← Chapters

ရေခဲလွင်ပြင်များ​ဆီသို် ့ ပြန်လည်ရောက်ရှိလာခြင်း

Vol. 10 Ch. 992

ရေခဲလွင်ပြင်များ​ဆီသို် ့ ပြန်လည်ရောက်ရှိလာခြင်း

Vol. 10 Ch. 992

မဟာပထဝီမြေကြီးပင် အစိတ်စိတ်အမြွှာမြွာ ကွဲထွက်တော့မတတ် ဖြစ်လာ၏။

နယ်မြေတစ်ဝှမ်းနယ်မြေတစ်ဝှမ်းရှိ မရေမတွက်နိုင်သော စစ်မြေပြင်များရှိ မြေရိုင်းဒေသနှင့် ကောင်းကင်တံတားဒေသ နှစ်ဖက်လုံးမှ ကျင့်ကြံသူများအားလုံး ကမ္ဘာကြီးစုတ်ဖြဲတော့မည် အရိပ်အယောင်ကြောင့် ထပ်တူအံ့သြတုန်လှုပ်လျက် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်လိုက်ကြသည်။

" ဘာတွေ ဖြစ်နေတာလဲ "

" ဘုရား ဘုရား… ဘာလို့ ကောင်းကင်ကြီးက အက်ကွဲလာတာလဲ "

အမြုတေအဆင့်ကျင့်ကြံသူများ၊ ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်များနှင့် နတ်အဆင့်ကျင့်ကြံသူများပင် တုန်လှုပ်သွားကြ၏။ အဏ္ဏဝါခေါ်သံဂိုဏ်းမှ လူများစွာလည်း ပါဝင်သည်။ နှစ်ဖက်လုံးမှ နတ်ဘုရားတစ်ပိုင်းပညာရှင်များမှာ သိသိသာသာ အံ့အားသင့်လျက် ပင့်သက်ရှိုက်သွားကြသည်။

သခင်မလေးဟုန်ချိန်မှာ ကြက်သေသေသွား၏။ သူမ နည်းတူ မြေရိုင်းသားအများစုမှာ ကောင်းကင်ဧကရာဇ်ကြောင့်ဖြစ်သည်ဟု ယူဆလိုက်ကြသည်။

လက်တစ်ဆုပ်စာ လူများသာ အမှန်တရားကို သိကြသည်။ ဥပမာ ဗဟိုဧကရာဇ်မြို့တော်၏ မြေအောက်တွင် မြုပ်နေသည့် တတိယမြောက်အပိုင်း၏ နက်ရှိုင်းသောတစ်နေရာရှိ ဘုရားပျက်တစ်ဆူထဲက သချိုင်းစောင့်ကြီး….။ ထိုနေရာတွင် သူက တင်ပျဥ်ခွေထိုင်နေစဥ် သူ၏ ပင်ပန်းနွမ်းနယ်နေသော မျက်လုံးများကို ဖွင့်လိုက်၏။

သူသည် လွန်စွာအိုမင်းရင့်ရော်နေပြီး ပျက်စီးခြင်းအငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည်။ ယခု သူက မီးစာကုန်နေသော ဖယောင်းတိုင်တစ်ချောင်းအလား မှိုင်းညှို့နေသော မျက်ဝန်းများဖြင့် မိုးကောင်းကင်ထက်သို့ ဖြည်းညင်းစွာ မော့ကြည့်လိုက်သည်။

" ထာဝရသိုင်း...ပြီးမြောက်သွားပြီ။ ကောင်းကင်ဧကရာဇ် ဘာလုပ်ဖို့ ကြံနေလဲ ငါ သိတယ်ထင်တာပဲ။ ပိုင်ရှောင်ချန်း… အဆုံးသတ်ကျရင် ... မင်းငါ့ကို မမုန်းဖို့... မျှော်လင့်ပါတယ်။ တခြားငါလုပ်နိုင်တာလဲ မရှိဘူး။ ဒါက ငါ့တည်ရှိမှုရဲ့ အကြောင်းရင်း…ငါ့တာဝန်ပဲ "

ပုံရိပ်ယောင် မြေအောက်ကမ္ဘာမြစ်ထဲတွင် ရှိနေသည်ကား လက်ရှိ ငရဲဧကရာဇ် ပိုင်ဟောက်ပင်။ သူက ကောင်းကင်နှင့်မြေကြီးကို ရပ်ကြည့်ကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။

“ ဆရာ... "

ထိုနှစ်ယောက်အပြင် ဖြစ်ပျက်နေသည်များအား နားလည်သော နောက်ထပ်လူတစ်ယောက်ရှိသေး၏။ သူကား..... လက်ရှိဗဟိုဧကရာဇ်။

သူသည် မဟာကောင်းကင်သခင်၏ ရုပ်သေးရုပ်တစ်ရုပ်ထက် မပိုခဲ့ပါသော်လည်း ဗဟိုဧကရာဇ်ဖြစ်နေသေးသည်။ တော်ဝင်မျိုးနွယ်စု၏ သွေးများ သူ၏သွေးကြောများထဲတွင် စီးဆင်းနေပြီး သူက တော်ဝင်နန်းတော်၏ နဂါးပလ္လင်အပေါ် ထိုင်နေစဥ် တုန်ရီသွား၏။

၄င်းသည် သူနှင့် တူညီသောကျင့်စဥ်ကို ကျင့်ကြံသည့် အခြားလူတစ်ယောက်ကို အာရုံရခြင်းမှ လာသော တုံ့ပြန်မှုဖြစ်သည်။ ဗဟိုဧကရာဇ်သည်လည်း ထာဝရအသက်ရှည်နည်းကျင့်စဥ်ကို ကျင့်ကြံထားပေသည်။

" တစ်ယောက်ကတော့ .... သွေးဘိုးဘေးကြီးကို အောင်မြင်ပြီး ထာဝရသိုင်းရဲ့ မဟာစက်ဝန်းကို ရောက်သွားပြီ "

ဗဟိုဧကရာဇ်၏မျက်လုံးများတွင် ပြည့်နှက်နေခဲ့သော စိတ်ပျက်မှုများမှာ ရုတ်တရက် မျှော်လင့်ချက်များဖြင့် အစားထိုးလာသည်။

ထိုသုံးယောက်သာ ဖြစ်ပျက်နေသောအရာ၏ အမှန်တရားကို သိသည့် မြေရိုင်းဒေသမှ လူများဖြစ်ပေသည်။ ကောင်းကင်တံတားမှ တပ်ဖွဲ့များနှင့် ပတ်သက်လျှင် ကောင်းကင်ကြီး အက်ကွဲတော့ပုံပေါက်လာချိန် ကောင်းကင်တံတားကျွန်းမှ အံ့သြတုန်လှုပ်ဖွယ် အရှိန်အဝါတစ်ခု ပေါ်ထွက်လာ၏။

" ထာဝရသိုင်းရဲ့ မဟာစက်ဝန်း… "

တာအိုနန်းတော်ထဲတွင် ကောင်းကင်ဧကရာဇ်က ထရပ်လိုက်သည်။ သူက ခေါင်းနောက်လှန်၍ အားပါးတရအော်ဟစ်ရယ်မောလိုက်၏။ တချိန်တည်းမှာပင် မျက်ရည်များ ပါးပြင်တစ်လျှောက် စီးကျလာပါသော်လည်း ဝမ်းသာ၍ကျဆင်းလာသည့်မျက်ရည်များတော့ မဟုတ်ပေ။ သို့သော် သူ၏မျက်လုံးတွင်းရှိ ပြတ်သားခြင်းများကား ပျောက်ပြယ်မသွားချေ။

" ငါ အသုံးမပြုချင်တဲ့ နည်းဗျူဟာအတိုင်း တသွေမတိမ်းဖြစ်နေပါရော့လား…ဒါက ကံစီမံရာပဲလား သချိုင်းစောင့်ကြီး… "

အဏ္ဏဝါခေါ်သံဂိုဏ်း၏ ဌာနချုပ်များတွင် ဧရာမသွေးဘိုးဘေးကြီးသည် မသိမသာတုန်ရီသွား၏။ ပိုင်ရှောင်ချန်းသာ ထိုနေရာတွင်ရှိခဲ့လျှင် အတုအယောင်အလား အသံကြီးတစ်သံကို ကြားနိုင်လိမ့်မည် ဖြစ်သည်။

" ဒီနေ့ ငါ နိုးထဖို့အတွက် မနေ့က အသက်အောင့်ထားခဲ့တယ်… "

ကမ္ဘာကြီးက ဘယ်တော့မှမပြီးဆုံးနိုင်သော အခိုက်အတန့်အလား တုန်ခါလာတော့သည်။ ပိုင်ရှောင်ချန်းမှာမူ အသက်ပြင်းပြင်းတစ်ချက်ရှူ၍ ထရပ်လိုက်ချိန်တွင် သူ့ယခင်ခန္ဓာကိုယ်၏ အပိုင်းအစများမှာ သူ့ကိုယ်ပေါ်မှ ကွာကျလာ၏။ သူ့ကိုဝန်းရံထားသည် မှော်လက်နက်သည် သူ့ကို စစ်ဆေးရန်ကြိုးစားနေသည့်အလား ပြင်းပြင်းထန်ထန်တုန်ရီလာသည်။ ၄င်းက ကမ္ဘာကြီး၏ အလိုအလျောက်တုံ့ပြန်မှုနှင့် ကလေးမလေး၏ စိတ်ဆန္ဒဖြစ်သည်။

" နတ်အဆင့်ရဲ့ မဟာစက်ဝန်း.... ငါ ထာဝသိုင်းကို အဆုံးထိ ကျင့်ကြံပြီးပြီ "

ပိုင်ရှောင်ချန်းက မျက်လုံးများမှိတ်လိုက်ကာ သူ့ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော အကန့်အသတ်မရှိသည့် သက်စောင့်အားများကို ခံစားလိုက်သည်။ တခဏကြာသော် သူက မျက်လုံးများပြန်ဖွင့်လိုက်သည်တွင် သူ၏ပတ်လည်ရှိကမ္ဘာကြီးမှာ တည်ရှိသည့် တစ်ခုတည်းသောအလင်းရောင်ဖြင့် တောက်ပနေတော့သည်။

" အိမ်ပြန်ဖို့ အချိန်ကျပြီ... "

သူက ခပ်တိုးတိုး ပြောလိုက်၏။ သူက ကလေးမလေး၏မျက်နှာကို မော့ကြည့်လိုက်ပြီး သူမနှင့် အကြည့်ချင်းဆုံသွားသည်။ သူက ဘာမှမပြောပေ။ ပြောရန်လိုအပ်သည့်အရာများအားလုံးကား သူ၏မျက်လုံးများထဲတွင် မြင်သာပေသည်။

ယခုအချိန်တွင် ပိုင်ရှောင်ချန်းသည် သူမမှာ သူ့ကို မရှင်းပြခဲ့သည့် အခြားအကြံအစည်များရှိနေစေကာမူ ဂရုမစိုက်ပေ။ သူ၏ကျင့်ကြံခြင်းအခြေခံနှင့် ကြောက်ခမန်းလိလိ အပြင်အားကြောင့် လိုအပ်ပါက သူမကို ကိုင်တွယ်နိုင်ကြောင်း အတန်အသင့်သေချာသည်။

ကလေးမလေး၏ မျက်လုံးများထဲတွင် ရောထွေးနေသော ခံစားချက်များကို မြင်နိုင်ပြီး သူမက တိုးညင်းစွာ ပြောသည်။

" ဂုဏ်ယူပါတယ်.... ထာဝရသိုင်းရဲ့ မဟာစက်ဝန်း။ ငါ့ဘဝတစ်လျှောက်လုံး ငါတို့ရဲ့သဘောတူညီချက်ကို လိုက်နာပါ့မယ်။ မင်း မြောက်ပိုင်းမှော်လက်နက်ကို သုံးကြိမ်သုံးနိုင်မယ်။ မင်း ကောင်းကင်ဧကရာဇ်ကို သတ်နိုင်ရင် မင်းက အမြဲတမ်း ငါ့သခင် ဖြစ်လိမ့်မယ် "

ကလေးမလေးက အချိန်ထပ်အကုန်မခံပေ။ သူမ၏မျက်လုံးများသည် ထူးခြားဆန်းကြယ်သောအလင်းရောင်များဖြင့် တောက်ပလာရာ မှော်လက်နက်တစ်ခုလုံး တုန်ရီသွားတော့သည်။ မြေပြင်များအက်ကွဲလာပြီး ဧရာမကျောက်ဂိတ်တံခါးကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာတော့သည်။

ခမ်းနားကြီးကျယ်သော ကျောက်ဂိတ်တံခါးကြီး ပေါ်ထွက်လာချိန် ၄င်းပတ်လည်ရှိ ကမ္ဘာကြီးသည် ကျောက်ဂိတ်တံခါးကြီးမှလွဲ၍ မည်သည့်အရာမှ မရှိတော့သည့်တိုင်အောင် ပြိုကျပျက်စီးသွားတော့သည်။

" ဒီကနေ… "

ကလေးမလေးက ဖြည်းညင်းစွာ ပြောသည်။

" မင်း မြောက်ပိုင်းရေခဲလွင်ပြင်ကို ပြန်နိုင်တယ် "

ပိုင်ရှောင်ချန်းမှာ မျှော်လင့်ချက်များဖြင့် မျက်ဝန်းများ တောက်ပနေလျက် ဂိတ်တံခါးကြီးကို ကြည့်လိုက်သည်။ ထိုအခိုက်အတန့်အတွက် သူ အချိန်ကြာမြင့်စွာ စောင့်စားနေခဲ့ရလေသည်။ လက်ရှိအချိန်တွင် အချိန်မည်မျှကုန်ဆုံးသွားခဲ့သည်ကို သူ စဥ်းစားတွေးတောကာ အပြင်ဘက်ကမ္ဘာကြီးက မည်သို့ဖြစ်ပျက်လာမည်ကို တွေးတောကာ လွန်စွာ စိတ်လှုပ်ရှားလာတော့သည်။

" အဏ္ဏဝါခေါ်သံဂိုဏ်း ဘာလုပ်နေမလဲ သိချင်လိုက်တာ.... "

ထို့နောက် သူက ရိပ်ခနဲလှုပ်ရှားကာ ကျောက်ဂိတ်တံခါးကြီးထံ တန်းတန်းမတ်မတ်ဦးတည်လိုက်သည်။

သရဲမျက်နှာကြီးမှာမူ အားနည်းပြီး စိုးရိမ်နေသော်လည်း တချိန်တည်းမှာပင် စိတ်လှုပ်ရှားနေ၏။ သူ့ပတ်ပတ်လည် ကမ္ဘာကြီးပျက်စီးလာစဥ် သူသည် ကောင်းကင်ဧကရာဇ်က ကောင်းကင်တံတားနယ်မြေများမှ လွတ်မြောက်ခြင်းအပေါ်တွင် အာရုံစိုက်သည်ထက် ပို၍ အာရုံစိုက်ကာ ဂိတ်ပေါက်ကို ကြည့်လိုက်ပြီး ၄င်းထံ ပျံတက်လိုက်သည်။

သို့သော် သူ့ထံမှ ကုန်ခမ်းသွားသော သက်စောင့်အားများအားလုံးကြောင့် သူ အလွန်အားနည်းနေပြီး သူ ပြင်ဆင်ထားခဲ့သည့် တည်နေရာရွှေ့ပြောင်းခြင်းလျှို့ဝှက်မှော်သိုင်းကို အသုံးမပြုနိုင်တော့ပေ။ အကယ်၍ သူသုံးလိုက်လျှင်... သူ့ကိုယ်သူ ဖျက်စီးပစ်မိလိမ့်မည် ဖြစ်သည်။

" မင်းနဲ့ အတူ ငါ့ကို ခေါ်သွားပါ "

သူက အော်ဟစ်ငိုကြွေးလိုက်သည်။

" မင်းလုပ်ချင်ရင် ငါ့အပေါ်မှာ ဘာအချုပ်အနှောင်မန္တန်ဖြစ်ဖြစ် ထားလို့ရပါတယ်။ ငါ....ငါ မင်းရဲ့သရဲအစေခံ ဖြစ်ပေးပါ့မယ်ကွာ။ ငါ့ကျင့်ကြံခြင်းအခြေခံ ပုံမှန်ပြန်ဖြစ်သွားရင် မင်း ကြိုက်သလို အမိန့်ပေးလို့ရတဲ့ ကောင်းကင်ဧကရာဇ်တစ်ပိုင်းအဆင့် သရဲအစေခံတစ်ကောင် ရှိသွားမှာနော် "

ပိုင်ရှောင်ချန်းက တုံ့နဲရပ်လိုက်ပြီး သရဲမျက်နှာကြီးကို လှမ်းကြည့်လိုက်သည်။ သူသည် ယခင်က ထိုဖြစ်နိုင်ခြေကို စဥ်းစားခဲ့ပါသော်လည်း ယင်းအကြံကို စွန့်လွှတ်ခဲ့လေသည်။ ထိုကဲ့သို့ ကျွန်ပြုခြင်းနည်းလမ်းများ အသုံးပြုရာတွင် သူ ယုံကြည်ချက်အပြည့်အဝမရှိသည် မဟုတ်ပါလော။

သရဲမျက်နှာကြီး၏ ကျင့်ကြံခြင်းအခြေခံကို ဖိနှိပ်ရန် မှော်လက်နက်မရှိဘဲ သူဘာလုပ်နိုင်မည်ကို မပြောနိုင်ပေ။ ပိုင်ရှောင်ချန်းမှာ ကမ္ဘာပေါ်က စွမ်းအားအကြီးဆုံးရန်သူတစ်ယောက်ကို မျက်နှာချင်းဆိုင်မှာ မထားချင်ပေ။

သူက အနည်းငယ်ချင့်ချိန်တွေးတောပြီးနောက် လှည့်၍ ဂိတ်တံခါးကြီးထံသို့ ဆက်သွားလိုက်သည်။

" ငါ့ကို မင်းနဲ့ ခေါ်သွားပါ ပိုင်ရှောင်ချန်းရေ… "

သရဲမျက်နှာကြီးက စိုးရိမ်တကြီးအော်၏။ သူက ရှေ့ပျံတက်ရန် ကြိုးစားလိုက်သော်လည်း မှော်လက်နက်ကမ္ဘာက သူ့ကို ဖိနှိပ်ထားလေသည်။ ကလေးမလေးက သူ့ကို ကြည့်နေပြီး သူသည် နင်းခြေခံရတော့မည့်အလား ရုတ်တရက် ခံစားလိုက်ရတော့သည်။ သူ လှုပ်ရှားရန်ပင် နည်းလမ်းမရှိပေ။ သူလုပ်နိုင်သမျှမှာ ပိုင်ရှောင်ချန်းက ဂိတ်ပေါက်ကြီးထံ တဖြေးဖြေး နီးကပ်သွားသည်ကို မျက်လုံးပြူးကြီးများဖြင့်သာ ကြည့်နေနိုင်တော့သည်။

" ပိုင်ရှောင်ချန်း "

သူက စူးစူးဝါးဝါးအော်ဟစ်လိုက်၏။

" ပိတ်ထားစမ်း "

ပိုင်ရှောင်ချန်းက သရဲမျက်နှာကြီးကို လှည့်ကြည့်၍ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

" ခင်ဗျား ဘာပြောပြော ကျုပ် ဘယ်တော့မှ ယုံမှာမဟုတ်ဘူး။ ဒီမှာသာစောင့်နေ… ကျုပ် နတ်ဘုရားတစ်ပိုင်းဖြစ်ရင် ခင်ဗျားကို ထွက်ခွင့်ပေးမယ် "

" မင်း....မင်း......"

သရဲမျက်နှာကြီးမှာ စိတ်ဖောက်တော့မည့်အလား ခံစားလိုက်ရသည်။ လွတ်မြောက်ရန်ဆိုသော မျှော်လင့်ချက်ပန်းတိုင်များဖြင့် တောင့်ခံနေခဲ့ပြီးနောက် ယခု သူ၏မျှော်လင့်ချက်များမှာ အစိတ်စိတ်အမြွှာမြွာ ကွဲကြေသွားလေပြီ။ ပိုင်ရှောင်ချန်း၏ မျက်လုံးများထဲရှိ ပြတ်သားခြင်းကို မြင်လိုက်ရကာ မည်သည့်မျှော်လင့်ချက်မှ မကျန်တော့ကြောင်း သူ သိလိုက်တော့သည်။

" မိုးကြိုးပစ် မြေပွေးကိုက်သေပါစေ ပိုင်ရှောင်ချန်း "

ပိုင်ရှောင်ချန်းက သရဲမျက်နှာကြီးပြောသမျှကို အရူးတစ်ယောက်သာ ယုံမည်ဖြစ်ကြောင်း တွေးကာ ဟိတ်ဟန်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။

ယခုတွင် သူသည် ကျင့်ကြံခြင်းအခြေခံအဆင့်တက်ခဲ့ပြီး နတ်ဘုရားတစ်ပိုင်းအပြင်ခန္ဓာကိုယ်နှင့် နတ်အဆင့်၏ မဟာစက်ဝန်းတွင်ဖြစ်သည့်အတွက် လွန်စွာ ဂုဏ်ယူဝင့်ကြွားနေတော့သည်။

" ခင်ဗျားကို လက်ဖဝါးတစ်ချက်နဲ့ သေအောင်ချနိုင်ပြီ ချိန်ဟဲ့ထျန်၊ မင်းတို့ မြောက်ပိုင်းသားတွေလဲ တစ်ကောင်မှ မကြောက်ဘူးကွ။ မင်းတို့ရဲ့ နတ်ဘုရားတစ်ပိုင်းကြီးကိုကောပဲ "

သူ့ကိုမြင်သည်နှင့် လူတိုင်း မည်မျှတုန်လှုပ်သွားမည်ကိုတွေးကာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေလျက် ကျောက်ဂိတ်တံခါးကြီးထဲ ခြေလှမ်းလိုက်သည်။

ချက်ချင်းပင် ဂိတ်ကြီးသည် တဂျိန်းဂျိန်း ထစ်ခြုန်းမြည်ဟည်းသွားပြီးနောက် ပျောက်ကွယ်သွားတော့သည်။

သူ ပြန်ပေါ်လာသောအခါ မြောက်ပိုင်း၏ လွင်ပြင်များအပေါ်တွင် ဖြစ်သည်။ အပူလှိုင်းဟူ၍ မဆိုနိုင်သော နူးညံ့ညင်သာသည့် လေနွေးနွေးလေးက ရုတ်တရက် သူ့ကို တိုးဝှေ့သွားလေသည်။

သူက ချက်ချင်းပင် ကောင်းကင်တံတားပင်လယ်၏ စိတ်စွမ်းအင်ကို အာရုံရလိုက်ရာ ကြည်နူးစွာ ခံစားလိုက်ရတော့သည်။

" နေစမ်းပါဦး ငါ မြောက်ပိုင်းမှာ ရှိသင့်တာလေ... လေက ဘာလို့မအေးတာတုန်း "

သူက ဘေးပတ်ဝန်းကျင်ကို လေ့လာဆန်းစစ်လိုက်သောအခါ ဦးခေါင်းခွံထဲမှ မျက်လုံးများ ထွက်ကျမတတ် ပြူးကျယ်သွားတော့သည်။

" ဟန်ဇောင်ခေါင်းဆောင်ကြီး ငါ့ကို နေရာများ မှားပို့လိုက်တာလဲ။ ဒါက.... တကယ်ကြီး မြောက်ပိုင်းလား "

သူသည် စိမ်းလန်းစိုပြည်သော သစ်ပင်ပန်းမာန်များဖြင့် ပြည့်နှက်နေသည့် တောအုပ်တစ်အုပ်ထဲသို့ ရောက်နေကြောင်း တွေ့လိုက်ရလေသည်။

ထို့အပြင် သစ်ပင်ချုံပင်များတစ်လျှောက် မြင်ရသည်က မရေမတွက်နိုင်သော ငွေစန္ဒာပန်းပွင့်သေးသေးလေးများပင်။ ပိုင်ရှောင်ချန်း၏ အမူအရာဝင်းပသွားလေသည်။

" ငွေစန္ဒာပန်း…. ကလေး "

All Chapters