← Chapters

အခန်း (၁၀၃၆-၁၀၃၈)

Vol. 70 Ch. 1036-1038

အခန်း (၁၀၃၆-၁၀၃၈)

Vol. 70 Ch. 1036-1038

အခန်း (၁၀၃၆) သူက ထူးခြားဖို့ ကံကြမ္မာ ဖန်လာပြီးသား

ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူ၏ ဖိနှိပ်မှုအောက်တွင် ယွီရှန်းရုန်နှင့် တစ်ဖက်လူက အမှောင်ထုထဲ အချိန်တော်ကြာ ကျဆင်းသွားသည့် ဥက္ကာပျံများအလား ဖြစ်နေသည်။

စွမ်းအား လက်ရည် ညီနေမှုက သူတို့အား နည်းနည်းလေးမှ သတိလက်လွတ်ဖြစ်၍ မရပေ။ သူတို့က ဆက်တိုက် ရုန်းကန်ကာ တိုက်ခိုက်နေရသည်။

"မင်းက ငါ့ရဲ့ ကောင်းကင်လော့ လက်သီးကို တားဆီးခဲ့တာလား” အနက်ရောင်ပုံရိပ်၏ မျက်ဝန်းအထက် အံ့အားသင့်သည့် အမူအရာ ဖြတ်ပြေးသွား၏။ သူ့ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က သူ့နောက်တွင် ရှိနေပြီး ယွီရှန်းရုန်ကို သူ့လက်ဖြင့် တားဆီးထားသလို ဖြစ်နေသည်။

ယွီရှန်းရုန်က ပြောလိုက်၏။

"ခင်ဗျားမှာ ဘာမှမကျန်တော့ဘူး”

"အဲဒါ မင်းအတွက်လည်း အတူတူ မဟုတ်ဘူးလား”

"မဟုတ်ဘူး” ယွီရှန်းရုန်၏ မျက်ဝန်းက ယုံကြည်မှုဖြင့် တောက်ပနေသည်။

သူတို့က ကျဆင်းလာသည့်အခါ အောက်ဘက်မှ စုပ်ယူအားကို စတင် ခံစားမိလိုက်ကြသည်။ ထိုစဥ် ယွီရှန်းရုန်က ကောင်းကင်လော့ လက်သီးမှ ဖိနှိပ်ချက်မှ ရုတ်တရက် ရုန်းထွက်လိုက်သည်။

"ထွက်ပြေးဖို့ ကြိုးစားတာလား။ အသုံးမဝင်ဘူး”

အနက်ရောင်ပုံရိပ်နှင့် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က ထိုးဆင်းလာသည်။ ကောင်းကင်လော့လက်သီးက အင်အားကြီးလာပြီး ယွီရှန်းရုန်နောက် လိုက်ပါလာ၏။

ထိုစဥ် ယွီရှန်းရုန်က စိတ်ဝိညာဥ်သဏ္ဌာန်ကို ရုပ်သိမ်းကာ ကျဆင်းနှုန်းကို အရှိန်မြှင့်လိုက်သည်။ သူ့နားထဲ လေတိုးသံများ ကြားနေရပြီး အောက်ခြေတွင် ဘာမှမမြင်ရပေ။ သူက ဘယ်လောက်ကြာကြာ ပြုတ်ကျနေမှန်းပင် မသိတော့ပေ။ စုပ်ယူအားက အားအကောင်းဆုံးဖြစ်လာသည့်အခါ သူက ရုတ်တရက် ရပ်တန့်ပြီး မော့ကြည့်လိုက်သည်။ ထို့နောက် သူက အသက်ရှည်ဓားကို လက်နှစ်ဖက်ဖြင့် မြှောက်ကိုင်လိုက်၏။

"ဒီဓားက လွှမ်းမိုးအဆင့် …. ကျုပ်နဲ့ အပြည့်အဝ ဆက်နွယ်ထားပြီးသား။ တကယ်လို့ ခင်ဗျား သေချင်တယ်ဆိုလည်း ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့” ထို့နောက် ယွီရှန်းရုန်က အသက်ရှည်ဓားကို ဝှေ့ယမ်းပြီး အမြန်နှုန်းဖြင့် ထိုးဆင်းလာသည့် အနက်ရောင် ပုံရိပ်ကို ချိန်လိုက်သည်။ သူ့အမူအရာက တည်ငြိမ်နေလေ၏။

ကျဆင်းလာသည့် အားက ကြီးမားလွန်းသည့်အတွက် သူတို့သာ ထိပ်တိုက်တွေ့လျှင် ၂ဖက်လုံးက ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်သည်။

အနက်ရောင်ပုံရိပ်က ယွီရှန်းရုန်ကို မုန်းတီးစွာ ကြည့်လိုက်သည်။ သူက ဓားဖြင့် ထိတွေ့တော့မည့်ဆဲဆဲတွင် သူ့ခန္ဓာကိုယ်ကို ဘေးဘက်သို့ ရှောင်လိုက်သည်။ ၁ မီလီမီတာ ကွာဟချက်က မိုင်ထောင်ချီကဲ့သို့ ဖြစ်နေလေ၏။

ထိုဖက်က ယွီရှန်းရုန်၏ ဘေးဘက်မှ ကျလာခဲ့သည်။

"လမ်းကျဉ်းလေးမှာ တွေ့ရင် ရဲရင့်တဲ့သူက အနိုင်ရတယ်တဲ့။ ခင်ဗျားက မထိုက်တန်ဘူး” ယွီရှန်းရုန်က အနက်ရောင် ပုံရိပ် ဘေးဘက် ကျလာသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ ဓားကို စွမ်းအားပြည့် ဝှေ့ယမ်းလိုက်သည်။

ဘန်း

စွမ်းအင်ဓား ၁ချက် ထွက်ပေါ်လာပြီး ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်၏ ခန္ဓာကိုယ်ကို ထိရိုက်သွားသည်။

ဘန်း

စွမ်းအားလှိုင်းများက ချက်ချင်းပျံ့နှံ့သွား၏။

အနက်ရောင် ပုံရိပ်က ညည်းတွားလိုက်သည်။ သို့သော်လည်း ထိုအရာက အောက်ခြေမှ စုပ်ယူအားကို ရှာဖွေတွေ့ရှိသွားဖို့ရာ ခေတ္တမျှသာ ကြာမြင့်ခဲ့၏။ သူက အလျင်စလို လှည့်ကာ ကြယ်တာရာ ဒိုင်ခွက်ကို ထုတ်ဖော်ပြီး မွေးဖွားဇယားချပ် စွမ်းအားကို အသက်သွင်းလိုက်သည်။

ဘန်း ဘန်း ဘန်း

နှစ်ဖက်လုံးက တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်နေကြသည်။

ဝှစ်

ပြင်းထန်သည့် လေဟုန်တစ်ခု ပေါ်လာကာ အာကာပြင်က ပွင့်သွားလေသည်။

၂ယောက်လုံးက တစ်ဖက်လူ၏ စွမ်းအားကြောင့် ရိုက်နှက်ခံလိုက်ရ၏။

ရွှေရောင် စိတ်ဝိညာဥ်သဏ္ဌာန်၏ အလင်းရောင်အောက်တွင် နှစ်ဖက်လုံးက သူတို့အောက်ခြေတွင် ရှိနေသည့် အနက်ရောင် ရေကို မြင်လိုက်ရသည်။

"ငါတို့က ရေနက်ဆန်းကြယ်ဂူဆီ ရောက်နေပြီပဲ" အနက်ရောင် ပုံရိပ်က အံ့အားသင့်သွားလေ၏။

ယွီရှန်းရုန်က ရှေ့တိုးကာ ဓားကို ဝှေ့ယမ်းလိုက်သည်။ နှစ်ဖက်လုံးက ထပ်မံ တိုက်ခိုက်လိုက်ကြပြန်၏။ ဝေဟင်အထက် စွမ်းအားစည်းတံဆိပ်များ ထိပ်တိုက်တွေ့နေပြီး တစ်ဖက်က တခြားတစ်ယောက်ထက် လွှမ်းမိုးဖို့ ကြိုးစားနေကြသည်။

ယွီရှန်းရုန်၏ လုပ်ဆောင်ချက်က အနက်ရောင် ပုံရိပ်၏ ကျင့်ကြံရေး နားလည်နိုင်စွမ်းကို ပြန်လည်တွေးတောမိသွားစေသည်။ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက်က ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူဆီမှ တိုက်ကွက်ကို မည်သို့တားဆီးနိုင်သနည်း။

"တည်ငြိမ်မှု အနှောင့်အယှက်" ယွီရှန်းရုန်၏ လှုပ်ရှားမှုက လေပြင်းကိုပင် ချက်ချင်း ငြိမ်ကျသွားစေသည်။ သူက အနက်ရောင် ရေကို ဓားအဖြစ် ပြောင်းလဲလိုက်၏။ ရေက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ဆီ ဆူနာမီအလား ထွက်ပေါ်လာခဲ့သည်။

အနက်ရောင်ကြာ ကျင့်ကြံသူက လှည့်ကာ စိတ်ဝိညာဥ်သဏ္ဌာန်ကို အလျင်အမြန် ရုပ်သိမ်းလိုက်၏။ သူ့ကြယ်တာရာ ဒိုင်ခွက်က လက်အတွင်း ပေါ်ထွက်လာကာ အဘက်ဘက်မှ တိုက်ကွက်များကို တားဆီးလိုက်သည်။

"ပြန်လာဝင်ရောက် ဝိညာဉ်သုံးပါး" ယွီရှန်းရုန်က မောပန်းခြင်းကို မသိသည့်အလား ဆက်လက် တိုက်ခိုက်လိုက်သည်။

အနက်ရောင် ပုံရိပ်က သူ့မွေးဖွားဇယားချပ် စွမ်းအား အားလုံးကို သုံးစွဲလုနီးပါး ဖြစ်နေလေသည်။ သူက ယွီရှန်းရုန်နှင့် ရင်ဆိုင်ဖို့ ပိုမိုခက်ခဲလာကြောင်း ခံစားမိလိုက်၏။ ယွီရှန်းရုန်၏ တိုက်ကွက်များက သေစေလောက်ကာ တိကျလာသည်။

"ကောင်းပြီ။ ဘယ်သူအားကောင်းလဲဆိုတာကို ကြည့်ရတာပေါ့” အနက်ရောင် ပုံရိပ်က ခုခံကာကွယ်မှုကို လက်လျှော့ဖို့ ဆုံးဖြတ်လိုက်သည်။ သူက နောက်မဆုတ်တော့ဘဲ ယွီရှန်းရုန်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

ဘန်း

အသက်ရှည်ဓားက အနက်ရောင် ပုံရိပ်၏ ကာကွယ်ရေး စွမ်းအားကို ထိုးဖောက်သွား၏။ တစ်ချိန်တည်းဆိုသလို အနက်ရောင် လက်သီးချက်ကလည်း ယွီရှန်းရုန်ရှေ့မှောက် ရောက်ရှိလာခဲ့သည်။

ဝုန်း

ယွီရှန်းရုန်၏ အသက်ရှည်ဓားက အနက်ရောင် ပုံရိပ်၏ ခန္ဓာကိုယ်ကို ဒဏ်ရာပေးနိုင်ခဲ့၏။ သို့သော်လည်း သူကလည်း တစ်ဖက်လူကြောင့် ဒဏ်ရာရရှိသွားခဲ့သည်။

ဝှစ်

သူတို့ ၂ယောက်လုံးက အနက်ရောင်ရေထဲ ပြုတ်ကျသွားသည့်အတွက် အမြင်အာရုံ ရုတ်တရက် ပျောက်ကွယ်သွားကြသည်။

အနက်ရောင် ပုံရိပ်က ဤသို့ဆက်လုပ်နေ၍ မဖြစ်ကြောင်း သိထား၏။ အကယ်၍ သူသာ ရေထဲတွင် လမ်းကြောင်း ပျောက်ဆုံးသွားပါက သေခြင်းတရားကသာ စောင့်ကြိုနေမည်ဖြစ်ကြောင်း သိလေသည်။ သူက စွမ်းအားကြီး ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူဖြစ်နေလျှင်ပင် အမြင်အာရုံနှင့် လမ်းတည်နေရာ ဆုံးရှုံးခြင်းက သေစေလောက်၏။

ဝုန်း

ယွီရှန်းရုန်က ဧရာမလှိုင်းလုံးကြီးကို ဖန်တီးကာ ရေမျက်နှာပြင်အထက် ပေါ်ထွက်လာခဲ့သည်။

တစ်ချိန်တည်းဆိုသလို အနက်ရောင်ကြာ ကျင့်ကြံသူကလည်း ရေထဲမှ ပျံသန်းထွက်လာ၏။

၂ဦးသားက အချင်းချင်း မျက်နှာချင်းဆိုင်လိုက်ကြသည်။

အနက်ရောင်ကြာ ကျင့်ကြံသူက မောပန်းနေကာ အံကြိတ်လျက် ပြောလိုက်သည်။

"မင်း ဒဏ်ရာရသွားပြီ”

ယွီရှန်းရုန်က ပြုံးကာ ပြောလိုက်သည်။

"ဒါက ကြီးကြီးမားမား မဟုတ်ပါဘူး။ ဒီအနက်ရောင်ရေက အဆိပ်သင့်မှာကို မစိုးရိမ်ဘူးလား”

"မင်း"

ထိုစဥ် ယွီရှန်းရုန်က စိတ်ပူနေခြင်း မရှိတော့ပေ။

"ကျုပ်ကို သတ်ဖို့ ဘယ်သူက လွှတ်လိုက်တာလဲ”

"မင်းက ဘာလို့သေချင်တာလဲ။ မင်းက ငရဲကို သွားပြီးတော့ ယမမင်းကို ပြောဖို့လား” အနက်ရောင် ပုံရိပ်က အေးစက်စက် ပြန်ပြောလိုက်သည်။

ယွီရှန်းရုန်က ခေါင်းခါကာ "အခုလို အခြေအနေမှာတောင် ကျုပ်ကို သတ်နိုင်မယ်လို့ ထင်နေတုန်းလား”

"ဒါပေါ့။ ကျင့်ကြံသူတစ်ယောက်အတွက် အရေးကြီးဆုံးက ယုံကြည်ချက်ပဲ” အနက်ရောင် ကြာနယ်မြေမှ ကျင့်ကြံသူက ပြောလိုက်သည်။

ယွီရှန်းရုန်က ထိုစကားကို သဘောတူလေ၏။

"ခင်ဗျားရဲ့ ယုံကြည်ချက်ကိုတော့ သဘောကျပါတယ်။ ဒါပေမဲ့ အနေအထား လွဲနေတာပဲ”

"မင်းက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ မဟုတ်ဘူး” အနက်ရောင်ကြာ ကျင့်ကြံသူက သူ့သံသယဖြစ်မှုကို နောက်ဆုံး ထုတ်ပြောလာခဲ့သည်။

" အမှန်ပဲ ဟုတ်တယ်" ယွီရှန်းရုန်က အရိုးသားဆုံး ပြန်ဖြေလိုက်၏။

"ကျုပ်သာ ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူဆိုရင် ခင်ဗျား သေနေတာ ကြာလောက်ပြီ"

"..."

အနက်ရောင်ကြာ ကျင့်ကြံသူက မျက်လုံးအပြူးသား ဖြစ်သွားပြီး တံတွေးမျိုချလိုက်သည်။ သူက ယွီရှန်းရုန်သည် အမှန်တိုင်း ပြောနေကြောင်း သိထားလေ၏။ စိတ်ဝိညာဥ်သဏ္ဌာန်များသည် ဖုံးကွယ်ဖို့နှင့် ရုပ်ဖျက်ဖို့ရာ ခက်ခဲသည့်အရာထဲမှ တချို့ဖြစ်ပေသည်။ တစ်ဖက်လူ၏ စိတ်ဝိညာဥ်သဏ္ဌာန်က ယုံကြည်ဖို့ ခက်ခဲသော်လည်း တကယ်ကြီး ဒုက္ခမိုင်တစ်ရာ ရှုကွင်း ဖြစ်နေသည်။ ဒုက္ခမိုင်တစ်ရာ ရှုကွင်း ကျင့်ကြံသူတစ်ယောက်က ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူကို မည်သို့တိုက်ခိုက်နိုင်မည်နည်း”

"ခင်ဗျားနာမည်က ဘယ်သူလဲ။ ကျုပ် နာမည် မသိဘဲ မသတ်ဘူး” ယွီရှန်းရုန်က မေးလိုက်သည်။

"စုဟိန့်" အနက်ရောင် ပုံရိပ်က ပြောလာသည်။

"ငါကလည်း နာမည်မသိဘဲ မသတ်ဘူး။ မင်းနာမည်က ဘယ်သူလဲ”

ယွီရှန်းရုန်က ပြန်ဖြေလိုက်၏။

"ယွီရှန်းရုန်"

စုဟိန့်က ရယ်မောကာ ခေါင်းညိတ်လိုက်၏။

"အဲဒါဆိုတော့ မင်းပဲကို။ ကောင်းတယ် အရမ်းကောင်းတယ်”

"ခင်ဗျားက ကျုပ်ကို သိတာတောင် ဒီလိုမောက်မာရဲသေးတယ်လား” ယွီရှန်းရုန်က သူ့လေသံထဲမှ ထေ့ငေါ့မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။

"ငါ လေးစားတဲ့သူ များများစားစား မရှိဘူး။ မျှော်စင်သခင်ရှား၊ မျှော်စင်သခင်လန်နဲ့ အနက်ရောင် ဧကရာဇ်ကလွဲရင် အခုချိန်အထိ ၄ယောက်မြောက် လူဆိုတာ မရှိခဲ့ဖူးဘူး” စုဟိန့်က ပြောလိုက်သည်။

ယွီရှန်းရုန်က ပြုံးကာ ပြောလိုက်၏။

"အဲဒါ ဂုဏ်ယူစရာပါပဲ”

စုဟိန့်က အသက်ပြင်းပြင်းရှူကာ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က ထပ်မံ ပေါ်ထွက်လာ၏။

"အခု အဆုံးသတ်ဖို့ အချိန်ပဲ"

"ဟုတ်တယ်" ယွီရှန်းရုန်၏ အသက်ရှည်ဓားက သူရှေ့တွင် ပေါ်ထွက်လာခဲ့သည်။ တစ်ချောင်းမှ ၂ချောင်း ၂ချောင်းမှ ၄ချောင်း ၄ချောင်းမှ ၈ချောင်းအဖြစ် ပြောင်းလဲသွား၏။

ဝှစ် ဝှစ် ဝှစ်

စွမ်းအားဓားများစွာက တစ်ခုပြီးတစ်ခု လေထဲ ပေါ်ထွက်လာလေသည်။ ထို့နောက် လေထဲတွင် စွမ်းအင်ဓား ၃သိန်းရှိလာလေ၏။

ယွီရှန်းရုန်ကလည်း ချုပ်တည်းထားခြင်းမရှိပေ။

တူညီလှစွာ စုဟိန့်ကလည်း အားကုန်ထုတ်သုံးထားသည်။ ဘုံတစ်ထောင်လေပွေအဆင့်မှ မွေးဖွားဇယားချပ် စွမ်းအားအားလုံးကို သူ့လက်သီးချက်တွင် စုစည်းလိုက်၏။

နှစ်ဖက်လုံးက မီတာ ၁၀၀၀အကွာတွင် တစ်ယောက်နှင့်တစ်ယောက် တစ်ဖက်စီ တိုးလာကြသည်။ တစ်ယောက်က ဆူနာမီကဲ့သို့ဖြစ်ကာ တစ်ယောက်က နှင်းတောင်ပြိုကျလာသကဲ့သို့ဖြစ်၏။ ဤသို့ဖြင့် ၂ဦးသားက ထိပ်တိုက်တွေ့ဆုံမည့်ဆဲဆဲတွင်

ဗွမ်း

အနက်ရောင်ရေက ဗွမ်းခနဲ အပေါ်တက်ထွက်လာကာ ပြိုင်ဘက် ၂ယောက်ကို ပိုင်းခြားလိုက်၏။ ဤမြင့်မားလှသည့် လှိုင်းလုံးကြီးနှင့် ရင်ဆိုင်ရသည့်အခါ ၂ဦးသားက ယင်ကောင်မျှသာ ဖြစ်နေသည်။

၂ဦးလုံးက အံ့အားသင့်သွားကြ၏။

ထိုစဥ် လေထုထဲ အသံကျယ်ကျယ်တစ်ခု ထွက်ပေါ်လာကာ ဧရာမ ပင်လယ်သားရဲက သူတို့ရှေ့မှောက် ပေါ်ထွက်လာခဲ့သည်။ ထိုစဥ် အရာအားလုံးက ရပ်တန့်သွားဟန်ပေါ်၏။

ပင်လယ်သားရဲ ပေါ်ထွက်လာပြီးသည့်နောက် ရေစက်များက စွမ်းအင်ဓားများကို ပယ်ဖျက်လိုက်သည်။

ကျန်ရှိနေသည့် စွမ်းအားဓား၏ အလင်းရောင် အောက်တွင် ယွီရှန်းရုန်နှင့် စုဟိန့်တို့က ပင်လယ်သားရဲ၏ ဝမ်းဗိုက်ကို မြင်လိုက်ရသည်။ ထိုအရာက အနက်ရောင်ဖြစ်ကာ ကြေးခွံက ရွှေရောင်အလင်းဖြင့် တောက်ပနေလေ၏။ သူတို့က သားရဲ၏ ပုံစံအပြည့်အဝကို မမြင်နိုင်ပေ။

စွမ်းအင်ဓားနှင့် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်တို့က ပျောက်ကွယ်သွားသည့်အခါ အမှောင်ထုက ရောက်ရှိလာခဲ့သည်။

၂ဦးလုံးက အနက်ရောင်ရေထဲတွင် ရေခဲကာ ရပ်တန့်သွားကြ၏။

ထိုပင်လယ်သားရဲဝန်းကျင်ရှိ ဆယ်မိုင်ပတ်လည်က အေးခဲသွားခဲ့သည်။

ထိုအေးခဲခံရသည်မှ ကံကောင်းစွာ လွတ်မြောက်လာခဲ့သည့် ပင်လယ်သားရဲ အငယ်များက လူသား၂ဦးကို မြင်သည့်အခါ အပြေးအလွှား ရောက်လာကြ၏။

ဘန်း ဘန်း ဘန်း

သူတို့က မည်မျှပင် ကြိုးစားစေကာမူ ရေခဲကို မဖြိုခွင်းနိုင်ခဲ့ပေ။

ဝုန်း ဝုန်း ဝုန်း

တခြားသော ပင်လယ်သားရဲများကလည်း ဝင်ပါလာကြသည်။

၂ဦးသားက ရေခဲကျောက်ရုပ်များကဲ့သို့ ဖြစ်နေကာ မလှုပ်ရှားနိုင်ကြပေ။

အဆုံးသတ်တွင် ပင်လယ်သားရဲငယ်များက လက်လျှော့လိုက်ပြီး ရေအောက်ထဲ ပြန်လည်ဝင်သွားကြ၏။

ထိုစဥ် သုဿန်တစပြင်အလား တိတ်ဆိတ်သွားခဲ့သည်။

…

အခန်း (၁၀၃၇) လုချန်းပေ့ကို ဖိတ်ကြားခြင်း

ရေခဲက ပေတစ်သောင်းနက်ပြီး လေအေးများက မိုင်တစ်သောင်းအထိ တိုက်ခတ်နေလေသည်။

အလင်းမရှိ၊ အသံမရှိပေ။

ဤရေခဲကမ္ဘာ၌ အအေးဓာတ်သည် မိမိ၏ရိုးတွင်းချဉ်ဆီထဲထိအောင် စိမ့်ဝင်သွားလိမ့်မည်။

ယွီရှန်းရုန်နှင့် စုဟိန့်ကဲ့သို့ ကျင့်ကြံသူများတောင် အဆုံးမဲ့အအေးကို ခံနိုင်ရည်မရှိကြချေ။

စုဟိန့်သည် သူ၏ခန္ဓာကိုယ်အပူချိန်ဖြင့် ရေခဲပေါ်၌ ဆံချည်တစ်မျှင်စာ အက်ကွဲကြောင်း အရည်ပျော်အောင် ဆောင်ရွက်နိုင်ခဲ့၏။ သို့သော် ရေစက်များကျလာသည်နှင့် သူတို့ကရေခဲဖြစ်သွားပြန်၏။ သူသည် သူ့ကိုယ်သူ ခုခံကာကွယ်ရန်အတွက် စွမ်းအင်ထုတ်လွှတ်ခဲ့သည်။ အခြေအနေက ဤအတိုင်းဖြစ်ပွားနေခဲ့ပါက သူသည် ရေခဲကြောင့် နုပ်နုပ်စဉ်းခံရလိမ့်မည်။ သူသည် ကနဦးချီအနည်းငယ်နှင့် အသံပို့ဆောင်နိုင်မှုကို ရှာတွေ့သွား၏။ ကနဦးချီအများစုကို သူ့ကို ငုံထားသည့်ရေခဲက ပိတ်ဆို့ထားတာဖြစ်သည်။ သူသည် ပြင်ပလောကနှင့် အဆက်သွယ် ဖြတ်ခံထားရ၏။ သို့သော်ငြား သူသည် ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ သူသည် အချိန်အတော်ကြာ ရှင်သန်နေနိုင်သေးသည်။ ထိုစဉ် စုဟိန့်က ယွီရှန်းရုန်ဆီ အသံပို့လိုက်သည်။

“မင်း ကြာကြာအသက်မရှင်တော့ပါဘူး”

စုဟိန့်နည်းတူ ယွီရှန်းရုန်သည်လည်း ရေခဲထဲရောက်နေ၏။ သူ လှုပ်ရှားနိုင်စွမ်းကင်းမဲ့သွားပြီ ဖြစ်သည်။ သူ ပြုံးတောင်မပြုံးနိုင်တော့ပေ။ သူသည် အင်မတန်ထူထဲသည့် ရေခဲလွှာကို ဖြိုခွဲရန် ကြိုးစားခဲ့သော်ငြား ကျရှုံးခဲ့၏။ ထို့သို့ဖြိုခွဲရန် ကနဦးချီလုံလုံလောက်လောက်ရှိဖို့လိုသည်။ သူသည် ရေခဲ၏ပိတ်ဆို့မှုထဲတွင် ကနဦးချီအများစုကို ဖြတ်တောက်လိုက်တာ ကံဆိုးလှပေ၏။

ယွီရှန်းရုန်က အသံပြန်ပို့လိုက်သည်။

“မင်း ကံကောင်းတယ်လို့ တွေးသင့်တယ်။ အဲဒီ ပင်လယ်သားရဲက ငါတို့ကို မတွေ့ခဲ့ရင် မင်း ငါ့ဓားအောက်မှာ သေလောက်ပြီ”

စုဟိန့်က ပြန်ပြောလိုက်သည်။

“ဒီအခြေအနေမှာ မင်းက ခေါင်းမာနေသေးတုန်းပဲ။ အေးခဲနိုင်စွမ်းက အလွန်ရှားပါးတယ်။ ငါ ထင်တာမမှားရင် အစောတုန်းက သားရဲက သားရဲဘုရင်ပဲ။ ရေနက်ဆန်းကြယ်ဂူက ရှေးခေတ်ကာလတည်းက အန္တရာယ်များတဲ့နေရာတစ်ခု ဖြစ်ခဲ့တာ။ ဒီနေရာမှာ ကြမ်းတမ်းခက်ထန်သားရဲမျိုးစုံ ရှိတယ်။ ရေခဲကို ဖြိုခွဲနိုင်တဲ့ ကြမ်းတမ်းခက်ထန် သားရဲတစ်ကောင်ကို တွေ့ပြီဆိုတာနဲ့ မင်းက သူ့အစာအိမ်ထဲက စားစရာဖြစ်ဖို့ကံ ပါသွားပြီ” စုဟိန့်က ဆက်ပြောလိုက်သည်။

“ဘုံတစ်ထောင်လေပွေကျင့်ကြံသူတွေက အေးခဲခံရမှာကို မကြောက်ဘူး။ ငါ ရေခဲဖြိုခွဲနိုင်ဖို့က သိပ်ကြာမှာ မဟုတ်ဘူး။ မင်းကတော့ ရေခဲကို ဖြိုခွဲနိုင်မှာ မဟုတ်ဘူး။ မင်း ဒီရေခဲရဲ့ ပိတ်ဆို့မှုထဲမှာ နေရမှာ။ မင်း မင်း အဲဒါကို ဘယ်လိုလုပ်လိုက်တာလဲ”

ဘီး

သူတို့နှစ်ယောက်ရှေ့တွင် အားနည်းသည့် ရွှေရောင်စွမ်းအင်ဓားက ပျံဝဲနေသည်။

ဘီး

စုဟိန့်က ပြီးဆုံးအောင် မပြောနိုင်ခဲ့ပေ။ သူ ကြက်သေ သေနေသည်။

အဆုံးမဲ့အမှောင်ထုထဲတွင် သူတို့ကို မျှော်လင့်ချက်ပေးနိုင်သည့် အလင်းမရှိပေ။

“မင်း မင်း ဒါဘယ်လိုလုပ်လိုက်တာလဲ” စုဟိန့်က ဆက်မေးနေတော့သည်။

ယွီရှန်းရုန်က စုဟိန့်ကို လျစ်လျူရှုထားသည်။ ထိုအစား သူက ပတ်ဝန်းကျင်ရှိ ကနဦးချီများကို လှုပ်ရှားဖို့ ကြိုးစားနေသည်။

“မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”

ယင်းသည် ယွီရှန်းရုန်က ဓားလမ်းစဉ်မှ ရထားသည့်အတွေ့အကြုံနှင့် အသိအမြင်ပဲဖြစ်သည်။ အရာဝတ္ထုများကို အားမကိုးဘဲ သူသည် ကနဦးချီဖြင့် အရာရာကို ဓားအဖြစ်ပြောင်းလဲရန် သင်ယူခဲ့ကာ နတ္ထိမှဓားဖြစ်အောင် ပြောင်းလဲနည်းကို သင်ယူခဲ့သည်။

ဝှစ်

ဓားစွမ်းအင်ပျောက်ကွယ်သွားပြီး အမှောင်ထုက ထပ်မံရောက်ရှိလာ၏။

ဤသို့သော အခြေအနေအောက်တွင် ရေခဲကို ခွဲရန်မဆိုထားနှင့် ပိုသန်မာသည့်စွမ်းအင်ဓားကို ဖွဲ့တည်ဖို့ မဖြစ်နိုင်ပေ။

ယွီရှန်းရုန်က စုဟိန့်ကို လျစ်လျူရှုထားသည်။ သူ မျက်လုံးမှိတ်လျက် အရိုးစိမ့်အောင်အေးသော အအေးဓာတ်ကို ခုခံနေကာ စတင်ကျင့်ကြံတော့သည်။ ကျင့်ကြံခြင်းဖြင့်သာ သူ အသက်ပိုရှည်နိုင်၏။ မကြာမီ၌ အအေးဓာတ်ကို ခုခံရန် သူ၏စွမ်းအား ချီပင်လယ်ဗဟိုချက်မှာ အလင်းဖျော့ဖျော့ ဖြာထွက်လာသည်။

ထိုစဉ် စုဟိန့်က နောက်ထပ်အသံပို့လိုက်၏။

“ငါ မင်းကို အထင်ကြီးခဲ့မိတယ်နဲ့တူတယ်။ မင်း ဒီအတိုင်း ဆက်သွားနေရင် အသက်ရှင်မှာမဟုတ်ဘူး”

ယွီရှန်းရုန်က စုဟိန့်ကို လျစ်လျူရှုထားသည်။ ပြီးနောက် စုဟိန့်ကလည်း ကျန်ရှိသည့်ကနဦးချီကို သုံးရန်ကြိုးစားပြီး သူ၏စွမ်းအားဗဟိုချက်ချီပင်လယ်ထဲတွင် ကျန်ရှိသည့် ကနဦးချီကို စတင်သုံးကာ ကျင့်ကြံတော့သည်။

အနက်ရောင်ကြာနယ်မြေထဲရှိ အလင်းအမှောင်မဟာမိတ်၏ မြောက်ပိုင်း ရွာငယ်လေးထဲတွင်ဖြစ်သည်။

ရှန်ရှီက ဦးညွှတ်လျက် လှမ်းခေါ်လိုက်သည်။

“မျှော်နန်းသခင် အနက်ရောင်မျှော်စင်အဖွဲ့အစည်းက မိစ္ဆာဝေဟင်မျှော်နန်းဆီ လူလွှတ်ခဲ့ပါတယ်။ လီရှောင်မော့က တစ်ဖက်သူနဲ့ခဏတစ်ဖြုတ်တိုက်ခိုက်ပြီး ဒဏ်ရာရသွားတယ်။ ဒါပေမဲ့ ဒုတိယသခင်လေး ရောက်လာပြီး တစ်ဖက်လူနဲ့ ကောင်းကင်ကျုံးပေါ်မှာ တိုက်ခိုက်ခဲ့ပြီး သူတို့ ချောက်နက်ထဲ ကျသွားပါတယ်”

လုကျိုးက မျက်လုံးဖွင့်လျက် မျက်မှောင်အနည်းငယ်ကျုံ့မိသွား၏။

“တရားခံ ဘယ်သူလဲ သိလား”

“အဲဒါ သွမ့်ရှီဟွားရဲ့လူပဲဖြစ်ရမယ်။ ယန်ကျန်းလော့ကို သွားခေါ်တုန်းက စုဟိန့်ကို တွေ့ခဲ့တယ်။ လီရှောင်မော့နဲ့ သူက တိုက်ခိုက်ခဲ့တာ။ သူ ပြောပုံအရ စုဟိန့်ဆိုတာ သေချာပါတယ်” ရှန်ရှီက ပြောလိုက်သည်။

လုကျိုးက မျက်လုံးမှိတ်ထားလျက် အမြင်စွမ်းအားကို တိတ်တဆိတ်ရွတ်ဆိုနေလေသည်။

လုကျိုးက အမှောင်ထုကိုသာ မြင်ရသည်။ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေ၏။

ဒါ ဘယ်နေရာလဲ ... ရေနက်ဆန်းကြယ်ဂူလား။

သူသည် ယွီရှန်းရုန်ကို အမြင်စွမ်းအားဖြင့် မြင်နိုင်သေးသောကြောင့် ယွီရှန်းရုန် မသေသေးဟု ဆိုလိုတာပဲဖြစ်သည်။

သူ၏ ဒုတိယတပည့်ပေါ် နားလည်သဘောပေါက်ထားပုံအရ သူ၏ဒုတိယတပည့်သည် ခေါင်းမာပြီး မောက်မာထောင်လွှားပုံပေါ်သော်ငြား တကယ်တော့ သူ၏ဒုတိယတပည့်သည် သူ့အကန့်အသတ်ကို သိသည်။ အတိုတောင်းဆုံးအချိန်အတွင်း အလွန်တိတိကျကျ အကဲဖြတ်နိုင်၏။ ဤသို့သော မွေးရာပါ ပါရမီမျိုးသည် သူ၏ဒုတိယတပည့်ကို မုရှီးသင်္ချိုင်းထဲမှ ထွက်လာနိုင်အောင် ကူညီပေးခဲ့သည်။ သူ၏ကျင့်ကြံမှုအခြေခံ ထိခိုက်သွားသည့်အချိန်၌ အန္တရာယ်များသည့် မိုင်ပေါင်းသောင်းချီကို ဖြတ်ခွင့်ပေးခဲ့သည်။ သူ၏ဒုတိယတပည့်သည် ကံကောင်းသောကြောင့် ယနေ့အထိ အသက်ရှင်ခဲ့တာ မဟုတ်မှန်း သူ သိနေ၏။

လုကျိုးက မျက်လုံးဖွင့်လိုက်၏။ ပြီးနောက် သူက ရှန်ရှီကို ကြည့်ပြီးပြောလိုက်သည်။

“သွမ့်ရှီဟွားအကြောင်း ငါ့ကို ပြောပြ”

ရှန်ရှီက ခေါင်းညိတ်ပြီးနောက် ပြောလိုက်၏။

“သွမ့်ရှီးဟွားက အခုဆို အနက်ရောင်မျှော်စင်အဖွဲ့အစည်းထဲမှာ ရှိနေတာ နှစ်ပေါင်း ၃၀၀၀လောက်ရှိပြီ။ သူက အနက်ရောင်မျှော်စင်အဖွဲ့အစည်းကို ပထမဆုံးဝင်တုန်းက သူ့မှာ မွေးဖွားဇယားချပ် သုံးခုပဲရှိတယ်။ အနက်ရောင်အစောင့်အရှောက်ကနေ စပြီး သူက အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ ဒုတိယအကြီးအကဲနေရာအထိရောက်အောင် တက်လှမ်းလာခဲ့တယ်။ သူက လက်ရှိမွေးဖွားဇယားချပ် ရှစ်ခုအောက်မနည်းဘူး။ အခု ပထမအကြီးအကဲ ရှစ်ယို့ရန် သေပြီဆိုတော့ တခြားအဖွဲ့တွေရဲ့ခေါင်းဆောင်ဖြစ်လာတာ”

လုကျိုးက မေးလိုက်၏။

“ရှေးရိုးစွဲသူတွေရဲ့ အင်အားရပ်တည်ချက်က ဘာလဲ”

“ပြောဖို့မလိုဘူး။ သူတို့ အဆင်မပြေကြဘူး။ မျှော်စင်သခင်က ရှေးရိုးစွဲသူ။ သူက မွေးမြူရေးအစီအစဉ်ကို ဆက်သွားချင်တယ်။ ဒါပေမဲ့ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက အနီရောင်ကြာနယ်မြေပေါ် လက်ဝါးကြီးအုပ်ခွင့်ဆုံးရှုံးသွားပြီ။ လတ်တလော အဖြူရောင်မျှော်စင်အဖွဲ့အစည်းနဲ့ ပဋိပက္ခတွေကြောင့် လူအများစုက အစွန်းရောက်အဖွဲ့ကို ရွှေ့ပြောင်းကြတယ်။ မျှော်စင်သခင်ရဲ့ သဘောထားပေါ် မူတည်နေတာ။ ဒါပေမဲ့ မျှော်စင်သခင်က သူ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းပြောတာရှားတယ်” ရှန်ရှီက ရှင်းပြလိုက်၏။

“အနက်ရောင်မျှော်စင်အဖွဲ့အစည်းထဲမှာ သွမ့်ရှီဟွားနဲ့ယှဉ်နိုင်တာ ဘယ်သူရှိသေးလဲ” လုကျိုးက မေးလိုက်၏။

“တတိယအကြီးအကဲနဲ့ စီရင်သူနှစ်ဦး။ ကျန်းကျိုးလီနဲ့ အခြားသူတစ်ယောက်။ ကျန်းကျိုးလီက အလွန်လိမ္မာပါးနပ်တယ်။ သူက သွမ့်ရှီဟွားထက် အားနည်းပေမဲ့ သူ့ရဲ့ရှင်သန်နိုင်စွမ်းက လျှော့တွက်လို့ မရဘူး။ မျှော်စင်သခင်ကလည်း သူ့ကို အလေးထားတယ်” ရှန်ရှီကပြော၏။

“အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အထက်ပိုင်းထဲမှ မျှခြေကို ချိုးဖျက်နိုင်လောက်အောင် ထူးချွန်သူ မရှိဘူးလား” လုကျိုးက မေးလိုက်၏။

“မရှိဘူး။ ထူးချွန်တဲ့ပါရမီရှင်တစ်ယောက်ရှိခဲ့ရင် သူတို့ကို အဆင့်မြင့်အရာရှိတွေက ချက်ချင်း ခေါ်ထုတ်သွားတာ။ မျှော်နန်းသခင် ကျွန်တော့်ကို အနက်ရောင်အဖွဲ့အစည်းကနေ ခေါ်ထုတ်ချင်နေတဲ့ ယန်ကျန်းလော့က ဘယ်ဖက်မှ မလိုက်တဲ့လူတွေထဲက တစ်ယောက်ပဲ။ ဒါပေမဲ့ ဘက်မလိုက်တာကလည်း မကောင်းဘူး။ ဆန့်ကျင်ဖက်အနေနဲ့ လူတိုင်းရဲ့အနိုင်ကျင့်ရာ ပစ်မှတ် ဖြစ်သွားစေတယ်” ရှန်ရှီက ပြောလိုက်၏။

လူတို့သည် ပံ့ပိုးမှုအတွက်ရှာဖွေတာ သို့မဟုတ် အဖွဲ့များဖွဲ့တာ အကြောင်းအရင်းရှိသည်။ ပံ့ပိုးမှုမရှိဘဲ သေချာပေါက် အနိုင်ကျင့်ခံရလိမ့်မည်။

“သွမ့်ရှီဟွားက အစွန်းရောက်အဖွဲ့ကဆိုပေမဲ့ သူက သူ့ရန်သူတွေကို ဘယ်တော့မှ ထိပ်တိုက်ရင်ဆိုင်လေ့ မရှိဘူး။ သူက အကောက်ကြံရတာ သဘောကျပြီး သွေးထိုးရတာ နှစ်သက်တယ်။ တနည်းအားဖြင့် သူက မျက်နှာနှစ်ဖက်နဲ့လူပဲ” ရှန်ရှီက အခဲမကျေစွာ ပြောလိုက်၏။

“ရှားကျန်းလုံက အဲလိုလူကို အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှာ ထားတယ်လား” လုကျိုးက မေးလိုက်၏။

ရှန်ရှီက သက်ပြင်းချလိုက်တော့သည်။

“အားသာချက် အားနည်းချက်တွေ ရှိတယ်။ သွမ့်ရှီဟွားက အရည်အချင်း မြင့်တယ်လေ။ သူက မျှော်စင်သခင်ရဲ့ ရာထူးကို မခြိမ်းခြောက်သရွေ့ မျှော်စင်သခင်က သူ့ကို မျက်ကွယ်ပြုထားမှာ”

လုကျိုးက ခေါင်းညိတ်လိုက်၏။ ရှန်ရှီ၏ပြောပုံအရ သူသည် သွမ့်ရှီဟွားကို ဝေဝါးဝါး နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။

“ဒီလိုသာဆို သူ့ကို အနက်ရောင်မျှော်စင်အဖွဲ့အစည်းကနေ ကန်ထုတ်ရမှာပေါ့”

မျက်စိတစ်မှိတ်အတွင်း ငါးရက်တာ ကုန်ဆုံးသွားလေသည်။

ထိုငါးရက်အတွင်း ယွီရှန်းရုန်ကို စစ်ဆေးပြီး လေ့လာခဲ့နေ၏။ သို့သော် အမှောင်ထုသာ ရှိနေသည်။ လုကျိုးသည် နောက်ဆုံး၌ နံနက်ခင်း၌ ကျင့်ကြံတာ ရပ်တန့်လိုက်သည်။ သူက ပြတင်းပေါက်ကို မှီလျက် နေထွက်လာတာကို ကြည့်နေသည်။

ထိုစဉ် ရှန်ရှီက ရောက်လာပြီး ဒူးတစ်ဖက် ထောက်ကာ ပြောလိုက်၏။

“မျှော်နန်းသခင် အရှေ့မြောက်ဖက်မှာ အနီရောင်ရထားလုံးပျံတစ်စင်းကို တွေ့ပါတယ်”

အသံကို ကြားသောအခါ ယွီကျန့်ဟိုင်နှင့် ကျောင်းဟုန်ဖုက ရောက်လာ၏။

“ရှစ်စွင်း”

“မျှော်နန်းသခင်”

“မျှော်နန်းသခင်” ရှန်ရှီက ဆက်ပြောလိုက်၏။

“ကျုပ် ထင်တာမမှားရင် အဲ့ဒီရထားလုံးပျံက အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ လန်ရှီဟယ်ပိုင်တာပဲ။ သူက ရထားလုံးပျံကို စီးလာတယ်ဆိုတော့ သူပြင်ဆင်ပြီးသားဖြစ်မှာပဲ”

ကျောင်းဟုန်ဖုက ပြောလိုက်၏။

“အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ လန်ရှီဟယ် ... အဲ့နာမည်ကို အရင်က ကြားဖူးတယ် ထင်တာပဲ။ တော်တော်အစွမ်းထက်တာလား”

“အဲ့ထက်တောင်ပိုတယ်။ အခုအချိန်ထိ သူ့ကို ဘယ်သူမှ အနိုင်မယူနိုင်ဘူး” ရှန်ရှီက ပြောလိုက်၏။

လုကျိုးက ပြောလိုက်တော့သည်။

“ဒီလန်ရှီဟယ်က အရည်အချင်းတချို့ရှိနေတာပဲ”

ရှန်ရှီက ဆွံ့အနေလေ၏။ သူ ဆိုလိုသည်က ထွက်သွားပြီး အဖြူရောင်မျှော်စင်အဖွဲ့အစည်းကို ရှောင်ရန် ဖြစ်သည်။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းနှင့် အနက်ရောင်မျှော်စင်အဖွဲ့အစည်းကို တိုက်ခိုင်းထားပြီး မိစ္ဆာဝေဟင်မျှော်နန်းက အကျိုးအမြတ်ကို ရိတ်သိမ်းနိုင်၏။

ရှန်ရှီက စကားပြောတော့မည့်အချိန်တွင် ဝတ်ရုံပြာဖြင့် အမျိုးသမီးက ပျံသန်းလာ၏။

“ကျွန်မ ရှစ်စွင်းက လုချန်းပေ့ကို ရထားလုံးပျံထဲ ဖိတ်လိုက်ပါတယ်”

…

အခန်း (၁၀၃၈) အလောင်းအစား

ရှန်ရှီနှင့် ယွီကျန့်ဟိုင် "..."

ကျောင်းဟုန်ဖုက ကြောင်အမ်းအမ်းဖြင့် ကြည့်နေရင်း နှစ်ဦးသားက ကြောင်အအဖြစ်သွားကြသည်။

နှစ်ယောက်သား လုကျိုးက လန်ရှီဟယ်နှင့် ဘယ်တုန်းက ရင်းနှီးသွားတာလဲဟု စဥ်းစားနေကြ၏။

လုကျိုးက လက်ဝှေ့ကာ ပြောလိုက်သည်။

"လမ်းပြပါ"

နတ်ခြင်္သေ့က လုကျိုးဆီ ဆင်းသက်လာကာ ခေါ်ဆောင်သွားလေသည်။

ယွီကျန့်ဟိုင်၊ ရှန်ရှီနှင့် ကျောင်းဟုန်ဖုတို့က ကြောင်အမ်းအမ်းဖြင့်သာ ကြည့်နေလေ၏။ သူတို့အတွက် အသိပြန်ဝင်လာဖို့ အချိန်တစ်ခု ကြာမြင့်ခဲ့သည်။

ရှန်ရှီက ပြောလိုက်သည်။

"ပ ပ … ပထမသခင်လေး မျှော်နန်းသခင်က မဆင်မခြင် ပြုမူလွန်းတာ မဟုတ်ဘူးလား။ သူက ထိပ်တိုက်ရင်ဆိုင်ဖို့ ကြံစည်နေတာလား”

ယွီကျန့်ဟိုင်က ပြောလိုက်သည်။

"ဘာလို့စိုးရိမ်နေတာလဲ။ ဝူကွမ်းဖျင် သေသွားတုန်းက ခင်ဗျားလည်း ရှိတယ်မဟုတ်လား။ ကျုပ်ရှစ်စွင်းကို အခုထိ နားမလည်သေးဘူးလား”

"ကျုပ် အဲ … အဲဒီလိုတော့ထင်တယ်” ရှန်ရှီက ပြောလိုက်သည်။ ထို့နောက် သူ့စိတ်ထဲ နာမည်စာရင်းတစ်ခု ထွက်ပေါ်လာသည်။ အနက်ရောင်မျှော်စင် အဖွဲ့အစည်း၏ အကဲဖြတ်သူ ဝူကွမ်းဖျင် သေဆုံးသွားခဲ့သလို အဖြူရောင်မျှော်စင် အဖွဲ့အစည်း၏ အကဲဖြတ်သူ နဥ်ဝမ်ချင်းကလည်း အကျဉ်းပိတ်ခံထားရပြီး အဖြူရောင်မျှော်စင် အဖွဲ့အစည်း၏ အကဲဖြတ်သူ နန်ကုန်းယွီထျန်းနှင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်း၏ ရွှီချန်းတို့ကလည်း သေဆုံးသွားခဲ့သည်။ အနက်ရောင်မျှော်စင် အဖွဲ့အစည်း၏ ပထမအကြီးအကဲ ရှစ်ယို့ရန်ကလည်း သေဆုံးသွားခဲ့၏။

အလင်းနှင့် အမှောင်မဟာမိတ်၏ ဆရာသခင် လုပ်ကြံသတ်ဖြတ်သူ ယဲ့လျိုယွင်ကလည်း သေဆုံးသွားခဲ့သည်။ အလင်းနှင့် အမှောင်မဟာမိတ်ထဲမှ ကျားငါးကောင်မှ တစ်ကောင်ဖြစ်သည့် ယဲ့လွီချူးနန်ကလည်း တစ်ကွက်တည်းပင် ရှုံးနိမ့်သွားခဲ့သည်။

ရှန်ရှီက တုန်တုန်ယင်ယင်ဖြစ်သွားပြီး သူ့ပေါင်သူ ရိုက်ကာ ပြောလိုက်သည်။

"ညီအစ်ကိုဖန်ရဲ့ စကားကို ဘာလို့မေ့နေမိပါလိမ့်”

...

သုံးယောက်သားက လုကျိုးနောက်မှ လိုက်သွားကာ အနီရောင် ရထားလုံးပျံနှင့် ရေပြင်ညီ ပျံသန်းလိုက်ကြသည်။ ကြော့ရှင်းသည့် မိန်းမငယ်တစ်ဦးက ရထားလုံးပျံကို မောင်းနှင်းနေဟန်ပေါ်၏။

အပြာဝတ် အမျိုးသမီးက ဦးညွတ်ကာ ပြောလိုက်သည်။

"လုချန်းပေ့ ဒီဖက်ကို ကြွပါ"

လုကျိုးနှင့် နတ်ခြင်္သေ့တို့က ရထားလုံးပျံပေါ် ဆင်းသက်လိုက်ကြသည်။

ရှန်ရှီ "..."

သူတို့က ပျူငှာလွန်းနေတာက ဟုတ်ရဲ့လား။ ဘာတွေဖြစ်နေတာပါလိမ့် ...

ရှန်ရှီ၏ အတွေးနှင့် လက်တွေ့က ကွာခြားလွန်းလှသည်။ သူ့အနေဖြင့် တုန်လှုပ်မှုမှ အသိပြန်ဝင်လာဖို့ အချိန်တစ်ခု ကြာမြင့်ခဲ့၏။

ယွီကျန့်ဟိုင်နှင့် ကျောင်းဟုန်ဖုတို့ကလည်း ရထားလုံးပျံအတွင်း လိုက်ဝင်သွားကြစဥ် အပြာဝတ် အမျိုးသမီးက လက်မြှောက်ကာ ပြောလာခဲ့သည်။

"အားနာပါတယ်။ အဖြူရောင်မျှော်စင် အဖွဲ့အစည်းက လုချန်းပေ့ကိုပဲ ကြိုဆိုတာ”

ကုန်းပတ်ပေါ်တွင် ရှိနေသည့် လုကျိုးက လှည့်ကာ မေးလိုက်သည်။

"လန်ရှီဟယ် ဒါက မင်း ဧည့်သည်တွေကို ဆက်ဆံတဲ့ပုံလား”

ရေပြင်လို ငြိမ်သက်နေသည့် အသံတစ်သံက အထဲမှ ထွက်ပေါ်လာခဲ့သည်။

"သူတို့အားလုံးကို ဝင်ခွင့်ပြုလိုက်"

"ဟုတ်ကဲ့" အပြာဝတ် အမျိုးသမီးက ခေါင်းငုံ့ကာ ဆက်၍ မတားဆီးတော့ပေ။

အနက်ရောင်ကြာနယ်မြေ၏ အဆုံးမဲ့တောင်နယ်နိမိတ်နှင့် ရွာငယ်လေးတို့က မြူခိုးအတွင်း လွှမ်းခြုံသွားပြီး ရထားလုံးပျံမှ မြစ်နှင့် တောအုပ်သာ မြင်ရတော့သည်။ သူတို့က အင်မတန် လှပလှ၏။

မိစ္ဆာဝေဟင်မျှော်နန်းမှ သုံးယောက်က ဘေးသို့ လျှောက်လာကာ မြင်ကွင်းကို ခံစားနေကြသည်။

တစ်ချိန်တည်းဆိုသလို အစေခံတချို့က ထိုင်ခုံတချို့ကို ကုန်းပတ်ပေါ် ထုတ်လာခဲ့ကြသည်။

လုကျိုးက အားနားမနေဘဲ ချက်ချင်းထိုင်လိုက်၏။

အနီရောင် ရထားလုံးပျံက အနောက်တောင်ဘက်သို့ မနှေးလွန်း မမြန်လွန်းစွာ ပျံသန်းသွားသည်။

ထိုစဥ် လန်ရှီဟယ်က ပြောလိုက်၏။

"ကျွန်မက နေရောင်ကို မုန်းလို့။ ရှင်လည်း အဲဒါကို သိပါတယ်”

ယွီကျန့်ဟိုင်နှင့် ရှန်ရှီ “ … ”

ရှင်က သိတယ်တဲ့လား ...

ထိုစကားနောက်ကွယ်တွင် အဓိပ္ပာယ်များစွာ ရှိနေလေ၏။ သူတို့ နှစ်ဦးက စိတ်ထဲတွင် အတွေးများစွာ ထွက်ပေါ်လာခဲ့သည်။

လုကျိုးက ပြောလိုက်သည်။

"ကွေ့ပတ်မနေနဲ့တော့။ သဘောတူထားတဲ့ဟာ ယူလာလား”

အပြာဝတ် အမျိုးသမီးက သူ့ခါးမှ ခရမ်းရောင် အဝတ်အိတ်ကို ထုတ်ကာ အားလုံးရှေ့ ဖွင့်ပြလိုက်သည်။

အားလုံးမြင်ကွင်းရှေ့တွင် မီးတောင်ထွက် အဆီအနှစ်များ ထွက်ပေါ်လာ၏။ ထိုမီးတောင်ထွက် အဆီအနှစ်များက ရှည်လျားကာ သေးငယ်သည့် သစ်ရွက်များနှင့် တူပြီး မဟူရာ အလင်းရောင် ထုတ်လွှင့်နေသည်။ ထိုအရာက လှေငယ်လေးတစ်စင်းနှင့်တူ၏။ ထိုအရာက ကြီးမားခြင်း မရှိသော်လည်း တန်ဖိုးက အဖိုးမဖြတ်နိုင်ပေ။ ကျင့်ကြံရေးလောကအတွင်း ရှားပါးပစ္စည်းအဖြစ် သတ်မှတ်ခံထားရပြီး ပစ္စည်းများနှင့် လက်နက်များကို အဆင့်မြှင့်တင်ရာ၌ အသုံးပြုလေ့ရှိသည်။

"မီးတောင်ထွက် အဆီအနှစ်တွေ ဒီလောက် အများကြီးလား” ရှန်ရှီက တံတွေးမျိုချလိုက်၏။

ကျောင်းဟုန်ဖုက ပြောလိုက်သည်။

"မီးတောင်ထွက် အဆီအနှစ် ဒါက လက်နက်ကို အဆင့်မြှင့်တင်ဖို့ ရှားပါးပစ္စည်းပဲ။ တကယ်လို့ အရည်အသွေးသာ ကောင်းတယ်ဆိုရင် ထာဝရအဆင့်အတွက် အုတ်မြစ်ကို ချထားနိုင်လိမ့်မယ်”

"ထာဝရအဆင့်လား” ယွီကျန့်ဟိုင်က ကျောင်းဟုန်ဖုကို လှည့်ကြည့်လိုက်သည်။

"အဲဒါက ကျွန်မ နာမည်ပေးထားတာလေ။ ဒီ အခုလက်ရှိကတော့ ထာဝရအဆင့် ပစ္စည်းရှိသေးတယ်လို့တော့ မထင်ဘူး” ကျောင်းဟုန်ဖုက ပြောလိုက်သည်။

လန်ရှီဟယ်က ပြောလိုက်၏။

"မဆိုးဘူးပဲ မိန်းကလေး … မင်းက အတော်လေး ဗဟုသုတ ရှိသားပဲ”

ကျောင်းဟုန်ဖုက ပြုံးကာ ပြောလိုက်သည်။

"ဒါပေါ့။ ကျွန်မက သင်္ကေတကျောင်းတော်မှာ အထူးချွန်ဆုံး ကျောင်းသူပဲလေ”

ထိုစဥ် လုကျိုးက လက်မြှောက်ကာ ဖြတ်ပြောလိုက်သည်။

"ကောင်းပြီလေ။ မင်းက စကားပြန်မရုပ်သိမ်းဘူးလို့တော့ မျှော်လင့်တယ်”

လန်ရှီဟယ်က ပြောလိုက်၏။

"မီးတောင်ထွက် အဆီအနှစ်တွေက အဖိုးတန်ပေမဲ့ ကျွန်မ စကားတွေ ပြန်ရုပ်သိမ်းလောက်အောင်တော့ မထိုက်တန်ဘူး”

လုကျိုးက အဝေးတစ်နေရာကို လှည့်ကြည့်လိုက်၏။ လေပြေညှင်းတစ်ချက်က ဖြတ်တိုက်သွားသည်။

"ငါက ရှားကျန်းလုံကို မနိုင်ဘူးဆိုတာ သေချာရဲ့လား”

"ရှားကျန်းလုံက ရှုံးနိမ့်တယ်လို့ ဝန်ခံမဲ့သူ မဟုတ်ဘူး” လန်ရှီဟယ်က ပြောလိုက်သည်။

"သူ ရှုံးနိမ့်ရင်တောင် သူက ရှုံးနိမ့်တယ်လို့ ဝန်မခံဘူးလား”

"ကျွန်မ အများကြီး ပြောလိုက်ရင် ရှင်က ကျွန်မရဲ့ အလောင်းအစားကို နောင်တရသွားမှာပေါ့”

လန်ရှီဟယ်က ထပ်ပြောလိုက်သည်။

လုကျိုးက ထရပ်ကာ ကုန်းပတ်ဘေးသို့ လျှောက်လှမ်းလာခဲ့၏။ သူက တောင်တန်းနှင့် တောအုပ်ကို ကြည့်ကာ မေးလိုက်သည်။

"ငါက ရွှီချန်းကို သတ်ပြီး နဥ်ဝမ်ချင်းကို ဖမ်းခဲ့တာ မင်းတို့ ဒေါသမထွက်ဘူးလား”

"ဒါက သူတို့နဲ့ ထိုက်တန်တဲ့ အပြစ်ဒဏ်ပါပဲ”

လုကျိုးက ဆက်မေးလိုက်သည်”

"မင်းကရော မွေးမြူရေး အစီအစဥ်ကို သဘောတူလား”

"ကြီးနိုင်ငယ်ညှဉ်း သဘောပဲလေ။ အဖြူရောင်မျှော်စင် အဖွဲ့အစည်း မရှိဘူးဆိုရင်တောင် အနက်ရောင်မျှော်စင် အဖွဲ့အစည်း ဒါမှမဟုတ်ဘူးဆိုရင် အနီရောင်မျှော်စင် အဖွဲ့အစည်းတို့ ဆိုတာမျိုးက ရှိလာမှာပဲ”

"အနက်ရောင်မျှော်စင် အဖွဲ့အစည်းက အနီရောင်ကြာနယ်မြေကို လွှမ်းမိုးထားခဲ့တာ။ အဖြူရောင်မျှော်စင် အဖွဲ့အစည်းကရော ဘယ်မှာလွှမ်းမိုးထားတာလဲ” လုကျိုးက မေးလိုက်သည်။

လန်ရှီဟယ်က အချိန်တော်ကြာ ပြန်မဖြေပေ။ သူမက ထိုမေးခွန်းကို မဖြေချင်မှန်း သိသာလှ၏။

ထိုအရာက လုကျိုး၏ မှန်းဆချက်အတွင်းသာ ရှိလေသည်။ သူက နောက်ထပ် မေးခွန်းတစ်ခု ပြောင်းမေးလိုက်၏။

"မင်းနဲ့ ရှားကျန်းလုံဆိုရင် ဘယ်သူနိုင်လဲ"

လန်ရှီဟယ်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။

"ကျွန်မ"

"ဒီလောက်တောင် ယုံကြည်ချက်ရှိတယ်လား”

"ဒါက ကျင့်ကြံသူတစ်ယောက် ရှိသင့်တဲ့ ယုံကြည်ချက်ပဲလေ”

"အဲဒါဆိုရင် ဘာလို့ ရှားကျန်းလုံကို မသတ်တာလဲ။ အဖြူရောင်မျှော်စင် အဖွဲ့အစည်းက အရာအားလုံးကို အုပ်ချုပ်နိုင်မှာ မဟုတ်ဘူးလား” လုကျိုးက မေးလိုက်သည်။

"သူတို့ရှိတာက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလို့လေ” လန်ရှီဟယ်က ပြောလိုက်သည်။

"..."

ထိုအရာကို ကြားကာ ရှန်ရှီနှင့် ယွီကျန့်ဟိုင်တို့က လန်ရှီဟယ်သည် ယုံကြည်မှု လွန်ကဲကြောင်း ဟန်ဆောင်မှုကြီးကြောင်း ပြန်လည်ချေပလိုသည်။ သို့သော်လည်း ထင်ထားသည့်အတိုင်း သူမက အဖြူရောင်မျှော်စင် အဖွဲ့အစည်း၏ မျှော်စင်သခင် ဖြစ်နေခဲ့၏။ မျှော်စင်သခင်အနေဖြင့် သူမ၏ စွမ်းအားက ထူးခြားပေမည်။

ထိုစဥ် လန်ရှီဟယ်က မေးလာသည်။

"ကျွန်မက သိချင်မိသား။ ရှင်က ရွှေကြာနယ်မြေမှာ ဘယ်လိုလုပ် မိုးမြေအတားအဆီးကို ချိုးဖောက်ခဲ့တာလဲ။ အတားအဆီးက ပွင့်ချပ်ရှစ်လွှာအထိ ပဲလေ”

"ကြာပွင့်ကို ဖြတ်တောက်ပြီးတော့ပေါ့" လုကျိုးက ပြန်ဖြေလိုက်သည်။ ထိုအရာက အပြည့်အဝ အမှားအယွင်း မဟုတ်ပေ။

လန်ရှီဟယ်က တိတ်ဆိတ်သွားကာ ပြန်ပြောလာ၏။

"ရှင်က ဒီနည်းလမ်းကို စဥ်းစားမိတယ်ဆိုတာ ထင်မထားခဲ့မိဘူး”

ထို့နောက် သူမက ခေါင်းစဥ်လွဲကာ ပြောလိုက်သည်။

"ရှင်က အမည်မသိကုန်းမြေကို ရောက်ဖူးလား”

ဤတစ်ကြိမ် တိတ်ဆိတ်နေရမည့်လူက လုကျိုးအလှည့် ဖြစ်သွားသည်။ သူက ပြန်ဖြေဖို့ အလျင်လိုနေခြင်း မရှိပေ။ ထို့အစား သူက ထိုမေးခွန်းကို မေးရသည့် သူမ၏ ရည်ရွယ်ချက်ကိုသာ စဥ်းစားနေလိုက်၏။ သူက အချိန်တိုအတွင်း မွေးဖွားဇယားချပ် ၁၂ခုကို အသက်သွင်းဖို့ရာ မဖြစ်နိုင်ပေ။

လန်ရှီဟယ်က သူသည် အမည်မသိကုန်းမြေကို သွားခဲ့ဖူးကြောင်း သံသယဖြစ်နေသည်မှာ အံ့သြသင့်ဖွယ် မရှိပေ။ အကယ်၍ သူသာ မရောက်ဖူးကြောင်း ပြောခဲ့ပါက သူ့ကို ယုံကြည်မည် မဟုတ်ပေ။ ထို့ကြောင့် သူက ပြောလိုက်၏။

"အင်း"

"မထူးဆန်းတော့ပါဘူး” လန်ရှီဟယ်က သူ့အဖြေကြောင့် အံ့အားသင့်သွားခြင်း မရှိပေ။

"မင်းလည်း ရောက်ဖူးတယ်မလား” လုကျိုးက အပြန်အလှန် မေးလိုက်သည်။

"..."

ရှန်ရှီက အသက်အောင့်ထားလိုက်၏။ ခေါင်းဆောင်ကြီးများ၏ စကားဝိုင်းက အမှန်တကယ် တဲ့တိုးဆန်လှသည်။

လန်ရှီဟယ်က မငြင်းဆန်ပေ။

"ကျွန်မ ရောက်ဖူးတယ်"

"မင်းက မဟာလေဟာနယ် စွမ်းအားကို ရခဲ့တာပဲ” လုကျိုးက ပြောလိုက်သည်။

"ရှင်ရောပါပဲ" လန်ရှီဟယ်က လုကျိုးဆီမှ မဟာလေဟာနယ် စွမ်းအားကို မခံစားမိသော်လည်း သူက အချိန်တိုအတွင်း မွေးဖွားဇယားချပ် ၁၂ခုကို အသက်သွင်းထားနိုင်သည့်အတွက် မဟာလေဟာနယ် စွမ်းအားရှိကြောင်း သေချာနေသည်။

လုကျိုးက လန်ရှီဟယ်ကို အမှန်ပြင်မပေးခဲ့ပေ။

လန်ရှီဟယ်က ဆက်ပြောလိုက်၏။

"လူတော်တော်များများက မဟာလေဟာနယ် စူးစမ်းရှာဖွေရေးမှာ ဝင်ရောက်ဆင်နွဲခဲ့ကြတယ်။ ဒါပေမဲ့ ရွှေကြာနယ်မြေက သူတော့ မပါခဲ့ဘူး”

လုကျိုး "..."

ဉာဏ်များတဲ့ အမျိုးသမီးပဲ။ ထောင်ချောက်ဆင်နေတာ ...

လုကျိုးက အလျင်မလိုဘဲ ပြောလိုက်သည်။

"အမည်မသိ ကုန်းမြေဆီ ရောက်ဖို့ မဟာလေဟာနယ် စူးစမ်းရှာဖွေရေးမှာ ဝင်ရောက်ဆင်နွှဲဖူးရမယ်လို့ ဘယ်သူကများ ပြောလို့လဲ”

လုကျိုးက သူ့အဖြေကို အမှတ်ပြည့်ပေးလိုက်သည်။

လန်ရှီဟယ်က သူ့အဖြေတွင် အမှားအယွင်း ရှာမတွေ့ခဲ့ပေ။ သူမက ခေါင်းစဥ် တစ်ခေါက် ပြောင်းကာ ပြောလိုက်၏။

"ကြည့်ရတာ ကျွန်မက ရှင့်ကို လျှော့တွက်မိတဲ့ပုံပဲ။ ဘာဖြစ်ဖြစ် ရှင်က နတ်ခြင်္သေ့ဆီက ထောက်ခံမှု ရထားတာပဲလေ”

"နတ်ခြင်္သေ့လောက်က ဘာမှပြောစရာ မလိုပါဘူး” လုကျိုးက ပြောလိုက်သည်။

ထိုစဥ် အပြာဝတ် အမျိုးသမီးက လျှောက်လှမ်းလာကာ ဦးညွတ်လိုက်ပြီး "ဆရာ၊ လုချန်းပေ့ ကျွန်မတို့တွေ ရှုကုန်းမြေကို ဆယ့်ငါးမိနစ်အတွင်း ရောက်ပါလိမ့်မယ်”

လန်ရှီဟယ်က ပြောလိုက်သည်။

"ကောင်းပြီ"

All Chapters