← Chapters

အခန်း (၁၀၆၆-၁၀၆၈)

Vol. 72 Ch. 1066-1068

အခန်း (၁၀၆၆-၁၀၆၈)

Vol. 72 Ch. 1066-1068

အခန်း (၁၀၆၆) ဒါက ငါ့ရှစ်စွင်းလား

ပြန်လာသည့် ခရီးစဉ်အတွင်း လုကျိုးက သူ့သွင်ပြင်ပြောင်းလဲမှုနှင့် ပတ်သက်ပြီး တပည့်များထံ မည်သို့ရှင်းပြရမည်ကို စဉ်းစားနေခဲ့သည်။ သူက သူတို့၏ ဆရာဖြစ်ကာ အပြာရောင်ကြာပွင့်ကို ထုတ်လွှတ်လိုက်သည်နှင့် မည်သူကမှ မေးခွန်းထုတ်ရဲကြမည် မဟုတ်ပေ။ သို့သော် မိစ္ဆာဝေဟင်မျှော်နန်းအတွက်သာမကဘဲ ပြင်ပလူများကလည်း သံသဃနှင့် မေးခွန်းများ ထုတ်လာနိုင်သည်။

ထို့အပြင် ယခုအချိန်အထိ ထူးထူးဆန်းဆန်း ခံစားချက်က မပျောက်ကွယ်သွားသေးပေ။ သူက ထိုစိတ်မအေးရသည့် အကြောင်းအရင်းကို ရှာဖွေလို၏။ သူ မသိခင်အချိန်အထိ မိစ္ဆာဝေဟင်မျှော်နန်းနှင့် သီးသန့်ရပ်တည်၍ မဖြစ်ပေ။ သူ့ကို ကူညီပေးနိုင်သည့်အ ကောင်းဆုံးလူက သူ့တပည့်များကြား ဉာဏ်အကောင်းဆုံးဖြစ်သည့် စီးဝူယာ့သာ ဖြစ်သည်။

အားလုံးထွက်သွားပြီးသည့်နောက်တွင် လုကျိုးက မပြောခင် စီးဝူယာ့က ပြောလာသည်။

"ရှစ်စွင်း ရွှေကြာနယ်မြေဆီသွားမဲ့ သင်္ကေတလမ်းကြောင်းက အခု ဖွင့်လိုက်ပြီ။ အဲ့ဒါအပြင် မဟာလေဟာနယ်နှင့် ကုန်းမြေလေးခုအကြောင်းကိုပါ အသစ်ရှာဖွေတွေ့ရှိထားတယ်”

"အိုး"

ဤသည်က ထင်မှတ်မထားပေ။

စီးဝူယာ့က သူအင်္ကျီလက်ထဲမှ စာလိပ်တစ်လိပ်ကို ထုတ်ယူလိုက်၏။ သူ လျှောက်လှမ်းမလာခင် စာလိပ်က ပျံသန်းသွားကာ လုကျိုးရှေ့မှောက် ရောက်ရှိလာသည်။

လုကျိုးက စာလိပ်၏ ပါဝင်ကြောင်းအရာများ ကိုမြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်၏။ သူ့မျက်ဝန်းအထက် အံ့အားသင့်သည့် အရိပ်အယောင် ဖြတ်ပြေးသွားလေသည်။ သူက တည်ငြိမ်သွားပြီးသည့်နောက်တွင် စီးဝူယာ့ထံ စာလိပ် ပြန်ပေးလိုက်၏။ တို့နောက် သူက မေးလိုက်သည်။

“သဲလွန်စာက ရှေးဟောင်း ဆိတ်သားရေ မြေပုံကလား"

"ရှေးဟောင်း ဆိတ်သားရေမြေပုံနဲ့ သင်္ကေတလမ်းကြောင်းတွေကြားက ဆက်နွယ်မှုကို အသုံးပြုပြီးတော့ ခန့်မှန်းထားတာပါ။ ဒါက ခန့်မှန်းချက်သက်သက်ပဲ ရှိပါသေးတယ်။ အတည်ပြုဖို့ လိုသေးတယ်" စီးဝူယာ့ကရှင်းပြလိုက်သည်။

"မဟာလေဟာနယ်အပြင် တခြားနယ်မြေလေးခု ရှိတယ်လို့ ထင်တယ်ပေါ့"

စီးဝူယာ့က ပြောလိုက်သည်။

"ရှောင်ရှစ်မေ့နဲ့ ကျွန်တော် ယင်ကျောက်ကို စကားပြောခဲ့တယ်။ ကျွန်တော် သိထားလောက်တော့ ရွှေကြာနယ်မြေရဲ့ လရောင်သစ်တောအုပ်၊ အနီရောင်ကြာနယ်မြေရဲ့ ဖရိုဖရဲနယ်မြေနဲ့ အနက်ရောင်ကြာနယ်မြေတို့ရဲ့ တောင်ဘက်ပိုင်းက တူညီ‌တဲ့နေရာတစ်ခု ဖြစ်တဲ့ပုံပဲ။ တကယ်တော့ အဲ့ဒီနယ်မြေတွေအကုန်လုံးက အစတုန်းက တစ်ခုတည်းလို့ ထင်တယ်။ ကျင့်ကြံရေးနည်းစနစ်နဲ့ ဘာသာစကားကလဲ တစ်ခါက တူတူပဲ ဖြစ်လိမ့်မယ်။ ဘာလို့ ပိုင်းခြားခံလိုက်ရတယ်ဆိုတာကို ခုထိ မသိရသေးဘူး။

အခု ကျွန်တော်တို့ဆီမှာ ရွှေကြာနယ်မြေ၊ အနီရောင်ကြာနယ်မြေ၊ အနက်ရောင်ကြာနယ်မြေ၊ အဖြူရောင်ကြာနယ်မြေနဲ့ အဝါရောင်ကြာနယ်မြေတို့ ရှိပြီ။ အဲ့ဒီအပြင် နောက်ထပ် နယ်မြေလေးခု ထပ်ရှိနေနိုင်သေးတယ်။ ပြောရမယ်ဆိုရင် တစ်ခါက တစ်သားတည်းဖြစ်ခဲ့တဲ့ နယ်မြေကြီး ကိုးခုပေါ့”

လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းလှည့်ကြည့်လိုက်သည်။

စီးဝူယာ့၏ သုံးသပ်ချက်က အဓိပ္ပာယ် ရှိလေသည်။ ခနအကြာတွင် သူကမေးလိုက်၏။

“မင်းကို ဘာလို့နေခိုင်းလဲဆိုတာကို သိလား”

စီးဝူယာ့က ခေါင်းယမ်းလိုက်သည်။

လုကျိုးက ဆက်ပြောလိုက်၏။

“မင်းက ဉာဏ်အရမ်းကောင်းတော့ ကိစ္စတွေဖြေရှင်းတဲ့ နေရာမှာ စိုးရိမ်ဖို့ မလိုဘူး”

“ချီးကျုးပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်” စီးဝူယာ့က ပြောလိုက်သည်။

ထိုစဉ် လုကျိုးက ရုတ်တရက် မေးလာသည်။

“မသေမျိုးဘဝကို မင်းဘယ်လိုထင်လဲ”

“မသေမျိုး ဘဝလား”

စီးဝူယာ့က လုကျိုး၏ မေးခွန်းကြောင့် အနည်းငယ် အံ့အားသင့်သွားလေသည်။

“လူသားတွေက ထာဝရနေနိုင်တယ်လို့ သက်သေ အခိုင်အမာတော့ မရှိသေးဘူး။ ဒါက အတွေးသက်သက်ပဲ ဖြစ်ဖို့များတယ်။ ဒါပေမဲ့ လူသားတွေက ကျင့်ကြံရေးနဲ့ ကန့်သတ်ချက်တွေကို ဆက်တိုက်ချိုးဖောက်ပြီး ကောင်းကင်ဘုံကို သွေဖယ်ပြီး သက်တမ်းကို တိုးမြင့်နိုင်တယ်။ ကျွန်တော်တို့သာ ကျင့်ကြံရေးမှာ ထိပ်သီးကို ရောက်ရှိသွားရင် မသေမျိုးဘဝကို ရလာနိုင်မယ်မလား”

“အဲ့တာဆိုရင် အမြဲတမ်းတည်ရှိနေတဲ့ ငယ်ရွယ်မှု ဒါမှမဟုတ် ပြန်ပြီး ငယ်ရွယ်လာမှုကိုရော ယုံကြည်လား”

စီးဝူယာ့က ယုံကြည်ချက်ရှိရှိ ပြန်ဖြေလိုက်သည်။

“လူသားတွေက စောစောကျင့်ကြံလေလေ သူတို့ရဲ့ ငယ်ရွယ်မှုသွင်ပြင်ကို ထိန်းထားနိုင်လေလေပဲ။ ကျိုးရှစ်မေ့နဲ့ ရှောင်ရှစ်မေ့တို့က အဲ့ဒီအတွက် နမူနာပဲ။ သူတို့က ငယ်ငယ်ရွယ်ရွယ်ကတည်းက စတင်ကျင့်ကြံခဲ့တော့ သူတို့ရဲ့ ငယ်ရွယ်တဲ့သွင်ပြင်ကို အကြာကြီး ထိန်းထားနိုင်လိမ့်မယ်။

ဒါပေမဲ့ လူတစ်ယောက်ရဲ့ ငယ်ရွယ်မှုကို နောက်ပြန်ဆုတ်ထားတာနဲ့ ပတ်သက်လာတဲ့အခါကျရင်တော့ အတော်လေး ခက်ခဲလိမ့်မယ်။ ပုံမှန်ဆိုရင် တချို့လူတွေက ထူးကဲတဲ့ကျင့်ကြံရဲ့ နည်းစနစ်ကနေ ရယူနိုင်သလို တစ်ချို့ကလည်း သူတို့ရဲ့ ကျင့်ကြံဆင့် သေချာတဲ့ အနေအထားတစ်ခုရောက်ပြီးတဲ့ နောက်မှာ အဲ့ဒီအရာကို ရယူနိုင်ကြတယ်။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ မျှော်စင်သခင် လန်ရှီဟယ်ကလဲ အဲ့လိုပုံစံမျိုးပဲ"

လန်ရှီဟယ်က ငယ်ရွယ်ဟန်ပေါ်သည်။ သူမ၏ တကယ့်အသက်အမှန်ကို မည်သူကမှ မသိကြသလို မည်သူကမှလဲ မေးခွန်းမထုတ်ရဲပေ။ သေချာသည့် အနေအထားတစ်ခုသို့ ကျင့်ကြံပြီးသည့်နောက်တွင် သွင်ပြင်က အဓိပ္ပာယ်ရှိတော့ဟန် မပေါ်ပေ။

စီးဝူယာ့၏ စကားအဆုံးတွင် သူက မျက်ဝန်းထောင့်မှ တစ်စုံတစ်ခု လင်းလက်သွားသည်ကို မြင်လိုက်ရ၏။ သူက ခေါင်းမော့ကြည့်လိုက်စဉ် အံ့အားသင့်သွားမိသည်။

ဒါက ငါ့ရှစ်စွင်လား..

သူ့ရှေ့တွင် ရပ်နေသည့်သူက ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည် ထွားကြိုင်းကြိုင်း လူတစ်ယောက် ဖြစ်၏။ သူက ကျက်သရေရှိသည့် လေထုမျိုးကို ပိုင်ဆိုင်ထားသည်။ သူက လက်နောက်ပစ်လျက် ရပ်နေလေ၏။ သူက ငယ်ရွယ်နေသော်လည်း လောကဒဏ်အတွေ့အကြုံများကို ဖြတ်သန်းလာသလိုမျိုး ဖြစ်နေသည်။ သူ၏ တည်ရှိမှုက ပြိုင်ဖက်ကင်းဟန်ပေါ်၏။

စီးဝူယာ့က လူငယ်လေး၏ အကြည့်ကို မြင်လိုက်ရသည့်အခါ ထိုလူငယ်လေး၏ အကြည့်နောက်ကွယ်တွင် ဉာဏ်များမှု၊ တည်ငြိမ်မှုနှင့် ဗဟုသုတအမြောက်မြားကို မြင်တွေ့လိုက်ရသည်။

လူသားမျိုးနွယ် မွေးဖွားလာကတည်းက မျက်လုံးကတော့ မွေးဖွားတာကနေ သေတဲ့အထိ ဘယ်လိုအဖြစ်အနေမှာမှ မပြောင်းလဲနိုင်ဘူး။ ပြီးတော့ မျက်လုံးဆိုတာက ဝိညာဉ်ရဲ့ ပြတင်းပေါက်ဆိုတဲ့ စကားပုံလည်း ရှိတယ်မဟုတ်ဘူးလား...

စီးဝူယာ့က အံ့အားသင့်ရာမှ အသိပြန်ဝင်လာချိန် တုံ့ဆိုင်းခြင်းမရှိ ခေါ်လိုက်သည်။

"ရှစ်စွင်း"

လုကျိုးက ခေါင်းညိတ်လိုက်၏။

"မင်းက ငါ့ကို မှတ်မိသားဘဲ"

စီးဝူယာ့က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။

"ကျွန်တော် သံသယ ရှိနေခဲ့ပြီး မယုံရဲတာ။ ရှစ်စွင်းက မိစ္ဆာဝေဟင်မျှော်နန်းမှာ ရှိကတည်းက ပြန်လည်ငယ်ရွယ်လာတဲ့ အရိပ်အမြွက်တွေ ပြခဲ့တယ်လေ။ အကြီးအကဲလေးယောက်ကလည်း ရှစ်စွင်း ကျင့်ကြံတဲ့အခါ အပိုအလျှံ ထွက်လာတဲ့ အသက်ဓာတ်စွမ်းအားတွေ စုပ်ယူတာကနေ အနည်းငယ် ပြောင်းလဲလာကြတယ်"

ဤသည်က လုကျိုးသည် စီးဝူယာ့အား နေဖို့ရာ‌ ပြောခဲ့သည့် အကြောင်းအရင်း ဖြစ်ပေသည်။ သူက များစွာရှင်းပြဖို့ လိုအပ်မည် မဟုတ်ကြောင်း သိနေ၏။

စီးဝူယာ့က ပြောလိုက်သည်။

"တခြားသူတွေကိုလည်း သွားပြောလိုက်မယ်"

လုကျိုးက ဝင်ဖြတ်ပြောလိုက်၏။

" မလိုဘူး။ ငါ့ရဲ့ကျင့်ကြံရေးမှာ အမှားယွင်းတချို့ ရှိသွားလို့ ငါ မဖြေရှင်းနိုင်တဲ့အထိ ဘယ်သူ့ကိုမှ မပြောနဲ့”

"အမှားအယွင်းလား"

စီးဝူယာ့က ကျင့်ကြံရေးရှိ အမှားအယွင်းသည် အသေးအဖွဲ့ မဟုတ်ကြောင်း နားလည်ထားသည်။ သူက သူ တစ်ဦးတည်းကို အဘယ်ကြောင့် နေခိုင်းခဲ့မှန်း နားလည်သွား၏။ သူက ပြောလိုက်သည်။

"ရှစ်စွင်းရဲ့ သဘောအတိုင်း လုပ်လိုက်ပါ့မယ်"

"ဘာမှစိုးရိမ်နေဖို့မလိုဘူး" လုကျိုးက ပြောလိုက်သည်။ ထို့နောက် သူက ထပ်ပြောလိုက်၏။

"လန်ရှီဟယ်က အပြာရောင်သလင်းကျောက် ပို့လိုက်တာက သူမအနေနဲ့ အခက်အခဲတချို့ ကြုံတွေ့နေရတာပဲ ဖြစ်ရမယ်။ ငါ သွားပြီးတော့ ကြည့်လိုက်ဦးမယ်။ လိုအပ်တာတွေ ပြင်ဆင်ထားလိုက်။ မင်း ငါနဲ့လိုက်ခဲ့”

"ဟုတ်ကဲ့"

သူက ခုနှစ်‌ယောက်မြောက် တပည့်ထံ အပ်နှံလိုက်ပါက အရာအားလုံးက ပိုမိုချောမွေ့သွားလိမ့်မည်။

စီးဝူယာ့ ထွက်သွားပြီးသည့်နောက်တွင် လုကျိုးက အပြာရောင်သလင်းကျောက်ကို ထုတ်ကာလေ့လာလိုက်၏။ ထိုအရာတွင် မဟာလေဟာနယ်စွမ်းအား ခပ်ဖျော့ဖျော့ အရိပ်အယောင် ပါဝင်နေသည်ကို သံသယဖြစ်ဖို့ မလိုပေ။

"ငယ်ရွယ်မှုတန်ကြေး တာဝန်ကို ငြင်းဆန်ခဲ့ပါတယ်။စနစ်က လိုအပ်တဲ့ ညှိနှိုင်းမှုတွေကို ပြုလုပ်နေပါတယ်”

"အွန်း ငါ တာဝန်ကို ငြင်းလိုက်တာ စနစ်ကချိုယွင်းသွားတာလား...

ယွီကျန့်ဟိုင်နဲ့ မင်ရှစ်ယင်တို့အပြင် သူ့တပည့်ရှစ်ယောက်ကို သင်ကြားပြသပေးရမည့် တာဝန်က ရှိနေဆဲ ဖြစ်၏။ ထိုတာဝန်ရှစ်ခုအောက်တွင် ငယ်ရွယ်မှုတန်ကြေး ဟူသည့် နေရာ၌ တာဝန်အသစ်တစ်ခု ပေါ်ထွက်လာသည်။

သူက ထိုတာဝန်အသစ်ကို ဖွင့်ကြည့်လိုက်သည့်အခါ

"သင် ငယ်ရွယ်မှုတန်‌ကြေးတာဝန်ကို ပြီးမြောက်ခဲ့ပါတယ်။ ဆုလာဒ်အနေနဲ့ ကုသိုလ်ရမှတ် တစ်သောင်း ရရှိပါတယ်"

"သင် တာဝန်အသစ်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်"

"သက်ရှိတွေအားလုံးက ဇာစ်မြစ်နဲ့ ဦးတည်ချက်ဆိုတာ ရှိတယ်။ ပိုင်ဆိုင်တာကို ပြန်ယူလိုက်ပါ"

လုကျိုးက ထိုသတိပေးချက်ကြောင့် သံသယ ဖြစ်လာ မိသည်။ သိပ်မကြာခင် သူက ထိုတာဝန်အသစ်မှ နောက်ထပ် သတိပေးချက်တစ်ခုကို လက်ခံရရှိလိုက်၏။

" သင် တာဝန်အသစ် ဒုတိယစိတ်ဝိညာဥ်သဏ္ဍာန် - အပြာရောင်သလင်း‌ကျောက် စုဆောင်းပါ (၀/၉)”

ဒါကတိုက်ဆိုင်မှုလား...

လုကျိုးက သူ့ရှေ့တွင် ရှိနေသည့် အပြာရောင်သလင်းကျောက်ကို ကောက်လိုက်သည်။

"သင် တာဝန် ဆောင်ရွက်နေပါတယ်။ ဒုတိယ စိတ်ဝိညာဥ်သဏ္ဍာန် - အပြာရောင်သလင်းကျောက်ကို စုဆောင်းပါ (၁/၉)"

အခြားနည်းဖြင့် သူက ယခင်ကတာဝန်ကို ငြင်းဆန်ခဲ့ပါက ထိုတာဝန်တွင် မည်မျှကြာမြင့်နေမည်ကို မည်သူကမှ သိမည် မဟုတ်ပေ။ သူက အပြာရောင်လတွင် စနစ်ကိုတစ်ခါ အနိုင်ယူလိုက်ဟန်ပေါ်၏။

ခဏအကြာတွင် သူက မျက်မှောင်ကြုတ်လိုက်သည်။

"ဒုတိယစိတ်ဝိညာဉ်သဏ္ဍာန်က ဘာကို ပြောတာလဲ"

လုကျိုးက အတွေးနက်နေစဉ် စီးဝူယာ့၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။

"ရှစ်စွင်း သင်္ကေတလမ်းကြောင်း အဆင်သင့်ဖြစ်ပြီ"

"တီကျန်းနဲ့ နတ်ခြင်္သေ့ကိုပါ ခေါ်ခဲ့"

"ဟုတ်ကဲ့"

လုကျိုးက စီးဝူယာ့ထံ သူ့ငယ်ငယ်ရွယ်ရွယ် သွင်ပြင်အကြောင်း မည်သူ့ကိုမှ မသိလိုကြောင်း ရှင်းရှင်းလင်းလင်း ပြောပြထားသည့်အတွက် စီးဝူယာ့က သူ့ရှစ်စွင်းကိုယ်စား အသေးအမွှား ကိစ္စအားလုံးကို ဂရုစိုက်ပေးခဲ့သည်။

နန်းတော်မှပညာရှင်များကို စေလွှတ်ပြီးသည့်နောက်တွင် စီးဝူယာ့နှင့် လုကျိုးတို့က သင်္ကေတခန်းမဆီ ဦးတည်လိုက်ကြ၏။

သင်္ကေတခန်းမက ယာယီလမ်းကြောင်း ဖြစ်ပေသည်။

ကျောင်းဟုန်ဖုနှင့် စီးဝူယာ့တို့က ရွှေရောင်၊ အနီရောင်၊ အနက်ရောင်နှင့် အဖြူရောင်နယ်မြေများကြား သင်္ကေတလမ်းကြောင်းကို ဖွင့်လှစ်ဖို့ အချိန်တော်ကြာ ကြိုးစားခဲ့ကြသည်။ နယ်မြေများက သင်္ကေတလမ်းကြောင်း ဖွင့်လှစ်ဖို့ သဘောတူညီမှု ရှိရမည်ဖြစ်သည့်အတွက် တရားဝင် မဖွင့်လှစ်ရသေးပေ။

"ကျောင်းဟုန်ဖု၏ လုပ်ဆောင်ချက်က ဘယ်လိုလဲ" လုကျိုးက မေးလိုက်သည်။

စီးဝူယာ့က ခေါင်းညိတ်ကာ ဖြေလိုက်၏။

"သူမက ရှားရှာပါးပါး သင်္ကေတ ပါရမီရှင်ပါ။ သူမက ကျင့်ကြံတာ သိပ်မကောင်းပေမဲ့ လွတ်လွတ်လပ်လပ် နေတတ်တယ်။ ‌ဒါပေမဲ့ သင်္ကေတနဲ့ ပတ်သက်လာတဲ့အခါမှာ အတော်လေးကို အလေးအနက် ဖြစ်လာတယ်"

စီးဝူယာ့၏ အကဲဖြတ်ချက်ကို နားထောင်ပြီးသည့်နောက်တွင် လုကျိုးက ထိပ်တန်းကောင်းကင်အဆင့် စီရင်ရေးစုတ်တံကို ထုတ်လိုက်ကာ ပြောလိုက်သည်။

"ဒါကို သူမဆီ ပေးလိုက် ပြီးတော့ မီးတောက်စိတ်ဝိညာဉ်ကျောက်တုံးတွေကို ချွေတာဖို့ မလိုဘူး"

"ဟုတ်ကဲ့"

စီရင်ရေးစုတ်တံကို သိမ်းဆည်းပြီးသည့်နောက်တွင် လုကျိုး၊ စီးဝူယာ့၊ နတ်ခြင်္သေ့နှင့်တိကျန်းတိုက သင်္ကေတလမ်းကြောင်းအတွင်း ဝင်ရောက်လိုက်ကြသည်။

…

သင်္ကေတခန်းမအနီးရှိ အဆောက်အဦးတစ်ခု၏ အမိုးအထက်

ကျန်းအိုက်ကျန့်က မြက်တံကို ပါးစပ်ထဲ ကိုက်ရင်း စီးဝူယာ့က နောက်ထပ် လူတစ်ယောက်နှင့် သင်္ကေတ လမ်းကြောင်းအတွင်း ဝင်ရောက်သွားသည်ကို မြင်သည့်အခါ ရေရွတ်လိုက်သည်။

" သူက အဲဒီလူငယ်နဲ့ ဘယ်တုန်းကများ တွေ့သွားတာပါလိမ့်။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အဖွဲ့သားတွေက အခုတလော အားလုံးက အားယားနေသလိုပဲ"

ထိုစဉ်

ဝုတ် ဝုတ် ဝုတ်

ဧရာမဝပုလွေခွေး တစ်ကောင်နှင့်တူသည့် ခက်ထန်သားရဲက ခုန်အုပ်လာသည်။

“ငါ့ကို လန့်အောင်လုပ်နေတာပဲ”

ကျန်းအိုက်ကျန့်က အလျင်အမြန် ထရပ်လိုက်သည်။

မင်ရှစ်ယင်က ခုန်ကာ ပြောလိုက်သည်။

"နောက်ကွယ်ကနေ ဘာတွေ ဒီလိုပြောနေတာတုန်း"

"မိစ္ဆာဝေဟင်မျှော်နန်းက အခု လူအသစ်တွေ လက်ခံထားတာလား"

"လူအသစ်လား … ငါက အခုမှပြန်ရောက်ခါစဆိုတော့ ဘာမှမသိဘူး" မင်ရှစ်ယင်က ထိုင်ကာ ပြောလိုက်သည်။

ကျန်းအိုက်ကျန့်၏ အကြည့်များက တောက်ပလာကာ ရယ်မောလိုက်၏။

" အဲဒီလူသစ်လေးက ငယ်ရွယ်တော့ စလို့ကောင်းမဲ့ပုံပဲ”

မင်ရှစ်ယင်က မျက်လုံးဝေ့ကာ ပြောလိုက်သည်။

"မင်း အားယားနေတာလား"

ထို့နောက် သူက ခေါင်မိုးထက်မှ ခုန်ဆင်းသွားသည်။

ကျန်းအိုက်ကျန့်က ရယ်မောလိုက်၏။

"စတုတ္ထသခင်လေး ဘယ်သွားမလို့လဲ"

" အိပ်မလို့"

...

ထိုစဉ် တောင်များဖြင့် ပြည့်နှက်နေသည့် နှင်းဖုံးလွှမ်းနေသည့် ကုန်းမြေထဲ

ကောင်းကင်မှ အလင်းတန်းတစ်ခု ကျဆင်းလာသည်။

သိပ်မကြာခင် လုကျိုးနှင့် စီးဝူယာ့တို့က သင်္ကေတစက်ဝန်းအတွင်း ပေါ်ထွက်လာလေ၏။

သင်္ကေတလမ်းကြောင်းကို စောင့်ကြပ်နေသည့် ကျင့်ကြံသူတစ်ချို့က ထိုအရာကို မြင်သည့်အခါ အပြေးအလွှား ရောက်လာကြသည်။

တရားဝင် သင်္ကေတလမ်းကြောင်းများကို စောင့်ကြပ်ဖို့ ကျင့်ကြံသူများရှိသည်က ပုံမှန်သာ ဖြစ်၏။

စီးဝူယာ့က ကွေ့ပတ်ပြောမနေဘဲ ပြောလိုက်သည်။

"မိစ္ဆာဝေဟင်မျှော်နန်းက မျှော်စင်သခင်လန်နဲ့ တွေ့ခွင့်တောင်းပါတယ်"

အဖြူဝတ်ကျင့်ကြံသူများက ခေတ္တမျှ တုံ့ဆိုင်းသွားကြသည်။ ထို့နောက် တစ်စုံတစ်ဦးက အလျင်အမြန် ပြောလာခဲ့၏။

"ကျေးဇူးပြုပြီး ကျုပ်နောက် လိုက်ခဲ့ပါ”

…

အခန်း ၁၀၆၇ အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ စိုးမိုးအုပ်စိုးပိုင်ခွင့်က အဆုံးသတ်တော့မယ်။

လုကျိုးက နတ်ခြင်္သေ့ပေါ်ခုန်တက်လိုက်၏။

နတ်ခြင်္သေ့က ခေါင်းမော့ပြီးနောက် စွဲငင်စွာအော်လိုက်လေ၏။

လုကျိုးက ညာလက်ကို မြှောက်ပြီး နတ်ခြင်္သေ့၏ကျောပေါ် ဖြည်းဖြည်းချင်းတင်လိုက်သည်။

“စိတ်မပူနဲ့ ငါ မင်းကို အမြဲတမ်းဆက်ဆံသလိုပဲဆက်ဆံမှာ”

နတ်ခြင်္သေ့က အသံပြုပြီးနောက် လေထဲ မြန်မြန်ဆန်ဆန် တည်တည်ငြိမ်ငြိမ် ပျံတက်သွားလေ၏။

သူ၏ပထမဆုံးစီးတော်သားရဲက နာမည်နှင့်အညီ ၎င်း၏ပျံသန်းမှုက အလွန်တည်ငြိမ်၏။

ဝှစ်

ထိုစဉ် တိကျန်းက လျှပ်ပြက်သောအရှိန်ဖြင့် ရှေ့သို့ ပျံသန်းလာသည်။

နတ်ခြင်္သေ့ “...”

လုကျိုးက အလျင်မလိုပေ။ ထိုအစား သူက လက်နောက်ပစ်ထားလျက် နှင်းတောင်တန်းများ၏ ရှုခင်းကိုကြည့်လိုက်သည်။

အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ ၈၁လွှာတွင် ဖြစ်သည်။

ဝတ်ရုံပြာဖြင့် အမျိုးသမီးလက်ထောက်က လုကျိုးနှင့် စီးဝူယာ့တို့ကို တစ်ခုစီသို့ ခေါ်သွားပြီးနောက် ခန်းမတစ်ခုရှေ့သို့ ရောက်သွားလေ၏။ အမျိုးသမီးလက်ထောက်ပြောပုံအရ လန်ရှီဟယ်က အဆင်မပြေပေ။ ထို့ကြောင့် သူမသည် ၇၂လွှာ၌ ဧည့်သည်မကြိုတာဖြစ်၏။

ဤခန်းမသည် လန်ရှီဟယ်၏ လေ့ကျင့်ရေးခန်းမဖြစ်သည်။ တာအိုသင်္ကေတများကို တံခါးများ၊ ပြတင်းပေါက်များ၊ တိုင်လုံးများစွာ၌ သိပ်သည်းစွာ ထွင်းထုထားသည်။ ထိုအရာများဖြင့် တိုင်လုံးများကိုလည်း အခင်းအကျင်းတိုင် စီစဉ်ထား၏။

ခန်းမသည် အပြင်ကကဲ့သို့ တောက်ပသည်။ ကျယ်ဝန်းပြီး ကနဦးချီကြွယ်ဝ၏။ ကျင့်ကြံရန် နေရာကောင်းတစ်ခုဆိုတာ သေချာသည်။

ထိုစဉ် လေ့ကျင့်ရေးခန်းမက ရှင်းလင်းနေ၏။ လန်ရှီဟယ်၏ အရိပ်ယောင်ကိုတောင် မမြင်ရပေ။

စီးဝူယာ့က မေးလိုက်လေ၏။

“မျှော်စင်သခင်လန် ဘယ်မှာလဲ”

အမျိုးသမီးလက်ထောက်က ပြောလိုက်၏။

“မျှော်စင်သခင်လန်က နာမကျန်းဖြစ်နေတာကြောင့် လေ့ကျင့်ရေးခန်းမနောက်မှာ အနားယူနေပါတယ်။ ပြောစရာရှိရင် ကျွန်မကို ပြောလိုက်လို့ရပါတယ်”

“မျှော်စင်သခင်လန်နဲ့ တိုက်ရိုက်ပြောဖို့လိုတယ်” စီးဝူယာ့က ပြောလိုက်၏။

“ဒါက” ဝတ်ရုံပြာအမျိုးသမီးလက်ထောက်က အခက်တွေ့သွားသည်။

“ဒါပေမဲ့ မျှော်စင်သခင်လန်ရဲ့အမိန့်က ...”

ပြောပြီးသည်နှင့် လေ့ကျင့်ရေးခန်းမနောက်မှ အနည်းငယ်ပျင်းရိပျင်းတွဲနိုင်သော အသံတစ်သံပေါ်ထွက်လာ၏။ ယင်းက လန်ရှီဟယ်၏ အသံဆိုတာ သိသာသည်။

“မင်းရဲ့ဆရာကော ဘယ်လိုလဲ”

စီးဝူယာ့က လုကျိုးဖက် လှည့်ကြည့်လိုက်သည်။ လုကျိုးက လက်မြှောက်ကာ စီးဝူယာ့ကို ဆက်ပြောခိုင်းလိုက်သည်။

“ကျုပ် ရှစ်စွင်းက အလွန်အဆင်ပြေပါတယ်။ ပိရှောက ပြန်ရောက်ကာစ။ ဒါပေမဲ့ မင်း ဒီရောက်နေပြီးပြီ။ မင်း ရှစ်စွင်း ဘာကြောင့် မလာတာလဲ။" လန်ရှီဟယ်က မေးလျက် အနည်းငယ်ဇဝေဇဝါဖြစ်သွားသည်။ ခဏအကြာ၌ သက်ပြင်းချပြီးပြောလိုက်၏။

“မင်းရဲ့ဆရာက ငါ့ကို တကယ်မတွေးပေးထားဘူးပဲ”

စီးဝူယာ့က အနည်းငယ် အနေခက်သွား၏။ သူ စကားပြောတော့မည့်အချိန်တွင် ဝတ်ရုံပြာအမျိုးသမီးက ရုတ်တရက်ဦးညွှတ်လိုက်သည်။

“မျှော်စင်သခင်”

လေ့ကျင့်ရေးခန်းမနောက်ရှိ တံခါးက ဖြည်းဖြည်းချင်းပွင့်လာတော့သည်။

လန်ရှီဟယ်၏ ဆံနွယ်ရှည်များက ပခုံးထက်ဖြာကျနေလျက် သူမ ထွက်လာသည်။

လုကျိုးနှင့် စီးဝူယာ့က သူမသွင်ပြင်ကို မြင်သောအခါ မှင်သက်သွားတော့သည်။ နှစ်ယောက်လုံးက ဖြစ်ပျက်ခဲ့ပုံကို မအံ့ဩပဲမနေနိုင်တော့ပေ။

လန်ရှီဟယ်၏ပုံစံက အဆင်မပြေပေ။ သူမ မောပန်းနေပြီး စိတ်ဝိညာဉ်ကင်းမဲ့နေသလိုပင်။ သူမ မျက်ကွင်းညိုမဲနေတာကိုလည်း တွေ့ရ၏။ မျက်တွင်းများ ချောင်ကျကာ အနည်းငယ်အိုစာသွားတော့သည်။ ခန်းမထဲတွင် ထိုင်ပြီးနောက် သူမက စီးဝူယာ့ကို ကြည့်ပြီး ဘေးရှိလူငယ်လေးဆီ အကြည့်ရောက်သွား၏။ သူမက ရင်းနှီးနေသည်ဟု တွေးမိသွားသည်။ သို့သော် သူမ မောပန်းနေပြီး စိတ်အခြေအနေက အထွတ်အထိပ်မဟုတ်သောကြောင့် ဤကိစ္စကို မစဉ်းစားတော့ပေ။ ထိုင်ချပြီးနောက် မျက်လုံးမှိတ်လိုက်သည်။

စီးဝူယာ့က သိချင်စိတ်ဖြင့် မေးလိုက်လေ၏။

“မျှော်စင်သခင်လန် ဘာများဖြစ်ခဲ့တာလဲ”

“မင်း ရှစ်စွင်းနဲ့ တိုက်ကွက်သုံးကွက် ဖလှယ်ပြီးတော့ ငါ့ရဲ့ကနဦးချီ တော်တော်များများ ဆုံးရှုံးသွားတယ်။ မင်း ထွက်သွားပြီးတော့ တာ့မင်တော်ဝင်ခုံရုံးက ကုန်းစွန်းယန်ရွှမ်းက အချိန်ကိုက်ရောက်လာတယ်လေ” လန်ရှီဟယ်က ပြောလိုက်သည်။

စီးဝူယာ့က ပြန်ပြောလိုက်သည်။ “အဖြူရောင်မျှော်စင်အဖွဲ့အစည်းထဲမှာ သူလျှိုတစ်ယောက် ရှိတယ်မလား”

လန်ရှီဟယ်က ဘာမှမပြောခဲ့ပေ။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းထဲ၌ လူများစွာရှိ၏။ မည်ကဲ့သို့ သူလျှိုမရှိဘဲ နေမည်နည်း။ စီးဝူယာ့က တော်ဝင်ခုံရုံး၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့လျှင် သူသည် ဤနေရာ၌ သူလျှိုများ ထားမှာပဲဖြစ်သည်။ လန်ရှီဟယ်က ပြောလိုက်သည်။

“အဲ့လူတွေကြောင့်သာမဟုတ်ရင် အနက်ရောင်မျှော်စင်အဖွဲ့အစည်းက လွယ်ကူတယ်လို့ထင်နေလား”

အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းသည် ယှဉ်နိုင်သည်ဟု ထင်သော်ငြား တကယ်တော့ လန်ရှီဟယ်သည် ရှားကျန်းလုံထက်ပိုသန်မာ၏။ ထိုအကြောင်းအရင်းကြောင့် ရှားကျန်းလုံသည် လန်ရှီဟယ်နှင့် ဘယ်တော့မှ ထိပ်တိုက်မတွေ့ဘဲ အနက်ရောင်မျှော်စင်အဖွဲ့အစည်းထဲ၌ ပုန်းအောင်းနေတာပဲဖြစ်သည်။ အလင်းအမှောင်မဟာမိတ်နှင့် တာ့ယွမ်၏တော်ဝင်ခုံရုံးက မဟာမိတ်ဖွဲ့ထားသော်ငြား သူတို့သည် မွေးဖွားဇယားချပ် ၁၃ခုရှိသည့် လန်ရှီဟယ်နှင့် မယှဉ်နိုင်သေးပေ။ သူမနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းက တာ့မင်၏တော်ဝင်ခုံရုံးကို ဖြေရှင်းရလိမ့်မည်ဆိုတာ မည်သူက သိမည်နည်း။

“ချန်းပေ့ ချန်းပေ့မှာ မေးဖွားဇယားချပ် ၁၃ခုရှိတယ်။ သူတို့ ချန်းပေ့ကို မယှဉ်နိုင်ဘူးမလား” စီးဝူယာ့က ပြောလိုက်၏။

လန်ရှီဟယ်က ပြောလိုက်တော့သည်။

“တာ့မင်က အဲ့ဒီလူက မွေးဖွားဇယားချပ် ၁၂ခုရှိတယ်။"

စီးဝူယာ့ “...”

“ငါ့ရဲ့ခွန်အား အထွတ်ထိပ်အခြေအနေမှာဆိုရင် သူတို့ကို ဖြေရှင်းဖို့က လွယ်မှာပဲ။ ကံဆိုးတာ မင်းရဲ့ဆရာကြောင့်သာမဟုတ်ရင် ငါ ဒီအခြေအနေရောက်သွားမှာမဟုတ်ဘူး”

စီးဝူယာ့သည် သူ၏ဆရာကို ကြည့်ပြီး အနေခက်သွား၏။ လုကျိုးသည် သူ၏အထောက်အထားကို မဖော်ထုတ်ခဲ့ပေ။ အစက သူ၏အထောက်အထားကို ဖော်ထုတ်ပြီး အပြာရောင်သလင်းအကြောင်း မေးရန် ပြင်ဆင်ထားသည်။ သို့သော် ဘေးလူတစ်ယောက်အနေဖြင့် ကိစ္စရပ်များစွာကို ပိုသင်ယူနိုင်ကြောင်းရှာတွေ့သွား၏။ ထို့ကြောင့် သူ့ကိုယ်သူ မဖော်ထုတ်ဖို့ဆုံးဖြတ်ပြီး မေးလိုက်သည်။

“ဒီတော့ ကုန်းစွန်းရန်ရွှမ်းက မင်းကို ဒဏ်ရာရအောင်လုပ်ခဲ့တယ်လို့ ပြောနေတာလား”

လန်ရှီဟယ်က လုကျိုးကို ကြည့်လိုက်ပြန်၏။ သူ၏အသွင်အပြင်က အတော်လေးရင်းနှီးနေရုံသာမက အပြုအမူအပြောအဆိုတောင် ရင်းနှီးနေသည်။ သူမက လုကျိုးနှင့် အဆက်အသွယ်လုပ်ဖို့တာ သိပ်မကြာသေးသောကြောင့် မဆက်စပ်မိပေ။ ခဏအကြာ၌ သူမက ခေါင်းညိတ်လိုက်၏။

“ကုန်းစွန်းရန်ရွှမ်းရဲ့ ကျင့်ကြံဆင့်က ပြောင်မြောက်တယ်။ သူက ကျွန်မမှာ သက်တမ်းငါးနှစ်ပဲ ရှိတော့တယ်ဆိုတာ ရှာတွေ့တဲ့အချိန် အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့အဖွဲ့သားတွေနဲ့ ကျွန်မကို ရန်လှည့်တိုက်တော့တာ”

လန်ရှီဟယ်သည် ရှင်သန်နေထိုင်ရန် ငါးနှစ်သာကျန်တော့သည့်အချက်ကို အကောင်းဆုံးဖုံးကွယ်ရန် ကြိုးစားခဲ့တာအံ့ဩစရာမရှိပေ။ ဤသတင်းသာ ပြန့်သွားခဲ့ပါက အဖြူရောင်မျှော်စင်အဖွဲ့အစည်းသည် ပြိုလဲသွားပြီးတာ ကြာပြီဖြစ်သည်။

“သူက တာ့မင်ရဲ့ မင်းဆရာပဲ။ မိစ္ဆာဝေဟင်မျှော်နန်းနဲ့ မဟာမိတ်ဖွဲ့ဖို့အတွက် အပြာရောင်သလင်းကို ပိရှောကို ပေးခိုင်းလိုက်တာလား” လုကျိုးက မေးလိုက်သည်။ စီးဝူယာ့က အနည်းငယ်ခေါင်းညိတ်လိုက်သည်။

“ဒါနဲ့ပတ်သက်ပြီး မျှော်နန်းသခင်ရဲ့အတွေးက ဘာရှိလဲ သိလို့ရမလား”

စီးဝူယာ့ “...”

စီးဝူယာ့က ဤမေးခွန်းကို မည်သို့ဖြေသင့်ကြောင်း တွေးနေ၏။

ထိုစဉ် နောက်ထပ် အမျိုးသမီးလက်ထောက်တစ်ဦးက လေ့ကျင့်ရေးခန်းမအပြင်ဖက်၌ ပေါ်လာသည်။ သူမ ဦးညွှတ်ပြီး ပြောလိုက်လေ၏။

“မျှော်စင်သခင် ကုန်းစွန်းရန်ရွှမ်း ဒီရောက်လာပြန်ပြီ”

ဝတ်ရုံပြာအမျိုးသမီးလက်ထောက်၏ အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။ သူမက လန်ရှီဟယ်ကို စိုးရိမ်ပူပန်စွာ ကြည့်လိုက်တော့သည်။

ဆန့်ကျင်ဖက်အနေဖြင့် လန်ရှီဟယ်၏အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။ သူမသည် သူလာမည်မှန်း မှန်းဆထားပြီးသားဖြစ်သည်။

“ဟုတ်ပြီ”

ဝတ်ရုံပြာ အမျိုးသမီးလက်ထောက်က ပြောလိုက်၏။

“မျှော်စင်သခင် သူ့ကို အာရုံစိုက်ဖို့ မလိုပါဘူး။ အကြီးအကဲကောင်စီကို သူ့ကို ဖြေရှင်းခိုင်းလိုက်ပါ”

“မလိုဘူး” လန်ရှီဟယ်က သိမ်မွေ့စွာပြောလိုက်၏။ ပြီးနောက် သူမက ထရပ်ပြီး လေ့ကျင့်ရေးခန်းမအပြင်ဖက်ကို ကြည့်လိုက်တော့သည်။

“သူ့ကို ခေါ်လာခဲ့”

ဝတ်ရုံပြာအမျိုးသမီးလက်ထောက်က ဦးညွှတ်ပြီးနောက် ပြောလိုက်တော့သည်။

“နားလည်ပါပြီ”

လုကျိုးသည် သူ၏အထောက်အထားကို ဖော်ထုတ်ရန် အလျင်မလိုပေ။ သူ၏သားကောင်ကို ကြောက်လန့်ပြီးမပြေးစေချင်။

မကြာမီ၌ ဝတ်ရုံပြာအမျိုးသမီးလက်ထောက်သည် အသက်၆၀အရွယ်ရှိသည့် အဘိုးအိုတစ်ယောက်ကို လေ့ကျင့်ရေးခန်းမထဲသို့ ခေါ်လာ၏။ နားထင်ရှိ ဆံပင်များက အနည်းငယ်ဖဖြူနေပြီဖြစ်သည်။

အဘိုးအိုက တစ်ယောက်တည်းရောက်လာပြီး သူနှင့် မည်သူမှ ပါမလာ။ သူ လက်သီးဆုပ်မိုးပြီးပြောလိုက်လေ၏။

“ကုန်းစွန်းရန်ရွှမ်းက မျှော်စင်သခင်ကို နှုတ်ခွန်းဆက်ပါတယ်”

“မင်းဆရာက ယဉ်ကျေးလွန်းနေပြီ။ ကျေးဇူးပြုပြီးထိုင်ပါ။" လန်ရှီဟယ်က လက်ဝေ့ယမ်းလိုက်၏။

ကုန်းစွန်းရန်ရွှမ်း၏အကျင့်သည် စီးဝူယာ့နှင့် လုကျိုးဆီရောက်သွားသော်ငြား သူက များများစားစား မတွေးခဲ့ပေ။ တစ်ချက်ထိုင်ပြီးနောက် သူက ပြောလိုက်သည်။

“မျှော်စင်သခင်လန် ခင်ဗျား နေမကောင်းသလိုပဲ”

လန်ရှီဟယ်က ဘာမှပြန်မပြောခဲ့ပေ။

ကုန်းစွန်းရန်ရွှမ်းက သူ့ကိုယ်သူအပြစ်တင်လိုက်၏။

“အားလုံး ကျုပ်အမှားပါပဲ။ နောက်ဆုံးတစ်ခေါက် လက်ရည်ယှဉ်နေတုန်း ကျုပ် အနိုင်ရဖို့ စိတ်စောပြီး စိတ်အားထက်သန်လွန်းခဲ့တာ။ မျှော်စင်သခင်လန် ဒဏ်ရာရထားမှန်း မသိဘူး။ တောင်းပန်ချင်ပါတယ်” ပြောပြီးနောက် သူသည် အိတ်ထဲမှ မီးတောင်ထွက်အဆီအနှစ်ကို ယူကာ သူ့ရှေ့တွင် ထားလိုက်သည်။

အဖြူရောင်မျှော်စင်အဖွဲ့အစည်းက မီးတောင်ထွက်အဆီအနှစ်အများစု လက်ဝါးကြီးအုပ်ထားကြောင်း လူတိုင်းသိသည်။

တာ့မင်၏တော်ဝင်ခုံရုံးသည် ဤအချက်ကို သဘောမတွေ့တာကြာပြီဖြစ်၏။ မီးတောင်ထွက်အဆီအနှစ်များရရေးအတွက် သူတို့သည် နှစ်စဉ်နှစ်တိုင်း အဖြူရောင်မျှော်စင်အဖွဲ့အစည်းနှင့် အရောင်းအဝယ်လုပ်ရန် မြင့်မားသော တန်ကြေးပေးရသည်။

ကုန်းစွန်းရန်ရွှမ်းက ဤမီးတောင်ထွက်အဆီအနှစ်ကို ထုတ်ပြလာတာ မည်သည်ကို ဆိုလိုသနည်း။ တာ့မင်၏တော်ဝင်ခုံရုံးသည် အဖြူရောင်မျှော်စင်အဖွဲ့အစည်းက မီးတောင်ထွက်အဆီအနှစ် လက်ဝါးကြီးအုပ်ထားတာကို နှောင့်ယှက်ခဲ့တာ ကြာပြီဟု ဆိုလိုတာပဲဖြစ်သည်။

ကုန်းစွန်းရန်ရွှမ်းက တောင်းပန်နေသော်ငြား တကယ်တော့ အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ အုပ်စိုမှုက အဆုံးသတ်တော့မည်ဖြစ်ကြောင်း လန်ရှီဟယ်ကို ပြောပြနေတာပဲဖြစ်သည်။

လန်ရှီဟယ်က ပြုံးပြီးပြောလိုက်သည်။

“ရှောင်လန် ယူလိုက်”

ဝတ်ရုံပြာအမျိုးသမီးလက်ထောက်က အိတ်ကို ယူတော့မည့်အချိန်တွင် ကုန်းစွန်းရန်ရွှမ်း သူ့လက်ကို ရုတ်တရက်ဝေ့ယမ်းကာ ပြောလိုက်၏။

“တကယ်တော့ တောင်းပန်တာအပြင် ကျုပ်က ဒီနေ့ ရဲတင်းလွန်းတဲ့တောင်းဆိုချက်တစ်ခုကြောင့် ဒီရောက်လာတာပါ”

လန်ရှီဟယ်သည် သူမ၏ကျောက်စိမ်းကဲ့သို့လက်ကို အနည်းငယ်မြှောက်လျက် ပြောခိုင်းလိုက်သည်။

ကုန်းစွန်းရန်ရွှမ်းက ပြုံးပြီးပြောလိုက်၏။

“မျှော်စင်သခင်လန်နဲ့ နောက်တစ်ခေါက်ထပ်ပြီး လက်ရည်ယှဉ်ချင်ပါတယ်”

“လက်ရည်ယှဉ်တာလား”

“အရင်တုန်းက မျှော်စင်သခင်လန်ရဲ့ဒဏ်ရာက မကုသရသေးဘူး။ ဒါကြောင့် မမျှမတအနိုင်ရခဲ့တယ်လို့ ခံစားမိလို့ပါ။ အခု တစ်လကုန်သွားပြီဆိုတော့ မျှော်စင်သခင် နလန်ပြန်ထပြီးဖြစ်မှာ သေချာတယ်။ မျှော်စင်သခင်လန်က ကျုပ်တောင်းဆိုချက်ကို လက်ခံပေးဖို့ မျှော်လင့်တယ်။" ကုန်းစွန်းရန်ရွှမ်းက ပြောလိုက်၏။

သူတို့မျက်စိဖြင့်သာ မျက်မြင်မတွေ့သရွေ့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းသည် အန္တရာယ်များသည့် အနေအထားသို့ ရောက်နေပြီဆိုတာ မည်သူမှယုံမှာမဟုတ်။ လန်ရှီဟယ်က ပြိုင်ဖက်ကင်းဟု လူတိုင်းတွေးနေကြသည်။ အားလုံး၏အမြင်တွင် လန်ရှီဟယ်က အမြဲတစေမြင့်မားပြီး အာဏာကို ဆုပ်ကိုင်ထား၏။

ကုန်းစွန်းရန်ရွှမ်း၏ ရည်ရွယ်ချက်က မသေးပေ။ သူသည် ဖျက်ဆီး၍မရနိုင်သော အဖြူရောင်မျှော်စင်အဖွဲ့အစည်းကို ဆွဲချပြီး ပြိုင်ဖက်ကင်းသည့် မျှော်စင်သခင်ကို ဆွဲချကာ ဂုဏ်ထူးဆောင်ချင်နေတာဖြစ်သည်။

…

အခန်း ၁၀၆၈ လုံလောက်ပြီ

အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ လေ့ကျင့်ရေးခန်းမက ထူးကဲကာ ကျော့ရှင်းလှသည်။ ထိုအရာက အမျိုးသမီးတစ်ယောက်၏ အလှအပ ခံစားနှုန်းအရ တည်ဆောက်မွန်းမံထားခြင်း ဖြစ်၏။ တာဝန်သင်္ကေတများက ရေသဖွယ် ပေါ့ပါးပြီး လှိုင်းလုံးများသဖွယ် စီးဆင်းနေသည်။ ဤသည်က အင်မတန် ငြိမ်သက်သည့် နေရာတစ်ခု ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ ဤသို့အေးချမ်းသည့်နေရာပင် ယင်တစ်ကောင်၏ ဆူညံသံမှ မလွတ်မြောက်နိုင်ပေ။ ထိုစကားထဲရှိ ယင်ကောင်ဆိုသူက ကုန်းစွင်းယွမ်ရွမ် ဆိုသည့် သူကို ဆိုလိုနေခြင်းသာ ဖြစ်၏။ သူ့အသံက ယင်ကောင်အလား စိတ်ပျက်ဖို့ ကောင်းလှသည်။

လန်ရှီဟယ်က အနည်းငယ် ချောင်းဟန့်လိုက်သည်။ သူမက အပြာဝတ်အမျိုးသမီး ရောက်ရှိလာသည်ကို မြင်သည့်အခါ လက်ဝှေ့ပြီး တားလိုက်၏။ သူမက အရေးမသာသည့် အခြေအနေတွင် ကျရောက်နေသည်။ သူမက ကုန်းစွင်းယွမ်ရွမ်ကို အနိုင်ပိုင်းဖို့ရာ ရုန်းကန်နေရသော်လည်း သူက ဤအခြေအနေကို အခွင့်ကောင်းယူကာ သူမကို ထပ်မံစိန်ခေါ်ဖို့ ရောက်ရှိလာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူမက သူ့ကို မငြင်းဆန်နိုင်ပေ။

သူမက ပြောလိုက်၏။

" တကယ်လို့ လက်ရည်စမ်းချင်တယ်ဆိုရင်လည်း ရှင့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်"

ကုန်းစွင်းယွမ်ရွမ်က အရှက်မဲ့စွာနှင့် အရာအားလုံးကို လစ်လျူရှုထားဖို့ ဆုံးဖြတ်လိုက်သည်။ သူရည်ရွယ်ချက်က လန်ရှီဟယ်နှင့် လက်ရည်စမ်းဖို့သာ ဖြစ်သည့်အတွက် ကျန်သည့်အရာများကို ဂရုမစိုက်ပေ။

သူကပြောလိုက်သည်။

"မျှော်စင်သခင်လန်ကို ကျေးဇူးတင်ပါတယ်"

သူက ခန်းမဘေးပတ်လည်ကို ကြည့်ကာပြောလာသည်။

" ဒီလေ့ကျင့်ရေးခန်းမထဲမှာပဲ အနိုင်ရသူကို ဆုံးဖြတ်ကြတာပေါ့"

အပြာဝတ်အမျိုးသမီးက ရှေ့တိုးလာကာ မျက်မှောင်ကြုတ်လိုက်သည်။ သူမက အောင့်အီးသည်းခံမထားနိုင်တော့ဘဲ ပြောလိုက်၏။

"ရှင် အရှက်မဲ့တယ်လို့ မထင်ဘူးလား။ မျှော်စင်သခင်လန်က ဒဏ်ရာတောင် ပြန်မကောင်းသေးဘူး။ ရှင်ကအဲ့ဒါကို မျှမျှတတ တိုက်ပွဲလို့ ပြောရဲသေးတယ်လား”

ကုန်းစွင်းယွမ်ရွမ်က ပြန်ဖြေလိုက်သည်။

“အခြားတစ်ယောက်ဆိုရင်တော့ မျှတချင်မှ မျှတမှာပေါ့။ ဒါပေမဲ့ မျှော်စင်သခင်လန်က မွေးဖွားဇယားချပ် ၁၃ ခု ရှိပြီးတော့ နေ၊လ နဲ့ ကြယ်တာရာ စက်ဝန်းကို ပိုင်ဆိုင်ထားတာလေ။ တကယ်လို့ ငါက မျှော်စင်သခင်လန် အထွတ်အထိပ် အခြေအနေမှာ တိုက်ခိုက်ရင် ငါအတွက် မမျှတသလို ဖြစ်သွားမှာပေါ့။ ငါ့ဘက် အနိုင်ရနိုင်ခြေ လုံးဝမှ မရှိတာ။ အဲလိုတိုက်ပွဲမျိုးကို ရင်ဆိုင်နေလို့ ဘာထူးမှာလဲ”

အပြာဝတ်အမျိုးသမီးက လောကဝတ်အကြောင်း ဂရုမစိုက်တော့ဘဲ သူ့ဆီ တံတွေးလှည့်ထွေးလိုက်သည်။ သူမက ထိုသူ၏ မျက်နှာသည် ထူလွန်းလှသည့်အတွက် အဖြူရောင်မျှော်စင်၏ အမြင့်ထက်ပင် လွန်ကဲနေနိုင်သည်။

လန်ရှီဟယ်က မေးလိုက်သည်။

"ကျွန်မက ဒဏ်ရာရနေတယ်ဆိုတာနဲ့ ရှင့်ကို မသတ်ဘူးလို့များ ထင်နေလား"

ထိုသတ်ဖြတ်ခြင်းဟူသော စကားလုံးတွင်သူမက ဖိကာ ပြောလိုက်ခြင်း ဖြစ်၏။

အားလုံးက ကုန်းစွင်းယွမ်ရွမ် ရောက်လာသည့် အကြောင်းရင်းကို သိထားကြသည်။ သူ့အနေဖြင့် အပေါ်ယံ အကြောင်းပြချက်များ ပြောနေ၍ အလကားသာ ဖြစ်လိမ့်မည်။

"ကောင်းပြီလေ"

ဤသို့ဖြင့် ကုန်းစွင်းယွမ်ရွမ်က သူ့ရည်ရွယ်ချက်ကို ဖုံးကွယ်မထားတော့ပေ။ သူ့အကြည့်က တောက်လောင်လာကာ ပြောလိုက်၏။

"အဲ့လိုဆိုရင် သေခြင်းရှင်ခြင်း တိုက်ပွဲကို တိုက်ခိုက်ကြတာပေါ့"

...

အဖြူရောင်မျှော်စင် ကောင်းကင်အထက် တိမ်မဲများစုစည်းလာသည်။ ရှေးဦးချီက လေမုန်တိုင်းအလား မျက်လုံးနှင့် မမြင်နိုင်အောင်အထိ သိပ်သည်းကာ စုဝေးလာကြသည်။

ပေတစ်သိန်း မြင့်မားသည့် မျှော်စင်အထက် မည်သူကမှ မထိတွေ့ဖူးပေ။ ကောင်းကင်ဘုံ ၉ဆင့်ကို ထိုးဖောက်နေသည့် အဖြူရောင်တိုင်လုံးသဖွယ် ဖြစ်နေလေသည်။ ထိုအရာကို အဘယ်ကြောင့် ခပ်မြင်မြင့် တည်ဆောက်ထားမှန်း မည်သူကမှ မသိကြပေ။ လူတချို့က တစ်ချို့ မသေမျိုးများသည် ကမ္ဘာ၏ အလှတရားကို ကြည့်ရှုဖို့ မြင့်မားသည့် အနေအထားတွင် ရပ်တည်လိုကြောင်း ကောက်ချက်ချထားကြသည်။

တိမ်တိုက်အထက်တွင် ရှိသည့် မျှော်စင်ထိပ်ဖျားက လျှပ်စီး စီးဆင်းနေဟန်ပေါ်သည်။

တစ်ချိန်တည်းဆိုသလို ရှေးဦးချီက အဖြူရောင်မျှော်စင်၏ နံရံများကြား စီးဆင်းလာကာ ၈၁ လွှာမြောက်ကို ရောက်ရှိလာသည်။

ဤသို့ဖြင့် လေ့ကျင့်ရေးခန်းမ တစ်ခုလုံးက မှောင်မဲသွားခဲ့သည်။

လန်ရှီဟယ်က ကျောမတ်မတ်ထားလိုက်၏။

ကုန်းစွင်းယွမ်ရွမ်၏ အမူအရာက အလေးအနက်ဖြစ်လာသည်။ သူက နောက်ခြေလှမ်း အနည်းငယ် ဆုတ်ကာ ပြောလ်ုက်၏။

"ခင်ဗျားက ပြင်ဆင်ထားတာလား "

လန်ရှီဟယ်ကပြောလိုက်သည်။

" ရှင်ရော လုပ်ထားတယ် မဟုတ်ဘူးလား”

လန်ရှီဟယ်၏ လှုပ်ရှားမှုများက ပျံလွှားတစ်ကောင်လိုမျိုး ပေါ့ပါးသွက်လက်နေသည်။

ထိုကြောင့် နေ၊ လနှင့် ကြယ်တာရာစက်ဝန်းတို့မှ အလင်းတန်း ထွက်ပေါ်လာကာ မိုးမြေကြားရှိ ရှေးဦးချီက စုဝေးလာသည်။ မျက်စိတစ်မှိတ်အတွင်း လန်ရှီဟယ်က ကုန်းစွင်းယွမ်ရွမ်၏ ရှေ့ရောက်လာကာ စက်ဝန်းကို ဝှေ့ယမ်းလိုက်သည်။

ကုန်းစွင်းယွမ်ရွမ်က ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်ကာ အဆုံးမဲ့ဒိုင်းကာကို ထုတ်ဖော်ပြီး ထိုရိုက်ချက်ကို တားဆီးလိုက်သည်။

ဘန်း

ထိပ်တိုက်တွေ့ဆုံမှုမှ တန်ပြန်သက်ရောက်မှုက ပတ်ဝန်းကျင်ထံ လှိုင်းလုံးများ ပျံ့နှံ့သွားစေသည်။

နှစ်ဖက်လုံးက မဆုတ်သာမတိုးသာ အခြေအနေတွင် ရှိနေလေ၏။

လုကျိုးက ရေမျက်နှာပြင်ပေါ် လှိုင်းလုံးများ ပေါ်ထွက်လာသလိုမျိုး ခန်းမထဲ စွမ်းအားလှိုင်းများ ထွက်ပေါ်လာသည့်အခါ သူ့ကိုယ်သူ ကာကွယ်တော့မလို လုပ်ဆောင်လိုက်သည်။ သိပ်မကြာခင် ထိုထွက်ပေါ်လာသည့် လှိုင်းလုံးများကို အဖြူရောင်မျှော်စင်က စုပ်ယူသွားကြောင်း သတိထားမိသွား၏။

စီးဝူယာ့ကလည်း ထိုအရာကို မြင်သည့်အခါ အံ့အားသင့်သွားသည်။ အဖြူရောင်မျှော်စင်က အင်မတန် ဆန်းကြယ်လှပြီး ပြင်ပကမ္ဘာမှ စွမ်းအားကို စုပ်ယူကာ သူ့ကိုယ်သူ ကာကွယ်နိုင်လေသည်။

လန်ရှီဟယ်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်၏။

"တော်ဝင်မင်းဆရာက ဒီအဆုံးမဲ့ဒိုင်းကာကို သုံးတာနဲ့ ပတ်သက်ပြီး စိတ်လွတ်လက်လွတ်ဖြစ်နေတာပဲ"

" မျှော်စင်သခင်လန် လှုပ်ရှားမှုကောင်းပဲ" ကုန်းစွင်းယွမ်ရွယ်က သတိကြီးကြီးထားထားသည်။

"ကျွန်မသာ မွေးဖွားဇယားချပ် စွမ်းအား တွေအကုန်လုံးကို ရှင့်ဆီ ချိန်ရွယ်လိုက်ရင် ဘာဖြစ်သွားမယ်လို့ ထင်လဲ" လန်ရှီဟယ်က သူမ၏ အနောက်ဖက်တွင် ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်ရင်း ပြောလိုက်သည်။

"မင်း ..."

ကုန်းစွင်းယွမ်ရွမ်က ဘယ်ညာကို ကြည့်ကာ " ဒါက လေ့ကျင့်ရေးခန်းမလား"

ကျင့်ကြံသူအများစုက သူတို့၏ ကိုယ်ပိုင်လေ့ကျင့်ရေး ခန်းမများ ရှိတတ်ကြသည်။

အစီအရင်များကို အသုံးပြုခြင်းဖြင့် ခန်းမက တိုက်ပွဲအတွင်း သူတို့အား အရေးသာချက် ပေးစွမ်းကာ အားဖြည့်ပေးနိုင်သည်။ ယဲ့ကျန်းနှင့် ယွီချန်းရှုတို့အတွက်လည်း အတူတူသာဖြစ်သည့်အတွက် လန်ရှီဟယ်အတွက်လည်း အတူတူ ဖြစ်နေနိုင်သည်။

မည်သို့ပင်ဖြစ်စေကာမူ ကုန်းစွင်းယွမ်ရွမ်က ကြောက်လန့်သည့်ဟန် မပေါ်ပေ။

"ဒါပေမဲ့ ခင်ဗျား ကျုပ်ကို လုပ်နိုင်တဲ့အရာ ဘာမှမရှိဘူး"

နေ၊လနှင့် ကြယ်တာရာစက်ဝန်းက ကျဆင်းလာသည်။

အဆုံးမဲ့ဒိုင်းကာက ချိုင့်ဝင်သွားလေ၏။

ကုန်းစွင်းယွမ်ရွမ်က နှလုံးခုန်မြန်လာမိသည်။ သူကအဆုံးမဲ့ဒိုင်းကာကို တွန်းကာ ခြေတစ်လှမ်း တိုးလိုက်သည်။

လန်ရှီဟယ်က လေထဲ ပျံသန်းသလို ဖြစ်နေသည်။ သူမက ကုန်းစွင်းယွမ်ရွမ်ထက် ခန္ဓာကိုယ်တစ်ပိုင်း ပိုမြင့်နေ၏။ အထက်မှ သူမ၏နောက်ရှိ ကြယ်တာရာဒိုင်ခွက်က ပိုမိုတောက်ပလာသည်။ တြိဂံ ၃၆ ခုက တောက်ပလာပြီးသည့်နောက်တွင် ၁၃ ခုကလင်းလက်လာသည်။

ကုန်းစွင်းယွမ်ရွမ်က လန်ရှီဟယ်ကို ကြည်ကာ သက်ပြင်းချလိုက်၏။

"မျှော်စင်သခင်လန် ဒါက မတရားဘူး။ ခင်ဗျားက အဖြူရောင်မျှော်စင်ရဲ့ စွမ်းအားကို သုံးနေတာပဲ"

လန်ရှီဟယ်က ခေါင်းခါကာ တည်ငြိမ်စွာ ပြောလိုက်သည်။

" ရှင်နဲ့ မထိုက်တန်ဘူး"

"အဲ့လိုဆိုရင် ကျုပ်ကို အပြစ်မတင်နဲ့" ကုန်းစွင်းယွမ်ရွမ်ကလည်း ဝှက်ဖဲရှိသည်မှာ သိသာလှသည်။ သူက လန်ရှီဟယ်ကို သူမ၏ ပိုင်နက်အတွင်း စိန်ခေါ်ရဲသည့်အတွက် မည်သို့ဝှက်ဖဲ မရှိဘဲ နေမည်နည်း။

ကုန်းစွင်းယွမ်ရွမ်က ခြေဆောင့်လိုက်သည့်အချိန် အဖြူရောင်မျှော်စင်က အနည်းငယ် လှုပ်ခါသွားသည်။

"မဟာနည်းစနစ် လက်တစ်ထောင်ဗုဒ္ဓ စည်းတံဆိပ်"

ကုန်းစွင်းယွမ်ရွမ်၏ ကြယ်တာရာဒိုင်ခွက်က သူ့အနောက်ဖက်တွင် ပေါ်ထွက်လာခဲ့သည်။ မွေးဖွားဇယားချပ် ၁၂ခုက တောက်ပလာပြီး သူ့နောက်တွင် လက်ဟန်စည်းတံဆိပ်များ ထွက်ပေါ်လာ၏။

စီးဝူယာ့က ပြောလိုက်သည်။

" ရှေးဟောင်း မဟာနည်းစနစ်ပဲ"

လန်ရှီဟယ်က တည်ငြိမ်စွာ ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။

" ရှင်က ဆေးသောက်ထားတာပဲ"

လက်တစ်ထောင်ဗုဒ္ဓ စည်းတံဆိပ်ကို ဖွဲ့စည်းဖို့ရာအတွက် အား အလုံအလောက် ရှိဖို့ လိုအပ်သည်။

ကုန်းစွင်းယွမ်ရွမ်က ပြောလိုက်သည်။

"ကျုပ် နိုင်သရွေ့ ဘာများကိစ္စရှိမှာလဲ "

တရားမျှတမှုလား...

အစကတည်းက တရားမျှတမှုဆိုတာ မရှိပေ။ ဆေးသောက်သုံးခြင်းက ပြိုင်ပွဲအတွင်း တားမြစ်ဆေးဝါး သုံးစွဲသည်နှင့် မခြားလှပေ။ ဤကိစ္စတွင် ကုန်းစွင်းယွမ်ရွမ်၏ အရှက်မဲ့မှုကို မြင်တွေ့နိုင်လေသည်။

ထို့နောက် နှစ်ဖက်လုံး၏ စွမ်းအားတို့က ထိပ်တိုက် တွေ့ဆုံသွား၏။

ဝုန်း

အလယ်တွင် ထိပ်တိုက်တွေ့ဆုံရာမှ ဒေါင်လိုက်သဏ္ဍာန် လှိုင်းလုံးများက ခန်းမတစ်ခုလုံး ပျံ့နှံ့သွားလေသည်။ သစ်ပင်မြစ်ကဲ့သို့ အက်ကြောင်းများကလည်း ၈၁ လွှာထက်တွင် ပေါ်ထွက်လာခဲ့၏။

ထို့နောက် စွမ်းအားစည်းတံဆိပ်က အဖြူရောင်မျှော်စင်ဆီ ရောက်ရှိသွားကာ အဆောက်အဦးကို နှစ်ပိုင်းကွဲသွားစေ၏။

တူညီလှစွာ အနီးနားရှိ နှင်းထောင်ထိပ်ပေါ် သစ်ပင်များကလည်း ထက်ရှသည့်ဓါးနှင့် ဖြတ်ခံထားရသလိုမျိုး နှစ်ပိုင်း ကွဲထွက်သွားသည်။

လန်ရှီဟယ်က လက်ကို ဆန့်ထုတ်ကာ ကျော့ရှင်းစွာ ဆင်းသက်လာပြီး ထိုင်ခုံပေါ် ရောက်ရှိလာသည်။

ကုန်းစွင်းယွမ်ရွမ်က နောက်ဆုတ်လိုက်ရပြီး လေ့ကျင့်ရေးခန်းမမှ မီတာရာချီအကွာ ကျရောက်လာသည်။

ဘန်း

သူက လက်ရမ်းပေါ်ပြုတ်ကျလာပြီး ကျောက်စရစ်ခဲများကို ပြိုလဲသွားစေသည်။

အစမှအဆုံးထိ နှစ်ဖက်လုံးက လှုပ်ရှားမှုတစ်ခုတည်းကိုသာ အသုံးပြုရသေး၏။

အခန်းအတွင်း ပြန်လည်စိတ်ငြိမ်သွားသည်။

တာအိုသင်္ကေတများက တောက်ပလာပြီး အဖြူရောင်မျှော်စင်ရှိ အက်ကြောင်းများကို ပြုပြင်နေသည်။

ဤသည်က အံ့အားသင့်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်၏။

ကုန်းစွင်းယွမ်ရွယ်က ချီးကျူးလိုက်သည်။

"ကမ္ဘာပေါ်မှာ အားအကောင်းဆုံး မျှော်စင်သခင်လန် ဆိုတဲ့အတိုင်းပဲ…”

ထိုစဉ် လန်ရှီဟယ်က ရုတ်တရက် ညည်းတွားလိုက်ရ၏။ သူမ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာ၏။ ထိုအရာက အနည်းငယ် ဖြစ်သော်လည်း သူမ၏ အားနည်းချက်ကို ထုတ်ဖော်ဖို့ လုံလောက်နေပြီ ဖြစ်၏။

ထိုအရာကို မြင်သည့်အခါ ကုန်းစွင်းယွမ်ရွယ်၏ တိုက်ခိုက်လိုစိတ်က မြင့်တက်လာသည်။

သူက စိတ်အားတက်ကြွစွာ ပြောလိုက်၏။

"ထပ်တိုက်မယ်"

လန်ရှီဟယ်က မျက်မှောင်ကြုတ်လိုက်သည်။

"ရှင် တကယ်ပဲ သေချင်နေတာလား"

သူမ၏ အသံက မကျယ်သော်လည်း သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်ထားခြင်း မရှိပေ။ အားလုံးက သူမသည် အမှန်တကယ် ဒေါသထွက်နေကြောင်း ပြောနိုင်လေ၏။

"ကျုပ်က ဒီကိုလာရဲမှတော့ ယုံကြည်ချက် ရှိလို့ပေါ့။ ကျုပ်က ဆေးကိုတောင် သောက်လိုက်သေးတယ်။ ခင်ဗျားက ကျုပ်ကို ခြိမ်းခြောက်နိုင်မယ်များ ထင်နေလား"

လန်ရှီဟယ်နှင့် ယှဉ်လိုက်ပါက ကုန်းစွင်းယွမ်ရွမ်သည် လန်ရှီဟယ်ထက် အခြေအနေကောင်းနေမှန်း သံသဃ ဖြစ်ဖို့မလိုပေ။ ဤသည်က သူ့ကို ပိုပြီး စိတ်အခြေအနေ ကောင်းသွားစေသည်။

"မျှော်စင်သခင်လန်ကို အနိုင်ယူနိုင်တာက ကျုပ်ရဲ့ အကြီးမားဆုံး ဂုဏ်ယူစရာတစ်ခုပါပဲ"

ထိုစဥ် လုကျိုး၏ အသံက ပေါ်ထွက်လာခဲ့သည်။

"တော်သင့်ပြီ"

ကုန်းစွင်းယွမ်ရွယ်က လှည့်ကြည့်လိုက်၏။ သူက စီးဝူယာ့နှင့် လူကျိုးကို ထပ်မံကြည့်လိုက်သည်။ သူ လေ့ကျင့်ရေးခန်းမမှာတည်းက ထိုသူနှစ်ဦးကို လျစ်လျူရှုထားခဲ့သည်။ သူက ပြောလိုက်၏။

"ဒီကိစ္စက ကျုပ်နဲ့ မျှော်စင်သခင်လန်ကြားက ကိစ္စပဲ။ ခင်ဗျားတို့နှစ်ယောက်နဲ့ ဘာမှမဆိုင်ဘူး။ ကျေးဇူးပြုပြီးထွက်သွားကြပါ"

စီးဝူယာ့က ပြောလိုက်သည်။

"အခု ရပ်ရမဲ့အချိန်ပဲ"

သူ့ရှစ်စွင်းက ဝင်ပြောသည့်အတွက် စီးဝူယာ့က မိစ္ဆာဝေဟင်မျှော်နန်းသည် ဝင်ရောက်စွက်ဖက်လိုကြောင်း သိလိုက်သည်။

ကုန်းစွင်းယွမ်ရွယ်က ပြောလိုက်သည်။

"မျှော်စင်သခင်လန်က ဘာမှမပြောသေးဘူး။ ခင်ဗျားတို့က ဘာလုပ်ပိုင်ခွင့်နဲ့ ဝင်ရောက်စွက်ဖက်တာလဲ”

လန်ရှီဟယ်က ပြောလိုက်သည်။

"ဟုတ်တယ်။ တော်ဝင်မင်းဆရာ ကျွန်မ ရှင့်ကို ပြောဖို့မေ့သွားတယ်။ ဒါက မိစ္ဆာဝေဟင်မျှော်နန်းသခင်လုရဲ့ ၇ယောက်မြောက် တပည့် စီးဝူယာ့ပဲ"

ကံကောင်းစွာဖြင့် သူမက စီးဝူယာ့၏ နာမည်ကို နှစ်ကြိမ် မေးခဲ့ဖူးသည်။ မဟုတ်ပါက မျက်နှာပူစရာကောင်းနေလိမ့်မည်။

မိစ္ဆာဝေဟင်မျှော်နန်း၏ ဝင်ရောက်စွက်ဖက်မှုဖြင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ ကပ်ဘေးက အနှေးနှင့်အမြန် အဆုံးသတ်သွားနိုင်သည်။

" မိစ္ဆာဝေဟင်မျှော်နန်းလား"

ကုန်းစွင်းယွမ်ရွယ်က စီးဝူယာ့ထံ လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏။

" ခင်ဗျားက မိစ္ဆာဝေဟင်မျှော်နန်းကကို။ ကျေးဇူးပြုပြီး မျှော်နန်းသခင်လုကို နှုတ်ဆက်ပေးပါဦး"

ကုန်းစွင်းယွမ်ရွယ် သိထားသလောက် မိစ္ဆာဝေဟင်မျှော်နန်းနဲ့ အဖြူရောင်အဖွဲ့အစည်းကြားက ဆက်ဆံရေးသည် သိပ်ပြီး မကောင်းလှပေ။ သူက နန်ကုန်းယွီထျန်းနှင့် နဉ်ဝမ်ချင်းတို့က မိစ္ဆာဝေဟင်မျှော်နန်းကို ရန်စထားဖူးကြောင်း ကြာခဲ့ဖူးသည်။

"အဲလိုလုပ်ဖို့ မလိုဘူး"

စီးဝူယာ့က ပြောလိုက်သည်။

" ကျုပ်ရဲ့ ရှစ်စွင်းလဲ ဒီမှာတူတူ ပါလာတယ်”

All Chapters