အခန်း (၅၄၇-၅၄၈)
Vol. 55 Ch. 547-548
အခန်း (၅၄၇) တာရာ ပြန်လာခြင်း
"အခုတော့ ငါတို့နှစ်ယောက်လုံး အဖမ်းခံလိုက်ရပြီ။ ဒါက တကယ့်ကို ရှုပ်ထွေးသွားတာပဲ။ ငါ ဒီကနေ ဘယ်လို ရုန်းထွက်ရမလဲ။ ဘယ်လို တိုက်ခိုက်မှုမျိုးမှလည်း ဒီအရာပေါ် အလုပ်မလုပ်ဘူး၊ ဓားနဲ့လည်း ထိလို့မရသလို၊ ရုန်းထွက်လို့လည်း မရဘူး။ အမှောင်ယဇ်ပဏ္ဏာသုံးရင် လွတ်နိုင်မလားဆိုတာလည်း ငါ မသေချာဘူး။ အဲဒီလောက်အထိတော့ အန္တရာယ် မစွန့်နိုင်ဘူး" လုံချန်းက သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
"ဒီအတိုင်းပဲ နေလိုက်ရင်ကော ဘယ်လိုလဲ။ ဟိုမိန်းကလေးတွေ ဒီကို လာပါစေ။ သူတို့မှာတော့ နင့်ကို ဒီထဲက ထုတ်ပေးမယ့် နည်းလမ်း ရှိမှာပဲ။ နင် လွတ်သွားတဲ့အခါမှ သူတို့ကို ပြန်တိုက်ဖို့ ရှားကို ခေါ်ထုတ်လိုက်ပေါ့။ အဲဒါကမှ လွတ်မြောက်ဖို့ အခွင့်အလမ်း ပိုများလိမ့်မယ်" ရွှင်းက အတန်ကြာ စဉ်းစားပြီးနောက် အကြံပေးသည်။
"အဲဒါက ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်ပုံရတယ်။ ငါ နောက်တစ်ကြိမ် ထပ်ပြီး အဖမ်းခံရရုံပဲပေါ့" လုံချန်းက ခေါင်းငြိမ့်ကာ ဆိုသည်။
"ဒါပေမဲ့ အန္တရာယ်တစ်ခုတော့ ရှိတယ်နော်။ သူတို့က နင့်ကို လွှတ်ပေးမယ့်အစား တန်းသတ်ပစ်လိုက်ဖို့ အခွင့်အရေး နည်းနည်းတော့ ရှိနေတယ်" ရွှင်းက သတိပေးလိုက်သည်။
"အဲဒီလို ဖြစ်ဖို့ အခွင့်အရေးကတော့ သိပ်မရှိပါဘူး။ သူတို့ ငါ့ကို သတ်ချင်ရင် ငါ သတိလစ်နေတုန်းကတည်းက သတ်လို့ရတာပဲ။ နောက်ပြီး သူတို့ ငါ့ကို သတ်ဖို့ ကြိုးစားရင်လည်း မြွေဘုရင်နဲ့ တခြားသူတွေကို ထုတ်လိုက်မှာပေါ့။ သူက ငါ့ကို ဒီပိုက်ကွန်ထဲကနေ မကယ်နိုင်ရင်တောင်၊ မုဆိုးကြယ်ကို ကူပြီး သူတို့ကို သတ်ပေးနိုင်တာပဲ" လုံချန်းက ပြန်ဖြေလိုက်သည်။
လုံချန်း၏ မူလတိုက်ကြီးတွင်မူ ထူးခြားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားနေသည်။
လုံချန်းသည် ဝိညာဉ်နက်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သော်လည်း ဤအချက်ကို ပြင်ပလူများ မသိကြသေးပေ။ ဝိညာဉ်နက်ဂိုဏ်းက ထိုလျှို့ဝှက်ချက်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သော်လည်း သူတို့၏ နယ်မြေအနီးတွင် အခြားအရာတစ်ခု ဖြစ်ပျက်ခဲ့သည်။
ဝိညာဉ်နက်ဂိုဏ်း အနီးတွင် ဟင်းလင်းပြင် ဝင်ပေါက် တစ်ပေါက် ပွင့်လာပြီး လူတစ်ယောက် ထွက်လာခဲ့သည်။ ထွက်လာသည်ဟု ပြောရသည်ထက် အတင်းအဓမ္မ အပြင်သို့ အပစ်ထုတ်ခံလိုက်ရသည်နှင့် ပိုတူလှသည်။
ထိုသူမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူသည် မတ်တပ်ရပ်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။
"ငါ ဘယ်ရောက်နေတာလဲ။ ငါ့အစ်ကိုကို ရှာဖို့ သဲလွန်စနောက်ကို လိုက်လာတာလေ။ ရှေးဟောင်းအဆောက်အဦးထဲက အဲဒီအခန်းထဲကို ဝင်လိုက်တာနဲ့ ထူးဆန်းတဲ့ အလင်းတစ်ခု ပေါ်လာပြီး ငါ ဒီကို ရောက်လာတာပဲ။ အတိအကျပြောရရင် ဒါက ဘယ်နေရာလဲ။ ဒါ ငါတို့ ကမ္ဘာတော့ မဟုတ်တာ သေချာတယ်။ ဒီက စွမ်းအင်တွေက မတူဘူး။ ဒါ ငါ့အစ်ကို ရောက်နေတဲ့ နေရာလား" ထိုသူက ရေရွတ်လိုက်သည်။
အကယ်၍ လုံချန်းသာ ဤနေရာ၌ ရှိနေပါက ထိုသူကို သေချာပေါက် မှတ်မိလိမ့်မည်။ သူကား သွေးမျိုးဆက်ကျောင်းတော်၏ ပထမအကြိမ် နိုးထခြင်းတာဝန်တုန်းက လုံချန်း တွေ့ခဲ့ရသော တာရာပင် ဖြစ်သည်။ တာရာမှာ မှင်စာမျိုးနွယ်စု ခေါင်းဆောင် တန်ရှာ၏ သားဖြစ်ပြီး လုံချန်း ထိုနေရာသို့ စရောက်ချင်းတွင် ပထမဆုံး တွေ့ခဲ့ရသူလည်း ဖြစ်သည်။
တာရာတွင် လုံချန်း မရောက်ခင် နှစ်ပေါင်းများစွာကတည်းက အပြင်သို့ ထွက်သွားပြီး ပြန်မလာတော့သော အစ်ကိုကြီးတစ်ယောက် ရှိသည်။ တန်ရှာနှင့် တာရာတို့မှာ ထိုသားကြီးကို လိုက်လံရှာဖွေနေခဲ့ကြသော်လည်း အချိန်အတော်ကြာသည်အထိ မအောင်မြင်ခဲ့ပေ။
နောက်ဆုံးတွင် တစ်နေ့၌ တာရာသည် အလွန်ဝေးကွာသော နယ်မြေတစ်ခုသို့ သွားရောက်ရှာဖွေရင်း သူ၏ အစ်ကိုနှင့် ပတ်သက်သော သဲလွန်စတစ်ခုကို ရရှိခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူနှင့် ရုပ်ချင်းတူသော လူတစ်ယောက် ရှေးဟောင်းအပျက်အစီးများထဲသို့ ဝင်သွားသည်ကို တွေ့ခဲ့ရသူများ ရှိကြောင်း သူ သိလိုက်ရသည်။ ထိုသူမှာ သူ၏ အစ်ကိုဖြစ်မည်ဟု သူ ယုံကြည်သဖြင့် အမှန်တရားကို ရှာဖွေရန် ထိုနေရာသို့ ဝင်သွားခဲ့ခြင်း ဖြစ်သည်။
သူသည် ထိုနေရာရှိ နေရာအနှံ့အပြားကို ရှာဖွေခဲ့သော်လည်း ဘာမှ မတွေ့ခဲ့ပေ။ နောက်ဆုံး ကျန်ရှိသော အခန်းတစ်ခန်းထဲသို့ လှမ်းဝင်လိုက်စဉ်မှာပင် တောက်ပသော အလင်းတန်းတစ်တန်း သူ၏ မျက်စိရှေ့တွင် ဖျတ်ခနဲ ပေါ်လာပြီးနောက် ယခုကဲ့သို့ ဤနေရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
"ဒါ အဲဒီနေရာ ဖြစ်ရမယ်။ သူ ငါတို့နယ်မြေမှာ မရှိဘူးဆိုရင် ဒီနေရာမှာ ရှိနေမှာ သေချာတယ်။ ငါ သူ့ကို ရှာရမယ်။ ပြီးတော့ သူ့ကိုခေါ်ပြီး အိမ်ပြန်ဖို့ နည်းလမ်းကိုလည်း ရှာရမယ်" တာရာက ပတ်ဝန်းကျင်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။
သူသည် အလှမ်းဝေးသော တစ်နေရာတွင် ဝိညာဉ်နက်ဂိုဏ်းကို မြင်လိုက်ရသည်။
သူသည် ထိုနေရာသို့ ဦးတည်၍ လျှောက်သွားလိုက်သည်။ သူ ဘယ်ရောက်နေသလဲဆိုသည်ကို မေးမြန်းရန် စကားပြောနိုင်မည့် လူတစ်ယောက်ယောက်ကို တွေ့လိုသော မျှော်လင့်ချက်ဖြင့် သွားခြင်း ဖြစ်သည်။
တာရာသည် ဝိညာဉ်နက်ဂိုဏ်း၏ အဝင်ဝသို့ ရောက်ရှိသွားသော်လည်း ကင်းစောင့်များက သူ့ကို မြင်သည်နှင့်တစ်ပြိုင်နက် စကားပြောခွင့်ပင် မပေးဘဲ တိုက်ခိုက်ကြတော့သည်။
"ဟိုမှာကြည့်စမ်း။ နောက်ထပ် ထူးဆန်းတဲ့ မိစ္ဆာတစ်ကောင်ပဲ။ ဟိုတစ်ယောက်နဲ့ ရုပ်ချင်း လုံးဝတူတယ်။ သူ့ကို ဖမ်း၊ မရရင် သတ်ပစ်" ကင်းစောင့်များက အော်ဟစ်ရင်း တာရာကို ဝိုင်းဝန်းတိုက်ခိုက်ကြသည်။
တာရာမှာ လူအများအပြား၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရသဖြင့် ပြန်လည်ပင် မခုခံနိုင်ပေ။ ထို့ပြင် သူသည် ဤနေရာမှ ကင်းစောင့်များထက် အဆပေါင်းများစွာ အင်အားနည်းလှသည်။ ထို့ကြောင့် သူသည် အလွယ်တကူပင် အဖမ်းခံလိုက်ရသည်။
"ခင်ဗျားတို့က ဒဏ္ဍာရီလာ လူသားတွေပဲ။ ကျွန်တော်က မှင်စာ မျိုးနွယ်စုကပါ။ ကျွန်တော်က ရန်သူ မဟုတ်ပါဘူး။ ကျွန်တော်တို့က လူသားတွေနဲ့ မိတ်ဆွေတွေပါ။ ခင်ဗျားတို့ ကျွန်တော့်ကို ဘာလို့ တိုက်ခိုက်တာလဲ" တာရာက မေးသော်လည်း ကင်းစောင့်များက မဖြေကြပေ။ သူတို့ တာရာ ပြောသည်ကို နားမလည်ခြင်းလား သို့မဟုတ် တမင် လျစ်လျူရှုထားခြင်းလား ဆိုသည်မှာ မသေချာပေ။
သူတို့သည် တာရာကို အကြီးအကဲများထံ ခေါ်သွားကြပြီး အကြီးအကဲများမှတစ်ဆင့် အထက်လူကြီးများထံ သတင်းပို့ကြသည်။
နောက်ဆုံးတွင်မူ ထိုထူးဆန်းသော သတ္တဝါကို လွန်ခဲ့သော အချိန်အတော်ကြာက သူတို့နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသဖြင့် ဖမ်းဆီးထားသော အလားတူ သတ္တဝါရှိရာ ထောင်ထဲသို့ပင် ပို့ထားရန် ဆုံးဖြတ်လိုက်ကြသည်။ ကင်းစောင့်များသည် တာရာကို ထောင်ထဲသို့ ခေါ်သွားကာ သူနှင့် ရုပ်ချင်းတူသော ဒုတိယမြောက် မိစ္ဆာကောင်ကို ဖမ်းထားသည့် အခန်း၏ ဘေးတည့်တည့်ရှိ အခန်းထဲတွင် ထည့်သွင်းကာ ပိတ်လှောင်လိုက်လေတော့သည်။
လုံချန်းမှာမူ ပိုက်ကွန်ထဲတွင် ရှိနေဆဲ ဖြစ်ပြီး မိန်းကလေးများ သူ့ထံသို့ ရောက်လာမည်ကို စောင့်ဆိုင်းနေသည်။ မကြာမီမှာပင် ထိုမိန်းကလေးများမှာ သူ၏ ဝိညာဉ်အာရုံ အကွာအဝေးအတွင်းသို့ ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်။ သူတို့သည် လုံချန်းရှိရာသို့ လျှောက်လာနေကြသည်။
'ထူးဆန်းတာပဲ။ သူတို့မှာ တောင်ပံတွေ ပါရဲ့သားနဲ့ ဘာလို့ အသုံးမပြုကြတာလဲ။ ဒါမှမဟုတ် သူတို့တွေ အမြဲတမ်း မပျံသန်းနိုင်လို့လား' လုံချန်းက သူတို့ဘက်ကို ကြည့်ရင်း တွေးတောမိသည်။
"ရှားကိုလည်း ပြန်ပို့ထားမှ ဖြစ်မယ်။ သူက နောက်တစ်ကြိမ်အတွက် အံ့အားသင့်စရာ လက်နက်ကောင်းတစ်ခု ဖြစ်လာနိုင်တာပဲ" လုံချန်းက ရေရွတ်လိုက်ပြီး ရှားကို ကမ္ဘာတုထဲသို့ ပြန်လည် ပို့ဆောင်လိုက်သည်။
"ငါသာ ကမ္ဘာတုထဲကို ဝင်လို့ရရင် သိပ်ကောင်းမှာပဲ။ ဒါဆို ရန်သူက လာဖမ်းတာကို ဒီမှာ စောင့်နေစရာ မလိုတော့ဘူးပေါ့" လုံချန်းက ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။
"ကဲ... ရန်သူက ချစ်စရာကောင်းတဲ့ မိန်းကလေးတွေပဲလေ။ နင်က အပြင်ပန်းမှာ စိတ်ပျက်ပြနေသလောက် တကယ်တမ်း စိတ်ထဲမှာတော့ အဲဒီလောက် ဝမ်းနည်းနေမယ် မထင်ပါဘူး။ တကယ်လို့ ဒီမှာ စောင့်နေရတာက ဗလကြီးတဲ့ ယောကျ်ားကြီးတွေသာဆိုရင်တော့ နင် တကယ် ဝမ်းနည်းနေမှာပေါ့။ အရှိကို အရှိအတိုင်း လက်ခံလိုက်ပါ ကောင်လေးရယ်... အခြေအနေက ဒီထက် ပိုဆိုးသွားနိုင်သေးတယ်လေ" ရွှင်းက မျက်လုံးလေး ကလည်ကလည် လုပ်ရင်း ပြောလိုက်သည်။
"အင်း... သူတို့က တကယ့်ကို ချစ်စရာကောင်းတာတော့ အမှန်ပဲ။ အဲဒီ ဖောက်ထွင်းမြင်ရတဲ့ တောင်ပံနဲ့ မိန်းကလေးဆိုရင် ပိုတောင် ချစ်စရာကောင်းသေးတယ်။ ဒါပေမဲ့ ငါကတော့ ဘယ်သူ့ဆီမှာမှ အဖမ်းခံနေရတာထက် လွတ်လွတ်လပ်လပ် နေရတာကိုပဲ ပိုကြိုက်ပါတယ်။ အဲဒီထဲမှာ ချောတဲ့ မိန်းကလေးတွေလည်း ပါတာပေါ့။ ဒါပေမဲ့ နင့်ဆီမှာ အဖမ်းခံရမယ်ဆိုရင်တော့ ငါ မငြင်းပါဘူး" လုံချန်းက နောက်ပြောင်ကာ ပြောလိုက်သည်။
အတန်ကြာသော် မိန်းကလေးများ ထိုနေရာသို့ ရောက်ရှိလာကြသည်။
ဦးဆောင်လာသူမှာ ဖောက်ထွင်းမြင်ရသော တောင်ပံနှင့် မိန်းကလေး ဖြစ်သည်။ သူမသည် လုံချန်းကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဟု့စ် ဂါလာ ကီနာ ဝမ်" ထိုမိန်းကလေးက မေးခွန်းထုတ်သည့် လေသံဖြင့် တစ်စုံတစ်ခုကို ပြောလိုက်သည်။
"ကြည့်ပါဦး မမလေးရယ်... ကျွန်တော် ပြောပြီးသားလေ၊ မမလေးတို့ ပြောတာကို တစ်လုံးမှ နားမလည်ပါဘူးလို့။ နောက်ပြီး ကျွန်တော်နဲ့အတူ ရှိနေတဲ့ မိန်းကလေးအကြောင်း မေးတာဆိုရင်တော့ သူက ကျွန်တော့်ကို ပစ်ထားခဲ့ပြီး ထွက်ပြေးသွားပါပြီ။ ဒီသနားစရာကောင်းတဲ့ လူကို အခု လွှတ်ပေးလို့ ရမလားခင်ဗျာ" လုံချန်းက အောက်မှာ ရှိနေသော မိန်းကလေးများကို ကြည့်ရင်း မေးလိုက်သည်။
မိန်းကလေးများမှာမူ လုံချန်းကို ဇဝေဇဝါဖြင့်သာ ကြည့်နေကြလေတော့သည်။
အခန်း (၅၄၈) မိန်းကလေးများ၏ လုပ်ဆောင်ချက်
ဖောက်ထွင်းမြင်ရသော တောင်ပံနှင့် မိန်းကလေးမှာ နားမလည်နိုင်သော လေသံဖြင့် တစ်စုံတစ်ခုကို ထပ်မံ ပြောဆိုလိုက်ပြန်သည်။
"ဒီလိုမျိုး ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတာနဲ့တင် ငါ သေတော့မှာပဲ။ တစ်ယောက်ယောက်လောက် ဘာသာပြန်ပေးမယ့်သူ ခေါ်လာပေးကြပါဦး" လုံချန်းက စကားတစ်လုံးမှ နားမလည်သဖြင့် စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။
မိန်းကလေးများ ဘာပဲပြောပြော သူတို့နှင့် စကားပြောနေခြင်းမှာ အချိန်ဖြုန်းခြင်းသာ ဖြစ်သည်ကို သိသဖြင့် နောက်တစ်ကြိမ် သူတို့ စကားပြောသောအခါတွင်မူ လုံချန်းက ဘာမှပြန်မပြောဘဲ ကြောင်ကြည့်နေလိုက်တော့သည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မိန်းကလေးများသည် တည်ကြည်သော မျက်နှာထားများဖြင့် သူတို့အချင်းချင်း တိုင်ပင်ဆွေးနွေးကြသည်။
နောက်ဆုံးတွင် သူတို့အားလုံး ခေါင်းညိတ်လိုက်ကြသည်။
လုံချန်းသည် သူတို့ပြောသော အသံများကို ကြားနေရသော်လည်း ဘာအကြောင်းအရာလဲ ဆိုသည်ကိုမူ မသိပေ။ သူတို့၏ စကားလုံးများမှာ သူ့အတွက် ဂြိုဟ်သား ဘာသာစကားကဲ့သို့ ဖြစ်နေသဖြင့် သူတို့၏ အမူအရာကို ကြည့်ကာ ခန့်မှန်းရုံသာ တတ်နိုင်သည်။
ခဏကြာသော် မိန်းကလေးများသည် လုံချန်းဘက်သို့ ပြန်လှည့်လာကြသည်။
သူတို့၏ မျက်နှာပေါ်တွင် ပြင်းထန်သော ရန်လိုသည့် အမူအရာမျိုး မတွေ့ရသဖြင့် ၎င်းမှာ ကောင်းသော လက္ခဏာဖြစ်ကြောင်း လုံချန်း သိလိုက်သည်၊ အကြောင်းမှာ သူတို့က သူ့ကို သတ်ရန် ကြံစည်နေခြင်း မဟုတ်သောကြောင့်ပင်။
ဦးဆောင်လာသော မိန်းကလေးမှာ လုံချန်းရှိရာသို့ လျှောက်လာသည်။
သူမ၏ ဖောက်ထွင်းမြင်ရသော တောင်ပံများမှာ တဖျတ်ဖျတ် ခတ်လာပြီး ကောင်းကင်ယံသို့ ပျံတက်သွားသည်။
သူမသည် လုံချန်းကို ကြည့်ရင်း သူ၏အနီးတွင် ဝဲပျံနေသည်။
'ကောင်းပြီ... အနည်းဆုံးတော့ သူ ငါ့ကို လွှတ်ပေးတော့မယ်ထင်တယ်။ ဒီမိန်းကလေးက ငါထင်ထားတာထက်တော့ ပိုပြီး အသိတရား ရှိပုံရသားပဲ' လုံချန်းက တွေးလိုက်မိသည်။
ထိုမိန်းကလေးသည် လုံချန်း၏ ဦးခေါင်းဆီသို့ သူမ၏ လက်ကို လှမ်းလိုက်သည်။ လုံချန်းက ဤနေရာ၏ အနှစ်သာရမှာ သူ၏ နှလုံးသားနှင့် ပိုနီးကပ်နေသလားဟု တွေးတောနေစဉ်မှာပင် ရုတ်တရက် ခေါင်းကို အလေးအပင်တစ်ခုနှင့် အချက်ခံလိုက်ရသလို ခံစားလိုက်ရပြန်သည်။
သူ ချက်ချင်း သတိလစ်သွားတော့သည်။ ထိုမိန်းကလေးမှာ လွန်ခဲ့သော အကြိမ်ကကဲ့သို့ပင် သူမ၏ လက်ဖြင့် လုံချန်း၏ ခေါင်းကို ရိုက်လိုက်ခြင်း ဖြစ်သည်။
သူ့ကို သတိလစ်အောင် လုပ်ပြီးနောက် သူမက လက်ကို ဝှေ့ယမ်းလိုက်ရာ မမြင်ရသော ပိုက်ကွန်မှာ လုံချန်းကို လွှတ်ပေးလိုက်သည်။ လုံချန်းမှာ အောက်သို့ ပြုတ်ကျသွားသော်လည်း မိန်းကလေးက သူ၏အနားသို့ ပျံသန်းလာကာ မြေပြင်ပေါ် မကျစေရန် တင်းတင်းကျပ်ကျပ် ဖမ်းကိုင်လိုက်သည်။
သူမသည် လုံချန်းကို ပွေ့ချီလျက် မြေပြင်ပေါ်သို့ အသာအယာ ဆင်းသက်လိုက်သည်။
"နစ်စ် ဆုဂျာ ဂါမစ်" ခေါင်းဆောင်အနားတွင် ရပ်နေသော မိန်းကလေးက မေးလိုက်သည်။
"ဂျင်ကီ ဂါ တာကီ" ဖောက်ထွင်းမြင်ရသော တောင်ပံနှင့် မိန်းကလေးက ခေါင်းငြိမ့်ပြရင်း ပြန်ဖြေသည်။
မိန်းကလေးများသည် လုံချန်း ပိတ်မိနေခဲ့သော ကျောက်ရုပ်ကြီးရှိရာမှ ထွက်ခွာသွားကြတော့သည်။
လုံချန်း သတိပြန်ရလာသောအခါ ၈ နာရီခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်ပြီး သူ ပထမဆုံး ကြားလိုက်ရသည်မှာလည်း နားမလည်နိုင်သော ဘာသာစကားပင် ဖြစ်သည်။
အမျိုးသမီး နှစ်ယောက်မှာ တစ်စုံတစ်ခုကို အငြင်းပွားနေကြပုံရသည်။
သူ မျက်လုံးဖွင့်ကြည့်လိုက်ရာ၊ သူ၏ရှေ့တွင် ရာဇပလ္လင်ပေါ်၌ ထိုင်နေသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။ ထိုအမျိုးသမီးမှာ သူ့ကို ရိုက်ခဲ့သော မိန်းကလေးနှင့် ဆင်တူသော်လည်း ဖောက်ထွင်းမြင်ရသော တောင်ပံများမှာ ပိုမိုကြီးမားကာ ပို၍ ရင့်ကျက်သော အသွင်ရှိသည်။
ထူးခြားသည်မှာ သူမ၏ ရင်သားများမှာ လုံချန်း တစ်ခါမှ မမြင်ဖူးလောက်အောင် ကြီးမားနေခြင်း ဖြစ်သည်။ ထိုမျှ သွယ်လျသော ကိုယ်လုံးလေးနှင့် ထိုမျှ ကြီးမားလှသော အရာများကို မည်သို့ သယ်ဆောင်ထားသနည်းဟုပင် သူ အံ့သြမိသည်။ တစ်ဖက်စီမှာပင် သူ၏ ဦးခေါင်းနှစ်လုံးစာထက် ပိုကြီးပုံရသည်။
ဘုရင်မဟု ထင်ရသော ထိုအမျိုးသမီးမှာ ရင်ဘတ်နေရာတွင် အလွန်ကျပ်ထုတ်နေသော ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် မည်သည့်အချိန်တွင် ပြဲထွက်သွားမလဲဟုပင် စိုးရိမ်ရသည်။ သူမမှာ လုံချန်းကို ရိုက်ခဲ့သော မိန်းကလေးကဲ့သို့ပင် ရွှေအိုရောင် ဆံပင်များ ရှိသည်။
လုံချန်းသည် ဒုတိယမြောက် အသံကို ကြားရသဖြင့် ညာဘက်သို့ လှည့်ကြည့်လိုက်ရာ သူ့အား ရိုက်ခဲ့သော မိန်းကလေးကိုပင် ထိုနေရာ၌ တွေ့လိုက်ရသည်။
သူတို့၏ တောင်ပံများကို ကြည့်ခြင်းအားဖြင့် သူတို့မှာ သားအမိများ ဖြစ်ကြလိမ့်မည်ဟု လုံချန်း ယုံကြည်လိုက်သည်။ သူတို့မှာ တစ်စုံတစ်ခုကို အပြင်းအထန် ငြင်းခုံနေကြသော်လည်း သူ ဘာမှ နားမလည်ပေ။
သူသည် သူ၏လက်ကို ကြည့်လိုက်ရာ ထူးဆန်းသော အနီရောင်ကြိုးနှင့် ထပ်မံ အချည်ခံထားရပြန်ကြောင်း သိလိုက်ရသည်။ လက်ရော ခြေထောက်ပါ အချည်ခံထားရပြီး သူသည် ခန်းမကြီးအတွင်း ဒူးထောက်လျက် ရှိနေကာ အခြားအမျိုးသမီးတစ်ဦးကမူ သူ မလှုပ်နိုင်အောင် သူ၏ လည်ပင်းကို ကိုင်ထားသည်။
'ဒီဘုရင်မကတော့ ပြင်ပကမ္ဘာက စကားကို သိကောင်းသိနိုင်တယ်၊ ဒါမှမဟုတ် ရှေးဟောင်းဘာသာစကားကို သိနိုင်တယ်။ ရွှင်း... ရှေးဟောင်းဘာသာစကားနဲ့ မင်္ဂလာပါလို့ ဘယ်လိုပြောရမလဲ ငါ့ကို ပြောပြစမ်း။ တစ်ခုခု စမ်းကြည့်ချင်လို့' လုံချန်းက စိတ်ထဲမှ ရွှင်းကို ပြောလိုက်သည်။
"ကောင်းပြီလေ။ ဆီးယူဂျစ်လို့သာ ပြောလိုက်" ရွှင်းက ပြန်ဖြေသည်။
လုံချန်း ခေါင်းငြိမ့်လိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။
"ဆီးယူဂျစ်" သားအမိနှစ်ယောက် ငြင်းခုံနေသည့် ကြားမှ လုံချန်းက ရုတ်တရက် အော်ပြောလိုက်သည်။
ဘုရင်မမှာ မျက်မှောင်ကြုတ်ကာ သူ့ကို ကြည့်လိုက်သည်။
'သူမ မှင်သက်သွားပုံရတယ်။ အလုပ်ဖြစ်နိုင်တယ်။ ထပ်ပြောကြည့်ဦးမယ်။ ရွှင်း... ကျွန်တော်က လုံချန်းပါ။ ကျွန်တော်ပြောတာကို ခင်ဗျား နားလည်လား ဆိုတဲ့ စကားလုံးတွေကို ပြောပြဦး' လုံချန်းက ရွှင်းကို ဆိုသည်။
ရွှင်းက စကားလုံးများကို ပြောပြရာ လုံချန်းက ထိုအတိုင်း လိုက်ပြောပြီး သူ့ကိုယ်သူ မိတ်ဆက်ကာ ဘုရင်မက သူပြောသည်ကို နားလည်၊ မလည် မေးလိုက်သည်။
"ဝါကီ ဟူလာမီ" ဘုရင်မက မျက်မှောင်ကြုတ်ကာ ပြန်ပြောသည်။
'သူ ဘာပြောလိုက်တာလဲ။ ရှေးဟောင်းဘာသာစကားနဲ့ ပြန်ဖြေတာလား' လုံချန်းက ရွှင်းကို မေးလိုက်သည်။
"မဟုတ်ဘူး။ သူပြောတာက ငါ နားလည်နိုင်တဲ့ ဘာသာစကား မဟုတ်ဘူး" ရွှင်းက ပြန်ဖြေသည်။
"ဒါဆိုရင်တော့ သူလည်း မသိဘူးပေါ့။ နောက်ဆုံး မျှော်လင့်ချက်အနေနဲ့ သာမန်ဘာသာစကားနဲ့ပဲ မေးကြည့်တော့မယ်" လုံချန်းက ရေရွတ်လိုက်သည်။
"လှပတဲ့ ဘုရင်မကြီးခင်ဗျာ... ကျွန်တော်က ပြင်ပကမ္ဘာက လာတဲ့ လုံချန်းပါ။ ကျွန်တော်က ဟင်းလင်းပြင်နယ်ပယ်တွေကြားမှာ ပိတ်မိနေတာပါ။ ကျွန်တော်ပြောတာကို ခင်ဗျား နားလည်လား သိချင်ပါတယ်။ နားလည်တယ်ဆိုရင် ခေါင်းလေး ငြိမ့်ပြပေးပါ" လုံချန်းက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
ဘုရင်မမှာ ဘာမှမပြောသလို ခေါင်းလည်း ငြိမ့်မပြပေ။
ဘုရင်မသည် လုံချန်း၏ သမီးဖြစ်မည်ဟု ယူဆထားသော မိန်းကလေးဘက်သို့ လှည့်ကြည့်လိုက်သည်။
သူမသည် လုံချန်းကို လက်ညှိုးညွှန်ပြကာ နားမလည်နိုင်သော ဘာသာစကားဖြင့် သူမ၏ သမီးကို တစ်စုံတစ်ခု မေးလိုက်သည်။
မိန်းကလေးက ခေါင်းငြိမ့်ပြသည်။
"ဟင်း..." ဘုရင်မမှာလည်း သက်ပြင်းချရင်း ခေါင်းငြိမ့်လိုက်သည်။
"ယာယာ အမ္မာလီ" မိန်းကလေးက ပြုံးလျက် ပြန်ဖြေပြီးနောက် လုံချန်းရှိရာသို့ လျှောက်လာသည်။
သူမသည် လုံချန်းအနားတွင် ဒူးထောက်ထိုင်လိုက်သည်။ လုံချန်းမှာမူ သူမက သူ့ကို ထပ်ပြီး ရိုက်ဦးမလားဟု ဇဝေဇဝါဖြင့် ကြည့်နေမိသည်။ အကယ်၍ သူမ၏ လက်က သူ့နားကို ရောက်လာခဲ့လျှင် သူ၏ သားရဲများကို ထုတ်လွှတ်ရန် သူ ဆုံးဖြတ်ထားသည်။
လုံချန်းက မိန်းကလေးကို သံသယဖြင့် ကြည့်နေစဉ်မှာပင် သူမ၏လက်မှာ သူ့ဆီသို့ ရောက်မလာခဲ့ပေ။ သူမသည် သူမ၏ ဦးခေါင်းကို လုံချန်း၏ ဦးခေါင်းအနားသို့ တိုးကပ်လာသည်။ သူမ ဘာလုပ်မလို့လဲဟု လုံချန်း တွေးနေစဉ်မှာပင်၊ သူ၏ နှုတ်ခမ်းပေါ်သို့ အနမ်းတစ်ပွင့် ကျရောက်လာလေတော့သည်။
မိန်းကလေး၏ နှုတ်ခမ်းများက သူ၏ နှုတ်ခမ်းများကို ထိတွေ့လိုက်သည်။ သူ၏ နှုတ်ခမ်းများ တစ်ခါမှ မထိတွေ့ဖူးလောက်အောင် နူးညံ့ချိုမြိန်လှသော ထိုအထိအတွေ့ကို သူ ခံစားလိုက်ရသည်။ သူ မယုံနိုင်အောင် ဖြစ်သွားသော်လည်း သူ၏ ညီလေးမှာလည်း စတင်နိုးကြားလာခဲ့သည်။ အလိုလိုနေရင်း ဤကဲ့သို့ ဖြစ်ပျက်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ဤအနမ်းတစ်ပွင့်တည်းကပင် သူ့ကို ဤမျှအထိ ဖြစ်သွားစေသဖြင့် သူ မှင်သက်သွားရသည်။
မိန်းကလေးသည် သူမ၏ နှုတ်ခမ်းများကို လုံချန်း၏ နှုတ်ခမ်းများထံမှ ခွာမသွားခဲ့သလို လုံချန်းကိုယ်တိုင်ကလည်း ဤအနမ်းကို ရပ်တန့်သွားစေရန် မလိုလားပေ။ ဤအနမ်းတွင် ကောင်းမွန်သော ခံစားချက်တစ်ခု ပါရှိနေသောကြောင့်ပင်…