အခန်း (၁၀၈၇-၁၀၈၉)
Vol. 73 Ch. 1087-1089
အခန်း (၁၀၈၇) သန်မာသူ၏လောက
လုကျိုးသည် ထိုကြွက်က သူပြောတာ ကြားမည်မှန်းသိသည်။ သူ အလျင်မလိုပေ။ လေထဲပျံဝဲလျက် အကြားစွမ်းအားအတွက် မန္တန်ကို ရွတ်ဆိုလိုက်သည်။
လုကျိုးက ကျူးကျော်သူ၏အရှိန်အဝါကို ရှင်းရှင်းလင်းလင်း အနံ့ခံနိုင်၏။ သူသည် အရှိန်အဝါသိပ်သည်းမှု၌ ဆံချည်တစ်မျှင်စာမှ ပြောင်းလဲသွားလျှင်တောင် အာရုံခံနိုင်သည်။ အေးစက်သော အရှိန်အဝါက အရပ်လေးမျက်နှာတွင် ပျံ့နေလေ၏။ မည်သို့ပင်ဆိုစေ ဤကြွက်ပုန်းနေသည့်နေရာကို ယေဘူယျအားဖြင့် အနံ့ခံစွမ်းအားတစ်ခုတည်းဖြင့် သိနိုင်သော်ငြား ဤကြွက်ပုန်းတာက တော်လွန်းသဖြင့် ရှာနိုင်ရန် ခက်ခဲမည်မှန်းသိနေသည်။
ပတ်ဝန်းကျင်ရှိ လေနှင့် မြက်သံများက လုကျိုးနားထဲရောက်လာ၏။ သူက အသက်ရှုနှုန်းနှင့် နှလုံးခုန်သံကို ရှာဖွေနေတာဖြစ်သည်။
စစ်မှန်သော ပညာရှင်တစ်ဦးသာလျှင် သူ၏ အသက်ရှုနှုန်းနှင့် နှလုံးခုန်သံကို ဖိနှိပ်ပြီး သေသူ ဟန်ဆောင်နိုင်၏။
ထိုစဉ်က မုန့်ချန်းတုံသည် သူ၏ထွက်ပြေးခြင်းမည်မျှကောင်းကြောင်း သတိမပြုမိပေ။ လုကျိုးကဲ့သို့ ပညာရှင်တစ်ယောက်ဆီမှ မဖုံးကွယ်နိုင်ခဲ့ချေ။ သူသည် သူ၏အသက်ရှုသံနှင့် နှလုံးခုန်သံကို ဖိနှိပ်နိုင်မှ သို့မဟုတ် သဘာဝနှင့်တသားတည်းကျသွားမှသာလျှင် ထွက်ပြေးရန် အခွင့်အရေးရှိလိမ့်မည်။
လုကျိုးသည် အကြားစွမ်းအားကို ဖြန့်ကျက်ပြီး မီတာ ၁၀၀ကို လွှမ်းခြုံလိုက်၏။ ရုတ်တရက်သူသည် မြောက်ဖက်ကို မျက်နှာမူက လက်တစ်ဖက်မြှောက်လိုက်၏။
ဘန်း
တောက်ပသည့်ရွှေရောင်လက်ဝါးစည်းတံဆိပ်က မြေပြင်ပေါ်ရှိတိုင်များကို ထိမှန်သွားပြီး ယင်းတို့ကို ပြိုကွဲသွားစေသည်။
ခါးကုန်းကုန်းအဘိုးအိုက ထိတ်လန့်သွားလေ၏။
သူသည် လက်ဝါးစည်းတံဆိပ်ကို ရှောင်ရန် ပုန်းနေရာမှ ပေါ်ထွက်ရန် ဖိအားပေးခံရတော့သည်။ ပြီးနောက် သူသည် လုကျိုးရှေ့၌ ပေါ်လာလေ၏။ လုကျိုးက သူ၏ မရှိတော့သည့် မုတ်ဆိတ်ကိုသပ်ရန် လက်မြှောက်ကာ လေသံအတက်အကျမရှိပြောလိုက်၏။ "ကြွက်"
ခါးကုန်းကုန်းအဘိုးအိုသည် လုကျိုးကို တအံ့တဩစိုက်ကြည့်ပြီးပြောလိုက်၏။
“မင်းက အတော်အရည်အချင်းရှိသားပဲ”
လုကျိုးက ပြောလိုက်သည်။
“ငါ မင်းကို မရှာနိုင်မှာ စိတ်မပူဘူး။ နှမြောစရာပဲ မင်းက ကောင်းကင်ကို သွားရာလမ်းကို ဖီဆန်ခဲ့ပြီး ငရဲတံခါးကိုမှ အတင်းတိုးဝင်လာတာ”
ခါးကုန်းကုန်းအဘိုးအိုသည် ကျောက်စိမ်းချပ်ပြားကို ဆွဲထုတ်လိုက်၏။ သူက ကျောက်စိမ်းချပ်ပြား အနည်းငယ် တုန်လှုပ်နေတာ မြင်လိုက်ရ၏။ ယင်းလှုပ်ရှားမှုများက အနည်းအကျဉ်းသာရှိသည်။ ယင်းကို ဘေးဖယ်ပြီးနောက် သူက မေးလိုက်သည်။
“အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်းက မင်းဆီမှာလား”
လုကျိုးက တိုက်ခိုက်ရန် အလျင်မလိုပေ။ ရန်သူကို သေချာလေ့လာတာ အကောင်းဆုံးဖြစ်သည်။ ဆိုရိုးစကားရှိသည့်အတိုင်း မိမိကိုယ်ကိုသိပြီး မိမိရန်သူကို သိလျှင် အောင်နိုင်ရေးက သေချာသည်။ သူ၏ရန်သူက အစိမ်းရောင်ကြာနယ်မြေမှ ဖြစ်၏။ သူသည် နောင်ကြုံရမည့်ဒုက္ခများကို ကာကွယ်နိုင်ရန် ပြဿနာကို ဖယ်ရှားပစ်လျှင်အကောင်းဆုံးဖြစ်မည်။
လုကျိုးက မေးခွန်းကို မဖြေဘဲမေးလိုက်၏။
“အဲ့ဒီလူငယ်လေးက မင်းရဲ့သခင်လား”
ခါးကုန်းကုန်းအဘိုးအိုက နှာခေါင်းရှုံ့ပြီးပြောလိုက်သည်။
“မင်းက သခင်လေးရဲ့ အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်းကို လုယူရန် ဒီလောက်မဆိုးဘူး။ ဒါပေမဲ့ သူ့ရဲ့မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးလိုက်တာ ခွင့်မလွှတ်နိုင်စရာပဲ။ မင်းရဲ့ရက်စက်တဲ့ အပြုအမူအတွက် အပြစ်မပေးဘဲ နေလို့ရမလဲ”
ခါးကုန်းကုန်းအဘိုးအိုက အတွေးနစ်နေ၏။ အစောတုန်းက သူသည် ခရုလေးကို တိုက်ခိုက်စဉ်က သူ၏တိုက်ခိုက်မှုသည် သူ့ရှေ့ရှိ လူ၏လက်ဝါးရိုက်ချက်နှင့် တိုက်မိသွားသည်။ ယင်းကို ကြည့်လျှင် သူ့၌ နက်နဲသော ကျင့်ကြံဆင့်ရှိကြောင်း ပြောနိုင်ပေသည်။ သို့သော် ၎င်းက တကယ်ထူးဆန်းလှသည်။ သူ့ရန်သူ၏ အရှိန်အဝါက အတော်လေးအားနည်းနေကာ သာလွန်သည့် ပညာရှင်တစ်ယောက်၏ အရှိန်အဝါမျိုး မရှိပေ။ သူ၏ရန်သူက သူ့ကို အမှီလိုက်နိုင်ပြီး သူရှိသည့်နေရာကိုတောင် သိနိုင်သည်က ထူးဆန်းလှသည်။ ထိုကဲ့သို့ အံ့ဩဖွယ်သိမြင်နားလည်မှုဖြင့် သူ၏ရန်သူအားမနည်းကြောင်း ပြောနိုင်သည်။ ထိုအကြောင်းရင်းများကြောင့် ဤရန်သူကို ဖြေရှင်းရန် သူ သတိထားနေတာဖြစ်သည်။
ထိုစဉ် အဝေးကနေ လေကဲ့သို့ ကမန်းကတန်း ရောက်လာသော ယွီရှန်းရုန်က အဘိုးအို၏စကားများကို ကြားလိုက်၏။ သူကပြောလိုက်သည်။
“ကြောင်သူတော်ဆန်လိုက်တာ။ မင်းက သူများတွေကို သတ်ခွင့်ရှိပြီး မင်းကို သတ်တော့ မှားတယ်တဲ့လား။ ဒါ ဘယ်လိုသဘောတရားမျိုးလဲ”
ခါးကုန်းကုန်းအဘိုးအိုသည် ယွီရှန်းရုန်ကို ကြည့်ပြီး ယခင်အဖြစ်အပျက်ကို တွေးမိသွား၏။ သူက ပြောလိုက်၏။
“မင်း ဝင်မစွက်ဖက်တာ ကောင်းလိမ့်မယ်”
ယွီရှန်းရုန်က ခေါင်းခါလိုက်၏။ ပြီးနောက် သူက လုကျိုးဖက် ဦးညွှတ်ကာ ပြောလိုက်တော့သည်။ “ရှစ်စွင်း ဒီလိုခေါင်းမာတဲ့သူက ရှစ်စွင်းကိုယ်တိုင် ဖြေရှင်းဖို့ မတန်ပါဘူး။ ကျွန်တော် ဖြေရှင်းလိုက်မယ်။ ရှစ်စွင်းကိုယ်စား သူ့ကိုခေါင်းဖြတ်ပေးမယ်”
ထိုစကားများကို ကြားသောအခါ ခါးကုန်းကုန်းအဘိုးအို၏အမူအရာက တောင့်တင်းသွားတော့သည်။
လုကျိုးက လက်ဝေ့ယမ်းလိုက်၏။ “နောက်ဆုတ်ပြီး ရပ်ကြည့်နေ”
“နားလည်ပါပြီ” ယွီရှန်းရုန်က ဘေးသို့ တလေးတစားနောက်ဆုတ်သွားလေ၏။
“သူက မင်းရဲ့တပည့်လား” ခါးကုန်းကုန်းအဘိုးအိုက ပြောလိုက်၏။
သူပြောတာမပြီးသေးခင် မီတာဒါဇင်ကျော်ကျယ်ပြန့်သည့် ရွှေတောင်ပံဖြင့် လူတစ်ယောက်က အဝေးကနေပျံသန်းလာ၏။
“ရှစ်စွင်း” စီးဝူယာ့က အနားနားရပ်ကာပြောလိုက်သည်။
“ရှောင်ရှစ်မေ့ အဆင်ပြေတယ်”
ခါးကုန်းကုန်းအဘိုးအိုသည် စီးဝူယာ့၏ခွန်အားကို အာရုံခံမိသည်။ စီးဝူယာ့က ဒဿမမြောက်ပွင့်ချပ် ဖူးပွင့်ဆဲဆိုတာ သတိပြုမိသွားသည်။ ဤလူများက ဒုက္ခမိုင်တစ်ရာရှုကွင်း ကျင့်ကြံသူများသာဖြစ်၏။ ခဏအကြာတွင် သူ၏မျက်လုံးများ စိမ်းတောက်သွားကာ မေးလိုက်တော့သည်။
“အဲ့ဒီမိန်းကလေးကကော မင်းတပည့်လား”
တိုက်ဆိုင်လိုက်တာ။ ကျယ်ဝန်းလှတဲ့နန်းတော်ကြီးထဲ သူ့ရှေ့က လူရဲ့တပည့်တွေအများကြီးနဲ့ သူ ဘယ်လိုတွေ့တာလဲ။ ဤနည်းဖြင့် ခါးကုန်းကုန်းအဘိုးအိုသည် လုကျိုးကို ပိုတောင်သတိထားလာသည်။
လုကျိုးက ပြောလိုက်သည်။
“မင်း သတ်ဖို့ကြိုးစားခဲ့တဲ့သူက ငါ့ရဲ့တပည့်ပဲ။"
ခါးကုန်းကုန်းအဘိုးအိုက ရယ်မောလိုက်သည်။ “ငါ မင်းကိုလျော့တွက်ခဲ့မိတယ်”
လုကျိုးက ပြောလိုက်၏။ "မင်း လှုပ်ရှားတာနဲ့သေမှာပဲ။ ငါက မင်းရဲ့သခင်လေးကို သတ်မဲ့အစား သူ့ကို သင်ခန်းစာပေးဖို့ မွေးဖွားဇယားချပ်တစ်ခုပဲ ဖျက်ဆီးလိုက်တာ။ သူက အမှားကိုမသင်ယူဘဲ နေလိမ့်မယ်လို့ မထင်ထားဘူး။"
ခါးကုန်းကုန်းအဘိုးအိုက ခေါင်းခါပြီးပြောလိုက်သည်။ “နောင်တရသင့်တဲ့သူက မင်းပဲ။ ငါ့ သခင်လေးမဟုတ်ဘူး။ ငါ ဒီနေ့ ငါ့သခင်လေးအတွက် လက်စားချေတာမှန်တယ်”
လုကျိုးက ခေါင်းခါလိုက်၏။ “မင်းအတွက် ဘာကကောင်းမှန်း တကယ်မသိဘူးပဲ”
ပြီးနောက် လုကျိုးသည် ရွှေရောင်ထိုက်ရွှီကြေးမုံကို ဆွဲထုတ်လိုက်၏။
ကြေးမုံမှအလင်းသည် ခါးကုန်းကုန်းအဘိုးအိုအပေါ် တောက်ပစွာဖြာကျနေသည်။ သူက ၎င်းကို အလိုလိုရှောင်ရန် ကြိုးစားလိုက်သည်။ သို့သော်ငြား အလင်း၏အရှိန်ထက် သူက မည်သို့မြန်နိုင်မည်နည်း။
လုကျိုးက လေထဲပျံဝဲလျက် ရွှေရောင်ထိုက်ရွှီကြေးမုံကို ကိုင်ဆောင်ထားကာ ခါးကုန်းကုန်းအဘိုးအိုကို အလင်းရောင်ဖြာကျနေသည့် ရွှေရောင်ထိုက်ရွှီကြေးမုံကို လက်တစ်ဖက်က ကိုင်ထားသည်။
ထိုစဉ် စီးဝူယာ့က ယွီရှန်းရုန်ကို သတိပေးလိုက်၏။
“ရှစ်ရှိုး နောက်ဆုတ်”
သူတို့ရှေ့ရှိ အဖိုးကြီးက အခွင့်အရေးယူကာ သူတို့ရှစ်စွင်းကို ထိန်းချုပ်ရန် သူတို့ကို ဓားစာခံအဖြစ် ခေါ်လိုက်မှာစိုးရိမ်သည်။ ယင်းက သူတို့ရှစ်စွင်းကို အရေးနိမ့်စေလိမ့်မည်။ ယွီရှန်းရုန်က ခေါင်းညိတ်ပြီး နောက်သို့ ပျံသန်းသွားသည်။ သူနှင့်စီးဝူယာ့က ရောက်လာကာစဖြစ်သည့် မိစ္ဆာဝေဟင်မျှော်နန်း၏ အစောင့်အရှောက်များနှင့်အတူ ယွီကျန့်ဟိုင်ဆီသို့ သွားလိုက်သည်။
စီးဝူယာ့သည် သူတို့ရှစ်စွင်း၏ငယ်ရွယ်နုပျိုမှုအကြောင်းရှင်းပြရန် အချိန်မရှိခဲ့ပေ။ ထိုလူငယ်က မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်ဖြစ်ကြောင်းသာ သူတို့ကို ရှင်းပြခဲ့၏။ သို့မှသာ သူတို့ ဤကိစ္စကို တစ်ခွန်းမှ ထပ်မပြောမှာဖြစ်သည်။
ပြောရန်မလို လုကျိုး၏နုပျိုသောသွင်ပြင်က လူတိုင်းကို ထိတ်လန့်သွားစေသည်။
ယွီကျန့်ဟိုင်နှင့် ရှောင်ယွမ်အာ ရင်ထဲ မေးခွန်းများပြည့်နေပြီး ဒီလူငယ်က တကယ်ပဲ သူတို့ရှစ်စွင်း ဟုတ်ရဲ့လား။ သို့သော်ငြား သူတို့သည် လေထဲ၌ ပျံ့လွင့်နေသောအပြာရောင်လက်ဝါးစည်းတံဆိပ်ကို မြင်သောအခါ လူငယ်၏အထောက်အထားကို သံသယမဝင်ကြတော့ပေ။
ရွှေရောင်အလင်းတန်းသည် ခါးကုန်းကုန်းအဘိုးအိုအပေါ်လင်းထိန်သွားချိန် ဘာမှမမြင်နိုင်။ သူ၏ ရောင်ပြန်ဟပ်မှုက သူ၏လက်ရှိသွင်ပြင်သာဖြစ်နေသည်။ သူက နှာခေါင်းရှုံ့လျက် ပြောလိုက်၏။
“မင်းက ငါ့ရဲ့ကျင့်ကြံဆင့်ကို စစ်ဆေးဖို့ လုံလောက်အောင် မသန်မာသေးဘူး”
လုကျိုးက ပြောလိုက်သည်။ "ပြောဖို့ စောပါသေးတယ်”
ပြီးနောက် လုကျိုး၏ လက်တစ်ဖက်သည် အပြာရောင်အလင်းတန်းဖျော့ဖျော့ဖြင့် တောက်ပလာသည်။ ဤနည်းဖြင့် ရွှေရောင်ထိုက်ရွှီကြေးမုံမှ ရွှေရောင်အလင်းသည် အပြာရောင်အလင်းဖြင့် ပြောင်းလဲသွားပြီး ခါးကုန်းကုန်းအဘိုးအိုပေါ် ဖြာကျသွားသည်။
ထိုအဘိုးအို၏နောက်၌ ရုပ်သေးတစ်ခုမြင်နိုင်ပြီးရုပ်သေးနောက်၌ ထိုအဘိုးအို၏ စိတ်ဝိညာဉ်သဏ္ဌာန် ရှိသည်။
ခါးကုန်းကုန်းအဘိုးအို၏ စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ကြယ်တာရာဒိုင်ခွက်နားတွင် အစိမ်းရောင် မီးခိုးငွေ့များက ဖဲကြိုးများကဲ့သို့ရစ်ပတ်နေသည်။
အစိမ်းရောင်အလင်းက တြိဂံ၃၆ခုပါဝင်သည့် မွေးဖွားချပ်ပြားမှ ခပ်ဖျော့ဖျော့ တောက်ပနေတော့သည်။ လုကျိုးသည် စိတ်ဝိညာဉ်သဏ္ဌာန်၏ခြေထောက်နားရှိ ကြာပွင့်ကို ငုံ့ကြည့်လိုက်သောအခါ မွေးဖွားနန်းဆောင်ထဲတွင် မွေးဖွားဇယားချပ် ၁၃ခုကို တွေ့လိုက်ရသည်။
သို့သော် လျန်ရှီဟယ်နှင့် မတူဘဲ ခါးကုန်းကုန်းအဘိုးအိုက မွေးဖွားဇယားချပ်၏ထိပ်ကြာပွင့်က ၁၃ချပ်ရှိတာပဲဖြစ်သည်။
လန်ရှီဟယ်သည် သူမကျင့်ကြံဆင့်၌ အမှားလုပ်ခဲ့မိသောကြောင့် ၁၃ခုမြောက် မွေးဖွားဇယားချပ်ကို အသက်မသွင်းရသေးခင် ၁၂ချပ်မြောက်ပွင့်ချပ် မဖူးပွင့်ကြောင်း ပြောပြခဲ့ဖူး၏။ ခါးကုန်းကုန်းအဘိုးအိုက ထိုကဲ့သို့ အမှားမပြုလုပ်ခဲ့ဘဲ ၁၁ခုမြောက်ပွင့်ချပ် အောင်မြင်စွာ ဖူးပွင့်ပြီးမှ ၁၃ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းခဲ့တာသိသာ၏။
“အပြာရောင်အလင်းလား ... မင်းက ငါ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ထောက်လှမ်းနိုင်စွမ်းရှိတာလား” ခါးကုန်းကုန်းအဘိုးအို၏ အမူအရာက ရှုံ့မဲ့သွားတော့သည်။ သူက ဒေါသလည်းထွက် အံ့လည်းအံ့ဩနေ၏။
မွေးဖွားဇယားချပ် ၁၂ခုတိုင်းအတွက် ပွင့်ချပ်တစ်ခု လုကျိုး၏စိတ်ထဲဝေဝါးဝါးအကြံဉာဏ်တစ်ခု ပေါ်လာသည်။ တစ်ချိန်တည်းတွင် သူသည် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို ရုတ်သိမ်းလိုက်ရာ အပြာရောင်အလင်းကို ရွှေရောင်ပြောင်းသွားစေ၏။ တကယ်တော့ သူသည်လည်း ရန်သူ၏ရုပ်သေးနှင့် မွေးဖွားဇယားချပ် ၁၃ခုကြောင့် အံ့ဩသွားသည်။ ထိုကဲ့သို့ ရန်သူမျိုးကို ရင်ဆိုင်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။
လုကျိုးသည် ရွှေရောင်ထိုက်ရွှီကြေးမုံကို မဖယ်သေးပေ။ ယင်းက ခါးကုန်းကုန်းအဘိုးအိုအပေါ်၌ ထွန်းလင်းနေသေး၏။
ခါးကုန်းကုန်းအဘိုးအိုက ဒေါသထွက်သွားလေသည်။ ၎င်းက ညအချိန်တွင် လူတစ်ယောက်၏မျက်နှာကို မီးလုံးဖြင့် ကြည့်ခြင်းနှင့် မခြားပေ။ သူက လက်ကို သာမန်ကာလျှံကာ ဝေ့ယမ်းလိုက်၏။ ကျောက်စိမ်းချပ်ပြားက လေထဲပေါ်ထွက်လာတော့သည်။ ဝက်အူသဏ္ဌာန် စွမ်းအင်စည်းတံဆိပ်က မျက်စိတစ်မှိတ်အတွင်း အရပ်မျက်နှာဆီသို့ ပေါ်ထွက်သွားပြီးနောက် အလင်းထဲမှ သူ ရှောင်ထွက်လိုက်သည်။
ရွှေရောင်ထိုက်ရွှီကြေးမုံကို ဖယ်ပြီးနောက် လုကျိုးက အထင်တသေးပြောလိုက်သည်။
“မင်းကို ပညာရှင်တစ်ယောက်လို့ ထင်နေတာ။ မွေးဖွားဇယားချပ် ၁၃ခု ကျင့်ကြံသူတစ်ယောက်လေးက မောက်မောထောင်လွှားရဲတယ်ပေါ့”
“မင်းက ကြွားတာ တကယ်တော်တာပဲ။ ရွှေကြာနယ်မြေက မွေးဖွားဇယားချပ် ၁၃ခု ပညာရှင်ကို အနိုင်ယူခဲ့တဲ့သူက မင်းလား” ခါးကုန်းကုန်းအဘိုးအိုက မေးလိုက်သည်။
“ဪ ... ငါ့နာမည်က အစိမ်းရောင်ကြာနယ်မြေထိ ပျံ့နေပြီလား” လုကျိုးက မေးလိုက်၏။
ခါးကုန်းကုန်းအဘိုးအိုသည် လုကျိုး၏ အမြင့်သုံးစကားပြောဆိုမှုကို သည်းမခံနိုင်တော့ပေ။ သူ၏ ပုံရိပ်က လုကျိုးရှေ့လှစ်ခနဲ ရောက်လာ၏။
ထိုစဉ် အဝေးကနေကြည့်နေသော ကျင့်ကြံသူများ၏မျက်နှာထက်တွင် စိတ်အားထက်သန်မှုများ ပေါ်လာ၏။
“မျှော်နန်းသခင်လုက သူ့ရဲ့ရန်သူကို ဘယ်လိုဖြေရှင်းမလဲ ကြည့်ကြတာပေါ့”
“အရင်ကနဲ့ ပုံစံတူနေသေးတုန်းပဲ။ ရလဒ်က တူမှာ” ရှားချန်းချိုးက သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ပေါ်နေသည်။ စိတ်ထဲတွင်မူ မျက်နှာချိုသွေးရန် စကားလုံး အခွန်းတစ်သောင်းပြင်ဆင်ပြီးသားဖြစ်သည်။
ထိုစဉ် ....
ဖုန်း
ခါးကုန်းကုန်းအဘိုးအိုသည် အစိမ်းရောင်အလင်းဖြင့် တောက်ပနေသော သူ၏လက်ကို ရုတ်တရက် တွန်းထုတ်လိုက်သောအခါ အစိမ်းရောင်ချပ်ပြားမှ အစိမ်းရောင်မီးခိုးဖဲကြိုးများက ပေါ်ထွက်လာသည်။
လုကျိုးက တိုက်ခိုက်မှုကို ပိတ်ဆို့မှုကို လက်မြှောက်လိုက်သော်ငြား အစိမ်းရောင်အမျှင်များသည် သူ၏လက်ကို ဖြတ်ကျော်သွားပြီး သူ၏ကာကွယ်ရေးစွမ်းအင်ပေါ်ကျရောက်လာကာ သူ့ကို လွင့်ထွက်သွားစေ၏။
အတိုက်အခိုက်ဒဏ်ပြင်းပိတ်ဆို့ကတ် -၁
လုကျိုးသည် လန်ရှီဟယ်ထက် အရှိန်ပိုမြန်သော ခါးကုန်းအဘိုးအိုကြောင့် အငိုက်မိသွားသည်။ သူသည် ချွတ်ချော်ချော် နိုင်ခဲ့သည့်အတွက် သူ့ကိုယ်သူ ဒေါသထွက်သွားသည်။ ဟန်ချက်မြန်မြန်ထိန်းပြီး ရန်သူကို ကြည့်လိုက်၏။
သူ၏ရိုက်ချက်က လုကျိုးကို နောက်တွန်းပို့ခဲ့တာမြင်ပြီး ခါးကုန်းကုန်းအဘိုးအို၏ ယုံကြည်ချက်က မြင့်တက်လာတော့သည်။
“ဝါကြွားနေတာရပ်လိုက်တော့။ မင်းက ပညာရှင်တစ်ယောက်ရဲ့သွင်ပြင်မရှိဘူး”
လုကျိုးက မေးလိုက်သည်။ “ဒါ ဘယ်လိုမွေးဖွားဇယားချပ်စွမ်းအားလဲ”
ခါးကုန်းအဘိုးအိုက ပြန်ပြောလိုက်၏။
“ငါ့အတွက် မင်းဆီမှာ ငါ့ရဲ့မွေးဖွားဇယားချပ်စွမ်းအားသုံးဖို့ လိုအပ်လို့လား”
အနီးနား၌ အထိန်းတော်များနှင့် ရံရွေတော်များသည် ရုတ်ရုတ်သဲသဲဖြစ်ရပ်ကြောင့် ဆွဲငင်ခံလိုက်ရပြီး အနားရောက်လာကြသည်။
ခါးကုန်းအဘိုးအိုကြောင့် ထိုအရာကြောင့်စိတ်ပျက်သွားကာ အော်ပြောလိုက်၏။
“ထွက်သွား”
အသံလှိုင်းပေါ်ထွက်လာပြီး လူတိုင်းကို အမြန်နောက်ဆုတ်သွားစေ၏။
လုကျိုးက သူ့ရန်သူ၏မွေးဖွားဇယားချပ်စွမ်းအားက သူ လျှော့ချရေးကတ်သုံးဖို့ တန်မတန်ကြည့်ရန် သူ့ရန်သူ၏မွေးဖွားဇယားချပ်စွမ်းအားကိုကြည့်ရန် ဆုံးဖြတ်ထားသည်။ အလျင်စလို အသုံးပြုခြင်းက ဖြုန်းတီးရာ ရောက်လိမ့်မည်။ ထို့အပြင် သူ့ရန်သူကလည်း သူ့ကို ကာကွယ်ရန် ရုပ်သေးတစ်ခုရှိနေပြီး ရန်သူကိုဖြေရှင်းရန် ပိုခက်ခဲသွားစေ၏။
ပြောရန်မလို ခါးကုန်းအဘိုးအို၌ လန်ရှီဟယ်ကဲ့သို့ မွေးဖွားဇယားချပ် ၁၃ခုရှိသော်ငြား အပိုဆောင်း ပွင့်ချပ် ၁၁လွှာပါ ထပ်ရှိနေသေးရာ သူ၏ခွန်အားက လန်ရှီဟယ်ထက် များစွာသာလွန်လိမ့်မည်။
ထိုစဉ် အဝေး၌ ...
“စိတ်မပူနဲ့ မျှော်နန်းသခင်က သွေးပူရုံပဲရှိသေးတယ်။ ကြည့်လေ သူ အဆင်ပြေနေတာပဲမလား” ရှားချန်းချိုးက ယုံကြည်ချက်ရှိရှိပြောလိုက်၏။
“ဒီဟာကို မပြောရင် အဆင်ပြေနေသေးတယ်။ အခုတော့ နည်းနည်းစိတ်ပူသွားပြီ” ယန်ကျန်းလော့က ပြောပြီး စိတ်ပူနေတာ သိသာ၏။
“ရန်သူက အလွန်သန်မာနေတာ ခင်ဗျား စိုးရိမ်တာမှန်တယ်။ ဒါပေမဲ့ ဒီလိုအဆင်အခြင်မဲ့တဲ့စကားတွေ ဘယ်လိုလုပ်ပြောနိုင်ရတာလဲ”
“အမ်း ... အဆင်အခြင်မဲ့တဲ့စကားမဟုတ်ဘူး။ ကျုပ် စိတ်ထဲက စိုးရိမ်ပူပန်မှုကို ပြောပြရုံပဲ။"
“လက်ဝဲတမန်တော်ယန် ခင်ဗျားက ကျုပ်ပြောတာ မယုံဘူးပဲ။ မျှော်နန်းသခင်က အဲ့ဒီတုန်းက ခင်ဗျားကို အနက်ရောင်မျှော်စင်အဖွဲ့အစည်းကနေ ခေါ်ခဲ့တာမလား။ အနက်ရောင်မျှော်စင်အဖွဲ့အစည်း ဆက်တိုက်ပြိုလဲသွားတာ ခင်ဗျားကိုယ်တိုင် တွေ့ခဲ့တာမဟုတ်လား”
ထိုစကားများကို ကြားသောအခါ ယန်ကျန်းလော့၏မျက်နှာထက်တွင် နောင်တရသည့်အမူအရာက ပေါ်လာ၏။ “ကျုပ် တောင်းပန်ပါတယ်”
“ရပါတယ်။ ခင်ဗျား ဂရုတစိုက်ကြည့်ကြည့်။ အခု ခင်ဗျားမြင်နေရတာက သန်မာသူတွေရဲ့ လောကပဲ။ မျှော်နန်းသခင်ရဲ့ စွမ်းအားအစစ်အမှန်ကို ဘယ်သူမှ မသိဘူး။ မျှော်နန်းသခင်က ယဲ့ကျန်းကို သတ်လိုက်ချိန်မှစပြီး သူက ကျားကို ဝါးမြိုဖို့ ဝက်ယောင်ထားတဲ့ အလေ့အထရှိမှန်း ကျုပ် သိလိုက်ရတယ်။"
“...”
ခါးကုန်းအဘိုးအိုသည် သူ့အသံလှိုင်းကြောင့် နောက်မဆုတ်သွားဘဲ တိုက်ပွဲကြည့်ကြသည့် လူများကို တစ်ချက်ကြည့်လိုက်မိသောအခါ သူတို့စိုးရိမ်ပူပန်မှုမပေါ်တာကို မြင်ပြီး သူ သံသယဝင်လာ၏။ ဘေးကင်းရေးအတွက် သူက ပြောလိုက်သည်။
“အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်းကိုပေး။ မင်း စုပ်ယူထားတဲ့အသက်စွမ်းအင်တွေအားလုံး ထုတ်ပေးလိုက်။ ပြီးတော့ မင်းရဲ့မွေးဖွားဇယားချပ်သုံးခု ဖျက်ဆီး။ အဲ့လိုလုပ်ပေးရင် ဒီကိစ္စဖြေရှင်းပြီးသွားဖြစ်သွားမယ်”
လုကျိုးက မေးလိုက်သည်။
“ခင်ဗျားက ကျုပ်ကို အဲ့လိုလုပ်ဖို့ ဖိအားပေးနိုင်မယ်ထင်နေလား”
“မင်းကိုနောက်ထပ် သင်ခန်းစာပေးဖို့လိုနေပုံပဲ” ခါးကုန်းအဘိုးအိုက အစိမ်းရင့်ရောင်ချပ်ပြားကို ထုတ်လိုက်၏။
လုကျိုး၏ပုံရိပ်ကလှစ်ကနဲ ပျောက်သွားပြီး သူသည် နောက်ကို ဆုတ်ကာ တစ်ဆက်တည်း မဟာနည်းစနစ်သုံးကြိမ်ရွတ်ဆိုလိုက်သည်။ သူသည် နန်းတော်နံရံပေါ်၌ ရပ်တန့်လိုက်၏။
သို့သော် ကျောက်စိမ်းချပ်ပြားက လုကျိုးပေါ်၌ ပေါ်လာပြီး ဧရာမပန်းကန်ပြားပျံပမာ ဆင်းသက်လာ၏။ မြန်လွန်းသဖြင့် အသုံးပစ္စည်းကတ်များသုံးရန် အချိန်မရခဲ့ပေ။
ရွှေရောင်ဗုဒ္ဓခန္ဓာ
ဖုန်း
နန်းတော်မြို့ရိုးပေါ်ရှိ တာအိုသင်္ကေတများက ချက်ချင်းဖျက်ဆီးခံလိုက်ရပြီး မြေပြင်ပေါ်၌ တွင်းကြီးတစ်တွင်းပေါ်လာသည်။ လုကျိုး ပြန်လှည့်လာသောအခါ အဘိုးအိုကို မတွေ့ရတော့ပေ။
ဖုန်း
ကျောက်စိမ်းချပ်ပြားပေါ်၌ အစိမ်းရောင်ကြာပွင့်ပေါ်လာပြီး အစိမ်းရောင်စွမ်းအင်တို့က ဝေဟင်ပေါ်မှ ရွာသွန်းကျလာ၏။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ရွှေရောင်ဗုဒ္ဓခန္ဓာက ကောင်းကင်မှ ဆက်လက်ကျဆင်းနေပြီး မမြင်ရတော့ပေ။ ယင်းကိုကြည့်ပြီး မွေးဖွားချပ်ပြား၏အလေးချိန်ကို မှန်းဆနိုင်သည်။
အဝေးတွင်
ရှားချန်းချိုး “...”
ယန်ကျန်းလော့က မျက်မှောင်ကျုံ့ပြီးပြောလိုက်၏။ “တစ်ခုခု မူမမှန်ဘူး။ အားလုံးပဲ နားထောင်ကြ။ မြန်မြန်လူဖြန့်။ ဒါက ခုနစ်စင်ကြယ်အစီအရင်အလံပဲ ... ဖမ်းထား” သူသည် ခုနစ်စင်ကြယ်အစီအရင်အလံကို အမြန်ထုတ်လိုက်၏။
စီးဝူယာ့က ခေါင်းခါလိုက်၏။ “အသုံးမဝင်ဘူး။ ရန်သူရဲ့ကျင့်ကြံဆင့်က အလွန်မြင့်တယ်။ ကျောင်းဟုန်ဖူ"
“အမိန့်ရှိပါ” ကျောင်းဟုန်ဖူ၏အမူအရာကလေးနက်တည်ကြည်နေ၏။ သူမ၏ ခါတိုင်းပေါ့ပေါ့ပါးပါးပုံစံကို မတွေ့ရတော့ပေ။
“သင်္ကေတအဝတ် ယူလာခဲ့”
“ဘာလုပ်ချင်တာလဲ။ ယွီကျန့်ဟိုင်က မေးလိုက်၏။
“လူတိုင်းကို ပို့ဆောင်ဖို့”
“မင်းတို့အားလုံးသွား။ ငါ နေခဲ့မယ်” ယွီကျန့်ဟိုင်က ရှေ့သို့အနည်းငယ်ပျံသန်းသွား၏။
“ကျုပ် ဘယ်လိုလုပ် ထွက်သွားနိုင်မှာလဲ” ယွီရှန်းရုန်က ယွီကျန့်ဟိုင်ဘေးသို့ သွားလိုက်သည်။
သတ်ဖြတ်လိုစိတ်က ပတ်ဝန်းကျင်သို့ ပြန့်နေ၏။
လုကျိုး၏တပည့်ကြီးနှစ်ယောက်သည် တစ်ခါတရံ၌ မတည့်ကြသော်ငြား သူတို့နှစ်ယောက်က အတော်လေးဆင်တူသည်။ အထူးသဖြင့် သူတို့ခေါင်းမာမှုနှင့် ပတ်သက်၍ဖြစ်သည်။
တစ်ချိန်တည်းတွင် ခါးကုန်းအဘိုးအိုက ရယ်မောပြီးနောက် ပြောလိုက်သည်။
“ဒါက တစ်ကွက်ထဲနဲ့ မွေးဖွားဇယားချပ် ၁၃ခု ပညာရှင်ကို အနိုင်ယူခဲ့တဲ့သူလား။ ယုတ္တိမရှိလိုက်တာ။ မင်း မျက်စိကန်းပြီး ငါ့သခင်လေးကို စော်ကားခဲ့တဲ့အတွက် မင်းကိုယ်မင်း အပြစ်တင်ဖို့ပဲ တတ်နိုင်တယ်”
ထိုစဉ် မြေပြင်ထဲမှ တိုးသဲ့သောအသံပေါ်ထွက်လာ၏။ “ထလိုက်”
“ဟမ်” ခါးကုန်းအဘိုးအိုက အံ့အားသင့်သွားသည်။
ဂျွတ်
ဧရာမလက်ဝါးစည်းတံဆိပ်သည် ကျောက်စိမ်းချပ်ပြားကို ဖမ်းလျက် တွန်းထုတ်လိုက်သည်။ လုကျိုးသည် ခါးကုန်းအဘိုးအိုက မွေးဖွားဇယားချပ်၁၃ခုထက် သာလွန်ပုံပေါ်သည့်ခွန်အားပိုင်ဆိုင်ထားရသည့် အကြောင်းအရင်းက ကျောက်စိမ်းချပ်ပြားဖြစ်ကြောင်း သိသည်။ သူသည် ကျောက်စိမ်းချပ်ပြားကို တွန်းထုတ်ရန် ထူးခြားဆန်းကြယ်စွမ်းအားကို သုံးခဲ့၏။ ဤမြင်ကွင်းက ဖန်းလိုင်ကျွန်းကို သူ မ ထားသည့် အချိန်နှင့် ဆင်တူသည်။
...
အခန်း(၁၀၈၈) လက်ရည်ညီရဲ့လား
တိုက်ခိုက်ဖို့ရန် ပြင်ဆင်ထားကြသည့် မိစ္ဆာဝေဟင်မျှော်နန်း အဖွဲ့သားများက အံ့အားသင့်သွားကြသည်။ သူတို့က ကောင်းကင်ကို ဖုံးလွှမ်းသွားသည့် အပြာရောင် လက်ဝါးစည်းတံဆိပ်ကြောင့် ကြောင်အသွားကြ၏။
ရှားချန်ချိုးက ယန်ကျန်းလော့၏ လက်ကို အသာဆုပ်ကိုင်မိလိုက်သည်။
ယန်ကျန်းလော့က ရှားချန်ချိုး၏လက်ကို အသာတွန်းဖယ်ကာ လေထုထဲ မြှင့်တက်လာသည့် အပြာလက်ဝါးစည်းတံဆိပ်ကို တအံ့တဩဖြင့် ကြည့်နေလိုက်သည်။
…
ထိုစဉ် လုကျိုး ထင်ထားသည့်အတိုင်း ခါးကုန်းကုန်း လူအိုကြီးက ကျောက်စိမ်းစက်ဝန်းပြားကို ထိန်းချုပ်ဖို့ ကြိုးစားလာသည်။ ကျောက်စိမ်းစက်ဝန်းပြားက နှောင့်နှေးနေကြောင်း တွေ့သည့်အခါ တုန်လှုပ်သွားဟန်ပေါ်၏။ ထို့နောက် သူက ကျောက်စိမ်းပြားပေါ် အပြင်းအထန် ခြေဆောင့်လိုက်သည်။
ဝုန်း
ကျောက်စိမ်းစက်ဝန်းပြားက မီတာအနည်းငယ် ကျဆင်းလာပြီး ပြန်လည်မြှင့်တက်သွား၏။
“ဒါပဲ တတ်နိုင်တာလား”
ခါးကုန်းကုန်း လူအိုကြီးက ကျောက်စိမ်းစက်ဝန်းပြားထိပ်မှ ပျောက်ကွယ်သွားကာ လုကျိုးနှင့် ရင်ပြင်တူ ရောက်ရှိလာသည်။
“ခင်ဗျားကို စောင့်နေတာ”
လုကျိုးက လက်ဝှေ့လိုက်ပြီးနောက်တွင် မိုးကြိုးချက်ကတ်ကို ထုတ်ဖော်လိုက်သည်။ တစ်ချိန်တည်းဆိုသလို အပြာရောင် လက်ဝါးစည်းတံဆိပ်က ပျောက်ကွယ်သွား၏။
လုကျိုး ထင်ထားသည့်အတိုင်း ခါးကုန်းကုန်း လူအိုကြီးက သူ့တိုက်ကွက်ကို ကြည့်ဖို့ စိတ်ထဲထားဟန် မပေါ်ပေ။ ထိုအစား ခါးကုန်ကုန်းလူအိုကြီးက ကျောက်စိမ်းစက်ဝန်းပြားကို ယူဖို့ရာသာ အာရုံစိုက်ထားလေ၏။
ကောင်းကင်တစ်ဝိုက် ခရမ်းရောင်လျှပ်စီးများ ပေါ်ထွက်လာကာ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
မိုးကြိုးဟူသော စာလုံးက တပြိုင်နက် လေးနက်လာ၏။
ခါးကုန်းကုန်း လူအိုကြီးက ကျောက်စိမ်းစက်ဝန်းပြားကို ကိုင်ထားစဉ်
ဘုန်း
ခါးကုန်းကုန်း လူအိုကြီးက သူ့လက် ထုံထိုင်းသွားသလို ခံစားလိုက်ရသည်။
ထို့နောက် မိုးကြိုးချက်က ကျောက်စိမ်းစက်ဝန်းပြားကို ဖျက်ဆီးကာ သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာခဲ့သည်။ သူက လုကျိုးကို တုန်လှုပ်စွာ ကြည့်လိုက်၏။ သူ့နှလုံးသားက ရင်ဘတ်မှ ခုန်ထွက်လာသလိုမျိုး ခံစားနေရသည်။ ထိုစဉ် လုကျိုးက သူ့ကို မျောက်တစ်ကောင်အလား ကြည့်နေသည်ကို သတိထားမိသွား၏။
မိုးကြိုးစွမ်းအားက အားပြင်းလွန်းလှပြီး ခါးကုန်းကုန်း လူအိုကြီး၏ သွေးများ ထွက်လာစေကာ သူ့ချီသွေးကြော ရှစ်ခုကိုပင် ပျက်စီးသွားစေသည်။ ထူးဆန်းကာ အားကောင်းသည့် စွမ်းအား၏ ဖိအားအောက်တွင် သူ့အနေဖြင့် အဝေးသို့ ပျံသန်းသွားရုံမှအပ ရွေးချယ်စရာ မရှိပေ။
ခါးကုန်းကုန်း လူအိုကြီးဆီမှ နှလုံးကွဲမတတ် အော်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။
ဝုန်း
ခါးကုန်းကုန်း လူအိုကြီးက သူ့အသက်ဓာတ်စွမ်းအားကို မထိန်းချုပ်နိုင်တော့ဘဲ မြေကြီးပေါ် ဝုန်းကနဲ ကျသွားကာ တော်ဝင်နန်းဆောင်ရှိ အခင်းများကို ကြေမွသွားစေသည်။
တိတ်ဆိတ်မှုက ပြန်လည်ရောက်ရှိလာခဲ့၏။
လုကျိုးက လူသားပုံစံ တွင်းနက်တွင် လဲလျောင်းနေသည့် လူအိုကြီးကို ကြည့်လိုက်၏။
ဤသည်က မည်သို့သော အဆုံးသတ် ဖြစ်မည်နည်း။
တစ်ချိန်တည်းဆိုသလို မိစ္ဆာဝေဟင်မျှော်နန်းရှိ အဖွဲ့သားများကလည်း တူညီစွာ ခံစားနေရသည်။ သူတို့က လုကျိုး၏ အနိုင်ရရှိမှုကို မျှော်လင့်နေကြသော်လည်း ဤအနိုင်ရရှိမှုက အနည်းငယ် လွယ်လွန်းနေဟန် ပေါ်သည်။
မိုးကြိုးချက်ကတ် တစ်ကတ်တည်းနဲ့ ဘယ်လိုလုပ် ရှုံးသွားနိုင်ပါ့မလဲ။
…
လုကျိုးက မျက်မှောင်ကျုံ့လိုက်သည်။
နန်းတော်ရှိ ပညာရှင်များကလည်း အဘက်ဘက်မှ ပျံသန်းလာကာ ထိုလူအိုကြီးကို သူတို့၏ လက်နက်များဖြင့် စတင်ထိုးနှက်လိုက်သည်။
ခါးကုန်းကုန်း လူအိုကြီး၏ ကွေးနေသည့် ခန္ဓာကိုယ်က သွေးများ စွန်းထင်းလာသည်။
လုကျိုးက အမိန့်ပေးလိုက်၏။
“နောက်ဆုတ်ကြ”
သူ့အနေဖြင့် လူအိုကြီးသည် သေချာပေါက် အသက်ရှင်မည်ဖြစ်ကြောင်း သိနေသည်။ ရုပ်သေးရုပ်၏ ကာကွယ်မှုနှင့် မွေးဖွားဇယားချပ် ဆယ့်သုံးခုတို့၏ ကာကွယ်မှုဖြင့် ထိုလူအိုကြီးသည် သေခြင်းတရားကို အလွယ်တကူ ရှောင်ရှားနိုင်လိမ့်မည်။ အကယ်၍ လူအိုကြီးက သတ်ဖြတ်နူန်း တစ်ရာခိုင်နူန်းကို အသက်သွင်းနိုင်ခဲ့လျှင်ပင် သူ့ရုပ်သေးရုပ် သို့မဟုတ် သူ့မွေးဖွားဇယားချပ် တစ်ခုကိုသာ ဖျက်ဆီးပစ်နိုင်လိမ့်မည်။
နန်းတော်ရှိ ပညာရှင်အားလုံးက နောက်ဆုတ်လိုက်ကြ၏။
လုကျိုး၏ လက်ထဲ နောက်ထပ် မိုးကြိုးချက်ကတ်နှင့်အတူ အသေရိုက်ချက်ကတ်ပါ ပေါ်ထွက်လာခဲ့သည်။ ယခုအခါ သူ့အနေဖြင့် အရှုံးအမြတ်ကို တွက်ချက်ရမည့် အချိန် မဟုတ်ပေ။ ထို့အပြင် မိုးကြိုးချက်ကတ်၏ ဈေးနူန်းက လက်ခံနိုင်ဖွယ် ရှိသေး၏။
ထိုစဉ် ကျောက်စိမ်းစက်ဝန်းပြားက မျက်စိစူးဖွယ် အလင်းအရောင်ဖြင့် တောက်ပလာကာ ခါးကုန်းကုန်း လူအိုကြီးက ရုတ်တရက် မျက်လုံးပွင့်လာသည်။ သူက မွေးဖွားဇယားချပ် ဆယ့်သုံးခု ကျင့်ကြံသူ၏ အငွေ့အသက်ကို ဆုံးရှုံးလိုက်ရပြီး နားကွဲလုမတတ် အော်သံကြီး ထုတ်လွှင့်လာခဲ့သည်။ သူက မတ်တပ်ရပ်ကာ အဖက်ဖက်သို့ စွမ်းအားများကို ထုတ်လွှင့်လိုက်၏။
ပတ်ဝန်းကျင်ရှိ နန်းတော်ပညာရှင်များက ချက်ချင်း ထွက်ပြေးလိုက်ကြသည်။ ဤသည်က ထူးဆန်းသည့် မြင်ကွင်းတစ်ခု ဖြစ်၏။
ထိုလူအိုကြီး၏ ကြယ်တာရာဒိုင်ခွက်ပေါ်ရှိ တြိဂံတစ်ခုက တောက်ပလာကာ အလင်းတန်းက လူအိုကြီး၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားခဲ့သည်။ ဤသို့ဖြင့် သူ့ဒဏ်ရာများကို ကုစားသွား၏။
ခါးကုန်းကုန်း လူအိုကြီးက ကောင်းကင်အထက် ပျံသန်းလာလိုက်သည်။
“မင်းက ငါ့ပြိုင်ဘက် မဟုတ်ပါဘူး။ ဒါက ငါ့ရဲ့အားအကောင်းဆုံး မွေးဖွားဇယားချပ်စွမ်းအားပဲ”
ကုသရေးလား…
လုကျိုးက ဤသည်မှာ အသုံးမဝင်သည့် စွမ်းအင်တစ်ခုဟု ထင်ထားမိခဲ့သည်။ သူတွင်လည်း အပြာရောင်ကြာဆီမှ ကုသရေးစွမ်းအား ရှိထား၏။ ထို့အပြင် သူက အာရုံထွေပြားနေစဉ် ပစ်မှတ်က မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
ကျစ်…
ဤသည်ကား လုကျိုးအနေဖြင့် မွေးဖွားဇယားချပ် ဆယ့်သုံးခုပညာရှင်ဖြင့် တိုက်ခိုက်သည့် ပထမဦးဆုံးအကြိမ် ဖြစ်၏။ သူ့အနေဖြင့် ယခင်က အတွေ့အကြုံ မရှိခဲ့ပေ။
ဤတစ်ကြိမ် ကျောက်စိမ်းစက်ဝန်းပြားက လုကျိုး၏ ခြေထောက်အောက်တွင် ပေါ်ထွက်လာပြီး စွမ်းအားလှိုင်းများ ပေါက်ကွဲထွက်လာသည်။
မီတာတစ်ရာ
မီတာနှစ်ရာ
မီတာသုံးရာ
ကျောက်စိမ်းစက်ဝန်းပြားက ကောင်းကင်အထက် မြင့်တက်လာပြီး တိမ်တိုက်များကိုပင် ထိုးခွင်းသွားသည်။
…
အဝေးတစ်နေရာတွင်
“မျှော်နန်းသခင်နဲ့ ဒီလိုမျိုး လက်ရည်တူတဲ့သူကို ပထမဦးဆုံး မြင်ဖူးတာပဲ။ ဒီခါးကုန်းကုန်း လူအိုကြီးက မရိုးရှင်းဘူး”
“ငါတို့ရဲ့ ကျင့်ကြံဆင့်နဲ့ သူတို့ရဲ့ လှုပ်ရှားမှုကို အမှီကျင့်နိုင်ဖို့ ခက်တယ်”
ယန်ကျန်းလော့က သူ့ဘေးတွင် ရပ်နေသည့် ရှားချန်ချိုးကို ရပ်ကြည့်ကာ ပြောလိုက်သည်။
“ဘယ်သူကမှတော့ ထာဝရ ပြိုင်ဘက်ကင်းမနေနိုင်ဘူးလေ။ အမြဲတမ်း ကိုယ့်ထက်သာတဲ့သူဆိုတာ ရှိနေနိုင်တာပဲ။ မျှော်နန်းသခင်က သူ့ရဲ့ ပြိုင်ဘက်နဲ့ တွေ့သွားတဲ့ပုံပဲ”
“အခုမှ သူက သွေးပူအောင် လုပ်နေတုန်းပဲ ရှိသေးတယ်”
ရှားချန်ချိုးက ပြောလိုက်သည်။
အားလုံးက ကောင်းကင်ကို ကြည့်နေကြ၏။ တိမ်တိုက်များက သူတို့၏ မြင်ကွင်းကို ဖုံးကွယ်ထားသည့်အတွက် ကျောက်စိမ်းစက်ဝန်းပြားကို မမြင်ရပေ။ သူတို့၏ နားထဲ ပေါက်ကွဲသံများသာ ကြားနေရ၏။
ဝုန်း ဝုန်း ဝုန်း
ရုတ်တရက်ဆိုသလို ရှောင်ယွမ်အာက ကောင်းကင်အထက် လက်ညိုးထိုးကာ ရေရွတ်လိုက်သည်။
“ကြည့်ပါဦး”
“ဘယ်မှာလဲ”
စီးဝူယာ့က ရှောင်ယွမ်အာသည် အထွတ်အထိပ် သန့်စင်ကျောက်စိမ်းကျမ်းကို ကျင့်ကြံထားသည့်အတွက် သူမ၏ အမြင်က သူများထက် ပိုမိုကောင်းမွန်ကြောင်း သိထားလေသည်။ ထို့ကြောင့် သူမ၏ စကားကို သံသယမဖြစ်ပေ။
သူက ထိုအခိုက်အတန့်အတွက် စောင့်ဆိုင်းနေလိုက်၏။
သိပ်မကြာခင် အားလုံးက ကျောက်စိမ်းစက်ဝန်းပြား ကျဆင်းလာသည်ကို မြင်လိုက်ရသည်။
…
လုကျိုးက အထွပ်အထိပ် ဆန်းကြယ်စွမ်းအားကို အသုံးပြုကာ ထိုကျောက်စိမ်းစက်ဝန်းပြားကို ရိုက်ချဖို့ လက်ဝါးချက် သုံးချက်ကို ထုတ်လွှတ်ခဲ့သည်။
ထိုလက်ဝါးချက်မှ တောက်ပနေသည့် အပြာရောင်အလင်းတန်းက ခါးကုန်းကုန်း လူအိုကြီးကိုပင် အံ့အားသင့်သွားစေ၏။ မည်သို့ပင်ဆိုစေကာမူ သူက မကြောက်ရွံ့ပေ။
“မင်းက ငါ့ကို ဖြေရှင်းဖို့ လိုပါသေးတယ်”
ဤတစ်ကြိမ် လုကျိုးက အထွတ်အထိတ် ဆန်းကြယ်စွမ်းအားက တစ်ဝက်မျှသာ ကျန်ရှိတော့ကြောင်း သိလိုက်ရသည်။ ထို့နောက် သူက ပြောလိုက်၏။
“အခု အဆုံးသတ်ဖြစ်ရမဲ့ အချိန်ပဲ”
“ဟမ်”
ခါးကုန်းကုန်း လူအိုကြီးက တစ်ဖက်လူ၏ ယုံကြည်ချက်သည် ဘယ်နေရာက ရောက်လာလဲဟု စဉ်းစားနေမိသည်။
ဤတစ်ကြိမ် လုကျိုး၏ ဘယ်ဘက်လက်ထဲ အမည်မဲ့ပေါ်ထွက်လာကာ ညာဘက်လက်တွင် ခရမ်းရောင်တောက်ပသံကျောက် ပေါ်ထွက်လာသည်။ ထို့နောက် သူက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို အသက်သွင်းလိုက်၏။
ခရမ်းရောင်တောက်ပသံကျောက်က အနည်းငယ် တုန်ယင်လာသည်။
မီတာတစ်ရာ ပတ်လည်အတွင်း အားလုံးက အေးခဲသွားခဲ့သည်။ လေထုနှင့် ရှေးဦးချီပင် ချို့ယွင်းချက် မဟုတ်ပေ။
ခါးကုန်းကုန်း လူအိုကြီးက ကျောက်စိမ်းစက်ဝန်းပြားကို ပြန်ယူဖို့ ကြိုးစားလိုက်သော်လည်း အေးခဲသွားကာ သူရှေးဦးချီကို အသက်မသွင်းနိုင်တော့သည့်အတွက် ကောင်းကင်မှ ပြုတ်ကျလာခဲ့သည်။
ဤတစ်ကြိမ် လုကျိုးက လက်နှစ်ဖက်ဖြင့် အမည်မဲ့ကို ဝှေ့ယမ်းလိုက်၏။ သူက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို ထိုအတွင်း ထည့်သွင်းကာ ခုန်ချလိုက်သည်။
ဘန်း
အမည်မဲ့က ကျောက်စန်းစက်ဝန်းပြားပေါ်ရှိ ရေခဲအလွှာကို ထိုးဖောက်သွားပြီး ကျောက်စိမ်းစက်ဝန်းပြားကို တိုက်ရိုက် ဝင်ရောက်သွားသည်။
ဝုန်း
ခါးကုန်းကုန်း လူအိုကြီးက အပြာရောင် အလင်းဖြင့် တောက်ပနေသည့် အမည်မဲ့သည် သူ့အထက်တွင် ရှိနေကြောင်း မြင်လိုက်ရသောအခါ မျက်လုံး အပြူးသား ဖြစ်သွားလေ၏။
သူ့မျက်ဝန်းက သွေးဆာလာကာ နှုတ်ခမ်းက တုန်တုန်ယင်ယင် ဖြစ်လာသည်။
“ထုတ်လွှင့်လိုက်”
မွေးဖွားဇယားချပ် ဆယ်ခုကျော်သည့် စွမ်းအားက အဖက်ဖက်သို့ ပေါက်ကွဲထွက်သွားပြီး သူ့အပေါ်ရှိ အချုပ်အနှောင်များကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် ခါးကုန်းကုန်း လူအိုကြီးက နာကျင်မှုကို တောင့်ခံကာ ကျောက်စိမ်းစက်ဝန်းပြားကို ဆွဲကာ ပြောလိုက်သည်။
“မင်းက ငါ့ကျောက်စိမ်းစက်ဝန်းပြားကို ဖျက်ဆီးရဲတယ်လား။ ငါ မင်းကို သတ်ပစ်မယ်”
လုကျိုးက အမူအယာမရှိ ပြောလိုက်သည်။
“မိုးကြိုးချက်”
လျှပ်စီးစက်လုံးပိုင်ရှင်သည် ဧရာမလက်ဝါးစည်းတံဆိပ်က ကောင်းကင်မှ ပေါ်ထွက်လာကာ လူအိုကြီး၏ တိုက်ကွက်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။
ဝုန်း
လျှပ်စီးချက်များက ကောင်းကင်အထက် ပေါ်ထွက်မလာခင် ကောင်းကင်က ခေတ္တမျှ ကြည်လင်သွားခဲ့သည်။
ဝုန်း
ခါးကုန်းကုန်း လူအိုကြီး၏ ခန္ဓာကိုယ်က ထုံထိုင်းသွားပြီး သူ့ဝိဉာဉ်နှင့် နှလုံးသားပင် တုန်ယင်နေသလို ခံစားလိုက်ရ၏။
“မင်းဆီမှာ ဒီတစ်ကွက်ပဲ ရှိတာလား”
“ဒီတစ်ကွက်နဲ့တင် လုံလောက်တယ်”
ခါးကုန်းကုန်း လူအိုကြီးက တော်ဝင်နန်းဆောင်ရှိ မြေကြီးပေါ် ထပ်မံ ပြုတ်ကျလာပြန်သည်။
လုကျိုးက သူ့အမှားမှ သင်ယူထားပြီး တည်ငြိမ်စွာ ပြောလိုက်၏။
“ငါ့ရဲ့လက်တွေက မြန်မလား။ ခင်ဗျားရဲ့ ကုသနိုင်စွမ်းက မြန်မလားဆိုတာကို ကြည့်ရသေးတာပေါ့”
“မိုးကြိုးချက်”
ကောင်းကင်အထက် လျှပ်စီးများက ထပ်မံထွက်ပေါ်လာသည်။
ခါးကုန်းကုန်း လူအိုကြီးက လျှပ်စီးချက် သူ့အပေါ် ကျရောက်လာသည့်အခါ ခေါင်းမော့ကြည့်လိုက်သည်။ သူ့ဘေးဝန်းကျင်ရှိ ပတ်ဝန်းကျင်က မီးသွေးတုံးလို မဲတူးနေပြီး သူ့ဆံပင်များက တံမြက်စည်းမွှေးလို ဖြစ်နေသည်။
“တင် ရုပ်သေးရုပ်ကို သတ်နိုင်ခဲ့ပါတယ်။ ဆုလာဒ် အနေနဲ့ ကုသိုလ်ရလဒ် ၆၀၀၀ ရရှိပါတယ်”
…
အားလုံးက ခါးကုန်းကုန်း လူအိုကြီး အသက်ရှင်လျက် ရှိနေသည်ကို မြင်သည့်အခါ အံ့အားသင့်သွားကြ၏။
“သူ့စွမ်းအားက ကုသရေးပဲ…”
…
လုကျိုးက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ တစ်ရာခိုင်နူန်း သတ်ဖြတ်နူန်းက နောက်ဆုံးတွင် အသက်ဝင်လာခဲ့သည်။ ထိုစဉ် ပျက်စီးနေသည့် ကျောက်စိမ်းစက်ဝန်းပြားက အထက်ကို လှည့်ပတ်လာပြီး မိုးကြိုးချက်များကို တားဆီးပေးနေ၏။ သိပ်မကြာခင် သူ့မွေးဖွားဇယားချပ်က တောက်ပလာကာ သူ့ဒဏ်ရာများက အသက်ရှိုက်စာ နှစ်ရှိုက်စာအတွင်း ပြန်လည်ကောင်းမွန်သွားခဲ့သည်။
…
“ဒါက ယုတ္တိမတန်လိုက်တာ ဒီလိုစွမ်းအင်နဲ့ ဘယ်သူကများ သူ့ကို အနိုင်ယူနိုင်မှာလဲ”
“တကယ်ကို ပြဿနာပဲ။ ဒါပေမဲ့ အရာအားလုံးမှာ ကန့်သတ်ချက်ဆိုတာ ရှိတာပဲ။ တစ်ဖက်သူက တူညီတဲ့ ကျင့်ကြံစဉ် ဒါမှမဟုတ် ပိုအားကောင်းနေတယ်ဆိုရင် သက်ရောက်မှု ရှိမယ်မထင်ဘူး။ ဒါပေမဲ့ လူတော်တော်များများက သူ့ကျင့်ကြံဆင့်မျိုးတော့ မရှိကြဘူး”
…
ထိုစဉ် ခါးကုန်းကုန်း လူအိုကြီးက ကွဲပြားသည့် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားဟန်ပေါ်သည်။ သူက မြေကြီးကို ပြင်းထန်စွာ ဆောင့်ကန်လိုက်ပြီး ခန္ဓာကိုယ်ကို ကိုးဆယ်ဒီဂရီ ပြောင်းကာ ကြယ်တံခွန်အလား ကောင်းကင်အထက် ပျံသန်းထွက်လာသည်။
ကြယ်တာရာဒိုင်ခွက်က ခါးကုန်းကုန်း လူအိုကြီးကို လှည့်ပတ်နေ၏။
“ဘုံတစ်ထောင်လေပွေ”
တိမ်တိုက်အထက်တွင် ကျောက်စိမ်းမျှော်စင်နှင့် တူညီသည့် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဍာန်က ပေါ်ထွက်လာခဲ့သည်။ ဤသည်ကား ခါးကုန်းကုန်း လူအိုကြီးသည် တိုက်ပွဲစတင်ကတည်းက သူ့စိတ်ဝိညာဉ်သဏ္ဍာန်ကို ထုတ်ဖော်သည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ ထိုအရာ၏ အမြင့်က ပွင့်ချပ်ဆယ့်တစ်လွှာ ရှိထားသည့် ယွီရှန်းရုန်ထက် ပိုမိုမြင့်မားသည်။ ယွီရှန်းရုန်၏ စိတ်ဝိညာဉ်သဏ္ဍာန်က ဆယ့်တစ်ချပ်မြောက်ပွင့်ချပ် ကွဲထွက်လာပြီးသည့်နောက်တွင် ပေတစ်ရာ တိုးမြှင့်သွားခဲ့၏။
ခါးကုန်းကုန်း လူအိုကြီးက သူ့စိတ်ဝိညာဉ်သဏ္ဍာန်ပေါ် ရပ်ကာ လုကျိုးဆီ ရောက်ရှိလာသည်။ သူက လုကျိုးနှင့် မီတာဝက်အကွာတွင် ရပ်တန့်လိုက်၏။
အစိမ်းရောင် ကြယ်တာရာဒိုင်ခွက်က လေထဲတွင် ဆက်လက်လည်ပတ်နေသည်။ ထိုအရာ၏ အရှိန်အဟုန်က ကြယ်တာရာနှင့် နေမင်း ပြောင်းလဲနေသကဲ့သို့ ဖြစ်၏။
လုကျိုးက လေထဲတွင် မျောလွှင့်နေသည့် သစ်ရွက်ငယ်လေးနှင့် တူနေသည်။
အစိမ်းရောင် ကြယ်တာရာဒိုင်ခွက်က အရှေ့ကို တိုးလာသည့်အခါ လုကျိုးက အဆင့်မြင့် အသေရိုက်ချက်ကတ်ကို ထုတ်ဖော်လိုက်သည်။
“စွန့်ပစ်ခံ ဉာဏ်ပညာ”
ရွှေရောင်လက်ဝါး စည်းတံဆိပ်က ကောင်းကင်မှ ဆင်းသက်လာကာ ခါးကုန်းကုန်း လူအိုကြီး၏ မျက်နှာအထက် ကျရောက်လုနီးပါး ဖြစ်သွားခဲ့သည်။
“နောက်ဆုံးတော့ တခြားတိုက်ကွက်ကို သုံးလာခဲ့ပြီပဲ”
ခါးကုန်းကုန်း လူအိုကြီးက အသံတိုးတိုးဖြင့် ပြောလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက ကြယ်တာရာဒိုင်ခွက်ကို လှုပ်ရှားလိုက်၏။
ဘန်း ဘန်း ဘန်း
အစိမ်းရောင် ကြယ်တာရာဒိုင်ခွက်က ရွှေရောင်လက်ဝါး စည်းတံဆိပ်နှင့် တိုက်ရိုက်တွေ့ဆုံသွားသည်။ သို့သော် လက်ဝါးစည်းတံဆိပ်က မလှုပ်မယှက် ရှိနေသည်။ ကြယ်တာရာဒိုင်ခွက်ကသာ မျက်စိတစ်မှိတ်အတွင်း လွှင့်ထွက်သွား၏။
ဝုန်း
စွန့်ပစ်ခံ ဉာဏ်ပညာက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဍာန်၏ သရဖူအထက် ဆင်းသက်လာသည်။
ဝုန်း
သရဖူက ကြေမွသွား၏။
ခါးကုန်းကုန်း လူအိုကြီးက သွေးတစ်ဗွက် အန်လိုက်ရသည်။
“ဒါက ဘယ်လို လက်ဝါးစည်းတံဆိပ်မျိုးလဲ”
“ခင်ဗျားကို သတ်မဲ့ လက်ဝါးစည်းတံဆိပ်ပဲ”
“အသုံးမဝင်ဘူး။ ငါက ဒဏ်ရာတွေကို ကုစားနိုင်တယ်”
ဧရာမ စွန့်ပစ်ခံ ဉာဏ်ပညာက ငါးပိုင်းကွဲထွက်သွားပြီး မြောက်၊ တောင်၊ အရှေ့၊ အနောက် အစရှိသည့် နေရာများတွင် နေရာယူလိုက်ကြသည်။ စွန့်ပစ်ခံ ဉာဏ်ပညာက ခါးကုန်းကုန်း လူအိုကြီး၏အထက် ပျံသန်းသွား၏။ ဤသို့ဖြင့် သူက ရွှေရောင်တံတိုင်း ငါးခုအတွင်း ပိတ်မိသွားသည်။
ဝုန်း
ကောင်းကင်ကိုပင် လှုပ်ခါသွားစေနိုင်သည့် မိုးခြိမ်းလုမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။
“တင် မွေးဖွားဇယားချပ် တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၆၀၀၀ ရရှိပါတယ်”
“တင်း မွေးဖွားဇယားချပ် တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၆၀၀၀ ရရှိပါတယ်”
ထို့နောက် လုကျိုး၏ နားထဲတွင် နောက်ထပ် အသိပေးချက်သုံးခုကို လက်ခံရရှိလိုက်သည်။
လေထဲတွင် ဆိုးဆိုးရွားရွား အော်သံကြီးတစ်ခု ထွက်ပေါ်လာပြီး မိစ္ဆာဝေဟင်မျှော်နန်းရှိ အဖွဲ့သားများပင် ကျောချမ်းသွားစေသည်။
“သူတို့က ဘယ်လိုလုပ် လက်ရည်ညီမှာလဲ။ ဒါက တစ်ဖက်သတ် ရိုက်နှက်နေတာ မဟုတ်ဘူးလား”
ရှန်ရှီက ပြောလိုက်သည်။
ယန်ကျန်းလော့က ခေါင်းကုတ်ကာ ပြောလိုက်၏။
“ကြည့်ရတာ တစ်ဖက်သတ် ရိုက်နှက်နေတဲ့ပုံပဲ ဒါက…”
သူက မယုံကြည်နိုင်စွာဖြင့် ကိုယ့်ကိုယ်ကို ဆွဲဆိတ်လိုက်သည်။ နာကျင်မှု ခံစားရသည့်အတွက် အိပ်မက်မက်နေခြင်း မဟုတ်ပေ။
ရှားချန်ချိုးက ယန်ကျန်းလော့ကို မျက်ခုံးပင့်ကာ ပြောလိုက်၏။
“လက်ဝဲတမန်တော်ယန် မျှော်နန်းသခင်က တကယ့်ကို အားပြင်းတယ်လို့ မပြောခဲ့ဘူးလား”
“…”
လုကျိုး သတိလက်လွတ်မထားပေ။ ခါးကုန်းကုန်း လူအိုကြီးက မွေးဖွားဇယားချပ် ငါးခုကို ဆုံးရှုံးသွားပြီးသည့်နောက်တွင် မွေးဖွားဇယားချပ် ရှစ်ခုနှင့် ပွင့်ချပ်ဆယ့်တစ်လွှာ စိတ်ဝိညာဉ်သဏ္ဍာန် ရှိနေဆဲ ဖြစ်၏။ သူ့အနေနှင့် သတိလက်လွတ် ဖြစ်၍ မရပေ။ မည်သို့ပင် ဆိုစေကာမူ သူက ပုံမှန်လိုမျိုး ယုံကြည်ချက် ရှိနေသည်။
တစ်ဖက်သူက မတုံ့ပြန်နိုင်ခင် လုကျိုးက အရှေ့ကို တိုးဝင်ကာ အထွတ်အထိပ် လျှို့ဝှက်ဆန်းကြယ်စွမ်းအားကို ထုတ်ဖော်လိုက်သည်။ သူက ကျန်ရှိနေသည့် စွမ်းအားအကုန် ထုတ်သုံးလိုက်၏။
ဝုန်း ဝုန်း ဝုန်း
လုကျိုးက ခါးကုန်းကုန်း လူအိုကြီးကို ရိုက်ချပြီးသည့်နောက်တွင် လှမ်းခေါ်လိုက်သည်။
“နတ်ခြင်္သေ့”
…
အခန်း (၁၀၈၉) မဟာသရဲအစေခံလေးဦး
နတ်ခြင်္သေ့သည် ပိအန်း၏ သန်မာသော ခုခံမှုနှင့် တိုက်ခိုက်ရေးစွမ်းရည် သို့တည်းမဟုတ် တိကျန်း၏ မြန်ဆန်သောအရှိန်ကို မပိုင်ဆိုင်ထားသော်ငြား သူ၏ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို ဖြည့်ပေးနိုင်သော နတ်ခြင်္သေ့ကို တကယ်သဘောကျ၏။ ဤစွမ်းရည်သည် သူ၏ကျန်သည့် စီးတော်သားရဲများ မယှဉ်နိုင်သည့်အရာဖြစ်သည်။
နတ်ခြင်္သေ့သည် လျှပ်ပြက်သောအရှိန်ဖြင့် ပျံသန်းလာပြီး မင်္ဂလာတိမ်တိုက်များ ဝန်းရံထား၏။ လုကျိုး၏ ရည်ရွယ်ချက်ကို နားလည်ပုံပေါ်ကာ သူ၏စွမ်းရည်ကို ချက်ချင်းရွတ်ဆိုလိုက်သည်။
မင်္ဂလာတိမ်တိုက်၏ စွမ်းရည်အောက်တွင် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားက လျင်မြန်စွာ ပြန်လည်ရရှိလာ၏။ ခဏအတွင်း အပြည့်အဝပြန်ကောင်းလာတော့သည်။
လုကျိုး၏ လက်ကျန်အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကြောင့် တွန်းထုတ်ခံလိုက်ရသော ခါးကုန်းအဘိုးအိုက မွေးဖွားဇယားချပ်ငါးခု ဆုံးရှုံးသွားပြီး နာကျင်နေသေးသည်။ သူ မလှုပ်နိုင်သလောက် ဖြစ်နေ၏။
အစောတုန်းက ရှေ့ထွက်ခဲ့ကြသော ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့သည် သူတို့၏ရှစ်စွင်းက ခါးကုန်းအဘိုးအိုကို ရိုက်နှက်နေတာ မြင်ပြီး သူတို့အကြည့်ချင်း ဖလှယ်လိုက်၏။
“ရှစ်စွင်းက ငါတို့ကို မလိုအပ်တဲ့ပုံပဲ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
ယွီရှန်းရုန်က မြေပြင်ပေါ်တွင် လှဲနေလျက် လှုပ်ရှားမှုကင်းမဲ့ကာ သွေးအလိမ်းလိမ်းဖြစ်နေသော အဘိုးအိုကို တစ်ချက်ကြည့်ပြီးပြောလိုက်သည်။
“ဒီလူက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာ။ သူ့မှာ မွေးဖွားဇယားချပ် ၈ခုရှိရင်တောင် ငါတို့နှစ်ယောက်လုံးက ငါတို့ခွန်အားနဲ့သူ့ကိုအနိုင်ယူနိုင်လောက်တယ်”
၁၁ခုမြောက်ပွင့်ချပ်ဖူးပွင့်ထားသော ယွီရှန်းရုန်က သွမ့်ရှီးဟွား၏လက်အောက်ငယ်သားဖြစ်သည့် စုဟိတ်နှင့် တိုက်ခိုက်ခဲ့လေရာ သူ အလွန်ယုံကြည်ချက်ရှိနေ၏။
ယွီကျန့်ဟိုင်သည် ထိုအကြောင်းကို ခဏတဖြုတ်စဉ်းစားပြီးနောက် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
“မင်းရဲ့စကားကို ငါ မငြင်းဘူး”
ထိုစဉ်မြေပြင်ထဲမှ အသက်စွမ်းအင်တို့သည် မုန်တိုင်းတစ်ခုပမာ ဝဲတက်လာသည်။
ယန်ကျန်းလော့က လူတိုင်းကို သတိပေးလိုက်လေ၏။
“အားလုံးပဲ နောက်ဆုတ်ကြ”
နောက်ဆုတ်သို့ ကြောက်အားလန့်အားဆုတ်သွားသည် ကျီဖုန်ရှင်းက မေးလိုက်လေ၏။
“ဒီအဖိုးကြီး သူ့မှာ ဝှက်ဖဲရှိနေသေးတယ်လို့ မပြောနဲ့နော်”
ယန်ကျန်းလော့က ရှင်းပြလိုက်၏။
“ဒါက အသက်ဓာတ်မုန်တိုင်းလို့ ခေါ်တယ်။ ပညာရှင်တစ်ယောက်က သတ်မှတ်ထားတဲ့ မွေးဖွားဇယားချပ် အရေအတွက်ကို အသက်သွင်းလိုက်တဲ့အချိန် သူတို့စွမ်းအားဗဟိုချက် ချီပင်လယ်က အဆမတန် ကျယ်ပြန့်လာတာ။ ဖျက်ဆီးခံရလိုက်တဲ့ မွေးဖွားဇယားချပ်အလိုက် အသက်စွမ်းအင်က အဲ့ဒီလူရဲ့စွမ်းအားဗဟိုချက် ချီပင်လယ်ထဲကနေ တဟုန်ထိုးထွက်လာပြီး လောကကြီးထဲ ပြန်ရောက်သွားတာ။ ကျင့်ကြံသူတစ်ယောက်က ပိုသန်မာပြီး ဆုံးရှုံးတဲ့ မွေးဖွားဇယားချပ်ပိုမြင့်လေ အသက်ဓာတ်မုန်တိုင်းက ပိုအားကောင်းလေပဲ။ ဒီအဖိုးကြီးရဲ့ အသက်ဓာတ်မုန်တိုင်းကို ကြည့်ရင် ဒီအဖိုးကြီးက မွေးဖွားဇယားချပ်၄ခု ဆုံးရှုံးသွားတာပဲဖြစ်ရမယ်။ ငါတို့တွေ သူ့ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်ပြီးမှပဲ အတည်ပြုနိုင်မှာ”
လူတိုင်းက ခေါင်းညိတ်လိုက်၏။
ရှန်ရှီက ထပ်ပြောလိုက်သည်။
“တစ်ခါတလေက အသက်ဓာတ်မုန်တိုင်း မဟုတ်လောက်ဘူး။ တချို့ပညာရှင်တွေက သူ့တို့ရဲ့ မွေးဖွားဇယားချပ် ကာကွယ်ဖို့ ဘာမဆိုလုပ်ကြတာ။ ပြောရရင် မွေးဖွားဇယားချပ်တစ်ခုက အသက်တစ်ချောင်းနဲ့ ညီမျှတယ်လေ။ သူတို့ရဲ့မွေးဖွားဇယားချပ်ဆုံးရှုံးပြီးရင် ပညာရှင်တချို့က သူတို့ရဲ့အသက်ဓာတ်စွမ်းရည်ကို ထိန်းသိမ်းဖို့နည်းလမ်းရှိတယ်။ ဥပမာအနေနဲ့ အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အရင်သခင်ရှားကျန်းလုံက အဲဒီတုန်းက မျှော်နန်းသခင်ဆီမှာ မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးခဲ့တယ်”
တစ်ချိန်တည်းတွင် အသက်ဓာတ်မုန်တိုင်းက ပိုအားကောင်းပြီး ပိုကြမ်းတမ်းလာသည်။ ကာကွယ်ရေးတာအိုသင်္ကေတများဖြင့်တောင် အုတ်ခဲများ၊ တိုင်များက ပျက်စီးသွားသေး၏။
ပိုင်ဇယ်သည် မင်္ဂလာမိုးကို ထုတ်လွှတ်ပြီးနောက် ၎င်းသည် မိစ္ဆာဝေဟင်မျှော်နန်း၏ အဖွဲ့သားများသည် ပျံသန်းသွားတော့သည်။
ရှောင်ယွမ်အာသည် လက်ဝေ့ယမ်းလျက် သူ၏ကျောပေါ်တက်လိုက်သည်။ ပြီးနောက် လှည့်ပြောလိုက်သည်။ “ရှစ်မေ့ အစ်မနဲ့လိုက်ခဲ့လေ”
“ဟုတ်” ခရုလေးသည် နတ်ခြင်္သေ့၏ကျောပေါ် ခုန်တက်သွားတော့သည်။
လူတိုင်းက ဝေဟင်ကို ဆက်ကြည့်နေကြသည်။
ဘန်း
အသက်ဓာတ်မုန်တိုင်းက ရုတ်တရက် ရပ်တန့်သွားချိန်၌ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ပေါ်ထွက်လာ၏။ ခါးကုန်းအဘိုးအိုက မြေပြင်ပေါ်မှ ရုတ်တရက် ခုန်ထလိုက်သည်။ သူ၏ခန္ဓာကိုယ်၌ သွေးများစိုရွှဲနေကာ လုကျိုးဆီ ပျံသန်းသွားလေ၏။
လုကျိုးသည် သူ၏သတိမလျှော့ချခဲ့ပေ။ ခါးကုန်းအဘိုးအိုက မွေးဖွားဇယားချပ်၈ခု ပညာရှင် ဖြစ်နေသေးသည်။ သူ၏လက်ကိုတွန်းထုတ်ပြီးနောက် အထွတ်အထိပ်ဆန်းကြယ်စွမ်းအား ပါဝင်သော လက်ဝါးစည်းတံဆိပ်ကို သုံးလိုက်သည်။
ဘန်း
ခါးကုန်းအဘိုးအိုသည် မကြောက်ရွံ့ရုံသာမက လက်ဝါးစည်းတံဆိပ်ကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။
ဂျွတ်
ခါးကုန်းအဘိုးအို၏ နံရိုးကျိုးသံက လေထဲ၌ ပေါ်ထွက်လာသော်ငြား သူသည် နာကျင်ပုံမပေါ်။ သူ၏ ခန္ဓာကိုယ်က မီတာတစ်ဒါဇင်ခန့် လွင့်ထွက်သွားပြီးနောက် သူက သွေးတစ်ပွက်အန်ပြီး ပြန်ထလိုက်၏။
လုကျိုးသည် သူ၏လက်ဝါးဖြင့် ထပ်ရိုက်လိုက်ရာ ရလဒ်သည် ယခင်ကနှင့်တူနေသည်။
ခဏကြာပြီးနောက် ခါးကုန်းအဘိုးအိုက ရုတ်တရက်ပြောလိုက်သည်။
“မင်းရဲ့ခွန်အားကို ဘာလို့ထိန်းချုပ်ထားတာလဲ”
“ဟမ်”
“ငါ့ကို ညှဉ်းပန်းဖို့ ကြိုးစားနေတာလား”
ခါးကုန်းအဘိုးအို၏အမြင်တွင် သူက မွေးဖွားဇယားချပ်၁၃ခုရှိသည့် အချိန်တွင်တောင် သူက လုကျိုးနှင့် မယှဉ်နိုင်ပေ။ ယခုအချိန်၌ သူ့၌ မွေးဖွားဇယားချပ်၈ခုသာ ရှိတော့လေရာ သူ့ကို သတ်ဖို့အတွက်က လုကျိုးအတွက် လွယ်လောက်သည်။ ထိုအကြောင်းအရင်းကြောင့် လုကျိုးသည် သူ့ကို မြန်မြန်ဆန်ဆန် သတ်ဖြတ်မည့်အစား ညှင်းပန်းနေတာဟု ယူဆမိ၏။
“စိတ်မပူနဲ့ မင်း သေချင်တယ်ဆိုရင် မင်းရဲ့ဆန္ဒကို ဖြည့်ပေးမယ်” လုကျိုးသည် သူ၏လက်ဝါးဖြင့် ထပ်ရိုက်လိုက်သည်။
ဘန်း
ယခင်ကကဲ့သို့ပင် ခါးကုန်းအဘိုးအိုသည် ရှေ့သို့ချီတက်သွားပြီး ရိုက်ချလိုက်၏။ လက်ဝါးရိုက်ချက်ငါးချက် ဆက်တိုက်ရိုက်ပြီးနောက် သူ မော့ကြည့်ကာ ပြောလိုက်သည်။
“မင်းက နေမကောင်းတာပဲ”
“သေခြင်းတရားက လက်တစ်ကမ်းရောက်နေတာတောင် မင်းက ခေါင်းမာနေသေးတုန်းကို” လုကျိုးက ပြောလိုက်သည်။
“ပြော မင်းသခင်ရဲ့နောက်ခံက ဘာလဲ”
ခါးကုန်းအဘိုးအိုက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ရယ်သံက တော်ဝင်နန်းတော်ထဲ ပဲ့တင်သံထပ်သွားပြီး မြေပြင်ပေါ်ရှိ ကျောက်စကျောက်နများကို အနည်းငယ်လှုပ်သွားစေ၏။
“မင်း ပြဿနာတက်ပြီဆိုတာ နောက်ဆုံးတော့ သဘောပေါက်သွားပြီလား။ မင်းက ချင်မျိုးနွယ်ကို ရန်စခဲ့တယ်။ ဒီရန်ကြွေးက ဘယ်တော့မှ ချေဖျက်လို့ ရမှာမဟုတ်ဘူး” ခါးကုန်းအဘိုးအိုက ပြောလိုက်၏။
လုကျိုးကခေါင်းခါလိုက်သည်။ “ဒီတော့ ဘာဖြစ်လဲ”
“ဒီတော့ ဘာဖြစ်လဲတဲ့လား။ ဒီတော့ ချင်မျိုးနွယ်က မင်းကို သေချာပေါက် အရေခွံဆုတ်ပြီး ငါ့အတွက် လက်စားချေဖို့ မင်းရဲ့အရိုးတွေကို ချေလိမ့်မယ်” ခါးကုန်းအဘိုးအိုက စိမ်းတောက်သော မျက်လုံးများဖြင့် ပြောလိုက်သည်။
ထိုစဉ် စီးဝူယာ့က အဝေးကနေအသံပို့ပြီးလှမ်းပြောလိုက်သည်။
“မင်း အတွေးလွန်နေပြီ”
ခါးကုန်းအဘိုးအိုက နှာခေါင်းရှုံ့လိုက်၏။
“မင်း ဖြတ်ပြောပိုင်ခွင့်မရှိဘူး"
“ခင်ဗျားက ရှုံးနေပြီ။ ဒါတောင် ဒီလောက် မောက်မာထောင်လွှားနေသေးတုန်းကိုး” စီးဝူယာ့က အဟန့်အတားမရှိပြောလိုက်သည်။
“ခင်ဗျား အတွေးလွန်နေပြီလို့ ကျုပ်ပြောတုန်းက ခင်ဗျားမယုံဘူး။ ခင်ဗျားရဲ့ သဘောထား၊ အပြုအမူ၊ အပြောအဆို၊ စကားလုံး၊ အပြုအမူကို ကြည့်ရင် ခင်ဗျားက ချင်မျိုးနွယ်မှာ အဆင့်နိမ့်အစေခံတစ်ယောက်ပဲ ဖြစ်လောက်တယ်။ ချင်မျိုးနွယ်က ကြုံရာကျပန်းလူတွေကို ကိုက်တတ်တဲ့ ခွေးရူးတစ်ကောင်အတွက် လက်စားချေပေးမယ်လို့ ဘာကများ ခင်ဗျားက တွေးမိစေတာလဲ”
ခါးကုန်းအဘိုးအိုသည် စီးဝူယာ့၏စကားကြောင့် ထိသွားသည်။
“ငါက ချင်မျိုးနွယ်ရဲ့ မဟာသရဲအစေခံလေးဦးထဲက တစ်ဦးပဲ။ ငါ့သခင်လေးက မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးသွားတာ။ မင်း သတ်ရဲတယ်ပေါ့။ ဒီရန်ကြွေးက ဘယ်တော့မှ ဖြေရှင်းလို့ရမှာမဟုတ်ဘူး။ ရန်ငြိုးအဟောင်းက မဖြေရှင်းရသေးဘူး။ ရန်ကြွေးအသစ်ရောက်လာပြီ။ ကျန်တဲ့ မဟာသရဲသုံးကောင်က ငါ့ရဲ့ရောင်းရင်းတွေပဲ။ ချင်မျိုးနွယ်က ငါ့အတွက် လက်စားမချေပေးရင်တောင် ငါ့ရဲ့ညီအစ်ကို သုံးယောက်က ငါ့အတွက် သေချာပေါက် လက်စားချေပေးမှာ။ မင်းတို့အားလုံးရဲ့ အသက်အတွက် ငါ့အသက်နဲ့ လဲလှယ်ရမယ်ဆိုရင်တောင် တန်တယ်” ပြီးနောက် သူက ရူးသွပ်စွာရယ်မောလိုက်လေ၏။
စီးဝူယာ့က ခေါင်းခါလိုက်သည်။
“ခင်ဗျား အထင်အမြင်မှားနေတာ တချို့အတွက် ပြင်ပေးမယ်။ ပထမတစ်ချက်က ခင်ဗျားက သရဲအစေခံပဲဖြစ်ဖြစ် လူသားအစေခံပဲဖြစ်ဖြစ် အစေခံဖြစ်နေသေးတုန်းပဲ။ ခင်ဗျားက သခင်ရဲ့အမြင်မှာ ခွေးတစ်ကောင်နဲ့မခြားဘူး။ ခင်ဗျား ဒါကို ငြင်းနေလို့ အကျိုးမထူးဘူး။ စဉ်းစားကြည့်လေ ခင်ဗျားအဆင့်က မြင့်ပြီး မွေးဖွားဇယားချပ်၁၃ခုရှိတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ဂုဏ်သရေရှိသခင်လေးက ခင်ဗျားကို ဘယ်နှကြိမ်ဆူဖူးလဲ” ခဏနားပြီးနောက် သူက ဆက်ပြောလိုက်သည်။
“ဒုတိယအချက်က ခွေးကိုမရိုက်ခင် သခင်ကို ကြည့်သင့်တာမှန်ပေမဲ့ ခွေးက ခွေးဖြစ်နေတုန်းပဲ။ ခွေးတစ်ကောင်က အမှားလုပ်မိရင် အပြင်လူလှုပ်ရှားမှာကို မစောင့်ဘဲ သခင်က ခွေးကို အရင်ဆုံးအပြစ်ပေးလိမ့်မယ်”
စီးဝူယာ့သည် ခါးကုန်းအဘိုးအိုကို စကားပြောခွင့်မပေးဘဲ ဆက်ပြောလိုက်သည်။
“နောက်ဆုံးက ကျုပ် ပြင်ပေးရမဲ့အကြီးမားဆုံးနဲ့ အဆိုးဆုံးမှားယွင်းနေတဲ့အမြင်က ခင်ဗျားရဲ့ ချင်မျိုးနွယ်က ကျုပ်ရှစ်စွင်းကို ရန်စခဲ့တာ။ တစ်ခြားဟာမဟုတ်ဘူး ကျုပ်ပြောတာ ယုံလိုက်။ အဆိုးဆုံးကပ်ဘေးကို ခံစားရမဲ့လူက ချင်မျိုးနွယ်က လူတွေပဲ။ ခင်ဗျားလိုခွေးတစ်ကောင်က ချင်မျိုးနွယ်ဆီ ကပ်ဘေးတစ်ခု ဆောင်ယူသွားတာ တွေးကြည့်လိုက်။ ခင်ဗျားအသက်ရှင်လျက် ရှိနေတုန်း ကျုပ်ရဲ့ရှစ်စွင်းက ချင်မျိုးနွယ်ကို ဖြေရှင်းမယ်ဆိုရင် သူတို့တွေက ခင်ဗျားကို သူတို့လက်နဲ့ သတ်ပြီး ခင်ဗျားကို ကျုပ်ရဲ့ဆရာဆီ ဒူးထောက်တောင်းပန်ခိုင်းပြီးမှ သူတို့လက်နဲ့ခင်ဗျားကို သတ်မယ်ဆိုတာကို လောင်းရဲတယ်”
စီးဝူယာ့ပြောပြီးနောက် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားတော့သည်။ သူ၏အခွန်းတိုင်းက ပြောင်မြောက်ပြီး ခြိမ်းခြောက်နိုင်သည်။ ယင်းက သူ့အတွက် အားပေးချင်စိတ်ပေါ်သွားသည်။
တကယ်တော့ ရှားချန်းချိုးသည် စိတ်မထိန်းနိုင်တော့ဘဲ လက်ခုပ်တီးလေ၏။ လက်ခုပ်သံက သိပ်မကျယ်သော်ငြား သိသာ၏။
ထိုစဉ် ခါးကုန်းအဖိုး၏မျက်လုံးထဲရှိ အစိမ်းရောင်အလင်းတန်းက သိပ်သည်းလာတော့သည်။
“သိပ်ကောင်းတယ်။ ဒီလိုဆိုမှတော့ အတူတကွပျောက်ကွယ်ကြတာပေါ့”
ဝှစ်
အစိမ်းရောင်အလင်းက ကောင်းကင်ထဲ ဝင်ရောက်သွားပြီး ခါးကုန်းအဘိုးအိုသည် လုကျိုးဆီ မြားတစ်စင်းပမာ တဟုန်ထိုး တိုးဝင်သွား၏။ တစ်ချိန်တည်းတွင် အစိမ်းရောင်အငွေ့များကလည်း တက်လာတော့သည်။
လုကျိုးက သူ၏လက်ကိုဝေ့ယမ်းလျက် ခေါင်းခါကာပြောလိုက်တော့သည်။
“ငါက အဆိပ်ပြီးတယ်”
လုကျိုးက သူ၏လက်ဝါးဖြင့် ရိုက်လိုက်သည်။ ယခုအခေါက်တွင် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားများ ပြည့်နေပြီး လက်ဝါးစည်းတံဆိပ်၏အရွယ်အစားကို တိုးမြှင့်လိုက်၏။
လက်ဝါးစည်းတံဆိပ်သည် တောင်တစ်တောင်ကဲ့သို့ပင် ခါးကုန်းအဘိုးအိုဆီ တဟုန်ထိုး တိုးဝင်သွားတော့သည်။ ထိုအဘိုးအိုသည် လက်ဝါးစည်းတံဆိပ်ကို မြင်သောအခါ ထိတ်လန့်သွားသည်။ သူက ကျိုးပဲ့နေသော ကျောက်စိမ်းချပ်ပြားနှင့် ကြယ်တာရာဒိုင်ခွက်ကို အမြန်ဆွဲထုတ်လိုက်သည်။
“မင်း နှေးလွန်းတယ်” လုကျိုးသည် အမည်မဲ့ကို လက်ထဲကိုင်ထားလျက် လှစ်ကနဲခါးကုန်းအဘိုးအိုဆီ ရောက်လာသည်။
သူ အကွက်ပြောင်းသွားတာလား ... ခါးကုန်းအဘိုးအိုက ထိတ်လန့်သွားလေ၏။ လုကျိုးသည် သူ့ကိုဖြေရှင်းရန် တူညီသည့်အကွက်ကို သုံးမည်ဟု ယူဆခဲ့ပြီး သူ့ဖာသာသူ ကျေနပ်နေခဲ့တာဖြစ်သည်။ လုကျိုး၏ပြောင်းလဲမှုက သူ့ကို အငိုက်မိသွားစေ၏။
အမည်မဲ့က အထွတ်အထိပ်ဆန်းကြယ်စွမ်းအားဖြင့်တောက်ပနေပြီး ဓားအသွင်ဖွဲ့တည်လာသည်။ ခဏအကြာ၌ ပေ ၁၀၀၀ခန့်ရှည်သော စွမ်းအင်ဓားပေါ်လာကာ ကျောက်စိမ်းချပ်ပြားကို ပိုင်းဖြတ်လိုက်တော့သည်။
ဘန်း
ကျောက်စိမ်းချပ်ပြားပေါ်၌ အက်ကွဲရာပေါ်လာသည်။
“လွှမ်းမိုးအဆင့်လား” ခါးကုန်းအဖိုးသည် ဓားကို တအံ့တဩကြည့်လိုက်၏။ အစောတုန်းက သူ သိခဲ့သမျှအရာအားလုံးသည် အေးခဲသွားမှန်း သိလိုက်၏။ ယင်းသည် လွှမ်းမိုးအဆင့်လက်နက်ကြောင့် ဖြစ်တာပင်။ သူ့ရန်သူ၌ နောက်ထပ်လွှမ်းမိုးအဆင့်လက်နက် ရှိလိမ့်မည်ဟု မထင်ထားပေ။
“မင်းမှာ လွှမ်းမိုးအဆင့်ပစ္စည်းနှစ်မျိုးရှိတာလား”
လွှမ်းမိုးအဆင့်လက်နက်များသည် ခရမ်းရောင်တောက်ပသံကျောက်ကြောင့်ရေခဲစည်းတံဆိပ်ကဲ့သို့ ထူးခြားသောစွမ်းအင်များဖြင့် လာတာပင်ဖြစ်သည်။ ထိုအရာအပြင် သူတို့၏ခွန်အားက မှန်းဆ၍မရလောက်အောင် သန်မာသည်။
ထိုဓားသည် သူ၏ကျောက်စိမ်းချပ်ပြားကို ဖျက်ဆီးနိုင်စရာအကြောင်းမရှိဟု ခါးကုန်းအဘိုးအို ထင်ခဲ့သည်။
ယခုအချိန်၌ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားဖြင့် တောက်ပနေသော အမည်မဲ့က ကျောက်စိမ်းချပ်ပြားကို ထပ်မံထိလာ၏။ ယင်းက တား၍မရပေ။
ဝှစ်
ရွှေရောင်မီးလျှံများသည် အမည်မဲ့နား၌ ရုတ်တရက် ပေါ်လာသည်။
“ကံမီးတောက်လား” ခါးကုန်းအဘိုးအိုသည် လုကျိုးကို စိတ်ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်လိုက်မိသည်။ သူ၏ရန်သူ၌ လှည့်ကွက်များစွာ ထပ်ရှိသေးသည်ဟု ရုတ်တရက်ခံစားမိသွားသည်။
ထိုစဉ် သူ ရုတ်တရက်ရှောင်လိုက်တော့သည်။
လုကျိုးက ၎င်းကို တွေးထင်ပြီးသားဖြစ်သည်။ သူက တိကျန်း၏စွမ်းရည်ကို ဖော်ထုတ်ပြီးနောက် ဓားကို ဆွဲချလိုက်သည်။
တွေးထင်ထားသည်နှင့် ဆန့်ကျင်ဖက်ပင် အဘိုးအိုက အံကြိတ်လိုက်သည်။
“မင်းက နှေးလွန်းတယ်။ မင်းမှာ မွေးဖွားဇယားချပ်၁၂ခု ထပ်ရှိရင် မင်း နှေးမှာမဟုတ်ဘူး” ပြီးနောက် သူသည် လုကျိုး၏ပခုံးကို လက်ဝါးဖြင့်ရိုက်လိုက်သည်။
ဘန်း
လုကျိုး၏ လက်ထဲရှိဓားက ရုတ်တရက်ပိုရှည်လာပြီး အဘိုးအို၏လက်မောင်းကို ထိုးဖောက်သွားတော့သည်။
ထိုစဉ် ခါးကုန်းအဘိုးအို၏လက်ဝါးက ရောက်တော့မည့်အချိန်တွင် သူ့ရန်သူ၏ခန္ဓာကိုယ်၌ အပြာရောင်ကာကွယ်ရေးစွမ်းအင်ကို အာရုံခံလိုက်မိသည်။ ယင်းက သူ့လက်ဝါးမှဖိအားကို တွန်းကန်နေတာ အာရုံခံမိသည်။
လုကျိုးသည် အခြေအနေကို အခွင့်ကောင်းယူပြီး ပျံသန်းလာတော့သည်။ သူ့ရန်သူကို အခွင့်အရေး မပေးနိုင်ပေ။ မွေးဖွားဇယားချပ်၆ခု၊ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားနှင့် သူ၏ လွှမ်းမိုးအဆင့်လက်နက်တို့ဖြင့် သူသည် ဒဏ်ရာရထားသော မွေးဖွားဇယားချပ်၈ခု ကျင့်ကြံသူကို ဖြေရှင်းနိုင်လိမ့်မည်။ ယင်းက မလုံလောက်ပါက နောက်မှဖြေရှင်းမည်။
ပြီးနောက် လုကျိုးသည် မိစ္ဆာဝေဟင်မျှော်နန်း၏လူများကို လှည့်ကြည့်ပြီးနောက် လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“သတိထား”
လူတိုင်း၏မျက်လုံးထဲတွင် မျှော်လင့်စောင့်စားမှုများဖြင့် တောက်ပကုန်၏။
လုကျိုးသည် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို သေးငယ်သည့်အပိုင်းလေးများအဖြစ် ခွဲပြီးနောက် သတိထားပြီးနောက် သူ၏ထူးကဲချီသွေးကြောရှစ်ခုဆီသို့ စမ်းရေသဖွယ်စီးဆင်းသွားစေသည်။ ပြီးနောက် လေထဲ၌ အမည်မဲ့ကို စတင် ဝေ့ယမ်းလိုက်တော့သည်။
ဒါက ကွေ့ယင်ဓားသိုင်းပဲ။ အာ့ရှစ်ရှိုးရဲ့ကွေ့ယင်ဓားသိုင်း”
ဓားတစ်လက်၊ ဓားနှစ်လက်၊ ဓားသုံးလက် .........
အရှိန်သည် ပိုမြန်ဆန်လာပြီးယင်း မြန်ဆန်လာတော့သည်။ ယွီရှန်းရုန်သည် သူ၏မျက်လုံးများ လင်းလက်သွား၏။ ရွှေနန်းဥယျာဉ်တောင်၌ သူ၏ရှစ်စွင်းသည် သူ၏ဓားရေးပြသခဲ့သည့်အချိန်ကို အမှတ်ရသွားသည်။ ထိုစဉ်က သူ့ရှစ်စွင်းသည် သစ်သားဓားသာ အသုံးပြုခဲ့သည်။ ကနဦးချီမပါပေ။ သူ၏ရှစ်စွင်းက ကျဆင်းသွားသော နှင်းပွင့်ချပ်တိုင်းကို ထိခဲ့သည်။ သူ၏ရှစ်စွင်းက ထင်သည့်အတိုင်းပင် နှစ်ပေါင်းမည်မျှကုန်လွန်စေကာမူ သူ့ရှစ်စွင်းက ယခင်ကကဲ့သို့ သာလွန်နေသေးဆဲဖြစ်သည်။
လုကျိုး၏ဓားသည် အရာရာကိုပိုင်းဖြတ်နိုင်သည်ဟု ထင်မှတ်ရပြီး ဓားဆန္ဒက ခြေရာမဲ့သည်။
ထိုစဉ်
“ပြန်လာဝင်ရောက်ဝိညာဉ်သုံးပါး”
ယွီရှန်းရုန်သည် ပြန်လာဝင်ရောက်ဝိညာဉ်သုံးပါးကို ထုတ်သုံးလိုက်ချိန်၌ ကွဲပြားသည့်အရပ်မျက်နှာ၌ ပုံရိပ်သုံးခုကို ထုတ်သုံးနိုင်သည်။ ထိုပုံရိပ်များက အစွမ်းထက်ပြီး ရန်သူကို စိတ်ရှုပ်ထွေးအောင် လုပ်နိုင်သည်။ တစ်ဖက်တွင်မူ သူ့ရှစ်စွင်းက ပုံရိပ်၁၂ခုဖွဲ့တည်နိုင်သည်။ အရပ်လေးမျက်နှာ၌ ပုံရိပ်သုံးခုဆီ ရှိနေသည်။ ယင်းက မယုံနိုင်စရာကောင်းလောက်အောင် တောက်ပသည့်မြင်ကွင်း ဖြစ်သည်။ ငရဲအစေခံ၏မျက်လုံးများက သွေးနီရောင်လွှမ်းသွားကာ မလိုလားမှုများ ပြည့်သွားသည်။ သူ့ရန်သူသည် အလွန်မသန်မာတာသိသာ၏။ သို့သော် သူ့ရန်သူသည် အဘယ်ကြောင့်အခေါက်တိုင်း၌ သူ့ကို ထိုးနှက်နိုင်သနည်း။ သူဘေး၌ နေရာယူထားသည့် ပုံရိပ်များက ပေါင်းစည်းသွားပြီး ဓားများက မိုးကဲ့သို့ရွားသွန်းကျလာသည်။ သူက ဟိန်းဟောက်လိုက်ရာ ကောင်းကင်ထဲတွင် မရေမတွက်နိုင်သော လက်ဝါးစည်းတံဆိပ်များက ကြယ်များပမာ ပေါက်ကွဲကုန်၏။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
စွမ်းအင်ဓားတို့သည် လက်ဝါးစည်းတံဆိပ်ကို တိတိကျကျထိမှန်သွားသည်။
ဝှစ် ဝှစ် ဝှစ်
“ဖန်တီးရာဓား၊ ဓားမဲ့လမ်းစဉ်၊ ဖန်တီးမှုအားလုံးကို ဓားဖြင့်အသုံးပြုခြင်း။"
စွမ်းအင်ဓားသန်းချီက ကောင်းကင်ထဲ ပျောက်ဆုံးသွားသည်။ သို့သော်ငြား တစ်စိတ်တစ်ပိုင်းသာလျှင် အပြာရောင်ဖြစ်သည်။ အပြာရောင်စွမ်းအင်ဓားက ကြောက်မက်ဖွယ်ကောင်းအောင် တိကျမှုဖြင့် သရဲအစေခံဆီ ထိုးစိုက်သွားတော့သည်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
သူ နာကျင်စွာအော်လိုက်သည်။ သူ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီးသားဖြစ်သည်။ အခုကဲ့သို့ ပြင်းထန်ပြီး သိပ်သည်းသည့်စွမ်းအင်ဓားမှ တိုက်ခိုက်မှုကို မည်ကဲ့သို့ခံနိုင်ရည်ရှိမည်နည်း။ မည်သို့ပင်ဆိုစေ သူသည် တတ်စွမ်းသမျှ ခုခံရန် ကြိုးစားခဲ့၏။ သူ၏လက်ကျန်ဖြင့် စွမ်းအင်ဖြင့် စွမ်းအင်ဓားကို တွန်းလှန်ရန်ကြိုးစားခဲ့သည်။
သရဲအစေခံသည် ထိုးဖောက်၍မရသည့် စွမ်းအင်ဓား၏မျက်လုံးထဲတွင် ပိတ်မိနေသည်။
ထိုစဉ် လုကျိုး၏ပုံရိပ်က ရပ်တန့်သွား၏။ သူ့၌ အထွတ်အထိပ်ဆန်းကြယ်စွမ်းအား တဝက်ကျန်သည်။
ယခုအချိန်တွင် သရဲအစေခံက စွမ်းအင်ဓားမုန်တိုင်းထဲမှ နောက်ဆုံးတော့ ရုန်းထွက်ခဲ့ပုံပေါ်သည်။ သို့သော် လက်ဝေ့ယမ်းတာ မရပ်တန့်ခဲ့ပေ။ သူက အရူးတစ်ယောက်ပမာ အော်ဟစ်ခဲ့သည်။ သူ၏ခန္ဓာကိုယ်က ဓားဒဏ်ရာများပြည့်နှက်နေပြီး သွေးများစိုရွှဲနေသည်။ နောက်ဆုံးတော့ စွမ်းအင်ဓားများမှ လွတ်အောင်ရုန်းနိုင်မည်မှန်း သဘောပေါက်သွားသောအခါ သူ ရပ်တန့်လိုက်၏။ တစ်ချိန်တည်းတွင် ကောင်းကင်မှ မီတာများစွာအကွာအထိ ပြုတ်ကျသွားတော့သည်။ ရုတ်တရက် ဝေဟင်မှ စွမ်းအင်ဓားသုံးခုသည် တန်းတန်းမတ်မတ်ကျရောက်လာကာ ငရဲအစေခံ၏ဓားကို ထိုးဖောက်သွားတော့သည်။
လုကျိုးသည် ဤအခိုက်အတန့်အတွက် စောင့်နေခဲ့တာဖြစ်သည်။ စွမ်းအင်ဓားသုံးခုကို အထွတ်ထိပ်ဆန်းကြယ်စွမ်းအားဖြင့် ဖွဲ့တည်ထားတာဖြစ်သည်။
“...”
ခါးကုန်းသရဲအစေခံ၏သွေးများသည် ရေပန်းပမာ ပန်းထွက်လာပြီး သူ၏ခန္ဓာကိုယ် တုန်ယင်သွားတော့သည်။
“တင်း ... မွေးဖွားဇယားချပ်တစ်ခုဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ၆၀၀၀”
လုကျိုးက ခေါင်းခါပြီးပြောလိုက်၏။၏
“မင်းက ကျွန်းရဲ့အစွန်းရောက်နေပြီ။ ဒါ အစပဲရှိသေးတာ”
“မင်း”
လုကျိုးသည် သရဲအစေခံကို လျစ်လျူရှုထားလျက် ယွီရှန်းရုန်ဖက်လှည့်ကြည့်ပြီးမေးလိုက်၏။ “မင်း နားလည်လား”
ယွီရှန်းရုန်က ဦးညွှတ်ပြီးပြောလိုက်တော့သည်။ “လမ်းညွှန်ပေးတာ ကျေးဇူးတင်ပါတယ် ရှစ်စွင်း”
“တင်း ... ယွီရှန်းရုန်ကို လမ်းပြပေးခြင်းအတွက် ကုသိုလ်မှတ် ၅၀၀ရပါသည်”
ထာဝရစံပြ၏အာနိသင်ဖြင့် ယွီရှန်းရုန်အဖို့ သူ့ရှစ်စွင်း၏လှုပ်ရှားမှုများကို သဘောပေါက်ရန် ပိုလွယ်ကူသွားသည်။ သူ့ရှစ်စွင်း၏ပုံရိပ်၁၂ခုက သူ့စိတ်ထဲပေါ်နေ၏။
ထိုစဉ် လုကျိုးက သရဲအစေခံကို လှည့်ကြည့်ပြီးပြောလိုက်တော့သည်။ “အခုမှ တကယ့်ကစားပွဲစမှာ”
ယခင်က သူသည် သူ၏အသုံးပစ္စည်းကတ်များကို သုံးခဲ့၏။ ယခုပိုများပြားသည့် စွမ်းအင်ဓားများကို ဖွဲ့တည်ရန် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားအလုံးစုံကို သုံးခဲ့သည်။
အပေါ်အောက်၊ ဘယ်ညာ လုကျိုး၏စွမ်းအင်ဓားက နေရာအနှံ့ရှိနေပြီး ရုတ်တရက်စွမ်းအင်ဓားများသည် တစ်လက်တည်းပေါင်းစည်းသွားပြီး ဝေဟင်ထဲကနေ ပိုင်းဖြတ်ချလိုက်သည်။
ခါးကုန်းအဘိုးအိုက သူ့အား၏နောက်ဆုံးလက်ကျန်ကိုသုံးပြီး ကြာပွင့်ကို စတေးရန်ဆုံးဖြတ်ခဲ့သည်။
ကြာပွင့်ပေါ်လာပြီး ပွင့်ချပ် ၁၂ခုဖြင့် ပျံထွက်သွား၏။
သူသည် ပွင့်ချပ်ပျံများကို ထိန်းချုပ်နေစဉ် သွေးတစ်ပွက်အန်လိုက်၏။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
လုကျိုးသည် အမည်မဲ့ကို လွဲယမ်းပြီး ပွင့်ချပ်တစ်ခုကို တိတိကျကျထိမှန်သွားလေ၏။ ပြီးနောက် အမည်မဲ့နှင့် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကိုသုံးပြီး ပွင့်ချပ်၁၁ခုကို ပိုင်းဖြတ်ချလိုက်တော့သည်။
လုကျိုးသည် မီတာဒါဇင်ကွာအထိ နောက်ဆုတ်သွားသည်။ သူ့လက်က ထုံကျဉ်နေပြီး ပွင့်၁၁ခုက ထိုမှ အစွမ်းထက်လိမ့်မည်ဟု မထင်ထားပေ။ သူ အမည်မဲ့ကို အသုံးမပြုခဲ့ဘဲ ခုနစ်စင်ကြယ်ဓားကို အသုံးပြုခဲ့ပါက ဓားသည် ပွင့်ချပ်၁၁ခုကို ဖျက်ဆီးနိုင်ရန်မဆိုထားနှင့် ပိတ်ဆို့နိုင်မှာတောင်မဟုတ်ပေ။
ခါးကုန်းအဘိုးအို၏ မျက်လုံးများမှေးစင်းသွားကာ ခေါင်းခါလိုက်၏။ သူက လက်မောင်းကို ချလိုက်၏။ သူ့တိုက်ကွက်သည် မိမိကိုယ်ကိုထိခိုက်စေသည့်အကွက်ဆိုတာ သေချာသည်။ နောက်ဆုံး၌ သူ လက်လျှော့ရန် ဆုံးဖြတ်လိုက်၏။ "မင်း နိုင်တယ်”
လုကျိုးသည် သူ၏ကျန်ရှိသော အထွတ်အထိပ်ဆန်းကြယ်စွမ်းအားဖြင့် အမည်မဲ့ကို တွန်းထုတ်လိုက်သည်။
ဤနည်းဖြင့် သရဲအစေခံသည် မွေးဖွားဇယားချပ်၇ခုလုံး ဆုံးရှုံးသွား၏။ သူ နာကျင်မှုကို မခံစားရပေ။ သူသည် နာကျင်မှုကို ထုံထိုင်းသွားစေရန် စုန်းအတတ်ပညာသုံးခဲ့သည်။ သို့သော် ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်မှ ကျဉ်းသွားသည်ကို ခံစားလိုက်ရ၏။ ယခု သူက မွေးဖွားဇယားချပ်အားလုံး ဆုံးရှုံးသွားပြီဖြစ်၏။ သူ့၌ အသက်တစ်ချောင်းသာ ကျန်တော့သည်။ “နေဦး”
လုကျိုးက ပြောလိုက်သည်။ "မသေခင် စကားချန်စရာရှိလား”
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ နောက်ဆုံးတော့ ထိုစကားပြောရန် လုကျိုးအလှည့်ရောက်လာလေပြီ။
“ငါ မသေခင် မင်းရဲ့စိတ်ဝိညာဉ်သဏ္ဌာန်အစစ်ကို မြင်နိုင်မလား”
သရဲအစေခံသည် မျှော်လင့်ချက်တစွန်းတစဖြင့် ထွန်းလင်းနေသော အကြည့်ဖြင့် လုကျိုးကို ကြည့်နေသည်။
“နောက်ဘဝမှ ဖြစ်လောက်တယ်”
လုကျိုးက အမည်မဲ့ကို လှုပ်ရှားလိုက်တော့သည်။
သရဲအစေခံသည် ပြင်းပြင်းထန်ထန်ချောင်းဆိုးပြီး ရင်ဘတ်က လှုပ်ရှားလာတော့သည်။ သူ ယခုအချိန်၌ သေလုဆဲဆဲ ဖြစ်နေပြီမှန်း သဘောပေါက်သွားတော့သည်။
“ငါ ငါ ငါ ကြည့်ရတာ မှတ်မိပုံပဲ။ အခု ..." သူက ချောင်းဟန့်ပြီး ခဲရာခဲဆစ်ဆက်ပြောလိုက်သည်။ "ငါ ရွှေကြာနယ်မြေက လာခဲ့ပုံပဲ”
ပေါ်ထွက်လာသည့် သရဲအစေခံ၏အသံက ရပ်တန့်သွားပြီးနောက် သူ၏ခေါင်းသည် ဘေးသို့ စောင်းကျသွား၏။
“တင်း ... ပစ်မှတ်တစ်ခုသတ်လိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၁၅၀၀၀၊ နယ်မြေအပိုကုသိုလ်မှတ် ၅၀၀၀”