← Chapters

အခန်း (၁၀၅၇-၁၀၅၉)

Vol. 71 Ch. 1057-1059

အခန်း (၁၀၅၇-၁၀၅၉)

Vol. 71 Ch. 1057-1059

အခန်း (၁၀၅၇) မျှော်နန်းသခင်လု ကျေးဇူးပြုပြီး သိက္ခာချန်ပေးပါဦး

လန်ရှီဟယ်သည် လုကျိုး၏လက်ဝါးရိုက်ချက်ကြောင့် အရိုက်ခံလိုက်ရသော်ငြား ယခုအချိန်တွင် သူမ အဆင်ပြေနေပုံပေါ်၏။ သူမ စကားပြောနေစဉ် သူမအသက်ရှူနှုန်းက တည်ငြိမ်လာပြီး လေသံက ယုံကြည်ချက်ရှိလာ၏။

“မျှော်နန်းသခင်လု ရှင် ပြောတာက မွေးဖွားဇယားချပ်ကို အသက်မသွင်းဘဲ ဆယ့်တစ်ခုမြောက် ပွင့်ချပ်ကို တိုက်ရိုက်ဖူးပွင့်အောင်လုပ်တာလား”

“အမှန်ပဲ” လုကျိုးက ခေါင်းညိတ်လိုက်၏။

လန်ရှီဟယ်က ခေါင်းခါလိုက်တော့သည်။

“ကျွန်မ အဲဒီအကြောင်း တစ်ခါမှမကြားဖူးဘူး”

နဉ်ဝမ်ချင်းက သိချင်စိတ်ဖြင့် ပြောလိုက်၏။

“ကျင့်ကြံခြင်းရှုထောင့်အရ ဒီလမ်းစဉ်က အလွန်ခက်ခဲတယ်။ လူသားကျင့်ကြံမှုက ကြာပေါ်အခြေခံထားတာ။ အုတ်မြစ်အနေနဲ့ ကြာပွင့်ရှိနေချိန် လူတစ်ယောက်က မွေးဖွားဇယားနန်းဆောင်ကိုဖွင့်ပြီး ပထမဆုံးမွေးဖွားဇယားချပ်ကို အသက်သွင်းမှာ။ ဒဿမမြောက်ပွင့်ချပ်ဖူးပွင့်ပြီးတဲ့နောက် ဆယ့်တစ်ခုမြောက်ပွင့်ချပ်ဖူးပွင့်ဖို့ နေရာမရှိတော့ဘူး။ မွေးဖွားဇယားချပ်တွေကို အသက်သွင်းမှပဲ မိမိရဲ့ကြာပွင့်အရွယ်အစားကို တိုးမြှင့်နိုင်ပြီး ဆယ့်တစ်ခုမြောက်ပွင့်ချပ်ဖူးပွင့်ဖို့ နေရာရှိမှာ”

လုကျိုးက ပြောလိုက်၏။

“ကြာပွင့်က အတားအဆီးတစ်ခုဆိုရင် အဲဒါကို ဖြတ်တောက်လိုက်”

လန်ရှီဟယ်သည် ထိုစကားများကြောင့် မှင်တက်သွား၏။ သူမ၏မျက်နှာပေါ်၌ မျက်မှောင်ကျုံ့သည့်အမူအရာပေါ်လာကာ အတွေးနက်သွားတော့သည်။ လုကျိုး၏စကားကို မှတ်ချက်မချဘဲ သူမ ကြာပွင့်ဖြတ်တောက်ဖို့အကြောင်း အလေးအနက်ထား စဉ်းစားနေ၏။ ခဏအကြာတွင် သူမက ခေါင်းခါပြီးနောက်ပြောလိုက်သည်။

“အဲဒါ ဖြစ်နိုင်မယ်ဆိုရင်တောင် ကျွန်မအတွက် သိပ်နောက်ကျလွန်းသွားပြီ”

ဆိုရလျှင် လန်ရှီဟယ်က သူမ၏ကြာပွင့်ကို ဖြတ်တောက်ခဲ့ပါက သူမ၏ မွေးဖွားဇယားချပ်၁၃ခုကို လက်လျော့ရမည်ဟု ဆိုလိုသည်။ မွေးဖွားဇယားချပ်၁၃ခုမရှိဘဲ သူမ ကျင့်ကြံခြင်း၌ လျော့ကျမှုကြီး ကြုံတွေ့ရမည်ဖြစ်ကာ သူမ၏ သက်တမ်းလည်းလျော့ကျသွားမည်ဖြစ်သည်။ နှစ်ပေါင်းများစွာ နေထိုင်လာပြီးနောက် ယခုအချိန်တွင် သူမ၏ မွေးဖွားဇယားချပ်၁၃ခု ဆုံးရှုံးသွားလျှင် သူမ ချက်ချင်း သေသွားလိမ့်မည်။ သူမ အသက်ကို အာမခံနိုင်မည်ဆိုလျှင်တောင် သူမကဲ့သို့ ကျင့်ကြံသူတစ်ယောက်အဖို့ သူမ ကြိုးစားပမ်းစားကျင့်ကြံလာခဲ့သည့် ကျင့်ကြံဆင့်ကို လက်လျော့ဖို့က မည်ကဲ့သို့ လွယ်ကူမည်နည်း။

လုကျိုးက ပြောလိုက်၏။

“အင်း ဒီအကြောင်းမကြားဖူးဘူးတာ အံ့ဩစရာမရှိဘူးပဲ။ ဒါပေမဲ့ ကျုပ်မှာ ယွီရှန်းရုန်လို့ခေါ်တဲ့ တပည့်တစ်ယောက်ရှိတယ်။ သူက ရွှေကြာနယ်မြေမှာ သူ့ရဲ့ကြာပွင့်ကို ဖြတ်တောက်ခဲ့တဲ့ ပထမဆုံးလူပဲ”

လန်ရှီဟယ်၏ တည်ငြိမ်အေးချမ်းသည့်မျက်နှာပေါ်၌ အံ့ဩသည့်မျက်နှာက အစားထိုး ဝင်ရောက်လာ၏။

“သူ အောင်မြင်သွားတာလား”

လုကျိုးက မုတ်ဆိတ်သပ်ပြီး ဆန်းကြယ်စွာပြောလိုက်၏။

“ဖြစ်နိုင်တာက ခင်ဗျား နဉ်ဝမ်ချင်းကို မေးသင့်တယ်”

နဉ်ဝမ်ချင်းသည် အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ စီရင်သူများထဲမှ တစ်ယောက်ဖြစ်သည်။ သူသည် ယင်ကျောက်ကိုရှာဖွေရန်အတွက် တောင်ပိုင်းတိုင်းပြည်တွင် အဖြူရောင်အဖွဲ့အစည်းကို ကိုယ်စားပြုခဲ့ဖူးသည်။ သူက သူ့ဖာသာသူ ဝူဘုရင်နှင့် လော့ဟွမ်းကို အနိုင်ယူခဲ့၏။ ထိုစဉ်က ရွှီချန်း၏ အမိန့်အောက်တွင် အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ ပထမအကြီးအကဲ ရွှီချန်း၏ အမိန့်အောက်တွင် သူသည် ယင်ကျောက်၏အသက်ဓာတ်နှလုံးသားကို သွားရောက်ရှာဖွေခဲ့၏။ ပြီးနောက် လုကျိုး၏ အလောင်းပေါ်တွင် ရှိသည်ဟု ယူဆခဲ့တာဖြစ်သည်။ ထိုစဉ်က ယွီရှန်းရုန်သည် သူ့လမ်းတွင်ရပ်ကာ သူ့လမ်း၌ အတားဆီးကြီးတစ်ခုဖြစ်ခဲ့သည်။ သူ၏အကြည့်တို့က အသက်ကင်းမဲ့နေ၏။ ယွီရှန်းရုန်က သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို သုံးပြီး သူ့ကိုနှောင့်ယှက်ရန် စွမ်းအင်ဓားများပြည့်နေသည့် ကောင်းကင်မိုးထုတ်လွင့်ခဲ့တာကို သူ ပြန်တွေးမိသွား၏။ ယွီရှန်းရုန် သူ့ကို သေအောင်ရိုက်မည်ဆိုလျှင်တောင် ယွီရှန်းရုန်က ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက်မျှသာ ဖြစ်မည်ဟု သူ ယုံမည်မဟုတ်ပေ။ ယခု လုကျိုး၏ စကားကို ကြားသောအခါ သူ့စိတ်ခံစားချက်များ ပိုကောင်းသွား၏။ ယွီရှန်းရုန်က ဆယ့်တစ်ခုမြောက် ပွင့်ချပ်ဖူးပွင့်သည်ဖြစ်စေ မဖူးပွင့်သည်ဖြစ်စေ အနည်းဆုံးတော့ ယွီရှန်းရုန်သည် သာမန်ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက် မဟုတ်တာ သေချာသွားပြီဖြစ်သည်။

နဉ်ဝမ်ချင်းက ပြောလိုက်၏။

“ကျုပ် အရင်က သူနဲ့တိုက်ခိုက်ဖူးတယ်။ ကျုပ်ရဲ့မျက်စိကြောင့် သူ့ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကို မမြင်ခဲ့ဘူး။ ဒါပေမဲ့ သူ့ရဲ့ခွန်အားက အနည်းဆုံးတော့ မွေးဖွားဇယားချပ်လေးခု ပညာရှင်ထက်သာတာ သိသာတယ်”

ယန်ကျန်းလော့က ထပ်ပြောလိုက်၏။

“ဒီကိစ္စက စိတ်ဝင်စားစရာပဲ။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ဒုကြီးအကဲ သွမ့်ရှီဟွားက ရွှေကြာနယ်မြေဆီ တစ်စုံတစ်ယောက်လွှတ်ခဲ့ဖူးတယ်။ သူ့လူတွေက မွေးဖွားဇယားချပ်ငါးခုလောက် ရှိနေတာ။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ထွက်မလာခင် သွမ့်ရှီဟွားလက်အောက်ငယ်သားရဲ့ အသက်ကျောက်တုံးကွဲသွားတာကို မိတ်ဆွေတစ်ယောက်ဆီက ကြားမိတယ်။ သူ့ကို ကြမ်းတမ်းခက်ထန်သားရဲသတ်ခဲ့သလား ဒါမှမဟုတ် ဘာကသတ်လိုက်လဲဆိုတာ သေချာမသိဘူး”

စီးဝူယာ့ကပြောလိုက်၏။

“ဒီအဖြေကို ရှာဖို့ ခင်ဗျားကို ကျုပ် ကူညီပေးနိုင်မယ်ဆိုတာ ယုံတယ်”

စီးဝူယာ့သည် ယွီရှန်းရုန်နှင့် အဆက်အသွယ်ရှိခဲ့၏။ ထို့ကြောင့် ယွီရှန်းရုန်ဘေးကင်းကြောင်း သိသည်။ သူသည် အဆောင်တစ်ခုချက်ချင်းထုတ်ပြီးနောက် အစီအရင်တစ်ခုကို ဖွင့်လျက် အဆောင်ကို မီးရှို့လိုက်သည်။

ဆက်သွယ်ရေးအခင်းအကျင်းနှင့် အဆောင်များ၏ စည်းမျဉ်းက အစီအရင်၏ အကျယ်အဝန်းအတွင်း၌သာ ရှိသည့်သူများကို ရှုမြင်နိုင်တာဖြစ်သည်။ မည်သို့ဆိုစေ တစ်ဖက်သူကလည်း တုန့်ပြန်သည့်အခင်းအကျင်းနှင့် အဆောင်ရှိရမည်။ သို့သော် တစ်ယောက်နှင့်တစ်ယောက် မတွေ့ဘဲ သတင်းပါးဖို့လိုပါက တစ်ဖက်သတ်ဆက်သွယ်ရေးအဆောင်နှင့် အခင်းအကျင်းနှင့် အဆောင်များကို သုံးနိုင်သည်။

မကြာမီ၌ လူတစ်ယောက်၏ပုံရိပ်က ပေါ်လာသည်။

စီးဝူယာ့က ခေါ်လိုက်သည်။

“အာ့ရှစ်ရှိုး”

“ချီရှစ်တိ ကိစ္စတစ်ခုခုရှိလို့လား” ယွီရှန်းရုန်က မေးလိုက်သည်။

စီးဝူယာ့က ပွင့်ပွင့်လင်းလင်းမေးလိုက်၏။ “ရှစ်ရှိုး သွမ့်ရှီးဟွားရဲ့လက်အောက်ငယ်သားကို သတ်ခဲ့တာလား”

“စုဟိန့်လား” ယွီရှန်းရုန်က ခေါင်းခါပြီးနောက် အနက်ရောင်မျှော်စင်အဖွဲ့အစည်းသည် စုဟိန့်၏ ပျက်စီးသွားသော အသက်ကျောက်တုံးကို ရှာတွေ့ခဲ့သည်ဟု တွေးမိသည်။

“သူ့ကို ရေနက်ဆန်းကြယ်ဂူထဲက ပင်လယ်သားရဲတစ်ကောင်က စားခဲ့တာ။ ငါ သူ့ကို မသတ်ခဲ့ဘူး”

“သူ့မှာ မွေးဖွားဇယားချပ်ငါးခုရှိတယ်။ သူက ဘယ်လိုလုပ် ဒီလိုအလွယ်တကူ အစားခံလိုက်ရတာလဲ”

“မွေးဖွားဇယားချပ်ငါးခုပဲရှိတာလေ။ ပင်လယ်သားရဲက သူ့ကို မစားရင်တောင် သူက ငါ့ဓားချက်အောက်မှာပဲ သေမှာလေ” ယွီရှန်းရုန်က ပြောလိုက်၏။

“...”

စီးဝူယာ့က လည်ချောင်းရှင်းလိုက်သည်။ သူ၏အာ့ရှစ်ရှိုးကို ဤနေရာ၌ ပုဂ္ဂိုလ်ကြီးများရှိနေကြောင်း သတိပေးချင်ခဲ့သည်။ အာ့ရှစ်တိအဖို့ ယခုချိန်တွင် ဤသို့ပြုမူနေတာ မသင့်တော်။ အဆုံးကျ သူက ပြောလိုက်သည်။

“ကျွန်တော်တို့က အခု အဖြူရောင်မျှော်စင်အဖွဲ့အစည်းထဲမှာ ရှစ်စွင်းက ဒီကို ဧည့်သည် လာလုပ်တာလေ။ ရှစ်စွင်းက ရှစ်ရှိုးရဲ့ ကျင့်ကြံခြင်းအကြောင်း သိချင်သေးတယ်”

“ရှစ်စွင်း ရှိနေတာလား” ယွီရှန်းရုန်၏ မောက်မာသောသွင်ပြင်သည် ပျောက်ကွယ်သွားလေ၏။ သူက နှိမ့်ချစွာပြောလိုက်သည်။

“ကြာပွင့်ဖြတ်တောက်ခြင်းရဲ့လမ်းစဉ်က အမှောင်ထုထဲ သွားရသလိုပဲ။ ကျွန်တော် ဆင်ကန်းတောသို့ သွားနေမိတာကြောင့် ကျင့်ကြံဖို့က နှေးနေပါတယ်။ အဆင့်တက်ဖို့ ရှစ်စွင်းရဲ့လမ်းညွှန်မှုကို လိုအပ်ပါတယ်”

“...”

ကြွားလုံးထုတ်ရမဲ့အချိန်ကျ မကြွားဘူး ... စီးဝူယာ့က အဆုံးကျ ခေါင်းခါပြီးနောက် ပြောလိုက်သည်။

“ရှစ်ရှိုး ဘေးကင်းတာ မြင်ရတာ ကောင်းတယ်။ အခုဆက်သွယ်မှုဖြတ်တောက်လိုက်တော့မယ်”

“ရှစ်စွင်းကို မေးပေးပါဦး” ယွီရှန်းရုန်က ပြောပြီး ရုပ်ပုံလွှာပျောက်ကွယ်သွားလေ၏။

စီးဝူယာ့သည် ဆယ့်တစ်ချပ်မြောက်ပွင့်ချပ်အကြောင်း မမေးခဲ့ပေ။ သို့သော် ယွီရှန်းရုန်က အသက်ရှင်လျက်ရှိနေကြောင်း လူတိုင်းကို ပြသရန်လုံလောက်ပြီဖြစ်သည်။ ဆယ့်တစ်ခုမြောက်ပွင့်ချပ်က ဝှက်ဖဲဖြစ်ပြီး သေစေနိုင်သော လက်နက်ဖြစ်၏။ အခြားသောသူများအား မည်သို့အလွယ်တကူဖော်ထုတ်နိုင်မည်နည်း။

လန်ရှီဟယ်က မယုံနိုင်စွာမေးလိုက်၏။

“ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက်က မွေးဖွားဇယားချပ်ငါးခုကျင့်ကြံသူကို သတ်ခဲ့တာလား”

နဉ်ဝမ်ချင်းက ပြောလိုက်၏။

“ဒါကို ကျုပ် သံသယမဝင်ဘူး။ အဲ့ဒီနေ့တုန်းက သူ အကြီးအကဲနဲ့တိုက်ခိုက်နေတဲ့အချိန် သူ အရေးနိမ့်နေပုံမပေါ်ဘူး။ သူ့ရဲ့ခွန်အားအမှန်က မွေးဖွားဇယားချပ်ငါးခု ကျင့်ကြံသူတစ်ယောက်ထက် သာလောက်တယ်”

လန်ရှီဟယ်၏ နဉ်ဝမ်ချင်း၏ အကဲဖြတ်မှုကို ယုံ၏။ သူသည် အဖြူရောင်အဖွဲ့အစည်း၏ ကျောထောက်နောက်ခံဖြစ်ရုံသာမက သစ္စာရှိပြီး အရည်အချင်းရှိသူလည်းဖြစ်၏။ ဤကိစ္စအကြောင်း သူ လိမ်မှာမဟုတ်ပေ။ သူမ အတွေးနစ်သွားပြန်၏။ ယခုအချိန်၌ သူမ ဘာစဉ်းစားနေမှန်း မည်သူမှမသိ။

ခဏအကြာတွင် လုကျိုးက ရုတ်တရက်ပြောလိုက်သည်။

“တကယ်ပဲ မင်းရဲ့ကြာပွင့်ကိုဖြတ်တောက်ဖို့က မင်းအတွက် နောက်ကျသွားပြီ”

လန်ရှီဟယ်က ဆိတ်ဆိတ်သာနေလေ၏။

လုကျိုးက ဝေဟင်ကိုမော့ကြည့်ပြီးနောက် ထရပ်ကာ မေးလိုက်သည်။ “လန်ရှီဟယ် ငါက မဟာလေဟာနယ်ကလို့ ဘာကြောင့်ထင်နေတာလဲ”

လန်ရှီဟယ်က အသိစိတ်ပြန်ကပ်လာကာ ပြောလိုက်၏။

“ကောလာဟလတွေအရ မဟာလေဟာနယ်ကလာတဲ့လူတွေမှာ မူလစွမ်းအားရှိတယ်။ မူလစွမ်းအားရှိတဲ့သူတွေပဲ မဟာလေဟာနယ်ကို ဝင်နိုင်တာ”

လုကျိုးသည် လန်ရှီဟယ်၏ တွေးခေါ်ပုံကို နောက်ဆုံး၌ နားလည်သွား၏။ ခဏအကြာတွင် သူက မေးလိုက်သည်။

“မင်းက မူလစွမ်းအားကို ဖမ်းဆုပ်နိုင်ခဲ့တယ်မလား”

လန်ရှီဟယ်က ခေါင်းခါလိုက်၏။

“ကျွန်မက မိုးနဲ့မြေရဲ့စွမ်းအားကို ဆွဲယူပြီး နေလရဲ့အဆီအနှစ်ကို ဆွဲယူဖို့အတွက် နေမင်း၊ လမင်းနဲ့ကြယ်တာရာစက်ဝန်းကို သုံးခဲ့တာ။ တစ်ချိန်တည်းမှာပဲ မူလစွမ်းအားကို ထိန်းချုပ်ဖို့အတွက် ဒုတိယမြောက်မွေးဖွားစမ်းသပ်မှုကနေ စမ်းသပ်မှုကို ဖြတ်ကျော်ပြီး စွမ်းရည်ကို သုံးခဲ့တာ။ ဒါပေမဲ့ ကျွန်မရဲ့ထိန်းချုပ်မှုက ဒီလောက်ပဲ။ မျှော်နန်းသခင်လုက အပြာရောင်ကြာပွင့်ကို အပြည့်အဝထိန်းချုပ်မှုမရှိရင် ကျွန်မက ထိန်းချုပ်မှုပိုတောင်လျော့မှာ” လုကျိုးက အရာအားလုံးကို သိနေပြီးသည့်ပမာ သူမက လုကျိုးကို ကြည့်လိုက်၏။ လုကျိုးကို သူမထက်ပိုမြင့်သောနေရာတွင် ထားပြီးဖြစ်သောကြောင့် သူတို့ကို သိပြီးသားဟု ယူဆသောကြောင့် ကိစ္စရပ်များစွာ မပြောတော့ပေ။

လုကျိုးကလည်း လန်ရှီဟယ်၏အတွေးများကို မြင်နိုင်သည်။ မည်သည့်နည်းနှင့်မဆို သူသည် ဤယခုအခေါက်လာရောက်လည်ပတ်စဉ် လန်ရှီဟယ်ဆီမှ အရေးပါသည့်သတင်းအချို့ကို သိရှိခဲ့ပြီးဖြစ်၏။ မဖော်ထုတ်ရသေးသော ကုန်းမြေလေးခုနှင့် မွေးဖွားဇယားချပ် ၁၂ခုကို အသက်သွင်းပြီးနောက်တစ်ဆင့်အကြောင်း စသည်တို့ဖြစ်သည်။

“နောက်ကျနေပြီ။ ကျုပ် လာရောက်လည်ပတ်ရတဲ့အကြောင်း မင်း သိပြီးသားဖြစ်မှာ သေချာတယ်” လုကျိုးက ပြောလိုက်၏။

လန်ရှီဟယ်က ခေါင်းအနည်းငယ်ငုံ့လိုက်သည်။ သူမစိတ်ထဲတွင် ဇဝေဇဝါဖြစ်နေသည်။ ငါက ဘာကို နားလည်ရမှာလဲ။

လုကျိုးပြောပြီးသည်နှင့် ယွီကျန့်ဟိုင်၊ စီးဝူယာ့နှင့် ကျန်သည့်သူများ တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်၏။ သူတို့က ဝင်ပေါက်ဆီလျှောက်သွားသောအခါ လုကျိုးသည် တစ်စုံတစ်ခုကို တွေးမိသွားပြီးပြောလိုက်သည်။

“နဉ်ဝမ်ချင်းကို မင်းဆီပြန်ပေးလိုက်ပြီဆိုတော့ မင်း မေ့နေတဲ့ကိစ္စတချို့ရှိတယ်လို့ မထင်ဘူးလား”

လန်ရှီဟယ် “...”

အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ မြင့်မြတ်ပြီးထည်ဝါလှသော မျှော်စင်သခင်က ဤသို့ယခင်က တစ်ခါမှ အပြောမခံရဖူးသဖြင့် သဘာဝမကျသည့်ပုံစံပေါ်လာသည်။ ခဏအကြာတွင် သူမက တောင့်တင်းစွာပြောလိုက်၏။

“မီးတောင်ထွတ်အဆီအနှစ်ငါးခုနဲ့ မီးဝိညာဉ်ကျောက်တုံးဆယ်တုံး”

လုကျိုးက မုတ်ဆိတ်သပ်ပြီးနောက် ပြောလိုက်၏။

“အဖြူရောင်မျှော်စင်အဖွဲ့အစည်းထဲမှာ နဉ်ဝမ်ချင်းရဲ့အဆင့်အတန်း ဒီလောက်နိမ့်လား” ပြီးနောက် သူသည် နဉ်ဝမ်ချင်းဆီရည်ညွှန်းလိုက်၏။

“မင်း ဒီနေရာမှာ မကျေနပ်ရင် ငါ့ဆီလာလို့ရတယ်”

လန်ရှီဟယ်၏မျက်ခုံးက အနည်းငယ်မြှင့်တက်သွားသည်။

“ကမ်းလှမ်းမှုကို နှစ်ဆတင်လိုက်ပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်မကို သိက္ခာလေးချန်ပေးပါဦး မျှော်နန်းသခင်လု”

လုကျိုးသည် ဘာမှမပြောတော့ဘဲ အဖြူရောင်မျှော်စင်ထဲမှ ထွက်ခွာသွားတော့သည်။

ရှောင်ယွမ်အာက လန်ရှီဟယ်ကို လက်ဝေ့ယမ်းပြလိုက်သည်။ “တာ့တာ့”

လူတိုင်းက ထွက်ခွာလာပြီး နှင်းတောင်ထွတ်ရှိ သင်္ကေတရှိရာဆီသွားလိုက်သည်။

လုကျိုးထွက်သွားပြီးနောက် နဉ်ဝမ်ချင်းက ချက်ချင်းဒူးထောက်လိုက်တော့သည်။

“မျှော်စင်သခင်ကို ကျရှုံးစေတဲ့အတွက် ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်ပေးပါ”

“ထွက်သွားတော့” လန်ရှီဟယ်က တည်ငြိမ်စွာပြောလိုက်သည်။

နဉ်ဝမ်ချင်းက လေးဖင့်မနေဘဲ ချက်ချင်းထွက်သွား၏။

ကျန်သည့်သူများကလည်း လိုက်ပါလာကာ မနေရဲတော့ပေ။

လူတိုင်းထွက်သွားပြီးသည်နှင့် လန်ရှီဟယ်သည် သူမ၏ စွမ်းအင်တို့ ဆူပွက်လာတာကို မဖိနှိပ်နိုင်တော့ပေ။ သူမရှေ့သို့မှီလျက် သွေးတစ်ပွက်အန်တော့၏။

…

အခန်း (၁၀၅၈) ဘယ်သူက ဘယ်သူ့ကို မွေးမြူနေတာလဲ

လန်ရှီဟယ်က ဤသို့ ဆိုးဆိုးရွားရွား အခြေအနေအဖြစ် အမြင်ခံရသည်ကို သဘောမကျပေ။ သူမက ပြိုင်ဘက်ကင်းရသည်ကို နေသားကျနေပြီဖြစ်၏။

အကယ်၍ သူမ ရှုံးနိမ့်သွားလျှင်ပင် စုတ်တီးစုတ်ပြတ် မဖြစ်အောင် သေချာအောင် လုပ်ရမည်။ ထိုစဥ် သူမ၏ ပခုံးက တုန်ယင်နေပြီး အသက်လုရှူနေရသလိုမျိုး ဖြစ်နေ၏။

သူမ၏ အသက်ရှူနှုန်း တည်ငြိမ်သွားသည့်အခါ လက်ကို အသာမြှောက်ပြီး အသာရေရွတ်လိုက်သည်။

“မိုးကြိုးချက်”

သူမ၏ လက်ဝါးအထက်တွင် သစ်မြစ်နှင့်တူသည့် လောင်ကျွမ်းရာများကို မြင်တွေ့နိုင်သည်။ ထိုအရာများက မိုးကြိုးချက်ကို ခုခံရာ၌ ရရှိလာသည့် အမာရွတ်များ ဖြစ်၏။ ထိုအမှတ်အသားက သူမလက်မောင်းမှ သွေးကြောများတစ်လျှောက် ရောက်ရှိပြီး ခန္ဓာကိုယ်နှင့် အတွင်းအင်္ဂါများအထိ ရောက်ရှိခဲ့သည်။

ထိုစဥ် သူမ၏ လက်ညှိုးနှင့် လက်ခလယ်တို့ကပင် ရုတ်ခြည်း တုန်ယင်လာသည်။

နေမင်း၊ လမင်းနှင့် ကြယ်တာရာစက်ဝန်းတို့က လေထုထဲ ပြန်လည်ပေါ်ထွက်လာ၏။ လက်နက်ပေါ်မှ အလင်းရောင်က သူမ၏ လက်ပေါ်ဖြာကျလာသည့်အခါ အဖြူရောင်မျှော်စင်အပြင်ဘက်ရှိ အသက်ဓာတ်စွမ်းအားနှင့် ကနဦးချီတို့က စုဝေးလာကြသည်။

အလင်းရောင်ပျောက်ကွယ်သွားသည့်အခါ သူမ လက်ဝါးအထက်ရှိ အမာရွတ်က ပျောက်ကွယ်သွားလေသည်။

လန်ရှီဟယ်က သူမ၏ အရေပြားနှင့် သွင်ပြင်ပေါ် ထိခိုက်မှုရှိစေသည့် အ‌ပြောင်းအလဲနှင့် အမှတ်အသားများကို သ‌‌ဘောမကျပေ။

သူမက သက်ပြင်းချလိုက်ပြီးသည့်နောက်တွင် ရေရွတ်လိုက်၏။

“ရှင်က ဘယ်လောက်တောင် အားကောင်းတာလဲ”

“...”

အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ မျှော်စင်သခင် လန်ရှီဟယ်က မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်လုနှင့် လက်ရည်စမ်းခဲ့သည့်အကြောင်းက အဖြူရောင်မျှော်စင်အဖွဲ့အစည်းအတွင်း ပျံ့နှံ့နေလေသည်။ ထို့ကြောင့် ကျင့်ကြံသူ တစ်၁၀၀ကျော်က စုဝေးကာ ရောက်ရှိလာ၏။ ရှည်လျားသည့် လူတန်းက အဝေးမှ အဖြူရောင်နဂါးနှင့်ပင် တူနေသည်။ တချို့က သူတို့၏ ဓားများဖြင့် ပျံသန်းလာပြီး တချို့ကမူ စိတ်ဝိညာဥ်သဏ္ဍာန်များဖြင့် ပျံသန်းလာကြသည်။

ထိုစဥ် လုကျိုးနှင့် အခြားသူများက နှင်းတောင်ထိပ်သို့ ‌ရောက်ရှိလာစဖြစ်၏။ သူတို့က အဖြူရောင်မျှော်စင်အဖွဲ့အစည်းမှ အဖြူဝတ်ကျင့်ကြံသူများကို သတိထားမိလိုက်ကြသည်။ သူတို့၏ အဖြူရောင်ဝတ်ရုံနှင့် နှင်းကျနေသည့်နောက်ခံကြောင့် သေချာမကြည့်ပါက သူတို့ကို မြင်တွေ့ဖို့ရာ ခက်လှ၏။ သူတို့၏ ဦးခေါင်းများဖြစ်သည့် အနက်ရောင် အစက်အပြောက်များကိုသာ မြင်တွေ့နေရ၏။

“ရှစ်စွင်း သူတို့က လက်မလျှော့သေးတဲ့ပုံပဲ”

ယွီကျန့်ဟိုင်က ပြုံးကာ ပြောလိုက်သည်။

လုကျိုးက မျက်မှောင်ကြုတ်ကာ ခက်ထန်စွာ ပြောလိုက်၏။

“သူတို့တွေက သူတို့အတွက် ဘာကကောင်းတယ်ဆိုတာ မသိကြဘူးကိုး”

သူက ထိုကျင့်ကြံသူအမြောက်အများစုကို မည်သို့ ဖြေရှင်းရမည်ကို စဥ်းစားနေမိသည်။ သူ့တွင် အထွဋ်အထိပ်သဏ္ဍာန်ကဒ် မရှိသလို အထွဋ်အထိပ်ဆန်းကြယ်ကဒ်လည်း မရှိပေ။

ထိုစဥ် အဖြူဝတ်ကျင့်ကြံသူအုပ်စုက မီတာ၁၀၀၀အကွာအဝေးမှ ရပ်တန့်ပြီး အနီးသို့ မကပ်ရဲကြပေ။

စီးဝူယာ့က ပြုံးကာပြောလိုက်သည်။

“သူတို့က ကျွန်တော်တို့ ထွက်မသွားဘဲ ဒီမှာနေမှာ ကြောက်လို့ထင်တယ်။

ရှောင်ယွမ်အာက ဝင်ပြောလိုက်သည်။

“ဒီနေရာက ပျော်စရာမှ မရှိတာ အရူးတွေပဲ နေလိမ့်မယ်”

အဖြူဝတ်ကျင့်ကြံသူများက အလေးအနက် ကြည့်နေကြသည်။ သူတို့၏ မျက်နှာထက် စိုးရိမ်မှုများ၊ ပူပန်မှုများနှင့် အကြောက်တရားများ ရှိနေသည်။ သူတို့က ဘာလုပ်မှန်းမသိ ဖြစ်နေဟန်ပေါ်၏။

ယွီကျန့်ဟိုင်က ပြုံးကာ ပြောလိုက်သည်။

“ရှစ်စွင်း ဒီလို အသေးအဖွဲကိစ္စမျိုး ဂရုစိုက်ဖို့မလိုပါဘူး။ ကျွန်တော်ဖြေရှင်းလိုက်မယ်”

ယွီကျန့်ဟိုင်က ၁၀မီတာအထိ ပျံသန်းသွားသည်။ ကောင်းကင်အထက် နဂါးသွဲ့ကျောက်ဓား ပေါ်ထွက်လာပြီး တိမ်တိုက်ကို ထိုးခွင်းသွား၏။ သိပ်မကြာခင် ကနဦးချီက နဂါးသွဲ့ကျောက်ဓား ပတ်ဝန်းကျင်တွင် လေဆင်နှာမောင်းကဲ့သို့ စုဝေးလာလေသည်။

ယွီကျန့်ဟိုင်က ရှင်းရှင်းလင်းလင်းဖြင့် ပြောလိုက်၏။

“လက်မလျှော့သေးတဲ့လူတွေက ရှေ့တိုးလာလို့ရတယ်”

လူတစ်ရာကျော်က ရုတ်ခြည်းဆိုသလို တုန်ယင်သွားကာ တံတွေးမျိုချလိုက်ကြသည်။

“ဝှစ်”

လေထုထဲ စွမ်းအင်ဓားမော့ သိန်းချီပေါ်ထွက်လာပြီး သေသေသပ်သပ် တန်းစီလျက်ရှိသည်။ သူတို့က စက်ဝိုင်းပြားနှင့်တူသည့် အစီအရင်သဖွယ် ဖြစ်တည်နေ၏။

အဖြူဝတ်ကျင့်ကြံသူတစ်ယောက်က အလျင်အမြန်ပြောလိုက်၏။

“အရှင်က ကျုပ်တို့ကို နားလည်မှုလွဲတာပါ။ ကျုပ်တို့က မျှော်နန်းသခင်လုကို လေးလေးစားစား ပို့ပေးဖို့အတွက် ရောက်နေကြတာပါ။ ရန်စဖို့ မရည်ရွယ်ပါဘူး”

ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“အဲ့လိုလား”

“ဒါက မျှော်စင်သခင်ရဲ့ အမိန့်ဆိုတော့ ကျုပ်တို့က သူမကို မနာခံဘဲ မနေရဲပါဘူး”

စွမ်းအင်ဓားမော့များက လေထဲတွင် ပျောက်ကွယ်သွားလေ၏။

“သွားကြစို့”

လုကျိုးက အမူအရာကင်းမဲ့စွာ သင်္ကေတလမ်းကြောင်းအတွင်း ဝင်ရောက်လိုက်သည်။

ယွီကျန့်ဟိုင်က နဂါးသွဲ့ကျောက်ဓားကို သိမ်းပြီး မိစ္ဆာဝေဟင်မျှော်နန်းမှ တခြားအဖွဲ့သားများနှင့်အတူ သင်္ကေတလမ်းကြောင်းအတွင်း ဝင်ရောက်ခဲ့၏။

သင်္ကေတလမ်းကြောင်းက လင်းလက်လာပြီး အလင်းတန်းက ကောင်းကင်ဆီ ထိုးခွင်းထွက်သွားသည်။ ထို့နောက် အဖြူဝတ်ကျင့်ကြံသူတစ်ရာကျော်က အချင်းချင်း ကြည့်လိုက်ကြသည်။

“မျှော်စင်သခင် ရှုံးနိမ့်သွားတာကို မယုံနိုင်သေးဘူး”

“ငါရောပဲ”

“မျှော်စင်သခင်က ဘယ်လိုလုပ် ရှုံးနိမ့်နိုင်မှာလဲ”

နောက်ဘက်တွင် ရှိနေသည့် တစ်ယောက်က ပြောလိုက်သည်။

“တကယ်လို့ မင်းတို့က မျှော်စင်သခင်ဒေါသကို မကြောက်ရင် သွားပြီးတော့ မေးကြည့်လိုက်လေ”

အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာကို ရဖို့ တိုက်ခိုက်နိုင်ပေမဲ့ မင်းတို့တွေက သူ့တပည့် ရှေ့ထွက်လာတဲ့အခါမှာ ကြောက်ဒူးတုန်နေကြတာလေ”

“ကြောက်ဒူးတုန်တယ်ဆိုတာ ဘာတုန်း”

“မျှော်နန်းသခင်လုကို ဘယ်သူကများ တိုက်ခိုက်ရဲမှာလဲ။ ပြီးတော့ ငါတို့က သူ့ကို မရိုက်နိုင်တာနဲ့ သူ့တပည့်ကို မရိုက်နိုင်ဘူးလို့ ပြောလတာမဟုတ်ဘူး”

ထိုစဥ် နဥ်ချင်း၏ အသံက အဖြူရောင်မျှော်စင်အဖွဲ့အစည်းမှ ထွက်ပေါ်လာသည်။

“မင်းတို့အားလုံး ပြဿနာမရှာဖို့ အကြံပေးလိုက်မယ်။ မျှော်စင်သခင်ရဲ့ အမိန့်မရှိဘဲနဲ့ ဘယ်သူကမှ ကိုယ်တိုင်လှုပ်ရှားခွင့်မရှိဘူး။ မဟုတ်ရင် ပြစ်ဒဏ်ကြီးကြီးမားမား အချခံရမယ်”

ဤသို့ဖြင့် အဖြူရောင်ကျင့်ကြံသူများက ဆောင်းတွင်းတွင်ရှိသည့် ပုစဥ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်သွားသည်။

...

လုကျိုးနှင့် တခြားသူများက သင်္ကေတလမ်းကြောင်းအတွင်း ခေတ္တမျှ‌စောင့်ဆိုင်းပြီးသည့်နောက်တွင် တောအုပ်အတွင်း ပေါ်ထွက်လာသည်။

ယွီကျန့်ဟိုင်က ပတ်ဝန်းကျင်ကိုကြည့်ကာ ပြောလိုက်သည်။

“ရှစ်စွင်း ကျွန်တော်တို့တစ်တွေ အနီရောင်ကြာနယ်မြေဆီ ပြန်ရောက်ပြီ”

လုကျိုးက ပြောလိုက်၏။

သူက စီးဝူယာ့ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“ရွှေကြာနယ်မြေရဲ့ မိစ္ဆာဝေဟင်မျှော်နန်းနဲ့ လမ်းကြောင်းကို မြန်မြန်ဖွင့်ထားလိုက်”

“ကျွန်တော် ကျောက်ဟုန်ဖူကို လောလိုက်ပါမယ်။ တကယ်လို့ ထင်မှတ်မထားတာ ဖြစ်မလာခဲ့ရင် လဝက်အတွင်းတော့ ပြီးမြောက်နိုင်ပါတယ်။

ရုတ်ခြည်းဆိုသလို တောအုပ်အတွင်းမှ ထူးထူးခြားခြား အော်သံတစ်ခု ထွက်ပေါ်လာသည်။

“လှုပ်ရှားမှုရှိတယ်”

ရှန်ရှီက ပုဆိန်လှံရှည်ကို လက်တွင် ကိုင်ဆွဲရင်း လှံတစ်ချောင်းကဲ့သို့ ပျံသန်းထွက်သွားသည်။

သူ့ပုဆိန်လှံရှည်ပတ်ဝန်းကျင်တွင် ကနဦးချီများက စုစည်းလာ၏။

လုကျိုးက သင်္ကေတလမ်းကြောင်းမှ ထွက်လာပြီး တောအုပ်ကို ကြည့်လိုက်၏။

စီးဝူယာ့က ပြောလိုက်၏။

“တစ်ယောက်ယောက်က သင်္ကေတလမ်းကြောင်းကို ရှာတွေ့သွားနိုင်တယ်။ ဒါပေမဲ့ ဒါက အဖြူရောင်ကြာ နယ်မြေဆီ ဦးတည်နေတာဆိုတော့ အရမ်းတော့ အရေးမကြီးပါဘူး”

ထိုစဥ် ခရုလေးက မျက်ခုံးပင့်ကာ ပြောလိုက်၏။

“ခက်ထန်သားရဲပဲ”

“ခက်ထန်သားရဲလား”

“အကူအညီတောင်းနေတဲ့ပုံပဲ”

ထိုစဥ် သူတို့က ခရုလေးသည် သားရဲဘာသာစကားနားလည်ကြောင်း အမှတ်ရသွားကြ၏။

“သွားကြည့်ရအောင်”

အားလုံးက အရှေ့ဘက်သို့ ပျံသန်းလိုက်ကြသည်။

ခရုလေးက အသံလားရာလိုက်လာပြီး ချုံပုတ်ရှေ့တွင် ရပ်တန့်လိုက်သည်။

သိပ်မကြာခင် အားလုံးက ‌ချုံပုတ်အတွင်းလဲလျောင်းနေသည့် သားရဲတစ်ကောင်ကို မြင်လိုက်ရ၏။ သူ့ခန္ဓာကိုယ်က သွေးများဖြင့် ရွှဲနစ်နေပြီး အရှိန်အဝါကကိုက အတော်လေးအားပျော့နေသည်။

စီးဝူယာ့က တအံ့တသြဖြင့် ရေရွတ်လိုက်သည်။

“ယင်ကျောက်လား”

ထိုအရာတွင် မြင်းတစ်ကောင်၏ ခန္ဓာကိုယ်၊ ငှက်တစ်ကောင်၏ တောင်ပံတစ်စုံနှင့် ကျားတစ်ကောင်၏ ခေါင်းတို့ ရှိလေရာ ယင်ကျောက်ကလွဲ၍ ဘယ်အရာ ဖြစ်နိုင်မည်နည်း။

ထိုစဥ် ယင်ကျောက်က သွေးများ ရွှဲနစ်နေပြီး ငရဲမှ လွတ်မြောက်လာခါစနှင့် တူနေသည်။ ထိုအရာက ပါးစပ်ဟကာ နားမလည်နိုင်သည့်အသံများ ပြုလုပ်နေ၏။

“သူက ဘာပြောတာလဲ”

လုကျိုးက မေးလိုက်သည်။

“ကဲပါ”

လုကျိုးက ယင်ကျောက်ကို ကြည့်ကာ မျက်မှောင်အသာကြုတ်လိုက်သည်။

“ဘယ်သူက မင်းကို ထိခိုက်အောင်လုပ်တာလဲ”

ခရုလေးက စကားပြန်အဖြစ် ထမ်းဆောင်လိုက်သည်။

“ခက်ထန်သားရဲတွေ ပိုပြီး အားကောင်းတဲ့ ခက်ထန်သားရဲတွေပါ”

“ဘယ်မှာလဲ”

လုကျိုးက မေးလိုက်သည်။

“တောင်ပိုင်းတိုင်းပြည်ရဲ့ ဖရိုဖရဲနယ်မြေ...။ သူတို့က လူသားတွေကို စားချင်နေကြတာ”

ခရုလေးက ယင်ကျောက်၏ စကားစုအလိုက် ဘာသာပြန်ပေးနေသည်။ လုကျိုးက မေးလိုက်သည်။

“မင်းကလည်း ခက်ထန်သားရဲပဲလေ။ သူတို့က ဘာလို့တိုက်ရတာလဲ”

ယင်ကျောက်က မြေပြင်ပေါ် လဲလျောင်းနေပြီး အသံများပြုလုပ်နေသည်။

ခရုလေးက နားထောင်နေရင်းဖြင့် အံ့အားသင့်သွားဟန်ပေါ်၏။ သူမက ယင်‌ကျောက်စကားမဆုံးမချင်း ပြန်မပြောခဲ့ပေ။

“ရှစ်စွင်း ကြည့်ရတာ လူသားလိုမျိုး ဥာဏ်ရည်ကောင်းတဲ့ ခက်ထန်သားရဲတွေရှိတဲ့ပုံပဲ။ ဒါပေမဲ့ လူသားတွေထက်တော့ ပိုပြီးတော့ ရက်စက်ပြီးတော့ ဥာဏ်များတယ်။ ပြောကြတာတော့ အနောက်တောင်ပင်လယ်ထဲက ပင်လယ်သားရဲတွေက ဖရိုဖရဲကုန်းမြေကို ကျူးကျော်လာတယ်တဲ့။ ဖရိုဖရဲကုန်းမြေမှာ ယင်ကျောက်ပိုင်တဲ့ ခက်ထန်သားရဲတွေကို အနိုင်ပိုင်းသွားခဲ့တယ်။ ပြီးတော့ ရှစ်စွင်းက သူ့သက်တန့်နှလုံးသားကို ယူသွားတာဆိုတော့ သားရဲဘုရင်က အပြစ်ပေးခဲ့တာလို့လည်း ပြောတယ်။ အဲဒါကြောင့် သူက လွတ်မြောက်ဖို့ ကြိးစားရင်းနဲ့ အသက်ဆုံးရှုံးလုနီးပါး ဖြစ်သွားရတာ”

လုကျိုးက ခေါင်းညိတ်လိုက်သည်။

“ဒါက မင်းဘာသာမင်း ဖြစ်စေခဲ့တာပဲ။ ငါမင်းကို ထွက်သွားဖို့ အကြံပေးသားပဲ။ မင်းက ဒီမှာ ဆက်နေနေတာကိုး။ ပြီးတော့ မင်းက လူတွေဘာလို့ စားရတာလဲ”

ယင်ကျောက်က ခေါင်းအသာမော့ကာ အသံများ ပြုလုပ်လိုက်ပြန်သည်။ အသံက ယခင်ကထက် ပို၍ သြနေလေ၏။ ဤတစ်ကြိမ် အများကြီးပြောလိုက်ဟန်တူသည်။

ခရုလေးက ပြောလိုက်သည်။

“သူပြောတာက လူသားတွေက ခက်ထန်သားရဲတွေအတွက် အရသာရှိတယ်တဲ့။ လူသားမြို့တော်တွေက ခက်ထန်သားရဲတွေအတွက် သစ်ခွလိုမျိုးပဲတဲ့။ တကယ်လို့ လူသားတွေက သစ်သီးတွေကို စားနိုင်ရင် ခက်ထန်သားရဲတွေကလည်း လူသားတွေကို ဘာလို့ မစားနိုင်ရမှာလဲတဲ့”

“...”

ထိုစကားက အားလုံးကို ဆွံ့အသွားစေသည်။

အားကောင်းသည့် ခက်ထန်သားရဲများက လူသားများက သိုးများကို လျှော့တွက်နေသလိုမျိုး သူတို့ကို လျှော့တွက်နေကြလေသည်။ ဤသဘောတရားနှင့် ပတ်သက်ပြီး ဘာမှ မမှားယွင်းပေ။ ထို့နောက်ဆိုလျှင် မည်သူက မည်သူ့ကို မွေးမြူနေသနည်း။

လူသားများက အစာကွင်းဆက်၏ ထိပ်ဆုံးတွင် ရှိသည်ဟု ယုံကြည်ထားကြသည်။ သို့သော်လည်း ယင်ကျောက်၏ စကားများကသာ အမှန်ဖြစ်နေပါက ကမ္ဘာတွင် မည်သို့သော် ဖရိုဖရဲကိစ္စ ဖြစ်ပေါ်လာမည်နည်း။

စီးဝူယာ့က ယင်ကျောက်ကိုကြည့်ကာ မေးလိုက်သည်။

“တကယ်လို့ မင်းပြောတာ အမှန်ဖြစ်မယ်ဆိုရင် လူသားတွေက ပျက်သုဥ်းသွားသင့်တာ ကြာပြီမဟုတ်ဘူးလား”

ထိုအရာက မေးခွန်းကောင်းတစ်ခုဖြစ်၏။ ခက်ထန်သားရဲများက လူသားများထက် ပိုမိုအားကောင်းကြသည်။

ယင်ကျောက်က နားမလည်နိုင်သည့် အသံများ ထပ်မံပြုလုပ်လာသည်။

အားလုံးက ခရုလေးကို ဘာသာပြန်ပေးဖို့အတွက် ကြည့်လိုက်ကြသည်။

ခရုလေးက လက်ကို အသာမြှောက်ကာ ပြောလိုက်သည်။

“ရှစ်ရှိုးတို့ ကျွန်မကို မကြည့်နဲ့တော့ သူက သေတော့မှာ...”

…

အခန်း (၁၀၅၉) ဉာဏ်ရည်မြင့်သားရဲကို အောင်နိုင်ခြင်း

လုကျိုးက မုတ်ဆိတ်သပ်တာ ရပ်ပြီးနောက် သေလုဆဲဆဲယင်ကျောက်ကို ကြည့်ကာပြောလိုက်သည်။

“မင်း ငါ့ဆီလာတယ်ဆိုတော့ မင်း စဉ်းစားပြီးပြီလို့ ငါ ယုံတယ်”

ယင်ကျောက်က အသံတစ်သံပြုလိုက်၏။

လူတိုင်းက ခရုလေးကို ထပ်ကြည့်လိုက်သည်။ ခရုလေးက ပြောလိုက်သည်။

“ဆူညံသံရဲ့ပထမတစ်ပိုင်းက သူ နာလွန်းလို့ထွက်လာတဲ့အသံပါ။ ပြီးတော့ သူ ဆန္ဒရှိကြောင်း ရှစ်စွင်းနဲ့ လိုက်ရှုပ်ထွေးလိုကြောင်း ပြောပါတယ်”

“ရှုပ်ထွေးမှာလား” ယွီကျန့်ဟိုင်က မေးလိုက်၏။

“ရှောင်ရှစ်မေ့ သူက တကယ်အဲ့လိုပြောတာလား”

ဆက်သားကို ကျေးဇူးပြုပြီး မပစ်လိုက်ပါနဲ့။ ကျွန်မက ဘာသာပြန်ပေးရုံပဲ။ ခရုလေးက ဆိတ်ဆိတ်သာ နေလေ၏။

လုကျိုးက လက်ဝေ့ယမ်းပြီးပြောလိုက်သည်။

“မင်းက ငါ့နောက်လိုက်ဖို့ဆန္ဒရှိတယ်ဆိုတော့ မင်း အသက်ကို ကယ်တင်ပေးမယ်”

သူသည် ညာလက်ကိုမြှောက်ပြီးနောက် သူ၏အင်္ကျီလက်ကို ဝေ့ယမ်းလိုက်၏။ သူ၏ညာဖက်လက်ဖဝါးက အောက်သို့စိုက်သွားကာ လက်ဖဝါးမှ အပြာရောင်ကြာပွင့်ကျလာသည်။

အပြာရောင်ကြာပွင့်ပေါ်ပေါက်လာသည်နှင့် ကြွယ်ဝသည့်အသက်စွမ်းအင်တို့က စတင်ပေါ်ပေါက်လာကာ ပတ်ဝန်းကျင်ရှိ သစ်ပင်၊ပန်းမန်တို့ လျှင်မြန်စွာ ကြီးထွားလာတော့သည်။ သစ်ပင်များ ပိုမြင့်လာပြီး ပန်းပေါင်းရာချီက ဖူးပွင့်လာတော့၏။ ငှက်တို့လည်း လေထဲ၌ ပျော်ရွှင်စွာ တေးဆိုနေကြသည်။ မြင်ကွင်းက အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ နှင်းလွင်ပြင်နှင့် ဆန့်ကျင်ဘက်ပဲဖြစ်သည်။

အပြာရောင်ကြာပွင့်သည် ယင်ကျောက်၏ ခန္ဓာကိုယ်ပေါ်ရောက်သွားပြီးနောက် ၎င်းသည် သူ၏အတွင်းဒဏ်ရာများနှင့် ပြင်ပဒဏ်ရာများကို လျင်မြန်စွာ ကုသပေးလိုက်၏။

တစ်ချိန်တည်းတွင် ယင်ကျောက်ဘေးသို့ နတ်ခြင်္သေ့က ပျံသွားလေသည်။ သူ၏ခေါင်းကို ငုံ့ကာ နူးညံ့သည့်ဆူညံသံတချို့ပြုပြီးနောက် ခေါင်းမော့ပြီး ကောင်းကင်ကို မျက်နှာမူလျက် အော်လိုက်သည်။

ဤနည်းဖြင့်ယင်ကျောက်သည် အားတက်သွားပုံပေါ်သည်။ ၎င်း၏ခေါင်းကို ခဲရာခဲဆစ်မော့လိုက်ပြီး မောပန်းနွမ်းနယ်နေသော စစ်မြင်းတစ်ကောင်နှင့်တူနေသည်။ ပြီးနောက် မျှော်လင့်ချက်ကို ရှာတွေ့သွားသည့်ပမာ ထရပ်ရန် ရုန်းကန်လိုက်၏။ သူ မြဲမြံစွာရပ်လျက် တောင်ပံကို တဖျပ်ဖျပ်ခတ်ကာ လေများဝေ့တက်လာစေပြီး ငှက်တို့ကို အထိတ်တလန့် ပျံတက်သွားစေသည်။ ၎င်းက နတ်မြင်းပျံနှင့် အတော်လေးဆင်တူနေတော့သည်။

ယင်ကျောက်၏လက်ရှိအခြေအနေသည် ခွေးတစ်ကောင်တောင် အနိုင်ကျင့်၍ရသည့် ဒဏ်ရာရနေသော ကျားတစ်ကောင်နှင့် ဆင်တူသည့်တိုင် ၎င်း၏သဘာဝကျသည့် အထက်တန်းဆန်သော အရှိန်အဝါက သာမန်ကြမ်းတမ်းခက်ထန်သားရဲများကို အရပ်မျက်နှာအားလုံးအနှံ့ ကြောက်လန့်တကြားထွက်ပြေးစေရန် လုံလောက်နေသေးသည်။ နတ်ခြင်္သေ့က ယင်ကျောက်ကို သိမ်မွေ့စွာအော်လိုက်၏။

ဤနည်းဖြင့် ယင်ကျောက်က တောင်ပံအမြန်ကျုံ့ကာ နှစ်ကြိမ်ခန့်ခေါင်းညိတ်ပြီးနောက် ပြောလိုက်သည်။

“ကျွန်တော် နားလည်ပါတယ် အစ်ကိုကြီး။ အစ်ကိုကြီးပြောတာ နားထောင်ပါ့မယ်”

နတ်ခြင်္သေ့သည် ယင်ကျောက်၏သဘောထားကို ကြည့်ပြီး ကျေနပ်နေမှန်းသိသာ၏။

လုကျိုးသည် တိတ်ဆိတ်မှုကို ဖြိုခွင်းကာပြောလိုက်သည်။

“မင်း ဒါကိုစဉ်းစားရမယ်။ မင်း အညံ့ခံပြီးပြီဆိုတာနဲ့ ပြန်ဆုတ်လို့မရတော့ဘူး”

ယင်ကျောက်သည် ၎င်း၏တောင်ပံကို ခတ်လျက် လုကျိုးကို ခေါင်းညိတ်ပြလိုက်၏။

“သိပ်ကောင်းတယ်”

“တင်း ... သင်က စီးတော်သားရဲယင်ကျောက်ကို ရခဲ့ပါပြီ”

“ပြန်ကြမယ်”

“နားလည်ပါပြီ”

ညနေစောင်းတွင်ဖြစ်သည်။

တော်ဝင်နန်းတော်၏ တည်တံ့ရေးခန်းမထဲ၌ လုကျိုးက ယင်ကျောက်ကို မေးခွန်းများစွာမေးပြီးနောက် ရှေ့လျှောက်နောက်လျှောက် လျှောက်နေ၏။

ယင်ကျောက်သည် လုကျိုး၏မေးခွန်းများကို လိမ်လိမ်မာမာဖြေနေသည်။ သူ့၌ အဖြေမရှိသည့် မေးခွန်းများလည်းရှိ၏။ ပြောရန်မလို ခရုလေးကမူ ဘာသာပြန်လုပ်ပေးနေသည်။

“မဟာလေဟာနယ်က ဘယ်မှာလဲဆိုတာ သူ မသိဘူးလား” လုကျိုးက လက်နောက်ပစ်ကာ မေးလိုက်သည်။

ခရုလေးက ပြန်ပြောလိုက်၏။ ”

"ဒါအမှန်ပဲ။ တိတိကျကျပြောရရင် မဟာလေဟာနယ်ကို တစ်ခါမှ မကြားဖူးဘူး။ ဒါပေမဲ့ သူက အင်မတန်အစွမ်းထက်တဲ့လူသားတွေကို သိတယ်။ အစွမ်းထက်တဲ့လူသားတွေနဲ့ သားရဲဘုရင်တို့က အတိတ်တုန်းက တစ်ယောက်နဲ့တစ်ယောက်မလိုအပ်ဘဲ မတိုက်ခိုက်ဘူးဆိုတဲ့ သဘောတူညီချက်တချို့ လုပ်ထားတယ်လို့ပြောတာပဲ။ ဒါပေမဲ့ လူသားအားလုံးနဲ့ ကြမ်းတမ်းခက်ထန်သားရဲအားလုံးက သဘောတူထားကြတာမဟုတ်ဘူး။ ယခုအချိန်ထိ အသက်ဓာတ်နှလုံးသားအတွက် ကြမ်းတမ်းခက်ထန်သားရဲတွေကို အမဲလိုက်တဲ့လူတွေရှိပြီး လူသားတွေကိုစားဖို့ မြို့ကိုကျူးကျော်လာတဲ့ ကြမ်းတမ်းခက်ထန်သားရဲတွေရှိတယ်”

“လူသားတွေက ကြမ်းတမ်းခက်ထန်သားရဲတွေနဲ့ ယှဉ်နိုင်တဲ့အထိ သန်မာတယ်လို့ ဆိုလိုချင်တာလား” လုကျိုးက မေးလိုက်သည်။

ခရုလေးက ယင်ကျောက်ပြန်ပြောတာကို ဘာသာပြန်ပေးလိုက်သည်။

“ဒါက သားရဲဘုရင်တွေ တွေးထင်တဲ့ပုံပဲ။ ဒါပေမဲ့ ယင်ကျောက်ထင်တာက လူသားတွေထက် ကြမ်းတမ်းခက်ထန်သားရဲတွေက ပိုသန်မာတယ်။ လူသားနယ်မြေအားလုံးပေါင်းလိုက်တာက အဆုံးမဲ့သမုဒ္ဒရာရဲ့ထောင့်တစ်နေရာကိုတောင် မယှဉ်နိုင်ဘူးတဲ့။ အနားတွင် ထိုင်နေသော စီးဝူယာ့က နားလည်ကာ ခေါင်းညိတ်လိုက်၏။

ကောက်ချက်ချကြည့်ရင် အစွမ်းထက်သောကြမ်းတမ်းခက်ထန်သားရဲများနဲ့ အားကောင်းသော လူသားတို့သည် မလိုအပ်သရွေ့ မသတ်ဖြတ်ရန် သဘောတူညီချက်ယူထားပြီး နှစ်ဖက်လုံး မျှော်လင့်ခြင်းကင်းမဲ့သည့် အခြေအနေသို့ရောက်အောင် ကာကွယ်ခဲ့၏။ တစ်ချိန်တည်းတွင် နှစ်ဖက်လုံးသည် အဆင့်နိမ့်ကြမ်းတမ်းခက်ထန်သားရဲများနှင့် အားနည်းသော လူသားများက သူတို့ကြီးထွားရေးအတွက် စည်းမျဉ်းဖောက်ဖျက်တာကို မျက်ကွယ်ပြုထားကြ၏။ မွေးမြူရေးအစီအစဉ်အတွက်မူ ယင်းက ဉာဏ်ရည်မြင့်မားသော ကြမ်းတမ်းခက်ထန်သားရဲများက အထမြောက်စေခဲ့သည့်အရာကဲ့သို့ပင်။ ထိုအရာအပြင် အားကောင်းသည့် ကြမ်းတမ်းခက်ထန် သားရဲများကလည်း မိုးနှင့်မြေ အကန့်အသတ်ရှိ၏။ လူသားများနှင့် မတူဘဲ လူသားမြို့ကြီးများရှိစွမ်းအင်တို့သည် သူတို့ကျင့်ကြံရန် မလုံလောက်ပေ။ လူသားများသည် ကျင့်ကြံခြင်းအရာ၌ ကောင်းချီးပေးခံထားရသည်။ သူတို့က ကောင်းချီးပေးခံထားရသည့် ကြမ်းတမ်းခက်ထန်သားရဲများကဲ့သို့ သူတို့ကျင့်စဉ်တိုးတက်ရေးအတွက် ကြမ်းတမ်းသော အနေအထားတွင် နေရန် မလိုအပ်ပေ။

စီးဝူယာ့က မေးလိုက်သည်။

“မဟာကုန်းမြေလေးခုအကြောင်းကြားဖူးလား”

ယင်ကျောက်က ခေါင်းခါပြီးနောက် ပါးစပ်ပိတ်ကာ ဆူညံသံတစ်ခု ပြုလိုက်သည်။

ခရုလေးက တတ်နိုင်သမျှ စကားကို အကောင်းဆုံးဘာသာပြန်ပေးလိုက်၏။

“မသိဘူးလို့ ပြောတယ်။ ဘာကြောင့်မှန်းနားမလည်ဘူးလို့လဲပြောတယ်” သူမက တွေဝေမနေဘဲ ဆက်ပြောလိုက်၏။

“လူသားတွေတိုက်ခိုက်တဲ့အချိန်တုန်းက သူတို့တွေက လူပြက်တွေလိုမျိုးခုန်နေပြီး ရောင်စုံစွမ်းအင်တွေထုတ် ကြာပွင့်တွေပေါ် တက်နင်းနေတာကို သူ နားမလည်ဘူး။ ဒါတွေကို မုန်းတယ်လို့ ပြောတယ်”

လုကျိုးနှင့် စီးဝူယာ့ “...”

သူတို့သည် ယင်ကျောက်၏စကားကို ပြန်မပက်နိုင်ခဲ့ပေ။ ဆိုရလျှင် ယင်ကျောက်က ၁၀နှစ်သားအရွယ်၏ ဉာဏ်ရည်သာရှိ၏။ လူသားများကို ၎င်းနည်းဖြင့်ရှုမြင်တာ ပုံမှန်ပဲဖြစ်သည်။

ခရုလေးက ဆက်ပြောလိုက်၏။

“ယင်ကျောက်ကလည်း ပြောတယ်။ ရှစ်စွင်းရဲ့စကားကို ချက်ချင်းသဘောမတူတာက လူသားတွေက နိမ့်ကျတာကြောင့်တဲ့။ ဒီတော့ လူသားတစ်ယောက်ကို သူ့ခေါင်းပေါ် တက်စီးခွင့် ဘယ်လိုလုပ် ပေးနိုင်ပါ့မလဲ”

“ဒါဆို အခု ဘာလို့သဘောတူတာလဲ” စီးဝူယာ့က ရယ်မောလိုက်သည်။

ယင်ကျောက်က ၎င်း၏တောင်ပံကို ခတ်ပြီးနောက် တစ်ပတ်လှည့်ပြလိုက်၏။ အသံက အတော်လေး ရွှင်မြူးနေပုံပေါ်သည်။

ခရုလေးက ပြောလိုက်၏။

“လူသားတွေနဲ့ ကြမ်းတမ်းခက်ထန်သားရဲတွေမှာ တူတာ တစ်ခုရှိတယ်။ သူတို့နှစ်မျိုးလုံးက သန်မာတဲ့သူကို ကြောက်တယ်။ ရှစ်စွင်းက သန်မာတယ်လို့ ယင်ကျောက်က ထင်တာကြောင့် ရှစ်စွင်းနောက်လိုက်ဖို့ ဆုံးဖြတ်လိုက်တာ”

လုကျိုးသည် စိတ်ကျေနပ်စွာ မုတ်ဆိတ်သပ်လိုက်၏။ သူသည် လူသားများ သူ့ကို ချီးမွမ်းတာ အသားကျနေပြီဖြစ်သည်။ ကြမ်းတမ်းခက်ထန်သားရဲတစ်ကောင် မျက်နှာချိုသွေးတာ ခံရတာ ပထမဆုံးအကြိမ် ဖြစ်၏။ ယင်းက ခံစားရတာကောင်းလှပေသည်။ ခရုလေးက ဆက်ပြောလိုက်သည်။

“ယင်ကျောက်ရဲ့မွေးရပ်မြေက ဖရိုဖရဲကုန်းမြေရဲ့ မြောက်ဖက် မိုင်တစ်သောင်းအကွာမှာ ရှိတယ်။ ဝေးဝေးလံလံ မသွားရဲတာကြောင့် နေရာကန့်သတ်ထားတာ။ ဒါကြောင့် ပြင်ပလောကအကြောင်း သိပ်မသိဘူး။ ကြမ်းတမ်းခက်ထန်သားရဲအုပ်ကြီးက သူတို့ ထွက်ပြေးဖို့ ရည်ရွယ်ချက်ရှိတဲ့သူတွေကို သစ္စာဖောက်လို့ သတ်မှတ်ထားတာ။ အစွမ်းထက်တဲ့ကြမ်းတမ်းခက်ထန်သားရဲတွေက သူ့ကို သေချာပေါက် လာရှာမယ်လို့ပြောတယ်။ ဒါကြောင့် ရှစ်စွင်း သူ့ကို ကာကွယ်ပေးဖို့မျှော်လင့်နေတာ”

လုကျိုးကခေါင်းညိတ်လိုက်၏။

“မင်း ငါ့နောက်လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုမှတော့ မင်းကို ကာကွယ်ပေးမှာပေါ့။ ဒါပေမဲ့ မိစ္ဆာဝေဟင်မျှော်နန်းက အလကားနေတဲ့လူတွေကို မထားဘူးဆိုတာ မင်း နားလည်ထားရမယ်”

ရှောင်ယွမ်အာသည် လုကျိုး၏စကားကို ချက်ချင်းပြင်ပေးလိုက်သည်။ “ရှစ်စွင်း ထိုင်နေတဲ့လူတွေ မဟုတ်ဘူး။ ထိုင်နေတဲ့သားရဲ”

“မင်း စကားများလွန်းတယ်” လုကျိုးက လက်မြှောက်လျက် ရှောင်ယွမ်အာကို ခေါင်းအသာလေး ခေါက်လိုက်သည်။

ယင်ကျောက်က တောင်ပံဖြန့်ပြီး ကျယ်လောင်စွာ အော်လိုက်၏။ ခရုလေးက ပြောလိုက်သည်။

“သူက ငယ်လွန်းတယ်လို့ပြောတယ်။ ပြီးတော့ သူ့အသက်ဓာတ်နှလုံးသားကို ပြန်လိုချင်တယ်တဲ့”

လုကျိုးက ပြောလိုက်လေ၏။

“မင်းရဲ့ဒဏ်ရာပျောက်သွားရင် မင်းဆီအသက်ဓာတ်နှလုံးသားပြန်ပေးမယ်။ ဟုတ်ပြီ ... ခေါ်သွားတော့”

ဤနည်းဖြင့် ခရုလေးသည် ယင်ကျောက်ကို ခန်းမအပြင်သို့ခေါ်သွားသည်။

ပြီးနောက် လုကျိုးက စီးဝူယာ့ဖက် လှည့်မေးလိုက်၏။

“လောင်ချီ မင်း ဘာတွေးနေလဲ”

“ယင်ကျောက်က အမှန်အတိုင်းပြောတာဆိုရင် ပြဿနာက ငါ ထင်ထားတာထက် ပိုရှုပ်ထွေးမှာပဲ။ လူသားတွေကြားထဲက ပဋိပက္ခကို လူ့အတွေးနဲ့ရှင်းနိုင်မယ်။ အဆင့်မြင့်ဉာဏ်ရည်မြင့်တဲ့ သားရဲတွေပါ ပါလာရင် ကိစ္စတွေက ဒုက္ခများတော့မှာ” စီးဝူယာ့က ပြောလိုက်၏။

လုကျိုးက စဉ်းစားဆင်ခြင်လျက်ပြောလိုက်သည်။

“ကြမ်းတမ်းခက်ထန်သားရဲတွေက လူသားတွေထက် ဉာဏ်ရည်ပိုမြင့်တာ ဖြစ်နိုင်လား”

“သူတို့တွေက လူသားတွေထက် ဉာဏ်ရည်မမြင့်ရင်တောင် ပိုသန်မာမှာသေချာတယ်။ ယင်ကျောက်မှန်တာ တစ်ခုရှိတယ်။ သားရဲတွေက လူသားတွေထက် နယ်မြေပိုရှိတယ်။ ဒီတော့ သူတို့အရေအတွက်ပိုမှာ သေချာတယ်။ သူတို့တွေက လူသားတွေထက်ဉာဏ်ရည်ပိုမြင့်မယ်ဆိုရင် လူသားတွေက အစောတည်းက မျိုးတုန်းပြီးမှာ စိုးရတယ်။ အားအနည်းဆုံးလူသားကတောင် ဘယ်လိုလုပ်ရမလဲတွေးနေတာ။ အဲ့လိုပဲ အားနည်းဆုံးသားရဲတွေအတွက် တူမယ်လို့မပြောနိုင်ဘူး”

စီးဝူယာ့က ပြောလိုက်သည်။

လုကျိုးက ခေါင်းညိတ်ပြီးနောက် သူ့ဖာသာသူစဉ်းစားလိုက်သည်။

“ဟုတ်ပြီ။ မင်း ထွက်သွားလို့ရပြီ”

“ဟုတ်ကဲ့ ရှစ်စွင်း။ ကောင်းကင်သိုင်းခုံရုံးကို အရင်ပြန်ပါ့မယ်” စီးဝူယာ့က ပြောလိုက်၏။

ဤနည်းဖြင့် ကျန်သည့်သူများသည် တည်တံ့ရေးခန်းမထဲမှ ထွက်သွားလေ၏။

လုကျိုးတစ်ယောက်တည်း ခန်းမထဲ၌ ကျန်ခဲ့သည့်အချိန်တွင် သူသည် ယင်ကျောက်နှင့် ဖုယီ၏ အသက်ဓာတ်နှလုံးသားကို ထုတ်လာ၏။ အသက်ဓာတ်နှလုံးသားနှစ်ခုလုံးက ကြည်လင်နေသည်။

လုကျိုးက ပြက်ရယ်ပြုလိုက်၏။

ကြမ်းတမ်းခက်ထန်သားရဲတွေက လူသားတွေရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်နဲ့ စွမ်းအားတွေကို လေလည်နေသလိုမျိုး၊ လူသားတွေက ကြမ်းတမ်းခက်ထန်သားရဲတွေရဲ့အသက်ဓာတ်နှလုံးသားကို ကြက်ဥတွေလို သဘောထားတယ်။

လောကကြီးက စိတ်ဝင်စားသထက် စိတ်ဝင်စားဖို့ကောင်းလာပြီဟု လုကျိုးတွေးမိသွားသည်။

ဤနည်းဖြင့် သူ လက်ဖြန့်လိုက်၏။ သူ၏ ကြာပွင့်က သူ့ရှေ့တွင် ပေါ်လာသည်။ သူသည် မွေးဖွားနန်းဆောင်၌ မွေးဖွားဇုန်ငါးခု လင်းနေ၏။ သူ၏ မွေးဖွားဇယားချပ်များက တည်ငြိမ်နေသည်။ ထို့ကြောင့် သူက ယခုဆိုဆဌမမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်ပြီဖြစ်သည်။

သူသည် ဖုယွီ၏အသက်ဓာတ်နှလုံးသားကို မွေးဖွားနန်းဆောင်၏မြေနေရာတွင် ထားလိုက်ရာ လေထဲ၌ အသံတစ်သံပေါ်လာပြီး အသက်ဓာတ်နှလုံးသားကို ၎င်းနေရာ၌ အောင်မြင်စွာ ထားပြီးကြောင်း ရည်ညွှန်းနေသည်။

သူ့အတွက်ကျန်သည်က စောင့်ဆိုင်းနေရုံပဲဖြစ်သည်။

စောင့်ဆိုင်းနေ

စဉ် သူက စနစ်မျက်နှာပြင်ကို ဖွင့်ပြီး အကြောင်းပြန်လှန်ကတ်များစတင်ဝယ်ယူလိုက်၏။

All Chapters