အခန်း (၁၀၈၄-၁၀၈၆)
Vol. 73 Ch. 1084-1086
အခန်း (၁၀၈၄) ကြောင်နှင့်ကြွက် ကစားပွဲ
ကျူးဟုန်ကုန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကျုပ်ရှစ်စွင်းက အကျိုးအကြောင်းမသင့်တဲ့ သူ မဟုတ်ပါဘူး။ ကျုပ်တို့ ပြန်ရောက်သွားရင် သူက ခင်ဗျားကို မိစ္ဆာဝေဟင်မျှော်နန်းမှာ ရာထူး တစ်ခုခုတော့ ပေးမှာပါ”
လုလီက ပြုံးကာ ပြောလိုက်၏။
“ငါ့ကို ရည်ရွယ်ချက်ဆိုး ရှိပြီး လောဘကြီးတဲ့လူလို့ ထင်နေတာလား။ အဲ့လိုဆိုရင် ငါက အဝါရောင် ကြာနယ်မြေမှာ ဘုရင်လို နေတာကမှ ကောင်းဦးမယ်”
ကျုးဟုန်ကုန်းက ရယ်မောကာ ပြောလိုက်သည်။
“ခင်ဗျား ပြောတာမှန်တယ်။ တကယ်တော့ ဒီဟာက တွေးကြည့်တော့ မဆိုးဘူးပဲ။ ကျုပ်လည်း သဘောတူတယ်”
သူ့စကားအဆုံးတွင် စားပွဲခုံအောက်တွင် အိပ်နေသည့် ထန်ခန်းကို လက်ညိုးထိုးပြလိုက်သည်။
ထန်ခန်းက နှစ်ကြိမ် ငြီးတွားပြီးသည့်နောက်တွင် ပြန်လည်အိပ်ပျော်သွား၏။ အဝါရောင်ကြာနယ်မြေသို့ ရောက်လာပြီးကတည်းက သာယာပျော်ရွှင်ဖွယ်ဘဝကို နေထိုင်နေရသည့်အတွက် ရောက်ခါစထက် ပိုမိုကြီးမားလာကာ အမွှေးအမျှင်များပင် တောက်ပလာလေသည်။
ကျုးဟုန်ကုန်းက မေးလိုက်၏။
“အဲ့ဆို ဘာလို့ပြန်သွားဦးမှာလဲ”
လုလီက ပြန်ဖြေလိုက်သည်။
“ငါက မင်းနဲ့မတူဘူး။ လုမျိုးနွယ်က အရင်ကလို မဟုတ်တော့ဘူး။ ငါက အနက်ရောင် မျှော်စင်အဖွဲ့အစည်းမှာ နေသရွေ့ လုမျိုးနွယ်က ဘေးကင်းလိမ့်မယ်”
“ဒီလိုဆိုရင် ဘာလို့ အဆုံးမဲ့ပင်လယ်ပြင်ဆီ ထွက်လာရတာလဲ”
ကျုးဟုန်ကုန်းက မေးလိုက်သည်။
“ဒါက ငါ့ရဲ့ ရွေးချယ်မှု မဟုတ်ဘူး။ အနက်ရောင် မျှော်စင်အဖွဲ့အစည်းရဲ့ အတွင်းရေးပဋိပက္ခ တွေက ပြင်းထန်တယ်။ ကြားနေအခြေအနေမှာ ရှိတဲ့သူတွေက ကာကွယ်မှု မရှိဘူးလေ။ အဲ့ဒီအကြောင်းအရင်းကြောင့် အန္တရာယ်များတဲ့ တာဝန်က ငါ့ပုခုံးပေါ် ကျရောက်လာတာပဲ”
“သနားစရာပဲ”
ကျုးဟုန်ကုန်းက ပြောလိုက်သည်။
လုလီက ခပ်တည်တည်ဖြင့် ပြန်ပြောလိုက်သည်။
“မဟုတ်ဘူး မင်းကိုယ်မင်းသာ သနား။ လုမျိုးနွယ်ရဲ့ ဘိုးဘေးက တကယ်ကို အံ့ဩဖို့ကောင်းတာ။ မျိုးနွယ်က ကျင့်ကြံသူတွေ အနီးကပ်လို့ရတဲ့အရာမျိုး မဟုတ်ဘူး။ လက်ရှိ အနက်ရောင်မျှော်စင် အဖွဲ့အစည်းကတောင် ငါ့တို့မျိုးနွယ်နဲ့ မထိုက်တန်လောက်ဘူး”
“…”
“မင်းက ငါ့ကို မယုံဘူးဆိုတာ သိတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်သုံးသောင်းတုန်းက လုမျိုးနွယ်ရဲ့ ဘိုးဘေးက တကယ့်ကို နာမည်ကြီး ပုဂ္ဂိုလ်ပဲ။ မင်းတို့ မိစ္ဆာဝေဟင်မျှော်နန်းကတောင် ယှဉ်နိုင်မှာ မဟုတ်ဘူး”
ကျုးဟုန်ကုန်းက ထိုစကားကို ကြားသည့်အခါ နှလုံးက နာကျင်လာမိသည်။ သူက အသက်ဓာတ်နှလုံးသားကို အလျင်စလို ကောက်ကာ သူ့ဘာသာသူ တွေးလိုက်၏။
ခင်ဗျား သတ္တိရှိရင် ကျုပ်ရှစ်စွင်းနဲ့ တွေ့တဲ့အခါကျမှ ပြောလိုက်ပေါ့…
…
ဤတစ်ကြိမ် လုကျိုးက အမြင်စွမ်းအားကို ဖြတ်တောက်လိုက်သည်။ အမြင်နှင့်တင် ရှစ်ယောက်မြောက် တပည့်က မကြာခင် ဆယ့်တစ်ခုမြောက် ပွင့်ချပ်ကို ထွက်နိုင်တော့မည် ဖြစ်၏။ အဝါရောင်ကြာနယ်မြေက အတော်လေး ဘေးကင်းနေလေသည်။ လုလီနှင့် ကျုးဟုန်ကုန်းတို့၏ ရောက်ရှိလာမှုဖြင့် ကြာပွင့်ဖြတ်တောက်သည့် နည်းစနစ်ကို မိတ်ဆက်ကာ ခက်ထန်သားရဲများ ရောက်ရှိလာမှုပါ ထည့်တွက်လိုက်လျှင် အဝါရောင်ကြာနယ်မြေက အားကောင်းလာဖို့ အချိန်တစ်ခုသာ ကြာမြှင့်လိမ့်မည်။
လုကျိုးက ယွီကျန့်ဟိုင်၊ မင်ရှစ်ယင်၊ ရှောင်ယွမ်အာနှင့် ခရုလေးတို့ကို စောင့်ကြည့်မနေပေ။ ယွီကျန့်ဟိုင်က ဘုံတစ်ထောင်လေပွေအဆင့် ဝင်ရောက်သွားပြီ ဖြစ်၏။
သူ့အနေဖြင့် ဒုတိယမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ အချိန်ကြာမည် မဟုတ်ပေ။
မင်ရှစ်ယင်အတွက်မူ လုကျိုးက စိုးရိမ်စရာ လိုမည်ဟု မထင်ပေ။ စတုတ္ထမြောက် တပည့်ကို လွတ်ထားလိုက်သည်က အကောင်းဆုံး ဖြစ်၏။ ဤမျှတိုင် မည်သူကမှ သူ့စတုတ္ထမြောက် တပည့်သည် ဘုံတစ်ထောင်လေပွေအဆင့် ရောက်ရှိသွားကြောင်း ဘယ်သူကမှ မသိကြသေးပေ။
ရှောင်ယွမ်အာနှင့် ခရုလေးကမူ သူတို့က ပါရမီထူးကဲသည့်အတွက် စိုးရိမ်စရာ မလိုပေ။
လုကျိုးက သက်ပြင်းချကာ တွေးလိုက်၏။
“အဲ့ဒါကြောင့် အားလုံးက မဟာလေဟာနယ်မျိုးစေ့အတွက် အသေအကြေ တိုက်ခိုက်နေကြတာပဲ။ ငါ့တပည့်တွေ ဘယ်လောက်တောင် ပါရမီထူးကဲလိုက် လဲ ကြည့်လိုက်ပါဦး”
ထိုစဉ် အပြင်ဘက်မှ အသံတစ်သံ ပျံ့လွှင့်လာသည်။
“ရှစ်စွင်း သတင်းတစ်ခု ရှိတယ်”
“ပြော”
“တိမ်တိုက်တောင်ရဲ့ နှင်းတောင်ထိပ်မှာ အလင်းရောင်တိုင်လုံး တစ်ခု ပေါ်ထွက်လာတယ်။ ကြည့်ရတာ သင်္ကေတလမ်းကြောင်း ဖြစ်ပုံပဲ”
စီးဝူယာ့က ပြောလိုက်သည်။
လုကျိုးက ထရပ်ကာ လက်နောက်ပစ်လျက် အခန်းမှ ထွက်လာသည်။ စီးဝူယာ့က အပြင်ဘက်တွင် ရပ်နေသည်ကို မြင်သည့်အခါ ပြောလိုက်၏။
“အနီရောင်ကြာနယ်မြေဆီ ပြန်ကြမယ်”
“ဟုတ်ကဲ့”
လုချင်းရှန်က လုကျိုး ထွက်သွားတော့မည် ဖြစ်ကြောင်း သိလိုက်ရသည့်အခါ လုကျိုးကို လိုက်လံပို့ဆောင်ခဲ့သည်။
လုကျိုးက တာ့ယွမ်၏ တော်ဝင်ခုံရုံးရှိ သင်္ကေတလမ်းကြောင်းမှတဆင့် ထွက်ခွာသွားခဲ့သည်။
…
တော်ဝင်နန်းတော်၏ မဖျက်ဆီးနိုင်ဖွယ် ခန်းမထဲ
မူအာထျဲ့က ရှေ့နောက်လျှောက်လှမ်းနေသည်။
သိပ်မကြာခင် ကုန်းကုန်းတစ်ယောက် ဝင်ရောက်လာပြီး ပြောလိုက်၏။
“အရှင်မင်းကြီး မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်က လုမျိုးနွယ်ကနေ ထွက်ပြီးတော့ အနီရောင်ကြာနယ်မြေကို ပြန်သွားပါပြီ”
မူအာထျဲ့က ရပ်လိုက်ပြီး အလေးအနက် ပြောလိုက်သည်။
“ငါ့ရဲ့အမိန့်တော်ကို ထုတ်လိုက်။ လုချင်းရှန်က တိုင်းပြည်ရဲ့ ကာကွယ်သူ ဂုဏ်ပုဒ်ကို ရလိမ့်မယ်။ မျိုးနွယ်ရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ စိုက်ပျိုးနိုင်တဲ့ နယ်မြေတွေကိုလည်း အခွန်အခ ကင်းလွတ်ခွင့်ပြုမယ်”
“ဟုတ်ကဲ့”
ကုန်းကုန်းက ရိုရိုကျိုးကျိုး ထွက်ခွာသွားသည်။
သိပ်မကြာခင် နောက်ထပ် ကုန်းကုန်းတစ်ယောက် ဝင်လာကာ လူနာထမ်းစင်တစ်ခုကို သယ်ဆောင်လာ၏။
စစ်သည်တော် အန်းဆယ်က တာ့ယွမ်၏ တော်ဝင်ခုံရုံးထဲ အားအကောင်းဆုံး ကျင့်ကြံသူ ဖြစ်ပြီး ယခုအခါ လူနာထမ်းစင်အပေါ် လှဲလျောင်းနေရသည်။
မူအာထျဲ့၏ မျက်နှာအထက် သနားသည့် အမူအယာမျိုး ပေါ်ထွက်လာသည်။
“မင်း အဆင်ပြေရဲ့လား”
အန်းဆယ်က အနည်းငယ် ချောင်းဟန့်ကာ ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“ကျွန်တော် အဆင်ပြေပါတယ်။ အရှင်မင်းကြီး မစိုးရိမ်ပါနဲ့။ ကျွန်တော် သေချာပေါက် အထွတ်အထိပ် ပြန်ရောက်လာမှာပါ”
“မင်းရဲ့ ဆရာက မရှိတော့ဘူး။ အမှောင်ဝိညာဉ်ဂိုဏ်းက မင်းကို ကူညီပေးပါ့မလား”
မွေးဖွားဇယားချပ် ဆယ်ခုကို ဆုံးရှုံးပြီးနောက်တွင် ပြန်ရဖို့ရာ မဖြစ်နိုင်ပေ။ အကယ်၍ ဖြစ်နိုင်လျှင်ပင် အချိန်အတော်ကြာမြှင့်လိမ့်မည်။ ထို့ကြောင့် မူအာထျဲ့က အများကြီး မမျှော်လင့်ထားမိပေ။ သို့သော်လည်း အန်းဆယ်က အမှောင်ဝိဉာဉ်ဂိုဏ်းမှ အကူအညီကို ရရှိလျှင် မူအာထျဲ့က အန်းဆယ်အတွက် အခွင့်အရေး ပိုကောင်းလာနိုင်ကြောင်း ခံစားမိ၏။
အန်းဆယ်က ပြောလိုက်သည်။
“အရှင်မင်းကြီး မစိုးရိမ်ပါနဲ့။ ကျွန်တော် သေချာပေါက် အထွတ်အထိပ်ကို ပြန်လည် ရောက်ရှိလာမှာပါ”
“ကောင်းပြီ”
မူအာထျဲ့က အလေးအနက် ပြောလိုက်သည်။
“မင်းအတွက် နှစ်နှစ်အတွင်း လက်စားချေပေးမယ်လို့ ကတိပေးတယ်”
အန်းဆယ်က ထိုစကားများကို ကြားသည့်အခါ စိတ်လှုပ်ရှားသွားသည်။
“အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်”
စစ်သည်တော် အန်းဆယ်ကို အနားယူရအောင် ခေါ်သွားကြ”
“ဟုတ်ကဲ့”
…
လုကျိုးနှင့် စီးဝူယာတို့က နှင်းတောင်ထိပ်ဆီ ရောက်ရှိလာသောအခါ နေ့လယ်ဘက် ရောက်ရှိနေပြီ ဖြစ်၏။
စီးဝူယာ့က သူ့ရှစ်စွင်းနောက်မှ တိတ်တဆိတ် လိုက်ပါလာသည်။ သူက သူ့ရှစ်စွင်း လာရောက်ရသည့် အကြောင်းအရင်းကို မမေးခဲ့ပေ။
လုကျိုးက အအေးရေကန်ကို ကြည့်လိုက်သည်။ သူက အရာအားလုံးကို တိတ်တဆိတ် လေ့လာအကဲခတ်ပြီး လေထုကို ရှူသွင်းလိုက်သည်။ သူက အချိန်တိုက်စားသွားကာ ပျောက်လွင့်နေသည့် သွေးနံ့ကို ခံစားမိ၏။ ထိုအရာသည် သူ သတ်ထားသည့် ချင်မော့ရှန်း၏ လက်အောက်ခံသားဆီမှ ဖြစ်ကြောင်း သိလိုက်သည်။ ထိုအရာအပြင် အသက်ဓာတ်စွမ်းအား အကြွင်းအကျန် နှစ်ခုကို အနံ့ခံမိသည်။ သူက တစ်ခုသည် ချင်မော့ရှန်း အပိုင်ဖြစ်ကာ တစ်ခုကမူ မရင်းနှီးသေးဘဲ ခက်ထန်ကြမ်းတမ်းဟန် ပေါ်၏။
လုကျိုးက ရှေ့တိုးလာကာ သင်္ကေတလမ်းကြောင်းရှေ့တွင် ရပ်တန့်လိုက်သည်။
စီးဝူယာ့က သင်္ကေလမ်းကြောင်းကို မြင်သည့်အခါ ရေရွတ်လိုက်၏။
“ဒီမှာ သင်္ကေတလမ်းကြောင်း ရှိနေတာလား။ ဒါကရော အနက်ရောင် ကြာနယ်မြေနဲ့ ဆက်နွယ်နေတာလား”
“ဒါက အစိမ်းရောင်ကြာနယ်မြေနဲ့ ဆက်နွယ်နေတာ”
လုကျိုးက ပြောလိုက်သည်။
စီးဝူယာ့ “…”
“မင်းဆီမှာ သင်္ကေတလမ်းကြောင်းကို ဖျက်ဆီးပစ်ဖို့ လမ်းကြောင်း ရှိလား”
လုကျိုးက ပြောလိုက်သည်။
စီးဝူယာ့က ခေါင်းခါလိုက်၏။
“ဒါကို အပြည့်အဝ ဖျက်ဆီးပစ်ဖို့ မဖြစ်နိုင်ဘူး။ ဒါက ထိခိုက်ပျက်စီးမှုကနေ ပြန်လည်ကောင်းလာနိုင်တယ်။ အကောင်းဆုံး နည်းလမ်းက တစ်ဖက်က ဒီနေရာက အသက်ဓာတ်စွမ်းအားကို မရအောင် စည်းပိတ်လိုက်ဖို့ပဲ”
“ကောင်းပြီလေ အလျင်မလိုနဲ့”
ဤသင်္ကေတလမ်းကြောင်းကို စည်းပိတ်ပြီးသည်နှင့် တခြားတစ်ဖက်အား သူတို့ ပို့ထားသည့် အသစ်ရောက်ရှိလာသူ တစ်စုံတစ်ခု ဖြစ်သွားကြောင်း ပြောလိုက်သည်နှင့် အတူတူ ဖြစ်လိမ့်မည်။ အကောင်းဆုံး ရွေးချယ်မှုက သင်္ကေတလမ်းကြောင်းကို ခဏပစ်ထားပြီး ကျူးကျော်လာသူကို ရှာဖွေရမည်။
လုကျိုးက ချင်မော့ရှန်းနှင့်အတူပါလာသည့် အစေခံ၏ စကားဝိုင်းကို မှတ်မိထားသလောက် သူတို့သည် အစိမ်းရောင် ကြာနယ်မြေမှ ထွက်လာဖို့ရာအတွက် စည်းမျဉ်းများ ရှိဟန်ပေါ်သည်။
စီးဝူယာ့က ခေါင်းညိတ်ကာ မေးလိုက်၏။
“ရှစ်စွင်း ဒီသင်္ကေတလမ်းကြောင်းကို စည်းမပိတ်ခင် ကြွက်စုတ်ကို အရင်ရှာဖို့ စီစဉ်ထားတာလား”
လုကျိုးက ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်”
ခဏအကြာတွင် သူက ပြောလိုက်၏။
“ပြန်ရအောင်”
ဆရာ့တပည့်နှစ်ယောက်က နှင်းတောင်ထိပ်မှ ဆင်းလာလိုက်ကြသည်။
လုကျိုးက စီးဝူယာ့အား သူ့စွမ်းအားဖြင့် ရစ်ပတ်ကာ တောင်ပေါ်တက်ခဲ့သလိုမျိုး ပြန်လည် ဆင်းလာလိုက်ကြသည်။
နှစ်ဦးသားက တိမ်တိုက်တောင်တွင် မနေဘဲ မြို့တော်ဆီ ချက်ချင်းပြန်လာလိုက်ကြ၏။
…
ညနေဘက်
ကျင့်ကြံရေး ခန်းမအတွင်း
လုကျိုးက ရနံ့စွမ်းအား မန္တန်ကို ရွတ်ဖတ်နေပြီး တောင်ထိပ်မှ မရင်းနှီးသည့် အသက်ဓာတ်စွမ်းအားကို ပြန်လည် တွေးတောလိုက်သည်။ သူက ရနံ့ခံနူန်း နယ်ပယ်ကို ဖြည်းဖြည်းချင်း ချဲ့ထွင်လိုက်သည်။ ထိုနယ်ပယ်က မီတာတစ်ရာမှ မီတာတစ်ထောင် ဝန်းကျင်၊ မီတာတစ်သောင်း ဝန်းကျင်အထိ ရောက်ရှိသွားသော်လည်း လုကျိုးက ထိုအသက်ဓာတ်စွမ်းအားကို အနံ့မခံမိသေးချေ။ သူက တော်ဝင်နန်းဆောင် တစ်ခုလုံးကို ချဲ့ထွင်ပြီးသည့်နောက်တွင်ပင် အသက်ဓာတ်စွမ်းအားကို အာရုံမခံမိသေးပေ။ ဤသည်က ရနံ့စွမ်းအား၏ လက်ရှိ ကန့်သတ်ချက် ဖြစ်နေသည်။
လုကျိုးက စွမ်းအားများကို ဖြတ်တောက်လိုက်သည်။
“ကြွက်စုတ်”
လုကျိုးက ရေရွတ်လိုက်၏။ သူက ဒီကြွက်စုတ်ကို မရှာတွေ့သရွေ့ သူ့မွေးဖွားစမ်းသပ်ချက်ကို မစတင်နိုင်ကြောင်း သိထားသည်။
…
နှင်းတောင်ထပ်ဖျား၊ တိမ်တိုက်တောင်၏ မြောက်ဘက်
ခါးကုန်းကုန်း လူအိုကြီးတစ်ယောက်က ကောင်းကင်ထက်မှ ဆင်းသက်လာသည်။ သူက နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့ခံလိုက်၏။ သို့သော်လည်း သူက သာမာန်ထက် ထူးခြားသည့်အရာကို အာရုံခံစားမိဟန် မပေါ်ပေ။
ထို့နောက် သူက သူ့အိတ်ကပ်အတွင်းမှ ကျောက်စိမ်း စက်ဝန်းပြားတစ်ခုကို ထုတ်လိုက်၏။ ထိုအရာကို သူ့ရှေးဦးချီ ထည့်သွင်းလိုက်သည့်နောက်တွင် ကျောက်စိမ်း စက်ဝန်းပြားက မှိန်ဖျဖျ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သူက ကျောက်စိမ်းပြားကို လက်ထဲမှ ကိုင်ရင်း အအေးရေကန်ဆီ ပျံသန်းသွားလိုက်၏။ သူက အအေးရေကန်သို့ ရောက်ရှိပြီးသည့်အခါ ကျောက်စိမ်း စက်ဝန်းပြားမှ အလင်းက ပျောက်ကွယ်သွားခဲ့သည်။
“အစိမ်းရောင် ပုစဉ်းရင်ကွဲ ကျောက်စိမ်း”
ထိုကျောက်စိမ်း စက်ဝန်းပြားက အစိမ်းရောင် ပုစဉ်းရင်ကွဲ ကျောက်စိမ်း၏ တည်နေရာကို ခံစားမိသော်လည်း အရှိန်အဝါက အားနည်းလွန်းနေ၍ နေရာအတည်တကျကို မသိနိုင်ပေ။
ခါးကုန်းကုန်း အမျိုးသားက လှည့်လာသည့်အခါ ကျောက်စိမ်း စက်ဝန်းပြားက တစ်ဖန် တောက်ပလာပြီးသည့်နောက်တွင် ပြန်လည် ချုပ်ငြိမ်းသွားသည်။
ထိုကျောက်စိမ်း စက်ဝန်းပြားကို သိမ်းဆည်းပြီးသည့်နောက်တွင် သူက မြို့တော်ကို လှမ်းကြည့်လိုက်သည်။
“ငါက ကြွက်နဲ့ကြောင် ကစားပွဲကို သဘောကျတယ်”
ထို့နောက် အသက်ရှိုက်ကာ အနည်းငယ်ခန့် ကြာမြှင့်ပြီးသည့်နောက်တွင် ခါးကုန်းကုန်း လူအိုကြီးက နှင်းတောင်ထိပ်ဖျားမှ ထွက်ခွာလာလိုက်သည်။ သူက ကောင်းကင်အထက် မြင့်မြင့်ပျံသန်းရင်း ကျောက်စိမ်း စက်ဝန်းပြားမှ လှုပ်ရှားမှုကို အာရုံခံစားလိုက်မိသည်။
သူက ချက်ချင်းဆိုသလို ထုတ်ယူလိုက်၏။
ထင်ထားသည့်အတိုင်း ထိုအရာက ခပ်ဖျော့ဖျော့ အလင်းရောင် တောက်ပနေလေသည်။ သူက သူ့ဘာသာသူ ရေရွတ်လိုက်၏။
“မင်းက ဒါကို မသုံးဘဲ မနေနိုင်ဘူးမလား”
အစိမ်းရောင် ပုစဉ်းရင်ကွဲ ကျောက်စိမ်းက အသက်ဓာတ်စွမ်းအား အမြောက်အမြား ပါဝင်နေသည့် အထွတ်အထိပ် ပစ္စည်းတစ်ခု ဖြစ်ပေသည်။ ထိုအရာတွင် ပါဝင်နေသည့် အသက်ဓာတ်စွမ်းအားကို မစုပ်ယူဘဲနေဖို့ မည်သူကများ တောင့်ခံနိုင်မည်နည်း။
…
အခန်း (၁၀၈၅) နှစ်တစ်သောင်းသက်တမ်းရှိသည့် အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်း
ခါးကုန်းကုန်းအဖိုးအိုက လေထဲပျံဝဲနေလျက် ကျောက်စိမ်းပြားမှ စွမ်းအင်အတက်အကျကို အာရုံခံလိုက်သည်။ ထင်သည့်အတိုင်းပင် ကျောက်စိမ်းပြား၏လှုပ်ရှားမှုက ယခင်ကထက် ပိုပြီးသန်မာလာသည်။
“မင်း စုပ်ယူထားတဲ့အသက်စွမ်းအင်တွေအားလုံး အန်ထုတ်ခိုင်းမယ်”
ဤနည်းဖြင့် ခါးကုန်းကုန်းအဖိုးအိုသည် မြို့တော်ဖက်သို့ ပျံသန်းသွားလေ၏။ သူ၏အရှိန်သည် သူ ဝေဟင်ထဲပျံသန်းနေစဉ် ကြယ်ကြွေသည့်ပမာ မြန်ဆန်လှ၏။
တော်ဝင်နန်းတော်၏ တည်တံ့ရေးခန်းမထဲတွင်ဖြစ်သည်။
လုကျိုးသည် အစိမ်းရင့်ရောင်ပုစဉ်းရင်ကွဲ ကျောက်စိမ်းထဲရှိ အသက်စွမ်းအင်ကို ဆက်လက်စုပ်ယူနေသည်။
အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်းက အဝါရောင်နှင့် အစိမ်းရောင်အလင်းဖျော့ဖျော့ တောက်ပနေ၏။
အစိမ်းရောင်စွမ်းအင်တို့ လုကျိုး၏နှာခေါင်းဝထဲ တိုးဝင်လာပြီး သူ၏ထူးကဲချီသွေးကြောရှစ်ခုနှင့် သူ၏စွမ်းအားဗဟိုချက် ချီပင်လယ်ဆီ တိုးဝင်သွားပြီးနောက် သူ၏တစ်ကိုယ်လုံး ပြည့်သွားတော့သည်။
“အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်းထဲမှ အသက်စွမ်းအင်သက်တမ်း ဘယ်လောက်ရှိတာလဲ” လုကျိုးက အံ့ဩနေ၏။ အချိန်အတော်ကြာစုပ်ယူပြီးနောက် အစိမ်းရောင်ပုစဉ်းရင်ကွဲ ကျောက်စိမ်းထဲရှိ စွမ်းအင်က လျော့ပါးသွားသည့်အရိပ်အယောင်မပြပေ။
သူ၏ စနစ်မျက်နှာပြင်အရ သူ သက်တမ်း ၂၀၀၀ကျော် ရထားပြီးဖြစ်တာကို တွေ့ရသည်။
“ဒီ အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်းက မြင့်မြတ်တဲ့ပစ္စည်းဖြစ်ဖို့ ထိုက်တန်တယ်။ လူတစ်ယောက်ရဲ့ သက်တမ်းကို တိုးမြှင့်ပေးဖို့ အသက်ဓာတ်နှလုံးသားလို တူညီတဲ့ဂုဏ်သတ္တိရှိတယ်”
လုကျိုးသည် အသက်ဓာတ်စွမ်းအင်ကို ယခင်ကထက် ပိုလျင်မြန်စွာ စုပ်ယူလိုက်၏။ တစ်ချိန်တည်းတွင် ခရမ်းရောင်တောက်ပသံကျောက်ကို အသက်သွင်းထားတော့သည်။
ခရမ်းရောင်တောက်ပသံကျောက်မှ အကူအညီဖြင့် သူသည် ထူးကဲချီသွေးကြောရှစ်ခုထဲတွင် လှည့်ပတ်သောအရှိန်က ပုံမှန်ထက် ပိုမြန်ဆန်နေပြီး အသက်စွမ်းအင်များကို သူ့ချီသွေးကြောများထဲ မြန်ဆန်သောအရှိန်ဖြင့် ပို့ပေးခွင့်ပေးသည်။
သူ၏နှာခေါင်းဝသို့ အစိမ်းရောင်စွမ်းအင်များ ဝင်ရောက်မှုကလည်း ပိုကြွယ်ဝလာတော့သည်။
+၃၀၀
+၅၀၀
+၆၀၀
ယင်းက လုကျိုး၏မှန်းဆချက်ထက် သာလွန်နေ၏။
“ဒါနဲ့သာဆို အကြောင်းပြန်လှန်ကတ်က အသုံးမဝင်ဖြစ်သွားမှာမလား”
သူသည် အသက်စွမ်းအင်ကို ရှာဖွေပြီး ယင်းတို့ကို ချင်မော့ရှန်းကဲ့သို့ အစိမ်းရောင် ပုစဉ်းရင်ကွဲကျောက်စိမ်းထဲတွင် သိုလှောင်ထားခဲ့လျှင် ကျောက်စိမ်းကြောင့် ယင်းကို အသက်သွင်းပြီးနောက် သူသည် ယင်းကို စုပ်ယူနိုင်လိမ့်မည်။ ယင်းက ပြီးပြည့်စုံပေ၏။
လုကျိုးက အသက်စွမ်းအင်များကို နှစ်နာရီကြာ စုပ်ယူခဲ့သည်။
သူ့စွမ်းအားဗဟိုချက် ချီပင်လယ်က ထပ်မံချဲ့တော့မည်ကို ခံစားမိသည့်အချိန်၌ ရပ်တန့်လိုက်၏။ သူက စနစ်မျက်နှာပြင်ကို ကြည့်လိုက်သည်။
ကျန်ရှိသော သက်တမ်း ၁၈၆၁၅၀၀ ရက်၊ နှစ် ၅၁၀၀တွင် နှစ်ပေါင်း ၆၀၀သည် အကြောင်းပြန်လှန်ကတ်မှဖြစ်သည်။
“နှစ် ၅၀၀၀” ဤ အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်းလေး၌ အသက်စွမ်းအင်များစွာ ရှိလိမ့်မည်ဟု သူ တကယ်မထင်ထားပေ။
“ချင်မော့ရှန်းမှာ ထူးကဲသာလွန်တဲ့နောက်ခံတစ်ခုရှိနေတာ သံသယဖြစ်စရာမရှိဘူး”
သူ သက်ပြင်းချလိုက်မိသည်။ ထိုစဉ်က ချင်မော့ရှန်း ပြန်မသွားအောင် ကာကွယ်ဖို့ အသုံးပစ္စည်းကတ်ကို ဆုံးဖြတ်ချက်ပြတ်သားစွာ ပြုလုပ်ခဲ့သင့်သည်။ ထိုလူ၌ ထူးကဲသာလွန်သော ပါရမီရှိပြီး အားကောင်းသော နောက်ခံရှိ၏။ ဤအနှီကောင်ကိုသာ ဆက်လက်ကြီးထွားခွင့်ပေးခဲ့လျှင် သူက နောင်ကျ ပြဿနာကောင်ဖြစ်လာလိမ့်မည်။ ချင်မော့ရှန်းကို သတ်တာက အကောင်းဆုံးနှင့် မှန်ကန်သော ရွေးချယ်မှုတစ်ရပ်ဖြစ်သည်။
ထောက်
လုကျိုးရှေ့တွင် ပျံဝဲနေသော အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်းက မြေကြီးပေါ်ပြုတ်ကျသွား၏။ ယင်းက တောက်ပမှုရပ်တန့်သွားတော့သည်။
“ဟမ်” လုကျိုးသည် အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်းပေါ်ရှိ အက်ရာကို သတိပြုမိသွား၏။ အပိုင်းအစက မည်းမှောင်သွားတော့သည်။
“ဒါက တစ်ခါသုံးပစ္စည်းလား” လုကျိုးသည် အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်းကို ကောက်ယူပြီး ကျန်ရှိသော အသက်စွမ်းအင်ကို ဂရုတစိုက်စစ်ဆေးလိုက်သည်။ မူလအသက်စွမ်းအင်၏ တဝက်သာကျန်တော့သည်။ ထင်သည့်အတိုင်း ယင်းကို မကုန်နိုင်မခမ်းနိုင် အသုံးပြု၍မရ။ မဟုတ်လျှင် ယင်းက ကောင်းကင်ကို ဖီဆန်လွန်းနေမည်။ ထိုသို့တိုင် ဤ အစိမ်းရောင် ပုစဉ်းရင်ကွဲကျောက်စိမ်းလေးသည် အသက်စွမ်းအင်နှစ် တစ်သောင်းနီးပါးကို ထောက်ပံ့ပေးနိုင်၏။ သူ၏အကြောင်းပြန်လှန်ကတ်နှင့် ပေါင်းလိုက်ချိန်တွင် သူက မသေမျိုးတစ်ပါး ဖြစ်လာရန် နီးစပ်နေလေပြီ။
ထိုစဉ် ခန်းမအပြင်ဖက်မှ ယွီရှန်းရုန်၏အသံပေါ်ထွက်လာတော့သည်။
“တပည့်က ရှစ်စွင်းကို တွေ့ခွင့်တောင်းပါတယ်”
လုကျိုးက အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်းကို ဖယ်ပြီးနောက် လေသံအတက်အကျမရှိ ပြောလိုက်၏။ "ဝင်လာခဲ့”
ယွီရှန်းရုန်သည် တည်တံ့ရေးခန်းမထဲ ဖြည်းဖြည်းချင်းလျှောက်လာပြီး ခါတိုင်းလိုပင် တည်ငြိမ်ပြီး ယုံကြည်ချက်ရှိနေ၏။ သို့သော် သူ့ရှေ့ရှိ လူကိုမြင်သောအခါ သူ၏တည်ငြိမ်မှုက ပြိုကွဲသွားတော့သည်။ သူသည် ဘယ်ကြည့်ညာကြည့် ကြည့်နေပြီးနောက် မျက်မှောင်ကျုံ့လျက် မေးလိုက်၏။ “မင်း ဘယ်သူလဲ”
လုကျိုး “...”
ယွီရှန်းရုန်အပြင်ဖက်တွင် ရှိစဉ်က သူ့ရှစ်စွင်း၏အသံကို ကြားခဲ့တာ သေချာသည်။ အခြားသူတစ်ယောက်မည်ကဲ့သို့ ဖြစ်သွားသနည်း။
မိစ္ဆာဝေဟင်မျှော်နန်းထဲတွင် ကျော့ယွီရှုသာလျှင် လွန်ခဲ့သောနှစ်ပေါင်း ၅၀၀ခန့်က ကျိထျန်းတောက်၏ ပုံစံကို တွေ့ဖူးသည်။ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်ကတောင် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ခန့်က ကျိထျန်းတောက်၏ပုံစံကို မြင်တွေ့ခဲ့ဖူး၏။ ထိုစဉ်က ကျိထျန်းတောက်သည် သက်လတ်ပိုင်းအရွယ်ဖြစ်နေပြီး သူသည် ယွီရှန်းရုန်ရှေ့ရှိ ကျက်သရေရှိသော လူငယ်နှင့်လုံးဝမတူပေ။
“ရိုင်းစိုင်းလိုက်တာ” လုကျိုးက အသံအနည်းငယ်မြှင့်လျက် ပြောလိုက်သည်။
ယွီရှန်းရုန်က ထိုလေယူလေသိမ်းနှင့်အသံကို ချက်ချင်းကျက်မိသွား၏။ သူ ချက်ချင်းဒူးထောက်ချက မဝံ့မရဲခေါ်လိုက်သည်။ “ရှစ်စွင်းလား”
လုကျိုးသည် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်လေ၏။ သူသည် အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်း၏ ပြောင်းလဲမှုအကြောင်းတွေးနေမိသောကြောင့် သူ၏ရုပ်ရည်သွင်ပြင်ပြောင်းလဲသွားတာကို မေ့ပြီး ယွီရှန်းရုန်အား မြင်တွေ့ခွင့် ပေးခဲ့သည်။ သူ၏တပည့်အား မည်သို့ဖြေရှင်း ရှင်းပြသင့်ကြောင်း စဉ်းစားနေမိသည်။ ကျင့်စဉ်ဟု ပြောလိုက်သင့်လားဟု တွေးနေမိ၏။၏
ခဏအကြာတွင် သူ၏အကြည့်က အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်း၏ မည်းနက်သော အပိုင်းဆီသို့ ရောက်သွားသည်။ ပြီးနောက် သူက ပြောလိုက်သည်။
“အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်းလို့ခေါ်တဲ့ မြင့်မြတ်တဲ့ပစ္စည်းတစ်ခု ရထားတယ်။ သူက အသက်စွမ်းအင် ပမာဏအတော်များများ ထောက်ပံ့ပေးတာ”
ယွီရှန်းရုန်သည် စပ်စုလိုစိတ်များသည့်သူများမဟုတ်ပေ။ ထို့အပြင် ပြောသည့်သူက သူ့ရှစ်စွင်းဖြစ်သည်။ ထို့ကြောင့် သူ့ရှစ်စွင်းစကားကို သံသယမဝင်။ ထိုအရာအပြင် သွင်ပြင်က အရေးကြီးသည့်အရာမဟုတ်။ သူက ပြောလိုက်သည်။
“ကျွန်တော်သိပြီ။ အဲ့ဒီတုန်းက ရှစ်စွင်းက သက်တမ်းဆွဲဆန့်ဖို့ နည်းလမ်းရှာဖွေဖို့ တစ်လောကလုံး လှည့်လည်ခဲ့တာ။ အဆုံးကျ ရှစ်စွင်း တကယ်ရှာတွေ့ခဲ့တာပဲ”
ယွီရှန်းရုန်းက သိချင်စိတ်ဖြင့် အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်းအပိုင်းအစကို ကောက်ယူပြီး လေ့လာလျက် စကားပြောလိုက်သည်။ အထဲမှ အသက်စွမ်းအင်ဖျော့ဖျော့ ခံစားမိနေ၏။
လုကျိုးက ပြောလိုက်သည်။ "မဟာနွယ်တစ်ယောက်အနေနဲ့ မင်းရဲ့သက်တမ်းက အစတည်းက တိုတောင်းတယ်”
ယွီရှန်းရုန်က အမြန်ဖြတ်ပြောလိုက်၏။
“ရှစ်စွင်းရဲ့ပစ္စည်းကို မတပ်မက်ရဲပါဘူး။ တပည့်ကျင့်ကြံမှုက အဆင့်တက်ထားပြီးပြီ။ သက်တမ်းကလည်း တိုးလာပါတယ်။ ဒါ့အပြင် ကျီလျန့်ရဲ့အကူအညီနဲ့ တပည့်ဘေးကင်းပါတယ်”
လုကျိုးက ခေါင်းညိတ်လိုက်၏။ သူက ထရပ်ပြီးနောက် လှေကားထစ်ဆင်းကာ ဆက်ပြောလိုက်သည်။ “သိပ်ကောင်းတယ်။ မင်းရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ပြ”
ယွီရှန်းရုန်သည် ဘာကိုမှ မဖုံးကွယ်ရဲဘဲ စိတ်ဝိညာဉ်သဏ္ဌာန်အသေးစားလေးကို ချက်ချင်း ဖွဲ့တည်လိုက်သည်။
ဘီး
ယင်းသည် ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ဆင်တူနေသေး၏။ ပွင့်ချပ် ၁၁ခု အပြင် ၎င်း၏ ပုံထဲမှာ ရွှေရောင်အပြည့်အဝ ရှိနေသည်မှအပ အပြည့်အဝကွဲပြားခြားနားချက်က စိတ်ဝိညာဉ်သဏ္ဌာန်၏ နောက်၌ ရွှေရောင်ရောင်ခြည်တစ်ခုရှိနေပြီး ပွင့်ချပ် ၁၁ခုက သေသပ်စွာ ဝန်းရံနေသည်။
လုကျိုးက ခေါင်းညိတ်လိုက်၏။ “ကောင်းကောင်းဆက်လုပ်”
ယွီရှန်းရုန်က အနည်းငယ်ဇဝေဇဝါဖြစ်သွားကာ ပြောလိုက်သည်။
“ရှစ်စွင်း မအံ့ဩဘူးလား”
လုကျိုးက သူ့ကိုယ်သူ ထပ်မံဖော်ထုတ်လုနီးပါးဖြစ်သွားသည်။ သို့သော်ငြား သူ၏အမူအရာ၌ ပြောင်းလဲမှုမရှိချေ။
“မထင်မှတ်ထားတွေ မဖြစ်လာရင် မင်းက ၁၂ခုမြောက်ပွင့်ချပ်ဖူးပွင့်လာလိမ့်မယ်။ မင်း အဆင့်နိမ့် အသက်ဓာတ်နှလုံးသားတွေ ဆက်လက်စုပ်ယူနေရင် တိုးတက်မှုနှေးသွားမှာ။ အဆင့်မြင့်နှလုံးသားက မင်းကို နောက်ထပ် ပွင့်ချပ်မြန်မြန်ဆန်ဆန်ဖူးပွင့်နိုင်အောင် ကူညီပေးလိမ့်မယ်”
ယွီရှန်းရုန်က ဦးညွှတ်လိုက်သည်။ “ညွှန်ပြပေးတာ ကျေးဇူးတင်ပါတယ် ရှစ်စွင်း”
ယခင်က ယွီရှန်းရုန်သည် ၁၂ခုမြောက်ပွင့်ချပ် ဖူးပွင့်နိုင်ချေ ရှိမရှိ မသေချာဖြစ်ခဲ့၏။ သို့သော်ငြား သူ့ရှစ်စွင်းစကားကို နားထောင်ပြီးနောက် သူ၏ယုံကြည်ချက်များ မြင့်တက်လာသည်။ အတွေ့အကြုံရှိပြီး ဗဟုသုတကြွယ်ဝသော ရှစ်စွင်းက ထင်သည့်အတိုင်းပင် သူ့ရှစ်စွင်း မအံ့ဩတာ အံ့ဩစရာမရှိပေ။
လုကျိုးက ဖုယွီ၏အသက်ဓာတ်နှလုံးသားကို ထုတ်ပြီးနောက် ယွီရှန်းရုန်ကို ပစ်ပေးလိုက်တော့သည်။ “ဒါက ဖူယွီရဲ့အသက်ဓာတ်နှလုံးသားပဲ။ ရေကို ထိန်းချုပ်နိုင်စွမ်းရှိတယ်။ ယူသွားပြီး သုံးလိုက်”
“မသုံးရဲပါဘူး”
“ငါ အသက်ဓာတ်နှလုံးသားကို သုံးပြီးပြီ။ ဒါကို လက်ခံဖို့ ဝန်ထုပ်ဝန်ပိုးဖြစ်နေစရာမလိုဘူး” လုကျိုးက ပြောလိုက်၏။
ထိုစကားကို ကြားသောအခါ ယွီရှန်းရုန်သည် လက်ခံရုံသာ တတ်နိုင်တော့သည်။ “နားလည်ပါပြီ”
လုကျိုးသည် ယွီကျန့်ဟိုင်ကို ကောင်းမွန်သည့်အသက်ဓာတ်နှလုံးသားတစ်ခု ပေးရန် စီစဉ်ထား၏။ သို့သော်ငြား လက်ရှိ၌ သူ၏ဒုတိယမြောက်မွေးဖွားဇယားချပ်ကိုတောင် အသက်မသွင်းရသေးချေ။ ထို့ကြောင့် ယွီကျန့်ဟိုင်၌ ထိုကဲ့သို့ ကောင်းမွန်သည့်အသက်ဓာတ်နှလုံးသား မလိုအပ်ချေ။
“ဟုတ်ပြီ။ ထွက်သွားလို့ရပြီ။ ပြီးရင် ခန်းမထဲ ဘယ်သူမှ မလာစေနဲ့” လုကျိုးသည် အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်း၏ အာနိသင်ကို တည်ငြိမ်စေရန် တစ်ယောက်တည်း အချိန်လို၏။
“ဒါဆို တပည့်သွားလိုက်ပါဦးမယ်”
ယွီရှန်းရုန်သည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုတ်သိမ်းပြီးနောက် လှည့်ထွက်သွားလိုက်သည်။ သူသည် တည်တံ့ရေးခန်းမအပြင်ဖက်သို့ ရောက်သောအခါ ခရုလေးဆီ ပြေးသွား၏။
“အာ့ရှစ်ရှိုးလား”
“မင်္ဂလာပါ ရှောင်ရှစ်မေ့” ယွီရှန်းရုန်က သိမ်မွေ့စွာပြောလိုက်၏။
“ကျိုရှစ်ကျဲက မနေ့ကပဲ အာ့ရှစ်ရှိုးအကြောင်းပြောနေတာ။ သူက ရှစ်ရှိုးကို စိတ်ပူနေတာ။ ဒီနေ့ တွေ့ရလိမ့်မယ် မထင်ထားဘူး” ခရုလေးက ပျော်ရွှင်စွာပြောလိုက်သည်။
“ညီမတို့နှစ်ယောက်လုံး စိတ်ပူပေးတာ ကျေးဇူးပါပဲ။ ဒါအသေးအမွှားလေးပါပဲ။ စိတ်ပူဖို့ မတန်ဘူး” ယွီရှန်းရုန်က ပြန်ပြောလိုက်သည်။
“ရှစ်စွင်း ဘယ်မှာလဲ”
“ရှောင်ရှစ်မေ့ ရှစ်စွင်း တံခါးပိတ်ကျင့်ကြံနေတယ်” ယွီရှန်းရုန်က ပြောလိုက်သည်။
“ဪ” ခရုလေးက ပြောပြီး အနည်းငယ်စိတ်ပျက်သွားလေ၏။
ခရုလေးက သူ့နောက်ရှိ တည်တံ့ရေးခန်းမကို ချောင်းကြည့်နေတာကို မြင်သောအခါ ယွီရှန်းရုန်က အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်းအပိုင်းအစကို သူမအား ရုတ်တရက်ပေးလိုက်သည်။ “ဒါယူထား”
“လက်ဆောင်အတွက် ကျေးဇူးပါပဲ။ တာ့ရှစ်ရှိုး”
“ဒါ လက်ဆောင်မဟုတ်ဘူး။ ကျေးဇူးပြုပြီး ဒါကို လွှင့်ပစ်လိုက်ပါ” ယွီရှန်းရုန်က ပြောလိုက်၏။
“...”
ခရုလေးက နှာခေါင်းဆူ ခြေဆောင့်ပြီးနောက် ဟွန့်ကနဲ ထွက်သွားတော့သည်။
ယွီရှန်းရုန်က ခေါင်းအသာလေးခါကာ မျက်နှာပေါ်၌ အပြုံးဖျော့ဖျော့ပေါ်လာတော့၏။ ရှောင်ယွမ်အာရဲ့ စိတ်နေသဘောထား လွှမ်းမိုးခံလိုက်ရတာလား။
တစ်ချိန်တည်းတွင် ခါးကုန်းကုန်းအဖိုးအိုက မြို့တော်ပေါ်ရှိ လေထဲတွင် ပျံဝဲနေသည်။ သူသည် နောက်ဆုံး၌ တဖြည်းဖြည်းချင်းမှိန်သွားသည့် ကျောက်စိမ်းပြားကို ကြည့်ကာ မျက်နှာပေါ်၌ အပြုံးတစ်ပွင့်ပေါ်လာတော့၏။ အစောတုန်းက ကျောက်စိမ်းပြားသည် တောက်ပနေခဲ့ပြီး မှိန်သွားပြန်၏။ ယခု အလင်းဖျော့ဖျော့ဖြင့် တောက်ပနေသည်။ ခါးကုန်းကုန်း အဖိုးအိုက ခေါင်းမော့ပြီးနောက် တော်ဝင်နန်းတော်ရှိရာဖက်သို့ တစ်ချက်ကြည့်လိုက်သည်။
“ရှာတွေ့ပြီ” ပြီးနောက် သူသည် တော်ဝင်နန်းတော်ဆီ ပျံသန်းသွားကာ ပုံရိပ်ယောင်များ ချန်ရစ်ခဲ့သည်။
လမ်းပေါ်ရှိ လူတို့သည် သူတို့ကို လေအေးတိုက်ခတ်တာပဲ ခံစားမိပြီး ဘာမှ မတွေ့ခဲ့ပေ။
ဆယ်မိနစ်မပြည့်မီ၌ ခါးကုန်းကုန်းအဖိုးအိုသည် နန်းတော်နံရံပေါ်သို့ ရောက်လာပြီး နန်းတော်တစ်ခုလုံးကို လှည့်ကြည့်လိုက်သည်။
“သနားစရာကောင်းတဲ့လူတစ်ယောက်က အခဲမကြေဖြစ်မှုကို ခံစားရမယ်။ အခဲမကြေဖြစ်တဲ့သူက သေးသိမ်မှုကို ခံစားရမယ်။ ဘာပဲဖြစ်ဖြစ် အားနည်းတာက အကြီးမားဆုံး ပြစ်ချက်ပဲ” နန်းတော်နံရံမှ ခုန်ချပြီးနောက် နန်းတော်ထဲဝင်သွားတော့သည်။
…
အခန်း (၁၀၈၆) အားနည်းသော်လည်း ကြောက်ဖို့ကောင်းအောင် အားကြီးနေပြန်တယ်
ခါးကုန်းကုန်းနှင့် လူအိုကြီးက အရူး မဟုတ်ပေ။ အနှစ်ချုပ်အားဖြင့် ပြောရလျှင် ချင်မော့ရှန်းက သူ့ကို လက်စားချေဖို့ စေလွှတ်လိုက်သည့်အတွက် သူက သတိကြီးကြီးထားထားသည်။ ချင်မျိုးနွယ်ရှိ လူအားလုံးက သူ့ကို ခါးကုန်းကုန်း လူအိုကြီးဟု သတ်မှတ်ထားကြစဉ် သူ၏ ထူးဆန်းသော အပြုအမူများနှင့် အတွေးအခေါ်များကြောင့် နာမည်ကျော်ကြားလေသည်။
ခါးကုန်းကုန်း လူအိုကြီးက အထွတ်အထိပ်ခန်းမကို ဖြတ်ကာ ပျံသန်းလာခဲ့သည်။ လမ်းတစ်လျောက်တွင် ကုန်းကုန်းများနှင့် အစေခံမိန်းမပျိုလေးများက သွားရင်းလာရင်း စကားပြောဆိုနေကြသည်။ မည်သို့ပင်ဆိုစေကာမူ သူ့တည်ရှိမှုကို မည်သူကမှ သတိမထားမိခဲ့ချေ။
"မိစ္ဆာတေဟင်မျှော်နန်းရဲ့ အဖွဲ့ဝင်တွေ အများကြီးက တော်ဝင်နန်းတော်ကို စောင့်ရှောက်ပေးနေတာဆိုတော့ ကမ္ဘာပေါ်မှာ ဘေးအကင်းဆုံးနေရာဆိုတာ သံသယဖြစ်စရာ မလိုဘူး"
ခါးကုန်းကုန်း လူအိုကြီးက ခေါင်မိုးအထက်မှ ထိုကုန်းကုန်း အုပ်စုကို ငုံ့ကြည့်လိုက်သည်။
“အဖြူရောင်မျှော်စင် အဖွဲ့အစည်းရဲ့ မျှော်စင်သခင် လန်ရှီဟယ်တောင် မွေးဖွားဇယားချပ် ၁၃ခု ရှိထားပေမဲ့ မျှော်နန်းသခင်လုဆီမှာ တိုက်ကွက်တစ်ခုကိုတောင် ခုခံဖို့ ခက်ခဲတယ်လို့ ကြားတယ်။ သူမက မလဲကျသွားခင် နဂိုစွမ်းအားရဲ့ တိုက်ကွက်တစ်ဝက်ကိုပဲ ထုတ်လွှင့်နိုင်ခဲ့တယ်”
ခါးကုန်းကုန်း အဖိုးကြီးက ထိုစကားများကို ကြားသည့်အခါ မျက်မှောင်ကျုံ့လိုက်သည်။ သူက သူ့ဘာသာသူ တွေးကာ အသက်ရှူနန်း မြန်လာမိ၏။
ဒီနေရာမှာ ဒီလိုပညာရှင်မျိုး ရှိနေတာလား။
….
"မျှော်နန်းသခင်လုက ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူ ထောင်ချီကိုလည်း အနိုင်ယူခဲ့တယ်တဲ့။ အဲ့ဒီထဲမှာ မွေးဖွားဇယားချပ် ၁၂ခုရှိတဲ့ ရှားကျန်းလုံတောင် ပါသေးတယ်။ တိုက်ကွက်တစ်ခုတည်းနဲ့ သူက အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ မျှော်စင်သခင်ကိုတောင် မောင်းထုတ်ပစ်နိုင်ခဲ့တာလေ။ ဒီမြင်ကွင်းက အံ့ဩဖို့ကောင်းလွန်းလို့ ကမ္ဘာတစ်ဝန်းလုံး အုတ်အုတ်သောင်းသောင်းဖြစ်သွားသလိုပဲ။ ယင်နှင့်ယန်… ယင်နဲ့ယန် … ”
“ယင်နဲ့ယန် မျှခြေ မညီတော့တာမလား။ မင်း ဒါတောင် မသိရင် ကြွားလုံးထုတ်မနေသင့်ဘူး”
“ကဲ ဘာပဲဖြစ်ဖြစ် မျှော်နန်းသခင်လုက တကယ့်ကို မယုံနိုင်လောက်အောင် အားကြီးတယ်”
ခါးကုန်းကုန်း လူအိုကြီး၏ အမူအယာက လေးနက်နေသည်။ သူ့အကြည့်က အစိမ်းရောင်အလင်းဖြင့် တောက်ပနေပြီးသည့်နောက်တွင် ပတ်ဝန်းကျင်ရှိ လေနှင့် မြက်၏ လှုပ်ရှားမှုများကို အာရုံခံလိုက်သည်။
“ဒီမှာ ဒီလိုပညာရှင်မျိုး ရှိနေတာလား”
ခါးကုန်းကုန်း လူအိုကြီးက ယုံကြည်ဖို့ အခက်တွေ့နေသည်။ သူက ကျောက်စိမ်းစက်ဝန်းပြားကို ထပ်မံထုတ်လွှင့်လာ၏။ ကျောက်စိမ်းစက်ဝန်းပြားက အနည်းငယ်တုန်ယင်နေသည်။
အစိမ်းရောင်ပုစဉ်းရင်ကွဲ ကျောက်စိမ်း၏ အငွေ့အသက်က အားနည်းလွန်းလှသည်။ ကျောက်စိမ်းစက်ဝန်းပြား၏ လှုပ်ရှားမှုက အစိမ်းရောင်ပုစဉ်းရင်ကွဲ ကျောက်စိမ်းဖြင့် နီးကပ်လာသည့်အခါ ပိုမိုအားကောင်းလာလေသည်။
ကျောက်စိမ်းစက်ဝန်းပြားကို ထည့်သိမ်းဆည်းပြီးသည့်နောက်တွင် တိတ်ဆိတ်ဖွယ်နန်းဆောင်ထံ လေဟုန်သဖွယ် ရောက်ရှိလာသည်။ သူက နန်းတော်တံတိုင်းအထက် လမ်းလျှောက်နေသည့် အစိမ်းဝတ် ဓားသမားတစ်ဦးကို မြင်လိုက်ရ၍ ရပ်တန့်လိုက်သည်။
“ဓားသမားလား”
…
ဤသည်ကား တော်ဝင်နန်းဆောင် ဖြစ်၏။ အကယ်၍ အစိမ်းဝတ်ဓားသမားက နန်းတော်ပညာရှင် တစ်ဦးဖြစ်လျှင် ဤသို့အပြုအမူမျိုးကို ဝတ်စားထားမည် မဟုတ်ပေ။ သို့သော်လည်း သူက ဂိုဏ်းမဲ့ ကျင့်ကြံသူနှင့် မတူပေ။
ခါးကုန်းကုန်း လူအိုကြီးက အစိမ်းဝတ်ဓားသမား၏ အရှိန်အဝါကို အာရုံခံလိုက်၏။ ထို့နောက် သူ့မျက်နှာထက် အပြုံးတစ်ပွင့် ပေါ်ထွက်လာသည်။
“ပွင့်ချပ်ဆယ်လွှာတဲ့လား”
သူ့အမြင်တွင် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူများက ပုရွက်ဆိတ်နှင့် မခြားပေ။ ပုံမှန်အားဖြင့် သူသည် ထိုသို့သူမျိုးကို သတ်ဖို့ရာ အာရုံရှိနေမည် မဟုတ်ပေ။ ဤက သူ့စွမ်းအားကို ဖြုန်းတီးခြင်းသာ ဖြစ်၏။ ထိုဓားသမား၏ ပုံစံက ထူးခြားနေ၍သာ ရပ်တန့်လိုက်ခြင်း ဖြစ်သည်။ သူ့အလိုလိုသိစိတ်က ထိုဓားသမားနှင့် ပက်သက်ပြီး တစ်စုံတစ်ခု ထူးခြားနေကြောင်း ပြောပြနေ၏။ ထို့ကြောင့် သူက စိတ်ဝင်စားလာမိသည်။ သူ့ရှေ့တွင် ရှိနေသည့် ပုရွတ်ဆိတ်က ထူးကဲပြီး ထိုထူးကဲသည့် ပုရွတ်ဆိတ်ကို သတ်လိုသည့် စိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်လာမိသည်။ ထို့အပြင် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ဦးက သူ့ရှေ့တွင် ဤသို့ စိတ်ကြီးဝင်စွာ လျှောက်လှမ်းနေသည်ကို မြင်တွေ့နေရသည်။ သူ့အမြင်တွင် ဤသို့သော ပုရွတ်ဆိတ်လိုမျိုး တည်ရှိမှုမျိုးက အမြှီးကုပ်ကာ လမ်းလျှောက်သင့်၏။
ခါးကုန်းကုန်း လူအိုကြီးက ကျောက်စိမ်းစက်ဝန်းပြားကို လက်တစ်ဖက်ဖြင့် ထုတ်လိုက်သည်။ ထို့နောက် ထိုကျောက်စိမ်းစက်ဝန်းပြားမှ အစိမ်းရောင် အငွေ့များ ထွက်ပေါ်လာ၏။
အစိမ်းရောင်အငွေ့က ယွီရှန်းရုန်ဆီ အဆိပ်ပြင်းပြင်း မြွေတစ်ကောင်အလား ရောက်ရှိလာကာ ယွီရှန်းရုန်၏ မျက်နှာအထက် လေပြေအလား တိုက်ခတ်သွားသည်။
ယွီရှန်းရုန်က ရုတ်တရက် ရပ်တန့်လိုက်၏။ သူက ဘယ်ညာကြည့်သော်လည်း ဘာမှမတွေ့သည့်အခါ ဆက်လက် လမ်းလျှောက်သွားသည်။
ခါးကုန်းကုန်း လူအိုကြီးက မျက်မှောင်ကျုံ့လိုက်၏။
သူက မသေဘူးလား မဖြစ်နိုင်တာ။
ဒါက အဓိပ္ပာယ်မရှိဘူး…
အစိမ်းရောင်မီးခိုးများက ကျောက်စိမ်းစက်ဝန်းပြားမှ ထူးဆန်းကာ အားကောင်းသည့် သတ်ဖြတ်ရေး စုန်းပညာတစ်ခု ဖြစ်၏။ ထိုအရာကို အာရုံခံဖို့ ခက်ခဲလှသည်။ အစိမ်းရောင်မီးခိုးက ပစ်မှတ်နှင့် ထိတွေ့လိုက်သည်နှင့ ပစ်မှတ်၏ အရေပြားက အရိုးသဖွယ် ချက်ချင်းရှုံ့တွသွားမည်။
ခါးကုန်းကုန်း လူအိုကြီးက တော်ဝင်နန်းဆောင်ရှိ ပညာရှင်များက ဤသို့ သတ်ဖြတ်ရေးနည်းစနစ်မျိုးကို ကာကွယ်ဖို့ စီစဉ်ထားသည်ဟု ထည့်သွင်းစဉ်းစားခဲ့သည်။ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုများအတွက် စုန်းအတတ် နည်းစနစ်များက အကောင်းဆုံး ဖြစ်၏။
ခါးကုန်းကုန်း လူအိုကြီး သူ့အရှိန်အဝါကို ထိန်းချုပ်ကာ နောက်ထပ် အစိမ်းရောင် မီးခိုးကို ထပ်မံထုတ်လွှင့်လိုက်သည်။
ဤတစ်ကြိမ် အစိမ်းရောင်မီးခိုးက ပိုမိုသိပ်သည်းလာပြီး လေပြေကလည်း ပိုမိုအားကောင်းလာခဲ့သည်။
ယခင်ကကဲ့သို့ ထိုအရာက ယွီရှန်းရုန်ကို အထိအခိုက်မရှိ ဖြတ်သန်းသွားသည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…
ခါးကုန်းကုန်း လူအိုကြီးက အံ့အားသင့်ကာ မယုံနိုင် ဖြစ်နေမိသည်။ သူ့အကြည့်က အစိမ်းဝတ်ဓားသမားကို ကြည့်နေရင်း အဆိပ်ပြင်းပြင်း မြွေတစ်ကောင်အလား ဖြစ်နေသည်။
ခါးကုန်းကုန်း လူအိုကြီးက ထပ်မံတိုက်တော့မည့်ဆဲဆဲတွင် သူ့မျက်ဝန်းများက မယုံကြည်နိုင်မှုဖြင့် အပြူးသား ဖြစ်သွားလေ၏။
“အားနာပါတယ် တတိယအကြိမ်ဆိုတာ ရှိမှာမဟုတ်ဘူး”..
ယွီရှန်းရုန်က ဖြတ်ကနဲ ပျံသန်းကာ ခါးကုန်းကုန်း လူအိုကြီးရှေ့ လျှပ်စီးလိုအလျင်ဖြင့် ရောက်ရှိလာသည်။ သူက ဓားကို ဝေ့ယမ်းပြီး မီးပန်းများနှင့် တူညီသည့် စွမ်းအင်ဓားများကို ထုတ်လွှင့်လာခဲ့၏။
ခါးကုန်းကုန်း လူအိုကြီးက လေသဖွယ် ပြောင်းလဲကာ အဝေးတစ်နေရာသို့ ပျံသန်းထွက်သွားလိုက်သည်။ သူက ယခု ဇစ်မြစ်ထုတ်ဖော်ဖို့ မဖြစ်နိုင်သေးပေ။
ယွီရှန်းရုန်က ကောင်းကင်အထက် မြင့်မြင့်ပျံသန်းရင်း တော်ဝင်နန်းဆောင် တစ်ခုလုံးကို မြင်တွေ့လိုက်ရသည်။ သူက အဝေးတစ်နေရာရှိ စွမ်းအားကို အာရုံခံမိသည့်အခါ ရေရွတ်လိုက်၏။
“ပညာရှင်တစ်ယောက်ပဲ”
ယွီရှန်းရုန်က ထိုကျုးကျော်သူနောက် မလိုက်ခဲ့ပေ။ သူက ထိုကိစ္စကို စီးဝူယာ့ဆီ အပ်ဖို့ ပြင်ဆင်ထား၏။
ခဏကြာမြှင့်ပြီးနောက်တွင် ခါးကုန်းကုန်း လူအိုကြီးက ရပ်တန့်ပြီး လှည့်ကြည့်လိုက်သည်။ သူက ယွီရှန်းရုန် လိုက်မလာကြောင်း သဘောပေါက်သွားသည့်အခါ မနေနိုင်ဘဲ မျက်မှောင်ကျုံ့လိုက်မိသည်။ သူ့ရည်ရွယ်ချက်က ယွီရှန်းရုန်ကို မျှားခေါ်ပြီး တိတ်တဆိတ် သတ်ပစ်ဖို့ ဖြစ်၏။ ယွီရှန်းရုန်က သူ့ထောင်ခြောက်အတွင်း ကျဆင်းမလာဘဲ နေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
အစိမ်းရောင် မီးခိုးကနေ မသေတာက အကြောင်းအရင်း မရှိဘူး။ ဘာလို့လဲ သူက အားနည်းတယ်။ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူပဲ။ ဒါပေမဲ့ သူ့ရဲ့ ဓားရေးကတော့ အတော်လေး အားကောင်းတဲ့ပုံပဲ…
မည်သို့ပင်ဆိုစေကာမူ ခါးကုန်းကုန်း လူအိုကြီးက မကြောက်ပေ။ သူက လေဟုန်အဖြစ် ပြောင်းလဲကာ ယခင်လာခဲ့သည့် နေရာဆီ ထပ်မံပျံသန်းလာသည်။ သို့သော် ယွီရှန်းရုန်ကို မတွေ့ရတော့ပေ။ ဤသို့ဖြင့် ခါးကုန်းကုန်း လူအိုကြီးက ကျောက်စိမ်းစက်ဝန်းပြားကို ထပ်မံထုတ်ယူလိုက်ပြီး နန်းတော်၏ အနောက်ဘက်သို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်လာသည်။ သိပ်မကြာခင် သူက နန်းဆောင်တစ်ခုအထက် ရောက်ရှိလာ၏။
သူက တုန်ခါနေသည့် ကျောက်စိမ်းစက်ဝန်းပြားကို ကြည့်ကာ “အစိမ်းရောင် ပုစဉ်းရင်ကွဲကျောက်စိမ်းက ဒီမှာရှိတာ သေချာတယ်”
ခဏအကြာတွင် သူက နန်းဆောင်တစ်ခု၏ ခြံဝန်းအတွင်း လှပကြော့ရှင်းစွာ ထိုင်နေသည့် မိန်းမပျိုတစ်ဦးကို မြင်လိုက်ရသည်။ သူမ၏ရှေ့တွင် လက်ရာမြောက်သည့် ဗျပ်စောင်းတစ်ခု ရှိနေ၏။ ထိုအမျိုးအသီးက လှုပ်ရှားလိုက်တိုင်း ကျောက်စိမ်းစက်ဝန်းပြားက ပိုမိုတုန်ခါလာသည်။
“အစိမ်းရောင်ပုစဉ်းရင်ကွဲ ကျောက်စိမ်းက မင်းဆီမှာကိုး”
ခါးကုန်းကုန်း လူအိုကြီးက ထိုအမျိုးသမီး၏ အရှိန်အဝါကို တိတ်တဆိတ် အာရုံခံလိုက်သည်။ ရလဒ်က အစိမ်းဝတ်ဓားသမား၏ အရှိန်အဝါကို အာရုံခံမိစဉ်နှင့် အတူတူသာ ဖြစ်၏။ သူမ၏ အရှိန်အဝါက အားနည်းလွန်းလှသည်။ ပြောရလျှင် အတော်လေး အားနည်းနေလေ၏။ သူမက သူ့တိုက်ခိုက်လိုစိတ်ကို ပျက်သုန်းလွန်းသွားအောင် အားနည်းလွန်းလှသည်။
မည်သို့ပင်ဆိုစေကာမူ ခါးကုန်းကုန်း လူအိုကြီးက အင်မတန် သတိကြီးကြီး ထားထားသည်။ ချင်မော့ရှန်း၏ မွေးဖွားဇယားချပ် ကိုးခုထဲမှ တစ်ခုကို ဖျက်ဆီးပစ်နိုင်သည့်သူက မည်သို့အားနည်းမည်နည်း။ မည်သိုပင်ဆိုစေကာမူ သူ့တာဝန်က သူ့သခင်လေးအတွက် လက်စားချေဖို့သာ ဖြစ်သည့်အတွက် တရားခံကို သတ်ဖို့သာ လိုအပ်သည်။
ကျောက်စိမ်းစက်ဝန်းပြားက ထပ်မံ လည်ပတ်လာသည်။
အစိမ်းရောင်မီးခိုးက ဧရာမအဆိပ်ပြင်းမြွေသဖွယ် ထွက်ပေါ်လာပြီး ပစ်မှတ်ဆီ ပြေးဝင်သွားသည်။
ထိုအမျိုးသမီးဆီ လေဟုန်တစ်ချက် တိုက်ခတ်သွား၏။ သူမက အသက်ရှင်လျက် ရှိရုံသာမက သူမမျက်နှာအထက် ခပ်ယဲ့ယဲ့ အပြုံးတစ်ချက်ကြောင့် ပျော်ရွှင်နေရန်ပင် ပေါ်သေးသည်။
ခါးကုန်းကုန်း လူအိုကြီး “…”
သူက တစ္ဆေတစ်ကောင် မြင်လိုက်ရသလို ခံစားနေရ၏။ အစိမ်းဝတ် ဓားသမားက အစိမ်းရောင်မီးခိုးမှ အသက်ရှင်နိုင်သည်က ကိစ္စတစ်ခု ဖြစ်သော်လည်း သူ့ရှေ့တွင် ရှိနေသည့် အမျိုးသမီးကလည်း အဆင်ပြေနေပြန်သည်။
ဤသည်က မျက်နှာဖြတ်ရိုက်လိုက်ခြင်းနှင့် မတူညီဘူးလား။
ထိုအမျိုးသမီးက သေဆုံးသွားသင့်သည် မဟုတ်ပါလော။
သူ့လောကအမြင် ပြိုလဲသွားသလို ခံစားလိုက်ရသည်။
ခဏအကြာတွင် ခါးကုန်းကုန်း လူအိုကြီးက ပြဿနာသည် ထိုပုရွတ်ဆိတ်များထံ မဟုတ်ပဲ စုန်းအတတ် နည်းစနစ်တွင် ရှိနေကြောင်း ကောက်ချက်ချက်လိုက်သည်။
“အားနည်းတာက အပြစ်ကြွေးပဲ”
ခါးကုန်းကုန်း လူအိုကြီးက လက်ကို ဝှေ့ယမ်းလိုက်သည်။
အပြာရောင် ကောင်းကင်အထက် အစိမ်းဖျော့ဖျော့ စည်းတံဆိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုအရာက မှေးမိန်လွန်းသည့်အတွက် သတိပြုဖို့ရန်အတွက် ခက်ခဲလာ၏။ ဤသည်က အရေးသားချက်တစ်ခု ဖြစ်ပေသည်။
ထိုစဉ် ထိုအမျိုးသမီး၏ လက်ဆယ်ချောင်းက ဗျပ်စောင်းပေါ် ကျရောက်လာကာ ကြိုးများကို တီးခတ်လိုက်သည်။
ဆူနာမီနှင့် တူသည့် အသံလှိုင်းက ထွက်ပေါ်လာခဲ့၏။
“ပညာရှင်လား…”
ခါးကုန်းကုန်း လူအိုကြီးက တုန်တုန်ယင်ယင်ဖြင့် အံ့အားသင့်သွားကာ အစိမ်းရောင် စည်းတံဆိပ်ကို ဖယ်ရှားပြီး အဆောက်အဦ တစ်ခုနောက် ဝင်ပုန်းလိုက်သည်။ ထို့နောက် သူက အတွေးများကို စုစည်း၏။
အလျင်လိုဖို့ မလိုဘူး။ ဆက်ပြီးစောင့်ရအောင်။
သူ့အနေဖြင့် စုန်းအတတ်ပညာရပ်များကို ခုခံနိုင်သည့်သူက မည်သို့အားနည်းနိုင်မည်နည်း။
ခါးကုန်းကုန်း လူအိုကြီးက ပုံမှန်အားဖြင့် ဤစုန်းအတတ် နည်းစနစ်ကို ထုတ်သုံးဖို့ရာ မစီစဉ်ထားတော့ပေ။ တစ်ဖက်သူကို ထိနှက်ချက်ပြင်းပြင်း ပေးနိုင်မည့် အချိန်အခါကောင်းကို စောင့်ဆိုင်းနေ၏။
သူက ဆက်လက် ပုန်းအောင်းနေခဲ့သည်။ သူက အနည်းငယ် အံ့အားသင့်မိနေပြီး သေးငယ်သည့် အနီရောင်ကြာနယ်မြေလိုမျိုးတွင် ဤသို့ ကျားများ၊ နဂါးများဖြင့် ပြည့်နှက်နေမည်ဟု ထင်မထားခဲ့မိပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့က အားနည်းနေဆဲသာ ဖြစ်၏။ ကံကောင်းစွာဖြင့် သူက သတိကြီးကြီး ထားထားခဲ့သည်။ သူ့သခင်လေးက မွေးဖွားဇယားချပ်တစ်ခု အလကားဆုံးရှုံးရခြင်း မဟုတ်ကြောင်း တွေးလိုက်မိ၏။
….
ယွီရှန်းရုန်က စီးဝူယာ့ထံ သတင်းပေးပို့ခဲ့လေသည်။ သူ့ချီရှစ်တိက ဉာဏ်ကောင်းလွန်းလှ၍ ထိုကိစ္စကို ဖြေရှင်းနိုင်စွမ်း ရှိလိမ့်မည်ဟု ယုံကြည်ချက် ရှိနေသည်။
ယွီရှန်းရုန်က ယခုအချိန်အထိ အသက်ရှင်ခဲ့ရသည့် အကြောင်းအရင်းတစ်ခုက တိကျသည့် အကဲဖြတ်မှုများကြောင့် ဖြစ်၏။ သူ့အလိုလိုသိစိတ်က ထိုပညာရှင်သည် တော်ဝင်နန်းတော်ထဲ ယုံကြည်ချက်ရှိရှိ ကျုးကျော်ရဲလောက်အောင် အားကောင်းလိမ့်မည် ဖြစ်ကြောင်း ပြောပြနေသည်။ ထို့အပြင် ထိုလေပြေမှ သူ ခံစားမိသလောက် ကျူးကျော်သူသည် သူ့ထက်ပိုမိုအားကောင်းနေကြောင်း ခံစားမိလိုက်သည်။ ထို့ကြောင့် သူ့အနေဖြင့် ကျူးကျော်သူသည် မတိုက်ခိုက်ဘဲ ထွက်ပြေးသွားသည့် အချက်ကို နားမလည်နိုင်ပေ။ ကျူးကျော်သူက အင်မတန် အားကောင်းကြောင်း ပြောနိုင်သည့်အတွက် လိုက်ဖမ်းသည်က ဉာဏ်မရှိရာ ကျပေမည်။
…
စီးဝူယာ့က ထိုကိစ္စကို သိပြီးသည့်နောက်တွင် လုကျိုးကို သွားရောက်တိုက်ရိုက်တွေ့ဆုံခဲ့သည်။ သူက ထိုကိစ္စကို အလေးအနက် မှတ်ထားခဲ့၏။
သူက ခန်းမအရှေ့ ဦးညွှတ်ကာ ကွေ့ပတ်မနေဘဲ ပြောလိုက်သည်။
“ရှစ်စွင်း တော်ဝင်နန်းတော်မှာ ကျုူးကျော်သူတစ်ယောက် ရောက်နေတယ်။ ကျေးဇူးပြုပြီး ဂရုစိုက်ပါ”
လုကျိုးက တင်ပျဉ်ခွေလျက် မျက်လုံးပိတ်လျက် ရှိနေသည်။ သူက အသက်ကြီးသည်မှာ အသားကျနေသည် ဖြစ်သည့်အတွက် သူအမူအယာနှင့် လေသံကတည်း လူအိုကြီးသဖွယ် ဖြစ်နေလေသည်။ သို့သော်လည်း ထိုအရာက သူ့ဩဇာတိက္တမကို နည်းနည်းလေးမှ ပျောက်ကွယ်မသွားစေပေ။
“ကောင်းပြီ”
လုကျိုးက ဆက်လက်မကျင့်ကြံတော့ပဲ သူ့ရှေ့တွင် ရှိနေသည့် အစိမ်းရောင်ပုစဉ်းရင်ကွဲ ကျောက်စိမ်းကို ကြည့်ကာ နှင်းတောင်ထိပ်မှ သင်္ကေတလမ်းကြောင်းအကြောင်း တွေးလိုက်မိသည်။
အထွတ်အထိပ် လျှို့ဝှက်ဆန်းကြယ်စွမ်းအားက သူ့နှာခေါင်းအထက် ဝဲဝဲလည်ပြီး အဖက်ဖက်မှ ရနံ့ကို အာရုံခံမိလိုက်သည်။
လုကျိုးက ရနံ့ခံနှုန်းကို နယ်ပယ်ချဲ့ထွင်လိုက်ပြီး နှင်းတောင်ထိပ်တွင် ရှိခဲ့သည့် အသက်ဓာတ်စွမ်းအားကို လိုက်ရှာဖို့ ကြိုးစားနေသည်။
သူက မီတာတစ်ရာပတ်လည်အတွင်း ဘာမှမတွေ့ခဲ့ပေ။ မီတာတစ်ထောင် ပတ်လည်အတွင်းတွင်လည်း ဘာမှမတွေ့ခဲ့ရပေ။
သူက ရနံ့စွမ်းအားကို ချဲ့ထွင်လိုက်ပြီး နန်းဆောင်အနောက်ထိ ရောက်ရှိသွားသော်လည်း ဘာမှမတွေ့ခဲ့ရသေးပေ။
သူက ဘယ်နေရာမှာ ပုန်းနေတာလဲ…
လုကျိုးက ဆက်လက်ရှာဖွေလိုက်၏။ တစ်ဖက်သူ တော်ဝင်နန်းတော်သို့ လာရဲသည့်အတွက် သူ့ကျင့်ကြံဆင့်က ချင်မော့ရှန်းထက် မြင့်မားရပေမည်။
သူက ကောင်းကင်ကျမ်းလွှာ ရနံ့စွမ်းအားကို အသုံးပြုနေရင်း ကျုးကျော်သူကို ဖြေရှင်းဖို့ အထွတ်အထိပ် လျှို့ဝှက်ဆန်းကြယ်စွမ်းအားကိုလည်း ချန်ထားခဲ့သည်။
သူ့စွမ်းအားက နန်းတော်၏ နံရံများဆီ ချိုးဖောက်သွားသည့်အခါ ရင်းနှီးသည့် ရနံ့ကို ရရှိလိုက်သည်။ ထိုရနံ့က နှင်းတောင်ထိပ်တွင် တွေ့ရှိသည့် ရနံ့နှင့် အတူတူသာ ဖြစ်၏။
“တွေ့ပြီ”
လုကျိုးက တည်တံ့ရေးခန်းမဆောင်ရှေ့ ချက်ချင်း ပျံသန်းလာလိုက်သည်။ သူ့အရှိန်က မြန်ဆန်လွန်းသည့်အတွက် တံခါးပေါက်များက ပွင့်သွားပြီး သူ့အလိုလို ပြန်ပိတ်သွားဟန် ပေါ်သည်။
အပြင်ဘက်တွင် ရပ်နေသည့် စီးဝူယာ့ကပင် လုကျိုး၏ လှုပ်ရှားမှုကို ဖမ်းမမိနိုင်ခဲ့ပေ။ သူက မျက်လုံးကို ပွတ်ကာ ပြောလိုက်၏။
“ရှစ်စွင်းလား … ငါ အမြင်မှားနေတာလား”
မည်သို့ပင်ဆိုစေကာမူ စီးဝူယာ့အနေဖြင့် သဘောပေါက်ဖို့ သိပ်မကြာမြှင့်ခဲ့ပေ။ သူက ရှစ်စွင်းအနောက်မှ လိုက်ပါသွားခဲ့၏။
…
ထိုစဉ် ခါးကုန်းကုန်း လူအိုကြီးက အဆောက်အဦတစ်ခုနောက်တွင် ပုန်းကွယ်နေဆဲ ဖြစ်၏။ သူက ကျောက်စိမ်းစက်ဝန်းပြားကို အသုံးပြုပြီးသည့်နောက်တွင် အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်းက ဗျပ်စောင်းတီးနေသည့် မိန်းကလေးထံတွင် ရှိလိမ့်မည်ဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။
သတိကြီးသည့် လူတစ်ဦးအနေဖြင့် သူက ပတ်ဝန်းကျင်ကို ထပ်မံစစ်ဆေးလိုက်၏။ မည်သည့်အရာမှ ချဉ်းကပ်လာသည်ကို မခံစားမိပေ။
ဤသို့ဖြင့် သူ့မျက်ဝန်းက အစိမ်းရောင် တောက်ပလာပြန်သည်။ တစ်ကြိမ်တည်းဆိုသလို သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်ရေး အငွေ့အသက်တို့ ထွက်ပေါ်လာခဲ့၏။
“မင်း ဘယ်သူပဲဖြစ်ဖြစ် ဒီနေ့ သေရမယ်။ ဘယ်သူမှ မင်းကို မကယ်နိုင်ဘူး”
သူ့အသံ ဆုံးသွားသည့်အခါ ကောင်းကင်က အနီရောင် ပြောင်းသွားလေသည်။ ပြောရလျှင် ကောင်းကင်ကိုပင် လွှမ်းခြုံနိုင်လောက်သည့် အနီရောင်စွမ်းအား လှိုင်းတစ်ခု ဖြစ်၏။
ခါးကုန်းကုန်း လူအိုကြီးက အနည်းငယ် အံ့အားသင့်သွားမိသည်။
“ကောင်မလေး ငါ ရှိနေတာကို သိသွားပြီပဲ”
ခရုလေး၏ အာရုံခံနူန်းက အတော်လေးကောင်းလှသည်။ မူမမှန်မူကို ရှာဖွေတွေ့ရှိပြီးသည့်နောက်တွင် သူမက ရန်သူ၏တည်ရှိမှုကို ရှာဖွေတွေ့ရှိပြီးသား ဖြစ်၏။ သူမက လေထဲ ခုန်ဝင်ကာ ကြိုးကိုးသွယ်ဗျပ်စောင်းကို တီးခတ်လိုက်သည်။
သံစဉ်က လှိုင်းလုံးများသဖွယ် ထွက်ပေါ်လာပြီး တိမ်တိုက်နှင့် လေဟုန်ကိုပင် ပျံ့ကျဲသွားစေသည်။
ခါးကုန်းကုန်း လူအိုကြီးက အရှေ့တိုးလာကာ အစိမ်းရောင်အလင်းဖြင့် တောက်ပနေသည့်လက်ကို ဆန့်ထုတ်လိုက်သည်။
“ကောင်မလေး ငါ့ကို လှည့်စားရဲတယ်လား”
ခါးကုန်းကုန်း လူအိုကြီး၏ ကျင့်ကြံဆင့်က အတော်လေး မြင့်မားသော်လည်း သူမ၏ အသံနည်းစနစ်က ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံဆင့်ကို ကျော်လွန်နေကြောင်း တွေ့ရှိပြီးသည့်နောက်တွင် တစ်ချက်တည်းနှင့် သတ်ဖို့ ဆုံးဖြတ်ခဲ့သည်။
ခရုလေးက နောက်ပြန်ဆုတ်လိုက်၏။
ဝှစ် ဝှစ် ဝှစ်
အနီရောင်အသံလှိုင်းက ဓားသဖွယ် လွှမ်းခြုံသွားပြီး လူအိုကြီးဆီ ရောက်ရှိလာသည်။
ခရုလေးက မျက်မှောင်အသာကျုံ့လိုက်၏။ သူက တစ်ဖက်သူသည် မည်မျှအားကောင်းကြောင်း ပြောနိုင်လေသည်။
သူက ဘယ်လောက်တောင် အားကောင်းနေတာလဲ…
ခရုလေးက သူမ၏အနီရောင်စွမ်းအားသည် တစ်ဖက်သူကို အနည်းငယ်မျှသာ နှောင့်နှေးနိုင်ကြောင်း သဘောပေါက်သွားခဲ့၏။ သူမအနေဖြင့် တစ်ဖက်သူ၏ ကျင့်ကြံဆင့်ကို မသိရသည့်အတွက် သူမအနေဖြင့် သူ့ကို နှောင့်နှေးနိုင်သည်ကဖြင့် အံ့အားသင့်နေမှန်း မသိခဲ့ပေ။
ခါးကုန်းကုန်း လူအိုကြီးက ခရုလေးရှေ့ လျှပ်စီးလို အလျင်ဖြင့် ရောက်ရှိလာသည်။ သူ့လက်က တောင်တန်းသဖွယ် ကျရောက်လာလေ၏။
ခရုလေးက ကြိုးကိုးသွယ်ဗျပ်စောင်းကို အလျင်အမြန် ကိုင်ဆွဲကာ ကြိုးမျှင်များကို တီးခတ်လိုက်သည်။
သံစဉ်က နားကွဲလုမတတ် ထွက်ပေါ်လာသည့်အတွက် လူအိုကြီးက ခတ္တမျှ အာရုံထွေပြားသွားသည်။
ဤသည်က အသံနည်းစနစ်၏ အရေးသာချက်တစ်ခု ဖြစ်၏။ ကျင့်ကြံသူတစ်ယောက်၏ ရုပ်ခန္ဓာက အားကောင်းပြီး နက်နဲသည့် ကျင့်ကြံစဉ်မျိုး ရှိထားလျှင်ပင် အများစုက နားကန်းနေခြင်း မဟုတ်ပေ။ ထို့ကြောင့် အားနည်းသည့် စိတ်သဘောထား ရှိသည့်သူများက ပတ်ဝန်းကျင်မှ အပြောင်းအလဲများကြောင့် အာရုံထွေပြားသွားနိုင်သည်။
လှိုင်းလုံးသဖွယ် အသံလှိုင်းနည်းစနစ်က ထိုလူအိုကြီးဆီ ဝင်ရောက်လာသည်။
ထိုလူအိုကြီးက သံစဉ်ကို ပိုမိုနားထောင်လာလေလေ သူက ပိုမိုဒေါသထွက်လာလေလေ ဖြစ်၏။ အဆုံးသတ်တွင် သူက စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
ဝုန်း
လက်ဝါးတစ်ချက်ဖြင့် သူက အသံလှိုင်းကို ဖျက်စီးပစ်နိုင်ခဲ့၏။ သူတို့အကြားရှိ ကွာဟချက်က ကြီးမားလွန်းလှသည်။
“ဒါက…”
ခရုလေးက တန်ပြန်သက်ရောက်မှုကြောင့် လဲကျသွားခဲ့သည်။ သူက အစိမ်းရောင်လက်ဝါး သူမဆီ ကျရောက်လာသည်ကို မြင်ကာ အလိုလို နောက်ဆုတ်လိုက်မိ၏။
လက်ဝါးစည်းတံဆိပ်က သူမကို အသားစိုင်ဖြစ်အောင် ချေမွတော့မည့်အချိန်တွင်
ဘန်း
လူအိုကြီးက အပြာရောင်အလင်းကြောင့် လွှင့်ထွက်သွားခဲ့သည်။ သူက လေထုထဲ ပျောက်ကွယ်သွားအောင် အဝေးကြီး လွင့်ထွက်သွားခဲ့၏။
ခရုလေးက မျက်လုံးကို ပြန်ပွင့်လာသည်။ သူက မျက်တောင်ကို ခတ်ကာ ရေရွတ်လိုက်၏။
“ငါ မသေဘူးလား”
သူမက မျက်နှာ၊ လက်နှင့် ခြေထောက်တို့ကို ထိကာ အရာအားလုံး အဆင်ပြေနေဟန်ပေါ်သည်။
ခရုလေးက မော့ကြည့်လိုက်၏။ သူမရှေ့တွင် ရှိနေသောလူကို မြင်လိုက်ရသည်။ သူမက ထိုသူ၏ကျောကိုသာ မြင်တွေ့နိုင်သော်လည်း ထိုက်တောင်တန်းသဖွယ် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
ခရုလေးက အင်မတန် သိချင်စိတ် များပြားပြီး ခေါင်းကိုအသာစောင်းကာ ကြည့်လိုက်၏။ ဖြစ်ချင်သော လူငယ်လေးတစ်ယောက် ဖြစ်နေသည်။ သူမက ယဉ်ကျေးစွာ ပြောလိုက်သည်။
“ငယ်ရွယ်သော လူကြီးမင်းလေး … ကျွန်မကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
လုကျိုးက ခရုလေးကို လစ်လျူရှုကာ ထိုလူအိုကြီး ပျောက်ကွယ်သွားသည့် နေရာကိုသာ ကြည့်နေမိသည်။ မည်သို့ပင်ဆိုစေကာမူ သူက သူ့ကို လူကြီးမင်းဟု ခေါ်ဆိုသည်က အဆင်ပြေသည်ဟု ထင်မိသည်။ ရှေ့က ငယ်ရွယ်သော စကားကို ထည့်နေစရာ မလိုအပ်ပေ။
သူ့ရှေ့တွင် ရှိနေသောသူက မတုံ့ပြန်သည်ကို မြင်တွေ့ပြီးနောက်တွင် ခရုလေးက ပါးစပ်ဟကာ ထပ်မံ ကျေးဇူးတင်ဖို့ ပြင်လိုက်၏။ သို့သော်လည်း ဤတစ်ကြိမ် ခေါင်မိုးအထက်မှ ပုံရိပ်တစ်ခု ဆင်းသက်လာသည်။
“ရှောင်ရှစ်မေ့ မရိုင်းနဲ့”
“အာ့ရှစ်ရှိုးလား”
“ရှစ်စွင်းကို ဘာလို့နူတ်မဆက်သေးတာလဲ” ယွီရှန်းရုန်က မေးလိုက်သည်။
ခရုလေးက အံ့အားသင့်သွား၏။
လုကျိုးက ခရုလေးကို ရှင်းပြဖို့ အချိန်မရပေ။ သူက ခြေဖျားထောက်ကာ လေဟုန်ထဲ ပျံသန်းလိုက်သည်။
ခရုလေးက မေးလိုက်၏။
“အာ့ရှစ်ရှိုး နောက်နေတာလား”
ယွီရှန်းရုန်က ပြုံးကာ ပြောလိုက်၏။
“ငါက စနောက်ရတာ သဘောကျတဲ့သူနဲ့ တူလို့လား”
“အဲ့လိုတော့ မဟုတ်ပါဘူး။ ဒါက တကယ်ရှစ်စွင်းလား”
ခရုလေးက အဝေးတစ်နေရာကို လက်ညှိုးထိုးကာ မေးလိုက်၏။
ယွီရှန်းရုန်က ခေါင်းညိတ်ပြီးသည့်နောက်တွင် ခရုလေးအနား ရောက်ရှိလာ၏။
“ဟုတ်တယ် ရှစ်စွင်းက သူ့ကို အသက်ဓာတ်စွမ်းအား ပေးနိုင်တဲ့ မြင့်မြတ်ပစ္စည်းတစ်ခုကို ရှာတွေ့ခဲ့တယ်လေ”
ခရုလေး၏ မျက်နှာအထက် အံ့အားသင့်ကာ မယုံနိုင်သည့် အမူအရာမျိုး ပေါ်ထွက်လာ၏။ သူမက ထိုအချက်ကို လက်ခံဖို့ အခက်တွေ့နေလေ၏။
ထိုစဉ် စီးဝူယာ့က ရောက်ရှိလာကာ ပြောလိုက်သည်။
“ရှစ်စွင်းက ဘယ်မှာလဲ”
ယွီရှန်းရုန်က တော်ဝင်နန်းတော်၏ မြောက်ဘက်သို့ ညွှန်ပြလိုက်သည်။
စီးဝူယာ့က လှည့်ကာ ခရုလေးကို ကြည့်လိုက်၏။
“ဗျပ်စောင်းသံ ကြားလိုက်ကတည်းက ကျူးကျော်သူက လှုပ်ရှားလိုက်ပြီဆိုတာ သိလိုက်တယ်”
ခရုလေးက မေးလိုက်၏။
“ချီရှစ်ရှိုး … ရှစ်စွင်းရဲ့ သွင်ပြင်ကို မြင်ပြီးပြီလား”
စီးဝူယာ့က ပြောလိုက်သည်။
“အခု အဲ့ကိစ္စကို ရှင်းပြဖို့ အချိန်မရသေးဘူး။ ရှစ်စွင်းရဲ့ ဇစ်မြစ်က အရေးကြီးတယ်။ ဘယ်သူ့ကိုမှ မပြောနဲ့ဦး။ ငါတို့ တပည့်တွေပဲ သိထားစို့”
လုမျိုးနွယ်နှင့် မတော်တဆမတိုင်ခင် လုကျိုး၏ ငယ်ရွယ်သော သွင်ပြင်ကို ဖုံးကွယ်ထားဖို့ မလိုအပ်ပေ။ သို့သော်လည်း ယခုအခါ မလိုလားအပ်သည့် ပြဿနာများကို ဆွဲဆောင်မိဟန်ပေါ်သည်။
“ကောင်းပါပြီ”
ခရုလေးက ခေါင်းညိတ်လိုက်၏။
ထို့နောက် စီးဝူယာ့က အဝေးတစ်နေရာဆီ ပျံသန်းထွက်သွားသည်။
ယွီရှန်းရုန်က မလှုပ်ရှားဘဲ လေသံအတက်အကျမရှိ ပြောလိုက်သည်။
“ရှောင်ရှစ်မေ့ ကြည့်ရတာ သိပ်မပျော်တဲ့ပုံပဲ”
“ရှစ်စွင်း ကြည့်ရတာ ညီမကို သိပ်သဘောမကျတဲ့ပုံပဲ”
ခရုလေးက ရေရွတ်လိုက်သည်။
ယွီရှန်းရုန်က အသာပြုံးကာ ပြောလိုက်သည်။
“အများကြီး မတွေးပါနဲ့။ မင်းက ဂိုဏ်းကို နောက်ဆုံးမှ ဝင်လာတာဆိုတော့ မင်းက ရှစ်စွင်းကို နားမလည်ဆုံးသူပဲ။ ရှစ်စွင်းက အဲ့လိုပဲ အားလုံးကို ဆက်ဆံတာ”
“အဲ့လိုလား”
“ရှစ်စွင်းရဲ့ သဘောအကျဆုံး ကျိုးရှစ်မေ့တောင် တစ်ခါတစ်လေ အဆူခံရတယ်လေ။ မင်းက မမြင်ဖူးသေးလို့ပါ”
ယွီရှန်းရုန်က ပြောလိုက်သည်။
“ဘန်း”
အနီရောင်နဂါးက ပျံသန်းလာခဲ့သည်။
ရှောင်ယွမ်အာက နိဗာနခါးစည်းဖြင့် ပျံသန်းလာလေ၏။ သူမက ကျောက်တုံးပေါ် ဆင်းသက်ကာ မေးလိုက်သည်။
“အဲ့လိုအရာမျိုး မရှိပါဘူး။ အာ့ရှစ်ရှိုးက ကောလဟာလတွေ ထပ်ပြီး ဖြန့်နေပြန်ပြီ။ ရှစ်စွင်းက ဘယ်မှာလဲ”
ယွီရှန်းရုန် “…”
ယွီရှန်းရုန်က ခရုလေးသည် ဝမ်းနည်းနေလိမ့်မည်ဟု တွေးလိုက်မိသည်။ သို့သော်လည်း သူမက မတွေ့ရတာကြာသည့် သူငယ်ချင်းတစ်ယောက်နှင့် တွေ့ဆုံနေဟန်ပေါ်သည်။ သူမက လေထဲတွင် ပျံသန်းကာ ရှောင်ယွမ်အာဆီ ပြေးသွားလိုက်သည်။
“ကျိုးရှစ်ကျဲ ညီမ လျှို့ဝှက်ချက်တစ်ခုကို ပြောပြဦးမယ်။ ရှစ်စွင်းက ပိုငယ်သွားပြီ။ မဟုတ်သေးဘူး သူက တော်တော်လေးကို ငယ်သွားပြီ”
ရှောင်ယွမ်အာက ခေါင်းကုပ်ကာ ထိုစကားများကို နားမလည်နိုင် ဖြစ်နေမိ၏။
ယွီရှန်းရုန်က ခေါင်းအသာရမ်းကာ ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်လုံး သတိထားကြ”
ထို့နောက် ယွီရှန်းရုန်က ကျူးကျော်သူကို ရှာဖို့ ပျံလွှားသဖွယ် ပျံသန်းသွားခဲ့သည်။
…
လုကျိုးက တော်ဝင်နန်းတော်၏ မြောက်ဘက်ပိုင်းသို့ ပျံသန်းလာပြီးနောက်တွင် ဘေးပတ်ဝန်းကျင်ကို ကြည့်ကာ အနံ့ခံလိုက်သည်။ သူက ရနံ့အတိုင်း လိုက်လာခဲ့ပြီးနောက်တွင် ရုတ်တရက် ရပ်တန့်လိုက်၏။
ပတ်ဝန်းကျင်က အင်မတန် တိတ်ဆိတ်နေသည်။
လုကျိုးက ကြွက်သည် ထပ်မပြေးနိုင်တော့ကြောင်း သေချာသွားခဲ့၏။ ကြေညာရေးခန်းမဘက်တွင် ပညာရှင်များဖြင့် ပြည့်နှက်နေပြီး နန်းတော်တံတိုင်းရှိ တာအိုသင်္ကေတများကလည်း အသက်ဝင်နေသည်။ ပို၍အရေးကြီးသည်က စွမ်းအား၏ ရနံ့အများစုသည် ဤနေရာတွင် အပြင်းထန်ဆုံး ဖြစ်နေကြောင်း သိလိုက်သည်။
လုကျိုးက အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
“ငါ့ဆီကနေ လွတ်မြောက်မယ်လို့ ထင်နေတာလား”