← Chapters

အခန်း (၁၀၆၉-၁၀၇၁)

Vol. 72 Ch. 1069-1071

အခန်း (၁၀၆၉-၁၀၇၁)

Vol. 72 Ch. 1069-1071

အခန်း ၁၀၆၉ မယိမ်းယိုင်သောတောင်

လန်ရှီဟယ်က ထိတ်လန့်သွားလေ၏။ သူမ အလိုလိုလှည့်ကြည့်မိပြီး သူမရှေ့ရှိ မျက်နှာသေဖြင့် လူငယ်ကို လေ့လာမိသွားသည်။ သူမ သူ့ကိုကြည့်လေလေ ပိုပြီးရင်းနှီးလာလေလေဖြစ်သည်။ လူငယ်၏မျက်နှာပေါ်ရှိ မျက်မှောင်ကျုံ့သည့်အမူအရာကို မြင်သောအခါ ရင်ထဲ၌ ရှုပ်ထွေးလာပြီး ခံစား၍မရသော အမူအရာပေါ်ပေါက်လာသည်။ သူမရှေ့ရှိ ဂုဏ်သိက္ခာရှိသော လူငယ်နှင့် သူမ သိသည့် မျှော်နန်းသခင်နှင့် ဆက်စပ်မိဖို့က တကယ်ခက်ခဲလှပေ၏။ ခဏကြာပြီးနောက် သူမ ခေါင်းခါလိုက်တော့သည်။ စီးဝူယာ့၏စကားကို သူမ မယုံပေ။

ထိုစဉ် ကုန်းစွန်းရန်ရွှမ်းက တသိမ့်သိမ့်ရယ်မောကာ ပြောလိုက်လေ၏။

“မောင်ရင် မင်းက မိစ္ဆာဝေဟင်မျှော်နန်းကဆိုတာ ယုံတယ်။ ဒါကြောင့် ဒီလိုလုပ်ဖို့မလိုဘူး”

စီးဝူယာ့က ခေါင်းခါလိုက်ပြီး အရူးတစ်ယောက်ပမာ ကုန်းစွန်းရန်ရွှမ်းကို ကြည့်လိုက်၏။ သူ့ရှစ်စွင်း၏ရှုထောင့်ကနေ ကုန်းစွန်းရန်ရွှမ်းကိုကြည့်ရန် ကြိုးစားမိပြီး ခေါင်းညိတ်လိုက်သည်။ တစ်ပါးသူကို အထင်သေးနိုင်သည့် ခွန်အားနှင့် အဆင့်အတန်းရှိတာ ဤသို့ခံစားရတာဖြစ်သည်။ ပြီးနောက် သူက ပြောလိုက်သည်။

“ဒါပေါ့ ... လိုအပ်တာက”

ကုန်းစွန်းရန်ရွှမ်းက ပြောလိုက်သည်။

“မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ဘာအညှိုးအတေးမှ မရှိဘူး။ မင်းတို့နှစ်ယောက် ဘာလို့ဝင်စွက်ဖက်ချင်လဲ ဆိုတာ မသိဘူး။ ပြောရရင် ရန်သူတစ်ယောက်ရှိတာထက် မိတ်ဆွေတစ်ယောက်ရှိတာ ပိုကောင်းတယ်”

ထိုစဉ် လုကျိုးက နောက်ဆုံး၌ ပြောလိုက်လေ၏။

“ငါ့မှာ ရန်သူတွေအများကြီးရှိပြီးသား။ တစ်ယောက်ထပ်တိုးလာလို့လဲ ဘာမှမထူးဘူး”

လုကျိုး၏လေသံ အရှိန်အဝါနှင့် သဘောထားတို့က သူ အသက်ကြီးစဉ်ကနှင့် တူနေ၏။

လန်ရှီဟယ်က တအံ့တဩပြောလိုက်သည်။

“မျှော်နန်းသခင်လုလား”

လုကျိုးက ကျောမတ်လျက် လျှောက်သွားသည်။ ပြီးနောက် ကုန်းစွန်းရန်ရွှမ်းကို လေသံအတက်အကျမရှိ ပြောလိုက်သည်။

“လန်ရှီဟယ်က မသေနိုင်သေးဘူး”

ကုန်းစွန်းရန်ရွှမ်းက အနည်းငယ်သတိထားနေ၏။ သူ့ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ သူ၏အမူအရာက လေးနက်တည်ကြည်နေပြီး ဘယ်ကြည့်ညာကြည့် ကြည့်ပြီးနောက် အပြင်ကို ကြည့်လိုက်သည်။ ခဏကြာပြီးနောက် သူက ပြောလိုက်သည်။

“ကောင်းပြီ။ ခင်ဗျားကို မျှော်နန်းသခင်လုလို့ပဲ ယူဆလိုက်မယ်။ ကျုပ် ခင်ဗျားကို မေးမယ်။ မိစ္ဆာဝေဟင်မျှော်နန်းက ဝင်စွက်ဖက်ဖို့ ရည်ရွယ်နေတာလား”

သူ၏ပန်းတိုင်က လက်တစ်ကမ်းရောက်နေချိန်၌ ကုန်းစွန်းရန်ရွှမ်းက မည်သို့လက်လျှော့နိုင်မည်နည်း။

လုကျိုးက ပြောလိုက်သည်။

“ဝင်စွက်ဖက်တယ်လို့ ပြောလို့မရဘူး။ ကျုပ် ပြောသလိုပဲ လန်ရှီဟယ် မသေနိုင်သေးဘူး။ ကျုပ် စိတ်မပြောင်းခင် ခင်ဗျားအခု ထွက်သွားလိုက်တာ အကောင်းဆုံးပဲ”

“...” ယင်းသည် ကုန်းစွန်းရန်ရွှမ်း ဤသို့အပြောခံရတာ ပထမဆုံးအကြိမ်ဖြစ်သည်။ အစတုန်းက သူသည် လုကျိုး၏အထောက်အထားကို သံသယဝင်ခဲ့သည်။ ထို့အပြင် လူတစ်ယောက်က ပိုသန်မာလေလေ ကြွားလုံးထုတ်တာ ပိုနည်းလာလေလေဟူသော အမြန်ရှိ၏။

“ကောင်းပြီ။ မင်းက ဒီလိုသွားချင်တယ်ဆိုတော့ စည်းမျဉ်းဟောင်းတွေအတိုင်း သွားကြတာပေါ့” ကုန်းစွန်းရန်ရွှမ်းက ပြောလိုက်၏။ သူသည် လေ့ကျင့်ရေးခန်းမရှိ ဗဟိုတွင်ရှိသော တိုက်ခိုက်ရေးနေရာဆီ သွားလိုက်သည်။

ထိုစဉ် လုကျိုးက ပြောလိုက်သည်။ ”

"ငါ့စကားက စည်းမျဉ်းပဲ”

“...”

ကုန်းစွန်းရန်ရွှမ်းက လုကျိုး၏စကားကြောင့် မွန်းကျပ်သွားသည်။ သူသည် တာ့မင်တော်ဝင်ခုံရုံး၏ မင်းဆရာဖြစ်သည်။ လူပေါင်းထောင်သောင်းချီ၏လေးစားမှုကို ရရှိသူဖြစ်၏။ ဧကရာဇ်ကတောင် သူ့ကို ဤသို့သော ပုံစံဖြင့်ပြောမှာမဟုတ်။ မည်သို့ပင်ဆိုစေ သူ သည်းခံလျက် ယဉ်ကျေးစွာမေးလိုက်သည်။

“ဒီနေ့ မျှော်နန်းသခင်လန်ကို တိုက်ကွက် တစ်ကွက်ခွဲနဲ့ အနိုင်ရခဲ့တယ်။ မိစ္ဆာဝေဟင်မျှော်နန်းက ဝင်စွက်ဖက်ချင်နေတယ်ဆိုတော့ မျှော်နန်းသခင်လုနဲ့ တိုက်ကွက်ဖလှယ်ဖို့ တောင်းဆိုရုံပဲရှိတယ်”

“ဒါက ခင်ဗျားပြောတဲ့ စည်းမျဉ်းဟောင်းလား” လုကျိုးက မေးလိုက်၏။

“ကျေးဇူးပြုပြီး စပါ” ကုန်းစွန်းရန်ရွှမ်း၏ စကားများက ရန်စရာရောက်သည်။ ထိုစကားများဖြင့် သူ၏ခွန်အားကို မိစ္ဆာဝေဟင်မျှော်နန်းဆီပြသလိုက်ရုံသာမက သူသည် လန်ရှီဟယ်ကိုလည်း ဖြေရှင်းနိုင်၏။ မိစ္ဆာဝေဟင်မျှော်နန်း ဝင်စွက်ဖက်သောကြောင့် သူ လက်လျှော့မှာမဟုတ်ပေ။ ယင်းက လက်ရည်ယှဉ်ရုံသာဖြစ်သည်။ သူ၏ပန်းတိုင်ကို ရရှိပြီး အဖြူရောင်မျှော်စင်အဖွဲ့အစည်းကိုဖယ်ရှားပြီးသည်နှင့် သူသည် အကျိုးအမြတ်ကမ်းလှမ်းခြင်းဖြင့် မိစ္ဆာဝေဟင်မျှော်နန်း၏ မျက်နှာသာပေးခြင်းကို ခံရမှာဖြစ်သည်။

“ဘာလို့ ပြဿနာရှာချင်နေတာလဲ”

ထိုစဉ် ကုန်းစွန်းရန်ရွှမ်းက သူ၏လက်ကို လှုပ်ရှားလိုက်၏။ သူ၏ ကြယ်တာရာဒိုင်ခွက်က လည်ပတ်လာပြီး အရွယ်အစားလျော့သွားပုံပေါ်၏။

ကြယ်တာရာဒိုင်ခွက်ကို ဒီလိုလည်း သုံးလို့ရတယ်လား။ လုကျိုးသည် ကုန်းစွန်းရန်ရွှမ်းကို ကြည့်ကာ သူ့ဖာသာသူ တွေးလိုက်သည်။

ကုန်းစွန်းရန်ရွှမ်းက ဘယ်ညာရွှေ့လိုက်၏။ မကြာမီ၌ လက်ဝါးအရွယ်အစားခန့်ရှိ တောက်ပနေသော အဆောင်များပေါ်လာပြီး ယင်းတို့ကို အဖြူရောင်စုတ်တံဖြင့် ရေးလိုက်၏။ တစ်ချိန်တည်းတွင် သူ၏ ခြေလှမ်းလှုပ်ရှားတာ မရပ်တန့်ပေ။

ထိုစဉ် လန်ရှီဟယ်က လုကျိုးကို သတိပေးလိုက်၏။

“မျှော်နန်းသခင်လု ဂရုစိုက်မှရမယ်။ မင်းဆရာက ကွန်ဖြူးရှပ်၊ ဗုဒ္ဓဘာသာနဲ့ တာအိုကျောင်းတွေရဲ့ ကျင့်စဉ်ကို အလွန်ကျွမ်းကျင်တယ်။ ဒီအဆောင်တွေက မိုးမြေရဲ့အဆီအနှစ်ကို စုစည်းပြီးတော့ ကြယ်တာရာဒိုင်ခွက်ထဲ ပို့ပေးနေတာ။ ဒီတော့ သူ့ရဲ့ခွန်အားက အရင်ကထက်ပိုပြီးကောင်းလာမှာပဲ။ ဘာလို့ဆိုရင် သူက အဖြူရောင်မျှော်စင်ကို အလွယ်တကူ ဆွဲချနိုင်တယ်”

လက်ရှိတွင် လန်ရှီဟယ်နှင့် ကုန်းစွန်းရန်ရွှမ်းတို့၏ ယခင်တိုက်ကွက်ဖလှယ်မှုရလဒ်ကြောင့် အက်ကွဲကြောင်းများကို ပြုပြင်ခဲ့ပြီးဖြစ်သည်။ ပေတစ်သောင်းခန့်ရှိသော မျှော်စင်သည် အချိန်၏တိုက်စားမှုကို ခံနိုင်ရည်ရှိခဲ့ခြင်းမှာ အဖြူရောင်မျှော်စင်ထဲတွင် ရှိနေသည့် ထူးခြားသော တာအိုသင်္ကေတများကြောင့် ဖြစ်သည်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းထဲရှိ တာအိုသင်္ကေတ ၃၆၀၀နှင့် ယှဉ်လျှင် သိသိသာသာအနိုင်ရသူမရှိပေ။ ယင်း၌ ကောင်းကျိုးကိုယ်စီရှိကြပေ၏။ ထိုစဉ် အဖြူရောင်အဆောင်များသည် လေ့ကျင့်ရေးခန်းမ၏တစ်ဝက် ပြည့်သွားပြီဖြစ်သည်။

ဝှစ် ဝှစ် ဝှစ် ဝှစ်

အဖြူရောင်အဆောင်များက လေပွေထဲ ဆွဲယူခံရသည့်ပမာ ကြယ်တာရာဒိုင်ခွက်ဆီ ပျံသန်းသွားတော့သည်။

လုကျိုးက ကုန်းစွန်းရန်ရွှမ်းကို စိတ်ဝင်တစားကြည့်နေလေ၏။ သူ၏လက်ကို မြှောက်လိုက်ပြီးနောက် ပြန်ချလိုက်သည်။ သူက မျောက်တစ်ကောင် ကိုယ်ခံပညာထုတ်ပြနေတာကို ကြည့်နေရသလိုပင်။

အဖြူရောင်အဆောင်များ ကြယ်တာရာဒိုင်ခွက်ထဲ ဝင်သွားပြီးနောက် သူ၏ကြယ်တာရာဒိုင်ခွက်ကို ဘောလုံးလေးတစ်လုံးအရွယ်အစားထိ ကြီးသွားစေ၏။

ဖြစ်စဉ်တစ်ခုလုံးက အသက်ရှိုက်စာတစ်ခုသာ ကြာခဲ့သည်။ သို့သော် လုကျိုးက ယင်းကို ဂရုတစိုက်ကြည့်မိသွား၏။

ကြယ်တာရာဒိုင်ခွက်သည် နှင်းဘောလုံးအရွယ်အစားထိ တောက်ပသော အဖြူရောင်အလင်းဖြင့် ကျုံ့သွားပြီးနောက် ကုန်းစွန်းရန်ရွှမ်းက ပြောလိုက်သည်။

“ကျုပ် တမင်တကာ အရှိန်လျော့ထားတာ။ ဒါမှ မျှော်နန်းသခင်လုကို သရုပ်ပြနိုင်မှာလေ။ မျှော်နန်းသခင်လု အဆင်သင့်ဖြစ်ပြီလား”

လုကျိုးက ပြောလိုက်၏။ “မိုးနဲ့မြေရဲ့အဆီအနှစ်ကို ဒါမျိုးသုံးတာက ဖြုန်းတီးရာရောက်တာပဲ”

“ကျေးဇူးပြုပြီး အကြံပေးပါ” ကုန်းစွန်းရန်ရွှမ်းက ပြောပြီးသည်နှင့် လှုပ်ရှားလိုက်ရာ ပုံရိပ်ယောင်တစ်ခု ကျန်ရစ်ခဲ့လေ၏။ သူသည် လုကျိုးက လှုပ်ရှားရန်ရည်ရွယ်ချက်မရှိကြောင်း သတိပြုမိလိုက်သောအခါ အခဲမကြေသလို ခံစားလိုက်ရသည်။ ဆိုရလျှင် သူက မွေးဖွားဇယားချပ် ၁၂ခုရှိ၏။ သူ့ကိုလျော့တွက်တာ မည်ကဲ့သို့ သည်းခံနိုင်မည်နည်း။

ကုန်းစွန်းရန်ရွှမ်းက လက်နှစ်ဖက်ယှက်လိုက်ပြီးနောက် ရှေ့သို့တွန်းထုတ်လိုက်သည်။

အဖြူရောင်အလင်းက လေ့ကျင့်ရေးခန်းမထဲတွင် ဖျတ်ခနဲလင်းသွားတော့သည်။

ထိုစဉ် လုကျိုးက ရုတ်တရက်ခဲသွားပုံပေါ်၏။ သူ၏ စွမ်းအင်ဗဟိုချက် ချီပင်လယ်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ သူ ထိမိသွားပြီမှန်း ရုတ်တရက် သတိပြုမိသွား၏။ ဒီတစ်ခေါက် သူ လွန်လွန်းသွားပြီလား။

ဝှစ်

မျက်စိကျိန်းလောက်သည် အဖြူရောင်အလင်း ပေါက်ကွဲမှုသည် လေ့ကျင့်ရေးခန်းမထဲ၌ ကနဦးချီများ ဝေ့တက်လာစေသည်။ လေပြင်းများတိုက်ခတ်လာပြီး တာအိုသင်္ကေတများ မှိတ်တုတ်မှိတ်တုတ်ဖြစ်ကုန်၏။

လန်ရှီဟယ်က အင်္ကျီလက်ကို ဝေ့ယမ်းကာ တာအိုသင်္ကတေများဖြင့် လေ့ကျင့်ရေးခန်းမထဲရှိ အနေအထားကို တည်ငြိမ်အောင် လုပ်လိုက်၏။ သူမက လှမ်းခေါ်လိုက်ကာ အားနည်းနေတာ သိသာနေပြီး ဆက်လက်တိုက်ခိုက်နိုင်စွမ်းမရှိတော့ပေ။

“မျှော်နန်းသခင်လု”

ကုန်းစွန်းရန်ရွှမ်းတောင် ဒီအကွက်က အစွမ်းထက်သည်ဟု ခံစားမိသည်။ သူ၏အမြင်တွင် လန်ရှီဟယ်က သူမ အထွတ်အထိပ်တွင် ရှိနေလျှင်တောင် ဤအကွက်ကို သတိထားဖြေရှင်းရလိမ့်မည်။

အလင်းပျောက်ကွယ်သွားပြီးနောက် ကုန်းစွန်းရန်ရွှမ်းက သူ၏လက်ကိုရုတ်ကာ ရှေ့ကို ကြည့်လိုက်၏။

“...”

လုကျိုးသည် ယခင်ကနှင့် တူညီသည့်နေရာ တူညီသည့်ပုံစံအတိုင်း ရှိနေသေးဆဲဖြစ်သည်။ ယခုအချိန်၌ သူ့စိတ်ထဲ ဘာတွေးနေမှန်း မည်သူမှမသိ။

ဒီထူးဆန်းတဲ့ ခံစားချက်က ဘာလဲ။ ငါ့ရဲ့စွမ်းအားဗဟိုချက် ချီပင်လယ်က ဘာကြောင့် ပိတ်ဆို့ခံလိုက်ရတာလဲ။

လုကျိုးသည် သူ၏အတိုက်အခိုက်ဒဏ်ပြင်းကာကွယ်ကတ်များကို ကြည့်ပြီး တစ်ခုလျော့သွားတာကို တွေ့သွား၏။ ယခုအချိန်တွင် သူက မည်သည့်ခုခံခြင်းမှ မရှိပေ။ အလွန်ဆုံးမှ သူသည် ခန္ဓာတည်ဖွဲ့ခြင်းအဆင့်၏ နဝမအဆင့်တွင်ရှိသောကျင့်ကြံသူတစ်ယောက်နှင့်သာ ယှဉ်နိုင်၏။

တစ်ဖက်တွင်မူ ကုန်းစွန်းရန်ရွှမ်းက ထိတ်လန့်သွားတော့သည်။ လုကျိုး ထိခိုက်ဒဏ်ရာရတာကို မမြင်ရသောအခါ သူ့ရင်ထဲ၌ အဆင်မပြေသော ခံစားချက်က ပေါ်လာသည်။

ဘာမှားသွားတာလဲ ... ကုန်းစွန်းရန်ရွှမ်းက မယုံနိုင်ဖြစ်နေ၏။ တစ်စုံတစ်ခုမှားသွားတာဖြစ်ရမည်ဟု သူ ယုံကြည်နေသည်။ သူက နောက်သို့ခြေတစ်လှမ်းတိုးပြီး မီတာဒါဇင်ချီနောက်ဆုတ်လိုက်သည်။ ပြီးနောက် လက်နှစ်ဖက်ဖြန့်လျက် ကျယ်လောင်စွာပြောလိုက်၏။

“ဆေးရည်ရဲ့အာနိသင်က ဒီမှာရှိနေသေးတယ်။ လက်တစ်ထောင်ဗုဒ္ဓစည်းတံဆိပ်”

ကုန်းစွန်းရန်ရွှမ်း၏ ကြယ်တာရာဒိုင်ခွက်က သူ၏ခန္ဓာကိုယ်ကို ကာထားသည်။ တစ်ချိန်တည်းတွင် လက်ဝါးစည်းတံဆိပ်စက်ဝန်းက ကြယ်တာရာဒိုင်ခွက်နားတဝိုက်ပေါ်လာ၏။ ပြီးနောက် သူသည် မိုးကြိုးပမာ ပစ်ခတ်တော့သည်။

ယခုအချိန်၌ လုကျိုးက သူ ကြုံတွေ့ရသည့် ပြဿနာကို စဉ်းစားတွေးတောနေဆဲဖြစ်သည်။ သူသည် စွမ်းအားဗဟိုချက်ချီပင်လယ်ထဲရှိ ကနဦးချီကို လှုပ်ရှားရန် ကြိုးပမ်းသော်ငြား ပိတ်ဆို့မခံရတော့ကြောင်း ရှာတွေ့သွား၏။

ယခုအခေါက်တွင် လက်တစ်ထောင်ဗုဒ္ဓစည်းတံဆိပ်က ကျရောက်လာသည်။ သူ လုပ်နိုင်သည့် ကနဦးချီပမာဏက နည်းပါးလွန်း၏။

ဖုန်း

ဝေဟင်မှ မရေမတွက်နိုင်သော ဗုဒ္ဓစည်းတံဆိပ်များ ကျလာ၏။ တစ်ချိန်တည်းတွင် အဖြူရောင်မျှော်စင်မှ အက်ကွဲသံများလည်း ပေါ်လာလေ၏။

ကုန်းစွန်းရန်ရွှမ်း၏ မျက်လုံးက ဒေါသကြောင့် ပြူးကျယ်လာတော့သည်။ သူ၏လက်ကို ပြန်ရုတ်သိမ်းပြီး လှုပ်ရှားမှုမရှိဘဲ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်၏။

“မဟုတ်ဘူး”

ကုန်းစွန်းရန်ရွှမ်းက လေထဲပျံသန်းလျက် သူ၏ကြယ်တာရာဒိုင်ခွက်ဖြင့် ခမ်းနားသောကျင့်စဉ်ကို သုံးလိုက်သည်။ မွေးဖွားဇယားချပ် ၁၂ခု တပြိုင်နက်တည်း လင်းထိန်လာ၏။

ဖုန်း

တိုက်ခိုက်မှုက အဖြူရောင်မျှော်စင်ကို ဖြတ်ကျော်သွားတော့သည်။

လုကျိုးက မလှုပ်ရှားသေးပေ။ သူသည် မရသောတောင့်တစ်ထောင့်နှင့် တူသည်။ ပုံမှန်အတိုင်း သူက တည်ငြိမ်နေ၏။ ကုန်းစွန်းရန်ရွှမ်း၏ နှလုံးခုန်နှုန်းက မြန်လွန်းသဖြင့် သူ့နှလုံးခုန်သံကိုတောင် ကြားနေရသည်။ သူ၏မဟာနည်းစနစ်ကို ဆက်တိုက်ရွတ်ဆိုနေ၏။ သူ၏အကွက်တိုင်းက ပြီးပြည့်စုံပြီး နှစ်ပေါင်းထောင်ချီကျင့်ကြံထားမှု၏ရလဒ်ကို ပြသနေသည်။

မဟာနည်းစနစ်သည် ကွန်ဖြူးရှပ်၊ ဗုဒ္ဓနှင့် တာအိုကျောင်းများမှ အကောင်းဆုံးကျင့်စဉ်များနှင့် ပေါင်းစည်းထားလျက် ဆယ်ကြိမ်အသုံးပြုနိုင်သည်။ တိုက်ခိုက်မှုက လုကျိုးပေါ် ကျရောက်သွားစဉ် ကောင်းကင်ကို လွှမ်းထားသည်ဟု ထင်မှတ်ရသည်။

ဖုန်း ဖုန်း ဖုန်း

အဖြူရောင်မျှော်စင်က အက်ကွဲလာလေ၏။ သို့သော် အက်ကွဲကြောင်းများ လျင်မြန်စွာ ပြုပြင်ပြီးသွားပြီဖြစ်သည်။ ထိုသို့ ထပ်တလဲလဲအက်ကွဲကြောင်းများပေါ်လာကာ ပြုပြင်ပြီးသွားဖြစ်လိမ့်မည်။ ကမ္ဘာမြေက တုန်လှုပ်လျက် အနားရှိနှင်းတောင်တန်းသည်လည်း ပြင်းထန်သော တုန်လှုပ်မှုကြောင့် ယိမ်းခါနေသည်။

ယခုအခေါက်တွင် ကုန်းစွန်းရန်ရွှမ်းက သူ၏အစွမ်းထက်ဆုံးတိုက်ကွက်အားလုံးနည်းပါး အသုံးပြုခဲ့ပြီးဖြစ်သည်။ သူ့ရှေ့ရှိလူငယ်ကို ကြည့်နေစဉ် သူ၏မျက်လုံးက သွေးနီရောင်သန်းနေ၏။ ဒီလူငယ်က တကယ်ပဲ မိစ္ဆာဝေဟင်မျှော်နန်းရဲ့မျှော်နန်းသခင်လား။ တစ်စုံတစ်ခု လွဲချော်နေသည်ဟု သူ ခံစားမိသော်ငြား မတွေးနိုင်ပေ။ ခဏကြာပြီးနောက် သူက ပြုံးလိုက်၏။

“နောက်ဆုံးအကွက်”

ဤအကွက်သည် ယခင်တိုက်ကွက်များနှင့် မတူညီပေ။ ဤတိုက်ကွက်က ဆက်လက်ဖြစ်ပွားနေသည်။ စွမ်းအင်ဓားက လေထဲပေါ်လာ၏။

အဖြူရောင်အဆောင်များပေါ်ပေါက်လာချိန်တွင် ကုန်းစွန်းရန်ရွှမ်းက ကြယ်တာရာဒိုင်ခွက်ကို လှုပ်ရှားလိုက်ပြီး သူက ထိုက်ကျိကစားနေပုံပေါ်သည်။ သူ လှုပ်ရှားနေစဉ် စွမ်းအင်ဓားသွားများ ပိုမိုပေါ်ပေါက်လာ၏။ မကြာမီ၌ စွမ်းအင်ဓားတို့သည် လေ့ကျင့်ရေးခန်းမတစ်ခုလုံး ပြည့်သွားတော့သည်။

ဝှစ် ဝှစ် ဝှစ်

ကုန်းစွန်းရန်ရွှမ်းနား၌ စွမ်းအင်ဓားများ ပျံဝဲနေစဉ် သူက အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် သူ၏ခေါင်းပေါ် ကြယ်တာရာဒိုင်ခွက်ကို မြှောက်တင်လိုက်သည်။ တစ်ချိန်တည်းတွင် စွမ်းအင်ဓားများက တစ်တန်းတည်း စီတန်းသွားပြီးနောက် ပစ်လွှတ်လိုက်တော့၏။

ဝှစ် ဝှစ် ဝှစ်

လုကျိုးက မျက်မှောင်ကျုံ့မိသွားသည်။

“တိုက်ခိုက်ဖို့အတွက် မင်းရဲ့ခွန်အား အကုန်သုံးခဲ့ပေမဲ့ ငါ တစ်ခုမှတောင် မလှုပ်ရှားရသေးဘူး”

ပြီးနောက် လုကျိုးသည် သူ၏လက်ကို မြှောက်ပြီးနောက် တွန်းထုတ်လိုက်၏။ အပြာရောင်ကြောက်ရွံ့ခြင်းမဲ့မဟာစည်းတံဆိပ်က ပေါ်ထွက်လာသည်။

ဖုန်း

ကုန်းစွန်းရန်ရွှမ်း၏ စွမ်းအင်ဓားက ချက်ချင်းပျောက်ကွယ်သွားတော့သည်။ သူက အငိုက်မိသွားကာ ချက်ချင်းတွန်းထုတ်ခံလိုက်ရ၏။ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားပါသော စည်းတံဆိပ်က သူ၏မျက်နှာပေါ်နှင့် ရင်ဘတ်ပေါ် ပြင်းထန်စွာကျရောက်လာသည်။ ကြောက်ရွံ့မှုကြောင့် သူ မျက်လုံးအပြုးသားဖြစ်သွား၏။ သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်ရန်ကြိုးစားကာ သူ တစ်ပတ်လည်သွားတော့သည်။ သူ နောက်ဆုံး မြေပြင်ပေါ်ဆင်းသက်ချိန်တွင် တစ်ချက်ငြီးတွားလိုက်ပြီး နောက်သို့ဆုတ်သွားလေ၏။ တစ်ချိန်တည်းတွင် နှုတ်ခမ်းထောင့်မှ သွေးက စီးကျလာတော့သည်။

အစကနေအဆုံးအထိ လုကျိုးက တစ်ကွက်သာ အသုံးပြုခဲ့၏။ ရိုးရှင်းပြီး ဟန်မဆောင်တတ်သည့် ဗုဒ္ဓ၏မဟာကြောက်ရွံ့ခြင်းမဲ့တံဆိပ်တော်။

ဤနည်းဖြင့် ကုန်းစွန်းရန်ရွှမ်းက တိုက်စစ်မှခံစစ်အဖြစ်ပြောင်းလိုက်ရသည်။ သူက ထိုက်ကျိအကွက်များ ထပ်သုံးပြီး တာအိုစည်းတံဆိပ်တစ်ခုကို ဖွဲ့တည်လိုက်၏။

“ကျုပ် ခုခံမယ်။ ခင်ဗျားတိုက်ခိုက်”

“ဟန်များလွန်းတယ်။ ဒါပေမဲ့ အသုံးမဝင်ဘူး”

လုကျိုးသည် ကုန်းစွန်းရန်ရွှမ်းကဲ့သို့ သက်ရှိပစ်မှတ်များကို အကြိုက်ဆုံးဖြစ်သည်။ သူက အမြန်လှုပ်ရှားကာ အထွတ်အထိပ်ဆန်းကြယ်စွမ်းအား၏ စည်းတံဆိပ်ဖြင့် အဖြူရောင်တာအိုစည်းတံဆိပ်ကို ပစ်ခတ်လိုက်သည်။

ဂျွတ်

တာအိုစည်းတံဆိပ်က ချက်ချင်းပြိုကွဲသွား၏။ အပြာရောင်စည်းတံဆိပ်က ချက်ချင်း ကုန်းစွန်းရန်ရွှမ်း၏ခုခံမှုကို ချိုးဖြတ်ပြီးနောက် သူ၏ရင်ဘတ်ကို ထိသွားတော့သည်။ သူက လေ့ကျင့်ရေးခန်းမအပြင်ဖက်သို့ ချက်ချင်းလွင့်ထွက်သွားလေ၏။

ဘန်း

အဖြူရောင်မျှော်စင်၏တာအိုသင်္ကေတများသည် ကုန်းစွန်းရန်ရွှမ်းက နံရံကို တိုးဝင်သွားချိန်တွင် ထိခိုက်မှုကို အချိန်မှီမပြုပြင်နိုင်ခဲ့ပေ။

ဖုန်း

ဤနည်းဖြင့် ကုန်းစွန်းရန်ရွှမ်းက ၈၁လွှာမှ ပြုတ်ကျပြီး နှင်းများလွှမ်းနေသော မြေပြင်ပေါ် ပြုတ်ကျသွားတော့၏။ သူ၏ခြေလက်လေးဖက်လုံးကားယားဖြစ်နေကာ ကောင်းကင်ကို မျက်နှာမူနေလေ၏။ သူ၏ခန္ဓာကိုယ်က တုန်ယင်နေပြီး သူ၏မျက်နှာပေါ် တစ်ပွင့်ပြီးတစ်ပွင့်ကျလာသောနှင်းများကို ကြည့်နေမိသည်။

…

အခန်း၁၀၇၀ လျော်ကြေး

ကုန်းစွင်းယွမ်ရွှမ်က တာ့မင်၏ တော်ဝင်မင်းဆရာတစ်ယောက် ဖြစ်ပေသည်။ သူက လွန်ခဲ့သည့် နှစ်၂ထောင်ခန့်ကတည်းက မွေးဖွားဇယားချပ် ၁၂ခုရှိထားသည့် နာမည်ကျော် ကျင့်ကြံသူတစ်ဦး ဖြစ်၏။ တာ့မင်၏ နောက်ထပ် ပညာရှင်တစ်ယောက်ပါ ထည့်ပေါင်းလိုက်လျှင် သူတို့ကို တာ့မင်၏ အမွှာသူတော်စင် ၂ပါးဟု သိကြသည်။ အဖြူရောင်ကြာ နယ်မြေအတွင်း အနည်းဆုံး မွေးဖွားဇယားချပ် ၁၂ခု ရှိသည့်သူများကသာ လန်ရှီဟယ်အား အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ လေ့ကျင့်ရေးအခန်းအတွင်း စိန်ခေါ်ရဲကြသည်။

တာ့မင်၏ တော်ဝင်ခုံးရုံးက လန်ရှီဟယ်သည် ဒဏ်ရာရထားပြီး ဒဏ်ရာများက မနည်းကြောင်း သိသည့်အခါ အဖြူရောင်မျှော်စင်အဖွဲ့အစည်းကိုနှိမ်နင်းဖို့ရာ အခွင့်ကောင်းဟု တွေးခဲ့ကြသည်။ ထို့အပြင် အဖြူရောင်မျှော်စင်အဖွဲ့အစည်းက မိစ္ဆာဝေဟင် မျှော်နန်းနှင့် မတည့်သည့်အကြောင်း ကောလဟာလများပင် ထွက်နေလေ၏။

ထိုအရာအပြင် အနက်ရောင်မျှော်စင် အဖွဲ့အစည်း၏ မျှော်စင်၇ခုက လတ်တလော ဖျက်ဆီးခံလိုက်ရပြီး မျှော်စင်သခင်ကလည်း ပြန်လည်အားဖြည့်နေရသည်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းကို နမူနာထားကာ အလင်းနှင့်အမှောင် မဟာမိတ်နှင့် တာ့ယွမ်၏ တော်ဝင်ခုံရုံးတို့က အကျိုးအကြောင်းမသင့် မလှုပ်ရှားရဲကြပေ။ ထိုအချက်များကြောင့် သူတို့သည် အဖြူရောင်မျှော်စင်အဖွဲ့အစည်းကို နှိမ်နင်းဖို့ရာ ရွှေရောင်အခွင့်အရေးဟု တွေးထင်ခဲ့ကြသည်။

သို့သော် တာ့မင်၏ တော်ဝင်ခုံရုံးက ရှုံးနိမ့်သွားလေ၏။

နှင်းပွင့်များက ကုန်းစွင်းယွမ်ရွှမ်၏ ပါးပြင်အထက် ရေပေါက်များသဖွယ် ပျော်ကျကာ စီးဆင်းလာသည်။ ထိုအရာက ပုရွက်ဆိတ်များ တွားသွားသလို ခံစားနေပြီး အေးစက်ကာ ယားကျိနေ၏။

အရိုးခိုက်လုမတတ် အအေးဓာတ်က သူ့အတွင်းအင်္ဂါများအထိ စိမ့်ဝင်ထိုးဖောက်လာသည်။ လုကျိုး၏ ရိုက်ချက်မှ ကျန်ရှိနေသည့် စွမ်းအားက သူ့ကို မလှုပ်မယှက် ဖြစ်သွားစေသည်။ ယာယီ ထုံထိုင်းနေမှုက နာကျင်မှုကို ဖြည်းဖြည်းချင်း ဝေဒနာကြီးမားစွာ ခံစားနေရသည်။ ဤသို့ ခံစားဖူးသည့် နောက်ဆုံးအချိန်မှာ ကြာမြင့်လှပြီ ဖြစ်၏။

ကုန်းစွင်းယွမ်ရွှမ်၏ အတွေးများက ဖရိုဖရဲ ဖြစ်လာသည်။ သူက နာကျင်မှုကို အလေးထားကာ ဤခံစားချက်ကို မှတ်မိလိုသည်။ နာကျင်မှုက သူသည် မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးလိုက်ရသည့် အကြောင်းအရာနှင့် ဘာမှ မယှဥ်နိုင်ပေ။

ဤသည်က မှန်ပေ၏။ သူက လေ့ကျင့်ရေးခန်းမမှ လွင့်စင်ထွက်သွားစဥ် သူ့ကြယ်တာရာဒိုင်ခွက်ရှိ တြိဂံတစ်ခုက မှေးမှိန်သွားခဲ့သည်။ ထိုအရာက သေခြင်းတရားထက်ပင် ပိုမိုဆိုးရွားလှ၏။

လုကျိုးက တည်တည်ငြိမ်ငြိမ် ကျန်ရှိနေသည်။ သူက ဤမြင်ကွင်းနှင့် ပတ်သက်ပြီး မထူးဆန်းတော့ပေ။ ထို့အပြင် သူက မွေးဖွားဇယားချပ် တစ်ခုကိုသာ ဖျက်ဆီးပစ်ခဲ့ပြီး ကုသိုလ်ရမှတ် ၆၀၀၀ ရရှိလိုက်၏။ ဘာမှ ထုတ်ပြောနေစရာ မလိုအပ်ပေ။ လက်ဝါးချက်က အထွတ်အထိပ်စွမ်းအား ပါဝင်နေသည့်အတွက် မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးပစ်နိုင်သည်က ထင်မှတ်ထားပြီးသားသာ ဖြစ်၏။

တစ်ခြားတစ်ဖက်တွင် စီးဝူယာ့နှင့် လန်ရှီဟယ်တို့က အံ့အားသင့်နေကြသည်။

လန်ရှီဟယ်က သူမ၏ စွမ်းအား အထွတ်အထိပ်သို့ ရောက်နေလျှင်ပင် ဤသို့ မလုပ်ဆောင်နိုင်ကြောင်း ကောင်းကောင်းသိထား၏။ သူမအနေဖြင့် မလှုပ်မယှက်နေပြီး ကုန်းစွင်းယွမ်ရွှမ်အား မဟာနည်းစနစ် ထုတ်သုံးစေဖို့ ခွင့်မပြုနိုင်ပေ။ အဆုံးသတ်တွင် သူမက မနေနိုင်ဘဲ လက်ခုပ်တီးလိုက်သည်။

“အံ့သြဖို့ကောင်းလိုက်တာ”

ထိုစဥ် လန်ရှီဟယ်၏ အခြေအနေက အနည်းငယ် တိုးတက်လာသည်။ ကြည့်ရသည်မှာ သူမ၏ စိတ်အခြေအနေ ‌ကောင်းနေမှုကြောင့် ဖြစ်နိုင်သည်။

ထိုစဥ် စီးဝူယာ့၊ အပြာဝတ်အမျိုးသမီးနှင့် တစ်ခြားသောအမျိုးသမီး အစေခံများက လက်ရန်းဆီ ရောက်လာကာ ကုန်းစွင်းယွမ်ရွှမ်ကို ငုံ့ကြည့်လိုက်ကြသည်။

“တော်သင့်ပြီ”

စီးဝူယာ့က ၈၁ လွှာမြောက်မှ သူ့အသံကို ထုတ်လွှတ်လိုက်၏။

ကုန်းစွင်းယွမ်ရွှမ်က ထိုစကားကို ကြားသည့်အခါ ရင်ဘတ် တင်းကြပ်လာပြီး သွေးတစ်ပွက် အန်လိုက်ရသည်။

ရင်းနှီးနေတဲ့ စကားတွေပဲ...

ထိုအရာက သူ့ကို လှောင်ပြောင်နေသလိုမျိုး ဖြစ်နေသည်။ အကယ်၍ သူသာ စောစောစီးစီး နားထောင်ခဲ့ပါက ဤအခြေအနေ မည်သို့ အဆုံးသတ်သွားမည်နည်း။

“တက်လာခဲ့ပါ”

စီးဝူယာ့က လေ့ကျင့်ရေးအခန်းဆီ ပြန်လျှောက်မသွားခင် ပြောလိုက်သည်...

အဖြူရောင်မျှော်စင်အောက်...

အဖြူဝတ်ကျင့်ကြံသူများစွာက မြေကြီးပေါ် ခြေကားယား လက်ကားယားဖြစ်နေသည့် ကုန်းစွင်းယွမ်ရွှမ်ကို ကြည့်နေကြသည်။ ထိုစဥ် နဥ်ဝမ်ချင်းက အဖြူဝတ်ကျင့်ကြံသူလူအုပ်ကြားမှ ထွက်လာကာ မေးလိုက်၏။

“တော်ဝင်မင်းဆရာ အဆင်ပြေရဲ့လား”

ကုန်းစွင်းယွမ်ရွှမ်က နဥ်ဝမ်ချင်းကို လျစ်လျူရှုထားလေသည်။ သူက သူ့ဘာသာသူ ထကာ နဥ်ဝမ်ချင်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

“မင်းကလည်း ငါ့ကို လာပြီးလှောင်တာလား”

“ကျုပ်က အဲ့လိုလူ မဟုတ်ပါဘူး” နဥ်ဝမ်ချင်းက ပြောလိုက်သည်။

“ကျုပ်က တော်ဝင်မင်းဆရာအတွက် စိတ်မကောင်းလို့ပါ”

ကုန်းစွင်းယွမ်ရွှမ်က အေးစက်စွာ လှောင်ပြောင်လိုက်သည်။

“ကြောင်သူတော် ဆန်မနေစမ်းပါနဲ့။ ငါ့ကို အနိုင်ပိုင်းတဲ့သူက မင်းရဲ့ မျှော်စင်သခင် မဟုတ်ဘဲနဲ့ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်လုပဲ”

“မျှော်နန်းသခင်လုမှန်း ကျုပ် သိပါတယ်” နဥ်ဝမ်ချင်းက မျက်လုံးကန်းနေလေသည်။ သူက သူတို့ကို မမြင်တွေ့ရသဖြင့် သွင်ပြင်ကြောင့် ဘယ်တော့မှ အကဲဖြတ်မည် မဟုတ်ပေ။

“အဖြူရောင်မျှော်စင်အဖွဲ့အစည်းနှင့် မိစ္ဆာဝေဟင်မျှော်နန်းက အတူတကွ လျှို့ဝှက်ကြံစည်ထားတာ ကြာပြီလား”

“တကယ်လို့ ခင်ဗျား အသက်ရှည်ရှည်နေချင်ရင် ခင်ဗျားကိုယ် ခင်ဗျား ချုပ်ထိန်းထားဖို့ အကြံပေးလိုက်မယ်။ ခင်ဗျားကို ဒီလိုပြောနေရတာ ဝက်တစ်ကောင်နဲ့ ပြောနေရသလိုပဲ။ ခင်ဗျားက တာ့မင်ရဲ့ တော်ဝင်မင်းဆရာတစ်ယောက်ဖြစ်ပြီးတော့ မွေးဖွားဇယားချပ်၁၂ခု ပညာရှင်လေ။ တစ်ကယ်လို့ ဒေါသက ခင်ဗျားရဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ထင်နေရင် လုပ်လက်စကို ဆက်လုပ်လိုက်ပေါ့”

နဥ်ဝမ်ချင်းက ပြောလိုက်သည်။ ကုန်းစွင်းယွမ်ရွှမ်းက နဥ်ဝမ်ချင်းက သူ့ကို ဝက်တစ်ကောင်လို့ ပြောသောအခါ ဒေါသထွက်လုမတက် ဖြစ်သွားလေ၏။ သို့သော် နဥ်ဝမ်ချင်း၏ စကားကို ဆက်နားထောင်ပြီးသည့်နောက်တွင် ရေခဲရေနှင့် လောင်းချခံလိုက်ရသလို ခံစားရ၏။ ပုံမှန်အားဖြင့် ဒေါသသည် ဤပြဿနာကို ဖြေရှင်းမပေးနိုင်ကြောင်း သိထားသည်။

ခဏအကြာတွင် ကုန်းစွင်းယွမ်ရွှမ်က ထရပ်လိုက်သည်။ သူက ခန္ဓာကိုယ်မှ နှင်းများကို ခါလိုက်ပြီး အဖြူရောင်မျှော်စင်ကို မော့ကြည့်လိုက်သည်။ ကုန်းစွင်းယွမ်ရွှမ်က တည်ငြိမ်သွားသည်ကို ခံစားမိပြီးသည့်နောက်တွင် နဥ်ဝမ်ချင်းက ပြောလိုက်၏။

“ခင်ဗျားအတွက် အကြံတစ်ခု ပေးရအုံးမယ်”

“ပြော”

ကုန်းစွင်းယွမ်ရွှမ်က ပြောလိုက်သည်။

“မိစ္ဆာဝေဟင်မျှော်နန်းကို ပုံမှန်ကိစ္စရပ်တွေနဲ့ အကဲမဖြတ်နဲ့။ သူတို့က ခင်ဗျား ထင်ထားတာထက် ပိုပြီးတော့ အားကောင်းတယ်။ အရှင်းဆုံးပြောရရင် ကျုပ်က ခင်ဗျားကို သေစေချင်တာ။ ဒါပေမဲ့ အခု အဲ့ဒီ့ကိစ္စက အဖြူရောင်မျှော်စင် အဖွဲ့အစည်းအတွက်လည်း အကျိုးရှိမှာ မဟုတ်ဘူး။ ဂရုစိုက်ပါ”

နဥ်ဝမ်ချင်းက ပြောပြီးသည့်နောက်တွင် ထွက်ခွာသွားသည်။ ကုန်းစွင်းယွမ်ရွှမ်က ငေးမောနေလေ၏။ သူက အငယ်တစ်ယောက်ဆီမှ အဆူခံပြီးသည့်နောက်တွင် ဆွံ့အနေမိသည်။

..................

လေ့ကျင့်ရေးအခန်းအတွင်း

လန်ရှီဟယ်က လုကျိုး၏ ကျောဘက်ကို ကြည့်ကာ မေးလိုက်သည်။

“ဘယ်ဟာက ရှင့်ရဲ့ သွင်ပြင်အစစ်လဲ”

လုကျိုးက လှည့်ကာ ပြောလိုက်၏။

“အဲ့ဒါက အရေးမကြီးဘူး”

စီးဝူယာ့က သူ့ရှစ်စွင်းအစား ဝင်ကူပြောပေးလိုက်သည်။

“မျှော်စင်သခင်လန် ဘာလို့ ယုံကြည်ဖို့ ခက်ခဲနေရတာလဲ။ ခင်ဗျားကလည်း ငယ်ရွယ်မှုကို ထိန်းထားနိုင်တာပဲလေ။ ခင်ဗျားထက် ကျင့်ကြံဆင့်နိမ့်တဲ့ ကျုပ်ရှစ်စွင်းက အတူတူ မလုပ်နိုင်ဘူးလို့ ထင်နေတာလား”

လန်ရှီဟယ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“မင်း ပြောတာ ဟုတ်တယ်။ ဒီလိုမျိုး ရုတ်တရက်အပြောင်းအလဲကို နေသားကျဖို့က နည်းနည်းတော့ ခက်ခဲတယ်လေ”

လန်ရှီဟယ်က ထိုကိစ္စကို ဆက်လက်မမေးတော့ပေ။

သူမက လူတစ်ယောက်၏ သွင်ပြင်နှင့် တိုင်းတာလို့ မရလောက်အောင် ကြာမြင့်စွာ နေထိုင်ခဲ့ပြီးသူ ဖြစ်၏။ သူမက ငယ်ရွယ်ဟန်ပေါ်သော်လည်း လူများစွာက သူမအား နှစ်တစ်သောင်းကြာ နေထိုင်ခဲ့သည့် စုန်းမအိုကြီးသဖွယ် ဆက်ဆံကြလေသည်။ နောက်ဆုံးတွင် သူမက မေးလိုက်လေ၏။

“မျှော်နန်းသခင်လု ဘာလို့သူ့ကို မသတ်လိုက်တာလဲ။ မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးပြီးတဲ့နောက်မှာ သူက ရှင့်အပေါ် သေချာပေါက် အငြိုးထားမှာပဲ”

လုကျိုးက အထွတ်အထိပ် ဆန်းကြယ်စွမ်းအား အားလုံးကို သုံးစွဲပြီးပြီ ဖြစ်၏။ သူက ကုန်းစွင်းယွမ်ရွှမ်ကို သတ်ဖို့ရာ အသုံးပြုပစ္စည်းကတ်များကို ထုတ်သုံးဖို့က ထိုက်တန်သည်ဟု မထင်ပေ။ သူက လန်ရှီဟယ်၏ မေးခွန်းကို တိုက်ရိုက်ပြန်မဖြေပေ။

“မဆိုးဘူးပဲ။ မင်းက တစ်ခြားသူရဲ့ လက်ကို ငှားပြီးတော့ ရန်သူကို သတ်ဖို့ကြံနေတာပဲ”

ပထမဦးစွာ လန်ရှီဟယ်က မဟာလေဟာနယ် စွမ်းအား ပါဝင်နေသည့် အပြာရောင်သလင်းကျောက်ကို အသုံးပြုကာ လုကျိုးကို မျှားခေါ်ခဲ့သည်။ ထို့နောက် သူမက သူ့အား ကုန်းစွင်းယွမ်ရွှမ်ကို သတ်ဖို့ လှုံ့ဆော်ခဲ့၏။

လန်ရှီဟယ်က ပြောလိုက်သည်။

“ကျွန်မမှာ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေ ရှိတယ်ဆိုတာကိုတော့ ဝန်ခံပါတယ်။ ဒါပေမဲ့ မျှော်နန်းသခင်လုက ဘေးမှာရပ်ပြီး ဘာမှမလုပ်ဘဲ မနေနိုင်ဘူး မဟုတ်လား”

လုကျိုးက သူမ၏မေးခွန်းကို မတုန့်ပြန်ပေ။ ထိုအစား သူက ပြောလိုက်၏။

“မင်းက အရေးကြီးတဲ့ ပြဿနာကို မမြင်ဘူးပဲ”

“ဘာများလဲ”

“ငါက ကုန်းစွင်းယွမ်ရွှမ်ကို သတ်နိုင်မှတော့ မင်းကိုလည်း သတ်ပစ်နိုင်တယ်”

လန်ရှီဟယ်က ခေတ္တမျှ ဆွံ့အမိသွားသည်။ အကြွင်းမဲ့အင်အားရှေ့တွင် ဥာဏ်များသည့် လှည့်ကွက်များက အသုံးမဝင်သည်မှာ အမှန်တရား ဖြစ်၏။

ထိုစဥ် ကုန်းစွင်းယွမ်ရွှမ်က ၈၁လွှာမြောက်သို့ ပြန်လည်ရောက်ရှိလာသည်။ သူက လက်သီးဆုပ်ကာ လေ့ကျင့်ရေးခန်းအတွင်း မသာမယာ မျက်နှာထားဖြင့် ဝင်ရောက်လာသည်။ သူက လုကျိုးနှင့် ၁၀မီတာအကွာတွင် ရပ်တန့်ကာ ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။

“မျှော်နန်သခင်လု ကျုပ်ကို သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

အကြွင်းမဲ့စွမ်းအားက သံသယအားလုံးကို အလွယ်တကူ ဖယ်ရှားပစ်နိုင်သည်။

ထိုစဥ် ကုန်းစွင်းယွမ်ရွှမ်က အင်မတန် ငယ်ရွယ်နေဟန်ပေါ်သည့် လုကျိုးကို မိစ္ဆာဝေဟင်မျှော်နန်း၏ အား‌ကောင်းသော မျှော်နန်းသခင်အဖြစ် သတ်မှတ်ပြီးသွားပြီ ဖြစ်၏။

“မင်းကို ပေးတဲ့ အကြံကို နားထောင်ခဲ့ရင် ဒီလိုအခြေအနေ ဖြစ်လာမှာ မဟုတ်ဘူး”လုကျိုးက ပြောလိုက်သည်။

“မျှော်နန်းသခင်လု ပြောတာ မှန်ပါတယ်။ ကျုပ်ကို ကျေးဇူးပြုပြီး ချမ်းသာပေးပါ”

ကုန်းစွင်းယွမ်ရွှမ်က နှိမ့်ချစွာ ပြောလာသည်။ သို့သော်လည်း သူက စိတ်ထဲ၌မူ အောင့်အီးသည်းခံနေရ၏။

လုကျိုးက ခေတ္တမျှ စဥ်းစားကြည့်ပြီးသည့်နောက်တွင် မျက်လုံးထောင့်မှ ပြုံးနေသည့် လန်ရှီဟယ်ကို ကြည့်လိုက်သည်။

လန်ရှီဟယ်က အမှန်တစ်ကယ် မရိုးရှင်းလှပေ။ သူ ကြိုးပမ်းထားသမျှ အရာအားလုံးကို သူမအား အခွင့်ကောင်းယူဖို့ မည်သို့ ခွင့်ပြုပေးနိုင်မည်နည်း။

အဆုံးသတ်တွင် သူက တဲ့တိုးသာ ပြောလိုက်သည်။

“မင်း အသက်ရှင်ချင်ရင် မိစ္ဆာဝေဟင်မျှော်နန်းကို မီးတောင်ထွက်အဆီအနှစ် ၁၀၀ ပို့လိုက်”

ကုန်းစွင်းယွမ်ရွှမ်က လုကျိုး၏ စကားကို ကြားသည့်အခါ မျက်လုံးအပြူးသား ဖြစ်သွားလေသည်။ ဤသို့ဖြင့် မီးတောင်ထွက်အဆီအနှစ်၁၀၀ ထုတ်ရမည်လား။

သူ စောစောလေးက ထုတ်ယူလာသည့် အိတ်ထဲတွင် မီးတောင်ထွက်အဆီအနှစ် ၂၀သာ ပါဝင်လေသည်။

မီးတောင်ထွက်အဆီအနှစ်ကို နှစ်များစွာ အုပ်စိုးထားသည့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းပင် အများဆုံး ၁၀၀သာ ထုတ်ပေးနိုင်လိမ့်မည်။

“မျှော်နန်းသခင်လု မီးတောင်ထွက်အဆီအနှစ်တွေကို အခြားပစ္စည်းတွေနဲ့ အစားထိုးလို့များ ရမလား။ ကျုပ်ဆီမှာ မီးတောင်ထွက်အဆီအနှစ်၁၀၀ တကယ် မရှိလို့ပါ”

ကုန်းစွင်းယွမ်ရွှမ်က ဦးညွှတ်ကာ ပြောလိုက်သည်။

“တကယ်တော့ မီးတောင်ထွက်အဆီအနှစ် ၁၀၀ကို ရဖို့ဆိုရင် အနည်းဆုံး နှစ် ၁၀၀၀လောက် လိုလိမ့်မယ်။ ပြီးတော့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက မီးတောင်ထွက် အဆီအနှစ်ကို အုပ်စိုးထားတာ အတော်လေးကို ကြာမြင့်နေပြီလေ”

လုကျိုးက ပြောလိုက်သည်။

“အဲဒါက ငါ့ကိစ္စမဟုတ်ဘူး။ ဒါပေမဲ့ မင်းကို နောက်ထပ် ရွေးချယ်စရာတစ်ခု ပေးမယ်”

ထို့နောက် သူက အင်္ကျီလက်ကြားမှ အပြောရောင်သလင်းကျောက် တစ်ခုကို ထုတ်ယူလိုက်ပြီး ကုန်းစွင်းယွမ်ရွှမ်ကို ပြကာ ပြောလိုက်သည်။

“ဒီပစ္စည်းတစ်ခုကို ငါ တောင်းဆိုတဲ့ မီးတောင်ထွက်အဆီအနှစ် တစ်ဝက်နဲ့ လဲလှယ်နိုင်တယ်”

“အပြာရောင်သလင်းကျောက်လား...”

ကုန်းစွင်းယွမ်ရွှမ်က လန်ရှီဟယ်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။

အခန်း (၁၀၇၁) အပြာရောင်သလင်းကျောက်၏ လျှို့ဝှက်ချက်များ

ကုန်းစွန်းယွမ်ရွှမ်း၏ အမူအရာများက ယခင်ကထက်ပိုတောင် မြင်မကောင်းရှုမကောင်း ဖြစ်လာတော့သည်။ သူက ချောင်းဟန့်ပြီးနောက် နောက်ဆုံးတွင် ပြောလိုက်တော့သည်။

“မျှော်နန်းသခင်လု ကျုပ်မှာ မီးတောင်ထွက်အဆီအနှစ်ကျောက် ၁၀၀တောင် မရှိတာ။ အပြာရောင်သလင်းကျောက် ဘယ်လိုလုပ်ရှိမှာလဲ”

လုကျိုးက ပြောလိုက်လေ၏။

“မင်းမှာ ဒါတွေမရှိဘူးဆိုရင် မင်းအသက်ကို ဒီမှာထားခဲ့လို့ရပြီ”

“...”

လန်ရှီဟယ်က အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်လေ၏။

“တော်ဝင်မင်းဆရာ လိမ်ညာတာ မကောင်းဘူးနော်။ ရှင့်မှာ ဒါတွေမရှိပေမဲ့ တော်ဝင်မိသားစုမှာ ရှိမှာမဟုတ်လား။ တော်ဝင်မိသားစုက အပြာရောင်သလင်းကျောက်တစ်ခုရထားတယ်”

ကုန်းစွန်းယွမ်ရွှမ်းက လန်ရှီဟယ်သည် သူ့ကို သေတွင်းထဲတွန်းပို့ရန် ကြိုးစားနေကြောင်း သိသည်။ ဆိုရလျှင် အစောတုန်းက လက်ရည်ယှဉ်နေသည့်ကာလအတွင်း သူတို့သေသည်အထိ တိုက်ခိုက်ခဲ့ကြတာ ဖြစ်သည်။ အပေါ်ယံတွင်မူ တာ့မင်၏တော်ဝင်ခုံရုံးနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းက ခင်မင်ရင်းနှီးသည့် ဆက်ဆံမှုတစ်ခု ရှိသည်။ သို့သော် တော်ဝင်ခုံရုံးက အဖြူရောင်မျှော်စင်အဖွဲ့အစည်းကို ဖျက်ဆီးချင်လှတာ ကြာပြီဖြစ်သည်။

“တော်ဝင်မိသားစုရဲ့ အပြာရောင်သလင်းကျောက်က အသုံးမဝင်ဘူး။ သူ့မဟာလေဟာနယ်အစွမ်းက လျော့ပါးသွားပြီးပြီ။ မျှော်နန်းသခင်လုဆီမှာ ရှိတာက ပိုမကောင်းဘူးလား” ကုန်းစွန်းယွမ်ရွှမ်းက ဇဝေဇဝါဖြင့် မေးလိုက်လေ၏။

“အပြာရောင်သလင်းကျောက်ကို လိုချင်ရတဲ့အကြောင်းအရင်း မင်းကို ရှင်းပြဖို့လိုလား။ ငါ သေချာပြောပြီးပြီ။ ကုန်းစွန်းယွမ်ရွှမ်း ငါ့အောက်ခြေစည်းကို မထိပါးနဲ့” လုကျိုးက ပြောလိုက်၏။

ကုန်းစွန်းယွမ်ရွှမ်းက မျက်မှောင်ကျုံ့သွားတော့သည်။ သူက ယခု မွေးဖွားဇယားချပ် ၁၁ခုသာ ကျန်၏။ တော်ဝင်ခုံရုံးသို့ ပြန်ရောက်ချိန်၌ သူ၏အဆင့်အတန်းကျဆင်းသွားမည်ဆိုတာ သံသယဖြစ်ဖွယ် မရှိပေ။ ထို့အပြင် သူက ယခုရှုံးနိမ့်သွားပြီဖြစ်သောကြောင့် သူ့၌ မည်သည့် ညှိနှိုင်းဆွေးနွေးပိုင်ခွင့် မည်သို့ရှိတော့မည်နည်း။ သူက စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ပြတ်သားစွာပြောလိုက်သည်။

“ကောင်းပါပြီ။ မျှော်နန်းသခင်လုရဲ့ တောင်းဆိုချက်ကို သဘောတူတယ်။ ဒါပေမဲ့ ဒီနေ့ဖြစ်ခဲ့တဲ့တာကို လျှို့ဝှက်ထားဖို့ ပြောပါရစေ။ မဟုတ်ရင်တော်ဝင်မိသားစုက ဒီအကြောင်း ရှာတွေ့သွားတဲ့အခါ အပြာရောင်သလင်းကျောက်ကို ကျုပ် ယူနိုင်မှာ မဟုတ်ဘူး”

“သိပ်ကောင်းတယ်” လုကျိုးက ကုန်းစွန်းယွမ်ရွှမ်းကို ကြည့်ပြီးပြောလိုက်၏။

“လှည့်စားဖို့ မကြိုးစားနဲ့။ မဟုတ်ရင် အနက်ရောင်မျှော်စင်အဖွဲ့အစည်း ဖြစ်ခဲ့သလိုမျိုး မင်းဆီဖြစ်လာလိမ့်မယ်”

“...”

ကုန်းစွန်းယွမ်ရွှမ်းသည် အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ ပြိုလဲမှုအကြောင်း ကြားဖူးခဲ့တာ ကြာပြီဖြစ်သည်။ ယင်းက သူ့စိတ်ထဲ နက်ရှိုင်းစွာ စွဲထင်နေ၏။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းကို အစ၌ အနက်ရောင်မျှော်စင်အဖွဲ့အစည်းကို ဤသို့သော အနိုင်ယူနိုင်စွမ်းရှိသည့်သူ ရှိမည်ဆိုတာ မယုံကြည်ခဲ့ပေ။ သို့သော် လုကျိုးနှင့် လက်ရည်ယှဉ်ပြီးနောက် ယင်းက အမှန်ဆိုတာ သိလိုက်ရသည်။ လောကထဲ၌ ပိုသန်မာပြီး ပိုတော်သည့်သူတစ်ယောက် အမြဲတစေ ရှိနေတာ ဖြစ်သည်။ သူက ဤတောင်းဆိုချက်ကို သဘောမတူခဲ့ပါက ယနေ့ အဖြူရောင်မျှော်စင်မှ ထွက်ခွာနိုင်မှာ မဟုတ်ကြောင်း သူ ကောင်းကောင်းသိနေသည်။

လုကျိုးက လက်ဝေ့ယမ်းက ကုန်းစွန်းယွမ်ရွှမ်းကို ထွက်သွားခိုင်းလိုက်သည်။

ကုန်းစွန်းယွမ်ရွှမ်း လမ်းလျှောက်ထွက်လာသောအခါ သူသည် မီးတောင်ထွက် အဆီအနှစ်ကျောက်အိတ်ဘေးကို ကျော်သွား၏။

ကုန်းစွန်းယွမ်ရွှမ်းက ယင်းကို ကောက်ယူတော့မည့်အချိန်တွင် လုကျိုးက မျက်ခုံးတစ်ဖက် ပင့်လိုက်လေ၏။

“ဟမ်”

ကုန်းစွန်းယွမ်ရွှမ်းက တောင့်တင်းသွားပြီးနောက် အရှက်ပြေရယ်မောလျက် အမြန် ထွက်သွားတော့သည်။

လုကျိုးသည် ကုန်းစွန်းယွမ်ရွှမ်းကို အသက်ရှင်ခွင့်ပေးလိုက်ခြင်းက သူ့ကို သတ်လိုက်ခြင်းနှင့်စာလျှင် တန်ဖိုးပိုရှိနေသောကြောင့် အသက်ရှင်ခွင့် ပေးထားတာပဲဖြစ်သည်။ ထို့အပြင် သူက လန်ရှီဟယ်ကို အစီအစဉ်အောင်မြင်ခွင့်မပေးခဲ့လို့ တာ့မင်က အချိန်အတော်ကြာ ပြိုင်ဖက်ကင်းခဲ့သော လန်ရှီဟယ်ကို ထိန်းချုပ်နိုင်၏။ ထိုအရာအပြင် သူသည် အပြာရောင်သလင်းကျောက်များ ရယူပြီး တာ့မင်ကို ထိုးနှက်ရန် ဤအခွင့်အရေးသုံးနိုင်၏။

လုကျိုးက လန်ရှီဟယ်ကို လှည့်ကြည့်လိုက်သည်။

“မင်း မဟာလေဟာနယ်ကနေ အပြာရောင်သလင်းရလာတာလား”

လန်ရှီဟယ်အဖို့ ဤအကြောင်းကို ကွယ်ဝှက်ထားဖို့ မရှိပေ။

“လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀ တုန်းက ကျင့်ကြံသူတော်တော်များများ အမည်မဲ့မြေကို အတူသွားခဲ့တာ။ အမည်မဲ့မြေက ကြမ်းတမ်းခက်ထန်ပြီး ပတ်ဝန်းကျင်က လူနေထိုင်လို့မရဘူး။ ဒါပေမဲ့ အဲ့မှာ ရတနာတွေ အများကြီးရှိတယ်။ ကံကောင်းတဲ့ကျင့်ကြံသူတချို့က ကံကောင်းထောက်မမှုနဲ့ ကြုံတွေ့ကြပြီး တချို့က မဟာလေဟာနယ်မျိုးစေ့ကို ရှာဖို့ ကြိုးစားခဲ့ကြတယ်။ မဟာလေဟာနယ် မျိုးစေ့က အကြောင်းရင်းမသိ ပျောက်ကွယ်သွားတဲ့အချိန်မှာ သူတို့ပေါက်ရောက်ရာ နေရာထဲက မြေဆီလွှာပဲကျန်ရစ်ခဲ့တာ။ မြေဆီလွှာက အပြာရောင်သလင်းကျောက်ပဲ။ မြေဆီလွှာကို အမည်မဲ့နေရာက ယူလာတဲ့အချိန် သူတို့က အပြာရောင်သလင်းကျောက်အဖြစ် ခဲသွားတာ။ ဒါကို မြင်ဖူးတဲ့သူတွေပဲ ဒီလျှို့ဝှက်ချက်ကို သိတယ်”

လုကျိုးသည် လွန်ခဲ့သည့်နှစ်ပေါင်း၃၀၀ခန့်က မဟာလေဟာနယ် စူးစမ်းရှာဖွေရေးအဖွဲ့အကြောင်း ကြားဖူးတာ ပထမဆုံးအကြိမ်မဟုတ်ပေ။ ထိုအကြောင်းကိုကြားချိန်၌ သတင်းအချက်အလက်တချို့ ရတတ်ပြီး သူ့စိတ်ထဲ၌ ခံစားချက်အသစ်များ ဖြစ်ထွန်းလာတတ်သည်။ သူသည် မှတ်ဉာဏ်သလင်းကို ပြန်တွေးမိသွား၏။ မဟာလေဟာနယ်ထဲတွင် ကျိထျန်းတောက်၏ မှတ်ဉာဏ်များပါဝင်သည့် အစိတ်အပိုင်းများ ပျက်စီးသွားတာက တကယ်ပင်လော။

ကျိထျန်းတောက်က ပွင့်ချပ်ရှစ်လွှာ၏အကန့်အသတ်ကို သိချင်ခဲ့သည်။ သူက မဟာလေဟာနယ်မျိုးစေ့အတွက် ဘုံတစ်ထောင်လေပွေအဆင့်တွင်ရှိသော ကျင့်ကြံသူများနှင့် မည်သို့ယှဉ်နိုင်မည်နည်း။ ထို့အပြင် သူသည် အမည်မဲ့မြေသို့သွားစဉ်က သူ၏အဆင့်သည် ပွင့်ချပ်ရှစ်လွှာအဆင့်တောင် မဟုတ်။ သူ ပြန်ရောက်လာသည့်အချိန်တွင် လော့ရွှမ်းတောင် သူ့ဆီမှ မဟာလေဟာနယ်မျိုးစေ့တစ်ခုကို အောင်မြင်စွာ ခိုးယူနိုင်ခဲ့၏။

ခဏအကြာတွင် လုကျိုးက မေးလိုက်တော့သည်။

“အပြာရောင်အလင်းကနေ မဟာလေဟာနယ်စွမ်းအင်ကို မင်း ရထားတာလား”

လန်ရှီဟယ်က ခေါင်းညိတ်လိုက်သည်။ ပြီးနောက် သူက ကျောမတ်လျက် မေးလိုက်တော့၏။

“မျှော်နန်းသခင်လု ဒီကိစ္စကြောင့် ရှင် ဒေါသမထွက်ဖူးမလား။ ကျွန်မမှာ ရွေးချယ်စရာမရှိဘူး။ ဒီနည်းနဲ့ပဲ ရှင့်ရဲ့အာရုံစိုက်မှုကို ရနိုင်မှာ”

လုကျိုးက မေးလိုက်၏။

“မင်းမှာ အပြာရောင်သလင်းကျောက် တစ်ခုပဲရှိတာလား”

“ဟုတ်တယ်” လန်ရှီဟယ်က ပြန်ပြောလိုက်သည်။ “ဒါပေမဲ့ မဟာလေဟာနယ်စွမ်းအင်အများစု ပါဝင်တာက တစ်ခုပဲ။ ကျန်တာတွေက အသုံးမဝင်ဘူး။ သူတို့ထောက်ပံ့နိုင်တဲ့ဟာက အကန့်အသတ် ရှိတယ်”

“ကျန်တာတွေက ဘယ်မှာလဲ” လုကျိုးက မေးလိုက်တော့၏။

လန်ရှီဟယ်က သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။ “မျှော်နန်းသခင်လု မဟာလေဟာနယ်စွမ်းအင် ပါဝင်တဲ့ အပြာရောင်သလင်းကျောက်တွေကို ရှာနေတာလား”

“ဒါတွေကို မလိုချင်တဲ့သူ ရှိလို့လား”

လန်ရှီဟယ်က ပြုံးပြီးခေါင်းညိတ်လိုက်သည်။

“လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀တုန်းက မဟာလေဟာနယ်စူးစမ်းရှာဖွေမှု ငါးခေါက်ရှိခဲ့တယ်။ ပထမနဲ့ ဒုတိယတစ်ခေါက်မှာ လူသားတွေက ပြင်းပြင်းထန်ထန်ဆုံးရှုံးနစ်နာခဲ့ပြီး ရှားပါးတဲ့ရတနာတချို့နဲ့ပဲ ပြန်လာနိုင်ခဲ့တာ။ ကျန်သုံးကြိမ်မှာတော့ လူသားတွေက အပြာရောင်သလင်းခြောက်ခု သယ်လာခဲ့တယ်။ ကျွန်မက သလင်းကျောက်သုံးခုရဲ့နေရာပဲသိတယ်။ တစ်ခုက တာ့မင်ရဲ့ဧကရာဇ်ဆီမှာ။ နောက်တစ်ခုက တာ့ယွမ်ရဲ့လုချန်းရွှမ်း ပိုင်ဆိုင်တာ။ နောက်ဆုံးတစ်ခုက မျှော်နန်းသခင်လုဆီမှာပဲ”

“ခြောက်ခုပဲလား” လုကျိုးက မျက်မှောင်ကျုံ့သွား၏။ တာဝန်က အပြာရောင်သလင်းကျောက်ကိုးခု စုဆောင်းရန် ဖြစ်သည်။ ခြောက်ခုကိုသာလျှင် အမည်မဲ့မြေက သယ်လာ၏။ ခြောက်ခုထဲမှ သုံးခုက ပျောက်နေသည်။ စနစ်က သူ့ကို အမည်မဲ့မြေသို့သွားရန် တွန်းပို့နေခြင်းပေလော။

“ပဲတဲ့လား”

လန်ရှီဟယ်က လုကျိုး၏စကားလုံးရွေးချယ်မှုကို ထူးဆန်းသွားလေ၏။

လုကျိုးက ဆင်ခြေတစ်ခုပေးလိုက်တော့သည်။

“ငါးကြိမ်သွားပြီးတော့ လူသားတွေက သလင်းခြောက်ခုပဲ ယူလာနိုင်တာ နှမြောစရာကောင်းတယ်”

“အမည်မဲ့မြေက အန္တရာယ်များလွန်းတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း၃၀၀တုန်းက ကျွန်မက အဖြူရောင်ကြာနယ်မြေမှာ ပြိုင်ဖက်ကင်းဖြစ်နေပြီးသား။ အဲ့ဒီအချိန်မှာတောင် အမည်မဲ့မြေထဲက သားရဲတွေနဲ့ ရင်ဆိုင်ဖို့ ခက်ခဲခဲ့တယ်” လန်ရှီဟယ်က ပြောလိုက်သည်။

လုကျိုးသည် တိမ်တိုက်တောင်ထဲရှိ နှင်းတောင်တန်းတောင်ထွတ်ပေါ်ရှိ အအေးရေကန်ထဲတွင် တွေ့ခဲ့သော ချင်မော့ရှန်းအကြောင်း တွေးမိသွားသည်။

“မဖော်ထုတ်ရသေးတဲ့ ကုန်းမြေကြီးလေးခုထဲမှာ ပိုသန်မာတဲ့ ကျင့်ကြံသူတွေရှိလောက်တယ်”

လန်ရှီဟယ်က လုကျိုး၏စကားကြောင့် အံ့အားသင့်သွား၏။

“ပိုသန်မာတဲ့ကျင့်ကြံသူတွေ အမြဲတစေရှိနေတာပဲ။ ဒါပေမဲ့ သူတို့က သီးသန့်နေလာတာ ကြာပြီ”

“သူတို့ဖာသာနေတာလား” စီးဝူယာ့က သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။

လန်ရှီဟယ်က ခေါင်းညိတ်ပြီးပြောလိုက်၏။

“ဟုတ်တယ်။ သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကြောင့်လား ဒါမှမဟုတ် မိုးနဲ့မြေ အတားအဆီးကြောင့်လားဆိုတာ မသိဘူး။ အဆုံးမဲ့သမုဒ္ဒရာထဲက နှင်းအကြောင်းကို စဉ်းစားကြည့်ရင် အခုအချိန်ထိ သူ့ကို သတ်နိုင်တဲ့သူ မရှိသေးဘူး။ အမည်မဲ့မြေဆီ ဝင်ပေါက်တွေအားလုံးကို သေလုနီးပါး ရက်စက်ကြမ်းကြုတ်တဲ့သားရဲတွေ ဒါမှမဟုတ် လူသားတွေဖြတ်ကျော်ဖို့ မဖြစ်နိုင်တဲ့ ကျွန်းတွေ သမုဒ္ဒရာတွေနဲ့ ပိုင်းခြားထားတာ။ ဒါပေမဲ့ နေရာတစ်ခုရှိတယ်”

လန်ရှီဟယ်က ပြုံးလျက် လုကျိုးနှင့် စီးဝူယာ့ကို ကြည့်ပြီးနောက် နောက်ဆုံးတွင် လုကျိုးကို ကြည့်လိုက်သည်။

“ခရမ်းရောင်ကြာနယ်မြေ”

“ခရမ်းရောင်ကြာနယ်မြေလား” လုကျိုးက မအံ့ဩသွားပေ။

“တိတိကျကျပြောရရင် အဲဒါက မဖော်ထုတ်ရသေးတဲ့ ကုန်းမြေကြီးလေးခုထဲက တစ်ခုမဟုတ်ဘူး။ သိပ်အစွမ်းမထက်ဘူး။ အဲ့ဒါတာ တာ့ယွမ်နဲ့အနက်ရောင်မျှော်စင်အဖွဲ့အစည်းတို့က မွေးမြူရေး စတင်ပြုလုပ်တဲ့ ပထမဆုံးနေရာလည်း ဟုတ်တယ်။ သူတို့က အနီရောင်ကြာနယ်မြေမှာလည်း တူညီတဲ့အစီအစဉ် ချမှတ်ခဲ့ပြီး ရွှေကြာနယ်မြေမှာလည်း ဆောင်ရွက်ဖို့ စီစဉ်ထားတာ။ အဲ့ဒီအစီအစဉ်ကြောင့် အနက်ရောင်မျှော်စင်အဖွဲ့အစည်းထဲမှာ ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူတွေ အများကြီးရှိနေတာပဲ” လန်ရှီဟယ်က ပြောလိုက်သည်။

“အဖြူရောင်မျှော်စင်အဖွဲ့အစည်းကကော”

“အစတုန်းက အဖြူရောင်မျှော်စင်အဖွဲ့အစည်းက ရွှေကြာနယ်မြေကို လက်ဝါးကြီးအုပ်ချင်ခဲ့တာ။ ဒါပေမဲ့ လက်လျှော့ခဲ့တယ်။ တာ့မင်ရဲ့အရင်းအမြစ်က ကြွယ်ဝတယ်။ ကြမ်းတမ်းခက်ထန်သားရဲတွေက များတယ်။ ဒီတော့နောက်ထပ်နယ်မြေရဲ့ ကြမ်းတမ်းခက်ထန်သားရဲတွေကို အုပ်စိုးဖို့မလိုတော့ဘူးလေ။ ဒါ့အပြင် အဲ့ဒီတုန်းက တစ်နှစ်မှာ လူတစ်ယောက်ကို အသက်ဓာတ်နှလုံးသားတစ်ခုနှစ်ခုပဲရနိုင်တာ။ စီရင်သူအဆင့်ထက်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေအတွက် အဲဒါတွေက အသုံးမဝင်ဘူး။ သန်မာပြီး ပါးနပ်တဲ့သူတွေက အားနည်းသူတွေကို ပျောက်ကွယ်သွားအောင်လုပ်ဖို့ သင့်တော်တဲ့နည်းကို သိတယ်”

လုကျိုးသည် လန်ရှီဟယ်ဆီမှ ထိုစကားများကို မထင်မှတ်ထားပေ။ သူက ဆိတ်ဆိတ်သာနေလေ၏။ ယင်းက သူ့ကို ကမ္ဘာမြေပေါ်ရှိ ဧကရာဇ်ချင်ကို အမှတ်ရသွားစေသည်။ သူသည် အရပ်သားများ တုံးအသွားစေရန် စာသင်သားများ၏ လက်ရာကို မီးရှို့ပစ်ခြင်း၊ မြို့ရိုးများကို ဖျက်ဆီးခြင်း၊ သူရဲကောင်းများကို သတ်ဖြတ်ခြင်း၊ လက်နက်များကို ဘဏ္ဍာအဖြစ်သိမ်းယူခြင်းဖြင့် ဧကရာဇ်ချင်ကို ဆန့်ကျင်ရန် လူတို့၏ခုခံမှုများ အားနည်းသွားအောင် လုပ်ခဲ့သည်။ မည်သည့်နည်းနှင့်မဆို ဤအကြောင်းကို ပြောရန် အကျိုးမထူးပေ။

လုကျိုးသည် အပြာရောင်သလင်းကို ကောက်ယူပြီး ပြောလိုက်သည်။

“အပြာရောင်သလင်းကျောက်အကြောင်း ပြောရအောင်။ လုချန်းရှန်းက အခုဘယ်မှာလဲ”

သူသည် သိပြီးသားဖြစ်သည့် အပြာရောင်သလင်းကျောက်၏ တည်နေရာများကို အရယူမည်။

“မျှော်နန်းသခင်လု တာ့ယွမ်ကို သွားမေးလို့ရတယ်။ လုမျိုးနွယ်နဲ့ တာ့ယွမ်ရဲ့ ဧကရာဇ်က ရင်းနှီးကြတာ။ ရှင့်အဖို့ အပြာရောင်သလင်းကျောက်ရဖို့ မလွယ်မှာစိုးရတယ်။ အဖြူရောင်မျှော်စင်ထဲမှာ နေပါဦးလား။ ကျွန်မ ပြန်ကောင်းလာရင် ရှင်နဲ့အတူ အနက်ရောင်ကြာနယ်မြေထဲကို သွားမယ်။ ဒီနေ့ ရှင် ကူညီပေးခဲ့တာကို ကျေးဇူးတင်လို့ လုချန်းရှန်းရဲ့ အပြာရောင်သလင်းကျောက်ရအောင် ကျွန်မ ကူညီပေးမယ်”

ထိုစဉ်က လုကျိုးက ထရပ်ပြီးပြောလိုက်သည်။

“မလိုအပ်ဘူး”

လန်ရှီဟယ်သည် လုကျိုးထွက်သွားတော့မှာကို မြင်သောအခါ သူမ အလျင်စလိုပြောလိုက်၏။

“မျှော်နန်းသခင်လု ကျွန်မ မေးစရာမေးခွန်းတစ်ခုရှိပါတယ်”

“ပြော”

“ဘယ်ဟာက မျှော်နန်းသခင်လုအစစ်လဲ” လန်ရှီဟယ်က မေးလိုက်၏။

လုကျိုးသည် သူမမေးခွန်းကို ချက်ချင်းမဖြေခဲ့ပေ။ လေ့ကျင့်ရေးခန်းမထဲမှ ထွက်လာ၏။ သူသည် လေ့ကျင့်ရေးခန်းမ ဝင်ပေါက်သို့ ရောက်သည့်အချိန်ကျမှ ပြောလိုက်၏။

“နှစ်ယောက်လုံးက အစစ်ပဲ”

All Chapters