← Chapters

အခန်း (၁၀၃၉-၁၀၄၁)

Vol. 70 Ch. 1039-1041

အခန်း (၁၀၃၉-၁၀၄၁)

Vol. 70 Ch. 1039-1041

အခန်း (၁၀၃၉) အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းကြား အငြင်းပွားချက်

အနီရောင်ရထားလုံးပျံထဲတွင် ဖြစ်သည်။

လန်ရှီဟယ်က ဘေးတွင် ရပ်နေသည့်လူသုံးယောက်ကို လှည့်ကြည့်လိုက်လေ၏။ တစ်ချက်မျှသာ ကြည့်လိုက်တာ ဖြစ်သည်။ ထို့ကြောင့် သူမက သူတို့အသွင်အပြင်ကို ကောင်းကောင်းမမြင်ခဲ့။ သို့သော် ယွီကျန့်ဟိုင်၊ ရှန်ရှီနှင့် ကျောင်းဟုန်ဖုတို့၏ တည်နေရာကို သူမ အာရုံခံနိုင်၏။ သူမက ခေါင်းအနည်းငယ်ညိတ်ကာ မေးလိုက်တော့သည်။

“ဒါက ရှင့်ရဲ့လက်အောက်ငယ်သားတွေလား”

လုကျိုး မိတ်ဆက်ပေးမှာကို မစောင့်ဘဲ ရှန်ရှီက အလွန်ယဉ်ကျေးစွာပြောလိုက်သည်။

“ဒါက မျှော်နန်းသခင်ရဲ့ တပည့်ကြီးပဲ။ ကျုပ်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အစောင့်အရှောက်တစ်ယောက်။ ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ သင်္ကေတပညာရှင်အသစ်”

လန်ရှီဟယ်က သိမ်မွေ့စွာ ပြောလိုက်သည်။

“အစောင့်အရှောက်မှာ မွေးဖွားဇယားချပ် လေးခုရှိတာပဲ”

ရှန်ရှီ “...”

ရှန်ရှီသည် သူ အထင်သေးခံရသလိုဟု ခံစားလိုက်ရသည်။ သို့သော် သူက ဒေါသမထွက်သွားပေ။ လန်ရှီဟယ်က သူ့ကို အထင်သေးပိုင်ခွင့်ရှိ၏။ မွေးဖွားဇယားချပ်လေးခုဖြင့် အနက်ရောင်မျှော်စင်အဖွဲ့အစည်းတွင် ဖြစ်စေ၊ အဖြူရောင်မျှော်စင်အဖွဲ့အစည်းတွင်ဖြစ်စေ သူက အစောင့်ရှောက်တစ်ယောက်ဖြစ်ရန် အရည်အချင်းပြည့်မီဖို့ ဝေးကွာနေတာ သေချာသည်။

လုကျိုးက ပြောလိုက်၏။

“အရည်အချင်းက ခွန်အားနဲ့ ကျင့်ကြံမှုတစ်ခုတည်းပေါ် မူတည်နေတာ မဟုတ်ဘူး။ အစောင့်အရှောက်ရှန်က မိစ္ဆာဝေဟင်မျှော်နန်းကို အကျိုးဆောင်ပေးခဲ့တာတွေ များတယ်။ ပြီးတော့ ငါ့ရဲ့အရည်အချင်းရှိတဲ့ လက်အောက်ငယ်သားတွေထဲက တစ်ယောက်ပဲ”

ရှန်ရှီ၏ သစ္စာရှိမှုသည် ချက်ချင်းပင် ၂၀% တိုးသွားလေ၏။

လုကျိုးက အမှန်တရားကို ပြောလိုက်ရုံသာ ရှိသည်။ ရှန်ရှီ ရင်ထဲထိသွားလိမ့်မည်ဟု မထင်ထားပေ။

အနက်ရောင်မျှော်စင်အဖွဲ့အစည်း၌ ရှန်ရှီရှိနေစဉ်က သူ့ကို မည်သူမျှ အသိအမှတ်မပြုခဲ့ပေ။ မဟုတ်လျှင် သူ့အသက်ကို ကယ်တင်မိန့် မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်လာမှာ မဟုတ်ပေ။ သူ၏အမြင်တွင် အဆင့်နိမ့်မျှော်စင်မှ ကိရိယာများကဲ့သို့ အနက်ရောင်မျှော်စင်အဖွဲ့အစည်းသည် လူတို့ကို အဆင့်နိမ့်မျှော်စင်မှ ကိရိယာများကဲ့သို့ ဆက်ဆံလေရာ သူသည်လည်း သူတို့အတွက် အသက်စတေးဖို့ မထိုက်တန်ပေ။ တစ်ခါတစ်ရံတွင် လူတို့လိုအပ်သည်က သူတို့ကြိုးစားမှုအတွက် တစ်စုံတစ်ယောက် အသိအမှတ်ပြုတာပဲ ဖြစ်သည်။

လန်ရှီဟယ်က ပြောလိုက်၏။

“ရှင်ပြောတာ အဓိကကျတယ်။ ရှင့်ရဲ့သင်္ကေတပညာရှင်က အလွန်ငယ်ရွယ်ပုံပဲ”

ကျောင်းဟုန်ဖုက ရယ်မောလိုက်၏။ သူက ယခုအချိန်တွင် အမျိုးသားတစ်ယောက်နှင့် မကွာခြားပေ။

“ငယ်ရွယ်တာ အားသာတာပဲလေ။ သင်္ကေတကျောင်းတော်က လူတွေအားလုံးကတော့ ကျုပ်က ပါရမီမြင့်တယ်လို့ ပြောတယ်။ ကျုပ် သူတို့ကို ယုံတယ်”

လန်ရှီဟယ်က ပြောလိုက်၏။

“သင်္ကေတကျောင်းတော်က လွန်ခဲ့တဲ့နှစ်ရာချီတုန်းက သင်္ကေတတွေ သင်ယူနိုင်တဲ့ ကလေးတစ်စု ရှာတွေ့ခဲ့တယ်လို့ ကြားတယ်။ ဒါပေမဲ့ အများစုကပျောက်ကွယ်ရင်ပျောက်ကွယ် မဟုတ်ရင် အရည်အချင်း မပြည့်မီတာတွေ။ လူတစ်ယောက်ပဲ သင်ယူနိုင်ခဲ့တယ်။ အဲ့ဒီလူက မင်း ဟုတ်တယ်မလား”

ကျောင်းဟုန်ဖုက အနေခက်စွာ ပြုံးလိုက်လေ၏။

“အမ် ... ကျုပ်တို့တွေ ဒီအကြောင်းမပြောလို့ မရဘူးလား”

လန်ရှီဟယ်က သိမ်မွေ့စွာပြုံးလိုက်သည်။

“မင်းက တကယ်ပါရမီရှိတာပဲ။ ဒါပေမဲ့ လေ့လာတာနောက်ကျလွန်းတယ်။ တာ့ယန်ရဲ့တော်ဝင်ခုံရုံးက မင်းကို မသတ်ခဲ့တာ အံ့ဩစရာကောင်းပါရဲ့”

“သူတို့သတ်ရဲမှာလား။ ကျုပ်မှာ အခု မျှော်နန်းသခင်ရဲ့ပံ့ပိုးမှုရှိနေပြီ။ သူတို့ကျုပ်ကို သတ်ဖို့ကြိုးစားရင် မျှော်နန်းသခင်က သူတို့ကို သတ်လိုက်မှာ” ကျောင်းဟုန်ဖုက လုကျိုးကို တစ်ချက်ခိုးကြည့်ပြီးနောက် မျက်နှာလိုမျက်နှာရပြောလိုက်၏။ လန်ရှီဟယ်က စကားပြောရပ်သွားတော့သည်။

ထိုစဉ် ဝတ်ရုံပြာဖြင့်အမျိုးသမီးက ဦးညွှတ်လျက်ပြောလိုက်၏။ “ကျွန်မတို့တွေ အခု ရှုကုန်းမြေကို ရောက်နေပါပြီ။ အနောက်တောင်ဖက်မိုင်ငါးဆယ်က အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ နယ်မြေဖြစ်မှာပါ”

“သိပြီ” လန်ရှီဟယ်က ပြောလိုက်၏။

ရှန်ရှီသည် လုကျိုးက အနက်ရောင်မျှော်စင်ကို တစ်ခါမှ မရောက်ဖူးကြောင်းသိသည်။ ထို့ကြောင့် သူက ပြောလိုက်၏။

“အနက်ရောင်မျှော်စင်အဖွဲ့အစည်းက စတုရန်းမီတာတစ်သောင်းကို လွှမ်းခြုံထားပြီး သတ္တဂံပုံစံ

ရှိတယ်။ အတွင်းအပြင်မှာ တာအိုသင်္ကေတ ၃၆၀၀၀ရှိတယ်။ မတူမညီတဲ့ ခမ်းနားတဲ့ အစီအရင်ကို ထိန်းချုပ်တဲ့ ပင်မမျှော်စင်ခုနစ်ခုရှိတယ်”

“ခမ်းနားတဲ့အစီအရင်တွေလား” လုကျိုးက မျက်ခုံးတစ်ချက်ပင့်လိုက်၏။ သူသည် ခမ်းနားတဲ့အစီအရင်တချို့ကို မျက်မြင်တွေ့ခဲ့ပြီးဖြစ်သည်။ ဥပမာ တာ့ယန်၏ အကြွင်းမဲ့ဆယ်ပါး အစီအရင်၊ အနီရောင်ကြာနယ်မြေရှိ ခမ်းနားသောအစီအရင်များဖြစ်သည်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းတို့သည် ပြိုင်ဖက်ကင်းရှစ်ခုနှင့် သဟဇာတခြောက်ပါးအလံကို အလွယ်တကူ အသုံးပြုနိုင်သောကြောင့် သူတို့အသိုက်ထဲရှိ အစီအရင်က မည်သို့အားနည်းမည်နည်း။

လုကျိုးသည် လန်ရှီဟယ်က သူကို ထောင်ချောက်ထဲမျှားခေါ်နေသလားဟု တွေးမိသွားသည်။ သူက ခေါင်းခါလိုက်၏။ လန်ရှီဟယ်နှင့် လောင်းကြေးမထပ်ရင်တောင် သူ အနက်ရောင်မျှော်စင်အဖွဲ့အစည်းကို လာဦးမှာပဲဖြစ်သည်။

အနီရောင်မျှော်စင်အဖွဲ့အစည်းက အနက်ရောင်မျှော်စင်အဖွဲ့အစည်းနယ်မြေထဲ ပျံသန်းသွားပြီ ဖြစ်သည်။

တိမ်တိုက်များကို ဖောက်ထွက်နေသည့် မျှော်စင်ခုနစ်ခုကို ချက်ချင်းမြင်နိုင်သည်။ သူတို့က မြင့်မားလွန်းသောကြောင့် ထိပ်ကို မမြင်နိုင်ပေ။ တိမ်တိုက်များက မျှော်စင်အလယ်နားတစ်ဝိုက်တွင် ရစ်ဝဲနေလေ၏။

မြေပြင်ပေါ်ရှိ အဆောက်အအုံများအားလုံးကို သတ္တဂံသဏ္ဌာန်စီမံထားလေ၏။

နောက်ဆုံး၌ အနီရောင်ရထားလုံးပျံက တုဟယ်မျှော်စင်နားရပ်လိုက်သည်။

တစ်ချိန်တည်းတွင် လူများစွာ ရထားလုံးပျံနှင့် ခပ်နိမ့်နိမ့်ပျံသန်းပြီး မီတာတစ်ရာအကွာတွင် ရပ်လိုက်သည်။

ဝတ်ရုံပြာဖြင့် အမျိုးသမီးက ကြည်လင်သော အသံဖြင့် ပြောလိုက်၏။

“ကျွန်မဆရာက သူ့ကို တွေ့ချင်ကြောင်း မျှော်စင်သခင်ရှောင်းကို အကြောင်းကြားပေးပါဦး”

ဝတ်ရုံနက်ကျင့်ကြံသူအချို့သည် အချိန်မဖြုန်းဘဲ အနက်ရောင်မျှော်စင်ထဲပျံသန်းသွားလေသည်။

မကြာမီ၌ အဖိုးအိုတစ်ဦးရောက်လာ၏။ သူက လေထဲပျံဝဲကာ ပြောလိုက်တော့သည်။

“လုစီက မျှော်စင်သခင်လန်ကို အရိုအသေပေးပါတယ်။ ကျေးဇူးပြုပြီး ကျုပ်နောက်လိုက်ခဲ့ပေးပါ မျှော်စင်သခင်လန်”

လန်ရှီဟယ်က ပြောလိုက်၏။ “ကျွန်မက ဒီကို ကိစ္စတစ်ခုကြောင့် ရောက်လာတာ။ ကျွန်မ အထဲသွားဖို့မလိုဘူး”

ထိုအဖိုးအိုက ဇဝေဇဝါဖြစ်ပုံပေါ်သည်။

“မျှော်စင်သခင်လန် ခင်ဗျား ကျုပ်တို့ဆီ လာလည်တာ ရှားပါဘိ။ ကောင်းကောင်းမွန်မွန် ဧည့်မခံခဲ့ရင် မျှော်စင်သခင်ရှောင်း ကျုပ်တို့ကို အပြစ်တင်ခံရမှာ စိုးပါဘိ”

လန်ရှီဟယ်က ပြောလိုက်၏။ "ကျွန်မက အရေးကြီးကိစ္စကြောင့် ဒီရောက်လာတာ”

ထိုစကားကို ကြားသောအခါ လုစီသည် မနှောင့်နှေးရဲတော့ပေ။ သူက ပြောပြီးနောက် ခြေရာလက်ရာမကျန်ဘဲ ပျောက်သွားတော့သည်။

“မျှော်စင်သခင်လန် ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ”

လုကျိုးသည် အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏မြေကို ငုံ့ကြည့်ပြီးပြောလိုက်၏။

“မင်းတောင် မဝင်သွားရဲဘူး။ မျှော်စင်က ဘာထူးခြားနေတာလဲ”

“ကျွန်မ မကြောက်ပါဘူး။ လိုအပ်တယ်လို့ မထင်ရုံပဲ” လန်ရှီဟယ်က ပြောလိုက်၏။

“အခုတော့ မင်းကို ယုံထားလိုက်မယ်” လုကျိုးက လက်နောက်ပစ်ထားလျက် ပြောလိုက်သည်။

“သူ ပေါ်မလာရင် ဘယ်သူက လောင်းကြေးစားကြေး အနိုင်ရမှာလဲ”

“သူ တိုက်ခိုက်ဖို့ကို လုပ်ခဲ့ရင် ရှင်အနိုင်ရတယ်လို့ သတ်မှတ်မယ်” လန်ရှီဟယ်က ပြောလိုက်၏။

“အနည်းဆုံးတော့ မင်းက မျှတတဲ့သူတစ်ယောက်ပဲ” လုကျိုးက ပြောလိုက်၏။

ထိုစဉ် ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“ရှစ်စွင်း အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အတွင်းပိုင်း စိတ်ဝမ်းကွဲမှုက ဆိုးရွားနေပြီ။ အပြင်မှာလည်း ပဋိပက္ခက ဖြစ်နေတာ။ သူ ပေါ်မလာမှာ စိုးရိမ်မိတယ်”

“သူ ပေါ်လာမှာ” လန်ရှီဟယ်က ပြောလိုက်၏။

“မင်းက ဒီလောက်ယုံကြည်ချက်ရှိတယ်တဲ့လား” လုကျိုးက ပြောလိုက်သည်။

ဝတ်ရုံပြာဖြင့် အမျိုးသမီးက ပြုံးလျက်ပြောလိုက်သည်။

“ကျွန်မရဲ့ဆရာ မတွေ့နိုင်တဲ့သူ မရှိဘူးလေ။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့ အဖြူရောင် အဖွဲ့အစည်းက နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့တာ။ ဒါပေမဲ့ ရှားကျန်းရုန် ရန်မစရဲတဲ့ တစ်ဦးတည်းသောလူက ကျွန်မရဲ့ဆရာပဲ”

“...”

ဝတ်ရုံပြာဖြင့်အမျိုးသမီးက ပြောပြီးသည်နှင့် လူသုံးယောက်က မျှော်စင်ပေါ်၌ ပေါ်လာသည်။ သူတို့မထွက်သွားသေးခဲ့ပေ။ ထိုအစား အဝေးကနေ သူတို့အသံကို ပို့ဆောင်လိုက်၏။

လေထဲတွင် နက်ရှိုင်းသောအသံတစ်သံက ပေါ်လာလေသည်။

“ကြည့်ရတာ သူ့ရဲ့တည်ရှိမှုနဲ့ ကျုပ်တို့ကို ဂုဏ်သရေထွန်းလင်းစေဖို့ မျှော်စင်သခင်လန်က ဆုံးဖြတ်ချက် ချလိုက်တယ်ပေါ့”

လန်ရှီဟယ်က ကွေ့ဝိုက်မနေဘဲ ပွင့်ပွင့်လင်းလင်းပြောလိုက်၏။

“ရှင့်ကို တောင်းဆိုစရာတစ်ခုရှိလို့ ဒီရောက်လာတာ”

“မျှော်စင်သခင်လန် ကျေးဇူးပြုပြီးပြောပါ”

“မိစ္ဆာဝေဟင်မျှော်နန်းရဲ့အရှင်သခင်နဲ့ လောင်းကြေးထပ်ထားတယ်။ ရှင် သူ့ကို အနိုင်ယူနိုင်မယ်လို့ လောင်းထားတာ” လန်ရှီဟယ်က ပြောလိုက်၏။

အဝေး၌ ပျံဝဲနေသော အရပ်မြင့်မြင့်အရိပ်သည် အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ အရှင်သခင် ရှားကျန်းယုံပဲဖြစ်သည်။

“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်လား”

ထိုစဉ် လုကျိုးက အနီရောင်ရထားလုံးပျံထဲမှ ပျံထွက်လာသည်။ သူက အရိပ်ကို ကြည့်ပြီးပြောလိုက်သည်။

“ကျုပ်ပဲ”

ရှားကျန်းယုံ၏ အသံက တည်ငြိမ်နေသည်။

“ခင်ဗျားက ကောလာဟလတွေထဲကထက် ပိုအထင်ကြီးဖို့ကောင်းတာပဲ”

လုကျိုးက ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

“ခင်ဗျား လန်ရှီဟယ်ပြောတာကို ကြားတာပဲ။ ကျုပ် လောင်းကြေးကို အနိုင်ရရမယ်” ဝတ်ရုံပြာဖြင့် အမျိုးသမီးသည် လုကျိုးက လန်ရှီဟယ်၏ နာမည်အပြည့်အစုံကို သုံးသောကြောင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်မိသည်။ သို့သော် သူမ၏ဆရာက ဘာမှမပြောသောကြောင့် သူမ ဘာမှ မပြောနိုင်ပေ။

ရှားကျန်းလုံက လုကျိုးကို လျစ်လျူရှုထားလျက် အနီရောင်ရထားလုံးပျံကို ကြည့်လိုက်၏။

“မျှော်စင်သခင်လန်က ဘာလို့ထွက်မလာတာလဲ”

လန်ရှီဟယ် မလာလျှင် ရှားကျန်းလုံက မိုးပြိုလျှင်တောင် ထွက်လာမှာ မဟုတ်။ လန်ရှီဟယ်သည် လောင်းကြေးတစ်ခုကြောင့် ရောက်လာမည်ဟု မထင်ထားပေ။ ထို့အပြင် ဤလောင်းကြေးက သူနှင့် ဘာသက်ဆိုင်သနည်း။ သူ အဘယ်ကြောင့် ဆွဲသွင်းခံလိုက်ရသနည်း။

လန်ရှီဟယ်က ပြောလိုက်၏။

“မျှော်စင်သခင်ရှားက မျှော်နန်းသခင်လုကို အနိုင်ရခဲ့ရင် အဖြူရောင်မျှော်စင်က နောင်နှစ်ပေါင်းတစ်ထောင်အတွက် အဖြူရောင်ကြာနယ်မြေကိုပဲ အာရုံစိုက်တော့မယ်”

လုကျိုးက အနည်းငယ်အံ့ဩသွားတော့သည်။ ရှားကျန်းရုန် နိုင်သည်ဖြစ်စေ မနိုင်သည်ဖြစ်စေ လန်ရှီဟယ် မည်သည့်နည်းနှင့်မဆို ကြီးမားသည့်တန်ကြေးပေးရလိမ့်မည်။ လန်ရှီဟယ်က ယဲ့ထျန်းရှင်းကို ထိုမျှနှစ်သက်သည်လော။

ရှားကျန်းရုန်သည် လန်ရှီဟယ်ကြောင့် သွေးဆောင်ခံလိုက်ရသည်။ အဖြူရောင်မျှော်စင် အဖွဲ့အစည်းနှင့် အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ ပဋိပက္ခက ကြာလှပြီဖြစ်သည်။ နှစ်တစ်ထောင်ကြာငြိမ်းချမ်းမှုက သူမ၏ကြီးမားသော လိုက်လျောချက်ဖြစ်သည်။ တစ်ချိန်တည်းတွင် လန်ရှီဟယ် ထိုသို့ကမ်းလှမ်းတာ မည်သည့်အကြောင်းအရင်းကြောင့် သိချင်နေ၏။ အဆုံးကျ သူက အသံအနည်းငယ်မြှင့်လျက် ပြောလိုက်သည်။

“ဟုတ်ပြီလေ”

အနက်ရောင်မျှော်စင်အဖွဲ့အစည်း၌ လူများများစားစား ရှိပုံမပေါ်။ သို့သော် ပင်မမျှော်စင်တွင် သတ္တဂံ အစီအရင်၊ တာအိုသင်္ကေတများရှိသည့် ရှုကုန်းမြေတို့က အနက်ရောင်မျှော်စင်အဖွဲ့အစည်းသည် မရိုးရှင်းကြောင်း ပြသနေသည်။

သို့သော် လုကျိုးကလည်း ဝှက်ဖဲများစွာ ပိုင်ဆိုင်ထားသည်။ သူ ခြွေတာမှုကို ဂရုမစိုက်ခဲ့ပါက ရှားကျန်းရုန်ကို ဖြေရှင်းဖို့က ပိုတောင်လွယ်ကူလိမ့်မည်။ သူ ယခုစိုးရိမ်ပူပန်သည့် တစ်ခုတည်းသောအရာက အကောင်းဆုံးရလဒ်ရအောင် ကြိုးစားပြီး ကုန်ကျစရိတ်အနည်းဆုံး နည်းကို မည်သို့ရှာဖွေနိုင်မလဲဆိုတာပဲဖြစ်၏။

လုကျိုးက ပြောလိုက်သည်။

“ရှားကျန်းရုန် မင်းကို အကြံတစ်ခုပေးစရာရှိတယ်”

“ကျေးဇူးပြုပြီး ပြောပါ မျှော်နန်းသခင်လု”

“မင်း ငါနဲ့ တိုက်ခိုက်ရင် ငါ့ကို ရှုံးမှာသေချာတယ်။ မင်း အရှုံးကို ဝန်ခံမယ်ဆိုရင် နာကျင်မှု သက်သာလိမ့်မယ်” လုကျိုးက ပြောလိုက်၏။

ရှားကျန်းရုန်က ခေါင်းမော့ပြီးနောက် လုကျိုးဆီကနေ သူ၏အကြည့်က အနီရောင်ရထားလုံးပျံဆီ ရောက်သွားသည်။ ပြီးနောက် သူ စိတ်ပြင်ဆင်ပြီး တွေဝေမနေဘဲ ပြောလိုက်သည်။

“ကျုပ် အရှုံးဝန်ခံတယ်”

လန်ရှီဟယ်၊ ရှန်ရှီ၊ ယွီကျန့်ဟိုင်နှင့် အနီရောင်ရထားလုံးပျံထဲတွင် ရှိသော လူများ “...”

…

အခန်း (၁၀၄၀) သွမ့်ရှီဟွားကို အတင်းအကျပ် သတ်ဖြတ်ခြင်း

ရှားကျန်းလုံ၏ ဆုံးဖြတ်ချက်က အားလုံးကို အံ့အားသင့်သွားစေသည်။ အံ့အားအသင့်ဆုံးသူက ရှားကျန်းလုံနှင့် နှစ်များစွာ တိုက်ခိုက်နေခဲ့သည့် လန်ရှီဟယ် ဖြစ်၏။ ကိုယ့်အကြောင်းကို အကောင်းဆုံး သိထားသည့်သူက ရန်သူဟု ဆိုရိုးရှိသည် မဟုတ်ပါလော။

သူမက သူ့သဘောထားနှင့် အကျင့်စရိုက်ကို ကောင်းကောင်းကြီး သိထားသည်။ သူမက သူသည် ရှေ့တစ်လှမ်းတိုးကာ လုကျိုးနှင့် တိုက်ခိုက်လိမ့်မည်ဟု သေချာနေခဲ့၏။

တူညီလှစွာ ရှားကျန်းလုံကလည်း လန်ရှီဟယ်ကို ကောင်းကောင်းကြီး သိနေသည်။ သူက လန်ရှီဟယ်သည် သူမ၏ စကားကို ပြန်ရုပ်သိမ်းမည့်သူ မဟုတ်ကြောင်း သိနေ၏။ သို့သော် သူက ရှုံးနိမ့်ကြောင်း ဝန်ခံနိုင်ဖို့သာ ရွေးချယ်ခဲ့သည်။

ထိုစဥ် ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ရှန်ရှီက အတော်လေး စိတ်လှုပ်ရှားနေသည်။ သူက လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။

ထိုစဥ် အနီရောင် ရထားလုံးပျံအတွင်း ထိုင်နေသည့် လန်ရှီဟယ်က မျက်မှောင်ကြုတ်လိုက်သည်။ ထိုအကြောင်းကို ခေတ္တမျှ စဥ်းစားကြည့်ပြီးသည့်နောက်တွင် သူမက ရှားကျန်းလုံ၏ ဆုံးဖြတ်ချက်သည် အကျိုးအကြောင်း သင့်ကြောင်း တွေးမိသွား၏။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်းတို့ကြားက ပဋိပက္ခသည် နက်ရှိုင်းနေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သည်။

အနက်ရောင်မျှော်စင် အဖွဲ့အစည်းက အဖြူရောင်မျှော်စင် အဖွဲ့အစည်း ကျရှုံးသွားမည်ကို မြင်တွေ့ဖို့ရာ မစောင့်နိုင်တော့ပေ။ အနှေးနှင့် အမြန် သူတို့က သက်ဆိုင်ရာ အကျိုးအမြတ်များအတွက် သေသည်အထိ တိုက်ခိုက်ကြရလိမ့်မယ်။ အားကောင်းသည့် မိစ္ဆာဝေဟင်မျှော်နန်းကို ကတိစကားတစ်ခုအတွက် ရန်စဖို့ရာ မလိုအပ်ပေ။

လုကျိုးက လေထုထဲ ပျံသန်းရင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"အရမ်းကောင်းတယ်”

သူက လှည့်ကာ အနီရောင် ရထားလုံးပျံကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

"လန်ရှီဟယ် အလောင်းအစားက ဒီမှာအဆုံးသတ်ပြီ။ အနိုင်ရရှိသူကို ဆုံးဖြတ်ပြီးသွားပြီ”

အပြာဝတ် အမျိုးသမီးက အနီရောင် ရထားလုံးပျံကို ဦးညွတ်ကာ ပြောလိုက်သည်။

"မျှော်စင်သခင်ရှားက တမင်လုပ်လိုက်တာပဲ”

လန်ရှီဟယ်၏ မျက်နှာထားက အမူအရာ ကင်းမဲ့သည့် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားပြီး "မျှော်နန်းသခင်လုကို အဲဒီဟာ ပေးလိုက်ပါ”

"ဟုတ်ကဲ့"

အပြာဝတ် အမျိုးသမီးက မလိုလားလျှင်ပင် အမိန့်အတိုင်းသာ လိုက်နာလိုက်သည်။ သူမက မီးတောင်ထွက် အဆီအနှစ် ၈၀ပါသည့် ခရမ်းရောင် အဝတ်အိတ်တစ်ခုကို ထုတ်လိုက်သည်။

ယွီကျန့်ဟိုင်က ပြောလိုက်၏။

"ကျုပ်ကို ပေးလိုက်ပါ"

ယွီကျန့်ဟိုင်က အိတ်ကို ယူပြီးသည့်နောက်တွင် မီးတောင်ထွက် အဆီအနှစ်များကို သေချာရေတွက်ကြည့်ပြီးနောက် သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက ရှန်ရှီကို ပျော်ရွှင်စွာ ကြည့်လိုက်၏။

ရှားကျန်းလုံက ထိုအပေးအယူကို မြင်တွေ့သော်လည်း အိတ်ထဲတွင် ဘာပါနေမှန်း မသိပေ။ သို့သော်လည်း ထိုအရာက သူနှင့် ဘာမှမဆိုင်သည့်အတွက် ပြောလိုက်၏။

"တကယ်လို့ စိတ်မရှိရင် လာလည်ပါအုံး”

လန်ရှီဟယ်က ပြောလိုက်သည်။

"မလိုဘူး။ ပြန်ကြစို့"

"ဟုတ်ကဲ့"

ရှားကျန်းလုံက လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်။

"အဲဒါဆိုရင် လိုက်မပို့တော့ဘူး။ မျှော်စင်သခင်လန် ကောင်းကောင်းသွားပါ”

ထို့နောက် သူက လုကျိုးဆီ လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်။

"မျှော်နန်းသခင်လုကိုလည်း နှုတ်ဆက်ပါတယ်”

အစမှအဆုံးထိ ရှားကျန်းလုံက ခုနစ်စင်ကြယ်အစီအရင်မှ မထွက်ဘဲ အနက်ရောင်မျှော်စင် အနီးတွင်သာ နေခဲ့သည်။

လုကျိုးက ခေါင်းခါကာ ပြောလိုက်၏။

"ခဏနေအုံး”

"မျှော်နန်းသခင်က ဘာကိစ္စများ ရှိလို့လဲ"

"ငါက ဒီကို အကြောင်းအရင်း တစ်ခုကြောင့် ရောက်လာတာ" လုကျိုးက ပြောလိုက်သည်။

"ပြောပါ" ရှားကျန်းလုံက ပြောလိုက်၏။

ထိုစဥ် လှည့်ထွက်သွားတော့မည့် အနီရောင် ရထားလုံးပျံက ရုတ်ခြည်းရပ်တန့်သွား၏။

လန်ရှီဟယ်က ပြပွဲကို ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

လုကျိုးက ပြောလိုက်သည်။

"ပထမဦးဆုံး ခင်ဗျားရဲ့ လူတွေက ငါ့လူတွေကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်။ ဒုတိယတစ်ခုက အနက်ရောင်မျှော်စင် အဖွဲ့အစည်းက လူလွှတ်ပြီးတော့ ငါ့တပည့်ကို ရေနက်ဆန်းကြယ်ဂူကို ဦးတည်နေတဲ့ ချောက်နက်ထဲကို တွန်းချခဲ့တယ်။ ငါ့တပည့်က သေလား ရှင်လား မသိရသေးဘူး”

ထိုအရာကို ကြားကာ ရှားကျန်းလုံက မျက်မှောင်ကြုတ်လိုက်ပြီး "အဲဒါက အမှန်ပဲလား”

"အဲဒါက အမှန်ဆိုတာ မင်းလည်း သိပါတယ်” လုကျိုးက ပြောလိုက်သည်။

ရှားကျန်းလုံက အသံနက်နက်ဖြင့် ပြောလိုက်၏။

"မျှော်နန်းသခင်လုရဲ့ လူတွေကို တိုက်ခိုက်ဖို့ ဘယ်သူက သတ္တိကောင်းနေတာလဲ”

ဘေးနားတွင် ရပ်နေသည့် ရှန်ရှီက ပြောလိုက်သည်။

"ဘယ်သူဖြစ်ရမှာလဲ သွမ့်ရှီဟွားပေါ့”

ရှားကျန်းလုံက ခေတ္တမျှ တိတ်ဆိတ်သွားပြီးသည့်နောက်တွင် "မျှော်နန်းသခင် ဖရိုဖရဲကုန်းမြေမှာ ယင်ကျောက်အတွက် အင်အားစုတွေ အများကြီးက တိုက်ခိုက်ခဲ့ကြတယ်။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက ပထမအကြီးအကဲ ယို့ရှစ်ရန်ကို ဆုံးရှုံးပြီးသွားပြီ။ ဒါကို ကျုပ်တို့ ကြေအေးလိုက်လို့ မရဘူးလား”

လုကျိုးက ဘာမှမပြောခင် ယွီကျန့်ဟိုင်က ဝင်ပြောလိုက်သည်။

"ဟာသပဲ။ အဲဒီလိုနိမ့်ကျတဲ့ သူတွေက ကျုပ် အာ့ရှစ်တိရဲ့ အသက်နဲ့ ဘာယှဥ်နိုင်မှာလဲ”

"..."

ရှားကျန်းလုံ၏ အသံက အလေးအနက်ဖြစ်လာကာ "မျှော်နန်းသခင် ကျုပ်က ရန်သူမလုပ်ဖို့ အကောင်းဆုံး ကြိုးစားနေတာပါ။ ဘာလို့ဒီလောက် စိတ်ကြီးနေရတာလဲ”

"ငါက ဘာမှ တွန်းအားပေးနေတာ မဟုတ်ဘူး။ ဒါပေမဲ့ သွမ့်ရှီဟွားက လုပ်ခဲ့တာ။ တကယ်လို့ မင်းက ငါ့ရှေ့မှာ သွမ့်ရှီဟွားကို သတ်ပေးမယ်ဆိုရင် အတိတ်ကို အတိတ်မှာပဲ ထားလိုက်မယ်” လုကျိုးက ပြောလိုက်သည်။

လေထုက ချက်ချင်းဆိုသလို တင်းကျပ်လာသည်။

ထိုစဥ် လန်ရှီဟယ်က အနီရောင်ရထားလုံးပျံမှ တိတ်တဆိတ် ကြည့်ရှုနေ၏။ သူမက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် လိုက်ကာကို ဖယ်လိုက်၏။ သူမက လုကျိုးကို ကြည့်ကာ ရှားကျန်းလုံကိုလည်း လှည့်ကြည့်လိုက်သည်။ ထို့နောက် မျှော်စင်ရှေ့တွင် ဝဲပျံနေသည့် ပုံရိပ် ၂ခုကို ကြည့်လိုက်သည်။

ရှားကျန်းလုံက ပြောလိုက်၏။

"တခြားသူတွေကို ချမ်းသာပေးမယ်ဆိုရင် သူတို့ကိုလည်း ချမ်းသာပေးလိုက်ပါ။ ဘာလို့ သတ်ဖို့လိုမှာလဲ”

ထိုစဥ် အနီရောင် ရထားလုံးပျံအတွင်း ထိုင်နေသည့် လန်ရှီဟယ်က ပြောလိုက်သည်။

"မျှော်စင်သခင်ရှားက မကောင်းတဲ့သူကို ကာကွယ်ပေးနေတာ ဉာဏ်ရှိတဲ့ အပြုအမူတော့ မဟုတ်ဘူးနော်"

ရှားကျန်းလုံက ခေတ္တမျှ တိတ်ဆိတ်သွားလေ၏။ ထို့နောက် သူက ဘယ်ဘက်ရှိ ပုံရိပ်ကို ပြောလိုက်သည်။

"သွမ့်ရှီဟွားကို သွားခေါ်ခဲ့"

"ဟုတ်ကဲ့" အနက်ရောင်ပုံရိပ်က မျှော်စင်အတွင်း ဝင်ရောက်သွားသည်။

ဆယ်မိနစ်အတွင်း ပုံရိပ်က ပြန်လည်ရောက်ရှိလာ၏။ သူက ဦးညွတ်ကာ ပြောလိုက်သည်။

"အကြီးအကဲသွမ့်က နေမကောင်းလို့ ထျန်းချွမ်မျှော်စင်ထဲမှာ အနားယူနေပါတယ်။ သူက ဒါကို ပေးလိုက်ပါတယ်”

ထို့နောက် သူက ရှားကျန်းလုံဆီ မှတ်စုတစ်ခုကို ပေးလိုက်၏။

ထိုမှတ်စုကို ဖတ်ရှုပြီးသည့်နောက်တွင် ရှားကျန်းလုံက တိတ်တဆိတ် ယူလိုက်သည်။ ထိုအရာကို ဖတ်ရှုပြီးသည့်နောက်တွင် မှတ်စုက ပြာအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် သူက ပြောလိုက်သည်။

"မျှော်နန်းသခင်လု ကျုပ်အားနာပါတယ်။ အကြီးအကဲသွမ့်က နေမကောင်းဘူးဆိုတော့ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက နောက်ထပ် မီးတောင်ထွက် အဆီအနှစ် ဆယ်ခုပေးမယ်ဆိုရင် ဘယ်လိုလဲ”

လုကျိုးက ခေါင်းခါကာ ပြောလိုက်သည်။

"ခင်ဗျားက သူ့ကို ကာကွယ်ဖို့ ဆုံးဖြတ်လိုက်တဲ့ပုံပဲ”

ရှားကျန်းလုံက ပြောလိုက်သည်။

"ကျုပ်ဆီမှာ ရွေးချယ်စရာ မရှိဘူး”

လုကျိုးက ပြောလိုက်သည်။

"ကောင်းပြီလေ။ ခင်ဗျားတို့က ခက်ခက်ခဲခဲ လုပ်ချင်နေမှတော့ ... "

ဝှစ်

လုကျိုးက ကောင်းကင်အထက် ပျံသန်းလိုက်သည်။

ထိုအရာကို မြင်ကာ လန်ရှီဟယ်၏ အကြည့်က အံ့အားသင့်မှု ဖြတ်ပြေးသွားသည်။ တစ်ချိန်တည်းဆိုသလို ရှားကျန်းလုံက ကောင်းကင်အထက် ပျံသန်းလာကာ အနက်ရောင်မျှော်စင်၏ ထိပ်သို့ ရောက်ရှိလာသည်။ သူက ကြယ်တာရာ ဒိုင်ခွက်ကို ထုတ်ဖော်ကာ ပြောလိုက်သည်။

"မျှော်နန်းသခင်လု ကျေးဇူးပြုပြီး ပြန်သွားလိုက်ပါ"

လုကျိုးက ရှားကျန်းလုံကို ကြည့်လိုက်၏။ ရှားကျန်းလုံက အဓိက မျှော်စင် ၇ခုကို ကာရံထားသည့် သတ္တဂံအတွင်း ရှိနေဆဲ ဖြစ်သည်။

အနက်ရောင် ကြယ်တာရာ ဒိုင်ခွက်က ကောင်းကင်တမျှ ကြီးမားပြီး လုကျိုး၏ လမ်းကြောင်းကို ပိတ်ဆို့ထားသည်။ သူက နောက်ဆုတ်ခြင်း မရှိဘဲ လှည့်ကာ ပြောလိုက်၏။

"လန်ရှီဟယ် ငါက သွမ့်ရှီဟွားကို သတ်နိုင်မယ်လို့ ထင်လား”

လန်ရှီဟယ်က ပြန်မဖြေပေ။

လုကျိုးက ညာဘက်လက်ကို မြှောက်လိုက်ပြီး ရှေ့တိုးလိုက်သည်။ သူ့လက်ထဲ အပြာရောင် အလင်းတန်း ထွက်ပေါ်လာပြီး အစွန့်ပစ်ခံ ဉာဏ်ပညာ၏ သင်္ကေတများ ပေါ်ထွက်လာခဲ့သည်။

လန်ရှီဟယ်က ရေရွတ်လိုက်၏။

"အပြာရောင်ပဲ"

ဝုန်း

လုကျိုးက ဖြတ်ခနဲ ရှေ့တိုးသွားကာ လက်ဝါးဖြင့် အနက်ရောင် ကြယ်တာရာ ဒိုင်ခွက်ကို ရိုက်ချလိုက်သည်။

ကောင်းကင်က လှုပ်ခတ်သွားဟန်ဖြင့် အနက်ရောင်မျှော်စင်ပေါ်ရှိ တာအိုသင်္ကေတများက လှိုင်းတွန့်ထသွားသည်။

ဝုန်း

ကြယ်တာရာ ဒိုင်ခွက်က အနည်းငယ် ချိုင့်သွားလေသည်။

ရှားကျန်းလုံက ကြယ်တာရာ ဒိုင်ခွက်ကို အလျင်အမြန် သိမ်းဆည်းကာ တအံ့တသြဖြင့် မော့ကြည့်ပြီး မေးလိုက်သည်။

"မျှော်နန်းသခင်လု ဘာလို့ ဒီလိုလုပ်နေမှာလဲ"

အနက်ရောင် ကြယ်တာရာ ဒိုင်ခွက်ကို ပြန်လည်သိမ်းဆည်းပြီးသည်နှင့် လုကျိုး၏ လက်ဝါးချက်ရှိ ကျန်ရှိနေသည့် စွမ်းအားက လေထုကို ရိုက်ခတ်သွားသည်။

ထိုစဥ် လန်ရှီဟယ်က သတိပေးလိုက်၏။

"မျှော်နန်းသခင်လု အထဲကို ဝင်မသွားတာ ကောင်းလိမ့်မယ်”

လုကျိုးက တာအိုသင်္ကေတများ သိပ်သည်းစွာ ရှိနေသည့် အစီအရင်ကို တစ်ချက်ကြည့်လိုက်၏။ ထိုအရာက အတွင်းနှင့် အပြင်ကို ပိုင်းခြားထားသည့် ဖန်အလွှာကဲ့သို့ ဖြစ်နေသည်။

လန်ရှီဟယ်က အစီအရင်၏ တာအိုသင်္ကေတများအကြောင်း သိထားလေသည်။ မည်သို့ပင်ဆိုစေကာမူ သူက တာအိုသင်္ကေတအတိုင်း လိုက်ကာ ထျန်းချွမ် မျှော်စင်ဆီ ပျံသန်းလာလိုက်သည်။

ရှားကျန်းလုံကလည်း နောက်မှလိုက်ပါလာကာ ကောင်းကင်အထက် မော့ကြည့်လိုက်သည်။

လုကျိုးက အကြားစွမ်းရည် မန္တန်ကို ရွတ်ဖတ်ရင်း ဘေးပတ်လည်ကို ကြည့်ရှုလိုက်၏။ သူက အဖက်ဖက်မှ ဆွေးနွေးသံများ၊ အံ့အားသင့်သည့်အသံများနှင့် မကျေနပ်သည့် အသံများကို ကြားလိုက်ရသည်။

"စိတ်မလှုပ်ရှားနဲ့။ သူက ငါတို့ တာအိုသင်္ကေတတွေကို ချိုးဖောက်နိုင်မှာ မဟုတ်ဘူး။ လန်ရှီဟယ်ကတောင် တာအိုသင်္ကေတတွေကို သတိထားနေရတာ။ ပြီးတော့ မျှော်စင်သခင်ရှားကလည်း ဒီမှာရှိနေတယ်လေ”

"မိစ္ဆာအိုကြီးလုက အားမနည်းဘူး။ သတိကြီးကြီးထားတာ အကောင်းဆုံးပဲ။ ဒီလန်ရှီဟယ်က အတော်လေးကို စက်ဆုပ်ဖို့ကောင်းတယ်။ သူမက သွေးထိုးပေးဖို့ လုပ်နေတာပဲ။ မျှော်စင်သခင်ရှားက သူမလှည့်ကွက်ထဲ မကျသွားပေမဲ့ မိစ္ဆာအိုကြီးလုကတော့ ကျသွားပြီ”

ထို့နောက် ထျန်းချွမ် မျှော်စင်၏ ထောင့်တစ်နေရာမှ အသံတစ်သံကို ကြားလိုက်ရသည်။

"ငါသွမ့်ရှီဟွားကို သတ်ချင်တာတဲ့လား။ တုံးအလိုက်တာ။ ခင်ဗျားက ရှားကျန်းလုံရဲ့ စမ်းသပ်မှုကိုတောင် မအောင်လောက်ဘူး”

ခဏအကြာတွင် တူညီသည့်လူက ပြောလိုက်သည်။

"သူ ဒီမှာသောင်းကျန်းနေတာကို အခွင့်ကောင်းယူပြီးတော့ သူ့တပည့်နဲ့ လက်အောက်ငယ်သားတွေကို သတ်ပစ်လိုက်"

"ဟုတ်ကဲ့"

လုကျိုးက အကြားစွမ်းရည်ကို ဖြတ်တောက်ကာ အသံလားရာကို လှည့်ကြည့်လိုက်သည်။

"ရှားကျန်းလုံ နောက်ဆုံးတစ်ခေါက် မေးမယ်။ မင်းရဲ့ အသက်နဲ့ သွမ့်ရှီဟွားကို တကယ်ကာကွယ်ချင်တာလား”

"တကယ်လို့ သက်ညှာပေးလို့ရရင် သူတို့ကို သက်ညှာပေးသင့်တယ်” ရှားကျန်းလုံက ပြောလိုက်သည်။

"မျှော်နန်းသခင်လု လန်ရှီဟယ်ရဲ့ ထောင်ချောက်အတွင်း ကျမသွားပါနဲ့"

ဝှစ်

ပုံရိပ်က ထျန်းချွမ် မျှော်စင်သို့ ပြေးဝင်သွားသည်။

လုကျိး၏ ရွှေရောင် လက်ဝါးချက်က တာအိုသင်္ကေတများအပေါ် ကျရောက်လာသော်လည်း လှိုင်းတွန့်မျှသာ ထစေခဲ့၏။

…

အခန်း (၁၀၄၁) အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ ဆက်တိုက်ကျဆင်းမှု

လက်ဝါးစည်းတံဆိပ်က ရေကို စမ်းရန်အတွက်သာ ဖြစ်သည်။

အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ တာအိုသင်္ကေတများ၏ ခုခံမှုများက အမှန်တကယ် သန်မာပေ၏။ ၎င်းက အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို ခံနိုင်ရည်ရှိခဲ့လျှင် ပြီးသွားပြီဖြစ်သည်။

“ဒီ တာအိုသင်္ကေတတွေက ...” လုကျိုးက ရေရွတ်ပြောလိုက်သည်။

ဝှစ်

အနက်ရောင်အရိပ်သည် တာအိုသင်္ကေတများ မပျက်စီးသွားတာကို မြင်လိုက်၏။ ထို့ကြောင့် သူသည် သူ၏မဟာနည်းစနစ်ကို အမြန်ထုတ်သုံးလိုက်တော့သည်။

ဝှစ်

လုကျိုးသည် အနက်ရောင်အရိပ်က သွမ့်ရှီဟွားမဟုတ်ဘဲ သွမ့်ရှီဟွား၏လူမှန်း အသေချာသိနေ၏။ အသေရိုက်ချက်ကတ်ကို ထိုကဲ့သို့သော လူတစ်ယောက်အပေါ်တွင် ဖြုန်းတီးခြင်းက မတန်ပေ။ ပြီးနောက် သူသည် ယွီကျန့်ဟိုင်နှင့် ကျန်သည့်သူများကို ဂရုစိုက်ရန် အသံပို့လိုက်သည်။

ယွီကျန့်ဟိုင်၊ ရှန်ရှီနှင့် ကျောင်းဟုန်ဖုတို့သည် သတိပေးချက်ကို ရသည်နှင့် နောက်ဆုတ်လိုက်လေ၏။ သူတို့က လှည့်ထွက်သွားပြီး အနီရောင်ရထားလုံးပျံကို ကြည့်လိုက်သည်။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက ယခုအချိန်၌ တိုက်ခိုက်မည်ဆိုလျှင် သူတို့ဒုက္ခရောက်လိမ့်မည်။

အနက်ရောင်ပုံရိပ်က အနောက်မြောက်၌ ပျောက်ကွယ်သွားပြီးနောက် လုကျိုးက ထပ်မံရိုက်လိုက်သည်။

ယခင်ကထက် ပိုသန်မာသည့် ရွှေရောင်လက်ဝါးစည်းတံဆိပ်က ပေါ်လာတော့၏။

ဖုန်း

ယခင်ကနည်းတူ ယင်းသည် လှိုင်းဂယက်တစ်ခု ကျန်ရစ်ခဲ့ပြီးနောက် ပျောက်ကွယ်သွားတော့သည်။

၎င်းကို မြင်သောအခါ လန်ရှီဟယ်နှင့် ရှားကျန်းလုံတို့က ဇဝေဇဝါဖြစ်သွား၏။ မိစ္ဆာအိုကြီးလု၏ အစောတုန်းက ရိုက်ချက်သည် အယားပြေစေသည့် ခွန်အားသာရှိပုံပေါ်သည်။ အပြာရောင်လက်ဝါးချက်နှင့် ရွှေရောင်လက်ဝါးရိုက်ချက်ကြား ကွာဟချက်က မယုံနိုင်စရာ ကောင်းလှပေ၏။

ရှားကျန်းလုံက လေထဲပျံဝဲနေစဉ် လုကျိုးကို လေ့လာလိုက်၏။ လုကျိုး၏ လက်ဝါးရိုက်ချက် တစ်ချက်ပြီး တစ်ချက် ကျရောက်လာသည်။ သို့သော်ငြား တာအိုသင်္ကတေများကို လင်းစေရုံသာ ရှိသည်။ ပြီးနောက် သူသည် ထျန်းချွမ်မျှော်စင်ပေါ်တွင် ပျံဝဲနေလျက် သူ၏ လက်ဝါးဖြင့် ထပ်ရိုက်လိုက်သည်။ ပြီးနောက် သူက ခေါင်းညိတ်လိုက်၏။

သူသည် အကြားစွမ်းအားအတွက် မန္တန်ကို တိတ်တဆိတ်ရွတ်ဆိုလိုက်သည်။

ဒုတ် ဒုတ် ဒုတ်

လုကျိုးသည် ထျန်းချွမ်မျှော်စင်ထဲအထိ အကြားစွမ်းအားကို ကြားနိုင်သည်အထိ သူ၏ အကြားစွမ်းအားကို ချဲ့နေသည်။

ထိုင်ခုံလက်တန်းပေါ် လက်ကိုတင်ထားသည့် သွမ့်ရှီဟွားက ပြောလိုက်သည်။

"ဒါပဲလား။ အကြီးအကဲနှစ်ယောက်က အချည်းနှီးသေသွားပြီ။ သူက လန်ရှီဟယ် သူ့နောက်ကျောကို ဓားနဲ့ထိုးမှာ မကြောက်ဘူးလား”

သွမ့်ရှီဟွားက အကြံအစည်များကာ အစီအစဉ်များစွာ ရှိ၏။ လုကျိုးသည် တာအိုသင်္ကတေများကို ဖျက်ဆီးနိုင်ခဲ့လျှင်တောင် သူ ထွက်ပြေးနိုင်သေးသည်။ မည်သို့ပင်ဆိုစေ သူ ထွက်ပြေးရန် လိုအပ်သည်ဟု မထင်ပေ။ ဆိုရလျှင် ဤနေရာက အနက်ရောင်မျှော်စင် အဖွဲ့အစည်း နယ်မြေဖြစ်သည်။ လန်ရှီဟယ်ဆိုလျှင်တောင် မလိုအပ်သရွေ့ အနက်ရောင်မျှော်စင်အဖွဲ့အစည်း အတွင်းသို့ ဝင်လာမှာ မဟုတ်ပေ။

ဝှစ် ဝှစ် ဝှစ်

လုကျိုးသည် ကနဦးချီဝေ့တက်လာသည့် အသံကို ကြားလိုက်ရ၏။ ယင်းက သွမ့်ရှီဟွား လွှတ်လိုက်သည့် ပုန်းကွယ်နေသော သိုင်းပညာရှင် ဖြစ်လောက်သည်။

သူသည် ကောင်းကင်ကျမ်းစာစွမ်းအားကို ဖြတ်တောက်ပြီးနောက် အနီရောင်ရထားလုံးပျံရှိရာသို့ ပျံသန်းလာ၏။

လုကျိုးသည် ကနဦးချီမှ ပြင်းထန်သော အတက်အကျကို အာရုံခံမိသောအခါ ညာလက်ကို မြှောက်လိုက်သည်။ လေးအသွင်ဖြင့် အမည်မဲ့က ချက်ချင်းပေါ်လာ၏။ သူက ထူးမခြားနား ချက်ချင်း ပြောလိုက်တော့သည်။

“ရွံစရာကောင်းတဲ့ကောင်တွေ”

လုကျိုးက လှုပ်ရှားတော့မည့်အချိန်တွင် ကနဦးချီဝေ့တိုက်လာသည့်နေရာ၌ အဖြူရောင်အလင်းတန်းတစ်ခု ပေါ်လာ၏။ မကြာမီတွင် နှင်းဖြူရောင်ကြာပွင့်ပေါ်ပေါက်လာလျက် ၎င်း၏စွမ်းအင်ကို ဖော်ထုတ်လိုက်သည်။

ဖုန်း

နှင်းဖြူရောင်စွမ်းအင်မှ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် ပုန်းနေသော အရိပ်က လွင့်ထွက်သွားလေ၏။

နှင်းဖြူရောင်စွမ်းအင်သည် လေဆင်နှာမောင်းကဲ့သို့ လေကို တိုက်ခတ်သွားပြီးနောက် အနက်ရောင်အရိပ်ဆီ စွမ်းအင်ဓားမော့ကို ပစ်ထုတ်လိုက်သည်။ ချက်ချင်းပင် အနက်ရောင်အရိပ်က နုပ်နုပ်စဉ်းခံလိုက်ရ၏။

အနက်ရောင်အရိပ်ပျောက်ကွယ်သွားပြီးနောက် လန်ရှီဟယ်က လေထဲပျံဝဲနေတော့သည်။ သူမမျက်နှာကို ပဝါပါးက ဖုံးကွယ်ထားသော်ငြား သူမ၏သွယ်လျသော ခန္ဓာနှင့်လက်ကို မဖုံးကွယ်နိုင်ပေ။

“ရှစ်စွင်း”

ဝတ်ရုံပြာနှင့် အမျိုးသမီးက ဦးညွှတ်လိုက်၏။

“လန်ရှီဟယ်လား”

ရှားကျန်းလုံက သူမ၏အပြုအမူကြောင့် အံ့ဩသွားလေ၏။ လုကျိုးက အမည်မဲ့ကို သိမ်းလိုက်သည်။

လန်ရှီဟယ်ကို ပြောလိုက်သည်။

“ဒီလူတွေက ကျွန်မနဲ့ ရောက်လာတာ။ သူတို့က အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ဧည့်သည်တွေပဲ။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက သူတို့ ဘေးကင်းရေးအတွက် သေချာဆောင်ရွက်ရမှာ”

အဆုံးကျ အဖြူရောင်မျှော်စင်အဖွဲ့အစည်းသည် မိစ္ဆာဝေဟင်မျှော်နန်းနှင့် မဟာမိတ်ဖွဲ့ရန် ရွေးချယ်လိုက်ပုံပေါ်၏။

တကယ်တော့ အမျိုးသမီးတစ်ယောက်ကို ရန်စခြင်းက ဉာဏ်ရှိသည့်အရာ မဟုတ်ပေ။ သူမသည် အနက်ရောင်မျှော်စင်အဖွဲ့အစည်းကြောင့် မီးတောင်ထွက်ကျောက်အဆီအနှစ် အတုံး၅၀ ဆုံးရှုံးခဲ့ပြီး ဖြစ်၏။ ယခု သူမက သူတို့ကို ကြင်နာသောအားဖြင့် ပြန်ပေးဆပ်နေတာပဲဖြစ်သည်။

ရှားကျန်းလုံက မျက်မှောင်ကျုံ့လျက် လှည့်လာ၏။

“အဲ့မှာ ဘယ်သူလဲ ထွက်လာခဲ့”

မည်သူမျှ မဖြေပေ။

လုကျိုးက ရှားကျန်းလုံကို မကြည့်ဘဲပြောလိုက်သည်။

“ခင်ဗျား အဖြေကို သိပါတယ်”

“မျှော်နန်းသခင်လု ဒီနေ့ ခင်ဗျားကို ရိုးရိုးသားသား ပြောလိုက်မယ်။ သွမ့်ရှီဟွားက အဲ့ဒီကိစ္စနဲ့ ဘာမှမသက်ဆိုင်ဘူးဆိုတာ အာမခံနိုင်တယ်” ရှားကျန်းလုံက ပြောလိုက်သည်။

ထိုစဉ် သွမ့်ရှီဟွားက ထျန်းချွမ်မျှော်စင်ထဲမှ ထွက်လာ၏။ သူက ချောင်းဆိုးနေလျက် ဖျားနာနေပုံ ပေါ်၏။ သူက မော့ကြည့်လျက် မေးလိုက်သည်။

“ကျုပ်ကို ဘယ်သူ ထိခိုက်အောင် လုပ်ချင်တာလဲ”

လုကျိုးသည် သွမ့်ရှီဟွားက ထျန်းချွမ်မျှော်စင်ထဲက ထွက်လာတာကို မြင်သောအခါ အေးစက်သောလေသံဖြင့် ပြောလိုက်သည်။

“ငါ မင်းကို စောင့်နေတာ”

သာမန်အသေရိုက်ချက်ကတ်တစ်ကတ်က လုကျိုး၏လက်ထဲ ပေါ်လာ၏။ သူက ၎င်းကို ချက်ချင်း ခြေမှုန်းလိုက်သည်။ အသေးစား လေပွေတစ်ခုက သူ၏လက်ဖဝါးထဲတွင် ပေါ်နေကာ ဆူနာမီကဲ့သို့ စွမ်းအင်လှိုင်းဖြင့် လည်ပတ်နေသည်။ သူက သွမ့်ရှီဟွားကို စကားပြောပြီး အချိန်မဖြုန်းချင်တော့ဘဲ တတ်နိုင်သမျှသူ့ကို မြန်မြန်သတ်ချင်နေ၏။

ဘီး

ရွှေရောင်လက်ဝါးစည်းတံဆိပ်ကို ထပ်မံပစ်လွှတ်လိုက်သည်။

ရှားကျန်းလုံက လေထဲရပ်နေလျက် ခေါင်းခါလိုက်၏။

“မျှော်နန်းသခင်လု ... ဘာကြောင့် အနှောင့်အယှက် ပေးနေတာလဲ”

ရွှေရောင်လက်ဝါးစည်းတံဆိပ်သည် ယခင်ကနှင့် မတူပေ။ ယင်းက တာအိုပညာရှင်၏ မြစ်အစင်းတစ်ရာ ပင်လယ်သို့ ပြန်သွားခြင်းဖြစ်သည်။

လုကျိုး၏လက်ဝါးစည်းတံဆိပ်နှင့် ကနဦးချီအတက်အကျတို့ ပေါင်းလိုက်လေရာ သူက ယခုဆို လေအတက်အကျ ဝေ့တိုက်နိုင်သော ခွန်အားရှိနေသည်။ သူ၏စွမ်းအားက ဆူနာမီကဲ့သို့ စွမ်းအားကြီးလွန်းပေ၏။

ထိုစဉ် ရှားကျန်းလုံက လွတ်လွတ်လပ်လပ် ကြည့်နေသည်။ လုကျိုးက တာအိုစည်းတံဆိပ်ကို ဖျက်ဆီးနိုင်လိမ့်မည်ဟု သူ မထင်ပေ။ လုကျိုး၏အရှိန်အဝါသည် သန်မာသော်ငြား သူ့ခွန်အားက ထိုမျှမဟုတ်။ ထို့အပြင် တာအိုသင်္ကေတ ၃၆၀၀သည် ကျွမ်းကျင်သူ တစ်ခု၏ ဆက်တိုက် တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည်ရှိသည်။

တစ်ဖက်တွင်မူ သွမ့်ရှီဟွား၏မျက်နှာထက်၌ အထင်သေးသော အပြုံးပေါ်လာ၏။

ဘန်း

လက်ဝါးစည်းတံဆိပ်က တာအိုသင်္ကတေပေါ် ကျသွားချိန်၌ လုကျိုးက တာအိုသင်္ကေတများ ပါဝင်သည့် ဖန်ကဲ့သို့ အရံအတားကို သူ၏လက်ချောင်းများဖြင့် ကိုယ်တိုင် ခြေမွှလိုက်သည်။

ဂျွတ်

လက်ဝါးရာအပေါက်က ဖန်ကဲ့သို့ အရံအတားပေါ်၌ ချက်ချင်းပေါ်လာ၏။

ရှားကျန်းလုံ၏ မျက်လုံးက ထိတ်လန့်မှုကြောင့် ပြူးကျယ်သွား၏။

လန်ရှီဟယ်၏ မျက်နှာထက်တွင် အံ့ဩမှု တစွန်းတစပေါ်လာသည်။

“သူက တာအိုသင်္ကေတကို တကယ်ချိုးဖျက်လိုက်တယ်”

သွမ့်ရှီဟွားသည် မျက်လုံးအပြူးသားဖြင့် ပြိုကွဲသွားသော အရံအတားကို ကြည့်နေမိသည်။ သူ လှုပ်ရှားရန် ကြိုးစားသည့်အချိန်တွင် သူ၏ခြေထောက်များ အေးခဲနေပုံပေါ်တာကို တွေ့လိုက်ရသည်။ သူ၏ခန္ဓာကိုယ်ကတောင် ခဲနေ၏။ ရင်ထဲ အကြောက်တရား ကြီးစိုးလာတော့သည်။ သူ၏လက်ကို အမြန်မြှောက်ကာ သူ့ကိုယ်သူ ခုခံကာကွယ်ရန် အချင်းမီတာ အနည်းငယ်ရှိသည့် ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်လိုက်သည်။

ယုတ္တိရှိရှိပြောရရင် လက်ဝါးစည်းတံဆိပ်မှ စွမ်းအားအများစုသည် တာအိုသင်္ကေတကြောင့် လျော့ပါးသွားသင့်ပြီ ဖြစ်သည်။ ကျန်ရှိသော စွမ်းအားက သိပ်ပြီး ထိခိုက်စေမှာ မဟုတ်ပေ။

ထိုစဉ် လုကျိုးက တာအိုသင်္ကေတကို ဖြတ်ကျော်လျက် သွမ့်ရှီဟွားကို လက်ဝါးစည်းတံဆိပ်ဖြင့် ရိုက်ချလိုက်သည်။

ဘန်း

လက်ဝါးစည်းတံဆိပ်က အရှိန်ဖြင့်ဝင်လာပြီး ကြယ်တာရာဒိုင်ခွက်ကို ထိမှန်သွားတော့သည်။

ဂျွတ်

ကြယ်တာရာဒိုင်ခွက်က ချက်ချင်းပင် ချိုင့်သွား၏။

“ဘယ်လို” သွမ့်ရှီဟွားသည် စကားပြောပြီးချိန်၌ ဧရာမလက်ဝါးစည်းတံဆိပ်က ရှေ့တိုးလာပြီး သူ၏မျက်နှာပေါ်သို့ ကျရောက်လာကာ သူ့ကို မြေပြင်ပေါ် ထိကပ်ထားတော့၏။

ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာပြီး သွမ့်ရှီဟွား၏ ခန္ဓာကိုယ်ထဲတွင် ပျောက်ကွယ်သွားတော့၏။

“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၆၀၀၀”

ဖုန်း

လက်ဝါးစည်းတံဆိပ်ပျောက်ကွယ်သွားပြီးနောက် လုကျိုးသည် လက်နောက်ပစ်လျက် ရပ်နေကာ သွမ့်ရှီဟွား၏ ကျောပေါ်နင်းလျက် ဆင်းသက်လိုက်သည်။ သွမ့်ရှီဟွား မသေမှန်း သူသိသည်။ သူက မွေးဖွားဇယားချပ်တစ်ခုသာ ဆုံးရှုံးသွားတာဖြစ်သည်။

လုကျိုးက သွမ့်ရှီဟွားကို မေးနေစဉ် ခွန်အားပိုသုံးလိုက်၏။ ပြီးနောက် သူသည် သွမ့်ရှီဟွားကို တစ်ချက်ကြည့်ပြီး မေးလိုက်၏။

“မျှော်စင်သခင်ရှားကိုယ်စား ကျုပ် သူ့ကို သင်ခန်းစားပေးပေးမယ်”

သွမ့်ရှီဟွားက ငြီးတွားလျက် သွေးတစ်ပွက်အန်တော့သည်။

ထိုစဉ် ရှားကျန်းလုံ၏မျက်လုံးထဲ၌ အမျက်ဒေါသများတောက်လောင်လာ၏။

“ခင်ဗျား လွန်သွားပြီ”

ဝှစ် ဝှစ် ဝှစ်

ကျန်သည့် ပင်မမျှော်စင်ခြောက်ခုမှ ကျင့်ကြံသူများ စတင်ပျံသန်းလာသည်။ အနက်ရောင်အစောင့် များ၊ သာမန်အဖွဲ့သားများ၊ တတိယအကြီးအကဲ ဖုန်းခွေ့၊ စတုတ္ထအကြီးအကဲ လုစီ၊ စီရင်သူများ ဖြစ်သည့် ကျန်းကျိုးလီ၊ လော့ဟွမ်းနှင့် ချန်ရှောင်းတို့ရှိသည်။

အဆုံးကျ ကျင့်ကြံသူထောင်ချီက လုကျိုးနား၌ စုဝေးလာ၏။

ရှန်ရှီက စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။ "မျှော်နန်းသခင်က အဝိုင်းခံလိုက်ရပြီ”

“စောင့်ကြည့်ကြတာပေါ့” ယွီကျန့်ဟိုင်က တည်ငြိမ်စွာပြောလိုက်သည်။

“ဟုတ်ပြီ”

လူသစ်ဖြစ်သည့် ကျောင်းဟုန်ဖုက စိုးရိမ်ပူပန်နေသည်။

“ကျွန်မတို့ ဘာလုပ်သင့်လဲ။ တာအိုသင်္ကေတတွေက သူ့ဖာသာသူ ပြန်ပြုပြင်နေပြီ”

လန်ရှီဟယ်က ဝေဟင်ထဲ ခပ်မြင့်မြင့် ပျံသန်းကာ ငုံ့ကြည့်လိုက်၏။

ဝတ်ရုံပြာဖြင့် အမျိုးသမီးက နောက်မှလိုက်ပါကာ မေးလိုက်သည်။

“ရှစ်စွင်း သူ့ကို ကယ်တင်ဖို့ စီစဉ်ထားလား”

“မလိုဘူး။ သူ ဝင်သွားတယ်ဆိုတော့ ထွက်လာနိုင်မှာပဲ။ အဆုံးကျ ငါ သူ့ကို လျှော့တွက်ခဲ့မိတာ”

ထိုစဉ် လုကျိုးက ထျန်းချွမ်မျှော်စင်နား ပျံသန်းလျက် ပတ်ဝန်းကျင်ကို တည်ငြိမ်စွာလေ့လာလိုက်သည်။

သွမ့်ရှီဟွားက မြေပြင်ပေါ် လှဲနေကာ သူ၏အကြောက်တရားကို ဖိနှိပ်ရန် ကြိုးစားလျက် ပြောလိုက်သည်။

“မင်းက ဝူကွမ်းဖိန်၊ ရှစ်ယို့ရန်နဲ့ အနက်ရောင်အစောင့်အရှောက်အများအပြားကို သတ်ခဲ့တယ်။ အခု ငါ့ကို သတ်ချင်ပြန်ပြီ။ ညီအစ်ကိုတို့ မင်းတို့မလှုပ်ရှားရင် နောက်ထပ်သေမှာ မင်းတို့ပဲ”

ဖုန်း

လုကျိုး၏ခြေထောက်အောက်၌ အပြာရောင်အလင်းပေါ်လာသည်။ သူ၏ အထွတ်အထိပ်စွမ်းအားကို သုံးပြီး သွမ့်ရှီဟွားကို ဆောင့်နင်းလိုက်သည်။

ဆိုးဆိုးဝါးဝါးအော်သံက လေထဲပေါ်ထွက်လာသည်။

“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၆၀၀၀”

သွမ့်ရှီဟွားက မြေပြင်ပေါ်ဖိခြေခံထားရပြီး မလှုပ်နိုင်တော့ပေ။ သူက သွေးတစ်ပွက်ပြီးတစ်ပွက် အန်တော့၏။

လုကျိုးက ခေါင်းခါလျက် ပြောလိုက်သည်။

“သွမ့်ရှီဟွား မင်းက ငါ့ကိုဆန့်ကျင်ဖို့ ထိုက်တန်တယ်ထင်နေလား”

လေထဲရှိ ကျင့်ကြံသူများသည် တစ်ယောက်ကိုတစ်ယောက် ခြောက်ခြားစွာ ကြည့်လိုက်သည်။ အနည်းဆုံးတော့ သူတို့ထဲရှိ သုံးပုံတစ်ပုံက သွမ့်ရှီဟွားကို မသနားပေ။ အထူးသဖြင့် တတိယနှင့် စတုတ္ထအကြီးအကဲတို့ဖြစ်သည်။ သူတို့က အဖွဲ့အစည်းနှင့် ပဋိပက္ခရှိ၏။

တစ်ဖက်တွင်မူ ကျန်ရှိသည့်ကျင့်ကြံသူများသည် တောက်လောင်သော မျက်လုံးများဖြင့် လုကျိုးကို ကြည့်လိုက်၏။ လုကျိုးက အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ ဂုဏ်သိက္ခာနှင့် ဂုဏ်သတင်းကို နင်းခြေနေတာကို သူတို့မည်ကဲ့သို့ သည်းခံနိုင်မည်နည်း။ အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ ဂုဏ်သိက္ခာက အဘယ်နည်း။ ထိုစဉ် ထောင့်မှ တစ်စုံတစ်ယောက်က အော်လိုက်သည်။

“ဒီနေ့ မိစ္ဆာအိုကြီးလုကို မသတ်ရင် ဘယ်အချိန်မှ အခွင့်အရေးထပ်ရမှာလဲ”

ဤနည်းဖြင့် အနက်ရောင်အစောင့် ဒါဇင်ချီက တက်လာလေ၏။

All Chapters