အခန်း (၁၀၄၅-၁၀၄၇)
Vol. 70 Ch. 1045-1047
အခန်း (၁၀၄၅) အနက်ရောင်ကြာနယ်မြေကို ထိတ်လန့်သွားစေခြင်း
ယန်ကျန်းလော့က ပြောလိုက်၏။
“လုလီရဲ့ဘိုးဘေးက အစွမ်းထက်လွန်းတယ်လို့ ပြောကြတယ်။ သူက သူ့ဘိုးဘေးအကြောင်း ပြောပြဖူးပေမဲ့ သူ လေကြွားနေတယ်လို့ ထင်နေတာ။ ဒါပေမဲ့ ရှားကျန်းလုံရဲ့ စကားအရ အမှန်ဖြစ်လောက်တယ်လို့ ထင်တာပဲ။ သူ ဒီအတိုင်းနေတုန်းက လုလီက သူ့ရဲ့ဘိုးဘေးက လောကမှာ အသန်မာဆုံးလူတွေဖြစ်ခဲ့ကြောင်း ကြွားနေကျလေ။ သူ့ရဲ့ဘိုးဘေးတွေက အမည်မဲ့မြေကို သွားခဲ့ပြီး အဲ့ဒီမှာ မတော်တဆဖြစ်ရပ်တွေနဲ့ ကြုံခဲ့တယ်။ ဒါကြောင့် သူတို့ရဲ့ကျင့်ကြံဆင့်တွေက အဆပေါင်းများစွာ တိုးတက်သွားတာ။ လုလီက အနက်ရောင်မျှော်စင် အဖွဲ့အစည်းကို ပထမဆုံး ဝင်ချိန်တုန်းက သူ့မှာ ပွင့်ချပ်ဆယ့်နှစ်ခုပဲရှိခဲ့တာ။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက သူ့မိသားစုနောက်ခံကြောင့်ပဲ သူ့ကို လက်ခံခဲ့တာလေ။ ဒါပေမဲ့ လုလီက သူတို့ကို စိတ်မပျက်စေခဲ့ဘဲ အနက်ရောင်မျှော်စင်အဖွဲ့အစည်းကိုအကျိုးရှိစေမဲ့ အစီအစဉ်ကို မျှဝေရင်း သူတို့ကို ကူညီပေးခဲ့တယ်။ သူ့ကို ကျုပ်တို့တွေက အသေးစိတ်တွေ ပိုမေးခဲ့ရမှာ”
လုကျိုးက ရပ်တန့်လိုက်ပြီး ယန်ကျန်းလော့ကို ကြည့်လိုက်သည်။
“အစီအရင်ကို မျှဝေတာလား”
ယန်ကျန်းလော့က ပြောလိုက်၏။
“အစီအစဉ်မျှဝေတာ မတိုင်ခင် အနက်ရောင်မျှော်စင်အဖွဲ့အစည်းက မွေးဖွားဇယားချပ်သားရဲနဲ့ အသက်ဓာတ်နှလုံးသားကို ရှာဖို့ သူတို့ကို နေရာအသီးသီးဆီ လူတွေလွှတ်ခဲ့တာ။ မျှဝေတာရဲ့ မူလအစီအစဉ်က လူသားတွေကို ကယ်တင်ပြီး သားရဲတွေကိုရှင်းထုတ်ဖို့ပဲ။ အပြန်အလှန်အနေနဲ့ သူတို့တွေက အသက်ဓာတ်နှလုံးသားတွေ ရယူပြီး သူတို့က ဒေသခံတွေကို တစိတ်တပိုင်းပေးဖို့”
လုကျိုးက ပြောလိုက်သည်။
“လုလီက မျှဝေရေးအစီအစဉ်က အကျဉ်းချထားရေးအစီအစဉ်အဖြစ် ပြောင်းလဲသွားလိမ့်မယ်လို့ မမျှော်လင့်ထားဘူးထင်တယ်။ ဟုတ်တယ်မလား”
ယန်ကျန်းလော့က သက်ပြင်းချပြီး ခေါင်းညိတ်လိုက်၏။
“အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ပြောင်းလဲသွားခဲ့ပြီလေ။ အကျဉ်းချထားရေးအစီအစဉ်က မလုံလောက်တော့ဘူး။ သုတ်သင်ရေး အစီအစဉ်ကို စလုပ်ကြကောပဲ။ ဒါက လုလီကို အချိန်အတော်ကြာ ငြီးငွေ့စေခဲ့တာ”
“သူ ဘာဖြစ်လို့လဲ”
“...”
ယန်ကျန်းလော့က အနေခက်စွာ ပြောလိုက်တော့၏။
“သုတ်သင်ရှင်းလင်းရေး အစီအစဉ်မှာ လူတော်တော်များများ သေသွားခဲ့တယ်။ လုလီက အပြစ်မကင်းသလို ခံစားခဲ့ရပြီး ဆုံးရှုံးသွားတဲ့အသက်တွေက သူ့အမှားလို့ ထင်နေတာ”
လုကျိုးက ခေါင်းခါပြီး မထောက်ခံသလို ပြောလိုက်၏။
“သူက ငယ်ရွယ်လွန်းတယ်။ သန်မာတဲ့လူက အားနည်းတဲ့လူကို အမဲလိုက်တဲ့လောကကြီးမှာ မင်းကိုယ်မင်းတောင် ဂရုမစိုက်နိုင်ရင် ဒါမျိုးကိစ္စကြောင့် စိတ်ပျက်နေတော့ကော ဘာအသုံးဝင်မှာလဲ”
“မျှော်နန်းသခင်ပြောတာ မှန်ပါတယ်”
လုကျိုးနှင့် ယန်ကျန်းလော့သည် အရံအတားထဲမှ ထွက်သွားပြီးနောက် အနက်ရောင်မျှော်စင် အဖွဲ့အစည်းမှ လူများသည် ယိုင်လဲကျသွား၏။ သူတို့ရင်ထဲတွင် အကြောက်တရားများ ရှိနေသေးသည်။
လုကျိုးနှင့် ယန်ကျန်းလော့က အခြားသူများရှေ့သို့ ရောက်သောအခါ ရှန်ရှီက ရှေ့တိုးလျက် ပြောလိုက်သည်။
“မျှော်နန်းသခင်၊ လက်ဝဲတမန်တော်ယန် ... လန်ရှီဟယ်က ဆဌမသခင်မလေးကို ထပ်လာရှာတော့မှာ မဟုတ်ကြောင်း ပြောသွားပါတယ်”
“ငါ သူနဲ့စကားပြောချင်သေးတာ။ သူ ထွက်သွားပြီဆိုတော့ ထားလိုက်တော့လေ”
ရှန်ရှီက ပြောလိုက်တော့သည်။
“ကျွန်တော်တို့ အချိန်အတိုင်းအတာတစ်ခုအထိ အနားယူလို့ရမဲ့နေရာ သိပါတယ်။ မနက်ဖြန်ကျ အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ သင်္ကေတလမ်းကြောင်းကနေ အနီရောင်ကြာနယ်မြေကို ပြန်နိုင်ပြီ”
“လမ်းပြပေး”
“နားလည်ပါပြီ”
ထိုစဉ် အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ အနေအထားလျော့ကျသွားသည့် သတင်းသည် တာ့ယွမ်၌ တောမီးပမာ ပြန့်နှံ့သွားသည်။
အလင်းအမှောင်မဟာမိတ်နှင့် တာ့ယွမ်၏တော်ဝင်ခုံရုံးတို့က ထိုအကြောင်း ပထမဆုံးသိသူများ ဖြစ်သည်။
တာ့ယွမ်၏တော်ဝင်နန်းတော်ထဲရှိ ဝူဘုရင်၏အိမ်တော်ထဲတွင်ဖြစ်သည်။
သူ့လက်အောက်ငယ်သား၏ သတင်းပို့ချက်ကို နားထောင်ပြီးနောက် ဝူဘုရင်က ထိုင်ခုံလက်တန်းကို ရိုက်ချလိုက်၏။ သူ၏မျက်လုံးထဲ အသက်ကင်းမဲ့နေကာ ရေရွတ်ပြောလိုက်တော့သည်။
“ငါတို့အားလုံး မိစ္ဆာအိုကြီးလုကို လျှော့တွက်ခဲ့တာပဲ”
အလင်းအမှောင်မဟာမိတ်၏ ဖန်ရော့ရှီသည် အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ အဖွဲ့သားအများစုသည် လုကျိုးတစ်ယောက်တည်းကြောင့် သူတို့၏မွေးဖွားဇယားချပ်များ ဆုံးရှုံးခဲ့သည့်သတင်းကို ကြားသိရသည့်အချိန်၌ ထိတ်လန့်သွားလေ၏။ လုကျိုးနှင့် အပေးအယူလုပ်ခဲ့သည့်သူက ကျယ်ပျယ်လီဖြစ်နေတာ သူ ဝမ်းသာမိသည်။ မီးတောင်ထွက်အဆီအနှစ် ၁၀ခု မဆိုထားနှင့် နောက်ထပ် မီးတောင်ထွက်အဆီအနှစ် ၁၀ခု ထပ်ပေးရမည်ဆိုလျှင်တောင် သူက အံကြိတ်လျက် ရှာမှာပဲဖြစ်သည်။
အနီရောင်ကြာနယ်မြေရှိ တောအုပ်ထဲတွင်ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ အသက်စွမ်းအင်တို့က နွယ်များနှင့် သစ်သားပြာဆီ စုဝေးသွားလေ၏။
လေထဲ၌ ဟောင်သံ မြည်နေတာ ဘယ်လောက်ကြာမှန်း မည်သူမှ မသိပေ။
ဝုတ် ဝုတ် ဝုတ်
သစ်သားပြာသည် လူတစ်ယောက်ရှေ့၌ မြင့်တက်လာပြီးနောက် ကောင်းကင်ထဲ အက်ကွဲသွားလေ၏။
စွမ်းအင်စည်းတံဆိပ် ပေါ်ထွက်လာကာ ပတ်ဝန်းကျင်ရှိ နွယ်များနှင့် သစ်ပင်များကို ပိုင်းဖြတ်သွားတော့သည်။
ဝုတ် ဝုတ် ဝုတ်
ချုံးချီက လေထဲပျံဝဲလျက် မင်ရှစ်ရင်ကို အကြိမ်အနည်းငယ်ဟောင်နေလေ၏။
မင်ရှစ်ရင်က အကြောဆန့်က သူ့မျက်နှာပေါ်တွင် စိတ်ကျေနပ်နေသော အမူအရာဖြင့် စိတ်ဝိညာဉ်သဏ္ဌာန်လေးကို ကြည့်လိုက်သည်။
“ဒီတော့ ဒါက မွေးဖွားဇယားချပ်နှစ်ခု စိတ်ဝိညာဉ်သဏ္ဌာန်လား”
သူက ဆက်ပြောလိုက်သည်။
“ဖြစ်စဉ်က မခက်ခဲတဲ့ပုံပဲ။ မွေးဖွားဇယားချပ်တစ်ခုက နှစ်ငါးရာပေးတယ်။ မွေးဖွားဇယားချပ်နှစ်ခုနဲ့ နှစ်တစ်ထောင်ရသွားပြီ။ အမှိုက်ပဲ။ ငါက နှစ်တစ်သောင်းရှိတဲ့ လိပ်အိုကြီးနဲ့တောင် မယှဉ်နိုင်ဘူး။ ငါ ကြိုးစားရဦးမယ်”
ဝုတ် ဝုတ် ဝုတ်
“ခွေးလေး မင်းပြောကြည့်။ အဲဒီခွေးမသားက ဒီလောက်အကြာကြီး အသက်ရှင်နေတာ ဘယ်လိုကျင့်ကြံရမှန်း သူ မသိဘူးလား”
ဝုတ်
“မင်းကို ပြောပြလည်း အသုံးမဝင်ဘူး။ ဒီအကွက်က အသက်ကြာကြာမရှင်သန်နိုင်တာ သတိမပြုမိဘူးလား။ ဒါက သစ်သားပြာနှလုံးသားကျင့်စဉ်ရဲ့ အနှစ်သာရပဲ။ ရှစ်စွင်းတောင် ဒါကို သတိမပြုမိဘူး”
ဝုတ် ဝုတ် ဝုတ်
ချုံးချီသည် မင်ရှစ်ရင်ပြောတာကို မထောက်ခံသည့်ပမာ ခေါင်းခါလိုက်၏။
“ခွေးတစ်ကောင်ကို ပြောနေလို့ အကြောင်းမထူးဘူး။ တတိယမြောက် အသက်ဓာတ်နှလုံးသားကို ရှာကြရအောင်” မင်ရှစ်ရင်က ဝေဟင်ထဲပျံသန်းလျက် ပတ်ဝန်းကျင်တောင်တန်းဒေသကို ကြည့်လိုက်သည်။
“ခွေးလေး ဟိုမှာတစ်ချက်သွားကြည့်ရအောင်”
ဝုတ် ဝုတ် ဝုတ်
“ဟေ့ မင်းက စီးတော်သားရဲတစ်ကောင်။ ငါက သခင် … ငါ ပြောတာ မြန်မြန်လုပ်” မင်ရှစ်ရင်က လက်မြှောက်လျက် ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်ပြီးနောက် ၎င်းကို ပျော်ရွှင်စွာကြည့်လိုက်၏။
အနက်ရောင်ကြာနယ်မြေထဲရှိ ရှုကုန်းမြေ ရွှမ်းကျန်းတွင်ဖြစ်သည်။၏
ရှန်ရှီက လုကျိုးနှင့် အခြားသူများကို တည်းခိုဆောင်ဆီခေါ်သွားသည်။
လုကျိုးသည် သူ၏အခန်းထဲဝင်သွားပြီးသည်နှင့် ယွီရှန်းရုန်ကို ထပ်မံစစ်ဆေးလိုက်သည်။ မှောင်မည်းနေသေး၏။ ထို့ကြောင့် သူသည် ရွေးချယ်စရာမရှိတော့ဘဲ သူ၏ကောင်းကင်ကျမ်းစာ စွမ်းအားကို ဖြတ်တောက်လိုက်ရသည်။
ပြီးနောက် သူသည် ခရမ်းရောင်အိတ်ထဲမှ မီးတောင်ထွက်အဆီအနှစ်စွမ်းအားကိုယူပြီးနောက် သူ့ရှေ့တွင် ထားလိုက်သည်။ သူ ယခင်က ရထားသည်များအပါအဝင် သူ့၌ စုစုပေါင်း မီးတောင်ထွက် အဆီအနှစ် ၁၁၆ခုရှိသွားပြီဖြစ်သည်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှ ရဦးမည့် နောက်ထပ် ၁၀တုံးရှိနေသေး၏။
“ပန်းပဲစည်းမျဉ်းတွေအရ တခြားပုံစံတွေလိုသေးတာ” လုကျိုးသည် ကောင်းကင်စူးစမ်းရှာဖွေးရေး ကျောင်းတော်အကြောင်းတွေးမိသွား၏။
“သန့်စင်ခြင်းအဆောင်”
သူသည် စနစ်မျက်နှာပြင်ကို ဖွင့်လိုက်သည်။
ကုသိုလ်မှတ်= ၁၂၄၈၈၆၀
ကျန်ရှိသောသက်တမ်း= ၂၈၀၇၂၄၅နှစ်
အသုံးပစ္စည်း= အဆင့်မြင့် အသေရိုက်ချက်ကတ် ၁ကတ်၊ ပြစ်ချက်မဲ့ကတ် ၁ကတ်၊ အတိုက်အခိုက်ဒဏ်ပြင်းကာကွယ်ကတ် ၁၄၅ကတ် (အလိုအလျောက်သုံး)၊ ရွှေရောင်ထိုက်ရွှီကြေးမုံ၊ ရုပ်ဖျက်ကတ် ၂ကတ်၊ ပေါင်းစည်းရေးကတ် ၂ကတ်၊ စီစစ်ထုတ်နုတ်ရေးကတ် ၂ကတ်၊ အကြောင်းပြန်လှန်ကတ် ၃၆ကတ်။
“တစ်သန်း”
လုကျိုးသည် အရေအတွက်ကို မြင်သောအခါ ထိတ်လန့်အံ့အားသင့်သွား၏။ အစောတုန်းက သူ ရက်စက်လွန်းခဲ့သည်လော။ သူက အသုံးပစ္စည်းကတ်များကို ကြည့်လိုက်လေရာ ထင်သည့်အတိုင်း ဈေးတက်လာ၏။
စီစစ်ထုတ်နုတ်ရေးကတ်ကို ကုသိုလ်မှတ် ၂၀၀၀၀ဖြင့်ရောင်း၏။ ပေါင်းစည်းရေးကတ်ကို ကုသိုလ်မှတ် ၂၀၀၀၀ဖြင့် ရောင်းကာ သန့်စင်ခြင်းအဆောင်ကို ကုသိုလ်မှတ် ၂၀၀၀၀၊ အကြောင်းပြန်လှန်ကတ်ကို ကုသိုလ်မှတ် ၅၀၀ဖြင့် ရောင်းသည်။
“စနစ်က အနည်းဆုံးတော့ အသိတရားတစ်ခုရှိပြီး အကြောင်းပြန်လှန်ကတ်ရဲ့ဈေးကို မမြှင့်ခဲ့ဘူး”
ပြီးနောက် လုကျိုးသည် သန့်စင်ခြင်းအဆောင်တစ်ခုကို ဝယ်လိုက်လေ၏။
“အသုံးပြုမယ်”
သန့်စင်ခြင်းအဆောင်က လေထဲ မျောလွင့်နေပြီး လေထဲ မီးလုံးတစ်ခု ပေါ်လာလေ၏။
ကျန်ရှိသည့် မီးတောင်ထွက်အဆီအနှစ် ၁၁၆ခုကို တွက်ထုတ်ပြီးနောက် သူသည် မီးလုံးထဲသို့ အဆီအနှစ်တစ်ရာကို ထည့်လိုက်သည်။ ပြီးနောက် သူသည် ခရမ်းရောင်တောက်ပသံကျောက်ကို ထုတ်လိုက်ပြီးနောက် တွေဝေခြင်းမရှိဘဲ မီးတောက်ထဲ ပစ်ထုတ်လိုက်သည်။
လုကျိုးသည် ယင်းကို တစ်ချက်မျှသာကြည့်ကာ အာရုံထပ်မစိုက်တော့ပေ။ သူက အံ့ဩနေမိ၏။
“ယဲ့ကျန်းက ခရမ်းရောင်မီးတောင်ထွက်ကျောက်ကို ဘယ်ကရတာပါလိမ့်” သူက ခရမ်းရောင်တောက်ပသံကျောက်ကို အသုံးပြုလေလေ ယင်းက သူ့အတွက် အကျိုးရှိကြောင်း ပိုခံစားရလေလေဖြစ်သည်။
ပြီးနောက် သူ၏အတွေးများသည် လက်ရှိ ကုသိုလ်မှတ်ဆီ ရောက်သွား၏။ များသည်ဟု ထင်ရသော်ငြား သက်တမ်းထောင့်ငါးရာစာရှိသည့် အကြောင်းပြန်လှန်ကတ်ကို ဝယ်ဖို့မလောက်ပေ။
“ငါ့သက်တမ်းပြန်ရဖို့ နည်းလမ်းတစ်ခုရှာရမယ်။ သာမန်အသက်ဓာတ်နှလုံးသားက အသုံးမဝင်ရင် သူတို့ကို ပြန်ဖြည့်သွင်းနိုင်အောင် ဘာများသုံးနိုင်မလဲ”
ယခုအသက်ဓာတ်နှလုံးသားများက စတင်သူများအတွက် သင့်တော်သည်။ သို့သော် သူသည် အလယ်အလတ်နှင့် အဆင့်မြင့်အသက်ဓာတ်နှလုံးသားများ လိုအပ်နေ၏။ ထိုမျှ များပြားသော တပည့်များဖြင့် သူပိုင်ဆိုင်ထားသော တပည့်များအတွက် လုံလောက်ဖို့က ဝေးနေသေးသည်။ ထို့အပြင် အသက်ဓာတ်နှလုံးသားကို ပြန်လည်အသုံးပြုရန် သက်တမ်း ၁၅၀၀ ယူသွားမှာဖြစ်သည်။ ယင်းက ဖြေရှင်းနည်းမဟုတ်။
လုကျိုးက အတွေးများဖယ်ရှားလျက် ကောင်းကင်ကို မော့ကြည့်ပြီးနောက် မျက်လုံးမှိတ်ကာ ကောင်းကင်ကျမ်းစာကို သုံးသပ်လိုက်၏။
ထိုစဉ် ရွှေကြာနယ်မြေရှိ ချောက်နက်ထဲတွင်ဖြစ်သည်။
ပိန်းပိတ်အောင်နက်မှောင်ပြီး တိတ်ဆိတ်နေ၏။ ဘာကိုမှ မမြင်နိုင်၊ မကြားနိုင်ပေ။
အနက်ရောင်ရေ၏ တည်ငြိမ်နေသော မြေပြင်၌ အအေးဓာတ်က စိမ့်ဝင်ပျံ့နှံ့နေ၏။
ရေမျက်နှာပြင်က ခဲနေသောကြောင့် လှိုင်းခတ်သံမကြားရပေ။
ဂျွတ်
လေထဲအသံတစ်သံပေါ်ထွက်လာသည်။
“လက်လျှော့လိုက်တော့။ မင်း ရေခဲထဲကနေ ဖောက်မထွက်နိုင်ဘူး။ ဒီပင်လယ်သားရဲဘုရင်က ရေခဲစွမ်းရည်ကျွမ်းကျင်တယ်။ အအေးအဆိပ်က မင်းရဲ့ချီသွေးကြောရှစ်ခုကို တိုက်စားသွားပြီး မင်း စွမ်းအားဗဟိုချက် ချီပင်လယ်ကို ပျက်စီးစေမှာ။ မင်း အခုချိန်ထိ တောင့်ခံထားဖို့က မလွယ်ဘူး”
စုဟုန်၏အသံက မှောင်မည်းနေသော လေထုထဲပေါ်ထွက်လာသည်။
ဘီး
ရွှေရောင်စွမ်းအင်ဓားက နှစ်ယောက်သားရှေ့၌ ထပ်မံပေါ်လာကာ မှောင်မည်းနေသည့်နေရာကို လင်းထိန်သွားစေ၏။
စုဟိန့်က အထိတ်တလန့်ပြောလိုက်သည်။
“မင်းက ချီကို စွမ်းအင်အဖြစ်သိပ်သည်းနိုင်တယ်လား”
ယွီရှန်းရုန်သည် စုဟိန့်ကို လျစ်လျူရှုထား၏။ စုဟိန့်သည် ရေခဲလွှာကနေ ဝေဝါးဝါးအရိပ်တစ်ခုကိုသာ မြင်ရသည်။ သို့သော် ယွီရှန်းရုန်ကို ရွှေရောင်အလင်းလွှမ်းခြုံနေတာ မြင်ရ၏။ သူ အော်ပြောလိုက်သည်။
“စိတ်ဝိညာဉ်သဏ္ဌာန်လား။ မင်း ရူးနေပြီ။ မင်း တကယ်ရူးနေပြီပဲ”
…
အခန်း (၁၀၄၆) ကမ္ဘာ့ ပထမဆုံး ပွင့်ချပ် ၁၁လွှာကျင့်ကြံသူ
“ဘာရူးနေတာလဲ”
ယွီရှန်းရုန်က မေးလိုက်သည်။
စုဟိန့်က ပြန်ပြောလိုက်သည်။
“မင်းက ဘုံတစ်ထောင်လေပွေစိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းပြီး ဒီလိုပတ်ဝန်းကျင်မျိုးမှာ မွေးဖွားဇယားချပ် အသစ်သွင်းဖို့ ကြိုးစားနေတာလေ။ မင်းဆီမှာ မွေးဖွားနန်းဆောင်တောင် မရှိဘူး။ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်ကို ဘယ်လိုဖွဲ့စည်းပြီးတော့ မွေးဖွားဇယားချပ်ကို ဘယ်လိုအသက်သွင်းမှာလဲ”
ယွီရှန်းရုန်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
“ကမ္ဘာမှာ မလျှောက်လှမ်းရသေးတဲ့ လမ်းစဥ်တွေ အများကြီးရှိတယ်။ တကယ် စမ်းမကြည့်ရင် ဘယ်လိုလုပ်သိမှာလဲ”
စုဟိန့်က ယွီရှန်းရုန်၏ စကားကို များများစားစား မစဥ်းစားပေ။
“ဟာသပဲ။ မင်းက ကိုယ့်သေတွင်းကိုယ် တူးနေတာ”
စုဟိန့်က ပြောလိုက်သည်။
“ကျုပ်သေသွားရင်လည်း ခင်ဗျားအတွက် ကောင်းတယ် မဟုတ်ဘူးလား”
“ငါကိုယ်တိုင်ပဲ သတ်ချင်တယ်” စုဟိန့်က ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူဖြစ်သည့် သူက ပွင့်ချပ်၁၀လွှာ ဒုက္ခ မိုင်တစ်ရာ ရှုကွင်း ကျင့်ကြံသူကို မသတ်နိုင်သည့်အချက်ကို လက်မခံနိုင်ပေ။ သူ့အတွက် ထိုအရာက အရှက်ကွဲမှုဖြစ်၏။
“ခင်ဗျားက အခွင့်အရေးက လွတ်တယ်လို့ တွေးနေပေမဲ့ တကယ်ပဲ ကပ်ဘေးကို ရှောင်နိုင်လိုက်တာပဲ”
ယွီရှန်းရုန်က ခပ်တည်တည်သာ ပြန်ပြောလိုက်သည်။
စုဟိန့်က ပြန်လည်ချေပလိုက်၏။
“မင်းက ယုံကြည်ချက်မရှိပါဘူး။ ဒီအတိုင်း လျှောက်ပြောနေရုံပဲ”
ကျင့်ကြံရေးဆိုတာက ရှေးခေတ်ကတည်းက ပညာရှင်များစွာရဲ့ စမ်းသပ်မှုတွေ ဆန်းစစ်မှုတွေရဲ့ ရလဒ်ပဲ။ များစွာ ကျရှုံးပြီးတဲ့နောက်မှာ သူတို့က အများကြီး ကောက်ချက်ခဲ့ကြတယ်။ ဒီကမ္ဘာပေါ်မှာ ကျင့်ကြံရေးလမ်းစဥ် အများကြီးရှိတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ မင်းက အောင်မြင်မယ်ဆိုတာ ဘယ်လိုလုပ် သေချာနေတာလဲ။ ငါသိပြီ ငါသိပြီ မင်းက စမ်းမကြည့်ရင် ဘယ်လိုလုပ် သိမှာလဲလို့ ပြောတော့မယ်ဆိုတာကို”
စုဟိန့်က ဆက်ပြောလိုက်သည်။
“မင်းရဲ့ ကျင့်ကြံရေး နားလည်နိုင်စွမ်းက နိမ့်ကျလွန်းတယ်။ ဒီရေခဲက သဘာဝ မွေးဖွားစမ်းသပ်ချက်ကိုတောင် ဖန်းတီးနိုင်စွမ်းရှိတယ်”
“မွေးဖွားစမ်းသပ်ချပ်လား”
ယွီရှန်းရုန်က နားမလည်ပေ။ သူက မည်သူကမှ မလျှောက်လှမ်းဖူးသည့် လမ်းစဥ်ကို ကျင့်ကြံနေသည်။ သူက ကြာပွင့်ကို ဖြတ်တောက်လိုက်ကတည်းက တခြားသူများနှင့် ကွဲပြားဖို့ ကံကြမ္မာ ဖန်လာခဲ့သည်။
ယွီရှန်းရုန်၏ မသိတတ်မှုကို မြင်တွေ့ပြီးသည့်နောက်တွင်စုဟိန့်အသံတွင် သာလွန်သည့် လေသံမျိုး ပါဝင်လာသည်။
“လူတစ်ယောက်က မွေးဖွားဇယားချပ် ၆ခုကို အသက်သွင်းလိုက်တာနဲ့ မွေးဖွားစမ်းသပ်ချက်ကို ကျော်ဖြတ်ရလိမ့်မယ်။ အဲဒါက မွေးဖွားဇယားချပ်၆ခုအတွက် စမ်းသပ်ချက်တစ်ခုပဲ။ မွေးဖွားစမ်းသပ်ချက်ကို အောင်မြင်ပြီးတဲ့နောက်မှာ မွေးဖွားဇယားချပ်၆ခုရဲ့ စွမ်းအားက ပေါင်းစည်းသွားပြီးတော့ စွမ်းရည်အသစ်တွေ ဖန်တီးလာလိမ့်မယ်။ အဲဒီစွမ်းရည်က ကံကောင်းမှုအပေါ်မှာ မူတည်တယ်။ အတိုချုံးပြောရမယ်ဆိုရင် မွေးဖွားစမ်းသပ်ချက်ဆိုတာက မွေးဖွားဇယားချပ်၆ခုလုံးကို ပေါင်းစည်းပြီးတော့ စွမ်းရည်သစ် ဖန်တီးတဲ့ ဖြစ်စဥ်တစ်ခုပဲ”
စုဟိန့်က ဆက်ပြောလိုက်သည်။
“မွေးဖွားစမ်းသပ်ချက်ကို ဖြတ်ကျော်ဖို့ လူတစ်ယောက်က အတော်လေး ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မျိုးမှာ ရှိဖို့လိုတယ်။ အင်မတန် အေးလွန်းတာမျိုး၊ ပူလွန်းတဲ့ ကုန်းမြေ၊ လေထန်လွန်းတဲ့ နယ်မြေ အစရှိသဖြင့်ပေါ့။ ဒီဖြစ်စဥ်က အတော်လေးကို နာကျင်မှုပြင်းထန်တယ်။ အကောင်းဆုံးနေရာက အပြင်းထန်ဆုံးနေရာပဲ။
လူတစ်ချို့က အပြင်းထန်ဆုံးပတ်ဝန်းကျင်ကို ရှာဖွေဖို့ အမည်မသိကုန်းမြေအထိ သွားကြတယ်။ ကံဆိုးတာက သူတို့တွေက ဘယ်တော့မှ ပြန်ရောက်မလာကြဘူး။ ဟုတ်တယ်။ ရေနက်စမ်းကြယ်ဂူကလည်း မွေးဖွားဇယားစမ်းသပ်ချက်ကို ဖြတ်ကျော်ဖို့ နေရာကောင်းထဲကတစ်ခုပဲ။
ဒီလို ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မျိုးမှာ လေ့ကျင့်ပြီးတဲ့နောက် လူတစ်ယောက်ရဲ့ စွမ်းအင်ဗဟိုချက်ရဲ့ ချီပင်လယ်က ပိုပြီးတော့ အားကောင်းလာပြီး မွေးဖွားဇယားချပ်ကို ပေါင်းစည်းနိုင်လိမ့်မယ်။ ကျင့်ကြံသူအများစုက ပထမ မွေးဖွားစမ်းသပ်ချက်ကို မအောင်မြင်နိုင်တော့ လက်လျှော့ရုံကလွဲပြီး ရွေးချယ်စရာ မရှိကြဘူး။
မင်းက အနက်ရောင်ကြာနယ်မြေကို ရောက်ဖူးတယ်ဆိုတော့ မွေးဖွားဇယားချပ်၆ခုထက် ပိုတဲ့လူ များများစားစား မရှိဘူးဆိုတာကို သတိထားမိမှာပါ”
ယွီရှန်းရုန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“အနီရောင်ကြာနယ်မြေက လူတွေက ရေနက်စမ်းကြယ်ဂူအစား အဆုံးမဲ့ပင်လယ်ကို ဖြတ်ပြီးသွားချင်ကြတာ မဆန်းတော့ဘူး။ ရေနက်စမ်းကြယ်ဂူထဲမှာ အားကောင်းတဲ့ ပင်လယ်သားရဲတွေ အများကြီးရှိတယ်။ ငါတို့သာ တိတ်ဆိတန်နေသ၍ ဘေးကင်းမှုက အာမခံချက်ရှိတယ်။ ဒီနေရာမှာ အလင်းရောင်မရှိတော့ လူသားတွေက မလာချင်ကြဘူး။ မင်း အခုလုပ်နေတာက ကိုယ့်ကိုယ်ကို သတ်သေနေတာနဲ့ မထူးဘူး။ တကယ်လို့ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းချင်တယ်ဆိုရင် အဲဒါက ပင်လယ်သားရဲတွေကို ဆွဲဆောင်မိပြီးတော့ မင်း သေချာပေါက် သေလိမ့်မယ်။ ပြီးတော့ မင်းဆီမှာ ပွင့်ချပ်၁၀လွှာပဲ ရှိတယ်။ တကယ်လို့ မင်း ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဒီလို ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မျိုးမှာ ဖွဲ့စည်းဖို့ ကြိုးစားနေရင် မင်းရဲ့ စိတ်ဝိညာဥ်သဏ္ဌာန်က သေချာပေါက် အေးခဲသွားလိမ့်မယ်။
စုဟိန့်က ယွီရှန်းရုန်ကို လက်ခံဖို့ ဆန္ဒမရှိကြောင်း မြင်တွေ့ပြီးသည့်နောက်တွင် သူက အသံကူးပြောင်းမှုမှ တစ်ဆင့် အသံမြှင့်ကာ ပြောလိုက်သည်။
“ရပ်လိုက် ငါပြောနေတယ်လေ ရပ်လိုက်လို့”
ကနဦးချီ ပြတ်လတ်မှုကြောင့် အသံနည်းစနစ်က ယွီရှန်းရုန်ကို အာရုံမများစေပေ။
“အရူး။ မင်းက အရူးပဲ” စုဟိန့်က ယွီရှန်းရုန်ကို လုံးလုံးနားမလည်နိုင်ပေ။
ထိုစဥ် ယွီရှန်းရုန်က မလှုပ်မယှက် ကျန်ရှိနေသည်။ ထိုအစား သူက သူ့စွမ်းအင်ဗဟိုချက်ထဲရှိ ချီပင်လယ်ထဲမှ ကနဦးချီကို ဖြည်းဖြည်းချင်းလှုံ့ဆော်ပြီး သူ့စိဝိညာဥ်သဏ္ဌာန်ဆီ ပို့ဆောင်ကာ ပေါင်းစည်းခဲ့သည်။ ဤတစ်ကြိမ် သူက ရွှေရောင်အလွှာ ဖုံးအုပ်ထားသလိုမျိုး ဖြစ်နေ၏။
”ဝှစ်”
လေထုထဲ စွမ်းအင်ပဲ့တင်သံ ထွက်ပေါ်လာခဲ့သည်။
ယွီရှန်းရုန်က အသက်ဓာတ်နှလုံးသား မြောက်မြားစွာ စုပ်ယူထားမှုကြောင့် ကနဦးချီ အမြောက်အမြားကို သိုလှောင်ထားနိုင်သည်။ သူက ပတ်ဝန်းကျင်မှ ကနဦးချီကို မလိုအပ်ပေ။
ယွီရှန်းရုန်က ထိုအရာနဲ့ပတ်သက်ပြီး ထူးထူးဆန်းဆန်း ခံစားချက်တစ်ခု ရှိနေမိသည်။ သူ့စိတ်ဝိညာဥ်သဏ္ဌာန်က အပြည့်အဝ စားသုံးပြီးသည့်နောက် အတားအဆီး ရရှိသွားသလိုမျိုးဖြစ်၏။ သူသာ ထိုအတားအဆီးကို ချိုးဖောက်နိုင်ပါက ဘာဖြစ်လာမလဲ မသိရသေးပေ။
သို့သော်လည်း သူ့အလိုလိုသိစိတ်က ဤသို့ ဆက်ကျင့်ကြံနေလျှင် အတားအဆီးကို ချိုးဖောက်နိုင်မည်ဖြစ်ကြောင်း ပြောပြနေ၏။ အကယ်၍ သူသာ အဆင့်တက်လှမ်းပြီးသည့်နောက်တွင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းနိုင်မည်လားဟု သိချင်နေမိသည်။
ယွီရှန်းရုန်က စုဟိန့်၏ အကြံဥာဏ်အတိုင်း လိုက်မလုပ်ပေ။ သူက ဆုံးဖြတ်ထားပြီးသားဖြစ်၏။ ယခုတွင် သူက လျှောက်လှမ်းရမည်းလမ်းစဥ် ရှိနေသည်။ စုဟိန့်က သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ သူနှင့် မသက်ဆိုင်ပေ။ တစ်ကယ်တော့ သူက ပင်လယ်သားရဲများကို ဆွဲဆောင်ခဲ့လျှင် ပို၍ကောင်းပေ၏။ သူက သူတို့ကို အသုံးပြုကာ ဤရေခဲတုံးမှ ချိုးဖောက်နိုင်လိမ့်မည်။
ယွီရှန်းရုန်က သူ့စွမ်းအင်ဗဟိုချက်ထဲရှိ ချီပင်လယ်များကို ဆက်လက်လှည့်ပတ်ရင်း စိတ်ဝိညာဥ်သဏ္ဌာန်မှတစ်ဆင့် ချီပင်လယ်ထဲ ပြန်လည်ပို့ဆောင်ခဲ့သည်။
ယွီရှန်းရုန် စုပ်ယူထားခဲ့သည့် အသက်ဓာတ်နှလုံးသား ၇ခုမှ စွမ်းအင်များက ယခု အခိုက်အတန့်တွင် အရေးပါသည့် ကဏ္ဍမှ ထွက်ပေါ်လာခဲ့သည်။ သိပ်သည်းလှသည့် ကနဦးချီနှင့် အသက်ဓာတ်စွမ်းအားမရှိဘဲ သူက ဤကြမ်းတမ်းလှသည့် ပတ်ဝန်းကျင်ကို တောင့်ခံနိုင်မည်မဟုတ်ပေ။
...
အချိန်က ဆက်လက်ကုန်ဆုံးသွားသည်။
ယွီရှန်းရုန်ဖြစ်စေ စုဟိန့်ဖြစ်စေ အချိန်ဘယ်လောက်ကုန်ဆုံးသွားမှန်း မသိကြချေ။ နှစ်တစ်ရာ ကုန်ဆုံးသွားသလိုမျိုး ခံစားနေရ၏။ ယွီရှန်းရုန်အနေဖြင့် ထိုအချိန်အတွင်း သူ့ဆရာက အမြင့်စွမ်းအားကို အသုံးပြုကာ သူ့ကို စစ်ဆေးကြည့်နေသည်ကို လုံးလုံး သတိမထားမိပေ။ သို့သော်လည်း သူ့ဆရာက ရွှေရောင်အလင်းကိုသာ မြင်လိုက်ရသည်။
မိစ္ဆာဝေဟန်မျှော်နန်း၏ အစောင့်အရှောက် လီရှောင်မော့၊ ယဲ့ထျန်းရှင်းနှင့် တခြားသူများကလည်း ကောင်းကင်ကျုံးဆီ လာကာ ယွီရှန်းရုန်ကို ရှာဖွေနေကြသည်။ သူတို့က ရွှေကြာနယ်မြေမှ ကျင့်ကြံသူများကိုပါ လှုံ့ဆော်ကာ ရှာဖွေခိုင်းခဲ့၏။ သို့သော် ဘာမှ မတွေ့ရပေ။ ချောက်နက်က နက်လှသည်။ အကယ်၍ သူတို့သာ ဂရုမစိုက်ပါက လမ်းပျောက်သွားနိုင်၏။ အားလုံးက ဂရုတစိုက် ရှာဖွေနေကြပြီး မည်သူကမှ မဆင်မခြင် မလှုပ်ရှားရဲကြပေ။
ယဲ့ထျန်းရှင်းက စီဝူယာ့အား ထိုအကြောင်းး အကြောင်းကြားထားပြီး စီးဝူယာ့က ကျင့်ကြံသူများအား အဆောင်အလုံအလောက် ယူသွားဖို့ အကြံပြုခဲ့သည်။ သို့သော်လည်း ပင်လယ်သားရဲများနှင့် တွေ့ဆုံသည့်အခါ နောက်ဆုတ်ရုံမှအပ ရွေးချယ်စရာမရှိပေ။
မည်သို့ပင်ဆိုစေကာမူ မိစ္ဆာဝေဟင်မျှော်နန်းက ရှာဖွေခြင်းကို မရပ်တန့်ခဲ့ပေ။
တူညီလှစွာ ယွီရှန်းရုန်ကလည်း ကျင့်ကြံမှုကို မရပ်တန့်ခဲ့ပေ။
စုဟိန့်က အချိန်အတော်ကြာ ပါးစပ်ပိတ်နေပြီးသည့်နောက်တွင် လက်လျှော့လိုက်၏။ ထိုအစား သူက သူ့စွမ်းအင် ဗဟိုချပ်ရှိ ချီပင်လယ်မှ ကနဦးချီကို တဖြည်းဖြည်းချင်း လှုံ့ဆော်ကာ စွမ်းအင် စက်လုံးအဖြစ် ပြောင်းလဲပြီး ရေခဲတုံးကို ချို့ဖောက်ဖို့ ကြိုးစားနေသည်။
ဤသည်က နေ့နေ့ညည ဆက်နေလေ၏။ နှစ်ဦးစလုံးက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းလာကြသည်။
ထိုစဥ်
“ဝှစ်”
စုဟိန့်က အသံတစ်သံ ကြားလိုက်ရသည်။ သူက ယွီရှန်းရုန်ကို ကြည့်လိုက်သည့်အခါ ယွီရှန်းရုန်၏ ခေါင်းမှ ခြေထောက်အထိ ရွှေရောင် ရောင်ဝါတစ်ခု ထွက်ပေါ်နေသည်ကို မြင်လိုက်ရသည်။
သူက သိချင်စွာ မေးကြည့်လိုက်၏။
“မင်း မင်း ဘာတွေလုပ်နေတာလဲ။ ရောင်ဝါက ရေခဲတုံးကို မချိုးဖောက်နိုင်ဘူး။ ဒါက အသုံးမဝင်ဘူး”
ခေတ္တမျှ လေ့လာကြည့်ပြီးသည့်နောက်တွင် စုဟိန့်က မျက်လုံးအပြူးသားဖြစ်သွားလေသည်။
“မင်း”
သူက စကားများပင် အဆုံးမသတ်နိုင်ဘဲ အားပါးတရ ရယ်မောလိုက်သည်။
ခဏ အကြာတွင် သူက ပြောလိုက်သည်။
“မင်းက ဘုံတစ်ထောင်လေပွေစိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းဖို့ ပွင့်ချပ်ထွက်တဲ့ နည်းလမ်းကို အသုံးပြုနေတာလား”
ထိုအရာကို ပြောပြီးသည့်နောက်တွင် စုဟိန့်က ကမ္ဘာပေါ်တွင် အရယ်ရဆုံး ပြက်လုံးတစ်ခု ကြားလိုက်ရသလိုမျိုး စတင်ရယ်မောတော့သည်။ မွေးဖွားဇယားချပ်၅ခုရှိထားသည့် ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူ အနေဖြင့် သူပင် အေးစက်မှုက သက်တောင့်သက်သာ မဖြစ်လာပေ။ သူ့စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်က ရေခဲရေဖြင့် ပြည့်နှက်နေသလိုမျိုး ခံစားနေရ၏။
ယွီရှန်းရုန်ကလည်း အတူတူ ခံစားနေရမည်ဖြစ်သော်လည်း သူ့ သက်တောင်သက်သာမဖြစ်မှုက စုဟိန့်နှင့် ယှဥ်လျှင် ပို၍ မြင့်မားပေသည်။ သူက ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဥ်သဏ္ဌာန်သာ ရှိထားလေ၏။ သူ့ စိတ်ဝိညာဥ်သဏ္ဌာန်နှင့် ချီပင်လယ်၏ အအေးဒဏ် ခုခံနိုင်နှုန်းတို့က စုဟိန့်ထက် နိမ့်ကျနေသည်။
မွေးဖွားဇယားချပ်ကို အသက်သွင်းထားသည့် ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူများက အနည်းနဲ့အများ အအေးဓာတ် အပူဓာတ်ကို ခံနိုင်ရည်ရှိကြသည်။ ထို့နောက် ခက်ထန်သားရဲ၏ အသက်ဓာတ်နှလုံးသားဆီမှ ရရှိထားသော သီးသန့်စွမ်းရည်ကြောင့် အပူခံနိုင်ရည်ရှိသည့် လုကျိုးလိုလူမျိုးလည်း ရှိကြသည်။
ယွီရှန်းရုန်က အသက်ဓာတ်နှလုံးသား၇ခုကို စုပ်ယူထားသော်လည်း မည်သည်ကမှ သူ့ကို အအေးဓာတ်ခံနိုင်အောင် ကူညီမပေးနိုင်ပေ။ ထိုအရာက ကောင်းကင်အလိုတိုင်းသာ ဖြစ်သည့်အတွက် သူ့စိတ်ဆန္ဒဖြင့်သာ တောင့်ခံထားရသည်။
“ဝှစ်”
ရွှေရောင်ရောင်ဝါများက တစ်ခုပြီးတစ်ခု ဆက်တိုက် ကျဆင်းလာသည်။
တကယ်တော့ ယွီရှန်းရုန်က သူသည်လည်း ဘာကြောင့် လုပ်နေမိမှန်း နားမလည်ပေ။
သို့သော်လည်း သူ့အလိုလိုသိစိတ်က လုပ်ဖို့ပြောပြနေသည်။
ထိုစဥ် ယွီရှန်းရုန်၏ အနက်ရောင်ဆံပင်များနှင့် မျက်ခုံးတို့က ရေခဲများ ကပ်လာလေသည်။ သူ့နှုတ်ခမ်းနှင့် သွားများကလည်း အေးခဲလာ၏။ ရွှေရောင်စွမ်းအားနှင့် သူ့စိတ်စွမ်းအားကသာ အသက်ရှင်အောင် ထိန်းထားပေးနိုင်ခြင်းဖြစ်သည်။
စုဟိန့်က သက်ပြင်းချကာပြောလိုက်သည်။
“ငါ့လက်နဲ့ မသတ်နိုင်တာ နှမြောစရာပဲ။ ဘာပဲဖြစ်ဖြစ် ကောင်းကောင်းမွန်မွန်သွားပါ”
ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူအနေဖြင့် သူ့အလိုလို သိစိတ်က ယွီရှန်းရုန်သည် အသက်ရှင်မည်မဟုတ်ကြောင်း ပြောပြနေ၏။ သူက ယွီရှန်းရုန်၏ အရှိန်အဝါ အားနည်းလာကြောင်း ခံစားမိလိုက်သည်။ ယွီရှန်းရုန်၏ အသက်ဓာတ်ကလည်း တဖြည်းဖြည်းချင်း ဖျော့တော့လာသည်။ အဆုံးသတ်တွင် ဤအေးခဲလှသည့် ပတ်ဝန်းကျင်မျိုးတွင် ဒုက္ခမိုင်တစ်ရာရှုကွင်းအဆင့် ကျင့်ကြံသူများ တောင့်ခံနိုင်သည့် နေရာမျိုးမဟုတ်ပေ။
“ဝုန်း”
ထိုစဥ် လေထုထဲ အသံတစ်သံ ထွက်ပေါ်လာ၏။
“ဟမ်”
စုဟိန့်က နှလုံးခုန်တစ်ချက် မှားသွားမိသည်။
ထိုအရာက ရေခဲကွဲသည့် အသံမျိုးဖြစ်သည်။
စုဟိန့်က ပျော်သွားမိသည်။
“ကောင်းကင်ဘုံက ငါ့ကို ကူညီနေတာပဲ”
စုဟိန့်၏ အားစိုက်ထုတ်မှုများက အသက်ဝင်လာခဲ့သည်။ သူ့စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်ထဲမှ ကနဦးချီ အားလုံးက ထွက်ပေါ်လာပြီး ထိုအက်ကြောင်းများကို ထိုးဖောက်သည့် စွမ်းအင်ဓားမော့ကို ဖွဲ့စည်းလိုက်သည်။
ကနဦးချီက တစ်ဟုန်ထိုး ပြေးဝင်လာသည်။
“ဝုန်း”
စုဟိန့်က လက်ကို ဖြန့်လိုက်၏။
အနက်ရောင်ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က ပေါ်ထွက်လာပြီး အရွယ်အစားက ကြီးမားလာကာ ရေခဲတုံးကို ချိုးဖောက်လိုက်သည်။
စုဟိန့်က အနက်ရောင်ရေအထက် ဝဲပျံနေရင်း သေလုနီးပါးဖြစ်နေသည့် ယွီရှန်းရုန်ကို ကြည့်လိုက်သည်။
“မင်းကို သေလမ်းဆီ ပို့ပေးမယ်”
ယွီရှန်းရုန်က မျက်လုံးကို မနည်းဖွင့်လိုက်ရသည်။ တူညီလှစွာ ရေခဲတုံးက ကွဲထွက်သွားသည့်အတွက် သူမျက်နှာအထက် ခပ်ယဲ့ယဲ့အပြုံးမျိုး ပေါ်ထွက်လာသည်။
“ခင်ဗျားမှားနေပြီ”
“ဟမ်”
စုဟိန့်ရှေ့မောက်တွင် ရွှေရောင် စိတ်ဝိညာဥ်တစ်ခု ထွက်ပေါ်လာခဲ့၏။ အတိအကျပြောရလျှင် သန့်စင်နေသည့် ရွှေရောင်စိတ်ဝိညာဥ်သဏ္ဌာန်ဖြစ်သည်။ စိတ်ဝိညာဥ်သဏ္ဌာန်၏ အနောက်တွင် ရွှေရောင်ရောင်ဝါတစ်ခု ရှိနေပြီး ထိုရောင်ဝါဝန်းကျင်တွင် ပွင့်ချပ်၁၀လွှာက လှည့်ပတ်နေသည်။
“မဟုတ်သေးဘူး...”
စုဟိန့်က မျက်လုံးပိတ်ကာ ပွင့်ချပ်များကို သေချာရေတွက်ကြည့်လိုက်ပြီး အရေအတွက်က မမှန်ကန်ကြောင်း တွေ့ရှိသွားသည်။
“ပွင့်ချပ်၁၁လွှာလား”
…
အခန်း (၁၀၄၇) ဘယ်သူမှမလျှောက်နိုင်တဲ့လမ်းကို ငါ လျှောက်လှမ်းမယ်
စုဟိန့်၏ ဗဟုသုတအရ ဆယ့်တစ်ခုမြောက်ပွင့်ချပ်ဖူးပွင့်မှုက မဖြစ်နိုင်ပေ။ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်တောင် ဖွဲ့တည်နိုင်ခြင်းမရှိသည့် တစ်စုံတစ်ယောက်အတွက်ဆို ပိုဆိုး၏။ ယွီရှန်းရုန်၏ ဆယ့်တစ်ခုမြောက်ပွင့်ချပ်သည် သူ၏အသိအမြင်ကို ကျော်လွန်သွားလေ၏။ တစ်နှစ်၌ ဆယ့်သုံးလ ရှိသည်ဆိုတာကို သူမယုံနိုင်သည့်အတိုင်းပင်။ သူက မျက်လုံးပြန်ပွတ်ပြီးနောက် ကောင်းကောင်းကြည့်ရန် မျက်လုံးပြူးထားလိုက်၏။
“ပွင့်ချပ်ဆယ်လွှာ” စုဟိန့်သည် ရွှေရောင်ရောင်ခြည်၌ ပွင့်ချပ်ဆယ်ခု ဝဲနေတာကို မြင်သောအခါ သက်ပြင်းချလိုက်မိ၏။ အစောတုန်းက သူ၏အမြင်အာရုံမကောင်းတာ ဖြစ်ရမည်။ ထို့အပြင် အချိန်အတော်ကြာ အေးခဲခံရပြီးနောက် ထင်ယောင်ထင်မှားဖြစ်တာ ပုံမှန်ပဲဖြစ်၏။ မည်သည့်နည်းနှင့်မဆို ယင်းက အရေးမကြီးတော့ပေ။ သို့သော် အလေးထားပြောလိုက်၏။
“ငါ တောင်းပန်းပါတယ်။ ငါ မင်းကို သတ်ရမယ်။ ငါက အမိန့်ကို လိုက်နာရမယ်။ မင်း မသေရင် ငါသေရမှာ”
ပြီးနောက် စုဟိန့်သည် သူ၏အနက်ရောင်ကြယ်တာရာဒိုင်ခွက်မှ အလင်းတန်းကို ထုတ်လျက် ယွီရှန်းရုန်ဆီပစ်လိုက်သည်။
ယွီရှန်းရုန်ကို ကြေးသွေးရောင်နှင့်ရွှေရောင်စိတ်ဝိညာဉ်မှ အလင်းက အမြင်အာရုံလုံလုံလောက်လောက် ပံ့ပိုးပေးနေသည်။ အလင်းတန်းက မြေပြင်ပေါ်ဆင်းသက်လာချိန်၌ စိတ်ဝိညာဉ်သဏ္ဌာန်က ဘေးသို့ရှောင်လိုက်၏။ ပြီးနောက် အလင်းတန်းသည် ၎င်း၏အမှတ်အသားပျောက်သွားတော့သည်။
“ဟမ်” စုဟိန့်က ထိတ်လန့်သွားတော့သည်။
ထိုစဉ် ကြေးသွေးရွှေရောင် စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်ထွက်လာပြီး သူ၏လက်ကို ဆန့်တန်းလိုက်၏။
ဖုန်း
စုဟိန့်က အငိုက်မိသွားတော့သည်။ သူသည် ရုတ်ခြည်းတိုက်ခိုက်မှုကို ပိတ်ဆို့ရန် လက်နှစ်ဖက်ကို မြှောက်လိုက်၏။ သက်ရောက်အားက သူ့ကို လဲကျသွားစေကာ ရေနက်၏မျက်နှာပြင်နှင့် ထိမိသွားစေသည်။
ယွီရှန်းရုန်က လက်မြှောက်ပြီးနောက် သက်တော်ရှည်ဓားက သူ့လက်ထဲပျံသန်းလာ၏။ သူက ပြုံးလိုက်တော့သည်။
“ဘုံတစ်ထောင်လေပွေအဆင့်ကို ငါ ရောက်ပြီးတဲ့နောက် မင်းက ငါ့ဓားအောက်မှာ သေတဲ့ပထမဆုံးလူပဲ”
ယွီရှန်းရုန်က လှစ်ခနဲဖြတ်ကျော်သွားလျက် ပုံရိပ်ယောင်ကို ချန်ရစ်ခဲ့သည်။ သူ၏ ကြေးသွေးရွှေရောင် စိတ်ဝိညာဉ်သဏ္ဌာန်ကလည်း ဝဲကျလာ၏။
“ဘုံတစ်ထောင်လေပွေ”
ဖုန်း
ရေနက်က အနက်ရောင်ရေများ မြင့်တက်လာပြီး လှိုင်းလုံးကြီးများဖြစ်ပေါ်လာစေသည်။
ယွီကျန့်ဟိုင်က စုဟိန့်ရှေ့သို့ ချက်ချင်းနီးပါးရောက်လာ၏။ အသက်တစ်ရှိုက်စာအတွင်း စွမ်းအင်ဓားများ ပစ်ထုတ်လိုက်တော့သည်။
စုဟိန့်၏ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်သည် ယွီရှန်းရုန်ဆီ စွမ်းအင်လှိုင်းတစ်ခု ထုတ်လွှတ်လိုက်၏။
“နောက်ကျလွန်းသွားပြီ” ယွီရှန်းရုန်က ထူးမခြားနား ပြုံးလိုက်တော့သည်။
ယခုအချိန်တွင် ကြေးသွေးရွှေရောင် စိတ်ဝိညာဉ်သဏ္ဌာန်သည် ၎င်း၏မူလ ပေ၂၀၀ အရွယ်အစားမှ အရွယ်အစားလျင်မြန်စွာ တိုးလာသည်။
ပေ ၃၀၀၊ ပေ ၄၀၀၊ ပေ ၅၀၀
ပေ ၅၀၀ ... အသစ်ဖွဲ့တည်ကာစ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်၏ အမြင့်ဖြစ်သည်။
“ဒါ ဘယ်လိုကျင့်ကြံမှုမျိုးလဲ” စုဟိန့်က ထိတ်လန့်နေလေ၏။
“အရင်တုန်းက ဘယ်သူ့မှ ကျင့်ကြံဖူးတဲ့လမ်းစဉ် ငါ မင်းကို ပြလိုက်မယ်” ယွီရှန်းရုန်က ပြောလိုက်တော့သည်။
ကြေးသွေးရွှေရောင် စိတ်ဝိညာဉ်သဏ္ဌာန်သည် လှည့်လာပြီး စုဟိန့်၏ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်၏ ရင်ဘတ်ကို ပိုင်းဖြတ်လိုက်သည်။
ဘန်း
စုဟိန့်၏ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်က ထိခိုက်သွားလေ၏။ သူ ငြီးတွားလိုက်ရသည်။ သူသည် ရွှေရောင်တူတစ်ထောင်ဖြင့် ထိုးနှက်ခံလိုက်ရသလို ခံလိုက်ရ၏။ သူက မယုံနိုင်စွာ မော့ကြည့်လိုက်ပြီး သွေးတစ်ပွက်အန်လိုက်ရ၏။
ယွီရှန်းရုန်ကလည်း ထိုစဉ် တိုက်ခိုက်ရန် သူ၏ဓားကို လွှဲယမ်းလိုက်ကာ စုဟိန့်ကို အသက်ရှုရန် အခွင့်အရေးမပေးခဲ့ပေ။
ကြေးသွေးရွှေရောင် စိတ်ဝိညာဉ်သဏ္ဌာန်ရှိ ရောင်ခြည်က ယခင်ကထက် ပိုကြီးမားလာသည်။ ယခင်ကကဲ့သို့ပင် ရွှေရောင်ပွင့်ချပ်က အနားတစ်ဝိုက်ရှိနေ၏။
“ပွင့်ချပ်ဆယ့်တစ်ခုလား” စုဟိန့်၏မျက်လုံးက ပြူးကျယ်သွားပြီး သူ ပြောလိုက်သည်။ “စက်ဆုပ်စရာကောင်းလိုက်တာ”
ယခုအချိန်၌ စုဟိန့်သည် သူလှည့်စားခံလိုက်ရမှန်း သဘောပေါက်သွားလေ၏။ သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို အမြန်ရုပ်သိမ်းကာ ထွက်သွားလိုက်သည်။
ယွီရှန်းရုန်သည် လေးအသွင်ဖြင့် သူ့နောက်လိုက်လာ၏။
ယွီရှန်းရုန်၏ ဆိတ်ငြိမ်သောအသံက အမှောင်ထုထဲမှ ပေါ်ထွက်လာတော့သည်။
“နှေးလွန်းတယ်”
စုဟိန့်က လှည့်လာသည်။ ကြေးသွေးရွှေရောင် စိတ်ဝိညာဉ်သဏ္ဌာန်သည် ရွှေရောင်ရောင်ခြည်ကို ဆုပ်ကိုင်လျက် မွေးဖွားဇယားချပ်ငါးခုရှိသည့် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖြတ်ကျော်သွားသည်။
ဝှစ်
စုဟိန့်ထိတ်လန့်သွားတော့သည်။ သူသည် ထိုကဲ့သို့ စိတ်ဝိညာဉ်သဏ္ဌာန်မျိုးနှင့် တိုက်ခိုက်ရန် အတွေ့အကြုံ မရှိသောကြောင့် ခံစစ်အနေအထားသို့ တွန်းပို့ခံရသည်။ သူသည် အကွာအဝေးတိုးပွားစေရန်အတွက် သူ၏မဟာနည်းစနစ်ကိုသာ သုံးနိုင်၏။
အဆုံးမဲ့သမုဒ္ဒရာထဲတွင် ဘာကိုမှမမြင်နိုင်။
ရွှေရောင်ရောင်ခြည်သည် အစွမ်းထက်သည့်စွမ်းအင်စည်းတံဆိပ်တစ်ခုလို ပစ်ထုတ်ပြီး ရေနက်ကို မွှေနှောက်သွားတော့သည်။
“မင်းက နှေးလွန်းတယ်”
ယွီရှန်းရုန်က စုဟိန့်နောက် လိုက်သွားလေ၏။ သူ စုပ်ယူထားသည့် အသက်ဓာတ်နှလုံးသားတို့သည် နောက်ဆုံး၌ အလားအလာအပြည့်အဝဖြစ်သွားပြီဟု ခံစားနိုင်သည်။ သူတို့က တည်ငြိမ်ပြီး ပိုချောမွေ့ကာ ယခင်ကထက် သန်မာလာ၏။
ယွီရှန်းရုန်က စုဟိန့်နောက်သို့ ဆက်လိုက်နေသည်။ သူ၏အရှိန်က မွေးဖွားဇယားချပ်ငါးခု ပိုင်ဆိုင်သော စုဟိန့်ထက် မလျော့ပေ။ ယွီရှန်းရုန်သည် ဆယ့်တစ်ခုမြောက်ပွင့်ချပ်ဖူးပွင့်ကာစ ဖြစ်သောကြောင့် သူသည် နယ်ပယ်အသစ်၊ စိတ်ဝိညာဉ်သဏ္ဌာန်အသစ်နှင့် သိပ်မရင်းနှီးသေးပေ။ သို့သော်ငြား အချိန်ကြာလာသည်နှင့်အမျှ ရွှေရောင်ရောင်ခြည်ကို အသုံးပြုရာ၌ ပိုမိုကျွမ်းကျင်လာပြီး ကြေးသွေးရွှေရောင် စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ထပ်မြေ့သည့် ဓားသွားဆယ့်တစ်ခုက ရွှေရောင်ရောင်ခြည်နား ရှိနေ၏။
လိုက်ဖမ်းတာ နာရီပေါင်းများစွာ ကြာသွားသည်။ အဆုံးကျ စုဟိန့်သည် ခံနိုင်ရည်မရှိတော့ပေ။ သူ အချိန်အတော်ကြာ တောင့်တင်းသွားပုံပေါ်ကာ သူ၏ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ မောပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ သူက ဟိန်းဟောက်လိုက်၏။
“ဒါကို မင်း တောင်းဆိုတာပဲ”
စုဟိန့်က နောက်ဆုံး၌ ရပ်တန့်လိုက်တော့သည်။ သူက လက်ဝါးနှစ်ဖက်ကို ပူးကပ်လျက် လက်သင်္ကေတများ ပြုလုပ်လိုက်ပြီး ခဏအကြာ၌ စွမ်းအင်စည်းတံဆိပ်များစွာက သူ့နားတစ်ဝိုက်တွင် ပေါ်လာ၏။
ယွီရှန်းရုန်က လေထဲတွင် သူ၏ဓားကို ဝေ့ယမ်းကာ ရွှေရောင်အလင်းသည် မှောင်မည်းနေသော လေဟာနယ်တစ်ခုလုံးကို လင်းထိန်သွားစေ၏။
စုဟိန့်၏ကိုယ်မှ အနက်ရောင်အလင်းသည် အရပ်မျက်နှာအနှံ့ရှိ ရေနက်ကို မွှေနှောက်သွားတော့သည်။
လေထဲတွင် ဟိန်းဟောက်သံများပေါ်လာတော့သည်။
အဝေးကနေ ညည်းတွားသံသဲ့သဲ့ပေါ်လာပြီး ရေက ငရဲအတိုင်းပင်။
ယွီရှန်းရုန်က သူ၏ပတ်ဝန်းကျင်ကို လေ့လာကာ မျက်မှောင်အနည်းငယ်ကျုံ့လိုက်၏။
ယခုအချိန်တွင် ယွီရှန်းရုန် အာရုံနည်းသွားသောကြောင့် စုဟိန့်က အခွင့်အရေးအရယူလိုက်သည်။ သူသည် လက်နှစ်ဖက်ဖြင့် စိတ်ဝိညာဉ်သဏ္ဌာန်ကို ကိုင်ထားကာ ရှေ့သို့ချီတက်လိုက်တော့သည်။ ကြယ်တာရာဒိုင်ခွက်ပေါ်ရှိ မွေးဖွားဇယားချပ်ငါးခုသည် အနက်ရောင်အလင်းဖြင့် လင်းထိန်နေပြီး တပြိုင်နက်တည်း ပစ်ထုတ်လိုက်၏။
ယွီရှန်းရုန်က သူတို့ကို မရှောင်နိုင်ခဲ့ပေ။ တစ်ချိန်တည်းတွင် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်က ပြန်ရောက်လာပြီး သူနှင့်ပေါင်းစည်းသွားလေ၏။ သူသည် သူ၏သက်တော်ရှည်ဓားကို ကိုင်ဆောင်ထားလျက် လွှဲချလိုက်သည်။
“မင်းရဲ့ကြယ်တာရာဒိုင်ခွက်ကို ဖြိုခွဲမယ်”
တစ်ချိန်တည်းတွင် ကြေးသွေးရွှေရောင် စိတ်ဝိညာဉ်သဏ္ဌာန်သည် လက်နှစ်ဖက်ဖြင့် ရွှေရောင်ရောင်ခြည်ကို ကိုင်ထားကာ သက်တော်ရှည်ဓားဖြင့် ၎င်းကို ဆွဲချလိုက်သည်။
ဓားသည် အလင်းတန်းကို အလွယ်တကူ ဖြတ်တောက်သွားလေ၏။ ကဲ့သို့ ထက်မြေ့သည့် ပွင့်ချပ်ဆယ့်တစ်ခုသည် အလင်းတန်းများကို ထောပတ်အား ဓားပူပူဖြတ်သွားသည့်ပမာ လှီးဖြတ်သွားတော့သည်။ ရုတ်တရက်ပွင့်ချပ်ဆယ့်တစ်ခု စုဝေးသွားတော့သည်။
ဖုန်း
ကြယ်တာရာဒိုင်ခွက်က အက်ကွဲသွားပြီး အထဲကို ချိုင့်သွား၏။
ဘန်း
သက်ရောက်အားသည် စုဟိန့်ရင်ဘတ်ကို ကြယ်တာရာဒိုင်ခွက်ဖြင့် ရိုက်မိသွားစေသည်။ သူက နောက်သို့ လွင့်သွားပြီး သွေးအန်သွားတော့သည်။ သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာပြီး ပျောက်သွားလေ၏။
ဆယ့်တစ်ခုမြောက်ပွင့်ချပ် ဖူးပွင့်ပြီးနောက် သူတော်တော် သန်မာလာတာလား။
စုဟိန့်သည် သူ၏ခန္ဓာကိုယ်ထဲ ဆန်တက်လာသော သွေးချီများကို တောင့်ခံလျက် ယွီရှန်းရုန်ကို အထိတ်တလန့်ကြည့်လိုက်သည်။ ဤတိုက်ခိုက်မှုတစ်ခုတည်းကတင် သူ၏မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးသွားလေ၏။
ယွီရှန်းရုန်သည် သူက ကြယ်တာရာဒိုင်ခွက်ကို ပိတ်ဆို့နိုင်မည် သို့မဟုတ် သူက ၎င်းကို ပြန်ရိုက်နိုင်မည်ဟု ယုံကြည်ချက်ရှိသော်ငြား စုဟိန့်၏ မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့သောကြောင့် သူ အနည်းငယ်အံ့ဩသွားတော့သည်။
“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၆၀၀၀”
အသိပေးစာသည့် လုကျိုးကို သူ၏ ဆင်ခြင်သုံးသပ်နေသော အခြေအနေမှ နိုးထလာစေ၏။
လဝက်ကျော်ကြာသွားပြီဖြစ်သည်။ ယွီရှန်းရုန်၏ လက္ခဏာမရှိသေးပေ။ သူသည် သူ၏ဒုတိယတပည့်ကို ရှာဖွေရန် ရေနက်ဆန်းကြယ်ဂူသို့ သွားရန်တောင် ပြင်ဆင်ခဲ့လေ၏။
ဤကာလအတွင်း အနက်ရောင်ကြာနယ်မြေနှင့် အနီရောင်ကြာနယ်မြေအတွင်း သင်္ကေတလမ်းကြောင်း ဖွင့်ထားပြီးဖြစ်သည်။ ရွှေရောင်နယ်မြေ၊ အနီရောင်နယ်မြေနှင့် အနက်ရောင်နယ်မြေကြား သင်္ကေတများ ပွင့်လာဖို့က အချိန်အတိုင်းအတာတစ်ခုပဲလိုသည်။ သင်္ကတေလမ်းကြောင်း မရှိလျှင်တောင် သူ၏လက်ရှိအဆင့်အတန်းဖြင့် အခြားသောအင်အားစုများသည် သူ့ကို သူတို့၏သင်္ကေတများဖြင့် သူ၏သက်ဆိုင်ရာလမ်းကြောင်းများ ငှားဖို့ ငြင်းဆန်မှာမဟုတ်။
လုကျိုးသည် အမြင်စွမ်းအားအတွက် မန္တာန်ကို တိတ်တဆိတ်ရွတ်ဆိုလိုက်သည်။
သူ မြင်ရသမျှက အမှောင်ထုဖြစ်ပြီး ရုတ်တရက် လှိုင်းခတ်သံများ ကြားလိုက်ရ၏။ ရုတ်တရက် ရွှေရောင်အလင်းက ပေါ်လာ၏။ မှောင်မည်းနေသော လေဟာနယ်ထဲတွင် ပတ်ဝန်းကျင်ကို လင်းထိန်စေသော မီးတစ်စင်းပမာဖြစ်နေသည်။
ဖော်ပြ၍မရသည့် ဧရာမသားရဲသည် ယခုအချိန်၌ ရေနက်၏မျက်နှာပြင်၌ ပေါ်ထွက်လာ၏။ ၎င်း၏ သွေးဆာလောင်သော ပါးစပ်က ပွင့်နေလေသည်။
သားရဲ၏ပါးစပ်ပေါ်တွင် လျင်မြန်စွာ ပြုတ်ကျနေသော စုဟိန့်ရှိ၏။ သူ၏ယခင်လုပ်ရပ်များက ပင်လယ်သားရဲဘုရင်၏ အာရုံစိုက်မှုကို စွဲဆောင်ခဲ့မိသည်။ သူ ငုံ့ကြည့်မိချိန်၌ သူ စိတ်လေးသွားတော့၏။ ပြီးသွားပြီဖြစ်သည်။
စုဟိန့်သည် သူ၏ကြယ်တာရာဒိုင်ခွက်ကို ကောင်းကင်တမျှကြီးအောင် ဖွဲ့တည်လိုက်သည်။ သားရဲ၏ သွေးသံရဲရဲပါးစပ်ကို ပိတ်ဆို့နိုင်ဖို့ယင်းကို မျှော်လင့်နေတာဖြစ်သည်။ သို့သော် ပင်လယ်သားရဲဘုရင်က လေကဲ့သို့ မြန်ဆန်ပြီး စုဟိန့်၏အတွေးကို မြင်နိုင်ပုံပေါ်၏။ သားရေတမျှားမျှားဖြင့် ချက်ချင်းပစ်ခတ်လိုက်တော့သည်။
ဘန်း ဘန်း ဘန်း
ပင်လယ်သားရဲဘုရင်၏တိုက်ခိုက်မှုမှ သက်ရောက်အားသည် ကြယ်တာရာဒိုင်ခွက်ကို လွင့်သွားစေသည်။
သားရဲနီးကပ်နေတာကို မြင်သောအခါ စုဟိန့်က ထိတ်လန့်သွားတော့သည်။
အပေါ်ကနေငုံ့ကြည့်နေသည့် ယွီရှန်းရုန်ကမူ ကြယ်တာရာဒိုင်ခွက်ကို ထွန်းလင်းစေရန် စွမ်းအင်ဓားဖြင့် ပစ်ထုတ်လိုက်သည်။
ဘန်း
ဧရာမသားရဲသည် ကြယ်တာရာဒိုင်ခွက်ကို ကိုက်လျက် ဖျက်ဆီးလိုက်တော့သည်။
စုဟိန့်က နာကျင်စွာအော်လိုက်၏။ သူသည် ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပြီး နောက်ထပ်မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးရပြီဖြစ်သည်။ ကြောက်လန့်မှု၊ စွမ်းအားကင်းမဲ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့က သူ့ဆီရောက်ရှိလာ၏။ အပျက်သဘောခံစားချက် အားလုံးက ရောက်ရှိလာပြီး သူသည် အသံကို ညှစ်လျက်အော်လိုက်၏။
“ယွီရှန်းရုန် ငါ့ကို ကယ်ပါ”