီး နောက်သို့လွင့်သွားကာ ယွီရှန်းရုန်၏ ရင်ဘတ်ကို ထိသွားလေ၏။ သူက တစ်ချက်ငြီးလျက် ကောင်းကင်ကျုံးဆီ ပြုတ်ကျသွားတော့သည်။ သူ၏ ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်က သူနှင့် ဝေးကွာလွန်းနေသောကြောင့် ၎င်းက လေထဲ ပျောက်ကွယ်သွားတော့သည်။
ယင်းကိုမြင်သောအခါ အနက်ရောင်ပုံရိပ်က ရူးသွပ်စွာ ရယ်မောလိုက်၏။
“မင်း ဘယ်လောက်ပဲ သန်မာသန်မာ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်နဲ့ ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကြား ကွာဟချက်ကို မဖြည့်နိုင်ဘူး”
အနက်ရောင်အရိပ်သည် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်အလယ်ဆီ ပျံသန်းသွားပြီး သူ၏ ကြယ်တာရာဒိုင်ခွက်က မူလနေရာသို့ ပြန်ရောက်လာ၏။ ထိုစဉ် အနက်ရောင်ကြာက စတင် လည်ပတ်သွားပြီး မွေးဖွားနန်းဆောင်ပေါ်ရှိ တြိဂံ ၃၆ခုက တပြိုင်နက်တည်းလင်းလာတော့သည်။ ဤနည်းဖြင့် စွမ်းအင်လက်သီးက လင်းလာပြန်၏။
ပြုတ်ကျနေသေးဆဲ ဖြစ်သည့် ယွီရှန်းရုန်က မျက်မှောင် အနည်းငယ်ကျုံ့မိသွားသည်။ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်က ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို အနိုင်ယူဖို့ တကယ်မဖြစ်နိုင်ဘူးလား။ သူ၏ ဆူပွက်ဆန်တက်လာသော သွေးချီများက သူ့ကို စိတ်ပျက်သွားစေသည်။ တစ်ခေတ်တစ်ခါက စွမ်းဆောင်ရည်ရှိခဲ့သည့် ဓားနတ်ဆိုးသည် နယ်ပယ်ကွာဟချက်ကြောင့် အရေးနိမ့်နေရ၏။
ထိုစဉ် အနက်ရောင်အရိပ်သည် အသူရာချောက်နက်ကို ကြည့်ပြီးပြောလိုက်၏။
“ဒါက ရေနက်ဆန်းကျယ်ဂူဆီ ဝင်ပေါက်လား။ ဒါက မင်း သေရမဲ့နေရာဖြစ်ပုံပဲ။ မင်းမှာ မွေးဖွားဇယားချပ် မရှိဘူး။ ငါ့ရဲ့သေစေနိုင်တဲ့ လက်သီးကို မင်း ဘယ်လိုခုခံမလဲ”
ဝှစ်
အနက်ရောင်အရိပ်က ခုန်ဆင်းလာပြီး သူ၏စွမ်းအင်လက်သီးနှစ်ခုက ကောင်းကင်ကျုံးနားတွင် ရပ်နေသော ယွီရှန်းရုန်ဆီ ထိုးချလိုက်၏။
လက်သီးနှစ်ခုသည် ကျည်ဆံများပမာ ဆင်းသက်လာပြီး အနက်ရောင်စွမ်းအင်ကို ထားရစ်ခဲ့၏။
ယွီရှန်းရုန်၏အမူအရာက လေးနက်တည်ကြည်လျက် သူ့ကိုယ်သူပြောလိုက်သည်။
“မင်းက မွေးဖွားဇယားချပ်ငါးခု ကျင့်ကြံသူကိုတောင် အနိုင်မယူနိုင်ဘူးလား”
ယွီရှန်းရုန်သည် ဆုံးဖြတ်ချက်ပြတ်သားသော အမူအရာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်၏။
“စိတ်ဝိညာဉ်သဏ္ဌာန်”
ယွီရှန်းရုန်သည် သူ၏ရွှေရောင်ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ပေါင်းစည်းလိုက်သည်။
ယင်းကို မြင်သောအခါ အနက်ရောင်ပုံရိပ်က နှာခေါင်းရှုံ့လိုက်၏။
“ကောင်းတယ် ... မင်းနဲ့မင်းရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကို သင်္ချိုင်းပို့ပေးမယ်”
ယွီရှန်းရုန်သည် ကောင်းကင်ပေါ် လက်မြှောက်လိုက်၏။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်က သူ့အပြုအမူအတိုင်း လိုက်လုပ်နေသည်။ တစ်ချိန်တည်းတွင် ရွှေရောင်ပွင့်ချပ်ဆယ်ခုက နေရောင်ကဲ့သို့ ထွန်းလင်းနေပြီး သူ၏လက်နားတစ်ဝိုက်ဝဲနေသည်။
“ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်က ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကို အနိုင်ယူနိုင်လား ကြည့်ကြတာပေါ့” အနက်ရောင်ပုံရိပ်က အထင်တသေးပြောလျက် လက်သီးဖြင့် ထိုးချလိုက်သည်။
အင်အားစုနှစ်စု ထိပ်တိုက်တွေ့ချိန်၌ စွမ်းအင်နှစ်ခုက ပြန့်သွားပြီး တောင်ကို ထက်ခြမ်းခြမ်းလိုက်၏။
ဖုန်း
ပွင့်ချပ်ဆယ်လွှာဖြင့် ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် လက်သီးနှစ်ဖက်ကို ပိတ်ဆို့လိုက်သည်။
ရန်သူနှစ်ယောက်က ချောက်နက်ထဲ ပြုတ်ကျသွားတော့သည်။
ယွီရှန်းရုန်က ချောက်နက်နှင့် အတော်လေးရင်းနှီးနေသည်။ သူသည် ယွီကျန့်ဟိုင်ကို ကယ်တင်ရန်အတွက် ချောက်နက်ထဲ ဆင်းသက်ခဲ့တာဖြစ်သည်။ ယခုက သူ့ကိုယ်သူ ကယ်တင်ရန်ဖြစ်သည်။
“သေပေတော့” အနက်ရောင်ပုံရိပ်၏ လက်သီးက ချောက်နက်ထဲ ပြုတ်ကျနေသော ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆက်လက်ဖိနှိပ်ထားဆဲဖြစ်သည်။
ယွီရှန်းရုန်က ပြုတ်ကျပြီးရင်း ပြုတ်ကျနေသည်။