← Chapters

အခန်း (၂၆၁-၂၆၂)

Vol. 27 Ch. 261-262

အခန်း (၂၆၁-၂၆၂)

Vol. 27 Ch. 261-262

အခန်း (၂၆၁) - တောင်ဂိုဏ်းမှ ထွက်ခွာခြင်း၊ ရှေးဟောင်း ကမ္ဘာခြားနတ်ဆိုးနယ်မြေ(၁)

ကိုးကောင်းကင် တိုင်ချင်းနန်းတော်...

ချင်းကျူခန်းမ...

လင်ချင်းကျူသည် သူမ၏ ဖြူဖွေးနုနယ်သော ခြေဗလာလေးများကို ပေါင်ပေါ်တွင် တင်ကာ ကောင်းကင်ပြာ ကြာပန်းတစ်ခုပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေလေသည်။

သူမ၏ သွယ်လျသော ကျောက်စိမ်းရောင် လက်ချောင်းလေးများက လက်သင်္ကေတများကို အဆက်မပြတ် ဖန်တီးနေပြီး အစိမ်းရောင် အလင်းတန်းလေးတစ်ခုက သူမ၏ ပတ်ဝန်းကျင်တွင် ပြန့်နှံ့နေခဲ့၏။

သူမ မျက်လုံးများ ဖြည်းညင်းစွာ ပွင့်လာသည်နှင့်အမျှ ကြာပန်းများပါ ပွင့်လန်းလာပြီး သူမ၏ မျက်ဝန်းများထဲရှိ အလင်းရောင်နှင့်အတူ ထွက်ပေါ်လာသကဲ့သို့ ရှိနေခဲ့သည်။

မရေမတွက်နိုင်သော ကြာရွက်များဖြင့် ဝန်းရံထားလျက် သူမသည် ကောင်းကင်ယံသို့ ဖြည်းညင်းစွာ ပျံတက်သွားပြီး နက်နဲသော ကောင်းကင်ကိုးခုမှ နတ်သမီးလေး တစ်ပါးအလား ကခုန်နေလေသည်။

သူမ၏ ရှည်လျားသော ဝတ်ရုံလက်များမှာ လေထဲတွင် လွင့်မျောနေပြီး များပြားလှသော ကြာရွက်များနှင့် ကြာဖတ်များက သူမ၏ နောက်မှ လိုက်ပါနေကြ၏။

ငှက်များနှင့် လိပ်ပြာများပင်လျှင် ပါဝင်လာကြပြီး သူမ၏ လမ်းညွှန်မှုအောက်တွင် လေဟုန်စီးရသည့် ပျော်ရွှင်မှုကို ခံစားနေကြလေသည်။

“ဂိုဏ်းတူအစ်မကြီးချင်းကျူက အရမ်းလှတာပဲ...”

“တခြားသူတွေ သိုင်းပညာလေ့ကျင့်ရင် တောင်တွေကို ဖြိုခွဲတာ ဒါမှမဟုတ် ရေစီးကြောင်းတွေကို ဖြတ်တောက်တာတွေ လုပ်ကြတယ်၊ ဂိုဏ်းတူအစ်မကြီး ချင်းကျူ တစ်ယောက်တည်းကသာ လူ့ပြည်ကို ဆင်းသက်လာတဲ့ နတ်သမီးလေးတစ်ပါး ကခုန်နေသလိုမျိုး သိုင်းပညာလေ့ကျင့်နေတာ...”

“ဟဲဟဲ၊ သူမရဲ့ အလှတရားကိုပဲ ကြည့်မနေနဲ့ဦး... ဂိုဏ်းတူအစ်မကြီးချင်းကျူ ပစ်လွှတ်လိုက်တဲ့ ကြာရွက် တစ်ရွက်တည်းကိုတောင် နင်တို့ တားဆီးနိုင်မှာ မဟုတ်ဘူးနော်...”

…

“လက်ရှိ စူပါဂိုဏ်းကြီး ရှစ်ခုထဲမှာ ဂိုဏ်းတူအစ်မကြီး ချင်းကျူနဲ့ ယှဉ်နိုင်တဲ့သူဆိုလို့ ယွမ်ဂိုဏ်းက လူငယ်ဘုရင် သုံးပါးနဲ့ တောင်ဂိုဏ်းက ဝူယွမ်တို့ပဲ ရှိလောက်တယ်...”

“တောင်ဂိုဏ်းက ဝူယွမ်က ယောင်းလင်းကို သတ်ခဲ့ရုံလေးပါ... သူက ဂိုဏ်းတူအစ်မကြီး ချင်းကျူနဲ့ ယှဉ်နိုင်ဖို့ လုံလောက်ဦးမှာ မဟုတ်ပါဘူး...”

လင်ချင်းကျူ သိုင်းပညာ လေ့ကျင့်နေသည်ကို အဝေးမှ ကြည့်ရှုနေကြသော ကိုးကောင်းကင် တိုင်ချင်းနန်းတော်မှ တပည့်များမှာ အချင်းချင်း တီးတိုး ဆွေးနွေးနေကြလေသည်။

သူတို့၏ ရင်တွင်း၌ လင်ချင်းကျူသည် လက်လှမ်းမမီနိုင်သော အဆင့်အတန်း တစ်ခုတွင် ရှိနေခဲ့၏။

“ဂိုဏ်းတူအစ်မကြီး လင်ချင်းကျူက အရမ်း အားကောင်းပေမယ့် အစ်ကိုကြီး ဝူယွမ်ကတော့ သူမထက် သေချာပေါက် မနိမ့်ကျပါဘူး...” တပည့်များစွာကြားရှိ နူးညံ့ပြီး ချစ်စရာကောင်းပုံရသော မိန်းကလေး တစ်ဦးက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်လေသည်။

“ညီမလေးစုရို... နင် ဘာလို့ အဲဒီလို ပြောရတာလဲ၊ နင်က အဲဒီ ဝူယွမ်နဲ့ အရမ်းရင်းနှီးလို့လား...”

“ဟုတ်တယ်နော်... အရင်တုန်းက ညီမလေးစုရိုက ဝူယွမ်နောက်ကို လိုက်ပြီး တောင်ဂိုဏ်းကို သွားမလို့ လုပ်သေးတယ်လို့ င ကြားဖူးတယ်...”

“ဖြစ်နိုင်တာက ညီမလေး သူ့ကို တိတ်တဆိတ် စိတ်ဝင်စားနေတာများလား...”

“နင့်ရဲ့ ခံစားချက်တွေကို ငါတို့နားလည်ပါတယ် ညီမလေး... ဒါပေမယ့် အဲဒီ ဝူယွမ်က တောင်ဂိုဏ်းကို ဝင်လာတာ တစ်နှစ်ပဲ ရှိသေးတယ်လေ၊ သူက ဂိုဏ်းတူအစ်မကြီး ချင်းကျူနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ...”

“ဒါပေမယ့် ဂိုဏ်းပြိုင်ပွဲက စတော့မယ်လေ... ညီမလေးစုရိုက သူမရဲ့ ချစ်လှစွာသော အစ်ကိုကြီးဝူယွမ်ကို မကြာခင် မြင်ရတော့မှာပေါ့၊ အဲ့ဒီကျရင်တော့ နင် အခြားတစ်ဖက်ကို ကူးမသွားပါစေနဲ့လို့ပဲ မျှော်လင့်ရတာပေါ့...”

... ထိုတပည့်များက စုရိုကို ဝိုင်းဝန်း စနောက်နေကြလေသည်။

စုရို၏ မျက်နှာလေးမှာ နီရဲသွားခဲ့၏။ သူမက ခြေဆောင့်လိုက်ပြီး သူတို့ကို ဆက်လက် စကားမပြောတော့ပေ။

သူမသည် လင်ချင်းကျူ၏ နန်းတော်ထဲသို့ ပြေးဝင်သွားတော့လေသည်။

ဝူယွမ်ကို မကြာမီ တွေ့ရတော့မည်ဟု တွေးမိသောအခါ စုရိုသည်လည်း ဝမ်းသာနေခဲ့၏။ ကိုးကောင်းကင် တိုင်ချင်းနန်းတော်သို့ ဝင်ရောက်ပြီးနောက် သူမ၏ စွမ်းအားများမှာ အံ့ဩစရာကောင်းလောက်အောင် တိုးတက်လာခဲ့သည်။

လှပသော အမျိုးသမီးကြီးသည် သူမကို တကယ်ပင် မလိမ်ညာခဲ့ပေ။ ကိုးကောင်းကင် တိုင်ချင်းနန်းတော်သည် သူမ၏ ကျင့်ကြံခြင်းအတွက် ပိုမို သင့်တော်လှပေသည်။

ယခုအခါ သူမသည် ကိုးကောင်းကင် တိုင်ချင်းနန်းတော်တွင် လင်ချင်းကျူမှလွဲ၍ တန်ဖိုးအထားခံရဆုံး တပည့်တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ထို့အပြင် လင်ချင်းကျူနှင့် သူမ၏ ဆက်ဆံရေးမှာလည်း သာမန်မဟုတ်ဘဲ ညီအစ်မအရင်းများအလား ရင်းနှီးလှပေသည်။

“အစ်မချင်းကျူ... အစ်မရဲ့ စွမ်းအားတွေ ထပ်ပြီး တိုးတက်လာပြန်ပြီပဲ...”

လင်ချင်းကျူ ကောင်းကင်ယံမှ ဆင်းသက်လာသည်ကို မြင်သောအခါ စုရိုက ဝမ်းသာအားရဖြင့် ရှေ့သို့ တိုးသွားကာ ပြောလိုက်လေသည်။

“အင်း... ငါ တံခါးပိတ်ကျင့်ကြံရာကနေ ခုလေးတင် ထွက်လာတာ၊ အကျိုးအမြတ်တချို့ ရခဲ့တယ်...” လင်ချင်းကျူက ခေါင်းညိတ်ပြလိုက်ပြီးနောက် ဤချစ်စရာကောင်းသော ညီမလေးကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်လေသည်။

“ဂိုဏ်းတူ ညီအစ်ကို မောင်နှမတွေက နင်နဲ့ တောင်ဂိုဏ်းက ဝူယွမ်အကြောင်း ဆွေးနွေးနေကြတာကို ငါကြားတယ်"

“ရှောင်ရို... နင်က ငယ်သေးတယ်၊ ပြီးတော့ သိုင်းပညာ တိုးတက်နေတဲ့ အချိန်အခါလည်း ဖြစ်တယ်... အချစ်ရေးမှာ အရမ်းကြီး မနစ်မွန်းပါနဲ့၊ ပြီးတော့ ငါတို့ ကိုးကောင်းကင် တိုင်ချင်းနန်းတော်ရဲ့ သိုင်းပညာရပ်တွေက ဒီလိုကိစ္စတွေမှာ စောစောစီးစီး ပါဝင်ပတ်သက်ဖို့ မသင့်တော်ဘူးလေ...”

“ဂိုဏ်းတူအစ်မကြီးချင်းကျူ... သူတို့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်ပါနဲ့၊ အစ်ကိုကြီးဝူယွမ်နဲ့ ကျွန်မကြားမှာ ဘာမှ မရှိပါဘူး...”

“ပြည်ထောင်တစ်ရာတိုက်ပွဲတုန်းက အစ်ကိုကြီးဝူယွမ်က ကျွန်မကို ကူညီခဲ့လို့ပါ... အစ်ကိုကြီးဝူယွမ်အပေါ် ထားတဲ့ ကျွန်မရဲ့ ခံစားချက်တွေက... ကျေးဇူးတင်တဲ့ စိတ်သက်သက်ပါပဲ...” စုရိုက အလျင်အမြန် ငြင်းဆိုလိုက်လေသည်။

“ကောင်မလေး... ငါ မသိဘူးလို့ နင်ထင်နေတာလား၊ ဂိုဏ်းပြိုင်ပွဲမှာ ပါဝင်ဖို့ ခွင့်ပြုချက် ရကတည်းက နင် တစ်နေကုန် အရူးလေးတစ်ယောက်လို ပျော်နေပြီး ကျင့်ကြံဖို့ကိုတောင် အာရုံမစိုက်တော့ဘူးလေ...”

လင်ချင်းကျူက စုရို၏ နဖူးကို လက်ညှိုးလေးဖြင့် တွန်းကာ ဆူပူလိုက်လေသည်။

“မဟုတ်တာ...” စုရိုက မျက်နှာလေး နီရဲကာ ပြောလိုက်လေသည်။

လင်ချင်းကျူက မေးလိုက်၏။ “အဲဒီ ဝူယွမ်ကို နင် တကယ်သဘောကျနေတာလား...”

ဤအချိန်တွင် လင်ချင်းကျူထံမှ အေးစိမ့်သော လှိုင်းဂယက်တစ်ခု ခပ်ရေးရေး ထွက်ပေါ်လာခဲ့လေသည်။

“ဂိုဏ်းတူအစ်မကြီးချင်းကျူ... ကျွန်မ... ကျွန်မကတော့ တစ်ယောက်ယောက်ကို သဘောကျတယ်ဆိုတာ ပုံမှန်ပဲလို့ထင်တာပဲ၊ ပြီးတော့ အစ်ကိုကြီးဝူယွမ်က အရမ်းကို ထူးချွန်တာလေ... အစ်မမှမသိတာ၊ သူက...”

စုရိုက သတ္တိမွေးကာ ပြောဆိုလိုက်ပြီး အစ်ကိုကြီးဝူယွမ်၏ ထူးချွန်ပြောင်မြောက်မှုများ အကြောင်းကို လင်ချင်းကျူအား ပြောပြရန် ပြင်ဆင်လိုက်သော်လည်း လင်ချင်းကျူက သူမကို ကြားဖြတ် ပြောဆိုလိုက်လေသည်။

“ကောင်းပြီ ရှောင်ရို... နင်က ငယ်သေးတော့ ဘယ်အရာက အရေးကြီးတယ်ဆိုတာကို မသိသေးဘူးလေ... အဲဒီ ဝူယွမ်က ဘယ်လောက်ပဲ ကောင်းနေပါစေ၊ အခုအချိန်မှာ နင် အဲ့ဒီအကြောင်းတွေကို မတွေးသင့်သေးဘူး..."

“သေချာ ကျင့်ကြံပါ၊ တကယ်လို့ နင့်ရဲ့ အချစ်အတွက် နင် တိုက်ပွဲဝင်ချင်တယ်ဆိုရင်တောင် အနည်းဆုံးတော့ ငါ့ထက်သာလွန်တဲ့ စွမ်းအားမျိုး နင့်ဆီမှာ အရင်ဆုံး ရှိနေမှဖြစ်မယ်...”

လင်ချင်းကျူက အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။ သူမ မသိဘဲ ဘယ်နေမည်နည်း။ ဝူယွမ်အကြောင်းကို သူမက မည်သူ့ထက်မဆို ပိုမိုနားလည်ထားသည် မဟုတ်လော။

သို့သော် စုရိုက ဝူယွမ်အပေါ် ဤမျှ နက်ရှိုင်းစွာ ချစ်မြတ်နိုးနေသည်ကို မြင်ရသောအခါ သူမ အချစ်ရ‌ဆုံးသော ညီမငယ်လေး၏ အချစ်ရဆုံးသူနှင့် သူမကိုယ်တိုင် အချစ်ရေး ပတ်သက်မှု ရှိခဲ့ပြီးဖြစ်ကြောင်းကို နောက်ပိုင်းတွင် သိရှိသွားပါက အသည်းကွဲသွားမည်ကို လင်ချင်းကျူ စိုးရိမ်နေခဲ့မိသည်။

ဝူယွမ်သည် ညီမလေးစုရိုအပေါ် မကောင်းသော ရည်ရွယ်ချက်များ ရှိနေမည်ကိုလည်း လင်ချင်းကျူ စိုးရိမ်နေခဲ့၏။

“ဂိုဏ်းတူအစ်မကြီးကို ကျော်လွန်နိုင်ရမယ်လား...”

စုရိုမှာ ဆွံ့အသွားခဲ့လေသည်။ ၎င်းမှာ ခက်ခဲလွန်းလှပေသည်။ လင်ချင်းကျူကို သူမက မည်သို့ ကျော်လွန်နိုင်မည်နည်း။

“သွားကျင့်ကြံတော့... ဂိုဏ်းပြိုင်ပွဲအတွက် သေချာ ပြင်ဆင်ထား...”

လင်ချင်းကျူက သက်ပြင်းချလိုက်ပြီး ဝင်းခြံထဲသို့ လျှောက်သွားလေသည်။

“ယောကျ်ားတွေဟာ... တကယ်ကို ပြဿနာတွေရဲ့ မြစ်ဖျားခံရာပါပဲလား...”

တောင်ဂိုဏ်းတွင် ဝူယွမ်သည်လည်း လင်ချင်းကျူ အကြောင်းကို တွေးတောနေခဲ့လေသည်။

‘အတွင်းအရသာကို သိခြင်း’ ဟူသော အရာတစ်ခု ရှိလေသည်။

ရိုးရိုးသားသား ပြောရလျှင် လင်ချင်းကျူနှင့် သူ၏ ဆက်ဆံရေးမှာ ခဏတာ တွေ့ဆုံမှုမျှသာ ဖြစ်ပြီး နက်ရှိုင်းသော စိတ်ခံစားမှုပိုင်းဆိုင်ရာ အတွေ့အကြုံများ မရှိသေးပေ။

သို့သော်ငြားလည်း လင်ချင်းကျူ ချန်ထားခဲ့သော မှတ်ဉာဏ်များမှာတော့ အလွန် နက်ရှိုင်းလှပေသည်။

သူ လုံးဝ မေ့ပျောက်၍ မရနိုင်ခဲ့ပေ။

မြက်မြင်မြင်ချင်း ချစ်ကျွမ်းဝင်သွားစေနိုင်လောက်အောင် လှပလွန်းလှသော အမျိုးသမီးတစ်မျိုး လောကကြီးတွင် အမှန်တကယ် ရှိလေသည်။

လင်ချင်းကျူသည် ထိုကဲ့သို့သော အမျိုးသမီးမျိုး ဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိပေ။

ထို့အပြင် ဝူယွမ်သည် သူမကို မျက်နှာဖုံးအကာ တစ်ခုမှတစ်ဆင့် ကြည့်ရှုခဲ့ရခြင်း မဟုတ်ဘဲ လင်ချင်းကျူ၏ အံ့မခန်း အလှတရားကို မည်သည့် အတားအဆီးမျှ မရှိဘဲ မျက်နှာချင်းဆိုင် တိုက်ရိုက်မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။

သူမသည် တကယ်ကို ကောင်းကင်ကိုးခုနှ နတ်သမီးလေး တစ်ပါးပင်။

အလှတရားနှင့် အသွင်အပြင်ကိုသာ ကြည့်မည်ဆိုလျှင် ဝူယွမ် မြင်တွေ့ဖူးသမျှ အမျိုးသမီးများ အားလုံးထဲတွင် မည်သူကမျှ သူမနှင့် မယှဉ်ပြိုင်နိုင်ပေ။

“ရှင် ဘာတွေတွေးနေတာလဲ...”

ယင်းဟွမ်ဟွမ်က ဝူယွမ်၏ ဘေးသို့ ရုတ်တရက် ရောက်လာပြီး မေးလိုက်လေသည်။

“ငါ မင်းကို ဘာလို့ပြောပြရမှာလား...” ဝူယွမ်က ပြုံးရင်း ပြောလိုက်လေသည်။

“ဟွန့်၊ ငါလည်း မသိချင်ပါဘူး...”

ယင်းဟွမ်ဟွမ်က နှုတ်ခမ်းစူကာ ပြောလိုက်လေသည်။ “ဂိုဏ်းပြိုင်ပွဲက စတော့မယ်... ခေါင်းဆောင် တစ်ယောက်အနေနဲ့ တခြား ဂိုဏ်းတွေက တပည့်တွေအကြောင်း နင် လေ့လာထားပြီးပြီလား...”

ဝူယွမ်က ဖြေလိုက်၏။ “ငါ တံခါးပိတ် ကျင့်ကြံနေခဲ့တာဆိုတော့ မလေ့လာရသေးဘူး... မင်းပုံစံကို ကြည့်ရတာ အတော်လေး စုံစမ်းထားပြီးပြီ ထင်တယ်... မင်းသိသမျှ အားလုံးကို မြန်မြန် ပြောပြပါဦး...”

“ဟွန့်... ရှင်က အပူအပင်အကင်းဆုံးပဲ...” ယင်းဟွမ်ဟွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။

“တကယ်လို့ မင်းရဲ့စွမ်းအားက ကြီးမားနေမယ်ဆိုရင်တော့ မင်း စိုးရိမ်စရာ မလိုပါဘူး... တကယ်လို့ မင်းစွမ်းအားက မလုံလောက်ဘူးဆိုရင် စိုးရိမ်နေလည်း အလကားပဲလေ...

“ဒါကြောင့် ပြဿနာရဲ့ အဓိက အချက်ကို ငါ ဆုပ်ကိုင်ထားလိုက်တာပါ၊ ကျင့်ကြံခြင်းက အရေးအကြီးဆုံးပဲ...”

“ကောင်းပါပြီ၊ ကောင်းပါပြီ... ရှင်ပြောတာတွေအားလုံး အဓိပ္ပာယ် ရှိပါတယ်...”

ယင်းဟွမ်ဟွမ်က ဆက်ပြောလေသည်။ “ဒီတစ်ခေါက် ငါတို့ အဓိက အာရုံစိုက်ရမှာက ယွမ်ဂိုဏ်းရဲ့ လူငယ်ဘုရင်သုံးပါး ဖြစ်တဲ့ ယွမ်ဘုရင်၊ ဝိညာဉ်ဘုရင်နဲ့ မိုးကြိုးဘုရင် တို့ကိုပဲ...”

“သူတို့အားလုံးက ယွမ်ဂိုဏ်းရဲ့ ကြီးမြတ်တဲ့ ဂိုဏ်းချုပ်ကြီး သုံးပါးက ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးထားတဲ့ တပည့်တွေဖြစ်ပြီး ယွမ်ဂိုဏ်းက လူငယ်မျိုးဆက်တွေရဲ့ စွမ်းအား အထွတ်အထိပ်ကို ကိုယ်စားပြုနေကြတယ်...”

“အမှန်တော့ အတိုင်းအတာ တစ်ခုအထိ ပြောရရင် အရှေ့ဘက်ရွှမ်ဒေသရဲ့ လူငယ်မျိုးဆက် တစ်ခုလုံးကို ကြည့်လိုက်ရင် သူတို့က အားအကောင်းဆုံးတွေပဲ... သေချာတာကတော့ သူတို့က ရှင်နဲ့တော့ မယှဉ်နိုင်ပါဘူး...”

“ဒါပေမယ့် ရှင်ကလွဲရင် ကျွန်မတို့ တောင်ဂိုဏ်းက တခြား တပည့်တွေက သူတို့ရဲ့ ပြိုင်ဘက်တွေ မဟုတ်ဘူး...”

“အဲ့ဒီ သုံးယောက်စလုံးက ဆန်းကြယ်ရှင်ခြင်းအဆင့် သိုင်းပညာရှင်တွေနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်လို့ ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်ဆီက ကျွန်မကြားဖူးတယ်... သူတို့ အနိုင်မရခဲ့ကြပေမယ့် အားလုံးက ဘေးကင်းကင်းနဲ့ ဆုတ်ခွာနိုင်ခဲ့ကြတယ်တဲ့...”

“ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်က လူငယ်မိုးကြိုးဘုရင် လဲ့ချန်နဲ့ တစ်ခါ တိုက်ခိုက်ခဲ့ဖူးပြီး လဲ့ချန်ရဲ့ လက်ချက်နဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်၊ သူ့လက်အောက်မှာ သေမလိုတောင် ဖြစ်ခဲ့သေးတယ်...”

“ပြီးတော့ လူငယ်ဘုရင်သုံးပါးထဲမှာ လဲ့ချန်ရဲ့ စွမ်းအားက အဆင့်သုံးမှာပဲ ရှိသေးတယ်... သူ့အထက်မှာ ပိုပြီးအားကောင်းတဲ့ လူငယ်ဝိညာဉ်ဘုရင်နဲ့ လူငယ်ယွမ်ဘုရင်တို့ ရှိနေသေးတယ်...”

အခန်း (၂၆၂) - တောင်ဂိုဏ်းမှ ထွက်ခွာခြင်း၊ ရှေးဟောင်း ကမ္ဘာခြားနတ်ဆိုးနယ်မြေ(၂)

“အခုဆိုရင် လူငယ်ယွမ်ဘုရင်နဲ့ လူငယ်ဝိညာဉ်ဘုရင်တို့က ဆန်းကြယ်ရှင်ခြင်းအဆင့်ကို ထိုးဖောက်ဝင်ရောက်သွားနိုင်ဖို့ရာ များတယ်... "

“တကယ်လို့ သူတို့ သုံးယောက်သာ ပူးပေါင်းလိုက်မယ်ဆိုရင် ရှင့်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး... ဘာပဲဖြစ်ဖြစ် သူတို့က ယွမ်ဂိုဏ်း ဂိုဏ်းချုပ်ကြီးတွေ လေ့ကျင့်ပေးထားတဲ့ မိစ္ဆာကောင်တွေပဲလေ”

သူတို့ရဲ့ အခြေခံအုတ်မြစ်တွေနဲ့ နည်းလမ်းတွေက ရှင်သတ်ခဲ့တဲ့ အဲဒီ အကြီးအကဲထက် သေချာပေါက် ပိုပြီးကြောက်စရာကောင်းမှာပဲ...”

“ပြီးတော့ အတိတ်က အခြေအနေတွေအရ ယွမ်ဂိုဏ်းရဲ့ ပြိုင်ပွဲဝင်တပည့် အရေအတွက်နဲ့ သူတို့ရဲ့ ပျမ်းမျှ စွမ်းအားက ကျွန်မတိုါ တောင်ဂိုဏ်းထက် သာလွန်နေတယ်...”

“တကယ်လို့ ရှင်က လူငယ်ဘုရင်သုံးပါးနဲ့ အလုပ်ရှုပ်နေမယ်ဆိုရင် သူတို့ဆီမှာ ဝိညာဉ်စစ်သူကြီးရှစ်ပါး ကျန်နေသေးတယ်၊ ကျန်တဲ့ သူတွေအတွက် အဲ့ဒီ ဝိညာဉ်စစ်သူကြီးရှစ်ပါးနဲ့ ကျန်နေတဲ့ ယွမ်ဂိုဏ်း တပည့်တွေကို ရင်ဆိုင်ဖို့ ခက်ခဲသွားနိုင်တယ်...”

ဤနေရာသို့ ရောက်သောအခါ ယင်းဟွမ်ဟွမ်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့လေသည်။

မူလက ဝူယွမ်သည် အကြီးအကဲကျန်းကို သတ်ဖြတ်ပြီးနောက် ဤဂိုဏ်းပြိုင်ပွဲအတွက် ယင်းဟွမ်ဟွမ်မှာ အလွန် ယုံကြည်မှု ရှိနေခဲ့ပြီး ဝူယွမ်က လူတိုင်းကို အလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မည်ဟု ထင်မှတ်နေခဲ့၏။

သို့သော် စုံစမ်းမေးမြန်းပြီးနောက်တွင် အခြေအနေများမှာ ထိုမျှမရိုးရှင်းကြောင်း သူမ တွေ့ရှိခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် လူငယ်ဘုရင်သုံးပါး၏ တိုက်ပွဲ မှတ်တမ်းများမှာ လွန်ခဲ့သော တစ်နှစ်က မှတ်တမ်းများ ဖြစ်သောကြောင့်ပင်။

ယခုအခါ တစ်နှစ်ကျော် ကြာမြင့်သွားခဲ့ပြီဖြစ်ရာ သူတို့သည်လည်း ဆန်းကြယ်ရှင်ခြင်းအဆင့်သို့ ထိုးဖောက်ဝင်ရောက်သွားနိုင်ချေ များလေသည်။

ထို့အပြင် ယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးများ ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးထားသော တပည့်များအနေဖြင့် သာမန် သိုင်းပညာရှင်များနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

သူတို့ထံတွင် သေချာပေါက် လျှို့ဝှက်ချက်အချို့ ရှိနေမည်ဖြစ်ပြီး သူတို့၏ ကျင့်ကြံခြင်းအဆင့်အတန်းထက် ကျော်လွန်၍ တိုက်ခိုက်နိုင်စွမ်း ရှိကြပေသည်။

“လူငယ်ဘုရင်သုံးပါးက ငါ့ကို အလုပ်ရှုပ်အောင် လုပ်ထားရင်တောင် စိတ်ပူစရာမလိုပါဘူး... လင်းတုန်၊ ဝမ်ယန်နဲ့ ဂိုဏ်းတူအစ်မကြီး ရှောင်ရှောင်တို့ ရှိနေသေးတယ် မဟုတ်ဘူးလား”

“လင်းတုန်ရဲ့ စွမ်းအားက သူတို့ထက်တောင် သာလွန်သေးတယ်... ဒါ့အပြင် ဂိုဏ်းတူအစ်ကိုကြီးဖန်ထုံနဲ့ ဖန်းယွမ်တို့ကလည်း မဟာရှေးဟောင်းကျမ်းကို နားလည်သဘောပေါက်ထားကြပြီး သူတို့ရဲ့ စွမ်းအားကလည်း ဘယ် ဝိညာဉ်စစ်သူကြီးရှစ်ပါးထက်မှ မနိမ့်ကျပါဘူး...”

ဝူယွမ်က ပြုံးရင်း သူမကို နှစ်သိမ့်စကား ပြောလိုက်လေသည်။ “ယေဘုယျအားဖြင့် ပြောရရင် အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအားပိုင်းမှာ ငါတို့ တောင်ဂိုဏ်းက လုံလုံလောက်လောက် အသာစီး ရနေပါသေးတယ်...”

ယင်းဟွမ်ဟွမ်က တွေးကြည့်လိုက်ပြီး အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့၏။

အဘယ်ကြောင့်ဆိုသော် ယခင် ဂိုဏ်းပြိုင်ပွဲများတွင် တောင်ဂိုဏ်းသည် အမြဲတစေ အလွန်အမင်း ဆိုးရွားစွာ နစ်နာခဲ့ရသဖြင့် လက်ရှိ တောင်ဂိုဏ်းနှင့် ယွမ်ဂိုဏ်းကြားရှိ ကွာဟချက်မှာ အမှန်တကယ်တွင် ထိုမျှ မကြီးမားတော့ကြောင်းကို သူမ ယာယီအားဖြင့် ကောင်းစွာ လက်ခံနိုင်ခြင်း မရှိသေးသောကြောင့်ပင်။

ဝူယွမ် ရောက်ရှိလာချိန်မှစ၍...

ပထမဆုံးအနေဖြင့် သူသည် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကို သိမ်းပိုက်နိုင်ခဲ့သဖြင့် လူအများအပြားကို မဟာရှေးဟောင်းကျမ်းအား ရရှိနိုင်စေခဲ့သည်။

ထို့နောက် သူက မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ကို လျင်မြန်စွာ ရင့်မှည့်လာစေရန် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကို အသုံးပြုခဲ့သဖြင့် တပည့်များအနေဖြင့် မသေမျိုးအနှစ်သာရ ဝိညာဉ်သစ်သီးများကို ရရှိလာပြီး သူတို့၏ ယေဘုယျ စွမ်းအားကို များစွာ မြှင့်တင်ပေးနိုင်ခဲ့သည်။

ချင်းရဲ့၊ မုလီနှင့် ဖန်ထုံ ကဲ့သို့သော ထူးချွန်သည့် တပည့်များ အားလုံးမှာ နိဗ္ဗာန်အဆင့် ၉ သို့ ထိုးဖောက်ဝင်ရောက်သွားကြပြီဖြစ်ကာ ယွမ်ဂိုဏ်း၏ ဝိညာဉ်စစ်သူကြီး ရှစ်ပါးနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေကြလေပြီ။

ဤသို့ ကြည့်ရမည်ဆိုလျှင် ထိပ်တန်း တိုက်ခိုက်ရေး စွမ်းအားပိုင်းတွင် သူတို့သည် ယွမ်ဂိုဏ်းထက် မည်သို့မျှ အားမနည်းတော့ပေ။

ယင်းဟွမ်ဟွမ်က ဆက်ပြောလေသည်။ “တခြား စူပါဂိုဏ်းကြီး ခြောက်ခုကတော့ ယွမ်ဂိုဏ်းထက် အများကြီး အားနည်းကြတယ်...”

“သေချာတာကတော့ သူတို့ရဲ့ တပည့်တွေရဲ့ ပျမ်းမျှ စွမ်းအားက ငါတို့ တောင်ဂိုဏ်းထက် အားနည်းမှာ မဟုတ်ဘူး... ဒါပေမယ့် အထူးချွန်ဆုံးကတော့ ကိုးကောင်းကင် တိုင်ချင်းနန်းတော်က လင်ချင်းကျူပဲ...”

လင်ချင်းကျူ၏ နာမည်ကို ကြားလိုက်ရချိန်တွင် ဝူယွမ်၏ နှလုံးသားမှာ တင်းကြပ်သွားပြီး အနည်းငယ် စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရလေသည်။

“ငါ့အစ်မက တစ်ခါတုန်းက လင်ချင်းကျူနဲ့ တိုက်ခိုက်ခဲ့ဖူးပြီး သူမကို ရှုံးခဲ့တယ်...”

“အရှေ့ဘက် ရွှမ်ဒေသရဲ့ လူငယ်မျိုးဆက်တွေကြားမှာ လင်ချင်းကျူရဲ့ ဂုဏ်သတင်းက ယွမ်ဂိုဏ်းရဲ့ လူငယ်ဘုရင် သုံးပါးထက် ဘယ်လိုမှ မနိမ့်ကျဘူး..."

“သူမကိုယ်တိုင်ကလည်း ရှားပါးတဲ့ ပါရမီရှင် တစ်ယောက်ဖြစ်ပြီး ကိုးကောင်းကင် တိုင်ချင်းနန်းတော်ရဲ့ နန်းတော်သခင်က သူမကို တိုက်ရိုက်အဓိကတပည့်အဖြစ် ကိုယ်တိုင်ကိုယ်ကျ လက်ခံခဲ့တာကြာပြီ...”

“သူမရဲ့ ဂုဏ်သတင်းအပြင် သူမရဲ့ စွမ်းအားကလည်း သံသယဖြစ်စရာ မလိုဘူး... လင်ချင်းကျူရဲ့ စွမ်းအားက လဲ့ချန်ထက် သေချာပေါက် သာလွန်နေပြီး လူငယ် ဝိညာဉ်ဘုရင်ထက်တောင် သာလွန်နိုင်တယ်လို့ အစ်ကိုကြီးဝမ်ယန်က ကျွန်မကို ပြောဖူးတယ်”

“သူမက ငါတို့ အလေးအနက်ထားသင့်တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ပြိုင်ဘက် တစ်ယောက်ပဲ...”

“ဒါပေမယ့် ကံကောင်းတာက ငါတို့ တောင်ဂိုဏ်းနဲ့ ကိုးကောင်းကင် တိုင်ချင်းနန်းတော်ကြားမှာ ပဋိပက္ခ သိပ်မရှိဘဲ နှစ်ဖက်စလုံးက တပည့်တွေက ယေဘုယျအားဖြင့် မတိုက်ခိုက်ကြဘူးလေ...”

“လင်ချင်းကျူလား... သူမကလည်း ငါ မျှော်လင့်ထားသင့်တဲ့ ပြိုင်ဘက် တစ်ယောက်ပဲ...” ဝူယွမ် တီးတိုးရေရွတ်လိုက်လေသည်။

ယင်းဟွမ်ဟွမ်က ပြောလိုက်၏။ “ရှင်က ယွမ်ဂိုဏ်းရဲ့ လူငယ်ဘုရင် သုံးပါးကို ကိုင်တွယ်ဖို့ကိုပဲ အာရုံစိုက်သင့်တယ်... လုံးဝ မလွှဲမရှောင်သာတဲ့ အခြေအနေမျိုးကလွဲရင် လင်ချင်းကျူနဲ့ တိုက်ခိုက်ဖို့ ကျွန်မအကြံမပြုချင်ဘူး...”

“စိတ်မပူပါနဲ့၊ အရာအားလုံးကို ငါ ကိုင်တွယ်နိုင်ပါတယ်...”

“မောက်မာတဲ့ကောင်ကြီး... ရှင့်ကို နည်းနည်း ပိုပြီး နှိမ့်ချဖို့ ကျွန်မ အကြံပေးချင်တယ်၊ လူတစ်ယောက်တည်းက ဘယ်နှစ်ယောက်လောက်အထိ ကိုင်တွယ်နိုင်မှာလဲ...”

…

နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့လေသည်။

ဂိုဏ်းပြိုင်ပွဲ ကျင်းပမည့်နေ့သို့ နီးကပ်လာခဲ့ပြီ ဖြစ်သည်။

တောင်ဂိုဏ်းတွင် ခန်းမလေးခုမှ တပည့်များသည် သူတို့၏ သက်ဆိုင်ရာ ခန်းမသခင်များ၏ ဦးဆောင်မှုအောက်တွင် အကြီးမားဆုံး တောင်ထွတ်ပေါ်သို့ တိုးဝင်လာကြလေသည်။

သူတို့သည် တောင်ထွတ်ပေါ်ရှိ ဧရာမ ရင်ပြင်ကြီးပေါ်တွင် စနစ်တကျ ရပ်နေကြ၏။

တပည့်များ အားလုံးမှာ လေးနက်နေကြပြီး သူတို့၏ အကြည့်များထဲတွင် ကြောက်ရွံ့မှုနှင့် လေးစားအားကျမှုများ ပြည့်နှက်နေကာ ရင်ပြင်၏ အလယ်ဗဟိုကို ကြည့်ရှုနေကြလေသည်။

ထိုနေရာတွင် တပည့် သုံးရာခန့်မှာ သပ်ရပ်စွာ ရပ်နေကြပြီး အလွန်အမင်း အားကောင်းလွန်းသော ယွမ်စွမ်းအင် လှိုင်းဂယက်များက သူတို့၏ ခန္ဓာကိုယ်များမှ လှိုင်းတံပိုးများအလား ထွက်ပေါ်လာကာ ရင်ပြင်တစ်ခုလုံးကို လွှမ်းခြုံထားခဲ့၏။

ဤလူသုံးရာခန့်ထဲရှိ တစ်ဦးချင်းစီ၏ စွမ်းအားမှာ အနည်းဆုံး နိဗ္ဗာန်အဆင့် ၆ တွင်ရှိလေသည်။

သူတို့သည် ခန်းမလေးခုမှ အထူးချွန်ဆုံးသော တပည့်များ ဖြစ်ကြပြီး ဤဂိုဏ်းပြိုင်ပွဲတွင် တောင်ဂိုဏ်းကို ကိုယ်စားပြုကြမည် ဖြစ်သည်။

ယင်းရွှမ်းဇီသည် ရင်ပြင်၏ အလယ်ဗဟိုတွင် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်လျက် တပည့်များစွာကို မျက်နှာမူကာ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

ယင်းရွှမ်းဇီ ပေါ်လာသည်ကို မြင်သောအခါ ရင်ပြင်မှာ ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့၏။ လူတိုင်းက ကျက်သရေရှိပြီး နူးညံ့သိမ်မွေ့သော ဂိုဏ်းချုပ်ကြီးကို လေးစားစွာဖြင့် ကြည့်ရှုနေကြလေသည်။

ယင်းရွှမ်းဇီက ပြောလိုက်လေသည်။ “မင်းတို့ အားလုံးက ငါ့ရဲ့ တောင်ဂိုဏ်းက တိုက်ရိုက် တပည့်တွေပဲ... ဂိုဏ်းပြိုင်ပွဲရဲ့ အန္တရာယ်တွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မင်းတို့ သိထားပြီးပြီလို့ ငါ ယုံကြည်တယ်..."

“ဒီပြိုင်ပွဲက သိုင်းပညာဖလှယ်ပွဲ တစ်ခု မဟုတ်ဘူး၊ အဲ့ဒီမှာ မင်းတို့ ယုံကြည်နိုင်တဲ့ တစ်ဦးတည်းသော သူတွေက မင်းတို့ရဲ့ ဂိုဏ်းတူညီအစ်ကို၊ မောင်နှမတွေပဲ...”

“ငါ့မှာ ပြောစရာ သိပ်မရှိပါဘူး... မင်းတို့ ဘယ်နှစ်ယောက် သွားသွား၊ အဲ့ဒီအရေအတွက်အတိုင်း ပြန်လာနိုင်စေဖို့ပဲ ငါမျှော်လင့်ပါတယ်... အဲ့ဒါက အကောင်းဆုံးသော အောင်မြင်မှုပဲ ဖြစ်လိမ့်မယ်...”

“ဒီဂိုဏ်းပြိုင်ပွဲမှာ ဝူယွမ်က ခေါင်းဆောင်အဖြစ် တာဝန်ယူမှာဖြစ်ပြီး ရှောင်ရှောင်၊ လင်းတုန်နဲ့ ဝမ်ယန်တို့က ဒုခေါင်းဆောင်အဖြစ်နဲ့ ကူညီပေးကြလိမ့်မယ်...”

“မင်းတို့ လေးယောက်စလုံးက မင်းတို့ရဲ့ ဂိုဏ်းတူ ညီအစ်ကို မောင်နှမတွေ အားလုံးကို တစ်ယောက်မှမလျော့ဘဲ ပြန်လည်ခေါ်ဆောင်လာနိုင်ဖို့ ငါ မျှော်လင့်တယ်...”

ယင်းရွှမ်းဇီက စကားပြောနေစဉ် သူ၏ အကြည့်များက အရှေ့ဆုံးတွင် ရပ်နေသော ဝူယွမ်၊ ရှောင်ရှောင်၊ လင်းတုန်နှင့် ဝမ်ယန်တို့ လေးဦးအပေါ်သို့ လေးနက်စွာ ကျရောက်သွားခဲ့လေသည်။

“ဂိုဏ်းရဲ့ ယုံကြည်မှုကို ကျွန်တော်တို့ အလဟဿ မဖြစ်စေရပါဘူး...” ဝူယွမ်သညါ လက်နှစ်ဖက်ကို ယှက်ကာ လေးနက်စွာ ဖြေကြားလိုက်လေသည်။

“ဒီတစ်ခေါက်တော့ ခန်းမလေးခုရဲ့ ခန်းမသခင်တွေက မင်းတို့နဲ့အတူ ကမ္ဘာခြားနတ်ဆိုး မြို့တော်အထိ လိုက်ပါလာကြလိမ့်မယ်... ကမ္ဘာခြားနတ်ဆိုး နယ်မြေထဲကို ဝင်ရောက်သွားတာနဲ့ မင်းတို့က ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရတော့မယ်...”

“အခု ထွက်ခွာကြတော့... တောင်ဂိုဏ်းက ငါတို့အားလုံး မင်းတို့ရဲ့ အောင်ပွဲခံ ပြန်အလာကို စောင့်မျှော်နေကြမယ်...”

ယင်းရွှမ်းဇီ၏ စကားများ ပြီးဆုံးသွားသည်နှင့် ပြိုင်ပွဲဝင် တပည့်များ အားလုံးမှာ စိတ်လှုပ်ရှားသွားကြလေသည်။

သူတို့သည် တောင်ဂိုဏ်းကို ကိုယ်စားပြု၍ တိုက်ပွဲဝင်ကြရတော့မည် ဖြစ်သည်။

ကောင်းကင်ခန်းမ၏ ခန်းမသခင်ချီလဲ့က ချက်ချင်းပင် ရှေ့သို့ ထွက်လာပြီး အခြား ခန်းမသခင်သုံးဦးကို ဦးဆောင်ကာ ကောင်းကင်ယံသို့ ပျံတက်သွားလေသည်။

ယင်းကို မြင်သောအခါ ဝူယွမ်ကလည်း လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်၏။ ပြိုင်ပွဲဝင် တပည့် သုံးရာခန့်က သူ့နောက်မှ လိုက်ပါလာပြီး ကောင်းကင်ယံသို့ ပျံတက်သွားကြလေသည်။

သူတို့ လေးဦးသည် ခန်းမသခင်လေးဦး၏ ဘေးတွင် ရပ်နေကြပြီး တပည့် သုံးရာခန့်က သူတို့၏ အနောက်တွင် သပ်ရပ်စွာ တန်းစီနေကြ၏။

ကောင်းကင်ယံတွင် သူတို့သည် တစ်ပြိုင်နက်တည်း ခေါင်းငုံ့လိုက်ကြပြီး တောင်များနှင့် မြေပြင်များကိုပင် ဖုံးလွှမ်းနေသော လူအုပ်ကြီးကို ကြည့်ကာ လေးနက်စွာ လက်ယှက်၍ အရိုအသေပေးလိုက်ကြလေသည်။

ခွပ်...

ပတ်ဝန်းကျင်ရှိ တောင်ထွတ်များပေါ်တွင် ထူထပ်စွာ ပြည့်နှက်နေသော တောင်ဂိုဏ်း တပည့်များက ကောင်းကင်ယံရှိ သူတို့ထံသို့ တစ်ပြိုင်နက်တည်း လက်ယှက်၍ အရိုအသေ ပြန်ပေးလိုက်ကြ၏။ ထို့နောက် လက်ခုပ်သံများ၊ ခပ်ဩဩ ဟိန်းဟောက်သံများ တစ်ခုပြီးတစ်ခု ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့လေတော့သည်။

“ဂိုဏ်းတူ ညီအစ်ကိုတို့... ငါတို့ တောင်ဂိုဏ်းကို ပိုပြီးအားကောင်းလာအောင် လုပ်ဆောင်လာခဲ့ကြနော်...”

ခပ်ဩဩ ဟိန်းဟောက်သံများက ကျယ်လောင်သော အသံကြီးနှင့်အတူ ပြန့်နှံ့သွားပြီး ကောင်းကင်ယံကို အနည်းငယ် တုန်ခါသွားစေကာ တစ်ချိန်တည်းမှာပင် လူတိုင်း၏ ကိုယ်တွင်းရှိ သွေးများကို ရုတ်တရက် ဆူပွက်လာစေခဲ့လေသည်။

ဝူယွမ်က သက်ပြင်းတစ်ချက်ကို နက်နက်ရှိုင်းရှိုင်း ရှူသွင်းလိုက်၏။ ဤမြင်ကွင်းက သူ့ နှလုံးသားကို လှုပ်ရှားသွားစေခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာ စိတ်အားထက်သန်မှုများဖြင့် မပြည့်လျှံဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။

ဤသည်မှာ သူ တောင်ဂိုဏ်းကို ချစ်မြတ်နိုးရခြင်း၏ အကြောင်းအရင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

ဤသည်မှာ နွေးထွေးသော ဂိုဏ်းတစ်ခု ဖြစ်လေသည်။

“ထွက်ခွာကြစို့...”

ချီလဲ့၏ အကြည့်များက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် သူ၏ လက်ကို အောက်သို့ ချလိုက်ကာ နက်ရှိုင်းသော အသံကြီးက ပဲ့တင်ထပ်သွားခဲ့၏။ သူက

သူက ဦးဆောင်လိုက်ပြီး သူ၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားကာ လျှပ်တစ်ပြက် ထွက်ခွာသွာ‌လေတော့သည်။

ရွှစ်... ရွှစ်... ရွှစ်...

အချိန်တိုလေး အတွင်းမှာပင် လေထုကို ခွင်းသွားသော အသံများ ထွက်ပေါ်လာခဲ့သည်။

လူသုံးရာကျော် ပါဝင်သော အဖွဲ့ကြီးသည် လေဆင်နှာမောင်း တစ်ခုအလား တောင်ဂိုဏ်း၏ အပြင်ဘက်ဆီသို့ လျင်မြန်စွာ ပြေးထွက်သွားကြလေတော့သည်။

All Chapters