အခန်း (၁၀၄၈-၁၀၅၀)
Vol. 70 Ch. 1048-1050
အခန်း (၁၀၄၈) ပွင့်ချပ်၁၁လွှာ ကျင့်ကြံရေးလမ်းစဥ်
ယွီရှန်းရုန်က သူ့ကို ကယ်ဖို့ မလှုပ်ရှားခဲ့ပေ။ သူက စိတ်ဝိညာဥ်သဏ္ဌာန်ကို ပြန်ရုပ်သိမ်းပြီး အရှိန်အဝါကို ထိန်ထားကာ တိတ်ဆိတ်နေလိုက်၏။ သူက ပင်လယ်သားရဲကို တိတ်တဆိတ်သာ ကြည့်နေလိုက်သည်။
ပင်လယ်သားရဲဘုရင်က စုဟိန့်နှင့် သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို မျက်စိတစ်မှိတ်အတွင်း ဝါးမျိုသွားသည်။
“ဝုန်း”
ပင်လယ်သားရဲဘုရင်၏ ပါးစပ်မှ အသားစများ ထွက်ပေါ်လာသည်။
“ဗွမ်း”
ပင်လယ်သားရဲဘုရင်က ပင်လယ်ထဲ ပြန်လည်ထိုးဆင်းသွားသည်။
ယွီရှန်းရုန်က တိတ်ဆိတ်လျက်သာ ကျန်ရှိနေ၏။ သူ့ ချီရှစ်တိက ရေနက်ဆန်းကြယ်ဂူသည် အဆုံးမဲ့ပင်လယ်ထက် အန္တရာယ်များကြောင်း ပြောပြခဲ့ဖူးသည်။ အားအကောင်းဆုံး သားရဲများက အကြမ်းတမ်းဆုံး ပတ်ဝန်းကျင်မျိုးတွင် မွေးဖွားလာကြသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ရေနက်ဆန်းကြယ်ဂူအတွင်း သူ့ဘေးကင်းမှုကို သေချာစေဖို့အတွက် သူ့အနေဖြင့် တတ်နိုင်သမျှ တိတ်ဆိတ်နေပြီး အရှိန်အဝါကို ထိန်းချုပ်ထားရမည်။ မဟာလေဟာနယ်စွမ်းအား ပိုင်ဆိုင်ထားသူများအတွက် အထူးသဖြင့် ဂရုစိုက်ရမည်။ မဟာလေဟာနယ် စွမ်းအား ရှိထားသည့်သူများက ထိုသားရဲများအတွက် နတ်သုဒ္ဓါအလား ဖြစ်၏။
“ဗွမ်း”
ထိုစဥ် ပင်လယ်သားရဲဘုရင်က ရေထဲမှ တဖန်ထွက်ပေါ်လာသည်။ ထိုအရာက ပေတစ်ထောင် မြင့်မားစွာ ခုန်လိုက်ပြီး ရေထဲ ပြန်လည်ထိုးဆင်းသွား၏။
ရေမှ လှိုင်းလုံးများ ထွက်ပေါ်လာပြီးနေရာတိုင်း ရေစက်များ ဖြာကျလာသည်။
အချိန်အတော်ကြာပြီးသည့်နောက်တွင် တိတ်ဆိတ်မှုက ပြန်လည်ရောက်ရှိလာ၏။ အသံ မရှိသလို အလင်းရောင်လည်း မရှိပေ။
ယွီရှန်းရုန်က ပြောလိုက်သည်။
“နှမြောစရာပဲ။ ငါ့ဓားအောက်မှာ သေသင့်တာ”
သူက မည်းမှောင်နေသည့် လေဟာနယ်ကို ကြည့်ကာ ညာဘက်လက်ကို မြှောက်လိုက်သည်။ ထိုစဥ် ရွှေရောင်ရောင်ဝါတစ်ခု ထွက်ပေါ်လာ၏။ ပွင့်ချပ် ၁၁လွှာက အပ်ငယ်လေးများကဲ့သို့ ရောင်ဝါ၏ ဗဟိုချက်ကို ညွှန်ပြနေလေသည်။ ထိုအရာက အတော်လေး လှပ၏။
“ဒါက ရောင်ဝါလား။ ဒါမှမဟုတ်ဘူးဆိုရင် ကြယ်တာရာဒိုင်ကွက် အကွင်းလား” သူက တွေးလိုက်မိသည်။
ယွီရှန်းရုန်၏ ကျင့်ကြံရေးနည်းစနစ်က ပထမဦးဆုံး ဖြစ်၏။ ထို့ကြောင့် သူသည် ယခု မည်မျှ အားကောင်းနေမှန်း မသိပေ။ သို့သော်လည်း စုဟိန့်နှင့်တိုက်ပွဲအပေါ် မူတည်၍ အကြမ်းဖျင်း မွေးဖွားဇယားချပ်၅ခု ကျင့်ကြံသူလောက်ရှိကြောင်း ပြောနိုင်လေသည်။ ထိုအချိန်တွင် သူက စမ်းသပ်ကြည့်ပြီးမှ ပိုမိုသိလာလိမ့်မည်။
စုဟိန့်က မွေးဖွားဇယားချပ် ၅ခု ကျင့်ကြံသူများထဲ သိပ်ပြီးအားကောင်းမည့်ပုံ မပေါ်ချေ။ နေရာတိုင်းတွင် ပညာရှင်များစွာ ရှိသည့်အတွက် မွေးဖွားဇယားချပ် ၆ခု ကျင့်ကြံသူနှင့် ဓားရေးယှဥ်နိုင်မည့် အခွင့်အရေး ရလာနိုင်သည်။ မည်သို့ပင် ဆိုစေကာမူ အတားအဆီးကို ချိုးဖြတ်နိုင်ခဲ့သည်။
ယွီရှန်းရုန်က အသက်ရှည်ဓားကို မထုတ်ခင် အနက်ရောင်အဆောင်တစ်ခုကို ထုတ်ပြီး အသက်သွင်းလိုက်သည်။
စီးဝူယာ့က သူ ပေါ်ထွက်လာသည်ကို မြင်သည့်အခါ စိုးရိမ်စွာ မေးလာသည်။
“အာ့ရှစ်ရှိုး ဘယ်မှာလဲ”
“ငါ အဆင်ပြေပါတယ်”
“လီရှောင်မော့က အာ့ရှစ်ရှိုး ချောက်နက်ထဲ ကျသွားတယ်လို့ ပြောတယ်။ အခု လိုက်ရှာနေကြတာ။ မဆင်မခြင် လျှောက်မသွားနဲ့နော်”
စီးဝူယာ့က ပြောလိုက်သည်။
“ဒါက ပြဿနာသေးသေးလေးပါ။ မစိုးရိမ်နဲ့”
ယွီရှန်းရုန်က ပြောလိုက်သည်။
စီးဝူယာ့က ခေါင်းညိတ်ကာ “ကောင်းပါပြီ။ ဒီရက်တွေမှာ ရှစ်စွင်းကလည်း အတော်လေးကို စိုးရိမ်နေတာ”
“အင်း”
စီးဝူယာ့က ယွီရှန်းရုန်၏ အသံကို ကြားရသော်လည်း သူ့အမူအရာ အပြောင်းအလဲကို မမြင်ရပေ။ အဆုံးသတ်တွင် သူက ပြောလိုက်၏။
“ ထားလိုက်ပါတော့ … အာ့ရှစ်ရှိုးပြန်လာမှ ပြောကြမယ်”
“ရှစ်စွင်းကို စိတ်မပူဖို့ ပြောလိုက်အုံး။ ငါက ဘယ်တုန်းက တာဝန်ကျရှုံးဖူးလို့လဲ”
ယွီရှန်းရုန်က ပြောလိုက်၏။ ထို့နောက် အဆောင်က လောင်ကျွမ်းသွားသည်။
ထိုစဥ် အသက်ရှည်ဓားက ထွက်ပေါ်လာသည်။ ယွီရှန်းရုန်က ထိုအပေါ်တက်ကာ ပျံသန်းလိုက်၏။ ဓားအပေါ်ရှိ သင်္ကေတများက ခပ်ယဲ့ယဲ့ တောက်ပနေပြီး အမှောင်ထုထဲတွင် ကြယ်တာရာအလား တောက်ပနေသည်။
…………….
လုကျိုးက မျက်လုံးကို ဖွင့်ပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
“ပွင့်ချပ် ၁၁လွှာလား”
“ဒါက ဘယ်လိုကျင့်ကြံရေး လမ်းစဥ်လဲ။ သူ့ကို ထားလိုက်ပါအုံး။ ဘုံတစ်ထောင်လေပွေအဆင့် ဖွဲ့စည်းထားတာ ကြာတဲ့ ကျင့်ကြံသူတွေတောင် ဒီဟာကို နားလည်နိုင်မှာ မဟုတ်ဘူး...”
ပို၍အရေးကြီးသည်က ယွီရှန်းရုန်သည် ဘေးကင်းနေသည့်အတွက် သူ့အနေဖြင့် စိတ်အေးရလေပြီ။
ပွင့်ချပ် ၁၁လွှာကိစ္စနှင့် ပတ်သက်လာသည့်အခါ သူက ဆက်လက် စုံစမ်းရပေအုံးမည်။
သူက ထရပ်ကာ ခန်းမထဲရှိ မီးတောက်ကို ကြည့်လိုက်၏။ တိုက်တိုက်ဆိုင်ဆိုင် မီးတောက်က ငြိမ်းသတ်သွားသည်။
“တင်း ခရမ်းရောင်တောက်ပသံကျောက်ကို ပေါင်းစည်းရေးအဆင့်အဖြစ် အောင်အောင်မြင်မြင် အဆင့်မြှင့်တင်ပြီးသွားပါပြီ။ ပစ္စည်းအတွက် ပြန်လည်ကောင်းမွန်နှုန်းက နှစ်ဆ ဖြစ်လာပါပြီ။ ရေခဲစည်းတံဆိပ်ဆိုတဲ့ စွမ်းရည်အသစ်ကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
“ရေခဲစည်းတံဆိပ်ဆိုတာက ခရမ်းရောင်တောက်ပ သံကျောက်ထဲက စွမ်းအားတွေအားလုံးကို တစ်ပြိုင်တည်း ထုတ်နိုင်တဲ့ တိုက်ကွက်တစ်ခုပါ။ စွမ်းအားတွေက ပြန်လည်အားဖြည့်နိုင်ပေမဲ့ ပြန်လည်ဖြည့်နေတဲ့ အချိန်တွေအတွင်းမှာ အသုံးပြုလို့ မရပါဘူး”
လုကျိုးက လက်မြှောက်ကာ ခရမ်းရောင်တောက်ပသံကျောက်ကို ကိုင်ကြည့်လိုက်သည်။ ခရမ်းရောင်တောက်ပသံကျောက်က သူ့လက်နှင့် ထိတွေ့သည့်အခါ အရိုးအေးလုမတက် အအေးဓာတ်ကို ခံစားမိလိုက်၏။
“ဒါက ပင်လယ်စိတ်ဝိညာဥ်ပုလဲဆီက စွမ်းရည်နဲ့ တူနေတာလား။ ဒီအအေးစွမ်းအားက...”
သူ့ဆံပင်များပင် ထောင်မတ်သွားသည်။ သူက စွမ်းအားကို မထုတ်လွှတ်ရသေးသော်လည်း အလိုလို ထုတ်လွှတ်နေသည့်စွမ်းအားက အတော်လေး ပြင်းထန်နေပြီ ဖြစ်၏။ အကယ်၍ စွမ်းအားအပြည့်သာ ထုတ်လွှတ်လိုက်ပါက မည်မျှပင် ကြောက်ဖို့ကောင်းလိုက်မည်နည်း။ ထို့နောက် သူက ခရမ်းရောင်တောက်ပသံကျောက်ကို လေထဲမြှောက်ကာ ဘေးပတ်လည်ကို လျှောက်ကြည့်ရင်း လေ့လာကြည့်လိုက်သည်။
ခရမ်းရောင်တောက်ပသံကျောက် ဝန်းကျင်တွင် ခရမ်းဖျော့ အငွေ့အသက်တစ်ခုကို မြင်လိုက်ရ၏။ ထိုအရာက နဂိုပုံစံတွင် မမြင်ရသော်လည်း ယခုအခါ ခရမ်းရောင် အလင်းဘောလုံးသဖွယ် ဖြစ်နေ၏။
“ပေါင်းစည်းရေးအဆင့်လား”
လုကျိုးက အမည်မဲ့ကို ခေါ်ထုတ်လိုက်သည်။
ထိုအရာက နဂိုပုံစံအတိုင်းဖြစ်ပြီး အနက်ရောင် ကျောက်တုံးပုံစံ ဖြစ်၏။
“အမည်မဲ့ကလည်း ပေါင်းစည်းရေးအဆင့်လား”
ထိုစဥ် သူက ခေါင်းခါလိုက်သည်။
သူက အမည်မဲ့သည် ပေါင်းစည်းရေးအဆင့်ထက် ကျော်လွန်နေကြောင်း ခံစားချက်ရနေ၏။
အဆင့်များစွာရှိပြီး အနက်ရောင်၊ အဝါရောင်၊ မြေကမ္ဘာ၊ကောင်းကင်၊ ပြိုင်ဘက်ကင်း၊ လွှမ်းမိုးနှင့် ပေါင်းစည်းရေးအဆင့်တို့ ဖြစ်ကြသည်။ ပေါင်းစည်းရေးအဆင့်ကို စကြဝဠာအဆင့်ဟုလည်း သိကြ၏။ စကြဝဠာကအဆင့်သည် သူကိုယ်တိုင်ကိုက အဆုံးမဲ့ တည်ရှိလေသည်။
လုကျိုးက ခေါင်းခါလိုက်ပြီး အတွေးများကို ဖယ်ရှားလိုက်သည်။ သူက ခရမ်းရောင် တောက်ပသံကျောက် ဝန်းကျင်တွင် ရှိနေသည့် ခရမ်းရောင် အငွေ့များကို ကြည့်လိုက်၏။
ခရမ်းရောင် အငွေ့တွေက အရှေ့ဘက်ကလာတယ်ဆိုတဲ့ စကားပုံတစ်ခု ရှိဖူးတယ်။ ဒါက လူတွေကို စုန်းကျင့်စဥ်နဲ့မတူဘဲနဲ့ သက်တောင့်သက်သာ ခံစားချက်မျိုးပေးတယ်...။
“ပြန်သိမ်းမယ်”
လုကျိုးက ခရမ်းရောင်တောက်ပသံကျောက်ကို သိမ်းဆည်းပြီးသည့်နောက်တွင် ရှန်ရှီအား ပွင့်ချပ် ၁၁လွှာအကြောင်းကို မေးဖို့ ခေါ်လိုက်သည်။ ရှန်ရှီကလည်း ဘာမှမသိပေ။ သူက စီးဝူယာ့နှင့် အကြီးအကဲ၄ယောက်နှင့် ထိုကိစ္စကို သင်္ကေတကို အသုံးပြုကာ ဆွေးနွေးခဲ့သည်။ တူညီလှစွာ သူတို့ကလည်း ပွင့်ချပ် ၁၁လွှာအကြောင်း ဘာမှမသိကြပေ။
စီးဝူယာ့က စာကောင်းကောင်းဖတ်သူ ဖြစ်၏။ အကယ်၍ သူသာ ပွင့်ချပ်၁၁လွှာအကြောင်း မသိပါက တခြားသူများလည်း သိမည် မဟုတ်ပေ။ လုကျိုးက ရှေးကျသည့်သူများကို မမေးသ၍ သိလာမည် မဟုတ်ပေ။
ရှည်ကြာစွာ နေထိုင်ခဲ့သည့်သူများကသာ သာမန်လူများထက် ပိုမို ဗဟုသုတ ရှိလိမ့်မည်။ သူတို့က သူတို့နေထိုင်ခဲ့သည့် ရှည်ကြာလှသည့် သက်တမ်းကြောင့် အတိတ်ကြောင်း နက်နက်နဲနဲ နားလည်ထားကြ၏။ သို့သော် မိစ္ဆာဝေဟင်မျှော်နန်းတွင် ထိုသို့လူမျိုး မရှိပေ။
ထို့နောက် သူက ယန်ကျန်းလော့ကို ခေါ်ကာ မေးလိုက်သည်။
ယန်ကျန်းလော့က ပြောလိုက်၏။
“ပွင့်ချပ်၁၁လွှာလား။ အဲဒီအကြောင်းကို ဘာမှမသိဘူး။ ဒါပေမဲ့ လုလီကို မေးကြည့်လို့ ရတယ်”
လုကျိုးက ယန်ကျန်းလော့အား ကြည့်ကာ မေးလိုက်သည်။
“ငါက အခု လုလီကို ခေါ်သင့်တယ်လို့ ပြောတာလား”
“အဲလိုပြောတာ မဟုတ်ပါဘူး။ ပွင့်ချပ် ၁၁လွှာအကြောင်းကို တစ်ခါမှ မကြားဖူးလို့ပါ။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းတို့ရဲ့ မျှော်စင်သခင်ကိုတော့ မေးကြည့်လို့ရတယ်။ ဒါမှမဟုတ်ဘူးဆိုရင် တာ့ယွမ်ရဲ့ တော်ဝင်ခုံရုံးက လူအိုကြီးတွေကို မေးကြည့်လို့ရတယ်။ ရှောင်ယွမ်ဟယ် ဒီမှာ မရှိတာ နှမြောစရာပဲ”
လုကျိုးက ခေါင်းညိတ်လိုက်သည်။
ထိုကိစ္စက အရေးပါသည့်အတွက် အလေးအနက် မှတ်ယူရမည်။ ထိုအရာက ယွီရှန်းရုန် တစ်ယောက်တည်းကြောင့် သာမဟုတ်ဘဲ ရွှေကြာနယ်မြေနှင့် ကျင့်ကြံသူအားလုံးတို့၏ အနာဂတ်နှင့် ပတ်သက်နေသည်။
ထိုစဥ် ယွီကျန့်ဟိုင်က အခန်းသို့ လျှောက်လှမ်းလာကာ “ရှစ်စွင်း အာ့ရှစ်တိရဲ့ သတင်း ရလာတယ်”
လုကျိုးက လက်ဝှေ့ကာ ပြောလိုက်သည်။
“ငါ သိပြီးပြီ”
“အာ...”
“ငါ ဘာမှမပြောရသေးဘူး။ ဘယ်လိုသိသွားပါလိမ့်” လုကျိုးက ယွီကျန့်ဟိုင်၏ တုံ့ပြန်မှုကို အာရုံမစိုက်ပေ။ ထိုအစား သူက ပွင့်ချပ်၁၁လွှာနှင့် မဟာလေဟာနယ်အကြောင်းကို စဥ်းစားနေသည်။
ခေတ္တမျှ ကြာမြင့်ပြီးသည့်နောက်တွင် လုကျိုးက ယန်ကျန်းလော့အား ကြည့်ကာပြောလိုက်သည်။
“ အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းက ပူးပေါင်းပြီးတော့ မဟာလေဟာနယ် စူးစမ်းရှာဖွေရေးကို သွားခဲ့ကြတာလေ။ အဲဒီတုန်းက ဘာတွေသိထားလဲ”
ယန်ကျန်းလော့က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“လူတော်တော်များများက မဟာလေဟာနယ် စူးစမ်းရှာဖွေရေးအကြောင်းကို သိကြတယ်။ ဒါပေမဲ့ အသေးစိတ်နဲ့ အမှန်တရားကို သိတာ လူနည်းနည်းပဲ ရှိတယ်။ ပါဝင်ယှဥ်ပြိုင်တဲ့လူထဲမှာ အသက်ရှင်တဲ့လူက နည်းနည်းပဲ ရှိတယ်။ မျှော်စင်သခင် လန်ရှီဟယ်က အသက်ရှင်ကျန်ခဲ့သူတွေထဲက တစ်ယောက်ပဲ”
လုကျိုးကလည်း ထိုအရာကို တွေးမိလေသည်။ သူ့အနေဖြင့် မဟာလေဟာနယ်အကြောင်းကို နားလည်ဖို့အတွက် အဖြူရောင်မျှော်စင် အဖွဲ့အစည်းကို သွားဖို့ လိုအပ်နေသည်။
လန်ရှီဟယ်က အနည်းဆုံး မွေးဖွားဇယားချပ် ၁၂ခု ရှိထားသည့်အတွက် အကြာကြီး နေခဲ့ပြီးလောက်လေပြီ။ သူ့အနေဖြင့် ပွင့်ချပ် ၁၁လွှာအကြောင်း မေးဖို့ အခွင့်အရေး မှန်းဆမိလိုက်၏။
သူက ကျောက်ခဲတစ်လုံးဖြင့် ငှက်များစွာကို ပစ်နိုင်လိမ့်မည်။
ခဏအကြာတွင် လုကျိုးက ပြောလိုက်သည်။
“အရင်ဆုံး အနီရောင်ကြာနယ်မြေဆီ သွားပြီးတော့ နဉ်ဝမ်ချင်းကို သွားခေါ်ခဲ့။ ပြီးရင် အဖြူရောင်မျှော်စင်အဖွဲ့အစည်းကို သွားမယ်”
ယွီကျန့်ဟိုင်နှင့် ရှန်ရှီတို့က တစ်ပြိုင်နက် ဦးညွှတ်လိုက်ကြသည်။
“ဟုတ်ကဲ့”
.............................
အဖြူရောင်မျှော်စင်အဖွဲ့အစည်း
ပေတစ်သိန်းမြင့်မားသည့် အဖြူရောင်မျှော်စင်အထက်
လန်ရှီဟယ်၏ ဆံပင်များက ကျောပေါ်ဖြာကျနေပြီး အဝေးတစ်နေရာမှ ရှုခင်းအား ကြည့်ရှုနေသည်။
ထိုစဥ် အပြာဝတ်အမျိုးသမီးက မနေနိုင်ဘဲ မေးလိုက်၏။
“ဆရာ … မိစ္ဆာအိုကြီးလုက မဟာလေဟာနယ်ကလား”
ထိုအချိန်အတွင်း လန်ရှီဟယ်က ငေးမောနေပြီး ဘာမှလုပ်ချင်စိတ် မရှိပေ။
လန်ရှီဟယ်က ပြန်ဖြေလိုက်သည်။
“ဖြစ်နိုင်ပါတယ်”
…
အခန်း (၁၀၄၉) ကြယ်တာရာစုဝေးရေး အစီအရင်
အပြာဝတ်အမျိုးသမီးသည် လန်ရှီဟယ်၏ မျက်နှာပေါ်၌ စိတ်မရှည်သည့်အမူအရာ ပေါ်လာတာကို မြင်သောအခါ ပြောလိုက်၏။
“မင်း ထွက်သွားလို့ရပြီ။ တစ်ယောက်တည်းနေချင်တယ်”
“နားလည်ပါပြီ” ထိုအမျိုးသမီးသည် ထပ်မမေးရဲဝောာ့ဘဲ နာနာခံခံထွက်သွားရုံသာ တတ်နိုင်သည်။
အပြာဝတ်အမျိုးသမီးသည် အဖြူရောင်မျှော်စင်ထိပ်မှာ ဆင်းသက်လာပြီးနောက် အဖြူရောင်မျှော်စင်အဖွဲ့အစည်းမှ အကြီးအကဲများသည် သူမနား၌ တစ်ယောက်ပြီးတစ်ယောက် ဝိုင်းလာလေ၏။
အကြီးအကဲတစ်ယောက်က မေးလိုက်သည်။
“မျှော်စင်သခင်က ကျုပ်တို့ကို မတွေ့ချင်ဘူးလား”
အပြာဝတ်အမျိုးသမီးက ခေါင်းခါပြီးပြောလိုက်တော့သည်။
“ကျွန်မ မထွက်လာခင် သိပ်မပြောလိုက်ရဘူး။ မျှော်စင်သခင်ရဲ့စိတ်နေသဘောထားကို ရှင်တို့ သတိပြုမိတာပဲ။ သူမ စကားတည်တဲ့သူ။ စောင့်နေတာ ပိုကောင်းမယ်။ စိတ်အခြေအနေ ပိုကောင်းလာတော့မှ ပြောလိုက်မယ်”
“ခဏလေး ... အခု တခြားကိစ္စကို ဂရုမစိုက်နိုင်သေးဘူး။ ရွှေကြာနယ်မြေက မိစ္ဆာအိုကြီးလုက အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အဖွဲ့သားတွေ ဆက်တိုက်ပြိုလဲသွားတဲ့အတွက် တာဝန်ရှိတဲ့သူဆိုတာ သိချင်တယ်” အကြီးအကဲတစ်ယောက်က မေးလိုက်၏။
အပြာဝတ်အမျိုးသမီးက အကြီးအကဲကို တစ်ချက်ကြည့်ပြီးပြောလိုက်သည်။
“ကျွန်မ မျက်စိနဲ့ကိုယ်တိုင်တွေ့ခဲ့တာ”
“...”
“ဟုတ်ပြီ။ မျှော်စင်သခင် စိတ်အခြေအနေပိုကောင်းလာမှ စကားပြောကြတာပေါ့”
အပြာဝတ်အမျိုးသမီးက ဆုတ်ခွာသွားသော အကြီးအကဲများ၏ နောက်ကျောကို ဆွံ့အစွာကြည့်နေမိသည်။
“သူတို့ကို ဖြေရှင်းဖို့ ခက်ခဲမယ်ထင်နေတာ။ ဒါပေမဲ့ ဒီအတိုင်း ပြီးသွားတယ်တဲ့လား”
အနီရောင်ကြာနယ်မြေ၏ မြို့တော်တွင်ဖြစ်သည်။
လီယွင်ကျန်းက လုကျိုးသည် အဖြူရောင်ကြာနယ်မြေအဖွဲ့အစည်းသို့သွားရောက်လည်ပတ်မည့်အကြောင်းကြားသောအခါ သူသည် မြို့တော်သို့ စီးဝူယာ့ကို ပြန်လည်ဖိတ်ကြားရန် ကောင်းကင်သိုင်းခုံရုံးသို့ လာခဲ့သည်။
“ဒီတော့ ဆရာကကော အဖြူရောင်မျှော်စင်အဖွဲ့အစည်းကို သွားနေတာလား” စီးဝူယာ့က အံ့ဩပုံမရပေ။
“ဆရာဘိုးဘိုးက အနက်ရောင်မျှော်စင်အဖွဲ့သားတွေရဲ့ မွေးဖွားဇယားချပ်တွေကို ဆက်တိုက်ဖျက်ဆီးပြီး အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှာ သူ့ရဲ့စွမ်းရည်ကို ပြသခဲ့တယ်လို့ ကြားခဲ့တယ်။ အနည်းတော့ မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးသွားကြာတ။ ဒါတင်မကဘူး မျှော်စင်တွေကိုလည်း ဖျက်ဆီးခဲ့တယ်။ ပြီးတော့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့လန်ရှီဟယ်က ကြွက်တစ်ကောင်လိုပြေးသွားတယ်။ ဒါ အမှန်ပဲလား”
လီယွင်ကျန်းသည် ရှန်ရှီက ချဲ့ကားပြောနေသည်ဟု ခံစားမိသည်။ သို့သော် မသေချာပေ။ ထို့ကြောင့် သူသည် စီးဝူယာ့ကို မေးရန် ဆုံးဖြတ်လိုက်၏။
“အမှန်ပဲ။ အရင်တုန်းကသာဆိုရင် ရှစ်စွင်းက သူတို့ကို မွေးဖွားဇယားချပ်တစ်ခုမှတောင် မချန်မှာ စိုးရတယ်” စီးဝူယာ့က ပြောလိုက်၏။
“ဆရာဘိုးဘိုးက အရင်တုန်းက သိပ်ကြမ်းတမ်းခဲ့တာလား” လီယွင်ကျောက်က မေးလိုက်၏။ သူသည် လုကျိုး၏အတိတ်အကြောင်း အမြဲတစေသိချင်နေခဲ့သည်။
လီယွင်ကျန်းသည် စီးဝူယာ့က ရှန်ရှီကဲ့သို့ပင် လုကျိုးအကြောင်း ကြွားဝါပြောခဲ့သည်ဟု ယူဆခဲ့မိသည်။ သို့သော်ငြား စီးဝူယာ့ သက်ပြင်းချပြီး ပြောလိမ့်မည်ဟု မထင်ထားပေ။ “အတိတ်အကြောင်းမပြောရအောင်”
“ဆရာ ကျွန်တော် သိချင်တယ်” လီယွင်ကျန်းက စိတ်အားထက်သန်စွာ မေးလိုက်၏။
စီးဝူယာ့၏အမူအရာက တောင့်တင်းသွားပြီးနောက် မျက်မှောင်ကျုံ့ကာ ပြောလိုက်တော့သည်။
“တိုင်းပြည်ရဲ့အုပ်စိုးသူတစ်ယောက်အနေနဲ့ မင်းမှာ ဒီလောက်တောင် အချိန်တွေ ပိုနေတာလား”
“အမ်း” လီယွင်ကျန်းသည် သူ့ကို တစ်စုံတစ်ယောက်က ရေအေး ပုံးလိုက်လောင်းချလိုက်သည့်ပမာ ခံစားလိုက်ရသည်။ သူက အမြန်ပြောလိုက်၏။
“ကျွန်တော် အခု မှတ်တမ်းတွေဖတ်ဖို့ ပြန်ရမယ်”
လီယွင်ကျန်းးထွက်သွားပြီးနောက် စီးဝူယာ့သည် စားပွဲပေါ်တွင် တောက်ပနေသည့် ရွှေရောင်မြေပုံကို ကြည့်ပြီးနောက် သူ၏ ကိုယ်ပိုင်စာကြည့်ခန်းသို့ သွားလိုက်၏။
ပြီးနောက် သူသည် မင်ရှစ်ရင်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ရဦ မင်ရှစ်ရင်ကို ဆက်သွယ်လို့ မရမှန်း တွေ့လိုက်ရ၏။ သူ လက်လျှော့ရုံသာ ရှိတော့သည်။
စီးဝူယာ့က မြင့်မြတ်သော အမွေအနှစ်ခန်းမသို့ သွားရန် ဆုံးဖြတ်လိုက်၏။ ထိုကာလအတွင်း မိစ္ဆာဝေဟင်မျှော်နန်းမှ လူများသည် ထိုအခန်း၌ ကျင့်ကြံနေ၏။ အချို့က လက်နက်များသွန်းလုပ်နေကြသည်။
စီးဝူယာ့သည် သူ၏ဆရာတူတပည့်များကို မီးဝိညာဉ်ကျောက်တုံးကိုးခု မပေးခဲ့ပေ။ ထိုအစား သူသည် အကြီးအကဲသုံးဦးကို သူတို့လက်နက်များ မြှင့်တင်ရန်ပေးခဲ့သည်။ ကျော့ယွီရှု၏ နဂါးရစ်ခွေတောင်ဝှေး၊ ဖန်လီထန်း၏ သေရည်
ဗူးသီးခြောက်၊ လန်လော့၏ အစက်အပြောက်မဲ့ဓားမြှောင်။ ဝမ်တာ့ချွေ့နှင့် ကျန်သည့်သူများ၏ အကူအညီဖြင့် လဝက်ကျော်သွန်းလုပ်ပြီးနောက် သူတို့လက်နက်များက ယခုဆို ပြိုင်ဖက်ကင်းဖြစ်နေပြီဖြစ်ကာ တောက်ပကျောက်တုံးထက် ပိုကောင်း၏။ မီးဝိညာဉ်ကျောက်တုံးများ ကျန်နေသေးသော်ငြား လွှမ်းမိုးအဆင့်သို့ မြှင့်တင်ရန်မလုံလောက်ပေ။ ထို့အပြင် ယခုအချိန်တွင် လက်နက်များကို လွှမ်းမိုးအဆင့်သို့ မြှင့်တင်ရန်မလိုအပ်ချေ။ ယခု မီးဝိညာဉ်ကျောက်တုံး ခြောက်ခုသာ ကျန်တော့သည်။
ယွီရှန်းရုန်က ရေနက်ဆန်းကြယ်ဂူထဲတွင် အေးခဲခံထားရစဉ် အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးသို့ အခြားသော ပစ္စည်းများအပြင် မီးဝိညာဉ်ကျောက်တုံး အခု ၂၀ ပေးဖို့ ကတိပေးခဲ့သည်။ လူတိုင်း၏လက်နက်များ အဆင့်မြှင့်တင်ဖို့က အချိန်အတိုင်းအတာတစ်ခု အထိပဲ လိုလိမ့်မည်။
ထိုစဉ်
ဘန်း ဘန်း ဘန်း
“စန်းရှစ်ရှိုး လုပ်နိုင်ပါတယ်”
ရှောင်ယွင်အာနှင့် ခရုလေးက ဘေးတွင်ရပ်ကာ အားပေးလျက် လက်ခုပ်တီးနေကြတော့သည်။
စီးဝူယာ့က လျှောက်သွားလျက် ကွင်းပြင်ကို ကြည့်လိုက်သည်။
ဟွားဝူတောက်သည် တွမ့်မူရှန်းကို ဖိနှိပ်ရန် လေးထောင့်သေတ္တာကို သုံးလိုက်၏။ ရံဖန်ရံခါတွင် သူသည် လျို့ဟယ်တာအိုစည်းတံဆိပ်ကို သုံးကာ တွမ့်မူရှန်း၏တိုက်ခိုက်မှုများကို ချေဖျက်ပေးနေ၏။
“မပြည့်စုံသော နတ်ဒေဝါဖြန်ဖြေခြင်း”
တွမ့်မူရှန်းက လေးထောင့်သေတ္တာ၏ဖိနှိပ်မှုကို ရှောင်ရှားပြီး ပျံသန်းလိုက်၏။ သူက ထိပ်သို့ ပျံသန်းပြီးနောက် အောက်ကို ထိုးစိုက်လိုက်သည်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
စီးဝူယာ့က ခေါင်းခါလိုက်၏။ “ထပ်ပြီးတော့လား”
စီးဝူယာ့သည် မြင်ကွင်းကို ထပ်တလဲလဲကြည့်ပြီး ပင်ပန်းလာပြီဖြစ်သည်။
ဖုန်း
လေးထောင့်သေတ္တာကျရောက်လာ၏။ တစ်ချိန်တည်းတွင် လျှို့ဟယ်တာအိုစည်းတံဆိပ်က ပေါ်ထွက်လာပြီး တွမ့်မူရှန်းကို လွင့်ထွက်သွားစေ၏။ သူက တစ်ပတ်လည်ပြီးနောက် မြဲမြံစွာ ရပ်လိုက်၏။
ဖန်လီထန်းက ပြောလိုက်၏။
“တတိယသခင်လေးရဲ့ အုတ်မြစ်က အံ့ဩစရာပဲ။ သူ့ကို လေးထောင့်သေတ္တာရဲ့ဖိနှိပ်မှုအောက် မကျရောက်ဖို့က မလွယ်ဘူး”
“အမှန်ပဲ။ နဝမြောက်ပွင့်ချပ်ဖူးပွင့်လာတာနဲ့ အကြီးအကဲဟွားက သူ့ကို မယှဉ်နိုင်တော့ဘူး”
မည်သို့ပင်ဆိုစေ တွမ့်မူရှန်းက အလွန်မကျေမနပ်ဖြစ်နေ၏။ သူက ခေါင်းခါလျက် သူ၏နယ်ရှင်လှံကို တင်းကြပ်စွာ ဆုပ်ကိုင်ထားတော့သည်။
လေထုအခြေအနေမူမမှန်တာကို အာရုံခံမိသောအခါ စီးဝူယာ့က အမြန်ပြောလိုက်၏။
“ရှစ်စွင်းက အဖြူရောင်မျှော်စင်အဖွဲ့အစည်းကို သွားမှာ။ ဘယ်သူကများ ရှစ်စွင်းနဲ့ အတူလိုက်ချင်လဲ”
ထင်သည့်အတိုင်း ရှောင်ယွင်ဟယ်က အမြန်လက်မြှောက်လိုက်၏။
“ချီရှစ်ရှိုး ညီမလိုက်သွားချင်တယ်”
ပြီးနောက် ခရုလေးကလည်း ဝင်ပြော၏။
“ကျိုးရှစ်ကျဲ သွားမယ်ဆို ညီမလည်း လိုက်ချင်တယ်”
စီးဝူယာ့က ခေါင်းညိတ်လိုက်တော့သည်။
“ဟုတ်ပြီ” ပြီးနောက် သူသည် တွမ့်မူရှန်းကို ကြည့်ပြီး မေးလိုက်တော့၏။
“စန်းရှစ်ရှိုး ရှစ်ရှိုးကကော”
တွမ့်မူရှန်းက ခေါင်းခါပြီးပြောလိုက်သည်။ “မဟုတ်ဘူး ငါ မသွားဘူး။ ငါ အချိန်ကာလတစ်ခုအထိ ကျင့်ကြံဖို့ စိတ်ကူးထားတယ်”
“ဟုတ်ပြီ”
အကြီးအကဲလေးဦးသည် အဖြူရောင်မျှော်စင်အဖွဲ့အစည်းသို့ သွားရန် အနေခက်နေကြ၏။ သူတို့၏ ကျင့်ကြံမှုက အတော်လေးအားနည်းကြောင်း သိသည်။ သူတို့သွားခဲ့လျှင် သူတို့ ဝန်ထုပ်ဝန်ပိုးအဖြစ် အဆုံးသတ်သွားလိမ့်မည်။ သူတို့အစွမ်းထက်ပြီး လွှမ်းမိုးနိုင်သည့်နေ့ရက်များက ကုန်လွန်သွားပြီဖြစ်၏။ သူတို့ခံစားချက်မကောင်းပေ။ ထို့ကြောင့် တွမ့်မူရှန်း၏ ခံစားချက်ကို သူတို့နားလည်ကြသည်။
ထိုစဉ် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ အစီအရင်ပညာရှင် ဟွမ်းယွီက ခေါင်မိုးပေါ်တွင် ပေါ်လာ၏။ သူက အကြီးအကဲလေးဦးနှင့် တွမ့်မူရှန်းကို ကြည့်ပြီး ပြောလိုက်တော့သည်။
“ကောင်းကင်သိုင်းခုံရုံးမှာ ဒီနေရာရဲ့မြောက်ဖက် မိုင်သုံးဆယ်အကွာမှာ ကျင့်ကြံရေးနေရာရှိတယ်။ စိတ်မရှိရင် အဲ့မှာ ကျင့်ကြံလို့ရတယ်”
တွမ့်မူရှန်းက ခေါင်းမော့ပြီးပြောလိုက်၏။ “တကယ်လား”
ဟွမ်းယွီက ပြုံးပြီးပြောလိုက်သည်။
“တကယ်ပေါ့။ ဒီကျင့်ကြံရေးကုန်းမြေက မွန်မြတ်တဲ့မြေလိုပဲ။ တည်ရှိလာတာ နှစ်ပေါင်း ဘယ်လောက်ကြာမှန်း မသိဘဲ ရှေးဟောင်းအခင်းအကျင်းတစ်ခုရှိတယ်။ ကောင်းကင်ရေးစူးစမ်း ရှာဖွေရေးခုံရုံးက ကြယ်စုဝေးခြင်း အစီအရင်လို့ နာမည်ပေးထားတယ်။ သူက မိုးနဲ့မြေရဲ့အနှစ်သာရနဲ့ ကနဦးချီရဲ့ အနှစ်သာရတွေကို စုစည်းပေးတာ။ ဒါကြောင့် လူတစ်ယောက်ရဲ့ကျင့်ကြံမှုကို အဆပေါင်းများစွာ တိုးစေလိမ့်မယ်”
စီးဝူယာ့က မေးလိုက်၏။
“အစီအရင်က ဒီလောက်ကောင်းတယ်ဆိုရင် အဲ့မှာ ဘာလို့ မကျင့်ကြံတာလဲ”
ဟွမ်းယွီက ပြန်ပြောလိုက်၏။
“အနာခံမှပဲ ထိပ်ကို ရောက်နိုင်မှာ။ ဒီအခင်းအကျင်းက ကောင်းမွန်တဲ့ အစီအရင်အခင်းအကျင်း ဖြစ်ပေမဲ့ ဝေဒနာတွေလည်းများတယ်။ မြေမျက်နှာသွင်ပြင်က ဆိုးရွားပြီး အဲ့ဒီမှာ အင်မတန်ပူပြင်းတယ်။ လုံလောက်တဲ့စိတ်စွမ်းအားမရှိဘဲ အဲ့ဒီကို သွားရင် ရူးသွားလိမ့်မယ်။ ကောင်းကင်သိုင်းခုံရုံးက လူတွေ အရင်တုန်းက မသွားဖူးတာ မဟုတ်ဘူး။ ဒါပေမဲ့ အဲ့ဒီမှာ လူတော်တော်များများ သေသွားတယ်။ အထူးသဖြင့် ရှင်သန်တဲ့သူတွေကလည်း ပညာရှင်တွေဖြစ်လာတယ်။ မင်း အဲ့ဒီမှာ ကြာကြာနေလေ အစွမ်းထက်လာလေပဲ။ ယွီချန်းရှုက အဲ့မှာ သုံးနှစ်လောက်နေခဲ့တာ။ သူ့မျက်နှာပေါ်က အမာရွတ်က အဲ့ဒီက ရလာတဲ့ဒဏ်ရာလေ”
လူတိုင်း ခေါင်းညိတ်လိုက်၏။ အကြီးအကဲလေးဦးတွေဝေနေစဉ် တွမ့်မူရှန်းက ပြောလိုက်သည်။
“ဟုတ်ပြီ။ ကျွန်တော် အဲ့ဒီနေရာကို သွားမယ်”
“...”
“တတိယသခင်လေး ဒီလိုစဉ်းစားရင် အကောင်းဆုံးပဲ” ဟွမ်းယွီက ပြောလိုက်၏။
“စဉ်းစားပြီးသွားပြီ” တွမ့်မူရှန်းက ပြောလိုက်၏။
လန်လော့က ပြောလိုက်တော့သည်။
“ငါ့ပါ ထည့်တွက်လိုက်” ပြီးနောက် သူ၏မျက်နှာပေါ်မှ မျက်နှာဖုံးကို ချွတ်လိုက်တော့သည်။ မျက်နှာပေါ်ရှိ အမာရွတ်က ကြောက်မက်ဖွယ်ကောင်းလွန်း၏။ ယခုအချိန်တွင် မည်သူမှ သူနှင့် အကြည့်ချင်းမဆုံရဲပေ။ ဆိုလိုသည်က သိသာ၏။
ဖန်လီထန်းကလည်း ပြုံးပြီးပြောလိုက်သည်?
“ငါက အဖိုးအိုတစ်ယောက်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ ပါဝင်ရမှာပေါ့။ ငါ ရှင်သန်လာတာ ကြာခဲ့ပြီပဲ”
ပြီးနောက် ဖန်လီထန်းနှင့် လန်လော့က ကျော့ယွီရှုနှင့် ဟွားဝူတောက်ဖက် ကြည့်လိုက်၏။
ဟွားဝူတောက်၊ ကျော့ယွီရှု “...”
ဒါဘာလဲ ... ဘာကြောင့် ရွယ်တူဖိအားလို့ ခံစားနေရတာလဲ။ သွားချင်ရင် မင်းတို့ဖာသာသွားလေ။
ဟွမ်းယွီက ခေါင်းညိတ်ပြီးပြောလိုက်တော့သည်။
“မိစ္ဆာဝေဟင်မျှော်နန်းက ဘာကြောင့်အစွမ်းထက်နေမှန်း သိသွားပြီ။ သတ္တိနဲ့ဆုံးဖြတ်ချက် ပြတ်သားမှုတစ်ခုတည်းကို ကြည့်ရင် တခြားသူတွေက မိစ္ဆာဝေဟင်မျှော်နန်းကို မယှဉ်နိုင်ဘူး။ အရင်တုန်းကဆိုရင် အဲ့ဒီနေရာကို သွားမှာထက် သေအောင်အရိုက်ခံမယ်ဆိုတဲ့ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးရဲ့ တပည့်တွေ အများကြီးပဲ။ သူတို့တွေက သေမှာကြောက်တဲ့ သူရဲဘောကြောင်တဲ့လူတွေ။ အကြီးအကဲလေးယောက် အဲ့ဒီနေရာကို သွားဖို့ ဆန္ဒရှိတာ မြင်ရတာ တကယ်လေးစားစရာပဲ”
ဟွားဝူတောက်နှင့် ကျော့ယွီရှုက တညီတညွတ်တည်းပြောလိုက်၏။ “နေပါဦး”
“ခင်ဗျားတို့နှစ်ယောက် ဘာမှပြောနေဖို့ မလိုတော့ဘူး။ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက တတိယသခင်လေးနဲ့ အကြီးအကဲလေးယောက်တို့ သတ္တိကို တွေ့ရတာ တကယ်ရှက်ရွံ့မိပါတယ်။ တတ်နိုင်သလောက်မြန်မြန် စီစဉ်ပေးပါ့မယ်”
ဟုတ်ပြီလေ ... ဒီလိုစကားတွေတောင် ထွက်လာပြီဆိုတော့ ငါ နောက်ဆုတ်နေနိုင်ဦးမှာလား။ ငါ အခုမှ နောက်ဆုတ်လိုက်မယ်ဆိုရင် သူရဲဘောကြောင်သူအဖြစ် နာမည်တပ်ခံရမှာမလား။
ကျော့ယွီရှုနှင့် ဟွားဝူတောက်က အတွေးတူနေလေရာ နှစ်ယောက်သား စိတ်ထဲ သက်ပြင်းချလိုက်တော့သည်။
စီးဝူယာ့က လက်သီးဆုပ်မိုးပြီးပြောလိုက်၏။
“ကူညီပေးတာ ကျေးဇူးတင်ပါတယ်”
ဟွမ်းယွီက ပြုံးပြီးပြောလိုက်၏။ "ဘာမှ ရေးကြီးခွင်ကျယ်မဟုတ်ပါဘူး”
ပြီးနောက် စီးဝူယာ့က မုန့်ချန်းသုံ၊ ရှားချန်းချိုး၊ ကျိချန်ဖုန်းနှင့် အနားတွင်ရပ်နေသော ဝူဝူတို့ကို ကြည့်ပြီးမေးလိုက်တော့သည်။
“မင်းတို့ကကော”
ရှားချန်းချိုးက လက်ကို ဝေ့ယမ်းလိုက်၏။ “မသွားဘူး။ မသွားဘူး။ ကျုပ်တို့မသွားဘူး” မုန့်ချန်းတုံက ပြောလိုက်သည်။
“ကျုပ်လုပ်စရာ ကိစ္စတွေ အများကြီးရှိသေးတယ်။ ဒါဆို ကျုပ် သွားလိုက်ပါဦးမယ်”
“အစောင့်အရှောက်မုန့် ... ဝူဝူနဲ့ကျုပ် ကူညီပေးမယ်” ကျီဖုန်းရှင်းက အမြန်ပြောလိုက်၏။
ဤနည်းဖြင့် လူတိုင်း ဤနေရာမှ ထွက်ပြေးသွားတော့သည်။
ယင်းကို မြင်သောအခါ ရှောင်ယွမ်အာက ရေရွတ်ပြောလိုက်သည်။
“သတ္တိကြောင်တဲ့သူတွေပဲ”
စီးဝူယာ့က ပြောလိုက်၏။
“သူတို့က မှန်ကန်တဲ့ရွေးချယ်မှု လုပ်ခဲ့တာပဲ။ အကြီးအကဲလေးယောက်ကို အထင်မသေးနဲ့။ သူတို့ ငယ်ရွယ်စဉ်တုန်းက ထိပ်တန်းအဆင့်ကျင့်ကြံရေး ပါရမီရှင်တွေ”
ထိုစကားကို ကြားသောအခါ အကြီးအကဲလေးယောက်၏ရင်ထဲ ထိရှသွားလေ၏။ မှန်ပေ၏။ သူတို့က ငယ်ရွယ်စဉ်က ထိပ်တန်းပါရမီရှင်များ ဖြစ်ခဲ့ဖူးသည်။ ကျော့ယွီရှုနှင့် ဟွားဝူတောက်တောင် တွေဝေနေခဲ့လျှင် ယခုမှ သူတို့မည်သို့ နောက်ဆုတ်နေမည်နည်း။ ဤနည်းဖြင့် စီးဝူယာ့သည် ရှောင်ယွင်အာနှင့် ခရုလေးနှင့်အတူ ကောင်းကင်သိုင်းကျောင်းတော်မှ ထွက်ခွာသွားတော့သည်။
နေ့တစ်ဝက်ခန့်ကြာပြီးနောက် မြို့တော်တွင်ဖြစ်သည်။
စီးဝူယာ့သည် ကျင့်ကြံမှုချိတ်ပိတ်ခံထားရသည့် နဉ်ဝမ်ချင်းကို တည်တံ့ရေးခန်းမသို့ ခေါ်လာ၏။
“ရှစ်စွင်း အဖြူရောင်မျှော်စင်အဖွဲ့အစည်းဆီ သင်္ကေတလမ်းကြောင်းက အဆင်သင့်ဖြစ်ပါပြီ။ ဒါ့အပြင် စန်းရှစ်ရှိုးနဲ့ အကြီးအကဲလေးယောက်က ဟွမ်းယွီနောက်လိုက်ပြီး ကျင့်ကြံဖို့အတွက် ကြယ်တာရာ စုဝေးရေး ခန်းမသို့သွားပါပြီ။ သူတို့တွေ အဲ့ဒီကို ခဏလောက်နေရင်ရောက်မှာပါ”
“ကြယ်တာရာစုဝေးရေး အစီအရင်လား။’ လုကျိုးက သူ၏မှတ်ဉာဏ်ကို ရှာဖွေသော်ငြား ထိုအကြောင်း ဘာမှ မတွေ့ချေ။
အသက်ကင်းမဲ့နေပုံပေါ်သည့် နဉ်ဝမ်ချင်းက ပြောလိုက်လေ၏။
“ကြယ်တာရာစုဝေးရေး အစီအရင်လား။ အဲ့ဒီနေရာက ရှေးဟောင်းနေရာလေ။ မင်းတို့တွေ အသက်စွန့်စားရလောက်အောင် သတ္တိရှိကြတာပဲ”
…
အခန်း (၁၀၅၀) အဖြူရောင်မျှော်စင်အဖွဲ့အစည်းဆီ သွားရောက်ခြင်း
လုကျိုးက နဥ်ဝမ်ချင်းကို ကြည့်ကာ မေးလိုက်၏။
“ဒီအစီအရင်ကြောင်း သိထားလား”
နဥ်ဝမ်ချင်းက ပြုံးကာ ပြောလိုက်သည်။
“ဟုတ်ကဲ့။ ဒီအစီအရင်က ရှေးကျတယ်။ တည်ရှိခဲ့တာ အနည်းဆုံး နှစ်တစ်သောင်းလောက် ရှိပြီ။ ဒီလိုမျိုး ကြာမြင့်စွာ တည်ရှိနေတဲ့ အစီအရင်မျိုးအတွက်ဆိုရင် တာအိုသင်္ကေတတွေတင် မကဘူး။ မြေနေရာအနေအထားနဲ့ အချိန်ကောင်းနဲ့လည်း ပတ်သက်နေလိမ့်မယ်”
“အချိန်တိုက်စားမှုကြောင့် ပျက်စီးပျောက်ကွယ်သွားတဲ့ ရှေးဟောင်းအစီအရင်တွေ အများကြီးပဲ။ အချိန်တိုက်စားမှုကနေ ရှင်ကျန်တဲ့ ရှေးဟောင်းအစီအရင် အများစုက ထူးဆန်းပြီးတော့ အန္တရာယ်များတယ်။
သူတို့က ထူးခြားပြီးတော့ ထူးကဲတယ်။ ဒါပေမဲ့ အတော်လေးတော့ အန္တရာယ်များတယ်။ တကယ်လို့ သတိမထားမိဘူးဆိုရင် အစီအရင်အတွင်းမှာ ပိတ်မိသွားလိမ့်မယ်။ အဲ့ဒီအခါ သေခြင်းရှင်ခြင်းကို အာမခံဖို့ ခက်တယ်”
စီးဝူယာ့က ပြောလိုက်သည်။
“အကဲဖြတ်သူနဥ်က အစီအရင်တွေအကြောင်း တော်တော်လေးသိမယ်လို့ ထင်မထားခဲ့မိဘူး”
နဥ်ဝမ်ချင်းက စီးဝူယာ့၏ အသံကို သတိထားမိကာ ပြောလိုက်သည်။
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ သတ္တမသခင်လေးကလည်း ကောင်းကောင်း စာပေဖတ်ရှုပြီးတော့ အတော်လေး ဥာဏ်ရည်မြင့်တယ်လို့ ကြားဖူးတယ်။ ဒီအစီအရင်အကြောင်းကို သိထားလား”
စီဝူယာ့က ပြောလိုက်သည်။
“ဟုတ်တယ်။ ကြယ်တာရာစုစည်းရေး အစီအရင်က ကမ္ဘာဦးချီကို စုဝေးဖို့ အသုံးပြုတာ။ တည်ရှိတဲ့နေရာက အင်မတန် ပူပြင်းပြီးတော့ နည်းနည်းတော့ အန္တရာယ်များတာ အမှန်ပဲ။ ဒါပေမဲ့ ခင်ဗျား ပြောသလောက်ကြီးတော့ မလွန်ကဲဘူး။ ပြီးတော့ ကောင်းကင်သိုင်းပညာခုံရုံးက သူတို့တပည့်တွေကို နှစ်စဥ်နဲ့အမျှ စေလွှတ်ပြီးတော့ လေ့ကျင့်ခိုင်းကြတယ်။ အသေအပျောက်တော့ ရှိတာပေါ့။
ဒါပေမဲ့ အန္တရာယ်မရှိဘဲနဲ့ ဘယ်သူကများ တိုးတက်နိုင်မှာလဲ။ အစီအရင်က သားရဲတွေကို ဆွဲဆောင်ပေးတယ်။ တကယ်လို့ ခက်ထန်သားရဲတွေသာ ရောက်လာတယ်ဆိုရင် သက်တမ်းနှလုံးသားကို လာပို့ပေးနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား”
နဥ်ဝမ်ချင်းက ခေါင်းညိတ်ကာ “အမှန်ပဲ။ ခင်ဗျားက ဥာဏ်ရှိပါပေတယ်”
စီဝူယာ့က ပြုံးလိုက်ကာ ပြောလိုက်သည်။
“တကယ်တော့ ကျုပ်က ဟွမ်းယွီနဲ့ ဒီအစီအရင်အကြောင်း လေ့လာနေခဲ့တာကြာပြီ။ အကြီးအကဲ ၄ယောက်ကိုလည်း သွားဖို့ တိုက်တွန်းနေတာ။ သူတို့ဘေးကင်းမှုကို အာမခံပေးဖို့ ကြယ်တာရာစုဝေးရေး အစီအရင်နားမှာ သင်္ကေတလမ်းကြောင်းတစ်ခု ထားခဲ့တယ်”
“အကဲဖြတ်သူနဥ် ကျုပ် ရှစ်စွင်းကို ဘယ်လိုလူမျိုးက တားဆီးနိုင်မှာလဲဆိုတာကို ပြောပါအုံး”
စီဝူယာ့က မွေးဖွားဇယားချပ်သားရဲဆိုသည့် စကားအစား လူ ဆိုတာကို အသုံးပြုခဲ့သည်။
နဥ်ဝမ်ချင်းက ရုတ်ခြည်းဆိုသလို ဖြူဖျော့သွားကာ “ကျုပ် သင်ယူခဲ့ရပါတယ်”
လုကျိုးက စီးဝူယာ့အား နဥ်ဝမ်ချင်းကို ဖြေရှင်းဖို့ တာဝန်ပေးထားခဲ့သည်။ သူက သူ့၇ယောက်မြောက် တပည့်အား လုံးလုံး မစိုးရိမ်မိပေ။ ထို့အပြင် နဥ်ဝမ်ချင်းက မွေးဖွားဇယားချပ် ၅ခုသာ ရှိလေ၏။ ထိုစဥ် သူက ပြောလိုက်သည်။
“သွားကြစို့”
“ဟုတ်ကဲ့”
………………..
အနီရောင်ကြာ နယ်မြေရှိ သင်္ကေတလမ်းကြောင်းအနား
အားလုံးက စုဝေးကာ အဆင်သင့်ဖြစ်နေကြသည်။
လုကျိုးက နတ်ခြင်္သေ့ကို စီးနင်းလာသည့် ရှောင်ယွမ်အာကို ကြည့်ကာ လှမ်းခေါ်လိုက်သည်။
“ယွမ်အာ”
“ရှစ်စွင်း ရောက်လာပြီပဲ”
ရှောင်ယွမ်အာနှင့် နတ်ခြင်္သေ့တို့က သင်္ကေတလမ်းကြောင်းအနီးတွင် ရပ်တန့်လိုက်ကြသည်။
လုကျိုးက ရှောင်ယွမ်အာ၏ အရှိန်အဝါကို လေ့လာပြီး ယခင်ကထက် ပိုမိုသိပ်သည်းလာသည်ကို တွေ့လိုက်ရသည်။ သူမက သန့်စင်ကျောက်စိမ်းကျမ်းကို လေ့လာနေ၍ သူမ၏ အရှိန်အဝါက ရေလိုမျိုး ကြည်လင်ကာ တိမ်တိုက်လိုမျိုး ချောမွေ့နေသည်။ ထို့နောက် သူက စီးဝူယာ့နှင့် ခရုလေးကို ကြည့်လိုက်သည်။ စီးဝူယာ့၏ အရှိန်အဝါက အားနည်းနေပြီး မီးခိုးတိုင်မှ ထွက်နေသည့် မီးခိုးသဖွယ် ဖြစ်ကာ ခရုလေး၏ အရှိန်အဝါကမူ မီးတောက်လိုမျိုး ဖြစ်သည်။ အားလုံး၏ အရှိန်အဝါက ကွဲပြားနေ၏။
လုကျိုး၏ အမြင်အရ အကောင်းဆုံး အငွေ့အသက်ရှိသည့်သူက ရှောင်ယွမ်အာ ဖြစ်၏။ သူမက သေချာမကျင့်ကြံလျှင်ပင် သာမန်လူများ သူမကို လိုက်နိုင်ဖို့ ခက်ခဲလိမ့်မည်။
“ရှစ်စွင်း အားလုံးအဆင်သင့်ဖြစ်ပါပြီ။ ကျွန်တော်တို့ သွားလို့ရပြီ”
ယွီကျန့်ဟိုင်က ရှေ့ဆုံးမှ ဦးဆောင်ကာ သင်္ကေတလမ်းကြောင်းထဲ ပထမဦးဆုံး ဝင်ရောက်လိုက်သည်။
လုကျိုးက အနောက်မှလိုက်ကာ တခြားသူများကလည်း သူ့နောက်မှ အနီးကပ်လိုက်ပါလာကြသည်။
ယွီကျန့်ဟိုင်က လက်ခုပ်တီးလိုက်သည့်အခါ အလင်းစက်ဝိုင်းက တောက်ပလာသည်။ ထို့နောက် အလင်းတိုင်လုံးက ကောင်းကင်အထက် မြင့်တက်သွားပြီး အားလုံး၏ မြင်ကွင်းကို ပိတ်ဆို့သွား၏။
.............................
ရေနက်ဆန်းကြယ်ဂူအတွင်း
ယွီရှန်းရုန်က အဆင့်တက်လှမ်းပြီးသွားသည့်နောက်တွင် သူ့နှုန်းက သိသိသာသာ မြန်ဆန်လာသည်။ ထို့အပြင် သူက စွမ်းအင်များ မြန်ဆန်စွာ မသုံးစွဲရပေ။ သူပင်ပန်းလာသည့်အခါတိုင်း လေထဲတွင် ဝဲပျံကာ အနားယူပြီး စွမ်းအားဖြည့်တင်းလေ့ ရှိ၏။ ထိုအကြောင်းအရင်းကြောင့် သူက စွမ်းအားများများစားစား မကုန်ဆုံးခဲ့ပေ။
၂ရက်တာ ပျံသန်းလာခဲ့ပြီးသည့်နောက်တွင် ရင်းနှီးပြီးသား စက်ဝိုင်းပြတ်အပေါက်မှတစ်ဆင့် ကောင်းကင်တစ်စိတ်တစ်ပိုင်းကို မြင်လိုက်ရသည်။
ယွီရှန်းရုန်က ပြုံးလိုက်၏။ သူက အရှိန်ကို မြှင့်ကာ ထိုအပေါက်မှ ထွက်လာလိုက်သည်။
“ဝှစ်”
သူ့မြင်ကွင်းက ချက်ခြင်းဆိုသလို ကျယ်ပြန့်သွားသည်။
သို့သော်လည်း သူ့မျက်ဝန်းထဲတွင် အမှောင်ထု ရှိနေသေး၏။ ဤသည်က သူ့အနေဖြင့် အမှောင်ထုထဲတွင် ရှိနေသည်မှာ ကြာမြင့်လှပြီဖြစ်သည့်အတွက် ပုံမှန်သာဖြစ်၏။ သူ့အနေဖြင့် အလင်းရောင်ဖြင့် နေသားကျဖို့ အချိန်တစ်ခု ယူခဲ့ရ၏။
သူက ကမ္ဘာကြီးတစ်ခုလုံး နှေးကွေးသွားသလိုမျိုး ခံစားလိုက်ရသည်။ အချိန်တော်ကြာပြီးသည့်နောက်တွင် သူ့မြင်ကွင်းက ပုံမှန် ပြန်ဖြစ်လာ၏။
သူက ဘေးပတ်လည်ကို ကြည့်ကာ ပြုံးလိုက်မိသည်။
“ငါ ပြန်ရောက်လာပြီ”
ရွှေကြာနယ်မြေအစား ယခု သူက ရင်းနှီးပြီးသားဖြစ်သည့် အနီရောင်ကြာနယ်မြေသို့ ရောက်ရှိသွားသည်။ အနီရောင်ကြာနယ်မြေသို့ ပထမဦးဆုံးအကြိမ် လာခဲ့သည်နှင့် ယှဥ်လိုက်လျှင် ယခုတစ်ကြိမ်က အိမ်ပြန်လာသလိုမျိုး ခံစားနေရ၏။
ထိုစဥ် ကောင်းကင်၌ ငှက်အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ယွီရှန်းရုန်က စိတ်အခြေအနေ ကောင်းနေလေ၏။ သူက ငှက်အော်သံနောက်မှ လိုက်ကာ ပျံသန်းလာလိုက်သည်။ သူက ဧရာမသစ်ပင်ကြီးရှေ့တွင် ရပ်တန့်လိုက်ပြီး အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။ ကောင်းကင်အထက် ဧရာမ လွမ့်တစ်ကောင်ကို မြင်လိုက်ရသည်။
“ဒီမှာ လွမ့်တချို့ရှိနေတာပဲ” ယွီရှန်းရုန်က တအံ့တသြဖြင့် ပြောလိုက်သည်။
ယခင်က သူ ပထမဆုံးတွေ့သည့် လွမ့်သည် အားကောင်းလွန်း၍ ကြယ်ပျံအိမ်တော်၏ ယဲ့ကျန်းကပင် တပည့်တစ်ရာကျော်ဖြင့် သတ်ဖြတ်ခဲ့ရသည်။
လက်ရှိ သူ့ရှေ့တွင် ရှိနေသည့် လွမ့်က သူ ပထမမြင်ခဲ့သည့်ထက် ပိုမိုကြီးမားလေသည်။ အသက်ဓာတ်ကလည်း ကြွယ်ဝလှသည်။ ငှက်မွှေးအရောင်များကလည်း အသက်ဝင်ကာ လက်သည်းများကလည်း အလင်းရောင်အောက်တွင် သေစေလောက်သည့် အလင်းများ တောက်ပနေသည်။
“အခြေခံ မွေးဖွားဇယားချပ်သားရဲလား” ယွီရှန်းရုန်က အနည်းငယ် အံ့အားသင့်သွားမိသည်။
“ဘမ်း ဘမ်း ဘမ်း”
ထိုစဥ် လွမ့်ဆီ စွမ်းအင်ဓားများစွာ ဝင်ရောက်လာပြီး ငှက်မွှေးတချို့ ကျွတ်သွားလေသည်။
တစ်ချိန်တည်းဆိုသလို မြေပြင်ပေါ်မှ ကျင့်ကြံသူ ဒါဇင်ချီက လွမ့်နှင့် ခက်ထန်သည့် တိုက်ပွဲကို ဆင်နွှဲနေသည်။
လွမ့်က တောင်ပံကို ခတ်ကာ ပြင်းထန်သည့် လေဟုန်ကို ဖန်တီးခဲ့၏။
“နောက်မဆုတ်နဲ့ နောက်မဆုတ်နဲ့ ဆက်ပြီး ရှေ့တိုးထား”
“အကြီးအကဲဆု တောင့်ခံထား”
“ဂိုဏ်းချုပ် ဒီမှာ”
အကြီးအကဲတစ်ယောက်က ဝေဟင်အထက် ပျံသန်းနေသည်။
ကောင်းကင်ထဲရှိ စွမ်းအင်ဓားက စက်ဝိုင်းတစ်ခု ဖွဲ့စည်းသွားပြီး လွမ့်ဆီ ရောက်ရှိသွားသည်။
ဘမ်း ဘမ်း ဘမ်း ဘမ်း
ထိုစဥ် စွမ်းအင်ဓားသောင်းချီက ပေါ်ထွက်လာပြီး လွမ့်ကို ဝိုင်းထားလိုက်သည်။
လွမ့်က နာကျင်စွာအော်လိုက်ပြီး ခန္ဓာကိုယ်မှ သွေးများ စီးကျလာသည်။
ထိုအရာက ဒေါသထွက်လာသည့်အလား တောင်ပံကို ခက်ထန်စွာ ခတ်လိုက်သည်။
ဘမ်း
“ဂိုဏ်းချုပ်”
အကြီးအကဲက ပခုံးကို ရိုက်ခံရိုက်ရသည်။ သူက မီတာတစ်ရာကျော် နောက်ဆုတ်လိုက်ရ၏။ သူက သူ့ကိုယ်သူ တည်ငြိမ်အောင် မထိန်းနိုင်ဘဲ ပြုတ်ကျလာခဲ့သည်။ သူက ပခုံးကို လက်တစ်ဖက်ဖြင့် ဖိကိုင်ထားပြီး အမူအရာ ပျက်ယွင်းနေလျက် ရှိသည်။
“ဂိုဏ်းချုပ် ကျုပ်တို့ နောက်ဆုတ်သင့်လား”
“ငါတို့ နောက်ဆုတ်လို့ မရဘူး။ ငါတို့ ကောင်းကင်ရှာဖွေရေးဂိုဏ်းက မွေးဖွားဇယားချပ်သားရဲတွေ အများကြီး ဆုံးရှုံးပြီးသွားပြီ။ အခုမှ တစ်ကောင်တွေ့ရတာ လက်လွှတ်လိုက်လို့ မရဘူး”
“ဒါပေမဲ့ ကျုပ်တို့လူတွေက ဒဏ်ရာအပြင်းအထန် ရထားတယ်လေ။ ဒီလိုဆက်လုပ်နေတာက အကြံကောင်းတော့ မဟုတ်ဘူး။ ပြီးတော့ ရုတ်ရုတ်သဲသဲဖြစ်မှုကလည်း ပြင်းတယ်ဆိုတော့ ကျွမ်းကျင်ပညာရှင်တွေကို ဆွဲဆောင်မိလိမ့်မယ်။ အရင်တုန်းက ရှန်ကောင်းတုန်းကလည်း အလုခံလိုက်ရတယ်လေ”
ကောင်းကင်ရှာဖွေရေးဂိုဏ်းက အဖွဲ့သားများ၏ စိတ်ဓာတ်က ပျက်ပြားသွားကြသည်။
ထိုစဥ် ယွီရှန်းရုန်က မျက်မှောင်ကြုတ်လိုက်၏။
“ကောင်းကင်ရှာဖွေရေးဂိုဏ်းက ဘာလို့ ရင်းနှီးနေပါလိမ့်”
ဘမ်း ဘမ်း ဘမ်း
နောက်ထပ် လူသုံးယောက်က လွမ့်ကြောင့် ထပ်မံ လွင့်စင်သွားပြန်၏။ ဤသည်က မွေးဖွားဇယားချပ်သားရဲ၏ စွမ်းအား ဖြစ်၏။ ယဲ့ကျန်း သတ်ခဲ့သည့် အကောင်က နှစ်သက်တမ်းအနည်းငယ်သာ ပေးအပ်နိုင်သည့် အသက်ဓာတ်နှလုံးသားရှိသည့် သားရဲတစ်ကောင် ဖြစ်သည်။
“နောက်မဆုတ်နဲ့။ အားစိုက်ထုတ်ထား။ မင်းတို့ အားကုန်သုံးပြီး တိုက်ကြ”
ကျန့်ယမ် နောက်မဆုတ်ပေ။
ထိုစဥ်ယွီရှန်းရုန်က အဝေးမှ ပျံသန်းလာပြီး လွမ့်အထက် ပေါ်ထွက်လာသည်။ ကျန့်ယမ်က အစိမ်းဝတ်ရုံဖြင့် ယွီရှန်းရုန်ကို မြင်သောအခါ မေးလိုက်သည်။
“ခင်ဗျားက ဘယ်သူလဲ”
အစိမ်းဝတ်ဓားသမားက ရင်းနှီးနေဟန်ပေါ်သော်လည်း ထိုသူကို ဘယ်နေရာတွင် မြင်ဖူးမှန်း သတိမရပေ။ ကျန့်ယမ်က သူ့မွေးဖွားဇယားချပ်သားရဲကို ထပ်မံ အခိုးခံရတော့မည်လားဟု စဥ်းစားနေမိ၏။
“ဒီမွေးဖွားဇယားချပ်သားရဲက မင်းတို့ ဖြေရှင်းနိုင်တဲ့အရာ မဟုတ်ဘူး”
ယွီရှန်းရုန်က ပြောလိုက်သည်။
“...”
ကျန်းယန်က သူသည် အကြိမ်တိုင်း မွေးဖွားဇယားချပ်သားရဲအခိုးခံရမည့် ကံကြမ္မာ ဖန်လာလားဟု စဥ်းစားနေမိသည်။ ထိုစဥ် လွမ့်က ရူးသွပ်သွားပြီး ခန္ဓာကိုယ်က နီရဲလာကာ ကြောက်ဖို့ကောင်းလာသည်။
ဘမ်း ဘမ်း ဘမ်း
ကျင့်ကြံသူများစွာက ချက်ချင်းဆိုသလို လွင့်ထွက်သွားကြသည်။ ယွီရှန်းရုန်က ထိုနေရာကို ကြည့်ကာ ပျံသန်းလာလိုက်သည်။
“ငါ လုပ်လိုက်မယ်”
ယွီရှန်းရုန်က လျှပ်တစ်ပြက် ပျံသန်းသွားကာ လွမ့်ရှေ့ မျက်စိတစ်မှိတ်အတွင်း ပေါ်ထွက်လာသည်။ အသက်ရှည်ဓားက သူ့လက်အတွင်း ပျံသန်းရောက်လာပြီး စွမ်းအင်ဓားကို တည်တည်ငြိမ်ငြိမ် ထုတ်ဖော်လိုက်၏။ သူ့လှုပ်ရှားမှုက ချောမွေ့နေပြီး ပြီးပြည့်စုံမှုအနေအထားသို့ ရောက်ရှိနေသည်။
နာကျင်မှုကို ခံစားနေရသည့် လွမ့်က တောင်ပံကို အပြင်းအထန် ခတ်နေသည်။ ထိုစဥ် ယွီရှန်းရုန်က သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ပုံဖော်ကာ လွမ့်ကို တက်နင်းပြီးနောက် စိတ်ဝိညာဥ်သဏ္ဌာန်ကို ထပ်မံ ရုပ်သိမ်းလိုက်သည်။ လွမ့်က ပျံသန်းနိုင်စွမ်း ရှုံးနိမ့်သွားပြီး ကောင်းကင်မှ ပြုတ်ကျလာသည်။ ထိုအရာကိုမြင်ကာ ကျန့်ယမ်က တအံ့တသြဖြင့် ရေရွတ်လိုက်သည်။
“ပွင့်ချပ် ၁၀လွှာလား”
အကြီးအကဲတစ်ဦးက အော်ပြောလိုက်သည်။
“လူကြီးမင်း ထွက်ပြေးတော့ မွေးဖွားဇယားချပ်က ပွင့်ချပ်၁၀လွှာနဲ့ ကိုင်တွယ်နိုင်တာ မဟုတ်ဘူး”
ပွင့်ချပ် ၉လွှာတစ်ချို့ ကိုင်တွယ်နိုင်သည့် မွေးဖွားဇယားချပ်သားရဲတစ်ချို့ ရှိသော်လည်း ပွင့်ချပ်၁၀လွှာကျင့်ကြံသူများပင် မဖြေရှင်းနိုင်သည့် သားရဲများစွာ ရှိလေသည်။ လွမ့်က ထိုသားရဲများထဲမှ တစ်ကောင် ဖြစ်၏။ ထိုအရာက ပျံသန်းရာတွင် ကျွမ်းကျင်ရုံသာမက အဖျက်စွမ်းအားကလည်း ကြီးမားလှသည်။ ထို့အပြင် ပေါ့ပါး သွက်လက်နေသေး၏။ ထိုအရာက ရှန်ကောင်းနှင့် ရှီချွီတို့ထက် ပိုမိုအားကောင်းလှ၏။
ထိုစဥ် ယွီရှန်းရုန်က အလယ်တွင် ဗဟိုပြုလျက် စွမ်းအင်ဓား သိန်းချီ ထွက်ပေါ်လာခဲ့သည်။ အားလုံးက လွမ့်ဆီ တစ်ပြိုင်တည်း ထိုးဝင်သွားသည်။ ထိုစဥ် စွမ်းအင်ဓား၏ တောက်ပမှုက ပျောက်ကွယ်သွားခဲ့သည်။
ယွီရှန်းရုန်က အားလုံးရှေ့မှာ ပြန်လည်ပေါ်ထွက်လာခဲ့၏။ သူက လွမ့်ကို နောက်ကျောပေးထားပြီး အပြုံးတစ်ပွင့် ထုတ်ဖော်နေသည်။
အသက်ရှည်ဓားက လွမ့်ကို ပတ်လည်ဝိုင်းပြီးသည့်နောက်တွင် ယွီရှန်းရုန်၏ ကျောဘက်ရှိ ဓားအိမ်ထဲ ပြန်လည်ရောက်ရှိလာသည်။
ဤသို့ဖြင့် တိုက်ပွဲက အဆုံးသတ်သွားလေ၏။