အခန်း (၁၀၉၃-၁၀၉၅)
Vol. 73 Ch. 1093-1095
အခန်း (၁၀၉၃) မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ရန် အကြမ်းတမ်းဆုံးနေရာ
“ဟုတ်ပြီ။ စောဒကတက်တာ ရပ်လိုက်တော့။ ငါတွေ့ဖူးတဲ့ကျင့်ကြံသူတွေအားလုံးထဲမှာ မင်းထက်ပိုပြီး ဇိမ်ကျတဲ့ဘဝရတဲ့သူ မရှိဘူး။ မင်းက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်ကိုးယောက်အကြောင်း ငါ့ကို ပြောပြတာ ငါ မှတ်မိသေးတယ်။ ဟိုက်လို့ ခေါ်တဲ့တစ်ယောက်က ခက်ခဲမှုတွေကို ကြုံတွေ့ခဲ့ရတယ်လို့ မင်းပြောတာ မဟုတ်လား။ ဒါဆိုရင် မင်းရဲ့ခြေထောက်ကိုဆေးပေးဖို့ ရေသယ်လာပေးတဲ့ ရှောင်ယွီလို့ခေါ်တဲ့သူ ရှိလား။ မင်း ကံကောင်းတာကို မသိကျိုးကျွံမပြုနဲ့” လုလီက ပြောလိုက်သည်။
“မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။ ကျုပ်ရဲ့ကျိုးရှစ်မေ့က ဇိမ်အကျဆုံးနေရတာ။ နောက်တစ်ခေါက်ကျ သူ့အကြောင်းပြောပြမယ်” ကျူးဟုန်ကုန်းကပြောလိုက်၏။
ရှောင်ယွီလား ... လုကျိုးသည် မျက်မှောင်ကျုံ့မိသွား၏။ သူ၏အဋ္ဌမတပည့်ကို ဆက်တိုက် မလေ့လာသောကြောင့် ဘာအကြောင်းပြောနေမှန်း မသိပေ။
ထိုစဉ် လုလီက ထရပ်ပြီးပြောလိုက်၏။ "ဧကရာဇ်တစ်ခုခုဖြစ်နေတာပဲဖြစ်ရမယ်။ သွားကြ ရအောင်”
“သူ တစ်ခုခုလည်းဖြစ်လည်း ကျုပ်ကိစ္စမှ မဟုတ်တာ”
“မင်း အဲ့လိုပြောလို့မရဘူး။ မင်းကော ငါကော တိုင်းပြည်ကို အုပ်စိုးဖို့ အရည်အချင်းမရှိဘူး။ သူ တစ်ခုခုဖြစ်သွားခဲ့ရင် မင်းက သူ့နေရာမှာ ဦးစီးမှာလား။ ဒါ့အပြင် ကျင့်ကြံခြင်းအရင်းအမြစ်တွေ ငါတို့ဆီ ထောက်ပံ့ပေးဖို့ တိုင်းပြည်ကို လည်ပတ်ရေးအတွက် ထိန်းသိမ်းဖို့ သူ့ကိုလိုအပ်တယ်။ မင်းက ဒီတိုင်းနေလွန်းရင် သူက မင်းဦးဆောင်မှုနောက်လိုက်ပြီး အေးအေးဆေးဆေးနေတော့မှာပဲ။ အခုက ပွင့်ချပ်ဆယ့်တစ်လွှာကျင့်ကြံသူတစ်ယောက်အနေနဲ့ မင်းရဲ့ပုံစံကို ပြဖို့ အခွင့်ရေးကောင်းတစ်ခု။ ပြောရရင် အဝါရောင်ကြာနယ်မြေထဲမှာ မင်းက နံပါတ်တစ်ဆိုတာ ဘယ်သူက သဘောမတူရဲဘဲ ရှိမှာလဲ” လုလီက ပြောလိုက်သည်။
ကျူးဟုန်ကုန်းသည် ထိုစကားများကိုကြားသောအခါ မျက်လုံးချက်ချင်းလက်သွား၏။ သူက "ခင်ဗျား ပြောတာမှန်တယ်။ သွားကြရအောင်”
“ငါတို့နှစ်နာရီအတွင်းပြန်ရောက်လာမှာပါ”
“...”
လုကျိုးသည် ကောင်းကင်ကျမ်းစာစွမ်းအားကို ဖြတ်တောက်လိုက်၏။ အချိန်ကြာမြင့်စွာ ကြည့်ရှုခြင်းသည် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားများစွာ ကုန်ဆုံးစေ၏။ ကံကောင်းသည်မှာ ယခုအခေါက်တွင် သူအသုံးပြုခဲ့သော အထွတ်အထိပ်ဆန်းကြယ်စွမ်းအားပမာဏကို လျစ်လျူရှုထားနိုင်သည်။ လုလီက ထိုကိစ္စကို ဖြေရှင်းရန် အချိန်နှစ်နာရီကြာယူရမည်ဖြစ်သောကြောင့် နောက်နှစ်နာရီကြာပြီးမှ ထပ်စစ်ဆေးလျှင် နောက်ကျမည်မဟုတ်ပေ။
နောက်ထပ်သူစဉ်းစားရမည်က မွေးဖွားဇယားချပ်၆ခု အသက်သွင်းပြီးနောက် သူ၏မွေးဖွားစမ်းသပ်မှုပဲ ဖြစ်သည်။
လုကျိုးသည် သူ၏မွေးဖွားစမ်းသပ်မှု တည်နေရာအနေဖြင့် ကောင်းကင်ချားတောင်တန်းဒေသကို ဆုံးဖြတ်ခဲ့သည်။ မီးခုခံမှုစွမ်းရည်ချီးမြှင့်ပေးနိုင်သည့် အသက်ဓာတ်စွမ်းရည် သူ့တွင်ရှိသော်ငြား ကြမ်းတမ်းခက်ထန်သားရဲတချို့ကဲ့သို့ သူသည် အရည်ပျော်နေသော ချော်ရည်ကို ထိနိုင်မည်ဟု မဆိုလိုပေ။
သူ၏မွေးဖွားစမ်းသပ်မှုကို မဖြတ်ကျော်ခင် သူ အတည်ပြုရမည့်ကိစ္စတစ်ခုရှိသည်။ မဟာသရဲအစေခံလေးဦးထဲမှ တစ်ဦး သေသွားပြီဖြစ်သောကြောင့် ချင်မျိုးနွယ်၏ သခင်လေးက အငြိုးထားတတ်သည့်အကျင့်ရှိလျှင် ဤကိစ္စကို အလွတ်မပေးမှာ ကျိန်းသေသည်။ ချင်မျိုးနွယ်၏ သခင်လေးက ဤနေရာသို့ နောက်ထပ် သရဲအစေခံတစ်ယောက်ပို့လောက်သလားဟု တွေးနေမိသည်။
စိတ်ထဲတွင် ထိုအတွေးဖြင့် လုကျိုးက စီးဝူယာ့ဆီ သတင်းပို့ရန် တစ်ယောက်ယောက်ကို အမိန့်ပေးလိုက်၏။ သူက စီးဝူယာ့ကို တိမ်တိုက်တောင်ထဲရှိ နှင်းတောင်တန်း၏တောင်ထွတ်ဆီ ကျောင်းဟုန်ဖုကို ခေါ်သွားခိုင်းပြီး သင်္ကေတလမ်းကြောင်းကို ဖျက်ဆီးခိုင်းလိုက်၏။ တိကျန်းနှင့်ဆို စီးဝူယာ့အဖို့ နှင်းတောင်တန်းသို့သွားရန် ခက်ခဲမည်မဟုတ်ပေ။
လုကျိုးက ထိုကိစ္စရပ်များအားလုံးကို ဖြေရှင်းပြီးနောက် သူသည် ကောင်းကင်ချားတောင်တန်းဒေသဆီ ထွက်ခွာသွားလိုက်သည်။
နှစ်နာရီခန့်ကြာပြီးနောက် လုကျိုးသည် ကောင်းကင်ချားတောင်တန်းဒေသကို ရောက်သွားပြီဖြစ်သည်။ သူ နေရာဟောင်းသို့ပြန်ရောက်လာချိန်တွင် ဖော်ပြ၍မရသော စိတ်ခံစားချက်များ ပြည့်နေ၏။ သူ ဤနေရာသို့ ပထမဆုံးအကြိမ်ရောက်လာစဉ်က သူသည် ကောင်းကင်သိုင်းခုံရုံး၏ခုံရုံးသခင် ယွီချန်းရှုကို သတ်ဖြတ်ရန် သူ၏ခွန်အားအလုံးစုံကို အသုံးပြုခဲ့ရသည်။ ပွင့်ချပ်ကိုးလွှာလူသစ်တစ်ယောက်သာ ဖြစ်သေးသည်။ ယခုသူက မွေးဖွားဇယားချပ်၆ခု ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူတစ်ယောက် ဖြစ်နေလေသည်။ သူ ခံစားရသည့် ခံစားမှုများက သူက အမြင့်ဆုံးတောင်ထွတ်ပေါ်တွင် ရပ်နေပြီး သက်ရှိသတ္တဝါများအားလုံးကို ကြည့်နေနိုင်သည့်ပမာပင်။
တောအုပ်ထဲရှိ အနီရောင်သစ်ရွက်များ ကြွေကျသည့်ရှုခင်းကို ခံစားပြီးနောက် လုကျိုးသည် တောင်ကြားဆီ ပျံသန်းသွားတော့သည်။ သူ တောင်ကြားနားရောက်သောအခါ ဆင်ခြေလျှောတစ်ခု၌ အဆင့်မြင့်ကျင့်ကြံသူတစ်စု တစ်စုံတစ်ခုရှာဖွေနေတာ တွေ့လိုက်ရသည်။
“ဒီနေရာက ယွီချန်းရှု သေသွားတဲ့နေရာပဲ။ ကျင့်ကြံသူ တော်တော်များများ အဲ့ဒီတုန်းက သေခဲ့တယ်။ ငါတို့ရတနာရှာတဲ့အချိန် စိတ်ရှည်ရမယ်။ အောင်မြင်ခဲ့ရင် ငါတို့တစ်သက်လုံး ဝတ်ဖို့စားဖို့ စိတ်ပူစရာ မလိုတော့ဘူး”
“အမှန်ပဲ။ အဲ့ဒီတုန်းက ဘုံတစ်ထောင်လေပွေကျင့်ကြံသူတစ်ယောက်ပေါ်လာတယ်လို့ကြားမိတယ်။ အမှန်ပဲလား”
“ဘယ်သူသိမှာလဲ။ အဲ့ဒီတုန်းက ငါ ဒီမှာမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့တာ ငါတို့နဲ့မဆိုင်ဘူး။ ဒီနေရာကို ကြည့်ရင် ငါတို့အတွက် ရတနာ ရှာတွေ့လောက်တယ်” ကျင့်ကြံသူသုံးဦးက သူတို့သည် ဆင်ခြေလျှောရှိ ကျောက်နံရံများကြားထဲတွင် ရတနာများကို စိတ်ရှည်လက်ရှည်ရှာနေကြသည်။
လုကျိုးသည် သူတို့ကို အာရုံမစိုက်ဘဲ တောင်ကြားထဲဝင်တော့မည့်အချိန်တွင် နောက်ထပ် စကားသံများ ကြားလိုက်ရ၏။
“ငါတို့မမှောင်ခင် သွားရမယ်။ ကြမ်းတမ်းခက်ထန်သားရဲတွေကို သတိထားမှပဲ”
“မင်းပြောတာမှန်တယ်။ အဲ့ဒီကြမ်းတမ်းခက်ထန်သားရဲက ကြောက်စရာကောင်းလွန်းတယ်။ အနီးအနားက ဂိုဏ်းကြီးတွေတောင် ဘာမှမလုပ်နိုင်ဘူး။ တိမ်တိုက်တောင်က လူတွေလွှတ်ခဲ့တယ်။ ဒါပေမဲ့ သူတို့တတ်နိုင်တာ ဘာမှမရှိဘူး။ အဲ့ဒီကြမ်းတမ်းခက်ထန်သားရဲကို ရှောင်တာ ငါတို့အတွက် အကောင်းဆုံးပဲ”
ထိုစကားများကို ကြားသောအခါ လုကျိုးက လှစ်ခနဲပင် မျက်စိတစ်မှိတ်အတွင်း ထိုကျင့်ကြံသူသုံးယောက်ရှေ့၌ ပေါ်လာ၏။
ကျင့်ကြံသူသုံးယောက်သည် ကြောက်လန့်သွားသဖြင့် ယိုင်နဲ့သွားကာ လိမ့်သွားသည်။
လုကျိုးက သာမန်ကာလျှံကာ လက်ဝေ့ယမ်းလျက် စွမ်းအင်စည်းတံဆိပ်ကိုသုံးကာ သူတို့ ဆက်ပြုတ်မကျအောင် တားလိုက်သည်။ ပြီးနောက် သူက တားလိုက်၏။
“ဘာမှ ကြောက်စရာမလိုဘူး။ မေးခွန်းတစ်ခုမေးစရာရှိတယ်။ အမှန်အတိုင်းဖြေရင် ဆုရလိမ့်မယ်”
ပြဿနာတချို့ ရှောင်ရှားရန်အတွက် သူ၏သွင်ပြင်ကြောင့် သူသည် စကားပြောသည့်ပုံစံ ပြောင်းလိုက်သည်။
လေထဲတွင် တည်ငြိမ်စွာ ပျံဝဲနေသော လုကျိုး၏သွင်ပြင်ကြောင့် ကျင့်ကြံသူသုံးယောက်က ကြည့်ပြီး လုကျိုးက မယုံနိုင်စရာကောင်းလောက်အောင် ကျင့်ကြံဆင့်မြင့်မားသည့်လူတစ်ယောက်မှန်း ပြောနိုင်၏။ ထို့ကြောင့် သူတို့သည် မောက်မာထောင်လွှားစွာ မပြုရဲကြပေ။
“ကျေးဇူးပြုပြီး ပြောပါ အရှင်”
လုကျိုးက မေးလိုက်၏။
“အစောတုန်းက မင်းတို့ပြောတဲ့ ကြောက်ဖို့ကောင်းတဲ့ကြမ်းတမ်းခက်ထန်သားရဲက ဘာလဲ”
“ဪ ... အဲ့ဒီကိစ္စကို ပြောနေတာကိုး။ အဲ့ဒီကြမ်းတမ်းခက်ထန်သားရဲက အလွန်ကောက်ကျစ်တယ်။ သူ့ကို ခေါင်းလည်းမတွေ့ရ အမြီးလည်း မတွေ့ရဘူး။ ကောင်းကင်ချားတောင်တန်းထဲမှာ သူ့ကို တွေ့မြင်ပြီးတာ အကြိမ်ရေတချို့ ရှိနေပြီ။ တကယ်တော့ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ကျင့်ကြံသူတချို့ကို စားသွားသေးတယ်။ အနီးအနားက မဟာကျင့်ကြံသူတွေက ကျုပ်တို့ကို ဂရုစိုက်ပြီး မမှောင်ခင်ထွက်သွားဖို့ သတိပေးခဲ့တာ။ ကျုပ်တို့သိတာက ဒါအလွန်အစွမ်းထက်တယ်ဆိုတာပဲ”
“အလွန်အစွမ်းထက်တယ်လား” လုကျိုးက စဉ်းစားဆင်ခြင်လိုက်၏။
“တိမ်တိုက်တောင် ၁၂ခုက လူတွေ ဒီကိုရောက်လာပေမဲ့လည်း အသုံးမဝင်ဘူးလေ။ သူတို့က မွေးဖွားဇယားချပ်သားရဲကို ဖြေရှင်းချင်ကြတာ။ တချို့ပြီးတော့ ကျင့်ကြံသူတော်တော်များများ သေသွားတယ်။ ဒါပေမဲ့ ကြမ်းတမ်းခက်ထန်သားရဲက ဆံချည်တစ်မျှင်တောင် မဆုံးရှုံးခဲ့ဘူး။ ကျွန်တော်တို့ သိတာ ဒါပဲ။ ကျန်တာ ဘာမှမသိဘူး”
လုကျိုးက ခေါင်းညိတ်ပြီးပြောလိုက်သည်။ "သိပ်ကောင်းတယ်”
“အရှင် ဂရုစိုက်တာအကောင်းဆုံးပဲ။ မမှောင်ခင် ဒီနေရာကနေ ထွက်သွားဖို့အကြံပေးချင်တယ်။ တောင်ကြားထဲ မသွားနဲ့”
“မင်းရဲ့အကြံပြုချက်ကို စဉ်းစားလိုက်မယ်။ ဒါ မင်းတို့ဆုလာဘ်”
ထိုစကားများပြောပြီးသည်နှင့် လုကျိုးသည် မီတာ၁၀၀အကွာရှိသော ကျောက်တုံးအချို့ဆီ လက်ဝါးစည်းတံဆိပ်များ ပစ်လွှတ်လိုက်၏။
ဖုန်း ဖုန်း ဖုန်း
ပေါက်ကွဲသံသုံးသံ ပေါ်လာပြီးနောက် ကျောက်တုံးများ ပြိုကွဲသွားတော့သည်။
ကျင့်ကြံသူသုံးဦးသည် လုကျိုးကို ကြည့်ပြီး အံ့ဩဆွံ့အနေတော့သည်။ သူတို့က သူ့လုပ်ရပ်ကို နားမလည်ပေ။
လုကျိုးက ပြောလိုက်၏။ "သွား"
ထိုစကားများကို ကြားသောအခါ ကျင့်ကြံသူသုံးဦးက ရှေ့တိုးပြီး လုကျိုးရှင်းလင်းလိုက်သည့်နေရာကို ကြည့်လိုက်သည်။ သူတို့က အရိုးခြောက်များကို တွေ့ပြီး အချိန်အတော်ကြာ မှင်တက်သွား၏။ နောက်ဆုံး၌ အသိစိတ် ပြန်ကပ်လာသောအခါ သူတို့ကျေးဇူးတင်ရန် လှည့်လာသည်။ သို့သော် လုကျိုးမရှိတော့မှန်း တွေ့လိုက်ရ၏။
သူတို့သည် အရိုးစုပုံကြား၌ ကောင်းကင်အဆင့်လက်နက်ကို ရှာမတွေ့လောက်သော်ငြား အဝါရောင်အဆင့်နှင့် ဆန်းကြယ်အဆင့်လက်နက်ရှိလောက်သည်။
တောင်ကြားထဲတွင်ဖြစ်သည်။
လုကျိုးက ချော်ရည်နားတစ်ဝိုက် ပျံသန်းနေ၏။ ချော်ရည်မှအပူက မျက်နှာကို လာဟပ်သည်။ ကံကောင်းသည်မှာ သူသည် ကြမ်းတမ်းခက်ထန်သားရဲ၏ အသက်ဓာတ်နှလုံးသားမှ စွမ်းရည်ဖြင့် မြင့်မားသော အပူချိန်ကို ခံနိုင်ရည်ရှိသေးသည်။
သူသည် အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ ယီယောင်နှင့် ပထမဆုံးတွေ့သည့်နေရာသို့ ရောက်လာ၏။ သူသည် ပွက်ပွက်ဆူနေသော အနီရောင်ချော်ရည်များကိုကြည့်ပြီး သဘာဝကျွန်းကဲ့သို့ စီးဆင်းနေတာကို ကြည့်နေမိ၏။ ပူလောင်သောအထိအတွေ့က သူ၏မျက်နှာပေါ်ရှိ ပူလောင်သော ခံစားချက်က တကယ်ကြောက်မက်ဖွယ်ကောင်းသည်။ သာမန်ကျင့်ကြံသူတစ်ယောက်အဖို့ ဤအပူဒဏ်ကို ခံနိုင်ရည်ရှိဖို့က တကယ်ခက်ခဲသည်။
လုကျိုးက အတွင်းဖက်ကို ပျံသန်းသွားလေ၏။ ထိုစဉ်က ယီယောင်သည် ထိုအရပ်မျက်နှာဖက်ကို ပျံသန်းသွားတာကို သူ တွေးမိသွားသည်။ သူ၏လက်ရှိကျင့်ကြံမှုသည် ထိုစဉ်က ယီယောင်၏ ကျင့်ကြံဆင့်ထက် မြင့်မားနေသောကြောင့် စိုးရိမ်ပူပန်ခြင်းမရှိပေ။
ဗွမ်း
ချော်ရည်များ ရုတ်တရက် ပန်းထွက်လာသည်။ လုကျိုးက ချော်ရည်များကိုတားဆီးရန် ကာကွယ်ရေးစွမ်းအင်များကို အမြန်အသက်သွင်းလိုက်သည်။ သူ ခပ်နက်နက်သွားလေလေ လေထဲ ချော်ရည်များ ဆူပွက်လာသည့်အကြိမ်ရေ များလေလေဖြစ်သည်။ ကံကောင်းသည်မှာ ချော်ရည်များသည် သူ၏ကာကွယ်ရေးစွမ်းအင်ကို မချေဖျက်နိုင်။
အချိန်တချို့ကြာပြီးနောက် လုကျိုးသည် ယခင်ကထက် မြင့်မားလာသော အပူချိန်ကို ခံစားမိသောအခါ နောက်ဆုံးတွင် ရပ်တန့်လိုက်၏။ ပတ်ဝန်းကျင်ကို လေ့လာနေစဉ် သူ့ဘေးရှိ ကျောက်ဆောင်မှ ဧရာမကျောက်ဆောင်ကြီးတစ်ခု ထွင်းထွက်နေသည်ကို တွေ့လိုက်ရသည်။ သူသည် အဋ္ဌမတပည့်ကို စစ်ဆေးရန် ဆင်းသက်လိုက်၏။ ထိုသို့ပြုလုပ်ပြီးနောက် သူက မွေးဖွားစမ်းသပ်ချက်ကို ပြုလုပ်ရန် နေရာရှာမှာဖြစ်သည်။
လုကျိုးသည် ကောင်းကင်ကျမ်းစာ၏ အမြင်စွမ်းအားအတွက် မန္တန်ကိုရွတ်ဆိုပြီးနောက် လုကျိုးက အပြာရောင်အလင်းဖြင့် တောက်ပလာတော့သည်။
အဝါရောင်ကြာနယ်မြေသည် အလွန်ငြိမ်းချမ်းပုံပေါ်သည်။ ရှုခင်းက အလွန်သာယာသည်။ ယင်းက သုခဘုံကဲ့သို့ပင်။
ထိုစဉ် လုလီက ကျူးဟုန်ကုန်းကို သတိပေးလိုက်၏။
“ကျူးဟုန်ကုန်း အရှင်မင်းကြီးကို တွေ့တဲ့အချိန် မရိုင်းနဲ့” လုလီက ပြောလိုက်၏။
“ဟုတ်ပြီ ဟုတ်ပြီ။ ကျွန်တော် ခင်ဗျားပြောတာ နားထောင်မယ်” ကျူးဟုန်ကုန်းက ပြောလိုက်၏။
ရထားလုံးပျံသည် တာ့ချင်တော်ဝင်နန်းတော်အတွင်းထဲသို့ ဆင်းသက်ချိန်၌ ကျင့်ကြံသူလူများစွာ တဟုန်ထိုး တက်လာ၏။ သူတို့က ဒူးထောက်ကာ ကျူးဟုန်ကုန်းကို တညီတညွတ်တည်း ဦးညွှတ်လိုက်သည်။
“နှုတ်ခွန်းဆက်ပါတယ်။ အံ့ဖွယ်သခင် နောက်ဆုံးတော့ရောက်လာပြီပဲ”
အံ့ဖွယ်သခင်သည် ကျူးဟုန်ကုန်းကို တာ့ချင်ဧကရာဇ်က ပေးခဲ့သည့် ဘွဲ့အမည်ဖြစ်သည်။ ယင်းသည် တာ့ချင်ဧကရာဇ်နှင့် တူညီသည့်အဆင့်အတန်းရှိသည့် သင်္ကေတတစ်ခုဖြစ်သည်။
“ကျင့်ဝတ်တွေ မလိုဘူး” ကျူးဟုန်ကုန်းက လက်နောက်ပစ်ထားလျက် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့တက်သွားကာ ပြုံးလျက်ပြောလိုက်တော့သည်။
လူအုပ်ကြီးက ထရပ်လိုက်ပြီးနောက် တစ်စုံတစ်ယောက်က ပြောလိုက်သည်။
“အံ့ဖွယ်သခင် ... အရှင်မင်းကြီးက ခန်းမထဲမှာ အရှင့်ကိုစောင့်နေပါပြီ”
“ဟုတ်ပြီ”
လုလီက သူတို့ထဲမှ တစ်ယောက်ကို တားကာ မေးလိုက်တော့၏။ “သံတမန်တွေအကြောင်း ဘာသိသေးလဲ”
ကျင့်ကြံသူများက စိုးရိမ်ပူပန်စွာပြောလိုက်၏။ “သူတို့လူတော်တော်များများ သတ်ခဲ့တာကလွဲရင် ဘာမှမသိပါဘူး။ သူတို့ရဲ့ကျင့်ကြံဆင့်က နက်နဲတယ်လို့ ကုန်းကုန်းတစ်ယောက်ဆီကနေ ကြားထားတယ်။ အရှင်မင်းကြီးက သတိလက်လွတ် မပြုမူရဲတာကြောင့် အံ့ဖွယ်သခင်ကို ဒီနေရာဆီဖိတ်လိုက်တာပါ”
“လမ်းပြပေး”
“နားလည်ပါပြီ”
တာ့မင်၏တော်ဝင်နန်းတော်ရှိ ပင်မခန်းမထဲတွင်ဖြစ်သည်။
တာ့မင်၏ဧကရာဇ်ကျိဟုန်က စိုးရိမ်ပူပန်သောအမူအရာဖြင့် အပြင်ဖက်သို့ ကြည့်နေသည်။
“သူတို့ မရောက်သေးဘူးလား”
ပင်မခန်းဆောင်အပြင်ဖက်၌ ရပ်နေသော ကုန်းကုန်းက လှည့်ကြည့်ကာ ဦးညွှတ်ပြီးပြောလိုက်သည်။
“အရှင်မင်းကြီး ကျေးဇူးပြုပြီး ခေတ္တစောင့်တော်မူပါ”
ထိုစဉ် ဝတ်ရုံရှည်ဝတ်ထားသော လူသုံးယောက်က ခန်းမ၏ဘယ်ဖက်ခြမ်းတွင် ထိုင်နေ၏။ သူတို့က စိတ်မရှည်လက်မရှည် ဖြစ်နေကာ ကုန်းကုန်း၏စကားကို ကြားသောအခါ စိတ်မရှည်လက်မရှည် ထရပ်လိုက်သည်။
“မင်းပြောတဲ့ အံ့ဖွယ်သခင်က မောက်မာထောင်လွှားလွန်းတယ်။ သူ့ကိုစောင့်နေဖို့မလိုဘူး။ ငါတို့ သူ့ကို ပြီးမှ သွားရှာလိုက်မယ်။ အစောတုန်းက ငါတို့စကားတွေကို မင်း စဉ်းစားရမယ်” ထိုလူသုံးယောက်ထဲမှ တစ်ယောက်က ပြောလိုက်၏။
ကျိဟုန်က ပြောလိုက်သည်။
“မင်းရဲ့တောင်းဆိုချက်က လွန်ကဲလွန်းတယ်။ တာ့ချင်က တစ်နှစ်ပတ်လုံးမင်းတို့ကို မီးတောင်ထွက်အဆီအနှစ်တွေ ထောက်ပံ့ဖို့ ခက်ခဲလွန်းတယ်။ မင်းရဲ့တောင်းဆိုချက်ကို ငါ သဘောတူခဲ့ရင်တောင် တာ့ချင်ရဲ့ကျင့်ကြံသူတွေက အခဲမကြေဖြစ်မှာပဲ။ သူတို့ကို ဘယ်လို ရင်ဆိုင်ရမလဲ”
ထိုလူက ပြောလိုက်၏။
“ဒါက ငါတို့ပြဿနာ မဟုတ်ဘူး။ တကယ်တော့ သဘောမတူဖို့က မင်းအပေါ် မူတည်နေတာမဟုတ်ဘူး။ တကယ်တော့ မင်းက ဧကရာဇ်ဆိုတဲ့အချက်ကြောင့်သာမဟုတ်ရင် အစောတည်းက ငါ့ဓားနဲ့မင်းကို သတ်ပြီးပြီ” ပြောပြီးနောက် သူ လက်တစ်ဖက်ကိုမြှောက်ကာ သူ့ရှေ့၌ ဒေါင်လိုက်စွမ်းအင်ဓား ပေါ်လာပြီး ၎င်းကို ထိန်းချုပ်ရန် လက်နှစ်ချောင်းကို အသုံးပြုလိုက်သည်။
အဖြူရောင်စွမ်းအင်ဓားကို မြင်သောအခါ ကျိဟုန်၏အမူအရာက ချက်ချင်း အေးခဲသွား၏။ “မင်း ဘာလိုချင်တာလဲ”
“ခင်ဗျားကို ပြောပြီးသားပဲ။ မီးတောင်ထွက်အဆီအနှစ်တွေ ကျုပ်တို့ကိုပေးရမယ်”
ကျိဟုန်၏အမူအရာက မဲမှောင်သွား၏။ တစ်ချိန်တည်းတွင် နဂါးပလ္လင်၏ လက်ရမ်းပေါ်တင်ထားသော လက်က တုန်ယင်နေတော့သည်။
ခန်းမအပြင်ဖက်ရှိ အစိမ်းရောင်တိုင်များက သွေးများရွှဲနေပြီဖြစ်သည်။ ခန်းမအပြင်ဖက်၌ သွေးနံ့များ ပြည့်နေ၏။
ကျိဟုန်ဘေး၌ ရပ်နေသော အထိန်းတော်များ၊ ကုန်းကုန်းများက တုန်ယင်နေသည်။
ယင်းက တာ့ချင်ဧကရာဇ်ကျိဟုန်၏ လက်ရှိအခြေအနေပဲဖြစ်သည်။
...
အခန်း(၁၀၉၄) မျှော်နန်းသခင်လုက ဘယ်သူလဲ
တာ့ချင်၏ ဧကရာဇ်ဖြစ်သူ ကျိဟုန်က ခန္ဓာကိုယ် တုန်ယင်လာသလို ခံစားမိလိုက်သည်။ သူက လေထုထဲမှ ခုန်ထွက်လာသည့် ပညာရှင်သုံးဦးက နန်းတော်ရှိ ကျင့်ကြံသူများအား သတ်ဖို့ အဖန်ရည် ကျိုချက်ရန် အချိန်လောက်သာ ယူခဲ့ရသည်ကို မြင်တွေ့ခဲ့ရသည်။
ဤတစ်ကြိမ် ထိုသူတစ်ဦးက ကျိဟုန်အား ကြည့်ကာ ပြောလာ၏။
“ငါတို့ရဲ့အချိန်က အကန့်အသတ်ရှိတယ်။ အရှင်မင်းကြီး ဒီကိစ္စကို စဉ်းစားဖို့ အသက်ဆယ်ရှိုက်စာ အချိန်ရမယ်”
ခေတ္တမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ကျိဟုန်က အံကြိတ်ကာ ပြောလိုက်၏။
“ကောင်းပြီ…”
ဤတစ်ကြိမ် ခန်းမအပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့၏။ အသံလှိုင်းက ဒီရေလှိုင်းလိုမျိုး ခန်းမကို ဖြတ်တိုက်သွားသည်။
“ခဏနေဦး”
ထိုအသံကို ကြားကာ ကျိဟုန်က ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး စိတ်လှုပ်ရှားမှုကို မဖုံးကွယ်တော့ပေ။ သူက အလျင်အမြန် လျှောက်လှမ်းလာ၏။ သူက ခန်းမအပြင်ဘက်ကို ကြည့်ကာ ပြောလိုက်သည်။
“အံ့ဖွယ်သခင် ရောက်လာပြီ။ ခင်ဗျားတို့ သုံးယောက် သူ့ကို ပြောလိုက်။ သူက ကျုပ်ရဲ့ သွေးသောက်ညီအစ်ကိုပဲ။ ခင်ဗျားရဲ့ တောင်းဆိုချက်ကို သူ သဘောတူရင် ကျုပ်လည်း သဘောတူမယ်”
“အဲ့ဆို အချိန်မှီပဲ”
ထိုလူသုံးယောက်က ခန်းမအပြင်ကို လှည့်ကြည့်လိုက်ကြသည်။
ကျူးဟုန်ကုန်းက လက်နောက်ပစ်ကာ ဝင်ရောက်လာ၏။ အစပိုင်းတွင် သူက လွတ်လပ်သည့် အမူအရာမျိုး ပန်ဆင်ထားသည်။ သို့သော်လည်း မြေပြင်ပေါ်ရှိ အလောင်းများနှင့် သွေးနံ့တို့ကို ရသည့်အခါ သူ့မျက်နှာအထက် မျက်မှောင်ကျုံ့မှု ပေါ်ထွက်လာသည်။ ထိုသူများက အားကောင်းကြောင်း သိလိုက်၏။
မည်သို့ပင်ဆိုစေကာမူ လုလီက ဤတစ်ကြိမ် ပြိုင်ဘက်များသည် ဖြေရှင်းဖို့ လွယ်ကူမည် မဟုတ်ကြောင်း သိထားသည်။ သူ့ကျင့်ကြံဆင့်က ပြန်လည်မကောင်းသေးသည်မှာ ကံဆိုးပေ၏။
ဤတစ်ကြိမ် လွှမ်းမိုးဂိုဏ်းမှ ကျင့်ကြံသူ ရာချီက ကျုးဟုန်ကုန်းနှင့် လုလီနောက်တွင် လိုက်ပါလာကြသည်။ သူတို့က အတော်လေး ဟိတ်ကြီးဟန်ကြီး နိုင်လှ၏။ သို့သော် သူတို့ထဲရှိ အားအကောင်းဆုံးက ဒုက္ခမိုင်တစ်ရာရှုကွင်း အဆင့်သာ ရှိသေးသည်။
ထိုစဉ် ထိုအဖြူဝတ်ကျင့်ကြံသူ သုံးဦး၏ စိတ်ထဲတွင် တူညီသည့် အတွေးမျိုးသာ ရှိကြ၏။ ရှေ့ဆုံးတွင် ရပ်နေသည့် လူလတ်အမျိုးသားက အနိုင်ရသည့် အပြုံးမျိုး ပန်ဆင်လိုက်၏။
ကျုးဟုန်ကုန်းနှင့် အခြားသူများ ခန်းမအတွင်း ဝင်ရောက်လာသည့်အခါ ကျိဟုန်က အပြေးအလွှား ရောက်သွားသည်။ သူက အုပ်ချုပ်သူတစ်ယောက်၏ အငွေ့အသက်မျိုး မရှိတော့ပေ။ သူက ကျုးဟုန်ကုန်း၏ လက်ကို ဆွဲကာ ပြောလိုက်၏။
“ညီအစ်ကို နောက်ဆုံးတော့ ရောက်လာပြီပဲ”
ကျုးဟုန်ကုန်း၏ အရေပြားအထက် ကြက်သီးတဖြန်းဖြန်း ထသွားလေသည်။ ကျိဟုန်ဆီမှ ညီအစ်ကိုဟု သုံးစွဲခံရသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်၏။ ခေတ္တမျှ ကြာမြှင့်ပြီးသည့်နောက်တွင် သူက မေးလိုက်လေသည်။
“ဘာဖြစ်နေတာလဲ ဘာလို့ ဒီလိုမျိုး အလျင်စလို ခေါ်လိုက်ရတာလဲ”
“ငါ့မှာ ရွေးချယ်စရာ မရှိဘူး။ အပြင်ဘက်ကိုလည်း မြင်ပြီးလောက်ပြီမလား”
ကျုးဟုန်ကုန်းက ခန်းမထဲရှိ အဖြူဝတ်ကျင့်ကြံသူ သုံးဦးကို ကြည့်လိုက်သည်။ ထိုသူသုံးဦးကလည်း ကျူးဟုန်ကုန်းကို ပြိုင်တူလှည့်ကြည့်လာကြ၏။
ခေါင်းဆောင်နေရာရှိသူက မေးလိုက်သည်။
“ဒါက ဧကရာဇ် ပြောနေတဲ့ အံ့ဖွယ်သခင်ဆိုတာလား”
“ဟုတ်တယ် ဘာကိစ္စ ရှိလို့လဲ”
“ဒုက္ခမိုင်တစ်ရာရှုကွင်း ကျင့်ကြံသူတစ်ယောက် အနေနဲ့ မင်းက အတော်လေးကို မောက်မာတာပဲ။ ငါတို့သုံးယောက်က တာ့ချင်က ဒီနေရာကို ရောက်ဖို့ အဆုံးမဲ့ပင်လယ်ကို နှစ်တစ်ဝက်စာ ဖြတ်သန်းလာခဲ့ရတာ။ ငါတို့က ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူတွေ။ ဒါပေမဲ့ မင်းရဲ့ကျင့်ကြံဆင့်ပေါ် မူတည်ပြီး မင်းက ဘုံတစ်ထောင်လေပွေအဆင့်ဆိုတာ ကြားဖူးပါ့မလားပဲ”
လူလတ်အမျိုးသားက လှောင်ပြောင်ကာ ပြောလိုက်သည်။
ကျုးဟုန်ကုန်းက မျက်မှောင်ကျုံ့လိုက်ပြီး လုလီကို ကြည့်ကာ ပြောလိုက်၏။
“လောင်လု သူက ကျုပ် ဉာဏ်ရည်ကို အထင်သေးနေတာလား”
လုလီက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
“မင်းရဲ့ ဉာဏ်ရည်က အစကတည်းက မမြင့်ဘူးလေ”
“ခင်ဗျားက တည့်တိုးပြောလိုက်တာပဲ။ ခင်ဗျားကတောင် ကျုပ်ကို စော်ကားနေတာပေါ့။ ဘုံတစ်ထောင်လေပွေရဲ့ ကျင့်ကြံဆင့်က ဘာများ အံ့ဩဖို့ကောင်းလို့လဲ”
ကျုးဟုန်ကုန်းက လုလီ၏ စကားတွင် ဆွံ့အမိသွားသည်။
“…”
အဖြူဝတ်ကျင့်ကြံသူ သုံးဦးက ထိုစကားများကို ကြားသည့်အခါ အနည်းငယ် အံ့အားသင့်သွားကြ၏။ ကြည့်ရသည့်မှာ သူတို့ရှေ့တွင် ရှိနေသည့် ခပ်ဝဝ အမျိုးသားက အတော်အတန် ဗဟုသုတ ရှိဟန်ပေါ်သည်။
လုလီက ကျုးဟုန်ကုန်းကို ချက်ချင်း မတုံ့ပြန်ပေ။ ထိုအစား သူက အဖြူဝတ်ကျင့်ကြံသူများထံ သွားကာ မေးလိုက်သည်။
“အဖြူရောင်ကြာ နယ်မြေကလား”
အဖြူဝတ်ကျင့်ကြံသူ သုံးဦးက ထိုစကားများကြောင့် အံ့အားသင့်သွားကြသည်။
ရှေ့ဆုံးတွင် ရှိနေသည့်သူက မေးလိုက်၏။
“ခင်ဗျားက ဘယ်သူလဲ”
လုလီက ပြန်ကာမေးလိုက်သည်။
“မင်းတို့က အဖြူရောင်မျှော်စင်အဖွဲ့အစည်းကလား ဒါမှမဟုတ် တာ့မင်ရဲ့ တော်ဝင်ခုံရုံးကလား”
အဖြူဝတ်ကျင့်ကြံသူ သုံးဦးက ယခုအခါ ပိုမို အံ့အားသင့်သွားကြသည်။
“ခင်ဗျားက ဘယ်သူလဲ”
ခေါင်းဆောင်က ထပ်မံမေးလိုက်သည်။
လုလီက လှောင်ပြောင်ကာ ပြောလိုက်၏။
“မင်းက ငါနဲ့စကားပြောဖို့ အရည်အချင်း မပြည့်မှီဘူး။ အဖြူရောင်မျှော်စင်ရဲ့ အကဲဖြတ်သူ ရောက်လာရင်တောင် ငါ့ကို ဒီလိုမပြောရဲဘူး”
ထို့နောက် သူက အသံတိုးကာ ပြောလိုက်သည်။
“ငါက မျှော်စင်သခင်ရှားရဲ့ အမိန့်နဲ့ ရောက်နေတာ”
“…”
အဖြူဝတ်ကျင့်ကြံသူ သုံးဦးက အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။ သူတို့သုံးဦးက သူ့ရန်သူကို မည်သို့လွှတ်ပေးနိုင်မည်နည်း။
“ခင်ဗျားက အနက်ရောင် မျှော်စင်အဖွဲ့အစည်းကလား”
လုလီက အဝါရောင်ကြာနယ်မြေကို ရောက်ရှိသည်မှာ ကြာမြင့်လှပြီ ဖြစ်သောကြောင့် အဖြူရောင် မျှော်စင်အဖွဲ့အစည်းနှင့် အနက်ရောင်မျှော်စင် အဖွဲ့အစည်းရှိ အပြောင်းအလဲများကို မသိပေ။ သူ့ ကျင့်ကြံဆင့်က ပြန်မကောင်းသေးသည့်အတွက် အနက်ရောင် မျှော်စင်အဖွဲ့အစည်းကိုလည်း မဆက်သွယ်နိုင်သေးပေ။
အဖြူဝတ်ကျင့်ကြံသူ သုံးဦးက ချက်ချင်းဆိုသလို ဓားများ ဆွဲထုတ်လိုက်ကြသည်။ လေထုက ချက်ချင်းဆိုသလို တင်းကြပ်လာ၏။
လုလီက မျက်မှောင်ကျုံ့လိုက်၏။
အနက်ရောင် မျှော်စင်အဖွဲ့အစည်းကို ထုတ်ပြောတာက သူတို့ကို မတားဆီးနိုင်ဘူးဆိုတော့ ခက်ခဲတော့မှာပဲ…
“ဟို့ရှေးအချိန်ကတည်းက အဖြူရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အနက်ရောင် မျှော်စင်အဖွဲ့အစည်းတို့က ဆန့်ကျင်ဘက်မှာ ရပ်နေကြတာ။ ခင်ဗျားက အနက်ရောင်မျှော်စင် အဖွဲ့အစည်းကဆိုတော့ ကိစ္စတွေ ပိုပြီး လွယ်ကူသွားတာပေါ့”
ခေါင်းဆောင်က ပြောလိုက်သည်။
ထိုစဉ်
“ခင်ဗျားတို့ အားလုံး ပါးစပ်ပိတ်ထား” ကျုးဟုန်ကုန်းက ပြောပြီး ရှေ့တိုးလာသည်။
အဖြူဝတ်ကျင့်ကြံသူ သုံးဦးက ကျုးဟုန်ကုန်းကို စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်၏။
တခြားတစ်ဖက်တွင် ဧကရာဇ်ကျိဟုန်က စိတ်ရှုပ်ထွေးနေမိသည်။ သူက ပြောလိုက်သည့် စကားများကို နားလည်သော်လည်း အမြှီးအမောက် မတည့်ရဲပေ။
ကျုးဟုန်ကုန်းက ပြောလိုက်၏။
“လောင်လုက အနက်ရောင်မျှော်စင် အဖွဲ့အစည်းက … ဒါပေမဲ့ ငါက အနက်ရောင်မျှော်စင် အဖွဲ့အစည်းက မဟုတ်ဘူး”
“မင်းက ဘယ်သူလဲ”
အဖြူဝတ်ကျင့်ကြံသူတစ်ဦးက မေးလိုက်သည်။
“ငါ မင်းတို့ကို ပြောလိုက်ရင် သေလောက်အောင် ကြောက်သွားလောက်တယ်”
အဖြူဝတ်ကျင့်ကြံသူတစ်ဦးက ထိုစကားများကို ကြားသောအခါ အားပါးတရ ရယ်မောလိုက်၏။ သူက ရပ်တန့်ပြီးသည့်နောက်တွင် ရုတ်တရက် ဆိုသလို သတိပေးချက် မရှိပဲ ဓားခုတ်ချလိုက်သည်။
ကျုးဟုန်ကုန်းထံ လက်ဝါးစည်းတံဆိပ်က လျှပ်စီးလို အလျင်ဖြင့် ပျံသန်းလာ၏။
ကျုးဟုန်ကုန်းက လက်ကို အလျင်အမြန် မြှောက်လိုက်၏။ သူ့လက်အိတ်တစ်စုံ ချက်ချင်း ပေါ်ထွက်လာသည်။
ဘန်း
လက်ဝါးစည်းတံဆိပ် ပျောက်ကွယ်သွားပြီးနောက်တွင် ကျုးဟုန်ကုန်းက သူသည် တစ်လက်မပင် မရွေ့လျားလိုက်ရကြောင်း သိရှိသွားပြီး မထိမခိုက် ကျန်ရှိနေသည်။ သူက မယုံကြည်နိုင်စွာ ပြောလိုက်၏။
“ငါက ဒီလောက်တောင် အားကောင်းနေပြီလား”
လုလီက ပြောလိုက်သည်။
“မင်းရဲ့ ကျင့်ကြံဆင့်က အတော်လေး တိုးတက်လာတယ်။ မင်းရဲ့ လှုပ်ရှားမှုက ဘုံတစ်ထောင်လေပွေအဆင့်ကို ရောက်နေပြီ”
ထိုအဖြူဝတ်ကျင့်ကြံသူ သုံးဦး၏ မျက်နှာထားက ချက်ချင်းဆိုသလို မည်းမှောင်ကျသွားသည်။ သူတို့အားလုံးက ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူနှစ်ဦးနှင့် ရင်ဆိုင်နေရကြောင်း ကောက်ချက်ချလိုက်ကြသည်။
နောက်ဆုံးတွင် အဖြူဝတ်ကျင့်ကြံသူတစ်ဦးက ထပ်ပြောလာ၏။
“အနက်ရောင် မျှော်စင် အဖွဲ့အစည်းက လူက သေရမယ်”
ထိုစဉ် နောက်ထပ် အဖြူဝတ်ကျင့်ကြံသူတစ်ဦးက အသံတိုးတိုးဖြင့် ဝင်ဖြတ်ပြောလိုက်သည်။
“သတင်းတစ်ခု ရောက်လာတယ်”
“ခဏလေးနေဦး။ ငါ လုပ်လက်စ ပြီးအောင် လုပ်ပါရစေဦး”
“ဒါပေမဲ့ ဒါက တတိယအကြိမ်ပဲ”
ကျုးဟုန်ကုန်းက ရယ်မောကာ ပြောလိုက်၏။
“မင်းတို့ကို နောက်ဆုတ်ဖို့ အချိန်ပေးလိုက်မယ်။ ငါ့ရဲ့ နဂါးတောင်ကို သိမ်းပိုက်ထားတုန်းကတောင် မင်းတို့က ရွှံ့စေးနဲ့ ကစားနေတုန်းပဲ ရှိလောက်သေးတယ်”
ထိုစကားကို ကြားကာ လုလီက တိုးတိုးလေး ပြောလိုက်သည်။
“ကျားတောင်ရိုး မဟုတ်ဘူးလား”
“အာ မီးစင်ကြည့်ကစမ်းပါ။ ဒီလိုမျိုး လျှောက်လုပ်နေရင် ခင်ဗျားကို စကားထပ်မပြောတော့ဘူးနော်”
ကျုးဟုန်ကုန်းက တီးတိုးပြန်ပြောလိုက်သည်။ ထို့နောက် သူက သူ့ရှစ်စွင်း၏ အမူအရာအတိုင်း အတုခိုးကာ ထိုသူသုံးဦးအား ကြည့်လိုက်၏။
ထိုစဉ် ခေါင်းဆောင်ဖြစ်သူက ထောင့်တစ်နေရာ သွားကာ အဖြူရောင်အဆောင်ကို အသက်သွင်းလိုက်သည်။ သတင်းစကားကို ဖတ်ရှုပြီးသည့်နောက်တွင် သူက မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“စာထဲက ဘာပြောထားလို့လဲ”
နောက်ထပ် ကျင့်ကြံသူတစ်ဦးက မေးလိုက်သည်။
“ခေါင်းဆောင်က အဆောင်စာရွက်ကို မီးရှို့ပစ်လိုက်ပြီး လှည့်ကာ ပြောလိုက်သည်။
“ငါတို့တွေ အဝါရောင် ကြာနယ်မြေက ထွက်သွားရမယ်”
“ခေါင်းဆောင် လာနောက်နေတာလား။ ဒီနေရာကို ခက်ခက်ခဲခဲနဲ့ ရှာတွေ့ထားတာလေ။ အခုလို အလွယ်တကူနဲ့ ထွက်သွားစေချင်တာလား”
ခေါင်းဆောင်က ပြောလိုက်၏။
“တော်ဝင်မင်းဆရာက ငါတို့တွေ အမိန့် မနာခံဘဲ မနေဖို့ သတိပေးထားတယ်”
သူတို့သုံးဦးနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသည့် လုလီက ပြောလိုက်သည်။
“ကုန်းစွင်းယွမ်ရွှမ်းက အတော်လေးကို ဉာဏ်ကောင်းတဲ့သူပဲ။ ငါက တာ့ယွမ်ရဲ့ မြို့တော်က လုမျိုးနွယ်ရဲ့ မျိုးဆက်လည်း ဖြစ်တဲ့ လုလီပဲ။ မင်းတိုကို့ ငါ့မြင်ကွင်းက ပျောက်ကွယ်သွားဖို့ အသက်ဆယ်ရှိုက်စာ ပေးလိုက်မယ်”
လုမျိုးနွယ်လား …
အဖြူဝတ်ကျင့်ကြံသူ ခေါင်းဆောင်က ပြောလိုက်သည်။
“ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့။ ငါတို့က မင်းကြောင့် ထွက်သွားတာ မဟုတ်ဘူး”
လုလီက ပြုံးကာ ဘာမှ မပြောပေ။ လုမျိုးနွယ်ကို ကြောက်သည့်သူများက ထိုစကားများသာ ပြောလေ့ရှိ၏။
အဖြူဝတ်ကျင့်ကြံသူ ခေါင်းဆောင်က သတင်းစကားကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေမိသည်။
“မင်းကို အနက်ရောင်မျှော်စင် အဖွဲ့အစည်းက တတ်နိုင်သမျှ မြန်မြန်ထွက်သွားဖို့ အကြံပေးလိုက်မယ်။ ပြီးတော့ ဖက်တီး ဒီနေရာအတွက် တိုက်ခိုက်နေလို့ အသုံးမဝင်ဘူး။ ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ပိုက်နက်ပဲ။ တကယ်လို့ တော်ဝင်မင်းဆရာရဲ့ အမိန့်ကြောင့်သာ မဟုတ်ရင် မင်းတို့ကို သတ်ပြီးလောက်ပြီ”
လုလီက ဆွံ့အမိသွား၏။
ကျုးဟုန်ကုန်းက မျက်မှောင်ကျုံ့ကာ ရေရွတ်လိုက်သည်။
“ထပ်ပြောစမ်းပါဦး”
“ဖက်တီး”
“မဟုတ်ဘူး အဲဒီစကား ပြီးတော့”
ကျုးဟုန်ကုန်းက ပြောလိုက်သည်။
လုလီက သူ့ဘာသာသူ တွေးလိုက်၏။
လောင်ကျူး မင်းက အဲ့စကားကို ဘယ်လိုလုပ် သည်းခံနေရတာလဲ။
ခေါင်းဆောင်ဖြစ်သူက ပြောလိုက်သည်။
“ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ပိုင်နက်။ မိစ္ဆာဝေဟင်မျှော်နန်းက အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင် အဖွဲ့အစည်း နှစ်ခုလုံးမှာ လေးစားခံရပြီးတော့ လူသိများတယ်။ မျှော်နန်းသခင်လုက အဝါရောင်ကြာနယ်မြေက သူ့နယ်မြေလို့ ကြေညာပြီးသွားပြီ။ ငါတို့နှစ်ယောက်လုံးက အချိန်ချွေတာပြီးတော့ ဒီနေရာကနေ ထွက်သွားသင့်တယ်”
ကျုးဟုန်ကုန်းက သူ့ရှစ်စွမ်း၏ နာမည်က ကျိထျန်းတောက်သာ သိထားသည့်အတွက် နားမလည်နိုင်စွာ ထပ်မေးလိုက်သည်။
“ငါက မိစ္ဆာဝေဟင်မျှော်နန်းကိုတော့ သိပါတယ်။ ဒါပေမဲ့ မျှော်နန်းသခင်လုက ဘယ်သူတုံး”
“မင်းက မျှော်နန်းသခင်လုကို မသိတာ ပုံမှန်ပါပဲ။ ငါ မင်းကို ပြောပြမယ်…”
ကျုးဟုန်ကုန်းက စကားကို ဖြတ်ပြောလိုက်သည်။
“ငါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ရှစ်ယောက်မြောက် တပည့်ဆိုတာ ဘယ်သူကမှ မပြောကြဘူးလား”
အဖြူဝတ်ကျင့်ကြံသူက တုန်လှုပ်မိသွားသည်။ ထို့နောက် သူက ခေါင်းခါကာ ပြောလိုက်သည်။
“အဲ့ဒီအရာမျိုး တစ်ခါမှ မကြားဖူးပါဘူး”
...
အခန်း (၁၀၉၅) အံ့ဖွယ်သခင်၏ စွမ်းဆောင်ရည်
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့အဋ္ဌမမြောက်တပည့်လား။ မင်း ငါ့ကို အရူးလုပ်ဖို့ကြိုးစားနေတာလား”
အဖြူဝတ်ကျင့်ကြံသူခေါင်းဆောင်က ခေါင်းခါလိုက်လေ၏။
ကျူးဟုန်ကုန်းသည် သူ၏ရှစ်စွင်းနှင့် သူ၏တာ့ရှစ်ရှိုးကဲ့သို့ တင်းမာခက်ထန်စွာ ပြုမူရတာကို တကယ်သဘောမကျပေ။ သူ အလွန့်အလွန် ပင်ပန်းနေပြီဖြစ်၏။
မင်း ငါ့ကို ဖက်တီးလို့ခေါ်တာက အဆင်ပြေတယ်။ ငါ သည်းခံနိုင်တယ်။ ပြောရရင် ငါ ငယ်ငယ်လေးတည်းက ဒီလိုစကားကို ကြားရတာ အသားကျနေပြီ။ ဒါပေမဲ့ မင်းကများ ကျားတောင်ရိုးရဲ့ခေါင်းဆောင် အရင်မကောင်းဆိုးဝါးဘုရင် မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အဋ္ဌမမြောက်တပည့်ကို တစ်ခါမှ မကြားဖူးဘူးလို့ ရာရာစစ ပြောရဲတယ်ပေါ့။ ငါ ဒါကို တကယ်သည်းမခံနိုင်ဘူး။
ကျူးဟုန်ကုန်းက အနည်းငယ်လှည့်ရယ်လိုက်သည်။
“လောင်လု ခင်ဗျားသည်းခံနိုင်လား”
“ငါ သည်းမခံနိုင်ဘူး”
“ဒါဆိုရင် ကျုပ်ထပ်ပြီး သည်းမခံတော့ဘူး။ သည်းမခံလို့ရလား”
“မင်းရဲ့ရှစ်စွင်းက ကန့်သတ်ချက်ကို အမြဲတမ်းပြလေ့ရှိတာပဲ။ သူတို့လိုလူတွေကို သူ ဘယ်လိုဖြေရှင်းလဲ” လုလီက မေးလိုက်သည်။
“ကျုပ်ရဲ့ရှစ်စွင်းက သူတို့ကို လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့ လွင့်ထွက်အောင်လုပ်မှာ”
“ဒါဆို မင်းရဲ့ဆရာဆီကနေ တစ်ခုခုသင်ယူခဲ့လား”
“မသင်ယူခဲ့ရဘူး။ ကျုပ်ရဲ့ရှစ်စွင်းက ကပ်စေးနဲလွန်းတယ်” ကျူးဟုန်ကုန်းက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
လုလီက သက်ပြင်းချလိုက်၏။ “မင်း စိတ်တိုင်းကျတာလုပ်တော့”
ဤနည်းဖြင့် ကျူးဟုန်ကုန်းသည် ဇက်ကြိုးမှ ရုန်းထွက်လာသည့် မြင်းရိုင်းတစ်ကောင်ပမာ တစ်ဟုန်ထိုး ပေါ်ထွက်လာသည်။ ရွှေရောင်အလင်းဖြင့် တောက်ပနေသည့် လက်ဝှေ့အိတ်က သူ၏လက်ထဲတွင် ပေါ်လာသည်။ အဖြူဝတ်ကျင့်ကြံသူခေါင်းဆောင်ဆီသို့ လေပြင်းများ တိုက်ခတ်တော့၏။
ခေါင်းဆောင်သည် ကျူးဟုန်ကုန်း ရုတ်တရက် တိုက်ခိုက်တော့မည်ဟု မထင်ထားပေ။ သူသည် ခန်းမထဲရှိ အနီရောင်တိုင်ဘေးသို့အမြန်ဆုတ်ခွာပြီးပြောလိုက်သည်။
“ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူလေးကများ ဒီလိုမောက်မာရဲတယ်ပေါ့။ ငါ မင်းကို သတ်ပစ်မယ်။ ပြောရရင် မင်းလိုလူကို သတ်ရင် ငါကမျှော်နန်းသခင်လုကို စော်ကားမိမှာမဟုတ်ဘူး။ သူက သူ့ရဲ့နယ်မြေကို ကျူးကျော်နေတဲ့လူကို ငါ ဖယ်ရှားဖို့အတွက် ကူညီပေးလို့တောင် ပျော်နေလောက်တယ်မလား”
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ခေါင်းဆောင်သည် ပင်မခန်းမထဲ၌ စွမ်းအင်စည်းတံဆိပ်များဖြင့် ပစ်ခတ်လိုက်သည်။
ခန်းမထဲရှိတိုင်များပေါ်၌ အက်ကွဲကြောင်းများ စတင်ပေါ်ပေါက်လာသည်။ ဆူညံသံများက လေထဲ မြည်ဟည်းလာ၏။ ဤအတိုင်းဆက်ဖြစ်ပွားနေလျှင် ပင်မခန်းဆောင်ပြိုလဲသွားမည်မှာ သေချာနေ၏။
တာ့မင်၏ ဧကရာဇ်ကျိဟုန်သည် ယခုက ပင်မခန်းဆောင်ဖျက်ဆီးခံရခြင်းကြောင့် စိတ်ဓာတ်ကျနေရမည့်အချိန် မဟုတ်မှန်း သိနေသည်။ သူက ဘေးသို့အမြန်နောက်ဆုတ်လိုက်၏။
ကုန်းကုန်းတစ်စုနှင့် ရံရွေတော်များကကျိဟုန်ကို ချက်ချင်းဝိုင်းထားလိုက်သည်။
ယင်းကို မြင်သောအခါ သူတို့ကို တွန်းလွှတ်ပြီး ပြောလိုက်သည်။ “မသုံးမဝင်ဘူး”
အသုံးမဝင်သော်ငြား ထိုအထိန်းတော်များနှင့် ရံရွေတော်များသည် ဧကရာဇ်အန္တရာယ်တွေ့နေချိန်၌ မည်ကဲ့သို့ ဘေးထွက်ရပ်နေနိုင်မည်နည်း။ သူတို့သည် အလွန်ဆုံးမှ အသားဒိုင်းများသာ ဖြစ်နေသော်ငြား ဧကရာဇ်ကို ကာကွယ်နိုင်သေးသည်။
ထိုစဉ် နန်းတော်ထဲရှိ လူအများစုက သာမန်ကျင့်ကြံသူဟု ထင်ရသော သုံးယောက်သည် ကပ်ဘေးဆောင်ယူလာနိုင်ကြောင်း သိသွားလေ၏။ သူတို့အမြင်တွင် တာ့မင်၏အနာဂတ်နှင့် စည်ပင်ဝဖြိုးမှုက ယခုအချိန်၌ ကျူးဟုန်ကုန်းပေါ် မူတည်နေပြီဖြစ်သည်။
အဖြူဝတ်ကျင့်ကြံသူခေါင်းဆောင်က သူ၏တိုက်ခိုက်မှုသည် ကျူးဟုန်ကုန်း၏ ခန္ဓာကိုယ်ပေါ်ကျရောက်ပြီးနောက် သူ ဒဏ်ရာမရတာကို မြင်သောအခါ အံ့ဩမိသွား၏။ သူက လှည့်ပြီး ဟိန်းဟောက်လိုက်တော့သည်။ “အဲ့မှာရပ်မနေနဲ့ တစ်ခုခုလုပ်ကြလေ”
ကျန်သည့်အဖြူဝတ်ကျင့်ကြံသူနှစ်ယောက်ကလည်း တိုက်ပွဲထဲချက်ချင်း ဝင်လာတော့သည်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
လူသုံးယောက်က တပြိုင်နက်တည်း တိုက်ခိုက်လေ၏။
ဘန်း
ကျူးဟုန်ကုန်းသည် အငိုက်မိသွားကာ ခန်းမအပြင်ဖက်သို့ လွင့်ထွက်သွားသည်။
ခန်းမက အက်ကွဲသံများ ပေါ်လာ၏။ ပြိုလဲတော့မည့်ပုံပေါ်သည်။ လုလီနှင့် ရေလွှမ်းခြင်းဂိုဏ်းတပည့်များက ခန်းမထဲမှ ချက်ချင်းထွက်သွားတော့သည်။
အဖြူဝတ်ကျင့်ကြံသူသုံးဦးသည် ခန်းမအပြင်ဖက်သို့ထွက်သွားလျက် လေထဲပျံဝဲနေတော့သည်။ ခေါင်းဆောင်က ပြောလိုက်၏။
“မင်းက ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးလား”
“အစတည်းက ဟုတ်တယ်လို့ မပြောခဲ့ဘူး” ကျူးဟုန်ကုန်းက ကျယ်လောင်စွာပြောပြီး သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လိုက်သည်။
ဘီး
ခန်းမထဲ၌ စွမ်းအင်ပဲ့တင်သံပေါ်ထွက်လာပြီး ကျူးဟုန်ကုန်းနောက်၌ တလက်လက်တောက်ပနေသည့် ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုပေါ်လာသည်။ ယင်းက ပကတိမျက်လုံးဖြင့်မြင်နိုင်သောနှုန်းဖြင့် ပေ ၄၅၀ထိ ကြီးထွားလာ၏။ စိတ်ဝိညာဉ်သဏ္ဌာန်၏ နောက်ကျော၌ ရွှေရောင်ရောင်ခြည်ရှိနေပြီး စိတ်ဝိညာဉ်သဏ္ဌာန်က ဝန်းရံနေလေ၏။
တောက်ပနေသော ရွှေရောင်အလင်းတို့သည် အစောင့်များနှင့် တာ့မင်ကျင့်ကြံသူများအား မြေပြင်ပေါ်တွင် ဝပ်တွားစေလျက် သူတို့၏အံ့ဖွယ်သခင်ကို လှမ်းခေါ်မိစေတော့သည်။
ဓမ္မခန္ဓာနောက်၌ ရွှေရောင်ရောင်ခြည်က ပွင့်ချပ်ဆယ့်တစ်လွှာဝန်းရံနေ၏။
တာ့မင်၏ဧကရာဇ်ကျိဟုန်က မြင့်မားလှသော စိတ်ဝိညာဉ်သဏ္ဌာန်ကို မော့ကြည့်ပြီး သူ နှုတ်ခမ်းအနည်းငယ်တုန်ယင်နေကာ သူ့ဖာသာသူတွေးလိုက်တော့သည်။ ဒါက ဘယ်တော့မှပြိုလဲမှာ မဟုတ်တဲ့ တာ့မင်ရဲ့မဟာထောက်တိုင်ပဲ။
အဖြူဝတ်ကျင့်ကြံသူတစ်စု၏ခေါင်းဆောင်က ထိတ်လန့်မှုဖြင့် မျက်လုံးပြုးကျယ်နေကာ ပြောလိုက်တော့သည်။
“ဒါ ဘယ်လိုစိတ်ဝိညာဉ်သဏ္ဌာန်မျိုးလဲ”
သူ၏ဘဝတွင် ဤကဲ့သို့ စိတ်ဝိညာဉ်သဏ္ဌာန်မျိုးကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ ပိုတောင် ထိတ်လန့်စရာကောင်းသည်က စိတ်ဝိညာဉ်သဏ္ဌာန်နောက်တွင်ရှိနေသည့် ပွင့်ချပ်ဆယ့်တစ်ခုပဲဖြစ်သည်။
ထိုစဉ် ကျူးဟုန်ကုန်းက စကားတစ်ခွန်းမှမဆိုဘဲ ကျောက်တုံးပေါ်ထောက်နင်းလျက် မြန်ဆန်သောအရှိန်ဖြင့် တဟုန်ထိုးထွက်လာသည်။ သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်က လိုက်ပါလာပြီး သူ၏လက်ဝှေ့အိတ်ဖြင့် ထိုးနှက်လိုက်တော့သည်။
စွမ်းအင်လက်သီးက စွမ်းအင်ဓားနှင့်တိုက်မိသွားသောအခါ အဖြူဝတ်ခေါင်းဆောင်ကျင့်ကြံသူသည် တိုက်ခိုက်မှုဖိအားကြောင့် မှင်တက်သွားတော့သည်။ သူ သိထားပုံအရ မွေးဖွားဇယားချပ်၁၂ခုရှိသည့် ပညာရှင်များသာလျှင် ပွင့်ချပ်ဆယ့်တစ်ခုရှိသည်။ သူ့ရှေ့ရှိ ဖက်တီးက အနိုင်ယူ၍မရသော ရန်သူဟူ၍ ရင်ထဲခံစားနေမိသည်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
စွမ်းအင်လက်သီးတစ်ထောင်ကျော်က ခေါင်းဆောင်ပေါ်ကျရောက်သွား၏။ တစ်ချိန်တည်းတွင် ကျန်သည့် အဖြူဝတ်ကျင့်ကြံသူနှစ်ဦးကလည်း စိတ်ဝိညာဉ်သဏ္ဌာန်များဖြင့် ခုန်ဆင်းလာတော့သည်။
ဘန်း
ထိုလူနှစ်ယောက်က ချက်ချင်းလွင့်ထွက်သွားလေ၏။
“သူ့ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်က လှုပ်နိုင်တယ်လား”
လူနှစ်ယောက်သည် မီတာဒါဇင်ချီလွင့်ထွက်သွားပြီးနောက် နောက်ဆုံး၌ မြဲမြံစွာရပ်နိုင်သွား၏။ သူတို့သည် လှုပ်ရှားနိုင်သောစိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်သောအခါ ထိတ်လန့်သွားတော့သည်။
ကျူးဟုန်ကုန်းသည် ကြာပွင့်ဖြင့် စိတ်ဝိညာဉ်သဏ္ဌာန်က ခြေလက်များလှုပ်ရှားနိုင်ကြောင်း ရှာတွေ့ခဲ့ပြီးတာ ကြာပြီဖြစ်သည်။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ထိန်းချုပ်ကာ ခေါင်းဆောင်ဆီ တဟုန်ထိုးတက်သွားပြန်၏။ သူက ရက်စက်ကြမ်းကြုတ်သောကျားတစ်ကောင်ဖြစ်ခဲ့လျှင် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်က ပိုကြီးမားသည့် ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင်ဖြစ်သည်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ကျူးဟုန်ကုန်းသည် သူ၏လက်သီးကို လွှဲရမ်းကာ စွမ်းအင်လက်သီးများသည် မိုးသဖွယ်ရွာသွန်းကျလာပြီး သူတို့ပတ်ဝန်းကျင်ရှိ အဆောက်အအုံများကို ဖျက်ဆီးနေတော့သည်။
အဖြူဝတ်လူသည် လက်သီးနှစ်ခုကို မတိုက်ခိုက်နိုင်ပေ။ သူသည် ကျူးဟုန်ကုန်း စိတ်ဝိညာဉ်သဏ္ဌာန်နှင့် စွမ်းအင်လက်သီးကို ပိတ်ဆို့ရန် သူ၏ကြယ်တာရာဒိုင်ခွက်ကို သုံးရသည်။
ထိုစဉ် လုလီက အံ့ဩထိတ်လန့်သွား၏။ ပွင့်ချပ်ဆယ့်တစ်လွှာသည် မွေးဖွားဇယားချပ်သုံးခု ဘုံတစ်ထောင်လေပွေကျင့်ကြံသူနှင့် မည်ကဲ့သို့ယှဉ်နိုင်သနည်း။ ထို့အပြင် ကျူးဟုန်ကုန်းသည် သူ၏ ပွင့်ချပ်ဆယ့်တစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် တိုက်ခိုက်တာ အသားမကျသေးတာ သိသာနေသော်ငြား အနေအထားကိုကြည့်လျှင် ကျူးဟုန်ကုန်းသည် ထိုလူသုံးယောက်လုံးကို အနိုင်ယူဖို့က ပြဿနာမရှိလောက်ပေ။
လုလီက ကျူးဟုန်ကုန်းကို ဂရုတစိုက်လေ့လာလိုက်၏။
အဖြူဝတ်ကျင့်ကြံသူက မောပန်းနေပြီဖြစ်သည်။ သူ၏ကြယ်တာရာဒိုင်ခွက်ကို ဖယ်လျက် နောက်သို့ပျံသန်းသွားသည်။
ထိုစဉ် ကျန်သည့်သူနှစ်ယောက်က သူတို့စွမ်းအင်ဓားများကို ထုတ်လွှင့်ကာ ကျူးဟုန်ကုန်းဆီ တဟုတ်ထိုးဝင်သွားလေ၏။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ကျူးဟုန်ကုန်းသည် တိုက်ခိုက်မှုများကို ပိတ်ဆို့ရန် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို အလိုလိုလှုပ်ရှားလိုက်သည်။ စိတ်ဝိညာဉ်သဏ္ဌာန်က စွမ်းအင်ဓားများကို ပိတ်ဆို့လိုက်သည်သာမက ယင်းက အဆင်ပြေနေသည်။
“...”
“ရပ်လိုက်”
အဖြူဝတ်ကျင့်ကြံသူခေါင်းဆောင်က လက်မြှောက်ကာ လေထဲပျံဝဲနေ၏။
ထိုစဉ် သူသည် သူ၏ထူးကဲချီသွေးကြောရှစ်ခုထဲ၌ အဆင်မပြေသည့်ခံစားချက်ကို ရနေသည်။
အဖြူဝတ်ကျင့်ကြံသူနှစ်ယောက်က သူတို့ခေါင်းဆောင်ဖက်ဆီသို့ ချက်ချင်းပျံသန်းသွား၏။
ခေါင်းဆောင်က ကျူးဟုန်ကုန်းကို ကြည့်ပြီးပြောလိုက်သဲည်။ “ငါ့နာမည်က ဝမ်ချောင်။ မင်းက ဘယ်သူလဲ”
ကျူးဟုန်ကုန်းက အခဲမကြေစွာပြောလိုက်တော့၏။ “ငါက မိစ္ဆာဝေဟင်မျှော်နန်းကလို့ မင်းကို ပြောပြီးသားပဲ။"
ဝမ်ချောင်က မျက်မှောင်ကျုံ့လိုက်၏။ ဤကိစ္စကို အငြင်းပွားခြင်းက အကျိုးမထူးဟု ခံစားမိသည်။
“မိစ္ဆာဝေဟင်မျှော်နန်းတဲ့လား။ နောက်နေတာ တော်လောက်ပြီ။ မင်း ဒီလိုလုပ်ရင် ဘာအကျိုးအမြတ်မှ ရမှာမဟုတ်ဘူး။ မျှော်နန်းသခင်လုရောက်လာရင် အားလုံးသေလိမ့်မယ်”
ကျူးဟုန်ကုန်းသည် ယခင်က မျှော်နန်းသခင်လုအကြောင်း တစ်ခါမှမကြားဖူးပေ။ သူ့ရှစ်စွင်း၏ အမည်သည် ကျိထျန်းတောက်ဖြစ်သည်။ ထိုသို့ဆိုလျှင် မျှော်နန်းသခင်လုသည် မည်သည့်နေရာမှ လာသနည်း။ သူက အတော်လေးစိတ်ရှုပ်ထွေးနေ၏။
အဝါရောင်နှင့် ရွှေရောင်က ဆင်တူသောကြောင့် အဖြူဝတ်ကျင့်ကြံသူသည် ကျူးဟုန်ကုန်း၏ ရွှေရောင်ကိုသတိမပြုမိခဲ့တာဖြစ်နိုင်သည်။
“ဖက်တီးငပု မင်း ဂရုစိုက်ရင် ပိုကောင်းမယ်။ သွားကြမယ်” ဝမ်ချောင်က ပြောပြီးလှည့်ထွက်သွား၏။ ဤနည်းဖြင့် ထိုလူသုံးယောက်သည် ဘာမှမပြောဘဲ ပြန်ထွက်သွားသည်။
ငါ့ကိုဖက်တီးလို့ခေါ်တာ သည်းခံနိုင်ပေမဲ့ ငါ့ကို ဘယ်လိုလုပ် အရပ်ပုတယ်လို့ ပြောရဲရတာလဲ။
ကျူးဟုန်ကုန်းက ခြေဆောင့်နင်းပြီး ထိုလူသုံးယောက်နောက်လိုက်လေ၏။ ယင်းကိုမြင်သောအခါ လုလီက အမြန်ပြောလိုက်သည်။
“အဲ့ဒီလူတွေနောက် မလိုက်နဲ့”
ကျူးဟုန်ကုန်းက လုလီကို အာရုံမစိုက်ဘဲ ဝမ်ချောင်နောက် လိုက်ဖမ်းလေ၏။
လုလီက လေးနက်သောအသံဖြင့်ပြောလိုက်သည်။
“ရေလွှမ်းမိုးခြင်းဂိုဏ်းရဲ့ပင်မတပည့်တွေ ငါနဲ့လိုက်ခဲ့။ တော်ဝင်နန်းတော်ထဲက ပညာရှင်တွေ ငါနဲ့လိုက်ခဲ့”
“နားလည်ပါပြီ”
လုလီသည် အဝါရောင်ကြာနယ်မြေမှ ကျင့်ကြံသူထောင်ချီကို ဦးဆောင်ပြီး ကျူးဟုန်ကုန်းနောက် လိုက်သွားလေ၏။
မကြာမီ၌ သူတို့သည် မြို့တော်၏မြောက်ဖက်တောင်တန်းဆီရောက်သွားတော့သည်။
“ခေါင်းဆောင် သူ လာနေပြီ” အဖြူဝတ်ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။ ဝမ်ချောင်က ပြောလိုက်သည်။ “သူသေချင်တယ်ဆို သေခွင့်ပေးလိုက်။ ငါတို့ပြီးမှ သင့်တော်သလိုလှုပ်ရှားမယ်”
“ခေါင်းဆောင် တော်ဝင်မင်းဆရာဆီကနေ နောက်ထပ်သတင်းရလိုက်ပါတယ်”
“ငါတို့ဖြေရှင်းစရာရှိသေးတယ်။ ဒီကိစ္စကို အရင်ဖြေရှင်းကြတာပေါ့” ဝမ်ချောင်က ပြောလိုက်၏။
“နားလည်ပါပြီ”
ထိုလူသုံးယောက်သည် သစ်ပင်ထိပ်ဖျားပေါ် ဆုံးဖြတ်ချက်ပြတ်သားစွာ ဆင်းသက်လိုက်၏။
ကျုးဟုန်ကုန်းသည် လေကဲ့သို့ မြန်ဆန်လှပေသည်။ သို့သော်ငြား သူ၏စွမ်းအားအသစ်နှင့် မရင်းနှီးသောကြောင့် လေထဲယိမ်းယိုင်နေပြီးမှ ရပ်တန့်နိုင်ခဲ့သည်။
ဝမ်ချောင်က ရယ်ချင်စိတ်ကို ဖိနှိပ်ထားလျက်ပြောလိုက်သည်။
“သောက်ဖက်တီးငပု မင်းက ငါတို့နောက် တကယ်လိုက်ရဲတယ်ပေါ့”
“ထပ်ပြောကြည့်လိုက်။"
“သောက်ဖက်တီးငပု သောက်ဖက်တီးငပု”
တကယ်တော့ ကျူးဟုန်ကုန်းက အရပ်မပုပေ။ သူ့ကိုအရပ်မြင့်သည်ဟု သတ်မှတ်နိုင်သည်။ ဝမ်ချောင်က ကျူးဟုန်ကုန်းကို ငပုဟု ခေါ်ရခြင်းမှာ ဝမ်ချောင်က ပုံမှန်မဟုတ်အရပ်မြင့်နေသောကြောင့်ဖြစ်ပြီး ယှဉ်ကြည့်လျှင် လူတိုင်းက ပုနေ၏။
ကျူးဟုန်ကုန်းက ဒေါသထွက်လာတော့သည်။
ဝမ်ချောင်က ပြုံးပြီးပြောလိုက်သည်။
“မနှောင့်ယှက်နဲ့။ ငါ သူ့ကို ဘယ်လိုဆော့ကစားလဲကြည့်”
“ကောင်းပါပြီ ခေါင်းဆောင်။ ဒါကို မြန်မြန်လေးအဆုံးသတ်လိုက်ရအောင်”
“စိတ်မပူနဲ့” ဝမ်ချောင်က ကျူးဟုန်ကုန်းဆီ တဟုန်ထိုးတက်သွားလိုက်သည်။ သူ၏ခွန်အားနှင့်အရှိန်က နန်းတော်ထဲတွင် တိုက်ခိုက်ချိန်နှင့်ယှဉ်လျှင် နှစ်ဆမြန်ပြီး နှစ်ဆပိုသန်မာလာ၏။ သူ၏ဓားကို ဆွဲထုတ်လိုက်တော့သည်။
ကျူးဟုန်ကုန်းသည် ဝမ်ချောင်၏ခွန်အားတိုးလာသောကြောင့် ထိတ်လန့်သွားတော့သည်။ သူက ဘယ်ညာရှောင်ပြီး ဝမ်ချောင်၏တိုက်ခိုက်မှုများကို ပိတ်ဆို့ရန် စွမ်းအင်လက်သီးများကို ရံဖန်ရံခါ ထုတ်လွှင့်လိုက်တော့သည်။
နှစ်ဖက်က ပြင်းထန်စွာတိုက်ခိုက်နေလေ၏။
သူတို့နှစ်ယောက်ပြင်းထန်စွာတိုက်ခိုက်နေမှုမှ စွမ်းအင်များသည် တစ်ကီလိုမီတာအတွင်းရှိ သစ်ပင်ကို ထက်ခြမ်းကွဲသွားစေ၏။
“ဒီခွန်အားလေးနဲ့ ငါတို့နောက်လိုက်ရဲတယ်ပေါ့” ဝမ်ချောင်က ပြောပြီး ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်တော့သည်။
စွမ်းအင်ဓားများက လည်ပတ်နေပြီး အရပ်မျက်နှာအနံ့ပစ်ထုတ်လိုက်ကာ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာ၏။
ဘီး
စွမ်းအင်လှိုင်းတစ်ခုပေါ်ထွက်လာပြီး ကျူးဟုန်ကုန်းကို လွင့်ထွက်သွားစေ၏။ သူက လေထဲအကြိမ်ရေအနည်းငယ် လည်ထွက်သွားပြီးနောက် မြဲမြံစွာရပ်ကာ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်လိုက်သည်။ ယင်းသည်လည်း ပေ၄၅၀မြင့်ပြီး သူ၏ ပွင့်ချပ်ဆယ့်တစ်ခုစိတ်ဝိညာဉ်သဏ္ဌာန်နှင့် လုံးဝကွဲပြားခြားနားနေသည်။
ထိုစဉ် လုလီနှင့်ကျန်သည့်ကျင့်ကြံသူများက နောက်ဆုံး၌ ရောက်လာတော့သည်။
ကျူးဟုန်ကုန်းက အမြန်ပြောလိုက်၏။
“ငါတို့နောက်တစ်ခေါက်မှ တိုက်ခိုက်ရအောင်လား” သူက ထိုသို့ပြောပြီး အမြန်လှည့်ထွက်သွား၏။
“ရို့ ... အစောတုန်းက မင်းရဲ့မောက်မာထောင်လွှားမှုတွေ ဘယ်ရောက်သွားတာလဲ။ မင်း ထွက်သွားလို့ မရဘူး” ဝမ်ချောင်က ပြောလိုက်သည်။ သူ၏မဟာနည်းစနစ်ကို ထုတ်ဖော်ပြီးနောက် မျက်စိတစ်မှိတ်အတွင်း သူသည် ကျူးဟုန်ကုန်းရှေ့ရောက်သွားသည်။ ပြီးနောက် သူသည် ကျူးဟုန်ကုန်းကို ဓားဖြင့်ထိုးစိုက်လိုက်သည်။
ဘန်း
ဝမ်ချောင်က သူ၏ခွန်အားကို ထိန်းချုပ်မထားပေ။
“မင်းနဲ့ဆော့ကစားဖို့ အချိန်မရှိဘူး။ အခု ငါ မင်းကို အပြီးသတ်တော့မယ်” တဆက်တည်းပင် ဝမ်ချောင်က သူ၏ဓားကို တွန်းထုတ်လိုက်၏။ သူ၏ဓားက ရှေ့၌ ပျံဝဲနေစဉ် သူက လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်၏။ သဘာဝနှင့်တစ်သားတည်း ဖြစ်ပုံပေါ်သော ကနဦးချီက သူ၏ခြေထောက်အောက်၌ ချက်ချင်း မြင့်တက်လာတော့သည်။ မကြာမီ၌ သူ့ခြေထောက်အောက်၌ ပါ့ကွစည်းတံဆိပ်က ထွန်းလင်းတောက်ပလာပြီး တာအိုသင်္ကေတများပေါ်လာသည်။ ယင်းက တာအိုဓားသိုင်း သတ်ဖြတ်ခြင်းနည်းပဲ ဖြစ်သည်။
ကျူးဟုန်ကုန်းက ခြေလှမ်းတချို့နောက်ဆုတ်လိုက်သည်။ သို့သော် ဓား၏အဟုန်က တည်ဆောက်ထားပြီးဖြစ်ကာ ကျူးဟုန်ကုန်း နောက်ဆုတ်ရန် မဖြစ်နိုင်တော့သည့်အနေအထားသို့ ရောက်သွားပြီဖြစ်သည်။
စွမ်းအင်ဓားများက လေဆင်နှာမောင်းထဲ စတင်စုဝေးလာပြီး ပါ့ကွစည်းတံဆိပ်မှ အကန့်အသတ်မဲ့စွမ်းအင်တို့ကြောင့် မြင့်တင်ခံလိုက်ရသည်။ ပြီးနောက် သူတို့က မြန်ဆန်သောအရှိန်ဖြင့် ကျူးဟုန်ကုန်းဆီ တိုးဝင်သွား၏။
“ငါ သေတော့မယ်”
သေရေးရှင်ရေးအချိန်၌ လုလီက ကမန်းကတန်းရောက်လာပြီးအော်ပြောလိုက်၏။ “လောင်ကျူး ကြယ်တာရာဒိုင်ခွက်”
“ဪ” ကျူးဟုန်ကုန်းက သူ၏ခြေထောက်အလိုလိုရွေ့လိုက်တော့၏။ ကြယ်တာရာဒိုင်ခွက်အစား သူ၏စိတ်ဝိညာဉ်သဏ္ဌာန်နား၌ ရွှေရောင်ရောင်ခြည်က ပေါ်လာသည်။ သူ၏ရွှေရောင်ရောင်ခြည် ပေါ်လာသည်နှင့် ဝေဟင်ထဲကနေ စွမ်းအင်ဓားတို့က ကျလာ၏။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
မကြာမီ၌ စွမ်းအင်ဓားအားလုံးသည် ကျူးဟုန်ကုန်း၏ရွှေရောင်ရောင်ခြည်ကြောင့် ရိုက်ချခံလိုက်ရသည်။ ယင်းကို မြင်သောအခါ သူ အပျော်လွန်သွား၏။
“ငါ ပိုသန်မာလာသလိုပဲ”
ဝမ်ချောင်က မျက်မှောင်ကျုံ့ပြီးပြောလိုက်၏။
“သေပေတော့” လေဆင်နှာမောင်းကဲ့သို့ စွမ်းအင်ဓားများပျောက်သွားသည်နှင့် ဝမ်ချောင်သည် လျှပ်ပြက်သောအရှိန်ဖြင့် ကျူးဟုန်ကုန်းရှေ့သို့ရောက်လာကာ လက်နှစ်ဖက်ဖြင့် မီတာတစ်ထောင် စွမ်းအင်ဓားကို ကိုင်ဆွဲထားလျက် အားကုန်ထုတ်သုံးကာ လွှဲယမ်းလိုက်သည်။ လွှဲယမ်းမှုမှ အားက မိုးနှင့်မြေကို ဖျက်ဆီးနိုင်သောအား ပါဝင်နေသယောင်ပင်။
ကျူးဟုန်ကုန်းသည် လက်မြှောက်ပြီးနောက် ရွှေရောင်ရောင်ခြည်ကို အမြန်ပစ်ထုတ်လိုက်သည်။
ဘန်း
ကျူးဟုန်ကုန်းသည် မီတာတစ်ထောင်ရှည်သော စွမ်းအင်ဓားကို ဖမ်းလိုက်၏။ လူတိုင်းက တအံ့တဩဖြစ်သွားကြတော့သည်။
“အံ့ဖွယ်သခင်က အစွမ်းထက်လိုက်တာ”
“ရန်သူရဲ့နောက်ခံက ဘာလဲ” လုလီကပြောလိုက်သည်။
“တိတ်တိတ်နေကြ ရန်သူရဲ့ခွန်အားက မင်းတို့မှန်းတာထက်ကျော်တယ်”
ကျူးဟုန်ကုန်းသည် မျက်နှာရှုံ့မဲ့နေသော ဝမ်ချောင်ကို ကြည့်ပြီးပြောလိုက်တော့သည်။ “ကျုပ် ခင်ဗျားရဲ့တိုက်ခိုက်မှုကို ထပ်ပိတ်ဆို့လိုက်ပြန်ပြီ”
ကျူးဟုန်ကုန်း၏ ပေါ့ပါးသောပုံစံကိုမြင်ပြီး ဝမ်ချောင်က ဒေါသထွက်လာသည်။
“မင်းက ကျားကို စားဖို့ ဝက်ယောင်ဆောင်နေတာလား”
“ဘာဝက်လဲ .... ဘယ်သူ့ကို ဝက်ခေါ်နေတာလဲ။ ဒီနေ့ ငါ ဘယ်လောက်အစွမ်းထက်လဲဆိုတာ မင်းကို ပြလိုက်မယ်”
ဘီး
ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်က ရုတ်တရက်ပေါ်ထွက်လာပြီး ပွင့်ချပ်ဆယ့်တစ်လွှာဖြင့် ရစ်ဝဲနေသည့် ရွှေရောင်ရောင်ခြည်ကလည်း ရစ်ဝဲနေ၏။ ပွင့်ချပ်ဆယ့်တစ်ခုသည် နှိုင်းယှဉ်မရအောင် ထက်မြေ့သည့်ဓားသွားများကဲ့သို့ပင် ရန်သူ၏ကာကွယ်ရေးစွမ်းအင်ကို ဖြတ်တောက်သွားသည်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ဝမ်ချောင်၏ ကာကွယ်ရေးစွမ်းအင်က ထိုးဖောက်ခံလိုက်ရသောအခါ သူ ထိတ်လန့်သွားပြီး သူ၏စွမ်းအင်ဓားကို ရုတ်သိမ်းကာ ဆင်းသက်လိုက်၏။
“ငါက မင်းထက်ပိုမြန်တဲ့ပုံပဲ”
ကျူးဟုန်ကုန်းသည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ဆင်းသက်လိုက်၏။
သူလက်သီးထိုးချလိုက်ချိန်တွင် လက်သီးက တောင်ပမာ လေးလံလှပေသည်။ ဝမ်ချောင်က လွင့်ထွက်သွားပြန်၏။
ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်က တစ်ချိန်လုံးဝမ်ချောင်ကို စောင့်နေပုံပေါ်သည်။ သူက ပေါ်ထွက်လာပြီးနောက် ပြင်းထန်သော လက်သီးဖြင့် ထိုးချလိုက်သည်။ ဝမ်ချောင်က ငြီးတွားလျက် သွေးတစ်ပွက်အန်ကာ ကောင်းကင်ပေါ်မှ ပြုတ်ကျလာ၏။
ယင်းကို မြင်သောအခါ ရေလွှမ်းခြင်းဂိုဏ်းမှ တပည့်များသည် တညီတညွတ်တည်း အားပေးကြပြီး စိတ်အားထက်သန်နေလေ၏။
“အံ့ဖွယ်သခင်က စွမ်းဆောင်ရည်ရှိပါပေ့”
ကျူးဟုန်ကုန်းက လက်ဝေ့ယမ်းလိုက်သည်။
“ဒီလောက်မကြီးမြတ်ဘူး။ ငါ ကျားတောင်ရိုးမှာ ရှိစဉ်တုန်းက ဒီထက်တောင် လွှမ်းမိုးနိုင်သေးတယ်”
ဝမ်ချောင်သည် ကျူးဟုန်ကုန်းကို ကြည့်နေစဉ် သူ၏မျက်လုံးက သွေးနီရောင်သန်းနေ၏။
ဘန်း
ဝမ်ချောင်က မြေပြင်ပေါ် ခြေဆောင့်နင်းပြီးနောက် ဝေဟင်ထဲလှေတစ်စင်းပမာ ပျံထွက်သွား၏။ သူက ပြောလိုက်သည်။ "သောက်ဖက်တီးငပု သေပေတော့”