← Chapters

အခန်း (၁၀၇၈-၁၀၈၀)

Vol. 72 Ch. 1078-1080

အခန်း (၁၀၇၈-၁၀၈၀)

Vol. 72 Ch. 1078-1080

အပိုင်း(၁၀၇၈) လျှော့ချရေးကတ်နှင့် ရိုက်ချခြင်း

ရှားကျန်းလုံက အနက်ရောင်မျှော်စင် အဖွဲ့အစည်း၏ မျှော်စင်သခင်တစ်ယောက် ဖြစ်သည်။ လုကျိုးက သူ့ကို ရိုက်နှက်ခဲ့သော်လည်း သူ့ကို အားနည်းသည်ဟု ယူဆ၍ မရပေ။ လုကျိုးက အထွတ်အထိပ် လျှို့ဝှက်ဆန်းကြယ် စွမ်းအားအပြည့်ဖြင့် ရှားကျန်းလုံကို အကြိမ်နှစ်ဆယ် ဆက်တိုက် တိုက်ခိုက်ပြီးသည့်နောက်တွင်ပင် ရှားကျန်းလုံက မွေးဖွားဇယားချပ် တစ်ခုသာ ဆုံးရှုံးခဲ့ရ၏။ ဤသို့ဖြင့် သူ့ကျင့်ကြံဆင့်သည် မည်မျှနက်နဲကြောင်း တွေ့နိုင်လေသည်။

သူ့ချပ်ဝတ်နှင့် တာအိုသင်္ကေတ ၃၆၀၀ ကို ထည့်မတွက်ရသေးခင် သူအနေဖြင့် ရှားကျန်းလုံ၏ မွေးဖွားဇယားချပ် တစ်ခုကို ဖျက်ဆီးဖို့ရာ အထွတ်အထိပ် ဆန်းကြယ်စွမ်းအားဖြင့် အနည်းဆုံး လက်ဝါး ဆယ်ချက် လိုအပ်လိမ့်မည်။

တာ့မင်၏ တော်ဝင်မင်းဆရာ ကုန်းစွန်းယွမ်ရွှမ်နှင့် ရှားကျန်းလုံတို့က မွေးဖွားဇယားချပ် ၁၂ခု ကျင့်ကြံသူများ ဖြစ်ကြသော်လည်း တော်ဝင်မင်းဆရာက အထွတ်အထိပ် ဆန်းကြယ်စွမ်းအား ရှိသည့် လက်ဝါးချက် တစ်ချက်ကိုပင် တောင့်မခံနိုင်ခဲ့ပေ။ သူတို့နှစ်ဦးကြား ကွာဟချက်က မိုးနဲ့မြေအလား ဖြစ်၏။

လုချန်းရှန်းက တာ့ယန်၏ တော်ဝင်ခုံရုံးရှိ အားအကောင်းဆုံး ကျင့်ကြံသူသည် ရှားကျန်းလုံကို နှစ်သုံးရာကြာ ဖိနှိပ်ထားခဲ့ကြောင်း ပြောသည်ကို စဉ်းစားကြည့်လိုက်လျှင် …

လုချန်းရှန်းက ပြောလိုက်သည်။

“နှစ်သုံးရာအတွင်း မွေးဖွားဇယားချပ် တစ်ခုကနေ ဆယ်ခုဖြစ်လာဖို့ ဆိုတာက အတော်လေးကို ခက်တယ်။ ဒါပေမဲ့ သူက ဓားရေးလမ်းစဉ်ကို လေ့လာရင်းနဲ့ လုပ်ဆောင်နိုင်ခဲ့တယ်လေ။ သူက အဆုံးမဲ့ဓားလမ်းစဉ်လို့ ခေါ်တဲ့ ဓားလမ်းစဉ်ကိုတောင် ဖန်တီးနိုင်ခဲ့တယ်”

“အဆုံးမဲ့ ဓားရေးလမ်းစဉ်တဲ့လား”

နာမည်က ခြိမ်းခြောက်မှု ရှိလေသည်။ လုကျိုးက အန်းဆယ်သည် ပညာရှင်တစ်ယောက် ဖြစ်ကြောင်း တွေးလိုက်မိ၏။ မည်သို့ပင်ဆိုစေကာမူ သူ့အသုံးပြု ပစ္စည်းကတ်များကို အန်းဆယ်အပေါ် အသုံးပြုဖို့ ထိုက်တန်သည်ဟု မထင်ပေ။

တစ်ချိန်တည်းဆိုသလို လုကျိုးက သူ ရရှိနိုင်သည့် ကုသိုလ်ရမှတ်ကို မည်သို့တိုးမြှင့်နိုင်ကြောင်း တွက်ချက်ကြည့်လိုက်သည်။ သူက အဆိုးဆုံး အခြေအနေ ရောက်လာလျှင် အသေရိုက်ချက်ကတ်ကို အသုံးပြုနိုင်လေ၏။

ကျန်းကုန်းကုန်းက ပြောလိုက်လေသည်။

“သူက အဆုံးမဲ့ ဓားလမ်းစဉ်ကို ကျွမ်းကျင်ထားတဲ့ တစ်ဦးတည်းသော သူပဲ။ စစ်သည်တော် အန်းဆယ်ရဲ့ မွေးဖွားဇယားချပ်က အတော်လေးကို ဝေးကွာပြီးတော့ တစ်ခုနဲ့တစ်ခု ထပ်နေတာ မရှိဘူး။ ပိုပြီး အံ့ဩဖို့ အကောင်းဆုံးအရာက သူ့ဆီမှာ အခြေခံ အသက်ဓာတ် နှလုံးသား တစ်ခုပဲ ရှိထားတာလေ။ ကျန်တဲ့အရာတွေက အလယ်အလတ်နဲ့ အဆင့်မြင့် အသက်ဓာတ် နှလုံးသားတွေချည်းပဲ။

မွေးဖွားဇယားချပ်နဲ့ အသက်ဓာတ်နှလုံးသားက အရေးကြီးဆုံးပဲလေ။ မွေးဖွားဇယားချပ် ဆယ်ခုရှိတဲ့ သူ့ရွယ်တူတွေက သူ့ကို လုံးဝ မယှဉ်နိုင်ကြဘူး။ သူ့ဓားချက်အောက်မှာ သေချာပေါက် ရှုံးနိမ်သွားလိမ့်မယ်”

သူ့အသံစူးစူးက ထွက်ပေါ်လာပြီး ပြပွဲတစ်ခု ပြသနေသလိုမျိုး ဖြစ်နေသည်။ သူက လက်ဟန်ဖြင့်ပင် ညွန်ပြကာ ရှင်းပြလိုက်သေးသည်။

ကျန်းကုန်းကုန်းက ဆက်ပြောလိုက်၏။

“လွန်ခဲ့တဲ့ သုံးလတုန်းက စစ်သည်တော် အန်းဆယ်က အနောက်ပိုင်း မြက်ခင်းလွှင်ပြင်ကို သွားပြီးတော့ လူရိုင်းဘုရင်ကို သတ်နိုင်ခဲ့တယ်။ လူရိုင်းဘုရင်က မွေးဖွားဇယားချပ် ဆယ့်တစ်ခု ကျင့်ကြံသူလေ။ သူက တာ့ယွမ်အတွက် အကျိုးဆောင်ရွက်ခဲ့ပြီးတော့ အရှင်မင်းကြီးရဲ့ အယုံကြည်ရဆုံး လက်ရုံးတစ်ယောက် ဖြစ်လာခဲ့တာပဲ”

လုချန်းရှန်းက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ် ကျုပ်က လူရိုင်းတွေနဲ့ အများကြီး တိုက်ခိုက်ခဲ့ဖူးတယ်။ အန်းဆယ်က လူရိုင်းဘုရင်ကို သတ်နိုင်လိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး။ အန်းဆယ်က ရှားပါးတဲ့ ကျင့်ကြံရေး ပါရမီရှင်တစ်ယောက် ဆိုတာကို သံသယ ဖြစ်ဖို့တောင် မလိုဘူး”

ကျန်းကုန်းကုန်းက လက်ကိုမြှောက်ကာ ဝမ်းချုပ်နေသည့် အမူအယာမျိုးဖြင့် ပြောလိုက်၏။

“စစ်သူကြီးလုက ဒါကိုပဲ သိထားတာလေ။ စစ်သည်တော် အန်းဆယ်က မွေးဖွားဇယားချပ် ဆယ့်တစ်ခု ပညာရှင်ကို သတ်နိုင်ပြီး ဆယ့်နှစ်ခု ပညာရှင်နဲ့ ထိပ်တိုက် ရင်ဆိုင်နိုင်တာက သူ့ရဲ့အဆုံးမဲ့ ဓားရေးလမ်းစဉ်ကြောင့်ပဲ မဟုတ်ဘူး။

သူက အမည်မသိ ကုန်းမြေကနေ အသက်ဓာတ် နှလုံးသားတစ်ခုကို ရထားတယ်လေ။ အန်းဆယ်ရဲ့ဆရာ အမှောင်ဝိညာဉ်ဂိုဏ်းချုပ်က မဟာလေဟာနယ် စူးစမ်းရှာဖွေရေးမှာ ပါဝင်ဆင်နွဲခဲ့ပြီးတော့ အသက်ဓာတ် နှလုံးသားတစ်ခုကို ရရှိလာခဲ့တယ်။

သူ့ဆရာက အဲ့ဒီတုန်းက ဒဏ်ရာအပြင်းအထန် ရရှိသွားပြီးတော့ ပြန်ရောက်လာတဲ့အခါမှာ ကွယ်လွန်သွားခဲ့တယ်။ အဲ့လိုဆိုရင်တောင် အမည်မသိ ကုန်းမြေတစ်ခုက အသက်ဓာတ် နှလုံးသားကို သူ ဂုဏ်အယူရဆုံး တပည့်ဖြစ်တဲ့ အန်းဆယ်ဆီ ပေးခဲ့တယ်လေ”

“…”

လုကျိုး၏ နည်းဗျူဟာအရ သူက အချိန်ဖြုန်း‌နေမည် မဟုတ်ပဲ အန်းဆယ်ကို စွမ်းအားအပြည့်ဖြင့် ရိုက်ချလိုက်မည်။ သို့သော်လည်း ယခု ကျန်းကုန်းကုန်းက အမည်မသိ ကုန်းမြေမှ အသက်ဓာတ်နှလုံးသားအကြောင်း ထုတ်ပြောလိုက်လေရာ သူ့စိတ်ဝင်စားမှုက ပိုမိုတိုးမြှင့်လာခဲ့၏။

သူက မေးလိုက်သည်။

“ဘယ်လို အသက်ဓာတ်နှလုံးသားမျိုးလဲ”

ကျန်းကုန်းကုန်းက ပြန်ဖြေလိုက်သည်။

“ဘယ်သူမှ မသိကြဘူး။ အဲဒါကို မြင်တဲ့သူတိုင်းက သေသွားကြပြီလေ။ စစ်သည်တော် အန်းဆယ်က ဉာဏ်ကောင်းပြီးတော့ မွေးဖွားဇယားချပ် ဆယ့်နှစ်ခု ရှိသူတွေကို ရန်မစဘူးလေ။ အဲဒါကြောင့် သူ့ကို ဘယ်သူကမှ ဘာမှမလုပ်နိုင်ကြဘူး”

လုချန်းရှန်းက ပြောလိုက်သည်။

“အဲ့ဒါကြောင့် သူက မျှော်နန်းသခင်လုကို စိန်ခေါ်ရဲနေတာလား”

“ဒါက…”

ကျန်းကုန်းကုန်းက အသိပြန်ဝင်လာမိသည်။ထို့နောက် သူက ဦးညွှတ်ကာ ပြောလိုက်သည်။

“ဒါက အရှင်မင်းကြီးရဲ့ အမိန့်တော်ကြောင့် ဖြစ်နိုင်ပါတယ်”

လုချန်းရှန်းက ကျန်းကုန်းကုန်းကို ကြည့်ကာ ရှေ့တိုးတိုး သွားလိုက်သည်။ သူက အနည်းငယ် လျှောက်ပြီးသည့်နောက်တွင် အန်းဆယ်က ရုတ်တရက် မျက်လုံးဖွင့်လာ၏။

ရှေးဦးချီများက ဆူနာမီလှိုင်းသဖွယ် တိုးထွက်လာသည်။

အန်းဆယ်က ကျောက်ရုပ်သဖွယ် မလှုပ်မယှက်ဖြင့် ပျံသန်းလာသည်။ ထို့နောက် သူက ပြောလိုက်သည်။

“ကျုပ်က အရှင်မင်းကြီးရဲ့ အမိန့်အတိုင်း ခင်ဗျားကို ခေါင်းဖြတ်ဖို့ ရောက်လာတာ။ လုချန်းရှန်း ခင်ဗျား ဘာပြောစရာ ရှိသေးလဲ”

အန်းဆယ်၏ အမြင်တွင် လုချန်းရှန်းက သေလူ ဖြစ်၏။

အစပိုင်းတွင် ဧကရာဇ်မုအာထျဲ့က လုချန်းရှန်းကို သတ်ဖို့ရာ ရည်ရွယ်ချက် မရှိပေ။ သူက တာ့ယွမ်၏ တော်ဝင်မိသားစုအား ရက်စက်သည်ဟု ဂုဏ်သတင်းမျိုး မရှိစေလိုပေ။ သို့သော်လည်း လုချန်းရှန်းက တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို ထည့်သွင်းမစဉ်းစားခဲ့ပဲ ခေါင်းမာနေခဲ့သည်။ ထို့ကြောင့် သူက လုချန်းရှန်းအား သေမိန့်ချဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

လုချန်းရှန်းက ပြောလိုက်သည်။

“ငါ အရှင်မင်းကြီးနဲ့ တွေ့ချင်တယ်”

အန်းဆယ်ရဲ့ မျက်နှာအထက် ခပ်ယဲ့ယဲ့အပြုံးမျိုး ပေါ်ထွက်လာကာ “ခင်ဗျား ကျုပ်က ဘယ်သူလဲ ဆိုတာကို သိပါတယ်။ ဒီနေရာမှာ အချိန်ဖြုန်းနေစရာ မလိုဘူး။ ခင်ဗျား နောက်ဆုံးစကားကို ကြားပြီးပြီ။ ခင်ဗျားခေါင်းကို သယ်သွားရင်းနဲ့ အရှင်မင်းကြီးဆီ ပြန်ပြောပေးမယ်”

“မင်း …”

ဝှစ် ဝှစ် ဝှစ်

ထိုစဉ် အန်းဆယ်၏ ဓားမှ စွမ်းအင်ဓားရာချီ ထွက်ပေါ်လာသည်။ သူတို့က အတော်လေး တောက်ပနေလေ၏။ သူတို့၏ အရှိန်နှင့် အနေအထားက ထူးဆန်းပြီး လုချန်းရှန်းကို ပတ်လည်ဝိုင်းထားကြသည်။

လုချန်းရှန်းက ရွေးချယ်စရာ မရှိဘဲ ထိုဓားများကို လက်ဝါးချက်ဖြင့် ရိုက်ထုတ်လိုက်ရသည်။ သို့သော်လည်း သူက ဓားများကို မည်သို့ရိုက်ထုတ်စေကာမူ အရေအတွက်က တိုးပွားလာဆဲသာ ဖြစ်၏။

အန်းဆယ်၏ စွမ်းအင်ဓား ထိန်းချုပ်မှုက အတော်လေး ကောင်းသည်ဟု ဆိုရပေမည်။

ဘန်း ဘန်း ဘန်း

စွမ်းအင်ဓားများက လုချန်းရှန်းဆီ ရုတ်တရက် တိုးဝင်လာသည်။

လုချန်းရှန်းက အကြိမ်ရေ အနည်းငယ် ရှောင်ရှားလိုက်ပြီးသည့် နောက်တွင် သွေးနှင့်ချီတို့ ထွက်ပေါ်လာသည်။ သူက ပြန်လည်ဆင်းသက်လာသည့်အခါ နောက်အနည်းငယ် ဆုတ်လိုက်ရ၏။ ဝေဟင်အထက် ဖုံးလွှမ်းထားသည့် စွမ်းအင်ဓားများကလည်း ပျောက်ကွယ်သွားသည်။

အန်းယန်က လေသံအတက်အကျ မရှိ ပြောလိုက်သည်။

"ဖြစ်ချင်တော့ အနောက်ပိုင်းကို အုပ်စိုးခဲ့တဲ့ စစ်သူကြီးလုက သာမာန်ပဲကို"

လုချန်းရှန်းက ကျော်ကြားသည့် အတိတ်ရှိခဲ့ဖူးသည်။ သို့သော်လည်း မညှာမတာ ဖိနှိပ်ခံရပြီးသည့်နောက်တွင် ဤစကားများ‌ကြောင့် အလွယ်တကူ ဒေါသထွက်လာခဲ့၏။ ထိုအကြောင်းအရင်းကြောင့် သူသည် အကျိုးအကြောင်း ဆင်ခြင်စိတ် ပျောက်ဆုံးကာ ဝက်ဝံတစ်ကောင်လိုမျိုး ခြေဆောင့်ကာ ရှေ့သို့ တိုးဝင်သွားသည်။

ဝုန်း ဝုန်း ဝုန်း

ထိုရုတ်ရုတ်သဲသဲ ဖြစ်မှုက တော်ဝင်နန်းတော်၏ ပညာရှင်များကို ဆွဲဆောင်နိုင်ခဲ့သည်။ သူတို့က ဧကရာဇ်၏ အနီးဆုံးကပ်သူ အန်းဆယ်ကို မြင်သောအခါ မချဉ်းကပ်ရဲဘဲ အဝေးမှသာ စောင့်ကြည့်နေကြ၏။ သူတို့က တာ့ယွမ်၏ တော်ဝင်ခုံရုံးရှိ အားကောင်းဆုံး ကျင့်ကြံသူ လှုပ်ရှားသည်ကို ကြည့်ရသည်မှာ သဘောတွေ့နေကြသည်။

ထိုအချိန်တွင် အန်းဆယ်က ရုတ်တရက် နောက်ဆုတ်လိုက်ပြီး ဓားရှည်ကို ဝေ့ယမ်းလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။

“စစ်သူကြီးလုရဲ့ အကောင်းဆုံး အသက်ဓာတ် နှလုံးသားက အနက်ရောင် ဝက်ဝံပဲ … အဲဒီအသက်ဓာတ်နှလုံးသားရဲ့ ခုခံနိုင်စွမ်းအားက အတော်လေးကို မြင့်မားတယ်။ ဒီနေ့ ကျုပ်ရဲ့ဓားနဲ့ အဲဒီစွမ်းရည်ကို ဖျက်ဆီးပစ်မယ်”

ထိုစဉ် လုကျိုးက ဘေးမှ စောင့်ကြည့်နေသည်။ သူ ဘာလုပ်ရမည် မဆုံးဖြတ်ခင် အန်းဆယ်၏ စွမ်းဆောင်ရည်ကို မြင်တွေ့လိုမိသည်။ အကယ်၍ မထိုက်တန်ပါက အန်းဆယ်ကို မွေးဖွားဇယားချပ် အရေအတွက် လျှော့ချခြင်း သို့မဟုတ် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို သုံးပြီး ဖြေရှင်းလိုက်မည်။

အန်းဆယ်၏ စွမ်းအင်ဓားက ယင်နှင့်ယန် ပါကွား သဏ္ဌာန်ပြောင်းလဲသွားကာ လည်ပတ်လာသည်။ သူ့ထိန်းချုပ်မှုက ပြစ်ချက်ကင်းလာ၏။ ထိုအရာက အရှိန်အမျိုးအစား တစ်ခု ဖြစ်ဟန်ပေါ်သည်။

သိပ်မကြာခင် စွမ်းအင်ဓားများက တောက်ပလာကြသည်။

လုကျိုးက အန်းဆယ်သည် တိုက်ခိုက်ရေး အမျိုးအစား အသက်ဓာတ် နှလုံးသား၏ စွမ်းရည်ကို အသုံးပြုထားပြီး သူ့လက်နက်ကလည်း လွှမ်းမိုးမှုအဆင့် လက်နက် ဖြစ်ကြောင်း ပြောနိုင်လေသည်။

အန်းဆယ်ကို လွှမ်းခြုံထားသည့် ကြယ်တာရာဒိုင်ခွက်က အပြည့်အဝ ပေါ်ထွက်လာခဲ့သည်။ ထိုအရာ၏ တောက်ပနေသော တြိဂံများကြောင့် သူ့တွင် မွေးဖွားဇယားချပ် မည်မျှ အသက်သွင်းထားသည်ကို မြင်တွေ့ဖို့ အခက်တွေ့လှသည်။

အလင်းရောင်က ပိုမို တောက်ပလာခဲ့၏။

ထိုစဉ် အန်းဆယ်က သူ့ ကြယ်တာရာဒိုင်ခွက်ဖြင့် ရှေ့တိုးသွားလိုက်သည်။

လုချန်းရှန်းက တိုက်ခိုက်ရေး အတွေ့အကြုံများစွာ ရှိသည့်သူ ဖြစ်သည့်အတွက် အလျင်အမြန် တုံ့ပြန်ကာ သူ့ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်ပြီး အန်းဆယ်၏ တိုက်ကွက်ကို အလျင်အမြန် တားဆီးခဲ့သည်။

နှစ်ဖက်လုံးက ထိပ်တိုက် တွေ့ဆုံခဲ့ကြ၏။

မဖျက်ဆီးနိုင်ဖွယ် ခန်းမရှေ့ရှိ မြေကြီးက အက်ကွဲသွားပြီး အက်ကြောင်းများက မီတာထောင်ချီအထိ ပျံ့နှံ့သွားသည်။

လုချန်းရှန်းက အားပြင်းပြင်းကြောင့် လွင့်ထွက်သွားလေ၏။ သူက ဒဏ်ရာအပြင်းအထန် မရရှိသွားသော်လည်း အနေအထားက ဆိုးဝါးလွန်းလှသည်။

အန်းဆယ်က ရှေ့တိုးလာကာ ပြုံး၍ ပြောလိုက်သည်။

“နှုတ်ဆက်ပါတယ်”

ထိုစဉ် လုချန်းရှန်းက သူ့ခန္ဓာကိုယ် ထိန်းချုပ်မှု လွှတ်ကင်းသွားကြောင်း ခံစားမိလိုက်သည်။ သူ့ခန္ဓာကိုယ်က ပိုမိုလေးလာသလို ခံစားမိလိုက်၏။ ထိုအရာအပြင် သူ့ရှေးဦးချီက အေးခဲသွားကာ လှုပ်ရှားဖို့ အခက်တွေ့ဟန်ပေါ်သည်။

ဘာတွေဖြစ်နေတာလဲ…

အန်းဆယ်၏ အနောက်ဘက်မှ ထွက်ပေါ်လာသည့် စွမ်းအင်ဓား မြောက်မြားစွာက နဂါးနက်တစ်ကောင်အလား ခက်ထန်စွာ တိုးဝင်လာကြသည်။

ကျန်းကုန်းကုန်းက ထိုအရာကို မြင်သည့်အခါ ပြုံးလိုက်မိသည်။ သူက ခေါင်းညိတ်လျက် သဘောကျသည့် အမူအယာမျိုး ပြသနေသည်။

စီးဝူယာ့က လုချန်းရှန်းသည် ဤမျှ အလွယ်တကူ ရိုက်နှက်ခံရလိမ့်မည်ဟု ထင်မထားမိချေ။

ထိုစဉ် အနက်ရောင်နဂါးက လုချန်းရှန်းအပေါ် သက်ရောက်တော့မည့်ဆဲဆဲတွင် လုကျိုးက လှုပ်ရှားလာခဲ့သည်။

ဝုန်း

အပြာရောင် လက်ဝါးစည်းတံဆိပ်က စွမ်းအင်ဓားများဖြင့် ဖွဲ့စည်းထားသည့် နဂါးနက်ကို တားဆီးခဲ့သည်။

နဂါးနက်က အပြာရောင် လက်ဝါးစည်းတံဆိပ်ဖြင့် ထိပ်တိုက်တွေ့ဆုံကာ အသံများ ထုတ်လွှတ်လာသည်။

“ဟမ်”

နောက်ဆုံးတွင် အန်းဆယ်က တစ်စုံတစ်ခု လွှဲမှားနေသည်ကို သတိထားမိသွားသည်။

“ဗုဒ္ဓလက်ဝါးစည်းတံဆိပ်လား”

အန်းဆယ်က ကောင်းကင်အထက် မြင့်တက်လာကာ ကြည့်လိုက်သည်။ ထို့နောက် သူက အပြာရောင်လက်ဝါး စည်းတံဆိပ်၏ ပိုင်ရှင်သည် ကျော့ရှင်းကာ တည်ငြိမ်သည့် လူငယ်လေးတစ်ဦး ဖြစ်ကြောင်း မြင်လိုက်ရ၏။

ထိုလက်ဝါးစည်းတံဆိပ်က တောင်သဖွယ် မလှုပ်ရှားဘဲ နဂါးနက်ကို ပြီးပြည့်စုံစွာ ထိန်းချုပ်ထားနိုင်သည်။

အန်းဆယ်က မျက်မှောင်ကျုံ့လိုက်သည်။

“ခင်ဗျား ဝင်မစွက်ဖက်သင့်ဘူး”

အန်းဆယ်က လက်ဝှေ့လိုက်၏။ ယခင်ကဲ့သို့ လေထဲတွင် စွမ်းအင်ဓားပေါင်းများစွာ ထွက်ပေါ်လာပြီး ဒုတိယမြောက် နဂါးနက်တစ်ကောင် ပေါ်လာခဲ့သည်။ တစ်ချိန်တည်းဆိုသလို သူ့အနက်ရောင် ကြယ်တာရာဒိုင်ခွက်က မွေးဖွားဇယားချပ်စွမ်းအားဖြင့် တောက်ပနေသည်။

လုကျိုးက ခေါင်းမော့ကာ ပြောလိုက်သည်။

“ရိုင်းပျလိုက်တာ”

ထို့နောက် သူက အဆင့်မြင့်မြင့် လျှော့ချရေး ကတ်ကို ဘယ်လက်ဖြင့် ထုတ်ဖော်လိုက်သည်။ ထိုအရာကို ချေမွပစ်လိုက်သည့်အခါ ရွှေရောင်ပိုက်ကွန်တစ်ခု ထွက်ပေါ်လာ၏။

အန်းဆယ်က မလှုပ်မယှက် ဖြစ်နေသည်။ သူက ဓားကို ဝှေ့ယမ်းလိုက်၏။

ဘန်း

ရွှေရောင်ပိုက်ကွန်က ရှိနေဆဲသာ ဖြစ်သည်။

အန်းဆယ်က ဓားကို ထပ်မံ ဝှေ့ယမ်းလိုက်ပြန်သည်။

ဘန်း

ယခင်ကဲ့သို့ ရွှေရောင်ပိုက်ကွန်က အကောင်းတိုင်း ရှိနေသေး၏။

အန်းဆယ်က ဓားကို ထပ်မံ ထပ်မံ ဝှေ့ယမ်းနေသော်လည်း အသုံးမဝင်ခဲ့ပေ။

ရွှေရောင်ပိုက်ကွန်က ဆက်လက်ရှေ့တိုးလာပြီး အန်းဆယ်ကို ဖမ်းဆီးတော့မည့်ဟန် ပေါ်သည်။

ထိုစဉ် အန်းဆယ်က အလျင်လိုလာမိ၏။ သူက နဂါးနက်ကို အလျင်အမြန် ရုတ်သိမ်းကာ ပြိုင်ဘက်ပင်းအရှိန်ဖြင့် နောက်ဆုတ်လိုက်သည်။

ထိုစဉ် ရွှေရောင်ပိုက်ကွန်က ရုတ်တရက် ဆိုသလို အရှိန်မြင့်လာပြီး အန်းဆယ်နောက်မှ လျှပ်စီးလို လိုက်ပါလာသည်။

ဘန်း

အန်းဆယ်၏ ကြယ်တာရာဒိုင်ခွက်က ပေါ်ထွက်လာသည်။

ရွှေရောင်ပိုက်ကွန်က အလင်းငါးရောင်အဖြစ် ပြောင်းလဲသွားပြီး အန်းဆယ်၏ ကြယ်တာရာဒိုင်ခွက်ဆီ ပျံသန်းဝင်ရောက်သွယးခဲ့သည်။

အန်းဆယ်က အံ့အားသင့်စွာ နာကျင်စွာ အော်ငြီးလိုက်မိ၏။ သူက သူ့ကြယ်တာရာ ဒိုင်ခွက်သည် တစ်စုံတစ်ခု မှားယွင်းသွားကြောင်း ခံစားမိလိုက်သည်။ သူက ထိုအပေါ်တွင် ချိုင့်ရာကို မြင်တွေ့လိုက်ရသည်။ ထိုအရာက အချိန်မရွေး ပေါက်ကွဲထွက်တော့မည့်ဟန် ပေါ်၏။

ဝှစ်

ကြယ်တာရာဒိုင်ခွက်မှ သလင်းကျောက်သဖွယ် ကြည်လင်နေသည့် အသက်ဓာတ် နှလုံးသားတစ်ခု ထွက်ပေါ်လာခဲ့သည်။

လုကျိုးက လက်ဝှေ့လိုက်သည့်အခါ အသက်ဓာတ်နှလုံးသားက သူ့ဆီ ပျံသန်းရောက်ရှိလာသည်။

တစ်ချိန်တည်းဆိုသလို အန်းဆယ်၏ ကြယ်တာရာဒိုင်ခွက်ပေါ်မှ တြိဂံငါးခုထံ လျှို့ဝှက်စွမ်းအားတစ်ခု စီးဆင်းသွားခဲ့၏။ ဤသို့ဖြင့် သူတို့က ပထမကတည်းက အသက်မသွင်းဖူးသည့်အလား မှေးမှိန်ကျသွားသည်။ ဤသို့ဖြင့် ကြယ်တာရာဒိုင်ခွက်က အရွယ်အစား ကျုံ့သွားလေ၏။

“…”

…

အခန်း (၁၀၇၉) အရှင်မင်းကြီး ဒါက လုမျိုးနွယ်ရဲ့ဘိုးဘေးပါ

အန်းဆယ်၏ စွမ်းအားဗဟိုချက် ချီပင်လယ်ထဲရှိ စွမ်းအင်များလွင့်ပြယ်သွားပြီး ကမ္ဘာမြေကြီးဆီ ချက်ချင်း ပြန်လည်ရောက်ရှိလာ၏။ တစ်ချိန်တည်းတွင် သူ၏ကျင့်ကြံဆင့်က လျင်မြန်စွာ ကျဆင်းသွားတော့သည်။ သူသည် မွေးဖွားဇယားချပ် ၁၀ခု ကျင့်ကြံသူမှ မွေးဖွားဇယားချပ် ၅ခု ကျင့်ကြံသူအဖြစ် ကျဆင်းသွားသည်။ ယင်းက သူ၏စွမ်းအင်အားတဝက်လျော့သွားရုံမျှလောက် မရိုးရှင်းပေ။ တကယ်တော့ ဆန်းကြယ်စွမ်းအားသည် အနည်းဆုံး သူ၏ခွန်အား ၈၀%ခန့် သုံးစွဲသွားသည်။

ရုတ်တရက်ပြောင်းလဲမှုကို လိုက်မမှီနိုင်ဘဲ အန်းဆယ်က ဝေဟင်ထဲမှ လျင်မြန်စွာ ပြုတ်ကျလာတော့သည်။

ဘန်း

အန်းဆယ် ပြုတ်ကျသွားသောအခါ သူ၏လက်ကို မှင်တက်စွာ ကြည့်နေမိ၏။ သူ့စွမ်းအားဗဟိုချက် ချီပင်လယ်ထဲမှ ပြောင်းလဲမှုကို ခံစားမိသောအခါ အံ့ဩဆွံ့အသွားတော့သည်။

“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

လုချန်းရှန်းနှင့် ကျန်သည့်သူများတောင် မဆိုထားနှင့် စီးဝူယာ့တောင် စိတ်ရှုပ်ထွေးသွားသည်။ ဘာဖြစ်နေမှန်း သူတို့မသိပေ။

လုကျိုးက သူတို့ကို အာရုံမစိုက်ပေ။ ထိုအစား သူ့လက်ထဲရှိ အသက်ဓာတ်နှလုံးသားကို ကြည့်လိုက်သည်။

“တင်း ... ဧရာမလိပ်ရဲ့အသက်ဓာတ်နှလုံးသား အဆင့်မြင့်အသက်ဓာတ်နှလုံးသား ရပါပြီ။ စွမ်းရည် မြေဆွဲငင်အား ထိန်းချုပ်မှု”

“ထင်သည့်အတိုင်းပဲ မြေဆွဲငင်အား ထိန်းချုပ်မှုပဲ”

လုကျိုးက အန်းဆယ်နှင့် လုချန်းရှန်း၏တိုက်ပွဲကို အစောတုန်းက လေ့လာခဲ့စဉ် ထူးဆန်းတာကို ရှာတွေ့ခဲ့၏။ လုချန်းရှန်းသည် မြေဆွဲငင်အားကြောင့် လေးလံနေပုံပေါ်သည်။

လုကျိုး ခေါင်းညိတ်လိုက်သည်။ တကယ်ပင် ယင်းက ကောင်းမွန်သည့်အသက်ဓာတ်နှလုံးသား ဖြစ်သည်။ အသက်ဓာတ်နှလုံးသားအတွက် အဆင့်မြှင့်တိုးမြှင့် လျှော့ချရေးကတ်ကို လဲလှယ်ရေးကတ်ကို အသုံးပြုရတာ တကယ်အကျိုးရှိသည်။ အသက်ဓာတ်နှလုံးသားက တစ်ကြိမ်အသုံးပြုခဲ့ပြီးဖြစ်ကာ သူ့တပည့်ကို မပေးနိုင်တော့တာ နှမြောစရာကောင်းလှ၏။ မည်သည့်နည်းနှင့်မဆို လုကျိုးက အကောင်းဖက်ကသာ ရှုမြင်လေ၏။ ဆိုရလျှင် သူ၏သက်တမ်းကို အရေးတကြီး မြှင့်တင်ရန် လိုအပ်နေသည်။

ထိုစဉ် ခိုင်မြဲရေးခန်းမဝင်ပေါက်နား၌ စုဝေးနေသောပညာရှင်များသည် တာ့ယွင်တော်ဝင်နန်းတော်၏ အသန်မာဆုံးသိုင်းပညာရှင်ကို ကြည့်ပြီး ဇဝေဇဝါဖြစ်သွား၏။ လေထုထဲ၌ နဂါးနှစ်ကောင် ပျောက်ကွယ်သွားပြီးနောက် အလင်းစက်ငါးစက်သည် အန်းဆယ်၏ ကြယ်တာရာဒိုင်ခွက်ကို ထိမှန်သွားတာပဲ တွေ့လိုက်ရသည်။ ဤအတိုင်းဆို တိုက်ပွဲက အဆုံးသတ်တော့မည့်ပုံပေါ်၏။ သူတို့ ပွဲကို ကြည့်ဖို့အချိန်တောင်မရတော့ပေ။

ဘီး

အန်းဆယ်က သူ့ရှေ့တွင် ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်လိုက်၏။ သူသည် မွေးဖွားဇယားချပ် ကတ်ပြားပေါ်ရှိ တြိဂံများကို ဂရုတစိုက်လေ့လာလိုက်သည်။ သူ၏လက်ချောင်းများဖြင့် တြိဂံများကို ပွတ်သပ်လိုက်ပြီး ချွန်ထွက်သော အနားကို ခံစားမိပြီး တောက်ပသောအလင်းကို မြင်လိုက်ရသည်။

တစ်ခု၊ နှစ်ခု၊ သုံးခု၊ လေးခု၊ ငါးခု

အန်းဆယ်သည် မည်မျှပင်ကြိုးစားရှာဖွေစေကာမူ သူ၏ ဆဌမမြောက်နှင့် ကျန်သည့် မွေးဖွားဇယားချပ်များကို ရှာမတွေ့ခဲ့ပေ။ မွေးဖွားဇယားချပ်က ကျုံ့နေသောကြောင့် သူ ရှာမတွေ့တာဟု ထင်မိသည်။ ဆက်ကျုံ့သွားပါက ၎င်းက ပန်းကန်ပြားအရွယ်အစားထိရောက်အောင် ဆက်ကျုံ့သွား၏။

အန်းဆယ်က သူ၏ မွေးဖွားဇယားချပ်ကို ထိပြီး လက်ချောင်းများ တုန်ယင်လာ၏။

“မဟုတ်ဘူး မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

အန်းဆယ်သည် သူ၏ဆင်ခြင်တုံတရားစတင်ဆုံးရှုံးသွားလေ၏။ သူ၏ စိတ်ခံစားချက်များက ပေါ်လာပြီ ဖြစ်သည်။ မိမိတန်ဖိုးထားရဆုံးအရာကို လုယူခံရတာ မည်မျှရက်စက်သနည်း။ သူက လုကျိုးကို စိန်းစိန်းဝါးဝါးကြည့်လိုက်၏။ လုကျိုး၏ လက်ထဲရှိ အသက်ဓာတ်နှလုံးသားကို မြင်သောအခါ သူ နာကျင်လာတော့သည်။ ပြီးနောက် သူက မြင်သမျှအနီရောင်သာဖြစ်ပြီး သူ ဒေါသများ ပေါက်ကွဲလိုက်၏။ သူက မြေပြင်ပေါ် ခြေဆောင့်နင်းကာ လုကျိုးကို တိုက်ခိုက်လိုက်တော့၏။

“စစ်သည်တော် အန်းဆယ်က နောက်ဆုံးတော့ လှုပ်ရှားပြီပဲ”

အဝေး၌ ပျံဝဲနေသော ကျင့်ကြံသူများက တစ်စုံတစ်ခုမှားယွင်းနေတာကို သတိမပြုမိဘဲ ပြောလိုက်၏။ အန်းဆယ်ကို လူအများစုက သူတို့၏ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားတာ ဖြစ်သည်။ ယခု အန်းဆယ်လှုပ်ရှားပြီဖြစ်သောကြောင့် သူတို့သွေးများ ဆူပွက်လာပြီး တိုက်ခိုက်လိုစိတ်များ ပေါ်ပေါက်လာ၏။

ဘန်း

အန်းဆယ်၏ကြယ်တာရာဒိုင်ခွက်က လုကျိုးနားရောက်လာသောအခါ လုကျိုးသည် သူ၏လက်ကို တွန်းထုတ်လိုက်၏။

ဘန်း

အန်းဆယ်သည် သူ၏စွမ်းအားကို ရုတ်တရက်ပျောက်ကွယ်သွားတာ မယုံနိုင်ခဲ့ပေ။ သူက ခွန်အားကုန်သုံးကာ ရှေ့သို့တိုးလာ၏။

ဘန်း

အန်းဆယ်က နောက်သို့လွင့်သွားပြီး မြေပြင်ပေါ် ပြုတ်ကျသွား၏။ သူ ပြုတ်ကျသွားစဉ် မြေပြင်ပေါ်၌ စွတ်ကြောင်းရှည်ကြီးတစ်ခု ချန်ခဲ့သည်။ သူ ရုန်းကန်နေရပြီးနောက် လက်မလျော့ခဲ့ဘဲ ပြန်ထကာ ပုံရိပ်ယောင်များ ချန်ရစ်ခဲ့သည်။

ဘန်း ဘန်း ဘန်း

အန်းဆယ်က ဆက်တိုက် တိုက်ခိုက်တော့သည်။

ရွှေရောင်ဗုဒ္ဓခန္ဓာ

မကြာမီ၌ အန်းဆယ်သည် သူ၏ လွှမ်းမိုးအဆင့်ဓားကို လွှဲယမ်းလိုက်သည်။ လုကျိုးသည် အမည်မဲ့ကို ဒိုင်းအသွင်ဖြင့်ဆွဲထုတ်ကာ အန်းဆယ်၏လွှမ်းမိုးအဆင့်ဓားကို ပိတ်ဆို့လိုက်သည်။

ဘန်း ဘန်း ဘန်း ဘန်း

ယင်းက အချိန်အတော်ကြာ ဆက်လက်ဖြစ်ပွားနေ၏။

အန်းဆယ်၏အရှိန် လျော့ကျသွားတာ မြင်သောအခါ သူ နောက်တစ်လှမ်းဆုတ်ကာ မောကြီးပန်းကြီး အသက်ရှူလိုက်၏။ သူက အမူအရာကင်းမဲ့ပြီး အထိအခိုက်မရှိသော လုကျိုးကို ကြည့်နေမိသည်။

လုကျိုးက အန်းဆယ်ကို တစ်ချက်ကြည့်ကာ မေးလိုက်၏။

“မင်း ပြီးသွားပြီလား”

အန်းဆယ် “...”

ကျန်းကုန်းကုန်း၊ လုချန်းရှန်းနှင့် ကျန်သည့်ပညာရှင်များက သူတို့ရှေ့ရှိတိုက်ပွဲကို ကြည့်ပြီး မယုံနိုင်ဖြစ်နေ၏။

“မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။ မပြီးသေးဘူး။ ငါ့ရဲ့ မွေးဖွားဇယားချပ်တွေ ပြန်ပေး”

အန်းဆယ်က သူ၏ဓားရှည်ဖြင့် တိုက်ခိုက်လျက် အံကြိတ်လိုက်သည်။ သူက စိတ်ခံစားချက်များ သူ့ကို လွှမ်းမိုးခွင့်ပေးလိုက်ကာ ယခုအချိန်၌ ဆင်ခြင်တုံတရား မရှိတော့ပေ။

ဘန်း

အန်းဆယ်က ရုတ်တရက် သူ၏လက်ဝါးကို ဝေ့ယမ်းပြီး ရိုက်လိုက်၏။

ဘန်း

လုကျိုးသည် သူ၏အင်္ကျီလက်ကို ဝေ့ယမ်းကာ သူ၏လက်ဝါးဖြင့် ရိုက်လိုက်၏။ ပြီးနောက် အန်းဆယ်၏ တိုက်ခိုက်ပုံကို ပြီးပြည့်စုံစွာ တုပထားသည့်တိုက်ကွက်များ ဆက်တိုက် ထုတ်သုံးလိုက်သည်။ တစ်ခုတည်းသော ကွဲပြားခြားနားချက်က အန်းဆယ် မျှော်လင့်နိုင်တာထက်တောင် ပိုပြီးမြန်ဆန်နေတာပဲဖြစ်သည်။

ပုံရိပ်ယောင်များက အန်းဆယ်နားတဝိုက်လှစ်ကနဲပေါ်လာ၏။ ရုတ်တရက် သူ့ကို ဝိုင်းထားကာ သူတို့၏လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ လက်ဝါးစည်းတံဆိပ်ငါးခုက သူ့အပေါ်ချက်ချင်း ကျရောက်သွားသည်။

“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၆၀၀၀”

နောက်ဆုံးလက်ဝါးစည်းတံဆိပ်ကျလာပြီးနောက် လုကျိုးသည် တူညီသည့်အသိပေးစာ ငါးခု ရလိုက်၏။

လူတိုင်း မှင်တက်သွားတော့သည်။ အန်းဆယ်ကို သူတို့၏စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားသော တော်ဝင်နန်းတော် ပညာရှင်များက ပိုတောင်မှင်တက်သွားလေ၏။ ပြောင်မြောက်ဖွယ်တိုက်ကွက်တွေ ပြင်းထန်တဲ့တိုက်ပွဲ အန်းဆယ်ရဲ့ရန်သူကို ဂုဏ်သရေရှိရှိ အနိုင်ယူမှုတွေက ဘယ်မှာလဲ။ ဤအတိုင်းပင် တာ့ယွမ်၏ အသန်မာဆုံးပညာရှင်က ကျရှုံးသွားတော့သည်။

အန်းဆယ်မြေပြင်ပေါ် လှုပ်ရှားမှုမရှိ လဲနေချိန် ခိုင်မြဲရေးခန်းမအပြင်ဖက်၌ တိတ်ဆိတ်မှု ကြီးစိုးလာတော့သည်။ လုကျိုးက အန်းဆယ်ကို တစ်ချက်မှ မကြည့်ဘဲ လှည့်ပြောလိုက်၏။

“မင်း လမ်းပြမှာလား”

ကျန်းကုန်းကုန်းက နောက်ဆုံး၌ သတိကပ်လာ၏။ သူက ကျော၌ချွေးများ စိုရွှဲနေတာကို သတိပြုမိသွားသည်။ “ဟုတ် ဟုတ်”

လုချန်းရှန်းက တံတွေးမြိုချပြီးနောက် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက မှန်ကန်သည့်မြင်းပေါ် လောင်းကြေးထပ်ခဲ့ပုံပေါ်၏။ ဤနည်းဖြင့် လူတိုင်းသည် ခိုင်မြဲရေးခန်းမဆီ လမ်းလျှောက်သွားကြသည်။

လုချန်းရှန်းက အန်းဆယ်ကို ဖြတ်ကျော်သွားစဉ် သူက အန်းဆယ်ကိုကြည့်ပြီး သက်ပြင်းချလိုက်၏။

“မင်းက နှစ်ပေါင်း ၃၀၀အတွင်း မွေးဖွားဇယားချပ်တစ်ခုကနေ မွေးဖွားဇယားချပ်ဆယ်ခု ဖြစ်လာတဲ့ ကျင့်ကြံသူတစ်ယောက် ပါရမီရှင်တစ်ယောက်ပဲ။ အခု မင်းက မွေးဖွားဇယားချပ်၁၀ခုကနေ မွေးဖွားဇယားချပ်မရှိတဲ့အနေအထားဆိုတော့ မင်းရဲ့လုပ်ရပ်ကို နောင်တရနေမှာပဲမလား”

အန်းဆယ်က သွေးတစ်ပွက်အန်ပြီးနောက် လုချန်းရှန်း၏ခြေထောက်ကို ဆုပ်ကိုင်လိုက်ရာ လုချန်းရှန်း၏ ပေါင်ပေါ်၌ သွေးရာများကျန်ခဲ့တော့သည်။ သူက တုန်ယင်နေသောအသံဖြင့် မေးလိုက်တော့သည်။ “သူ သူ သူက ဘယ်သူလဲ”

လုချန်းရှန်းက ခေါင်းခါလျက် သက်ပြင်းချလိုက်လေ၏။

“သူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်ပဲ”

“...”

စီးဝူယာ့သည် သူ့ရှစ်စွင်း၏လွှမ်းမိုးနိုင်စွမ်းအားကို လျင်မြန်စွာ လိုက်လျောညီထွေဖြစ်သွားပြီး မေးလိုက်သည်။ “ရှစ်စွင်း သူ့ကို ဘာလို့မသတ်တာလဲ”

“သူ သေတာထက် ရှင်တာက ပိုခံစားရမှာ” လုကျိုးက ပြောလိုက်သည်။

စီးဝူယာ့က ခေါင်းညိတ်လိုက်လေ၏။

“သူ့ကိုယ်သူ ပါရမီရှင်တစ်ယောက်ဆိုပြီး ဂုဏ်ယူနေတာ။ အခုအရာအားလုံး ဆုံးရှုံးသွားပြီ။ ဒါက အသက်ဆုံးရှုံးရတာထက် ပိုနာကျင်စရာကောင်းတယ်။ ပြောရရင် သူ့ရဲ့ဆရာက အမည်မဲ့မြေကို ရောက်ခဲ့ဖူးတာပဲ”

ထိုသတိပေးချက်ဖြင့် လုကျိုးသည် ဤသူငယ်နှင့်စကားကောင်းကောင်းပြောသင့်သည်ဟု ဆုံးဖြတ်လိုက်သည်။ တစ်ဖက်တွင်မူ ကျန်းကုန်းကုန်းက ကြောက်လန့်လွန်းသဖြင့် လမ်းတောင် တည်တည်ငြိမ်ငြိမ်လျှောက်နိုင်တော့ပေ။ သူသည် တခြားသူများက သူ့နောက်လိုက်နေစဉ် သူက အဖိုးအိုတစ်ယောက်ကဲ့သို့ တုန်ယင်နေ၏။ ခဏအကြာတွင် ခိုင်မြဲရေးခန်းမ ဝင်ပေါက် အပြင်ဖက်သို့ ရောက်သောအခါ ပြောလိုက်၏။ သူက ပါးစပ်ဟ လုချန်းရှန်း ရောက်လာသည်ဟု ကြေညာရန် ပြင်လိုက်သည်။

သို့သော် လုကျိုးက လက်ဝေ့ယမ်းလျက် ကျန်းကုန်းကုန်း ကြေညာမှာကို မစောင့်တော့ဘဲ ခန်းမထဲသို့ ဝင်သွားတော့သည်။

“ဒါ ဒါ ဒါက မသင့်တော်ပါဘူး”

ကျန်းကုန်းကုန်းက စိတ်ပူပန်လွန်းသဖြင့် ငိုချင်လာ၏။

စီးဝူယာ့က ကျန်းကုန်းကုန်းကို တွန်းထုတ်ပြီးပြောလိုက်သည်။

“ကျန်းကုန်းကုန်း ခင်ဗျား တုံးအတာလား။ တုံးအချင်ယောင်ဆောင်နေတာလား။ အခုအချိန်ထိ ဘယ်သူက ဘယ်သူ့ကို လေးစားမှုပြရမယ်ဆိုတာ မပြောနိုင်သေးဘူးလား”

လုချန်းရှန်းသည် စီးဝူယာ့၏စကားကိုကြားသောအခါ ထောက်ခံကြောင်းခေါင်းညိတ်လိုက်၏။ ထို့အပြင် ယခုသူသည် ဧကရာဇ်နှင့်အတူ ကျရှုံးခဲ့ပြီးဖြစ်လေရာ ဘာကျင့်ဝတ်ကိုများ ထိန်းနေရန်လိုအပ်မည်လော။ ယခုအချိန်တွင် အဆင့်အတန်းအကြောင်းပြောတာက အသုံးမဝင်ပေ။

သူတို့အဖွဲ့ ခန်းမထဲရောက်သောအခါ မူအာထျဲ့က သူ၏ရှေးဟောင်းပစ္စည်းများဖြင့် ဆော့ကစားနေတာကို တွေ့လိုက်ရသည်။

မူအာထျဲ့လှည့်လာသောအခါ သူသည် လုကျိုး၊ လုချန်းရှန်းနှင့် ငိုနေသောကျန်းကုန်းကုန်းကို တွေ့လိုက်ရ၏။ သူက မျက်မှောင်ကျုံ့ကာ ဟိန်းဟောက်လိုက်သည်။

“လုချန်းရှန်း ရာရာစစ”

လုချန်းရှန်းက ကျောမတ်လျက် ဒူးမထောက်ဘဲ ပြောလိုက်၏။

“အရှင်မင်းကြီး ဒီလက်အောက်ငယ်သားက အရှင့်ကို လျှောက်တင်စရာရှိပါတယ်”

“မင်းကိုယ်မင်း ငါ့လက်အောက်ငယ်သားလို့ ပြောရမယ်မှန်း သိနေတုန်းလား” မူအာထျဲ့၏အသံက ခန်းမထဲ၌ မိုးခြိမ်းသံကဲ့သို့ မြည်ဟည်းနေ၏။ သူက လုကျိုးကို မြင်သောအခါ မေးလိုက်သည်။ “ဒါ ဘယ်သူလဲ”

လုချန်းရှန်းက မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်လေ၏။ “အရှင်မင်းကြီး ဒါက လုမျိုးနွယ်ရဲ့ဘိုးဘေးပါ”

“...”

လုချန်းရှန်းက လုကျိုး၏အစွမ်းထက်သော ပေါင်းမိုးကို ဖက်တွယ်ထားရန် စဉ်းစားထားပြီးဖြစ်သောကြောင့် လုကျိုးကို သူ့ဘိုးဘေးအဖြစ် အရှက်ကင်းမဲ့စွာ ကြေညာလိုက်လေ၏။ ယင်းက အမှန်မဟုတ်လျှင်တောင် အမှန်ဖြစ်အောင်လုပ်နိုင်သည်။ လုမျိုးနွယ်က သေရေးရှင်ရေး၌ ရုန်းကန်နေရပြီဖြစ်သည်။ သူတို့သည် အစွမ်းထက်သည့် လူတစ်ယောက်ကို အားကိုးနိုင်မည်ဆိုပါက သူတို့သည် ပြဿနာအားလုံးဖြေရှင်းနိုင်လိမ့်မည်။ ထို့အပြင် တာအိုဆရာသခင်လုနှင့် မျှော်နန်းသခင်လုက အသက်ရွယ်မတူသည်မှအပ ရုပ်ရည်ဆင်တူ၏။ လုကျိုးကို သူတို့ဘိုးဘေးအဖြစ် အသိအမှတ်ပြုတာက အဆင်ပြေသည်။ နောင်လာနောက်သားများက ဘိုးဘေးများကို ကိုးကွယ်ပြီး ဘိုးဘေးများက သူတို့၏နောင်လာနောက်သားများကို ကာကွယ်ပေးလိမ့်မည်။

လုကျိုးနှင့် စီးဝူယာ့က မျက်မှောင်ကျုံ့မိသွား၏။

ကျန်းကုန်းကုန်းက လုချန်းရှန်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်လိုက်၏။ ဤဟာသ ယုံကြည်စရာမကောင်းပေ။

…

အခန်း(၁၀၈၀) တာ့ယွမ်၏ ဧကရာဇ်ကို လိမ်လည်ခြင်း

ဤဟာသက လွန်ကဲနေသည်။ လုချန်းရှန်းက တာ့ယွမ်၏ ချီးကျူးထိုက်ဖွယ် စစ်သူကြီး ဖြစ်၏။ သူက တိုက်ပွဲကွင်းပြင်အတွင်း တိုက်ပွဲများစွာကို တိုက်ခိုက်လာရသည့် စစ်သူကြီးကောင်း တစ်ယောက် ဖြစ်ပေသည်။ သို့သော်လည်း အင်အားကြီးသည့် မျိုးနွယ် ဖြစ်လာခြင်းမှာ သူ့အားစိုက်ထုတ်မှု တစ်ခုတည်းကြောင့် မဟုတ်ဘဲ မျိုးနွယ်ရှိ ဘိုးဘေးများ၏ အားစိုက်ထုတ်မှုကြောင့်လည်း ပါဝင်သည်။

မျိုးနွယ်က ကျဆင်းလာသော်လည်း မျိုးနွယ်၏ မြင့်မြတ်သော ဇာစ်မြစ်ကို ပြောင်းလဲမပစ်နိုင်ပေ။

လုကျိုးက ထိုသူများသည် သူတို့ နာမည်ကျော်ကြားလျှင်ပင် သူတို့၏ ဇာစ်မြစ်ကို အတော်လေး အလေးထားကြောင်း နားလည်လိုက်၏။ သူက လုချန်းရှန်းသည် ဤအခွင့်အရေးကို အသုံးချကာ သူနှင့် အဆက်အသွယ် တစ်ခု တည်ဆောက်လိုကြောင်း နားလည်လိုက်သည်။

ထိုစဉ် အနက်ရောင်ဧကရာဇ် မူအာထျဲ့က အားလုံးကို ကြည့်ပြီးသည့်နောက်တွင် အကြည့်က လုကျိုးဆီ ရောက်လာ၏။ သူက နောက်တစ်လှမ်း ဆုတ်သွားပြီး အံ့အားသင့်သွားဟန်ပေါ်သည်။

ထိုအရာကို မြင်ကာ ကျန့်ကုန်းကုန်းက အံ့အားသင့်သွားပြီး မူအာထျဲ့ကို ကူတွဲလိုက်ရသည်။

ထိုစဉ် စီးဝူယာ့က ထိုအခြေအနေကို တိတ်တဆိတ် အကဲခတ်နေ၏။ မူအာထျဲ့၏ တုန်ယင်မှုက သူ့သတိထားမှုအောက်မှ မလွတ်မြောက်ခဲ့ပေ။

အနက်ရောင် ဧကရာဇ် မူအာထျဲ့က ကျန်းကုန်းကုန်းကို တွန်းလွှတ်ကာ

“ငါ ငါကိုယ်တော် အဆင်ပြေတယ်” ထို့နောက် သူက လုချန်းရှန်းကို ကြည့်ကာ ပြောလိုက်၏။

“စစ်သူကြီးလု ငါ့ကို အရူးလို ထင်နေလား”

လုချန်းရှန်းက အမူအယာကင်းမဲ့စွာ ပြောလိုက်၏။

“အရှင်က ဘာလို့ အဲ့လိုပြောရတာပါလဲ”

ထိုစဉ် ကျင့်ကြံသူများက မဖျက်ဆီးနိုင်ဖွယ် ခန်းမအတွင်း ဝင်ရောက်လာကာ အဝင်ဝကို တားဆီးလိုက်ကြသည်။ ထိုအရာအပြင် နန်းတော်၏ အစောင့်များကလည်း ခန်းမအပြင်ဘက်မှာ ဝိုင်းထားလေ၏။ သူတို့က တစ်ဖက်သူ၏ ကျင့်ကြံဆင့်သည် အင်မတန် မြင့်မားကြောင်း သိထားသော်လည်း ဧကရာဇ်က မဖျက်ဆီးနိုင်ဖွယ် ခန်းမအတွင်း ရောက်ရှိနေသည့်အတွက် သူတို့က ဆောင်ရွက်ဖို့ ဖိအားပေးခံလိုက်ရသည်။

ထိုအရာကို မြင်ကာ လုချန်းရှန်းက လှည့်ကာ အော်လိုက်၏။

“ထွက်သွားစမ်း”

အသံလှိုင်းက ခန်းမအတွင်း ချက်ချင်းပျံ့နှံ့သွားသည်။

လုချန်းရှန်း၏ အသံလှိုင်း နည်းစနစ်က ကျင့်ကြံသူများနှင့် အစောင့်များ၏ နားစည်ကို အူသွားစေသည်။ သူတို့အားလုံးက ပိုမိုစိတ်လှုပ်ရှားလာကြ၏။

ထိုစဉ် မူအာထျဲ့က မလှုပ်မယှက် တည်ငြိမ်နေသည့်လုကျိုးကို လေ့လာအကဲခတ်နေသည်။ ခဏအကြာတွင် သူက လက်ဝှေ့လိုက်ပြီး ပြောလိုက်သည်။

“မင်းတို့အားလုံး ထွက်သွားကြ”

ကျင့်ကြံသူများက ခန်းမအတွင်းမှ နာနာခံခံ ထွက်သွားပြီး အပြင်ဘက်မှ စောင့်ဆိုင်းနေကြသည်။ သူတို့က အကြောင်းကြားသည်နှင့် အဆင့်သင့် လှုပ်ရှားနိုင်ဖို့ အသင့်ပြင်ထားလေသည်။ ဧကရာဇ်က အမိန့်ပေးသရွေ့ သူတို့က သေခြင်းတရားကို မမူဘဲ ရှေ့ကို တိုးလာလိမ့်မည်။

ခန်းမက တစ်ဖန် တိတ်ဆိတ်သွားသည်။

မူအာထျဲ့က လုချန်းရှန်းကို ကြည့်ကာ မေးလိုက်သည်။

“ဘိုးဘေးလား။ အဲဒီ စုန်းမ လန်ရှီဟယ်တောင် နှစ်တစ်သောင်းကြာ မနေနိုင်ဘူး။ မင်းရဲ့ ဘိုးဘေးက နှစ်သုံးသောင်း ကြာပြီးတဲ့နောက်မှာ အသက်ရှင်သေးတယ်လို့ ပြောချင်တာလား။

ဒါပေမဲ့ သူက အသက်ရှင်နေပြီးတော့ ငယ်ရွယ်တဲ့ သွင်ပြင်ကို ထိန်းထားနိုင်တယ်လို့ ပြောချင်နေတာလား”

လုချန်းရှန်းက မေးလိုက်သည်။

“အဲ့လိုဆိုရင် အရှင်မင်းကြီးက အစောလေးက ဘာလို့ အံ့အားသင့်သွားတာပါလဲ”

“…”

မူအာထျဲ့က မျက်မှောင်ကျုံ့လိုက်သည်။

စီးဝူယာ့က မူအာထျဲ့ကို လေ့လာအကဲခတ်ရင်း လုချန်းရှန်းကို မေးလိုက်၏။

“စစ်သူကြီးလု အရှင်က ခင်ဗျားရဲ့ စာကြည့်ခန်းထဲက ပန်းချီကားကို မြင်ဖူးလား”

လုချန်းရှန်းက လက်ဝှေ့ကာ ပြောလိုက်သည်။

“မမြင်ဖူးပါဘူး။ အဲ့စာကြည့်ခန်းထဲက သူတွေကို ကျုပ်နဲ့ လောင်ကျန်းကလွဲပြီး ဘယ်သူကမှ မမြင်ဖူးကြဘူး။ လုမျိုးနွယ်ရဲ့ တိုက်ရိုက်မျိုးဆက်တွေကပဲ ပန်းချီကားကို မြင်ဖူးကြတာ။ အခု ကျုပ်အဖေလည်း မရှိတော့ဘူးဆိုတော့ လောင်ကျန်းကို ထည့်မတွက်ရင် ကျုပ်တစ်ယောက်တည်းပဲ မြင်ဖူးတာ။

လုမျိုးနွယ်ထဲမှာ ရှိတဲ့ အားလုံးက ကျုပ်တို့ရဲ့ ဂုဏ်ကျက်သရေ ကျော်ဇော်တဲ့ ဘိုးဘေးအကြောင်း သိထားကြပေမဲ့ သူ ဘယ်လိုပုံစံလဲ ဆိုတာကို ဘယ်သူကမှ မသိကြဘူး။ လုလီတောင် ဒီပန်းချီကားချပ်ကို မမြင်ဖူးဘူး”

ထို့နောက် သူက မူအာထျဲ့ကို ထပ်ကြည့်ကာ မေးလိုက်သည်။

“အဲ့ဆိုတော့ အရှင် ဘာလို့ စောစောလေးက အံ့အားသင့်သွားတာလဲ ဆိုတာကို သိချင်ပါတယ်”

မူအာထျဲ့က မျက်မှောင်ကျုံ့လိုက်၏။

“လုချန်းရှန်း မင်း သတ္တိကောင်းနေတာပဲ။ ငါ့ကို ဒီလိုပုံစံနဲ့ လာပြောရဲတယ်ပေါ့”

ထို့နောက် သူက လှည့်ကာ အေးစက်စက် ခေါ်လိုက်သည်။

“အန်းဆယ်”

ပြန်ဖြေမှု ရှိမလာခဲ့ပေ။ ခန်းမ အပြင်နှင့် အတွင်းတွင် သေလုမတတ် တိတ်ဆိတ်နေ၏။ မူအာထျဲ့က အသံကို မြင့်ကာ ပြန်ခေါ်လိုက်သည်။

“အန်းဆယ်”

ကျန်းကုန်းကုန်းက ထိုအရာကို ဆက်လက်မကြည့်နိုင်တော့ပေ။ သူက ရှေ့တစ်လှမ်တိုးကာ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်လေ၏။

“အရှင် အရှင်မင်းကြီး … စစ် … စစ်သည်တော် အန်းဆယ်က အခု မတတ်စွမ်းနိုင်တော့ပါဘူး” “

“မတတ်စွမ်းနိုင်တော့ဘူးလား”

မူအာထျဲ့က မျက်မှောင်ကျုံ့လိုက်၏။

ကျန်းကုန်းကုန်းက အသက်ပြင်းပြင်း ရှူလိုက်သည်။ ထိုသတင်းကို နောက်ကျသည်ထက် ယခု ပြောလိုက်သည်က ပိုမို ကောင်းသည်ဟု ထင်မိသည်။

သူက လုကျိုး ညွှန်ပြကာ ပြောလိုက်၏။

“ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်လုပါ”

လုကျိုးရဲ့ နာမည် စတင်ပျံ့နှံ့လာစဉ် အခါက မူအာထျဲ့သည် လုကျိုးက အနက်ရောင် ကြာနယ်မြေအတွင်း သူနှင့် ပုခုံးယှဉ်ကာ ရပ်နိုင်သည့် ကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်း မှတ်ယူခဲ့သည်။ ကောလာဟလများက အတူတူသာ ဖြစ်၏။

မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်သည် အင်မတန် အားကောင်းကာ လေးစားခံ ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ သူက လုကျိုး၏ သွင်ပြင်ကို ကြည့်လိုက် သောအခါ လန်ရှီဟယ်ကို ထပ်မံ စဉ်းစားမိသွားပြန်သည်။ သူက လန်ရှီဟယ်နှင့် တစ်ခါမှ မတွေ့ဆုံဖူးသော်လည်း သူမ၏ ငယ်ရွယ်သော သွင်ပြင်ကို ထိန်းထားနိုင်ကြောင်း ကြားထားဖူးသည်မှာ ကြာမြှင့်လှပြီ ဖြစ်၏။

သူကိုယ်တိုင်ကပင် ကျင့်ကြံရေး ပါရမီရှင်တစ်ယောက် ဖြစ်သည့်အတွက် သူ့သွင်ပြင်က အသက်အရွယ်ထက် ငယ်ရွယ်နေသည်။

တာ့ယွမ်၏ အရင်းအမြစ်များဖြင့် သူသည် ပလ္လင်ပေါ်တွင် အခိုင်အမာ ရပ်တည်နိုင်သည်။

လုကျိုးက ပြောလိုက်၏။

“အဲ့အကြောင်း ပြောဖို့မလိုဘူး။ သူက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ‌‌လောက်ပါပဲ”

ပြောဖို့ မလိုဘူးတဲ့လား။ သူက အန်းဆယ်ကို ထိခိုက်အောင် လုပ်တဲ့သူလို့ ပြောချင်နေတာလား…

မူအာထျဲ့က လုကျိုး၏ စကားအပြောအဆိုနှင့် အမူအယာတို့အရ မြင့်မားသည့် အနေအထားတွင် ရှိခဲ့သည်မှာ ကြာမြှင့်လှပြီဖြစ်သည့် ရလဒ်ဖြစ်ကြောင်း ပြောနိုင်လေသည်။ ဤသည်က ညတွင်းချင်း သင်ယူ၍ တတ်သည့်အရာမျိုး မဟုတ်ပေ။ တခြားအရာများကိုပါ ထည့်ပေါင်းလိုက်လျှင် လုကျိုး၏ ဇာစ်မြစ်ကို သံသယမဖြစ်တော့ပေ။

သူက အနည်းငယ် စိတ်ရှုပ်ထွေးကာ ကြောက်လန့်နေဆဲ ဖြစ်၏။ သူ့ပစ်မှတ်က မြို့တော်ရှိ လုမျိုးနွယ် ဖြစ်လေရာ မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်ကို ရန်စခြင်းဖြင့် မည်သို့ အဆုံးသတ်သွားရသနည်း။

မူအာထျဲ့က အသိပြန်ဝင်လာသည့်အခါ ကျန်းကုန်းကုန်းကို ပြောလိုက်သည်။

“မျှော်နန်းသခင်လုအတွက် ထိုင်ခုံ မစီစဉ်ပေးသေးဘူးလား … သွား ချက်ချင်းလုပ်”

“ဟုတ်ကဲ့ ဟုတ်ကဲ့” ကျန်းကုန်းကုန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။

သူက နန်းတော်၏ အစေခံ မိန်းမပျိုလေးနှင့် ကုန်းကုန်းများအား ထိုင်ခုံပြင်ဆင်ပေးဖို့ အမိန့်ပေးလိုက်သည်။

မူအာထျဲ့က ဧကရာဇ်တစ်ယောက် ဖြစ်သော်လည်း ယခုအခိုက်အတန့်တွင် နဂါးပလ္လင်ပေါ်တွင် ထိုင်နေဖို့ရာ မျက်နှာပူလွန်းလှသည်။ ထို့ကြောင့် သူက လုကျိုးနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ လေးစားသမှုကို ပြလိုက်၏။ သူက အုပ်ချုပ်သူ တစ်ယောက်နှင့် လက်အောက်ခံများကြားက လောကဝတ်သည် ထိပ်သီးကျင့်ကြံသူများအပေါ် သက်ရောက်မှု မရှိကြောင်း နားလည်ထား၏။

လုကျိုးက ထိုင်ပြီးသည့်နောက်တွင် မူအာထျဲ့က ပြောလာခဲ့သည်။

“မျှော်နန်းသခင်လုအကြောင်းကို အများကြီး ကြားဖူးပါတယ်”

လုကျိုးက ပြောလိုက်၏။

“ကွေ့ပတ်ပြောမနေနဲ့တော့။ ငါ ဘာလို့ ဒီရောက်လာလဲ ဆိုတာကို သိပါတယ်”

မူအာထျဲ့က အနည်းငယ် စိတ်ရှုပ်ထွေးမိသွားမိသည်။

“ကျုပ်တကယ် မသိပါဘူး”

လုကျိုးက ကွေ့ပတ်ပြောမနေတော့ပေ။

“ကျုပ်က အမြဲတမ်း ရှင်းရှင်းလင်းလင်း လုပ်ခဲ့တာ။ ကျုပ်က လုမျိုးနွယ်ရဲ့ ဘိုးဘေး မဟုတ်ဘူး။ဒါပေမဲ့ လုချန်းရှန်းက ကျုပ်ကို အပြာရောင် သလင်းကျောက် ပေးထားမှတော့ သူ့ကို သေခွင့်မပေးနိုင်ဘူး”

မူအာထျဲ့က အပြာရောင် သလင်းကျောက်အကြောင်း ကြားသည့်အခါ စိတ်ထဲ အံ့အားသင့်သွားလေသည်။ သူက လုချန်းရှန်းကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။

ဉာဏ်များတယ်ဆိုတဲ့ မြေခွေးအိုကြီးအတိုင်းပဲ။ သူက အပြာရောင် သလင်းကျောက်နဲ့ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျက်နှာသာပေးမှုကို ရယူထားတာပဲ…

အပြင်ဘက်ပိုင်းတွင် မူအာထျဲ့က ပြောလိုက်သည်။

“မျှော်နန်းသခင်လုက ပြောလာမှတော့ ကျုပ်က မျှော်နန်းသခင်လုကို ဘာလို့ မျက်နှာသာမပေးဘဲ နေရမှာလဲ။ မျှော်နန်းသခင်လုကိုယ်စား သူ့အသက်ကို ချမ်းသာပေးလိုက်ပါမယ်”

လုကျိုးက တိတ်ဆိတ်နေသည်။

ထိုအရာကို မြင်ကာ မူအာထျဲ့က ထည့်ပြောလိုက်၏။

“အဲဒါအပြင် လုမျိုးနွယ်ကိုလည်း သူတို့ရဲ့ နဂိုအဆင့်အတန်းအတိုင်း ထားရှိပြီးတော့ သူ့တို့အပေါ် ဆက်ဆံမှုကလည်း သူတို့ရဲ့ အတိတ်အတိုင်း အတူတူ ဖြစ်ရပါစေမယ်”

နောက်ဆုံးတွင် လုကျိုးက ပြောလိုက်သည်။

“ခင်ဗျား သင့်တော်သလို လုပ်လိုက်ပါ”

ဤသို့ဖြင့် မူအာထျဲ့က လုချန်းရှန်းအပေါ် ဆက်လက် မကြံစည်ရဲတော့ပေ။ ထိုအစား သူက လုချန်းရှန်း၏ ဘေးကင်းမှုကို တာဝန်ယူပေးရသည်။ အကယ်၍ လုချန်းရှန်းသာ တစ်စုံတစ်ခု ဖြစ်ပျက်သွားပါက သူ့အတွက်ပါ ပြဿနာတက်သွားနိုင်သည်။ မိစ္ဆာဝေဟင်မျှော်နန်းက ရည်ရွယ်ချက်နဲ့ ရပ်တည်မှုကို ရှင်းရှင်းလင်းလင်း ပြသခဲ့ပြီးသား ဖြစ်၏။

မူအာထျဲ့က ပြောလိုက်သည်။

“စစ်သူကြီးလုက တော်ဝင်ခုံရုံးကို ခစားလာတာ အတော်ကြာပါပြီ။ တာ့ယွမ်ရဲ့ အရေးကြီးတဲ့ အရာရှိတစ်ယောက်လည်း ဟုတ်ပါတယ်။ ဒီကိစ္စက ဘာမှကြီးကြီးမားမား မဟုတ်ပါဘူး။ တကယ်လို့ တခြားကိစ္စ ရှိသေးတယ်ဆိုရင်လည်း ကျုပ်ကို ပြောဖို့ တုံ့ဆိုင်းမနေပါနဲ့”

လုကျိုးက လုချန်းရှန်းကို လှည့်ကြည့်ကာ မေးလိုက်သည်။

“ခင်ဗျား ဒါကို ကျေနပ်ရဲ့လား”

လုချန်းရှန်းက လုကျိုးကို ဦးညွှတ်လိုက်၏။

“ဟုတ်ကဲ့ ကျေနပ်ပါတယ်။ မျှော်နန်းသခင်ကိုလည်း ကျေးဇူးတင်ပါတယ်” ထို့နောက် သူက တခြားတစ်ခုကို ထပ်ပြောလိုက်သည်။

“အရှင်မင်းကြီးရဲ့ ကြင်နာမှုအတွက်လည်း ကျေးဇူးတင်ပါတယ်”

လုချန်းရှန်း၏ လုကျိုးအပေါ် ကျေးဇူးတင်မှုက အတော်လေး နက်ရှိုင်းလှသည်။ သို့သော်လည်း သူက မူအာထျဲ့ကိုမူ အပေါ်ယံမျှသာ ကျေးဇူးတင်ခဲ့၏။

မူအာထျဲ့က ဤအရာသည် အဆုံးသတ်ဖြစ်ကြောင်း မှတ်ယူထားခဲ့သည်။ သို့သော်လည်း လုကျိုးက မေးလာခဲ့သည်။

“ခင်ဗျားက လုချန်းရှန်းရဲ့ စာကြည့်တိုက်ထဲက ပန်းချီကားကို မြင်ဖူးလား။ အဲ့လိုဆိုရင် ခင်ဗျားက သူ့စာကြည့်ခန်းထဲ ဘာသွားလုပ်ရတာလဲ”

အနက်ရောင် ဧကရာဇ်မူအာထျဲ့က အရိုးသားဆုံး ဖြေလိုက်သည်။

“အဲဒါက အပြာရောင်သလင်းကျောက်ကို ရှာဖို့ပါပဲ။ အဲ့လိုရတနာမျိုးကို မလိုချင်တဲ့သူ ဘယ်သူရှိမှာလဲ။ဒါပေမဲ့မျှော်နန်းသခင်လု လက်ထဲရောက်သွားပြီ ဆိုမှတော့ ကျုပ် စိတ်အေးနိုင်ပါပြီ”

“ခင်ဗျားက တိုင်းပြည်ရဲ့ အုပ်ချုပ်သူ ဆိုပေမဲ့ ဒီနှစ်‌တွေ အကြာကြီးမှာတောင် အပြာရောင်သလင်းကျောက် တစ်ခုကိုတောင် ရှာမတွေ့ခဲ့ဘူးလား”

လုကျိုးက သိချင်စွာ မေးလိုက်သည်။

အပြာရောင် သလင်းကျောက် စုစုပေါင်း ခြောက်ခုရှိပြီး သုံးခုက ရှောင်ယွင်ဟယ်ဆီမှာ ရှိသည်။ ကျန်သုံးခုကမူ ကောလာဟလများစွာ ထွက်နေသည်။ မူအာထျဲ့က အပြာရောင်သလင်းကျောက်ကို စိတ်ဝင်စားနေပြီး လုချန်းရှန်းကိုပင် စောင့်ကြည့်ခဲ့ဖူးသည့်အတွက် အပြာရောင် သလင်းကျောက်ကို မရှိထားလျှင်ပင် သတင်းအချက်အလက် ရရှိထားလိမ့်မည်။

မူအာထျဲ့က ခေါင်းခါလိုက်သည်။

“ကျုပ်က မဟာလေဟာနယ်စွမ်းအား ပါဝင်နေတဲ့ အပြာရောင် သလင်းကျောက်နဲ့ ကံမစပ်ဘူး ထင်ပါတယ်”

ထိုစဉ် စီးဝူယာ့က လက်နှစ်ဖက်ယှက်ကာ မေးလာခဲ့သည်။

“ကျုပ် တစ်ခု ပြောလို့ရမလား”

မူအာထျဲ့က မျှော်နန်းသခင်လုနှင့် စကားပြောနေစဉ် တခြားလူ ဝင်ရောက်စွက်ဖက်သည့်အတွက် အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။

သို့သော်လည်း လုကျိုးက ပြောလိုက်သည်။

“ပြော”

စီးဝူယာ့က ပြောလိုက်သည်။

“အရှင်မင်းကြီးက အပြာရောင် သလင်းကျောက်ကို ရှာဖို့ နှစ်သုံးရာတောင် အချိန်ယူခဲ့တာ။ ဘာမှမရတာတော့ မဖြစ်နိုင်ဘူး။ အရှင်မင်းကြီးဆီမှာ အပြာရောင် သလင်းကျောက်တစ်ခုတော့ ရှိမှာ ကျိန်းသေတယ်”

လုချန်းရှန်းက စစ်သူကြီးတစ်ယောက် ဖြစ်သည့်အတွက် စီးဝူယာ့လိုမျိုး အပြောအဆို မတတ်ပေ။ သူက စီးဝူယာ့၏ စကားနှင့် လေသံကို နားထောင်ရင်းဖြင့် အင်မတန် ကျေနပ်နေမိသည်။ ထိုစဉ် သူက လုကျိုးသည် လုမျိုးနွယ်၏ တကယ့်ဘိုးဘေးအစစ်အမှန် ဖြစ်နေလျှင် မည်မျှ ကောင်းလိုက်မည်နည်းဟုပင် စဉ်းစားလာမိသည်။

သို့သော်လည်း နှစ်သုံးသောင်း ကြာညောင်းသွားပြီ ဖြစ်ကာ မည်သို့ဖြစ်လာနိုင်မည်နည်း။

မူအာထျဲ့က မျက်မှောင်အသာကျုံ့လိုက်သည်။ သူက လုချန်းရှန်းကို ကြည့်ကာ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ကျုပ်က တိုင်းပြည်တစ်ခုရဲ့ အုပ်ချုပ်သူပါ။ ဒီအကြောင်းကို ဘာလို့ လိမ်ညာရမှာလဲ။ ပြီးတော့ ကျုပ်ဆီမှာ အပြာရောင် သလင်းကျောက် ရှိတယ်ဆိုရင် ဘာလို့များ ဒီလောက်အကြာကြီး လိုက်ရှာနေရမှာလဲ”

စီးဝူယာ့က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

“မဟုတ်ဘူး။ ခင်ဗျားဆီမှာ အနည်းဆုံး တစ်ခုရှိတယ်ဆိုတာ ကျိန်းသေတယ်”

All Chapters