← Chapters

အခန်း (၁၀၆၃-၁၀၆၅)

Vol. 71 Ch. 1063-1065

အခန်း (၁၀၆၃-၁၀၆၅)

Vol. 71 Ch. 1063-1065

အခန်း (၁၀၆၃) မဆိုးဘူးပဲ မောင်ရင်

လုကျိုးက သူ၏ဝတ်ရုံကို ကြည့်လိုက်သည်။ ယခုဆို အရွယ်အစားကြီးသွားပြီဖြစ်သည်။

သူသည် အအေးရေကန်ဘေး၌ ခဏကြာနေပြီးနောက် အကြောဆန့်ကာ သူ၏နုပျိုသော ခန္ဓာကိုယ်နှင့် အသားကျအောင်လုပ်ပြီး ထွက်သွားလေ၏။

ပြောရန်မလို ဆဋ္ဌမမြောက်မွေးဖွားဇယားချပ်ကို အသက်သွင်းပြီး သူ၏ကျင့်ကြံဆင့် ခွန်အားတို့ဖြင့် အရှိန်များတိုးလာလေ၏။ ပျံသန်းချိန်၌ ခံစားရသည့်ဖိအားက သူ့ကို မသက်ရောက်စေတော့ပေ။

သူ ပျံသန်းနေစဉ် ဖိအားက မိုးနှင့်မြေ၏အတားအဆီးဟု ခေါ်နေသလားဟု တွေးမိသွားသည်။

မကြာမီ၌ လုကျိုးသည် တိမ်တိုက်တောင် ဆယ့်နှစ်ဂိုဏ်းနားရောက်သွားလေ၏။ သူသည် တိမ်တိုက်တောင်၏ ပင်မတောင်ထွတ် တောင်ခြေဝင်ပေါက်ရှေ့၌ ဆင်းသက်လိုက်သည်။ ယခုက သူ ထိန်းချုပ်ပြီး လှုပ်ရှားရန် အကောင်းဆုံးဖြစ်သည်။ သူ့သွင်ပြင်က ပြောင်းလဲသွားပြီဖြစ်၏။ သူက တိမ်တိုက်တောင်တွင် အနားယူရန်ပြင်ဆင်ပြီး အဝတ်အစားလဲပြီးနောက် မြို့တော်သို့ ပြန်မှာဖြစ်သည်။

သူ ဆင်းသက်လာသည်နှင့် ဝင်ပေါက်နားရှိ တပည့်နှစ်ယောက် ဆွေးနွေးနေတာကို ကြားလိုက်ရသည်။

“အရင်လတုန်းက နှင်းတောင်တန်းရဲ့တောင်ထွတ်ပေါ် ကြယ်တံခွန်တစ်စင်း ဆင်းသက်လာတာ။ ဂိုဏ်းချုပ်နန်က အစတုန်းက တစ်ချက်သွားကြည့်ဖို့ စီစဉ်ထားပေမဲ့ နောက်ပိုင်း စိတ်ပြောင်းသွားတယ်။ ဒီမနက်မှာ အစိမ်းရောင်အလင်းတစ်ခုပေါ်လာပြီး ဂိုဏ်းတော်တော်များများရဲ့ အာရုံကို ဆွဲဆောင်သွားတာ။ မွေးဖွားဇယားချပ်သားရဲနှစ်ကောင်ကို တောင်ခြေမှာတောင်တွေ့ရတယ်။ တကယ်မင်္ဂလာရှိတာပဲ”

“နောက်ဆုံးတော့ ငါတို့တိမ်တိုက်တောင် ထွန်းလင်းတောက်ပရမဲ့အချိန်ရောက်လာပြီ”

လုကျိုးသည် အနည်းငယ် ထိတ်လန့်အံ့အားသင့်သွား၏။ သူသည် အအေးရေကန်၌ တစ်ညသာနေခဲ့တာ သေချာ၏။ မည်သို့ တစ်လဖြစ်သွားသနည်း။ သို့သော် သူက မထူးဆန်းပေ။ ဆိုရလျှင် သူ၏ရုပ်ခန္ဓာကိုယ်သာ ပြန်ပြောင်းရန် အာရုံစိုက်နေပြီး သူ့သက်တမ်း အတိုးအလျော့ကိုသာ အာရုံစိုက်နေခဲ့တာဖြစ်၏။ ထိုအရာအပြင် သူက ဆဋ္ဌမမြောက်မွေးဖွားဇယားချပ်ကိုလည်း အသက်သွင်းကာ ကျင့်ကြံနေတာဖြစ်သည်။ သူ အချိန်ကုန်သွားတာ မသိတာ အံ့ဩစရာမဟုတ်။

ထိုစဉ် တောင်ခြေမှ နောက်ထပ်အသံတစ်သံပေါ်ထွက်လာသည်။

“နျဲ့ချင်းယွင် မင်း အရှက်မရှိတာပဲ။ ဘယ်လိုလုပ် ငါတို့အသက်ဓာတ်နှလုံးသားကို လုယူ‌ရဲတာလဲ။ မြန်မြန်ပေးလိုက်”

လုကျိုးက လှည့်ကြည့်လိုက်၏။ ပင်မတောင်ထွတ်မှ ကျင့်ကြံသူဒါဇင်ချီပျံသန်းလာတာကို တွေ့လိုက်ရတော့သည်။

ရှေ့ဆုံး၌ ပျံသန်းနေသော နျဲ့ချင်းယွင်၏ မျက်နှာ၌ အမူအရာက မှုန်မှိုင်းနေသည်။ သူသည် ဝင်ပေါက်နားတွင် သူသည် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် ကျော့ရှင်းသောလူငယ်ကို ဖြတ်ကျော်ပျံသန်းသွားပြီး ဆင်းသက်လိုက်သည်။

“ကျူးကျော်သူတစ်ယောက်ရှိတယ်။ လူတိုင်း ဂရုစိုက်ကြပါ”

ကျန်သည့်သူများက ဆင်းသက်လာပြီးနောက် သူတို့လက်နက်ကို ဆွဲထုတ်ကာ လုကျိုးကို ချိန်ရွယ်လိုက်သည်။

လုကျိုးက နျဲ့ချင်းယွင်ကို တစ်ချက်ကြည့်ပြီးမေးလိုက်သည်။

“မင်းက ကောင်းကင်မီးတောက်ဂိုဏ်းကလား”

လုကျိုးက ထူးမခြားနား ပြောလိုက်သည်။

"မင်း ငါ့ကို ပြောနေတာလား” အချိန် အတော်ကြာသွားပြီးနောက် သူ၏စကားပြောသည့် လေယူလေသိမ်းကို ပြောင်းလဲရန် ခက်ခဲသွားတော့သည်။

နျဲ့ချင်းယွင်က လုကျိုးကို အထူးတဆန်းဖြစ်နေ၏။ ဆိုရလျှင် လုကျိုး၏ အပြုအမူ အပြောအဆိုက သူ၏ နုပျိုသော သွင်ပြင်နှင့် မလိုက်ဖက်ပေ။ သူက ပြောလိုက်တော့သည်။

“ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ တိမ်တိုက်တောင်က ဒီနေ့ ဧည့်သည်လက်မခံဘူး”

လုကျိုးက မေးလိုက်၏။ “နျဲ့ချင်းယွင် မင်း ငါ့ကို မမှတ်မိဘူးလား”

ငါ့ဖင်ကို မှတ်မိလိုက် ...

တိတ်ဆိတ်မှုက ရောက်ရှိလာတော့သည်။

လုကျိုးသည် လူတိုင်း၏အမူအရာကို မြင်တွေ့ပြီး သူမေးတာ အကျိုးမထူးမှန်း သဘောပေါက်သွား၏။ သူသည် ယခုအချိန်၌ မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်ဟု ကြေညာလျှင်တောင် အရူးတစ်ယောက်ဟု သတ်မှတ်ခံရလောက်သည်။ တကယ်တော့ သူသည် သူ၏အထောက်အထားကို အတည်ပြုရန် အပြာရောင်ကြာပွင့်ကိုလည်း သုံးနိုင်၏။ သို့သော် သူ၏နုပျိုသောသွင်ပြင်ကို မည်သို့ရှင်းပြနိုင်မည်နည်း။

ထိုစဉ် မီးခိုးရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူတစ်ရာကျော်က တောင်ခြေဆီသို့ ကမူးရူးတိုးပျံသန်းလာသည်။

တိမ်တိုက်တောင် တပည့်တစ်ယောက်က ပြောလိုက်သည်။

“သူတို့ရောက်လာပြီ”

နျဲ့ချင်းယွင်က လုကျိုးကို နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။ "မင်းက ကောင်းကင်မီးတောက်ဂိုဏ်းသား မဟုတ်ဘူးဆိုရင် ကျေးဇူးပြုပြီး ထွက်သွားပေးပါ”

လုကျိုးက ရောက်လာသည့် ကျင့်ကြံသူအသစ်များကို လှည့်ကြည့်လိုက်သည်။

ဆံပင်ဖြူမုတ်ဆိတ်ဖြူဖြင့် ကျင့်ကြံသူဝတ်ရုံကို ဝတ်ဆင်ထားသည့်အဘိုးအိုက မုတ်ဆိတ်သပ်လျက် လျှောက်လာသည်။

လုကျိုးကလည်း လက်မြှောက်ပြီး မုတ်ဆိတ်သပ်လိုက်လေ၏။

ယခုအချိန်တွင် အဘိုးအို၏မျက်လုံးက မီးတုတ်ကဲ့သို့တောက်ပနေသည်။

“နျဲ့ချင်းယွင် ငါ ကျိုးကြောင်းမသင့်မလုပ်ဘူး။ ဒါပေမဲ့ မင်း ငါတို့ကို အနည်းဆုံးတော့ အသက်ဓာတ်နှလုံးသားထဲက တစ်ခုတော့ လက်လျှော့သင့်တယ်မလား”

လုကျိုးက နှစ်ဖက်ကြားထဲတွင် ရှိနေ၏။ ယင်းက အလွန်မျက်စိဖမ်းစားနိုင်သည့် နေရာဖြစ်သည်။

အဘိုးအိုက လုကျိုးကို ဂရုတစိုက်ကြည့်လိုက်လေ၏။

နျဲ့ချင်းယွင်က ပြောလိုက်သည်။

“ဘယ်အချိန်တည်းကစပြီး ကောင်းကင်မီးတောက်ဂိုဏ်းက အသက်ဓာတ်နှလုံးသားကို လုယူရဲသွားတာလဲ။ ကောင်းကင်ချားတောင်တန်းဒေသမှာ ဆုံးရှုံးတာ မလုံလောက်သေးဘူးလား”

ဤနည်းဖြင့် လုကျိုးသည် ကောင်းကင်မီးတောက်ဂိုဏ်းကို ဝေဝါးဝါးမှတ်မိသွား၏။ ထိုစဉ်က သူသည် ကောင်းကင်ချားတောင်တန်းဒေသဆီ သေဆုံးသွားသော ယုန်ကို သယ်လာ၏။ ထိုအချိန်၌ ရောက်လာသည့်သူက ကောင်းကင်မီးတောက်ဂိုဏ်း၏ဂိုဏ်းသားတစ်ယောက် ဖြစ်ပုံပေါ်သည်။ သူရဲ့နာမည်က ဖုန်းကျစ်ဟယ်လား။

အဘိုးအိုက လေးနက်သောလေသံဖြင့်ပြောလိုက်သည်။

“နျဲ့ချင်းယွင် မိစ္ဆာဝေဟင်မျှော်နန်းနဲ့ တခြားသူတွေကို မခြိမ်းခြောက်နဲ့။ မိစ္ဆာဝေဟင်မျှော်နန်းက တကယ်အစွမ်းထက်တယ်။ ဒါပေမဲ့ တိမ်တိုက်တောင်က သူ့ကိုယ်သူ အထင်ကြီးလွန်းနေတာပဲ။ အစတုန်းက မင်းတို့တွေ မိစ္ဆာဝေဟင်မျှော်နန်းကို ရန်မစခဲ့ဘူးလား။ နောက်ပိုင်း မင်းတို့သိက္ခာနဲ့ မာန်မာနကို စွန့်လွှတ်ပြီး မင်းတို့ဂိုဏ်းအမြစ်ပြတ်သုတ်သင်ခံရမှာကို ရှောင်ရှားဖို့ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ခွေးတစ်ကောင်ဖြစ်လာခဲ့တာ”

နျဲ့ချင်းယွင်သည် အဘိုးအို၏စကားများကို အာရုံမစိုက်ဘဲ မေးလိုက်သည်။

“ဖုန်းချိုး ငါ အဲ့တာကို မင်းဆီမပေးရင် မင်း ငါ့ဆီကနေ လုမှာမလား”

“လုတယ်ဆိုတာ ဘာပြောတာလဲ။ ငါတို့ပိုင်တာ ငါတို့ယူတာ။ ငါတို့တွေက အဲဒီမွေးဖွားဇယားချပ်သားရဲကို သတ်ခဲ့တာ။ ဒီတော့ သူ့အသက်ဓာတ်နှလုံးသားက ငါတို့အပိုင်ပဲ”

ဖုန်းချိုးက ပြောလိုက်သည်။

တိမ်တိုက်တောင်၏အကြီးအကဲတစ်ယောက်က အခဲမကျေစွာပြောလိုက်သည်။

“ခင်ဗျား မလာခင်က ကျုပ်တို့တွေ အဲ့ဒီသားရဲကို တိုက်နေတာ ကြာလှပြီ။ သားရဲက သေခါနီးပြီလေ။ ခင်ဗျားလာပြီး အခြေအနေကို အမြတ်ထုတ်သွားတာ။ ဖုန်းချိုး ခင်ဗျားအရှက်မရှိဘူးလား”

ဖုန်းချိုးက ပြောလိုက်သည်။

“အပိုပြောနေလို့ အကျိုးမရှိဘူး။ ဒီနေ့ ကောင်းကင်ကနေ နတ်ဘုရားတွေ ဆင်းသက်လာရင်တောင် မင်းတို့အသက်ဓာတ်နှလုံးသားပေးရဦးမှာပဲ”

ဝှစ် ဝှစ် ဝှစ်

ဤနည်းဖြင့် ကောင်းကင်မီးတောက်ဂိုဏ်းမှ ကျင့်ကြံသူများစွာ ချီတက်လာကြသည်။ သူတို့လက်ထဲရှိ ဓားမော့များက စွမ်းအင်ဓားမော့များ တစ်ခုပြီးတစ်ခု ပစ်လွှတ်တော့သည်။

နျဲ့ချင်းယွင်ဖက်က နောက်သို့ဆုတ်နေရသည်။

ဖုန်းချိုးသည် မျက်စိဖမ်းစားနိုင်ဆုံးနှင့် အနေခက်ဆုံးနေရာတွင် ရပ်နေသော လုကျိုးကို ကြည့်လိုက်၏။ သူ့စိတ်ထဲတွင် အံ့ဩနေတော့သည်။ တိမ်တိုက်တောင်က တပည့်တွေအားလုံး ငတုံးတွေလား။ ဒီအဆင်အခြင်မဲ့တဲ့ကောင်က ဘာလုပ်နေတာလဲ။

ဖုန်းချိုးက မေးတော့မည့်အချိန်တွင် လုကျိုးက စကားပြောလာ၏။

“မင်းက ကောင်းကင်မီးတောက်ဂိုဏ်းကလား”

ဖုန်းချိုးက ပြောသည်။ “အဖြေသိနေပြီးသား မေးခွန်းကို ဘာလို့ပြောတာလဲ”

“ကောင်းကင်ချားတောင်တန်းဒေသထဲမှာ အသက်ဓာတ်နှလုံးသားလုယူဖို့ ကြိုးစားခဲ့တဲ့ ကျင့်ကြံသူက ကောင်းကင်မီးတောက်ဂိုဏ်းက ဖုန်းကျစ်ဟယ်လား”

တစ်စုံတစ်ယောက်က မေးလိုက်သည်။ “တာ့ရှစ်ရှိုး ဖုန်းကျစ်ဟယ်လား”

“ဒီအဘိုးကြီးရဲ့မှတ်ဉာဏ်က အတော်လေးကောင်းတဲ့ပုံပဲ” လုကျိုးက ပြောလိုက်သည်။

ဖုန်းချိုးက သူ့ရှေ့ရှိလူငယ်ကို လေ့လာလိုက်သည်။ တစ်စုံတစ်ခုလွဲချော်ကြောင်း သူ သတိပြုမိ၏။ လူငယ်၏ပုံစံက ထူးဆန်းနေသည့်တိုင် သူ၏ သမာဓိ၊ စကားပြောဆို ဟန်အမူအရာတို့ကို ကြည့်လျှင် တိမ်တိုက်တောင်ထက် သာလွန်သည့်အင်အားစုမှ သိုင်းပညာရှင် သို့မဟုတ် ကျင့်ကြံရေးပါရမီရှင်တစ်ယောက်ဖြစ်ပုံပေါ်သည်။ သူက မဝံ့မရဲမေးလိုက်၏။

“မင်းက တိမ်တိုက်တောင်ကလား”

လုကျိုးက ခေါင်းခါလိုက်သည်။

ဖုန်းချိုးက ကျယ်လောင်စွာ ရယ်မောလိုက်၏။

“မဆိုးဘူးပဲ မောင်ရင်။ ကောင်းကင်မီးတောက်ဂိုဏ်းကို ဝင်ဖို့စိတ်ဝင်စားလား”

လုကျိုးက ပြောလိုက်၏။ “မင်းရဲ့ဂိုဏ်းက ငါနဲ့တန်တယ်ထင်လား”

လုကျိုးပြောပြီးသည်နှင့် တိတ်ဆိတ်သွားတော့သည်။

ထိုစကားများကြောင့် နင်သွားသည့်ဖုန်းချိုးက ပြောလိုက်သည်။

“မင်း ဆန္ဒမရှိဘူးဆိုလဲ ဘေးဖယ်နေလိုက်။ ငါတို့ ဒီနေ့ အကြွေးတောင်းဖို့ ဒီရောက်လာတာ။ မင်းနဲ့ ဘာမှမဆိုင်ဘူး”

“ကျုပ်တို့ကြားက အကြွေးကကော”

ထိုစဉ် ကောင်းကင်မီးတောက်ဂိုဏ်းသားများကြားမှ လူတစ်ယောက်ရုတ်တရက်ပေါ်ထွက်လာသည်။ သူက စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်ကာ လက်နှစ်ဖက်ဖြင့် ဓားမော့ကို ကိုင်ထား၏။ ပေ ၂၅၀ရှိသော စိတ်ဝိညာဉ်သဏ္ဌာန်သည် သူ၏မွေးဖွားဇယားချပ်ကို အသက်သွင်းပြီးသားလူဖြစ်ကြောင်း ရည်ညွှန်းသည်။ သူသည် လွန်ခဲ့သည့်ရက်အနည်းငယ်က ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်နိုင်ခဲ့တာ ဖြစ်လောက်သည်။

“လူငယ်လေး မင်း လမ်းမှားကို ပိတ်နေတာပဲ” ထိုလူသည် တစ်တောင်ခန့်ရှိသော စွမ်းအင်ဓားမော့ကို ပစ်လွှတ်ပြီး စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ရှေ့တက်လာသည်။

လုကျိုးက လှုပ်လည်းမလှုပ် ရှောင်လည်းမရှောင်ပေ။

ဘန်း

စွမ်းအင်ဓားမော့ ကျရောက်လာသည်။

“ဟမ်” ကောင်းကင်မီးတောက်ဂိုဏ်းမှ လူက ထိတ်လန့်သွားတော့၏။ ဤတိုက်ခိုက်လာမှု ကျရောက်လာမည်ဟု သူ ထင်ထားပြီးသားဖြစ်သည်။ သို့သော်ငြား သူ၏စွမ်းအင်ဓားက မမြင်ရသော ဖိအားဖြင့် ပိတ်ဆို့ခံလိုက်ရသည့်ပမာ လုကျိုးခေါင်းနှင့် လက်မဝက်အကွာတွင် ရပ်တန့်သွားလေ၏။ နျဲ့ချင်းယွင်နှင့် ကျန်သည့်သူများက စိတ်ထဲတွင် အားပေးနေ၏။

အမှန်တကယ်တွင် စာအုပ်တစ်အုပ်ကို အဖုံးဖြင့် မဆုံးဖြတ်သင့်ပေ။ လုကျိုးက ပညာရှင်ဖြစ်နေ၏။

လုကျိုးက အေးအေးဆေးဆေး တွန်းထုတ်လိုက်သည်။

ဘန်း

ရွှေရောင်လက်ဝါးစည်းတံဆိပ်ကို ပစ်ထုတ်လိုက်ပြီး ကောင်းကင်မီးတောက်ဂိုဏ်းမှ ကျင့်ကြံသူဆီ တိတိကျကျ ကျရောက်ပြီး သူ့ကို လွင့်ထွက်သွားစေ၏။ သူ၏အတွင်းကလီစာများလည်း ချက်ချင်းပင် ကပြောင်းကပြန်ဖြစ်သွားသည်။

“ရွှေရောင်လက်ဝါးစည်းတံဆိပ်လား” နျဲ့ချင်းယွင်သည် မိစ္ဆာဝေဟင်မျှော်နန်းအကြောင်းစဉ်းစားမိပြီး အစောတုန်းက လူငယ်ပြောခဲ့တာကို တွေးမိသွား၏။ သူ ပျော်ရွှင်စွာ မေးလိုက်၏။

“မင်းက မိစ္ဆာဝေဟင်မျှော်နန်းရဲ့တပည့်တစ်ယောက်လား”

လုကျိုးက ဖုန်းချိုးရှေ့သို့ လှစ်ခနဲသွားကာ လက်မြှောက်လိုက်သည်။

ကောင်းကင်တမျှကြီးမားလှသော ကြယ်တာရာဒိုင်ခွက်က ပေါ်လာ၏။

ဖုန်းချိုးသည် ကြောက်လန့်မှုကြောင့် မျက်လုံးအပြူးသားဖြစ်သွားသည်။

“ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်”

“ပြေးဟေ့”

“ပြေးကြ”

ကျင့်ကြံသူများစွာသည် အမြီးကုပ်ထွက်ပြေးတော့သည်။

“မင်း ထွက်သွားနိုင်မယ် ထင်နေလား”

ကြယ်တာရာဒိုင်ခွက်သည် ထိုက်တောင်တန်းပမာ ကျဆင်းလာသည်။

ဖုန်း

လူတစ်ရာကျော်ခန့်ပြုတ်ကျသွားတော့သည်။ သူတို့၏ခန္ဓာကိုယ်က တုန်ယင်နေကာ သွေးများက ဆူပွက်လာ၏။ သူတို့နာကျင်မှုကို ခံစားနေရသည်။

ကျင့်ကြံဆင့်မြင့်သည့်သူများတောင် အခြေအနေမကောင်းပေ။ သူတို့အားလုံးနာကျင်နေလေ၏။

…

အခန်း (၁၀၆၄) ငါလက်လျှော့လိုက်ပြီ

နျဲ့ချင်းယွင်နှင့် တိမ်တိုက်တောင် တပည့်များက ရွှေရောင်ကြယ်တာရာဒိုင်ခွက် ရှိနေသည့် လူငယ်လေးကို မယုံနိုင်စွာ ကြည့်လိုက်ကြသည်။ သူ့လက်တစ်ချက်အဝှေ့တွင် ကောင်းကင်မီးတောက်ဂိုဏ်းမှ လူ၁၀၀ကျော်ကို ဒဏ်ရာအပြင်းအထန် ပေးနိုင်ခဲ့၏။

နောက်ဆုံးတွင် သူ့အမှားကို သဘောပေါက်သွားသည့် ဖုန်းချိုးက လုကျိုးထံ ဝပ်တွားလိုက်သည်။

" ညီငယ်လေး ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ"

" ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ” လုကျိုးက လက်နောက်ပစ်ကာ ထရပ်လိုက်သည်။ သူ့အသံက အေးစက်နေသည့်အတွက် လူများစွာအား ကြက်သီးတဖြန်းဖြန်း ထသွားစေသည်။ သူက ဖုန်းချိုး ခေါ်ဝေါ်သည့်ပုံစံကို သဘောမကျမှန်း သိသာလှ၏။

ဟုတ်သားပဲ။ ကျင့်ကြံသူတစ်ယောက်ရဲ့ သွင်ပြင်ပေါ် မူတည်ပြီးတော့ ဘယ်လိုလုပ် အကဲဖြတ်လို့ရမှာလဲ...

ကောင်းကင်မီးတောက်ဂိုဏ်းမှ လူက မွေးဖွားဇယားချပ် အသက်သွင်းထားသော်လည်း ထိုလူငယ်လေးအတွက် ပြိုင်ဘက် မဟုတ်ခဲ့ပေ။ ထိုလူငယ်လေးက ပညာရှင် ဖြစ်မှန်း သိသာလှ၏။ ကျင့်ကြံသူများအတွက် နှစ်ထောင်ချီ အသက်အရွယ်ရနေသော်လည်း ငယ်ရွယ်ဟန်ပေါ်သည်က သာမန်သာ ဖြစ်၏။ လူတစ်ယောက်ကို သွင်ပြင်အရ အကဲဖြတ်ခြင်းက ‘တုံးတုံးအအ’ အရာသာ ဖြစ်ပေသည်။

ထို့အပြင် သက်တမ်းအပြင် အင်အားတစ်ခုတည်းဖြင့် ထိုလူငယ်လေး၏ ဝါစဉ်က သေချာပေါက် မြင့်မားလိမ့်မည်။ ထိုအတွေးများကို စိတ်ထဲမှာသာ တွေးလိုက်မိ၏။

ဘန်း ဘန်း ဘန်း

ဖုန်းချိုက အမှားကြီးကြီး ကျူးလွန်မိခဲ့မှန်း သဘောပေါက်သွားခဲ့သည်။ သူက သုံးကြိမ်တိုင်တိုင် ဝပ်တွားကာ ပြောလိုက်၏။

"ချန်းပေ့ ကျုပ်အသက်ကို ချမ်းသာပေးပါ"

လုကျိုးက ထိုကောင်းကင်မီးတောက်ဂိုဏ်း မှ လူကို သတ်ခြင်းဖြင့် ကုသိုလ်ရမှတ် သုံးထောင်သာ ရရှိမည်မှန်း သိထားလေသည်။ အခြားလူများအတွက်မူ ဘာမှရရှိမည် မဟုတ်သည့်အတွက် သူက သတ်ဖို့ရာ မကြံရွယ်ထားပေ။ သူက နျဲ့ချင်းယွင်ကို ကြည့်ကာပြောလိုက်၏။

“ဒီလူတွေက တိမ်တိုက်တောင်ရဲ့ ပြဿနာပဲ။ မင်းတို့ဘာသာ ကြည့်ဖြေရှင်းလိုက်"

နျဲ့ချင်းယွင်က ပျော်သွားမိ၏။

“ချန်းပေ့ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်”

ဖုန်းချိုးကို နမူနာထားကာ နျဲ့ချွင်းယွင်က ထိုလူငယ်အား ညီငယ်လေးဟု အဘယ်ကြောင့် ခေါ်ဝေါ်ရဲမည်နည်း။

စာအုပ်တစ်အုပ်ကို အဖုံးကြည့်၍ မဆုံးဖြတ်ဖို့ရာ စကားပုံရှိသည် မဟုတ်ပါလော။

နျဲ့ချင်းယွင်က သူ့ထက် ငယ်ရွယ်သည့် လူတစ်ယောက်ကို ချန်းပေ့ဟု ခေါ်ဝေါ်သည်မှာ ထူးဆန်းလှသည်ဟု ထင်မိသော်လည်း သူက နေသားကျသွားခဲ့သည်။ ပြောရလျှင် စွမ်းအားကသာ အရေးကြီးဆုံးအရာ ဖြစ်၏။

ခဏအကြာတွင် နျဲ့ချင်းယွင်က ခေါ်လိုက်သည်။

"ချန်းပေ့"

"ဘာကိစ္စလဲ"

"ခင်ဗျားက မိစ္ဆာဝေဟင်မျှော်နန်းကလား" နျဲ့ချင်းယွင်က မေးလိုက်သည်။ သူက မိစ္ဆာဝေဟင်မျှော်နန်းတွင် ပြိုင်ဖက်ကင်း တပည့်ဆယ်ယောက် ရှိထားကြောင်း သိထားလေ၏။ လုကျိုး တိမ်တိုက်တောင်ကို ပထမဦးဆုံးစရောက်လာသည့်အခါက ရှားချန်ချိုး သည် ကိစ္စတစ်ခု၊ နှစ်ခုသိထားသည့်အတွက် နေ့စဉ်နှင့်အမျှ တီးတိုးပြောဆိုခဲ့သည်။ ထို့အပြင် အနီရောင်ကြာနယ်မြေ၌ လုကျိုးနှင့် မိစ္ဆာဝေဟင်မျှော်နန်းကို မသိသည့်သူ မည်သူရှိမည်နည်း။

မည်သို့ပင်ဆိုစေကာမူ ကျင့်ကြံရေးလောကက ကမ္ဘာမြေမှ ခေတ်သစ်နှင့် မတူပေ။ မျက်စိတစ်မှိတ်အတွင်း ရုပ်ပုံနှင့် ဗီဒီယိုများကို အလျင်အမြန် မဖြန့်ဝေနိုင်ပေ။ ထိုအကြောင်းအရင်းကြောင့် လုကျိုး၏ ဂုဏ်သတင်း ကျော်ကြားနေသော်လည်း လူများစွာက သူ ဘယ်သူနှင့် တူမှန်း မသိကြသေးပေ။

လုကျိုးက နျဲ့ချင်းယွင်၏ အကဲခတ်မှုကြောင့် အနည်းငယ် အံ့အားသင့်သွားမိသည်။

“မင်းက ဉာဏ်ကောင်းတာပဲ"

ငါ ပြောတာမှန်နေပြီ...

နျဲ့ချင်းယွင်က မိစ္ဆာဝေဟင်မျှော်နန်း၏ ပြိုင်ဖက်ကင်း တပည့်ဆယ်ယောက်အကြောင်း တွေးမိသွားလေသည်။ သူ မတွေ့ဖူးသေးသည့် တပည့်တစ်ယောက်သာ ရှိသည့်အတွက် သူက လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်သည်။

"နျဲ့ချင်းယွင်က အဋ္ဌမသခင်လေးကို နှုတ်ဆက်ပါတယ်"

တိမ်တိုက်တောင်တပည့်များကလည်း လူကျိုးကို လိုက်လံနှုတ်ဆက်ကြလိုက်သည်။

"အဋ္ဌမသခင်လေးကို ဂါရဝပြုပါတယ်”

"..."

လုကျိုးက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

"အဲဒီငတုံးက ငါနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"

"အာ..." နျဲ့ချင်းယွင်က စိတ်ရှုပ်ထွေးမိသွားသည်။

ကိစ္စများက အမှန်တကယ် ရှုပ်ထွေးလှ၏။ လုကျိုးက သူ့ဇာစ်မြစ်ကို ဖော်ထုတ်ဖို့ရာ အပြာရောင်ကြာပွင့်ကို အသုံးပြုနိုင်လေသည်။ သို့သော်လည်း သူက မလိုအပ်ကြောင်း ထင်မိ၏။ လူများစွာက သူဘယ်သူနှင့်တူမှန်း မသိကြသေးပေ။ မိစ္ဆာဝေဟင်မျှော်နန်းအဖွဲ့သားများအတွက် ရှင်းပြဖို့ရာ လုံလောက်ပြီ ဖြစ်၏။

“ထားလိုက်ပါတော့ … ငါ ဒီနေ့တိမ်တိုက်တောင်မှာ နားမယ်”

နျဲ့ချင်းယွင်က ထိုးစကားများကြောင့် စိတ်လှုပ်ရှားသွားလေသည်။ သူက စိတ်ရှုပ်ထွေးမှုကို ထပ်မမေးတော့ဘဲ ပြောလိုက်၏။

" ချန်းပေ့အတွက် အခန်းပြင်ဆင်ထားလိုက်ကြ"

"ဟုတ်ကဲ့"

ထိုစဉ် လုကျိုးက လှည့်ကာ ပြောလိုက်သည်။

" ငါနဲ့သင့်တော်တဲ့ ဝတ်ရုံရှည်ကို ပြင်ထားပေးဦး"

"ဟုတ်ကဲ့"

တပည့်နှစ်ဦးက လုကျိုးအား တောင်ထိပ်၁၂ခုဆီ ဦးဆောင်ကာ ခေါ်သွားခဲ့သည်။

ထိုစဉ် နျဲ့ချင်းယွင်က ကောင်းကင်မီးတောက်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖုန်းချိုးကို ကြည့်ကာပြောလိုက်သည်။

"ဖုန်းချိုး ငါက အရင်တုန်းက အကျိုးအကြောင်းမသင်ခဲ့ဘူး။ မင်းကို အသက်ဓာတ်နှလုံးသား နှစ်ခုထဲက တစ်ခုပေးမယ်" သူက အသက်ဓာတ်နှလုံးသား တစ်ခုကို ထုတ်ကာ ဖုန်းကျိုးဆီ လမ်းလျှောက်သွားလိုက်သည်။

ဖုန်းချိုးက အလျင်အမြန် လက်ခါကာ "မဟုတ်တာ မဟုတ်တာ ကျုပ် မလိုချင်ပါဘူး"

ဘန်း ဘန်း ဘန်း

နျဲ့ချင်းယွင်က ရှေ့တိုးကာ သူ့ကို အကြိမ်ရေ အနည်းငယ်ကန်လိုက်သည့်အတွက် ဖုန်းချိုးက နာကျင်စွာ အော်လိုက်သည်။ နျဲ့ချင်းယွင်က အားများစွာ စိုက်ထုတ်ထားဟန်ပေါ်သည်။

အချုပ်အားဖြင့် နျဲ့ချင်းယွင်သည် ဖုန်းချိုးကို အကြိမ်အနည်းငယ် ကန်ပြီးသည့်နောက်တွင် သက်သောင့်သက်သာ ဖြစ်သွားလေသည်။

ဒီကောင်စုတ် ဖုန်းချိုးက အရင်တုန်းက သူ့အပေါ် ရက်စက်ထားခဲ့တာ...

သူက ဖုန်းချိုးကို ကြည့်ကာပြောလိုက်သည်။

"ဒါက အရိပ်ရဖို့ သစ်ပင်ကြီးကို မှီခိုရတယ်ဆိုတာပဲ နားလည်ပြီလား"

.....

ညဘက်ပိုင်း

ထိုစဉ် လုကျိုး၏ နေထိုင်ရာအဆောက်အဦးဆီ အမျိုးသမီးတပည့် တစ်ယောက် ရောက်ရှိလာသည်။

“ချန်းပေ့ ကျွန်မ ဝင်လာလို့ရမလား”

“ဝင်ခဲ့”

အမျိုးသမီးတပည့်က တံခါးကို ဖွင့်ကာ အခန်းအတွင်း ဝင်ရောက်လာခဲ့သည်။ သူမက ငယ်ရွယ်ကာ လှပပြီး သူမ၏ ခန္ဓာကိုယ်က ပိန်ပါးသွယ်လျနေသည်။ သူမ ဝင်ရောက်လာသည့်အခါ အကြည့်ကို အောက်စိုက်ထားပြီး ခြေထောက်များကိုသာ ကြည့်နေလေ၏။ သူမ၏ ခြေလှမ်းက‌ ကြောင်တစ်ကောင်အလား ပေါ့ပါးလှသည်။

ပြတင်းပေါက်ကို ကြည့်နေသည့် လုကျိုးက အမျိုးသမီးတပည့်ကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်၏။

အမျိုးသမီးလား...

အမျိုးသမီးတပည့်က ပြောလိုက်သည်။

" ဂိုဏ်းချုပ်က ချန်းပေ့ကို ခစားပြီး အဝတ်အစား တိုင်းဖို့ရာအတွက် စေလွှတ်လိုက်တာပါ”

သူမက လုကျိုးရှေ့မှောက် သွားကာ ပေကြိုးကို ထုတ်လိုက်သည်။

လုကျိုးက များစွာ မစဉ်းစားဘဲ လက်ဖြန့်လိုက်၏။

နျဲ့ချင်းယွင်က သူမကို ကြိုတင်သတိပေးထားဟန်ပေါ်ကာ အမျိုးသမီးတပည့်က စိတ်လှုပ်ရှားနေသည်။ သူမက လူကျိုးကို အရှေ့အနောက် အကြိမ်များစွာ တိုင်းတာခဲ့ပြီးသည့်နောက်တွင် အမိန့်ကို စောင့်စားဖို့ရာ ဘေးတွင် ရိုရိုကျိုးကျိုး ရပ်နေလေသည်။

လုကျိုးက သူမကို သံသဃဖြင့် ကြည့်ကာပြောလိုက်၏။

" မင်းက ဘာရပ်စောင့်နေတာလဲ"

"ချန်းပေ့ကို ခ ..ခစားဖို့ပါ"

"ထွက်သွားစမ်း"

"ဟင်"

"နျဲ့ချင်းယွင်ကို အပိုတွေ မလုပ်ဖို့ပြောလိုက်။ ထွက်သွားတော့" လုကျိုးက ပြောလိုက်သည်။

အမျိုးသမီးတပည့်က ဆက်လက် မနေရဲတော့ပေ။ သူမက တုန်တုန်ယင်ယင်ဖြင့် ခေါင်းညိတ်ကာ ထွက်သွားလေ၏။

လုကျိုးက ပြတင်းပေါက်မှ လမင်းကို ကြည့်နေရင်း အမူအရာက တစ်သမတ်တည်း ကျန်ရှိနေသည်။ သူက လက်ကို မြောက်ကာ လေ့လာလိုက်၏။ ထို့နောက်သူက လက်ဝှေ့လိုက်ပြီးနောက်တွင် လက်ဖမိုးကို ကြည့်လိုက်သည်။ သူက အိပ်မက်မက်နေသလိုမျိုး ခံစားလိုက်ရ၏။ သူ့အနေဖြင့် တစ်စုံတစ်ခု လွဲမှားနေသည်ဟု ခံစားမိသော်လဲ ဘယ်အရာကမှန်း မပြောနိုင်ပေ။

ထိုစဉ် သူက စားပွဲဘေးဖက် ပြန်ရောက်လာကာ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူက ပုံမှန်အတိုင်း စတင်ကျင့်ကြံလိုက်၏။ သူ့အသက်ရှူနှုန်းက ပုံမှန်ဖြစ်နေကာ အမှားအယွင်းကို ရှာမတွေ့ခဲ့ပေ။

“ငါ အိပ်မက်မက်နေတာလား ငါ အေးခဲရေကန်ထဲမှာပဲ ရှိနေတုန်းလား” လုကျိုးက သူ့ကိုယ်သူ စိတ်ဆွဲလိုက်သည်။ နာကျင်မှုက အမှန်တကယ် ဖြစ်သည့်အတွက် အိပ်မက်မက်နေခြင်း မဟုတ်ပေ။

ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် သူက အမှားကို မရှာနိုင်သေးပေ။

အဆုံးသတ်တွင် သူက ထိုကိစ္စကို လျစ်လျူရှုထားပြီး ကောင်းကင်ကျမ်းကိုသာ ဆက်လက် ဆင်ခြင်လိုက်၏။

…

မနက်ခင်း

လုကျိုးက မျက်စိဖွင့်ကာ ဘာမှားနေသည်ကို ဆက်လက် အဖြေထုတ်ဖို့ တွေးလိုက်သည်။ အတိအကျပြောရလျှင် သူက ဘယ်အရာ ကွာခြားနေသည်မှန်း သဘောပေါက်သွားခဲ့၏။

“ကောင်းကင်ကျမ်း နားလည်နိုင်နှုန်းက ပိုပြီးတော့ မြင့်လာတာပဲ”

သူက ခရမ်းရောင် တောက်ပသံကျောက်ကို ထုတ်ယူလိုက်သည်။ ကံဆိုးစွာဖြင့် ထိုအရာက ပြန်လည်ကောင်းမွန်ဆဲ အနေအထားတွင် ရှိနေဆဲ ဖြစ်၏။

အစပိုင်းတွင် ခရမ်း‌ရောင်တောက်ပသံကျောက်၏ အကူအညီ မရှိဘဲ သူ့အနေဖြင့် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို ပြန်လည်ဖြည့်တင်းဖို့ ခုနှစ်ရက်တိုင် ကြာမြင့်လိမ့်မည်။

လွှမ်းမိုးအဆင့် ခရမ်းရောင်တောက်ပ သံကျောက်ဖြင့် နှစ်ရက်အထိ လျှော့ချနိုင်ခဲ့၏။ ထိုအရာကို အဆင့်မြင့်ပြီးသည့်နောက်တွင် တစ်ရက်နှင့် တစ်ညသာ ကြာမြင့်တော့သည်။ ယခုအခါ ခရမ်းရောင်‌တောက်ပသံကျောက်၏ အကူအညီ မရှိပဲ သူက သုံးရက်မျှသာ ကြာမြင့်တော့ကြောင်း အကဲဖြတ်လိုက်မိသည်။

ထို့နောက် လုကျိုးက အသက်ရှုနှုန်းကို ထိန်းညှိကာ စတင်ကျင့်ကြံလိုက်သည်။

တစ်နာရီကြာမြင့်ပြီးသည့်နောက်တွင် လုကျိုးက သူ့ကျင့်ကြံမှုသည် အနည်းငယ် တိုးမြင့်လာကြောင်း ကောက်ချက်ချလိုက်သည်။

“ဒါက ငယ်ရွယ်ခြင်းရဲ့ အကျိုးကျေးဇူးလား”

ယခင်က သူသည် နှစ်ရာကျော် ပြန်လည်နောက်ဆုတ်ခဲ့စဉ်အခါက သူ့အကောင်းဆုံး ကျင့်ကြံရေး အနေအထားသည် နှစ်ရှစ်ရာဝန်းကျင် အချိန်သာ ဖြစ်၏။ ယခု သူက ငယ်ရွယ်သွားသည့်အခါ သူ့ကျင့်ကြံနှုန်းက တိုးမြင့်လာသည်မှာ အကျိုးအကြောင်း သင့်လှသည်။ ကမ္ဘာမြေတွင် လူကြီးများထက် လူငယ်များက သင်ယူနိုင်စွမ်း ပိုမိုမြင့်မားကြလေသည်။

သို့သော်လည်း ဘယ်အရာ မှားယွင်းနေကြောင်း ရှာဖွေတွေ့ရှိ ပြီးသည့်နောက်တွင်ပင် ထူးဆန်းသည့် ခံစားချက်က ဖြစ်တည်နေဆဲသာ ဖြစ်သည်။

လုကျိုးက စနစ်ကို ဖွင့်ကာ စစ်ကြည့်လိုက်သည်။

လက်ကျန်သက်တမ်း - ၂၉၂၀၀၀ရက် (၈၀၀ရက် အကြောင်းပြန်လှန်ကတ်မှ နှစ် ၆၀၀)

ဤသည်က သူ့မှန်းဆချက်အတွင်းသာ ရှိ၏။ သူက စနစ်ကို စစ်ဆေးကြည့်လိုက်သည်။ အစိမ်းရောင်ပုစဥ်းရင်ကွဲကျောက်စိမ်းအပြင် ဘာမှအသစ် မရှိပေ။

ရုတ်ခြည်းဆိုသလို

"ဒါက ဘာလဲ"

လူကျိုးက အသုံးပြုပစ္စည်းစာရင်းတွင် အသုံးပြုပစ္စည်းကတ် အသစ်ကို မြင်လိုက်ရ၏။

"လျှော့ချရေးကတ် ပစ်မှတ်ရဲ့သက်တမ်းကို ဆယ်စက္ကန့်ကြာ လျှော့ချနိုင်တယ်။ တန်ကြေး ကုသိုလ်ရမှတ် - တစ်သောင်း"

ထို့နောက် တာဝန်စာရင်းတွင် တာဝန်အသစ်တစ်ခု ပေါ်ထွက်နေသည်။

"ငယ်ရွယ်မှုတန်ဖိုးရဲ့ အဖြေကိုရှာပါ။ လက်ခံမလား၊ ငြင်းပယ်မလား"

လုကျိုးက တုံ့ဆိုင်းခြင်း မရှိ ပြောလိုက်သည်။

"ငြင်းပယ်မယ်"

လုကျိုးက ထိုတာဝန်ကို လက်လျှော့ဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်၏။

…

အခန်း (၁၀၆၅) ငယ်ရွယ်ခြင်း၏ တန်ကြေးလား

လုကျိုး၏ တပည့်ဆယ်ယောက်သည် မိစ္ဆာဝေဟင်မျှော်နန်းသို့ ပြန်ရောက်လာချိန်မှစပြီး သူတို့ကို လေ့ကျင့်ပေးရသည်မှလွဲလျှင် သူတို့ကို တာဝန်ပေးရသည်က ရှားပါးသည်။ ယခုသူ၏ကျင့်ကြံမှုအရှိန်က အနည်းငယ်တိုးလာလေရာ သူသည် အကျိုးအမြတ်တချို့ရပြီဟု တွေးတောနိုင်၏။ ယခုချိန်မှ အဖြေရှာတာ ဘာများအကျိုးထူးမည်နည်း။

မည်သည့်နည်းနှင့်မဆို လုကျိုးက စနစ်မျက်နှာပြင်ကို ပိတ်ပြီး တအံ့တဩ တွေးမိသွား၏။ နုပျိုမှုရဲ့ တန်ကြေးကဘာလဲ။

ဒေါက် ဒေါက် ဒေါက်

“ချန်းပေ့ ... ချန်းပေ့ရဲ့အဝတ်အစားတွေက ဒီမှာပါ” အပြင်ဖက်မှ အမျိုးသမီးတပည့်တစ်ဦးက ပြောလိုက်သည်။

“ဝင်လာခဲ့” တိမ်တိုက်တောင် အမျိုးသမီးတပည့်သည် ဝင်လာပြီး လုကျိုးရှေ့၌ ဝတ်ရုံရှည်ကို ထားလိုက်သည်။

လုကျိုးက သူမကို တစ်ချက်ကြည့်လိုက်သောအခါ သူမက အမြန်ခေါင်းငုံ့ပြီး ဆုတ်ခွာသွား၏။

လုကျိုးက ဝတ်ရုံရှည်ကို လဲလိုက်သည်။ ယင်းက သူနှင့် ယခင်တစ်ခုထက် ပိုပြီးလိုက်ဖက်နေသည်။ အရွယ်အစား ကွာဟချက်က သိပ်မကြီးမားသော်ငြား ယခင်ဝတ်ရုံသည် အချိန်အတော်ကြာ ဝတ်ဆင်ထားပြီးနောက် ဟောင်းနွမ်းနေပြီဖြစ်၏။

သူ၏ဝတ်ရုံအသစ်ဖြင့်သူသည် သီးခြားဆန်သော အငွေ့အသက်များ ရလာတော့သည်။

ပြီးနောက် လုကျိုးသည် ပင်မတောင်ထွတ်သို့ သွားလိုက်၏။

မွေးဖွားဇယားချပ်သားရဲများကို အနက်ရောင်မျှော်စင်အဖွဲ့အစည်း လက်ဝါးကြီးအုပ်နေခြင်းအား တားမြစ်ပြီးနောက် တာ့ထန်၏ကျင့်ကြံသူများသည် မွေးဖွားဇယားချပ်သားရဲများကို သတ်ဖြတ်ရန် တိုက်ခိုက်ပြီး ရှင်သန်နေကြကြောင်း လုကျိုးသိလိုက်ရသည်။ နောင်ကျ ရွှေကြာနယ်မြေထဲတွင်လည်း ထိုသို့ဖြစ်လာမည်ဟု တွေးမိသည်။ ထိုအရာအပြင် ကြမ်းတမ်းခက်ထန်သားရဲများက ပိုမိုသန်မာလာပြီး ပိုကောက်ကျစ်လာကြောင်းလည်း သူ သိလိုက်ရ၏။ ယင်းက သူ၏မှန်းဆချက်အတွင်းရှိသည်။ လူသားများ တိုးတက်လာခြင်းသည် အတားအဆီးပြတ်လပ်နေမှာမဟုတ်။

လုကျိုးသည် တိမ်တိုက်တောင်၌ကြာမြင့်စွာ မနေခဲ့ပေ။

နျဲ့ချင်းယွင်က လုကျိုးကို တလေးတစား ပို့ဆောင်ပေးပြီး သူက ရုတ်တရက်မေးလိုက်၏။

“နျဲ့ချင်းယွင် နှင်းတောင်ထွတ်ပေါ်မှာ အအေးရေအိုင်တည်ရှိနေတာ ဘယ်လောက်ကြာသွားပြီလဲ”

နျဲ့ချင်းယွင်က ခေါင်းခါလိုက်သည်။

“ကျုပ် မသိပါဘူး။ တိမ်တိုက်တောင် တည်ထောင်ချိန်ကစပြီး အဲ့မှာရှိနေတာ”

“မူမမှန်တာ မရှိဘူးလား”

“မရှိပါဘူး။ ဒါ့အပြင် သာမန်ကျင့်ကြံသူတွေက အဲ့ဒီကို မသွားနိုင်ဘူး။ မူမမှန်တာရှိခဲ့ရင်တောင် ဘယ်သူမှ သိမှာမဟုတ်ဘူး။ ဒါပေမဲ့ အရင်လတုန်းက အေးခဲရေကန်ထဲ ကြယ်တံခွန်တစ်စင်း ကြွေကျခဲ့တာ” နျဲ့ချင်းယွင်က ပြန်ပြောလိုက်၏။

“ငါ မင်းကို ခိုင်းစရာရှိတယ်။ ထူးခြားတာတစ်ခုခု သတိပြုမိခဲ့ရင် မိစ္ဆာဝေဟင်မျှော်နန်းကို ချက်ချင်း အကြောင်းကြား” လုကျိုးက ပြန်ပြောလိုက်၏။

“နားလည်ပါပြီ”

လုကျိုးသည် ချင်မော့ရှန်း၏ မွေးဖွားဇယားချပ်ထဲမှ တစ်ခုကို ဖျက်ဆီးခဲ့သောကြောင့် ချင်မော့ရှန်းသည် ဤကိစ္စကို အလွတ်မပေးမည်မှန်း သူ သေချာပေါက် သိနေသည်။ ထိုလူပြန်ရောက်လာခဲ့လျှင် နှင်းတောင်ထွတ်တွင် ပေါ်လာလောက်၏။ သို့သော် သူက သင်္ကေတလမ်းကြောင်းကို ဖျက်ဆီးခဲ့သဖြင့် ပြန်လည်ပြုပြင်ရန် အချိန်တချို့ ယူရလိမ့်မည်။ ထိုနေရာကို တစ်စုံတစ်ယောက်အား စောင့်ကြည့်ခိုင်းထားတာက အသင့်တော်ဆုံးဖြစ်သည်။

မြို့တော်၌ ဖြစ်သည်။ အပြင်လောက၌ လုကျိုးပျောက်ကွယ်သွားတာ တစ်လကျော်ပြီဖြစ်၏။ ကံကောင်းသည်မှာ သူ၏ဂုဏ်သတင်းက ပျံ့နှံ့နေသောကြောင့် သူ အပြင်ရောက်ချိန်တွင် ငြိမ်းချမ်းနေလေသည်။

ခရုလေးက မေးလိုက်၏။

“ချီရှစ်ရှိုး ... ရှစ်စွင်းက သွားတာ တစ်လရှိသွားပြီ။ ဒီအတိုင်းဆက်သွားနေရင် ပြဿနာတက်မှာမလား”

စီးဝူယာ့က ပြောလိုက်သည်။

“ဟုတ်တယ် ရှစ်စွင်းရဲ့တည်နေရာကို မသိပေမဲ့ ဘာမှဖြစ်မှာမဟုတ်လောက်ဘူး”

ပါးစပ်ထဲတွင် မြက်တစ်ပင်ကို ကိုက်ထားသည့် ကျန်းအိုက်ကျန့်က ခေါင်မိုးပေါ်မှခုန်ဆင်းလာပြီးပြောလိုက်၏။

“အဖြူရောင်မျှော်စင်အဖွဲ့အစည်းကလူတွေက ဒီနေရာကို မီးတောင်ထွက်အဆီအနှစ်တွေ ပို့လိုက်တယ်။ ဒါပေမဲ့ သူတို့ထွက်မသွားသေးဘူး။ သူတို့က လောင်ချန်းပေ့ကျိနဲ့ တွေ့ချင်နေတာတဲ့။ သူတို့ကို ဘယ်လိုဖြေရှင်းရမလဲ”

“သူတို့က ရှစ်စွင်းနဲ့တွေ့ဖို့ ထိုက်တန်လို့လား”

စီးဝူယာ့က ခေါင်းခါလိုက်၏။

“ရှစ်ရှိုး ပြောတာမှန်တယ်။ သူတို့ကို အခုချက်ချင်း မောင်းထုတ်လိုက်ရင်ကော”

“လောဖို့မလိုဘူး။ စောင့်ချင်တယ်ဆိုရင် သူတို့ကို စောင့်ခိုင်းထားလိုက်” စီးဝူယာ့က ပြန်ပြောလိုက်သည်။

လုကျိုး ပျောက်ကွယ်သွားပြီး ဒဿမမြောက်နေ့၌ အဖြူရောင်မျှော်စင်အဖွဲ့အစည်းသည် မီးတောင်ထွက်အဆီအနှစ်ဆယ်ခု ပေးပို့ခဲ့သည်။ သူတို့က လုကျိုးကို တွေ့ပြီး အရေးကြီးသည့် တစ်စုံတစ်ခု ပြောရန် ရှိကြောင်းဆိုခဲ့သည်။ စီးဝူယာ့က သူတို့ကို ထွက်သွားခိုင်းသော်ငြား သူတို့က တကယ်အရေးကြီးသည့်ကိစ္စပြောစရာရှိသည့်ပုံပေါ်နေ၏။ သူတို့က မောင်းမထုတ်ခဲ့ပေ။

ထိုစဉ် တိုင်းပြည်ရေးရာကြေညာရေးခန်းမမှ လာသည့် ရှန်ရှီက ပြောလိုက်သည်။

“သတ္တမသခင်လေး ... အဖြူရောင်မျှော်စင်က လူတွေကလည်း ကိစ္စကတကယ်အရေးကြီးပြီး မျှော်နန်းသခင်နဲ့တွေ့ဖို့လိုတယ်လို့ ပြောနေပါတယ်”

“သူတို့ကိုစောင့်ခိုင်းထားလိုက်” စီးဝူယာ့က စိတ်မပူပေ။

“သူတို့ စိတ်လောနေပုံပဲ။ သူတို့က တမင်တကာ လှုပ်ရှားတဲ့ပုံမပေါ်ဘူး” ရှန်ရှီက ပြောပြီးနောက် မေးလိုက်သည်။

“မျှော်နန်းသခင် ပြန်မလာသေးဘူးလား”

စီးဝူယာ့က ခေါင်းခါပြီးနောက် ပြောလိုက်သည်။

“သူတို့ တမင်တကာလုပ်တာ မဟုတ်တဲ့ပုံပေါ်မှန်း ငါ သိတယ်။ ဒါပေမဲ့ ရှစ်စွင်း ပြန်မလာသေးဘူးဆိုတော့ ဒီကိစ္စကိုဖြေရှင်းဖို့ ခက်ခဲတာ။ အရင်ဆုံးတော့ အချိန်ဆွဲထားရအောင်။ လိုအပ်လာရင် ကျုပ် သူတို့ကို ဖြေရှင်းလိုက်မယ်။"

“ဟုတ်ပါပြီ”

ရှန်ရှီ ထွက်သွားတော့မည့်အချိန်တွင် တိုင်းပြည်ကြေညာရေးခန်းမသို့ ဝတ်ရုံဖြူနှင့် လူသုံးယောက်က ပျံလာ၏။ သူတို့နောက်ကျော၌ ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်သုံးခု ရှိနေသည်။ နှစ်ယောက်က မွေးဖွားဇယားချပ်ခြောက်ခုရှိပြီး ကျန်တစ်ယောက်က မွေးဖွားဇယားချပ်ရှစ်ခုရှိသည်။ သူတို့ဆင်းသက်လာသည်နှင့် မွေးဖွားဇယားချပ်ရှစ်ခုရှိပြီး ခေါင်းဆောင်ဖြစ်သည့် ပိရှောက လက်သီးဆုပ်မိုးလျက် စီးဝူယာ့ကို နှုတ်ခွန်းဆက်လိုက်သည်။

“သတ္တမသခင်လေး”

စီးဝူယာ့က သူ၏သမာဓိကို ထိန်းသိမ်းထားလေ၏။

“ခင်ဗျားက အတော်ရဲတင်းတာပဲ။ ခင်ဗျားကို ခပ်မြင့်မြင့် တွေးထားပေးတာကြောင့် မောင်းထုတ်ခဲ့တာ။ ဒါပေမဲ့ တည်တံ့ရေးခန်းမထဲ ဝင်လာရဲတယ်ပေါ့။ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား”

ပိရှောက အမြန်လက်ဝေ့ယမ်းပြကာ ပြောလိုက်သည်။

“သတ္တမသခင်လေး ကျုပ်ကို နားလည်မှုလွဲနေပြီ။ အရေးကြီးကိစ္စ တကယ်ပြောစရာရှိလို့ပါ”

“ကျုပ်ကို ပြောလို့ရတယ်။" စီးဝူယာ့က ပြောလိုက်၏။

“ကျုပ်ရှစ်စွင်းဆီ ခင်ဗျားပြောတာတွေပြန်ပြောပေးမယ်”

ကျန်းအိုက်ကျန့်က စီးဝူယာ့ကို ကြိတ်ပြီးလက်မထောင်ပြလိုက်၏။ မင်းက သိပ်အံ့ဩဖို့ကောင်းတယ် ဟူသော အမူအရာမျိုးရှိနေသည်။

ပိရှောကလည်း ဖိအားမပေးရခြင်း ဘရိုကိတ်သေတ္တာကို ထုတ်ပြီးနောက် ပြောလိုက်၏။

“မျှော်စင်သခင်က မျှော်နန်းသခင်ဆီကို ဒီပစ္စည်းကိုယ်တိုင်ပေးဖို့ မှာကြားခဲ့တာပါ”

“ဖွင့်လိုက်” စီးဝူယာ့က မျက်နှာသေဖြင့် ပြောလိုက်သည်။

ကျွီ

သေတ္တာထဲတွင် အပြာရောင်အလင်းဖျော့ဖျော့ဖြင့် ဖြာထွက်နေသော သလင်းတစ်ခုရှိ၏။ အလင်းကွင်းကို မြင်ရသည်။

“ဒါဘာမှန်း ကျုပ်တို့မသိဘူး။ မျှော်နန်းသခင်ပဲ ဒါကိုသိတယ်လို့ ကျုပ်တို့မျှော်စင်သခင်က ပြောလိုက်တာ” ပိရှောကပြောလိုက်၏။ ပြောပြီးသည်နှင့် အပြာရောင်သေတ္တာကို ပိတ်လိုက်သည်။ ဤနည်းဖြင့် အလင်းကပျောက်ကွယ်သွားတော့သည်။

“ဘာလို့ဒီလောက်အလျင်လိုနေတာလဲ” စီးဝူယာ့က သိချင်စိတ်ဖြင့် မေးလိုက်သည်။

ပိရှောက သက်ပြင်းချလိုက်လေ၏။ “အမှန်အတိုင်းပြောရရင် မျှော်နန်းသခင်နဲ့ မျှော်စင်သခင်တို့ လက်ရည်ယှဉ်တာက စပြီး မျှော်စင်သခင်ရှုံးနိမ့်သွားတဲ့ သတင်းက ပြန့်သွားတယ်။ တာ့မင်နဲ့ တာ့ယန်ရဲ့ တော်ဝင်မိသားစုတွေက အဖြူရောင်မျှော်စင်အဖွဲ့အစည်းကိုဖိအားပေးဖို့ သိုင်းပညာရှင်တွေကို တိတ်တဆိတ်ပို့နေတာ။ ကျုပ်တို့ဒီမှာနေသမျှ ရက်တိုင်း မျှော်စင်သခင်က ပိုပြီးအရေးနိမ့်လာလိမ့်မယ်”

စီးဝူယာ့က ရယ်မောပြီးနောက် ဂရုမစိုက်ဘဲ ပြောလိုက်သည်။

“ကျုပ်က အရေးကြီးကိစ္စလို့ထင်နေတာ”

“အမ်း”

“မင်းတို့မျှော်စင်သခင်ရဲ့အခြေအနေက ငါ့ရှစ်စွင်းနဲ့ ဘာမှမဆိုင်ဘူးလေ” စီးဝူယာ့က ပြောလိုက်၏။

ကျန်းအိုက်ကျန့်သည် သူ့ပါးစပ်ထဲမှ မြက်ပင်ကို ထွေးထုတ်ပြီးနောက် ပေါင်ကို ရိုက်ချလိုက်သည်။ စီးဝူယာ့၏ စကားများက ငြင်းဆန်၍မရ အထာကျလွန်း၏။

ပိရှောက အခက်တွေ့နေသော အမူအရာဖြင့် ပြောလိုက်၏။

“မျှော်နန်းသခင်လုက ဒီသလင်းကိုတွေ့ပြီးရင် သေချာပေါက် စိတ်ပြောင်းသွားမယ်လို့ ယုံတယ်။"

ယခုအခေါက်တွင် ပိရှောက အသံကျင့်စဉ်ကို သုံးလိုက်၏။ ဤနည်းဖြင့် နေရာမျိုးစုံက သူ့အသံကို ကြားရမှာဖြစ်သည်။ ဆိုရလျှင် အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ စီရင်သူတစ်ယောက်ဖြစ်သည့်သူက လုကျိုးကြားစေရေးအတွက် အသံနည်းစနစ်ကို တမင်တကာ သုံးလိုက်တာဖြစ်သည်။

စီးဝူယာ့က ပိရှောကို မောင်းထုတ်တော့မည့်အချိန်တွင် တည်တံ့ရေးခန်းမမှ အသံတစ်သံ ပျံ့လွင့်လာသည်။

“ဘယ်သူက အပြင်မှာ ရုတ်ရုတ်သဲသဲလုပ်ရဲတာလဲ”

လူတိုင်းက ဦးညွှတ်လိုက်၏။ လုကျိုးပြန်ရောက်လာပြီဖြစ်ရာ စီးဝူယာ့နှင့် ရှန်ရှီက သက်ပြင်းချလိုက်၏။

ပိရှောက ကြည်လင်သောအသံဖြင့် ပြောလိုက်သည်။

“အဖြူရောင်မျှော်စင်အဖွဲ့က ဒီငယ်သား ပိရှောက မျှော်နန်းသခင်လုနဲ့တွေ့ခွင့်တောင်းပါတယ်”

“ဝင်လာခဲ့”

“ကျေးဇူးပါ မျှော်နန်းသခင်လု”

“အခုကစပြီး မင်း ပြောစရာရှိရင် စီးဝူယာ့ကို ပြောလို့ရတယ်။ သူက ငါ့ကို ကိုယ်စားပြုတယ်” ပိရှောက ပြန်ပြောလိုက်သည်။

“နားလည်ပါပြီ”

တလေးတစားရပ်နေသည့် စီးဝူယာ့ကို ကြည့်ပြီး သူ့မျက်ခွံတွန့်သွားကာ စိတ်ရှုပ်ထွေးသည့်အမူအရာ ရှိနေသည်။ စီးဝူယာ့က မျက်နှာသေ ဖြစ်နေသောကြောင့် သူ ဘာဖြစ်နေမှန်း မပြောနိုင်။

လူတိုင်းက တည်တံ့ရေးခန်းမထဲ ဝင်သွားသည့်အခါ သူတို့သည် လုကျိုး၏အရိပ်ကိုတောင် မမြင်ရပေ။

ရုပ်ပုံလွှာတစ်ခုသာ ရှိ၏။

ပိရှောက လက်နှစ်ဖက်ဖြင့် ဘရိုကိတ်သေတ္တာကို ကိုင်ထားပြီး ပြောလိုက်သည်။

“မျှော်နန်းသခင် မျှော်စင်သခင်ကိုယ်တိုင် ဒီပစ္စည်းကို မျှော်နန်းသခင်ဆီ ကိုယ်တိုင်ပေးဖို့ ပြောလိုက်တာပါ။"

ဝှစ်

ပိရှော၏လက်ထဲမှ သေတ္တာက ရုတ်တရက်ပျောက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ရုပ်ပုံလွှာအနောက်သို့ ရောက်သွားသည်။ ရုပ်ပုံလွှာအနောက်တွင် ထိုင်နေသော လုကျိုးက အပြာရောင်အလင်း ပါဝင်သော ဘရိုကိတ်သေတ္တာကို ဖွင့်လိုက်သည်။

“တင်း ... မဟာလေဟာနယ်ထဲက ဆန်းကြယ်မြေဆီနဲ့ ဖွဲ့တည်တဲ့ အပြာရောင်သလင်းကို ရသွားပါပြီ”

မြေဆီလား ... မြေဆီက ဘယ်လိုလုပ် သလင်းဖြစ်သွားတာလဲ။

ထိုစဉ် ပိရှောက ထပ်ပြောလိုက်သည်။

“မျှော်စင်သခင်က မျှော်နန်းသခင်ဆီ ဒီဟာပေးဖို့ ကျုပ်ကို ထပ်ခါတလဲလဲ ညွှန်ကြားခဲ့တာပါ”

“သူ ဘာပြောသေးလဲ”

“ဒီပစ္စည်းက တာ့ယန်ရဲ့တော်ဝင်ခုံရုံးကနေလာတာ။ ဒါပါပဲ” ပိရှောက ပြန်ပြောလိုက်သည်။

လုကျိုးက သူ့လက်ထဲတွင် အပြာရောင်သလင်းကို ကိုင်ထား၏။ အထဲမှ ထူးဆန်းသော စွမ်းအင်ကို ခံစားမိသည်။ ထို့ကြောင့် သူသည် ကောင်းကင်စွမ်းအား၏ အမြင်စွမ်းအားအတွက် ဂါထာကို စိတ်ထဲမှ တိတ်တဆိတ်ရွတ်ဆိုလိုက်သည်။

ဤနည်းဖြင့် အပြာရောင်သလင်းထဲရှိ ရှားပါးသော မဟာလေဟာနယ်စွမ်းအင်ကို မြင်လိုက်ရသည်။ မဟာလေဟာနယ်မှ ရွှံ့ထဲတွင် မဟာလေဟာနယ် ပါဝင်နေတာဖြစ်သည်။ သို့သော်ငြား ထိုကဲ့သို့ အရာက တာ့ယန်၏တော်ဝင်ခုံရုံး၏လက်ထဲ မည်ကဲ့သို့ရောက်သွားသနည်း။ နောက်ဆုံးတွင် လုကျိုးက ပြောလိုက်၏။

“မျှော်စင်သခင်လန်က ဒီအာလူးပူပူကို ကျုပ်ဆီပေးတာ တကယ်ကြင်နာနေတာပဲ”

ပိရှောက ဒုန်းကနဲ ချက်ချင်း ဒူးထောက်ချလိုက်၏။

“ဒါက အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူး။ ဒီတန်ဖိုးရှိတဲ့ ပစ္စည်းကို တခြားလူတွေလက်ထဲ အရောက်ခံမဲ့အစား မျှော်နန်းသခင်လုကို ပေးလိုက်တာ ပိုကောင်းပါတယ်”

သလင်းထဲ၌ မဟာလေဟာနယ်စွမ်းအင် တစွန်းတစရှိနေ၏။ ယင်းသည် အခြေခံအားဖြင့် အသုံးမဝင် တန်ဖိုးရှိသည်ဟု သတ်မှတ်၍မရနိုင်။ သို့သော် ယင်းက လန်ရှီဟယ်သည် မဟာလေဟာနယ်စွမ်းအင်ကို ပိုင်ဆိုင်ထားရသည့်အကြောင်းအရင်းကို ရှင်းပြနိုင်လောက်သည်။

“သူ့ရဲ့ရည်ရွယ်ချက်ကောင်းကို ငါ အသိအမှတ်ပြုကြောင်း မျှော်စင်သခင်လန်ဆီ ပြန်သွားပြီးပြောလိုက်”

“နားလည်ပါပြီ” ပိရှောက တလေးစားထွက်သွားတော့သည်။ ပြီးနောက် စီးဝူယာ့၊ ခရုလေး၊ ရှန်ရှီနှင့် ကျန်သည့်သူများသည် တညီတညွတ်တည်း ဦးညွှတ်ပြီးနောက် ပြောလိုက်သည်။

“ငါတို့ သွားကြမယ်”

“စီးဝူယာ့နေခဲ့”

All Chapters