← Chapters

အခန်း (၁၀၆၀-၁၀၆၂)

Vol. 71 Ch. 1060-1062

အခန်း (၁၀၆၀-၁၀၆၂)

Vol. 71 Ch. 1060-1062

အခန်း (၁၀၆၀) ငယ်ရွယ်မှု ပြောင်းပြန်လှန်ခြင်း

လက်ရှိ ကုသိုလ်ရမှတ် ၁၂၃၃၆၈၀

လက်ကျန်သက်တမ်း ၂၈၇၂၃၀ရက်(၇၈၆၂၊ အကြောင်းပြန်လှန်ကဒ်မှ ၂၆၃၂)

ထိုသက်တမ်းဖြင့် သူက နောက်ထပ် နှစ်၁၀၀၀နီးပါး နေထိုင်လိမ့်မည်။ အကယ်၍ အကြောင်းပြန်လှန်ကဒ်များကို ထပ်ပြီး အသုံးပြုပါက မိခင်ဝမ်းဗိုက်ထဲတွင် ပြန်သွားနိုင်သည်ကို မည်သူက သိမည်နည်း။

ထိုစဥ် သူ့ကျင့်ကြံစဥ်က မည်မျှပင် မြင့်မားစေကာမူ အသုံးမဝင်ဖြစ်သွားလိမ့်မည်။

ယခု နှစ်၇၀၀‌ကျော်ဖြင့် သူက ၆ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ နှစ်များစွာ လိုအပ်နေဆဲဖြစ်၏။

“မွေးဖွားဇယားချပ်၁ခုကို အသက်သွင်းဖို့ နှစ်၁၅၀၀လိုတယ်။ အဲ့လိုဆိုတော့ ငါက နောက်ထပ် အကြောင်းပြန်လှန်ကဒ် ၉၀၀သုံးဖို့လိုတယ်။ တစ်ကဒ်က ကုသိုလ်ရမှတ် ၅၀၀ကျသင့်တယ်”

လုကျိုးက တွက်ချက်ပြီးသည့်နောက်တွင် ဆွံ့အမိသွားသည်။ သူက ဤမွေးဖွားဇယားချပ်ကို အသက်သွင်းဖို့အတွက် ကုသိုလ်ရမှတ် ၄သိန်းခွဲကို အနည်းဆုံး ဖြန်းတီးဖို့ လိုအပ်၏။ သူက ယခုအခါ ကုသိုလ်ရမှတ် တစ်သန်းကျော်ရှိနေသော်လည်း စိတ်ဓာတ်ကျသွားမိသည်။

လုကျိုးက ကျင့်ကြံစဥ်ကို မြှင့်ရင်း အသက်ရှည်နိုင်မည့်နည်းလမ်းကို စဥ်းစားသင့်ကြောင်း တွေးလိုက်မိသည်။ အကယ်၍ သာမန်သက်တန့်နှလုံးသားက အသုံးမဝင်ပါက တခြားနည်းလမ်း ရှိသင့်သည်။ သူက မွေးဖွားဇယားချပ်၅ခု ကျင့်ကြံသူ မဟုတ်ပေ။ သဘောတရားအရ သူသည် နှစ်ပေါင်း ၅၁၀၀နေနိုင်လိမ့်မည်။ ယခုအခါ သူ့တွင် နှစ်၇၀၀သာ ကျန်ရှိတော့၏။ သူသာ သူ့ကျင့်ကြံစဥ်၏ ကန့်သတ်ချက်ကို ဆက်လက်ချိုးဖောက်လိုပါက သက်တမ်းကို ဆွဲဆန့်နိုင်ကြောင်း ယုံကြည်ချက်ရှိသည်။

ထိုစဥ် ခန်းမအတွင်း အသံတစ်သံထွက်ပေါ်လာပြီး ဖုယီ၏ သက်တန့်နှလုံးသားက လုကျိုး၏ မွေးဖွားနန်းဆောင်ထဲ တစ်လက်မ နစ်မြုပ်သွား၏။

ဤသို့ဖြင့် လုကျိုးက သူ့စွမ်းအင် ဗဟိုချက်ရှိ ချီပင်လယ်ထဲ နာကျင်မှုကို ခံစားမိလိုက်သည်။ ထို့နောက် ယခင်ထက်ပြင်းထန်သည့် နာကျင်မှုမျိုးနှင့်အတူ အပူဓာတ်ပါ ထွက်ပေါ်လာခဲ့သည်။ ထိုအရာက အဆိပ်ပြင်းကင်းမြီးကောက်က သူ့မွေးဖွားနန်းဆောင်ကို ဆက်တိုက်ထိုးစိုက်နေသလိုမျိုးဖြစ်၏။

လုကျိုး၏ နဖူးအထက် ချွေးများတစ်ပေါက်ပေါက် စီးကျလာသည်။

“ခြောက်ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့က တကယ်မလွယ်ဘူး။ အသက်သွင်းတာနဲ့တင် အတော်လေး နာကျင်နေပြီ။ မွေးဖွားစမ်းသပ်ချက်က ဘယ်‌လောက်တောင် ခက်ခဲလိုက်မလဲ”

လုကျိုးက ခရမ်းရောင်တောက်ပသံကျောက်အကြောင်း စဥ်းစားလိုက်သည်။ ထိုအရာမှ အအေးဓာတ်က နာကျင်မှုကို ပြေပျောက်စေလိမ့်မည်။ သို့သော် သူက လန်ရှီဟယ်နှင့် လက်ရည်စမ်းစဥ်အတွင်း စွမ်းအားအကုန် ထုတ်သုံးခဲ့သည့်အတွက် ကံမကောင်းလှပေ။ သူက မိမိုက်သည့် အပြုအမူမျိုးကို ကြိုစားခဲ့သည့်အတွက် နောင်တရနေမိ၏။ အကယ်၍ သူသာ ဤသို့ဖြစ်လာမည်မှန်း သိထားခဲ့ပါက သူမကို ခရမ်းရောင်တောက်ပသံကျောက်ကို သုံးပြီးရင်ဆိုင်မည့်အစား မိုးကြိုးချက် (၃)ချက်ကိုသာ ထုတ်သုံးလိုက်လိမ့်မည်။

အပူချိန်က ပို၍ ပူပြင်းလာသည်။

“ဒီလိုဆက်ဖြစ်နေလို့မရဘူး။ မဟုတ်ရင် ငါ အနှေးနဲ့အမြန် အပူဓာတ်ကြောင့် သေသွားလိမ့်မယ်”

လုကျိုးက မီးတောက်ခံနိုင်ရည်စွမ်းရှိထားသော်လည်း အပူချိန်က အလျင်အမြန် အန္တရာယ် များလွန်းလှသည်။

သူက အပူချိန်ကို အေးစက်သည့် တစ်စုံတစ်ခုဖြင့် ဖြေဖျောက်ဖို့ လိုအပ်နေ၏။ သူသာ နှင်းများဖုံးလွှမ်းနေသည့် အဖြူရောင်ကြာ နယ်မြေအတွင်းရှိနေပါက ပြဿနာမဟုတ်ပေ။

“ရေနက်ဆန်းကြယ်ဂူ”

ယွီရှန်းရုန်တစ်ယောက် ရေနက်ဆန်းကြယ်ဂူအတွင်း ရှိနေစဥ်မြင်ကွင်းက သူ့စိတ်ထဲ ပေါ်ထွက်လာသည်။ ထိုနေရာတွင် အင်မတန် အေးလွန်းလှ၏။ သို့‌သော်လည်း အင်မတန် အန္တရာယ်များလှသည်။ မွေးဖွားဇယားချပ်၅ခု၊ ဘုံတစ်‌ထောင်လေပွေအဆင့်ကျင့်ကြံသူက ခက်ထန်သားရဲများအတွက် အရသာရှိသည့် အစားအစာတစ်ခု ဖြစ်နေလိမ့်မည်။

သူ့မွေးဖွားဇယားချပ်ကို အသက်သွင်းခြင်းက ကျားပါးစပ်ထဲခုန်ဆင်းသည်နှင့် အတူတူဖြစ်နေလိမ့်မည်။

“အဲဒါဆို အအေးကန်ရော”

လုကျိုးက တိမ်တိုက်တောင်၏ မြောက်ဘက်ရှိ အ‌အေးကန်ကို အမှတ်ရသွားသည်။ တောင်က အင်မတန်မြင့်မားလွန်း၍ အ‌အေးဓာတ် ပြင်းထန်လှသည်။ ယခင် သူ တိမ်တိုက်တောင်ဆီ ဧည့်သည်အဖြစ် သွားစဥ်က နယ်ချိန်းမယ်ပြောသည်ကို ကြားဖူးခဲ့၏။ ထိုစဥ်အခါက သူသည် ပွင့်ချပ်၉လွှာကျင့်ကြံသူမျှသာ ရှိသည့်အတွက် အအေးရေကန်ထဲကို ဝင်ရောက်ပါက သေဆုံးသွားနိုင်သည်။

လုကျိုးက တုံ့ဆိုင်းမနေတော့ပေ။ သူ့မွေးဖွားဇယားချပ်က အသက်မဝင်သေးခင် တည်တံ့ရေးခန်းမဆောင်မှ အလျင်အမြန်ထွက်လာပြီး တိမ်တိုက်ဆောင်ဆီ ဦးတည်လိုက်သည်။

“...”

လုကျိုးက သူ့ကြာပွင့်ဖြင့် ခြုံလွှမ်းကာ ပျံသန်းလိုက်သည်။ သူက မွေးဖွားနန်းဆောင်ကို မကြာခဏ စစ်ဆေးကြည့်နေ၏။ မလိုလားအပ်သည့် ပြဿနာများ မဖြစ်လာစေဖို့အတွက် သူ့ကြာပွင့်ကို မထင်မရှားအရွယ်အစားအထိ ကျုံ့ထားခဲ့သည်။ သူသည် အဝေးမှ ကြွေကျလာသည့် ကြယ်တစ်လုံးနှင့် တူနေလေ၏။ သူက အရှိန်ပြင်းပြင်းဖြင့် ပျံသန်းသွားသည့်အခါ သူ့အရှိန်က နတ်ခြင်္သေ့၏ အမြန်နှုန်းထက် နိမ့်ကျနေသည်။ ထိုအရာက ကနဦးချီ အသုံးပြုဖို့ လိုအပ်နေသော်လည်း ယခုအခါ ကနဦးချီကို ချွေတာရမည့်အချိန်မဟုတ်ကြောင်း သိနေသည်။

အမြန်နှုန်းဖြင့် တစ်နာရီကြာကြာ ပျံသန်းပြီးသည့်နောက်တွင် လုကျိုးက တိမ်တိုက်တောင်ဆီ ရောက်ရှိလာသည်။သူက ညကောင်းကင်ယံဆီ ဝဲပျံရင်း ‌တောင်ထွဋ် ၁၂ခုကို ကြည့်လိုက်၏။ ‌တောင်ထွဋ်၁ခုချင်းဆီကို တာအိုသင်္ကေတများဖြင့် ကာကွယ်ထားလေသည်။ ထိုသင်္ကေတများက အဝေးမှ ကြည့်လျှင် ပင်လယ်ရေလှိုင်းနှင့် တူညီ၏။ လရောင်အောက်တွင် သူတို့က တောက်ပနေလေသည်။ ဝေဟင်ရှိ ငှက်များကပင် ထို တာအိုသင်္ကေတများကို ရှောင်ကွင်းသွားကြ၏။

လောကွတ်အရ လုကျိုးသည် နဥ်ချင်းယွင်ကို အရင် နှုတ်ဆက်သင့်ပေသည်။ သို့သော်လည်း သူက အလျင်လိုနေသည့်အတွက် တိမ်တိုက်တောင်၏ မြောက်ဘက်သို့ တိုက်ရိုက် ပျံသန်းသွားလိုက်သည်။

တချို့တိမ်တိုက်တောင် တပည့်များက ကောင်းကင်မှ အလင်းတန်းကို မြင်သည့်အခါ အံ့သြသွားကြသည်။

“အဲဒါက ဘာကြီးလဲ”

“ကြယ်ကြွေတာနဲ့တူတယ်”

တပည့်များက လုကျိုးကို သူတို့ကျင့်ကြံစဥ်ဖြင့် မမြင်နိုင်သည့်အတွက် အံ့အားသင့်ခြင်း မရှိပေ။

“သူလာနေပြီ။ ခဏနေအုံး။ ငါတို့ရဲ့ တာအိုသင်္ကေတတွေ...”

တပည့်တစ်ယောက်က တုန်လှုပ်စွာ ရေရွတ်လိုက်သည်။

“ဝှစ်”

ကျောက်တုံးက ရေကန်ထဲကို ပစ်ချလိုက်သလိုမျိုး အလင်းတန်းက မြောက်ပိုင်းဆီ ထိုးဖောက်သွားသည်။ စက္ကန့်ပိုင်းလေးအတွင်း လှိုင်းတို့က ပြန်လည်ပျောက်ကွယ်သွားကာ အားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။

တိမ်တိုက်တောင်တပည့်များက ထိုမြင်ကွင်းကြောင့် အံ့အားသင့်နေကြသည်။

“ဂိုဏ်းချုပ်ဆီ သတင်းသွားပို့ချေ”

“...”

လုကျိုးက တိမ်တိုက်တောင်ထွဋ် ၁၂ခုတောင် ပျံသန်းလာခဲ့၏။ သူက မြောက်ပိုင်းသို့ ရောက်ရှိလာသည့်အခါ တိမ်တိုက်အထက် ခပ်မြင့်မြင့် ပျံသန်းလိုက်သည်။ သူ့အောက်တွင် သူမြင်နိုင်သမျှ အရာအားလုံးက အဖြူရောင်သာ ဖြစ်နေလေ၏။

ဤနေရာတွင်တစ်နှစ်ပတ်လုံး နှင်းကျလေ့ရှိသည်။ ရံဖန်ရံခါတွင် ထူးထူးဆန်းဆန်း ကျောက်တုံးများကိုပင် မြင်တွေ့နိုင်ပြီး အဖြူရောင်ကုန်းမြေကို ဆွဲချက်များပေးထားသလို ဖြစ်နေသည်။

ထိုစဥ် လုကျိုးက နောက်ထပ် အသံတစ်သံကို ကြားလိုက်ရ၏။ ဖုယီ၏ သက်တန့်နှလုံးသားက သူ့မွေးဖွားနန်း‌ဆောင်အတွင်း အပြည့်အဝ မြုပ်လုနီးပါး ဖြစ်နေသည်။

သူ့စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်ထဲက အပူဓာတ်စွမ်းအားများသည် ယခုအခါ ချော်ရည်ပူကဲ့သို့ ဖြစ်နေ၏။ အကယ်၍ ဖုယီ၏ သက်တန့်နှလုံးသားကို သူ့မွေးဖွားနန်းဆောင်အတွင်း အပြည့်အဝ ဝင်ခွင့်ပြုလိုက်ပါက သူသည် ပြန်လည်အသုံးပြုနိုင်မည် မဟုတ်ပေ။

လုကျိုးက ပြင်းထန်သည့် အပူချိန်ကို တောင့်ခံထားပြီး လက်သီးကျစ်ကျစ် ဆုပ်ထားမိသည်။

သိပ်မကြာခင် ဝဲကတော့တစ်ခု ပေါ်ထွက်လာပြီး သူ့သက်တမ်းက စတင်လျော့ကျလာ၏။ ကံကောင်းစွာဖြင့် သူသည် နှစ်၇၀၀ရှိနေသေးသည့်အတွက် အချိန်ရသေးသည်။

အနုတ် ရက်၁၀၀

အနုတ် ရက်၂၀၀

အနုတ် ရက်၁၀၀

လုကျိုးက အမြင့်ဆုံးတောင်ထိပ်ဆီ ပျံသန်းသွားလိုက်၏။ ဖိအားက သက်သောင့်သက်သာ မဖြစ်လာပေ။ လူသားများက စကြဝဠာနှင့် ရင်ဆိုင်သည့်အခါ ဖုန်မှုန့်သဖွယ် သေးငယ်လာသည်။ မွေးဖွားဇယားချပ်၅ခု ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူပင် စကြဝဠာ၏ စည်းမျဥ်းကို မခုခံနိုင်ပေ။

နောက်ဆုံးတွင် သူက နှင်းကျသည့် တောင်ထိပ်သို့ ရောက်ရှိသွားသည့်အခါ အအေးရေကန်ကို ငုံ့ကြည့်လိုက်သည်။ ထိုအရာက ပန်းကန်လုံးတစ်လုံးနှင့် တူ၏။

လုကျိုးက တုံ့ဆိုင်းမနေဘဲ ထိုရေကန်ဆီ ပျံသန်းသွားလိုက်သည်။ ဘေးပတ်လည်ကို လေ့လာကြည့်ပြီးသည့်နောက်တွင် ရေကန်အတွင်း ဝင်ရောက်လိုက်၏။

“ဗွမ်း”

သူက ရေကန်အတွင်း နစ်မြုပ်နေရင်း သူ့ချွေးပေါက်များက ပါးဟပ်များသဖွယ် ခံစားလိုက်ရ၏။ သူက လေကို ရှူသွင်းဖို့ မလိုတော့သလိုမျိုး ခံစားနေရသည်။ ကျင့်ကြံသူများက အချိန်အတော်ကြာ အသက်အောင့်ထားနိုင်သော်လည်း ရံဖန်ရံခါ အသက်ရှူဖို့ လိုအပ်နေဆဲဖြစ်၏။

“ဒါက ဖုယီရဲ့ စွမ်းရည်လား”

သူက ဖုယီ၏ စွမ်းရည်သည် ပင်လယ်လေးခုကို အုပ်စိုးခြင်းနှင့် ပတ်သက်နေသည့် တစ်စုံတစ်ခု ရှိကြောင်း အမှတ်ရလိုက်သည်။

ဤသည်က အံ့အားသင့်ဖွယ် ကောင်းလှသည်။

လုကျိုးက သူ့မွေးဖွားနန်းဆောင်ရှိ ဝဲကတော့နှင့် ကျန်ရှိနေသည့် လက်ကျန်သက်တမ်းကို ကြည့်လိုက်သည်။ ယခုအခါ သူ့တွင် နှစ်၅၀၀မျှသာ ကျန်ရှိတော့၏။

ဤသို့ဖြင့် သူက အကြောင်းပြန်လှန်ကဒ်များကို စတင်ဝယ်ယူလိုက်သည်။ အဆုံးသတ်တွင် သူက အကြောင်းပြန်လှန်ကဒ် ၉၀၀ ဝယ်ယူလိုက်သည်။

“သုံးမယ်”

နှင်းဖုံးလွှမ်းနေသည့် တောင်ထိပ်ရှိ အအေးရေကန်အထက် အသက်ဓာတ်က စတင်စုဝေးလာသည်။

လုကျိုး၏ အသက်ဓာတ်က အလျင်အမြန် ပြည့်ဝလာသည်။ စနစ်ပေါ်ရှိ သူ့သက်တမ်းက တိုးလိုက်လျော့လိုက်ဖြစ်နေသည်။ တစ်ချိန်တည်းဆိုသလို သူ့ရှုံ့တွနေသည့် အသားအရေက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ သူ့ဆံပင်က ယခင်ကထက် ပိုမို မည်းမှောင်လာသည်။ အချိန်က သူ့ကို နောက်ပြန်ဆွဲပေးသလိုမျိုး ဖြစ်နေသည်။

“...”

အချိန်ဘယ်လောက်ကုန်သွားလဲ မသိတော့သည့်နောက်တွင် လေထုထဲ မြင်ကွင်းတစ်ခုသာ ရှိနေသည်။ နှင်းဖုံးလွှမ်းနေသည့် ‌တောင်ထိပ်တွင် မီတာ အနည်းငယ်ရှိသည့် အလင်းတိုင်လုံးတစ်ခုက အအေးရေကန်မှ မီတာ၁၀၀၀အကွာတွင် ပေါ်ထွက်လာခဲ့သည်။

အသက်ရှိုက်စာ အနည်းငယ်အတွင်း အလင်းတိုင်လုံးက ပျောက်ကွယ်သွားခဲ့၏။ ထိုစဥ် ပုံရိပ်၂ခုက နှင်းဖုံးလွှမ်းနေသည့် အနီးသို့ ပေါ်ထွက်လာသည်။

တစ်ယောက်က ပြောလိုက်၏။

“သခင်လေးချင် ဒီခွင့်ပြုချက်မရဘဲနဲ့ သင်္ကေတလမ်းကြောင်းကို ဖွင့်လိုက်တဲ့အကျိုးဆက်ကို ကျွန်တော်တော့ ကြောက်တယ်”

‌ကျော့ရှင်းသည့် သခင်လေး၏ နာမည်က ချင်မော့ရှန်းဖြစ်၏။ သူက ဆံပင်ကို ဆံထုံးထုံးထားလေသည်။ သူက ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးထက်တွင် ကျောက်စိမ်းပြားတစ်ခုကို ချိတ်ဆွဲထားသည်။ သူ့ဇာမဏီနှင့်တူသည့် မျက်ဝန်းနှင့် သွယ်လျသည့် မျက်ခုံးတို့က အမျိုးသမီးဆန်စေသော်လည်း သူ့ဝန်းကျင်တွင် ခမ်းနားကြီးကျယ်သည့် လေထုမျိုးကို ပျောက်ကွယ်သွားစေခြင်းမရှိပေ။

သူက ပြောလိုက်၏။

“မင်းက အကျိုးဆက်ကို ဘာလို့ စိတ်ပူနေတာလဲ။ တကယ်လို့ ရှိရင် ငါပဲယူမယ်”

အစေခံလေးက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

“ဒါပေမဲ့ အထက်ပိုင်းက အားလုံးကို သင်္ကေတလမ်းကြောင်း ဖွင့်တာနဲ့ ထွက်သွားတာကို တားဆီးထားတယ်လေ”

“ငါတို့တွေက ဒီရောက်လာပြီဆိုမှတော့ စိုးရိမ်နေလို့ ဘာထူးလို့လဲ။ မစိုးရိမ်စမ်းပါနဲ့။ ငါတို့ တစ်ချက် ကြည့်အုံးမယ်။ ဘာမှမလုပ်ဘူး”

အစေခံလေး၏ အသံက တိတ်ဆိတ်သွားသည်။

ချင်းမော့ရှန်း၏ အသံက နှာခေါင်းရှုံ့လိုက်၏။ သူက ရှေ့ကို လက်ညှိုးထိုးကာ ပြောလိုက်၏။

“သူက ကံကောင်းလိုက်တာ။ အဲ့ဒီ့မှာ အသက်ဓာတ်စွမ်းအားတွေ ပြည့်နှက်နေတာပဲ”

“ဟုတ်တယ်။ တကယ်ကို ရှားတယ်”

“သွားကြည့်ရအောင် င့ါကို မတားနဲ့။ နှင်း‌တောင်ထိပ်မှာ လမ်းလျှောက်တာ အဆင်ပြေပါတယ်။ သာမန်လူတွေက ဒီနေရာကို လာမှ မလာနိုင်တာ”

ဤသို့ဖြင့် သခင်နှင့် အစေခံလေးက အအေး‌ရေကန်ဆီ ပျံသန်းလာကြသည်။ သိချင်စိတ်များပြားသည့် ယုန်များသဖွယ် သူတို့က အအေးရေကန်နားဆီ ချဥ်းကပ်လာပြီး အသက်ဓာတ်စုဝေးရာကို မကြည့်ခင် ရေကန်ကို ကြည့်လိုက်ကြသည်။

…

အခန်း (၁၀၆၁) လူငယ်လေးက သိပ်ကို မောက်မာထောင်လွှားလွန်းတယ်

ချင်မော့ရှန်းက အပျော်လွန်သွားလေ၏။ သူသည် သူ၏ခါးမှ ကျောက်စိမ်းပြားကို ချွတ်ကာ သူ၏လက်နားတစ်ဝိုက်တွင် ထားလိုက်၏။ ပြီးနောက် သူ၏လက်ဖဝါးက အလင်းတန်းများ ပေါ်လာတော့သည်။ ကျောက်စိမ်းအဆောင်က မြည်ဟည်းလာပြီး ကောင်းကင်ထဲရှိ အသက်စွမ်းအင်တို့က ဤထဲစီးဝင်လာ၏။

“ကြွယ်ဝလိုက်တဲ့ အသက်စွမ်းအင်ပဲ။ ဒီနေရာက လွင်တီးခေါင်လို့ ဘယ်သူကပြောလဲ။ သူတို့အားလုံး လိမ်နေတာ” ချင်မော့ရှန်းက ပြောလိုက်၏။

“သူတို့ ဒီနေရာကို မရောက်တာ သိပ်ကြာသွားတော့ ကိစ္စတွေပြောင်းလဲသွားတာ ဖြစ်နိုင်တယ်”

အစေခံသည် ဇဝေဇဝါဖြင့် ခေါင်းကုတ်ကာ ဘယ်ကြည့်ညာကြည့် ကြည့်လိုက်၏။ ပြီးနောက် သူသည် ပျံသန်းသွားလျက် ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ သာမန်နှင့်ကွဲထွက်နေတာ ဘာမှမရှိပေ။ နှင်းတောင်တန်း၏ကျယ်ဝန်းလှသော မြေပြင်ပေါ်၌ ဘာမှမရှိ။ ကြမ်းတမ်းခက်ထန်သားရဲတစ်ကောင်၏ အရိပ်ကိုတောင် မတွေ့နိုင်။

တစ်ချိန်တည်းတွင် အအေးရေကန်၏ အောက်ခြေတွင်ရှိသည့် လုကျိုးက မျက်လုံးဖွင့်လိုက်သည်။ သူ၏ မွေးဖွားနန်းဆောင်ကိုကြည့်လိုက်၏။ ရေကန်ထဲရှိအအေးဓာတ်က အပူကိုဖိနှိပ်ပေးထားပြီး ဟန်ချက်ကို ထိန်းညှိပေးထား၏။ သူသည် ကျင့်ကြံရာ၌ အာရုံစိုက်နေသည်။ ထို့ကြောင့် သူ၏ မွေးဖွားနန်းဆောင်ထဲရှိ ပြောင်းလဲမှုကို အာရုံမစိုက်မိပေ။

မပြီးသေးဘူးလား ... လုကျိုးက သံသယဝင်နေတော့သည်။ သူ၏အတွေ့အကြုံအရ အပူဒဏ်ကို ကျော်လွှားပြီးနောက် သူသည် ယခုအချိန်၌ မွေးဖွားဇယားချပ် အသက်သွင်းတာ ပြီးမြောက်သင့်ပြီဖြစ်သည်။ သူသည် စနစ်ဇယားကို တစ်ချက်ကြည့်လိုက်သည်။

အနုတ် ရက် ၁၀၀

အနုတ် ရက် ၂၀၀

သူ၏သက်တမ်းက ဆက်လက်လျှော့ကျနေ၏။ တစ်စုံတစ်ခုလွဲချော်နေပြီဖြစ်သည်။ သူသည် သက်တမ်း ၁၅၀၀နှင့် ညီမျှသည့် အကြောင်းပြန်လှန်ကတ် ၅၀၀ကို ဝယ်လာတာဖြစ်သည်။ ဤအတိုင်း ဆက်လက်ဖြစ်ပွားနေပါက သူ၏တည်ရှိသော သက်တမ်းတို့သည် ဆက်လက်လျှော့ပါးလာလိမ့်မည်။ ယင်းက မည်သို့ဖြစ်နေသနည်း။

သူက ခေါင်းမော့ပြီး တစ်ချက်ကြည့်လိုက်သောအခါ နှာခေါင်းဝမှ ပူပေါင်းတစ်ခုပေါ်လာသည်။ အပေါ်၌ အသက်စွမ်းအင်ကို မမြင်နိုင်ပေ။

တစ်ယောက်ယောက်ဒီမှာရှိနေတာလား ... သူသည် အအေးရေကန်ကြောင့် လှုပ်ရှားသွားသည့်အရိပ်ကို မြင်လိုက်ရကာ သူ၏ကံဆိုးမှုကို စိတ်ထဲ ကျိန်ဆဲမိသွားသည်။

နျဲ့ချင်းယွင် သူ့ကို ပြောဖူးသည်က အအေးရေကန်သည် လူသားများနှင့် ကြမ်းတမ်းခက်ထန်သားရဲများအတွက် မဖွံ့ဖြိုးဘဲ နှင်းတောင်တန်းထိပ်တွင် ရှိသည်။ အပူချိန် နိမ့်လွန်းသဖြင့် သူတို့ ဤနေရာတွင် ရှင်သန်ရန်မဖြစ်နိုင်လောက်ပေ။ အအေးရေကန်ဆီ လာသည့် ကျင့်ကြံသူအများစုက ဤနေရာ၌ အေးခဲပြီး သေသွား၏။

ဤနေရာမှာ လူတွေ ဘာလို့ဒီလောက်များနေတာလဲ။

လုကျိုးက စဉ်းစားနေစဉ် ရေကန်အောက်ခြေထဲထိ မြည်ဟည်းလာသော အသံတစ်သံကို ကြားလိုက်ရ၏။

“ရေကန်အောက်မှာ ဘယ်လိုမကောင်းဆိုးဝါး ပုန်းနေတာလဲ။ မြန်မြန်ထွက်လာပြီး သေခြင်းတရားကို ရင်ဆိုင်လိုက်”

လုကျိုးသည် သူ၏မွေးဖွားနန်းဆောင်ကို ကြည့်လိုက်သည်။ သူ၏ပတ်ဝန်းကျင်က မည်းမှောင်နေပြီး အောက်တွင် ပိုတောင်မည်းမှောင်နေ၏။ ရေနက်ဆန်းကြယ်ဂူထဲတွင် သူ၏အတွေ့အကြုံကြောင့်သာ မဟုတ်လျှင် နက်ရှိုင်းသော ပင်လယ်ကို ကြောက်ရွံ့မိသောကြောင့် ဤနေရာ၌ နေချင်မှာမဟုတ်။

ဗွမ်း ...

ပုံရိပ်တစ်ခုက ရေထဲသို့ခုန်ဆင်းလာစဉ် သူ၏လက်ဝါးဖြင့် ရိုက်လိုက်၏။

လုကျိုးက ခေါင်းမော့လိုက်သည်။ အမှောင်ထုထဲတွင် အပေါ်ကလေကို ရှင်းရှင်းလင်းလင်းမြင်ရ၏။

နောက်ထပ်တွင်မူ ထိုလူက မွေးဖွားနန်းဆောင်မှ တောက်ပသည့်အလင်းကိုတော့ မြင်နိုင်သည်။

လုကျိုးက ကနဦးချီကို ထိန်းညှိပြီးနောက် သူ့ဆီမှ ရေများကို တွန်းထုတ်ကာ သူ၏လက်ဝါးဖြင့် လက်ဝါးရိုက်ချက်ကို ဆုံတွေ့ခိုင်းလိုက်သည်။

ဝှစ်

စွမ်းအင်လှိုင်းပေါ်ထွက်လာပြီးနောက် ရေများအပေါ်သို့ ပန်းတက်သွားသည်။

အောက်၌ လူတစ်ယောက်နှင့် တွေ့ရမည်ဟု မထင်ထားသဖြင့် လူငယ်က အငိုက်မိသွားကာ ရေအပြင်ဘက်သို့ လွင့်ထွက်သွားလေ၏။

ဖုန်း

“သခင်လေးချင်”

ချင်မော့ရှန်းက ကမ်းစပ်ပေါ်ပြုတ်ကျပြီးနောက် သူ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သူ၏လက်ဝါးနှင့် လက်မောင်းက နာကျင်ကိုက်ခဲထုံကျဉ်နေ၏။ သူက ရေကန်ကို အထိတ်တလန့် ကြည့်မိသွားသည်။

“ကြမ်းတမ်းခက်ထန်သားရဲ မဟုတ်ဘူး။ လူတစ်ယောက်ပဲ”

“သခင်လေးချင် မြန်မြန် နောက်ဆုတ်ရအောင်” အစေခံသည် သင်္ကေတလမ်းကြောင်းဆီသို့ ချင်မော့ရှန်းကို အမြန်ဆွဲခေါ်သွားသည်။

ချင်မော့ရှန်းက ခဲရာခဲဆစ်ဖြင့် အပြင်ဖက်သို့ ထွက်လာနိုင်ခဲ့တာ ဖြစ်သည်။ သူ မည်ကဲ့သို့ အလွယ်တကူ ထွက်သွားချင်မည်နည်း။ ထို့အပြင် သူသည် တစ်ဖက်လူ၏ လက်ဝါးရိုက်ချက်ကြောင့် ဒေါသထွက်သွား၏။ သူက ခြေဆောင့်နင်းလျက် ရေကန်မျက်နှာပြင်ဆီ သွားလိုက်သည်။

ဗွမ်း ...

လုကျိုးသည် ရေကန်ထဲမှ ဗွမ်းခနဲ ပေါ်ထွက်လာပြီး ပျံဝဲနေ၏။ သူ့ခြေထောက်အောက်၌ ကြာက ရစ်ဝဲနေသည်။ သူက ချင်မော့ရှန်းကို ကြည့်ပြီး အေးစက်စက်မေးလိုက်သည်။

“ဒီအဘိုးကြီးကို ဘယ်လိုလုပ် နှောင့်ယှက်ရဲတာလဲ”

“ဒီအဘိုးကြီးလား” ချင်မော့ရှန်းက မျက်မှောင်ကျုံ့မိသွားတော့သည်။

“မင်းက အသက်ကြီးပုံတောင်မပေါ်ဘူး။ ဒါတောင် မင်းကိုယ်မင်း ဒီအဘိုးကြီးလို့ ပြောရဲသေးတယ်လား”

အသက်ကြီးပုံမပေါ်ဘူးလား ...

လုကျိုးက ငုံ့ကြည့်လိုက်ရာ ရေအိုင်မျက်နှာပြင်ပေါ်တွင် သွယ်လျသော လူငယ်တစ်ယောက်၏ ပုံရိပ်ကို တွေ့လိုက်ရသည်။ သူ၏မျက်နှာသွင်ပြင်က ကြည့်ကောင်းသည်။ ထူးချွန်ထက်မြတ်ပုံပေါ်၏။ သူ ဝတ်ဆင်ထားသော ဝတ်ရုံက လျော့ရဲနေပုံပေါ်သော်ငြား သီးခြားဆန်သည့် ခံစားချက်မျိုးပေးသည်။

လုကျိုးက သူ့လက်နှင့်လက်မောင်းကို ကြည့်လိုက်သည်။ ရင့်ရော်မှုများ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူ၏ဆံပင်ကလည်း မည်းနက်နေ၏။ လက်ကိုဝေ့ယမ်းပြီး လက်ချောင်းများကို လှုပ်ကြည့်လိုက်သည်။ သူ၏လက်ချောင်းများက ပေါ့ပါးပြီး သက်သောင့်သက်သာရှိတာကို တွေ့ရသည်။

အမ်း ... ပြန်ငယ်သွားပြီ။

မည်သူကများ တစ်သက်လုံးမငယ်ရွယ်ချင်ဘဲ နေမည်နည်း။ ယခု သူ၏နုပျိုမှုကို ပြန်လည်ရရှိပြီ ဖြစ်လေရာ အိပ်မက်မက်နေသလို ခံစားရ၏။ ယင်းက အစစ်ဟုတ်မဟုတ် မပြောနိုင်ပေ။ ဤနေရာသို့ ထပ်မံကူးပြောင်းလာသလို ခံစားလိုက်ရသည်။

သို့သော် မကြာမီ၌ သူက လက်တွေ့ကို သိသွား၏။ သူ၏ခန္ဓာကိုယ်ထဲ ရုတ်တရက် လျင်မြန်စွာ အိုမင်းရင့်ရော်နေတာကို ခံစားမိသည်။ သူ့ဆီက နှစ်ပေါင်းမျာစွာ ယူဆောင်သွား၏။ မမြင်ရသော ဖိအားက သူ၏မျက်နှာပေါ်တွင် ရင့်ရော်မှုများနှင့် အရေးအကြောင်းများကို ထားပေးနေသလိုပင်။ ယခုအချိန်တွင် ပြောင်းလဲမှုက မသိသာသော်ငြား သူ သူတို့ကို တိတိကျကျ ခံစားမိ၏။

လုကျိုးက မော့ကြည့်လိုက်ချိန် ပတ်ဝန်းကျင်ရှိ အသက်စွမ်းအင်တို့က ချင်မော့ရှန်းဆီ တိုးဝင်သွားတာ တွေ့လိုက်ရသည်။ ပြီးနောက် သူသည် ချင်မော့ရှန်း၏ခါးတွင် ချိတ်ထားသော ကျောက်စိမ်းအဆောင်ကို အကြည့်ရောက်သွား၏။

“ဒီတော့ မင်းက ငါ့အသက်စွမ်းအင်ကို ခိုးနေတာလား”

“ညီလေး ဘယ်လိုစကားပြောနိုင်တာလဲ။ အသက်စွမ်းအင်က ကောင်းကင်ထဲမှာ ရှိနေတာ ဒါဘယ်လိုလုပ် မင်းဟာဖြစ်နိုင်မှာလဲ” ချင်မော့ရှန်းက ရယ်မောလိုက်၏။

လုကျိုးသည် သူ၏ငယ်ရွယ်နုပျိုမှု ပြန်ရထားသော်ငြား အဘိုးအိုတစ်ယောက်ကဲ့သို့ စကားပြောနေတာကို ပြောင်းလဲရန် ခက်ခဲနေသေးသည်။

“ဟေ့ကောင် မင်းလက်ထဲက ကျောက်စိမ်းဆွဲပြားကို ပေးလိုက်။ မင်းအသက်ကို ချမ်းသာပေးမယ်”

“ငါ့ရဲ့ကျောက်စိမ်းဆွဲပြားကို လိုချင်နေတာလား ညီလေး။ မင်းက အမြင်တော့ကောင်းသား။ ဒါက အစိမ်းရောင်ပုစဉ်းရင်ကွဲ ကျောက်စိမ်းလေ။ လူတော်တော်များများ တပ်မက်ကြတဲ့ ပစ္စည်း။ မင်း လိုချင်တာ သေချာလား”

လုကျိုးက ညာလက်ကို ဆန့်ထုတ်လိုက်၏။ ချင်မော့ရှန်းက အနည်းငယ်အံ့ဩထိတ်လန့်သွားသည်။ သူ သတိဝင်လာချိန်၌ ရယ်မောလိုက်၏။

“မင်း ငါ့ဆီကနေ ယူသွားရဲရင် မင်း သေမှာပဲ။ ငါနဲ့တွေ့တာ ကံကောင်းသေးတယ်လို့မှတ်လိုက်။ မင်း အဆင့်ထိ ငါ မလျှော့ချဘူး။ ငါ အရင်ဆုံးသွားမယ်”

ချင်မော့ရှန်းက လှည့်လာပြီး သင်္ကေတလမ်းကြောင်းဆီသွားလိုက်၏။

“မောင်ရင်” လုကျိုးက ပြောလိုက်သည်။

ဟမ် ...

“မောက်မာထောင်လွှားခြင်းရဲ့ နောက်ဆက်တွဲကို လူကြီးတွေက မင်းကို မသင်ထားပေးဘူးလား”

လုကျိုးက မေးလိုက်သည်။

ချင်မော့ရှန်းက လုကျိုးကို အထင်သေး၏။

“မင်းက မွေးဖွားဇယားချပ်ငါးခု ပိုင်ရှင်ပဲ။ ဒါပေမဲ့ ငါ့ကို သင်ပေးဖို့ အရည်အချင်းရှိတယ် ထင်နေလား”

ချင်မော့ရှန်းသည် ရေကန်ထဲခုန်ဆင်းစဉ်၌ လုကျိုးတွင် မွေးဖွားဇယားချပ်ငါးခုရှိတာကို တွေ့လိုက်ရ၏။

လုကျိုးက မျက်မှောင်ကျုံ့မိသွားသည်။ ယနေ့တွင် မွေးဖွားဇယားချပ်၁၂ ကျင့်ကြံသူတစ်ယောက် ရောက်လာလျှင်တောင် အစိမ်းရောင် ပုစဉ်းရင်ကွဲကျောက်စိမ်းကို ယူပြီး ဤမောက်မာထောင်လွှားသော လူငယ်ကို သင်ခန်းစာပေးဖို့ စဉ်းစားထားသည်။

“မောင်ရင် မင်းက မောက်မာထောင်လွှားလွန်းတယ်”

ဝှစ်

လုကျိုး၏ခန္ဓာကိုယ်သည် မြားတစ်စင်းပမာ ပျံထွက်သွားပြီး လက်ကို ဆန့်ထုတ်လိုက်၏။

ချင်မော့ရှန်းက ကျောစိမ့်သွားပြီး အလိုလို လှည့်ကြည့်မိသွားသည်။ လုကျိုးကို မြင်သောအခါ လက်အမြန်မြှောက်ကာ သူ့ရှေ့၌ ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်လိုက်၏။ လုကျိုးသည် ကြယ်တာရာဒိုင်ခွက်၏ နောက်ကျောကို မြင်သောအခါ သူ့မျက်လုံးထဲ၌ အံ့အားသင့်သည့် အရိပ်အယောင် ပေါ်လာ၏။ သို့သော် သူသည် ခါတိုင်းလိုပင် တည်ကြည်မှုပြန်လည်ရရှိလာ၏။

ဘန်း

လုကျိုး၏လက်ဖဝါးက ကြယ်တာရာဒိုင်ခွက်ပေါ် ရောက်သွား၏။ သူ့လက်ဖဝါးမှ အထွတ်အထိပ် ဆန်းကြယ်စွမ်းအားများ ရုတ်တရက်ပေါ်ထွက်လာသည်။ ကြယ်တာရာဒိုင်ခွက်ကို ချိုင့်ဝင်သွားစေသည်။

သူက မွေးဖွားဇယားချပ်ငါးခု ကျင့်ကြံသူတစ်ယောက်မဟုတ်ဘူးလား။ ချင်မော့ရှန်းက ထိတ်လန့်မှုကြောင့် မျက်လုံးပြူးကျယ်သွား၏။ သူ သဘောပေါက်တာ နောက်ကျလွန်းသွားပြီဖြစ်သည်။

ဘန်း

ကြယ်တာရာဒိုင်ခွက်က ရင်ဘတ်ကို ထိမှန်ပြီး သူ့ကိုနောက်သို့လွင့်ထွက်သွားစေသည်။

အစေခံက တအံ့တဩအော်လိုက်၏။

“သခင်လေးချင်”

“သူ့ကိုတား” ချင်မော့ရှန်းသည် မွေးဖွားဇယားချပ်ငါးခု ကျင့်ကြံသူက ထိုမျှ အစွမ်းထက်လိမ့်မည်ဟု မထင်ထားပေ။

သူ၏ရင်ဘတ်ကို ပိုက်ထားလျက် သင်္ကေတလမ်းကြောင်းကို ကြည့်လိုက်သည်။ နောက်ထပ် စကားတစ်ခွန်းမှ မပြောတော့ဘဲ သင်္ကေတလမ်းကြောင်းဆီ ပြေးလိုက်၏။ လုကျိုးက လိုက်ဖမ်းတော့သည်။

အစေခံသည် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်ကာ သူ့ဆီ တိုးဝင်လာ၏။ လုကျိုးသည် စိတ်ဝိညာဉ်သဏ္ဌာန်၌ ပွင့်ချပ်ဆယ်လွှာသာရှိသည်ကို မြင်သောအခါ နက်ရှိုင်းသော အသံဖြင့် ပြောလိုက်သည်။

“မင်း သေချင်ရင် မင်းရဲ့ဆန္ဒကို ဖြည့်ပေးမယ်”

ပွင့်ချပ်ဆယ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်ကို ထက်ခြမ်းခြမ်းရန် နောက်ထပ် လက်ဝါးရိုက်ချက်တစ်ခုကို သုံးပြီးနောက် လုကျိုးသည် ချင်မော့ရှန်းသည် လျှပ်ပြက်သောအရှိန်ဖြင့် သွားလိုက်၏။

ချင်မော့ရှန်းက ခုန်တက်သွား၏။ သူသည် သင်္ကေတလမ်းကြောင်းပေါ် ရောက်တော့မည့်အချိန်တွင် လုကျိုးက တိုက်ခိုက်တော့သည်။

ကောင်းကင်၏စွမ်းအားက ဝေဟင်ကို လှုပ်ခါစေ၏။ မိုးကြိုးဟူသော သင်္ကေတပါသည့် ရွှေရောင်လက်ဝါးစည်းတံဆိပ်သည် ချင်မော့ရှန်း၏ လမ်းကြောင်းကို ပိတ်ဆို့ထားကာ ဝေဟင်ထဲရှိ မိုးကြိုးများကို ဆွဲငင်နေသည်။

ဖုန်း

ချင်မော့ရှန်းက နောက်သို့လွင့်ထွက်သွားပြီး သွေးတစ်ပွက်အန်လေ၏။

ငါ့မှာ မွေးဖွားဇယားချပ်ကိုးခုရှိတယ်။ ငါ ဘယ်လိုလုပ် ပြန်မတိုက်နိုင်တော့တာလဲ။ ချင်မော့ရှန်းက စိတ်မထိန်းနိုင်တော့ပေ။ သူ၏ ကြယ်တာရာဒိုင်ခွက်ကို ထပ်မံဖွဲ့တည်လိုက်သည်။ သူ၏ ကြယ်တာရာဒိုင်ခွက်က ညအချိန်တွင် ထွန်းလင်းတောက်ပနေပြီး သူ၏ခါးနားတွင် ချိတ်ဆွဲထားသော ကျောက်စိမ်းဆွဲပြားကို ဆုပ်ကိုင်ကာ ထုတ်လိုက်၏။

လုကျိုးသည် အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်းကိုကြည့်ပြီး ရှေ့သို့ပျံသန်းသွား၏။

ချင်မော့ရှန်းက လှောင်ပြောင်လိုက်သည်။ "ဒီနေ့ ငါ မင်းကို ငရဲပို့ပေးမယ်”

…

အခန်း (၁၀၆၂) လူငယ်လေးက မဆိုးဘူးပဲ

ချင်မော့ရှန်းက လက်နှစ်ဖက်ဖြင့် သူ၏ ကြယ်တာရာဒိုင်ခွက်ကို တွန်းထုတ်လိုက်သည်။ မွေးဖွားဇယားချပ် ကိုးခုက အစိမ်းရောင်‌တောက် တောက်ပလာကာ အလင်းတန်းကိုးခု ထွက်ပေါ်လာ၏။

လုကျိုးက ဘေးပတ်လည်ကို ကြည့်ကာ သာမန်အသေရိုက်ချက်ကတ် တစ်ကတ်ကို ထုတ်ယူလိုက်သည်။

"ကြောက်ရွံ့ခြင်းမဲ့ မဟာစည်းတံဆိပ်"

ဗုဒ္ဓလက်ဝါး စည်းတံဆိပ်က သူ့ကို ကာကွယ်ပေးထားသည်။ ထိုအရာက သူ့ကို ကာကွယ်ပေးထားသလို တစ်ဖက်လူ၏ မွေးဖွားဇယားချပ်ကိုလည်း ဖျက်စီးပစ်နိုင်၏။ လုကျိုး၏ အမြင်တွင် လူငယ်လေးက သေလူသာ ဖြစ်၏။ သူက အဆင့်မြင့်အသေရိုက်ချက်ကတ်ကို အသုံးပြုပြီး လူငယ်လေး အနီရောင်ကြာနယ်‌မြေဆီ ရောက်လာခြင်းအပေါ် နောင်တရအောင် မလုပ်ခင် မွေးဖွားဇယားချပ်ရှစ်ခု ကျင့်ကြံသူအဖြစ် လျှော့ချဖို့ စီစဉ်ထားသည်။

ချင်‌မော့ရှန်းက ရွှေရောင်လက်ဝါး စည်းတံဆိပ်သည် သူ့မွေးဖွားဇယားချပ်ကိုးခု စွမ်းအားကို တားဆီးနိုင်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။ ကံဆိုးစွာဖြင့် သူက မှားယွင်းသွားခဲ့၏။ အလင်းတန်းကိုးခုက ရွှေရောင်လက်ဝါးစည်းတံဆိပ်ဖြင့် ထိတွေ့သည့်အခါ ထိုအရာ၏ သက်ရောက်မှုက စွန်းဝူခုံး လက်ငါးချောင်းတောင်မှ ချောင်းကြည့်နေသလိုမျိုးဖြစ်ကာ အသုံးမဝင်တော့ပေ။

ရုတ်ခြည်းဆိုသလို လက်ဝါးစည်းတံဆိပ်က အရွယ်အစား ကြီးမားလာ၏။

ချင်မော့ရှန်းက နောက်ဆုတ်ဖို့ တုံ့ဆိုင်းမနေပေ။ သူ့နှလုံးသားထဲ အတိတ်နိမိတ်ဆိုးက ပိုမိုကြီးမားလာ၏။ သို့သော်လည်း သူက လက်ဝါးစည်းတံဆိပ်သည် မျက်လုံးပါနေသလို သူနောက်ကို တောက်လျှောက်လိုက်လာကြောင်း တွေ့ရှိလိုက်ရသည်။

နောက်ဆုံးတွင် သူက အသံနည်းစနစ်တစ်ခုကို ထုတ်ဖော်လိုက်၏။

“ကျုပ်ကို သတ်ရဲတယ်လား။ ကျုပ်က ချင်မိသားစုရဲ့ သခင်လေးပဲ”

ကြောက်ရွံ့ခြင်းမဲ့ မဟာစည်းတံဆိပ်တော်က အမှန်တကယ် ကြောက်ရွံ့ခြင်းကင်းမဲ့လှသည်။ ထိုလူငယ်လေးက ချင်မိသားစုဖြစ်စေ၊ လီမိသားစုမှဖြစ်စေ ကိစ္စမရှိပေ။

ဘန်း

အရာအားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွား၏။

လက်ဝါးချက်က ချင်မော့ရှန်း၏ ခန္ဓာကိုယ်အထက် တိတိကျကျ ကျရောက်လာခဲ့သည်။

သူ့အစိမ်းရောင် စိတ်ဝိဉာဥ်သဏ္ဍာန်က အရွယ်အစား ကျုံ့သွားကာသူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွား၏။

ချင်မော့ရန်းက နာကျင်စွာ အော်ညည်းလိုက်ရသည်။ သူ့ဆံပင်များက လေထဲတွင် ရှုပ်ပွနေပြီး ဝိညာဉ်ထဲမှ နာကျင်မှုကြောင့် သွားချင်းပင် ရိုက်ခတ်နေ၏။

လူကျိုးက အစိမ်းရောင်ပုစဥ်းရင်ကွဲ ကျောက်စိမ်းကို ဖမ်းယူလိုက်သည်။ ထိုကျောက်စိမ်းက အေးစက်စက်ဖြစ်နေပြီး ရေခဲတုံး ကိုင်ထားသလို ခံစားနေရသည်။ ထိုအရာထဲတွင် ပါဝင်နေသည့် အသက်ဓာတ်စွမ်းအားက အကန့်သတ်မဲ့ဖြစ်ဟန်ပေါ်၏။ သူက ယခုအခါ ကျောက်စိမ်းကို လေ့လာဖို့ အချိန်မရှိသေးသည့်အတွက် အလျင်အမြန် ပြန်လှည့်လိုက်သည်။ သူ့လက်ထဲတွင် အဆင့်မြင့် အသေရိုက်ချက်ကတ် ပေါ်ထွက်လာခဲ့သည်။

ဒီလူငယ်လေးရဲ့ ဇာစ်မြစ်က မသိရသေးဘူး။ ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ သူက မွေးဖွားဇယားချပ် ၉ခုအထိ အသက်သွင်းပြီးသွားပြီ။ သူ့ကို အသက်ရှင်ရက်ထားလို့ မဖြစ်ဘူး...

လုကျိုးက ရှေတိုးလိုက်၏။

ထိုစဉ် ထိုလူငယ်လေးက သွေးအန်လာပြီး အစိမ်းရောင်စွမ်းအားများကို လှုံဆော်ကာ လုကျိုး၏ အမြင်အာရုံကို နှောင့်ယှက်ထားခဲ့သည်။

လုကျိုးက တစ်ဖန်မြင်ရသည့်အခါ ချင်မော့ရှန်းက သင်္ကေတလမ်းကြောင်းအတွင်း ရောက်ရှိနေလေပြီ။ သူက လက်ဝါးဖြင့် မြေကြီးပေါ် ရိုက်ခတ်လိုက်သည်။

အလင်းတိုင်လုံးက ကောင်းကင်အထက် မြင့်တက်လာသည်။

လူကျိုးက နောက်ထပ် ရွှေရောင်စည်းတံဆိပ် လက်ဝါးကို ထုတ်ဖော်လိုက်သည်။

ဗုဒ္ဓ မဟာမိုးကြိုးလက်ဟန် သင်္ကေတက အလင်းတိုင်လုံးဆီ လျှပ်စီးလိုအလင်းဖြင့် ကျရောက်လာခဲ့သည်။

ဘန်း

အလင်းတိုင်လုံးက အနည်းငယ် တုန်ခါသွားပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေ၏။

"ဟမ် သူ မသေဘူးလား"

လုကျိုးက အင်မတန် သတိကြီးကြီး ထားထားသည်။ အဆင့်မြင့်အသေရိုက်ချက်ကတ်က ထိုလူငယ်လေးကို သတ်ပစ်နိုင်လေ၏။ သူကစနစ်မှ အသုံးပြုပစ္စည်းများကို ပြန်လည်စစ်ဆေးကြည့်လိုက်သည်။

အသုံးပြုပစ္စည်းများ= အဆင့်မြင့်အသေရိုက်ချက်ကတ်တစ်ကတ်၊ ပြစ်ချက်မဲ့ကတ် တစ်ကတ်၊ အထိအခိုက်ပြင်းကာကွယ်ကတ် ၁၄၅ ကတ်၊ ရွှေရောင်ထိုက်ရွှီကြေးမုံ၊ ရုပ်ဖျက်ကတ်၂ကတ်၊ ပေါင်းစည်း‌ ရေးကတ် ၂ကတ်၊ ပြန်လည်တည်ဆောက်ရေးကတ် ၄ကတ်

အဆင့်မြင့် အသေရိုက်ချက်ကတ်က ရှိနေသေး၏။

" အသက်ဝင်မလာဘူးလား" သူက စောစောလေးမှ မြင်ကွင်းကို ပြန်လည်အမှတ်ရသွားသည့်အခါ လူငယ်လေးက အလင်းတိုင်လုံးအတွင်း ရှိတော့ဟန်မပေါ်ပေ။

လုကျိုးက နှမြောစရာကောင်းသည်ဟု တွေးလိုက်မိ၏။

ထိုသက်ရှိကို အသက်ရှင်လျက် ထားလိုက်မိသည်က ကပ်ဘေးကြီး ဖြစ်လာနိုင်သည်။ ဒုတိယအတွေးအနေဖြင့် ထိူလူငယ်လေး လွတ်မြောက်သွားသည်က ကိစ္စဆိုးတော့ မဟုတ်ပေ။ ထိုလူငယ်လေးက သေချာပေါက် အသက်ကျောက်တုံး ရှိလိမ့်မည်။ လူငယ်လေး၏ အသက်ကျောက်တုံးသာ ကြေမွသွားပါက လူငယ်လေး၏ နောက်ကွယ်မှ အင်အားစုသည် ထိုအကြောင်းအရာကို စုံစမ်းဖို့ လူများ စေလွှတ်လာလိမ့်မည်။ ထိုအရာက ပျားအုံတုတ်နှင့် သွားထိုးခြင်းနှင့် တူညီလေ၏။ သို့သော်လည်း သူက ပျားအုံကို တုတ်နှင့်ထိုးမိဆဲဖြစ်ကြောင်း သတိထားမိသွားသည်။

လုကျိုးက အစိမ်းရောင်ပုစဥ်းရင်ကွဲ ကျောက်စိမ်းကို ကြည့်ကာ အထဲမှ အသက်ဓာတ်ကို ခံစားလိုက်၏။

"ဒီကျောက်စိမ်းက အသက်ဓာတ်စွမ်းအားတွေကို စုဆောင်းထားတာလား"

သူက မျက်လုံးကို မှိတ်လိုက်၏။ ကျောက်စိမ်းထဲတွင် ပင်လယ်လောက် ကျယ်ပြန့်သည့် အသက်ဓာတ်စွမ်းအားကို ခံစားမိလေသည်။ သူ စောစောလေးက ဆုံးရှုံးလိုက်ရသည့် အသက်ဓာတ်စွမ်းအားက ယခုကျောက်စိမ်းထဲတွင် ရှိနေသည့် အသက်ဓာတ်စွမ်းအားနှင့် မယှဉ်နိုင်ပေ။

လုကျိုးက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ယခုအခါ သူက အကျိုးအမြတ်ကြီးကြီး ရခဲ့ဟန်ပေါ်သည်။ သို့သော်လည်း ယခုအခါ အစိမ်းရောင် ပုစဥ်းရင်ကွဲ ကျောက်စိမ်းကို ခံစားဖို့ အချိန်အခါ မဟုတ်ပေ။ သူက သင်္ကေတ စက်ဝန်းကို လက်ဝါးစည်းတံဆိပ်အနည်းငယ်ဖြင့် ဖျက်ဆီးပစ်လိုက်၏။

ဝုန်း ဝုန်း ဝုန်း

နှင်းများဖြင့် ဖုံးလွှမ်းခံထားရသည့် သင်္ကေတလမ်းကြောင်းက ယခုအခါ ပျက်စီးသွားလေပြီ။

လူကျိုးက အေးခဲရေကန်ဆီ ပြန်ရောက်လာသည်။ သူက အမြင်စွမ်းအားနှင့် အကြားစွမ်းအားအတွက် မန္တန်ကို တိတ်တဆိတ် ရွတ်ဖတ်လိုက်၏။

ဤသို့ဖြင့် သူက မီတာတစ်ထောင်ပတ်လည်ရှိ အရာအားလုံးကို စောင့်ကြည့်နိုင်သည်။

သူက နှင်းတောင်ထိပ်ကို ကြည့်လိုက်သည်။ သူက နေရာတိုင်းတွင် ကျောက်တုံးများကို ထိုးဖောက်မြင်နေရ၏။ ခဏအကြာတွင် သူက မြင်ကွင်းထဲ နောက်ထပ် သင်္ကေတလမ်းကြောင်း မရှိကြောင်း အတည်ပြုလိုက်နိုင်သည်။

ကောင်းကင်ကျမ်း စွမ်းအားကို ဖြတ်တောက်ပြီးလိုက်သည့်နောက်တွင် သူက အစိမ်းရောင် ပုစဥ်းရင်ကွဲကျောက်စိမ်းကို ထပ်မံထုတ်လိုက်သည်။

" အစိမ်းရောင်ပုစဉ်းရင်ကွဲ ကျောက်စိမ်းကို ရရှိခဲ့ပါတယ်။ အသက်ဓာတ်စွမ်းအား အများအပြားကို သိုလှောင်ထားနိုင်ပြီးတော့ လူတစ်ယောက်ရဲ့ စွမ်းအားကို တည်ငြိမ်အောင် လုပ်ပေးနိုင်ပြီး အဆိပ်အားလုံး စိမ့်ဝင်ခြင်းကို တားဆီးပေးနိုင်ပါတယ်”

“မဆိုးဘူးပဲ"

ထို့နောက် လူကျိုးက အေးခဲရေကန်ထဲကို ထပ်မံ ဆင်းလိုက်သည်။ သူက ရေကန်အလယ်သို့ သွားကာ တင်ပျဉ်ခွေထိုင်လိုက်၏။

သူ့ရှေ့တွင် ကြာပန်းကို ထုတ်ဖော်ပြီးသည့်နောက်တွင် အစိမ်းရောင်ပုစဥ်းရင်ကွဲ ကျောက်စိမ်းကို ထုတ်ယူလိုက်သည်။ ကျောက်စိမ်းထဲမှ အသက်ဓာတ်စွမ်းအားက မွေးဖွားနန်းဆောင်ဆီ ရောက်ရှိလာသည်။

+ ၁၀၀ရက်

+ ၂၀၀ရက်

+ ၁၀၀ရက်

…………………

အမည်မသိကုန်းမြေ

တိတ်ဆိတ်နေသည့် တောအုပ်တစ်ခုအတွင်း ခြောက်သွေ့နေသည့် သစ်ရွက်များက မြေကြီးကို ဖုံးလွှမ်းထားလေသည်။ အလင်းတိုင်လုံးက ကောင်းကင်အထက်မှ ပေါ်ထွက်လာပြီး ထိုသစ်ရွက်ခြောက်များအား လွင့်စဉ်သွားစေ၏။

အချိန်အနည်းငယ်အတွင်း အလင်းတန်းက ပျောက်ကွယ်သွားလေသည်။

ဝုန်း

ချင်မော့ရှန်းက သင်္ကေတစက်ဝန်းအတွင်း ထွက်ပေါ်လာခဲ့သည်။

ခဏအကြာတွင် အလင်းရောင်က အပြီးတိုင် ပျောက်ကွယ်သွားခဲ့၏။ သူ့ခန္ဓာကိုယ်က တုန်တုန်ရီရီဖြစ်နေကာ မျက်နှာက နီရဲနေသည်။ သူ့လက်ချောင်းက မြေကြီးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည့်အတွက် လက်မောင်းအထက် သွေးကြောများ ထင်းထွက်နေ၏။ သူ့မျက်ဝန်းက အကြောက်တရားဖြင့် မျက်လုံးအိမ်မှ ထွက်လာတော့မလိုမျိုး ဖြစ်နေသည်။ သူက ရေကန်ထဲမှ ထွက်လာသည့် ငါးတစ်ကောင်လိုမျိုး အသက်ပြင်းပြင်းရှုနေရ၏။

ခဏအကြာတွင် သူက တည်ငြိမ်အောင် ထိန်းလိုက်ပြီး ရယ်မောလိုက်ဟည်။

ကပ်ဘေးပြီးရင် ကံကောင်းမှုဆိုတာ လိုက်လာမှာပဲ။ ငါက ချင်မိသားစုရဲ့ သခင်လေးဆိုတာကို ထည့်မပြောရသေးဘူး…

ချင်မော့ရှန်း၏ သွေးနီရောင် နှုတ်ခမ်းများက ရက်စက်သည့် အပြုံးသဖွယ် ကွေးညွတ်သွားကာ သူ့အကြည့်က အမုန်းတရားဖြင့် တောက်လောင်နေသည်။

" ခင်ဗျားရဲ့ သွေးနဲ့ ပြန်ပြီးပေးဆပ်ရအောင် လုပ်ပြမယ်။ ကျုပ် လက်စားမချေရရင် လူ မဟုတ်တော့ဘူး"

…

အနီရောင်ကြာနယ်မြေ၏ နှင်းတောင်ထိပ်ဖျားအထက်

လုကျိုးက သူ့သက်တမ်း တဖြည်းဖြည်း တိုးပွားလာသည်ကို ကြည့်နေလိုက်သည်။ နှစ် ၈၀၀ ရရှိပြီးနောက်တွင် ဖြည်းဖြည်းခြင်းဖြင့် နှေးကွေးသွားလေ၏။

"အတားအဆီးလား။ ကြည့်ရတာ ငါက တစ်ခါမှ နှစ်၅၀၀ပဲ ပြန်လည်အားဖြည့်နိုင်တဲ့ပုံပဲ”

အကယ်၍ သူသာ အသက်ဓာတ်စွမ်းအားကို ထပ်မံ မသုံးစွဲပါက နှစ် ၅၀၀ သက်တမ်းသည် အတော်လေး ကောင်းလှပြီ ဖြစ်၏။ ကျီ့လျန်ပင် နှစ်သက်တမ်း တစ်ရာသာ အားဖြည့်နိုင်လေသည်။ ထိုအပြင် ထိုသို့လုပ်ဆောင်ပြီးသည့်နောက်တွင် အနားယူဖို့ လိုအပ်၏။

အစိမ်းရောင် ပုစဥ်းရင်ကွဲ ကျောက်စိမ်းကို သိမ်းဆည်းပြီးသည့်နောက်တွင် လုကျိုးက မွေးဖွားနန်းဆောင်ကို ကြည့်လိုက်သည်။

သူ့၆ခုမြောက် မွေးဖွားဇယားချပ်က တောက်ပနေလေ၏။

"ရေထိန်းချုပ်မှု"

မွေးဖွားနန်းဆောင်က စတင်လည်ပတ်လာသည်။ ရေကန်ထဲမှ ရေများက သူ့ကို ရှောင်ရှားနေသလိုမျိုး သူ့ကို ကွေးကွင်းသွားကြ၏။ သူက အအေးဓာတ်ကို မခံစားရဘဲ အလွယ်တကူ အသက်ရှူနေနိုင်သည်။ သူက ကုန်းမြေပေါ်တွင် လမ်းလျှောက်သလိုမျိုး အသာအယာ လှုပ်ရှားနိုင်၏။

လုကျိုးက ထိုစွမ်းအင်နှင့် ပတ်သက်ပြီး ကျေနပ်နေမိ၏။

နောင်တစ်ချိန် ပင်လယ်ထဲ သွားရမည်ကို မည်သူကများ သိမည်နည်း။

ထိုစဉ် လုကျိုးက ရေကန်၏ အနက်ပိုင်းကို ကြည့်ကာ အကြောက်တရားကို ခံစားမိလိုက်သည်။ ထို့နောက် သူကရေကန်မှ ထွက်လာခဲ့လိုက်၏။

သူက လေထဲတွင် ရပ်လိုက်သည်။ မွေးဖွားဇယားချပ် စွမ်းအားကို အသုံးမပြုဘဲ ရေကန်ထဲမှ အအေးဓာတ်က သူ့အပေါ် သက်‌‌ရောက်မှု မရှိတော့ပေ။

"နောက်တစ်ဆင့်က မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ဖို့ပဲ။ ဒီစမ်းသပ်ချက်ကို အသက်သွင်းဖို့ ခက်ထန်ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ ရှိဖို့ လိုတယ်။ ပြီးတော့ ငါက ဖူယီရဲ့ အသက်ဓာတ်နှလုံးသား စွမ်းရည်ကို ပိုင်ဆိုင်ထားပြီဆိုတော့ အအေးဓာတ်က ငါ့အပေါ် သက်ရောက်မှုရှိမှာ မဟုတ်‌တော့ဘူး။ ဆိုလိုတာက အင်မတန် အေးစက်တဲ့ ပတ်ဝန်းကျင်တွေကတောင် ငါ့ကို လှုံ့ဆော်ပေးနိုင်မှာ မဟုတ်ဘူး။ ဒီလိုဆိုရင်ငါက အရမ်းပူပြင်းတဲ့နေရာကို သွားသင့်လား။ အဲ့လို ခက်ထန်သားရဲတွေတောင် တောင့်မခံနိုင်လောက်အောင် ပူတဲ့နေရာမျိုး ရှိပါ့မလား။"

ယင်ကျောက်၊ ဖူယီနှင့်တခြားသော သားရဲများ၏ အသက်ဓာတ်နှလုံးသားကို ထည့်သွင်း စဉ်းစားပြီးသည့်နောက်တွင် ထိုအရာက အကောင်းဆုံးရွေးချယ်မှု ဖြစ်၏။

နောက်ဆုံးတွင် လုကျိုးက ရေကန်နား ဆင်းသက်လိုက်သည်။ သူက ပုံရိပ်ရောင်ကို ထပ်မံကြည့်လိုက်၏။

ယခုအခါ အသက်ကြီးရင့်နေပုံ မပေါ်တော့ပေ။ သူက ရုပ်ဖျက်ကတ်ကို သုံးလျှင်ပင် သူ့အသက်အရွယ်ကို မဟုတ်ဘဲ အသွင်အပြင်ကိုသာ ပြောင်းလဲနိုင်လိမ့်မည်ဟုပြောလျှင် ပိုလွန်းရာကျလိမ့်မည်။

သူက ကျောက်စိမ်းလို လူငယ်လေးကို ကြည့်လိုက်ပြီး ရုတ်တရက် သဘောပေါက်သွားခဲ့၏။ ရေပြင်တွင် မြင်နေရသည့်ပုံရိပ်ရောင်က လူငယ် ကျိထျန်းတောက် မဟုတ်ဘဲ သူ့နဂိုသွင်ပြင် ဖြစ်နေသည်။

All Chapters