← Chapters

အခန်း (၅၅၁-၅၅၂)

Vol. 56 Ch. 551-552

အခန်း (၅၅၁-၅၅၂)

Vol. 56 Ch. 551-552

အခန်း (၅၅၁) နှင်းခဲလေး၏ ပြောင်းလဲမှု

​"ငါ အပြင်ထွက်လာဖို့ အကြောင်း မရှိဘူး" ရွှင်းက ခပ်အေးအေး လေသံဖြင့် ပြန်ဖြေသည်။

​"ဒါနဲ့... သူပြောတာတွေကို နင် တကယ်ယုံလို့လား" သူမက လုံချန်းကို မေးလိုက်သည်။

​"တစ်ရာရာခိုင်နှုန်းတော့ မဟုတ်ဘူး၊ ဒါပေမဲ့ သူပြောတာ အတော်များများကတော့ ယုံကြည်ရပါတယ်။ ဟင်းလင်းပြင်နဲ့ ပတ်သက်တဲ့ အရာရှိတယ်ဆိုတာကိုတော့ သံသယရှိနေတုန်းပဲ။ သူ တကယ်ပြောတာလား၊ လိမ်တာလားဆိုတာတော့ မကြာခင် သိရမှာပေါ့" လုံချန်းက ခေါင်းခါရင်း ပြန်ပြောသည်။

​"ဟုတ်တယ်... သူက နင့်ကို အန္တရာယ်ပြုမယ့် ပုံတော့ မပေါ်ပါဘူး၊ ဒါပေမဲ့ အရာအားလုံးက အရမ်းရိုးရှင်းလွန်းနေသလိုပဲ။ သူတို့က ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ ဒီလို သူစိမ်းတစ်ယောက်ကို ဘာလို့ ကူညီမှာလဲ။ အထူးသဖြင့် တခြားမျိုးနွယ်စုက လူတစ်ယောက်ကိုလေ။ တစ်ခုခုတော့ လွဲနေပြီထင်တယ်" ရွှင်းက သူမဘာသာ တွေးတောနေသကဲ့သို့ ပြောလိုက်သည်။

​လုံချန်းသည် မတ်တပ်ရပ်ကာ တံခါးဆီသို့ လျှောက်သွားပြီး ဖွင့်ကြည့်လိုက်ရာ သော့ခတ်ထားကြောင်း တွေ့လိုက်ရသည်။

​"ထင်တဲ့အတိုင်းပါပဲ" လုံချန်းက ရေရွတ်လိုက်ပြီး ခုတင်ဆီသို့ ပြန်လျှောက်လာသည်။

​"ဘာပဲဖြစ်ဖြစ်... နင့်မေးခွန်းကို ဖြေရရင်တော့၊ သူတို့က အကြောင်းမဲ့သက်သက် သူစိမ်းတစ်ယောက်ကို ကူညီမှာ မဟုတ်ဘူး။ ဘယ်သူမှ အဲဒီလောက်အထိ စိတ်ကောင်းမရှိကြပါဘူး။ အထူးသဖြင့် တခြားမျိုးနွယ်စုက သူစိမ်းတစ်ယောက်ကို နမ်းတဲ့အထိတော့ စိတ်ကောင်းရှိမှာ မဟုတ်ဘူးလေ။ သူတို့လည်း ငါ့ဆီက တစ်ခုခု လိုချင်နေတာ ဖြစ်ရမယ်။ အဲဒါ ငါတွေးမိတဲ့ အချက်ပဲ" လုံချန်းက ဆိုသည်။

​"ငါလည်း အဲဒီလိုပဲ ထင်တယ်။ ဒီမှာ မြင်ရသမျှက အရာအားလုံးက လှပပြီး အပြစ်ကင်းစင်နေတာ မဟုတ်နိုင်ဘူး။ ဒီလို နေရာမျိုးရဲ့ နောက်ကွယ်မှာ လောဘဆိုတာ ရှိနေမှာပဲ" ရွှင်းက ရေရွတ်သည်။

​"ထားလိုက်ပါတော့... သူတို့ ဘာလိုချင်ချင် ငါ့အတွက် အရေးမကြီးပါဘူး။ ငါ့ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့အတွက် အထောက်အကူ ဖြစ်နေသရွေ့ ငါ အဆင်ပြေပါတယ်။ အဲဒီအတောအတွင်းမှာ သူတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေကို လေ့လာထားရမယ်၊ ဒါမှ နောက်ပိုင်း သူတို့ ငါ့ကို ရန်မူလာရင် ပြန်တိုက်ခိုက်လို့ ရမှာပေါ့" လုံချန်းက ခုတင်ပေါ်တွင် လှဲလျောင်းရင်း တိုးတိုးလေး ပြောလိုက်သည်။

​"ငါ ဒီကိစ္စတွေကို မြန်မြန်အပြတ်ဖြတ်ပြီး တစ္ဆေကျောင်းတော်ကို ပြန်သွားချင်ပြီ။ အဲဒီမှာ အရေးကြီးတဲ့ အလုပ်တွေ အများကြီး စောင့်နေတာ။ ဒီနေရာအကြောင်း ဗဟုသုတ မရှိဘဲနဲ့ ငါ မအောင်မြင်နိုင်ဘူး။ နင်ကိုယ်တိုင်လည်း ဒီနေရာအကြောင်း မသိဘူးဆိုတော့၊ လောလောဆယ်တော့ သူတို့ကိုပဲ အားကိုးရမှာပေါ့"

​လုံချန်းသည် အခန်းထဲတွင် စောင့်ဆိုင်းနေစဉ် အခန်းအပြင်ဘက်မှ ခြေသံများ အသွားအလာ ရှိနေသည်ကို အဆက်မပြတ် ကြားနေရသည်။

​ကင်းစောင့်များမှာ အခန်းကို စောင့်ကြည့်ရန်အတွက် အပြင်ဘက်တွင် တန်းစီ လျှောက်လှမ်းနေကြပုံရသည်။

​"ငါ့မှာ အကြံတစ်ခု ရှိတယ်၊ ဒါပေမဲ့ သူတို့အပေါ် အလုပ်ဖြစ်မလားတော့ မသိဘူး။ နင့်ရဲ့ အကြံပြုချက် လိုချင်တယ်။ တကယ်လို့ ဒါသာ အလုပ်ဖြစ်ရင် အရာအားလုံးက အများကြီး ပိုလွယ်သွားလိမ့်မယ်" လုံချန်းက ရွှင်းကို ပြောလိုက်သည်။

​"ဘာအကြံလဲ" ရွှင်းက လုံချန်းရှေ့တွင် ထပ်မံ ပေါ်လာပြီး မေးလိုက်သည်။

​သူမ၏ မျက်နှာပေါ်တွင် ရှက်သွေးဖြန်းနေသည့် အရိပ်အယောင်များက ယခုထက်တိုင် ရှိနေဆဲပင်။

"ပိုးဖလံလေ... ငါ အဲဒီကောင်လေးကို မခေါ်တာ ကြာပြီ။ ဒီအမှောင်နတ်မိမယ်တွေ အပေါ်မှာ သူ့ကို သုံးလို့ရမလား သိချင်တယ်။ ကျင့်ကြံသူတွေနဲ့ လူသားတွေအပေါ်မှာ သက်ရောက်မှုရှိသလိုမျိုး သူတို့အပေါ်မှာရော သက်ရောက်မှု ရှိနိုင်မလား" လုံချန်းက အကြံပြုလိုက်သည်။

​"နှလုံးစား ပိုးကောင်လား။ ငါ ထင်တာတော့ သူက ဒီမှာလည်း အစွမ်းပြနိုင်လိမ့်မယ်၊ ဒါပေမဲ့ မအောင်မြင်ခဲ့ရင်တော့ အန္တရာယ် ရှိနိုင်တယ်" ရွှင်းက ပြန်ဖြေသည်။

​"နင် အဲဒီလို အန္တရာယ်မျိုးကို စွန့်စားနိုင်ပါ့မလား" ရွှင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

​"အဲဒါလည်း ဟုတ်တာပဲ။ မအောင်မြင်ရင်တော့ ငါက ဒီနတ်မိမယ်တွေနဲ့ ရန်သူဖြစ်သွားပြီလို့ သတ်မှတ်လို့ရတယ်၊ ဒါပေမဲ့ အောင်မြင်ခဲ့ရင်တော့ ငါတို့အတွက် သတင်းပေးတစ်ယောက် ရလိုက်သလို ဖြစ်သွားမှာ" လုံချန်းက တွေးတောရင်း ဆိုသည်။

​"ငါ စမ်းကြည့်မယ်ဆိုရင် အောင်မြင်နိုင်ခြေ ဘယ်လောက်ရှိမလဲ?ဒ"

​"နင်က အဲဒီပိုးကောင်ကို သူတို့ရဲ့ နှလုံးသားထဲ ရောက်အောင် ကူညီပေးနိုင်မယ်ဆိုရင်တော့ အောင်မြင်နိုင်ခြေက ၉၀ ရာခိုင်နှုန်းထက် ပိုလိမ့်မယ်" ရွှင်းက ဖြေသည်။

​"အဲဒီအရေအတွက်ကတော့ မဆိုးပါဘူး။ ကောင်းပြီလေ... ငါ လုပ်မယ်" လုံချန်းက ခေါင်းညိတ်ကာ ဆိုသည်။

​သူသည် တံခါးဆီသို့ လျှောက်သွားပြီး ခေါက်လိုက်သည်။

​သူ ဆက်တိုက် ခေါက်နေသော်လည်း တံခါးက ပွင့်မလာပေ။

​"ငါ့ကို လျစ်လျူရှုထားဖို့ သူတို့ကို အမိန့်ပေးထားပုံရတယ်။ ငါ အထဲမှာပဲ စောင့်နေရတော့မှာပေါ့။ မင်လန် ပြန်လာတဲ့အထိ စောင့်ရလိမ့်မယ်။ သူ တစ်ယောက်တည်းပဲ ငါ့စကားကို နားလည်တာဆိုတော့ ဒီအစီအစဉ်က သူနဲ့မှ အလုပ်ဖြစ်မှာ" လုံချန်းက ခုတင်ပေါ်တွင် ပြန်ထိုင်ရင်း ရေရွတ်လိုက်သည်။

​"ဒီအတွက် ငါ့မှာ နောက်ထပ် တစ်ယောက်ယောက် လိုသေးတယ်၊ ဒါပေမဲ့ သူ့ကိုတော့ မခေါ်ထုတ်ချင်ဘူး။ သူ အပြင်ရောက်တာနဲ့ ငါ့ကို ဆဲတော့မှာ သေချာတယ်" လုံချန်းက လက်စွပ်ကိုကြည့်ကာ ခါးသက်သက် အပြုံးဖြင့် ပြောလိုက်သည်။

​သူသည် ရှေးဟောင်းလက်စွပ်ထဲမှ သားရဲနယ်မြေ အတွင်းသို့ သူ၏ စိတ်အာရုံကို ပို့လွှတ်ကာ ဝေ့ဝဲကြည့်ရှုလိုက်သည်။

​'သယံဇာတတွေ အများကြီးပဲ၊ ဒါပေမဲ့ ငါကိုယ်တိုင် ဒီထဲကို ဝင်လို့မရဘူး။ ဒီက ပစ္စည်းတွေကိုလည်း အပြင်ကို ယူထုတ်လို့ မရဘူး။ ဒီက ရှားပါးဆေးသစ်သီးတွေကို မြည်းစမ်းကြည့်လို့ရရင် ဒါမှမဟုတ် ဒီထဲမှာ ကျင့်ကြံလို့ရရင် သိပ်ကောင်းမှာပဲ' လုံချန်းက တွေးတောနေမိသည်။

​"ဩော်... နှင်းခဲလေးပါလား။ ဒီကောင်မလေးကတော့ ငါ့ကိုတောင် သတိရပုံမရတော့ဘူး။ သူ အလိုရှိရင် အပြင်ကို ထွက်လာလို့ ရရဲ့သားနဲ့ ဒီရက်ပိုင်း အထဲမှာပဲ နေနေတာ။ သူနဲ့ အရင် စကားပြောကြည့်ဦးမယ်" လုံချန်းသည် သားရဲနယ်မြေထဲတွင် အိပ်ပျော်နေသော နှင်းခဲလေးကို တွေ့ရှိသဖြင့် ရေရွတ်လိုက်သည်။

​သူသည် သူမကို လက်စွပ်ထဲမှ ခေါ်ထုတ်လိုက်သည်။

​ရှောင်ရွှယ်သည် လက်စွပ်ထဲမှ ထွက်လာပြီး လုံချန်း၏ ပေါင်ပေါ်သို့ ဆင်းသက်လိုက်သည်။

​"အုဝူး..." သူမက လုံချန်း၏ မျက်နှာကို ကြည့်ကာ အသံလေး ပြုလိုက်သည်။

​"နင်ကတော့ ငါ့ကို မေ့နေပြီလား။ ဘာလို့ အပြင်ကို ထွက်ပြီး ငါနဲ့ မတွေ့တာလဲ" လုံချန်းက သူ၏လက်ထဲမှ အမွေးပွပွ သတ္တဝါလေးကို စိုက်ကြည့်ရင်း မေးလိုက်သည်။

​"အင်း..." နှင်းခဲလေးသည် လုံချန်းက သူမ၏ခေါင်းကို ပွတ်ပေးသည်ကို သဘောကျကာ သူ၏ ပေါင်ပေါ်တွင် ငြိမ်သက်စွာ လှဲနေသည်။

​"အချိန်တွေသာ ကုန်သွားတယ်၊ နင်ကတော့ အရင်အတိုင်းပဲနော်။ နင် ကြီးလာရင်လည်း ဒီပုံစံအတိုင်းပဲ ဖြစ်နေမှာလား" လုံချန်းက နှင်းခဲလေးကို မေးလိုက်သော်လည်း သူမ ပြန်ဖြေမည် မဟုတ်သည်အား သူ သိသည်။

​နှင်းခဲလေးက သူ့ကို ဇဝေဇဝါဖြင့် ကြည့်သည်။

​"ဥပမာတစ်ခု ပြရရင်... မုဆိုးကြယ်ကို ကြည့်လိုက်။ သူ ငယ်ငယ်တုန်းက နင့်လိုပဲ သေးသေးလေး ဖြစ်မှာ သေချာတယ်၊ အခုတော့ သူက အကြီးကြီး ဖြစ်နေပြီလေ။ နင်ကရော သူ့လို အကြီးကြီး ဖြစ်လာမှာလား" လုံချန်းက မေးလိုက်သည်။

​နှင်းခဲလေးသည် သူပြောသည်ကို ကြားလိုက်ရပုံပေါ်သည်။ သူမ၏ မျက်လုံးများမှာ နီရဲသော အရောင်များဖြင့် တောက်ပလာပြီးနောက် တဖြည်းဖြည်း ကြီးမားလာတော့သည်။

​သူမ၏ အမွေးများမှာလည်း ဆီးနှင်းကဲ့သို့ ဖြူဖွေးနေရာမှ တဖြည်းဖြည်း အရောင်ရင့်လာကာ မည်းနက်လာသည်။

​"ဟေ... ဒါ ဘာကြီးလဲ" လုံချန်းသည် ထိတ်လန့်သွားကာ ရုတ်တရက် မတ်တပ်ရပ်လိုက်မိသည်။

​နှင်းခဲလေးမှာ ကြမ်းပြင်ပေါ်သို့ ဆင်းသက်သွားသော်လည်း ဆက်လက် ကြီးထွားနေဆဲပင်။ အတန်ကြာသော် ပြောင်းလဲမှုများ ရပ်တန့်သွားသည်။ သူမ၏ အမွေးများမှာ ညဉ့်နက်သန်းခေါင်ထက်ပင် ပိုမိုနက်မှောင်သော အမည်းရောင် ဖြစ်သွားသည်။ သူမ၏ လက်သည်းများမှာ မုဆိုးကြယ်၏ လက်သည်းများထက်ပင် ပိုမို ထက်မြက်ပုံရသည်။ သူမ၏ အရွယ်အစားမှာမူ မုဆိုးကြယ်နှင့် အတူတူပင် ဖြစ်သွားသည်။

​ယခုအခါ သူမသည် မုဆိုးကြယ်နှင့် တစ်ပုံစံတည်း တူသွားပြီး ပိုမို ကြောက်မက်ဖွယ်ကောင်းသော အသွင် ရှိသည်။ လုံချန်းမှာ သူ၏ မျက်စိရှေ့တွင် ဖြစ်ပျက်သွားသော အရာကို မယုံနိုင်အောင် ဖြစ်နေရသည်။

​"ဒါ... ဒါ ဘာတွေလဲ။ သူက မုဆိုးကြယ်နဲ့ နေရာချင်း လဲလိုက်တာလား" လုံချန်းက မယုံကြည်နိုင်သော မျက်နှာထားဖြင့် သားရဲနယ်မြေထဲသို့ စိတ်အာရုံပို့ကာ စစ်ဆေးကြည့်လိုက်သည်။

​သူမသည် သားရဲနယ်မြေထဲသို့ နေရာပြောင်းကာ မုဆိုးကြယ်ကို အပြင်သို့ လွှတ်လိုက်ခြင်းဖြစ်ပြီး သူကသာ သူမ ပုံစံပြောင်းသွားသည်ဟု စိတ်ကူးယဉ်နေခြင်း ဖြစ်နိုင်သည်ဟု သူ ထင်မိသည်။

​သို့မဟုတ် သူမက ပုံရိပ်ယောင်ဟုလည်း သူ ယူဆမိသည်။

​သို့သော် သားရဲနယ်မြေထဲတွင် မုဆိုးကြယ်က အမှန်တကယ် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသောအခါ လုံချန်းမှာ ပို၍ပင် အံ့အားသင့်သွားရသည်။

​လုံချန်းသည် မုဆိုးကြယ်နှင့် တူနေသော နှင်းခဲလေးကို ပြန်ကြည့်လိုက်သည်။

​"ဒါ ပုံရိပ်ယောင် ဖြစ်ရမယ်။ နင့်မှာ ပုံရိပ်ယောင် အစွမ်းလည်း ရှိတယ်လား" လုံချန်းက ဆင်ခြေတစ်ခု ပေးသကဲ့သို့ ရေရွတ်လိုက်ပြီး လက်ကို ဆန့်ထုတ်လိုက်သည်။

​သူ့တွင် ပုံရိပ်ယောင် နိယာမ ရှိသဖြင့် ထိုအရာ၏ အားနည်းချက်ကို သူ သိသည်။ ပုံရိပ်ယောင်ဆိုသည်မှာ တကယ်မရှိသော အရာကို ရှိသယောင် မြင်အောင် ပြုလုပ်ခြင်းသာ ဖြစ်သဖြင့် ထိတွေ့ကြည့်လိုက်လျှင် အမှန်တရားမှာ ပေါ်လာမည် ဖြစ်သည်။ ပုံရိပ်ယောင်ကို ထိတွေ့၍ မရနိုင်ပေ။

​သူ နှင်းခဲလေးကို ထိကြည့်လိုက်လျှင် သူမသည် နဂိုပုံစံအတိုင်း ရှိနေပြီး မုဆိုးကြယ် ပုံစံမှာ ပုံရိပ်ယောင် သက်သက်သာ ဖြစ်ကြောင်း သိရမည်ဟု လုံချန်း ယုံကြည်နေသည်။

အခန်း (၅၅၂) နှင်းခဲလေး၏ လျှို့ဝှက်ချက်

​လုံချန်းသည် လက်လှမ်း၍ နှင်းခဲလေးကို ထိတွေ့လိုက်သော်လည်း ထိလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

​ဤအရာမှာ ပုံရိပ်ယောင် မဟုတ်ကြောင်း လုံချန်း သိလိုက်ရသည်။ သူ မြင်နေရသောအရာမှာ အစစ်အမှန်ပင်။ နှင်းခဲလေးသည် မိစ္ဆာမုဆိုးသားရဲ အဖြစ် အမှန်တကယ် ပြောင်းလဲသွားခြင်း ဖြစ်သည်။

​သူသည် အဖြေတစ်ခုခု ရလိုဇောဖြင့် ရွှင်းကို လှည့်ကြည့်လိုက်သော်လည်း ရွှင်းမှာ သူ့ထက်ပင် ပို၍ ထိတ်လန့်တုန်လှုပ်နေပုံရသည်။ သူမသည် ထိုအရာက မဖြစ်နိုင်ကြောင်းသာ တတွတ်တွတ် ရေရွတ်နေတော့သည်။

​"ရွှင်း... ဒီမှာ ဘာတွေ ဖြစ်နေတာလဲ" လုံချန်းက သူမကို မေးလိုက်သည်။

​"မဖြစ်နိုင်တာတစ်ခု ဖြစ်နေတာပဲ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ယုတ္တိမရှိလိုက်တာ" နှင်းခဲ​လေးကို ကြောင်ကြည့်ရင်း ရွှင်းက ရေရွတ်နေသည်။

​"ဘာက မဖြစ်နိုင်တာလဲ။ ဘာတွေ ဖြစ်နေတာလဲ။ ငါ့ကို ပြောစမ်းပါဦး" လုံချန်းက စိုးရိမ်စိတ်ဖြင့် စိတ်မရှည်စွာ မေးလိုက်သည်။

​"ရှေးဦး အသေင်္ချေ သားရဲ" ရွှင်းက ထိုစကားလုံးလေးလုံးကို ရေရွတ်ရင်း နှင်းခဲလေးအား လက်ညှိုးညွှန်ပြလိုက်သည်။

​"ရှေးဦး အသေင်္ချေ သားရဲ ဟုတ်လား။ အဲဒါက ဘာလဲ" လုံချန်းက မေးသည်။

​ရွှင်းသည် အရှိန်ပြင်းစွာ ခုန်နေသော သူမ၏ နှလုံးသားကို တည်ငြိမ်အောင် ကြိုးစားရင်း အသက်ပြင်းပြင်း ရှူလိုက်သည်။

​"ငါ တစ်ခုခု မပြောခင် နှင်းခဲလေးက တကယ်ပဲ ရှေးဦး အသင်္ချေ သားရဲ ဟုတ်မဟုတ် အရင် အတည်ပြုဖို့ လိုတယ်။ သူ့ကို အရင်က ပုံစံအတိုင်း ပြန်ပြောင်းခိုင်းလို့ ရမလား" ရွှင်းက လုံချန်းကို ပြောသည်။

​လုံချန်းသည် အမွေးပွပွ သတ္တဝါလေးနှင့် လုံးဝမတူတော့သော နှင်းခဲလေးကို ပြန်ကြည့်လိုက်သည်။

​"နှင်းခဲလေး... နင် အရင်က ပုံစံအတိုင်း ပြန်ပြောင်းလို့ ရမလား။ ဒီပုံစံက မုဆိုးကြယ် အတွက်ပဲ ထားလိုက်ပါ။ ငါကတော့ နင့်ရဲ့ အရင်ပုံစံလေးကိုပဲ ပိုသဘောကျတယ်" လုံချန်းက ခါးသက်သက် အပြုံးဖြင့် ပြောလိုက်သည်။

​နှင်းခဲလေးသည် လုံချန်းကို ကြည့်ကာ ခေါင်းညိတ်ပြသည်။ သူမ၏ နီရဲသော မျက်လုံးများမှာ နဂိုအရောင်သို့ ပြန်လည် ပြောင်းလဲသွားပြီးနောက် ကိုယ်လုံးမှာလည်း တဖြည်းဖြည်း သေးငယ်လာသည်။ သူမ၏ ခန္ဓာကိုယ်ပုံသဏ္ဍာန် ပြောင်းလဲလာကာ လက်သည်းများ ပျောက်ကွယ်သွားပြီး အမွေးများမှာလည်း အမည်းရောင်မှ အဖြူရောင်သို့ ပြန်လည် ပြောင်းလဲသွားတော့သည်။

​စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမသည် ချစ်စရာကောင်းသော နဂိုပုံစံလေးသို့ ပြန်ရောက်သွားသည်။

​လုံချန်းသည် သူမကို ပွေ့ချီလိုက်ပြီး အသံလေးပြုကာ ကပ်ချွဲနေသော သူမ၏ နူးညံ့သည့် ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။

​"အဲဒါမှ ငါသဘောကျတဲ့ ပုံစံလေးပေါ့" လုံချန်းက နှင်းခဲလေးကို ပြောလိုက်သည်။

​သူသည် ရွှင်းကို ပြန်ကြည့်လိုက်သည်။

​"သူ ပြန်ဖြစ်သွားပြီ။ အခု ငါ့ကို ပြောပြလို့ ရပြီလား" လုံချန်းက မေးသည်။

​ရွှင်းသည် သူမကိုယ်သူမ တည်ငြိမ်အောင် ကြိုးစားထားသော်လည်း လုံးဝဥဿုံတော့ တည်ငြိမ်မသွားသေးပေ။

​"ဟုတ်တယ်။ သူက ရှေးဦး အသင်္ချေ သားရဲပဲ။ အဲဒီဥထဲကနေ ရှေးဦး အသင်္ချေ သားရဲ ထွက်လာလိမ့်မယ်လို့ ငါ အိပ်မက်ထဲမှာတောင် မထင်ထားခဲ့ဘူး" ရွှင်းက ရေရွတ်သည်။

​"ရှေးဦး အသင်္ချေ သားရဲ ဆိုတာက ဘာလဲ" လုံချန်းက ထပ်မေးသည်။ သူမ ဘာကို ဆိုလိုသလဲဆိုသည်ကို သူ ဘာမှ နားမလည်သေးပေ။ သူ နားလည်သလောက်မှာ နှင်းခဲလေးသည် ဝိညာဉ်လမင်းကြောင် မဟုတ်ဘဲ ပုံသဏ္ဍာန် ပြောင်းလဲနိုင်သော အခြားမျိုးနွယ်စုတစ်ခု ဖြစ်သည်ဟူ၍သာ။ ၎င်းမှာ ထူးခြားသော စွမ်းအားတစ်ခု ဖြစ်သော်လည်း ရွှင်း ဘာကြောင့် ဤမျှအထိ ထိတ်လန့်နေရသနည်းဆိုသည်ကိုမူ သူ စဉ်းစားမရပေ။

​"ငါ အရင်ဆုံး ပုံပြင်တစ်ပုဒ် ပြောပြမယ်။ အဲဒါကို နားထောင်ပြီးရင် နင် နားလည်သွားပါလိမ့်မယ်။ ဒါကို ငါ့ရဲ့ သခင်ဟောင်းက တစ်ယောက်ယောက်နဲ့ စကားပြောနေတုန်း ကြားခဲ့ရတာပါ" ရွှင်းက ပြန်ဖြေသည်။

​"နင့်ရဲ့ သခင်ဟောင်း ဟုတ်လား။ ဒီသွေးမျိုးဆက်ရဲ့ မူလပိုင်ရှင်ကို ပြောတာလား။ ဒါဆိုရင်တော့ အဲဒီပုံပြင်က တကယ့်ကို ထူးခြားမှာပဲ။ ဘာပုံပြင်လဲ" လုံချန်းက မေးလိုက်သည်။

​"အဲဒါက ရှေးဦးသားရဲ နှစ်ကောင်အကြောင်းပါ။ သူတို့က နတ်ဘုရားသားရဲ ၉ ပါးရဲ့ ဘိုးဘေးတွေလို့ ခေါ်ကြတဲ့သူတွေပေါ့" ရွှင်းက လုံချန်းဘေးတွင် ထိုင်ရင်း ဆိုသည်။

​"ပုံပြင်က ဒီလိုပါ... ဒီကမ္ဘာမှာ ဘာမှမရှိသေးခင်တုန်းက သက်ရှိနှစ်ဦး ရှိခဲ့တယ်။ သူတို့ကို စစ်မှန်သော နတ်ဘုရားများ ဒါမှမဟုတ် ရှေးဦးသက်ရှိများလို့ ခေါ်နိုင်ပါတယ်။ အဲဒီသက်ရှိနှစ်ဦးက စကြာဝဠာကြီးကို ဖန်တီးခဲ့တာပါ။ သူတို့က သဘာဝတရား၊ ဂြိုဟ်တွေ၊ သက်ရှိတွေ၊ အခြေခံအားဖြင့် နင် စိတ်ကူးနိုင်သမျှ အရာအားလုံးကို ဖန်တီးခဲ့တာပေါ့။ သူတို့က စစ်မှန်တဲ့ ဖန်ဆင်းရှင်တွေပဲ။ စကြာဝဠာတစ်ခုလုံးကို ဖန်တီးနိုင်တယ်ဆိုကတည်းက သူတို့ ဘယ်လောက်အထိ အင်အားကြီးမလဲဆိုတာ နင် စဉ်းစားကြည့်လို့ ရနိုင်ပါတယ်" ရွှင်းက ပြောသည်။

​"တကယ့်ကို အင်အားကြီးမှာပဲ" လုံချန်းက တွေးတောရင်း ရေရွတ်လိုက်သည်။ သူတို့ မည်မျှအထိ အင်အားကြီးမလဲဆိုသည်ကို သူ ခန့်မှန်းရုံသာ တတ်နိုင်သည်။

​"ဟုတ်တယ်၊ ဒါပေမဲ့ သူတို့အကြောင်းကို ဘယ်သူမှ မသိကြဘူး။ ငါ့ သခင်ဟောင်းက ဒါကို ဘယ်လို သိခဲ့သလဲဆိုတာတောင် ငါ မသိပါဘူး။ သူပြောတာကတော့ အဲဒီသက်ရှိနှစ်ဦးဟာ ဒီစကြာဝဠာကနေ ထာဝရ ပျောက်ကွယ်မသွားခင်မှာ တစ်ခုခုကို ငြင်းခုံခဲ့ကြတယ်တဲ့။ သူတို့နှစ်ယောက် တိုက်ခိုက်ရင်းနဲ့ အချင်းချင်း သတ်မိပြီး သေဆုံးသွားကြတာ ဖြစ်နိုင်တယ်လို့ သခင်ဟောင်းက ပြောဖူးတယ်" ရွှင်းက ရှင်းပြသည်။

​"စိတ်ဝင်စားစရာ ပုံပြင်ပဲ၊ ဒါပေမဲ့ အဲဒါက ရှေးဦးသားရဲ နှစ်ကောင်နဲ့ နှင်းခဲလေးနဲ့ ဘာဆိုင်လို့လဲ" လုံချန်းက နှင်းခဲလေးကို ငုံ့ကြည့်ရင်း မေးလိုက်သည်။

​"အဲဒီ သက်ရှိနှစ်ဦး တိုက်ခိုက်ကြတုန်းက သူတို့ရဲ့ သွေးစက်တွေ ပြုတ်ကျခဲ့တယ်လို့ ဆိုကြတယ်။ အဲဒီထဲက စစ်မှန်သော နတ်ဘုရားတစ်ပါးရဲ့ သွေးစက်ကနေ ရှေးဦးသားရဲ တစ်ကောင် ဖြစ်လာပြီး နောက်ထပ် နတ်ဘုရားတစ်ပါးရဲ့ သွေးစက်ကနေ နောက်ထပ် ရှေးဦးသားရဲ တစ်ကောင် ဖြစ်လာခဲ့တယ်" ရွှင်းက လုံချန်းကို ပြောပြသည်။

​"အဲဒီနေ့နောက်ပိုင်းမှာ ရှေးဦးသက်ရှိတွေ ပျောက်ကွယ်သွားခဲ့တယ်။ သူတို့ရဲ့ သွေးစက်ကနေ မွေးဖွားလာတဲ့ ရှေးဦးသားရဲ နှစ်ကောင်ကတော့ ကြီးပြင်းလာကြတယ်"

​"အဲဒီ ရှေးဦးသားရဲ နှစ်ကောင်ထဲက တစ်ကောင်ကတော့ အမှောင်ထုရဲ့ အစောင့်အရှောက်လို့ ဆိုကြတဲ့ ရှေးဦး အသင်္ချေ သားရဲပဲ။ ဒုတိယတစ်ကောင်ကတော့ အလင်းရောင်ရဲ့ အစောင့်အရှောက်လို့ ဆိုကြတဲ့ ရှေးဦး သက်တံဖီးနစ် ပေါ့။ ပုံပြင်ထဲမှာတော့ သူတို့နှစ်ယောက်ဟာ နှစ်ပေါင်းသန်းချီအောင် တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုတယ်။ ဘယ်သူ နိုင်သွားသလဲဆိုတာ နင် ခန့်မှန်းနိုင်လား" ရွှင်းက လုံချန်းကို မေးသည်။

​"ဘယ်သူလဲ" လုံချန်းက ပြန်မေးသည်။ သူက ဤပုံပြင်ကို တစ်ခါမှ မကြားဖူးသဖြင့် သူ့အတွက် အသစ်အဆန်း ဖြစ်နေသည်။ ဘယ်သူ နိုင်မည်ကို သူ လုံးဝ မသိပေ။

​"ဘယ်သူမှ မနိုင်ခဲ့ဘူး။ နောက်ဆုံးမှာ သူတို့နှစ်ယောက်လုံး အချင်းချင်း သတ်မိပြီး သေသွားကြတာပဲ။ အဲဒါက ငါ သခင်ဟောင်းဆီက ကြားခဲ့ရတာ၊ ဒါပေမဲ့ သူပိုင်တဲ့ဥထဲမှာ ရှေးဦး အသင်္ချေ သားရဲ ရှိနေလိမ့်မယ်ဆိုတာ ငါ မသိခဲ့ဘူး။ သခင်ဟောင်းက ပုံပြင်တချို့ကို လိမ်ပြောခဲ့တာ ဖြစ်နိုင်တယ်လို့ ငါ အခု ယုံကြည်လာပြီ" ရွှင်းက နှင်းခဲလေးကို ကြည့်ရင်း ဆိုသည်။

​"စိတ်ဝင်စားစရာပဲ။ ဒီကောင်မလေးရဲ့ နောက်ကွယ်မှာ ဒီလိုပုံပြင်မျိုး ရှိမယ်လို့ ငါ မသိခဲ့ဘူး။ သူ့မှာ စစ်မှန်တဲ့ နတ်ဘုရားတစ်ပါးရဲ့ သွေး ပါနေတာပေါ့။ ငါ သူ့ကို ယဉ်ပါးအောင် လုပ်နိုင်ခဲ့တာက တကယ်ပဲ မယုံနိုင်စရာပဲ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ" လုံချန်းက မျက်မှောင်ကြုတ်ကာ မေးသည်။

​ပထမဆုံးသော ရှေးဦးသက်ရှိ၏ သွေးမှ သက်ရှိထင်ရှား ဖြစ်လာသော သားရဲတစ်ကောင်ကို ယဉ်ပါးအောင် လုပ်ရသည်က အဘယ်ကြောင့် ဤမျှ လွယ်ကူနေရကြောင်း သူ နားမလည်နိုင်ပေ။

​"ကောင်မလေးရေ... နင်က တကယ့်ကို ထူးခြားတာပဲ။ အဲဒီတုန်းက တိုက်ခဲ့တာက နင်လား၊ ဒါမှမဟုတ် နင့်ရဲ့ အဖေလား" လုံချန်းက နှင်းခဲလေးကို ပြုံးလျက် ကြည့်ကာ မေးလိုက်သည်။

​"သူက နတ်ဘုရားသားရဲတွေရဲ့ ဘိုးဘေး ဖြစ်နေတာက သိပ်တော့ မကောင်းဘူး" ရွှင်းက လုံချန်းကို စိုးရိမ်တကြီး ကြည့်ကာ ပြောသည်။

​"ဘာလို့ မကောင်းရမှာလဲ" လုံချန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

​"ဘာလို့လဲဆိုတော့ နတ်ဘုရားသားရဲတွေက သူ ရှိနေတာကို သိသွားရင် သူ့ကို သတ်ဖို့ ကြိုးစားကြလိမ့်မယ်" ရွှင်းက ခေါင်းခါရင်း ဆိုသည်။

​"ဘာလို့လဲ။ သူက သူတို့ရဲ့ ဘိုးဘေး ဖြစ်ဖြစ် ဘိုးဘေးရဲ့ ကလေးပဲဖြစ်ဖြစ်ပေါ့။ ဘာလို့ သူတို့က သူ့ကို သတ်မှာလဲ" လုံချန်းက မေးသည်။

​"အာဏာနဲ့ စွမ်းအားကြောင့်ပေါ့။ နှင်းခဲလေးမှာ သူတို့ထက် အများကြီး ပိုပြီး အင်အားကြီးမားလာနိုင်တဲ့ အလားအလာ ရှိတယ်။ သူတို့က စိုးရိမ်ကြလိမ့်မယ်။ အင်အားကြီးတဲ့သူတွေက မသေချာမှုတွေကြားမှာ မနေချင်ကြဘူး။ သူတို့ထက် ပိုအင်အားကြီးမားလာမယ့်သူ တစ်ယောက်ယောက် ရှိနေတာကို သူတို့ မလိုလားကြဘူး၊ အဲဒါက သူတို့ကို ဒုတိယတန်းစား သက်ရှိတွေ ဖြစ်သွားစေမှာကိုး။ ရှောင်ရွှယ်သာ အဲဒီအဆင့်အထိ ကြီးထွားလာရင် သူတို့က အုပ်စိုးသူတွေ မဟုတ်တော့ဘဲ သူ့ရဲ့ လက်အောက်ခံတွေပဲ ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် သူတို့ သေချာပေါက် သတ်ဖို့ ကြိုးစားကြလိမ့်မယ်။ အဲဒါကိုတော့ ငါ သေချာပေါက် ပြောရဲတယ်" ရွှင်းက ဆိုသည်။

​"လူသားတွေတောင်မှ တစ်ယောက်ယောက်ရဲ့ အလားအလာကို ကြောက်လို့ တိုက်ခိုက်ကြသေးတာပဲ၊ သားရဲတွေဆိုတာ သားရဲတွေပါပဲ။ ဒီလို ဘိုးဘေးသားရဲတစ်ကောင် စကြာဝဠာထဲမှာ ထွန်းကားလာမှာကို သူတို့ သိရင် ခွင့်ပြုကြမှာ မဟုတ်ဘူး" ရွှင်းက ထပ်ပြောသည်။

​"ကောင်းပြီလေ... သူတို့ သူ့ကို ရှာတွေ့မှာမှ မဟုတ်တာ။ သူသာ ပုံစံမပြောင်းဘူးဆိုရင် သူက ရှေးဦး အသင်္ချေ သားရဲဆိုတာ ဘယ်သူမှ သိမှာ မဟုတ်ပါဘူး" လုံချန်းက ပြန်ပြောသည်။

​"ကောင်မလေးရေ... နင် အထဲကို ပြန်သွားပြီး အနားယူလိုက်ဦး။ ငါ နောက်မှ ပြန်ခေါ်မယ်နော်" လုံချန်းက နှင်းခဲလေး၏ နဖူးလေးကို နမ်းကာ ရေရွတ်လိုက်ပြီးနောက် သူမအား သားရဲနယ်မြေထဲသို့ ပြန်လည် ပို့ဆောင်လိုက်သည်။

​"နင့်လက်ထဲမှာ ရှိနေတာရဲ့ အရေးပါပုံကို နင် တကယ် နားမလည်သေးဘူး ထင်တယ်။ သူက စကြာဝဠာရဲ့ အနာဂတ်ကိုတောင် ပြောင်းလဲပစ်နိုင်တာ။ ဘယ်နတ်ဘုရားသားရဲရဲ့ ပုံသဏ္ဍာန်ကိုမဆို ဒါမှမဟုတ် တစ်ခါမှ မမြင်ဖူးသေးတဲ့ ပုံစံမျိုးကိုတောင် ပြောင်းလဲနိုင်တဲ့ သားရဲလေ။ သူ့ကြောင့် ပြောင်းလဲသွားနိုင်တဲ့ အရာတွေ အများကြီး ရှိတယ်" ရွှင်းက ရေရွတ်လိုက်လေတော့သည်။

All Chapters